အချစ်ဦး (Completed)

By Ahlaly

211K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၁၀)

4K 155 10
By Ahlaly

"ဒါက ဘယ်ကိုသွားနေတာလဲ။"

ညနေဘက်ရောက်သည်အထိ ကားပေါ်မှာပဲ ငြိမ်ပြီးရှိနေရတာကြောင့် နောက်ဆုံးမှာ စကား,စပြောသူက ငယ်ပဲဖြစ်ခဲ့ရသည်။

"ပုဂံ..."

Notebookကို ကြည့်နေရင်း သူကဘာမှအထွေအထူးမဟုတ်သလိုဖြေပေမယ့် ငယ့်မှာ မှီနွဲ့ထားရာမှအတင်းပဲ ထ,လိုက်ပြီး...
"ငါ..ငါ မသွားဘူး"

"မရှုပ်စမ်းနဲ့ သမီးငယ်။ ငါ့မှာ အလုပ်ကိစ္စရှိသေးတယ်။"

"ဒါဆိုလည်း ငါ့ကိုအိမ်ပဲပြန်ပို့ပေး...."

"နင်မလိုက်ရင် တခြားသူကိုငါကောက်တင်သွားမှာ...."

Notebookကို ပိတ်ပြီး သမီးငယ်ဘက်ကိုလှည့်လိုက်တော့ နီရဲနေသည့်မျက်လုံးအိမ်က သူ့ဆီကိုနာနာကြည်းကြည်းဆိုသလိုမျိုး စိုက်ကြည့်လို့နေတော့သည်။ နှာခေါင်းထိပ်ဖျားလေးကလည်း ရဲတွတ်လို့နေပြီး နှုတ်ခမ်းဖူးဖူးလေးကလည်း ရှေ့သို့ ထော်လှန်နေပုံက ကြောင်ချေးရုပ်လေးလိုပင်။

"တော်ပြီ..ဝမ်းမနည်းနဲ့။"

သမီးငယ်၏ ခန္ဓာကိုယ်ကိုဆွဲယူကာ သူ့ရင်ခွင်ထဲမှာအတင်းညှပ်ထားမိပြီး သူကိုယ်တိုင်လည်း ကားပေါ်မှာတစ်လျှောက်လုံးစာရင်းတွေကြည့်နေရသည်ကြောင့် ညီးညူချင်သလိုတောင်ဖြစ်နေသည့် စိတ်များအား အနားပေးလိုက်တော့သည်။

"ဒီကမ္ဘာကြီးမှာ ငါ့အရှင်ကပဲချစ်ခဲ့တာလေ။ ဟော...ဟိုးမှာကြည့်၊ ကောင်းကင်ကြီးတောင်ပြာနေရောပေါ့ရှင်။

ငါ့အရှင် ဘယ်လောက်ပဲချစ်ချစ် အရှင်မင်းတရားကြီးက ငါ့အရှင်တင်မဟုတ်ပဲ သမ္ဘူလတို့၊ ခင်တန်တို့ကိုလည်း ချစ်ခဲ့သေးတာ....ငါ့အရှင်မှာ ချစ်ရသူနဲ့ဝေးကွာပြီး မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းနေရတာလေ။ ဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့လိုက်မလဲ....

ဒါပေမယ့်နော် အရှင်မင်းကြီးက သိပ်ရက်စက်တာပဲ။ သူကလေ အဲ့ဒီအချိန်မှာ ရသေ့တူမသမ္ဘူလနဲ့ ပျော်နေခဲ့တာ....အို ဒီလိုလူ ဒီလိုလူ"

အဖာအစပ်များပြားသော လုံချည်နှင့်ရင်စေ့အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးကြီးသည် ကောင်းကင်ကိုကြည့်လိုက်၊ လေထုကိုကြည့်လိုက်နှင့် စကားများဆိုနေလေသည်။

"ခေါင်းလောင်းနဲ့ ဘယက် နှစ်ခုလုံးပါမှာတော့ သေချာပါတယ်နော် ကိုမှိုင်း....."

"အရှင် အရှင် ငါ့အရှင်....."

သူ့နံဘေးမှာ ရပ်နေရင်းဖြင့် ငယ်ချက်ချင်းပဲ သူ့နောက်မှာ ပုန်းကွယ်မိလိုက်သည်။ ငယ့်ဆီကိုပဲ ကဆုန်ပေါက်ပြီး တည့်တည့်မတ်မတ်ပြေးလာပုံများက ငယ့်နှလုံးသားတွေပြုတ်ထွက်သွားတော့မလိုပဲ ထိတ်လန့်သွားရတော့သည်။

"ဘာလဲဟ ဒီမိန်းမ..."

"အရှင် အရှင်လို့...ငါလေ ငယ်ကျွန်ကြီးပါ"

ကိုတားကြီးတို့ တားနေသည့်ကြားမှ အသည်းအသန်ပင် ရုန်းကန်ကာ ငယ့်ဆီကိုလာချင်နေသော ထိုအမျိုးသမီးကို ငယ်ကြောက်လာမိသည်။

"ဘာဖြစ်နေတာလဲ....."

တုန်ယီနေသော ငယ့်ခန္ဓာကိုယ်ကို ဖက်ထားရင်းသူက မေးသော်လည်း ငယ့်မှာပြန်ဖြေဖို့ကို မဝံ့ရဲ။ အစောလေးကမှ ဖြစ်တည်ခဲ့သော ကြောက်စိတ်များထက် သူ့ရှေ့မှာ ကြောက်တယ်ဆိုသည့် စကားပြောရမှာကို ငယ်ပိုကြောက်ပါသည်။

ငယ့်ကြောင့်နဲ့ ထိုအမျိုးသမီးကို မထိခိုက်စေချင်တာကြောင့် ငယ့်မှာခေါင်းကိုသာယမ်းပြရင်း သူ့အားတင်းကျပ်စွာနှင့်ဖက်တွယ်ထားလိုက်သည်။

"အင်း...နင် ဖက်ဖို့အကြောင်းပြချက်ရသွားတာပေါ့။ တော်ပြီ လာ...သွားမယ်"

စကားကြောင့် ငယ်သူ့မျက်နှာအားမော့ကြည့်လိုက်တော့ သူဟာတော်တော်လေးကို မုန်းဖို့ကောင်းအောင်ပြုံးနေတာဖြစ်သည်။ သို့သော်လည်း သူခေါ်ဆောင်ရာအတိုင်း ငယ်လိုက်လာခဲ့သည်က ညဘက်အိမ်မက်ဆိုးတွေအထိပါ သူ့အားဘေးမှာရှိနေပေးစေချင်သည်။

ထိုအကြောင်းကိုများ ထုတ်ပြောလိုက်လျှင် အပြောအဆို ဆိုးလွန်းပါသည့် သူ့ထံမှ...
"ငါနဲ့အတူတူ အိပ်ချင်လို့လား" ဆိုသည့် မေးခွန်းကို ကြားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထို့ကြောင့် အိပ်ရာကနေထ,ထိုင်ကာ ရေကရားထဲမှ ရေကို ဖန်ခွက်ထဲငှဲ့ကာ နည်းနည်းချင်းသောက်နေရင်း မက်ခဲ့သော အိမ်မက်အကြောင်းကို ပြန်တွေးနေမိသည်။

"အရှင်မ ရောက်လာပြီလား...."

ငယ်ငယ်က မက်ခဲ့ဖူးသော ထုထည်ကြီးမား မြင့်မားလှသော ဘုရားကြီး၏ လှေကားမှ ဆင်းလာကြသော ရှေးခေတ်အဝတ်အစားများနှင့် လူထောင်ပေါင်းများစွာက ငယ့်အားတရိုတသေနဲ့ပင် ကြိုဆိုကြသည်။

ထိုထဲတွင် ညနေကတွေ့ခဲ့သော အမျိုးသမီးကြီးလည်း အပါအဝင်ဖြစ်သည်။ စိတ်စွဲလို့နေမှာလို့ ငယ့်ကိုယ်ငယ် သတိပေးနေသော်လည်း ငယ့်စိတ်တို့က ကြောက်ရွံ့နေသလို၊ ထိုမြင်ကွင်းကိုလည်း မျက်လုံးထဲမှာ ပြန်မြင်ယောင်နေဆဲဖြစ်သည်။

ထိုစဥ်မှာပဲ ရုတ်တရပ်ဆိုသလို ပွင့်ဟလာသည့် အခန်းတံခါးကြောင့် ငယ်သည် စောင်ကိုဆွဲယူရင်းပုန်းကွယ်လိုက်သည်။ တကယ်ပဲသူတို့တွေလာခေါ်လားတာဆိုသည့် အတွေးဖြင့် ငယ် ငိုချင်လာတော့သည်။

တစ်လှမ်းချင်းလျှောက်လာသော ခြေသံက ငယ့်ကုတင်အနားမှာ ရပ်တန့်လို့သွားပြီး လူတစ်ယောက်ကုတင်ပေါ်ကိုတက်လာသလို ခံစားရတာကြောင့် ငယ်အော်ခေါ်မိတာက ထည်ဝါ့ကိုပင်။

"ထည်ဝါ....ထည်ဝါ "

ရှေ့တွင်ရောက်နေသော သူအား အားကုန်သုံးကာရိုက်နေစဥ်မှာလည်း သူ့ကိုပဲ တမ်းတမ်းတတနဲ့ ခေါ်နေမိတာဖြစ်သည်။

"သမီးငယ်...ငါ ငါလို့"

ဇွတ်အတင်း ငယ့်လက်တွေကို ဆုပ်ကိုင်ထားသောသူအား အမှောင်ထဲမှာ ငယ်သေသေချာချာကြည့်မိလိုက်တော့ ထိုသူက ငယ်ရဲ့ထည်ဝါပင်။ ထို့ကြောင့်ချက်ချင်းပဲ စိတ်အလုံးစုံကို ဖြေလျောချလိုက်ပြီး ငိုကြီးချက်မနဲ့ ငိုနေရင်းကပဲ သူ့ပခုံးတွေဆီလက်လှမ်းရင်း သူ့ကိုဖက်တွယ်ထားလိုက်သည်။

"ဘာဖြစ်တာလဲ.....တော်ပြီ မငိုနဲ့"

တုန်ယီနေသော သမီးငယ်၏ကျောပြင်အား ပွတ်သပ်ပေးနေရင်းနှင့် သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ သူ့နှုတ်ခမ်းတွေဟာ သမီးငယ်၏ဆံပင်တစ်ချို့ကို နမ်းရှိုက်မိသွားသည်။

ထိုသို့ ပြုမူပြီးမှ သူ့ကိုယ်သူမလုံမလဲဖြစ်ကာ အတင်းတွယ်ဖက်ထားရာမှ သမီးငယ်ကို ဖယ်ခွာလိုက်ပြီး...
"မငိုနဲ့တော့......"

ရှည်လျားလှသော ဆံနွယ်တွေက များပြားလွန်းသည်ကို သူအခုမှပဲ သတိထားမိသည်။ ပတုန်းရောင် ကေသာဟာ ဆံပင်၏ကောင်းခြင်းနှင့်ပြည့်စုံသော အမျိုးသမီးအဖြစ် သမီးငယ်၏ကောင်းခြင်းကို ဖြာဝေတိုးပွားစေသည်။

မှိန်ပြပြ အလင်းရောင်သာရှိသည့် အခန်းအတွင်းမှာတောင် ညဘက်ဖြစ်တာကြောင့် ခြယ်သထားခြင်း အလျင်းကင်းမဲ့သည့် မျက်နှာပြင်ဟာ ကြင်လင်လွန်းသည်ဟု သူယူဆမိသည်။ ငယ်ငယ်ကလို ကြောင်ချေးရုပ်လေးမဟုတ်ပဲ ကြွယ်ဝလာသည့် အလှတရားများကြောင့်ပဲ သမီးငယ်ဟာ အခုထိတိုင် ထည်ဝါတက်နေသော အထက်တန်းကျောင်းမှာ နာမည်ကြီးနေတာဖြစ်သည်။

သူ့ကိုပဲ ကြည့်နေတတ်တဲ့ သမီးငယ်ဟာ ခြူချင်သူတွေများသည့် ပန်းအလှဖြစ်သော်လည်း သူတစ်ယောက်ကပဲ ထိုပန်းကလေး၏ပိုင်ရှင်ဖြစ်ချင်သည်။ ပန်းလှလှလေးက အလှပဆုံးဖူးပွင့်လာခဲ့ပြီးပြီ။ ဒီအလှအပများက ဟိုးတုန်းကအတိုင်း သူ့အနားမှာပဲ နာနာခံခံနှင့် ညွှတ်ကျနေစေချင်တာကြောင့် ဇာတ်လမ်းလေး ရိုက်ဖို့အကွက်စဥ်မိပါသည်။

အကြောင်းကြောင်းကြောင့် ထိုဇာတ်လမ်းလေးကို လက်စမသတ်နိုင်တော့ဘူးဟု ထင်ခဲ့ပေမယ့်လည်း ကတိုက်ကရိုက်ဆန်လွန်းသွားသည့် ဇာတ်သိမ်းလေးဟာ သိပ်ကိုလှသည်။ အခုထိ သမီးငယ်ဟာ သူ့တစ်ယောက်ကိုပဲ စိတ်ထဲထည့်ထားဆဲပင်။

"ကျန်စစ်သားမင်းကြီးရဲ့ အချစ်ဆုံးမိဖုရားက မဏိစန္ဒာနော်...."

လှဲလျောင်းနေသော ထည်ဝါ့ကိုယ်ပေါ်ကို ထပ်လျက်မှောက်ထားကာ ငယ့်မျက်နှာကို သူရင်ဘက်ဆီမှာဖွက်ထားရင်း အသံထွက်မိသည်။ ထိုအခါမှာ ထည်ဝါက သူ့ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့လျားပြင်ဆင်လိုက်ရင်း ငယ့်ဆံပင်တွေကို သပ်ချပေးသည်။

"အင်း...."

အချိန်တစ်ခုကြာပြီးမှ ကြားလိုက်ရသည့် ဖြေသံကြောင့် ငယ်သည် သူ့ကျောပြင်အောက်ကိုလက်ဖဝါးတွေရောက်သည်အထိ သူ့အား တိုးလို့ ဖက်ထားလိုက်သည်။

"ဒါဆို ဘာဖြစ်လို့ နောက်ထပ်မိဖုရားတွေ ထပ်ယူလဲ။ ငါ ငါ...သဘောမကျဘူး ထည်ဝါ။"
ပြောပြီးနောက်တွင် ငယ်သည် မျက်နှာကိုအနည်းငယ်မော့ကာ သူ့ဘယ်ဘက်ရင်အုံအထက်တွင် မေးစေ့ချကာ သူ့မျက်နှာအား လှမ်းးလို့ငေးကြည့်မိသည်။

ထိုအခါမှ သူကပြုံးသွားပြီး ငယ့်ဆံပင်တွေကို အကိုင်မပြတ်ပဲ ငယ့်အား ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဒီတစ်ခေါက် သူ့အပြုံးတွေမှာ နူးညံ့ခြင်းတို့ ကိန်းဝပ်နေသည်လားဆိုတာ ငယ်ကိုယ်တိုင်ပင်လျှင် ဇဝေဇဝါဖြစ်ရပါသည်။

"ငါ မိဖုရားမဖြစ်ချင်ဘူး။"

"ဒါဆိုလည်း ဘုရင်မလုပ်ပေါ့။"

ပင့်တင်လိုက်သည့် သူ့မျက်ခုံးတွေက ငယ့်ဝိညာဉ်ကို ငယ့်ခန္ဓာကိုယ်စ်ီမှ ထုတ်ယူသွားသကဲ့သို့နှင့် ငယ်ဟာ ဘာကိုမှဆက်မပြောနိုင်တော့ပဲ သူ့ကိုပဲကြည့်နေမိတော့သည်။

"ငါကူညီမယ်....နင် ဘုရင်မ,ဖြစ်ဖို့"

တကယ်လားတွေ ဘာတွေဆိုတာ ထပ်မေးဖို့ မလိုလောက်အောင်ပင် သူ့မျက်ဆံညိုညိုတွေက အာမခံမှုအပြည့်အဝကို ဖြည့်တင်းပေးနေတော့ ငယ့်စိတ်နှလုံးက ချမ်းမြေ့သွားရလေသည်။

မနက်မိုးလင်းလာတော့ ငယ်အိပ်ရာကနေ ထ,လိုက်ပြီး ဟိုတယ်ခန်းထဲမှ ထွက်ခဲ့လိုက်သည်။ မနေ့က ငယ်တို့သွားခဲ့သောနေရာနှင့် သိပ်မလှမ်းမကမ်းမှာရှိသည့် ဟိုတယ်မှာပဲမို့ ငယ်သည်သိချင်စိတ်၏စေ့ဆော်မှုအရ မနေ့ကတွေ့ခဲ့သော အမျိုးသမီးအား တွေ့ဦးမလားဆိုသည့်စိတ်ဖြင့် လျှောက်သွားကြည့်မိသည်။

"အရှင် ငါ့အရှင်က သိပ်ခံစားနေရတာ။ အရှင်မင်းကြီးက ငါ့အရှင်အပြင် တခြားမိန်းကလေးတွေကိုပါ ချစ်ခဲ့တာလေ...."

ဘုရားရှေ့ရှိ မြေကွက်လပ်တွင် ထိုင်ရင်း ဘုရားထိပ်ဖူးသို့ ငေးမျှော်ကြည့်ကာ တစ်ယောက်ထဲ စကားတွေပြောနေသော အမျိုးသမီးကို ငယ်ခပ်ဝေးဝေးကနေပဲ ကြည့်နေမိသည်။

"သူဟာ လူမိုက်၊ ငါ့အရှင်ကို မချစ်မနှစ်သက်တဲ့လူလက်ထဲမှာ ထားခဲ့တဲ့ လူမိုက်။ သူ့ကိုအပြစ်ဒဏ်ပေးရမယ်"

မြေပြင်အား ကြိမ်ဖြင့် တဖြန်းဖြန်းမြည်သံထွက်အောင်ရိုက်ရင်းဖြင့်...
"သူ့ကို အပြစ်ဒဏ်ပေးမယ်။ ကြိမ် ကြိမ်ဒဏ်...ဟုတ်တယ်၊ သူက သေသင့်တယ်။ ငါ့အရှင်ကို ညပေါင်းများစွာ စောင့်ရအောင်လုပ်တယ်။ ကဲဟယ် ကဲဟယ်......"

အားကုန်သုံးပြီးရိုက်ချလို့နေသည်ကိုမြင်တော့ ကြောက်ကြောက်နဲ့ပဲ ငယ်ခြေတစ်လှမ်းနာက်ဆုတ်လိုက်ချိန်မှာ အနားမှာရှိနေသည့် ငုတ်တစ်ဖြင့် တိုက်မိပြီး အသံထွက်မိသွားသည်။

"အ !!!"

အသံကိုအချိန်မှီအုပ်လိုက်နိုင်သည်ဟု ထင်ပေမယ့်လည်း ချက်ချင်းပဲ ငယ့်ထံသို့ရောက်လာသည့်အကြည့်က...
"ငါပြောတာတွေကို နင်ခိုးနားထောင်နေတာ ငါသိတယ် ဟားဟားးဟားးး.....။ "

အူလှိုက်သည်းလှိုက်ရယ်ကာ ကြိမ်ဖြင့် ရွယ်ရင်း ငယ်ရှိရာကို လျှောက်လာသည့် ထိုအမျိုးသမီးကြောင့် ငယ့်မှာပြေးပေါက်ပိတ်သွားသည့် တိရစ္ဆာန်လေးလိုပဲ ထိတ်လန့်မိသွားသည်။

"ငါ ငါ့ကို နင်ယုံတယ်မလား။ ငါပြောတာတွေကို နင်နားထောင်မယ်မို့လား..."

"ဟင့်အင်း...."

နီးကပ်လာသည့် အနေအထားမှာ ငယ့်ဘက်ကထိုအမျိုးသမီးထံကိုသာကြည့်နေပြီး ထွက်ပြေးဖို့ကို သတိမရသေးပေ။

"ဟိတ်..."

"ဟိတ်..."

ငယ့်အနားကို ရောက်လာသည့် ထည်ဝါကတစ်ချက်ဟန့်လိုက်တော့ ထိုအမျိုးသမီးကလည်း ထည်ဝါ့ကဲ့သို့ ပြန်ပြောလေသည်။

"အံမာ..."

"နင်ကများ ငါ့ကို မာမာထန်ထန်..."
ပြောပြီးချက်ချင်းပဲ ထိုအမျိုးသမီးက ထည်ဝါဘက်ကို ကြိမ်ဖြင့်လှမ်းရိုက်ဖို့ရွယ်တော့သည်။

"အရူးကများ ငါ့ကိုလာပြီး"

"အံမာ ငါ့ကိုများအရူးတဲ့။ နင် နင်ကသာအရူး၊ မယားရူး၊ နှာဗူး.....မိန်းမမြင်ရင် လိုချင်နေတဲ့ အရူး။ ဟုတ်တယ် နင်ဟာအရူး...."

ကြိမ်ကို တဆတ်ဆတ်ဖြင့်လွှဲယမ်းနေရင်း ပြောနေသည့် ထိုအမျိုးသမီး၏စကားကြောင့် ထည်ဝါလည်း ရုတ်တရက်ဆိုတော့ ဘာပြန်ပြောရမှန်းမသိဖြစ်နေလေသည်။ အခုအခါမှပဲ ငယ်ကိုယ်တိုင်လည်း အရူးကိုဘာလို့ကြောက်ရမယ်မှန်းနားလည်လိုက်သလို ရှိလာသည်။

သူက ရူးနေတာလေ....ရူးနေတဲ့သူက ဘာကိုများစဥ်းစားနိုင်မှာတဲ့လဲလို့ တွေးနေစဥ်မှာပဲ...

"နင့်ကို ငါရိုက်မယ်..."

မဝေးလွန်းတဲ့အကွာအဝေးကနေ အားချင်းပြေးလာသည့် ထိုအမျိုးသမီးကြောင့် ငယ်သည်ချက်ချင်းပဲ ထည်ဝါကျောပေါ်ကို ခုန်တက်လိုက်ပြီး..
"ပြေး..ပြေးတော့ ထည်ဝါ"

အသံအကျယ်ကြီးနဲ့ ပြောမိလိုက်သည်။

ဘယ်တုန်းကမှ ငယ့်စကားဆိုအရေးမထားခဲ့ပါသော ထည်ဝါဆိုသော သခင်လေးက ထိုအမျိုးသမီးကြောင့်နဲ့မှ ငယ့်ပြောသည့်အတိုင်း ချက်ချင်းပင်လုပ်ဆောင်သည်။

"ဟေ့..ဟေ့၊ နင်တို့မပြေးနဲ့လေ။
ငါပြောတာတွေကို နင်တို့သိချင်နေတာ ငါသိတယ်နော်..."
အပြေးလိုက်လာနေရင်း ပြောနေသည့် စကားများက ဘာရယ်မဟုတ်ပဲ ငယ့်အားကြက်သီးမွှေးညှင်းများ ထ,လာစေသည်။

"အရှင်..အရှင် ငါ့အရှင်ရေ....."

ဟော..အစောက,လေးတင် မာတောင်နေသည့် အသံအနေအထားက ချက်ချင်းပဲငိုသံတွေရောယှက်လာတော့သည်။ ထို့ကြောင့် ထည်ဝါ့ကျောပေါ်ကနေပဲ အနောက်သို့ငဲ့ကြည့်လိုက်တော့ ထိုအမျိုးသမီးက ငယ်တို့နောက်ကို လိုက်လာရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေလေသည်။

"သူ့နောက်ကို မလိုက်သွားပါနဲ့။ ဒီတစ်ခါလည်း သူ့ကိုနှလုံးသားမပေးလိုက်ပါနဲ့ ငါ့အရှင်ရယ်။ သူက အရှင့်နှလုံးသားကို နာကျင်ရအောင်ပဲ ထပ်လုပ်မှာ ငါ့အရှင်ရဲ့.....အို ငါ့အရှင်ရဲ့"

အမျိုးသမီး၏ ကျယ်လောင်လှသော ဝမ်းတွင်းလှိုက်သံများက ငယ့်မျက်ဝန်းအိမ်ငယ်ကို အရည်ကြည်တို့ဖြစ်တည်စေသည်။ ဘာမှလည်းမဟုတ်ပါပဲနဲ့ ဒီလိုရူးနမ်းနေသည့် အမျိုးသမီး၏စကားကြောင့် ငယ့်နှလုံးအိမ်က နာကျင်လာရသည်။

"ဒီအရူးမကတော့ လက်မလျော့သေးဘူး...."

အခုဆို ငယ်သည်ထည်ဝါနဲ့အတူ ဟိုတယ်၏ ဧည့်ကြိုနေရာမှာ ရပ်ကြည့်နေတာဖြစ်သည်။ ငယ်တို့နောက်သို့ ပြေးလိုက်လာသည့် အမျိုးသမီးသည် လုံခြုံရေးဝန်ထမ်းများ ဖမ်းချုပ်နေသည့်ကြားမှပင် အသေအလဲရုန်းကန်နေရင်း...
"ငါ့အရှင်...." ဆိုသည့် စကားကိုပဲ ဝမ်းပန်းတနည်းနဲ့ အော်ဟစ်မြည်တမ်းနေသည်။

"ကိုမှိုင်း အဲ့ဒီအရူးကို ခေါ်သွားစမ်းဗျာ...."

ရုတ်ရုတ်သဲသဲအခြေအနေများကြောင့် ငယ်တို့အနားကိုရောက်လာပေးသော ကိုမှိုင်းကို ထည်ဝါကခိုင်းတော့ ငယ့်မှာမဆိုင်းမတွနဲ့ပဲ ထည်ဝါလက်ကောက်ဝတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ရင်း အံကျိတ်ထားသည့်ကြားကနေ ခေါင်းကိုအသာယမ်းပြမိသည်။

"နင်ဘာဖြစ်နေတာလဲ...."

ပြိုကျတော့မလို မျက်နှာအနေအထားက သမီးငယ်ဆီမှာ ဘယ်ကတည်းက ဖြစ်တည်နေမှန်း သူ,မသိလိုက်ပေမယ့်လည်း သူသည် သမီးငယ်၏မျက်ရည်ကိုဆိုလျှင် တစ်စက်ကလေးတောင် မမြင်ချင်ခဲ့ပါ။

"ဘာဖြစ်တာလဲလို့....."

ခွမ်း!!!!!!
နှုတ်ခမ်းနှစ်ခုကို တင်းတင်းစေ့ပြီး မျက်ရည်တွေစီးကျနေသည့် ဒီမျက်နှာလေးကြောင့် သူသည်ဧည့်ကြိုကောင်တာအထက်တွင် အလှဆင်ထားသော ပန်းအိုးကို ကြမ်းပြင်ပေါ်ကို ပေါက်ခွဲချပစ်လိုက်တော့သည်။

"ထည်..ထည်ဝါ"

"ဘာဖြစ်တာလဲ။ ပြော...ဒီမျက်ရည်တွေက ဘယ်ကနေရောက်လာတာလဲ။ ပြော....ပြောလို့ ငါပြောနေတယ်"

သမီးငယ်၏ ပခုံးနှစ်ဖက်လုံးကို ဆွဲကိုင်လှုပ်ယမ်းရင်း ကြမ်းတမ်းစွာပင် မေးလိုက်တော့ သမီးငယ်က အသံတွေပါထွက်ပြီး ငိုချတော့သည်။

"သူ့ကို နာအောင်မလုပ်ရဘူး....အီး ဟီးးးးး၊ ဟင့် !!!"

မငိုမိအောင် ထိန်းနေသည့်ကြားကပင် သူကြောင့်နဲ့ ငယ့်မှာငိုချလိုက်ရသည်။ ထည်ဝါစိတ်တိုလာရင် ငယ်ကအလိုလိုငိုချင်လာတာဖြစ်သည်။ အခုလို ငိုချင်လျက်အခြေအနေဆိုတော့ ငိုချလိုက်ဖို့ ပိုပြီးအခွင့်ကောင်းသွားလေသည်။

ငိုနေရင်းမှ ကြမ်းပြင်ပေါ်ကို ခြေပစ်လက်ပစ်ထိုင်ရင်း လုံခြုံရေးဝန်ထမ်းတွေ ဖမ်းချုပ်ထားသော အမျိုးသမီးဆီကို ကြည့်ကာ ငယ်သည်နှလုံးသားထဲက လေးလံခံစားနေရသမျှကို ပြေလျော့သွားအောင် ထပ်လို့ အားသွန်စိုက်ထုတ်ကာငိုကြွေးမိသည်။

ငယ့်လိုပင် ထိုအမျိုးသမီးဟာလည်း ငယ့်ကိုကြည့်ပြီး အသည်းအသန်ကို ငိုကြွေးနေလေသည်။

နှစ်ပေါင်းများစွာခွဲခွာနေကြရပြီး အခုမှပြန်တွေ့ကြသလိုနဲ့ တစ်ဦးတစ်ဦးကြည့်ကာ စိတ်ပျက်ဖို့ကောင်းအောင် ငိုနေကြသူနှစ်ယောက်ကို ကြည့်ပြီး သူ့စိတ်တွေကိုမနည်းဆွဲဆန့်ထားလိုက်ပြီး အရူးမကိုလွှတ်ပေးလိုက်ဖို့ လုံခြုံရေးဝန်ထမ်းတွေကို လက်တစ်ချက်ခါပြလိုက်သည်။

ထိုသို့လွှတ်ပေးလိုက်သည့် ချက်ချင်းမှာပဲ အရူးမဟာ ဘယ်သူမှထင်မထားသည့် အမြန်နှုန်းမျိုးနဲ့ ဟိုတယ်ထဲဝင်လာပြီး ကြမ်းပြင်ပေါ်မှာထိုင်ငိုနေသည့် သမီးငယ်အားပွေ့ဖက်လေသည်။

"အရှင်....ငါ့အရှင်....ငါ့အရှင်ရယ်"

မနေ့ညကမှ သူအမြတ်တနိုးနဲ့ နမ်းရှိုက်ခဲ့သည့် ဆံနွယ်တွေကို အရူးမက လက်ဖြင့်ပွတ်သပ်နေတော့သည်။ ရုတ်ချည်းပဲ သူ့အနေနဲ့သမီးငယ်ကို ခေါ်ထုတ်ဖို့ ပြင်ဆင်လိုက်သော်လည်း သမီးငယ်ကိုယ်တိုင်ကလည်း အရူးမအားပြန်လည်လို့ ထွေးပွေ့ဖက်ထားလေသည်။


___________________


Zawgyi.....


"ဒါက ဘယ္ကိုသြားေနတာလဲ။"

ညေနဘက္ေရာက္သည္အထိ ကားေပၚမွာပဲ ၿငိမ္ၿပီးရွိေနရတာေၾကာင့္ ေနာက္ဆုံးမွာ စကား,စေျပာသူက ငယ္ပဲျဖစ္ခဲ့ရသည္။

"ပုဂံ..."

Notebookကို ၾကည့္ေနရင္း သူကဘာမွအေထြအထူးမဟုတ္သလိုေျဖေပမယ့္ ငယ့္မွာ မွီႏြဲ႕ထားရာမွအတင္းပဲ ထ,လိုက္ၿပီး...
"ငါ..ငါ မသြားဘူး"

"မရႈပ္စမ္းနဲ႔ သမီးငယ္။ ငါ့မွာ အလုပ္ကိစၥရွိေသးတယ္။"

"ဒါဆိုလည္း ငါ့ကိုအိမ္ပဲျပန္ပို႔ေပး...."

"နင္မလိုက္ရင္ တျခားသူကိုငါေကာက္တင္သြားမွာ...."

Notebookကို ပိတ္ၿပီး သမီးငယ္ဘက္ကိုလွည့္လိုက္ေတာ့ နီရဲေနသည့္မ်က္လုံးအိမ္က သူ႔ဆီကိုနာနာၾကည္းၾကည္းဆိုသလိုမ်ိဳး စိုက္ၾကည့္လို႔ေနေတာ့သည္။ ႏွာေခါင္းထိပ္ဖ်ားေလးကလည္း ရဲတြတ္လို႔ေနၿပီး ႏႈတ္ခမ္းဖူးဖူးေလးကလည္း ေရွ႕သို႔ ေထာ္လွန္ေနပုံက ေၾကာင္ေခ်း႐ုပ္ေလးလိုပင္။

"ေတာ္ၿပီ..ဝမ္းမနည္းနဲ႔။"

သမီးငယ္၏ ခႏၶာကိုယ္ကိုဆြဲယူကာ သူ႔ရင္ခြင္ထဲမွာအတင္းညႇပ္ထားမိၿပီး သူကိုယ္တိုင္လည္း ကားေပၚမွာတစ္ေလွ်ာက္လုံးစာရင္းေတြၾကည့္ေနရသည္ေၾကာင့္ ညီးညဴခ်င္သလိုေတာင္ျဖစ္ေနသည့္ စိတ္မ်ားအား အနားေပးလိုက္ေတာ့သည္။

"ဒီကမာၻႀကီးမွာ ငါ့အရွင္ကပဲခ်စ္ခဲ့တာေလ။ ေဟာ...ဟိုးမွာၾကည့္၊ ေကာင္းကင္ႀကီးေတာင္ျပာေနေရာေပါ့ရွင္။

ငါ့အရွင္ ဘယ္ေလာက္ပဲခ်စ္ခ်စ္ အရွင္မင္းတရားႀကီးက ငါ့အရွင္တင္မဟုတ္ပဲ သမၻဴလတို႔၊ ခင္တန္တို႔ကိုလည္း ခ်စ္ခဲ့ေသးတာ....ငါ့အရွင္မွာ ခ်စ္ရသူနဲ႔ေဝးကြာၿပီး မခ်စ္မႏွစ္သက္တဲ့သူနဲ႔ ေပါင္းသင္းေနရတာေလ။ ဘယ္ေလာက္ေတာင္စိတ္ဆင္းရဲခဲ့လိုက္မလဲ....

ဒါေပမယ့္ေနာ္ အရွင္မင္းႀကီးက သိပ္ရက္စက္တာပဲ။ သူကေလ အဲ့ဒီအခ်ိန္မွာ ရေသ့တူမသမၻဴလနဲ႔ ေပ်ာ္ေနခဲ့တာ....အို ဒီလိုလူ ဒီလိုလူ"

အဖာအစပ္မ်ားျပားေသာ လုံခ်ည္ႏွင့္ရင္ေစ့အက်ႌကို ဝတ္ဆင္ထားေသာ အမ်ိဳးသမီးႀကီးသည္ ေကာင္းကင္ကိုၾကည့္လိုက္၊ ေလထုကိုၾကည့္လိုက္ႏွင့္ စကားမ်ားဆိုေနေလသည္။

"ေခါင္းေလာင္းနဲ႔ ဘယက္ ႏွစ္ခုလုံးပါမွာေတာ့ ေသခ်ာပါတယ္ေနာ္ ကိုမႈိင္း....."

"အရွင္ အရွင္ ငါ့အရွင္....."

သူ႔နံေဘးမွာ ရပ္ေနရင္းျဖင့္ ငယ္ခ်က္ခ်င္းပဲ သူ႔ေနာက္မွာ ပုန္းကြယ္မိလိုက္သည္။ ငယ့္ဆီကိုပဲ ကဆုန္ေပါက္ၿပီး တည့္တည့္မတ္မတ္ေျပးလာပုံမ်ားက ငယ့္ႏွလုံးသားေတြျပဳတ္ထြက္သြားေတာ့မလိုပဲ ထိတ္လန္႔သြားရေတာ့သည္။

"ဘာလဲဟ ဒီမိန္းမ..."

"အရွင္ အရွင္လို႔...ငါေလ ငယ္ကြၽန္ႀကီးပါ"

ကိုတားႀကီးတို႔ တားေနသည့္ၾကားမွ အသည္းအသန္ပင္ ႐ုန္းကန္ကာ ငယ့္ဆီကိုလာခ်င္ေနေသာ ထိုအမ်ိဳးသမီးကို ငယ္ေၾကာက္လာမိသည္။

"ဘာျဖစ္ေနတာလဲ....."

တုန္ယီေနေသာ ငယ့္ခႏၶာကိုယ္ကို ဖက္ထားရင္းသူက ေမးေသာ္လည္း ငယ့္မွာျပန္ေျဖဖို႔ကို မဝံ့ရဲ။ အေစာေလးကမွ ျဖစ္တည္ခဲ့ေသာ ေၾကာက္စိတ္မ်ားထက္ သူ႔ေရွ႕မွာ ေၾကာက္တယ္ဆိုသည့္ စကားေျပာရမွာကို ငယ္ပိုေၾကာက္ပါသည္။

ငယ့္ေၾကာင့္နဲ႔ ထိုအမ်ိဳးသမီးကို မထိခိုက္ေစခ်င္တာေၾကာင့္ ငယ့္မွာေခါင္းကိုသာယမ္းျပရင္း သူ႔အားတင္းက်ပ္စြာႏွင့္ဖက္တြယ္ထားလိုက္သည္။

"အင္း...နင္ ဖက္ဖို႔အေၾကာင္းျပခ်က္ရသြားတာေပါ့။ ေတာ္ၿပီ လာ...သြားမယ္"

စကားေၾကာင့္ ငယ္သူ႔မ်က္ႏွာအားေမာ့ၾကည့္လိုက္ေတာ့ သူဟာေတာ္ေတာ္ေလးကို မုန္းဖို႔ေကာင္းေအာင္ၿပဳံးေနတာျဖစ္သည္။ သို႔ေသာ္လည္း သူေခၚေဆာင္ရာအတိုင္း ငယ္လိုက္လာခဲ့သည္က ညဘက္အိမ္မက္ဆိုးေတြအထိပါ သူ႔အားေဘးမွာရွိေနေပးေစခ်င္သည္။

ထိုအေၾကာင္းကိုမ်ား ထုတ္ေျပာလိုက္လွ်င္ အေျပာအဆို ဆိုးလြန္းပါသည့္ သူ႔ထံမွ...
"ငါနဲ႔အတူတူ အိပ္ခ်င္လို႔လား" ဆိုသည့္ ေမးခြန္းကို ၾကားရမည္မွာ ေျမႀကီးလက္ခတ္မလြဲပင္။

ထို႔ေၾကာင့္ အိပ္ရာကေနထ,ထိုင္ကာ ေရကရားထဲမွ ေရကို ဖန္ခြက္ထဲငွဲ႔ကာ နည္းနည္းခ်င္းေသာက္ေနရင္း မက္ခဲ့ေသာ အိမ္မက္အေၾကာင္းကို ျပန္ေတြးေနမိသည္။

"အရွင္မ ေရာက္လာၿပီလား...."

ငယ္ငယ္က မက္ခဲ့ဖူးေသာ ထုထည္ႀကီးမား ျမင့္မားလွေသာ ဘုရားႀကီး၏ ေလွကားမွ ဆင္းလာၾကေသာ ေရွးေခတ္အဝတ္အစားမ်ားႏွင့္ လူေထာင္ေပါင္းမ်ားစြာက ငယ့္အားတ႐ိုတေသနဲ႔ပင္ ႀကိဳဆိုၾကသည္။

ထိုထဲတြင္ ညေနကေတြ႕ခဲ့ေသာ အမ်ိဳးသမီးႀကီးလည္း အပါအဝင္ျဖစ္သည္။ စိတ္စြဲလို႔ေနမွာလို႔ ငယ့္ကိုယ္ငယ္ သတိေပးေနေသာ္လည္း ငယ့္စိတ္တို႔က ေၾကာက္႐ြံ႕ေနသလို၊ ထိုျမင္ကြင္းကိုလည္း မ်က္လုံးထဲမွာ ျပန္ျမင္ေယာင္ေနဆဲျဖစ္သည္။

ထိုစဥ္မွာပဲ ႐ုတ္တရပ္ဆိုသလို ပြင့္ဟလာသည့္ အခန္းတံခါးေၾကာင့္ ငယ္သည္ ေစာင္ကိုဆြဲယူရင္းပုန္းကြယ္လိုက္သည္။ တကယ္ပဲသူတို႔ေတြလာေခၚလားတာဆိုသည့္ အေတြးျဖင့္ ငယ္ ငိုခ်င္လာေတာ့သည္။

တစ္လွမ္းခ်င္းေလွ်ာက္လာေသာ ေျခသံက ငယ့္ကုတင္အနားမွာ ရပ္တန္႔လို႔သြားၿပီး လူတစ္ေယာက္ကုတင္ေပၚကိုတက္လာသလို ခံစားရတာေၾကာင့္ ငယ္ေအာ္ေခၚမိတာက ထည္ဝါ့ကိုပင္။

"ထည္ဝါ....ထည္ဝါ "

ေရွ႕တြင္ေရာက္ေနေသာ သူအား အားကုန္သုံးကာ႐ိုက္ေနစဥ္မွာလည္း သူ႔ကိုပဲ တမ္းတမ္းတတနဲ႔ ေခၚေနမိတာျဖစ္သည္။

"သမီးငယ္...ငါ ငါလို႔"

ဇြတ္အတင္း ငယ့္လက္ေတြကို ဆုပ္ကိုင္ထားေသာသူအား အေမွာင္ထဲမွာ ငယ္ေသေသခ်ာခ်ာၾကည့္မိလိုက္ေတာ့ ထိုသူက ငယ္ရဲ႕ထည္ဝါပင္။ ထို႔ေၾကာင့္ခ်က္ခ်င္းပဲ စိတ္အလုံးစုံကို ေျဖေလ်ာခ်လိုက္ၿပီး ငိုႀကီးခ်က္မနဲ႔ ငိုေနရင္းကပဲ သူ႔ပခုံးေတြဆီလက္လွမ္းရင္း သူ႔ကိုဖက္တြယ္ထားလိုက္သည္။

"ဘာျဖစ္တာလဲ.....ေတာ္ၿပီ မငိုနဲ႔"

တုန္ယီေနေသာ သမီးငယ္၏ေက်ာျပင္အား ပြတ္သပ္ေပးေနရင္းႏွင့္ သူကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာပဲ သူ႔ႏႈတ္ခမ္းေတြဟာ သမီးငယ္၏ဆံပင္တစ္ခ်ိဳ႕ကို နမ္းရႈိက္မိသြားသည္။

ထိုသို႔ ျပဳမူၿပီးမွ သူ႔ကိုယ္သူမလုံမလဲျဖစ္ကာ အတင္းတြယ္ဖက္ထားရာမွ သမီးငယ္ကို ဖယ္ခြာလိုက္ၿပီး...
"မငိုနဲ႔ေတာ့......"

ရွည္လ်ားလွေသာ ဆံႏြယ္ေတြက မ်ားျပားလြန္းသည္ကို သူအခုမွပဲ သတိထားမိသည္။ ပတုန္းေရာင္ ေကသာဟာ ဆံပင္၏ေကာင္းျခင္းႏွင့္ျပည့္စုံေသာ အမ်ိဳးသမီးအျဖစ္ သမီးငယ္၏ေကာင္းျခင္းကို ျဖာေဝတိုးပြားေစသည္။

မွိန္ျပျပ အလင္းေရာင္သာရွိသည့္ အခန္းအတြင္းမွာေတာင္ ညဘက္ျဖစ္တာေၾကာင့္ ျခယ္သထားျခင္း အလ်င္းကင္းမဲ့သည့္ မ်က္ႏွာျပင္ဟာ ၾကင္လင္လြန္းသည္ဟု သူယူဆမိသည္။ ငယ္ငယ္ကလို ေၾကာင္ေခ်း႐ုပ္ေလးမဟုတ္ပဲ ႂကြယ္ဝလာသည့္ အလွတရားမ်ားေၾကာင့္ပဲ သမီးငယ္ဟာ အခုထိတိုင္ ထည္ဝါတက္ေနေသာ အထက္တန္းေက်ာင္းမွာ နာမည္ႀကီးေနတာျဖစ္သည္။

သူ႔ကိုပဲ ၾကည့္ေနတတ္တဲ့ သမီးငယ္ဟာ ျခဴခ်င္သူေတြမ်ားသည့္ ပန္းအလွျဖစ္ေသာ္လည္း သူတစ္ေယာက္ကပဲ ထိုပန္းကေလး၏ပိုင္ရွင္ျဖစ္ခ်င္သည္။ ပန္းလွလွေလးက အလွပဆုံးဖူးပြင့္လာခဲ့ၿပီးၿပီ။ ဒီအလွအပမ်ားက ဟိုးတုန္းကအတိုင္း သူ႔အနားမွာပဲ နာနာခံခံႏွင့္ ၫႊတ္က်ေနေစခ်င္တာေၾကာင့္ ဇာတ္လမ္းေလး ႐ိုက္ဖို႔အကြက္စဥ္မိပါသည္။

အေၾကာင္းေၾကာင္းေၾကာင့္ ထိုဇာတ္လမ္းေလးကို လက္စမသတ္ႏိုင္ေတာ့ဘူးဟု ထင္ခဲ့ေပမယ့္လည္း ကတိုက္က႐ိုက္ဆန္လြန္းသြားသည့္ ဇာတ္သိမ္းေလးဟာ သိပ္ကိုလွသည္။ အခုထိ သမီးငယ္ဟာ သူ႔တစ္ေယာက္ကိုပဲ စိတ္ထဲထည့္ထားဆဲပင္။

"က်န္စစ္သားမင္းႀကီးရဲ႕ အခ်စ္ဆုံးမိဖုရားက မဏိစႏၵာေနာ္...."

လွဲေလ်ာင္းေနေသာ ထည္ဝါ့ကိုယ္ေပၚကို ထပ္လ်က္ေမွာက္ထားကာ ငယ့္မ်က္ႏွာကို သူရင္ဘက္ဆီမွာဖြက္ထားရင္း အသံထြက္မိသည္။ ထိုအခါမွာ ထည္ဝါက သူ႔ခႏၶာကိုယ္ကို အနည္းငယ္ ေ႐ြ႕လ်ားျပင္ဆင္လိုက္ရင္း ငယ့္ဆံပင္ေတြကို သပ္ခ်ေပးသည္။

"အင္း...."

အခ်ိန္တစ္ခုၾကာၿပီးမွ ၾကားလိုက္ရသည့္ ေျဖသံေၾကာင့္ ငယ္သည္ သူ႔ေက်ာျပင္ေအာက္ကိုလက္ဖဝါးေတြေရာက္သည္အထိ သူ႔အား တိုးလို႔ ဖက္ထားလိုက္သည္။

"ဒါဆို ဘာျဖစ္လို႔ ေနာက္ထပ္မိဖုရားေတြ ထပ္ယူလဲ။ ငါ ငါ...သေဘာမက်ဘူး ထည္ဝါ။"
ေျပာၿပီးေနာက္တြင္ ငယ္သည္ မ်က္ႏွာကိုအနည္းငယ္ေမာ့ကာ သူ႔ဘယ္ဘက္ရင္အုံအထက္တြင္ ေမးေစ့ခ်ကာ သူ႔မ်က္ႏွာအား လွမ္းးလို႔ေငးၾကည့္မိသည္။

ထိုအခါမွ သူကၿပဳံးသြားၿပီး ငယ့္ဆံပင္ေတြကို အကိုင္မျပတ္ပဲ ငယ့္အား ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ ဒီတစ္ေခါက္ သူ႔အၿပဳံးေတြမွာ ႏူးညံ့ျခင္းတို႔ ကိန္းဝပ္ေနသည္လားဆိုတာ ငယ္ကိုယ္တိုင္ပင္လွ်င္ ဇေဝဇဝါျဖစ္ရပါသည္။

"ငါ မိဖုရားမျဖစ္ခ်င္ဘူး။"

"ဒါဆိုလည္း ဘုရင္မလုပ္ေပါ့။"

ပင့္တင္လိုက္သည့္ သူ႔မ်က္ခုံးေတြက ငယ့္ဝိညာဥ္ကို ငယ့္ခႏၶာကိုယ္စ္ီမွ ထုတ္ယူသြားသကဲ့သို႔ႏွင့္ ငယ္ဟာ ဘာကိုမွဆက္မေျပာႏိုင္ေတာ့ပဲ သူ႔ကိုပဲၾကည့္ေနမိေတာ့သည္။

"ငါကူညီမယ္....နင္ ဘုရင္မ,ျဖစ္ဖို႔"

တကယ္လားေတြ ဘာေတြဆိုတာ ထပ္ေမးဖို႔ မလိုေလာက္ေအာင္ပင္ သူ႔မ်က္ဆံညိဳညိဳေတြက အာမခံမႈအျပည့္အဝကို ျဖည့္တင္းေပးေနေတာ့ ငယ့္စိတ္ႏွလုံးက ခ်မ္းေျမ့သြားရေလသည္။

မနက္မိုးလင္းလာေတာ့ ငယ္အိပ္ရာကေန ထ,လိုက္ၿပီး ဟိုတယ္ခန္းထဲမွ ထြက္ခဲ့လိုက္သည္။ မေန႔က ငယ္တို႔သြားခဲ့ေသာေနရာႏွင့္ သိပ္မလွမ္းမကမ္းမွာရွိသည့္ ဟိုတယ္မွာပဲမို႔ ငယ္သည္သိခ်င္စိတ္၏ေစ့ေဆာ္မႈအရ မေန႔ကေတြ႕ခဲ့ေသာ အမ်ိဳးသမီးအား ေတြ႕ဦးမလားဆိုသည့္စိတ္ျဖင့္ ေလွ်ာက္သြားၾကည့္မိသည္။

"အရွင္ ငါ့အရွင္က သိပ္ခံစားေနရတာ။ အရွင္မင္းႀကီးက ငါ့အရွင္အျပင္ တျခားမိန္းကေလးေတြကိုပါ ခ်စ္ခဲ့တာေလ...."

ဘုရားေရွ႕ရွိ ေျမကြက္လပ္တြင္ ထိုင္ရင္း ဘုရားထိပ္ဖူးသို႔ ေငးေမွ်ာ္ၾကည့္ကာ တစ္ေယာက္ထဲ စကားေတြေျပာေနေသာ အမ်ိဳးသမီးကို ငယ္ခပ္ေဝးေဝးကေနပဲ ၾကည့္ေနမိသည္။

"သူဟာ လူမိုက္၊ ငါ့အရွင္ကို မခ်စ္မႏွစ္သက္တဲ့လူလက္ထဲမွာ ထားခဲ့တဲ့ လူမိုက္။ သူ႔ကိုအျပစ္ဒဏ္ေပးရမယ္"

ေျမျပင္အား ႀကိမ္ျဖင့္ တျဖန္းျဖန္းျမည္သံထြက္ေအာင္႐ိုက္ရင္းျဖင့္...
"သူ႔ကို အျပစ္ဒဏ္ေပးမယ္။ ႀကိမ္ ႀကိမ္ဒဏ္...ဟုတ္တယ္၊ သူက ေသသင့္တယ္။ ငါ့အရွင္ကို ညေပါင္းမ်ားစြာ ေစာင့္ရေအာင္လုပ္တယ္။ ကဲဟယ္ ကဲဟယ္......"

အားကုန္သုံးၿပီး႐ိုက္ခ်လို႔ေနသည္ကိုျမင္ေတာ့ ေၾကာက္ေၾကာက္နဲ႔ပဲ ငယ္ေျခတစ္လွမ္းနာက္ဆုတ္လိုက္ခ်ိန္မွာ အနားမွာရွိေနသည့္ ငုတ္တစ္ျဖင့္ တိုက္မိၿပီး အသံထြက္မိသြားသည္။

"အ !!!"

အသံကိုအခ်ိန္မွီအုပ္လိုက္ႏိုင္သည္ဟု ထင္ေပမယ့္လည္း ခ်က္ခ်င္းပဲ ငယ့္ထံသို႔ေရာက္လာသည့္အၾကည့္က...
"ငါေျပာတာေတြကို နင္ခိုးနားေထာင္ေနတာ ငါသိတယ္ ဟားဟားးဟားးး.....။ "

အူလႈိက္သည္းလႈိက္ရယ္ကာ ႀကိမ္ျဖင့္ ႐ြယ္ရင္း ငယ္ရွိရာကို ေလွ်ာက္လာသည့္ ထိုအမ်ိဳးသမီးေၾကာင့္ ငယ့္မွာေျပးေပါက္ပိတ္သြားသည့္ တိရစာၦန္ေလးလိုပဲ ထိတ္လန္႔မိသြားသည္။

"ငါ ငါ့ကို နင္ယုံတယ္မလား။ ငါေျပာတာေတြကို နင္နားေထာင္မယ္မို႔လား..."

"ဟင့္အင္း...."

နီးကပ္လာသည့္ အေနအထားမွာ ငယ့္ဘက္ကထိုအမ်ိဳးသမီးထံကိုသာၾကည့္ေနၿပီး ထြက္ေျပးဖို႔ကို သတိမရေသးေပ။

"ဟိတ္..."

"ဟိတ္..."

ငယ့္အနားကို ေရာက္လာသည့္ ထည္ဝါကတစ္ခ်က္ဟန္႔လိုက္ေတာ့ ထိုအမ်ိဳးသမီးကလည္း ထည္ဝါ့ကဲ့သို႔ ျပန္ေျပာေလသည္။

"အံမာ..."

"နင္ကမ်ား ငါ့ကို မာမာထန္ထန္..."
ေျပာၿပီးခ်က္ခ်င္းပဲ ထိုအမ်ိဳးသမီးက ထည္ဝါဘက္ကို ႀကိမ္ျဖင့္လွမ္း႐ိုက္ဖို႔႐ြယ္ေတာ့သည္။

"အ႐ူးကမ်ား ငါ့ကိုလာၿပီး"

"အံမာ ငါ့ကိုမ်ားအ႐ူးတဲ့။ နင္ နင္ကသာအ႐ူး၊ မယား႐ူး၊ ႏွာဗူး.....မိန္းမျမင္ရင္ လိုခ်င္ေနတဲ့ အ႐ူး။ ဟုတ္တယ္ နင္ဟာအ႐ူး...."

ႀကိမ္ကို တဆတ္ဆတ္ျဖင့္လႊဲယမ္းေနရင္း ေျပာေနသည့္ ထိုအမ်ိဳးသမီး၏စကားေၾကာင့္ ထည္ဝါလည္း ႐ုတ္တရက္ဆိုေတာ့ ဘာျပန္ေျပာရမွန္းမသိျဖစ္ေနေလသည္။ အခုအခါမွပဲ ငယ္ကိုယ္တိုင္လည္း အ႐ူးကိုဘာလို႔ေၾကာက္ရမယ္မွန္းနားလည္လိုက္သလို ရွိလာသည္။

သူက ႐ူးေနတာေလ....႐ူးေနတဲ့သူက ဘာကိုမ်ားစဥ္းစားႏိုင္မွာတဲ့လဲလို႔ ေတြးေနစဥ္မွာပဲ...

"နင့္ကို ငါ႐ိုက္မယ္..."

မေဝးလြန္းတဲ့အကြာအေဝးကေန အားခ်င္းေျပးလာသည့္ ထိုအမ်ိဳးသမီးေၾကာင့္ ငယ္သည္ခ်က္ခ်င္းပဲ ထည္ဝါေက်ာေပၚကို ခုန္တက္လိုက္ၿပီး..
"ေျပး..ေျပးေတာ့ ထည္ဝါ"

အသံအက်ယ္ႀကီးနဲ႔ ေျပာမိလိုက္သည္။

ဘယ္တုန္းကမွ ငယ့္စကားဆိုအေရးမထားခဲ့ပါေသာ ထည္ဝါဆိုေသာ သခင္ေလးက ထိုအမ်ိဳးသမီးေၾကာင့္နဲ႔မွ ငယ့္ေျပာသည့္အတိုင္း ခ်က္ခ်င္းပင္လုပ္ေဆာင္သည္။

"ေဟ့..ေဟ့၊ နင္တို႔မေျပးနဲ႔ေလ။
ငါေျပာတာေတြကို နင္တို႔သိခ်င္ေနတာ ငါသိတယ္ေနာ္..."
အေျပးလိုက္လာေနရင္း ေျပာေနသည့္ စကားမ်ားက ဘာရယ္မဟုတ္ပဲ ငယ့္အားၾကက္သီးေမႊးညႇင္းမ်ား ထ,လာေစသည္။

"အရွင္..အရွင္ ငါ့အရွင္ေရ....."

ေဟာ..အေစာက,ေလးတင္ မာေတာင္ေနသည့္ အသံအေနအထားက ခ်က္ခ်င္းပဲငိုသံေတြေရာယွက္လာေတာ့သည္။ ထို႔ေၾကာင့္ ထည္ဝါ့ေက်ာေပၚကေနပဲ အေနာက္သို႔ငဲ့ၾကည့္လိုက္ေတာ့ ထိုအမ်ိဳးသမီးက ငယ္တို႔ေနာက္ကို လိုက္လာရင္း မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ေနေလသည္။

"သူ႔ေနာက္ကို မလိုက္သြားပါနဲ႔။ ဒီတစ္ခါလည္း သူ႔ကိုႏွလုံးသားမေပးလိုက္ပါနဲ႔ ငါ့အရွင္ရယ္။ သူက အရွင့္ႏွလုံးသားကို နာက်င္ရေအာင္ပဲ ထပ္လုပ္မွာ ငါ့အရွင္ရဲ႕.....အို ငါ့အရွင္ရဲ႕"

အမ်ိဳးသမီး၏ က်ယ္ေလာင္လွေသာ ဝမ္းတြင္းလႈိက္သံမ်ားက ငယ့္မ်က္ဝန္းအိမ္ငယ္ကို အရည္ၾကည္တို႔ျဖစ္တည္ေစသည္။ ဘာမွလည္းမဟုတ္ပါပဲနဲ႔ ဒီလို႐ူးနမ္းေနသည့္ အမ်ိဳးသမီး၏စကားေၾကာင့္ ငယ့္ႏွလုံးအိမ္က နာက်င္လာရသည္။

"ဒီအ႐ူးမကေတာ့ လက္မေလ်ာ့ေသးဘူး...."

အခုဆို ငယ္သည္ထည္ဝါနဲ႔အတူ ဟိုတယ္၏ ဧည့္ႀကိဳေနရာမွာ ရပ္ၾကည့္ေနတာျဖစ္သည္။ ငယ္တို႔ေနာက္သို႔ ေျပးလိုက္လာသည့္ အမ်ိဳးသမီးသည္ လုံၿခဳံေရးဝန္ထမ္းမ်ား ဖမ္းခ်ဳပ္ေနသည့္ၾကားမွပင္ အေသအလဲ႐ုန္းကန္ေနရင္း...
"ငါ့အရွင္...." ဆိုသည့္ စကားကိုပဲ ဝမ္းပန္းတနည္းနဲ႔ ေအာ္ဟစ္ျမည္တမ္းေနသည္။

"ကိုမႈိင္း အဲ့ဒီအ႐ူးကို ေခၚသြားစမ္းဗ်ာ...."

႐ုတ္႐ုတ္သဲသဲအေျခအေနမ်ားေၾကာင့္ ငယ္တို႔အနားကိုေရာက္လာေပးေသာ ကိုမႈိင္းကို ထည္ဝါကခိုင္းေတာ့ ငယ့္မွာမဆိုင္းမတြနဲ႔ပဲ ထည္ဝါလက္ေကာက္ဝတ္ကို လက္ႏွစ္ဖက္ျဖင့္ ကိုင္လိုက္ရင္း အံက်ိတ္ထားသည့္ၾကားကေန ေခါင္းကိုအသာယမ္းျပမိသည္။

"နင္ဘာျဖစ္ေနတာလဲ...."

ၿပိဳက်ေတာ့မလို မ်က္ႏွာအေနအထားက သမီးငယ္ဆီမွာ ဘယ္ကတည္းက ျဖစ္တည္ေနမွန္း သူ,မသိလိုက္ေပမယ့္လည္း သူသည္ သမီးငယ္၏မ်က္ရည္ကိုဆိုလွ်င္ တစ္စက္ကေလးေတာင္ မျမင္ခ်င္ခဲ့ပါ။

"ဘာျဖစ္တာလဲလို႔....."

ခြမ္း!!!!!!
ႏႈတ္ခမ္းႏွစ္ခုကို တင္းတင္းေစ့ၿပီး မ်က္ရည္ေတြစီးက်ေနသည့္ ဒီမ်က္ႏွာေလးေၾကာင့္ သူသည္ဧည့္ႀကိဳေကာင္တာအထက္တြင္ အလွဆင္ထားေသာ ပန္းအိုးကို ၾကမ္းျပင္ေပၚကို ေပါက္ခြဲခ်ပစ္လိုက္ေတာ့သည္။

"ထည္..ထည္ဝါ"

"ဘာျဖစ္တာလဲ။ ေျပာ...ဒီမ်က္ရည္ေတြက ဘယ္ကေနေရာက္လာတာလဲ။ ေျပာ....ေျပာလို႔ ငါေျပာေနတယ္"

သမီးငယ္၏ ပခုံးႏွစ္ဖက္လုံးကို ဆြဲကိုင္လႈပ္ယမ္းရင္း ၾကမ္းတမ္းစြာပင္ ေမးလိုက္ေတာ့ သမီးငယ္က အသံေတြပါထြက္ၿပီး ငိုခ်ေတာ့သည္။

"သူ႔ကို နာေအာင္မလုပ္ရဘူး....အီး ဟီးးးးး၊ ဟင့္ !!!"

မငိုမိေအာင္ ထိန္းေနသည့္ၾကားကပင္ သူေၾကာင့္နဲ႔ ငယ့္မွာငိုခ်လိုက္ရသည္။ ထည္ဝါစိတ္တိုလာရင္ ငယ္ကအလိုလိုငိုခ်င္လာတာျဖစ္သည္။ အခုလို ငိုခ်င္လ်က္အေျခအေနဆိုေတာ့ ငိုခ်လိုက္ဖို႔ ပိုၿပီးအခြင့္ေကာင္းသြားေလသည္။

ငိုေနရင္းမွ ၾကမ္းျပင္ေပၚကို ေျခပစ္လက္ပစ္ထိုင္ရင္း လုံၿခဳံေရးဝန္ထမ္းေတြ ဖမ္းခ်ဳပ္ထားေသာ အမ်ိဳးသမီးဆီကို ၾကည့္ကာ ငယ္သည္ႏွလုံးသားထဲက ေလးလံခံစားေနရသမွ်ကို ေျပေလ်ာ့သြားေအာင္ ထပ္လို႔ အားသြန္စိုက္ထုတ္ကာငိုေႂကြးမိသည္။

ငယ့္လိုပင္ ထိုအမ်ိဳးသမီးဟာလည္း ငယ့္ကိုၾကည့္ၿပီး အသည္းအသန္ကို ငိုေႂကြးေနေလသည္။

ႏွစ္ေပါင္းမ်ားစြာခြဲခြာေနၾကရၿပီး အခုမွျပန္ေတြ႕ၾကသလိုနဲ႔ တစ္ဦးတစ္ဦးၾကည့္ကာ စိတ္ပ်က္ဖို႔ေကာင္းေအာင္ ငိုေနၾကသူႏွစ္ေယာက္ကို ၾကည့္ၿပီး သူ႔စိတ္ေတြကိုမနည္းဆြဲဆန္႔ထားလိုက္ၿပီး အ႐ူးမကိုလႊတ္ေပးလိုက္ဖို႔ လုံၿခဳံေရးဝန္ထမ္းေတြကို လက္တစ္ခ်က္ခါျပလိုက္သည္။

ထိုသို႔လႊတ္ေပးလိုက္သည့္ ခ်က္ခ်င္းမွာပဲ အ႐ူးမဟာ ဘယ္သူမွထင္မထားသည့္ အျမန္ႏႈန္းမ်ိဳးနဲ႔ ဟိုတယ္ထဲဝင္လာၿပီး ၾကမ္းျပင္ေပၚမွာထိုင္ငိုေနသည့္ သမီးငယ္အားေပြ႕ဖက္ေလသည္။

"အရွင္....ငါ့အရွင္....ငါ့အရွင္ရယ္"

မေန႔ညကမွ သူအျမတ္တႏိုးနဲ႔ နမ္းရႈိက္ခဲ့သည့္ ဆံႏြယ္ေတြကို အ႐ူးမက လက္ျဖင့္ပြတ္သပ္ေနေတာ့သည္။ ႐ုတ္ခ်ည္းပဲ သူ႔အေနနဲ႔သမီးငယ္ကို ေခၚထုတ္ဖို႔ ျပင္ဆင္လိုက္ေသာ္လည္း သမီးငယ္ကိုယ္တိုင္ကလည္း အ႐ူးမအားျပန္လည္လို႔ ေထြးေပြ႕ဖက္ထားေလသည္။

Continue Reading

You'll Also Like

102K 7.4K 48
It's all about heart touching love story,betrayal & hot love💗............ Karku sake abaku labari
3.6K 880 61
පණ අදින, ගල් ගැහුන කවි සිතට හුස්මක් දෙන්නට වෙර දරමි... ලස්සනම කවි ගෙත්තම් ඇත්තේ comment section එකයි.❤ ඕතරයාගේ අනන්‍යතාවය සෙවීමට යාමෙන් වළකින්න. මෙ...