အချစ်ဦး (Completed)

By Ahlaly

211K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၁၁)

3.5K 139 10
By Ahlaly

"ငါနဲ့ဝေးဝေးနေ။ သွား...နင့်ကိုယ်ပေါ်က အဲ့ဒီအညစ်အကြေးတွေကို ပျောက်သွားအောင်လုပ်"

ထိုသို့ပြောသံ၏အဆုံးမှာ ဂျိန်းဆိုသော တံခါးပိတ်သံကြောင့် ငယ့်မှာလန့်ဖြန့်သွားရပြီး ထိုအခါမှပဲ သတိဝင်သွားကာ နှုတ်ခမ်းဆူဖို့ သတိရမိတော့သည်။ သို့သော်လည်း ထည်ဝါကတော့ ငယ့်ရှေ့ကနေ ပျောက်ကွယ်သွားပြီဖြစ်သည်။

"ကိုတားကြီး...ငယ့်ဆီက အနံ့,နံနေလားဟင်"

ငယ့်မှာဝတ်ဆင်ထားသော အင်္ကျီနှင့်ဘောင်းဘီအရှည်ကို ခေါက်တုန့်ခေါက်ပြန် ပြန်ကြည့်ရင်း မသင်္ကာသလိုနဲ့မေးမိတော့...
"မနံပါဘူး မမလေး" ဟု ကိုတားကြီးက ဖြေပေးသည်။

ငယ်ကိုယ်တိုင်လည်း ငယ့်မှာဘာအညစ်အကြေးမှ စွန်းထင်ကျန်ရစ်မနေမှန်း သိသော်လည်း ဟိုအမျိုးသမီးနဲ့ ပွေ့ဖက်ခဲ့သည့်ငယ့်ကို သူကတော်တော်လေးရွံရှာနေတော့သည်။

ထည်ဝါတို့အိမ်မှာ အမနေခြည်ပဲ အသန့်ကြိုက်သည်ဟု ထင်ရသော်လည်း အနီးကပ်နေကြည့်ပါမှ တစ်အိမ်လုံးက အသန့်ကြိုက်သူတွေကြည့်ဖြစ်နေသည်။ အဆိုးဆုံးကတော့ ထည်ဝါ့မာမီပင်....ချွေးနံ့ဆိုလျှင် အလိုလို ထွက်ပြေးသည်အထိကို ဖြစ်သည်။

အခု ထည်ဝါလည်း သူတို့လိုပါပင်။ ဧည့်ကြိုကောင်တာကနေ အခန်းအထိ လမ်းတစ်လျှောက်လုံး ခြေလှမ်းအကျဲကြီးများနှင့် ငယ့်အရှေ့ကနေ ခပ်မြန်မြန်ပဲလျှောက်ကာ ငယ်သူ့အနားကပ်လာမှာကို သေရမှာလိုမျိုး ကြောက်နေတော့တာဖြစ်သည်။ မနေ့ညက ငယ့်ကိုရင်ခွင်ထဲ ထွေးပွေ့ထားပေးခဲ့တာ သူ,မဟုတ်သလိုပါပင်။

"နံသေးလား မသိဘူး...."

ထည်ဝါ့စကားကြောင့် ငယ်ကိုယ်တိုင်လည်း ကိုယ်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးရတော့သည်။ မှန်ရှေ့မှာရပ်ပြီး ငယ့်အနားပတ်ဝန်းကျင်ကိုလှည့်ပတ်ပြီး အနံ့ခံကြည့်ပေမယ့်လည်း အနံ့တစ်ခုခုက ထူးကဲနေသလိုမျိုး ခံစားရလေသည်။

"ခေါင်းထပ်လျှော်လိုက်ရမလားပဲ..."

ဆံပင်အရှည်တွေကို Dryerအသုံးပြုလို့ အခြောက်ခံနေရင်းမှ ဆံပင်ကအနံ့ပဲဖြစ်လိမ့်မည်ဟု တွေးမိပြီး ရှည်လျားထူထဲလှသော ဆံပင်အရှည်ကြီးကို အစကနေ အဆုံးထိပြန်လျှော်ဖို့ရန် ရေချိုးခန်းထဲကိုပြန်ဝင်ခဲ့လိုက်သည်။

ဒီတစ်ကြိမ်နဲ့ဆို ခေါင်းလျှော်နေတာ သုံးကြိမ်တိုင်ပြီဖြစ်သည်။ ရေစက်လျက်ကျနေသော ရေစက်များကို ပြောင်စင်ဖို့ရန်အတွက် တပက်ဖြင့်ခေါင်းကို သုတ်ရမှာပင် အားမပါတော့ပေ။ ခန္ဓာကိုယ်ကို အရှေ့သို့ကိုင်းညွှတ်ထားပြီး ဆံပင်အရှည်တွေကို အရင်တစ်ခေါက်ကလို တဗြင်းဗြင်းမြည်အောင် မသုတ်ပေးနိုင်တော့ပဲ တပက်နှင့်ဆံပင်ထိတယ်ဆိုရုံနဲ့တင် ရပ်တန့်နေတော့သည်။

ရုတ်တရပ် ခေါင်းကိုတပက်နှင့်နီးကပ်အောင် ဖိထားသည့် ငယ့်လက်တွေအပေါ်မှ အုပ်မိုးလာသည့် ကြီးမားလှသော လက်အစုံကို ခံစားမိတာကြောင့် မျှော်လင့်တကြီးနဲ့ ကြည့်မိလိုက်တော့ တကယ်ပဲ သူဖြစ်နေသည်။

"ဒီအချိန်ထိ ခေါင်းသုတ်နေတုန်းလား...."

"အင်း...."

ငယ့်ခန္ဓာကိုယ်ကို ကိုင်းညွှတ်ထားရာမှ သူက ငယ့်အားအပေါ်သို့မတ်စေ၍ ငယ့်ပခုံးတွေကိုကိုင်ထားပေးသည်။ ပြီးနောက်တွင် ပခုံးပေါ်မှသူ့လက်တွေက ငယ့်ကို သူ့ရင်ဘက်နားအထိရောက်အောင် တိုးစေ၍ သူကိုယ်တိုင်ပဲ ငယ့်ဆံပင်တွေကို တပက်ဖြင့် ခြောက်သွေ့စေတော့သည်။

ငယ်တို့နှစ်ယောက်ကြားမှာ ရှိသည့် အရပ်ကွာခြားချက်ကြောင့် အထက်နှင့်အောက်ရွေ့လျားနေသော Adam Appleမှာသာ မသိမသာနဲ့ငယ့်မြင်ကွင်းက ဂိတ်ဆုံးသွားရသည်။

အသားညိုညို၊ အရပ်မြင့်မြင့်နဲ့သူက အရွယ်နဲ့မလိုက်ဖက်စွာ ထွားကြိုင်းလို့နေသော်လည်း အမြဲတစေရှေ့သို့ ကျနေသော ဆံပင်များဖြင့်ဖုံးအုပ်နေသော သူ့မျက်ဝန်းများက သူ့၏ရှိရင်းစွဲအသက်ကို ဖော်ညွှန်းနိုင်သည်အထိ ကြည်လင်လို့နေတော့သည်။

ထည်ဝါ့မျက်နှာကို အတင်းပဲမော့ပြီး ကြည့်နေရင်း ရုတ်တရပ်ငယ့်နဖူးကို တောက်လိုက်သည်က တော်တော်လေးကို အီစိမ့်သွားစေသည်မို့ ချက်ချင်းပဲ နဖူးပေါ်ကိုလက်ဖြင့် အုပ်၍ခပ်ဖွဖွပွတ်သပ်လိုက်သည်။

"အခုမှ မနာနဲ့။ အောက်ကို ငုံ့ထား......"

ငယ့်အသားကို နာအောင်လုပ်ပြီး ငယ့်ကိုတစ်စက်ကလေးမှ ချော့မပြောသည့်သူ့ကို စိတ်နာနာနဲ့ပဲ ခြေဖြင့်တက်နင်းချမိသည်။

"အားး....ငါ့ခြေမ"

"အယ်..ဆောရီး၊ ဆောရီးထည်ဝါ။ ငါ မမြင်မိလိုက်ဘူးဟယ်"

"သမီးငယ်...."

"ဟင်..."

ခေါ်တော့လည်း ပြန်ထူးသည့် ပကတိအပြစ်ကင်းစင်နေသော ဒီမျက်နှာကြောင့် သူ့မှာဒေါသပိုထွက်ရသည်။ သူ့ခြေထောက်ကို တမင်တက်နင်းတာကို သူသိသော်လည်း အပြစ်ကင်းသလိုမျက်နှာလေးကြောင့် ဘာကိုမှပြောမထွက်နိုင်တော့ပဲ ဒေါသတို့ကို အတင်းပဲထိုးသိပ်ထားလိုက်သည်။ သူ့အနေနဲ့ သူ့ကြောင့်နဲ့ ခေါင်းလျှော်ရသည့် သမီးငယ်၏ဆံပင်အရှည်တွေ ခြောက်သွေ့ဖို့ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

"ထည်ဝါ...."

တယုတယနဲ့ ငယ့်ဆံပင်တွေကို ဖြီးသင်ပေးနေသည့် ထည်ဝါ့ကိုကြည့်ပြီး မှန်ထဲမှာမြင်နေရသည့် ထည်ဝါ့ပုံစံက အင်မတန်မှခန့်ညားနေသလိုမျိုး ငယ်ထင်မိသည်။

"ပြော...."

"မနက်ဖြန်ငါတို့ပြန်ရအောင်နော်။"

"ဘာဖြစ်လို့လဲ..."

သူ့အမေးပြီးနောက်တွင် ပြန်ပြောဖို့အတွက်ပြင်ဆင်နေပုံရသော သမီးငယ်က မှန်ထဲမှာတောင်သူနဲ့အကြည့်ချင်မဆုံစေပဲ သူ့အကြည့်တွေကို ချက်ချင်းပဲမျက်လွှာချလို့ တုန့်ပြန်သည်။ ဒီလို မဝံ့မရဲဖြစ်တာမျိုးကို သမီးငယ်ဆီမှာ သူ,မမြင်ချင်ပေ။ ထို့ကြောင့်ပဲ သူ့ဘက်က အကြည့်ချင်းအတင်းဆုံစေလိုက်သည်ာ

"ငါပုဂံကို မလာချင်ဘူး။ ပုဂံဆိုတဲ့ နာမည်ကို ကြားရုံနဲ့တင် နှလုံးသားကနာကျင်လာသလိုမျိုး ခံစားရတယ်..."

ထိုစကားအပြီးတွင် မှန်ထဲမှစိုက်ကြည့်၍ သူတို့နှစ်ဦးသည် အချိန်အတန်ကြာသည်အထိ အကြည့်ချင်းဆုံသွားကြလေသည်။

"ဆံပင် ခြောက်နေပြီ။ အများကြီးမတွေးပဲ အိပ်လိုက်တော့...."

မေးခွန်းတွေများနေသော မျက်ဝန်းများကြောင့် မှန်တင်ခုံပေါ်ကို Dryerနှင့် ဘီး ချပေးခဲ့ရင်း သူသည်ထိုနေရာကနေ ပြန်လှည့်ဖို့အချိန်ရောက်ပြီဟု တွေးမိသည်။

သို့သော်လည်း ချက်ချင်းပဲ သူ့လက်ကောက်ဝတ်ဆီကိုရောက်လာသည့် လက်သေးသေးလေးနဲ့အတူ....
"အိပ်ပျော်သွားရင် ဘုရားအပေါ်မှာ စောင့်ပြီးမျှော်နေရမှာတွေ မလိုချင်ဘူး....."

"ဘာပြောတာလဲ..."

"ဟုတ်တယ် ထည်ဝါ။ ငါငယ်ငယ်က အိမ်မက်တွေထဲမှာ ဘုရားအကြီးကြီးတစ်ခုကို အမြဲတမ်းမက်တယ်၊ အဲ့ဒီမှာလေ ငါ့ပုံစံက အရမ်းကိုမှနာကျင်နေသလိုမျိုးပဲ။ အဲ့ဒီအိမ်မက်တွေကနေ လန့်နိုးလာရင်လေ ဘာကြောင့်ဆိုတာရယ်မဟုတ်ပဲ တစ်ယောက်ယောက်လာမှာကို ငါမျှော်မိတယ်..."

"ဘယ်သူ့ကိုမှ မမျှော်ရဘူး။ နင် ဘယ်သူ့ကိုမှ မမျှော်ရဘူး။ ပြီးတော့ ဘာပဲဖြစ်ဖြစ် နင့်ကို မနာကျင်စေရဘူး....အဲ့လိုဖြစ်အောင် ငါထားပေးမယ်။"

မှန်ကိုကျောပေးလာ၍ မှန်တင်ခုံရှေ့ကထိုင်ခုံမှာ ထိုင်နေသည့် သမီးငယ်၏ ပါးပြင်ကို ထိတွေ့နေရင်း သမီးငယ်၏မျက်နှာပေါ်မှ ဆံပင်တစ်ချို့ကို နားရွက်နောက်သို့ သိမ်းဆည်းပေးလိုက်စဥ် ဖြတ်ခနဲမြင်လိုက်ရသည့် ဆံထောက်ကွေးနှင့် ရှေးခေတ်အမျိုးသမီးက ခေါင်းအထက်တွင် ဆံထုံးကိုထုံးဖွဲ့ထားက ထိုမှဆင်ယင်ထားသော အဝတ်အစားများကလည်း အဖြူနှင့် အပြာရောင်လုံချည်က အနားသတ်နောက်တွင်အဖြူရောင်အဖျားခတ်ကာ တင်ပါးလွှဲထိုင်နေဟန်ဖြင့်...

"ထည်ဝါ...ထည်ဝါ"

"ဟမ်..အင်း၊ အင်း..."

မြင်ဖူးခဲ့သော ရှေးခတ်ဘုရင့်မိဖုရားတို့၏ ထုံးဖွဲ့မှုများကို လက်တွေ့နီးပါးမြင်တွေ့လိုက်ရသည့်အခါ သူ့မှာတုန်လှုပ်သွားတော့သည်။

"ငါပြောနေတာတွေကို ကြားလိုက်ရလား။
ဟီးးး....အဲ့ဒီအိမ်မက်တွေထဲမှာ ငါ့မှာနောက်လိုက်တွေအများကြီးနဲ့ဟ။ မသိရင် ငါက မိဖုရားတစ်ပါးလို မောင်းမ၊အခြွေအရံတွေနဲ့....တော်တော်လေးကို သြဇာအာဏာညောင်းသလိုပဲ...."

"ဒါတွေတော်ပြီ။ လာ...အိပ်ကြရအောင်"

အိမ်မက်အကြောင်းကို ပီတိဖြာနေစဥ်မှာပဲ ပွေ့ချီခံလိုက်ရသည်က တကယ့်ကိုဘုရင်မတစ်ပါးကဲ့သို့ဖြစ်သလို အိပ်ရာအထက်တွင် ညင်သာစွာချပေးသော သူ့အပြုအမူကြောင့် ဒီတစ်ညတော့ အိမ်မက်ထဲမှာ ငယ်သည် ပစ္စယာ၅ခုအနက် အလယ်ပစ္စယာ၏ အနောက်ဘက်တွင် ထိုင်၍ နေဝင်ချိန်ကိုပြုံးပြုံးကြီး ကြည့်နေတာဖြစ်သည်။

ထိုစဥ်မှာပဲ ကြားလိုက်ရသည့် မြင်းခြူသံကြောင့် ကြည့်နေဆဲအလှတရားများထက် ပိုလို့သာလွန်သောပျော်ရွှင်ရသော ဟန်ဖြင့် ငယ့်ကိုယ်တိုင်နှုတ်ကနေ ခေါ်တွင်လိုက်သည်က...
"မောင်တော်......." ဟူ၍ ဖြစ်သည်။

အသံထွက်သူက အပြုံးမျက်နှာဖြင့် အိပ်နေဆဲဖြစ်သော်လည်း အသံကြောင့်နိုးလာရသော သူ့မှာမူ ဒီလိုကြည်လင်နေသောမျက်နှာလေးကြောင့် ပြန်အိပ်ဖို့ကို ကြိုးစားအားထုတ်သော်လည်း အချည်းအနှီးသာ ဖြစ်နေရသည်။ ထိုကြောင့် ခေါင်းအုံးအထက်တွင်လက်ထောက်ကာ အမြဲကြည့်လို့မဝခဲ့သော မျက်နှာလေးအား မျက်တောင်မခတ်စတမ်းကြည့်နေလိုက်တော့သည်။

နောက်တစ်နေ့မနက်တွင် ပစ္စည်းသွားယူပြီးနောက်တစ်ခါတည်းပဲ အိမ်သို့ပြန်မည်ဟုတွေးခဲ့လိုက်ပြီး သမီးငယ်ကိုပါ ထိုနေရာသို့ ခေါ်လာခဲ့လိုက်သည်။

"ဒါဆို နောက်မှတွေ့မယ် သခင်လေး...."

"အင်း..."

သူ့ဒယ်ဒီထက်ပင် ပိုလို့အသက်ကြီးသော ရှေးဟောင်းပစ္စည်းစုဆောင်းသူ ဦဧကကို ငွေပေးခဲ့ပြီး သူသည် ကားထဲသို့ပြန်ဝင်ခဲ့သည်။

"အဲ့တာ ဘာတွေလဲ..."

မေးခွန်းမပြီးသေးခင်မှာတင် သမီးငယ်က ထည်ဝါ့လက်ထဲရှိ အနီရောင်ကတ္ထီပါ ဗူးကို ဆွဲယူပြီး ဖွင့်ကြည့်တော့သည်။

"ဟင်...."

လက်ထဲတွင်ရှိသော ဘယက်ကို အသေအချာကြည့်ရင်း မျက်တောင်ခတ်ဖို့ပင် မေ့နေသောသမီးငယ်က တကယ်ပဲ အသက်ရှူရပ်သွားမလိုဖြစ်နေသည်မို့ သူကပဲ သမီးငယ်၏ပခုံးကိုလက်ဖြင့်ကိုင်လိုက်ရင်း သတိပေးလိုက်သည်။
"ဘာမှမဟုတ်ဘူး။ ပေးတော့...."

အသိစိတ်လွတ်ချင်သလိုဖြစ်နေသော သမီးငယ်ဆီကနေ ဘယက်ကိုပြန်ယူလိုက်ပြီး ဗူးထဲပြန်ထည့်ကာ ကားရှေ့ခန်းရှိ ကိုမှိုင်းထံသို့ ကမ်းပေးလိုက်သည်။ ပြီးနောက်တွင် သူ့ပေါင်အထက်မှာ ခေါင်းချလာသော သမီးငယ်အား ကြည့်လိုက်ရင်း...
"အတွေးမများနဲ့" ဟု ပြောပေးလိုက်သေးသည်။

"မနေ့ညကလေ မြင်းခြူသံကြားရတယ် ထည်ဝါ။ ကြည့်ရတာ သူငါ့ဆီကို လာတာဖြစ်မယ်......"

နားလည်ရခက်သော စကားများကို သူဝေဖန်ချက်မပေးချင်သည်မို့ ဘာမှပြန်မပြောပဲ ဆိတ်ဆိတ်ငြိမ်နေလိုက်သည်။

"ငါလေ အရမ်းပျော်တာပဲ။ ဒီလောက်အချိန်ကြာကြီး အိမ်မက်တွေဆက်တိုက်မက်ခဲ့တာ မနေ့ညက အပျော်ဆုံးပဲ။ မြင်းခြူသံကြားရတယ်ဆိုတော့ သူရောက်လာလို့ဖြစ်မှာ...."

"နောက်ဆို ပုဂံကိုမသွားရဘူး သမီးငယ်....."

သူ,မဟုတ်တဲ့ လူတစ်ယောက်ကြောင့် အတွေးလေးနဲ့တောင် သမီးငယ်အား ပျော်ရွှင်ခွင့်မပေးချင်ပေ။ သို့သော်လည်း သမီးငယ်တန်ဖိုးထားသည့် သူကိုတော့ သူ့အနေနဲ့တန်ဖိုးထားပေးမည်ဖြစ်သည်။

"အဲ့ဒီအမျိုးသမီးနဲ့ ပက်သတ်ပြီး သေသေချာချာလေး ဂရုစိုက်ပေးထားဖို့ပြောလိုက်ပါ ကိုမှိုင်း။ တစ်ခုခုဖြစ်သွားတာကို ကျွန်တော်မလိုချင်ဘူး..."

"ဘယ်သူ့ကို မိုလို့အဲ့လောက်ထိ ဂရုစိုက်နေတာလဲ..."

မနက်စာဝိုင်းကနေ သူတို့နားအထိရောက်လာသော နေခြည့်ကြောင့် သူ့မှာစိတ်ရှုပ်စွာနဲ့ပဲ...
"ငါ့ကိစ္စတွေထဲ ဝင်မပါလို့ မရဘူးလားနေခြည်ရာ" ဟု ညီးတွားလိုက်မိသည်။

"အံမယ်...ငါ့ကိုထားခဲ့ပြီး ပုဂံကိုသွားလိုက်တာတောင် မကျေနပ်သေးတာကို။ နင်တော့လား"

စကားအဆုံးမှာ နေခြည့်ဘက်ကတွန်းထုတ်လိုက်တာကြောင့် ထည်ဝါသည်အနည်းငယ်မျှသာ ယိုင်သွားလေသည်။ ဒီကောင်လေး တကယ်ကိုသန်မာသည်။

"သြော် ဒါနဲ့။ ရောင်ဝါ့ဆီကို ငါလိုက်သွားမယ်ထည်ဝါ...."

မျက်စိရှေ့က ထည်ဝါ့ကို ကြည့်နေရင်း နေခြည်သည် သူ့အားထားခဲ့ရန်အတွက်ကို ယုံကြည်စိတ်ချမိသည်။ ထည်ဝါသည် သူမ မရှိလည်း အဆင်ပြေအောင်နေတတ်လိမ့်မည်။ သို့သော် အခုအရေးကြီးတာက ရောင်ဝါပင်။ ရောင်ဝါတစ်ယောက် အသက်တွေကြီးမှ ထိန်းသိမ်းလို့မနိုင်အောင်ကို ဖြစ်နေတော့သည်။

"ငါလည်း အဲ့တာပြောမလို့ သခင်လေး။
ငါ့အတွက် ခွင့်ပဲဖြစ်ဖြစ် တစ်နှစ်လောက်ပေးလို့ ရမလား....."

သူနဲ့နေခြည့် ရှိရာသို့လျှောက်လာရင်း ဒရယ်ဂွန်ကထိုသို့ပြောသည်မို့ ထည်ဝါ့မှာအလန့်တကြားနဲ့ပဲ...
"ဘာဖြစ်လို့လဲ..." ဟု ထုတ်မေးမိသွားသည်။

ဒီနေ့နဲ့ဆို သူ ပုဂံကနေပြန်ရောက်တာ ၁ပတ်ကျော်ပြီဖြစ်သော်လည်း ဒီရက်တွေမှာဒရယ်ဂွန်မျက်နှာ သိပ်ပြီးလန်းဆန်မနေတာမှလွဲလို့ အရာအားလုံးကအဆင်ပြေနေသည်။ သမီးငယ်ပင်လျှင် တော်တော်လေး လိမ္မာနေတာဖြစ်သည်။

ဒီလိုနေရင်းနဲ့မှ အခုလို ရုတ်တရပ်ဆန်ဆန်ကြီး ဖြစ်သွားမှာမျိုးကို သူ့အနေနဲ့လက်မခံချင်ပေ။

"ငါ အကိုလေးနဲ့အတူရှိချင်လို့ပါ။ အကိုလေးကပဲ ငါ့ဆီကိုလာလာနေရတာ မောလောက်ရောပေါ့...အဲ့တာကြောင့် ဒီတစ်ခေါက်ငါ့ဘက်က သွားတွေ့မလားလို့..."

"သွားတွေ့လေ။ တွေ့ပြီးရင် ပြန်လာပေါ့...."

အခုချိန်မှာ သူ့မျက်နှာက ဘယ်လိုဖြစ်နေလဲတော့ သူကိုယ်တိုင်ပြန်မမြင်ရပေမယ့်လည်း နေခြည်ပြောသလို...
"နင့်မျက်နှာကြီး အရမ်းမည်းနေပြီ" ဆိုတာကတော့ အသေအချာဖြစ်နေလောက်သည်။

"နေခြည်၊ ထည်ဝါ...ပြီးတော့ ဒရယ်ဂွန်။ မင်းတို့အားလုံး passportကိုင်ပြီး အခုချက်ချင်းကားပေါ်ကို တက်လာခဲ့။"

ခပ်လှမ်းလှမ်းမှ ဒယ်ဒီ့အော်သံတွင် သူတို့သုံးယောက်လုံး လန့်ဖြန့်သွားရပြီး ချက်ချင်းပဲ ကိုယ်စီအခန်းဆီကိုပြေးဝင်ကာ passportနှင့် လိုအပ်သည့်ပစ္စည်းအနည်းငယ်ကို အိတ်ထဲထည့်ကြရသည်။

"အကိုလေးရောင်ဝါ ဆေးစွဲနေတယ်လို့ သိရပါတယ် သခင်လေး။ ကြည့်ရတာ သခင်လေးတို့ ဒီတစ်ခေါက်Provenceမှာ ကြာမယ်ထင်တယ်..."

မာမီ့မျက်ရည်တွေကို မြင်ကတည်းက ထိုတရားခံ၏မျက်နှာတစ်ခုလုံး စုတ်ပြတ်သပ်သွားအောင်လုပ်ချင်နေသည်က အခုအခါကိုမှိုင်း၏ စကားကြောင့် သူ့စိတ်အခြေအနေက ပိုလို့ပင်ဆိုးရွားသွားတော့သည်။

"ဒီကောင်တော့ကွာ...တောက်ခ်"

အားပြင်းပြင်းနဲ့ တောက်ခေါက်သံကျယ်ကျယ်အဆုံးမှာ သူ့နားရွက်ကိုလာဆွဲသည့်နေခြည်ကလည်း တော်တော်လေးအားပြင်းပါသည်။
"အကိုကို ပစ်မှားနေတယ်။ ဒီကောင်လေးတော့...နာချင်ပြီထင်တယ်။"

ပြောပြီးချက်ချင်းပဲ ဆွဲလိမ်သည်မို့ သူ့မှာ စွေ့စွေ့ခုန်နေရတော့သည်။ သို့သော်လည်း ထိုသို့ဖြင့် ကတိုက်ကရိုက်အခြေအနေကြားမှာပင် သူသည် မှာစရာရှိသည်များကို ကိုမှိုင်းထံမှားကြားခဲ့ပြီးဖြစ်သည်။



______________________

Zawgyi....


"ငါနဲ႔ေဝးေဝးေန။ သြား...နင့္ကိုယ္ေပၚက အဲ့ဒီအညစ္အေၾကးေတြကို ေပ်ာက္သြားေအာင္လုပ္"

ထိုသို႔ေျပာသံ၏အဆုံးမွာ ဂ်ိန္းဆိုေသာ တံခါးပိတ္သံေၾကာင့္ ငယ့္မွာလန္႔ျဖန္႔သြားရၿပီး ထိုအခါမွပဲ သတိဝင္သြားကာ ႏႈတ္ခမ္းဆူဖို႔ သတိရမိေတာ့သည္။ သို႔ေသာ္လည္း ထည္ဝါကေတာ့ ငယ့္ေရွ႕ကေန ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

"ကိုတားႀကီး...ငယ့္ဆီက အနံ႔,နံေနလားဟင္"

ငယ့္မွာဝတ္ဆင္ထားေသာ အက်ႌႏွင့္ေဘာင္းဘီအရွည္ကို ေခါက္တုန္႔ေခါက္ျပန္ ျပန္ၾကည့္ရင္း မသကၤာသလိုနဲ႔ေမးမိေတာ့...
"မနံပါဘူး မမေလး" ဟု ကိုတားႀကီးက ေျဖေပးသည္။

ငယ္ကိုယ္တိုင္လည္း ငယ့္မွာဘာအညစ္အေၾကးမွ စြန္းထင္က်န္ရစ္မေနမွန္း သိေသာ္လည္း ဟိုအမ်ိဳးသမီးနဲ႔ ေပြ႕ဖက္ခဲ့သည့္ငယ့္ကို သူကေတာ္ေတာ္ေလး႐ြံရွာေနေတာ့သည္။

ထည္ဝါတို႔အိမ္မွာ အမေနျခည္ပဲ အသန္႔ႀကိဳက္သည္ဟု ထင္ရေသာ္လည္း အနီးကပ္ေနၾကည့္ပါမွ တစ္အိမ္လုံးက အသန္႔ႀကိဳက္သူေတြၾကည့္ျဖစ္ေနသည္။ အဆိုးဆုံးကေတာ့ ထည္ဝါ့မာမီပင္....ေခြၽးနံ႔ဆိုလွ်င္ အလိုလို ထြက္ေျပးသည္အထိကို ျဖစ္သည္။

အခု ထည္ဝါလည္း သူတို႔လိုပါပင္။ ဧည့္ႀကိဳေကာင္တာကေန အခန္းအထိ လမ္းတစ္ေလွ်ာက္လုံး ေျခလွမ္းအက်ဲႀကီးမ်ားႏွင့္ ငယ့္အေရွ႕ကေန ခပ္ျမန္ျမန္ပဲေလွ်ာက္ကာ ငယ္သူ႔အနားကပ္လာမွာကို ေသရမွာလိုမ်ိဳး ေၾကာက္ေနေတာ့တာျဖစ္သည္။ မေန႔ညက ငယ့္ကိုရင္ခြင္ထဲ ေထြးေပြ႕ထားေပးခဲ့တာ သူ,မဟုတ္သလိုပါပင္။

"နံေသးလား မသိဘူး...."

ထည္ဝါ့စကားေၾကာင့္ ငယ္ကိုယ္တိုင္လည္း ကိုယ္ကိုယ္ကို ယုံၾကည္မႈေတြေပ်ာက္ဆုံးရေတာ့သည္။ မွန္ေရွ႕မွာရပ္ၿပီး ငယ့္အနားပတ္ဝန္းက်င္ကိုလွည့္ပတ္ၿပီး အနံ႔ခံၾကည့္ေပမယ့္လည္း အနံ႔တစ္ခုခုက ထူးကဲေနသလိုမ်ိဳး ခံစားရေလသည္။

"ေခါင္းထပ္ေလွ်ာ္လိုက္ရမလားပဲ..."

ဆံပင္အရွည္ေတြကို Dryerအသုံးျပဳလို႔ အေျခာက္ခံေနရင္းမွ ဆံပင္ကအနံ႔ပဲျဖစ္လိမ့္မည္ဟု ေတြးမိၿပီး ရွည္လ်ားထူထဲလွေသာ ဆံပင္အရွည္ႀကီးကို အစကေန အဆုံးထိျပန္ေလွ်ာ္ဖို႔ရန္ ေရခ်ိဳးခန္းထဲကိုျပန္ဝင္ခဲ့လိုက္သည္။

ဒီတစ္ႀကိမ္နဲ႔ဆို ေခါင္းေလွ်ာ္ေနတာ သုံးႀကိမ္တိုင္ၿပီျဖစ္သည္။ ေရစက္လ်က္က်ေနေသာ ေရစက္မ်ားကို ေျပာင္စင္ဖို႔ရန္အတြက္ တပက္ျဖင့္ေခါင္းကို သုတ္ရမွာပင္ အားမပါေတာ့ေပ။ ခႏၶာကိုယ္ကို အေရွ႕သို႔ကိုင္းၫႊတ္ထားၿပီး ဆံပင္အရွည္ေတြကို အရင္တစ္ေခါက္ကလို တျဗင္းျဗင္းျမည္ေအာင္ မသုတ္ေပးႏိုင္ေတာ့ပဲ တပက္ႏွင့္ဆံပင္ထိတယ္ဆို႐ုံနဲ႔တင္ ရပ္တန္႔ေနေတာ့သည္။

႐ုတ္တရပ္ ေခါင္းကိုတပက္ႏွင့္နီးကပ္ေအာင္ ဖိထားသည့္ ငယ့္လက္ေတြအေပၚမွ အုပ္မိုးလာသည့္ ႀကီးမားလွေသာ လက္အစုံကို ခံစားမိတာေၾကာင့္ ေမွ်ာ္လင့္တႀကီးနဲ႔ ၾကည့္မိလိုက္ေတာ့ တကယ္ပဲ သူျဖစ္ေနသည္။

"ဒီအခ်ိန္ထိ ေခါင္းသုတ္ေနတုန္းလား...."

"အင္း...."

ငယ့္ခႏၶာကိုယ္ကို ကိုင္းၫႊတ္ထားရာမွ သူက ငယ့္အားအေပၚသို႔မတ္ေစ၍ ငယ့္ပခုံးေတြကိုကိုင္ထားေပးသည္။ ၿပီးေနာက္တြင္ ပခုံးေပၚမွသူ႔လက္ေတြက ငယ့္ကို သူ႔ရင္ဘက္နားအထိေရာက္ေအာင္ တိုးေစ၍ သူကိုယ္တိုင္ပဲ ငယ့္ဆံပင္ေတြကို တပက္ျဖင့္ ေျခာက္ေသြ႕ေစေတာ့သည္။

ငယ္တို႔ႏွစ္ေယာက္ၾကားမွာ ရွိသည့္ အရပ္ကြာျခားခ်က္ေၾကာင့္ အထက္ႏွင့္ေအာက္ေ႐ြ႕လ်ားေနေသာ Adam Appleမွာသာ မသိမသာနဲ႔ငယ့္ျမင္ကြင္းက ဂိတ္ဆုံးသြားရသည္။

အသားညိဳညိဳ၊ အရပ္ျမင့္ျမင့္နဲ႔သူက အ႐ြယ္နဲ႔မလိုက္ဖက္စြာ ထြားႀကိဳင္းလို႔ေနေသာ္လည္း အၿမဲတေစေရွ႕သို႔ က်ေနေသာ ဆံပင္မ်ားျဖင့္ဖုံးအုပ္ေနေသာ သူ႔မ်က္ဝန္းမ်ားက သူ႔၏ရွိရင္းစြဲအသက္ကို ေဖာ္ၫႊန္းႏိုင္သည္အထိ ၾကည္လင္လို႔ေနေတာ့သည္။

ထည္ဝါ့မ်က္ႏွာကို အတင္းပဲေမာ့ၿပီး ၾကည့္ေနရင္း ႐ုတ္တရပ္ငယ့္နဖူးကို ေတာက္လိုက္သည္က ေတာ္ေတာ္ေလးကို အီစိမ့္သြားေစသည္မို႔ ခ်က္ခ်င္းပဲ နဖူးေပၚကိုလက္ျဖင့္ အုပ္၍ခပ္ဖြဖြပြတ္သပ္လိုက္သည္။

"အခုမွ မနာနဲ႔။ ေအာက္ကို ငုံ႔ထား......"

ငယ့္အသားကို နာေအာင္လုပ္ၿပီး ငယ့္ကိုတစ္စက္ကေလးမွ ေခ်ာ့မေျပာသည့္သူ႔ကို စိတ္နာနာနဲ႔ပဲ ေျချဖင့္တက္နင္းခ်မိသည္။

"အားး....ငါ့ေျခမ"

"အယ္..ေဆာရီး၊ ေဆာရီးထည္ဝါ။ ငါ မျမင္မိလိုက္ဘူးဟယ္"

"သမီးငယ္...."

"ဟင္..."

ေခၚေတာ့လည္း ျပန္ထူးသည့္ ပကတိအျပစ္ကင္းစင္ေနေသာ ဒီမ်က္ႏွာေၾကာင့္ သူ႔မွာေဒါသပိုထြက္ရသည္။ သူ႔ေျခေထာက္ကို တမင္တက္နင္းတာကို သူသိေသာ္လည္း အျပစ္ကင္းသလိုမ်က္ႏွာေလးေၾကာင့္ ဘာကိုမွေျပာမထြက္ႏိုင္ေတာ့ပဲ ေဒါသတို႔ကို အတင္းပဲထိုးသိပ္ထားလိုက္သည္။ သူ႔အေနနဲ႔ သူ႔ေၾကာင့္နဲ႔ ေခါင္းေလွ်ာ္ရသည့္ သမီးငယ္၏ဆံပင္အရွည္ေတြ ေျခာက္ေသြ႕ဖို႔ကိုသာ အာ႐ုံစိုက္ထားလိုက္ေတာ့သည္။

"ထည္ဝါ...."

တယုတယနဲ႔ ငယ့္ဆံပင္ေတြကို ၿဖီးသင္ေပးေနသည့္ ထည္ဝါ့ကိုၾကည့္ၿပီး မွန္ထဲမွာျမင္ေနရသည့္ ထည္ဝါ့ပုံစံက အင္မတန္မွခန္႔ညားေနသလိုမ်ိဳး ငယ္ထင္မိသည္။

"ေျပာ...."

"မနက္ျဖန္ငါတို႔ျပန္ရေအာင္ေနာ္။"

"ဘာျဖစ္လို႔လဲ..."

သူ႔အေမးၿပီးေနာက္တြင္ ျပန္ေျပာဖို႔အတြက္ျပင္ဆင္ေနပုံရေသာ သမီးငယ္က မွန္ထဲမွာေတာင္သူနဲ႔အၾကည့္ခ်င္မဆုံေစပဲ သူ႔အၾကည့္ေတြကို ခ်က္ခ်င္းပဲမ်က္လႊာခ်လို႔ တုန္႔ျပန္သည္။ ဒီလို မဝံ့မရဲျဖစ္တာမ်ိဳးကို သမီးငယ္ဆီမွာ သူ,မျမင္ခ်င္ေပ။ ထို႔ေၾကာင့္ပဲ သူ႔ဘက္က အၾကည့္ခ်င္းအတင္းဆုံေစလိုက္သည္ာ

"ငါပုဂံကို မလာခ်င္ဘူး။ ပုဂံဆိုတဲ့ နာမည္ကို ၾကား႐ုံနဲ႔တင္ ႏွလုံးသားကနာက်င္လာသလိုမ်ိဳး ခံစားရတယ္..."

ထိုစကားအၿပီးတြင္ မွန္ထဲမွစိုက္ၾကည့္၍ သူတို႔ႏွစ္ဦးသည္ အခ်ိန္အတန္ၾကာသည္အထိ အၾကည့္ခ်င္းဆုံသြားၾကေလသည္။

"ဆံပင္ ေျခာက္ေနၿပီ။ အမ်ားႀကီးမေတြးပဲ အိပ္လိုက္ေတာ့...."

ေမးခြန္းေတြမ်ားေနေသာ မ်က္ဝန္းမ်ားေၾကာင့္ မွန္တင္ခုံေပၚကို Dryerႏွင့္ ဘီး ခ်ေပးခဲ့ရင္း သူသည္ထိုေနရာကေန ျပန္လွည့္ဖို႔အခ်ိန္ေရာက္ၿပီဟု ေတြးမိသည္။

သို႔ေသာ္လည္း ခ်က္ခ်င္းပဲ သူ႔လက္ေကာက္ဝတ္ဆီကိုေရာက္လာသည့္ လက္ေသးေသးေလးနဲ႔အတူ....
"အိပ္ေပ်ာ္သြားရင္ ဘုရားအေပၚမွာ ေစာင့္ၿပီးေမွ်ာ္ေနရမွာေတြ မလိုခ်င္ဘူး....."

"ဘာေျပာတာလဲ..."

"ဟုတ္တယ္ ထည္ဝါ။ ငါငယ္ငယ္က အိမ္မက္ေတြထဲမွာ ဘုရားအႀကီးႀကီးတစ္ခုကို အၿမဲတမ္းမက္တယ္၊ အဲ့ဒီမွာေလ ငါ့ပုံစံက အရမ္းကိုမွနာက်င္ေနသလိုမ်ိဳးပဲ။ အဲ့ဒီအိမ္မက္ေတြကေန လန္႔ႏိုးလာရင္ေလ ဘာေၾကာင့္ဆိုတာရယ္မဟုတ္ပဲ တစ္ေယာက္ေယာက္လာမွာကို ငါေမွ်ာ္မိတယ္..."

"ဘယ္သူ႔ကိုမွ မေမွ်ာ္ရဘူး။ နင္ ဘယ္သူ႔ကိုမွ မေမွ်ာ္ရဘူး။ ၿပီးေတာ့ ဘာပဲျဖစ္ျဖစ္ နင့္ကို မနာက်င္ေစရဘူး....အဲ့လိုျဖစ္ေအာင္ ငါထားေပးမယ္။"

မွန္ကိုေက်ာေပးလာ၍ မွန္တင္ခုံေရွ႕ကထိုင္ခုံမွာ ထိုင္ေနသည့္ သမီးငယ္၏ ပါးျပင္ကို ထိေတြ႕ေနရင္း သမီးငယ္၏မ်က္ႏွာေပၚမွ ဆံပင္တစ္ခ်ိဳ႕ကို နား႐ြက္ေနာက္သို႔ သိမ္းဆည္းေပးလိုက္စဥ္ ျဖတ္ခနဲျမင္လိုက္ရသည့္ ဆံေထာက္ေကြးႏွင့္ ေရွးေခတ္အမ်ိဳးသမီးက ေခါင္းအထက္တြင္ ဆံထုံးကိုထုံးဖြဲ႕ထားက ထိုမွဆင္ယင္ထားေသာ အဝတ္အစားမ်ားကလည္း အျဖဴႏွင့္ အျပာေရာင္လုံခ်ည္က အနားသတ္ေနာက္တြင္အျဖဴေရာင္အဖ်ားခတ္ကာ တင္ပါးလႊဲထိုင္ေနဟန္ျဖင့္...

"ထည္ဝါ...ထည္ဝါ"

"ဟမ္..အင္း၊ အင္း..."

ျမင္ဖူးခဲ့ေသာ ေရွးခတ္ဘုရင့္မိဖုရားတို႔၏ ထုံးဖြဲ႕မႈမ်ားကို လက္ေတြ႕နီးပါးျမင္ေတြ႕လိုက္ရသည့္အခါ သူ႔မွာတုန္လႈပ္သြားေတာ့သည္။

"ငါေျပာေနတာေတြကို ၾကားလိုက္ရလား။
ဟီးးး....အဲ့ဒီအိမ္မက္ေတြထဲမွာ ငါ့မွာေနာက္လိုက္ေတြအမ်ားႀကီးနဲ႔ဟ။ မသိရင္ ငါက မိဖုရားတစ္ပါးလို ေမာင္းမ၊အေႁခြအရံေတြနဲ႔....ေတာ္ေတာ္ေလးကို ၾသဇာအာဏာေညာင္းသလိုပဲ...."

"ဒါေတြေတာ္ၿပီ။ လာ...အိပ္ၾကရေအာင္"

အိမ္မက္အေၾကာင္းကို ပီတိျဖာေနစဥ္မွာပဲ ေပြ႕ခ်ီခံလိုက္ရသည္က တကယ့္ကိုဘုရင္မတစ္ပါးကဲ့သို႔ျဖစ္သလို အိပ္ရာအထက္တြင္ ညင္သာစြာခ်ေပးေသာ သူ႔အျပဳအမူေၾကာင့္ ဒီတစ္ညေတာ့ အိမ္မက္ထဲမွာ ငယ္သည္ ပစၥယာ၅ခုအနက္ အလယ္ပစၥယာ၏ အေနာက္ဘက္တြင္ ထိုင္၍ ေနဝင္ခ်ိန္ကိုၿပဳံးၿပဳံးႀကီး ၾကည့္ေနတာျဖစ္သည္။

ထိုစဥ္မွာပဲ ၾကားလိုက္ရသည့္ ျမင္းျခဴသံေၾကာင့္ ၾကည့္ေနဆဲအလွတရားမ်ားထက္ ပိုလို႔သာလြန္ေသာေပ်ာ္႐ႊင္ရေသာ ဟန္ျဖင့္ ငယ့္ကိုယ္တိုင္ႏႈတ္ကေန ေခၚတြင္လိုက္သည္က...
"ေမာင္ေတာ္......." ဟူ၍ ျဖစ္သည္။

အသံထြက္သူက အၿပဳံးမ်က္ႏွာျဖင့္ အိပ္ေနဆဲျဖစ္ေသာ္လည္း အသံေၾကာင့္ႏိုးလာရေသာ သူ႔မွာမူ ဒီလိုၾကည္လင္ေနေသာမ်က္ႏွာေလးေၾကာင့္ ျပန္အိပ္ဖို႔ကို ႀကိဳးစားအားထုတ္ေသာ္လည္း အခ်ည္းအႏွီးသာ ျဖစ္ေနရသည္။ ထိုေၾကာင့္ ေခါင္းအုံးအထက္တြင္လက္ေထာက္ကာ အၿမဲၾကည့္လို႔မဝခဲ့ေသာ မ်က္ႏွာေလးအား မ်က္ေတာင္မခတ္စတမ္းၾကည့္ေနလိုက္ေတာ့သည္။

ေနာက္တစ္ေန႔မနက္တြင္ ပစၥည္းသြားယူၿပီးေနာက္တစ္ခါတည္းပဲ အိမ္သို႔ျပန္မည္ဟုေတြးခဲ့လိုက္ၿပီး သမီးငယ္ကိုပါ ထိုေနရာသို႔ ေခၚလာခဲ့လိုက္သည္။

"ဒါဆို ေနာက္မွေတြ႕မယ္ သခင္ေလး...."

"အင္း..."

သူ႔ဒယ္ဒီထက္ပင္ ပိုလို႔အသက္ႀကီးေသာ ေရွးေဟာင္းပစၥည္းစုေဆာင္းသူ ဦဧကကို ေငြေပးခဲ့ၿပီး သူသည္ ကားထဲသို႔ျပန္ဝင္ခဲ့သည္။

"အဲ့တာ ဘာေတြလဲ..."

ေမးခြန္းမၿပီးေသးခင္မွာတင္ သမီးငယ္က ထည္ဝါ့လက္ထဲရွိ အနီေရာင္ကတၳီပါ ဗူးကို ဆြဲယူၿပီး ဖြင့္ၾကည့္ေတာ့သည္။

"ဟင္...."

လက္ထဲတြင္ရွိေသာ ဘယက္ကို အေသအခ်ာၾကည့္ရင္း မ်က္ေတာင္ခတ္ဖို႔ပင္ ေမ့ေနေသာသမီးငယ္က တကယ္ပဲ အသက္ရႉရပ္သြားမလိုျဖစ္ေနသည္မို႔ သူကပဲ သမီးငယ္၏ပခုံးကိုလက္ျဖင့္ကိုင္လိုက္ရင္း သတိေပးလိုက္သည္။
"ဘာမွမဟုတ္ဘူး။ ေပးေတာ့...."

အသိစိတ္လြတ္ခ်င္သလိုျဖစ္ေနေသာ သမီးငယ္ဆီကေန ဘယက္ကိုျပန္ယူလိုက္ၿပီး ဗူးထဲျပန္ထည့္ကာ ကားေရွ႕ခန္းရွိ ကိုမႈိင္းထံသို႔ ကမ္းေပးလိုက္သည္။ ၿပီးေနာက္တြင္ သူ႔ေပါင္အထက္မွာ ေခါင္းခ်လာေသာ သမီးငယ္အား ၾကည့္လိုက္ရင္း...
"အေတြးမမ်ားနဲ႔" ဟု ေျပာေပးလိုက္ေသးသည္။

"မေန႔ညကေလ ျမင္းျခဴသံၾကားရတယ္ ထည္ဝါ။ ၾကည့္ရတာ သူငါ့ဆီကို လာတာျဖစ္မယ္......"

နားလည္ရခက္ေသာ စကားမ်ားကို သူေဝဖန္ခ်က္မေပးခ်င္သည္မို႔ ဘာမွျပန္မေျပာပဲ ဆိတ္ဆိတ္ၿငိမ္ေနလိုက္သည္။

"ငါေလ အရမ္းေပ်ာ္တာပဲ။ ဒီေလာက္အခ်ိန္ၾကာႀကီး အိမ္မက္ေတြဆက္တိုက္မက္ခဲ့တာ မေန႔ညက အေပ်ာ္ဆုံးပဲ။ ျမင္းျခဴသံၾကားရတယ္ဆိုေတာ့ သူေရာက္လာလို႔ျဖစ္မွာ...."

"ေနာက္ဆို ပုဂံကိုမသြားရဘူး သမီးငယ္....."

သူ,မဟုတ္တဲ့ လူတစ္ေယာက္ေၾကာင့္ အေတြးေလးနဲ႔ေတာင္ သမီးငယ္အား ေပ်ာ္႐ႊင္ခြင့္မေပးခ်င္ေပ။ သို႔ေသာ္လည္း သမီးငယ္တန္ဖိုးထားသည့္ သူကိုေတာ့ သူ႔အေနနဲ႔တန္ဖိုးထားေပးမည္ျဖစ္သည္။

"အဲ့ဒီအမ်ိဳးသမီးနဲ႔ ပက္သတ္ၿပီး ေသေသခ်ာခ်ာေလး ဂ႐ုစိုက္ေပးထားဖို႔ေျပာလိုက္ပါ ကိုမႈိင္း။ တစ္ခုခုျဖစ္သြားတာကို ကြၽန္ေတာ္မလိုခ်င္ဘူး..."

"ဘယ္သူ႔ကို မိုလို႔အဲ့ေလာက္ထိ ဂ႐ုစိုက္ေနတာလဲ..."

မနက္စာဝိုင္းကေန သူတို႔နားအထိေရာက္လာေသာ ေနျခည့္ေၾကာင့္ သူ႔မွာစိတ္ရႈပ္စြာနဲ႔ပဲ...
"ငါ့ကိစၥေတြထဲ ဝင္မပါလို႔ မရဘူးလားေနျခည္ရာ" ဟု ညီးတြားလိုက္မိသည္။

"အံမယ္...ငါ့ကိုထားခဲ့ၿပီး ပုဂံကိုသြားလိုက္တာေတာင္ မေက်နပ္ေသးတာကို။ နင္ေတာ့လား"

စကားအဆုံးမွာ ေနျခည့္ဘက္ကတြန္းထုတ္လိုက္တာေၾကာင့္ ထည္ဝါသည္အနည္းငယ္မွ်သာ ယိုင္သြားေလသည္။ ဒီေကာင္ေလး တကယ္ကိုသန္မာသည္။

"ေၾသာ္ ဒါနဲ႔။ ေရာင္ဝါ့ဆီကို ငါလိုက္သြားမယ္ထည္ဝါ...."

မ်က္စိေရွ႕က ထည္ဝါ့ကို ၾကည့္ေနရင္း ေနျခည္သည္ သူ႔အားထားခဲ့ရန္အတြက္ကို ယုံၾကည္စိတ္ခ်မိသည္။ ထည္ဝါသည္ သူမ မရွိလည္း အဆင္ေျပေအာင္ေနတတ္လိမ့္မည္။ သို႔ေသာ္ အခုအေရးႀကီးတာက ေရာင္ဝါပင္။ ေရာင္ဝါတစ္ေယာက္ အသက္ေတြႀကီးမွ ထိန္းသိမ္းလို႔မႏိုင္ေအာင္ကို ျဖစ္ေနေတာ့သည္။

"ငါလည္း အဲ့တာေျပာမလို႔ သခင္ေလး။
ငါ့အတြက္ ခြင့္ပဲျဖစ္ျဖစ္ တစ္ႏွစ္ေလာက္ေပးလို႔ ရမလား....."

သူနဲ႔ေနျခည့္ ရွိရာသို႔ေလွ်ာက္လာရင္း ဒရယ္ဂြန္ကထိုသို႔ေျပာသည္မို႔ ထည္ဝါ့မွာအလန္႔တၾကားနဲ႔ပဲ...
"ဘာျဖစ္လို႔လဲ..." ဟု ထုတ္ေမးမိသြားသည္။

ဒီေန႔နဲ႔ဆို သူ ပုဂံကေနျပန္ေရာက္တာ ၁ပတ္ေက်ာ္ၿပီျဖစ္ေသာ္လည္း ဒီရက္ေတြမွာဒရယ္ဂြန္မ်က္ႏွာ သိပ္ၿပီးလန္းဆန္မေနတာမွလြဲလို႔ အရာအားလုံးကအဆင္ေျပေနသည္။ သမီးငယ္ပင္လွ်င္ ေတာ္ေတာ္ေလး လိမၼာေနတာျဖစ္သည္။

ဒီလိုေနရင္းနဲ႔မွ အခုလို ႐ုတ္တရပ္ဆန္ဆန္ႀကီး ျဖစ္သြားမွာမ်ိဳးကို သူ႔အေနနဲ႔လက္မခံခ်င္ေပ။

"ငါ အကိုေလးနဲ႔အတူရွိခ်င္လို႔ပါ။ အကိုေလးကပဲ ငါ့ဆီကိုလာလာေနရတာ ေမာေလာက္ေရာေပါ့...အဲ့တာေၾကာင့္ ဒီတစ္ေခါက္ငါ့ဘက္က သြားေတြ႕မလားလို႔..."

"သြားေတြ႕ေလ။ ေတြ႕ၿပီးရင္ ျပန္လာေပါ့...."

အခုခ်ိန္မွာ သူ႔မ်က္ႏွာက ဘယ္လိုျဖစ္ေနလဲေတာ့ သူကိုယ္တိုင္ျပန္မျမင္ရေပမယ့္လည္း ေနျခည္ေျပာသလို...
"နင့္မ်က္ႏွာႀကီး အရမ္းမည္းေနၿပီ" ဆိုတာကေတာ့ အေသအခ်ာျဖစ္ေနေလာက္သည္။

"ေနျခည္၊ ထည္ဝါ...ၿပီးေတာ့ ဒရယ္ဂြန္။ မင္းတို႔အားလုံး passportကိုင္ၿပီး အခုခ်က္ခ်င္းကားေပၚကို တက္လာခဲ့။"

ခပ္လွမ္းလွမ္းမွ ဒယ္ဒီ့ေအာ္သံတြင္ သူတို႔သုံးေယာက္လုံး လန္႔ျဖန္႔သြားရၿပီး ခ်က္ခ်င္းပဲ ကိုယ္စီအခန္းဆီကိုေျပးဝင္ကာ passportႏွင့္ လိုအပ္သည့္ပစၥည္းအနည္းငယ္ကို အိတ္ထဲထည့္ၾကရသည္။

"အကိုေလးေရာင္ဝါ ေဆးစြဲေနတယ္လို႔ သိရပါတယ္ သခင္ေလး။ ၾကည့္ရတာ သခင္ေလးတို႔ ဒီတစ္ေခါက္Provenceမွာ ၾကာမယ္ထင္တယ္..."

မာမီ့မ်က္ရည္ေတြကို ျမင္ကတည္းက ထိုတရားခံ၏မ်က္ႏွာတစ္ခုလုံး စုတ္ျပတ္သပ္သြားေအာင္လုပ္ခ်င္ေနသည္က အခုအခါကိုမႈိင္း၏ စကားေၾကာင့္ သူ႔စိတ္အေျခအေနက ပိုလို႔ပင္ဆိုး႐ြားသြားေတာ့သည္။

"ဒီေကာင္ေတာ့ကြာ...ေတာက္ခ္"

အားျပင္းျပင္းနဲ႔ ေတာက္ေခါက္သံက်ယ္က်ယ္အဆုံးမွာ သူ႔နား႐ြက္ကိုလာဆြဲသည့္ေနျခည္ကလည္း ေတာ္ေတာ္ေလးအားျပင္းပါသည္။
"အကိုကို ပစ္မွားေနတယ္။ ဒီေကာင္ေလးေတာ့...နာခ်င္ၿပီထင္တယ္။"

ေျပာၿပီးခ်က္ခ်င္းပဲ ဆြဲလိမ္သည္မို႔ သူ႔မွာ ေစြ႕ေစြ႕ခုန္ေနရေတာ့သည္။ သို႔ေသာ္လည္း ထိုသို႔ျဖင့္ ကတိုက္က႐ိုက္အေျခအေနၾကားမွာပင္ သူသည္ မွာစရာရွိသည္မ်ားကို ကိုမႈိင္းထံမွားၾကားခဲ့ၿပီးျဖစ္သည္။







Continue Reading

You'll Also Like

211K 7.6K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
601K 22.5K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။