မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၃၅)

851 105 2
By ma_roses_are_blue


"ဒါဆို အက်စတယ်လာနဲ့ ရင်းနှီးအောင်ဘယ်လိုလုပ်ရမလဲ"

အထိရောက်ဆုံးနည်းလမ်းက သူမလုပ်ခဲ့သလို ပန်းမြက်စံအိမ်မှာ ‌အက်စတယ်လာနဲ့အတူ စေတနာ၀န်ထမ်းအလုပ် အတူလုပ်တာပင် ဒါပေမဲ့ ဒီနည်းလမ်းကိုတော့ ကားလစ်အား မညွှန်းချင်ပေ

'အက်စတယ်လာက သူမလူနာတွေကို ဂရုစိုက်တာမြင်ပြီး မနာလိုဖြစ်နေမှဖြင့်
လူနာတွေက အက်စတယ်လာအပေါ် သဘောဆိုးတာသူမြင်ရင်လဲ စိတ်တိုပြီး ထထိုးနေအုမ်းမယ်'
ဒါတွေကြောင့် ကားလစ်ရဲ့ သာမန်ထက်ပိုကျော်လွန်နေတဲ့ တည်ရှိမှုက အပြစ်ကင်းတဲ့လူနာတွေကို အလွန်အမင်း ခြိမ်းခြောက်နေလိမ့်မည်

ဒါကြောင့် သူမပေးမဲ့နည်းလမ်းက အလွန်သေးငယ်ပြီး တခြားသူတွေနဲ့လဲမတူပေ စားပွဲပေါ်က ဒိုင်ယာရီကို မပြီး ကြွားဝါစွာ ယမ်းပြလိုက်သည်

"အက်စတယ်လာက စာတွေရေးပြီး စကားပြောရတာကြိုက်တယ် ဒီဒိုင်ယာရီကို ရှင် ကျွန်မနဲ့ မျှဝေရုံတင် လုံလောက်ပါပြီ" (ကိုယ်လဲ ဒီနားနားမလည်)

"ဒိုင်ယာရီလဲတာ?"
ကားလစ်မှာ ထိုစကားလုံးက ထူးဆန်းတဲ့အရာတစ်ခုလို ‌ရေရွတ်ရင်း သူမလက်ထဲက ဒိုင်ယာရီကို ယူကြည့်လိုက်သည် ထိုဒိုင်ယာရီကို ပန်းတွေအများအပြားနှင့် အလှဆင်ထားတာကြောင့် တအားချစ်ဖို့ကောင်းနေသည်

ထိုဒိုင်ယာရီကို လေးနက်သောမျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ပြီး မေးလာခဲ့သည်
"ဒိုင်ယာရီထဲမှာ ငါပါ၀င်ရေးရမယ်လို့ မင်းပြောနေတာလား?"

"အို မဟုတ်တာ ဒါက ဖြူစင်တဲ့ မိန်းကလေးနှစ်ယောက်ရဲ့သူငယ်ချင်းဆက်ဆံရေးကနေရလာတဲ့ ပစ္စည်းတစ်ခုလေ ရှင်၀င်ကြည့်လို့ရမဲ့ အရာတစ်ခုမဟုတ်ဘူး"

ထိုထဲမှာရေးထားတဲ့ စာတွေကို ရှာလကာရည်သောက်နေတဲ့ယောကျာ်းတစ်ယောက်ကို ကြည့်ခွင့်မပြုနိုင်ဘူးဟုပြောလိုက်သောအခါ ကားလစ်မျက်မှောင်ကြုတ်သွားတော့သည်

"ဒါဆို..."

"အက်စတယ်လာဆီ စာတစ်စောင်ရေးလိုက် အဲ့စာကို သူမဆီသွားပို့ပေးမယ်"

ကားလစ်မျက်လုံးတွေက ကယ်တင်ရှင်ကိုတွေ့လိုက်ရသလို တောက်ပလာတော့သည်
───── 〔〕─────

နောက်‌တနေ့မှာတော့ ကားလစ်က သူမကိုတွေ့ဖို့လာခဲ့ပြီး သူပေးလာတဲ့ စာအိတ်တစ်စောင်ကို ယူလိုက်သည်

"ဒါကို အက်စတယ်လာဆီပို့ပေးရမှာလား"
သူတခဏလောက်တုံဆိုင်းပြီးနောက် ပြောလာခဲ့သည်

'မင်းဒီစာကို မ‌ပို့ခင် အရင်ဖတ်ကြည့်စေချင်တယ်"

တစုံတခုကို တုန်လှုပ်နေသလို ပြောလာတဲ့ ကားလစ်ကို သူမကြည့်လိုက်သည်

"ဘာကြောင့်လဲ"

ကားလစ်မှာ သူ့ပုံစံနဲ့မကိုက်ညီသလို မျက်လုံးတွေကို အောက်စိုက်ကြည့်ရင်း ရေရွတ်လာခဲ့သည်
"ငါ တစုံတယောက်အတွက် စာတစောင်ရေးဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ငါရေးတာမှန်သလားဆိုတာ ငါမပြောနိုင်ဘူး"

“······.”

ကြည်လင်နေတဲ့မျက်နှာပေါ်ရှိ dark circles များက မေးစေ့အထိ ဖြန့်ကျဲကျဲကျနေသည် သွေးလိုနီရဲနေသောမျက်လုံးများက ဒီစာကို မနေ့ညက အသည်းအသန်ရေးခဲ့ကြောင်းပြောပြနေသည်

'အာ သူက ချိန်းတွေ့တဲ့နေရာမှာ လုံး၀ကို beginnerတစ်‌ယောက်ပဲ'

သူမ သက်ပြင်းရှည်ရှည်ချပြီး စာအိတ်ထဲက စာကိုဖတ်လိုက်သည် သူမ စာရဲ့ပထမစာကြောင်းကို မြင်မြင်ချင်း သက်ပြင်းမချပဲမနေ‌နိုင်တော့ပေ ပထမဆုံးစာကြောင်းအဖြစ် ဒီလိုမျိုး ရေးခဲ့တာကို သူမဖြင့်မယုံနိုင်သေးပေ သူမ ခပ်တည်တည်မျက်မှာနှင့် စာကိုဆက်ဖတ်လိုက်သည်

စာကိုဖတ်ပြီး‌တဲ့နောက် ကားလစ်ကို အေးစက်တဲ့အကြည့်တွေနဲ့ကြည့်လိုက်သည် သူမရဲ့အကြည့်ကိုမြင်တော့ တစ်ခုခုမှားယွင်းနေကြောင်း ကားလစ်သဘောပေါက်လိုက်သည်

"ငါရေးတာ တစ်ခုခုထူးဆန်းနေလို့လား"

"ဘာက ထူးဆန်းတယ်ဆိုတာကို ရှင်သိလို့လား"

"သာမန်လူတန်းစားတစ်ယောက်နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ စာကြောင်းများ ရေးမိလို့လား တချို့ စာလုံးတွေနဲ့ စာကြောင်းတွေကို သူမနားမလည်မှာဆိုးလို့ဆိုပြီး ငါအကြိမ်ကြိမ်ပြင်ထားရတာ"

“…”

"ဒါမှမဟုတ် တအား formalဆန်နေတာလား သူမဒါကိုဖတ်ပြီး ၀န်ထုတ်၀န်ပိုးဖြစ်သွားလောက်လား"

'ရှင် ကျွန်မကို စိတ်တိုအောင်လုပ်ဖို့ ပြောနေတာဆိုရင် ရှင်အောင်မြင်သွားပြီ'

သူကို သတ်ပစ်ချင်စိတ်က သူမစိတ်ထဲ ပေါ်လာခဲ့သည်  သူမ ကားလစ်ကို တုံဆိုင်းခြင်းမရှိပဲအော်လိုက်သည်

"အဲ့ဒါကပြဿနာမဟုတ်ဘူး စာရဲ့ အစကနေ အဆုံးအထိ ရှင်ပြောထားတဲ့အရာတစ်ခုထဲက ရှင်ဘယ်လောက်ကြီးမြတ်ကြောင်းဆိုတာတွေချည်းပဲ"

ကားလစ်မှာ သူကို မှားယွင်းစွပ်စွဲနေသည်ဟုပြောနေသလို အမူအရာနှင့် ယုံကြည့်ချက်ရှိရှိ ပြောလာခဲ့သည်
"စာတစောင်ဘယ်လိုရေးရမလဲဆိုတဲ့ စာအုပ်တစ်အုပ်ကို ငါဖတ်ခဲ့တာ အဲ့ထဲမှာ ပြောထားတာက ပထမဆုံးစာမှာ တခြားသူကို ကိုယ့်အကြောင်း အရင်မိတ်ဆက်ပေးတာ ကောင်းတယ်တဲ့ ဒါကြောင့် ငါက ကိုယ့်အကြောင်းကို ချရေးလိုက်တာလေ"

"ဒါဆိုလဲ ပိုဆိုးတဲ့ အရာတွေအကြောင်း ချရေးတာက ပိုကောင်းအုမ်းမယ် ရှင့်ကို ဘယ်အရွယ်မှာ ပညာရှိလို့ အခေါ်ခံရတာ ရှင့်ရဲ့အရည်အချင်းကြောင့် ချီးကျူးခံရတဲ့ ဘာသာရပ်က ဘယ်လောက်ရှိတာ ပြီးတော့ ရှင့်ရဲ့ အချိုးကျကျ ပြီးပြည့်စုံအောင်ချောမောတဲ့ မျက်နှာကြောင့် artistတွေက ဘယ်လိုချီးကျူးကြတယ်ဆိုတာတွေကို ကျွန်မကတော့ မသိချင်ဘူး"

“······!”
မျက်လုံးတွေပြူးနေတဲ့ ကားလစ်ကို သူမနောက်ဆုံးစကားတစ်ခွန်းပြောလိုက်သည်

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာဖတ်ပြီးတဲ့နောက် ကျွန်မစိတ်ထဲမှာ တစ်ခု သိသွားမိတယ် အိမ်ရှေ့စံမင်းသား ရှင်က စာရေးတဲ့နေရာမှာ ညံ့တာပဲ"

သူမရဲ့စကားတွေကြောင့် ကားလစ်မှာ မျက်လုံးတွေပြူးကျယ်လာတော့သည် ဒီလောက်အထိဆိုးရွားလိမ့်မည်ဟု သူမမျှော်လင့်ထားသလိုပင်

သူတို့ကြားမှာ အကြာကြီးတိတ်ဆိတ်နေခဲ့သည် တစ်ခဏကြာပြီးနောက် ကားလစ်မျက်လုံးတွေကိုအောက်ချရင်း စတင်ရှင်းပြလာခဲ့သည်

"ငါ ကလေးဘ၀ကထဲက ငါအကြောင်းကို အဲဒီလို ထုတ်ဖော်ပြောဆိုတတ်အောင် သင်ကြားခံခဲ့ရတာ ဘယ်အခြေအနေမဆို မြင့်မြတ်အောင်နေဖို့ သန်မာအောင်နေဖို့ပဲ သင်ကြားခံခဲ့ရတာ"

ကလေးဘ၀အရွယ်ကထဲက သူသင်ကြားခံခဲ့ရတဲ့အရာတစ်ခုက ဂုဏ်ကျက်သရေကို ဖော်ပြရမယ်ဟု ပြောလာခဲ့သည်

'အံဩစရာတော့မရှိပါဘူး ဒါကြောင့်လဲ သူမှာ ဆိုးရွားတဲ့မင်းသားရောဂါရခဲ့တာပဲ'

ကားလစ်တစ်ယောက် အုံမှိုင်းနေသောမျက်လုံးများနှင့်ပြောလာခဲ့သည်
"ဒါကြောင့် ငါဘာမှားသွားတယ်ဆိုတာ ငါမသိဘူး မင်းရှင်းပြတာကိုနားထောင်ပြီးတာတောင်မှ မသိသေးဘူး ဖြစ်နိုင်တာက အဲဒါကြောင့်လဲ ငါ အက်စတယ်လာကို လွယ်လွယ်ကူကူ မချဥ်းကပ်နိုင်တာပဲ"

“······.”

ကားလစ် သူမကိုကြည့်လာခဲ့သည်
"မင်း ငါ့ကိုထပ်ပြီးမကူညီချင်တော့မှန်း ငါသိပါတယ် ဒါပေမဲ့ ငါမင်းကိုထပ်ပြီး တစ်ကြိမ်လောက်အကူအညီတောင်းရအုမ်းမယ် ငါ့ကို စာတစောင်ရေးနိုင်ဖို့ ကူညီပေးပါ"

'ကူညီပေးပါ' သူပြောလာတာက 'သူ့ကိုကူညီပေးပါ'တဲ့'
မာနကြီးတဲ့ အိမ်ရှေ့စံမင်းသားက ထိုစကားလုံးတွေပြောလာခဲ့သည်

ကားလစ်ကို တုန်လှုပ်သွားသော အမူအရာနှင့်ကြည့်လိုက်သည်

သူမျက်လုံးတွေက အရင်ကနှင့် လုံး၀ကိုကွာခြားနေလေသည် မောက်မာပြီး လွှမ်းမိုးတတ်သောပုံစံမှာ ပျောက်ကွယ်သွားခဲ့တော့သည် သူမဟာ သူယုံကြည်လို့ရတဲ့ တစ်ဦးထဲသောသူဖြစ်နေသလို သနားစရာကောင်းပုံပေါက်နေသည်

'သေစမ်း ရှင်အဲ့လိုပုံစံနဲ့ ကျွန်မကိုကြည့်နေရင် ကျွန်မ နိုး လို့မပြောရက်တော့ဘူး'

မျှော်လင့်ထားသလိုပဲ သူမက ရုပ်ရည်ချောမောတဲ့ ယောက်ျားတွေအတွက်ဆို ငြင်းဆန်ရာမှာ အားနည်းပေသည်
သူမက အကူအညီမဲ့နေတဲ့ ခပ်ချောချောယောကျာ်းတွေထက် ပိုအားနည်းပေသည်

နောက်ဆုံးတော့ သူ့ကို စာ‌စောင် ရေးတဲ့နေရာမှာ ကူညီဖို့ ဆုံးဖြတ်လိုက်သည်
'ဟုတ်ပြီလေ တခြားပိုကောင်းတဲ့နေရာကနေ တွေးကြည့်လိုက်ရအောင် အနာဂတ်မှာ အက်စတယ်လာယောကျာ်းဖြစ်လာမဲ့လူကို လေ့ကျင့်ပေးတယ်လို့ပဲ တွေးလိုက်တော့မယ်'
'စာတစ်စောင် ပြီးအောင်ရေးဖို့ အချိန်က တနေကုန်မှာမှ မဟုတ်ပဲ'

ပထမဆုံးစာနဲ့မတူပဲ ပြန်ပြင်ရေးထားတဲ့စာက ကားလစ်အကြောင်း ဇာတ်လမ်းသေးသေးလေးတွေပါ၀င်လေသည်
သူကဘာလက်ဖက်ရည်သဘောကျတယ် ဘယ်လိုစကားတွေဆိုမုန်းတယ်ဆိုသော အရာမျိုးတွေပင် အဆုံးမှာတော့ အက်စတယ်လာနှင့် စာတွေ လှဲလှယ်ချင်ကြောင်း နူးညံစွာရေးသားထားသည်

ရေးပြီးသွားတဲ့ စာကိုကြည့်ပြီး ကားလစ်မျက်လုံးကိုမှေးကာ ရေရွတ်လာခဲ့သည်
"မင်းပေးတဲ့အကြံအတိုင်း ပြင်လိုက်တာပဲ ဒါပေမဲ့ အဲ့လိုအကြောင်းအရာသေးသေးလေးတွေက ဘာတွေများ စိတ်၀င်စားစရာကောင်းနေရတာလဲဆိုတာ ငါတော့အသေ‌အချာမသိဘူး"

သူလက်ထဲက စာကို ယူလိုက်ပြီး နှာခေါင်းရှုံ့ပြကာ ပြောလိုက်လေသည်
"အက်စတယ်လာရဲ့ ပြန်စာကို ရတဲ့အခါကျရင် ရှင်သိသွားလိမ့်မယ်"

ထို့နောက် မှုန်တေတေနှင့် သူပြောလာလေသည်

"ဟုတ်တာပေါ့ သူမစာပြန်လာရင် ဘာကြောင့်ဆိုတာ မင်းကသာ ငါ့ကိုရှင်းပြနိုင်မှာ"

သူမ ဒီစာကို အသေအချာ ပေးပို့နိုင်အောင်လုပ်ရမည်ပင်

ဒါက သူအတွက် သူမလုပ်ပေးနိုင်သမျှ အကူအညီတစ်ခုပင်
───── 〔〕─────

ပန်းမြက်စံအိမ်ထဲ၀င်သွားသောအခါ သူမမျက်လုံးတွေပြူးမိသွားခဲ့သည်

"ဝိုး ရက်နည်းနည်းပဲ ရှိသေးတာ အတော်ကိုပြောင်းလဲကုန်ပြီပဲ"
အိပ်ရာခင်းအဟောင်းတွေကနေ အဖြူရောင်အိပ်ရာခင်းတွေကို ပြောင်းကုန်ပြီး ဂိုဒေါင်အလွတ်များတွင်လဲ စားနပ်ရိက္ခာနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များဖြင့် ပြည့်နေခဲ့သည်
‘မီးခပ်မှိန်မှိန်လေးတွေတောင် အသစ်တွေနဲ့အစားထိုးလိုက်ပြီပဲ'

သူမဘေးမှာရပ်နေတဲ့အက်စတယ်လာက တောက်ပစွာခေါင်းတဆက်ဆက်ညိမ့်လာခဲ့သည်
"ဟုတ်တယ် အဲ့တာ အိမ်ရှေ့စံမင်းသားရဲ့ကျေးဇူးတွေပဲ သူက ပန်းမြက်စံအိမ်ကို ဆက်ပြီးထောက်ပံ့ပေးရုံသာမကဘူး မြို့ထဲမှာ ကျောင်းတွေလဲ ဆောက်ပေးအုမ်းမှာတဲ့"

ကားလစ်သည် မယုံနိုင်စရာကောင်းလောက်အောင် ကျွမ်းကျင်မှုတွေနှင့် ထိုရပ်ကွက်တွေကို တိုးတတ်အောင် အက်စတယ်လာအား သူအထောက်အပံ့နှင့် ကတိပေးခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသည်

ဟုတ်ပါတယ် ဇာတ်လိုက်မင်းသမီးဆီကနေ အာရုံစိုက်ခံရအောင် သူမကို အဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေခြင်းထက် ဒါက ပိုပြီး ကောင်းပေသည်

အက်စတယ်လာမျက်နှာပေါ်၌ အရင်ကမရှိခဲ့ဖူးသော ခံစားချက်တွေနဲ့ ပြည့်လို့နေခဲ့သည် ရင်ထဲထိမှု ပျော်ရွှင်မှု ထိုကဲ့သို့သောအရာများပင်

မက်မွန်းသီးအရောင်ပေါက်နေသော မျက်နှာနှင့် အက်စတယ်လာက ပြောလေသည်
"ကျွန်မ အရှင်မင်းသားကို ကျေးဇူးတင်ရအုမ်းမယ် ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲမသိသေးလို့ အခုထိ ကျေးဇူးမတင်ရသေးဘူး"

အက်စတယ်လာက အမြဲလိုလို အလုပ်ရှုပ်နေတတ်ပေမဲ့ သူမက အခုတလော ပိုအလုပ်များလာခဲ့သည် နေ့အချိန်မှာ လူနာတွေကို ကုသပေးပြီး ဘုရားကျောင်းရဲ့ ပွဲတွေမှာလဲ အချိန်ရရင် ရသလို ပါ၀င်ရသေးသည် ဒါ့အပြင် ညဘက်မှာလဲ ဆေးပညာကို လေ့လာရသေးသည် ထို့ကြောင့် အက်စတယ်လာမှာ ကားလစ်နဲ့တွေ့ရဖို့ အံအားသင့်စရာကောင်းစွာ ခက်ခဲနေလေသည် ပန်းမြက်စံအိမ်သို့ခေါ်ဆောင်ခြင်းခံရတဲ့ ရပ်ကွက်တွေက lower class လူတွေကတောင် သူမကို အိမ်ရှေ့စံမင်းသားထက် ပိုပြီး မြင်တွေ့ရသေးသည်

'ဒါကြောင့်ကိုး ကားလစ်ဘာကြောင့် သောကရောက် နေရတယ်ဆိုတာ ငါနားလည်သွားပါပြီ'

သူရဲ့စာအတွက် သူမသနားမိလိုက်သည် ထိုစာကို အက်စတယ်လာဆီထုတ်ပေးလိုက်သည်

"ယူလိုက်"

"အဲ့တာက ဘာလဲ"

"အိမ်ရှေ့စံမင်းသားဆီကစာလေ ဒါကို အစေခံတစ်ယောက်ယောက် မဟုတ်ရင် တခြားတစ်ယောက်နဲ့ ပို့ခိုင်းလိုက်မိရင် အက်စတယ်လာအတွက် ၀န်ထုတ်၀န်ပိုး ဖြစ်သွားမှာဆိုးလို့ဆိုပြီး ငါ့ကို ကူညီပေးဖို့ ပြောလာတာ ဒီစာကို သူ့အစား အက်စတယ်လာဆီပို့ပေးဖို့ အကူအညီလာတောင်းသွားတာ"

“······!”

အက်စတယ်လာမျက်လုံးတွေ ပိုပြီး ပြူးလာခဲ့သည် မထင်မှတ်ပဲရောက်လာတဲ့စာကြောင့် သူမ အံဩသွားပုံရသည်

ဒါက နားလည်ပေးလို့ရပါတယ်

သူက ဇာတ်လိုက်မင်းသားဖြစ်နေရင်တောင်မှ အက်စတယ်လာက ဇာတ်လိုက်မင်းသမီးဖြစ်နေရင်တောင်မှ ဒီ‌နှစ်ယောက်က ဤရာစုနှစ်ရဲ့ အလိုက်ဖက်ဆုံးစုံတွဲဖြစ်လာဖို့ ကံပါလာတယ်ဆိုရင်တောင်မှ သူတို့က အခုချိန်မှာတော့ ထိုဆက်ဆံရေးအခြေအနေမှာ မဟုတ်သေးပေ

ဒါကြောင့် သူမ ဂရုတစိုက် ထပ်ပေါင်းပြောလိုက်သည်
"ရှင် ၀န်ထုတ်၀န်ပိုးဖြစ်တယ်ဆိုရင်လဲ ယူစရာမလိုပါဘူး ကျွန်မ အရှင့်သားကို ပြောလိုက် ပြီး ဒါကိုပြန်ပေးလိုက်မယ်လေ"

သူမရဲ့စကားတွေကြားပြီး အက်စတယ်လာခေါင်းကို အဆောတလျင်ခါလေသည်
"မဟုတ်ပါဘူး ကျွန်မလုံး၀ကို ၀န်ထုတ်၀န်ပိုးမဖြစ်ပါဘူး ကျွန်မယူမှာပါ"
အက်စတယ်လာက ထိုစာကို သူမလက်တွေနဲ့ လက်ခံလိုက်ပြီး သူမလက်တွေကြားထဲ ညှပ်ထားလိုက်သည် မသိရင် တန်ဖိုးရှိတာ တစ်ခုခု ရသွားသလိုပင်

ပြီးတော့ တောက်ပစွာ ပြုံးပြလာခဲ့သည်
"စာအတွက် ကျေးဇူးပါ မစ်နေးရား"

“······.”

'သူအဲ့လောက်အထိကြိုက်လိမ့်မယ်လို့ ငါမထင်ထားဘူး'

ကားလစ်အပေါ် အက်စတယ်လာရဲ့ ခံစားချက်တွေက သူမထင်ထားတာထက် ပိုပြီး နက်ရှိုင်းနေပုံပေါ်သည် ရှက်နေတဲ့မျက်နှာနှင့် စာကို ပြန့်အောင်လုပ်နေရင်း အက်စတယ်လာက ဂရုတစိုက်နှင့်ပြောလာခဲ့သည်
"ကျွန်မပြန်စာတစောင်ရေးရင် သူဆီ ပို့ပေးဖို့ မစ်နေးရားကို အကူအညီတောင်းလို့ရမလား ကျွန်မ သူ့ဆီ သွားလည်တာဖြစ်ဖြစ် ဘုန်းတော်ကြီးကိုအကူအညီတောင်းတာဖြစ်ဖြစ်လုပ်ရင် သူတို့က ဖြစ်ကြောင်းအကုန် မေးတော့မှာမလို့"

ကားလစ်နှင့် အက်စတယ်လာတို့နှစ်ယောက်က အင်ပါယာမှာ နာမည်အကြီးဆုံး ကျော်ကြားသူများပင် ပြီးတော့ သူတို့နှစ်ယောက်က single များဖြစ်တဲ့အပြင် ဘယ်သူနဲ့မှ အခြေချမတွဲသေးတဲ့အတွက် သူတို့နှစ်ယောက်က အထွတ်အထိပ်အခြေအနေသို့ ရောက်နေကြသည်

သူတို့နှစ်ယောက် ပုဂ္ဂိုလ်ရေးအရတွေ့ဆုံပြီး စာတွေလဲလှယ်ကြမည်ဆိုလျှင် ကြီးမားသော အတင်းအဖျင်းတစ်ခုဖြစ်လာလိမ့်မည် ထိုသို့သော အတင်းအဖျင်းများက ဘာမှကောင်းတာမရှိပေ အထူးသဖြင့် အက်စတယ်လာအတွက်ပင်

'အမ်း ငါတော့ အဆုံးထိ စာတွေ ပို့ပေးရတော့မဲ့သူဖြစ်တော့မယ်ထင်တယ်'

ကားလစ်ရဲ့စာကို ရရှိပြီး ဖြစ်သွားတဲ့ အက်စတယ်လာမျက်နှာကိုကြည့်ပြီး သူမ 'နိုး' ဟု မငြင်းရက်ပေ
ရက်အနည်းငယ်ကြာပြီးနောက် အက်စတယ်လာက သူမစာကိုပို့လာခဲ့သည် ကားလစ်ရဲ့စာအိတ်နဲ့မတူပဲ သူမရဲ့စာအိတ်က ကြမ်းပြီး အရည်အသွေးက ညံ့ပေသည် ဒါပေမဲ့ သူမရဲ့စာကနေ သူမရဲ့လက်ဆက်တဲ့ရနံ့မျိုး ရလေသည်

"ကျေးဇူးပြုပြီး ဒါလေးကို ကောင်းကောင်းပို့ပေးပါ အခုလိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မစ်နေးရား"
ထို့သို့ပြောပြီးသွားတဲ့အခါ အက်စတယ်လာ ရဲ့ မျက်နှာက တောင့်သွားတယ် အက်စတယ်လာ ဒီစာကိုရေးဖို့ တစ်ညလုံးကုန်ဆုံးခဲ့သည်ဟု ပါနေးရား တွေးမိသည် သူမျက်လုံးတွေက နီရဲနေလေသည်

ကားလစ်စာရေးတုန်းကလိုပေါ့

သူမ နန်းတော်ကိုသွားပြီး အက်စတယ်လာရဲ့စာကို ကားလစ်ဆီ ပို့ပေးလိုက်သည် ကားလစ်က တုန်ရီနေတဲ့လက်တွေနဲ့ စာကိုကိုင်လိုက်လေသည် ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးရတနာတစ်ခုကို ရရှိသွားသလိုပင်
သူအသံထဲ၌ ဖြစ်ပေါ်နေသောခံစားချက်ကို ဖိနှိပ်ဖို့ကြိုးစားရင်း ကားလစ်စကားပြောလေသည်

"လေဒီပါနေးရား ငါအတွက် သူတော်စင်ဆီ နောက်ထပ်စာတစ်စောင်လောက် ပို့ပေးလို့ရမလား"

သူမကတော့ 'no'လို့ပြောလိုက်ချင်သည်

'သူတို့ကိစ္စတွေထဲ ဆက်ပြီး၀င်ရောက်ပါ၀င်နေရင် ပင်ပန်းရအုမ်းမှာပဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးထဲမှာ ငါအမှန်တကယ် ပိတ်မိနေတော့မှာပဲ'

ဒါပေမဲ့ အပြစ်ကင်းစင်တဲ့ အက်စတယ်လာကိုတွေးမိလိုက်ရင် သူမ ထိုအဖြေကို မပေးလိုက်နိုင်ခဲ့ပေ ဖျားနာမှုအကြောင်းတွေနဲ့ လူတွေ နာကျင်ခံစားရမှုအကြောင်းတွေအမြဲလိုလို တွေးနေခဲ့တဲ့ သူမကို မျက်လုံးလေးတွေကအစ မိန်းကလေးတစ်ယောက်လို တောက်ပစေချင်သည် ပူပန်သောကရောက်နေသလိုမျက်နှာနှင့် သူမဆံပင်ကို အနောက်သို့သပ်ချလိုက်သည်

'ဟမ်း ငါ‌ကတော့ သူတို့နှစ်ယောက်ကြားက တံတားလေးတစ်ခု ဖြစ်လာတော့မယ် ထင်တယ်' (သုံးဘီး LMAO)

Continue Reading

You'll Also Like

752K 57.6K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုး...
1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
148K 8.9K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann