Like Love But Not [ ဘာသာပြန် ]

By Kay_Wine

78.1K 10.7K 670

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... More

Description
01
02
03
04
05
06
07
08
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

09

1.2K 227 15
By Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : gong abuse က ဒီပိုင္းကေန စတာလား? ]

•ေရွာင္ဟန္း•

ရွမင္ရႈ ေလာ့ယြီခ်န္ကို ၾကည့္ေနတယ္၊ ကြၽန္ေတာ္လည္း ေလာ့ယြီခ်န္ကို ၾကည့္ေနလိုက္တယ္။

သူ႔အမူအယာက မိန္းေမာကာ ဗလာျဖစ္ေနၿပီး ႏႈတ္ခမ္းေတြက အနည္းငယ္တုန္ရီေနတယ္။

ေအးစက္ၿပီး အေျပာင္းအလဲမရွိတဲ့အျပင္ပန္းက ႐ုတ္ျခည္း ဘယ္ကိုေရာက္မွန္းမသိ ေရာက္သြားကာ သူ႔တစ္ကိုယ္လုံးက အခုဆို ကေလးတစ္ေယာက္လိုျဖစ္သြားၿပီး လုံးဝ အကူအကယ္မဲ့ေနေတာ့တယ္။

"ခင္ဗ်ား... မသိခဲ့ဘူးပဲ..."

ရွမင္ရႈက ေခါင္းငုံ႔လိုက္ၿပီး ႐ုတ္တရက္ဆိုသလို လက္ဆန႔္ကာ ေလာ့ယြီခ်န္ရဲ႕ဖုန္းကို ဆြဲယူသြားတယ္။

သူ ကြၽန္ေတာ့္ကို အႀကိမ္ေပါင္းမ်ားစြာ ဖုန္းေခၚခဲ့တယ္၊ ေနာက္ၿပီး အေျပာင္းအလဲမရွိ နံပါတ္က ဆက္သြယ္၍မရႏိုင္ပါပဲ။

ထို႔ေနာက္ သူက ဖန္းရွဲ႕ယိကိုလည္း ဖုန္းေခၚခဲ့ေသးတယ္။ အႀကိမ္တိုင္းမွာ တိုက္႐ိုက္ ဖုန္းခ်တာကိုသာ ခံရတယ္။

ဖန္းရွဲ႕ယိက ေလာ့ယြီခ်န္ရဲ႕ဖုန္းနံပါတ္ကို အညႇာအတာမရွိ ခ်ပစ္တယ္ဆိုတာက ကြၽန္ေတာ့္အေနနဲ႔ သူ႔ဘက္ကအျမင္နဲ႔ၾကည့္မယ္ဆိုရင္ လုံးဝကို နားလည္ႏိုင္ေလာက္စရာပဲေလ။

ဒီတစ္ေလွ်ာက္လုံးမွာ ေလာ့ယြီခ်န္က သစ္သားတုံးတစ္တုံးလို ေနရာမွာတင္ရပ္ေနၿပီး သူ႔အမူအယာက ေတာ္ေတာ္ေလး ပူပန္ေနပုံေပၚတယ္။ ေတာ္ေသးတာက သူ႔ရဲ႕တည္ၿငိမ္မႈကို ခပ္ျမန္ျမန္ျပန္ရသြားၿပီး ရွမင္ရႈအေလာတႀကီးနဲ႔ အဝတ္အစားေတြဝတ္ကာ တံခါးဖြင့္ဖို႔ ျပင္ေနတုန္းမွာပဲ ေလာ့ယြီခ်န္က သူ႔ကို ဆြဲလိုက္ႏိုင္သြားတယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ ကြၽန္ေတာ့္ကို အစိုးရိမ္ေပးဆုံးလူက ရွမင္ရႈျဖစ္ေနခဲ့တယ္။

ဒီလိုခ်စ္စရာေကာင္းတဲ့လူငယ္ေလးရဲ႕ အထက္တန္းဆန္တဲ့ေျဖာင့္မတ္မႈကို ကြၽန္ေတာ္ အလြန္တရာ ေက်းဇူးတင္မိေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ေတာ္ေတာ္ ကေမာက္ကမႏိုင္တယ္လို႔ ထင္မိတယ္။

"ခင္ဗ်ားက ေရွာင္ဟန္းကို စိတ္မပူဘူးလား? ဖန္းရွဲ႕ယိကို ေမးဖို႔ ကြၽန္ေတာ္ အခုခ်က္ခ်င္း ကုမၸဏီကို သြားမွာ..."

"သူ အဆင္ေျပတယ္" ေလာ့ယြီခ်န္ ျမန္ျမန္ဆန္ဆန္ေျပာလာတယ္။

"အဆင္ေျပတယ္? သူ အဆင္ေျပတာကို ခင္ဗ်ားက ဘယ္လိုသိလဲ?"

"အဲ့တာက ႐ိုးတြင္းျခင္ဆီေလ! ဒီလိုဟာမ်ိဳးကို ေရွာင္ဟန္းက ဘာေၾကာင့္လိုရမွာလဲ?! သူက ဘာလို႔႐ုတ္တရက္ႀကီး ကုမၸဏီကို ဖန္းရွဲ႕ယိဆီမွာ ထားခဲ့ရတာလဲ?! သူ ဘယ္ေရာက္သြားလဲ? ခင္ဗ်ား ဒီလိုသာ ဆက္လုပ္ေနမယ္ဆိုရင္ အနာဂတ္မွာ ခင္ဗ်ားဒီအတြက္ ေနာင္တရလိမ့္မယ္!"

ရွမင္ရႈရဲ႕ဒီစကားေတြက ေလာ့ယြီခ်န္ကို တန္နဲ႔ခ်ီတဲ့အုတ္ခဲေတြလိုမ်ိဳး ႐ိုက္ခတ္သြားေစတယ္။

သူက ျပဴးက်ယ္တဲ့မ်က္လုံးေတြနဲ႔ ရွမင္ရႈ တံခါးဖြင့္ကာ ထြက္သြားတာကို လိုက္ၾကည့္ေနၿပီး ဝင္ေပါက္မွာတင္ ေငးငိုင္ကာ ေတာင့္ေတာင့္ႀကီး ရပ္ေနတယ္။

အတန္ၾကာတဲ့အခါ ထိုမ်က္ႏွာေသက ႐ုတ္တရက္ အက္ကြဲသြားၿပီး ထိရွလြယ္တဲ့ စိတ္ရႈပ္ေထြးစရာပုံစံကို ျပသလာတယ္။

ဒီအမူအယာက ကြၽန္ေတာ့္ကို စိတ္ပူေစတယ္။

သို႔ေပမယ့္ အဲ့တာကို ကြၽန္ေတာ္ အရင္က ေတြ႕ဖူးတယ္။ သိပ္ကို ၾကာေညာင္းခဲ့တဲ့အခ်ိန္တုန္းကေပါ့။

ကြၽန္ေတာ္တို႔ေတြ ေဆး႐ုံမွာ ရွမင္ရႈနဲ႔ ရွိတဲ့အခ်ိန္၊ သူေသမလား ရွင္မလားဆိုတာ ကြၽန္ေတာ္တို႔ ေသခ်ာမသိေသးတဲ့အခ်ိန္၊ ဒီလိုအမူအယာမ်ိဳး ေလာ့ယြိခ်န္ ျဖစ္ခဲ့ဖူးတယ္။

သူ ေကာင္းေကာင္းဖုံးကြယ္ႏိုင္တယ္လို႔ သူ႔ကိုယ္သူ ထင္ေနေပမယ့္ အဲ့တာကပဲ တျခားလူကို မ်က္ရည္ဝဲတဲ့အထိ ျဖစ္ေစေပမယ့္ ငိုမခ်ႏိုင္တဲ့ ေၾကာက္႐ြံ႕မႈကိုခံစားမိေစတယ္။

သူက ေမာက္မာၿပီး ေခါင္းမာတဲ့ပင္ကိုစ႐ိုက္ရွိတာေၾကာင့္ သူ အလြန္တရာမေက်မနပ္ျဖစ္ေနခ်ိန္မွာေတာင္ သူ႔ရဲ႕ကိုယ္ပိုင္အေတြးေတြကို သိုဝွက္ၿပီး ရဲရင့္ကာ မာနႀကီးတဲ့မ်က္ႏွာမ်ိဳးကို ထိန္းသိမ္းထားတတ္တယ္။ ေဘးမွာဘယ္သူမွ မရွိေတာ့တဲ့အခ်ိန္မွာ အားျပန္ေမြးေလ့ရွိတယ္။

အခုခ်ိန္ အနားမွာ ဘယ္သူမွ ရွိမေနဘူး။

အဲ့တာေၾကာင့္ သူ စိတ္ကိုေလွ်ာ့ခ်ၿပီး သူ႔ရဲ႕ေမာက္မာတဲ့မ်က္ႏွာဖုံးကို ခြာခ်ႏိုင္တာျဖစ္တယ္။

အနက္ရႈိင္းဆုံးပူပန္ေသာကေရာက္ေနတဲ့ အမူအယာက ရယ္တာ ဒါမွမဟုတ္ ငိုတာမဟုတ္ဘဲ လူကို ေလးလံလွတဲ့ မြန္းက်ပ္မႈအလႊာနဲ႔ ဖုံးလႊမ္းထားၿပီး ေနရာမွာတင္ ရပ္ေနရတာမ်ိဳးဆိုရင္ေတာ့ ေလာ့ယြီခ်န္က သူ႔ရဲ႕လုပ္ေဆာင္မႈအတြက္ ဆုရမယ္ဆိုတာ အေသအခ်ာပဲ။

ဘာေၾကာင့္ဆို အခုအခိုက္အတန႔္မွာ သူ႔ရဲ႕ဝမ္းနည္းမႈနဲ႔ အကူအကယ္မဲ့မႈေတြက တကယ္စစ္မွန္ေနပုံေပၚတယ္။

အဲ့တာက... ကြၽန္ေတာ့္ေၾကာင့္လား?

သူက ကြၽန္ေတာ့္ကို မခ်စ္ခဲ့ဘူးဆိုေပမယ့္ ျဖစ္ခ်င္ေတာ့ တကယ္တမ္းမွာ သူက ကြၽန္ေတာ့္ကို လ်စ္လ်ဴရႈကာ ေအးတိေအးစက္နဲ႔ သူေျပာခဲ့တဲ့အတိုင္း ကြၽန္ေတာ့္အ​ေပၚ စိတ္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးေတာ့ မဟုတ္ဘူးပဲ။

ကြၽန္ေတာ္ မသက္မသာနဲ႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ခံစားေနမိတယ္။

ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူ႔အေပၚ တစ္ဘဝလုံးစာခ်စ္ခဲ့တဲ့ ကြၽန္ေတာ့္အတြက္ ဒါက ျပန္အဖတ္ဆယ္လို႔မရတဲ့ ေသးငယ္တဲ့အရာေလးတစ္ခု ျဖစ္ေနတုန္းပဲ။

****

ရွမင္ရႈက အရမ္းေနာက္က်ေနေတာ့မွ အိမ္ျပန္ေရာက္လာၿပီး သူ႔မ်က္ႏွာကလည္း ထြက္သြားတဲ့အခ်ိန္တုန္းကထက္ေတာင္ ပိုဆိုးေနေသးတယ္။

ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး။ သူက ကြၽန္ေတာ့္ကို အမွန္တကယ္ စိုးရိမ္ေပးေနတယ္ဆိုတာ ျဖစ္ႏိုင္လို႔လား?

တကယ္လို႔ ဒါက ဟန္ေဆာင္တာဆိုရင္ အခုခ်ိန္မွာ ေတာ္လိုက္သင့္ၿပီ။ ေနာက္ၿပီး ေလာ့ယြီခ်န္က သူ႔ရဲ႕ခံစားခ်က္ေတြအတြက္ နည္းနည္းေလးေတာင္ ေက်းဇူးတင္မွာမွ မဟုတ္တာ။

သူ ျပန္ေရာက္လာတဲ့အခ်ိန္တည္းက ေလာ့ယြီခ်န္ကလည္း သူ႔ရဲ႕အေျပာင္းအလဲမရွိတဲ့ မ်က္ႏွာဖုံးကို ေနာက္တစ္ႀကိမ္ ျပန္စြပ္လိုက္ၿပီး ရွမင္ရႈ စကားမေျပာတဲ့အခါ သူကလည္း အရင္စၿပီး မေမးခဲ့ဘူး။

တိတ္ဆိတ္ေနတဲ့အခ်ိန္မွာ သူက ဘာစကားမွမေျပာဘဲ တဖက္လူရဲ႕အမူအယာ ဒါမွမဟုတ္ ပုံပန္းသြင္ျပင္ကေန တစ္စုံတစ္ရာကို သိဖို႔ႀကိဳးစားေနသလိုမ်ိဳး ရွမင္ရႈကို ေလ့လာေနတယ္။

ၾကည့္ရတာ ရွမင္ရႈကလည္း ေလာ့ယြီခ်န္နဲ႔ ဒီလိုမ်ိဳး အလိုက္သင့္ေနခ်င္ပုံမရဘဲ ရည္႐ြယ္ခ်က္ရွိရွိ ဘာဆိုဘာမွ မေျပာဘဲေနကာ မခ်င့္မရဲျဖစ္ေနတဲ့သူ႔ရဲ႕အမူအယာက ကြၽန္ေတာ့္ကို အလြန္အမင္း မသက္မသာျဖစ္ေစတယ္။

ကြၽန္ေတာ္ ဘာျဖစ္ခဲ့တယ္ဆိုတာ ဖန္းရွဲ႕ယိ သူ႔ကိုေျပာျပလိုက္မွာကို ကြၽန္ေတာ္ ထိတ္လန႔္ေနမိတယ္။

****

ကြၽန္ေတာ္ ေသသြားၿပီဆိုတာ ေလာ့ယြီခ်န္ကို မသိေစခ်င္ဘူး။

မတိုင္ခင္က ကြၽန္ေတာ့္ရဲ႕ေသဆုံးမႈကို ေလာ့ယြီခ်န္က ေပ်ာ္ပြဲ႐ႊင္ပြဲေပးၿပီး က်င္းပလိမ့္မယ္လို႔ေတာ့ မေတြးဖူးဘူး၊ ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးက သူ႔အတြက္ ခက္ခဲၾကမ္းတမ္းခဲ့တာေၾကာင့္ အမ်ားဆုံးရွိလွ ထုံးစံအတိုင္း ေအးတိေအးစက္နဲ႔ ဂ႐ုမစိုက္ဘဲ ေနလိမ့္မယ္လို႔သာ ေတြးျဖစ္ခဲ့တယ္။

သို႔ေပမယ့္ ရွမင္ရႈထြက္သြားတဲ့ ဒီနာရီပိုင္းအတြင္းမွာ ကြၽန္ေတာ္ လုံးဝေသခ်ာေနတာမ်ိဳး မလုပ္ႏိုင္ေတာ့ဘူး။

အကယ္၍သာ ကြၽန္ေတာ္က ကိုယ့္ဖာသာ အေရးပါတယ္လို႔ အဓိပၸါယ္မရွိလုပ္ေနခဲ့မိတာဆိုရင္ေတာ့ ေကာင္းတာေပါ့။ အကယ္၍သာ ဒါေတြအားလုံးက လက္ေတြ႕မဆန္တဲ့အေတြးဆီကို ဦးတည္သြားေနတဲ့ ကြၽန္ေတာ့္ရဲ႕အမွန္တရားထက္ လြန္ကဲေနတဲ့အေတြးမ်ိဳးဆိုရင္ေတာ့ အဆင္ေျပတာေပါ့။

သို႔ေပမယ့္ ကြၽန္ေတာ့္ရဲ႕ ေသျခင္းရွင္ျခင္းနဲ႔ပက္သက္ၿပီး ေလာ့ယြီခ်န္က ဂ႐ုမစိုက္သလို ဟန္ေဆာင္ေနမွာမဟုတ္ေလာက္ဘူးလို႔ ကြၽန္ေတာ္ ခံစားမိေနတယ္။

ဒီလိုဂ႐ုစိုက္မႈမ်ိဳးက စိတ္ရႈပ္ေထြးျခင္း ဒါမွမဟုတ္ အျပစ္မကင္းျခင္းတို႔နဲ႔ ေရာေထြးေနမယ္ဆိုရင္ေတာင္ အဆင္ေျပပါတယ္။

သူတို႔ႏွစ္ေယာက္စလုံးက တစ္ေယာက္ေယာက္ စကားအရင္စေျပာဖို႔ ေစာင့္ေနၾကတယ္။

ကြၽန္ေတာ္ကေတာ့ ဆံပင္အဝါနဲ႔လူငယ္ေလး ဒီခဏမွာ ေပ်ာက္ကြယ္သြားဖို႔ ဆုေတာင္းေနမိတယ္။

ကြၽန္ေတာ္ ေသသြားၿပီဆိုတာကို ၾကားလိုက္တဲ့အခ်ိန္မွာ ေလာ့ယြီခ်န္ျဖစ္သြားမယ့္အမူအယာကို ေသခ်ာေပါက္ ကြၽန္ေတာ္ ၾကည့္ခ်င္မေနဘူး။ သူ ဝမ္းနည္းတဲ့ပုံပဲျပျပ စိတ္မဝင္စားတဲ့ပုံပဲျပျပ ကြၽန္ေတာ္ မျမင္ခ်င္ဘူး။ ႏွစ္ခုစလုံးကို ကြၽန္ေတာ္ ခံစားႏိုင္မွာမဟုတ္ဘူး။

႐ုတ္တရက္ဆိုသလို အစတည္းက ဒီေလာကႀကီးထဲမွာ ကြၽန္ေတာ္ဆိုတာ မရွိခဲ့ရင္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ခံစားမိလိုက္တယ္။

"ေရွာင္ဟန္းက အၿမဲတမ္းဆိုသလို ေတာ္ေတာ္ေလး က်န္းမာေနခဲ့တာ..."

ရွမင္ရႈက ေလသံေပ်ာ့ေပ်ာ့နဲ႔ ေျပာလာၿပီး ေျပာေနတုန္းမွာ မ်က္လုံးေတြ နီရဲလာတယ္။

"အတိအက် ဘာျဖစ္တာလဲ? သူက ဘာျဖစ္တာလဲ?" ေလာ့ယြီခ်န္က စိတ္မရွည္စြာ ေစ့ေစ့စပ္စပ္ေမးေတာ့တယ္။

"သူ ေနမေကာင္းဘူး၊ အရင္က ကြၽန္ေတာ္ျဖစ္ခဲ့သလိုမ်ိဳးနဲ႔ ဆင္တူသလိုလိုရွိေပမယ့္ ကြဲျပားတယ္၊ ကြၽန္ေတာ့္ဟာက acute lymphocytic leukemia သူ႔ဟာက acute myeloid leukemia" ရွမင္ရႈက သူ႔မ်က္ခုံးေတြကို ပြတ္လိုက္ၿပီး မ်က္ႏွာကလည္း ျဖဴေလ်ာ္ေနတယ္။ "ဒါေပမယ့္ ျဖစ္လာႏိုင္စရာေတြက ဘာေတြမို႔လို႔လဲ? ဘာေၾကာင့္သူက... ဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳးဟာက သူ႔ဆီမွာျဖစ္ရတာလဲ?" [ T/N : acute - အထူးတလည္စိုးရိမ္ဖြယ္အဆင့္ရွိ၊ lymphocytic leukemia - ေသြးျဖဴဥေတြအေပၚ သက္ေရာက္တဲ့ကင္ဆာအမ်ိဳးအစား၊ myeloid leukemia - ႐ိုးတြင္းျခင္ဆီထဲက ပုံမွန္မဟုတ္တဲ့ ေသြးဆဲလ္ေတြ အမ်ားႀကီးထုတ္ေပးလာတဲ့ ကင္ဆာအမ်ိဳးအစား ]

ကြၽန္ေတာ္ မွင္သက္သြားရတယ္။

အဲ့ေတာ့ ဖန္းရွဲ႕ယိက ကြၽန္ေတာ္ ေသသြားခဲ့ၿပီဆိုတာ သူ႔ကိုမေျပာခဲ့ဘဲ ကြၽန္ေတာ္ရဲ႕နာမက်န္းမႈအေျခအေနကိုပဲ ႐ိုး႐ိုးရွင္းရွင္း ေျပာခဲ့တာေပါ့။

ကြၽန္ေတာ့္ခႏၶာကိုယ္ထဲက အားအင္ေတြအကုန္ ထြက္သြားရတယ္၊ သို႔ေပမယ့္ အဲ့တာေတာင္မွ... အဆိုးဆုံးရလဒ္မဟုတ္ေသးဘူး။

ေနာက္ပိုင္း ကြၽန္ေတာ္ သက္သာသြားၿပီဆိုတဲ့ သတင္းနဲ႔ အဲ့ေနာက္မွာ ေရွာင္ဟန္းတစ္ေယာက္ 'ႏိုင္ငံကထြက္သြားၿပီ'သတင္း ထြက္လာႏိုင္တယ္။

အဲ့ကေနစလို႔ ေလာ့ယြီခ်န္ရဲ႕ကမာၻႀကီးထဲကေန တိတ္တဆိတ္ေပ်ာက္ကြယ္သြားၿပီး ဘယ္ေတာ့မွ ထပ္ေတြ႕ရေတာ့မွာမဟုတ္ဘူး။

သူကလည္း ဘာဆိုဘာမွ သံသယဝင္မွာမဟုတ္ဘူး။ ဘယ္လိုေနေန လူတစ္ေယာက္ရဲ႕ဘဝမွာ မေရမတြက္ႏိုင္တဲ့ သူငယ္ခ်င္းေဟာင္းေတြ ဘယ္ေတာ့မွ ျပန္မေတြ႕ျဖစ္ေတာ့တဲ့ ခ်စ္သူေတြရွိႏိုင္တာပဲ။ ေနာက္ၿပီး တစ္ခါတစ္ေလေတာ့လည္း လူတစ္ေယာက္ အသက္ေတြႀကီး ဆံပင္ေတြျဖဴလာတဲ့အခ်ိန္မွာမွ ႐ုတ္တရက္ သတိရတာမ်ိဳး :

'ေဟး ၾကည့္ရတာ ငါတို႔ေတြ အသက္ႏွစ္ဆယ္ေနာက္ပိုင္းတည္းက အဲ့အရႈပ္ေကာင္ကို လုံးဝမေတြ႕ေတာ့ဘူးေနာ္၊ သူ အသက္ရွိေသးလား ေသၿပီလားဆိုတာ ဘယ္သူသိမွာလဲ'

'အာ အသက္၆၀ေတာင္ ေရာက္ၿပီပဲ၊ သိပ္မၾကာေသးဘူးထင္ရေပမယ့္ ဒီေလာက္ေတာင္ ၾကာသြားၿပီ...'

အဲ့လိုဆိုေပမယ့္ ရွမင္ရႈေတြ ဒါေတြကို ျဖတ္ေက်ာ္ခဲ့ဖူးတဲ့လူတစ္ေယာက္ျဖစ္တာေၾကာင့္ ေသြးကင္ဆာဆိုတာ ဘယ္ေလာက္ေတာင္ ေၾကာက္ဖို႔ေကာင္းၿပီး ျဖတ္ေက်ာ္ႏိုင္ဖို႔အတြက္ ဘယ္ေလာက္ထိ ဇြဲလုံ႔လနဲ႔ ကံေကာင္းမႈလိုအပ္တယ္ဆိုတာ သိထားတယ္။

ကြၽန္ေတာ့္ဘဝမွာ ကံေကာင္းမႈမ်ားမ်ားစားစား ဘယ္တုန္းကမွ မရွိခဲ့ဘူးဆိုတာကိုေတာ့ သူမသိဘူး။

ေနာက္ၿပီး ကြၽန္ေတာ္က သူ႔ရဲ႕တစ္ဝက္ေလာက္ေတာင္ ႀကံ့ခိုင္မႈမရွိဘူး။

ၿပီးေတာ့ ဒီေရာဂါက ကြၽန္ေတာ္အႀကီးအက်ယ္ စိတ္ေသာကေရာက္ေနတဲ့အခ်ိန္အတြင္း အသက္ရွင္ခ်င္တဲ့ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးလက္က်န္ေကာက္႐ိုးမွ်င္ေလးကို ႐ိုက္ခ်ိဳးခဲ့တာလည္းျဖစ္တယ္။

****

ေလာ့ယြီခ်န္က ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ရပ္ေနၿပီး ဘာအမူအယာ ဘာတုန႔္ျပန္မႈမွ မျပဘူး။

သူ မထင္မွတ္ထားတဲ့အရာကို ႀကဳံရတဲ့အခ်ိန္တိုင္းမွာ သူက အၿမဲဒီလိုမ်ိဳးပဲျဖစ္ေနတတ္ေပမယ့္ ရွမင္ရႈကေတာ့ သူ႔ရဲ႕အျပဳအမူကို စိတ္မဝင္စားသလိုျဖစ္ေနတယ္လို႔ မွတ္ယူကာ ခ်က္ခ်င္းလက္ငင္း ေဒါသပုန္ထသြားၿပီး သူတို႔ႏွစ္ေယာက္ၾကားက လက္ဖက္ရည္စားပြဲကို ကန္ထုတ္ကာ ေလာ့ယြီခ်န္ရဲ႕ေကာ္လံကို အသည္းအသန္ဆြဲလိုက္တယ္။

"ခင္ဗ်ား ဘာလို႔ ဒီမွာရပ္ေနရေသးတာလဲ! သူ ေသသြားရင္ေတာင္ ဂ႐ုမစိုက္ဘူးလား? ေလာ့ယြီခ်န္ တစ္ခုခုေျပာပါအုံး!"

ရွမင္ရႈက စိတ္ထားေကာင္းတဲ့လူတစ္ေယာက္ျဖစ္ၿပီး ဒီလိုအခ်ိန္မ်ိဳးမွာ သူက ကြၽန္ေတာ့္အတြက္ ရပ္တည္ေပးတာကို ထူးဆန္းတယ္လို႔ မထင္ဘူး။

ကြၽန္ေတာ္ထူးဆန္းတယ္လို႔ ထင္မိတာက အခုခ်ိန္မွာ သူယူေနတဲ့အေနအထားက နည္းနည္းေတာ့ မွားေနသလိုျဖစ္ေနတာကိုပဲ။ သူက ေလာ့ယြီခ်န္ရဲ႕ ခ်စ္သူျဖစ္ေပမယ့္ သူက 'ေဘးက ရပ္ၾကည့္ေနသူ'တစ္ေယာက္လို ျပဳမူေနတယ္။ မသိရင္ပဲ ဒီဇာတ္လမ္းရဲ႕ အဓိကဇာတ္ေကာင္ေတြက ေလာ့ယြီခ်န္နဲ႔ ကြၽန္ေတာ္ ျဖစ္ေနသလိုမ်ိဳး။

'ဒါေပမယ့္ ဘယ္လိုျဖစ္ႏိုင္မွာလဲ? မင္းတို႔ႏွစ္ေယာက္ကသာ ဒီမွာ အဓိကဇာတ္ေကာင္ေတြ မဟုတ္ဘူးလား?'

'အခု လူဆိုးေကာင္က ထြက္သြားၿပီေလ၊ ဒီလိုေတြ လုပ္ေနစရာ တကယ္ႀကီးလိုေသးလို႔လား? တကယ္ႀကီးလား?'

ေလာ့ယြီခ်န္က ခဏေလာက္ ကိုင္လႈပ္ခံေနရၿပီးမွ အသိစိတ္ျပန္ဝင္လာတယ္ "ေဆး႐ုံက အလႉရွင္ ရွာေတြ႕ၿပီဆိုတဲ့အေၾကာင္း ဖန္းရွဲ႕ယိကို ေျပာခဲ့လား? မင္း သူ႔ကို ေျပာခဲ့တယ္မွတ္လား?"

"ေသခ်ာေပါက္ ေျပာခဲ့တာေပါ့!"

"အဲ့ဒါဆို ဆိုလိုခ်င္တာက... စိုးရိမ္စရာ ဘာမွမရွိေတာ့ဘူး"

"..."

"..."

ရွမင္ရႈ "ခင္ဗ်ား ရွမင္ရႈကို လူကိုယ္တိုင္ သြားမေမးေတာ့ဘူးလား?"

"ဘာေမးစရာရွိလို႔လဲ?" ေျပာၿပီးေနာက္ ေလာ့ယြီခ်န္က အနည္းငယ္ရွက္႐ြံ႕စြာ ထပ္ေပါင္းေျပာလာတယ္ "ကိုယ္တို႔ သူ႔ဖုန္းကို ဆက္လို႔မွမရတာ"

"ဆက္သြယ္လို႔မရတာနဲ႔ပဲ ဂ႐ုမစိုက္ေတာ့ဘူးေပါ့?"

ေလာ့ယြီခ်န္ရဲ႕မ်က္ႏွာက ႐ုတ္ျခည္း ဒီဂရီအနည္းငယ္ အက်ည္းတန္သြားတာကို ကြၽန္ေတာ္ ေတြ႕လိုက္ရတယ္။

"ဒါက ဘယ္တုန္းက စျဖစ္မွန္း ကြၽန္ေတာ္တို႔လည္း မသိခဲ့ရဘူး... ေရွာင္ဟန္း ထိတ္လန႔္သြားမယ္ဆိုတာ ေသခ်ာတယ္" ရွမင္ရႈ ဗလုံးဗေထြးေျပာေနတယ္ "ဒီလိုေရာဂါမ်ိဳးက ေသခ်ာေပါက္ အခ်က္ျပတဲ့လကၡဏာေတြ ရွိခဲ့မွာပဲ၊ သူ ေတာ္ေတာ့္ကို ေနလို႔မေကာင္းျဖစ္ခဲ့မွာ၊ ေသြးအားနည္းတာ၊ အဖ်ားဝင္တာနဲ႔ ကိုက္ခဲတာမ်ိဳးေတြ ခံစားခဲ့ရမွာ၊ သူ ဒီမွာေနတဲ့အခ်ိန္တုန္းက နည္းနည္းေလး မွားေနတာမ်ိဳးကို တကယ္ရွာမေတြ႕ခဲ့ဘူးလား?"

ေလာ့ယြီခ်န္ရဲ႕ မ်က္ႏွာတစ္ခုလုံး စတင္ စိမ္းဖန႔္လာတယ္။

"ခင္ဗ်ားက ဘာဆိုဘာမွ မသိခဲ့သလို သူကလည္း ဘာဆိုဘာမွမေျပာဘဲ ဒီတိုင္း ထြက္သြားတယ္၊ သူ ထြက္သြားတဲ့အခ်ိန္ သူ႔ႏွလုံးသားထဲမွာ ဘယ္ေလာက္ေတာင္ နာက်င္ခဲ့ရမလဲဆိုတာ ဘယ္သူသိမွာလဲ"

"ေလာ့ယြီခ်န္ ခင္ဗ်ား ေတြးၾကည့္ဖူးရဲ႕လား၊ အကယ္၍မ်ား သူ႔ကို ဆက္သြယ္လို႔မရလို႔ ေဆး႐ုံက ဖုန္းေခၚလာတာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ တစ္ေနေန႔ သူေသသြားရင္ေတာင္ ခင္ဗ်ား သိပါအုံးမလား?"

ခ်က္ခ်င္းဆိုသလို ေလာ့ယြီခ်န္ရဲ႕မ်က္ႏွာက လုံးဝေအးစက္သြားေတာ့တယ္။



_____



{Unicode}

[ အကျဉ်းချုပ် : gong abuse က ဒီအပိုင်းကနေ စတာလား? ]

•ရှောင်ဟန်း•

ရှမင်ရှု လော့ယွီချန်ကို ကြည့်နေတယ်၊ ကျွန်တော်လည်း လော့ယွီချန်ကို ကြည့်နေလိုက်တယ်။

သူ့အမူအယာက မိန်းမောကာ ဗလာဖြစ်နေပြီး နှုတ်ခမ်းတွေက အနည်းငယ်တုန်ရီနေတယ်။

အေးစက်ပြီး အပြောင်းအလဲမရှိတဲ့အပြင်ပန်းက ရုတ်ခြည်း ဘယ်ကိုရောက်မှန်းမသိ ရောက်သွားကာ သူ့တစ်ကိုယ်လုံးက အခုဆို ကလေးတစ်ယောက်လိုဖြစ်သွားပြီး လုံးဝ အကူအကယ်မဲ့နေတော့တယ်။

"ခင်ဗျား... မသိခဲ့ဘူးပဲ..."

ရှမင်ရှုက ခေါင်းငုံ့လိုက်ပြီး ရုတ်တရက်ဆိုသလို လက်ဆန့်ကာ လော့ယွီချန်ရဲ့ဖုန်းကို ဆွဲယူသွားတယ်။

သူ ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့တယ်၊ နောက်ပြီး အပြောင်းအလဲမရှိ နံပါတ်က ဆက်သွယ်၍မရနိုင်ပါပဲ။

ထို့နောက် သူက ဖန်းရှဲ့ယိကိုလည်း ဖုန်းခေါ်ခဲ့သေးတယ်။ အကြိမ်တိုင်းမှာ တိုက်ရိုက် ဖုန်းချတာကိုသာ ခံရတယ်။

ဖန်းရှဲ့ယိက လော့ယွီချန်ရဲ့ဖုန်းနံပါတ်ကို အညှာအတာမရှိ ချပစ်တယ်ဆိုတာက ကျွန်တော့်အနေနဲ့ သူ့ဘက်ကအမြင်နဲ့ကြည့်မယ်ဆိုရင် လုံးဝကို နားလည်နိုင်လောက်စရာပဲလေ။

ဒီတစ်လျှောက်လုံးမှာ လော့ယွီချန်က သစ်သားတုံးတစ်တုံးလို နေရာမှာတင်ရပ်နေပြီး သူ့အမူအယာက တော်တော်လေး ပူပန်နေပုံပေါ်တယ်။ တော်သေးတာက သူ့ရဲ့တည်ငြိမ်မှုကို ခပ်မြန်မြန်ပြန်ရသွားပြီး ရှမင်ရှုအလောတကြီးနဲ့ အဝတ်အစားတွေဝတ်ကာ တံခါးဖွင့်ဖို့ ပြင်နေတုန်းမှာပဲ လော့ယွီချန်က သူ့ကို ဆွဲလိုက်နိုင်သွားတယ်။

ဒီလိုအချိန်မျိုးမှာ ကျွန်တော့်ကို အစိုးရိမ်ပေးဆုံးလူက ရှမင်ရှုဖြစ်နေခဲ့တယ်။

ဒီလိုချစ်စရာကောင်းတဲ့လူငယ်လေးရဲ့ အထက်တန်းဆန်တဲ့ဖြောင့်မတ်မှုကို ကျွန်တော် အလွန်တရာ ကျေးဇူးတင်မိပေမယ့် တစ်ချိန်တည်းမှာပဲ တော်တော် ကမောက်ကမနိုင်တယ်လို့ ထင်မိတယ်။

"ခင်ဗျားက ရှောင်ဟန်းကို စိတ်မပူဘူးလား? ဖန်းရှဲ့ယိကို မေးဖို့ ကျွန်တော် အခုချက်ချင်း ကုမ္ပဏီကို သွားမှာ..."

"သူ အဆင်ပြေတယ်" လော့ယွီချန် မြန်မြန်ဆန်ဆန်ပြောလာတယ်။

"အဆင်ပြေတယ်? သူ အဆင်ပြေတာကို ခင်ဗျားက ဘယ်လိုသိလဲ?"

"အဲ့တာက ရိုးတွင်းခြင်ဆီလေ! ဒီလိုဟာမျိုးကို ရှောင်ဟန်းက ဘာကြောင့်လိုရမှာလဲ?! သူက ဘာလို့ရုတ်တရက်ကြီး ကုမ္ပဏီကို ဖန်းရှဲ့ယိဆီမှာ ထားခဲ့ရတာလဲ?! သူ ဘယ်ရောက်သွားလဲ? ခင်ဗျား ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် အနာဂတ်မှာ ခင်ဗျားဒီအတွက် နောင်တရလိမ့်မယ်!"

ရှမင်ရှုရဲ့ဒီစကားတွေက လော့ယွီချန်ကို တန်နဲ့ချီတဲ့အုတ်ခဲတွေလိုမျိုး ရိုက်ခတ်သွားစေတယ်။

သူက ပြူးကျယ်တဲ့မျက်လုံးတွေနဲ့ ရှမင်ရှု တံခါးဖွင့်ကာ ထွက်သွားတာကို လိုက်ကြည့်နေပြီး ဝင်ပေါက်မှာတင် ငေးငိုင်ကာ တောင့်တောင့်ကြီး ရပ်နေတယ်။

အတန်ကြာတဲ့အခါ ထိုမျက်နှာသေက ရုတ်တရက် အက်ကွဲသွားပြီး ထိရှလွယ်တဲ့ စိတ်ရှုပ်ထွေးစရာပုံစံကို ပြသလာတယ်။

ဒီအမူအယာက ကျွန်တော့်ကို စိတ်ပူစေတယ်။

သို့ပေမယ့် အဲ့တာကို ကျွန်တော် အရင်က တွေ့ဖူးတယ်။ သိပ်ကို ကြာညောင်းခဲ့တဲ့အချိန်တုန်းကပေါ့။

ကျွန်တော်တို့တွေ ဆေးရုံမှာ ရှမင်ရှုနဲ့ ရှိတဲ့အချိန်၊ သူသေမလား ရှင်မလားဆိုတာ ကျွန်တော်တို့ သေချာမသိသေးတဲ့အချိန်၊ ဒီလိုအမူအယာမျိုး လော့ယွိချန် ဖြစ်ခဲ့ဖူးတယ်။

သူ ကောင်းကောင်းဖုံးကွယ်နိုင်တယ်လို့ သူ့ကိုယ်သူ ထင်နေပေမယ့် အဲ့တာကပဲ တခြားလူကို မျက်ရည်ဝဲတဲ့အထိ ဖြစ်စေပေမယ့် ငိုမချနိုင်တဲ့ ကြောက်ရွံ့မှုကိုခံစားမိစေတယ်။

သူက မောက်မာပြီး ခေါင်းမာတဲ့ပင်ကိုစရိုက်ရှိတာကြောင့် သူ အလွန်တရာမကျေမနပ်ဖြစ်နေချိန်မှာတောင် သူ့ရဲ့ကိုယ်ပိုင်အတွေးတွေကို သိုဝှက်ပြီး ရဲရင့်ကာ မာနကြီးတဲ့မျက်နှာမျိုးကို ထိန်းသိမ်းထားတတ်တယ်။ ဘေးမှာဘယ်သူမှ မရှိတော့တဲ့အချိန်မှာ အားပြန်မွေးလေ့ရှိတယ်။

အခုချိန် အနားမှာ ဘယ်သူမှ ရှိမနေဘူး။

အဲ့တာကြောင့် သူ စိတ်ကိုလျှော့ချပြီး သူ့ရဲ့မောက်မာတဲ့မျက်နှာဖုံးကို ခွာချနိုင်တာဖြစ်တယ်။

အနက်ရှိုင်းဆုံးပူပန်သောကရောက်နေတဲ့ အမူအယာက ရယ်တာ ဒါမှမဟုတ် ငိုတာမဟုတ်ဘဲ လူကို လေးလံလှတဲ့ မွန်းကျပ်မှုအလွှာနဲ့ ဖုံးလွှမ်းထားပြီး နေရာမှာတင် ရပ်နေရတာမျိုးဆိုရင်တော့ လော့ယွီချန်က သူ့ရဲ့လုပ်ဆောင်မှုအတွက် ဆုရမယ်ဆိုတာ အသေအချာပဲ။

ဘာကြောင့်ဆို အခုအခိုက်အတန့်မှာ သူ့ရဲ့ဝမ်းနည်းမှုနဲ့ အကူအကယ်မဲ့မှုတွေက တကယ်စစ်မှန်နေပုံပေါ်တယ်။

အဲ့တာက... ကျွန်တော့်ကြောင့်လား?

သူက ကျွန်တော့်ကို မချစ်ခဲ့ဘူးဆိုပေမယ့် ဖြစ်ချင်တော့ တကယ်တမ်းမှာ သူက ကျွန်တော့်ကို လျစ်လျူရှုကာ အေးတိအေးစက်နဲ့ သူပြောခဲ့တဲ့အတိုင်း ကျွန်တော့်အ​ပေါ် စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတော့ မဟုတ်ဘူးပဲ။

ကျွန်တော် မသက်မသာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခံစားနေမိတယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့အပေါ် တစ်ဘဝလုံးစာချစ်ခဲ့တဲ့ ကျွန်တော့်အတွက် ဒါက ပြန်အဖတ်ဆယ်လို့မရတဲ့ သေးငယ်တဲ့အရာလေးတစ်ခု ဖြစ်နေတုန်းပဲ။

****

ရှမင်ရှုက အရမ်းနောက်ကျနေတော့မှ အိမ်ပြန်ရောက်လာပြီး သူ့မျက်နှာကလည်း ထွက်သွားတဲ့အချိန်တုန်းကထက်တောင် ပိုဆိုးနေသေးတယ်။

ကျွန်တော် နားမလည်နိုင်ဘူး။ သူက ကျွန်တော့်ကို အမှန်တကယ် စိုးရိမ်ပေးနေတယ်ဆိုတာ ဖြစ်နိုင်လို့လား?

တကယ်လို့ ဒါက ဟန်ဆောင်တာဆိုရင် အခုချိန်မှာ တော်လိုက်သင့်ပြီ။ နောက်ပြီး လော့ယွီချန်က သူ့ရဲ့ခံစားချက်တွေအတွက် နည်းနည်းလေးတောင် ကျေးဇူးတင်မှာမှ မဟုတ်တာ။

သူ ပြန်ရောက်လာတဲ့အချိန်တည်းက လော့ယွီချန်ကလည်း သူ့ရဲ့အပြောင်းအလဲမရှိတဲ့ မျက်နှာဖုံးကို နောက်တစ်ကြိမ် ပြန်စွပ်လိုက်ပြီး ရှမင်ရှု စကားမပြောတဲ့အခါ သူကလည်း အရင်စပြီး မမေးခဲ့ဘူး။

တိတ်ဆိတ်နေတဲ့အချိန်မှာ သူက ဘာစကားမှမပြောဘဲ တဖက်လူရဲ့အမူအယာ ဒါမှမဟုတ် ပုံပန်းသွင်ပြင်ကနေ တစ်စုံတစ်ရာကို သိဖို့ကြိုးစားနေသလိုမျိုး ရှမင်ရှုကို လေ့လာနေတယ်။

ကြည့်ရတာ ရှမင်ရှုကလည်း လော့ယွီချန်နဲ့ ဒီလိုမျိုး အလိုက်သင့်နေချင်ပုံမရဘဲ ရည်ရွယ်ချက်ရှိရှိ ဘာဆိုဘာမှ မပြောဘဲနေကာ မချင့်မရဲဖြစ်နေတဲ့သူ့ရဲ့အမူအယာက ကျွန်တော့်ကို အလွန်အမင်း မသက်မသာဖြစ်စေတယ်။

ကျွန်တော် ဘာဖြစ်ခဲ့တယ်ဆိုတာ ဖန်းရှဲ့ယိ သူ့ကိုပြောပြလိုက်မှာကို ကျွန်တော် ထိတ်လန့်နေမိတယ်။

****

ကျွန်တော် သေသွားပြီဆိုတာ လော့ယွီချန်ကို မသိစေချင်ဘူး။

မတိုင်ခင်က ကျွန်တော့်ရဲ့သေဆုံးမှုကို လော့ယွီချန်က ပျော်ပွဲရွှင်ပွဲပေးပြီး ကျင်းပလိမ့်မယ်လို့တော့ မတွေးဖူးဘူး၊ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက သူ့အတွက် ခက်ခဲကြမ်းတမ်းခဲ့တာကြောင့် အများဆုံးရှိလှ ထုံးစံအတိုင်း အေးတိအေးစက်နဲ့ ဂရုမစိုက်ဘဲ နေလိမ့်မယ်လို့သာ တွေးဖြစ်ခဲ့တယ်။

သို့ပေမယ့် ရှမင်ရှုထွက်သွားတဲ့ ဒီနာရီပိုင်းအတွင်းမှာ ကျွန်တော် လုံးဝသေချာနေတာမျိုး မလုပ်နိုင်တော့ဘူး။

အကယ်၍သာ ကျွန်တော်က ကိုယ့်ဖာသာ အရေးပါတယ်လို့ အဓိပ္ပါယ်မရှိလုပ်နေခဲ့မိတာဆိုရင်တော့ ကောင်းတာပေါ့။ အကယ်၍သာ ဒါတွေအားလုံးက လက်တွေ့မဆန်တဲ့အတွေးဆီကို ဦးတည်သွားနေတဲ့ ကျွန်တော့်ရဲ့အမှန်တရားထက် လွန်ကဲနေတဲ့အတွေးမျိုးဆိုရင်တော့ အဆင်ပြေတာပေါ့။

သို့ပေမယ့် ကျွန်တော့်ရဲ့ သေခြင်းရှင်ခြင်းနဲ့ပက်သက်ပြီး လော့ယွီချန်က ဂရုမစိုက်သလို ဟန်ဆောင်နေမှာမဟုတ်လောက်ဘူးလို့ ကျွန်တော် ခံစားမိနေတယ်။

ဒီလိုဂရုစိုက်မှုမျိုးက စိတ်ရှုပ်ထွေးခြင်း ဒါမှမဟုတ် အပြစ်မကင်းခြင်းတို့နဲ့ ရောထွေးနေမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။

သူတို့နှစ်ယောက်စလုံးက တစ်ယောက်ယောက် စကားအရင်စပြောဖို့ စောင့်နေကြတယ်။

ကျွန်တော်ကတော့ ဆံပင်အဝါနဲ့လူငယ်လေး ဒီခဏမှာ ပျောက်ကွယ်သွားဖို့ ဆုတောင်းနေမိတယ်။

ကျွန်တော် သေသွားပြီဆိုတာကို ကြားလိုက်တဲ့အချိန်မှာ လော့ယွီချန်ဖြစ်သွားမယ့်အမူအယာကို သေချာပေါက် ကျွန်တော် ကြည့်ချင်မနေဘူး။ သူ ဝမ်းနည်းတဲ့ပုံပဲပြပြ စိတ်မဝင်စားတဲ့ပုံပဲပြပြ ကျွန်တော် မမြင်ချင်ဘူး။ နှစ်ခုစလုံးကို ကျွန်တော် ခံစားနိုင်မှာမဟုတ်ဘူး။

ရုတ်တရက်ဆိုသလို အစတည်းက ဒီလောကကြီးထဲမှာ ကျွန်တော်ဆိုတာ မရှိခဲ့ရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ခံစားမိလိုက်တယ်။

"ရှောင်ဟန်းက အမြဲတမ်းဆိုသလို တော်တော်လေး ကျန်းမာနေခဲ့တာ..."

ရှမင်ရှုက လေသံပျော့ပျော့နဲ့ ပြောလာပြီး ပြောနေတုန်းမှာ မျက်လုံးတွေ နီရဲလာတယ်။

"အတိအကျ ဘာဖြစ်တာလဲ? သူက ဘာဖြစ်တာလဲ?" လော့ယွီချန်က စိတ်မရှည်စွာ စေ့စေ့စပ်စပ်မေးတော့တယ်။

"သူ နေမကောင်းဘူး၊ အရင်က ကျွန်တော်ဖြစ်ခဲ့သလိုမျိုးနဲ့ ဆင်တူသလိုလိုရှိပေမယ့် ကွဲပြားတယ်၊ ကျွန်တော့်ဟာက acute lymphocytic leukemia သူ့ဟာက acute myeloid leukemia" ရှမင်ရှုက သူ့မျက်ခုံးတွေကို ပွတ်လိုက်ပြီး မျက်နှာကလည်း ဖြူလျော်နေတယ်။ "ဒါပေမယ့် ဖြစ်လာနိုင်စရာတွေက ဘာတွေမို့လို့လဲ? ဘာကြောင့်သူက... ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဟာက သူ့ဆီမှာဖြစ်ရတာလဲ?" [ T/N : acute - အထူးတလည်စိုးရိမ်ဖွယ်အဆင့်ရှိ၊ lymphocytic leukemia - သွေးဖြူဥတွေအပေါ် သက်ရောက်တဲ့ကင်ဆာအမျိုးအစား၊ myeloid leukemia - ရိုးတွင်းခြင်ဆီထဲက ပုံမှန်မဟုတ်တဲ့ သွေးဆဲလ်တွေ အများကြီးထုတ်ပေးလာတဲ့ ကင်ဆာအမျိုးအစား ]

ကျွန်တော် မှင်သက်သွားရတယ်။

အဲ့တော့ ဖန်းရှဲ့ယိက ကျွန်တော် သေသွားခဲ့ပြီဆိုတာ သူ့ကိုမပြောခဲ့ဘဲ ကျွန်တော်ရဲ့နာမကျန်းမှုအခြေအနေကိုပဲ ရိုးရိုးရှင်းရှင်း ပြောခဲ့တာပေါ့။

ကျွန်တော့်ခန္ဓာကိုယ်ထဲက အားအင်တွေအကုန် ထွက်သွားရတယ်၊ သို့ပေမယ့် အဲ့တာတောင်မှ... အဆိုးဆုံးရလဒ်မဟုတ်သေးဘူး။

နောက်ပိုင်း ကျွန်တော် သက်သာသွားပြီဆိုတဲ့ သတင်းနဲ့ အဲ့နောက်မှာ ရှောင်ဟန်းတစ်ယောက် 'နိုင်ငံကထွက်သွားပြီ'သတင်း ထွက်လာနိုင်တယ်။

အဲ့ကနေစလို့ လော့ယွီချန်ရဲ့ကမ္ဘာကြီးထဲကနေ တိတ်တဆိတ်ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ဘူး။

သူကလည်း ဘာဆိုဘာမှ သံသယဝင်မှာမဟုတ်ဘူး။ ဘယ်လိုနေနေ လူတစ်ယောက်ရဲ့ဘဝမှာ မရေမတွက်နိုင်တဲ့ သူငယ်ချင်းဟောင်းတွေ ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့တဲ့ ချစ်သူတွေရှိနိုင်တာပဲ။ နောက်ပြီး တစ်ခါတစ်လေတော့လည်း လူတစ်ယောက် အသက်တွေကြီး ဆံပင်တွေဖြူလာတဲ့အချိန်မှာမှ ရုတ်တရက် သတိရတာမျိုး :

'ဟေး ကြည့်ရတာ ငါတို့တွေ အသက်နှစ်ဆယ်နောက်ပိုင်းတည်းက အဲ့အရှုပ်ကောင်ကို လုံးဝမတွေ့တော့ဘူးနော်၊ သူ အသက်ရှိသေးလား သေပြီလားဆိုတာ ဘယ်သူသိမှာလဲ'

'အာ အသက်၆၀တောင် ရောက်ပြီပဲ၊ သိပ်မကြာသေးဘူးထင်ရပေမယ့် ဒီလောက်တောင် ကြာသွားပြီ...'

အဲ့လိုဆိုပေမယ့် ရှမင်ရှုတွေ ဒါတွေကို ဖြတ်ကျော်ခဲ့ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် သွေးကင်ဆာဆိုတာ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းပြီး ဖြတ်ကျော်နိုင်ဖို့အတွက် ဘယ်လောက်ထိ ဇွဲလုံ့လနဲ့ ကံကောင်းမှုလိုအပ်တယ်ဆိုတာ သိထားတယ်။

ကျွန်တော့်ဘဝမှာ ကံကောင်းမှုများများစားစား ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာကိုတော့ သူမသိဘူး။

နောက်ပြီး ကျွန်တော်က သူ့ရဲ့တစ်ဝက်လောက်တောင် ကြံ့ခိုင်မှုမရှိဘူး။

ပြီးတော့ ဒီရောဂါက ကျွန်တော်အကြီးအကျယ် စိတ်သောကရောက်နေတဲ့အချိန်အတွင်း အသက်ရှင်ချင်တဲ့ကျွန်တော့်ရဲ့ နောက်ဆုံးလက်ကျန်ကောက်ရိုးမျှင်လေးကို ရိုက်ချိုးခဲ့တာလည်းဖြစ်တယ်။

****

လော့ယွီချန်က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ရပ်နေပြီး ဘာအမူအယာ ဘာတုန့်ပြန်မှုမှ မပြဘူး။

သူ မထင်မှတ်ထားတဲ့အရာကို ကြုံရတဲ့အချိန်တိုင်းမှာ သူက အမြဲဒီလိုမျိုးပဲဖြစ်နေတတ်ပေမယ့် ရှမင်ရှုကတော့ သူ့ရဲ့အပြုအမူကို စိတ်မဝင်စားသလိုဖြစ်နေတယ်လို့ မှတ်ယူကာ ချက်ချင်းလက်ငင်း ဒေါသပုန်ထသွားပြီး သူတို့နှစ်ယောက်ကြားက လက်ဖက်ရည်စားပွဲကို ကန်ထုတ်ကာ လော့ယွီချန်ရဲ့ကော်လံကို အသည်းအသန်ဆွဲလိုက်တယ်။

"ခင်ဗျား ဘာလို့ ဒီမှာရပ်နေရသေးတာလဲ! သူ သေသွားရင်တောင် ဂရုမစိုက်ဘူးလား? လော့ယွီချန် တစ်ခုခုပြောပါအုံး!"

ရှမင်ရှုက စိတ်ထားကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ သူက ကျွန်တော့်အတွက် ရပ်တည်ပေးတာကို ထူးဆန်းတယ်လို့ မထင်ဘူး။

ကျွန်တော်ထူးဆန်းတယ်လို့ ထင်မိတာက အခုချိန်မှာ သူယူနေတဲ့အနေအထားက နည်းနည်းတော့ မှားနေသလိုဖြစ်နေတာကိုပဲ။ သူက လော့ယွီချန်ရဲ့ ချစ်သူဖြစ်ပေမယ့် သူက 'ဘေးက ရပ်ကြည့်နေသူ'တစ်ယောက်လို ပြုမူနေတယ်။ မသိရင်ပဲ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေက လော့ယွီချန်နဲ့ ကျွန်တော် ဖြစ်နေသလိုမျိုး။

'ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းတို့နှစ်ယောက်ကသာ ဒီမှာ အဓိကဇာတ်ကောင်တွေ မဟုတ်ဘူးလား?'

'အခု လူဆိုးကောင်က ထွက်သွားပြီလေ၊ ဒီလိုတွေ လုပ်နေစရာ တကယ်ကြီးလိုသေးလို့လား? တကယ်ကြီးလား?'

လော့ယွီချန်က ခဏလောက် ကိုင်လှုပ်ခံနေရပြီးမှ အသိစိတ်ပြန်ဝင်လာတယ် "ဆေးရုံက အလှူရှင် ရှာတွေ့ပြီဆိုတဲ့အကြောင်း ဖန်းရှဲ့ယိကို ပြောခဲ့လား? မင်း သူ့ကို ပြောခဲ့တယ်မှတ်လား?"

"သေချာပေါက် ပြောခဲ့တာပေါ့!"

"အဲ့ဒါဆို ဆိုလိုချင်တာက... စိုးရိမ်စရာ ဘာမှမရှိတော့ဘူး"

"..."

"..."

ရှမင်ရှု "ခင်ဗျား ရှမင်ရှုကို လူကိုယ်တိုင် သွားမမေးတော့ဘူးလား?"

"ဘာမေးစရာရှိလို့လဲ?" ပြောပြီးနောက် လော့ယွီချန်က အနည်းငယ်ရှက်ရွံ့စွာ ထပ်ပေါင်းပြောလာတယ် "ကိုယ်တို့ သူ့ဖုန်းကို ဆက်လို့မှမရတာ"

"ဆက်သွယ်လို့မရတာနဲ့ပဲ ဂရုမစိုက်တော့ဘူးပေါ့?"

လော့ယွီချန်ရဲ့မျက်နှာက ရုတ်ခြည်း ဒီဂရီအနည်းငယ် အကျည်းတန်သွားတာကို ကျွန်တော် တွေ့လိုက်ရတယ်။

"ဒါက ဘယ်တုန်းက စဖြစ်မှန်း ကျွန်တော်တို့လည်း မသိခဲ့ရဘူး... ရှောင်ဟန်း ထိတ်လန့်သွားမယ်ဆိုတာ သေချာတယ်" ရှမင်ရှု ဗလုံးဗထွေးပြောနေတယ် "ဒီလိုရောဂါမျိုးက သေချာပေါက် အချက်ပြတဲ့လက္ခဏာတွေ ရှိခဲ့မှာပဲ၊ သူ တော်တော့်ကို နေလို့မကောင်းဖြစ်ခဲ့မှာ၊ သွေးအားနည်းတာ၊ အဖျားဝင်တာနဲ့ ကိုက်ခဲတာမျိုးတွေ ခံစားခဲ့ရမှာ၊ သူ ဒီမှာနေတဲ့အချိန်တုန်းက နည်းနည်းလေး မှားနေတာမျိုးကို တကယ်ရှာမတွေ့ခဲ့ဘူးလား?"

လော့ယွီချန်ရဲ့ မျက်နှာတစ်ခုလုံး စတင် စိမ်းဖန့်လာတယ်။

"ခင်ဗျားက ဘာဆိုဘာမှ မသိခဲ့သလို သူကလည်း ဘာဆိုဘာမှမပြောဘဲ ဒီတိုင်း ထွက်သွားတယ်၊ သူ ထွက်သွားတဲ့အချိန် သူ့နှလုံးသားထဲမှာ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲဆိုတာ ဘယ်သူသိမှာလဲ"

"လော့ယွီချန် ခင်ဗျား တွေးကြည့်ဖူးရဲ့လား၊ အကယ်၍များ သူ့ကို ဆက်သွယ်လို့မရလို့ ဆေးရုံက ဖုန်းခေါ်လာတာကြောင့်သာ မဟုတ်ဘူးဆိုရင် တစ်နေနေ့ သူသေသွားရင်တောင် ခင်ဗျား သိပါအုံးမလား?"

ချက်ချင်းဆိုသလို လော့ယွီချန်ရဲ့မျက်နှာက လုံးဝအေးစက်သွားတော့တယ်။

_____


Thanks 🌹


Continue Reading

You'll Also Like

712K 42K 31
story description>>>>> start-5/10/2021 end-1/1/2022
301K 22.8K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
1.5M 30.5K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...