Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[36]

351 16 6
By --KO--

[Unicode]

" ကျွန်တော် တိမ်...ယံ...ဆင့်...ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး "

နားထဲသို့ ဖန်တစ်ရာထပ်နေအောင် ပဲ့တင်ထပ်‌နေသော စကားသံမှာ ချစ်သူရဲ့ပါးစပ်ဖြားမှ ထွက်လာသည့် ထိုစာကြောင်းတစ်ကြောင်းမျှသာ။ Ipad သားကြားခံနယ်ဖြစ်မနေလျှင် ပြဒါးရံနှင့် မျက်ဝန်းခြင်းယှဉ်၍ ထိုသူ့နှုတ်ခမ်းမှ ထွက်လာသောစကားတို့ကို ကိုယ်တိုင်ကိုယ်ကျ နားဆင်ရမည်ဖြစ်‌သည်။ သို့သော် ယခုအခြေအနေမှာလည်း အရမ်းတေ့ာ ကွာခြားမနေခဲ့ပေ။ နှလုံးသည်းမွှာတစ်ခုလုံး မီးမြိုက်ခံရသည့်နှယ် တိမ်ယံဆင့်မှာ ပူထူနေလျက် မျက်ဝန်းများက ဆောက်တည်ရာမရ ပန်းတိုင်ပျောက်ဆုံးနေပေသည်။

" တကယ်ပဲလား တိမ်ယံဆင့်ဘက်ကပဲ တစ်ဖက်သက်လိုက်ကပ်နေခဲ့တာလား "

ပြောနေကြသည်မှာ တိမ်ယံဆင့်၏ အမှားတွေကြီးပါပဲလို။

" ပြဒါးရံကို လိုက်ရတဲ့အကြောင်းပြချက်ကို ပြောပါ ။ချမ်းသာလို့လား "

သူဟာသိုက်တူးသမားတစ်ယောက်လို

" အဲ့လိုလုပ်နေတာကြာပြီလား "

အရင်ထဲက ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့သလိုမျိုး လူတိုင်းရဲ့နှုတ်ခမ်းထက်မှာ ချေမွခံရတော့မည့် ပန်းတစ်ပွင့်ဖြစ်နေခဲ့သည်။

" ပြန်ဖြေပါဦး တိမ်ယံဆင့် ။ ဒီတိုင်းပဲ နှုတ်ပိတ်နေတော့မှာလား "

လူပေါင်းများစွာ၏ အမဲဖြတ်ချင်နေသော အသံများမှာ တိမ်ယံဆင့်ကို ခြောက်ကမ်းပါးအစွန်မှ ခုန်ဆင်းသွားပါစေရန် တွန်းအားပေးလျက်ရှိနေသည်။

" နားနေခန်းကို ပြန်ရအောင် ဆင့် ဒီမှာထပ်မနေသင့်တော့ဘူး "

လေပြေရှင်းတစ်ယောက်ကတော့ သူ့ကိုစိုးရိမ်စွာ နားချနေပြန်လေသည်။ သို့သော်သူဟာ ဘာကိုမှနားထဲမဝင်တော့ချေ။ ထိုသူ့ကိုတွေ့ပြီး မျက်နှာချင်းဆိုင် သူမေးကြည့်ချင်သည်။ ဘာလိုများ အဲ့လိုလုပ်ရတာလဲ ဆိုတာပေါ့။ ဒီအတောအတွင်းမှာ သူဘာတွေကိုများမှားခဲ့လို့လဲ သူ့အပေါ်ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ ။ အစထဲက သူ့ကိုမချစ်ခဲ့ဘူးဆိုတဲ့စကားက သူ့ပြောနေကျစကားနှင့် လုံးဝဆန့်ကျင်နေခဲ့သည်တိုင် ထိုသူကိုယ်တိုင်ပြောခဲ့သည့် စကားဖြစ်သည့်တိုင် သူ့နှလုံးသားက လက်မခံနိုင်သေးပေ။ အရာအားလုံးဟာအမှန်တွေဆိုတာ သိပြီးနောက် သူ့ဟာထိုကိစ္စကို လက်ခံဖို့ ရဲစွမ်းသတ္တိတို့ပျောက်ဆုံးနေခဲ့သည်။

အချိန်အတော်ကြာတဲ့အထိ ရှင်း၏ သတိပေးချက်ကို ဘာအဖြေမှ ပြန်မပေးဘဲ မလှုပ်မယှက်ရပ်တန့်နေခဲ့သည်။ ထို့ကြောင့် ရှင်းက ဆင့်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး နားနေခန်းကိုပြန်ရန် ခြေလှမ်းတို့ကို စတင်လိုက်လေသည်။ သို့သော် တိမ်ယံဆင့်မှာ ရှင်းရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး စူးစူးဝါးဝါးအော်လိုက်သည်။

" လွှတ်စမ်း...... ငါမလိုက်ဘူး။ ငါသူ့ကိုသွားတွေ့ရမယ်။ သူအဲ့လိုလုပ်ရတဲ့ အကြောင်းအရင်းကိုသိချင်တယ် "

" ခေါင်းမာမနေနဲ့တော့ ဆင့် ။ အခြေအနေတွေအားလုံးက ဒီလိုတောင်ဖြစ်နေပြီ မင်းမမြင်နိုင်သေးဘူးလား "

" မဟုတ်ဘူး "

" သူမင်းကို သစ္စာ‌ဖောက်သွားတာ ။ သူအစထဲက မင်းကိုတစ်ကယ်မချစ်ခဲ့ဘူး "

" ငါ့ကိုလွှတ်စမ်း "

" တီ.....တီ....တီ "

လေပြေရှင်းတစ်ယောက် တိမ်ယံဆင့်ကို လက်တစ်ဖက်နဲ့ ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်က အချိန်အတော်ကြာ မြည်နေတဲ့ဖုန်းကို ခက်ခဲစွာကိုင်လိုက်သည်။

" ........ "

တစ်ဖက်က ဘာတွေပြောနေမှန်းမသိသော်လည်း သိသိသာသာ ပို၍အိုစာသွားသော ရှင်းကြောင့် ရုန်းကန်နေခြင်းကို တိမ်ယံဆင့် ရပ်တန့်လိုက်သည်။

" အခုဒီလိုလုပ်နေရမယ့် အချိန်မဟုတ်ဘူး "

ဖုန်းချလိုက်ပြီးနောက် ဆင့်ကို ကျယ်လောင်စွာ အော်လိုက်လေသည်။ ရှင်းရဲ့အော်သံက ဒေါသတရားတို့ သက်ရောက်နေခဲ့သည်။

" အန်တီထားဆီကို သတင်းထောက်တွေ ရောက်နေတယ် "

" ဘာ !  "

ချက်ခြင်းလက်ငင်း တုန့်ဆိုင်းမနေဘဲ ကားတစ်စီးနဲ့ အမေရှိရာအိမ်ကို အလျင်အမြန်ပြန်ရလေသည်။ ဆင့်ဘဝတွင်ဆွေမျိုးရင်းချာဟူ၍ တွယ်တာရာအမေတစ်ယောက်သာ ရှိပေတော့သည်။ ပြဿနာပေါင်းစုံသည် သူ့ဆီအား တိုက်ရိုက်မလာဘဲ ဘာကြောင့်အမေဖြစ်သူ‌ဆီ သွားရောက်နေရတာလဲပင်။ ဘယ်နည်းနဲ့မှသူ့အ‌မေကို အကြောင်းအရင်းမှန်တွေကို သိခွင့်မပေးနိုင်ပါ။ သူနှုတ်ခမ်းကမဟုတ်ဘဲ အခြားသူပါးစပ်ကထွက်လာသည့် စကားတွေကို မယုံကြည်ခိုင်းရက်ပါချေ။ ဒီကိစ္စတွေကို သူကိုယ်တိုင်ဖွင့်ပြောချင်သည်။ သူဟာ ပိုင်းလုံးမဟုတ်ပါဘူးလို့ ၊လူတစ်ယောက်ကို ချစ်မိယုံလေးတင်ဆိုတာ ၊အဲ့ဒီ့လူဟာ ယောက်ျားတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုတာ ၊အရာအားလုံးကို မျက်ကွယ်ပြုပြီး ထိုသူနဲ့ပဲ ရှေ့ဆက်ချင်ခဲ့တယ် ဆိုတာတွေ၊ ဘယ်နေရာကစပြီး မှားယွင်းနေခဲ့တယ်ဆိုတာ မသိသော်ငြား သူဟာအမေဖြစ်သူကို လိမ်လည်ဖို့ စိတ်ကူးနည်းနည်းလေးမှ မရှိခဲ့ဘူးဆိုတာ သူကိုယ်တိုင်သာ ပြောပြချင်ပါသည်။

" ဒေါ်သက်ထားမေ ဖြေပေးပါရှင် "

" တိမ်ယံဆင့်က gayဆိုတာအစထဲက သိပြီးသားလား။ သားဖြစ်သူက ပိုက်ဆံကြောင့် ပြဒါးရံနဲ့တွဲနေတယ်ဆိုပြီး သတင်းလွှင့်ခဲ့တာလား "

" မဟုတ်ဘူး "

သူမဟာ ပတ်ပတ်လည်ဝိုင်းရံနေသော သတင်းထောက်တွေရဲ့ တစ်ဖက်သတ်ဆန်သော မေးခွန်းများကြား အူလည်လည်ဖြစ်‌နေလေသည်။ သူမအနေဖြင့် ဘာကိုမှမသိရှိထားခြင်းနှင့်အညီ ပြောနေသည့်စကားများကိုလည်း ဘာတစ်ခုမှနားမလည်ပါချေ။ သားဖြစ်သူအား စွပ်စွဲနေသည့်စကားများကို တုန့်ပြန်နေရန် " မဟုတ်ဘူး " ဟူသောစကားကိုသာ လက်ကိုင်ဆင်မြန်းထားရသည်။

မနေ့ကထိ အရာအားလုံးက အေးချမ်းလျက်သားပင်။ တရားစခန်းကပြန်ထွက်ချင်း အိမ်ထဲတောင်မဝင်ရသေးခင် သတင်းထောက်တွေက သူမသားမှာ အမှန်တစ်ကယ် gay ဖြစ်နေတာလားလို့ ရုတ်တရက်ကြီးမေးမြန်း လာခဲ့ကြသည်။ တိုးကြိတ်မရအောင် ကြီးမားသော လူထုကြီး၏အလယ််ဗဟိုတွင် ဒေါ်သက်ထားမေ ရှိနေခဲ့သည်။ တစ်ယောက်တစ်ယောက်နှင့် ညီညာခြင်းမရှိသော မေးခွန်းထောင်ပေါင်းများစွာအား နားနှစ်ဖက်ကို လက်ဖြင့်အုပ်လျက် သွေးရူးသွေးတန်း တုန့်ပြန်ကာကွယ်နေခဲ့သည်။

- " ဆင့်က အဲ့လိုကလေးမဟုတ်ဘူး "

- " သူကအရမ်းသိတတ်တာ ။ သူအဲ့လိုလုပ်မှာမဟုတ်ဘူး "

- " တော်ကြပါတော့..... ရှင်တို့တော်ကြပါတော့။ ကျွန်မသားကို ထပ်ပြီးမစွပ်စွဲပါနဲ့တော့ "

- " သူကလူကောင်းလေးပါ "

အော်ဟစ်နေခဲ့သော်ငြား သတင်းထောက်တွေက ဒေါ်သက်ထားမေကို ဓာတ်ပုံ ၊ video တွေ ခွင်မပြုပါဘဲနှင့် အတင်းရိုက်ယူနေကြလေသည်။ နာကျင်မှုကြောင့် မျက်ရည်များ စီးကျလာပါသော်လည်း သားဖြစ်သူကို အတတ်နိုင်ဆုံး ကာကွယ်ချင်ပေသည်။ မိန်းမတွေက ပျော့ညံ့တတ်တာ မှန်ချင်မှန်လိမ့်သည်။ ဒါပေမယ့် အမေတစ်ယောက်ကတော့ သင်တို့ထင်ထားတာထက် ပိုပြီးသန်မာကြသည်။ ဘယ်လိုအန္တရာယ်ဖြစ်ဖြစ် ရှေ့ကကြိုပြီးကာစီး ပေးချင်ကြသည်။ ‌ဘယ်လောက်ခက်ခဲခက်ခဲ သူတို့ပြုံးပြတတ်ကြသည်။ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပါစေ အဆင်ပြေပါတယ်ဟု သူတို့လိမ်တတ်ကြသည်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအမေတစ်ယောက်ဖြစ်နေလို့လေ။ သူတို့ဟာ မိခင်တွေမို့ ကမ္ဘာပေါ်မှာ အသန်မာဆုံးမိန်းမတွေအဖြစ် ဟန်ဆောင်တတ်ကြသည်။ ဒေါ်သက်ထားမေလည်း ထို့အတူပါပင်။ သူသည်လည်း တိမ်ယံဆင့်ကို အသက်နှင့်ရင်း၍ ကာကွယ်ချင်သည့် မိခင်တစ်ယောက်ပါပေ။

အားပြင်းလွန်းသည့် လှည့်ကွက်များအတွက် သူမ၏နှလုံးက ဒဏ်မခံနိုင်တော့ပေ။ အသက်ရှုကြပ်လာခဲ့ပြီး နှလုံးခုန်နှုန်းများမှာ မြန်ဆန်လာရတော့သည်။ ရင်ဘတ်ကို လက်နှင့်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းများပါ ပြာလာခဲ့ကာ မျက်ဝန်းတို့မှာ ရီဝေလာခဲ့လေသည်။ အေးစက်နေသည့် ရေခဲပမာလက်များမှာတော့ သွေးကြောမျှင်များ အထင်းသားထောင်နေခဲ့သည်။ နောက်ဆုံးတော့ ထိုအမျိုးသမီးဟာလူကြားထဲမှာပင် မြေပြင်ပေါ်လဲကျသွားခဲ့သည်။ အသွင်သဏ္ဍာန်မှာ ငှက်မွှေးလေး လေအဝှေ့တွင် လွှင့်ပါသွား သလိုပါပင်။

" အမေ ! "

တိမ်ယံဆင့်တစ်ယောက် ကားပေါ်က ဆင်းဆင်းခြင်း မြင်လိုက်ရသည့် မြင်ကွင်းမှာ သူ့ဘဝကိုသွက်သွက်ခါအောင် ရူးသွားဖို့လုံလောက်‌စေသည်။ လူကြားထဲတွင် လဲလျောင်း‌နေသော အမေဖြစ်သူကို တုန်ယင်စွာခေါ်လိုက်ပြီး အနားကိုအပြေးအလွှား လျှောက်သွားလေသည်။

" အမေ "

သူမခန္ဓာကိုယ်ကို ရင်ခွင်ထဲထွေးပွေ့ထားပြီး တိမ်ယံဆင့်မှာ အဆက်မပြတ်ခေါ်နေ‌သည်။ မျက်ဝန်းစပ်မှ စီးကျလာသော မျက်ရည်များမှာလည်း တုန်ယင်နေသော အသံတို့နှင့် ပနှံသင့်နေခဲ့သည်။ ဇွဲကောင်းလှသော ဆင့်၏ ခေါ်သံများကြား သူမဟာလုံးဝ မတုန့်ပြန်ခဲ့ပေ။ လက်လေးတစ်ချောင်းတောင် လှုပ်ရှားလာခဲ့ခြင်းမရှိခဲ့သလို အသံတစ်ခုမှလည်း မပြုခဲ့။ ရုတ်တရက်ဆင့်ခေါင်းထဲ အတွေးမျှင်အချို့ ဝင်ရောက်လာပြန်သည်။ မဟုတ်မှလွှဲရော အမေဟာ ..... သူဆက်မစဉ်းစားရဲတော့ပေ။ ဒေါ်သက်ထားမေ တစ်ယောက်သာ သူ၏ခိုနားရာဖြစ်ပေသည်။ ဒေါ်သက်ထားမေသာ ဒီလောကထဲက ထွက်သွားမယ်ဆိုရင် သူသည်လည်း အသက်ရှင်ဖို့ လမ်းစမရှိတော့ပေ။

ဆေးရုံဆီ ဖုန်းဆက်အကူအညီတောင်းနေသော လေပြေရှင်းနှင့် အမေကိုဖက်တွယ်ထားသော ဆင့်တို့နှစ်‌ယောက် တစ်စထက်တစ်စပြိုလဲလာကြသည်။ နှစ်ယောက်လုံး၏ မျက်နှာထက်ရှိ မျက်ရည်စီးကြောင်းများက အရှုံးဆိုသောစာသားကို တံဆိတ်ရိုက်နှိပ်ထားသည့်အလား

" ဘာဖြစ်လို့လဲ..... ဘာလို့လဲ...... ဘာလို့ကျွန်တော့်ကို တစ်ချက်လေးတောင် မကြည့်တော့တာလဲ.... အမေ "

အသံမှာစူးနှစ်ကြေကွဲမှုများ အပြည့်နှင့် အက်ရှပျက်ဆီးနေခဲ့လေပြီ။

" အမေ..... အမေ.... အား..... မဟုတ်ဘူး။ ဒီလိုမဖြစ်ရဘူး.... "

" ဆင့် စိတ်ထိန်းစမ်းပါ "

":ငါအရှုံးပေးတယ်.... ငါအရာအားလုံးအရှုံးပေးတယ်။ မင်းတို့လိုချင်သလို ငါအကုန်လုပ်ပေးမယ် ငါ့ကိုကြိုက်သလိုစီမံလိုရတယ် "

အသံ‌တွေပြာလာတဲ့ထိ အော်နေသော ဆင့်ကို သတင်း‌ထောက်တွေက စာနာမှုကင်းစွာ မလှုပ်မယှက်ကြည့်နေကြသည်။ သူ့တို့စိတ်ထဲမှာတော့ ဆင့်ဟာ ရွံ့စရာသတ္တာဝါ‌တစ်ကောင်ထက် ပိုမနေခဲ့ပေ။

" သူမကိုပြန်ခေါ်ပေး.... သူ့ကိုငါ့ဆီပြန်ခေါ်လာပေး "

" တိမ်ယံဆင့် ငါပြောနေတာကြားရဲ့လား။ မင်းကပါ ဒီလိုဖြစ်နေလို့ မရဘူးလေ.....မင်းအသိစိတ်ကပ်ပါဦး "

မျက်ဝန်းတွေမှာ နီရဲလာခဲ့ပေသည်။ အစပျိုးလာတဲ့ အမုန်းတရားများကြောင့်လား ဒါမှမဟုတ် ဆုံးရှုံးလိုက်ရတဲ့ အမေကြောင့်လား။ သူဟာထပ်ကာထပ်ကာ ငိုကြွေးနေရင်း ပြဿနာ၏အစပျိုးရာ ထိုသူ့ကိုသတိရသွားခဲ့သည်။ တစစီစုတ်ဖြဲခံနေရသော နှလုံးသားတစ်စုံမှာ သေရာပါဒဏ်ရာတွေ အပြည့်နေရာယူ‌နေခဲ့လေပြီ။ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော ရှင်းကိုလည်း မမြင်နိုင်တော့ပေ။ သူ့ဆီမှာ အမုန်းတရားများသာ နေရာယူနေခဲ့သည်။ အဲ့ဒီ့လူကြောင့်ပဲ... အဲ့ဒီ့လူကြောင့် သူဒီလိုဖြစ်ရတာ။ သူ့အမေခုလိုဖြစ်ရတာ အဲ့ဒီ့လူကြောင့်ပဲ

" ပြဒါးရံ.... ပြဒါးရံ.... "

" အား... အား "

ထိုလူရဲ့နာမည်ကို အံကြိတ်၍ ရွတ်နေရင်း ထိန်းချုပ်ထားသမျှ ဒေါသတရားတို့မှာ  ပေါက်ကွဲထွက်လာပေတော့သည်။ တိမ်ယံဆင့်တစ်ယောက် အော်ဟစ်ရင်း ငိုကြွေးနေခဲ့ပြန်သည်။ ပျက်ဆီးနေသော သူ့ပုံစံမှာ အရာအားလုံးကို မီးလောင်တိုက်သွင်းပြီး သူကိုယ်တိုင်ပါ အလောင်ကျွမ်းခံတော့မည့်နှယ်။ ပါးပေါ်မှာမျက်ရည်များက အဆက်မပြတ် နေရာယူနေဆဲဖြစ်ပြီး သူ့အသံမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းနေသည်။

" မုန်းတယ်.... မုန်းတယ်....ကျွန်တော်ခင်ဗျားကို သေလောက်အောင်မုန်းတယ် ပြဒါးရံ။ "

ရှင်းမှာ သူ့သူငယ်ချင်းကို လှမ်းဖက်လိုက်ပြီး မျက်နှာပေါ်က မိမိမျက်ရည်တွေကို သုတ်ပစ်လိုက်သော်လည်း ဆင့်မျက်နှာဟာ သူ့ပုခုံးပေါ်မှီလျက် အဆက်မပြတ်ငိုနေခဲ့သည်။ ထိုအခါ တိမ်ယံဆင့်ဆီမှ မျက်ရည်ပူများမှာ သူ့ပခုံးပေါ်စိုရွှဲလာရတော့သည်။ ဆင့်၏ အသံမှာတစ်ဖန်ပြန်တိုးသွား‌ပြန်လေသည်။  သူ့လည်ချောင်းက အသံထွက်ဖို့ရာတောင် မတတ်နိုင်တော့သောကြောင့်ပင် ဖြစ်သည်။ သို့ပေမဲ့ သူဟာဆက်လက်အော်ဟစ် နေဆဲပါပင်။

" အကုန်လုံးခင်ဗျားကြောင့်ပဲ....ခင်ဗျားပဲ။ ကျွန်တော့်အပေါ် ဘယ်လိုတောင်လုပ်ရက်ရတာလဲ.....ဘာလို့သူမကိုမှ ရွေးခေါ်သွားရတာလဲ "

" ဆင့် .... လူနာတင်ကားလာပြီ အသက်မျှင်မျှင်လေးကျန်သေးရင်တောင် ငါတို့လက်မလျှော့သင့်ဘူး "

ဝိညာည်လွင့်နေသည့် ခန္ဓာကိုယ်အလွတ်တစ်ခုကဲ့သို့ တိမ်ယံဆင့်မှာ အသိစိတ်ကင်းမဲ့နေခဲ့လေသည်။ ဆေးရုံကို ဘယ်လိုရောက်လာလဲတောင် သူမမှတ်မိတော့ပါချေ။ ယခုလက်ရှိတည်ရှိနေရာမှာ အရေးပေါ်အခန်းရှေ့တွင်ဖြစ်ပြီး ဘေးတွင် ပုံပျက်ပန်းပျက်ဖြစ်နေသော လေပြေရှင်းမှာ ‌ခေါင်းကိုငိုက်စိုက်ချလက် ဆံပင်များကြား သူ့လက်ချောင်းဆယ်ဖြာကို ထိုးသွင်းထားသည်။ သူမတစ်ကယ်ကော အသက်ရှင်နိုင်ပါ့မလား။ သူမမှာအစထဲက နှလုံးရောဂါရှိနေတာလေ။ အစထဲကသူမက စိတ်အထိခိုက်မခံနိုင်တာ။

" မဟုတ်ဘူး သူမအသက်ရှင်နိုင်ပါတယ်။ ငါတွေ့လိုက်တယ် အရေးပေါ်ခန်းထဲ မဝင်ခင်တုန်းက သူမလက်ချောင်းလှုပ်သွားတာကို။ သူ့ကိုဆွဲထားနိုင်မှာပါ။ ငါဘယ်တော့မှလက်မလျော့ဘူး။ "

မျက်လုံးများက ကစဉ့်ကလျားဖြစ်နေသည့်တိုင် သူ့ကိုယ်သူနည်းမျိုးစုံဖြင့် နှစ်သိမ့်နေခဲ့သည်။ နှိပ်စက်နေသည့်အတွေးပေါင်း မြောက်များစွာကို အံတုရင်း သူပြဒါးရံကို မုန်းသည်ထက်ပိုရွံ လာသည်။ မျက်လုံးတစ်စုံကို သူမမှိတ်ရဲပေ။ မဟုတ်လျှင်တင်းခံထားသော မျက်ရည်တို့မှာ အတားအဆီးမဲ့စွာ စီးကျလာလိမ့်မည်ဖြစ်သည့်အတွက် မျက်တောင်ခတ်ဖို့ရာတောင် သူ့အတွက်မဝင့်မရဲမဖြစ်နေရသည်။

10မိနစ်ကြာပြီးနောက်,

လေပြေရှင်းတစ်ယောက် ပြာယာခတ်နေသည့်ပုံမှာ အလွန်ဆိုးဝါးလှပေသည်။ သူ့ပါးစပ်ရွတ်နေသော နာမည်မှာ ထိုသူ့ကိုကိုယ်စားပြုသည့် နာမ်တစ်ခုသာ။

" ဆင့်...... တိမ်ယံဆင့်..... မင်းဘယ်ရောက်သွားတာလဲ။ မင်းဘာတွေလျှောက်လုပ်နေတာလဲ "

သူအသိစိတ်လွတ်နေတဲ့ ခဏလေးအတွင်း တိမ်ယံဆင့်မှာ ဘယ်ပျောက်သွားလဲ မသိတော့ပါပေ။ အပြင်ထွက်လျှင် စုတ်ဖြဲဖို့အသင့်ဖြစ်နေသည့် လူတွေကြားမှာ ဆင့်တစ်ယောက် ဘယ်နေရောက်နေလဲ သူမခန့်မှန်းနိုင်တော့။ ရုတ်တရက်ဆိုသလို ခေါင်းထဲဖြစ်နိုင်ချေတစ်ခုက ဝင်ရောက်လာသည်။

" မဟုတ်မှလွဲရော သူ့ဆီကိုလား...? "

အမေဖြစ်သူရဲ့ ရလဒ်ကိုမစောင့်နိုင်တော့တဲ့ထိ ဆင့် ရဲ့အသိစိတ်ကို ဒေါသတရားတို့ ဖုံးလွှမ်းသွားလေပြီ။

" မင်းရောက်လာပြီလား "

တံခါးမှဝင်လာသောသူကို ကျောပေးလျက်အနေအထားဖြင့် ပြဒါးရံဟာ အေးစက်စက်ဆိုလိုက်သည်။

" ငါမင်းကို စောင့်‌နေတာ...... တိမ်ယံဆင့် "

နောက်ဆုံးတော့ ကိုယ်ကိုလှည့်လျက် ပြဒါးရံဟာ ဆင့်နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။ သူစစမြင်လိုက်ရခြင်း နည်းနည်းတော့တုန်လှုပ်သွားခဲ့သည်။ ဖြူဖျော့နေသော နှုတ်ခမ်းတို့မှာ ပြဒါးရံ၏သွေးတို့ကို အဆုံးမရှိခမ်းခြောက်စေပြီး အသက်မဲ့နေသည့်အကြည့်စူးစူးတို့နှင့် ရင်ဆိုင်ရချိန်တွင် သူဟာထိုလူသားကို ထွေးပွေ့ထားချင်မိသည်။ ခံစားရသမျှကိုနှစ်သိမ့်ပေးရင်း ပါးပြင်ထက်က မျက်ရည်တို့ကိုသုတ်ပေးချင်မိသည်။

" ဘာလို့လဲ..... ဘာဖြစ်လို့လဲ...ဘာလို့ကျွန်တော့်အပေါ်  ဒီလိုလုပ်ရတာလဲ ပြဒါးရံ "

ပြဒါးရံ၏ အင်္ကျီကော်လံစကို ဆွဲကိုင်ရင်း ဆင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

" ........ "

တိတ်ဆိတ်နေသော ပြဒါးရံကိုကြည့်ရင်း တိမ်ယံဆင့်မှာ ပိုဒေါသထွက်လာရတော့သည်။

" ဖြေလေ.....ခင်ဗျားမှာ ပါးစပ်မပါဘူးလား "

တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသော အင်္ကျီမှာတိမ်ယံဆင့်လက်ထဲ တွန့်ကြေလူးလွန့်နေပြီဖြစ်သည်။ ထိုလက်ဖျားများ၏ တုန်ယင်နေမှုကို ပြဒါးရံသိသိသာသာခံစားနေရ‌သော်လည်း သူကဘာများလုပ်ပေးနိုင်မည်တဲ့လဲ။ ယခုချိန်မှာ သူကိုယ်တိုင်တောင် စိတ်တိုင်းကျ လုပ်လို့မရတဲ့ အသုံးမကျတဲ့ဘဝမို့လား။   အကာကွယ်ပေးချင်ဆုံး ချစ်သူကိုတောင် ဒဏ်ရာတွေပဲခဏခဏပေးမိနေတာ သူကအမှန်တကယ်ကို အသုံးမကျတဲ့လူတစ်ယောက်ပေ။ လုံးဝသုံးစားမရတဲ့ လူတစ်ယောက်။

" ပြဒါးရံ !! "

" ပြောစရာလိုသေးလို့လား "

" ဘာ ! "

" အကြောင်းပြချက်ဆိုတာမရှိဘူး.... အစထဲကမင်းကို အနိုင်လိုချင်လို့ လှည့်စားခဲ့တာ သက်သက်ပဲ "

" ခွပ် ! "

တိမ်ယံဆင့်မှာ ဒေါသထွက်လွန်းသဖြင့် အညှာအတာကင်းသောစကားတို့ကိုဆိုနေသည့် ပြဒါးရံကို လက်သီးနှင့်ထိုးလိုက်သည်။ သို့သော် တုန့်ပြန်လာသည့်ပြဒါးရံ၏ အမူအယာက ဆင့် ကိုပိုလို့ ဒေါသထွက်ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းကို တစ်ပြိုင်နက်ခံစားရစေသည် ။

" အဲ့တာအရမ်းညံ့ပြီး အယုံလွယ်နေတဲ့မင်းကြောင့်လေ။ ငါ့အပြစ်လို့တော့ လာမပြောနဲ့နော် တုံးအ‌နေတဲ့ မင်းကိုလည်းအပြစ်တင်ဦး "

" ခင်ဗျားကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး   "

" ဟား....ဟား...ဟား ငါအခုအရမ်းပျော်တယ် မင်းငိုနေတာကိုမြင်ရတာ ငါ့ဘဝမှာအပျော်ဆုံးပဲ "

လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး သံသရာတစ်လျှောက်လုံး တိမ်ယံဆင့် မုန်းသွားမည့် စကားတို့ကိုသူဆိုနေခဲ့သည်။ စိတ်ထဲကမပါသော်လည်း ပြဒါးရံ၏ သွင်ပြင်တို့မှာ တိမ်ယံဆင့်ထက်ပင် သ‌ရုပ်ဆောင်ပိုကောင်းနေခဲ့သည်။ သူဟာအလွန်သရုပ်ဆောင် ကောင်းလွန်းလှပေသည်  နာကျင်နေတဲ့နှလုံးသားကို ထပ်ကာထပ်ကာ ဒဏ်ရာတွေပေးရတာ သူကျင့်သားရနေဟန်တူသည်။ တိမ်ယံဆင့်နဲ့ထပ်တူ သူသည်လည်း ရပ်တည်နိုင်စွမ်း ကင်းမဲ့နေပါသော်လည်း ဆင့်ကဲ့သို့ သူငိုကြွေးခွင့် မရှိပေ။ သူ့လို မကောင်းမှုတွေနဲ့ပြည့်နေတဲ့လူသားက လွတ်လွတ်လပ်လပ် မျက်ရည်ကျခွင့် ရှိပါ့ဦးမတဲ့လား။ ဒါကြောင့် သူဟာအရာအားလုံးကို ဟားတိုက်ရယ်မောနေလိုက်တော့သည်။

ရုတ်တရက် တိမ်ယံဆင့်မှာ သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးသွားဟန်တူပါသည်။ သူ့ကိုအရှိန်ပြင်းသည့် လက်သီးများဖြင့် မရပ်မနား ထိုးနှက်နေခဲ့သည်။

" ခင်ဗျားကို ချစ်မိတာကျွန်တော့်အမှားတွေပဲ။ ဘယ်တော့မှ ခွင့်မလွှတ်ဘူး "

" ဟား....ဟား... ဟား "

တိမ်ယံဆင့်၏ ရိုက်နှက်မှုများကြား ပြဒါးရံဟာ အရူးတစ်ယောက်လို ရယ်မောနေခဲ့သည်။ နာကျင်မှုတစိုးတစိမှတောင် မခံစားရပဲ သူ့ရဲ့အခြေအနေကိုသာ လှောင်ပြောင်ဟားတိုက် နေခဲ့လေသည်။ ထိုသူဟာ အဆက်မပြတ်ထိုးနေခဲ့သလို သူဟာလည်း အဆက်မပြတ်ရယ်နေခဲ့သည်။ နှုတ်ခမ်းထောင့်မှ သွေးတို့စီးကျလာသည်အထိ

" တီ.... တီ.... တီ "

ချိန်ရွယ်နေသော လက်တစ်ဖက်သည် ပြဒါးရံမျက်နှာပေါ်မကျရောက်ခင် ဖုန်းသံ၏တားဆီးခြင်းခံလိုက်ရသည်။ မျက်နှာပေါ်ကမျက်ရည်တို့ကို သုတ်လိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်လေသည်။ အမှန်တကယ်တွင် ထိုဖုန်းမှာမြည်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

" ဆင့်.... မင်းသူ့ဆီမှာလား "

တထစ်ချပြောလာသော လေပြေရှင်း၏ စကားသံ

" ........ "

သူဘာမှတော့ ပြန်မဖြေဖြစ်ခဲ့ပေ။အသက်ကို မနဲလုရှုနေရသောကြောင့် ဖြစ်နိုင်လေသည်။ သူ့လက်ချောင်းများကလည်း အဆမတန်ကို နာကျင်လွန်းလှသည်။

" ဘာပဲဖြစ်ဖြစ် ငါပြောတာကို သေချာနားထောင် ဆင့်။ အရမ်းစိတ်မလှုပ်ရှားနဲ့..... မဟုတ်ဘူး....စိတ်လိုက်မာန်ပါမလုပ်နဲ့ "

လေပြေရှင်းဟာ ထိုစကားကိုပြောရန် အတော်အရှိန်ယူနေပုံရလေသည်။ ရှင်းရဲ့ သက်ပြင်းချသံသဲ့သဲ့ကို ဖုန်းထဲကတဆင့်ကြားလိုက်ရပြီး သူထပ်မံနားစွင့်နေခဲ့သည်။

" အန်တီထား ဆုံးသွားပြီ။ အခုလေးတင် ဆရာဝန်တွေအတည်ပြုလိုက်တာ။ မင်း... မင်း... အမြန်ပြန်လာခဲ့ပါလား။ အန်တီထားကို နှုတ်ဆက်ရအောင် "

" ဘာ.... ရှင်း... မဟုတ်ဘူးမလား။ ငါ့ကိုမနောက်ပါနဲ့ ငါအခု ရယ်ချင်စိတ်မရှိဘူး။ ငါ့မှာ အမေပဲရှိတော့တာ မဟုတ်ဘူးမလား မဖြစ်နိုင်ဘူး "

ဆင့်တစ်ယောက် အပြင်းအထန်ငိုကြွေးနေခဲ့ပြီး အလဲလဲအပြိုပြို ဖြစ်နေခဲ့သည်။ အမေဖြစ်သူအစား သူသာသေသွားလိုက်ချင်ပါသည်။ စို့နစ်နေသည့်ခံစားချက်‌ကြောင့် အသက်ရှုပင် မဝချင်တော့ပေ။ ရင်ဘတ်တစ်ခုလုံးက နာကျင်မှုများသာ ကြီးစိုးနေသည့်အတွက် သူဟာ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သည်။

" အား..... ငါဘာအပြစ်များလုပ်ထားမိလို့ ငါ့အပေါ်ဒီလောက်ရက်စက်ရတာလဲ ။ ငါ... ငါပဲ သေသွားလိုက်ချင်တယ်။ ဘာလို့ငါ့ကိုကျ ခေါ်မသွားကြတာလဲ "

ရူးသွပ်လောက်အောင် ဆင့် ငိုနေခဲ့သော်လည်း ပြဒါးရံဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။ အမြဲကာကွယ်ပေးမယ်ဟူသော ပြောနေကျစကားတစ်ခွန်းက အခုတော့ ဟာသတစ်ခုအဖြစ် ကူးပြောင်းသွားလေခဲ့ပြီ။ မထိန်းချုပ်နိုင်သော စိတ်ခွန်အားတို့ကြောင့် လက်ကိုဆန့်တန်း၍ တသိမ့်သိမ့်တုန်ယင်နေသော တိမ်ယံဆင့်ကို သူနှစ်သိမ့်ပေးချင်ခဲ့ပါသည်။ ဒါ‌ပေမယ့် သူလိုလူက တိမ်ယံဆင့်ရဲ့ အသားကိုထိဖို့ထိုက်တန်ရဲ့လား။ သူလိုညစ်ပတ်ပြီး မသတီစရာကောင်းတဲ့ လူတစ်ယောက်က တိမ်ယံဆင့်လို မြင့်မြတ်တဲ့လူတစ်ယောက်ကို စိတ်ကူးနဲ့တောင် ဖမ်းဆွဲထားဖို့ မထိုက်တန်ပေ။လက်ပြန်ရုတ်လိုက်ပြီး အလျင်စလို ဆင့် ထွက်သွားတာကို  သွေးအေးစွာ သူရပ်ကြည့်နေခဲ့မိသည်။

ဆင့်အမေ ဆုံးသွားပြီတဲ့လား ။ အခုဆို ဆင့်အနားမှာ ဘယ်သူမှ မရှိနိုင်တော့ဘူးပဲ။ လူတိုင်းက အပြစ်တင်ရှုံ့ချနေချိန်မှာ အေးချမ်းသည့် ခိုနားရာလေးကလည်း သူ့ကိုအပြီးပိုင်စွန့်ပစ်သွားခဲ့‌ပြီ။ ပြဒါးရံတစ်ယောက် အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး သူ့ကိုယ်သူအပြစ်တင် ကြိမ်းမောင်းကာ ထုနှက်နေမိတော့သည်။

" ငါ့အပြစ်တွေပဲ..... ငါ့ကြောင့်ပဲ ။ အားလုံး ငါ့ကြောင့်ဒီလိုဖြစ်ရတာ တရားခံကငါကိုယ်တိုင်ပဲ။ "

ရှိုက်သံများက အခန်းအတွင်း ဩဇာအပြည့် လွှမ်းမိုးနေခဲ့လေသည်။

" ကိုယ်တောင်းပန်ပါတယ် ဆင့်ရယ်။ ကိုယ့်ကို ဘယ်တော့မှခွင့်မလွှတ်ပါနဲ့ ကိုယ်က ဆင့်ရဲ့ ခွင့်လွှတ်မှုတွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ပဲ။ "

နားထဲ ဖန်တစ်ရာထပ်အောင် ကြားယောင်နေသည်မှာ လေပြေရှင်းပြောတဲ့

" အန်တီထား ဆုံးသွားပြီ ဆင့် "

" မဟုတ်ဘူး.... မဟုတ်ဘူး "

ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပြီး ကားမောင်းနေရင်းနှင့်ပင် သူပေါက်ကွဲပစ်လိုက်သည်။ သူ့အတွက် ဆေးရုံကိုပြန်တဲ့လမ်းတွေက ပင်ပန်းလေးလံလွန်းလှသည်။ ဟိုရောက်လျှင် အသက်မဲ့‌နေသည့် သူ့အမေ ခန္ဓာကို သူရင်မဆိုင်ရဲပေ။ အမြဲကာကွယ်ပေးမယ်ပြောနေသောလူက သူ့ကိုဦးစွာ သစ္စာဖောက်သွားပြီး အရမ်းချစ်လှပါတဲ့ သူအမေက သက်ဆုံးတိုင် ထားသွားခဲ့ပြီဖြစ်သည်။ မျက်ရည်များက တစ်ဖန်ပြန်လည် စီးကျလာပြန်ပါသည်။ ငိုရလွန်းလို့ မျက်လုံးများမှာ တစ္စေတစ်ကောင်လို နီရဲလျက် သွေးကြောမျှင်များ ထောင်နေခဲ့သည်။ အံ့ဩဖို့ကောင်းလွန်းပေသည်။ တစ်နေ့လုံးငိုနေတာတောင် သူ့မျက်ရည်တွေက မကုန်နိုင်တော့ဘူးပဲ။

ကားမောင်းနေသော်လည်း ဆင့်ထံတွင် အသိစိတ်တို့ကပ်မနေတော့ပေ။ ကြေကွဲစို့နှစ်ဖွယ်မြင်ကွင်းများသာ ထပ်ခါတလဲလဲ မြင်ယောင်နေခဲ့သည်။ ဆင့်၏ မျက်ဝန်းတစ်စုံမှာ မျက်ရည်များအပြည့်နေရာယူနေသည့်အတွက် အ‌ရှေ့ကိုတောင်သဲသဲကွဲကွဲ မမြင်ရတော့ချေ။ ရက်စက်သည့် ကံကြမ္မာက ဆင့် အတွက် တစ်ဖန်ပြန်လာလေသည်။ သူမောင်းနေသည့် ကားရှေ့တည့်တည့်တွင် ကားတစ်စီးက မျက်နှာချင်းဆိုင် ဝင်ရောက်လာခဲ့ပြီး တိမ်ယံဆင့် မောင်းနှင်လာသောကားကို လေပေါ်မြောက်တက်သွားသည်အထိ အရှိန်ကုန်ဝင်တိုက်လိုက်လေသည်။

သူဟာရှောင်ရန် အချိန်မရလိုက်ခင်မှာတင် အရာအားလုံးက ဖြစ်ပျက်သွားလေပြီ။ မြေပြင်ပေါ်ပြန်ကျလာသော်လည်း သူ့ကားဟာ သုံးလေးပါတ်လှိမ့်သွားသည်ကိုတော့ မှတ်မိသေးသည်။ ခေါင်းပေါ်မှ စီးကျလာသော ချွဲပျစ်ပျစ်အရည်တွေကို ခံစားနေရပြီး ညှီနံ့အချို့က သူ့ခေါင်းကိုအလွန်အမင်း မူးဝေစေသည်။ အမြင်အာရုံကိုတော့ သူခန့်မှန်းလို့မရပေ။ အရာအားလုံးဝေဝါးနေခဲ့ပြီး ဘာကိုမှသဲသဲကွဲကွဲ မမြင်ရတော့ချေ။ ရှိသမျှအား အလုံးစုံကို ထုတ်သုံးပြီးလှုပ်ရှားလိုက်သော်လည်း တစ်လက်မလေးတောင် ရွေ့မသွားချေ။ အတိုင်းအဆမဲ့သည့် နာကျင်မှုများသာ စီးနင်းဝင်ရောက်လာပြီး ဆင့်ကို ဒုက္ခပေးနေခဲ့သည်။

" ဘာတွေဖြစ်နေတာလဲ "

သူပြောလိုက်သည်မှာ သေချာသော်လည်း အပြင်သို့အသံထွက်မလာခဲ့ပေ။ အခုလိုလမ်းမှာ အချိန်ကုန်နေလို့ မဖြစ်ဘူး။ သူဆေးရုံကို အရောက်ပြန်သွားရမည် မဟုတ်ပါလား။ သူ့အမေကို သူနှုတ်ဆက်ချင်သေးတယ် နောက်ဆုံးအနေနဲ့ သူမ မျက်နှာကို ကြည့်သွားချင်သေးတယ် ကျေးဇူးပြုပြီး ဒီလိုမျိုးအဆုံးမသတ်သွားပါနဲ့လား။ သူစိတ်ရင်းနဲ့တောင်းဆိုမိတာပါ။

တဖြည်းဖြည်းနှင့် အမြင်အာရုံက အမှောင်ဖုံးလာပြီး လုံးဝအနက်ရောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာခဲ့သော်လည်း ရဲရဲနီနေသည့် သွေးစီးကြောင်းတစ်ခုသာ ဖြစ်နေခဲ့လေသည်။ ထိုမျက်ရည်ဖြူများသည် သွေးတို့နှင့် ပေါင်းစည်းသွားသလားတော့ မသိတော့ပေ

" နောက်ဆုံးတော့ ငါအမေနဲ့ သွားတွေ့နိုင်တော့မှာပါလား "

______________________________

Note/

ဒီနေ့ 6 လပိုင်း 25 ရက်နေ့က ကျွန်တော့်မွေးနေ့မလို့ အမြန်ပြီးအောင်ရေးနေပေမယ့်လည်း နည်းနည်းနောက်ကျသွားတယ်။ ကိုယ့်ဘာသာပြန်ဖတ်ပြီးလည်း လောင်နေတာ အရမ်းပဲ😂😂။ အပိုင်းကတော့ နည်းနည်းလေးတိုသွားပါတယ်။

___________________

[Zawgyi]

" ကြၽန္ေတာ္ တိမ္...ယံ...ဆင့္...ကို ဘယ္တုန္းကမွ မခ်စ္ခဲ့ဖူးဘူး "

နားထဲသို႔ ဖန္တစ္ရာထပ္ေနေအာင္ ပဲ့တင္ထပ္‌ေနေသာ စကားသံမွာ ခ်စ္သူရဲ႕ပါးစပ္ျဖားမွ ထြက္လာသည့္ ထိုစာေၾကာင္းတစ္ေၾကာင္းမွ်သာ။ Ipad သားၾကားခံနယ္ျဖစ္မေနလွ်င္ ျပဒါးရံႏွင့္ မ်က္ဝန္းျခင္းယွဥ္၍ ထိုသူ႔ႏႈတ္ခမ္းမွ ထြက္လာေသာစကားတို႔ကို ကိုယ္တိုင္ကိုယ္က် နားဆင္ရမည္ျဖစ္‌သည္။ သို႔ေသာ္ ယခုအေျခအေနမွာလည္း အရမ္းေတ့ာ ကြာျခားမေနခဲ့ေပ။ ႏွလုံးသည္းမႊာတစ္ခုလုံး မီးၿမိဳက္ခံရသည့္ႏွယ္ တိမ္ယံဆင့္မွာ ပူထူေနလ်က္ မ်က္ဝန္းမ်ားက ေဆာက္တည္ရာမရ ပန္းတိုင္ေပ်ာက္ဆုံးေနေပသည္။

" တကယ္ပဲလား တိမ္ယံဆင့္ဘက္ကပဲ တစ္ဖက္သက္လိုက္ကပ္ေနခဲ့တာလား "

ေျပာေနၾကသည္မွာ တိမ္ယံဆင့္၏ အမွားေတြႀကီးပါပဲလို။

" ျပဒါးရံကို လိုက္ရတဲ့အေၾကာင္းျပခ်က္ကို ေျပာပါ ။ခ်မ္းသာလို႔လား "

သူဟာသိုက္တူးသမားတစ္ေယာက္လို

" အဲ့လိုလုပ္ေနတာၾကာၿပီလား "

အရင္ထဲက ရည္႐ြယ္ခ်က္ရွိရွိ ခ်ဥ္းကပ္ခဲ့သလိုမ်ိဳး လူတိုင္းရဲ႕ႏႈတ္ခမ္းထက္မွာ ေခ်မြခံရေတာ့မည့္ ပန္းတစ္ပြင့္ျဖစ္ေနခဲ့သည္။

" ျပန္ေျဖပါဦး တိမ္ယံဆင့္ ။ ဒီတိုင္းပဲ ႏႈတ္ပိတ္ေနေတာ့မွာလား "

လူေပါင္းမ်ားစြာ၏ အမဲျဖတ္ခ်င္ေနေသာ အသံမ်ားမွာ တိမ္ယံဆင့္ကို ေျခာက္ကမ္းပါးအစြန္မွ ခုန္ဆင္းသြားပါေစရန္ တြန္းအားေပးလ်က္ရွိေနသည္။

" နားေနခန္းကို ျပန္ရေအာင္ ဆင့္ ဒီမွာထပ္မေနသင့္ေတာ့ဘူး "

ေလေျပရွင္းတစ္ေယာက္ကေတာ့ သူ႔ကိုစိုးရိမ္စြာ နားခ်ေနျပန္ေလသည္။ သို႔ေသာ္သူဟာ ဘာကိုမွနားထဲမဝင္ေတာ့ေခ်။ ထိုသူ႔ကိုေတြ႕ၿပီး မ်က္ႏွာခ်င္းဆိုင္ သူေမးၾကည့္ခ်င္သည္။ ဘာလိုမ်ား အဲ့လိုလုပ္ရတာလဲ ဆိုတာေပါ့။ ဒီအေတာအတြင္းမွာ သူဘာေတြကိုမ်ားမွားခဲ့လို႔လဲ သူ႔အေပၚဘယ္လိုေတာင္ လုပ္ရက္ႏိုင္ရတာလဲ ။ အစထဲက သူ႔ကိုမခ်စ္ခဲ့ဘူးဆိုတဲ့စကားက သူ႔ေျပာေနက်စကားႏွင့္ လုံးဝဆန႔္က်င္ေနခဲ့သည္တိုင္ ထိုသူကိုယ္တိုင္ေျပာခဲ့သည့္ စကားျဖစ္သည့္တိုင္ သူ႔ႏွလုံးသားက လက္မခံႏိုင္ေသးေပ။ အရာအားလုံးဟာအမွန္ေတြဆိုတာ သိၿပီးေနာက္ သူ႔ဟာထိုကိစၥကို လက္ခံဖို႔ ရဲစြမ္းသတၱိတို႔ေပ်ာက္ဆုံးေနခဲ့သည္။

အခ်ိန္အေတာ္ၾကာတဲ့အထိ ရွင္း၏ သတိေပးခ်က္ကို ဘာအေျဖမွ ျပန္မေပးဘဲ မလႈပ္မယွက္ရပ္တန႔္ေနခဲ့သည္။ ထို႔ေၾကာင့္ ရွင္းက ဆင့္ရဲ႕လက္ကို ဆြဲကိုင္လိုက္ၿပီး နားေနခန္းကိုျပန္ရန္ ေျခလွမ္းတို႔ကို စတင္လိုက္ေလသည္။ သို႔ေသာ္ တိမ္ယံဆင့္မွာ ရွင္းရဲ႕လက္ကို ပုတ္ထုတ္လိုက္ၿပီး စူးစူးဝါးဝါးေအာ္လိုက္သည္။

" လႊတ္စမ္း...... ငါမလိုက္ဘူး။ ငါသူ႔ကိုသြားေတြ႕ရမယ္။ သူအဲ့လိုလုပ္ရတဲ့ အေၾကာင္းအရင္းကိုသိခ်င္တယ္ "

" ေခါင္းမာမေနနဲ႔ေတာ့ ဆင့္ ။ အေျခအေနေတြအားလုံးက ဒီလိုေတာင္ျဖစ္ေနၿပီ မင္းမျမင္ႏိုင္ေသးဘူးလား "

" မဟုတ္ဘူး "

" သူမင္းကို သစၥာ‌ေဖာက္သြားတာ ။ သူအစထဲက မင္းကိုတစ္ကယ္မခ်စ္ခဲ့ဘူး "

" ငါ့ကိုလႊတ္စမ္း "

" တီ.....တီ....တီ "

ေလေျပရွင္းတစ္ေယာက္ တိမ္ယံဆင့္ကို လက္တစ္ဖက္နဲ႔ ဆြဲကိုင္ထားၿပီး က်န္လက္တစ္ဖက္က အခ်ိန္အေတာ္ၾကာ ျမည္ေနတဲ့ဖုန္းကို ခက္ခဲစြာကိုင္လိုက္သည္။

" ........ "

တစ္ဖက္က ဘာေတြေျပာေနမွန္းမသိေသာ္လည္း သိသိသာသာ ပို၍အိုစာသြားေသာ ရွင္းေၾကာင့္ ႐ုန္းကန္ေနျခင္းကို တိမ္ယံဆင့္ ရပ္တန႔္လိုက္သည္။

" အခုဒီလိုလုပ္ေနရမယ့္ အခ်ိန္မဟုတ္ဘူး "

ဖုန္းခ်လိုက္ၿပီးေနာက္ ဆင့္ကို က်ယ္ေလာင္စြာ ေအာ္လိုက္ေလသည္။ ရွင္းရဲ႕ေအာ္သံက ေဒါသတရားတို႔ သက္ေရာက္ေနခဲ့သည္။

" အန္တီထားဆီကို သတင္းေထာက္ေတြ ေရာက္ေနတယ္ "

" ဘာ !  "

ခ်က္ျခင္းလက္ငင္း တုန္႔ဆိုင္းမေနဘဲ ကားတစ္စီးနဲ႔ အေမရွိရာအိမ္ကို အလ်င္အျမန္ျပန္ရေလသည္။ ဆင့္ဘဝတြင္ေဆြမ်ိဳးရင္းခ်ာဟူ၍ တြယ္တာရာအေမတစ္ေယာက္သာ ရွိေပေတာ့သည္။ ျပႆနာေပါင္းစုံသည္ သူ႔ဆီအား တိုက္႐ိုက္မလာဘဲ ဘာေၾကာင့္အေမျဖစ္သူ‌ဆီ သြားေရာက္ေနရတာလဲပင္။ ဘယ္နည္းနဲ႔မွသူ႔အ‌ေမကို အေၾကာင္းအရင္းမွန္ေတြကို သိခြင့္မေပးႏိုင္ပါ။ သူႏႈတ္ခမ္းကမဟုတ္ဘဲ အျခားသူပါးစပ္ကထြက္လာသည့္ စကားေတြကို မယုံၾကည္ခိုင္းရက္ပါေခ်။ ဒီကိစၥေတြကို သူကိုယ္တိုင္ဖြင့္ေျပာခ်င္သည္။ သူဟာ ပိုင္းလုံးမဟုတ္ပါဘူးလို႔ ၊လူတစ္ေယာက္ကို ခ်စ္မိယုံေလးတင္ဆိုတာ ၊အဲ့ဒီ့လူဟာ ေယာက္်ားတစ္ေယာက္ ျဖစ္ေနခဲ့တယ္ဆိုတာ ၊အရာအားလုံးကို မ်က္ကြယ္ျပဳၿပီး ထိုသူနဲ႔ပဲ ေရွ႕ဆက္ခ်င္ခဲ့တယ္ ဆိုတာေတြ၊ ဘယ္ေနရာကစၿပီး မွားယြင္းေနခဲ့တယ္ဆိုတာ မသိေသာ္ျငား သူဟာအေမျဖစ္သူကို လိမ္လည္ဖို႔ စိတ္ကူးနည္းနည္းေလးမွ မရွိခဲ့ဘူးဆိုတာ သူကိုယ္တိုင္သာ ေျပာျပခ်င္ပါသည္။

" ေဒၚသက္ထားေမ ေျဖေပးပါရွင္ "

" တိမ္ယံဆင့္က gayဆိုတာအစထဲက သိၿပီးသားလား။ သားျဖစ္သူက ပိုက္ဆံေၾကာင့္ ျပဒါးရံနဲ႔တြဲေနတယ္ဆိုၿပီး သတင္းလႊင့္ခဲ့တာလား "

" မဟုတ္ဘူး "

သူမဟာ ပတ္ပတ္လည္ဝိုင္းရံေနေသာ သတင္းေထာက္ေတြရဲ႕ တစ္ဖက္သတ္ဆန္ေသာ ေမးခြန္းမ်ားၾကား အူလည္လည္ျဖစ္‌ေနေလသည္။ သူမအေနျဖင့္ ဘာကိုမွမသိရွိထားျခင္းႏွင့္အညီ ေျပာေနသည့္စကားမ်ားကိုလည္း ဘာတစ္ခုမွနားမလည္ပါေခ်။ သားျဖစ္သူအား စြပ္စြဲေနသည့္စကားမ်ားကို တုန႔္ျပန္ေနရန္ " မဟုတ္ဘူး " ဟူေသာစကားကိုသာ လက္ကိုင္ဆင္ျမန္းထားရသည္။

မေန႔ကထိ အရာအားလုံးက ေအးခ်မ္းလ်က္သားပင္။ တရားစခန္းကျပန္ထြက္ခ်င္း အိမ္ထဲေတာင္မဝင္ရေသးခင္ သတင္းေထာက္ေတြက သူမသားမွာ အမွန္တစ္ကယ္ gay ျဖစ္ေနတာလားလို႔ ႐ုတ္တရက္ႀကီးေမးျမန္း လာခဲ့ၾကသည္။ တိုးႀကိတ္မရေအာင္ ႀကီးမားေသာ လူထုႀကီး၏အလယ္္ဗဟိုတြင္ ေဒၚသက္ထားေမ ရွိေနခဲ့သည္။ တစ္ေယာက္တစ္ေယာက္ႏွင့္ ညီညာျခင္းမရွိေသာ ေမးခြန္းေထာင္ေပါင္းမ်ားစြာအား နားႏွစ္ဖက္ကို လက္ျဖင့္အုပ္လ်က္ ေသြး႐ူးေသြးတန္း တုန႔္ျပန္ကာကြယ္ေနခဲ့သည္။

- " ဆင့္က အဲ့လိုကေလးမဟုတ္ဘူး "

- " သူကအရမ္းသိတတ္တာ ။ သူအဲ့လိုလုပ္မွာမဟုတ္ဘူး "

- " ေတာ္ၾကပါေတာ့..... ရွင္တို႔ေတာ္ၾကပါေတာ့။ ကြၽန္မသားကို ထပ္ၿပီးမစြပ္စြဲပါနဲ႔ေတာ့ "

- " သူကလူေကာင္းေလးပါ "

ေအာ္ဟစ္ေနခဲ့ေသာ္ျငား သတင္းေထာက္ေတြက ေဒၚသက္ထားေမကို ဓာတ္ပုံ ၊ video ေတြ ခြင္မျပဳပါဘဲႏွင့္ အတင္း႐ိုက္ယူေနၾကေလသည္။ နာက်င္မႈေၾကာင့္ မ်က္ရည္မ်ား စီးက်လာပါေသာ္လည္း သားျဖစ္သူကို အတတ္ႏိုင္ဆုံး ကာကြယ္ခ်င္ေပသည္။ မိန္းမေတြက ေပ်ာ့ညံ့တတ္တာ မွန္ခ်င္မွန္လိမ့္သည္။ ဒါေပမယ့္ အေမတစ္ေယာက္ကေတာ့ သင္တို႔ထင္ထားတာထက္ ပိုၿပီးသန္မာၾကသည္။ ဘယ္လိုအႏၲရာယ္ျဖစ္ျဖစ္ ေရွ႕ကႀကိဳၿပီးကာစီး ေပးခ်င္ၾကသည္။ ‌ဘယ္ေလာက္ခက္ခဲခက္ခဲ သူတို႔ၿပဳံးျပတတ္ၾကသည္။ နာက်င္မႈေတြနဲ႔ ျပည့္ႏွက္ေနပါေစ အဆင္ေျပပါတယ္ဟု သူတို႔လိမ္တတ္ၾကသည္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူဟာအေမတစ္ေယာက္ျဖစ္ေနလို႔ေလ။ သူတို႔ဟာ မိခင္ေတြမို႔ ကမာၻေပၚမွာ အသန္မာဆုံးမိန္းမေတြအျဖစ္ ဟန္ေဆာင္တတ္ၾကသည္။ ေဒၚသက္ထားေမလည္း ထို႔အတူပါပင္။ သူသည္လည္း တိမ္ယံဆင့္ကို အသက္ႏွင့္ရင္း၍ ကာကြယ္ခ်င္သည့္ မိခင္တစ္ေယာက္ပါေပ။

အားျပင္းလြန္းသည့္ လွည့္ကြက္မ်ားအတြက္ သူမ၏ႏွလုံးက ဒဏ္မခံႏိုင္ေတာ့ေပ။ အသက္ရႈၾကပ္လာခဲ့ၿပီး ႏွလုံးခုန္ႏႈန္းမ်ားမွာ ျမန္ဆန္လာရေတာ့သည္။ ရင္ဘတ္ကို လက္ႏွင့္တင္းတင္း ဆုပ္ကိုင္လိုက္ၿပီး ႏႈတ္ခမ္းမ်ားပါ ျပာလာခဲ့ကာ မ်က္ဝန္းတို႔မွာ ရီေဝလာခဲ့ေလသည္။ ေအးစက္ေနသည့္ ေရခဲပမာလက္မ်ားမွာေတာ့ ေသြးေၾကာမွ်င္မ်ား အထင္းသားေထာင္ေနခဲ့သည္။ ေနာက္ဆုံးေတာ့ ထိုအမ်ိဳးသမီးဟာလူၾကားထဲမွာပင္ ေျမျပင္ေပၚလဲက်သြားခဲ့သည္။ အသြင္သ႑ာန္မွာ ငွက္ေမႊးေလး ေလအေဝွ႔တြင္ လႊင့္ပါသြား သလိုပါပင္။

" အေမ ! "

တိမ္ယံဆင့္တစ္ေယာက္ ကားေပၚက ဆင္းဆင္းျခင္း ျမင္လိုက္ရသည့္ ျမင္ကြင္းမွာ သူ႔ဘဝကိုသြက္သြက္ခါေအာင္ ႐ူးသြားဖို႔လုံေလာက္‌ေစသည္။ လူၾကားထဲတြင္ လဲေလ်ာင္း‌ေနေသာ အေမျဖစ္သူကို တုန္ယင္စြာေခၚလိုက္ၿပီး အနားကိုအေျပးအလႊား ေလွ်ာက္သြားေလသည္။

" အေမ "

သူမခႏၶာကိုယ္ကို ရင္ခြင္ထဲေထြးေပြ႕ထားၿပီး တိမ္ယံဆင့္မွာ အဆက္မျပတ္ေခၚေန‌သည္။ မ်က္ဝန္းစပ္မွ စီးက်လာေသာ မ်က္ရည္မ်ားမွာလည္း တုန္ယင္ေနေသာ အသံတို႔ႏွင့္ ပႏွံသင့္ေနခဲ့သည္။ ဇြဲေကာင္းလွေသာ ဆင့္၏ ေခၚသံမ်ားၾကား သူမဟာလုံးဝ မတုန႔္ျပန္ခဲ့ေပ။ လက္ေလးတစ္ေခ်ာင္းေတာင္ လႈပ္ရွားလာခဲ့ျခင္းမရွိခဲ့သလို အသံတစ္ခုမွလည္း မျပဳခဲ့။ ႐ုတ္တရက္ဆင့္ေခါင္းထဲ အေတြးမွ်င္အခ်ိဳ႕ ဝင္ေရာက္လာျပန္သည္။ မဟုတ္မွလႊဲေရာ အေမဟာ ..... သူဆက္မစဥ္းစားရဲေတာ့ေပ။ ေဒၚသက္ထားေမ တစ္ေယာက္သာ သူ၏ခိုနားရာျဖစ္ေပသည္။ ေဒၚသက္ထားေမသာ ဒီေလာကထဲက ထြက္သြားမယ္ဆိုရင္ သူသည္လည္း အသက္ရွင္ဖို႔ လမ္းစမရွိေတာ့ေပ။

ေဆး႐ုံဆီ ဖုန္းဆက္အကူအညီေတာင္းေနေသာ ေလေျပရွင္းႏွင့္ အေမကိုဖက္တြယ္ထားေသာ ဆင့္တို႔ႏွစ္‌ေယာက္ တစ္စထက္တစ္စၿပိဳလဲလာၾကသည္။ ႏွစ္ေယာက္လုံး၏ မ်က္ႏွာထက္ရွိ မ်က္ရည္စီးေၾကာင္းမ်ားက အရႈံးဆိုေသာစာသားကို တံဆိတ္႐ိုက္ႏွိပ္ထားသည့္အလား

" ဘာျဖစ္လို႔လဲ..... ဘာလို႔လဲ...... ဘာလို႔ကြၽန္ေတာ့္ကို တစ္ခ်က္ေလးေတာင္ မၾကည့္ေတာ့တာလဲ.... အေမ "

အသံမွာစူးႏွစ္ေၾကကြဲမႈမ်ား အျပည့္ႏွင့္ အက္ရွပ်က္ဆီးေနခဲ့ေလၿပီ။

" အေမ..... အေမ.... အား..... မဟုတ္ဘူး။ ဒီလိုမျဖစ္ရဘူး.... "

" ဆင့္ စိတ္ထိန္းစမ္းပါ "

":ငါအရႈံးေပးတယ္.... ငါအရာအားလုံးအရႈံးေပးတယ္။ မင္းတို႔လိုခ်င္သလို ငါအကုန္လုပ္ေပးမယ္ ငါ့ကိုႀကိဳက္သလိုစီမံလိုရတယ္ "

အသံ‌ေတြျပာလာတဲ့ထိ ေအာ္ေနေသာ ဆင့္ကို သတင္း‌ေထာက္ေတြက စာနာမႈကင္းစြာ မလႈပ္မယွက္ၾကည့္ေနၾကသည္။ သူ႔တို႔စိတ္ထဲမွာေတာ့ ဆင့္ဟာ ႐ြံ႕စရာသတၱာဝါ‌တစ္ေကာင္ထက္ ပိုမေနခဲ့ေပ။

" သူမကိုျပန္ေခၚေပး.... သူ႔ကိုငါ့ဆီျပန္ေခၚလာေပး "

" တိမ္ယံဆင့္ ငါေျပာေနတာၾကားရဲ႕လား။ မင္းကပါ ဒီလိုျဖစ္ေနလို႔ မရဘူးေလ.....မင္းအသိစိတ္ကပ္ပါဦး "

မ်က္ဝန္းေတြမွာ နီရဲလာခဲ့ေပသည္။ အစပ်ိဳးလာတဲ့ အမုန္းတရားမ်ားေၾကာင့္လား ဒါမွမဟုတ္ ဆုံးရႈံးလိုက္ရတဲ့ အေမေၾကာင့္လား။ သူဟာထပ္ကာထပ္ကာ ငိုေႂကြးေနရင္း ျပႆနာ၏အစပ်ိဳးရာ ထိုသူ႔ကိုသတိရသြားခဲ့သည္။ တစစီစုတ္ၿဖဲခံေနရေသာ ႏွလုံးသားတစ္စုံမွာ ေသရာပါဒဏ္ရာေတြ အျပည့္ေနရာယူ‌ေနခဲ့ေလၿပီ။ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ထားေသာ ရွင္းကိုလည္း မျမင္ႏိုင္ေတာ့ေပ။ သူ႔ဆီမွာ အမုန္းတရားမ်ားသာ ေနရာယူေနခဲ့သည္။ အဲ့ဒီ့လူေၾကာင့္ပဲ... အဲ့ဒီ့လူေၾကာင့္ သူဒီလိုျဖစ္ရတာ။ သူ႔အေမခုလိုျဖစ္ရတာ အဲ့ဒီ့လူေၾကာင့္ပဲ

" ျပဒါးရံ.... ျပဒါးရံ.... "

" အား... အား "

ထိုလူရဲ႕နာမည္ကို အံႀကိတ္၍ ႐ြတ္ေနရင္း ထိန္းခ်ဳပ္ထားသမွ် ေဒါသတရားတို႔မွာ  ေပါက္ကြဲထြက္လာေပေတာ့သည္။ တိမ္ယံဆင့္တစ္ေယာက္ ေအာ္ဟစ္ရင္း ငိုေႂကြးေနခဲ့ျပန္သည္။ ပ်က္ဆီးေနေသာ သူ႔ပုံစံမွာ အရာအားလုံးကို မီးေလာင္တိုက္သြင္းၿပီး သူကိုယ္တိုင္ပါ အေလာင္ကြၽမ္းခံေတာ့မည့္ႏွယ္။ ပါးေပၚမွာမ်က္ရည္မ်ားက အဆက္မျပတ္ ေနရာယူေနဆဲျဖစ္ၿပီး သူ႔အသံမွာ အလြန္ဝမ္းနည္းဖြယ္ေကာင္းေနသည္။

" မုန္းတယ္.... မုန္းတယ္....ကြၽန္ေတာ္ခင္ဗ်ားကို ေသေလာက္ေအာင္မုန္းတယ္ ျပဒါးရံ။ "

ရွင္းမွာ သူ႔သူငယ္ခ်င္းကို လွမ္းဖက္လိုက္ၿပီး မ်က္ႏွာေပၚက မိမိမ်က္ရည္ေတြကို သုတ္ပစ္လိုက္ေသာ္လည္း ဆင့္မ်က္ႏွာဟာ သူ႔ပုခုံးေပၚမွီလ်က္ အဆက္မျပတ္ငိုေနခဲ့သည္။ ထိုအခါ တိမ္ယံဆင့္ဆီမွ မ်က္ရည္ပူမ်ားမွာ သူ႔ပခုံးေပၚစို႐ႊဲလာရေတာ့သည္။ ဆင့္၏ အသံမွာတစ္ဖန္ျပန္တိုးသြား‌ျပန္ေလသည္။  သူ႔လည္ေခ်ာင္းက အသံထြက္ဖို႔ရာေတာင္ မတတ္ႏိုင္ေတာ့ေသာေၾကာင့္ပင္ ျဖစ္သည္။ သို႔ေပမဲ့ သူဟာဆက္လက္ေအာ္ဟစ္ ေနဆဲပါပင္။

" အကုန္လုံးခင္ဗ်ားေၾကာင့္ပဲ....ခင္ဗ်ားပဲ။ ကြၽန္ေတာ့္အေပၚ ဘယ္လိုေတာင္လုပ္ရက္ရတာလဲ.....ဘာလို႔သူမကိုမွ ေ႐ြးေခၚသြားရတာလဲ "

" ဆင့္ .... လူနာတင္ကားလာၿပီ အသက္မွ်င္မွ်င္ေလးက်န္ေသးရင္ေတာင္ ငါတို႔လက္မေလွ်ာ့သင့္ဘူး "

ဝိညာည္လြင့္ေနသည့္ ခႏၶာကိုယ္အလြတ္တစ္ခုကဲ့သို႔ တိမ္ယံဆင့္မွာ အသိစိတ္ကင္းမဲ့ေနခဲ့ေလသည္။ ေဆး႐ုံကို ဘယ္လိုေရာက္လာလဲေတာင္ သူမမွတ္မိေတာ့ပါေခ်။ ယခုလက္ရွိတည္ရွိေနရာမွာ အေရးေပၚအခန္းေရွ႕တြင္ျဖစ္ၿပီး ေဘးတြင္ ပုံပ်က္ပန္းပ်က္ျဖစ္ေနေသာ ေလေျပရွင္းမွာ ‌ေခါင္းကိုငိုက္စိုက္ခ်လက္ ဆံပင္မ်ားၾကား သူ႔လက္ေခ်ာင္းဆယ္ျဖာကို ထိုးသြင္းထားသည္။ သူမတစ္ကယ္ေကာ အသက္ရွင္ႏိုင္ပါ့မလား။ သူမမွာအစထဲက ႏွလုံးေရာဂါရွိေနတာေလ။ အစထဲကသူမက စိတ္အထိခိုက္မခံႏိုင္တာ။

" မဟုတ္ဘူး သူမအသက္ရွင္ႏိုင္ပါတယ္။ ငါေတြ႕လိုက္တယ္ အေရးေပၚခန္းထဲ မဝင္ခင္တုန္းက သူမလက္ေခ်ာင္းလႈပ္သြားတာကို။ သူ႔ကိုဆြဲထားႏိုင္မွာပါ။ ငါဘယ္ေတာ့မွလက္မေလ်ာ့ဘူး။ "

မ်က္လုံးမ်ားက ကစဥ့္ကလ်ားျဖစ္ေနသည့္တိုင္ သူ႔ကိုယ္သူနည္းမ်ိဳးစုံျဖင့္ ႏွစ္သိမ့္ေနခဲ့သည္။ ႏွိပ္စက္ေနသည့္အေတြးေပါင္း ေျမာက္မ်ားစြာကို အံတုရင္း သူျပဒါးရံကို မုန္းသည္ထက္ပို႐ြံ လာသည္။ မ်က္လုံးတစ္စုံကို သူမမွိတ္ရဲေပ။ မဟုတ္လွ်င္တင္းခံထားေသာ မ်က္ရည္တို႔မွာ အတားအဆီးမဲ့စြာ စီးက်လာလိမ့္မည္ျဖစ္သည့္အတြက္ မ်က္ေတာင္ခတ္ဖို႔ရာေတာင္ သူ႔အတြက္မဝင့္မရဲမျဖစ္ေနရသည္။

10မိနစ္ၾကာၿပီးေနာက္,

ေလေျပရွင္းတစ္ေယာက္ ျပာယာခတ္ေနသည့္ပုံမွာ အလြန္ဆိုးဝါးလွေပသည္။ သူ႔ပါးစပ္႐ြတ္ေနေသာ နာမည္မွာ ထိုသူ႔ကိုကိုယ္စားျပဳသည့္ နာမ္တစ္ခုသာ။

" ဆင့္...... တိမ္ယံဆင့္..... မင္းဘယ္ေရာက္သြားတာလဲ။ မင္းဘာေတြေလွ်ာက္လုပ္ေနတာလဲ "

သူအသိစိတ္လြတ္ေနတဲ့ ခဏေလးအတြင္း တိမ္ယံဆင့္မွာ ဘယ္ေပ်ာက္သြားလဲ မသိေတာ့ပါေပ။ အျပင္ထြက္လွ်င္ စုတ္ၿဖဲဖို႔အသင့္ျဖစ္ေနသည့္ လူေတြၾကားမွာ ဆင့္တစ္ေယာက္ ဘယ္ေနေရာက္ေနလဲ သူမခန႔္မွန္းႏိုင္ေတာ့။ ႐ုတ္တရက္ဆိုသလို ေခါင္းထဲျဖစ္ႏိုင္ေခ်တစ္ခုက ဝင္ေရာက္လာသည္။

" မဟုတ္မွလြဲေရာ သူ႔ဆီကိုလား...? "

အေမျဖစ္သူရဲ႕ ရလဒ္ကိုမေစာင့္ႏိုင္ေတာ့တဲ့ထိ ဆင့္ ရဲ႕အသိစိတ္ကို ေဒါသတရားတို႔ ဖုံးလႊမ္းသြားေလၿပီ။

" မင္းေရာက္လာၿပီလား "

တံခါးမွဝင္လာေသာသူကို ေက်ာေပးလ်က္အေနအထားျဖင့္ ျပဒါးရံဟာ ေအးစက္စက္ဆိုလိုက္သည္။

" ငါမင္းကို ေစာင့္‌ေနတာ...... တိမ္ယံဆင့္ "

ေနာက္ဆုံးေတာ့ ကိုယ္ကိုလွည့္လ်က္ ျပဒါးရံဟာ ဆင့္နဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ သူစစျမင္လိုက္ရျခင္း နည္းနည္းေတာ့တုန္လႈပ္သြားခဲ့သည္။ ျဖဴေဖ်ာ့ေနေသာ ႏႈတ္ခမ္းတို႔မွာ ျပဒါးရံ၏ေသြးတို႔ကို အဆုံးမရွိခမ္းေျခာက္ေစၿပီး အသက္မဲ့ေနသည့္အၾကည့္စူးစူးတို႔ႏွင့္ ရင္ဆိုင္ရခ်ိန္တြင္ သူဟာထိုလူသားကို ေထြးေပြ႕ထားခ်င္မိသည္။ ခံစားရသမွ်ကိုႏွစ္သိမ့္ေပးရင္း ပါးျပင္ထက္က မ်က္ရည္တို႔ကိုသုတ္ေပးခ်င္မိသည္။

" ဘာလို႔လဲ..... ဘာျဖစ္လို႔လဲ...ဘာလို႔ကြၽန္ေတာ့္အေပၚ  ဒီလိုလုပ္ရတာလဲ ျပဒါးရံ "

ျပဒါးရံ၏ အက်ႌေကာ္လံစကို ဆြဲကိုင္ရင္း ဆင့္ ျပင္းျပင္းထန္ထန္ ေအာ္ဟစ္လိုက္သည္။

" ........ "

တိတ္ဆိတ္ေနေသာ ျပဒါးရံကိုၾကည့္ရင္း တိမ္ယံဆင့္မွာ ပိုေဒါသထြက္လာရေတာ့သည္။

" ေျဖေလ.....ခင္ဗ်ားမွာ ပါးစပ္မပါဘူးလား "

တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ခံထားရေသာ အက်ႌမွာတိမ္ယံဆင့္လက္ထဲ တြန္႔ေၾကလူးလြန႔္ေနၿပီျဖစ္သည္။ ထိုလက္ဖ်ားမ်ား၏ တုန္ယင္ေနမႈကို ျပဒါးရံသိသိသာသာခံစားေနရ‌ေသာ္လည္း သူကဘာမ်ားလုပ္ေပးႏိုင္မည္တဲ့လဲ။ ယခုခ်ိန္မွာ သူကိုယ္တိုင္ေတာင္ စိတ္တိုင္းက် လုပ္လို႔မရတဲ့ အသုံးမက်တဲ့ဘဝမို႔လား။   အကာကြယ္ေပးခ်င္ဆုံး ခ်စ္သူကိုေတာင္ ဒဏ္ရာေတြပဲခဏခဏေပးမိေနတာ သူကအမွန္တကယ္ကို အသုံးမက်တဲ့လူတစ္ေယာက္ေပ။ လုံးဝသုံးစားမရတဲ့ လူတစ္ေယာက္။

" ျပဒါးရံ !! "

" ေျပာစရာလိုေသးလို႔လား "

" ဘာ ! "

" အေၾကာင္းျပခ်က္ဆိုတာမရွိဘူး.... အစထဲကမင္းကို အႏိုင္လိုခ်င္လို႔ လွည့္စားခဲ့တာ သက္သက္ပဲ "

" ခြပ္ ! "

တိမ္ယံဆင့္မွာ ေဒါသထြက္လြန္းသျဖင့္ အညႇာအတာကင္းေသာစကားတို႔ကိုဆိုေနသည့္ ျပဒါးရံကို လက္သီးႏွင့္ထိုးလိုက္သည္။ သို႔ေသာ္ တုန႔္ျပန္လာသည့္ျပဒါးရံ၏ အမူအယာက ဆင့္ ကိုပိုလို႔ ေဒါသထြက္ျခင္းႏွင့္ ဝမ္းနည္းပူေဆြးျခင္းကို တစ္ၿပိဳင္နက္ခံစားရေစသည္ ။

" အဲ့တာအရမ္းညံ့ၿပီး အယုံလြယ္ေနတဲ့မင္းေၾကာင့္ေလ။ ငါ့အျပစ္လို႔ေတာ့ လာမေျပာနဲ႔ေနာ္ တုံးအ‌ေနတဲ့ မင္းကိုလည္းအျပစ္တင္ဦး "

" ခင္ဗ်ားကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး   "

" ဟား....ဟား...ဟား ငါအခုအရမ္းေပ်ာ္တယ္ မင္းငိုေနတာကိုျမင္ရတာ ငါ့ဘဝမွာအေပ်ာ္ဆုံးပဲ "

လက္ကိုက်စ္က်စ္ပါေအာင္ ဆုပ္ၿပီး သံသရာတစ္ေလွ်ာက္လုံး တိမ္ယံဆင့္ မုန္းသြားမည့္ စကားတို႔ကိုသူဆိုေနခဲ့သည္။ စိတ္ထဲကမပါေသာ္လည္း ျပဒါးရံ၏ သြင္ျပင္တို႔မွာ တိမ္ယံဆင့္ထက္ပင္ သ‌႐ုပ္ေဆာင္ပိုေကာင္းေနခဲ့သည္။ သူဟာအလြန္သ႐ုပ္ေဆာင္ ေကာင္းလြန္းလွေပသည္  နာက်င္ေနတဲ့ႏွလုံးသားကို ထပ္ကာထပ္ကာ ဒဏ္ရာေတြေပးရတာ သူက်င့္သားရေနဟန္တူသည္။ တိမ္ယံဆင့္နဲ႔ထပ္တူ သူသည္လည္း ရပ္တည္ႏိုင္စြမ္း ကင္းမဲ့ေနပါေသာ္လည္း ဆင့္ကဲ့သို႔ သူငိုေႂကြးခြင့္ မရွိေပ။ သူ႔လို မေကာင္းမႈေတြနဲ႔ျပည့္ေနတဲ့လူသားက လြတ္လြတ္လပ္လပ္ မ်က္ရည္က်ခြင့္ ရွိပါ့ဦးမတဲ့လား။ ဒါေၾကာင့္ သူဟာအရာအားလုံးကို ဟားတိုက္ရယ္ေမာေနလိုက္ေတာ့သည္။

႐ုတ္တရက္ တိမ္ယံဆင့္မွာ သည္းခံႏိုင္စြမ္းတို႔ ကုန္ဆုံးသြားဟန္တူပါသည္။ သူ႔ကိုအရွိန္ျပင္းသည့္ လက္သီးမ်ားျဖင့္ မရပ္မနား ထိုးႏွက္ေနခဲ့သည္။

" ခင္ဗ်ားကို ခ်စ္မိတာကြၽန္ေတာ့္အမွားေတြပဲ။ ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး "

" ဟား....ဟား... ဟား "

တိမ္ယံဆင့္၏ ႐ိုက္ႏွက္မႈမ်ားၾကား ျပဒါးရံဟာ အ႐ူးတစ္ေယာက္လို ရယ္ေမာေနခဲ့သည္။ နာက်င္မႈတစိုးတစိမွေတာင္ မခံစားရပဲ သူ႔ရဲ႕အေျခအေနကိုသာ ေလွာင္ေျပာင္ဟားတိုက္ ေနခဲ့ေလသည္။ ထိုသူဟာ အဆက္မျပတ္ထိုးေနခဲ့သလို သူဟာလည္း အဆက္မျပတ္ရယ္ေနခဲ့သည္။ ႏႈတ္ခမ္းေထာင့္မွ ေသြးတို႔စီးက်လာသည္အထိ

" တီ.... တီ.... တီ "

ခ်ိန္႐ြယ္ေနေသာ လက္တစ္ဖက္သည္ ျပဒါးရံမ်က္ႏွာေပၚမက်ေရာက္ခင္ ဖုန္းသံ၏တားဆီးျခင္းခံလိုက္ရသည္။ မ်က္ႏွာေပၚကမ်က္ရည္တို႔ကို သုတ္လိုက္ၿပီး ဖုန္းကိုေကာက္ကိုင္လိုက္ေလသည္။ အမွန္တကယ္တြင္ ထိုဖုန္းမွာျမည္ေနခဲ့သည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္သည္။

" ဆင့္.... မင္းသူ႔ဆီမွာလား "

တထစ္ခ်ေျပာလာေသာ ေလေျပရွင္း၏ စကားသံ

" ........ "

သူဘာမွေတာ့ ျပန္မေျဖျဖစ္ခဲ့ေပ။အသက္ကို မနဲလုရႈေနရေသာေၾကာင့္ ျဖစ္ႏိုင္ေလသည္။ သူ႔လက္ေခ်ာင္းမ်ားကလည္း အဆမတန္ကို နာက်င္လြန္းလွသည္။

" ဘာပဲျဖစ္ျဖစ္ ငါေျပာတာကို ေသခ်ာနားေထာင္ ဆင့္။ အရမ္းစိတ္မလႈပ္ရွားနဲ႔..... မဟုတ္ဘူး....စိတ္လိုက္မာန္ပါမလုပ္နဲ႔ "

ေလေျပရွင္းဟာ ထိုစကားကိုေျပာရန္ အေတာ္အရွိန္ယူေနပုံရေလသည္။ ရွင္းရဲ႕ သက္ျပင္းခ်သံသဲ့သဲ့ကို ဖုန္းထဲကတဆင့္ၾကားလိုက္ရၿပီး သူထပ္မံနားစြင့္ေနခဲ့သည္။

" အန္တီထား ဆုံးသြားၿပီ။ အခုေလးတင္ ဆရာဝန္ေတြအတည္ျပဳလိုက္တာ။ မင္း... မင္း... အျမန္ျပန္လာခဲ့ပါလား။ အန္တီထားကို ႏႈတ္ဆက္ရေအာင္ "

" ဘာ.... ရွင္း... မဟုတ္ဘူးမလား။ ငါ့ကိုမေနာက္ပါနဲ႔ ငါအခု ရယ္ခ်င္စိတ္မရွိဘူး။ ငါ့မွာ အေမပဲရွိေတာ့တာ မဟုတ္ဘူးမလား မျဖစ္ႏိုင္ဘူး "

ဆင့္တစ္ေယာက္ အျပင္းအထန္ငိုေႂကြးေနခဲ့ၿပီး အလဲလဲအၿပိဳၿပိဳ ျဖစ္ေနခဲ့သည္။ အေမျဖစ္သူအစား သူသာေသသြားလိုက္ခ်င္ပါသည္။ စို႔နစ္ေနသည့္ခံစားခ်က္‌ေၾကာင့္ အသက္ရႈပင္ မဝခ်င္ေတာ့ေပ။ ရင္ဘတ္တစ္ခုလုံးက နာက်င္မႈမ်ားသာ ႀကီးစိုးေနသည့္အတြက္ သူဟာ မခံမရပ္ႏိုင္ေအာင္ ေအာ္ဟစ္လိုက္သည္။

" အား..... ငါဘာအျပစ္မ်ားလုပ္ထားမိလို႔ ငါ့အေပၚဒီေလာက္ရက္စက္ရတာလဲ ။ ငါ... ငါပဲ ေသသြားလိုက္ခ်င္တယ္။ ဘာလို႔ငါ့ကိုက် ေခၚမသြားၾကတာလဲ "

႐ူးသြပ္ေလာက္ေအာင္ ဆင့္ ငိုေနခဲ့ေသာ္လည္း ျပဒါးရံဘာမွ မလုပ္ေပးႏိုင္ခဲ့ေပ။ အၿမဲကာကြယ္ေပးမယ္ဟူေသာ ေျပာေနက်စကားတစ္ခြန္းက အခုေတာ့ ဟာသတစ္ခုအျဖစ္ ကူးေျပာင္းသြားေလခဲ့ၿပီ။ မထိန္းခ်ဳပ္ႏိုင္ေသာ စိတ္ခြန္အားတို႔ေၾကာင့္ လက္ကိုဆန႔္တန္း၍ တသိမ့္သိမ့္တုန္ယင္ေနေသာ တိမ္ယံဆင့္ကို သူႏွစ္သိမ့္ေပးခ်င္ခဲ့ပါသည္။ ဒါ‌ေပမယ့္ သူလိုလူက တိမ္ယံဆင့္ရဲ႕ အသားကိုထိဖို႔ထိုက္တန္ရဲ႕လား။ သူလိုညစ္ပတ္ၿပီး မသတီစရာေကာင္းတဲ့ လူတစ္ေယာက္က တိမ္ယံဆင့္လို ျမင့္ျမတ္တဲ့လူတစ္ေယာက္ကို စိတ္ကူးနဲ႔ေတာင္ ဖမ္းဆြဲထားဖို႔ မထိုက္တန္ေပ။လက္ျပန္႐ုတ္လိုက္ၿပီး အလ်င္စလို ဆင့္ ထြက္သြားတာကို  ေသြးေအးစြာ သူရပ္ၾကည့္ေနခဲ့မိသည္။

ဆင့္အေမ ဆုံးသြားၿပီတဲ့လား ။ အခုဆို ဆင့္အနားမွာ ဘယ္သူမွ မရွိႏိုင္ေတာ့ဘူးပဲ။ လူတိုင္းက အျပစ္တင္ရႈံ႕ခ်ေနခ်ိန္မွာ ေအးခ်မ္းသည့္ ခိုနားရာေလးကလည္း သူ႔ကိုအၿပီးပိုင္စြန႔္ပစ္သြားခဲ့‌ၿပီ။ ျပဒါးရံတစ္ေယာက္ အ႐ုပ္ႀကိဳးျပတ္ထိုင္ခ်လိုက္ၿပီး သူ႔ကိုယ္သူအျပစ္တင္ ႀကိမ္းေမာင္းကာ ထုႏွက္ေနမိေတာ့သည္။

" ငါ့အျပစ္ေတြပဲ..... ငါ့ေၾကာင့္ပဲ ။ အားလုံး ငါ့ေၾကာင့္ဒီလိုျဖစ္ရတာ တရားခံကငါကိုယ္တိုင္ပဲ။ "

ရႈိက္သံမ်ားက အခန္းအတြင္း ဩဇာအျပည့္ လႊမ္းမိုးေနခဲ့ေလသည္။

" ကိုယ္ေတာင္းပန္ပါတယ္ ဆင့္ရယ္။ ကိုယ့္ကို ဘယ္ေတာ့မွခြင့္မလႊတ္ပါနဲ႔ ကိုယ္က ဆင့္ရဲ႕ ခြင့္လႊတ္မႈေတြနဲ႔ မထိုက္တန္တဲ့ လူတစ္ေယာက္ပဲ။ "

နားထဲ ဖန္တစ္ရာထပ္ေအာင္ ၾကားေယာင္ေနသည္မွာ ေလေျပရွင္းေျပာတဲ့

" အန္တီထား ဆုံးသြားၿပီ ဆင့္ "

" မဟုတ္ဘူး.... မဟုတ္ဘူး "

ျပင္းျပင္းထန္ထန္ ေအာ္ဟစ္လိုက္ၿပီး ကားေမာင္းေနရင္းႏွင့္ပင္ သူေပါက္ကြဲပစ္လိုက္သည္။ သူ႔အတြက္ ေဆး႐ုံကိုျပန္တဲ့လမ္းေတြက ပင္ပန္းေလးလံလြန္းလွသည္။ ဟိုေရာက္လွ်င္ အသက္မဲ့‌ေနသည့္ သူ႔အေမ ခႏၶာကို သူရင္မဆိုင္ရဲေပ။ အၿမဲကာကြယ္ေပးမယ္ေျပာေနေသာလူက သူ႔ကိုဦးစြာ သစၥာေဖာက္သြားၿပီး အရမ္းခ်စ္လွပါတဲ့ သူအေမက သက္ဆုံးတိုင္ ထားသြားခဲ့ၿပီျဖစ္သည္။ မ်က္ရည္မ်ားက တစ္ဖန္ျပန္လည္ စီးက်လာျပန္ပါသည္။ ငိုရလြန္းလို႔ မ်က္လုံးမ်ားမွာ တေစၥတစ္ေကာင္လို နီရဲလ်က္ ေသြးေၾကာမွ်င္မ်ား ေထာင္ေနခဲ့သည္။ အံ့ဩဖို႔ေကာင္းလြန္းေပသည္။ တစ္ေန႔လုံးငိုေနတာေတာင္ သူ႔မ်က္ရည္ေတြက မကုန္ႏိုင္ေတာ့ဘူးပဲ။

ကားေမာင္းေနေသာ္လည္း ဆင့္ထံတြင္ အသိစိတ္တို႔ကပ္မေနေတာ့ေပ။ ေၾကကြဲစို႔ႏွစ္ဖြယ္ျမင္ကြင္းမ်ားသာ ထပ္ခါတလဲလဲ ျမင္ေယာင္ေနခဲ့သည္။ ဆင့္၏ မ်က္ဝန္းတစ္စုံမွာ မ်က္ရည္မ်ားအျပည့္ေနရာယူေနသည့္အတြက္ အ‌ေရွ႕ကိုေတာင္သဲသဲကြဲကြဲ မျမင္ရေတာ့ေခ်။ ရက္စက္သည့္ ကံၾကမၼာက ဆင့္ အတြက္ တစ္ဖန္ျပန္လာေလသည္။ သူေမာင္းေနသည့္ ကားေရွ႕တည့္တည့္တြင္ ကားတစ္စီးက မ်က္ႏွာခ်င္းဆိုင္ ဝင္ေရာက္လာခဲ့ၿပီး တိမ္ယံဆင့္ ေမာင္းႏွင္လာေသာကားကို ေလေပၚေျမာက္တက္သြားသည္အထိ အရွိန္ကုန္ဝင္တိုက္လိုက္ေလသည္။

သူဟာေရွာင္ရန္ အခ်ိန္မရလိုက္ခင္မွာတင္ အရာအားလုံးက ျဖစ္ပ်က္သြားေလၿပီ။ ေျမျပင္ေပၚျပန္က်လာေသာ္လည္း သူ႔ကားဟာ သုံးေလးပါတ္လွိမ့္သြားသည္ကိုေတာ့ မွတ္မိေသးသည္။ ေခါင္းေပၚမွ စီးက်လာေသာ ခြၽဲပ်စ္ပ်စ္အရည္ေတြကို ခံစားေနရၿပီး ညႇီနံ႔အခ်ိဳ႕က သူ႔ေခါင္းကိုအလြန္အမင္း မူးေဝေစသည္။ အျမင္အာ႐ုံကိုေတာ့ သူခန႔္မွန္းလို႔မရေပ။ အရာအားလုံးေဝဝါးေနခဲ့ၿပီး ဘာကိုမွသဲသဲကြဲကြဲ မျမင္ရေတာ့ေခ်။ ရွိသမွ်အား အလုံးစုံကို ထုတ္သုံးၿပီးလႈပ္ရွားလိုက္ေသာ္လည္း တစ္လက္မေလးေတာင္ ေ႐ြ႕မသြားေခ်။ အတိုင္းအဆမဲ့သည့္ နာက်င္မႈမ်ားသာ စီးနင္းဝင္ေရာက္လာၿပီး ဆင့္ကို ဒုကၡေပးေနခဲ့သည္။

" ဘာေတြျဖစ္ေနတာလဲ "

သူေျပာလိုက္သည္မွာ ေသခ်ာေသာ္လည္း အျပင္သို႔အသံထြက္မလာခဲ့ေပ။ အခုလိုလမ္းမွာ အခ်ိန္ကုန္ေနလို႔ မျဖစ္ဘူး။ သူေဆး႐ုံကို အေရာက္ျပန္သြားရမည္ မဟုတ္ပါလား။ သူ႔အေမကို သူႏႈတ္ဆက္ခ်င္ေသးတယ္ ေနာက္ဆုံးအေနနဲ႔ သူမ မ်က္ႏွာကို ၾကည့္သြားခ်င္ေသးတယ္ ေက်းဇူးျပဳၿပီး ဒီလိုမ်ိဳးအဆုံးမသတ္သြားပါနဲ႔လား။ သူစိတ္ရင္းနဲ႔ေတာင္းဆိုမိတာပါ။

တျဖည္းျဖည္းႏွင့္ အျမင္အာ႐ုံက အေမွာင္ဖုံးလာၿပီး လုံးဝအနက္ေရာင္အျဖစ္သို႔ ကူးေျပာင္းသြားခဲ့သည္။ မ်က္လုံးေထာင့္မွ မ်က္ရည္တစ္စက္ စီးက်လာခဲ့ေသာ္လည္း ရဲရဲနီေနသည့္ ေသြးစီးေၾကာင္းတစ္ခုသာ ျဖစ္ေနခဲ့ေလသည္။ ထိုမ်က္ရည္ျဖဴမ်ားသည္ ေသြးတို႔ႏွင့္ ေပါင္းစည္းသြားသလားေတာ့ မသိေတာ့ေပ

" ေနာက္ဆုံးေတာ့ ငါအေမနဲ႔ သြားေတြ႕ႏိုင္ေတာ့မွာပါလား "

______________________________

Note/

ဒီေန႔ 6 လပိုင္း 25 ရက္ေန႔က ကြၽန္ေတာ့္ေမြးေန႔မလို႔ အျမန္ၿပီးေအာင္ေရးေနေပမယ့္လည္း နည္းနည္းေနာက္က်သြားတယ္။ ကိုယ့္ဘာသာျပန္ဖတ္ၿပီးလည္း ေလာင္ေနတာ အရမ္းပဲ😂😂။ အပိုင္းကေတာ့ နည္းနည္းေလးတိုသြားပါတယ္။

Continue Reading

You'll Also Like

565K 35.8K 63
Unicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်က...
174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...
292K 22.9K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။