"သမီး..."
ငယ်သည် နာရီပေါင်းများစွာကြာအောင် ဆိုဖာအထက်မှာ မှီနွဲ့ထိုင်ရင်း TV Screenအထက်မှ မျက်နှာလွဲလို့မရပဲ ရှိနေသည်။ မျက်စိရှေ့တွင်မြင်နေရသော ဇာတ်လိုက်မင်းသားနဲ့မင်သမီးတို့ ကြည်နူးနေကြသော မြင်ကွင်းက ငယ့်မျက်နှာတစ်ခုလုံးကို ပျားရည်လောင်းထားသကဲ့သို့ ချိုမြိန်နေစေသည်။
"သမီးငယ်လေး......"
ခေါ်သံနှင့်အတူ ထိတွေ့လာသည့် လက်အစုံကြောင့် ငယ့်မှာမျက်နှာပိုးကို မနည်းပဲသတ်လိုက်ပြီးလှည့်ကြည့်လိုက်တော့ ငယ့်ဖေဖေက ငယ့်အားမျက်လုံးမှိတ်ကာခေါင်းရမ်းလို့ပြနေလေသည်။
"ဒီကားလေး ပြီးရင် တော်ပါပြီဖေဖေရဲ့....."
"တော်ပြီလေ သမီးရယ်။ ဒီနေ့နဲ့ဆို တစ်လတောင်ကျော်နေပြီ။ သမီးကိုယ်သမီးလည်း ကြည့်ပါဦးလား......အရမ်းပိန်သွားပြီ"
"ဟုတ်လား...."
"အင်း...အဲ့တာကြောင့် TVကြည့်တာကို ရပ်လိုက်တော့နော်။ ဖေဖေတို့ ဆိပ်ကမ်းဘက်ကို သွားရအောင်....."
ဒီနည်းနဲ့မဟုတ်လည်း ငယ့်ဖေဖေက ငယ့်ကိုTVရှေ့မှ ထစေတော့မည်ဟု ငယ်တွေးမိသည်။ ဇာတ်ကားကို အခုချိန်မှာ မရပ်လိုက်ချင်ပေမယ့်လည်း ဖေဖေ့စကားတွေအများကြီးကို နားထောင်ဖို့ခံနိုင်ရည်မရှိတာကြောင့် ခေါင်းကိုသာ ညိမ့်ပြလိုက်တော့သည်။
"ဒါဆို သွားကြရအောင်..."
ငယ်သည် ဖေဖေ့လက်ကိုတွယ်ချိတ်လိုက်ပြီး အိပ်ချင်နေသောမျက်လုံးများဖြင့် ဖေဖေ့အားဖျော့တော့စွာနှင့် ပြုံးပြလိုက်ရင်း ဖေဖေနဲ့အတူပဲ အိမ်ကနေထွက်ခဲ့လိုက်သည်။
ငယ်ကိုယ်တိုင်လည်း မျက်လုံးတွေအနားယူဖို့လိုနေပြီဟု ယူဆထားသည်ကြောင့် ကားပေါ်မှာ တစ်လမ်းလုံး အိပ်ပြီးလိုက်ခဲ့လိုက်သည်။ ဒါကို ဖေဖေကအပြစ်မယူပဲ သီချင်းအေးအေးလေးတွေကို ကားအတွင်းတွင် ပျံ့နှံ့စေဖို့အတွက် စတင်ပြီး သီချင်းညီးတော့သည်။
🎶သူပန်ထားတဲ့ ပန်းနီနီ
နေရာခဏလဲချင်သည်။
ကြင်နာသူလေးလှဖို့ အစွမ်းကုန်ကြိုးစားမည်။
ရင်မှာဒီလောက်ချစ်ပါသည်။ သူပျော်တာအမြဲတွေ့ချင်သည်။ သူ့အရိပ်ဖြင့်အမြဲရှိနေတတ်ပြီ....
သူဆင်မြန်းတဲ့ ဖိနပ်နီနီ
နေရာခဏလဲချင်သည်။
ကြင်နာသူလေး ခလုတ်မထိဖို့ ကိုယ်ကြိုးစားမည်။
ရင်မှာဒီလောက်ချစ်ပါသည်။ ဘာမဆိုကိုယ်အဆုံးရှုံးခံမည်။အလှမ်းဝေးတဲ့ ပန်းကလေးမြနှင်းဆီ....
ကျောင်းသွား ကျောင်းပြန် အချိန်မှန်အမြဲစောင့်လို့ကြည့်သည်၊ သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်၊ သူ့အပြုံးလေးများမြင်ရင်အပျော်လွန်ပြီး အိပ်မရတော့ပြီ။ သိပ်ချစ်တဲ့အကြောင်းကို ကဗျာတွေရေးမည်။🎶
ဒီလိုနဲ့ နောက်ထပ်လာတော့မည့် ထီးနီနီတွေအကြောင်းကို ပုံဖော်မိရင်း ငယ်သည် ဖေဖေ့သီချင်းသံတွေကြားမှာပဲ အိပ်ပျော်သွားတော့သည်။ အိပ်ပျော်သွားသည့်အချိန်မှာ ငယ့်စိတ်တွေက ဖေဖေ့သီချင်းသံလေးကြောင့် အရင်လိုပဲ ဖြစ်မြဲအတိုင်း အေးချမ်းလို့နေတော့သည်။
ကြည်လင်နေသော သမီးငယ်လေး၏မျက်နှာကို ကြည့်ရင်း ဦးကိုကိုဦးပြုံးမိသည်။ သမီးငယ်လေး၏ မျက်နှာပေါ်မှာ စင်ကျနေသော ဆံနွယ်တချို့ကိုနားရွက်နောက်သို့ပို့ပေးရင်း သူ့မှာကားမောင်းရင်းကနေပဲ အိပ်နေသောသမီးငယ်လေးကို နမ်းရှိုက်မိသည်။
အိမ်ထောင်သည်ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်ရခဲ့သော အမွှာသားနှစ်ယောက်ကို ငယ်ရွယ်စဥ်မှာပဲ ဆုံးရှုံးခဲ့ရပြီး နောက်ဆုံးမှရရှိလာသည့် ဒီရင်သွေးဟာ ကိုကိုဦးဆိုသောသူ့အတွက်တော့ အမြဲကြည်လင်စေချင်သည့် ရပ်ဝန်းပင်ဖြစ်သည်။
သမီးငယ်လေးကို အေးအေးချမ်းချမ်းနဲ့ အခုလိုအမြဲအပူအပင်ကင်းကင်းနဲ့ ရှင်သန်စေပါသည်။ လောကမှာ အပူပင်အကင်းဆုံးလူသားအဖြစ် ထားချင်သည်။
"သမီးငယ်လေး....."
ကြင်ကြင်နာနာနဲ့ပဲ နှိုးလိုက်တော့ ပွင့်ဟလာသည့် မျက်ဆံအနက်နက်တို့က လောကကြီးမှအညစ်အကြေးတို့ ကင်းစင်လျက်သိပ်ကို ဖြူစင်လွန်းပါသည်။
"ရုံးခန်းကို သွားရအောင်...."
"ဟုတ်ကဲ့ ဖေဖေ...."
အိမ်ရာကနေနိုးနိုးချင်းမှာ မြင်လိုက်ရသည့် ရေပြင်နှင့် ထိုမှဖြတ်သန်းလာလေသော အေးမြလက်ဆတ်သည့်လေထုက ငယ့်ကို ပျော်ရွှင်စေတာအမှန်ပင်။
"မမငယ် လာတယ်....လာလည်တာလား၊"
ဆော့ကစားနေကြရင်းမှ ငယ့်ကို လှမ်းကြည့်ကြသည့် ဆိပ်ကမ်းမှ အလုပ်များ၏သားသမီးများကို ကြည့်ပြီး ငယ်သူတို့အနားကိုအပြေးသွားလိုက်မိသည်။
"ဝတုတ်လေးတောင် အကြီးကြီးဖြစ်လာပြီ...."
ဟိုတစ်ခေါက် ငယ်လာလည်တုန်းကမှ အူဝဲအရွယ်လေး ဝတုတ်လေးက အခုဆို လမ်းလျှောက်ဖို့တောင် ကြိုးစားတတ်နေပြီဖြစ်သည်။
"ဟုတ်တယ် မမငယ်ရယ်၊ ကလေးတွေကြီးလာတာ အရမ်းမြန်ပါတယ်ဗျာ....ကုန်ကျရိတ်တွေလည်း မနည်းတော့ဘူးပေါ့လေ"
စည်ပိုင်းလှိမ့်နေရင်း လှမ်းအော်ပြောသည့် ဝတုတ်လေး၏အဖေဖြစ်သူကို ငယ့်မှာ လှမ်းရယ်ပြလိုက်ရင်း....
"အရင်ကထက်ပိုပြီး ပင်ပန်းနေပြီဘား ကိုအောင်သူဖြိုး။"
"ဒါတော့ ဒါပေမယ့်လည်း....."
ကွမ်းစားသော နှုတ်ခမ်းတို့ဟာ နီရဲလျက် ကိုအောင်သူဖြိုးဟာ အဝေးကနေအရမ်းကိုရယ်နေတော့ ငယ်ကပဲဖြည့်စွက်ပြောဖြစ်သည်။
"အရမ်းပျော်ရတယ် ဟုတ်!!"
"ဟား ဟားးးး ဟုတ်ပဗျာ....."
ရိုးသား၊ကြိုးစားပြီး မိသားစုအပေါ်မှာတန်ဖိုးထားတတ်တဲ့ ယောကျာ်းမျိုးကို ငယ်တကယ်ပဲလေးစားပါသည်။ ငယ့်ဖေဖေ၏ ဆိပ်ကမ်းတွင်ရှိသော မိသားစုများသည် ရိုးသားမှုကို သိက္ခာအခြေတည်ထားသော ပျော်ရွှင်ဖွယ်ရာ အသိုက်အမြုံများပင်ဖြစ်သည်။ ဒီအသိုက်အမြုံများကို ဖေဖေ့ကဲ့သို့ ငယ်ကိုယ်တိုင်လည်း တန်ဖိုးထားသည်။
"သမီး...."
"ရှင်...."
"ဟိုဘက်ကို သွားရအောင်"
သင်္ဘောများထွက်ခွာသည့် ဂိတ်ကို ဖေဖေနဲ့အတူလိုက်ပါလာရင်း ဖေဖေပြောပြသော အကြောင်းတရားများကို ငယ်သေသေချာချာနားထောင်မိသည်။
ငယ်က ဖေဖေ့လိုCaptionဟောင်းတစ်ယောက်မဟုတ်ပေမယ့်လည်း သိတတ်စအရွယ်တည်းက ဖေဖေနဲ့အတူ နေရာတကာလိုက်ခဲ့သူမို့ ရေအကြောင်းကို တော်တော်လေသိထားသူဖြစ်သည်။
အကျိုးပြုရင် တစ်ခေါက်ဆိုတစ်ခေါက် ပေါက်မြောက်သလောက်၊ ကံအကြောင်းမလှပါက အလောင်းတောင်ရှာမတွေ့နိုင်တဲ့ ဒီရေပြင်ကျယ်ဟာ အဆုံးအစမဲ့တဲ့ သုသာန်တစ်စပြင်အလားပါပဲ။ ရေပြင်ဟာသိပ်ကိုချစ်ဖို့ကောင်းသလို မျက်ရည်တို့အဆုံးအစမဲ့ကျဆင်းစေသည့် အကြောင်းတရားလည်းဖြစ်နေပြန်တယ်။
"ဒါဆို အခုတလောခိုးကူးတာတွေ သိပ်များနေတယ်ဆိုတော့ ဖေဖေအဆင်ပြေရဲ့လား...."
"ဒါကတော့ ဖေဖေတို့ရဲ့ ကံတရားပေါ့သမီးရယ်။ ခိုးလုပ်တဲ့သူတွေကို တားနိုင်ဖို့အတွက်တော့ ကြိုးစားနေတယ်။ ဒီဇယ်ချက်ဖို့အတွက် စက်ရုံကလည်း အဆင်ပြေမယ်လို့ ယုံထားရတယ်လေ။"
"ဒီတစ်ခေါက် သင်္ဘောထွက်ဖြစ်ရင် အားလုံးအတွက် တော်တော်လေး အဆင်ပြေနိုင်မယ်မလားဟင်။"
ဝတုတ်လေးတို့အဖေ ကိုအောင်သူဖြိုးရဲ့ ကွမ်းယာစားရင်း တမြုံ့မြုံ့ကြီးပြုံးတတ်တဲ့အပြုံးကို မြင်ရဖို့ သိပ်မလိုတော့ဘူး ယူဆရင်းအတည်ပြု မေးလိုက်တော့ဖေဖေက...
"သင်္ဘောထွက်ဖြစ်ရင်ပေါ့...." လို့သာ အဖြေပေးတော့သည်။
ကုန်စည်သေတ္တာတွေနှင့် ရုံးဘက်ကို သွားကြည့်ပြီးအလုပ်ရှုပ်နေလိုက်တော့ ငယ်တို့သားအဖနှစ်ယောက်သည် ညစာစားချိန်မှပဲ အိမ်သို့ပြန်ရောက်တော့သည်။
ည၏အမှောင်ယံကောင်းကင်ပြင်တွင် အပြုံးများဖြင့်လင်းနေသော အမျိုးသမီးငယ်တစ်ဦးဟာ...
"ညီမလေး" ဆိုသော ခေါ်သံကြောင့် အပြုံးတွေတန့်သွားရတော့သည်။
"ကို ကို....."
"ဘာတွေ ဒီလောက်ထိပြုံးနေတာလဲ။ ဘာလဲ ကျောင်းမှာ အချစ်တွေဘာတွေများတွေ့နေပြီလား။"
စီနီယာတန်းပထမနှစ်ဖြစ်သော ညီမငယ်ဟာ ထက်ဝေဟင်၏စကားကြောင့် ရှက်ရမ်းရမ်းပြီး အိမ်ထဲသို့ပြေးဝင်သွားတော့သည်။ မရိုးမသားနဲ့ ပြေးထွက်သွားသည့် ဒီကလေးမ၏နောက်ကျောပြင်ကိုကြည့်နေကာ သူ့မှာပြုံးရင်းခေါင်းကိုသာ အသာယမ်းလိုက်တော့သည်။
"ဆရာ...."
"ပြော..."
"သူ့နာမည်က ဘုန်းရှိန်ထည်ဝါသောလို့ခေါ်ပါတယ်။ သူ့အဖေကတော့ နာမည်ကြီးလက်ရွေးစင် ဘောလုံးသမားဟောင်း ကောင်းမြတ်သောပါ။ မောင်နှမသုံးယောက်မှာ အငယ်ဆုံးဖြစ်ပေမယ့် အမွေဆက်ခံသူလို့ ပြောလို့ရပါတယ်။"
"ဦးပြည့်စုံသောရဲ့ မြေးကိုးးး......"
ရှေ့တွင်ရှိနေသော နှင်းဆီပန်းပင်ထဲမှာ ဖူးနေသောအငုံအဖူးလေးကို လက်ဖြင့်လှမ်းထိတွေ့ရင်း...
"ကိုယ်မင်းကို ခူးဆွတ်လိုက်မယ်ဆိုရင်...."
သေချာပိုင်နိုင်လွန်းသော Night Townပိုရှင် သူ့၏ခံယူချက်များသည် ဘုန်းရှိန်ထည်ဝါသောဆိုသည့် ကောင်လေးအား အပိုင်သိမ်းထားမည်ဆိုတာနှင့်ပဲ ပြည့်နေတော့သည်။
မနက်အလင်းမှာ ညီမငယ်အား ကျောင်းသို့ပို့ခဲ့ပြီး သူကိုယ်တိုင်ကတော့ Night Townသို့သွားဖို့ ရည်စူးထားခဲ့သည်။
"ကျေးဇူး ကိုကို...."
ကားပေါ်ကနေ ဆင်းသွားသော ညီမလေးဟာအရင်ကလို ကျောင်းထဲချက်ချင်းပြေးဝင်သွားတာမျိုးမဟုတ်ပဲ ကားပေါ်ကသူ့ကိုလာပြီးကျေးဇူးတင်စကားဆိုနေသည်။
"မကြားဖူးတာတွေကွာ...."
ချစ်စနိုးနဲ့ပဲ ညီမငယ်၏နဖူးထိပ်လေးကို လက်သီးဆုပ်ဖြင့်ခပ်ဖွဖွ ထိတွေ့လိုက်သည်။
"ဟီးးးးး...သွားတော့မယ်ရှင့်..."
အကိုဖြစ်သူကို ခေါင်းညွှတ်လို့အရိုအသေပြုခဲ့ရင်း သက်ထားဖြူသည် ကျောင်းထဲသို့ပြေးဝင်ခဲ့လိုက်သည်။ ကျောင်းထဲကို ရောက်တော့ချက်ချင်းပဲ ရှာဖွေမိတာက ထည်ဝါ့ကိုပင်။
ကန်တင်းမှာလည်း မရှိသလို၊ အတန်းမှာလည်းရှိမနေသည့် ထည်ဝါက စာသင်နေချိန်မှာ ဆရာမ၏ခွင့်ပြုချက်ကိုတောင်းခံကာ အတန်းထဲကို ဝင်ခဲ့သည်။ အတန်းထဲရောက်သည်အထိ သူဟာ သက်ထားဖြူဘက်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပဲရှိသည်။
အတန်းချိန်တစ်ချိန်ပြီးသည့်အချိန်မှာ ဆရာမကိုနှုတ်ဆက်ပြီးချက်ချင်းပဲ အနောက်ဘက်က ထည်ဝါရှိနေသည့်ခုံဘက်ကို ဖြူလှည့်လိုက်သည်။
"ထည်ဝါ...."
"အင်း...."
ဖြူ့ကို ပြန်မော့မကြည့်ပဲ ပြန်ထူးပုံက အရင်နေ့များက သူ လုံးဝမဟုတ်ခဲ့သလိုပါ။ ဖြူ့ကို အကြည့်တွေနဲ့ ပြုစားခဲ့ပြီး သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့အပြုအမူတွေကို ဖြူ့ဆီပေးခဲ့တာလေ။ အခု အခုတော့ သူကပဲ အပေါ်စည်းကနေ ချေမိုးနေတော့သည်။
"ဖြူ..ဖြူမွန်းကြပ်လာလို့ ခဏလောက်အပြင်ထွက်ရအောင်လေ..."
အရင်နေ့တွေက သူသင်ပေးခဲ့တဲ့ နှစ်ယောက်တည်းအတူရှိကြရန် အတန်းထဲကခိုးထွက်နည်းတွေကို ပြန်သုံးဖို့ ဖြူ့ဘက်ကလမ်းကြောင်းလိုက်သော်လည်း...
"ဆောရီး...ကိုယ် စာသင်မှရမယ်" ဟု သူက ယတိပြတ်ငြင်းဆန်သည်။
"ဒါဆိုလည်း ဖြူ...."
စောဒက တက်ဖို့ကြိုးစားမိသော်လည်း နောက်တစ်ချိန်ဝင်လာသည့်ဆရာမကြောင့် ထိုထက်ပိုပြီးဖြူ့မှာ ဘာမှပိုမပြောလိုက်နိုင်ပေ။ နေ့လည် ထမင်းချိန်ဆင်းတော့လည်း အတန်းထဲကနေ အရင်ထွက်သွားသည့် သူ့ကို ဖြူရှာလို့မတွေ့ခဲ့ပေ။
သူ့ကြောင့်နဲ့ဖြူ့မှာ တစ်နေ့လုံး စိတ်ထဲစိုးထင့်ထင့်နှင့် နေရ၊ထိုင်ရခက်လှသည်။
"ခဏလေး ထည်ဝါ...."
ညနေဘက် ကျောင်းဆင်းလိုက်တော့ ဖြူ သူ့နောက်ကို အမှီပြေးလိုက်သွားလိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားရင်း...
"ဖြူ ထည်ဝါနဲ့စကားပြောချင်တယ်။"
"ရတယ်လေ..."
သို့နှင့် ဖြူသည် သူခေါ်ဆောင်ခဲ့ရာ ကော်ဖီဆိုင်သို့လိုက်လာခဲ့လိုက်သည်က အိမ်ကအကိုကို ဖုန်းဆက်လိုက်ဖို့ မေ့သွားခဲ့သည်။
"ဘာပြောချင်လို့လဲ ပြော...ကိုယ့်မှာအချိန် သိပ်မရှိဘူး သက်ထားဖြူ။ ညနေဘက် ဘောလုံးကန်ဖို့ ချိန်းထားတာ...."
သူ့ရဲ့စကားကြောင့် ဖြူ့မှာ ချက်ချင်းပဲတမ်းတလိုက်သည့်...
"သြော်..." ဆိုသည် စကားစုက ထိတ်လန့်ခြင်းကြောင့်ဖြစ်ပေါ်လာရတာဖြစ်သည်။
မနေ့ကထိ သူပဲအရာရာ ဖြူ့သဘောအလိုလိုက် အကြိုက်ဆောင်ခဲ့ပြီးမှ ယောကျာ်းတွေသိပ်ကြောက်ဖို့ကောင်းသည်။ ဖြူသိချင်ရှိသေးသည် အခုလိုမျိုး သူဖြူ့အပေါ်ဆက်ဆံနေတာတွေက ဒီနေ့မှပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် အရင်အစထဲက အတုယောင်တွေရယ်လား ဖြူတကယ်ပဲ သိချင်လွန်းလှသည်။
"ဖြူ့မှာ ဘာအပြစ်ရှိလို့လဲ ထည်ဝါရယ်။ ဖြူဘာများမှားသွားလို့လဲ...."
"ဘာကို...."
သူက ဘာမှမသိသလိုပုံစံနဲ့ အအေးခွက်ကို အေးအေးလူလူသောက်နေနိုင်ပေမယ့် ဖြူ့မှာ သူ့ရဲ့အပြုအမူကြောင့် မျက်ရည်တွေ ခကြွေရရင်း အဆုံးထိအရဲ့စွန့်ဖို့ ဆုံးဖြတ်မိသည်။
"ဖြူလေ ထည်ဝါ့ကို...."
"ခဏ။ ကိုယ်မကြားပဲ နေလို့ရလား။
Sorryကွာ.....ဒီစကားကိုတော့ ကိုယ်တကယ်ကြားခွင့်ရချင်တာ သက်ထားဖြူဆီကနေမဟုတ်ဘူး။ ဒါတော့ တားမြစ်ပါရစေ...."
လက်နှစ်ဖက်ဖြင့် ကြက်ခြေခတ်ပြသော သူက ဖြူ့အသည်းကို တကယ်ပဲကစားသွားခဲ့ပြီ။ ငယ်ရွယ်စဥ်အချိန်မှာ ရူးမိုက်ချင်ခဲ့တဲ့ ဖြူ့နှလုံးသားလေးက ထည်ဝါ့ကြောင့်နဲ့ နောင်တတွေ ကြားမှာဆုံးဆုံးမြှုပ်တော့မည်။
ဘာအပြစ်မှမရှိတဲ့ သက်ထားဖြူအား ပြုစားရက်သည်ဟုတွေးနိုင်ပေမယ့်လည်း သူအမှုမထားပေ။ သက်ထားဖြူကို ထက်ဝေဟင်နဲ့သီးခြားစီဖြစ်နေလိမ့်မည်ဟု ထင်ခဲ့တာကြောင့် ဒီလိုအရှုပ်တွေမှာပါဝင်စေခဲ့တာဖြစ်သည်။
အခုလိုဆိုတော့လည်း သူ့ဘက်ကလိုချင်တာမရသေးခင်မှာ သက်ထားဖြူကိုရက်စက်ပေးလိုက်ရတော့သည်။
"မမလေးသမီးငယ် အိမ်ကနေထွက်သွားပြီတဲ့ သခင်လေး။"
"ဘာ....."
လက်ထဲရှိကော်ဖီခွက်ကို ခုံပေါ်စောင့်ချရင်း အော်လိုက်တော့ ကိုတားကြီးကတစ်ချက်တွန့်သွားပြီး....
"မနေ့က အအေးဆိုင်မှာ မမလေးသမီးငယ်ရဲ့သူငယ်ချင်းရောက်နေတာကို ကျွန်တော်တို့သတိမထားမိလိုက်နိုင်ဘူး သခင်လေး..."
တိုးလျှိုးတောင်းပန်နေသည့် ကိုတားကြီးကို တောက်တစ်ခေါက်ခေါက်နဲ့ပဲ သူသည် အိပ်ရာကနေထ,ခဲ့လိုက်သည်။
"အဲ့တာ ဘယ်လဲ..."
"သမီးငယ်နောက် လိုက်မလို့...."
ဖြေပြီးချက်ချင်းပဲ နောက်မှာကျန်ခဲ့သော နေခြည့်ပြောစကားများကိုလျစ်လျူရှုပြီး ရှေ့သို့သာဆက်လျှောက်ခဲ့လိုက်သည်က ရန်ကုန်လေဆိပ်ဟူသော စာတန်းကိုမြင်ရသည်အထိပင်။
"တွေ့လား...."
ကိုတားကြီးအပြင် ကိုမှိုင်းအထိခေါ်လာခဲ့ပြီး ရှာဖွေစေသည်က သမီးငယ်ကိုလုံးဝမတွေ့ပဲနေမှာတော့မဟုတ်ပါဘူးနော်။ ဒီဟာလေး အမြဲတလွဲတွေလုပ်ခဲ့တာ ဒီတစ်ခေါက်ကိစ္စကို သူရင်အနာရဆုံးဖြစ်သည်။
သမီးငယ်ကိုများပြန်မတွေ့တော့ရင်ဆိုသည့် စိုးရိမ်စိတ်တို့ဖြင့်....လေဆိပ်ထဲသို့သူကိုယ်တိုင် အမြန်ဝင်ခဲ့ရင်း ရှာဖွေမိသည်။
"ငယ်...."
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းတွင် အရာအားလုံးလွတ်လပ်ပျောက်ကွယ် သွားတော့မည်ဟု ထင်ပြီး တည်ငြိမ်ဖို့ကြိုးစားနေထိုင် နေသည်က ထိုခေါ်သံကြောင့် အနောက်သို့လှည့်ကြည့်ရင်းမှ မတ်တပ်ထရပ်ပြီး အသံပိုင်ရှင်ကို ရှာဖွေမိသည်။
လူအများ ရောပြွန်းနေသည့်တိုင် သူ့ရဲ့ရနံ့လေးကအစ နှလုံးသားမှတ်မိနေတော့လည်း သိပ်မရှာရလိုက်ခင်မှာပဲ ထိုအမျိုးသားကိုတွေ့မြင်လိုက်ရသည်။
သူ့ဘက်က မဆွတ်ခင်မှာတင် ညွှတ်ကျပေးခဲ့တဲ့ ငယ့်အချစ်တွေကို စော်ကားခဲ့တဲ့အမျိုးသား၊ ငယ်ကလွဲပြီး အားလုံးအပေါ်မှာ ပြည့်ဝပေးခဲ့သော အမျိုးသား၊ ငယ့်ဆီမှာသာ ရွာသွန်းမဖြိုးတဲ့ သူ့အချစ်မိုးတွေက ငယ့်ဘဝကိုတစ်လျှောက်လုံး ဝမ်းနည်းမှုမျက်ရည်တွေနဲ့ တုပ်နှောင်ထားခဲ့တာဖြစ်သည်။
ဒီလောက်ဆိုရင် သူ့အတွက်နဲ့ နာကျင်ခဲ့တဲ့ နှလုံးသားက အစက်လေးမှမရှိတော့သလိုမျိုး ထုံမွှမ်းနေပြီမို့ လုံလောက်ပါပြီလို့ ယူဆလိုက်ရင်း သူရောက်မလာသေးခင်မှာပဲ ခရီးဆောင်အိတ်ကိုဆွဲပြီး ပျောက်ကွယ်သွားဖို့ ဆုံးဖြတ်လိုက်သည်။
"နင်အဲ့ဒီမှာ ရပ်နေ သမီးငယ်......."
ကျယ်လောင်သော သူ့အသံက လေယာဥ်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားမည့်အလားပင်။
ဒီလိုအမိန့်ပေးတဲ့ အသံလေးဆိုရင်တောင် ငယ့်မှာချစ်ရတာမို့ နေရာမှာတင် ခွေညွှတ်ကျသွားချင်တဲ့စိတ်တွေနဲ့ ပါးစပ်ကိုလက်ဖြင့်ကာပြီး အသံတိတ်ငိုကြွေးနေရင်း နှေးကွေးသော ခြေလှမ်းများဖြင့် ဆက်သွားနေမိသည်။
"နင်ထွက်သွားရင် ငါတစ်ခြားသူကို ယူလိုက်မှာသိရဲ့လား...."
ငယ့်ဆုတောင်းတွေပြည့်ခဲ့ပါပြီ။ သူ..သူ ငယ့်အနားကိုအမှီလိုက်နိုင်ခဲ့ပြီး ငယ်ပခုံးတွေကို တင်းကျပ်စွာနှင့် ဆုပ်ကိုင်ထားသည်။
"ယူပေါ့...နင်ကြိုက်တာကို နင်ယူတာ"
ဒီလိုပဲ သူနဲ့ငယ်က သူငယ်ချင်းတွေလိုပြောဆိုနေကြပြီး ငယ့်တစ်ယောက်တည်းဘက်ကပဲ သူ့ကို အသည်းပေါက်မတတ်ချစ်ခဲ့ရတာ ငယ်ငယ်တည်းကဖြစ်သည်။ ဒါတွေကို သူ,မသိတာလည်း မဟုတ်ပဲနဲ့ သူကသိပ်ကိုဟန်ဆောင်ကောင်းခဲ့သည်။
ငယ်ချစ်မှန်းသိလို့ သူနိုင်စားတာလည်းဖြစ်မှာပေါ့လေ။ ဒါတွေကို ငယ်ကတစ်ခါလေးမှ အပြစ်လို့မယူဆခဲ့ပဲ သူကြိုက်တဲ့အရောင်၊ သူကြိုက်တဲ့ ပဲအရသာ ရေခဲချောင်းနဲ့ အို...နောက်ဆုံး သူသိပ်သဘောကျတယ်လို့ ပြောတဲ့ ဆံပင်အရှည်တွေအထိ ငယ့်ဘက်ကလည်း သူနဲ့အတူလိုက်ပြီး ကြိုက်ပေး၊သဘောကျပေးခဲ့သည်။
တကယ်ဆို ငယ်က အစိမ်းရောင်ကို ကြိုက်တယ်လို့ပြောခဲ့တာက သူကြိုက်တဲ့အရောင်ဖြစ်နေလို့၊ ရေခဲချောင်းစားတဲ့အချိန်တိုင်း သူနဲ့တူချင်လွန်းလို့ အောင့်သက်သက် ဖြစ်စေတဲ့ ပဲအရသာရေခဲချောင်းကိုပဲ အတင်းမှိတ်ပြီးမြိုချခဲ့တာ။
ငယ် ဆံပင်အရှည်တွေကို မကြိုက်ပါဘူး။ ဒါပေမယ့် သူကပြောဖူးသည်...ဆံပင်အရှည်ရှည်နဲ့ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်တဲ့။ အဲ့ဒီစကားတစ်ခွန်းနဲ့ပဲ အလယ်တန်းနောက်ဆုံးနှစ်တည်းက ဆံပင်ညှပ်ဖို့စိတ်မကူးတော့တာ အခုအချိန်ထိပင်။
ဒီလောက်ထိ ငယ့်ဘက်ကလိုက်လျောပေးခဲ့တာက တစ်နေ့မှာ သူသဘောကျချင်တယ်ဆိုတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ ငယ့်မှာ သူကလွဲပြီး ဘယ်သူ့ကိုမှမမြင်ခဲ့သလောက် သူကတော့ ငယ်ကလွဲပြီးအားလုံးကိုကြည့်နေခဲ့တာဖြစ်လိမ့်မည်။
"နင်က အရူးလိုပဲ...."
ငယ့်ပါးတစ်ဖက်ကို ကြမ်းတမ်းစွာနဲ့ဖိဆွဲရင်း ပြောလာသည့် သူ့အသံက ကြင်နာမှုတို့နည်းနည်းလေးတောင်မပါ,ပါ။
"ဖယ်..."
"မဖယ်ပါဘူး...လာ အိမ်ပြန်မယ်။
ဒီအရွယ်လေးနဲ့ ဘယ်သွားမလို့လဲ၊ နင့်ကို ဖမ်းသွားမှာမကြောက်ဘူးလား။"
အရပ်ပုတဲ့ ငယ့်ကို သူကအမြဲ ၁၀နှစ်သမီးအရွယ်မှာပဲ ထားနေဆဲဖြစ်မည်။ တကယ်ဆို ငယ်က အလုပ်တွေတောင်လုပ်နေတဲ့ သူပါနော်။ ဒီနှစ်တွေမှာ ငယ်ချည်ထိုးသည်၊ မိတ်ကပ်ပြင်သင်တန်းလည်း တတ်လိုက်သေးပါသည်၊ အမေနဲ့အတူ မီးဖိုချောင်မှာ အရသာမြည်းကူသည်၊ နောက်ပြီး သူသွားရာနောက်ကို တစ်ကောက်ကောက်လိုက်သည်။
ဒါတွေနဲ့ ငယ့်မှာ တစ်နေ့တစ်နေ့ရှင်သန်နေရတာ ရက်တွေတောင် အတော်ကြာခဲ့ပြီလေ။ အခု ငယ်အနားယူရင်း အပျော်ရှာနေသည့်အချိန်လေးမှာ သူဟာ ငယ့်နှလုံးသားကို ဒဏ်ရာတွပေးဖို့အသင့်ဖြစ်နေခဲသည်။
"ဖယ်တော့...ငါ့ကိုလာမရှုပ်နဲ့"
သူအမြဲပြောနေကြစကားကို ဒီတစ်ခါမှာတော့ ငယ်ကတပြန် ပြန်ပြောပစ်လိုက်သည်။
"အံမယ်၊ နင်ကများ...."
ပြောပြီးနောက်မှာ ငယ်လက်ကိုကိုင်ပြီး ကောက်တင်လိုက်တာများက ငယ်တစ်ယောက် သူ့ပခုံးတွေဆီမှာ အလျားလိုက်လေး ရောက်သွားရသည်။
"ငါ သွားမှာလို့..."
"ဘယ်ကိုတုန်း..."
ငယ့်ကို ပခုံးမှာထမ်းတင်ခဲ့ရင်း သူလျှောက်တာက ကားပါကင်ကိုပင် ရောက်လာခဲ့ပြီဖြစ်သော်လည်း ငယ်ကတော့ အားမလျော့စတမ်း သွားဖို့အကြောင်းတွေကြည့် ရေရွတ်ခဲ့သည်။
ကြာတော့ သူစိတ်မရှည်လာလို့ဖြစ်မည်...
"ကျစ် !! နားညီးတယ်...
ထပ်ပြောရင်တော့ ငါနင့်ကိုကိုင်ပေါက်မိလိမ့်မယ် သမီးငယ်...."
ထိုသို့ပြောပြီးချက်ချင်းမှာပဲ သူ့လက်တွေကို မြှောက်လိုက်သည်ကြောင့် ငယ့်မှာ သူပခုံးရှေ့သို့ကျော်ကာ ကျသွားမည့်ဖြစ်အင်ကို ကြိုတင်ပြီးခံစားလို့ ရလိုက်သည်ကြောင့် နောက်ထပ် ဘာမှဆက်မပြောရဲတော့ပဲ ငြိမ်ငြိမ်နေလိုက်ရသည်။
____________________
Zawgyi...
"သမီး..."
ငယ္သည္ နာရီေပါင္းမ်ားစြာၾကာေအာင္ ဆိုဖာအထက္မွာ မွီႏြဲ႕ထိုင္ရင္း TV Screenအထက္မွ မ်က္ႏွာလြဲလို႔မရပဲ ရွိေနသည္။ မ်က္စိေရွ႕တြင္ျမင္ေနရေသာ ဇာတ္လိုက္မင္းသားနဲ႔မင္သမီးတို႔ ၾကည္ႏူးေနၾကေသာ ျမင္ကြင္းက ငယ့္မ်က္ႏွာတစ္ခုလုံးကို ပ်ားရည္ေလာင္းထားသကဲ့သို႔ ခ်ိဳၿမိန္ေနေစသည္။
"သမီးငယ္ေလး......"
ေခၚသံႏွင့္အတူ ထိေတြ႕လာသည့္ လက္အစုံေၾကာင့္ ငယ့္မွာမ်က္ႏွာပိုးကို မနည္းပဲသတ္လိုက္ၿပီးလွည့္ၾကည့္လိုက္ေတာ့ ငယ့္ေဖေဖက ငယ့္အားမ်က္လုံးမွိတ္ကာေခါင္းရမ္းလို႔ျပေနေလသည္။
"ဒီကားေလး ၿပီးရင္ ေတာ္ပါၿပီေဖေဖရဲ႕....."
"ေတာ္ၿပီေလ သမီးရယ္။ ဒီေန႔နဲ႔ဆို တစ္လေတာင္ေက်ာ္ေနၿပီ။ သမီးကိုယ္သမီးလည္း ၾကည့္ပါဦးလား......အရမ္းပိန္သြားၿပီ"
"ဟုတ္လား...."
"အင္း...အဲ့တာေၾကာင့္ TVၾကည့္တာကို ရပ္လိုက္ေတာ့ေနာ္။ ေဖေဖတို႔ ဆိပ္ကမ္းဘက္ကို သြားရေအာင္....."
ဒီနည္းနဲ႔မဟုတ္လည္း ငယ့္ေဖေဖက ငယ့္ကိုTVေရွ႕မွ ထေစေတာ့မည္ဟု ငယ္ေတြးမိသည္။ ဇာတ္ကားကို အခုခ်ိန္မွာ မရပ္လိုက္ခ်င္ေပမယ့္လည္း ေဖေဖ့စကားေတြအမ်ားႀကီးကို နားေထာင္ဖို႔ခံႏိုင္ရည္မရွိတာေၾကာင့္ ေခါင္းကိုသာ ညိမ့္ျပလိုက္ေတာ့သည္။
"ဒါဆို သြားၾကရေအာင္..."
ငယ္သည္ ေဖေဖ့လက္ကိုတြယ္ခ်ိတ္လိုက္ၿပီး အိပ္ခ်င္ေနေသာမ်က္လုံးမ်ားျဖင့္ ေဖေဖ့အားေဖ်ာ့ေတာ့စြာႏွင့္ ၿပဳံးျပလိုက္ရင္း ေဖေဖနဲ႔အတူပဲ အိမ္ကေနထြက္ခဲ့လိုက္သည္။
ငယ္ကိုယ္တိုင္လည္း မ်က္လုံးေတြအနားယူဖို႔လိုေနၿပီဟု ယူဆထားသည္ေၾကာင့္ ကားေပၚမွာ တစ္လမ္းလုံး အိပ္ၿပီးလိုက္ခဲ့လိုက္သည္။ ဒါကို ေဖေဖကအျပစ္မယူပဲ သီခ်င္းေအးေအးေလးေတြကို ကားအတြင္းတြင္ ပ်ံ႕ႏွံ႔ေစဖို႔အတြက္ စတင္ၿပီး သီခ်င္းညီးေတာ့သည္။
🎶သူပန္ထားတဲ့ ပန္းနီနီ
ေနရာခဏလဲခ်င္သည္။
ၾကင္နာသူေလးလွဖို႔ အစြမ္းကုန္ႀကိဳးစားမည္။
ရင္မွာဒီေလာက္ခ်စ္ပါသည္။ သူေပ်ာ္တာအၿမဲေတြ႕ခ်င္သည္။ သူ႔အရိပ္ျဖင့္အၿမဲရွိေနတတ္ၿပီ....
သူဆင္ျမန္းတဲ့ ဖိနပ္နီနီ
ေနရာခဏလဲခ်င္သည္။
ၾကင္နာသူေလး ခလုတ္မထိဖို႔ ကိုယ္ႀကိဳးစားမည္။
ရင္မွာဒီေလာက္ခ်စ္ပါသည္။ ဘာမဆိုကိုယ္အဆုံးရႈံးခံမည္။အလွမ္းေဝးတဲ့ ပန္းကေလးျမႏွင္းဆီ....
ေက်ာင္းသြား ေက်ာင္းျပန္ အခ်ိန္မွန္အၿမဲေစာင့္လို႔ၾကည့္သည္၊ သူ႔မ်က္ဝန္းနဲ႔ဆုံရင္ ရင္ခုန္သည္၊ သူ႔အၿပဳံးေလးမ်ားျမင္ရင္အေပ်ာ္လြန္ၿပီး အိပ္မရေတာ့ၿပီ။ သိပ္ခ်စ္တဲ့အေၾကာင္းကို ကဗ်ာေတြေရးမည္။🎶
ဒီလိုနဲ႔ ေနာက္ထပ္လာေတာ့မည့္ ထီးနီနီေတြအေၾကာင္းကို ပုံေဖာ္မိရင္း ငယ္သည္ ေဖေဖ့သီခ်င္းသံေတြၾကားမွာပဲ အိပ္ေပ်ာ္သြားေတာ့သည္။ အိပ္ေပ်ာ္သြားသည့္အခ်ိန္မွာ ငယ့္စိတ္ေတြက ေဖေဖ့သီခ်င္းသံေလးေၾကာင့္ အရင္လိုပဲ ျဖစ္ၿမဲအတိုင္း ေအးခ်မ္းလို႔ေနေတာ့သည္။
ၾကည္လင္ေနေသာ သမီးငယ္ေလး၏မ်က္ႏွာကို ၾကည့္ရင္း ဦးကိုကိုဦးၿပဳံးမိသည္။ သမီးငယ္ေလး၏ မ်က္ႏွာေပၚမွာ စင္က်ေနေသာ ဆံႏြယ္တခ်ိဳ႕ကိုနား႐ြက္ေနာက္သို႔ပို႔ေပးရင္း သူ႔မွာကားေမာင္းရင္းကေနပဲ အိပ္ေနေသာသမီးငယ္ေလးကို နမ္းရႈိက္မိသည္။
အိမ္ေထာင္သည္ဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္ရခဲ့ေသာ အမႊာသားႏွစ္ေယာက္ကို ငယ္႐ြယ္စဥ္မွာပဲ ဆုံးရႈံးခဲ့ရၿပီး ေနာက္ဆုံးမွရရွိလာသည့္ ဒီရင္ေသြးဟာ ကိုကိုဦးဆိုေသာသူ႔အတြက္ေတာ့ အၿမဲၾကည္လင္ေစခ်င္သည့္ ရပ္ဝန္းပင္ျဖစ္သည္။
သမီးငယ္ေလးကို ေအးေအးခ်မ္းခ်မ္းနဲ႔ အခုလိုအၿမဲအပူအပင္ကင္းကင္းနဲ႔ ရွင္သန္ေစပါသည္။ ေလာကမွာ အပူပင္အကင္းဆုံးလူသားအျဖစ္ ထားခ်င္သည္။
"သမီးငယ္ေလး....."
ၾကင္ၾကင္နာနာနဲ႔ပဲ ႏႈိးလိုက္ေတာ့ ပြင့္ဟလာသည့္ မ်က္ဆံအနက္နက္တို႔က ေလာကႀကီးမွအညစ္အေၾကးတို႔ ကင္းစင္လ်က္သိပ္ကို ျဖဴစင္လြန္းပါသည္။
"႐ုံးခန္းကို သြားရေအာင္...."
"ဟုတ္ကဲ့ ေဖေဖ...."
အိမ္ရာကေနႏိုးႏိုးခ်င္းမွာ ျမင္လိုက္ရသည့္ ေရျပင္ႏွင့္ ထိုမွျဖတ္သန္းလာေလေသာ ေအးျမလက္ဆတ္သည့္ေလထုက ငယ့္ကို ေပ်ာ္႐ႊင္ေစတာအမွန္ပင္။
"မမငယ္ လာတယ္....လာလည္တာလား၊"
ေဆာ့ကစားေနၾကရင္းမွ ငယ့္ကို လွမ္းၾကည့္ၾကသည့္ ဆိပ္ကမ္းမွ အလုပ္မ်ား၏သားသမီးမ်ားကို ၾကည့္ၿပီး ငယ္သူတို႔အနားကိုအေျပးသြားလိုက္မိသည္။
"ဝတုတ္ေလးေတာင္ အႀကီးႀကီးျဖစ္လာၿပီ...."
ဟိုတစ္ေခါက္ ငယ္လာလည္တုန္းကမွ အူဝဲအ႐ြယ္ေလး ဝတုတ္ေလးက အခုဆို လမ္းေလွ်ာက္ဖို႔ေတာင္ ႀကိဳးစားတတ္ေနၿပီျဖစ္သည္။
"ဟုတ္တယ္ မမငယ္ရယ္၊ ကေလးေတြႀကီးလာတာ အရမ္းျမန္ပါတယ္ဗ်ာ....ကုန္က်ရိတ္ေတြလည္း မနည္းေတာ့ဘူးေပါ့ေလ"
စည္ပိုင္းလွိမ့္ေနရင္း လွမ္းေအာ္ေျပာသည့္ ဝတုတ္ေလး၏အေဖျဖစ္သူကို ငယ့္မွာ လွမ္းရယ္ျပလိုက္ရင္း....
"အရင္ကထက္ပိုၿပီး ပင္ပန္းေနၿပီဘား ကိုေအာင္သူၿဖိဳး။"
"ဒါေတာ့ ဒါေပမယ့္လည္း....."
ကြမ္းစားေသာ ႏႈတ္ခမ္းတို႔ဟာ နီရဲလ်က္ ကိုေအာင္သူၿဖိဳးဟာ အေဝးကေနအရမ္းကိုရယ္ေနေတာ့ ငယ္ကပဲျဖည့္စြက္ေျပာျဖစ္သည္။
"အရမ္းေပ်ာ္ရတယ္ ဟုတ္!!"
"ဟား ဟားးးး ဟုတ္ပဗ်ာ....."
႐ိုးသား၊ႀကိဳးစားၿပီး မိသားစုအေပၚမွာတန္ဖိုးထားတတ္တဲ့ ေယာက်ာ္းမ်ိဳးကို ငယ္တကယ္ပဲေလးစားပါသည္။ ငယ့္ေဖေဖ၏ ဆိပ္ကမ္းတြင္ရွိေသာ မိသားစုမ်ားသည္ ႐ိုးသားမႈကို သိကၡာအေျခတည္ထားေသာ ေပ်ာ္႐ႊင္ဖြယ္ရာ အသိုက္အၿမဳံမ်ားပင္ျဖစ္သည္။ ဒီအသိုက္အၿမဳံမ်ားကို ေဖေဖ့ကဲ့သို႔ ငယ္ကိုယ္တိုင္လည္း တန္ဖိုးထားသည္။
"သမီး...."
"ရွင္...."
"ဟိုဘက္ကို သြားရေအာင္"
သေဘၤာမ်ားထြက္ခြာသည့္ ဂိတ္ကို ေဖေဖနဲ႔အတူလိုက္ပါလာရင္း ေဖေဖေျပာျပေသာ အေၾကာင္းတရားမ်ားကို ငယ္ေသေသခ်ာခ်ာနားေထာင္မိသည္။
ငယ္က ေဖေဖ့လိုCaptionေဟာင္းတစ္ေယာက္မဟုတ္ေပမယ့္လည္း သိတတ္စအ႐ြယ္တည္းက ေဖေဖနဲ႔အတူ ေနရာတကာလိုက္ခဲ့သူမို႔ ေရအေၾကာင္းကို ေတာ္ေတာ္ေလသိထားသူျဖစ္သည္။
အက်ိဳးျပဳရင္ တစ္ေခါက္ဆိုတစ္ေခါက္ ေပါက္ေျမာက္သေလာက္၊ ကံအေၾကာင္းမလွပါက အေလာင္းေတာင္ရွာမေတြ႕ႏိုင္တဲ့ ဒီေရျပင္က်ယ္ဟာ အဆုံးအစမဲ့တဲ့ သုသာန္တစ္စျပင္အလားပါပဲ။ ေရျပင္ဟာသိပ္ကိုခ်စ္ဖို႔ေကာင္းသလို မ်က္ရည္တို႔အဆုံးအစမဲ့က်ဆင္းေစသည့္ အေၾကာင္းတရားလည္းျဖစ္ေနျပန္တယ္။
"ဒါဆို အခုတေလာခိုးကူးတာေတြ သိပ္မ်ားေနတယ္ဆိုေတာ့ ေဖေဖအဆင္ေျပရဲ႕လား...."
"ဒါကေတာ့ ေဖေဖတို႔ရဲ႕ ကံတရားေပါ့သမီးရယ္။ ခိုးလုပ္တဲ့သူေတြကို တားႏိုင္ဖို႔အတြက္ေတာ့ ႀကိဳးစားေနတယ္။ ဒီဇယ္ခ်က္ဖို႔အတြက္ စက္႐ုံကလည္း အဆင္ေျပမယ္လို႔ ယုံထားရတယ္ေလ။"
"ဒီတစ္ေခါက္ သေဘၤာထြက္ျဖစ္ရင္ အားလုံးအတြက္ ေတာ္ေတာ္ေလး အဆင္ေျပႏိုင္မယ္မလားဟင္။"
ဝတုတ္ေလးတို႔အေဖ ကိုေအာင္သူၿဖိဳးရဲ႕ ကြမ္းယာစားရင္း တၿမဳံ႕ၿမဳံ႕ႀကီးၿပဳံးတတ္တဲ့အၿပဳံးကို ျမင္ရဖို႔ သိပ္မလိုေတာ့ဘူး ယူဆရင္းအတည္ျပဳ ေမးလိုက္ေတာ့ေဖေဖက...
"သေဘၤာထြက္ျဖစ္ရင္ေပါ့...." လို႔သာ အေျဖေပးေတာ့သည္။
ကုန္စည္ေသတၱာေတြႏွင့္ ႐ုံးဘက္ကို သြားၾကည့္ၿပီးအလုပ္ရႈပ္ေနလိုက္ေတာ့ ငယ္တို႔သားအဖႏွစ္ေယာက္သည္ ညစာစားခ်ိန္မွပဲ အိမ္သို႔ျပန္ေရာက္ေတာ့သည္။
ည၏အေမွာင္ယံေကာင္းကင္ျပင္တြင္ အၿပဳံးမ်ားျဖင့္လင္းေနေသာ အမ်ိဳးသမီးငယ္တစ္ဦးဟာ...
"ညီမေလး" ဆိုေသာ ေခၚသံေၾကာင့္ အၿပဳံးေတြတန္႔သြားရေတာ့သည္။
"ကို ကို....."
"ဘာေတြ ဒီေလာက္ထိၿပဳံးေနတာလဲ။ ဘာလဲ ေက်ာင္းမွာ အခ်စ္ေတြဘာေတြမ်ားေတြ႕ေနၿပီလား။"
စီနီယာတန္းပထမႏွစ္ျဖစ္ေသာ ညီမငယ္ဟာ ထက္ေဝဟင္၏စကားေၾကာင့္ ရွက္ရမ္းရမ္းၿပီး အိမ္ထဲသို႔ေျပးဝင္သြားေတာ့သည္။ မ႐ိုးမသားနဲ႔ ေျပးထြက္သြားသည့္ ဒီကေလးမ၏ေနာက္ေက်ာျပင္ကိုၾကည့္ေနကာ သူ႔မွာၿပဳံးရင္းေခါင္းကိုသာ အသာယမ္းလိုက္ေတာ့သည္။
"ဆရာ...."
"ေျပာ..."
"သူ႔နာမည္က ဘုန္းရွိန္ထည္ဝါေသာလို႔ေခၚပါတယ္။ သူ႔အေဖကေတာ့ နာမည္ႀကီးလက္ေ႐ြးစင္ ေဘာလုံးသမားေဟာင္း ေကာင္းျမတ္ေသာပါ။ ေမာင္ႏွမသုံးေယာက္မွာ အငယ္ဆုံးျဖစ္ေပမယ့္ အေမြဆက္ခံသူလို႔ ေျပာလို႔ရပါတယ္။"
"ဦးျပည့္စုံေသာရဲ႕ ေျမးကိုးးး......"
ေရွ႕တြင္ရွိေနေသာ ႏွင္းဆီပန္းပင္ထဲမွာ ဖူးေနေသာအငုံအဖူးေလးကို လက္ျဖင့္လွမ္းထိေတြ႕ရင္း...
"ကိုယ္မင္းကို ခူးဆြတ္လိုက္မယ္ဆိုရင္...."
ေသခ်ာပိုင္ႏိုင္လြန္းေသာ Night Townပိုရွင္ သူ႔၏ခံယူခ်က္မ်ားသည္ ဘုန္းရွိန္ထည္ဝါေသာဆိုသည့္ ေကာင္ေလးအား အပိုင္သိမ္းထားမည္ဆိုတာႏွင့္ပဲ ျပည့္ေနေတာ့သည္။
မနက္အလင္းမွာ ညီမငယ္အား ေက်ာင္းသို႔ပို႔ခဲ့ၿပီး သူကိုယ္တိုင္ကေတာ့ Night Townသို႔သြားဖို႔ ရည္စူးထားခဲ့သည္။
"ေက်းဇူး ကိုကို...."
ကားေပၚကေန ဆင္းသြားေသာ ညီမေလးဟာအရင္ကလို ေက်ာင္းထဲခ်က္ခ်င္းေျပးဝင္သြားတာမ်ိဳးမဟုတ္ပဲ ကားေပၚကသူ႔ကိုလာၿပီးေက်းဇူးတင္စကားဆိုေနသည္။
"မၾကားဖူးတာေတြကြာ...."
ခ်စ္စႏိုးနဲ႔ပဲ ညီမငယ္၏နဖူးထိပ္ေလးကို လက္သီးဆုပ္ျဖင့္ခပ္ဖြဖြ ထိေတြ႕လိုက္သည္။
"ဟီးးးးး...သြားေတာ့မယ္ရွင့္..."
အကိုျဖစ္သူကို ေခါင္းၫႊတ္လို႔အ႐ိုအေသျပဳခဲ့ရင္း သက္ထားျဖဴသည္ ေက်ာင္းထဲသို႔ေျပးဝင္ခဲ့လိုက္သည္။ ေက်ာင္းထဲကို ေရာက္ေတာ့ခ်က္ခ်င္းပဲ ရွာေဖြမိတာက ထည္ဝါ့ကိုပင္။
ကန္တင္းမွာလည္း မရွိသလို၊ အတန္းမွာလည္းရွိမေနသည့္ ထည္ဝါက စာသင္ေနခ်ိန္မွာ ဆရာမ၏ခြင့္ျပဳခ်က္ကိုေတာင္းခံကာ အတန္းထဲကို ဝင္ခဲ့သည္။ အတန္းထဲေရာက္သည္အထိ သူဟာ သက္ထားျဖဴဘက္ကို တစ္ခ်က္ကေလးေတာင္ လွည့္မၾကည့္ပဲရွိသည္။
အတန္းခ်ိန္တစ္ခ်ိန္ၿပီးသည့္အခ်ိန္မွာ ဆရာမကိုႏႈတ္ဆက္ၿပီးခ်က္ခ်င္းပဲ အေနာက္ဘက္က ထည္ဝါရွိေနသည့္ခုံဘက္ကို ျဖဴလွည့္လိုက္သည္။
"ထည္ဝါ...."
"အင္း...."
ျဖဴ႕ကို ျပန္ေမာ့မၾကည့္ပဲ ျပန္ထူးပုံက အရင္ေန႔မ်ားက သူ လုံးဝမဟုတ္ခဲ့သလိုပါ။ ျဖဴ႕ကို အၾကည့္ေတြနဲ႔ ျပဳစားခဲ့ၿပီး သူ႔ရဲ႕ႏွစ္လိုဖြယ္ေကာင္းတဲ့အျပဳအမူေတြကို ျဖဴ႕ဆီေပးခဲ့တာေလ။ အခု အခုေတာ့ သူကပဲ အေပၚစည္းကေန ေခ်မိုးေနေတာ့သည္။
"ျဖဴ..ျဖဴမြန္းၾကပ္လာလို႔ ခဏေလာက္အျပင္ထြက္ရေအာင္ေလ..."
အရင္ေန႔ေတြက သူသင္ေပးခဲ့တဲ့ ႏွစ္ေယာက္တည္းအတူရွိၾကရန္ အတန္းထဲကခိုးထြက္နည္းေတြကို ျပန္သုံးဖို႔ ျဖဴ႕ဘက္ကလမ္းေၾကာင္းလိုက္ေသာ္လည္း...
"ေဆာရီး...ကိုယ္ စာသင္မွရမယ္" ဟု သူက ယတိျပတ္ျငင္းဆန္သည္။
"ဒါဆိုလည္း ျဖဴ...."
ေစာဒက တက္ဖို႔ႀကိဳးစားမိေသာ္လည္း ေနာက္တစ္ခ်ိန္ဝင္လာသည့္ဆရာမေၾကာင့္ ထိုထက္ပိုၿပီးျဖဴ႕မွာ ဘာမွပိုမေျပာလိုက္ႏိုင္ေပ။ ေန႔လည္ ထမင္းခ်ိန္ဆင္းေတာ့လည္း အတန္းထဲကေန အရင္ထြက္သြားသည့္ သူ႔ကို ျဖဴရွာလို႔မေတြ႕ခဲ့ေပ။
သူ႔ေၾကာင့္နဲ႔ျဖဴ႕မွာ တစ္ေန႔လုံး စိတ္ထဲစိုးထင့္ထင့္ႏွင့္ ေနရ၊ထိုင္ရခက္လွသည္။
"ခဏေလး ထည္ဝါ...."
ညေနဘက္ ေက်ာင္းဆင္းလိုက္ေတာ့ ျဖဴ သူ႔ေနာက္ကို အမွီေျပးလိုက္သြားလိုက္ၿပီး သူ႔လက္ေကာက္ဝတ္ကို ဆြဲကိုင္ထားရင္း...
"ျဖဴ ထည္ဝါနဲ႔စကားေျပာခ်င္တယ္။"
"ရတယ္ေလ..."
သို႔ႏွင့္ ျဖဴသည္ သူေခၚေဆာင္ခဲ့ရာ ေကာ္ဖီဆိုင္သို႔လိုက္လာခဲ့လိုက္သည္က အိမ္ကအကိုကို ဖုန္းဆက္လိုက္ဖို႔ ေမ့သြားခဲ့သည္။
"ဘာေျပာခ်င္လို႔လဲ ေျပာ...ကိုယ့္မွာအခ်ိန္ သိပ္မရွိဘူး သက္ထားျဖဴ။ ညေနဘက္ ေဘာလုံးကန္ဖို႔ ခ်ိန္းထားတာ...."
သူ႔ရဲ႕စကားေၾကာင့္ ျဖဴ႕မွာ ခ်က္ခ်င္းပဲတမ္းတလိုက္သည့္...
"ေၾသာ္..." ဆိုသည္ စကားစုက ထိတ္လန္႔ျခင္းေၾကာင့္ျဖစ္ေပၚလာရတာျဖစ္သည္။
မေန႔ကထိ သူပဲအရာရာ ျဖဴ႕သေဘာအလိုလိုက္ အႀကိဳက္ေဆာင္ခဲ့ၿပီးမွ ေယာက်ာ္းေတြသိပ္ေၾကာက္ဖို႔ေကာင္းသည္။ ျဖဴသိခ်င္ရွိေသးသည္ အခုလိုမ်ိဳး သူျဖဴ႕အေပၚဆက္ဆံေနတာေတြက ဒီေန႔မွေျပာင္းလဲသြားတာလား၊ ဒါမွမဟုတ္ အရင္အစထဲက အတုေယာင္ေတြရယ္လား ျဖဴတကယ္ပဲ သိခ်င္လြန္းလွသည္။
"ျဖဴ႕မွာ ဘာအျပစ္ရွိလို႔လဲ ထည္ဝါရယ္။ ျဖဴဘာမ်ားမွားသြားလို႔လဲ...."
"ဘာကို...."
သူက ဘာမွမသိသလိုပုံစံနဲ႔ အေအးခြက္ကို ေအးေအးလူလူေသာက္ေနႏိုင္ေပမယ့္ ျဖဴ႕မွာ သူ႔ရဲ႕အျပဳအမူေၾကာင့္ မ်က္ရည္ေတြ ခေႂကြရရင္း အဆုံးထိအရဲ႕စြန္႔ဖို႔ ဆုံးျဖတ္မိသည္။
"ျဖဴေလ ထည္ဝါ့ကို...."
"ခဏ။ ကိုယ္မၾကားပဲ ေနလို႔ရလား။
Sorryကြာ.....ဒီစကားကိုေတာ့ ကိုယ္တကယ္ၾကားခြင့္ရခ်င္တာ သက္ထားျဖဴဆီကေနမဟုတ္ဘူး။ ဒါေတာ့ တားျမစ္ပါရေစ...."
လက္ႏွစ္ဖက္ျဖင့္ ၾကက္ေျခခတ္ျပေသာ သူက ျဖဴ႕အသည္းကို တကယ္ပဲကစားသြားခဲ့ၿပီ။ ငယ္႐ြယ္စဥ္အခ်ိန္မွာ ႐ူးမိုက္ခ်င္ခဲ့တဲ့ ျဖဴ႕ႏွလုံးသားေလးက ထည္ဝါ့ေၾကာင့္နဲ႔ ေနာင္တေတြ ၾကားမွာဆုံးဆုံးျမႇဳပ္ေတာ့မည္။
ဘာအျပစ္မွမရွိတဲ့ သက္ထားျဖဴအား ျပဳစားရက္သည္ဟုေတြးႏိုင္ေပမယ့္လည္း သူအမႈမထားေပ။ သက္ထားျဖဴကို ထက္ေဝဟင္နဲ႔သီးျခားစီျဖစ္ေနလိမ့္မည္ဟု ထင္ခဲ့တာေၾကာင့္ ဒီလိုအရႈပ္ေတြမွာပါဝင္ေစခဲ့တာျဖစ္သည္။
အခုလိုဆိုေတာ့လည္း သူ႔ဘက္ကလိုခ်င္တာမရေသးခင္မွာ သက္ထားျဖဴကိုရက္စက္ေပးလိုက္ရေတာ့သည္။
"မမေလးသမီးငယ္ အိမ္ကေနထြက္သြားၿပီတဲ့ သခင္ေလး။"
"ဘာ....."
လက္ထဲရွိေကာ္ဖီခြက္ကို ခုံေပၚေစာင့္ခ်ရင္း ေအာ္လိုက္ေတာ့ ကိုတားႀကီးကတစ္ခ်က္တြန္႔သြားၿပီး....
"မေန႔က အေအးဆိုင္မွာ မမေလးသမီးငယ္ရဲ႕သူငယ္ခ်င္းေရာက္ေနတာကို ကြၽန္ေတာ္တို႔သတိမထားမိလိုက္ႏိုင္ဘူး သခင္ေလး..."
တိုးလွ်ိဳးေတာင္းပန္ေနသည့္ ကိုတားႀကီးကို ေတာက္တစ္ေခါက္ေခါက္နဲ႔ပဲ သူသည္ အိပ္ရာကေနထ,ခဲ့လိုက္သည္။
"အဲ့တာ ဘယ္လဲ..."
"သမီးငယ္ေနာက္ လိုက္မလို႔...."
ေျဖၿပီးခ်က္ခ်င္းပဲ ေနာက္မွာက်န္ခဲ့ေသာ ေနျခည့္ေျပာစကားမ်ားကိုလ်စ္လ်ဴရႈၿပီး ေရွ႕သို႔သာဆက္ေလွ်ာက္ခဲ့လိုက္သည္က ရန္ကုန္ေလဆိပ္ဟူေသာ စာတန္းကိုျမင္ရသည္အထိပင္။
"ေတြ႕လား...."
ကိုတားႀကီးအျပင္ ကိုမႈိင္းအထိေခၚလာခဲ့ၿပီး ရွာေဖြေစသည္က သမီးငယ္ကိုလုံးဝမေတြ႕ပဲေနမွာေတာ့မဟုတ္ပါဘူးေနာ္။ ဒီဟာေလး အၿမဲတလြဲေတြလုပ္ခဲ့တာ ဒီတစ္ေခါက္ကိစၥကို သူရင္အနာရဆုံးျဖစ္သည္။
သမီးငယ္ကိုမ်ားျပန္မေတြ႕ေတာ့ရင္ဆိုသည့္ စိုးရိမ္စိတ္တို႔ျဖင့္....ေလဆိပ္ထဲသို႔သူကိုယ္တိုင္ အျမန္ဝင္ခဲ့ရင္း ရွာေဖြမိသည္။
"ငယ္...."
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္အတြင္းတြင္ အရာအားလုံးလြတ္လပ္ေပ်ာက္ကြယ္ သြားေတာ့မည္ဟု ထင္ၿပီး တည္ၿငိမ္ဖို႔ႀကိဳးစားေနထိုင္ ေနသည္က ထိုေခၚသံေၾကာင့္ အေနာက္သို႔လွည့္ၾကည့္ရင္းမွ မတ္တပ္ထရပ္ၿပီး အသံပိုင္ရွင္ကို ရွာေဖြမိသည္။
လူအမ်ား ေရာႁပြန္းေနသည့္တိုင္ သူ႔ရဲ႕ရနံ႔ေလးကအစ ႏွလုံးသားမွတ္မိေနေတာ့လည္း သိပ္မရွာရလိုက္ခင္မွာပဲ ထိုအမ်ိဳးသားကိုေတြ႕ျမင္လိုက္ရသည္။
သူ႔ဘက္က မဆြတ္ခင္မွာတင္ ၫႊတ္က်ေပးခဲ့တဲ့ ငယ့္အခ်စ္ေတြကို ေစာ္ကားခဲ့တဲ့အမ်ိဳးသား၊ ငယ္ကလြဲၿပီး အားလုံးအေပၚမွာ ျပည့္ဝေပးခဲ့ေသာ အမ်ိဳးသား၊ ငယ့္ဆီမွာသာ ႐ြာသြန္းမၿဖိဳးတဲ့ သူ႔အခ်စ္မိုးေတြက ငယ့္ဘဝကိုတစ္ေလွ်ာက္လုံး ဝမ္းနည္းမႈမ်က္ရည္ေတြနဲ႔ တုပ္ေႏွာင္ထားခဲ့တာျဖစ္သည္။
ဒီေလာက္ဆိုရင္ သူ႔အတြက္နဲ႔ နာက်င္ခဲ့တဲ့ ႏွလုံးသားက အစက္ေလးမွမရွိေတာ့သလိုမ်ိဳး ထုံမႊမ္းေနၿပီမို႔ လုံေလာက္ပါၿပီလို႔ ယူဆလိုက္ရင္း သူေရာက္မလာေသးခင္မွာပဲ ခရီးေဆာင္အိတ္ကိုဆြဲၿပီး ေပ်ာက္ကြယ္သြားဖို႔ ဆုံးျဖတ္လိုက္သည္။
"နင္အဲ့ဒီမွာ ရပ္ေန သမီးငယ္......."
က်ယ္ေလာင္ေသာ သူ႔အသံက ေလယာဥ္ကြင္းတစ္ခုလုံးကို ဖုံးလႊမ္းသြားမည့္အလားပင္။
ဒီလိုအမိန္႔ေပးတဲ့ အသံေလးဆိုရင္ေတာင္ ငယ့္မွာခ်စ္ရတာမို႔ ေနရာမွာတင္ ေခြၫႊတ္က်သြားခ်င္တဲ့စိတ္ေတြနဲ႔ ပါးစပ္ကိုလက္ျဖင့္ကာၿပီး အသံတိတ္ငိုေႂကြးေနရင္း ေႏွးေကြးေသာ ေျခလွမ္းမ်ားျဖင့္ ဆက္သြားေနမိသည္။
"နင္ထြက္သြားရင္ ငါတစ္ျခားသူကို ယူလိုက္မွာသိရဲ႕လား...."
ငယ့္ဆုေတာင္းေတြျပည့္ခဲ့ပါၿပီ။ သူ..သူ ငယ့္အနားကိုအမွီလိုက္ႏိုင္ခဲ့ၿပီး ငယ္ပခုံးေတြကို တင္းက်ပ္စြာႏွင့္ ဆုပ္ကိုင္ထားသည္။
"ယူေပါ့...နင္ႀကိဳက္တာကို နင္ယူတာ"
ဒီလိုပဲ သူနဲ႔ငယ္က သူငယ္ခ်င္းေတြလိုေျပာဆိုေနၾကၿပီး ငယ့္တစ္ေယာက္တည္းဘက္ကပဲ သူ႔ကို အသည္းေပါက္မတတ္ခ်စ္ခဲ့ရတာ ငယ္ငယ္တည္းကျဖစ္သည္။ ဒါေတြကို သူ,မသိတာလည္း မဟုတ္ပဲနဲ႔ သူကသိပ္ကိုဟန္ေဆာင္ေကာင္းခဲ့သည္။
ငယ္ခ်စ္မွန္းသိလို႔ သူႏိုင္စားတာလည္းျဖစ္မွာေပါ့ေလ။ ဒါေတြကို ငယ္ကတစ္ခါေလးမွ အျပစ္လို႔မယူဆခဲ့ပဲ သူႀကိဳက္တဲ့အေရာင္၊ သူႀကိဳက္တဲ့ ပဲအရသာ ေရခဲေခ်ာင္းနဲ႔ အို...ေနာက္ဆုံး သူသိပ္သေဘာက်တယ္လို႔ ေျပာတဲ့ ဆံပင္အရွည္ေတြအထိ ငယ့္ဘက္ကလည္း သူနဲ႔အတူလိုက္ၿပီး ႀကိဳက္ေပး၊သေဘာက်ေပးခဲ့သည္။
တကယ္ဆို ငယ္က အစိမ္းေရာင္ကို ႀကိဳက္တယ္လို႔ေျပာခဲ့တာက သူႀကိဳက္တဲ့အေရာင္ျဖစ္ေနလို႔၊ ေရခဲေခ်ာင္းစားတဲ့အခ်ိန္တိုင္း သူနဲ႔တူခ်င္လြန္းလို႔ ေအာင့္သက္သက္ ျဖစ္ေစတဲ့ ပဲအရသာေရခဲေခ်ာင္းကိုပဲ အတင္းမွိတ္ၿပီးၿမိဳခ်ခဲ့တာ။
ငယ္ ဆံပင္အရွည္ေတြကို မႀကိဳက္ပါဘူး။ ဒါေပမယ့္ သူကေျပာဖူးသည္...ဆံပင္အရွည္ရွည္နဲ႔ေကာင္မေလးေတြက ခ်စ္ဖို႔ေကာင္းတယ္တဲ့။ အဲ့ဒီစကားတစ္ခြန္းနဲ႔ပဲ အလယ္တန္းေနာက္ဆုံးႏွစ္တည္းက ဆံပင္ညႇပ္ဖို႔စိတ္မကူးေတာ့တာ အခုအခ်ိန္ထိပင္။
ဒီေလာက္ထိ ငယ့္ဘက္ကလိုက္ေလ်ာေပးခဲ့တာက တစ္ေန႔မွာ သူသေဘာက်ခ်င္တယ္ဆိုတဲ့ မိန္းကေလးတစ္ေယာက္ ေပၚလာလိမ့္မည္ဟု လုံးဝထင္မထားခဲ့။ ငယ့္မွာ သူကလြဲၿပီး ဘယ္သူ႔ကိုမွမျမင္ခဲ့သေလာက္ သူကေတာ့ ငယ္ကလြဲၿပီးအားလုံးကိုၾကည့္ေနခဲ့တာျဖစ္လိမ့္မည္။
"နင္က အ႐ူးလိုပဲ...."
ငယ့္ပါးတစ္ဖက္ကို ၾကမ္းတမ္းစြာနဲ႔ဖိဆြဲရင္း ေျပာလာသည့္ သူ႔အသံက ၾကင္နာမႈတို႔နည္းနည္းေလးေတာင္မပါ,ပါ။
"ဖယ္..."
"မဖယ္ပါဘူး...လာ အိမ္ျပန္မယ္။
ဒီအ႐ြယ္ေလးနဲ႔ ဘယ္သြားမလို႔လဲ၊ နင့္ကို ဖမ္းသြားမွာမေၾကာက္ဘူးလား။"
အရပ္ပုတဲ့ ငယ့္ကို သူကအၿမဲ ၁၀ႏွစ္သမီးအ႐ြယ္မွာပဲ ထားေနဆဲျဖစ္မည္။ တကယ္ဆို ငယ္က အလုပ္ေတြေတာင္လုပ္ေနတဲ့ သူပါေနာ္။ ဒီႏွစ္ေတြမွာ ငယ္ခ်ည္ထိုးသည္၊ မိတ္ကပ္ျပင္သင္တန္းလည္း တတ္လိုက္ေသးပါသည္၊ အေမနဲ႔အတူ မီးဖိုေခ်ာင္မွာ အရသာျမည္းကူသည္၊ ေနာက္ၿပီး သူသြားရာေနာက္ကို တစ္ေကာက္ေကာက္လိုက္သည္။
ဒါေတြနဲ႔ ငယ့္မွာ တစ္ေန႔တစ္ေန႔ရွင္သန္ေနရတာ ရက္ေတြေတာင္ အေတာ္ၾကာခဲ့ၿပီေလ။ အခု ငယ္အနားယူရင္း အေပ်ာ္ရွာေနသည့္အခ်ိန္ေလးမွာ သူဟာ ငယ့္ႏွလုံးသားကို ဒဏ္ရာတြေပးဖို႔အသင့္ျဖစ္ေနခဲသည္။
"ဖယ္ေတာ့...ငါ့ကိုလာမရႈပ္နဲ႔"
သူအၿမဲေျပာေနၾကစကားကို ဒီတစ္ခါမွာေတာ့ ငယ္ကတျပန္ ျပန္ေျပာပစ္လိုက္သည္။
"အံမယ္၊ နင္ကမ်ား...."
ေျပာၿပီးေနာက္မွာ ငယ္လက္ကိုကိုင္ၿပီး ေကာက္တင္လိုက္တာမ်ားက ငယ္တစ္ေယာက္ သူ႔ပခုံးေတြဆီမွာ အလ်ားလိုက္ေလး ေရာက္သြားရသည္။
"ငါ သြားမွာလို႔..."
"ဘယ္ကိုတုန္း..."
ငယ့္ကို ပခုံးမွာထမ္းတင္ခဲ့ရင္း သူေလွ်ာက္တာက ကားပါကင္ကိုပင္ ေရာက္လာခဲ့ၿပီျဖစ္ေသာ္လည္း ငယ္ကေတာ့ အားမေလ်ာ့စတမ္း သြားဖို႔အေၾကာင္းေတြၾကည့္ ေရ႐ြတ္ခဲ့သည္။
ၾကာေတာ့ သူစိတ္မရွည္လာလို႔ျဖစ္မည္...
"က်စ္ !! နားညီးတယ္...
ထပ္ေျပာရင္ေတာ့ ငါနင့္ကိုကိုင္ေပါက္မိလိမ့္မယ္ သမီးငယ္...."
ထိုသို႔ေျပာၿပီးခ်က္ခ်င္းမွာပဲ သူ႔လက္ေတြကို ေျမႇာက္လိုက္သည္ေၾကာင့္ ငယ့္မွာ သူပခုံးေရွ႕သို႔ေက်ာ္ကာ က်သြားမည့္ျဖစ္အင္ကို ႀကိဳတင္ၿပီးခံစားလို႔ ရလိုက္သည္ေၾကာင့္ ေနာက္ထပ္ ဘာမွဆက္မေျပာရဲေတာ့ပဲ ၿငိမ္ၿငိမ္ေနလိုက္ရသည္။