Like Love But Not [ ဘာသာပြန် ]

Par Kay_Wine

74.9K 10.5K 644

Title - Like love but not Author - Orange Rain (橙子雨) Total Chapters - 24 (MC's POV) + 16 (ML's POV) + 13 Extr... Plus

Description
01
02
03
04
05
06
07
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50

08

1.1K 208 12
Par Kay_Wine

{Zawgyi}

[ အက်ဥ္းခ်ဳပ္ : ႐ိုးတြင္းျင္ဆီ ]

•ေရွာင္ဟန္း•

သုံးရက္ၾကာၿပီးေနာက္ ဖန္းရွဲ႕ယိ ျပန္ေရာက္လာတယ္။

ကုမၸဏီတစ္ခုလုံးေရွ႕မွာတင္ ဥကၠဌအေျပာင္းအလဲကို ေၾကျငာခဲ့ၿပီးေနာက္ အသစ္စက္စက္ တာဝန္ခ်ေပးခဲ့တဲ့ အေထြေထြမန္ေနဂ်ာက ထူးဆန္းစြာ မထင္မွတ္ထားတဲ့ နာမည္ေက်ာ္တံဆိပ္တစ္ခုရဲ႕ ေခါင္းေဆာင္ဒီဇိုင္နာ Mr.Lu de Vici ျဖစ္ေနတယ္။

ေရွာင္လုက သူ႔ရဲ႕ကိုယ္ပိုင္ကုမၸဏီကို လက္လႊတ္ၿပီး ႀကိဳးႀကိဳးစားစားနဲ႔ ဒီရာထူးကို လႊဲယူေပးခဲ့တယ္။

ကြၽန္ေတာ္ ငယ္ငယ္တုန္းက ကြၽန္ေတာ္နဲ႔အရင္းႏွီးဆုံးသူငယ္ခ်င္းက ေလာ့ယြီခ်န္ျဖစ္တယ္။

သို႔ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ရင္းႏွီးတဲ့သူငယ္ခ်င္းဆက္ဆံေရးက ခပ္တန္းတန္းျဖစ္လာတဲ့ေနာက္ ကြၽန္ေတာ္၊ ဖန္းရွဲ႕ယိနဲ႔ ေရွာင္လုတို႔ေတြက တျဖည္းျဖည္းနဲ႔ သုံးေယာက္တစ္တြဲျဖစ္လာတယ္။

ကြၽန္ေတာ္တို႔သုံးေယာက္ၾကားမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ မရွိသေလာက္ပဲ။ ေရွာင္လုက ရွမင္ရႈကို ေတာ္ေတာ္ေလး သေဘာက်ပုံေပၚၿပီး တစ္ခါတစ္ေလ သူနဲ႔ေလာ့ယြီခ်န္ကို ခြဲပစ္ၿပီး ကြၽန္ေတာ္တို႔ တစ္ေယာက္စီယူလိုက္လို႔ရတယ္ဆိုတာကို ေနာက္ေျပာင္ေလ့ရွိတယ္။

အခုခ်ိန္မွာ သူ႔ရဲ႕ကိုယ္ပိုင္ကုမၸဏီကို လက္လႊတ္ၿပီး ဒီကိုအေျပးေရာက္လာတဲ့ေနာက္ကြယ္က အေၾကာင္းအရင္းက သိသာလွတယ္။

ေလာ့ယြီခ်န္နဲ႔ ရွမင္ရႈတို႔ကို ရင္ဘတ္ႀကီးတစ္ခုလုံးနဲ႔ရင္ၿပီး အေထာက္အပံ့မေပးႏိုင္ေသးဘူးဆိုေပမယ့္ ေရွာင္လု ဒီေရာက္လာၿပီး တတိယလူျဖစ္မွာကိုလည္း မလိုခ်င္ဘူး။

Lu de Vici ဆိုတာ သူ႔ရဲ႕နာမည္ဝွက္ျဖစ္ၿပီး သူ႔ရဲ႕တ႐ုတ္နာမည္က လုေဝ့ရွီျဖစ္ကာ အလားတူကဗ်ာဆန္လွတယ္။ သူက တ႐ုတ္ျပင္သစ္ကျပားျဖစ္ၿပီး ၁.၉မီတာျမင့္ကာ ၾကည့္ေကာင္းၿပီး လူတိုင္းအားက်ရေလာက္တဲ့အထိ အရည္အခ်င္းရွိတယ္။

လုယြီခ်န္နဲ႔ ရွမင္ရႈတို႔ၾကားက ႏွစ္ေပါင္းမ်ားစြာၾကာၿပီျဖစ္တဲ့ ခံစားခ်က္ေတြကို ထည့္မတြက္ထားဘဲ သူသာတကယ္ အကြက္ေ႐ြ႕ဖို႔ဆုံးျဖတ္လိုက္ၿပီဆိုရင္ အဆုံးသတ္ရလဒ္က ပိုလို႔ေတာင္ ခန႔္မွန္းရခက္လိမ့္မယ္။

သို႔ေပမယ့္ ေရွာင္လုရဲ႕လိုအင္ဆႏၵေတြထက္ အခုခ်ိန္မွာ ကြၽန္ေတာ့္ကို အစိုးရိမ္ဆုံးျဖစ္ေစတဲ့အရာက လက္ရွိဆိုဖာေပၚမွာ ထိုင္ေနတဲ့ ရွမင္ရႈျဖစ္တယ္။ သူ႔ရဲ႕မ်က္ႏွာတစ္ခုလုံးမွာ ေလးနက္မႈတို႔နဲ႔ျပည့္ေနၿပီး ေလာ့ယြီခ်န္ကို ေမးခဲ့တယ္ "အတိအက် ဘာေတြျဖစ္ခဲ့တယ္လို႔... ခင္ဗ်ားထင္လဲ?"

ေလာ့ယြီခ်န္က မ်က္ေမွာင္ၾကဳတ္ကာ "ကိုယ္က ဘယ္လိုလုပ္ သိမွာလဲ"

ဒီလိုေအးတိေအးစက္သေဘာထားက ကြၽန္ေတာ္တို႔ရဲ႕ဆက္ဆံေရးကို တမင္ေဝးကြာေအာင္ႀကိဳးပမ္းေနတယ္ဆိုတာ သိသာလွၿပီး ဒီကိစၥက သူနဲ႔ဘာမွမသက္ဆိုင္ေၾကာင္း ယတိျပတ္ေျပာလိုက္တာျဖစ္တယ္။

"ေရွာင္ဟန္းက တစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူး ဟုတ္တယ္မွတ္လား?"

"ကိုယ္က ဘယ္လိုလုပ္ သိမွာလဲ"

နတ္သားေလးရွမင္ရႈရဲ႕မ်က္ႏွာေပၚမွာ ႀကဳံေတာင့္ႀကဳံခဲ စိတ္မရွည္တဲ့ အရိပ္အျခည္ေပၚလာတယ္။

"ခင္ဗ်ားမသိဘူးဆိုရင္ ဖုန္းေခၚၿပီး ေမးလိုက္လို႔ မရဘူးလား! ခင္ဗ်ားသူ႔ကို မဆိုစေလာက္ေလးေတာင္ စိတ္မပူဘူးလား?"

ရွမင္ရႈက ေျပာရင္းနဲ႔ စားပြဲေပၚက ေလာ့ယြီခ်န္ရဲ႕ဖုန္းကို ေကာက္ဆြဲကာ သူ႔ရဲ႕contactေတြထဲမွာ တန္းရွာေတာ့တယ္။

"မင္း ဘာလုပ္ေနတာလဲ!" ေလာ့ယြီခ်န္က သူ႔ပစၥည္းကို တျခားလူေတြ စိတ္ရွိတိုင္းကိုင္တာမ်ိဳးကို မုန္းတယ္။ ႐ိုက္ခ်က္တစ္ခုတည္းနဲ႔တင္ ဖုန္းကို ၾကမ္းျပင္ေပၚက်သြားေအာင္လုပ္လိုက္ႏိုင္ၿပီး စိမ္းျပာေရာင္ေက်ာက္စိမ္းဖုန္းအလွဆင္ပစၥည္းေလးက ၾကမ္းျပင္နဲ႔ထိလိုက္တယ္ဆိုတာနဲ႔ ကြဲသြားေတာ့တယ္။

အဲ့ေတာ့မွသာ ထိုအရာေလးက သူ႔ဆီမွာတကယ္ရွိေနေသးမွန္း ကြၽန္ေတာ္ သိခဲ့ရတယ္။

အဲ့တာ ကြၽန္ေတာ္ သူ႔ကိုေပးခဲ့တာေလး။

ျဖစ္ေကာင္းျဖစ္ႏိုင္တာ အဲ့တာေလးက ကြၽန္ေတာ့္ဆီကရထားတဲ့အထဲမွာမွ ေလာ့ယြီခ်န္ဆီမွာ က်န္ရွိေနတဲ့ တစ္ခုတည္းေသာအရာေလးျဖစ္ေပမယ့္ ကံမေကာင္းခ်င္ေတာ့ အဲ့တာေလးကလည္း ပ်က္ဆီးသြားၿပီ။

ခဏေလာက္ တိတ္ဆိတ္သြားၿပီး ေလာ့ယြီခ်န္ရဲ႕ဖိအားေတြက ရွမင္ရႈကို လုံးဝဖိႏွိပ္လိုက္ေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္မိလိုက္တဲ့အခ်ိန္မွာပဲ ပိန္သြယ္သြယ္ ခ်စ္စရာလူ႐ြယ္ေလးက သူ႔ရဲ႕ေကာ္လံကိုဆြဲကာ ဆိုဖာေပၚ တြန္းခ်လိုက္တာကို ကြၽန္ေတာ္ တကယ္ႀကီး ေတြ႕လိုက္ရတယ္။

မ်ားေသာအားျဖင့္ နာက်င္ေအာင္မလုပ္ႏိုင္တဲ့ယုန္သူငယ္ေလးက ဒီလိုအေရးႀကီးတဲ့အခိုက္မွာ ဒီေလာက္သန္မာသြားႏိုင္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ စိတ္မကူးခဲ့မိဘူး။

သူက သူ႔ထက္ပိုရင့္က်က္ပုံေပၚတဲ့ ကြၽန္ေတာ့္ထက္ေတာင္မွ ပိုၿပီးလုပ္ႏိုင္စြမ္းရွိေသးတယ္။ ၿပီးေတာ့ ဒီလိုမ်က္ျမင္ေတြ႕လိုက္ရတဲ့အခါ အဲ့တာကပဲ အရည္အခ်င္းမျပည့္မွီတဲ့ကြၽန္ေတာ့္ကို အေတာ္ေလးအရွက္ရေစတယ္။

ေနာက္ၿပီး ရွမင္ရႈက ကြၽန္ေတာ္တကယ္နားမလည္ႏိုင္တဲ့ တစ္စုံတစ္ရာကို ေျပာလာခဲ့တယ္။

သူ ေျပာတာက "ေလာ့ယြီခ်န္ ခင္ဗ်ား ဘယ္ကေန ေရွာင္ေျပးေနတာလဲ?"

ဒီစကားေလးတစ္ခြန္းက ေလာ့ယြီခ်န္ကို တစ္မဟုတ္ခ်င္း ေဒါသပုန္ထသြားေစတယ္။

သူ႔မ်က္ႏွာေပၚမွာရွိတဲ့အမူအယာက ကြၽန္ေတာ္ သိပ္ကိုရင္းႏွီးလွပါခ်ည္ရဲ႕ဆိုတဲ့ ၿဂိဳလ္ဆိုးဝင္ခါနီးပုံစံျဖစ္ၿပီး ရွမင္ရႈအတြက္ ကြၽန္ေတာ္လည္း အမႈမဲ့အမွတ္မဲ့ ေခြၽးသုတ္မိတယ္။

အဲ့တာက စကၠန႔္ပိုင္းေလးသာ ျဖစ္သြားတဲ့အတြက္ ေက်းဇူးတင္ရမယ္။ မိနစ္ေပါင္းမ်ားစြာ တစ္ေယာက္နဲ႔တစ္ေယာက္ စိုက္ၾကည့္ေနၾကၿပီး ဘယ္သူမွ အၾကည့္မလႊဲသြားၾကဘူး။ အဆုံးမွာေတာ့ မထင္မွတ္ထားစြာ ေလာ့ယြီခ်န္ကအရင္ဆုံး လက္ေလွ်ာ့သြားၿပီး ေနရခက္ခက္နဲ႔ပဲ သူ႔ဖုန္းကို ေကာက္ယူၿပီး တြန႔္ဆုတ္ဆုတ္နဲ႔ နံပါတ္ကို႐ိုက္ႏွိပ္လိုက္တယ္။

အိမ္ကအလြန္တရာ တိတ္ဆိတ္ေနတာေၾကာင့္ ေအာ္တိုအသံဖိုင္ကိုေတာင္ အလြယ္တကူၾကားႏိုင္တယ္။

"မဂၤလာပါ လူႀကီးမင္းေခၚဆိုေသာ ဖုန္းနံပါတ္မွာ လတ္တေလာ ဆက္သြယ္လို႔မရႏိုင္ပါ"

ေလာ့ယြီခ်န္က အေတာ္ေလးစိတ္အေႏွာင့္အယွက္ျဖစ္သြားသလိုမ်ိဳး ဖုန္းခ်လိုက္ၿပီး ျပန္ေခၚတယ္။ ဒီတစ္ေခါက္လည္း အတူတူပဲ။

ေသခ်ာတာေပါ့ ဆက္သြယ္လို႔မရႏိုင္ဘူး။ ဖုန္းဘတ္ထရီေတြက ေတာ္ေတာ္ေလးၾကာရွည္ခံတယ္ဆိုေပမယ့္လည္း ဘယ္သူမွ အားမသြင္းေပးဘူးဆိုရင္ အားကုန္သြားမွာပဲ။

"တစ္ခုခုေတာ့ မွားေနတယ္လို႔ ကြၽန္ေတာ္ ခံစားေနရတယ္" ရွမင္ရႈ ထိုင္ခ်လိုက္ၿပီး သူ႔အမူအယာက စိုးရိမ္သလိုျဖစ္ေနတယ္။

ေလာ့ယြီခ်န္က ျပန္လည္ေျပာဆိုသလို ညည္းသံေလးျပဳလာတယ္။

သူ႔အျမင္မွာေတာ့ ကြၽန္ေတာ္က လိုက္ရခက္သလိုမ်ိဳးလုပ္ေနတာနဲ႔တူၿပီး သူ႔ကိုျပန္ရဖို႔ နိမ့္က်တဲ့လွည့္ကြက္ေနာက္တစ္ခုသုံးေနတာလို႔ ျမင္ေကာင္းျမင္ေနႏိုင္တယ္။

****

ခရစ္စမတ္နီးကပ္လာတာနဲ႔အမွ် လမ္းတစ္ေလွ်ာက္ တန္းစီရွိေနတဲ့ ထင္းရႈးပင္ေတြမွာ ေရာင္စုံအလင္းေရာင္ေလးေတြရွိေနၿပီး မွန္ျပတင္းေပါက္ေတြမွာလည္း မ်ိဳးစုံေသာ ခ်စ္စဖြယ္ႏွင္းပြင့္ပုံစံေလးေတြနဲ႔ ျပည့္ေနေတာ့တယ္။

ၿပီးခဲ့တဲ့ႏွစ္ရက္မွာ ရွမင္ရႈရဲ႕အလုပ္က ေတာ္ေတာ့္ကို ရႈပ္ေနခဲ့တယ္။ ၾကည့္ရတာ Lu de Viciရဲ႕ေမာ္ဒယ္အုပ္စုစာခ်ဳပ္ေတြက သက္တမ္းကုန္ေတာ့မွာျဖစ္ၿပီး အခုသူက အသစ္ထြက္ရွိလာတဲ့ ေပါ့ေပါ့ပါးပါး အေနာက္တိုင္းဝတ္စုံတံဆိပ္ 'Midsummer's Wind'ရဲ႕ ေျပာေရးဆိုခြင့္ရွိသူျဖစ္ဖို႔ အခြင့္အေရးရလာတယ္။

'အခြင့္အေရးရလာတယ္'ဆိုတာ ဘာလဲ။ 'Midsummer's Wind'ဆိုတဲ့ နာမည္က ရွမင္ရႈကို စိတ္ထဲထားၿပီး ေရွာင္လု ဒီဇိုင္းဆြဲခဲ့တယ္ဆိုတာ အရွင္းသားခ်ည္းပဲေလ။ [ T/N : ရွမင္ရႈရဲ႕နာမည္ထဲက 'ရွ'က ေႏြရာသီကို ရည္ၫႊန္းပါတယ္တဲ့ ]

ကြၽန္ေတာ္ ေရွာင္လုကို တစ္ခါ ေမးခဲ့ဖူးတယ္။ 'မင္းကလည္း ေတာ္ေတာ္ေလး အမိဖမ္းဖို႔ သင့္ေတာ္တဲ့လူတစ္ေယာက္လို႔ သတ္မွတ္လို႔ရတယ္ ၿပီးေတာ့ ပင္လယ္ထဲမွာ ငါးေတြအမ်ားႀကီးရွိေနတာ ဘာေၾကာင့္ မင္းက ငါ့ရဲ႕ရန္သူေဟာင္း ရွမင္ရႈကိုမွ မရမကျဖစ္ေနရတာလဲ?'

ေရွာင္လုက ၿပဳံးသြားခဲ့တယ္ "သူက ၿပီးျပည့္စုံျခင္းကားခ်ပ္လို႔ မင္းမထင္ဘူးလား?"

ကြၽန္ေတာ့္မွာ အဲ့တာအတြက္ ေျပာစရာဘာမွ မရွိခဲ့ဘူး။

ေသခ်ာတာေပါ့ ဒီေလာကႀကီးထဲမွာ လူတိုင္းက ၿပီးျပည့္စုံတဲ့အရာေတြကို ခ်စ္ျမတ္ႏိုးၾကတယ္။ အဲ့ေတာ့ ကြၽန္ေတာ့္လိုမ်ိဳး ျပစ္ခ်က္ရွိတဲ့ထုတ္ကုန္ေလးက်ေတာ့ ဘယ္လိုလုပ္မလဲ?

ခရစ္စမတ္ေန႔က ေလာ့ယြီခ်န္ရဲ႕ေမြးေန႔လည္းျဖစ္တယ္။

နာမည္ေက်ာ္ၾကားတဲ့သူဆိုေတာ့လည္း နာမည္ေက်ာ္ၾကားတဲ့သူေပါ့။ သူ႔ေမြးေန႔မွာ အားလက္ရက္ယူမယ္လို႔ ေျပာႏိုင္တယ္။ အဲ့လိုဆိုရင္ေတာင္ ႏွေျမာစရာေကာင္းတာက မနက္ပိုင္းမွာတင္ ေရွာင္လုက ရွမင္ရႈကို လွမ္းေခၚခဲ့တယ္။ သူ ထြက္သြားရတဲ့အခ်ိန္မွာ သူ႔မ်က္ႏွာမွာ ေတာင္းပန္မႈတို႔နဲ႔ ျပည့္ေနခဲ့တယ္။

ထိုအခ်ိန္တုန္းက ေလာ့ယြီခ်န္က သူေတာ္ေတာ္ေလး မေပ်ာ္မ႐ႊင္ျဖစ္တာကို မထုတ္ျပခဲ့ဘူး။

ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲ့တာကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္တယ္။ ေန႔ခင္းပိုင္းေလာက္ကေနစလို႔ တစ္နာရီၾကာတိုင္း သူ႔မ်က္ႏွာက ေမွာင္သထက္ ေမွာင္လာတယ္။

တစ္စုံတစ္ရာကို ေစာင့္ဆိုင္းေနသလိုမ်ိဳး သိသာတဲ့ စိတ္မရွည္မႈတို႔ျပည့္ေနၿပီး သူ႔ဖုန္းကိုသာ မနားတမ္း ၾကည့္ေနခဲ့တယ္။

ရွမင္ရႈ အလုပ္ဆင္းမွာကို ေစာင့္ေနတာနဲ႔ေတာင္ ပိုတူေနေသးတယ္။

သို႔ေပမယ့္ ကြၽန္ေတာ္သိတဲ့ ေရွာင္လုရဲ႕စ႐ိုက္အတိုင္းဆို သူက တတ္ႏိုင္သမွ် ရွမင္ရႈကို ေနာက္က်တဲ့အထိ ေနေအာင္လို႔ ေသခ်ာေပါက္ အေကာင္းဆုံး ႀကိဳးစားမွာပဲ။

ညပိုင္း ခုနစ္နာရီေလာက္မွာ ေလာ့ယြီခ်န္ရဲ႕စိတ္အေျခအေနက အလြန္တရာ ဆိုးဝါးေနတာကို အရွင္းသားျမင္ေနရၿပီ။

ဒါကေတာ့ ကိစၥရွိသြားၿပီလို႔ ကြၽန္ေတာ္ ေတြးလိုက္တယ္။ လူတစ္ေယာက္အဖို႔ ေမြးေန႔မွာ တစ္ေယာက္တည္း ျဖတ္သန္းရတာက ႏႈိင္းဆလို႔မရေအာင္ အထီးက်န္စရာေကာင္းတယ္။ အထူးသျဖင့္ သူ႔ရဲ႕အခ်စ္ေလးက လက္ရွိမွာ သူ႔ရဲ႕အခ်စ္ၿပိဳင္ဘက္နဲ႔ 'အလုပ္လုပ္'ေနတဲ့အခ်ိန္မ်ိဳးဆိုရင္ေပါ့။

ဝဋ္လည္တာ။

သူ႔ရဲ႕ယခင္ေမြးေန႔ေတြမွာ သူနဲ႔အတူ ေမြးေန႔ပြဲက်င္းပႏိုင္ဖို႔ လူအုပ္ႀကီးကို ကြၽန္ေတာ္အၿမဲေခၚတတ္ၿပီး အဲ့ေန႔ကို ခြၽင္းခ်က္ထားကာ ရွမင္ရႈကိုေတာင္ ေခၚေပးေသးတယ္။

ေနာက္ၿပီး ကြၽန္ေတာ့္ေမြးေန႔ေတြမွာေတာ့ သူက အၿမဲတမ္း 'အလုပ္လုပ္'ေနခဲ့တယ္။ ဆယ္ႏွစ္လုံးလုံး အဲ့ေန႔မွာမွာ အၿမဲဆိုသလို ေတာ္ေတာ္ေလးအလုပ္မ်ားေနခဲ့ရတယ္ဆိုတာ ဘယ္လိုေတာင္ တိုက္ဆိုင္ေနရတာလဲ? သူ ကြၽန္ေတာ္နဲ႔ ေမြးေန႔ပြဲမက်င္းပခ်င္မွန္း သိသာတယ္။

ကြၽန္ေတာ္ကေတာ့ ဒီလိုေအးစက္မႈမ်ိဳးနဲ႔ အသားက်ေနတာ ၾကာလွေပါ့။

ဒါေပမယ့္ သူကိုယ္တိုင္ ျပန္ခံစားေနရတာကေတာ့ အခုမွပထမဆုံးအႀကိမ္ျဖစ္ေလာက္တယ္။

အဲ့တာ ကံပဲ။

ေနာက္ခဏေလာက္ေနေတာ့ ႐ုတ္တရက္ ေလာ့ယြီခ်န္က သည္းမခံႏိုင္ေတာ့သလို သူ႔ဖုန္းကို ေကာက္ယူကာ အားပါပါ ပိတ္ခ်လိုက္ေတာ့တယ္။

ထို႔ေနာက္မွာ အိမ္ဖုန္းကိုလည္း တကယ္ႀကီး ႀကိဳးျဖဳတ္လိုက္တယ္။ ဒါမွမဟုတ္ ပိုၿပီးတိတိက်က်ေျပာရရင္ တိုက္႐ိုက္ႀကီး ေဘးကို ပစ္ထုတ္လိုက္တာပဲ။

သူ႔ေဒါသကို ဘာေၾကာင့္ ဖုန္းေတြအေပၚ ပုံခ်ေနရတာလဲဆိုတာ ကြၽန္ေတာ္ တကယ္နားမလည္ႏိုင္ဘူး။

ျဖစ္ခ်င္ေတာ့ ရွမင္ရႈက ကိုးနာရီထိုးခါနီးေလာက္မွ ျပန္ေရာက္လာတယ္။ သူက ကိတ္မုန႔္တစ္လုံးနဲ႔ ပန္းေတြ ကိုင္လာတယ္။

အရင္ႏွစ္ေတြက ကြၽန္ေတာ္ရဲ႕ ေအာင္ေအာင္ျမင္ျမင္ ပုံႀကီးခ်ဲ႕ခဲ့တဲ့အရာေတြထက္စာရင္ ဒါက လုံးဝကို သာမန္ဆန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ထင္ထားတာနဲ႔ တက္တက္စင္ေအာင္လြဲေနတာက ေလာ့ယြီခ်န္တစ္ေယာက္ သူ႔ရဲ႕ခုနက စိတ္ပ်က္မႈေတြ မေက်မခ်မ္းျဖစ္ေနတာေတြကို တစ္ေအာင္စေလာက္ေတာင္ ထုတ္မျပခဲ့ဘူး။ သူက ရွမင္ရႈကို ဖေယာင္းတိုင္ထြန္းခိုင္းၿပီးေနာက္ အၿပဳံးေတြ ျပည့္ႏွက္ေနတဲ့မ်က္ႏွာႀကီးနဲ႔ သူမုန္းလွပါခ်ည္ရဲ႕ဆိုတဲ့ ကပ္ေစးေစးကိတ္မုန႔္ခ်ိဳခ်ိဳႀကီးကို စားပစ္လိုက္တယ္။

ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္မွာ ဘာမွေျပာစရာမရွိေတာ့ဘူး။

****

ေနာက္တစ္ေန႔မွာ ႏွစ္ေယာက္စလုံး အရင္ကလိုပဲ ေန႔ခင္းအထိ အိပ္ခဲ့ၾကတယ္။ ရွမင္ရႈက အရင္ဆုံးႏိုးလာခဲ့တယ္။ သူ႔ရဲ႕ညအိပ္ဝတ္စုံကို ဝတ္ကာ ခ်စ္စရာဖိနပ္ပါးေလးနဲ႔ ရွပ္တိုက္ေလွ်ာက္ေနေတာ့တယ္။ သူ႔ရဲ႕ေယာင္ခ်ာခ်ာပုံက အခ်စ္ၿပိဳင္ဘက္တစ္ေယာက္အေနနဲ႔ေတာင္ သူ႔ရဲ႕လက္ရွိပုံရိပ္ကို 'ယုံၾကည္ႏိုင္ဖို႔ေတာင္ လြန္ကဲလွေအာင္ ခ်စ္ဖို႔ေကာင္းတယ္'ဆိုတာနဲ႔သာ ေဖာ္ျပႏိုင္တယ္။

ဧည့္ခန္းက လုံးဝရႈပ္ပြေနေပမယ့္ ၾကမ္းျပင္ေပၚမွာရွိေနတဲ့ ဖုန္းနဲ႔ ႀကိဳးမတပ္ထားဘူးဆိုတာကို သတိထားမိလိုက္ေသးတယ္။ သူ စိတ္ရႈပ္သြားၿပီး ေခါင္းကုတ္လိုက္တယ္။

အဲ့တာကို ကုန္းယူၿပီး သူ႔ေနရာမွာ ျပန္ထားလိုက္တယ္။ သူ တပ္လိုက္ၿပီးၿပီဆိုရင္ပဲ ဖုန္းက ဝင္လာတယ္။

အဲ့ေနာက္ သူကိုင္လိုက္တယ္။

"ဟယ္လို၊ ေလာ့ယြီခ်န္အိမ္က ဖုန္းပါ၊ ဘယ္သူပါလဲ? အာ ေရွာင္ဟန္းလား သူက ဒီမွာ ဆက္မေနေတာ့ပါဘူး..."

မထင္မွတ္ထားစြာ ကြၽန္ေတာ့္ဆီလာတဲ့ဖုန္းျဖစ္ေနတယ္။

ထူးဆန္းလိုက္တာ။ ကြၽန္ေတာ့္မွာ သူငယ္ခ်င္းအနည္းငယ္ရွိတယ္ဆိုေပမယ့္ ကြၽန္ေတာ့္အိမ္ဖုန္းကို သိတဲ့လူေတြဆိုလို႔ ဖန္းရွဲ႕ယိနဲ႔ ေရွာင္လုပဲျဖစ္သင့္တာ။

ဖန္းရွဲ႕ယိက ေသခ်ာေပါက္ ေခၚမွာမဟုတ္ဘူး ၿပီးေတာ့ အဲ့တာက ေရွာင္လုဆိုရင္လည္း ရွမင္ရႈက အခုလိုမ်ိဳး ခပ္တန္းတန္းနဲ႔ ယဥ္ေက်းတဲ့အသံျဖစ္ေနမွာ မဟုတ္ေလာက္ဘူး။

"အဲ့တာ... အခုက ကြၽန္ေတာ္ သူ႔ရဲ႕ဆက္သြယ္ရမယ့္အခ်က္အလက္အသစ္ကို မရေသးလို႔ပါ၊ ဒါေပမယ့္ ကြၽန္ေတာ္ အေၾကာင္းၾကားေပးႏိုင္ပါတယ္၊ ဟုတ္ကဲ့ အဆင္ေျပပါတယ္... ဟုတ္ ဟုတ္ကဲ့... အဲ့တာ ခဏ ခဏေလး ခင္ဗ်ားခုေလးတင္ ဘာေျပာလိုက္တယ္?"

ရွမင္ရႈရဲ႕အမူအယာက ႐ုတ္တရက္ စိုးရိမ္တႀကီးပုံစံေျပာင္းသြားတာကို ျမင္ေတာ့ ကြၽန္ေတာ္ ေနာက္ထပ္ျဖစ္ႏိုင္ေျခကို ေတြးမိသြားတယ္။

အလြန္တရာထိတ္လန႔္စရာေကာင္းတဲ့ ျဖစ္ႏိုင္ေျခ။

ဖုန္းခ်ၿပီးတဲ့ေနာက္မွာ ရွမင္ရႈတစ္ေယာက္ သူ႔ရဲ႕အိပ္မႈန္စုံဖြားျဖစ္ေနတာေတြ ကင္းေပ်ာက္သြားပုံရတယ္။ ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာနဲ႔ ယိုင္ထိုးေနၿပီး ဆိုဖာေပၚ လဲက်သြားတယ္။

ထိုအခ်ိန္မွာ ေလာ့ယြီခ်န္ကလည္း အိပ္ခန္းထဲက ထြက္လာတယ္ "ဘာျဖစ္တာလဲ?"

"... ေရွာင္ဟန္းက ေနမေကာင္းျဖစ္ေနခဲ့တယ္ဆိုတာ ခင္ဗ်ားသိလား?"

ပုံမွန္အေျခအေနမွာဆို ေလာ့ယြီခ်န္က ေသခ်ာေပါက္ "သူေနမေကာင္းျဖစ္တာ ကိုယ္နဲ႔ ဘာဆိုင္လဲ?" ဆိုၿပီး ေျပာေလာက္မွာ ျဖစ္ေပမယ့္ ရွမင္ရႈရဲ႕အမူအယာက ေၾကာက္စရာေကာင္းလြန္းေနတာေၾကာင့္ သူ႔ကိုပါ အလန႔္တၾကားျဖစ္ေစၿပီး ေၾကာင္ေတာင္ေတာင္နဲ႔ ေခါင္းယမ္းတာကိုသာ လုပ္ႏိုင္ခဲ့တယ္။

"Sၿမိဳ႕ေတာ္ရဲ႕ ဗဟိုေဆး႐ုံက ဖုန္းေခၚလာတယ္ ၿပီးေတာ့ ေျပာေသးတယ္၊ အလႉရွင္ရွာေတြ႕ၿပီတဲ့... ေရွာင္ဟန္းက ဘာျဖစ္ခဲ့လို႔လဲ၊ သူက ဘာလို႔ ႐ိုးတြင္းျခင္ဆီလိုရတာလဲ?"

ထိုစကားလုံးေတြက ေလာ့ယြီခ်န္ကို သိသိသာသာ တုန္လႈပ္သြားေစခဲ့တယ္။

႐ိုးတြင္းျခင္ဆီ၊ ဒီလိုအဖိုးတန္အရာက ရွမင္ရႈရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့တာေၾကာင့္ ဒါက ဘာကိုဆိုလိုမွန္း သူတို႔ႏွစ္ေယာက္လုံး သိပ္ကို ရွင္းရွင္းလင္းလင္း သိထားၾကတယ္။

စာေရးသူမွာ ေျပာစရာရွိပါတယ္ :

ငါ့ဆီက အႀကံဉာဏ္ေတြကို 'အတုခိုး'တဲ့အခါ ေသြးကင္ဆာကေန ႐ုတ္တရက္ႀကီး အ႐ိုးကင္ဆာ၊ ဦးေႏွာက္ကင္ဆာနဲ႔ တျခားကုမရတဲ့ေရာဂါမ်ိဳးစုံကို ေျပာင္းသြားလိမ့္မယ္။


_____


{Unicode}

[ အကျဉ်းချုပ် : ရိုးတွင်းခြင်ဆီ ]

•ရှောင်ဟန်း•

သုံးရက်ကြာပြီးနောက် ဖန်းရှဲ့ယိ ပြန်ရောက်လာတယ်။

ကုမ္ပဏီတစ်ခုလုံးရှေ့မှာတင် ဥက္ကဌအပြောင်းအလဲကို ကြေငြာခဲ့ပြီးနောက် အသစ်စက်စက် တာဝန်ချပေးခဲ့တဲ့ အထွေထွေမန်နေဂျာက ထူးဆန်းစွာ မထင်မှတ်ထားတဲ့ နာမည်ကျော်တံဆိပ်တစ်ခုရဲ့ ခေါင်းဆောင်ဒီဇိုင်နာ Mr.Lu de Vici ဖြစ်နေတယ်။

ရှောင်လုက သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို လက်လွှတ်ပြီး ကြိုးကြိုးစားစားနဲ့ ဒီရာထူးကို လွှဲယူပေးခဲ့တယ်။

ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော်နဲ့အရင်းနှီးဆုံးသူငယ်ချင်းက လော့ယွီချန်ဖြစ်တယ်။

သို့ပေမယ့် ကျွန်တော်တို့ရဲ့ရင်းနှီးတဲ့သူငယ်ချင်းဆက်ဆံရေးက ခပ်တန်းတန်းဖြစ်လာတဲ့နောက် ကျွန်တော်၊ ဖန်းရှဲ့ယိနဲ့ ရှောင်လုတို့တွေက တဖြည်းဖြည်းနဲ့ သုံးယောက်တစ်တွဲဖြစ်လာတယ်။

ကျွန်တော်တို့သုံးယောက်ကြားမှာ လျှို့ဝှက်ချက်တွေ မရှိသလောက်ပဲ။ ရှောင်လုက ရှမင်ရှုကို တော်တော်လေး သဘောကျပုံပေါ်ပြီး တစ်ခါတစ်လေ သူနဲ့လော့ယွီချန်ကို ခွဲပစ်ပြီး ကျွန်တော်တို့ တစ်ယောက်စီယူလိုက်လို့ရတယ်ဆိုတာကို နောက်ပြောင်လေ့ရှိတယ်။

အခုချိန်မှာ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို လက်လွှတ်ပြီး ဒီကိုအပြေးရောက်လာတဲ့နောက်ကွယ်က အကြောင်းအရင်းက သိသာလှတယ်။

လော့ယွီချန်နဲ့ ရှမင်ရှုတို့ကို ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ရင်ပြီး အထောက်အပံ့မပေးနိုင်သေးဘူးဆိုပေမယ့် ရှောင်လု ဒီရောက်လာပြီး တတိယလူဖြစ်မှာကိုလည်း မလိုချင်ဘူး။

Lu de Vici ဆိုတာ သူ့ရဲ့နာမည်ဝှက်ဖြစ်ပြီး သူ့ရဲ့တရုတ်နာမည်က လုဝေ့ရှီဖြစ်ကာ အလားတူကဗျာဆန်လှတယ်။ သူက တရုတ်ပြင်သစ်ကပြားဖြစ်ပြီး ၁.၉မီတာမြင့်ကာ ကြည့်ကောင်းပြီး လူတိုင်းအားကျရလောက်တဲ့အထိ အရည်အချင်းရှိတယ်။

လုယွီချန်နဲ့ ရှမင်ရှုတို့ကြားက နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ခံစားချက်တွေကို ထည့်မတွက်ထားဘဲ သူသာတကယ် အကွက်ရွေ့ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် အဆုံးသတ်ရလဒ်က ပိုလို့တောင် ခန့်မှန်းရခက်လိမ့်မယ်။

သို့ပေမယ့် ရှောင်လုရဲ့လိုအင်ဆန္ဒတွေထက် အခုချိန်မှာ ကျွန်တော့်ကို အစိုးရိမ်ဆုံးဖြစ်စေတဲ့အရာက လက်ရှိဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရှမင်ရှုဖြစ်တယ်။ သူ့ရဲ့မျက်နှာတစ်ခုလုံးမှာ လေးနက်မှုတို့နဲ့ပြည့်နေပြီး လော့ယွီချန်ကို မေးခဲ့တယ် "အတိအကျ ဘာတွေဖြစ်ခဲ့တယ်လို့... ခင်ဗျားထင်လဲ?"

လော့ယွီချန်က မျက်မှောင်ကြုတ်ကာ "ကိုယ်က ဘယ်လိုလုပ် သိမှာလဲ"

ဒီလိုအေးတိအေးစက်သဘောထားက ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို တမင်ဝေးကွာအောင်ကြိုးပမ်းနေတယ်ဆိုတာ သိသာလှပြီး ဒီကိစ္စက သူနဲ့ဘာမှမသက်ဆိုင်ကြောင်း ယတိပြတ်ပြောလိုက်တာဖြစ်တယ်။

"ရှောင်ဟန်းက တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မှတ်လား?"

"ကိုယ်က ဘယ်လိုလုပ် သိမှာလဲ"

နတ်သားလေးရှမင်ရှုရဲ့မျက်နှာပေါ်မှာ ကြုံတောင့်ကြုံခဲ စိတ်မရှည်တဲ့ အရိပ်အခြည်ပေါ်လာတယ်။

"ခင်ဗျားမသိဘူးဆိုရင် ဖုန်းခေါ်ပြီး မေးလိုက်လို့ မရဘူးလား! ခင်ဗျားသူ့ကို မဆိုစလောက်လေးတောင် စိတ်မပူဘူးလား?"

ရှမင်ရှုက ပြောရင်းနဲ့ စားပွဲပေါ်က လော့ယွီချန်ရဲ့ဖုန်းကို ကောက်ဆွဲကာ သူ့ရဲ့contactတွေထဲမှာ တန်းရှာတော့တယ်။

"မင်း ဘာလုပ်နေတာလဲ!" လော့ယွီချန်က သူ့ပစ္စည်းကို တခြားလူတွေ စိတ်ရှိတိုင်းကိုင်တာမျိုးကို မုန်းတယ်။ ရိုက်ချက်တစ်ခုတည်းနဲ့တင် ဖုန်းကို ကြမ်းပြင်ပေါ်ကျသွားအောင်လုပ်လိုက်နိုင်ပြီး စိမ်းပြာရောင်ကျောက်စိမ်းဖုန်းအလှဆင်ပစ္စည်းလေးက ကြမ်းပြင်နဲ့ထိလိုက်တယ်ဆိုတာနဲ့ ကွဲသွားတော့တယ်။

အဲ့တော့မှသာ ထိုအရာလေးက သူ့ဆီမှာတကယ်ရှိနေသေးမှန်း ကျွန်တော် သိခဲ့ရတယ်။

အဲ့တာ ကျွန်တော် သူ့ကိုပေးခဲ့တာလေး။

ဖြစ်ကောင်းဖြစ်နိုင်တာ အဲ့တာလေးက ကျွန်တော့်ဆီကရထားတဲ့အထဲမှာမှ လော့ယွီချန်ဆီမှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသောအရာလေးဖြစ်ပေမယ့် ကံမကောင်းချင်တော့ အဲ့တာလေးကလည်း ပျက်ဆီးသွားပြီ။

ခဏလောက် တိတ်ဆိတ်သွားပြီး လော့ယွီချန်ရဲ့ဖိအားတွေက ရှမင်ရှုကို လုံးဝဖိနှိပ်လိုက်တော့မယ်လို့ ကျွန်တော် ထင်မိလိုက်တဲ့အချိန်မှာပဲ ပိန်သွယ်သွယ် ချစ်စရာလူရွယ်လေးက သူ့ရဲ့ကော်လံကိုဆွဲကာ ဆိုဖာပေါ် တွန်းချလိုက်တာကို ကျွန်တော် တကယ်ကြီး တွေ့လိုက်ရတယ်။

များသောအားဖြင့် နာကျင်အောင်မလုပ်နိုင်တဲ့ယုန်သူငယ်လေးက ဒီလိုအရေးကြီးတဲ့အခိုက်မှာ ဒီလောက်သန်မာသွားနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့မိဘူး။

သူက သူ့ထက်ပိုရင့်ကျက်ပုံပေါ်တဲ့ ကျွန်တော့်ထက်တောင်မှ ပိုပြီးလုပ်နိုင်စွမ်းရှိသေးတယ်။ ပြီးတော့ ဒီလိုမျက်မြင်တွေ့လိုက်ရတဲ့အခါ အဲ့တာကပဲ အရည်အချင်းမပြည့်မှီတဲ့ကျွန်တော့်ကို အတော်လေးအရှက်ရစေတယ်။

နောက်ပြီး ရှမင်ရှုက ကျွန်တော်တကယ်နားမလည်နိုင်တဲ့ တစ်စုံတစ်ရာကို ပြောလာခဲ့တယ်။

သူ ပြောတာက "လော့ယွီချန် ခင်ဗျား ဘယ်ကနေ ရှောင်ပြေးနေတာလဲ?"

ဒီစကားလေးတစ်ခွန်းက လော့ယွီချန်ကို တစ်မဟုတ်ချင်း ဒေါသပုန်ထသွားစေတယ်။

သူ့မျက်နှာပေါ်မှာရှိတဲ့အမူအယာက ကျွန်တော် သိပ်ကိုရင်းနှီးလှပါချည်ရဲ့ဆိုတဲ့ ဂြိုလ်ဆိုးဝင်ခါနီးပုံစံဖြစ်ပြီး ရှမင်ရှုအတွက် ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ ချွေးသုတ်မိတယ်။

အဲ့တာက စက္ကန့်ပိုင်းလေးသာ ဖြစ်သွားတဲ့အတွက် ကျေးဇူးတင်ရမယ်။ မိနစ်ပေါင်းများစွာ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြပြီး ဘယ်သူမှ အကြည့်မလွှဲသွားကြဘူး။ အဆုံးမှာတော့ မထင်မှတ်ထားစွာ လော့ယွီချန်ကအရင်ဆုံး လက်လျှော့သွားပြီး နေရခက်ခက်နဲ့ပဲ သူ့ဖုန်းကို ကောက်ယူပြီး တွန့်ဆုတ်ဆုတ်နဲ့ နံပါတ်ကိုရိုက်နှိပ်လိုက်တယ်။

အိမ်ကအလွန်တရာ တိတ်ဆိတ်နေတာကြောင့် အော်တိုအသံဖိုင်ကိုတောင် အလွယ်တကူကြားနိုင်တယ်။

"မင်္ဂလာပါ လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ လတ်တလော ဆက်သွယ်လို့မရနိုင်ပါ"

လော့ယွီချန်က အတော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားသလိုမျိုး ဖုန်းချလိုက်ပြီး ပြန်ခေါ်တယ်။ ဒီတစ်ခေါက်လည်း အတူတူပဲ။

သေချာတာပေါ့ ဆက်သွယ်လို့မရနိုင်ဘူး။ ဖုန်းဘတ်ထရီတွေက တော်တော်လေးကြာရှည်ခံတယ်ဆိုပေမယ့်လည်း ဘယ်သူမှ အားမသွင်းပေးဘူးဆိုရင် အားကုန်သွားမှာပဲ။

"တစ်ခုခုတော့ မှားနေတယ်လို့ ကျွန်တော် ခံစားနေရတယ်" ရှမင်ရှု ထိုင်ချလိုက်ပြီး သူ့အမူအယာက စိုးရိမ်သလိုဖြစ်နေတယ်။

လော့ယွီချန်က ပြန်လည်ပြောဆိုသလို ညည်းသံလေးပြုလာတယ်။

သူ့အမြင်မှာတော့ ကျွန်တော်က လိုက်ရခက်သလိုမျိုးလုပ်နေတာနဲ့တူပြီး သူ့ကိုပြန်ရဖို့ နိမ့်ကျတဲ့လှည့်ကွက်နောက်တစ်ခုသုံးနေတာလို့ မြင်ကောင်းမြင်နေနိုင်တယ်။

****

ခရစ်စမတ်နီးကပ်လာတာနဲ့အမျှ လမ်းတစ်လျှောက် တန်းစီရှိနေတဲ့ ထင်းရှုးပင်တွေမှာ ရောင်စုံအလင်းရောင်လေးတွေရှိနေပြီး မှန်ပြတင်းပေါက်တွေမှာလည်း မျိုးစုံသော ချစ်စဖွယ်နှင်းပွင့်ပုံစံလေးတွေနဲ့ ပြည့်နေတော့တယ်။

ပြီးခဲ့တဲ့နှစ်ရက်မှာ ရှမင်ရှုရဲ့အလုပ်က တော်တော့်ကို ရှုပ်နေခဲ့တယ်။ ကြည့်ရတာ Lu de Viciရဲ့မော်ဒယ်အုပ်စုစာချုပ်တွေက သက်တမ်းကုန်တော့မှာဖြစ်ပြီး အခုသူက အသစ်ထွက်ရှိလာတဲ့ ပေါ့ပေါ့ပါးပါး အနောက်တိုင်းဝတ်စုံတံဆိပ် 'Midsummer's Wind'ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ဖို့ အခွင့်အရေးရလာတယ်။

'အခွင့်အရေးရလာတယ်'ဆိုတာ ဘာလဲ။ 'Midsummer's Wind'ဆိုတဲ့ နာမည်က ရှမင်ရှုကို စိတ်ထဲထားပြီး ရှောင်လု ဒီဇိုင်းဆွဲခဲ့တယ်ဆိုတာ အရှင်းသားချည်းပဲလေ။ [ T/N : ရှမင်ရှုရဲ့နာမည်ထဲက 'ရှ'က နွေရာသီကို ရည်ညွှန်းပါတယ်တဲ့ ]

ကျွန်တော် ရှောင်လုကို တစ်ခါ မေးခဲ့ဖူးတယ်။ 'မင်းကလည်း တော်တော်လေး အမိဖမ်းဖို့ သင့်တော်တဲ့လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ် ပြီးတော့ ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိနေတာ ဘာကြောင့် မင်းက ငါ့ရဲ့ရန်သူဟောင်း ရှမင်ရှုကိုမှ မရမကဖြစ်နေရတာလဲ?'

ရှောင်လုက ပြုံးသွားခဲ့တယ် "သူက ပြီးပြည့်စုံခြင်းကားချပ်လို့ မင်းမထင်ဘူးလား?"

ကျွန်တော့်မှာ အဲ့တာအတွက် ပြောစရာဘာမှ မရှိခဲ့ဘူး။

သေချာတာပေါ့ ဒီလောကကြီးထဲမှာ လူတိုင်းက ပြီးပြည့်စုံတဲ့အရာတွေကို ချစ်မြတ်နိုးကြတယ်။ အဲ့တော့ ကျွန်တော့်လိုမျိုး ပြစ်ချက်ရှိတဲ့ထုတ်ကုန်လေးကျတော့ ဘယ်လိုလုပ်မလဲ?

ခရစ်စမတ်နေ့က လော့ယွီချန်ရဲ့မွေးနေ့လည်းဖြစ်တယ်။

နာမည်ကျော်ကြားတဲ့သူဆိုတော့လည်း နာမည်ကျော်ကြားတဲ့သူပေါ့။ သူ့မွေးနေ့မှာ အားလက်ရက်ယူမယ်လို့ ပြောနိုင်တယ်။ အဲ့လိုဆိုရင်တောင် နှမြောစရာကောင်းတာက မနက်ပိုင်းမှာတင် ရှောင်လုက ရှမင်ရှုကို လှမ်းခေါ်ခဲ့တယ်။ သူ ထွက်သွားရတဲ့အချိန်မှာ သူ့မျက်နှာမှာ တောင်းပန်မှုတို့နဲ့ ပြည့်နေခဲ့တယ်။

ထိုအချိန်တုန်းက လော့ယွီချန်က သူတော်တော်လေး မပျော်မရွှင်ဖြစ်တာကို မထုတ်ပြခဲ့ဘူး။

ဒါပေမယ့် ကျွန်တော်ကတော့ အဲ့တာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ နေ့ခင်းပိုင်းလောက်ကနေစလို့ တစ်နာရီကြာတိုင်း သူ့မျက်နှာက မှောင်သထက် မှောင်လာတယ်။

တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသလိုမျိုး သိသာတဲ့ စိတ်မရှည်မှုတို့ပြည့်နေပြီး သူ့ဖုန်းကိုသာ မနားတမ်း ကြည့်နေခဲ့တယ်။

ရှမင်ရှု အလုပ်ဆင်းမှာကို စောင့်နေတာနဲ့တောင် ပိုတူနေသေးတယ်။

သို့ပေမယ့် ကျွန်တော်သိတဲ့ ရှောင်လုရဲ့စရိုက်အတိုင်းဆို သူက တတ်နိုင်သမျှ ရှမင်ရှုကို နောက်ကျတဲ့အထိ နေအောင်လို့ သေချာပေါက် အကောင်းဆုံး ကြိုးစားမှာပဲ။

ညပိုင်း ခုနစ်နာရီလောက်မှာ လော့ယွီချန်ရဲ့စိတ်အခြေအနေက အလွန်တရာ ဆိုးဝါးနေတာကို အရှင်းသားမြင်နေရပြီ။

ဒါကတော့ ကိစ္စရှိသွားပြီလို့ ကျွန်တော် တွေးလိုက်တယ်။ လူတစ်ယောက်အဖို့ မွေးနေ့မှာ တစ်ယောက်တည်း ဖြတ်သန်းရတာက နှိုင်းဆလို့မရအောင် အထီးကျန်စရာကောင်းတယ်။ အထူးသဖြင့် သူ့ရဲ့အချစ်လေးက လက်ရှိမှာ သူ့ရဲ့အချစ်ပြိုင်ဘက်နဲ့ 'အလုပ်လုပ်'နေတဲ့အချိန်မျိုးဆိုရင်ပေါ့။

ဝဋ်လည်တာ။

သူ့ရဲ့ယခင်မွေးနေ့တွေမှာ သူနဲ့အတူ မွေးနေ့ပွဲကျင်းပနိုင်ဖို့ လူအုပ်ကြီးကို ကျွန်တော်အမြဲခေါ်တတ်ပြီး အဲ့နေ့ကို ချွင်းချက်ထားကာ ရှမင်ရှုကိုတောင် ခေါ်ပေးသေးတယ်။

နောက်ပြီး ကျွန်တော့်မွေးနေ့တွေမှာတော့ သူက အမြဲတမ်း 'အလုပ်လုပ်'နေခဲ့တယ်။ ဆယ်နှစ်လုံးလုံး အဲ့နေ့မှာမှာ အမြဲဆိုသလို တော်တော်လေးအလုပ်များနေခဲ့ရတယ်ဆိုတာ ဘယ်လိုတောင် တိုက်ဆိုင်နေရတာလဲ? သူ ကျွန်တော်နဲ့ မွေးနေ့ပွဲမကျင်းပချင်မှန်း သိသာတယ်။

ကျွန်တော်ကတော့ ဒီလိုအေးစက်မှုမျိုးနဲ့ အသားကျနေတာ ကြာလှပေါ့။

ဒါပေမယ့် သူကိုယ်တိုင် ပြန်ခံစားနေရတာကတော့ အခုမှပထမဆုံးအကြိမ်ဖြစ်လောက်တယ်။

အဲ့တာ ကံပဲ။

နောက်ခဏလောက်နေတော့ ရုတ်တရက် လော့ယွီချန်က သည်းမခံနိုင်တော့သလို သူ့ဖုန်းကို ကောက်ယူကာ အားပါပါ ပိတ်ချလိုက်တော့တယ်။

ထို့နောက်မှာ အိမ်ဖုန်းကိုလည်း တကယ်ကြီး ကြိုးဖြုတ်လိုက်တယ်။ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် တိုက်ရိုက်ကြီး ဘေးကို ပစ်ထုတ်လိုက်တာပဲ။

သူ့ဒေါသကို ဘာကြောင့် ဖုန်းတွေအပေါ် ပုံချနေရတာလဲဆိုတာ ကျွန်တော် တကယ်နားမလည်နိုင်ဘူး။

ဖြစ်ချင်တော့ ရှမင်ရှုက ကိုးနာရီထိုးခါနီးလောက်မှ ပြန်ရောက်လာတယ်။ သူက ကိတ်မုန့်တစ်လုံးနဲ့ ပန်းတွေ ကိုင်လာတယ်။

အရင်နှစ်တွေက ကျွန်တော်ရဲ့ အောင်အောင်မြင်မြင် ပုံကြီးချဲ့ခဲ့တဲ့အရာတွေထက်စာရင် ဒါက လုံးဝကို သာမန်ဆန်တယ်။ ဒါပေမယ့် ကျွန်တော် ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲနေတာက လော့ယွီချန်တစ်ယောက် သူ့ရဲ့ခုနက စိတ်ပျက်မှုတွေ မကျေမချမ်းဖြစ်နေတာတွေကို တစ်အောင်စလောက်တောင် ထုတ်မပြခဲ့ဘူး။ သူက ရှမင်ရှုကို ဖယောင်းတိုင်ထွန်းခိုင်းပြီးနောက် အပြုံးတွေ ပြည့်နှက်နေတဲ့မျက်နှာကြီးနဲ့ သူမုန်းလှပါချည်ရဲ့ဆိုတဲ့ ကပ်စေးစေးကိတ်မုန့်ချိုချိုကြီးကို စားပစ်လိုက်တယ်။

ချက်ချင်းဆိုသလို ကျွန်တော့်မှာ ဘာမှပြောစရာမရှိတော့ဘူး။

****

နောက်တစ်နေ့မှာ နှစ်ယောက်စလုံး အရင်ကလိုပဲ နေ့ခင်းအထိ အိပ်ခဲ့ကြတယ်။ ရှမင်ရှုက အရင်ဆုံးနိုးလာခဲ့တယ်။ သူ့ရဲ့ညအိပ်ဝတ်စုံကို ဝတ်ကာ ချစ်စရာဖိနပ်ပါးလေးနဲ့ ရှပ်တိုက်လျှောက်နေတော့တယ်။ သူ့ရဲ့ယောင်ချာချာပုံက အချစ်ပြိုင်ဘက်တစ်ယောက်အနေနဲ့တောင် သူ့ရဲ့လက်ရှိပုံရိပ်ကို 'ယုံကြည်နိုင်ဖို့တောင် လွန်ကဲလှအောင် ချစ်ဖို့ကောင်းတယ်'ဆိုတာနဲ့သာ ဖော်ပြနိုင်တယ်။

ဧည့်ခန်းက လုံးဝရှုပ်ပွနေပေမယ့် ကြမ်းပြင်ပေါ်မှာရှိနေတဲ့ ဖုန်းနဲ့ ကြိုးမတပ်ထားဘူးဆိုတာကို သတိထားမိလိုက်သေးတယ်။ သူ စိတ်ရှုပ်သွားပြီး ခေါင်းကုတ်လိုက်တယ်။

အဲ့တာကို ကုန်းယူပြီး သူ့နေရာမှာ ပြန်ထားလိုက်တယ်။ သူ တပ်လိုက်ပြီးပြီဆိုရင်ပဲ ဖုန်းက ဝင်လာတယ်။

အဲ့နောက် သူကိုင်လိုက်တယ်။

"ဟယ်လို၊ လော့ယွီချန်အိမ်က ဖုန်းပါ၊ ဘယ်သူပါလဲ? အာ ရှောင်ဟန်းလား သူက ဒီမှာ ဆက်မနေတော့ပါဘူး..."

မထင်မှတ်ထားစွာ ကျွန်တော့်ဆီလာတဲ့ဖုန်းဖြစ်နေတယ်။

ထူးဆန်းလိုက်တာ။ ကျွန်တော့်မှာ သူငယ်ချင်းအနည်းငယ်ရှိတယ်ဆိုပေမယ့် ကျွန်တော့်အိမ်ဖုန်းကို သိတဲ့လူတွေဆိုလို့ ဖန်းရှဲ့ယိနဲ့ ရှောင်လုပဲဖြစ်သင့်တာ။

ဖန်းရှဲ့ယိက သေချာပေါက် ခေါ်မှာမဟုတ်ဘူး ပြီးတော့ အဲ့တာက ရှောင်လုဆိုရင်လည်း ရှမင်ရှုက အခုလိုမျိုး ခပ်တန်းတန်းနဲ့ ယဉ်ကျေးတဲ့အသံဖြစ်နေမှာ မဟုတ်လောက်ဘူး။

"အဲ့တာ... အခုက ကျွန်တော် သူ့ရဲ့ဆက်သွယ်ရမယ့်အချက်အလက်အသစ်ကို မရသေးလို့ပါ၊ ဒါပေမယ့် ကျွန်တော် အကြောင်းကြားပေးနိုင်ပါတယ်၊ ဟုတ်ကဲ့ အဆင်ပြေပါတယ်... ဟုတ် ဟုတ်ကဲ့... အဲ့တာ ခဏ ခဏလေး ခင်ဗျားခုလေးတင် ဘာပြောလိုက်တယ်?"

ရှမင်ရှုရဲ့အမူအယာက ရုတ်တရက် စိုးရိမ်တကြီးပုံစံပြောင်းသွားတာကို မြင်တော့ ကျွန်တော် နောက်ထပ်ဖြစ်နိုင်ခြေကို တွေးမိသွားတယ်။

အလွန်တရာထိတ်လန့်စရာကောင်းတဲ့ ဖြစ်နိုင်ခြေ။

ဖုန်းချပြီးတဲ့နောက်မှာ ရှမင်ရှုတစ်ယောက် သူ့ရဲ့အိပ်မှုန်စုံဖွားဖြစ်နေတာတွေ ကင်းပျောက်သွားပုံရတယ်။ ဖြူဖျော့ဖျော့မျက်နှာနဲ့ ယိုင်ထိုးနေပြီး ဆိုဖာပေါ် လဲကျသွားတယ်။

ထိုအချိန်မှာ လော့ယွီချန်ကလည်း အိပ်ခန်းထဲက ထွက်လာတယ် "ဘာဖြစ်တာလဲ?"

"... ရှောင်ဟန်းက နေမကောင်းဖြစ်နေခဲ့တယ်ဆိုတာ ခင်ဗျားသိလား?"

ပုံမှန်အခြေအနေမှာဆို လော့ယွီချန်က သေချာပေါက် "သူနေမကောင်းဖြစ်တာ ကိုယ်နဲ့ ဘာဆိုင်လဲ?" ဆိုပြီး ပြောလောက်မှာ ဖြစ်ပေမယ့် ရှမင်ရှုရဲ့အမူအယာက ကြောက်စရာကောင်းလွန်းနေတာကြောင့် သူ့ကိုပါ အလန့်တကြားဖြစ်စေပြီး ကြောင်တောင်တောင်နဲ့ ခေါင်းယမ်းတာကိုသာ လုပ်နိုင်ခဲ့တယ်။

"Sမြို့တော်ရဲ့ ဗဟိုဆေးရုံက ဖုန်းခေါ်လာတယ် ပြီးတော့ ပြောသေးတယ်၊ အလှူရှင်ရှာတွေ့ပြီတဲ့... ရှောင်ဟန်းက ဘာဖြစ်ခဲ့လို့လဲ၊ သူက ဘာလို့ ရိုးတွင်းခြင်ဆီလိုရတာလဲ?"

ထိုစကားလုံးတွေက လော့ယွီချန်ကို သိသိသာသာ တုန်လှုပ်သွားစေခဲ့တယ်။

ရိုးတွင်းခြင်ဆီ၊ ဒီလိုအဖိုးတန်အရာက ရှမင်ရှုရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာကြောင့် ဒါက ဘာကိုဆိုလိုမှန်း သူတို့နှစ်ယောက်လုံး သိပ်ကို ရှင်းရှင်းလင်းလင်း သိထားကြတယ်။

စာရေးသူမှာ ပြောစရာရှိပါတယ် :

ငါ့ဆီက အကြံဉာဏ်တွေကို 'အတုခိုး'တဲ့အခါ သွေးကင်ဆာကနေ ရုတ်တရက်ကြီး အရိုးကင်ဆာ၊ ဦးနှောက်ကင်ဆာနဲ့ တခြားကုမရတဲ့ရောဂါမျိုးစုံကို ပြောင်းသွားလိမ့်မယ်။

_____


Thanks 🌹



Continuer la Lecture

Vous Aimerez Aussi

336K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
528K 45.6K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း