" တစ် နှစ် သုံး လေး.."
ဒီနေ့မှ ဓာတ်လှေကားကပျက်နေတာကြောင့် ၆လွှာမှ CEO ရုံးခန်းကို ကော်ဖီဖျော်ပေးရန်အတွက် အတွင်းရေးမှူးအသစ်လေး ဘတ်ဟျွန်းသည် လှေကားတွေကို ရေတွက်ရင်း ပျင်းတိပျင်းရွဲ တတ်နေရရှာ၏။
"ကော်ဖီ ကော်ဖီ ဟင်! ကော်ဖီမှုန့်တွေက ကုန်ပြီလား ငါဖျော်ပေးရမဲ့အလှည့်ကျမှလေ အား....."
ဇီဇာကြောင်သော CEO ဖုန်းဆက်မခေါ်ခင် လှေကား၆ထပ်ကို ပြေးဆင်းပြီး အနီးနားရှိ စတိုးဆိုင်တွင် ဘတ်ဟျွန်းမှာ ကော်ဖီမှုန့်ဆင်းဝယ်ရင်း ဟောဟဲဆိုက်နေလေသည်။
မိနစ်၂၀ကြာပီးနောက်တွင်မူ ဘတ်ဟျွန်းလက်ထဲတွင်
အငွေ့တစ်ထောင်းထောင်းထသော ကော်ဖီခွက်ကလေးရရှိလာခဲ့လေသည်။
"ဒန်တီးတီးဟိုင်း ဒန်တီးတီးဟေး မင်းဘယ်မှာလဲ အချစ်ကလေး~~~"
သီချင်းကိုခပ်တိုးတိုး ငြီးရင်းဘတ်ဟျွန်းသည် ဖင်လေးလှုပ်ကာ အချစ်ကလေးရှိရာ ရုံးခန်းသို့လျှောက်လာခဲ့တော့သည်။
____________
"အတွင်းရေးမှူး နေရာ တို့ကို မပေးချင်ဘူးလား Loey"
"ချွဲမင်ဟီး မင်းဘာဖြစ်နေတာလဲ"
ပုံမှန်ဆို ပန်းဆီရောင်ပြေပြေ နှုတ်ခမ်းနီပဲဆိုးလေ့ရှိသူက
ဒီနေ့မှာတော့ သူမတူစွာ ရဲရဲတောက်နေသောနှုတ်ခမ်းနီနှင့်
၆လက်မခန့်အမြင့်ရှိသောဒေါက်ကိုစီးကာ တိုကပ်ကပ်စကပ်ကိုဝတ်ပြီး အလုပ်လုပ်နေသော Loeyထိုင်ခုံဘေးဘောင်တွင်ထိုင်ကာ တွယ်ကပ်နေ၏
"ဘယ်လိုပဲ သူငယ်ချင်းဆိုဆို သူများတွေမြင်ရင် မကောင်းဘူး ဆိုဖာပေါ်မှာသွားထိုင်"
"ဒေါက် ဒေါက်"
"ဝင်လာခဲ့ပါ.."
"ကော်ဖီရပါပြီ"
ဘတ်ဟျွန်း ကော်ဖီခွက်လေးမှာလမ်းတစ်ဝက်တင် ဆွဲလုခံလိုက်ရလေသည်။
"ဒါ တို့သောက်လိုက်မယ်နော် သူ့ကိုထပ်ဖျော်ပေးလိုက် ကောင်လေး"
"ဟင်"
မူးနေသောထိုညက ထိုအမျိုးသမီးကိုတစ်စုံတစ်ယောက်နှင့် တူသည်ဟုထင်မှတ်ခဲ့သော်လဲ ဘတ်ဟျွန်းမှာ သူအမှတ်မှားသည်ဟုထင်ကာ မေ့ဖျောက်ထားပေမဲ့ အခု သူရှေ့က အမျိုးသမီးက ဆံထုံးကြီးတွေမရှိတော့သော မိဖုရားကြီးနှင့်ချွတ်စွပ်တူလေ၏
"ခင်ဗျား...ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ ဒါခင်ဗျားအတွက်မဟုတ်ဘူး"
၆လွှာကို ၄ခေါက်တတ်လိုက်ဆင်းလိုက် လုပ်ခဲ့ရသည်မှာ ထိုကောင်မသောက်ရန်အတွက်မဟုတိပေ။ သို့ရာတွင် ထိုကောင်မမှာ တစ်လုတ်မျိုချပြီးဖြစ်သည်။ ဆုံလှည်ကုလားထိုင်တွင် ထိုင်နေသော Loeyမှာ တို့နှစ်ယောက်ကို ဘာမှမပြောပဲ ဆိတ်ဆိတ်ထိုင်ကြည့်နေ၏
"တစ်ချိန်ကျ CEO ကတော်ဖြစ်မှာပဲ ဒီလောက်သောက်ရုံလေးနဲတော့ ထိုအမျိုးသားလောင်းက တို့ကိုမငြိုငြင်ပါဘူး"
"စိတ်မကောင်းပေမဲ့လေ ကော်ဖီဖျော်တဲ့အခန်းမှာ ဇွန်းမတွေ့လို့ ကျွန်တော်လျှာလေးနဲ့တို့ပြီး ကော်ဖီကိုမြည်းလာတာ အဆင်ပြေလား"
"ဝေါ့ အော့.."
ရွံတတ်သော ချွဲမင်ဟီးမှာ ဟန်တောင်မဆောင်နိုင်ပဲ အိမ်သာထဲပြေးတော့သည်။ ကုလားထိုင်ပေါ်မှ Loey၏နှုတ်ခမ်းထောင့်စွန်းလေးသည် အပေါ်သို့ခပ်ရေးရေးတတ်သွား၏
"မင်းတကယ်အဲ့လိုမြည်းခဲ့တာလား"
"ရူးနေတာမလို့ အဲ့လိုမြည်းမှာလား..သူ့ကိုကြည့်မရလို့ တမင်ပြောလိုက်တာ"
"ကိုယ့်ကို အဲ့ကော်ဖီခွက်ယူခဲ့ပေးဦး"
ဘတ်ဟျွန်းသည် ကော်ဖီခွက်ကို ဆောင့်ကြီးအောင့်ကြီး ထိုးပေးလိုက်၏
"သူများသောက်ပြီးသားကို သောက်မလို့လား"
"ကိုယိသောက်ချင်လို့ ညထဲကမှာထားတာလေ"
ဘတ်ဟျွန်းသည်မပြောမဆိုနှင့် ခုံအောက်ရှိခွက်လွတ်တစ်ခုကို ငုံ့ယူလိုက်၏။ လည်ပင်းတွင်ဆွဲထားသော ကျောက်စိမ်းလက်စွပ်လေးသည် လျောကနဲ အကျီအပြင်ဘက်ကော်လာတွင် တွဲလျက်လေးတင်သွားသည်။
"ဒီခွက်နဲ့သောက် သူ့ပါးစပ်နဲ့ထိပြီးသားကြီး"
"ဒါနဲ့ လည်ပင်းမှာ ဆွဲထားတဲ့လက်စွပ်ကွင်းလေးကလှတယ်နော် ဒီခေတ်ကိုယ်မြင်ဖူးတဲ့ကျောက်စိမ်းကွင်းလေးနဲ့မတူဘူး ဘယ်ကဝယ်ခဲ့တာလဲ"
ကော်ဖီခွက်ကိုပြောင်းထည့်ပေးနေသော ဘတ်ဟျွန်းလက်မှာ တုံ့ကနဲရပ်သွား၏။ တဆတ်ဆတ်တုန်ယင်လာခဲ့သော လက်တို့ကို မထိန်းချုပ်နိုင် ကျန်လက်တစ်ဖက်ဖြင့် ဟန်ဆောင်ဖိရင်း ဝဲတတ်လာသော မျက်ရည်တို့ကို မျက်တောင်ရှည်တို့ဖြင့် ပုတ်ခတ်သိမ်း၏
"ကိုယ် ကိုင်ကြည့်လို့ရမလား"
နောက်ကိုဆုတ်၏။ သူဆုတ်လိုက်သောခြေလှမ်းမှာ တစ်လှမ်းပင် မကပါ။
"ကျွန်တော် လုပ်စရာလေးရှိလို့ ခွင့်ပြုပါဦး"
တစ်ရှိန်ထိုးပြေးထွက်လာသော ထိုအခန်းဝတွင် မျက်ရည်တစ်စက်ကား ကျကျန်ခဲ့လေ၏..
__________
"ဒါနဲ့မင်းကိုကြည့်ရတာ သိပ်ဝမ်းနည်းနေပုံပဲ လူကပုံမှန်ဆိုပေမဲ့ မင်းရင်ထဲမှာတော့ငိုနေတယ်"
ခေါင်မိုးထပ်ထိ တတ်လိုက်လာသောထိုမိန်းမက ဇသေးပုံမရ။ ပုခုံးနားတွင်ဝဲကျနေသောဆံပင်ခွေကို လက်ညှိုးတစ်ချောင်းဖြင့်လိပ်ကာ ဘတ်ဟျွန်းကိုခေါင်းအစခြေအဆုံးအကဲခတ်၏
"ခင်ဗျား ဘာလိုချင်တာလဲ"
"Loey ကိုလေ ဟိုဘက်ကမ္ဘာမှာမင်းခင်ပွန်းဖြစ်ခဲ့ပေမဲ့ ဒီဘက်ကမ္ဘာထိတော့ မင်းခင်ပွန်းဖြစ်ခွင့်မပေးနိုင်တော့ဘူး
ဒီကမ္ဘာမှာ ငါ့ဝိညာဉ်နဲ့ဖြစ်ဖြစ် ပေါင်းကိုပေါင်းဖက်ရမယ်"
"ခင်ဗျားလို လင်နာရူးမနဲ့ဖက်ပြိုင်ပြီး ပြောဖို့လောက်အထိ
ကျွန်တော်အားမနေဘူး "
"ဘာ...မိုက်ရိုင်းလှချည်လား! အမည်ခံပဲ ပိုင်ဆိုင်ခဲ့ရတဲ့ ငါယောက်ျားကို ဒီဘက်ကမ္ဘာမှာအရယူမှာ။ ငိုဖို့ပြင်ဆင်ထားလိုက်တော့ ဗြောင်ဘတ်ဟျွန်း။ သူ့ကိုနင့်ကို မှတ်တောင်မမှတ်မိဘူးမဟုတ်လား"
"ကျွန်တော့်အနေနဲ့ ထွေထွေးထူးထူးတုန်လှုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ ကျွန်တော်တို့က သာမန်ချည်နှောင်ထားမှုမျိုး မဟုတ်တာမို့ပိုင်ရှင်အစစ်ဆီကိုပဲ သူပြန်ရောက်လာလိမ့်မယ်။ ဒီလောက်နဲ့ပဲခွင့်ပြုပါဦး"
_____
"လက်စွပ်ကလေးပဲ မေးမိတာလေ ဒီလောက်ထိစပ်စပ်ထိမခံစရာအကြောင်းရှိလို့လား။ဒါမှမဟုတ် သူ့မိန်းမပေးတာများလား"
CEOသည် ရှေ့တွင်ပုံနေသောစာရွက်စာတမ်းများကို လက်မှတ်မထိုးနိုင်။ အေးစက်နေပြီဖြစ်သော ကော်ဖီကိုသောက်ကာ
မှန်အကြည့်မှတစ်ဆင့်မြင်နေရသော ရုံးခန်းအပြင်ဘက်ရှိ ဘတ်ဟျွန်းကို လှမ်းလှမ်းကြည့်၏
"ချောက် ချောက်.."
စိတ်တိုသည့်အရှိန်နဲ့ ဘတ်ဟျွန်းမှာ reportတင်ရင်အတွက် စာရိုက်ရင်း အားနဲ့ဖိရိုက်လိုက်တာကြောင့် Enterခလုတ်မှာ
ကီးဘုတ်ထဲကျွံဝင်သွားလေ၏
"ဟာ စောက်စုတ်တွေ သုံးပြန်ပြီ ဟိုဘက်မှာလဲအုတ်ကြွတ်မိုးအစုတ်တွေ ရိနေတဲ့ဘောင်းဘီအစုတ်တွေသုံးတယ်။ ဒီဘက်ရောက်တော့လဲ ကီးဘူတ်ကပါစူတ်နေသေး။ ပြီးတော့ဘာ loey ကိုလိုချင်တာ။ ဆုတောင်းလေ ဆုတောင်း ဘဝအဆက်ဆက် ဖင်ပြဲပြီးဆုတောင်း"
စိတ်တိုတိုနဲ့ဘတ်ဟျွန်းသည် ပါးစပ်ထဲရှိရာအကုန်ပြောချရင်း ကော်ဖီအေးကိုပါ ပြွတ်ကနဲစုပ်သောက်ပစ်လိုက်၏
"ဘတ်ဟျွန်း ကိုယ့်အခန်းထဲခဏလာခဲ့"
"ကျစ် ခေါ်ပြန်ပြီ ဘာပေါက်ကရခိုင်းမလဲမသိဘူး"
တင်းကျပ်နေသောနက်ကတိုင်ကို အနည်းငယ်ဖြေလျော့လိုက်ပြီး ခုံနောက်ပေါ် ခပ်လျောလျောမှီထိုင်လိုက်သည်။ ထို့အပြင် အကျီကြယ်သီးနှစ်လုံးကိုပါအစစ် ဖြုတ်လိုက်သေး၏
"ဘာများအလိုရှိပါသလဲ CEO"
"ဗိုက်ဆာလို့လေ အဲ့တာတော့ပိုကီလေးလုပ်ပေးပါလား"
"Staffတစ်ယောက်ကို အနီးအနားကဆိုင်မှာ ဝယ်ခိုင်းလိုက်ပါမယ်"
"ကိုယ်က မင်းလုပ်တာစားချင်တာ"
"အဲ့တာဆို ခင်ဗျားအောက်ကဟာကိုဖြတ်ပြီး အနှစ်နဲ့ရောစားလိုက်ခန့်ထားတာ အတွင်းရေးမှူး၊ စာဖိုမှုးမဟုတ်ဘူးဆိုတာ သတိရဦး တကယ်ပဲ"
စိတ်မရှည်သော ဘတ်ဟျွန်းသည်ဘောက်ဆတ်ဆတ်ဖြင့် အပြင်ပြန်ထွက်သွားလေ၏။ ရုံးခန်းထဲတွင်ကျန်ခဲ့သော ချန်းယောလ်မှာပါးချိုင့်များပေါ်သည်ထိ အော်ရယ်ရင်းကျန်ခဲ့တော့သည်။
_______
Ficလေးကပြီးခါနီးပါပြီ ။ နောက်နှစ်ပိုင်း ၃ပိုင်းလောက်ဆို အဆုံးသတါလို့ရပီထင်တယ်။ ၁၈ပိုင်းလောကိပဲမှန်းထားတာ ဇာတ်မျောကြီးဖြစ်နေပြီ