"ထယ်ကိုဒီရက်ထဲ သိပ်မတွေ့ဘူးနော်၊အဲ့ကလေး ဘယ်တွေများ ရောက်နေလဲ"
"အခု အချိန်တော့ သူ့အိမ်မှာ ရှိမယ်ထင်တယ် "
"ဟုတ်လား ဆိုင်လည်းမလာတာ ကြာနေပြီ၊
နေတွေ ဘာတွေကော ကောင်းရဲ့လား မသိဘူး"
"အင်း ကောင်းမှာပါ"
သူအသံဟာတိုးတိုးလေးပါပဲ။မကောင်းတတ်လို့
အဖြေတစ်ခုပေးလိုက်ရတဲ့ ပုံစံဆိုတာ
ကျွန်တော် ရိပ်စားမိပါတယ်။
ထယ် ပျောက်နေခဲ့တာ ၁ပတ်ကျော်နေခဲ့ပြီ။
ဒါပေမယ့် ချက်ချင်းထုတ်မမေးဖြစ်ဘူး။
တစ်ရက်လောက်ဆိုင်ရောက်မလာတာနဲ့
ကျွန်တော်တို့အားလုံးပျင်းကျန်ခဲ့ရတယ်
ဆိုရင်တောင်သူ့မှာလည်း
သူ့အကြောင်းတရားနဲ့သူရှိနိုင်တာပါပဲ။
" ညီ "
"ဟုတ်ကဲ့ ပြောလေ "
"သူငယ်ချင်းတွေ ရန် ဖြစ်ထားကြသေးလား"
သူ့မျက်လုံးတွေမှာ အံဩရိပ်တွေ ဖြတ်ပြေးသွားတယ်။ကျွန်တော် ဘယ်လိုများသိနေလဲ
ဆိုတဲ့ မေးခွန်းကို အဲ့ဒီမျက်ဝန်းတွေက
တစ်ဆင့် အကဲခတ်လို့ ရခဲ့ပါတယ်။
ခပ်တင်းတင်းစေ့ ပိတ်ထားတက်တဲ့
ဖြူဖျော့ဖျော့နှုတ်ခမ်းတွေလည်း လှုပ်ခတ်သွား
တယ်လို့ထင်တာပါပဲ။
"ရန်ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး အစ်ကိုရယ်၊
နည်းနည်း အချေအတင်ဖြစ်သွားတာ။
တကယ်တော့ ညီလွန်တာပါ၊ထယ်မမှားပါဘူး"
ညီဟာ မချိ ပြုံးတစ်ခုကို ဆင်မြန်းထားတယ်။
ဝမ်းနည်းနေတယ်လို့ အမြင်မခံချင်တဲ့
သူ့စိတ်ကို အဲ့ဒီအပြုံးက လုံခြုံအောင်
ဖုံးဖိမပေးနိုင်ခဲ့ဘူး။
ဒါကြောင့် နှစ်သိမ့်စရာစကားလုံးတွေကို
ဦးနှောက်ထဲ မြန်မြန်ဆန်ဆန်စီကုံးလိုက်ရပါတယ်။
"ဟုတ်ပါပြီ၊ဘာအကြောင်းအရာနဲ့ ကတောက်ကဆ
ဖြစ်ကြသလဲ မသိပေမယ့် ကိုယ်က
အကြီးပဲ လေ၊လျော့သင့်တာ လျော့ပေးပြီး
သင့်မြတ်အောင်နေပေါ့ "
"လျော့ပါတယ် ၊တောင်းလည်းတောင်းပန်ခဲ့တယ်။
သူကစိတ်ဆိုးခဲတယ်အစ်ကို၊ တစ်ခုခုကို စိတ်ခုသွားရင်လည်း တမြေ့မြေ့နဲ့ ခံစားနေတက်တဲ့သူမျိုးလေ "
"အဆင်ပြေမှာပါ၊ အစ်ကိုက
ညစာကျွေးချင်တာမို့ ညီ ထယ့်ကို
ခေါ်လာပေးမလား၊အစ်ကိုပါ ကူချော့ပေးမယ်လေ "
"အင်းပါ ညီကြိုးစားကြည့်မယ် "
"Jungkook လည်း ညကျအစ်ကိုတို့ဆီလာမယ် လို့ပြောတယ်။
လေးယောက် အတူတူ ထမင်းစားပြီး
ညကျ လမ်းလျှောက်ကြမလား ညီ "
"ကောင်းသားပဲ ညီလည်း ဆေးဝယ်စရာရှိတယ်၊
လမ်းလျှောက်ရင်းနဲ့ တစ်ခါတည်းဝယ်လိုက်မယ်"
"ဆေးက အပြင်မှာ ဝယ်သောက်မလို့လား ၊
ဆေးခန်းမသွားတော့ဘူးလား"
"မသွားတော့ဘူးအစ်ကို၊ဒီအတိုင်း
အပြင်မှာ ဝယ်သောက်လို့ရတယ် ဆေးကအတူတူပဲ၊ဆရာဝန်ဆီသွားရင်
ဆူလို့ မပြီးနိုင်ဘူး။နားတွေ ငြီးတယ်"
သူဟာ အဲ့ဒီလိုကို ပေါက်တီးပေါက်ရှာ
သိပ်နိုင်တာ။ ဆေးကုပေးတဲ့ဆရာဝန်ကို
တောင် သူက တစ်ဖန်ပြန်ပြီး
စိတ်မရှည်နေဘူးတဲ့လေ။
***
" Hyungရေ ကျွန်တော်လာတယ် "
ထယ်ဟာ ဒီရပ်ဝန်းရဲ့ ဆည်းလည်းလေးမို့လားမသိ၊
သူမရှိတာနဲ့ ရယ်မောသံတိတ်ဆိတ်သွားတာ
သိသိသာသာပဲ။
သူရောက်လာပြန်တော့လည်း
ကြားလိုက်ရတဲ့ အသံလေးဟာစီကနဲ။
"ပျောက် သွားလိုက်တာ တမေ့ပါပဲလား
ထယ်ရယ် ၊လာလာ Hyung အဆင်
သင့်ပြင်ထားတယ် ၊ညစာစားမယ် "
"စားရမှာပေါ့ ၊ကျွန်တော်က
Hyung လက်ရာကို လွမ်းနေတာ ဗျ "
မီးဖိုခန်းထဲ ဝင်လာပြီး ညီဖျော်ထားပေးတဲ့စတော်ဘယ်ရီဖျော်ရည်ကို
သောက်ရင်း ထယ်ပုံစံကပြုံးပြုံးရွှင်ရွှင်ပါပဲ။
"ထယ် မင်းစားချင်စားနှင့် နော်၊ငါ
ဂျောင်ကု အင်္ကျီဝယ် မယ်ဆိုလို့
လိုက်သွားလိုက်ဦးမယ် ခဏပဲ "
"ဘယ်သူကမင်းနဲ့ခေါ်လို့ စကားတွေ
လာပြောနေတာလဲ "
"အေးပါ "
ထင်တာသာမမှားဘူးဆိုရင်ညီတစ်ယောက် ထယ်
မသိအောင် ကြိတ်ရယ်နေလိမ့်မယ်။မျက်လုံးတွေ မှိတ်မသွားရင်တောင်နှုတ်ခမ်းထောင့်လေးတွေ တွန့်ကွေးသွားပါလိမ့်မယ်။ခဏနေတော့ ဆိုင်ထဲကနေ Jungkook နဲ့အတူတူထွက်သွားခဲ့ပါတယ်။
ထမင်းစားခန်းမှာ ထယ်က
ကျွန်တော့်ကိုဝင်ကူပါတယ်။
"စားတော့မလား ထယ် "
"သူတို့ကို စောင့်လိုက်မယ်လေ "
"ဒါနဲ့ အဆင်ပြေနေရဲ့လား၊ရောက်မလာတာ
ကြာတော့ Hyung စိတ်ပူနေတာ "
"ပြေပါတယ် Hyung ...ကျွန်တော်လည်း
ပြန်ရတော့မို့ ကိစ္စဝိစ္ဇ လေးတွေများမြောင်နေတာ၊
အဲ့ဒါနဲ့ပဲဒီဘက်ကို ရောက်မလာဖြစ်တာ "
တစ်လောကလုံးဟာ ကျွန်တော့်အာရုံထဲ
လည်သွားတဲ့ အတိုင်းပါပဲ။ဒီလိုဆို
လက်လွတ်ပေးလိုက်ရဖို့ သိပ်မလိုတော့ဘူးပဲ။
ခွဲခွာရမှာကိုသိထားတယ်၊စိတ်ကိုလည်းပြင်ဆင်သင့်သလောက်ပြင်ဆင်ထားတယ်ဆိုပေမယ့်
ဟင်းထည့်နေတဲ့ ကျွန်တော့်လက်တွေ
ဆက်ကနဲ တုန်ရီသွားပါတယ်။
"ထယ်တောင်ပြန်ရတော့မှာလား "
"ဟုတ်ကဲ့ ပြန်ရတော့မှာ၊ဟိုက အလုပ်ကိစ္စ
တွေကိုလည်း ပစ်ထားမိတာ
ကြာနေပြီဆိုတော့ သိပ်မကြာခင်ပြန်ဖြစ်မှာ၊
တစ်ခါတည်း ကျွန်တော့ အစ်ကိုကိုလည်း
Hyung ဆီအပ်ပါတယ်။ကျွန်တော် စိတ်ချခဲ့ပါ့မယ်"
ပထမစကားတစ်ခွန်းမှာ ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ်ဆိုရင်
ဒုတိယစကားတစ်ခွန်းမှာတော့
လူကော စိတ်ကော ထုံကျဉ်သွားခဲ့ရပါတယ်။
"Hyung ဆီ အပ်ပါတယ်၊ကျွန်တော် စိတ်ချခဲ့ပါမယ်"ဆိုတဲ့စကားကို နားထဲမှာအထပ်အထပ်အခါခါတစ်ခေါက်ပြီး
တစ်ခေါက်ကြားနေရသလိုပါပဲ။
စိတ်ထဲက မေးခွန်တွေ အပြင်ကို
တော်တော်နဲ့ ထွက်ကျမလာဘူး။
အသံအိုး ဟာ
ပီပီသသ အလုပ်မလုပ်နိုင်သေးပါဘူး။
"Hyung ဒီဟင်းတွေ ကော ချလိုက်ရမလား "
"အင်းအင်း ထယ် ချလိုက်၊ဒါနဲ့ ညီက
ထယ်နဲ့ အတူ လိုက်သွားဖို့ မဟုတ်ဘူးလား"
အဲ့ဒီအချိန် ထယ့်မျက်နှာမှာ
ဘယ်တုန်းကမှ မမြင်ဖူးတဲ့ သရုပ်တစ်ခုကို
ရိုးတိုးရိပ်တိတ်မြင်လိုက်ရတယ်။ဒါပေမယ့်
ခဏတာလေးပါပဲ။
ပျော်ပျော်နေတက်တဲ့ မျက်နှာဖုံးဟာလှစ်ကနဲ ကွာကျမလို ဖြစ်ပြီးမှ ပြန်လိုက်ထိန်းတယ်နဲ့တူပါတယ်။
"အစကတော့ သူပါလိုက်ခဲ့မလို့ပဲ၊အားလုံးစီစဉ်ပြီးကာမှ မလိုက်ချင်တော့ဘူးတဲ့လေ။ကျွန်တော်ကတော့ သူဘယ်နေရာနေနေပါ၊သူပျော်မယ်
ဆို ရင်ပြီးတာပဲ၊
ကျွန်တော်သူ့ကိုပျော်စေချင်တယ်"
"ကာကွယ်စရာမလိုလောက်အောင်
ကြံ့ခိုင်သန်မာတဲ့
ကောင်လေးဆိုပေမယ့်
ငယ်ငယ်လေးထဲက သူ့ရဲ့ကောင်းခြင်း
ဆိုးခြင်းတွေအားလုံးကို အလွတ်ရလာခဲ့တော့
သူတွယ်တာမိတဲ့ ဘယ်သူကမဆို
သူ့ကို အလေးအနက်ထားပေးရင်ကောင်းမယ် ၊သူ့ကို ပျော်ရွှင်အောင်
လုပ်ပေးနိုင်ရင်ကောင်းမှာပဲ Hyung ရယ်"
ထယ့်စကားကို ခပ်ဖျော့ဖျော့အပြုံးတစ်ချက်နဲ့
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ပါတယ်။နောက်ပြီး
ကျွန်တော်တို့ နှစ်ယောက်ကြား မှာကြက်သီး
ထဖို့ကောင်းလောက်တဲ့အထိ ဆိတ်ငြိမ်သွားတယ်။
တကယ်တော့ဆိတ်ငြိမ်မူ့ဆိုတာ အကျယ်လောင်ဆုံးသော နာကျင်ခြင်းတွေပဲ ဖြစ်ပါလိမ့်မယ်။
ထယ် စိတ်ချလက်ချထားရစ်ခဲ့တဲ့အရပ်၊ ညီရဲ့
ပျော်ပိုက်ခြင်းတွေ တည်ရှိရာအရပ်ဟာ
ချောက်ကမ်းပါးတစ်ခုလိုပါပဲ။သိပ်ကို အန္တာရယ်များတယ်။
ထယ့်စကားတွေ က ကျွန်တော့
နားထင်ကို သေနတ်တစ်လက်နဲ့ ချိန်ထားသလိုပဲ။ ဦးနှောက် အတွင်းပိုင်းဆီကျည်ဆံ ဝင်ရောက်လာဖို့
သိပ်မလိုတော့တဲ့ အတိုင်းပဲ။
သတ်မိန့် ကျလာမှာကို စောင့်နေရတဲ့
အပြစ်သားတစ်သားယောက်ရဲ့ခံစားချက်ဟာအခုလက်ရှိ ကျွန်တော့အဖြစ်နဲ့
ခပ်ဆင်ဆင်တူနိုင်ပါတယ်။
ထယ်ကတော့ သဘောရိုးနဲ့ ရင်ဖွင့်တာပါ။
ကျွန်တော့်မှာသာအပြစ်လုပ်ထားတဲ့သူမို့
ကိုယ်စိတ်နဲ့ကိုယ် မလုံမခြုံ ဖြစ်နေရတာ။
အကယ်၍ များ ညီ့ကို မပျော်စေနိုင်ခဲ့ရင်
ဘယ်လိုလုပ်မလဲ။
မပျော်စေတဲ့ အပြင် ခံစားထိခိုက်ရအောင်
လုပ်မိရင်ကော ဘယ်လိုလုပ်ကြမလဲ။
ထယ် ကျွန်တော့်ကို ခွင့်လွှတ်ပါ့မလာ။ကျွန်တော့်ကိုယ် ကျွန်တော်ကော ခွင်လွှတ်နိုင်ပါ့မလား။
အမှန်ဆိုညီ့ရွေးချယ်မူ့ကြီးက စွန့်စားလွန်းရာ
ကျတယ်။မိုက်မဲလွန်းရာလည်းကျခဲ့ပါတယ်။
တစ်ချိန်တည်းမှာသူတို့နှစ်ယောက် ရန်ဖြစ်စကားများကြတဲ့ကိစ္စဟာထယ်ခေါ်ရာနောက်ကို
ညီပြန်မလိုက်ဖြစ်တာနဲ့များ
သက်ဆိုင်နေမလားလို့
ဆက်စပ်တွေးမိသွားပြန်တယ်။
အရှေ့ဘက်ဆီက တံခါးဖွင့်သံကြားလိုက်တာ
တောင် အတွေးတွေက ဆက်ပြီးလွင့်မျောနေတုန်းပဲ။
လူက ပစ္စုပ္ပန်နဲ့ ခဏတာ အဆက်ပြတ်နေခဲ့တယ်။
"သူတို့ ပြန်လာနေပြီ Hyung ကျွန်တော်တို့
စားဖို့လုပ်ရအောင် "
"ကောင်းပြီထယ် "
ထယ့်ဆီကသတိပေးသံကြားတော့မှ အသိနဲ့သတိကိုပြန်ကပ်ပြီး
ပုံမှန်တိုင်း ဟန်မပျက်နေဖို့ ကြိုးစားလိုက်ရပါတယ်။ဒီညရဲ့ထမင်းဝိုင်းဟာ
ဘာနဲ့မှ လဲလို့မရတဲ့ မိသားစုအနှစ်သာရပါပဲ။
ထမင်း စားပြီး လမ်းလျှောက်ထွက်ကြတော့
ထယ်နဲ့ ဂျောင်ကု က ဦးဆောင်ပြီး
ရယ်စရာတွေပြောတယ်။
ကျွန်တော်နဲ့ ညီလည်း ထပ်တူလိုက်ရယ်ပါတယ်။
ထယ့်အပြုံးတွေရဲ့ နောက်မှာခန့်မှန်းမရတဲ့ အရိပ်အငွေ့တစ်ချို့ရှိနေတယ်။ဒီအခြေအနေမှာရယ်ရသည်ဖြစ်စေ၊ မရယ်ရဘူးဖြစ်စေ
ကျိန်းသေ ရယ်ကိုရယ်မှ ဖြစ်မယ်လို့
တရားသေ လိုက်နာနေရသလိုမျိုးပဲ။
ထယ့်သရုပ်မှန်ဟာဘာများလဲ။
ဘာလို့များ ခြုံလွှာ ပါးပါးတစ်ချပ်ရှိနေတယ်
လို့ ကျွန်တော့ မသိစိတ်မှာ သေချာနေရတာလဲ။
"ချစ်စရာလေး အား အသည်းယားလိုက်တာ"
ဖြတ်သွားဖြတ်လာကလေးတစ်ယောက်ကို လှမ်းကျီစယ်နေတဲ့ထယ်ဟာကလေးမြင်ရင် မစမနောက်ဘဲ မနေနိုင်ပါဘူး။
ဆိုင်မှာကလေးလေးတွေများတစ်ခုခုလာဝယ်ပြီဆိုရင် အမြဲလိုလို ချော့မြူတတ်တယ်။
သိသိမသိသိ
မုန့်တွေလည်း ဝယ်ကျွေးတတ်ပါတယ်။
"Hyung အဲ့လောက်ကလေး ချစ်ရင်
မိန်းမယူပြီး ကလေးမွေးလိုက်၊ဒါမှ
ကျွန်တော် လည်း ဦးလေးမြန်မြန်ဖြစ်မှာ"
"Hyungက ကလေးပဲ ချစ်တာ မိန်းမ
တော့မယူချင်သေးဘူး၊ တစ်ခုတော့
ရှိတယ် ၊မိန်းမယူပြီး ချက်ချင်း
ကလေးပါရမယ်ဆိုရင်တော့ ယူမယ်လေ"
"အဲ့ဒါဆိုလည်း ကိုယ်ဝန်ဆောင်တစ်ယောက်ကိုယူလိုက်လေ ၊
Hyung လည်းသိပ်မစောင့်ရတော့ဘူးပေါ့ "
"အေးနော် အငယ်ပြောတာလည်း ဟုတ်သား၊
ဒါပေမယ့် Hyung က မိန်းမကော
ကလေးကော မယူဖြစ်လောက်ပါဘူး"
"ဟင် ဘာလို့ "
ညီ့မျက်လုံးတွေ ညိုးကျသွားတယ်။
ထယ်ဟာဂျောင်ကုနဲ့အတူတူ ဘေးချင်းယှဉ်လျှောက်နေရင်းနောက်ဖက်မှာ ရှိတဲ့ ကျွန်တော်တို့ ဆီစောင်းငဲ့ကြည့်တယ်။နောက်တော့
"Hyung ကို ကြိုက်နေတဲ့
ကောင်မလေးတွေ အသည်းကွဲကုန်ပါ့မယ်"တဲ့
"ကြီးကြီးကျယ်ကျယ် စကားတွေ Hyung ရယ်"
"အောင်မာ မင်း မယုံရင် ဂျီမင်းကို
မေးကြည့်လိုက် ၊Hyungကို သဘောကျတဲ့
မိန်းကလေးတွေ ဆိုတာ ရေတွက်လို့တောင်မရဘူး"
"ဘယ်ရေတွက်လို့ ရမှာလဲ ရှိမှ မရှိတာပဲ "
"ဟာဒီကလေးကတော့ "
တစ်ယောက်တစ်ပြန် စကားနိုင်လုနေတုန်းမှာပဲ
ဆေးဆိုင် တစ်ဆိုင်ရှေ့ရောက်တော့
ညီဟာ ခြေလှမ်းတွေ ကိုရပ်တန့်လိုက်တယ်။
"ဆေးဝင်ဝယ် ဦးမယ် နော်"
ဆိုင်ထဲ ဝင်ဝင်ချင်းရေကြီးသုတ်ပျာနဲ့ထွက်လာတဲ့ မိန်းကလေးတစ်ယောက်က
ညိ့ပခုံးကို ဝင်တိုက်မိလိုက်တယ်။
"ရရဲ့လား "
"ဟုတ်ရပါတယ် ကျွန်မတောင်းပန်ပါတယ်"
ဆေးဆိုင်ထဲကထွက်လာတဲ့ အမျိုးသမီးဟာ
အခြားသူမဟုတ်ခဲ့ဘူး။
ကျွန်တော်တို့ အိမ်ရဲ့ ဆိုလေးဖြစ်နေခဲ့တယ်။
မျက်နှာတစ်ခုလုံးဖြူစုတ်နေတာကြောင့်
စိုးထိတ်မူ့က ကျွန်တော့စိတ်မှာ ပြင်းပြင်းထန်ထန်ပါပဲ။
"ဆိုလေး "
"ကိုကို "
"ဒီကို ဘာလာလုပ်တာလဲ၊နေမကောင်းဘူးလားဟင်၊မျက်နှာက ဘာလို့ ချောင်ကျနေတာလဲ "
"ကောင်းပါတယ် ကိုကို၊ဆိုလေးခေါင်းတွေ
အရမ်းကိုက်လို့ ဆေးလာဝယ်တာ၊
စာမေးပွဲက မကြာခင်ဖြေရမှာမို့လေ"
"တစ်ယောက်ထဲ ညကြီးမင်းကြီးလာရလား
ဆိုလေးရာ "
"အဆောင်က ဒီနားတင်ပဲဟာ ရပါတယ်"
"ဒါကိုကို့ အသိမိတ်ဆွေတွေလေ၊ဒါက ဂျီမင်း၊ဒါထယ်ယောင်း၊ဒါကဂျောင်ကုတဲ့ "
"ဟုတ်ကဲ့ ကိုကို"
"ကိုယ့်ညီမလေးပါ "မင်ဆိုရာ" လို့ခေါ်တယ် "
ဆိုလေးကော ညီတို့ သုံးယောက်လုံးဟာ
အပြန်အလှန်ပြုံးပြလိုက်ကြပါတယ်။
"အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်၊ကိုကို
ဆိုလေး အဆောင်ပြန်ဖို့
နောက်ကျနေပြီမို့ သွားပြီနော်"
"ကိုကိုလိုက်ပို့ပေးမယ် "
"ရတယ် ဒီကနေတောင် မြင်နေရတာပဲ ၊သွားပြီရှင့်
ကျွန်မကို ခွင့်ပြုကြပါဦး "
တစ်ယောက်ကို တစ်ယောက် အသိမှတ်ပြု
ခေါင်းငြိမ့်ပြီး ဆိုလေးဟာ
အလျင်စလို နှုတ်ဆက်ထွက်ခွာသွားတယ်။
"Jin Hyung က လျိုလိုက်တာ ဒီလို
ချောချောလှလှ ညီမလေးရှိတာကို
အခုမှပဲ မိတ်ဆက်ပေးတော့တယ် တကယ်ပါပဲ၊
ဘာလဲ Hyungက
ယောက်ဖလို့ အခေါ်ခံရမှာစိုးလို့လား "
"ထယ် လျှောက်မစနဲ့ "
ထယ်က အဖြူထည် အရိုးခံမို့
ဘာစိတ်မှ မရှိဘဲ အချင်းချင်း
ပြောမနာဆိုမနာ စကားပြောလိုက်မှန်း
ကျွန်တော်သိပြီးသားပါ။
အဲ့ဒါကြောင့်လည်း ရယ်ရုံပဲ ရယ်နေခဲ့တာ။
ဒါပေမယ့် ညီရဲ့ တားမြစ်သံကြောင့်
ထယ် မျက်လုံးလေးတွေ ဟာ ဝိုင်းကနဲ။
"ဘာဖြစ်လို့လဲ စတာ ၊Hyung တောင်
ဘာမှ မပြောတဲ့ ကိစ္စ"
"စကားကို လွှတ်ကနဲ လွှတ်ကနဲ မပြောနဲ့
ထယ်၊ အဲ့ဒါ အစ်ကို နဲ့ လက်ထပ်မဲ့
မိန်းကလေး လေ ၊စတိုင်းကောင်းပါ့မလား"
ကျွန်တော် သိထားတဲ့ ထယ်ဆိုရင်
အားတုံ့ အားနာနဲ့
တောင်းပန်စကားတွေ တရစပ်ဆိုပြီး
တစ်ဖက်လူ အူယားမတက်
ခွင့်လွှတ်ဖို့ ပြောမဲ့ကလေးမျိုးပါ။
ဒါပေမယ့် ထယ့်မှာ အားတုံ့အားနာ
အပြုအမူ မျိုးတွေ မရှိဘူး။
မေးရိုးတွေ တင်းခနဲ ဖြစ်သွားတယ်။
ကျွန်တော်နဲ့ ညီ့ကို တစ်လှည့်စီ ကြည့်ပြီး
"သိမှ မသိတာတဲ့"။
ဆေးဝယ်ပြီး ပြန်လာတော့ ဂျောင်ကုကို
အိမ်ပြန်လိုက်ပို့ဖြစ်တယ်။
နောက်ပြီး ကျွန်တော့ ဆိုင်ကိုရောက်တယ်။
ညီဟာ ထယ်နဲ့ ပြန်လိုက်သွားပြီးအဲ့ဒီညက ကျွန်တော်တစ်ယောက်ထဲ ကျန်ရစ်ခဲ့တယ်။
နောက်တစ်နေ့ ရောက်တော့ ထုံးစံအတိုင်း
သူတို့အားလုံးပြန်ရောက်လာတယ်။
တနင်္ဂနွေမို့ ဆိုင်ကို နေ့တစ်ဝက်ပိတ်ပြီး
ကလေးတွေ ကို steak လုပ်ကျွေးမယ်လို့
ကတိပေးလိုက်တယ်။
ကျောင်းသားလေးနဲ့ထယ် ကလိုအပ်တဲ့ပစ္စည်းတွေသွားဝယ်တာမို့ ကျွန်တော်ရယ်သူရယ်ပဲ
နောက်ဖေးခန်းမှာ ရှိနေတယ်။သူဟာ
ကျွန်တော့ခါးတွေကိုသူ့လက်နဲ့ တင်းအောင် ဖက်ထားပြီးကျောပြင်ကိုပါ
သူ့မျက်နှာနဲ့ အပ်ထားလေရဲ့။
"ကိုယ် အလုပ်လုပ်ရဦးမယ်လေ ညီ"
"လုပ်လေ ညီနှောက်ယှက်မိလို့လား"
"နှောက်ယှက်တယ်လည်းမဟုတ်ဘူးပေါ့ ဒါပေမယ့်"
"အာ့ "
ဗိုက်ကို ကိုင်ထားပြီး ကြမ်းပြင်ပေါ်
သူလဲကျသွားတယ်။
ကျွန်တော့် လက်ထဲက ကြွေပန်းကန်ပြားလေး
ဟာ ခွမ်းကနဲ တစ်စစီဖြစ်သွားတော့တယ်။
"ညီ ဘာဖြစ်တာလဲ "
"ညီ သတိထားလေ ဘာဖြစ်တာလဲလို့ "
ထိတ်လန့်လွန်းလို့ ကျွန်တော့ ခြေတွေလက်တွေ
အေးစက်နေခဲ့ပြီ။အဲ့ဒီအချိန်သူကတော့
ခေါင်းကို ငုံ့ပြီး ရယ်နေခဲ့တယ်။
ဒါဘယ်လိုတောင် အဓိပ္ပါယ်မဲ့တာမျိုးလဲ။
"အစ်ကို က ညီ့ကို စိတ်ပူတတ်သားပဲ "
"ညီ့ မင်း အစ်ကို့ကို နောက်လိုက်တာလား
ဟုတ်လား "
"ဘယ်လောက်ချစ်လဲ သိချင်လို့ပါ"
"ကိုယ်ဘယ်လောက်စိတ်ပူပြီး ဘယ်လောက်ကြောက်သွားလဲ မင်းသိလား၊
မင်းလုပ်ရက်လိုက်တာ"
"စိတ်မဆိုးပါနဲ့ ဗျာ ညီထပ်ပြီးတောင်းပန်တယ်
ဟုတ်ပြီလား၊ ဗိုက်ကတော့ တကယ်နာတာပါ"
"ကိုယ် ဘာလုပ်ပေးရမလဲ "
"နမ်းပေး "
"ပေါက်ကရတွေ မပြောဘဲ နားနားနေနေ
သွားနေတော့ "
"တကယ်ပြောနေတာ၊ ဝေဒနာတွေ
ကုန်စင်သွားအောင် နမ်းပေးပါလား၊
ဘာကို မှ မခံစားရအောင်၊အရာအားလုံးကို
မေ့ပျောက်သွားရအောင် "
သူ့အလိုကိုမှ မလိုက်ရင် ဒီနေ့အတွက်steak လုပ်ဖြစ်ဖို့ ရာလမ်းမမြင်ပါဘူး။သူဆိုးတယ် လို့ များပြောရင်
ဘယ်သူကမှ ကျွန်တော့စကားကို
ယုံကြလိမ့်မယ်လို့လည်းမထင်တော့ပါဘူး။
သက်ပြင်းအရှည်ကြီးတစ်ချက်ကို
လေးလေးပင်ပင်ချလိုက်မိတယ်။
လေပူတွေထဲမှာ ရှုပ်ထွေးမွန်းကြပ်ခြင်းတွေ
ပါသွားရင်သိပ်ကောင်းလိမ့်မယ်။
နှုတ်ခမ်းထူထူပြည့်ပြည့်လေးကို
ဖြေးဖြေးဖွဖွလေး ထိပေးပြီး ခွာမလို့ ရှိသေး
"Jimina ဝိုင်ကော သောက်ချင်သေးလား" တဲ့
ထယ်ဟာ ပြောပြောဆိုဆို မီးဖိုခန်း
ထဲ ရောက်လာခဲ့တယ်။
ဒီမြင်ကွင်းကို ထယ် အံဩသွားမလားလို့
ကျွန်တော် တွေးပူမိပေမယ့်
ထယ့်ပုံစံ က အံ့ဩရမှာထက်
အားနာရိပ်တွေသာ ထင်ဟပ်နေတယ်။
"ထယ် "
"အင်းအင်း
ငါ အဆင်ပြေတာတစ်ခုခုဝယ်လိုက်မယ်"
မီးဖိုခန်းထဲက ထွက်သွားတဲ့ ထယ့်နောက်ကို
ညီဟာ ပြေးလိုက်သွားတယ်။
ဆိုင်ခန်းထဲက စကားသံတွေမီးဖိုခန်းဆီပျံ့နှံ
နေပါတယ်။
"နေဦး ထယ် "
"အေးပြော ဘာမှာဦးမလဲ "
"မင်းငါ့ ကို မေးစရာ တစ်ခုခု ရှိမနေဘူးလား"
"ဘာကိုလဲ "
"ငါနဲ့ အစ်ကို့အကြောင်းဖြစ်ဖြစ်"
" မင်းဘက်က သိစေချင်မှတော့ ငါ့ကို အစကတည်းက ပြောထားမှာပေါ့"
"ငါတမင် မပြောခဲ့တာမဟုတ်ပါဘူး"
"အင်းပါ ငါနားလည်တယ် "
"ထယ် "
"ဂျောင်ကု စောင့်နေတော့မယ် ငါသွားပြီ "
ညီဟာ မီးဖိုခန်းထဲ ပြန်ဝင်မလာခဲ့ဘူး။လှေကား
ခြေရင်းမှာ ငုပ်တုတ်လေးထိုင်ရင်း
မျက်နှာကို လက်ဖဝါးနဲ့ အုပ်ကိုင်ထားတယ်။
လက်ချောင်းထိပ်ဖျားတွေက
ရှေ့ဆံပင်တွေထဲမှာနစ်ဝင်နေခဲ့ပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း ညီ့ဆီ
မသွားဖြစ်ဘူး။တကယ်ကမသွားရဲတာ။
ထယ့်နောက်လိုက်မသွားတော့ဘူးလား
လို့ မေးဖို့တောင်
ကျွန်တော့်မှာ ဝေခွဲရခက်နေတုန်းပါ။
ကျွန်တော် တကယ်ပဲ ဘာဆက်လုပ်ရမှန်း
မသိဘူး။ကျွန်တော်ဘာလုပ်သင့်လဲ။
ဘယ်အရာက အားလုံးအတွက်
အထိခိုက် အနည်းဆုံးသော ဆုံးဖြတ်ချက်မျိုး
ဖြစ်နိုင်မလဲ။
နှလုံးသား ခေါ်ဆောင်ရာ နောက်ကောက်ကောက်
ပါအောင် လိုက်ခဲ့ဖို့ဆိုရင်
ဆိုလေး ကို လွှတ်ချခဲ့မှရ လိမ့်မယ်။
အနှီးထုတ်ကလေးမှာ ထဲက ချီပိုးထိန်းကျောင်း ခဲ့ရတဲ့ ကလေးကို ကိုကို လက်မထပ်နိုင်တော့ ပါဘူးလို့ ဘယ်ကဘယ်လို စပြောရပါ့မလဲ။
လက်ရေးဝိုင်းဝိုင်းလေးတွေ ရေးတက်ဖို့
ရင်ခွင်ထဲ ထည့်ပြီး
လက်ရေးလှသင်ပေးခဲ့ရတဲ့ မိန်းကလေး။
ပထမဆုံး စကားစပြောတုန်းက
သူများကလေးတွေလို
ဖေဖေ၊မေမေ ရယ် လို့ မပြောဘဲ
ကိုကို လို့ စခေါ်ခဲ့တဲ့ ညီမငယ်လေး။
အဲ့ဒီကလေးကို တစ်ဘဝလုံးစောင့်ရှောက်ပါ့မယ်လို့ကတိတွေပေးထားပြီးသား၊
အချိန်တန်ရင် လက်ထပ်ကြမှာလို့
တစ်မြို့လုံး သိထားပြီးသား၊
တဖက်မှာလည်း ညီက ကျွန်တော့ အတွက်
အရာရာစွန့်လွှတ်ထားခဲ့ရတာ။
ဘယ်လောက်ထိလဲဆိုရင်
သူ သိပ်ချစ်ပါတယ်ဆိုတဲ့ ထယ့်ကိုတောင်မှလေ။
ညီ့ကိုထားခဲ့ဖို့ ဆိုတာ ထယ့်အတွက်
မလွယ်ကူမှန်း ကျွန်တော်သိတယ်။
သူ့နေရာနဲ့သူတော့ အားလုံးဇာတ်နာနေကြတာလည်းကျွန်တော် သဘောပေါက်ထားတယ်။
ညီနဲ့ ထယ့်ကြားထဲက ချစ်ခြင်းမေတ္တာကို
ဘာရယ်ပါ လို့ ခေါင်းစဉ်မတပ်ချင်ပါဘူး။
ထယ်ဟာညီ့ ကို သွေးသားလေးလို၊အစ်ကိုတစ်
ယောက်လို သူငယ်ချင်းလို ကုန်ကုန်ပြောရရင် ချစ်လို့ရသမျှ
နည်းလမ်းအကုန်လုံးနဲ့ချစ်မဲ့သူမျိုးပါ။
ညီက မျက်ရည်မလွယ်တတ်ပေမယ့် ရင်ထဲမှာကြိတ်ကမ္ဘာပျက်တတ်တဲ့သူမို့ ညီ့မျက်နှာကို
တရိပ်တကြည့်ကြည့်
ဂရုစိုက်ပေးတတ်တဲ့ထယ်ရှိမှဖြစ်မှာ။
ဒါကိုတွေးမိလို့ မျက်ရည်တစ်ချက်ကျတိုင်း
ဝဲဘက်ရင်အုံမှာ အဆိပ်လူးမြား
တစ်ချောင်းစိုက်ခံရသလို နာကျင်ရတယ်။
တကယ်ပဲ အခိုးအငွေ့လေးတောင် မကျန်
ဘဲ ပျောက်ကွယ်သွားချင်မိတော့တာပါပဲ။
ညီဟာ ကျွန်တော့်ဆီ ဖြေးဖြေးချင်း
ထလျောက်လာခဲ့တယ်။
ကျွန်တော့ကို ရီဝေဝေငေးကြည့်ပြီး
စကားတစ်ခွန်းဆိုတယ်။
"မင်ဆိုရာ က မိန်းမချောလေးပဲနော်၊
အစ်ကိုတို့ကိုမောင်နှမအရင်းလို့ပြောရင်
ယုံကြမှာ၊သူတောင်
အဲ့ဒီလောက်ချောရင်သူ့မိဘတွေလည်း သေချာပေါက်ချောကြမှာပဲ"
မေးခွန်းတစ်ခုလို့ ယူဆရတဲ့ သူ့စကားက
ဖြစ်နေတဲ့ ပြဿနာနဲ့တော့ ဘာမှစပ်ဆက်မနေပါဘူး။ဒါပေမဲ့သူသိချင်နေမယ် ထင်တာကြောင့်
ချက်ချင်းပဲ ဖြေဆိုပေးလိုက်ပါတယ်။
"အင်း ချောပါတယ် ၊ ဒါပေမယ့်
ဆုံးပါးသွားခဲ့ကြတာကြာပြီ "
"ဒါဆို ညီ့လို မိဘမဲ့ပဲပေါ့ "
"ဟုတ်တယ် ညီ၊ နယ်မှာ ကိုယ်တို့ နေနေတဲ့
အိမ် က သူ့မိဘတွေရဲ့ အိမ်လေ၊
ကိုယ့်မိဘတွေက
သူ့မိဘတွေဆီ အလုပ်လုပ်ခဲ့ရတာ"
"ဪ "
သူ့ရဲ့"ဪ " ပြီးပြီးရော" ဪ" လိုက်တာ
မျိုးမဟုတ်ဘဲအခုမှ သိတဲ့ အကြောင်းအရာတစ်ခုအပေါ် အလေးအနက်
စကားတုံ့ပြန်ပေးတာမျိုးပါ။
"သူတို့မိသားစုက
အစ်ကိုတို့ကို သူ့အလုပ်သမားလို့တောင်
မသတ်မှတ်ခဲ့ပါဘူး။မိသားစုဝင်
တွေ လိုဖေးမပေးခဲ့ကြတာ"
လက်ဖဝါးတွေမှာ ချွေးစေတွေ ပျံလာပြီး
ဘာရယ်ကြောင့်မှန်းမသိ
စကားပြောဖို့ ခက်ခဲလာတယ်။
အဲ့ဒါကြောင့် ခဏလေး နားလိုက်ရပါတယ်။
"အဲ့ဒီကနေ ဘယ်လိုလုပ်ပြီး အစ်ကိုတို့
လက်ထပ်ဖို့ ဖြစ်သွားခဲ့ကြတာလဲဟင်"
မေးပြီးကာမှ သူ့စကားက
ဘောင်ကျွံသွားသလားဆိုတဲ့
အဖြေကို ကျွန်တော့ မျက်နှာမှာ
လိုက်ရှာနေတယ် ထင်ပါရဲ့။
သူ့မျက်တောင်လေးတွေ ဖြေးဖြေး
လှုတ်ခတ်သွားတယ်။
"ဆိုလေးမှာ ကိုယ်နဲ့ သက်တူ
ရွယ်တူ အစ်ကိုတစ်ယောက်ရှိဖူးတယ်၊
ဒါပေမယ့် ဉာဏ်ရည်မမှီရှာဘူး။
အစ်ကို ကြွက်တက်ပြီး ရေနစ်မလိုဖြစ်နေတာ
ကို သူကိုယ်တိုင်ရေမကူးတက်ဘဲ
ပြေးဆင်းလာရင်း"
ထပ်ပြီးတော့ လည်ချောင်းနေရာက
ဆိုးဆိုးဝါးဝါးနာကျင်လာပြန်ပါတယ်။
အသံအိုးဟာ တစ်ခုခုနဲ့ ထုရိုက်ပြီး
အခွဲခံနေသလိုပါပဲ။
ဖြေးဖြေးချင်း အားယူပြီးတော့မှ
နောက်ဆက်တွဲစကားတစ်ခွန်းကို
တိုးတိုးလေးပြောနိုင်ခဲ့ပါတယ်။
"သူ အဲ့ဒီမှာပဲ ရေနစ်ပြီး ဆုံးသွားခဲ့ရတယ်"
ပြောနေရင်း ကျွန်တော့်တစ်ကိုယ်လုံး
အေးလာသလို ခံစားလိုက်ရတယ်။
တကယ်တော့အဲ့ဒီ အတိတ်ဟာ
နှလုံးသားထဲမှာ ပိတ်သိမ်းထားတဲ့
အလွန်အမင်းအားနာရခြင်းတွေပါပဲ။
"ဆိုလေးမေမေဆိုရင် ဆိုလေးကိုမွေးပြီးကာစပဲ
ရှိသေးတယ်၊အစ်ကို့ကြောင့်ဖြစ်ရမှန်း သူတို့မသိကြဘူး။သူတို့အားလုံးက ဒီအတိုင်သွေးရိုးသားရိုးရေနစ်သေဆုံးသွားတယ်ပဲသိထားကြတာ"
တစ်ဘဝလုံး မက်ခဲ့ရတဲ့ အိမ်မက်ဆိုး
တွေအတွက် ဘယ်တုန်းကမှ
လိပ်ပြာလုံလုံမနေနိုင်ခဲ့ဘူး။
အသက်ရှင်ဖြစ်တည်လာတဲ့
တစ်လျောက်လုံး
ကိုယ့်ကိုကိုယ် လူသတ်ကောင် လို့
အသိတရားရှိရှိခံယူထားခဲ့ပါတယ်။
"သတင်းကြားကြားချင်း သူ့အဖေလည်း
နှလုံးရပ်ပြီးဆုံးသွားခဲ့ရတယ်။ဒါပေမဲ့
အဖြစ်အပျက်တွေကမြန်ဆန်လွန်းလို့ အစ်ကို့မှာ ဝန်ခံတောင်းပန်ဖို့တောင် အချိန်မရခဲ့ဘူး၊
အဲ့ဒီတုန်းက အစ်ကိုယောကျာ်းမပီသခဲ့ဘူး"
ကလေးတွေပုံပြင်နားထောင်သလို
စိတ်ဝင်တစား ရှိနေတဲ့
သူ့အပြုအမူလေးကို
လူမော၊စိတ်မော ဖြစ်ရင်းကြားက
အချစ်ပိုခဲ့ရပါတယ်။ညီက သိပ်ချစ်
စရာကောင်းတဲ့ ယောကျာ်းသားပါပဲ။
"ဆိုလေး မေမေက အစ်ကိုနဲ့ အစ်ကို့မေမေ လက်ကိုသေချာဆုပ်ကိုင်ပြီး ဆိုလေးကို
စောင့်ရှောက်ပေးဖို့နဲ့ ဆိုလေး အရွယ်ရောက်လာရင်လက်ထပ်ဖို့ တစ်ခါတည်းမှာသွားခဲ့တာ၊သူတို့ပိုင်ဆိုင်သမျှကို အစ်ကို့မိဘတွေဆီလွှဲပေးပြီးသိပ်မကြာဘူး၊ ဆိုလေး လသားအရွယ်တောင်မရောက်ခင်
သားစိတ်၊ယောက်ျားစိတ်နဲ့ ဆုံးသွားခဲ့ရတာ"
ညီ့မျက်လုံးကလေးတွေမှာ သူ့အငုံ့စိတ်ရဲ့
အရောင်ကလေးတွေ ရိပ်ကနဲ။
လူပေါင်းများစွာ အသက်ဆုံးခဲ့ရတဲ့
ဒီဖြစ်ရပ်နဲ့ ပက်သက်ပြီး တော်တော်ကို
စိတ်မကောင်းဖြစ်သွားပုံရပါတယ်။
"အစ်ကိုဘာလို့ ညီ့ကို လက်မခံခဲ့ရသလဲဆိုတာ
ညီ တဖြေးဖြေး နားလည်လာသလိုပဲ "
ဖြစ်ရပ်ကတစ်ခုတည်းဆိုပေမဲ့
စတေးလိုက်ရတာ အသက်သုံးချောင်း။
လူမမယ်အရွယ်လေးမှာတင်
မိမဲ့၊ဖမဲ့ ဖြစ်ခဲ့ရတဲ့ မိန်းကလေး။
အဲ့ဒီအရာတွေကို ပြန်ပေးဆပ်ဖို့
ဘာမှကိုမတက်နိုင်ခဲ့ဘူး။
ကတိတစ်လုံးကို စောင့်တည်ထိန်းသိမ်းရုံအပြင်
ဘာတစ်ခုမှ ပြန်ပြင်ဆင်လို့မရခဲ့ဘူး။
"အစ်ကို အခု ပိတ်မိနေပြီ ၊ ကိုယ့်ကိုကိုယ်
လည်း မုန်းနေမိပြီ၊
သိမ်ငယ်လာတယ်၊ရှက်လည်းရှက်မိတယ်၊
အပြစ်မကင်းဘူး၊အသုံးမကျဘူးလို့ခံစားနေရတယ်။ ကိုယ်တကယ်ကိုမောနေပြီ ညီရယ် "
စကားဆုံးတော့ သူ ကျွန်တော့ကို ပွေ့ဖက်ထားတယ်။ အဲ့ဒီရင်ခွင်သေးသေးလေးဟာ
လွတ်မြောက်ငြိမ်းချမ်းရာနေရာတစ်ခုပါပဲ။
"သတ္တိမရှိခဲ့တာတွေ အတွက် တောင်းပန်ပါတယ်။
ကိုယ့် ကိုမုန်းနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် မကောင်းမှန်းလည်း သိပါတယ်။
ညီ အစ်ကို့ကို ခွင့်မလွှတ်ပါနဲ့ "
"မဟုတ်တာဘဲ အစ်ကိုရယ်၊အစ်ကိုတားနေတဲ့
ကြားက ရှေ့ကိုဇွတ်တိုးမိတာ ညီပါ။အစ်ကို
လျှောက်ရမဲ့ လမ်းကို တည့်တည့်သာ
လျှောက်ပါ။ညီ့အတွက်မတွေးပါနဲ့ ညီ
အဆင်ပြေတယ် "
"မညာပါနဲ့ အဆင်ပြေတယ်ဆိုတာ ဘယ်လို
နည်းနဲ့မှမဖြစ်တာဘဲ"
"ညီပြောပြမယ်၊ညီတို့ ရှေ့ကို ကြိုမတွေးဘဲ
လက်ရှိကိုပဲ အကောင်းဆုံး နေချင်တာမို့လို့
အဲ့ဒါလေးတော့ ညီ့ကိုဖြည့်ဆည်းပေး၊
ညီ့မှာ အချိန်သိပ်မကျန်တော့ဘူး။ဒီကြား
ထဲဘယ်သူ့ကိုမှ စိတ်အပင်ပန်းမခံစေ ချင်ဘူး "
"ဘာစကားကြီးလဲညီ၊ ဘာကိုအချိန်သိပ်မကျန်တာလဲ"
" ညီ ထယ့်ကို ဟိုပြန်မလိုက်သေးဘူးလို့
ပြောထားတယ်၊ အတိတကျမသိပေမဲ့ ညီ
အစ်ကို့ အနားမှာ ခဏလောက်တော့
နေဖြစ်ဦးမယ် ထင်တယ်"
"အင်း အဲ့ဒါကို ကိုယ်သိပါတယ်"
"ထယ်က သူစောင့်ပေးမယ်တဲ့၊ညီနေချင်တဲ့အချိန်အထိ သူလည်းဒီမှာနေပြီးစောင့်ပေးမယ်တဲ့။ဒါပေမယ့် သူက အကြာကြီးတော့
စောင့်ပေးနိုင်မှာ မဟုတ်ဘူး။လပိုင်းလောက်ပဲ
သူစောင့်ပေးနိုင်မှာ၊ပြီးရင်တော့ ညီတို့ တစ်သက်လုံး ပြန်မလာဖြစ်လောက်တော့ဘူး။အစ်ကို အိမ်ထောင်သည်ဖြစ်သွားတဲ့ အချိန် ညီလည်း ဒီနိုင်ငံမှာမနေချင်ဘူး။ဒါကြောင့် ဘာမှ မတွေးနဲ့၊ညီ့ကြောင့်ဝန်ထုတ်ဝန်ပိုးတွေ မဖြစ်ပါနဲ့ "
အချင်းချင်းဆုပ်ကိုင်ထားတဲ့ လက်ဖျားတွေဟာ
အေးစက်နေခဲ့တယ်။
အဆုံးသတ်ဟာ ရှင်ကွဲမှန်းသိသိကြီးနဲ့
ဒီကြားထဲ ပျော်အောင်နေကြရမှာတဲ့။
ဒီပုံစံအတိုင်းသာဆိုရင်ကံကြမ္မာကဖန်လာတဲ့အတိုင်း အရာရာကို လည်စင်းပေးဖို့
နေ့ရက်တိုင်းမှာ အဆင်သင့်ပြင်ထားရတော့မှာပေါ့။
ခွဲခွာ ခြင်းကို နှလုံးသွင်းပြီး အသက်ရှုတိုင်းခြောက်
ခြားနေရတော့မှာပေါ့။
မတရားလိုက်တာ၊ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားတွေအပေါ်
ဒီစီရင်ချက်ဟာ လွန်လွန်းအားကြီးလိုက်တာ.....။