Unicode
“အဲ့တော့ ရန်ယူရာက ဟွမ်ထျန်ရဲ့လူဖြစ်ပြီး ဟွမ်ထျန်က ခင်ဗျားကို သေစေချင်လို့ ရန်ယူရာက သတ်လိုက်တယ်ပေါ့..?”
ရွှယ်ယို့ရှန်းခမျာ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်ကို သတ်ပစ်လိုက်သည်ဟူသော ကိစ္စရပ်အပေါ် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်၏။ သူနားကြားမှားတာလား၊ ဒါမှမဟုတ် ဟွမ်ပေ့ချန်ကပဲ မှားပြောမိတာလား..?
“အင်း..”
ဟွမ်ပေ့ချန်က ခေါင်းညိတ်ပြတယ်။ သူ့အတွက် မှတ်ဉာဏ်ကောင်းတစ်ခု ဖြစ်ပုံမပေါ်ဘူး။
“…………”
ဟွမ်ပေ့ချန်ရဲ့ အတည်ပြုမှုကိုရပြီးနောက် ရွှယ်ယို့ရှန်းမှာ သက်ပြင်းမောချလိုက်မိတယ်။
Plot ကတော့ လာနောက်နေပြီ..!
“နေပါဦး..! ခင်ဗျားက မိစ္ဆာဘုရင်၊ ကြီးမြတ်သော ဘုရင်အဆင့်လေ.. တော်ဝင်အဆင့် ၉ ပဲရှိသေးတဲ့ ရန်ယူရာကြောင့် သေခဲ့တယ်..?”
ရွှယ်ယို့ရှန်းက တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိလိုက်တယ်။ ဟွမ်ပေ့ချန်က ရန်ယူရာအပေါ် သံသယမဝင်ခဲ့ရင်တောင် သူတို့နှစ်ဦးရဲ့ စွမ်းအင်ကွာခြားချက်က ကြီးမားနေတုန်းပဲ။ တော်ဝင်ရွှေရောင်အဆင့် ကျင့်ကြံသူတစ်ယောက်က ကြီးမြတ်သောဘုရင်အဆင့်ကို အလစ်ချောင်းတိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ဒါက ကြီးမြတ်သောဘုရင်အဆင့်ကို ပြိုင်ဘက်ကင်းစေသတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်။ တခြားသော ဘုရင်အဆင့်မှလွဲ၍ ‘အချိန်’ကသာ ဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်လိမ့်မယ်။ ထို့ကြောင့် အလစ်ချောင်းတိုက်သည်ဖြစ်စေ၊ လုပ်ကြံသည်ဖြစ်စေ၊ ထောင်ချောက်ဆင်သည်ဖြစ်စေ၊ အသုံးမဝင်ဘူး။
“ရန်ယူရာနဲ့ ‘သေအတူရှင်မကွာ’ စာချုပ်ကြောင့် သေခဲ့ရတာ..”
ဟွမ်ပေ့ချန်လည်း ဘာမှဖုံးကွယ်မနေတော့ဘူး။ ‘သေအတူရှင်မကွာစာချုပ်’၊ နာမည်နဲ့လိုက်ဖက်လွန်းတယ်။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ နည်းလမ်းကောင်းဖြစ်သလို သေစေနိုင်တဲ့ အဆိပ်ပြင်းပြင်းလည်း ဖြစ်နေပြန်တယ်။
ဟွမ်ထျန်က ဟွမ်ပေ့ချန်ကို သေစေလိုခဲ့တယ်။ ထို့ကြောင့် ရန်ယူရာက တစ်ခဏလေးတောင် မတုံ့ဆိုင်းဘဲ ‘သေအတူရှင်မကွာ’ စာချုပ်ကို အသက်သွင်းပြီး သတ်သေပစ်လိုက်တယ်။ စာချုပ်ရဲ့အကျိုးသက်ရောက်မှုကြောင့် ဟွမ်ပေ့ချန်လည်း ရန်ယူရာနောက်ကို ငြင်းဆန်ခွင့်မရှိဘဲ လိုက်ပါသွားရတော့တယ်။ ဒီနည်းလမ်းက ရိုးရှင်းသလောက် အကျိုးသက်ရောက်မှုက ပြင်းထန်လွန်းပေတယ်။
“…………”
ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ စကားတစ်ခွန်းသာ ပေါ်လာခဲ့တော့တယ်။
ဟွမ်ပေ့ချန်ရေ… မင်းအဖြစ်ကတော့ အောင်မြင်ခြင်းရော ကျရှုံးခြင်းရော အဲ့စာချုပ်အပေါ် မူတည်နေပါလား..?
သူမှတ်မိသလောက်ဆို အဓိကဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်ကောင်ကြားက တစ်ဦးပေါ်တစ်ဦး ချစ်ခင်ယုံကြည်မှုကို သိသာစေချင်လို့ ဇာတ်လိုက်ကို သေလုမျောပါးအခြေအနေမျိုးရောက်အောင် တမင်ရေးခဲ့တာ။ အဲ့တာမှ ဇာတ်လိုက်သေခါနီးအချိန် အမျိုးသမီးဇာတ်လိုက် ရောက်လာပြီး ‘သေအတူရှင်မကွာ’စာချုပ် ချုပ်ဆိုလို့ရမှာပေါ့။
သူ့မှာ အဲ့ဇာတ်ကွက်ကို ထင်ရှားစေချင်လွန်းလို့ နှစ်ယောက်သားရဲ့ ခံစားချက်တွေ၊ အတွေးတွေကို စာအရှည်ကြီးရေးခဲ့ရတာ။ အဲ့ဇာတ်ကွက်ကလည်း စာဖတ်သူတော်တော်များများကို ‘မနာလိုဖြစ်သေအောင်’ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ဟွမ်ပေ့ချန်က သူသေခဲ့ရတာ ‘သေအတူရှင်မကွာ’စာချုပ်ကြောင့်ပါတဲ့။ စာရေးဆရာဖြစ်တဲ့ ရွှယ်ယို့ရှန်းလည်း စကားတစ်ခွန်းပဲ ပြောစရာရှိတော့တယ်။
Plot ကတော့ ထိန်းချုပ်လို့မရအောင် လုံးဝလွတ်ထွက်သွားပြီ..!
“တကယ်တော့ ရန်ယူရာသာ ‘သေအတူရှင်မကွာ’စာချုပ်သုံးပြီး မကယ်တင်ခဲ့ရင် ငါသေသွားတာကြာပြီ.. ဒီလောက်အကြာကြီး အသက်ဆက်ရှင်ခဲ့ရတာ အပြစ်တင်စရာမရှိပါဘူး..”
ရွှယ်ယို့ရှန်းရဲ့ မယုံကြည်နိုင်ဖြစ်နေတဲ့ အကြည့်ကိုမြင်ပြီး ဟွမ်ပေ့ချန်လည်း ဘာကြောင့်ရယ်မသိ ရှင်းပြချင်လာတယ်။
“စိတ်ထားကောင်းလိုက်တာ..!”
လက်ရှိအချိန်ထိ Holy Mother လိုစိတ်ဓာတ်မျိုး ထိန်းသိမ်းထားနိုင်တဲ့ ဟွမ်ပေ့ချန်ကိုကြည့်ရင်း ရွှယ်ယို့ရှန်းက လက်မထောင်လိုက်သည်။
ဟွမ်ပေ့ချန်က သူဖန်တီးထားတဲ့ ဇာတ်လိုက်ဖြစ်ဖို့ တကယ့်ကို ထိုက်တန်တယ်..!
ဒီလိုကိုယ်ကျိုးမငဲ့တဲ့ စိတ်ဓာတ်မျိုးကို ကြိုက်ပေမယ့်လည်း သူကိုယ်တိုင်က အဲ့လိုမဖြစ်နိုင်တာ စိတ်မကောင်းစရာပဲ..!
“အဲ့လောက်မဟုတ်ပါဘူး.. အဲ့လိုအကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေခဲ့ပေမယ့် တကယ်မလွှတ်ချနိုင်သေးဘူး..!”
ဟွမ်ပေ့ချန်က သူ့ကိုယ်သူ ခပ်တိုးတိုး လှောင်ရယ်လိုက်တယ်။
သူလည်း လူရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ လုပ်တတ်တဲ့လူမျိုးပဲ..! သူ့ရဲ့စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေတုန်းပဲ။ မဟုတ်ရင် ရွှယ်ယို့ရှန်းကိုမြင်တာနဲ့ ချက်ချင်းတိုက်ခိုက်ခဲ့မှာ မဟုတ်ဘူးလေ။ လက်စားချေချင်တယ်..! အရာအားလုံး မစတင်ခင် ဟွမ်ထျန်ကို အရင်သတ်ပစ်လိုက်ချင်တယ်။ အဲ့တာမှ ရန်ယူရာက ဟွမ်ထျန်အတွက်နဲ့ သူ့ကိုမသတ်မှာ။
သူ့အပေါ် ရန်ယူရာရဲ့စိတ်ရင်းက သံသယဝင်စရာမရှိဘူး။ ဒါပေမဲ့ အတိတ်ရဲ့အတွေ့အကြုံတွေအရ ဟွမ်ထျန်ရဲ့အသွင်အပြင်က သူကျော်ဖြတ်လို့မရနိုင်တဲ့ တောင်ကြီးတစ်တောင်လိုပဲ..! ဟွမ်ထျန် သူ့ကိုသေစေချင်ရင် ကိုယ်တိုင်သတ်စရာမလိုဘူး။ အမိန့်ပေးလိုက်ရုံနဲ့ မိစ္ဆာမျိုးနွယ်တွေအားလုံး သူ့အတွက် ဆောင်ရွက်ပေးလိမ့်မယ်..!
ရန်ယူရာကလည်း အဲ့လူတွေထဲက တစ်ယောက်ပေါ့..!
မိစ္ဆာမျိုးနွယ်အတွက်တော့ ဟွမ်ထျန်က အတုမရှိတဲ့ ဖြစ်တည်မှု၊ သူတို့အားလုံးရဲ့ ယုံကြည်ရာ၊ နတ်ဘုရားရဲ့ ပြယုဂ်တစ်ခုပဲ..!
သူကိုယ်တိုင်က မိစ္ဆာမျိုးနွယ်ရဲ့ဘုရင်ဖြစ်ခဲ့ပေမယ့် ဟွမ်ထျန်ပေါ်ထွက်လာတာနဲ့ မိစ္ဆာမျိုးနွယ်တစ်ခုလုံး သူ့ဘက်ပါသွားခဲ့တယ်။ အဲ့တာကြောင့်ပဲ သနားဖို့ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာပေါ့..!
“ငါ့အကြောင်း ပြောပြပြီးပြီ.. မင်းလည်း မင်းအကြောင်း ပြောပြသင့်တယ်မဟုတ်လား..?”
ဟွမ်ပေ့ချန်က စိတ်အခြေအနေဆိုးရွားလာတာကို ထိန်းချုပ်ရင်း မေးလိုက်တယ်။ သူ့အရှေ့မှာ ရပ်နေတဲ့လူက ဟွမ်ထျန်မဟုတ်မှန်း သိနေပါသော်လည်း မြင်တွေ့နေရတာ စိတ်မချမ်းသာဘူး။
“ငါသိချင်တယ်.. ငါ့အကြောင်းတွေကို မင်းဘာလိုလုပ်သိနေတာလဲ..?”
ထိုမေးခွန်းကို မေးလိုက်တဲ့အချိန် ဟွမ်ပေ့ချန်ရဲ့ မျက်ဝန်းအကြည့်က စူးရှလာတယ်။ ပြန်မွေးဖွားလာတဲ့ ရင်းဆုယဲ့တောင် သူသေသွားတဲ့အချိန်က ရန်ယူရာရဲ့ ကျင့်ကြံဆင့်ကို သိနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ထို့ကြောင့် ရွှယ်ယို့ရှန်းအပေါ် သံသယဝင်လာတယ်။ ရွှယ်ယို့ရှန်းရဲ့ စကားထဲမှာ ဟာကွက်တွေချည်းပဲ။ သူ့ပုံစံက လူတော်တော်များများကို သိထားပုံရတယ်။
ရွှယ်ယို့ရှန်းမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုခု မရှိဘူးဆိုရင် နတ်ဘုရားလိုမိစ္ဆာကောင် ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်သိမ်းပိုက်ထားနိုင်မှာလဲ..?
“ခင်ဗျားတစ်ယောက်တည်းကို မဟုတ်ဘူး.. အရာအာလုံးကို သိထားတာ..!”
ရွှယ်ယို့ရှန်းက ဟွမ်ပေ့ချန်ကိုကြည့်ကာ မျက်လုံးလှိမ့်လိုက်သည်။ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဝတ္ထုတစ်ပုဒ်လုံးကို သိထားတာကွ..!
“မင်းဘယ်သူလဲ..?”
ဟွမ်ပေ့ချန်က စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာ အန္တရာယ်အငွေ့အသက်တွေ ပြည့်နှက်လာခဲ့တယ်။
“ရင်းဆုယဲ့ ပြန်မွေးဖွားလာသလိုပေါ့.. ခင်ဗျားတစ်ယောက်တည်း ဝိဉာဉ်ကူးပြောင်းလာတာမဟုတ်ဘူး..!”
ရွှယ်ယို့ရှန်းက အမှုမထားသလို ပြန်ဖြေလိုက်တယ်။
“မင်းလည်း ကူးပြောင်းလာတာလား..?”
ဟွမ်ပေ့ချန်က ငတုံးမဟုတ်သောကြောင့် ရွှယ်ယို့ရှန်းရဲ့စကားကို ချက်ချင်းနားလည်လိုက်တယ်။ ရွှယ်ယို့ရှန်းကို ကြည့်နေတဲ့ အကြည့်ကလည်း ပိုမိုနက်ရှိုင်းလာခဲ့တယ်။
သူလည်း ကူးပြောင်းလာပေမယ့် ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။ အတိတ်ဘဝတုန်းက အတွင်းသိအစင်းသိ လူတချို့ကိုပဲ ပြောပြခဲ့ဖူးတာ။ ဒါတောင် အသေးစိတ်မဟုတ်ဘူး။ ပြီးတော့ ရွှယ်ယို့ရှန်းက သူ့လိုပဲဆိုရင် ကိစ္စတော်တော်များများကို ဘာလို့သိနေရတာလဲ..?
“မင်းက ငါ့လိုပဲဆိုရင်တောင် အရာအားလုံးကို ဘာလို့သိနေရတာလဲ..? အဲ့ကိစ္စကို ရှင်းပြပေးနိုင်မလား..?”
ဟွမ်ပေ့ချန်က အရူးမဟုတ်ဘူး။ သူကိုယ်တိုင်လည်း ကူးပြောင်းလာသူဖြစ်တာကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတိုင်းကို သိထားတယ်။
“ငါက ဖန်ဆင်းရှင်ဆိုရင်ရော..?”
ရွှယ်ယို့ရှန်က မျက်လုံးလေး ကလယ်ကလယ်နဲ့ အမှန်တစ်ဝက် ရောပြောလိုက်တယ်။
Plot အကုန် သောက်တလွဲဖြစ်ကုန်တဲ့ ဒီနေရာကြီးမှာ ဖန်ဆင်းရှင်လို့ သုံးသင့်သေးရဲ့လား၊ သူမသိတော့ဘူး။ ဒါပေမဲ့ ရုတ်တရက် ပြောချင်လာလို့ ပြောချပစ်လိုက်တာ။ ဟွမ်ပေ့ချန်ကို ရှင်းပြချင်လို့မဟုတ်ပဲ ရင်းဆုယဲ့အပေါ် ဖွင့်မပြောရဲခဲ့တဲ့ကိစ္စတွေကို ဒီလိုနည်းလမ်းနဲ့ဖြစ်ဖြစ် ပြောပြာချင်ခဲ့တာ။
ဥပမာ ဒီကမ္ဘာကြီးက စာအုပ်တစ်အုပ်ဆိုတာမျိုး၊ ဒါမှမဟုတ် သူက ဒီဝတ္ထုရဲ့ စာရေးဆရာဆိုတာမျိုးပေါ့..!
“ဟာသလုပ်တာလည်း အတိုင်းအတာရှိတယ်..!”
ဟွမ်ပေ့ချန်က ရွှယ်ယို့ရှန်းရဲ့စကားကို လုံးဝမယုံဘူး။
ဒီကမ္ဘာကို ရောက်ကတည်းက ကြီးမြတ်သောဘုရင်အဆင့်ရောက်ဖို့ ရုန်းကန်ခဲ့ရတာ အခြားအတွက်မဟုတ်ဘူး။ ‘မှော်နဲ့ဓားနယ်မြေ’ရဲ့ စည်းမျဉ်းတွေကို သေချာသိထားလို့ပဲ။ ဒီလောကမှာတော့ ဘုရင်အဆင့်က အမြင့်ဆုံးဖြစ်ပြီး ဖန်ဆင်းရှင်မပြောနဲ့၊ နတ်ဘုရားဆိုတာမျိုးတောင် ရှိတာမဟုတ်ဘူး..!
ရွှယ်ယို့ရှန်းရဲ့လေသံက ပေါ့ပျက်ပျက်ဖြစ်နေတာကြောင့် ဟွမ်ပေ့ချန်ရဲ့ စိတ်အခြေအနေက လုံးဝမကောင်းတော့ဘူး။
“မယုံရင် မေ့လိုက်..!”
ရွှယ်ယို့ရှန်းက ဟွမ်ပေ့ချန်ကို အဖက်မလုပ်ဘူး။ ရင်းဆုယဲ့ကိုသာ လှည့်ကြည့်လိုက်တယ်။ သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့က အတွေးများနေတဲ့ မျက်နှာထားနဲ့ သူ့ကိုငေးကြည့်နေတာကြောင့် ရွှယ်ယို့ရှန်းလည်း လိပ်ပြာမလုံသလို ဖြစ်လာပြီး မျက်နှာလွှဲချင်လာတယ်။
ဒါပေမဲ့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်ကို လွတ်မြောက်ခွင့်မပေးဘူး။ လက်ဆန့်ကာ ရွှယ်ယို့ရှန်းရဲ့ မေးစေ့ကို အသာအယာ ဆွဲမော့လိုက်ပြီး အကြည့်ချင်းစုံစေခဲ့တယ်။
“ရှောင်ယို့.. ဟွမ်ပေ့ချန်နဲ့ စကားပြောနေတာ အရမ်းကြာနေပြီလို့ မထင်ဘူးလား..?”
ရွှယ်ယို့ရှန်းရဲ့ လိပ်ပြာမလုံသလို ခံစားချက်ကို မမြင်လိုက်တာလား၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းကြောင့်လားမသိ။ ရင်းဆုယဲ့က စကားလမ်းကြောင်းပြောင်းသွားတယ်။
“ကိစ္စတချို့ အတည်ပြုချင်လို့ပါ.. အဲ့တာမှ ကျွန်တော်တို့တွေ နောက်ဖြစ်လာမယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်လို့ရမှာလေ..!”
ရွှယ်ယို့ရှန်းက ဖြောင့်မတ်မှန်ကန်သလို ပြောလိုက်တယ်။ ဒါပေမဲ့ လိပ်ပြာမလုံစိတ်က အရင်ထက် ပိုမိုကြီးမားလာခဲ့တယ်။
အခုလေးတင် ဟွမ်ပေ့ချန်နှင့် စကားပြောနေရင်း သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့ကို လျစ်လျူရှုထားမိတယ်။ ရှောင်ယဲ့ယဲ့က ဒီကိစ္စကို စာအုပ်ထဲမှာတော့ မမှတ်ထားလောက်ပါဘူးနော်..? ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်ပေမယ့် အခုပြန်ပြောင်းချင်ရင် နောက်ကျသွားပြီလားဟင်..?
“မင်းအတွက် ကိုယ်ရှိနေမှာပါ..!”
ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ငေးစိုက်ကြည့်ရင်း သူ့ရဲ့စိတ်ရင်းကို တစ်ဖက်လူမြင်သာအောင် ပြလိုက်တယ်။
ကောင်လေးဘက်က အကူအညီမတောင်းရင်တောင် ဒီကိစ္စတွေအားလုံးကို အသေးစိတ် စုံစမ်းရမှာပဲ။ ရွှယ်ယို့ရှန်းကိုယ်တိုင်ထက် သူက ရွှယ်ယို့ရှန်းကို ဂရုစိုက်ပေးမယ်။ ကောင်လေးကို နာကျင်ထိခိုက်စေမယ့် ဘယ်ဖြစ်ရပ်မျိုးမဆို လုံးဝခွင့်မပြုနိုင်ဘူး..!
“………….”
ရွှယ်ယို့ရှန်းခမျာ လက်ရှိရင်းဆုယဲ့က ယခင်ထက်ပိုပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းလာသလို ခံစားလိုက်ရတယ်။
ဒါပေမဲ့..
အဲ့လိုပုံစံနဲ့ ရှောင်ယဲ့ယဲ့ကို သူကြိုက်တယ်..!
သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့နဲ့ မျက်နှာချင်းဆိုင်မိတိုင်း သူ့ရဲ့အဖြစ်က ကယ်တင်လို့မရတော့ဘူး..!
သူကိုယ်တိုင်ကလည်း ကယ်တင်ခွင့်မပြုနိုင်တော့ဘူး..!
…………………………………………….
Zawgyi
“အဲ့ေတာ့ ရန္ယူရာက ဟြမ္ထ်န္ရဲ႕လူျဖစ္ၿပီး ဟြမ္ထ်န္က ခင္ဗ်ားကို ေသေစခ်င္လို႔ ရန္ယူရာက သတ္လိုက္တယ္ေပါ့..?”
႐ႊယ္ယို႔ရွန္းခမ်ာ အမ်ိဳးသမီးဇာတ္လိုက္က အမ်ိဳးသားဇာတ္လိုက္ကို သတ္ပစ္လိုက္သည္ဟူေသာ ကိစၥရပ္အေပၚ မယုံၾကည္ႏိုင္ျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ ေနာက္တစ္ႀကိမ္ ထပ္မံအတည္ျပဳလိုက္၏။ သူနားၾကားမွားတာလား၊ ဒါမွမဟုတ္ ဟြမ္ေပ့ခ်န္ကပဲ မွားေျပာမိတာလား..?
“အင္း..”
ဟြမ္ေပ့ခ်န္က ေခါင္းညိတ္ျပတယ္။ သူ႔အတြက္ မွတ္ဉာဏ္ေကာင္းတစ္ခု ျဖစ္ပုံမေပၚဘူး။
“…………”
ဟြမ္ေပ့ခ်န္ရဲ႕ အတည္ျပဳမႈကိုရၿပီးေနာက္ ႐ႊယ္ယို႔ရွန္းမွာ သက္ျပင္းေမာခ်လိုက္မိတယ္။
Plot ကေတာ့ လာေနာက္ေနၿပီ..!
“ေနပါဦး..! ခင္ဗ်ားက မိစာၦဘုရင္၊ ႀကီးျမတ္ေသာ ဘုရင္အဆင့္ေလ.. ေတာ္ဝင္အဆင့္ ၉ ပဲရွိေသးတဲ့ ရန္ယူရာေၾကာင့္ ေသခဲ့တယ္..?”
႐ႊယ္ယို႔ရွန္းက တစ္ခုခုလြဲမွားေနသည္ကို သတိျပဳမိလိုက္တယ္။ ဟြမ္ေပ့ခ်န္က ရန္ယူရာအေပၚ သံသယမဝင္ခဲ့ရင္ေတာင္ သူတို႔ႏွစ္ဦးရဲ႕ စြမ္းအင္ကြာျခားခ်က္က ႀကီးမားေနတုန္းပဲ။ ေတာ္ဝင္ေ႐ႊေရာင္အဆင့္ က်င့္ႀကံသူတစ္ေယာက္က ႀကီးျမတ္ေသာဘုရင္အဆင့္ကို အလစ္ေခ်ာင္းတိုက္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။
ဒါက ႀကီးျမတ္ေသာဘုရင္အဆင့္ကို ၿပိဳင္ဘက္ကင္းေစသတဲ့ အေၾကာင္းအရင္းတစ္ခုျဖစ္တယ္။ တျခားေသာ ဘုရင္အဆင့္မွလြဲ၍ ‘အခ်ိန္’ကသာ ဘုရင္တစ္ပါးကို သတ္ျဖတ္ႏိုင္လိမ့္မယ္။ ထို႔ေၾကာင့္ အလစ္ေခ်ာင္းတိုက္သည္ျဖစ္ေစ၊ လုပ္ႀကံသည္ျဖစ္ေစ၊ ေထာင္ေခ်ာက္ဆင္သည္ျဖစ္ေစ၊ အသုံးမဝင္ဘူး။
“ရန္ယူရာနဲ႔ ‘ေသအတူရွင္မကြာ’ စာခ်ဳပ္ေၾကာင့္ ေသခဲ့ရတာ..”
ဟြမ္ေပ့ခ်န္လည္း ဘာမွဖုံးကြယ္မေနေတာ့ဘူး။ ‘ေသအတူရွင္မကြာစာခ်ဳပ္’၊ နာမည္နဲ႔လိုက္ဖက္လြန္းတယ္။ လူတစ္ေယာက္ရဲ႕ အသက္ကို ကယ္တင္ႏိုင္တဲ့ နည္းလမ္းေကာင္းျဖစ္သလို ေသေစႏိုင္တဲ့ အဆိပ္ျပင္းျပင္းလည္း ျဖစ္ေနျပန္တယ္။
ဟြမ္ထ်န္က ဟြမ္ေပ့ခ်န္ကို ေသေစလိုခဲ့တယ္။ ထို႔ေၾကာင့္ ရန္ယူရာက တစ္ခဏေလးေတာင္ မတုံ႔ဆိုင္းဘဲ ‘ေသအတူရွင္မကြာ’ စာခ်ဳပ္ကို အသက္သြင္းၿပီး သတ္ေသပစ္လိုက္တယ္။ စာခ်ဳပ္ရဲ႕အက်ိဳးသက္ေရာက္မႈေၾကာင့္ ဟြမ္ေပ့ခ်န္လည္း ရန္ယူရာေနာက္ကို ျငင္းဆန္ခြင့္မရွိဘဲ လိုက္ပါသြားရေတာ့တယ္။ ဒီနည္းလမ္းက ႐ိုးရွင္းသေလာက္ အက်ိဳးသက္ေရာက္မႈက ျပင္းထန္လြန္းေပတယ္။
“…………”
႐ႊယ္ယို႔ရွန္းရဲ႕ စိတ္ထဲမွာ စကားတစ္ခြန္းသာ ေပၚလာခဲ့ေတာ့တယ္။
ဟြမ္ေပ့ခ်န္ေရ… မင္းအျဖစ္ကေတာ့ ေအာင္ျမင္ျခင္းေရာ က်ရႈံးျခင္းေရာ အဲ့စာခ်ဳပ္အေပၚ မူတည္ေနပါလား..?
သူမွတ္မိသေလာက္ဆို အဓိကဇာတ္လိုက္နဲ႔ အမ်ိဳးသမီးဇာတ္ေကာင္ၾကားက တစ္ဦးေပၚတစ္ဦး ခ်စ္ခင္ယုံၾကည္မႈကို သိသာေစခ်င္လို႔ ဇာတ္လိုက္ကို ေသလုေမ်ာပါးအေျခအေနမ်ိဳးေရာက္ေအာင္ တမင္ေရးခဲ့တာ။ အဲ့တာမွ ဇာတ္လိုက္ေသခါနီးအခ်ိန္ အမ်ိဳးသမီးဇာတ္လိုက္ ေရာက္လာၿပီး ‘ေသအတူရွင္မကြာ’စာခ်ဳပ္ ခ်ဳပ္ဆိုလို႔ရမွာေပါ့။
သူ႔မွာ အဲ့ဇာတ္ကြက္ကို ထင္ရွားေစခ်င္လြန္းလို႔ ႏွစ္ေယာက္သားရဲ႕ ခံစားခ်က္ေတြ၊ အေတြးေတြကို စာအရွည္ႀကီးေရးခဲ့ရတာ။ အဲ့ဇာတ္ကြက္ကလည္း စာဖတ္သူေတာ္ေတာ္မ်ားမ်ားကို ‘မနာလိုျဖစ္ေသေအာင္’ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ အခုေတာ့ ဟြမ္ေပ့ခ်န္က သူေသခဲ့ရတာ ‘ေသအတူရွင္မကြာ’စာခ်ဳပ္ေၾကာင့္ပါတဲ့။ စာေရးဆရာျဖစ္တဲ့ ႐ႊယ္ယို႔ရွန္းလည္း စကားတစ္ခြန္းပဲ ေျပာစရာရွိေတာ့တယ္။
Plot ကေတာ့ ထိန္းခ်ဳပ္လို႔မရေအာင္ လုံးဝလြတ္ထြက္သြားၿပီ..!
“တကယ္ေတာ့ ရန္ယူရာသာ ‘ေသအတူရွင္မကြာ’စာခ်ဳပ္သုံးၿပီး မကယ္တင္ခဲ့ရင္ ငါေသသြားတာၾကာၿပီ.. ဒီေလာက္အၾကာႀကီး အသက္ဆက္ရွင္ခဲ့ရတာ အျပစ္တင္စရာမရွိပါဘူး..”
႐ႊယ္ယို႔ရွန္းရဲ႕ မယုံၾကည္ႏိုင္ျဖစ္ေနတဲ့ အၾကည့္ကိုျမင္ၿပီး ဟြမ္ေပ့ခ်န္လည္း ဘာေၾကာင့္ရယ္မသိ ရွင္းျပခ်င္လာတယ္။
“စိတ္ထားေကာင္းလိုက္တာ..!”
လက္ရွိအခ်ိန္ထိ Holy Mother လိုစိတ္ဓာတ္မ်ိဳး ထိန္းသိမ္းထားႏိုင္တဲ့ ဟြမ္ေပ့ခ်န္ကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းက လက္မေထာင္လိုက္သည္။
ဟြမ္ေပ့ခ်န္က သူဖန္တီးထားတဲ့ ဇာတ္လိုက္ျဖစ္ဖို႔ တကယ့္ကို ထိုက္တန္တယ္..!
ဒီလိုကိုယ္က်ိဳးမငဲ့တဲ့ စိတ္ဓာတ္မ်ိဳးကို ႀကိဳက္ေပမယ့္လည္း သူကိုယ္တိုင္က အဲ့လိုမျဖစ္ႏိုင္တာ စိတ္မေကာင္းစရာပဲ..!
“အဲ့ေလာက္မဟုတ္ပါဘူး.. အဲ့လိုအေၾကာင္းျပခ်က္နဲ႔ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ေနခဲ့ေပမယ့္ တကယ္မလႊတ္ခ်ႏိုင္ေသးဘူး..!”
ဟြမ္ေပ့ခ်န္က သူ႔ကိုယ္သူ ခပ္တိုးတိုး ေလွာင္ရယ္လိုက္တယ္။
သူလည္း လူေရွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳး၊ လုပ္တတ္တဲ့လူမ်ိဳးပဲ..! သူ႔ရဲ႕စိတ္ထဲမွာ မေက်နပ္မႈေတြ ရွိေနတုန္းပဲ။ မဟုတ္ရင္ ႐ႊယ္ယို႔ရွန္းကိုျမင္တာနဲ႔ ခ်က္ခ်င္းတိုက္ခိုက္ခဲ့မွာ မဟုတ္ဘူးေလ။ လက္စားေခ်ခ်င္တယ္..! အရာအားလုံး မစတင္ခင္ ဟြမ္ထ်န္ကို အရင္သတ္ပစ္လိုက္ခ်င္တယ္။ အဲ့တာမွ ရန္ယူရာက ဟြမ္ထ်န္အတြက္နဲ႔ သူ႔ကိုမသတ္မွာ။
သူ႔အေပၚ ရန္ယူရာရဲ႕စိတ္ရင္းက သံသယဝင္စရာမရွိဘူး။ ဒါေပမဲ့ အတိတ္ရဲ႕အေတြ႕အႀကဳံေတြအရ ဟြမ္ထ်န္ရဲ႕အသြင္အျပင္က သူေက်ာ္ျဖတ္လို႔မရႏိုင္တဲ့ ေတာင္ႀကီးတစ္ေတာင္လိုပဲ..! ဟြမ္ထ်န္ သူ႔ကိုေသေစခ်င္ရင္ ကိုယ္တိုင္သတ္စရာမလိုဘူး။ အမိန႔္ေပးလိုက္႐ုံနဲ႔ မိစာၦမ်ိဳးႏြယ္ေတြအားလုံး သူ႔အတြက္ ေဆာင္႐ြက္ေပးလိမ့္မယ္..!
ရန္ယူရာကလည္း အဲ့လူေတြထဲက တစ္ေယာက္ေပါ့..!
မိစာၦမ်ိဳးႏြယ္အတြက္ေတာ့ ဟြမ္ထ်န္က အတုမရွိတဲ့ ျဖစ္တည္မႈ၊ သူတို႔အားလုံးရဲ႕ ယုံၾကည္ရာ၊ နတ္ဘုရားရဲ႕ ျပယုဂ္တစ္ခုပဲ..!
သူကိုယ္တိုင္က မိစာၦမ်ိဳးႏြယ္ရဲ႕ဘုရင္ျဖစ္ခဲ့ေပမယ့္ ဟြမ္ထ်န္ေပၚထြက္လာတာနဲ႔ မိစာၦမ်ိဳးႏြယ္တစ္ခုလုံး သူ႔ဘက္ပါသြားခဲ့တယ္။ အဲ့တာေၾကာင့္ပဲ သနားဖို႔ေကာင္းေလာက္ေအာင္ ဆိုးဆိုး႐ြား႐ြား ရႈံးနိမ့္ခဲ့ရတာေပါ့..!
“ငါ့အေၾကာင္း ေျပာျပၿပီးၿပီ.. မင္းလည္း မင္းအေၾကာင္း ေျပာျပသင့္တယ္မဟုတ္လား..?”
ဟြမ္ေပ့ခ်န္က စိတ္အေျခအေနဆိုး႐ြားလာတာကို ထိန္းခ်ဳပ္ရင္း ေမးလိုက္တယ္။ သူ႔အေရွ႕မွာ ရပ္ေနတဲ့လူက ဟြမ္ထ်န္မဟုတ္မွန္း သိေနပါေသာ္လည္း ျမင္ေတြ႕ေနရတာ စိတ္မခ်မ္းသာဘူး။
“ငါသိခ်င္တယ္.. ငါ့အေၾကာင္းေတြကို မင္းဘာလိုလုပ္သိေနတာလဲ..?”
ထိုေမးခြန္းကို ေမးလိုက္တဲ့အခ်ိန္ ဟြမ္ေပ့ခ်န္ရဲ႕ မ်က္ဝန္းအၾကည့္က စူးရွလာတယ္။ ျပန္ေမြးဖြားလာတဲ့ ရင္းဆုယဲ့ေတာင္ သူေသသြားတဲ့အခ်ိန္က ရန္ယူရာရဲ႕ က်င့္ႀကံဆင့္ကို သိေနဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး။ ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းအေပၚ သံသယဝင္လာတယ္။ ႐ႊယ္ယို႔ရွန္းရဲ႕ စကားထဲမွာ ဟာကြက္ေတြခ်ည္းပဲ။ သူ႔ပုံစံက လူေတာ္ေတာ္မ်ားမ်ားကို သိထားပုံရတယ္။
႐ႊယ္ယို႔ရွန္းမွာ ထူးျခားတဲ့စြမ္းရည္တစ္ခုခု မရွိဘူးဆိုရင္ နတ္ဘုရားလိုမိစာၦေကာင္ ဟြမ္ထ်န္ရဲ႕ခႏၶာကိုယ္ကို ဘယ္လိုလုပ္သိမ္းပိုက္ထားႏိုင္မွာလဲ..?
“ခင္ဗ်ားတစ္ေယာက္တည္းကို မဟုတ္ဘူး.. အရာအာလုံးကို သိထားတာ..!”
႐ႊယ္ယို႔ရွန္းက ဟြမ္ေပ့ခ်န္ကိုၾကည့္ကာ မ်က္လုံးလွိမ့္လိုက္သည္။ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္>> ဝတၳဳတစ္ပုဒ္လုံးကို သိထားတာကြ..!
“မင္းဘယ္သူလဲ..?”
ဟြမ္ေပ့ခ်န္က စူးစူးရဲရဲ စိုက္ၾကည့္လိုက္တယ္။ သူ႔ရဲ႕မ်က္ဝန္းထဲမွာ အႏၲရာယ္အေငြ႕အသက္ေတြ ျပည့္ႏွက္လာခဲ့တယ္။
“ရင္းဆုယဲ့ ျပန္ေမြးဖြားလာသလိုေပါ့.. ခင္ဗ်ားတစ္ေယာက္တည္း ဝိဉာဥ္ကူးေျပာင္းလာတာမဟုတ္ဘူး..!”
႐ႊယ္ယို႔ရွန္းက အမႈမထားသလို ျပန္ေျဖလိုက္တယ္။
“မင္းလည္း ကူးေျပာင္းလာတာလား..?”
ဟြမ္ေပ့ခ်န္က ငတုံးမဟုတ္ေသာေၾကာင့္ ႐ႊယ္ယို႔ရွန္းရဲ႕စကားကို ခ်က္ခ်င္းနားလည္လိုက္တယ္။ ႐ႊယ္ယို႔ရွန္းကို ၾကည့္ေနတဲ့ အၾကည့္ကလည္း ပိုမိုနက္ရႈိင္းလာခဲ့တယ္။
သူလည္း ကူးေျပာင္းလာေပမယ့္ ဘယ္သူ႔ကိုမွ မေျပာခဲ့ဖူးဘူး။ အတိတ္ဘဝတုန္းက အတြင္းသိအစင္းသိ လူတခ်ိဳ႕ကိုပဲ ေျပာျပခဲ့ဖူးတာ။ ဒါေတာင္ အေသးစိတ္မဟုတ္ဘူး။ ၿပီးေတာ့ ႐ႊယ္ယို႔ရွန္းက သူ႔လိုပဲဆိုရင္ ကိစၥေတာ္ေတာ္မ်ားမ်ားကို ဘာလို႔သိေနရတာလဲ..?
“မင္းက ငါ့လိုပဲဆိုရင္ေတာင္ အရာအားလုံးကို ဘာလို႔သိေနရတာလဲ..? အဲ့ကိစၥကို ရွင္းျပေပးႏိုင္မလား..?”
ဟြမ္ေပ့ခ်န္က အ႐ူးမဟုတ္ဘူး။ သူကိုယ္တိုင္လည္း ကူးေျပာင္းလာသူျဖစ္တာေၾကာင့္ ရသင့္ရထိုက္တဲ့ အခြင့္အေရးတိုင္းကို သိထားတယ္။
“ငါက ဖန္ဆင္းရွင္ဆိုရင္ေရာ..?”
႐ႊယ္ယို႔ရွန္က မ်က္လုံးေလး ကလယ္ကလယ္နဲ႔ အမွန္တစ္ဝက္ ေရာေျပာလိုက္တယ္။
Plot အကုန္ ေသာက္တလြဲျဖစ္ကုန္တဲ့ ဒီေနရာႀကီးမွာ ဖန္ဆင္းရွင္လို႔ သုံးသင့္ေသးရဲ႕လား၊ သူမသိေတာ့ဘူး။ ဒါေပမဲ့ ႐ုတ္တရက္ ေျပာခ်င္လာလို႔ ေျပာခ်ပစ္လိုက္တာ။ ဟြမ္ေပ့ခ်န္ကို ရွင္းျပခ်င္လို႔မဟုတ္ပဲ ရင္းဆုယဲ့အေပၚ ဖြင့္မေျပာရဲခဲ့တဲ့ကိစၥေတြကို ဒီလိုနည္းလမ္းနဲ႔ျဖစ္ျဖစ္ ေျပာျပာခ်င္ခဲ့တာ။
ဥပမာ ဒီကမာၻႀကီးက စာအုပ္တစ္အုပ္ဆိုတာမ်ိဳး၊ ဒါမွမဟုတ္ သူက ဒီဝတၳဳရဲ႕ စာေရးဆရာဆိုတာမ်ိဳးေပါ့..!
“ဟာသလုပ္တာလည္း အတိုင္းအတာရွိတယ္..!”
ဟြမ္ေပ့ခ်န္က ႐ႊယ္ယို႔ရွန္းရဲ႕စကားကို လုံးဝမယုံဘူး။
ဒီကမာၻကို ေရာက္ကတည္းက ႀကီးျမတ္ေသာဘုရင္အဆင့္ေရာက္ဖို႔ ႐ုန္းကန္ခဲ့ရတာ အျခားအတြက္မဟုတ္ဘူး။ ‘ေမွာ္နဲ႔ဓားနယ္ေျမ’ရဲ႕ စည္းမ်ဥ္းေတြကို ေသခ်ာသိထားလို႔ပဲ။ ဒီေလာကမွာေတာ့ ဘုရင္အဆင့္က အျမင့္ဆုံးျဖစ္ၿပီး ဖန္ဆင္းရွင္မေျပာနဲ႔၊ နတ္ဘုရားဆိုတာမ်ိဳးေတာင္ ရွိတာမဟုတ္ဘူး..!
႐ႊယ္ယို႔ရွန္းရဲ႕ေလသံက ေပါ့ပ်က္ပ်က္ျဖစ္ေနတာေၾကာင့္ ဟြမ္ေပ့ခ်န္ရဲ႕ စိတ္အေျခအေနက လုံးဝမေကာင္းေတာ့ဘူး။
“မယုံရင္ ေမ့လိုက္..!”
႐ႊယ္ယို႔ရွန္းက ဟြမ္ေပ့ခ်န္ကို အဖက္မလုပ္ဘူး။ ရင္းဆုယဲ့ကိုသာ လွည့္ၾကည့္လိုက္တယ္။ သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့က အေတြးမ်ားေနတဲ့ မ်က္ႏွာထားနဲ႔ သူ႔ကိုေငးၾကည့္ေနတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း လိပ္ျပာမလုံသလို ျဖစ္လာၿပီး မ်က္ႏွာလႊဲခ်င္လာတယ္။
ဒါေပမဲ့ ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္ကို လြတ္ေျမာက္ခြင့္မေပးဘူး။ လက္ဆန႔္ကာ ႐ႊယ္ယို႔ရွန္းရဲ႕ ေမးေစ့ကို အသာအယာ ဆြဲေမာ့လိုက္ၿပီး အၾကည့္ခ်င္းစုံေစခဲ့တယ္။
“ေရွာင္ယို႔.. ဟြမ္ေပ့ခ်န္နဲ႔ စကားေျပာေနတာ အရမ္းၾကာေနၿပီလို႔ မထင္ဘူးလား..?”
႐ႊယ္ယို႔ရွန္းရဲ႕ လိပ္ျပာမလုံသလို ခံစားခ်က္ကို မျမင္လိုက္တာလား၊ ဒါမွမဟုတ္ တျခားအေၾကာင္းအရင္းေၾကာင့္လားမသိ။ ရင္းဆုယဲ့က စကားလမ္းေၾကာင္းေျပာင္းသြားတယ္။
“ကိစၥတခ်ိဳ႕ အတည္ျပဳခ်င္လို႔ပါ.. အဲ့တာမွ ကြၽန္ေတာ္တို႔ေတြ ေနာက္ျဖစ္လာမယ့္အႏၲရာယ္ကို ႀကိဳတင္ကာကြယ္လို႔ရမွာေလ..!”
႐ႊယ္ယို႔ရွန္းက ေျဖာင့္မတ္မွန္ကန္သလို ေျပာလိုက္တယ္။ ဒါေပမဲ့ လိပ္ျပာမလုံစိတ္က အရင္ထက္ ပိုမိုႀကီးမားလာခဲ့တယ္။
အခုေလးတင္ ဟြမ္ေပ့ခ်န္ႏွင့္ စကားေျပာေနရင္း သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့ကို လ်စ္လ်ဴရႈထားမိတယ္။ ေရွာင္ယဲ့ယဲ့က ဒီကိစၥကို စာအုပ္ထဲမွာေတာ့ မမွတ္ထားေလာက္ပါဘူးေနာ္..? ရည္႐ြယ္ၿပီး လုပ္လိုက္တာမဟုတ္ေပမယ့္ အခုျပန္ေျပာင္းခ်င္ရင္ ေနာက္က်သြားၿပီလားဟင္..?
“မင္းအတြက္ ကိုယ္ရွိေနမွာပါ..!”
ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းကို ေငးစိုက္ၾကည့္ရင္း သူ႔ရဲ႕စိတ္ရင္းကို တစ္ဖက္လူျမင္သာေအာင္ ျပလိုက္တယ္။
ေကာင္ေလးဘက္က အကူအညီမေတာင္းရင္ေတာင္ ဒီကိစၥေတြအားလုံးကို အေသးစိတ္ စုံစမ္းရမွာပဲ။ ႐ႊယ္ယို႔ရွန္းကိုယ္တိုင္ထက္ သူက ႐ႊယ္ယို႔ရွန္းကို ဂ႐ုစိုက္ေပးမယ္။ ေကာင္ေလးကို နာက်င္ထိခိုက္ေစမယ့္ ဘယ္ျဖစ္ရပ္မ်ိဳးမဆို လုံးဝခြင့္မျပဳႏိုင္ဘူး..!
“………….”
႐ႊယ္ယို႔ရွန္းခမ်ာ လက္ရွိရင္းဆုယဲ့က ယခင္ထက္ပိုၿပီး ကိုယ့္ကိုယ္ကိုအထင္ႀကီးလြန္းလာသလို ခံစားလိုက္ရတယ္။
ဒါေပမဲ့..
အဲ့လိုပုံစံနဲ႔ ေရွာင္ယဲ့ယဲ့ကို သူႀကိဳက္တယ္..!
သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့နဲ႔ မ်က္ႏွာခ်င္းဆိုင္မိတိုင္း သူ႔ရဲ႕အျဖစ္က ကယ္တင္လို႔မရေတာ့ဘူး..!
သူကိုယ္တိုင္ကလည္း ကယ္တင္ခြင့္မျပဳႏိုင္ေတာ့ဘူး..!
…………………………………………….