Unicode
ရှီမိသားစုအိမ်တော်တွင်
ရှီးဝေတစ်ယောက် ထမင်းစားစားပွဲပေါ်တွင် လုံးဝစိတ်မရှိတဲ့ ရှီးခဲယွဲ့ ကို ကြည့်လိုက်ပြီး သူမရဲ့မျက် လုံးများမှာ စိုးရိမ်ပူပန်လာတော့သည်။ "ရှောင်ယွဲ့ ၊ အမ် ဒီရက်ပိုင်း ဘာမှမဖြစ်ဘူးမလား?"
ရှီးခဲယွဲ့ မနေ့နေ့လည် အိမ်ပြန်ရောက်ကတည်းက သူ့အခန်းထဲမှာ ပိတ်နေပြီး ဘာမှ ကောင်းကောင်းမစားရသေးပေ။
"......ဘာကိုလဲ?"
ရှီးခဲယွဲ့ တဖြည်းဖြည်း အသိစိတ်ပြန်ရောက်လာပြီး ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ကာ
"အဆင်ပြေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အအေးမိသွားလို့ ဒါပေမယ့် အခုတော့ ပြန်ကောင်းလာပါပြီ"
"အဆင်ပြေလို့ တော်သေးတာပေါ့"
ရှီးဝေ ခဏရပ်လိုက်ပြီး သူမရဲ့ လေသံက ဆုံးမသည့် အရိပ်အမြွက်များဖြင့်ပြောလာလေသည်။ "မင်းကို ကြည့်ပါအုံး၊ မင်း ဒီရက်ပိုင်း ကုမ္ပဏီကိုလည်း မသွားဘူး။ ကံကောင်းလို့ မင်းအဘိုးနဲ့အဖေက မစ္စတာဝူရဲ့ မွေးနေ့ပွဲ ဂုဏ်ပြုဖို့ လင်းပြည်နယ်ကို သွားလို့ပေါ့။ မဟုတ်ရင် မင်းကို ဒီလိုအခြေအနေနဲ့ မြင်ကြရင် သူတို့က မကျေမနပ်ဖြစ်နေကြအုံးမှာ။"
မစ္စတာဝူက လူအိုကြီးရှီရဲ့သူငယ်ချင်းဟောင်းတစ် ဦးဖြစ်ပြီး သူ့မိသားစုက သစ်သားပန်းပုရုပ်တုလုပ် ငန်း လုပ်ကိုင်ကြကာ အဆက်အသွယ်များပေါများလှသည်။
အခုတစ်ကြိမ်တွင် လူအိုကြီးရှီ လင်းပြည်နယ်သို့ အပြေးအလွှားသွားချင်သည်မှာ တစ်ဖက်လူက ရှီမိသားစုရဲ့ အခြေအနေအရပ်ရပ်ကို ကြားသိရပြီး ငွေကြေးအကူအညီပေးရန် ဆန္ဒရှိသောကြောင့်ပင်။
ရှီးခဲယွဲ့ ပြန်မဖြေဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲကော်ဖီ သာသောက်လိုက်သည်။
ရှီးဝေက ဆက်ပြောလာသည် "ရှောင်ယွဲ့၊ ရှီမိသားစု အခုအချိန် အကျပ်အတည်းကနေ လွတ်မြောက်ဖို့ အလားအလာ တော်တော်များတယ်။အဘိုးနဲ့ မင်းအဖေက မင်းကို ကုမ္ပဏီ ချောချောချူချူလွှဲပေးနိုင်အောင် မင်းပိုကြိုးစားရမယ်။ အဲ့ ရှီယွင်နန်ဆိုတဲ့ အကောင်ကတော့ ဒီမိသားစုကို ထားသွားပြီ......"
— ဘန်း
ရှီးခဲယွဲ့သည် ရှီယွန်နန် ဆိုသော နာမည်ကို ကြားလိုက်ရတာနဲ့ သူ့မျက်နှာက ချက်ချင်း ပျက်သွားကာ
"ကျွန်တော့ရှေ့မှာ သူ့အကြောင်း မပြောနဲ့"
သူက ကော်ဖီခွက်ကို စားပွဲပေါ်ကို ချက်ခြင်းအကြမ်းပတမ်း တင်လိုက်တော့ ကော်ဖီပူပူလေးက သူ့လက်ပေါ် စင်သွားကာ အနည်းငယ် နာကျင်သွားလေသည်။
ရှီးဝေတစ်ယောက် သူမစကားမဆုံးခင် ထိုအသံကြောင့် စကားပြတ်သွားတော့ နှစ်စက္ကန့်လောက် မှင်တက်သွားတော့သည်။
"သားလေး ဘာဖြစ်တာလဲ?"
"မား၊ မားပြောဖို့ မလိုဘူး၊ ကျွန်တော် စိတ်ထဲမှာ သိပြီးသား"
ရှီးခဲယွဲ့ ဘေးနားရှိ wet tissueကို ကောက်ကိုင်ကာ လက်ကို သုတ်လိုက်သည်။ သူထပြီး အိမ်အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။
ရှီးဝေ မကျေမနပ်မျက်မှောင်ကြုတ်ကာ ထွက်သွားသည့် သူ့နောက်ကျောကို ကြည့်လိုက်ရင်း
"ဒီကလေးက လူကြီးတွေပြောတာကို နားမထောင် တော့ပါလား။ ငါက မင်းအမေပါ ငါ့စကားတွေက မင်းကို ဒုက္ခဖြစ်မှာမို့လို့လား?"
...
ရှီးခဲယွဲ့ ကားထဲသို့ဝင်ကာ တံခါးကို ပြင်းပြင်းထန် ထန်ပိတ်လိုက်သော်လည်း သူ့စိတ်ထဲက ဒေါသကို တော့ မဖြေဖျောက်နိုင်ပေ။
လွန်ခဲ့တဲ့ လေးရက်က သူ့ကိုယ်ပိုင်နိုက်ကလပ်မှာ ရှီယွင်နန် ကြံစည်တာခံခဲ့ရတယ်။ ဆေးအာနိသင်က အမြန် အကျိုးသက်ရောက်လာတော့ အကူအညီတောင်းဖို့လည်း အချိန်နှောင်းသွားခဲ့တယ်။
သူ သတိလစ်မသွားခင် လူတစ်ယောက်ရဲ့ ရင်ခွင် ထဲကို လဲကျသွားခဲ့တယ်။
အလိုဆန္ဒမီးလျှံက မူလပင်ကိုယ်ဗီဇကို မွေးထုတ် ပေးတော့ ရှီးခဲယွဲ့ ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ဦးနှောက်ဟာ ဆင်ခြင်တုံတရားကို မထိန်းသိမ်းနိုင်တော့ပဲ ဒီရှုပ် ထွေးတဲ့အခြေအနေမှာ သူအခြားသူတစ်ယောက်နဲ့ အိမ်ခဲ့မိသွားတယ်။
နောက်နေ့နေ့လည် အိပ်ရာက နိုးလာချိန်မှာတော့ သူ့တစ်ကိုယ်လုံးက နာကျင်ရောင်ရမ်းနေပြီးအနီရောင် အမှတ်တွေနဲ့ ပွန်းပဲ့ဒါဏ်ရာတွေဟာတစ်ကိုယ်လုံးရှိနေကာ ကောင်းတဲ့ နေရာဆိုလို့ တစ်နေရာမှ မကျန် တော့ပေ။
ပြီးတော့ သူ့အတွက် လက်ခံဖို့ အခက်ခဲဆုံးအရာထက်တောင် ပိုလွန်ကဲနေသေးတယ်!!
ဒီအကြောင်းကို သူပိုတွေးလေ၊ ရှီးခဲယွဲ့ ပိုဒေါသထွက် ဍလေလေပဲ။ ထို့ကြောင့် သူရဲ့ အဆင်မပြေသည့်စိတ်ကို ကားအရှိန်ကိုမြှင့်၍သာ ထွက်ပေါက်ရှာလိုက်တော့သည်။
မိနစ်နှစ်ဆယ်အကြာတွင် ကားက ရှီလုပ်ငန်းရဲ့ သီးသန့်ပါကင်နေရာတွင် ရပ်သွားခဲ့သည်။ ရှီးခဲယွဲ့ တံခါးကိုဖွင့်ပြီး ကားပေါ်မှမဆင်းမီတွင် ဖုန်းဝင်လာ၏။
ဖုန်းခေါ်ဆိုသူ နာမည်မှာ နိုက်ကလပ်မန်နေဂျာ ရှောင်ကျိုးဖြစ်လေသည်။
"ဟယ်လို"
"ယွဲ့ကော နောက်ဆုံးတော့ မင်းကို ဖုန်းဆက်လို့ရပြီ! ဒီရက်တွေ ဘယ်တွေရောက်နေတာလဲ? ဖုန်းကောက ကောကို အသေရှာနေတာ!" ရှောင်ကျိုးရဲ့ စကားသည် မြန်ပြီး သူ့အသံမှာ အလွန်စိုးရိမ်နေပုံပင်။
"ငါ့ကိုဘာလို့ရှာနေတာလဲ?"
ရှောင်ကျိုးအသက်ကို အသက်ရှုသွင်းလိုက်ပြီး "ယွဲ့ကော! အရေးကြီးတဲ့ ကိစ္စတစ်ခုရှိသေးတယ်။မတော်တဆမှုတစ်ခုကြောင့် နိုက်ကလပ်ကို ပိတ်လိုက်ရပြီ၊!"
"ဘာ?" ရှီးခဲယွဲ့ မျက်မှောင်ကြုတ်ပြီး လန့်သွားသည်။
ထိုနိုက်ကလပ်က သူ့ရဲ့အတည်တကျ ရင်းနှီးမြုပ်နှံမှု ၀င်ငွေဖြစ်သည်၊ သူက ဥပဒေနဲ့မညီတဲ့ အရောင်းအ၀ယ်အချို့ လုပ်ခဲ့ပြီး သူ့ရဲ့ အဆက်အသွယ် များကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ ဘယ်လိုလုပ် ဒီလောက်နဲ့ ပိတ်သွားနိုင်မှာလဲ?
"လောင်ဖုန်း ဘယ်မှာလဲ ?ဖြေရှင်းဖို့ တစ်ယောက် ယောက်ကို ရှာထားလား?"
"ဘော့စ် ကို ဒီမနက် အစောကြီး ရဲတွေခေါ်သွားတယ်!!" ရှောင်ကျိုးက နောက်ထပ်သတင်းဆိုးထပ် ပေးလိုက်သည်။
ရှီးခဲယွဲ့ မျက်နှာက ရုတ်တရက် အကျည်းတန်သွားပြီး သူ့အသက်ရှူသံက အနည်းငယ် မြန်လာတော့သည်။ အမည်ခံသူဌေးလောင်ဖုန်းကိုတောင်ရဲတွေက ဖမ်းခေါ်သွားတယ် ၊ ဒါဖြစ်နိုင်ရဲ့လား....
ရုတ်တရက် ကားပြတင်းပေါက်ကို ခေါက်လာပြီး အပြင်ဘက်တွင် လေးနက်သော အကြည့်ဖြင့် လူသုံးယောက် ရပ်နေ၏။
"......"
ဖုန်းထဲက ရှောင်ကျိုးကတော့ အရာအားလုံးကို စိတ်အားထက်သန်စွာ ရှင်းပြနေသေးသည်။ ရုတ်တရက် ရှီးခဲယွဲ့ စိတ်မသက်မသာ ခံစားလိုက်ရပြီး သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားတော့သည်။
ကားပြတင်းပေါက်အပြင်ဘက်မှာ အရပ်ဝတ်နဲ့ရဲက သူ့ရဲ့ ID ကိုထုတ်လိုက်ပြီး "မင်းက ရှီးခဲယွဲ့မလား? မင်း FYUE နိုက်ကလပ်ရဲ့ s*x အရောင်းအ၀ယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတယ်။ ကျေးဇူးပြုပြီး ကားပေါ်ကနေ အမြန်ဆင်းပေးပါ။ ရဲစခန်းမှာ စုံစမ်းဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။"
ရှီးခဲယွဲ့က သူ့တည်ငြိမ်မှုကို သေချာမထိန်းနိုင် တော့ပေ။ သူက ဖုန်းကိုချပြီး ပြတင်းပေါက်ကိုဖွင့် လိုက်ကာ
"ရဲမှူး လူမှားနေတာများလား?ကျွန်တော်က အမြဲတမ်း..."
ရဲများက သူ့စကားကို ပြတ်ပြတ်သားသား နှောင့် ယှက်လိုက်သည်။ "ကျေးဇူးပြုပြီး ပူးပေါင်းဆောင် ရွက်ပေးပါ။ ကားပေါ်ကနေ ချက်ခြင်းထွက်လာပါ! မဟုတ်ရင် ငါတို့ အတင်းအကြပ် အရေးယူရလိမ့်မယ်!"
"......"
ရှီးခဲယွဲ့ရဲ့ ဟန်ဆောင်ထားသည့်နူးညံ့သော အပြုံးက သူ့မျက်နှာပေါ်တွင် အေးခဲသွားသော်လည်း ရဲများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်။
တစ်ပတ်အကြာတွင်
ရှီယွင်နန် သူ့လက်ထဲတွင် ရောက်ရှိလာသော ရည်ရွယ်ထားသည့် လွှဲပြောင်းစာတစ်စောင်ကို ကိုင်ဆောင်ကာ ပျော်ရွှင်မှု အရိပ်အမြွက်များထွက်ပေါ်လာတော့သည်။ သူ့ရဲ့ပျော်ရွှင်မှုကို ဝေမျှဖို့ သူ့ဖုန်းကို ထုတ်ကာ သူ့သူငယ်ချင်း ဖုကျစ်ယွီဆီ ဖုန်းဆက်လိုက်သည်။
"ဟေ့ သားလေး ဘာကိစ္စရှိလို့လဲ?"
"နေစမ်းပါ၊ ငါသာ မင်းအဖေ"
နှုတ်ဆက်စကားပြန်ပြောပြီးနောက် ဖုကျစ်ယွီက အတည်တကျစီးပွားရေးလုပ်ငန်းကို စိတ်အားထက် သန်စွာပြောလေသည် "ငါ့မှာသေချာတဲ့သတင်းတစ် ခုရှိတယ်၊ ဒါကငါ့အတွက်တော့နည်းနည်းဝမ်းနည်းစရာကောင်းပေမယ့် မင်းအတွက်တော့သတင်းကောင်းဖြစ်လောက်မယ်၊ မင်းကြားချင်လား?"
"တိုက်ဆိုင်လိုက်တာ၊ ငါ့မှာလည်း သတင်းကောင်းရှိတယ်" ရှီယွင်နန်က အိမ်ကို တက္ကစီစီးလာကာ
"မင်းအရင်ပြော"
"အတွင်းရေးအရောင်းအ၀ယ်တွေကြောင့် FYUE Club ကို ရဲတွေက လုံးဝပိတ်လိုက်ပြီ။ ပိုင်ရှင်ဖုန်းကောကို ရဲစခန်းက ဖမ်းသွားပြီ။ မကြာခင်လူသိရှင် ကြား စီရင်ချက်ချမှာတဲ့။ အခြေအနေကတော်တော် ဆိုးတယ်လို့ ကြားတယ်။"
"မထူးဆန်းတော့ပါဘူး..."
ရှီယွင်နန် သူ့လက်ထဲက စာချုပ်ကို တစ်ချက်ကြည့် လိုက်ပြီး "ဒီလောက်တောင် ကောင်းနေတာကို ဘာလို့ ရုတ်တရက် သိမ်းသွားတာလဲ? တစ်ယောက် ယောက်က သတင်းပေးလိုက်တာလား?"
တိုက်ဆိုင်စွာပင်၊ သူသက်သေတွေမရခင် တစ် ယောက်ယောက်ကလုပ်သွားတာလား?
ဖုကျစ်ယွီ လေချွန်လိုက်ပြီး "မင်းကျေးဇူးတွေကြောင့်လေ"
"ငါ?" ရှီယွင်နန် မရေမရာဖြစ်သွားသည်။
"အဲဒီနေ့ မင်းနဲ့ ရှီးခဲယွဲ့ အလောင်းအစားလုပ်ပြီး ဖောက်သည်တွေကို ညမှာ အလကားသောက်ခွင့် ပေးခဲ့တယ်လေ၊ လူတိုင်းက အရက်တွေကို အသေမှာကုန်ကြရော။အဲဒီညက သုံးစွဲမှု ပမာဏက ခေါင် မိုးပေါ်ထက်တောင် ကျော်သွားတယ်တဲ့၊ ပြီးတော့ မှန်းကြည့်...."
ရှီယွင်နန် အဖြေကို ခန့်မှန်းမိသော်လည်း မပြောလိုက်ပေ။
"ရှီးခဲယွဲ့က ရှုံးပြီးတော့ပျောက်သွားတယ်။ ငွေရှင်းဖို့အချိန်ရောက်တော့ နိုက်ကလပ်မှာရှိတဲ့ မန်နေဂျာတွေနဲ့ စားပွဲထိုးတွေက စားသောက်တဲ့ ဖောက်သည် တွေပဲ တွေ့တယ်လေ..."
ယင်းက ချက်ချင်းပင် လူထုဒေါသကို နှိုးဆွခဲ့သည်။
အခြေအနေကို အခွင့်ကောင်းယူလို့ရမယ်လို့ သူတို့ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ အများကြီးသုံးပြီး သူတို့ကိုယ်တိုင် ငွေရှင်းရတော့မှာလား? လုံးဝမရဘူး!
ဒါက နိုက်ကလပ်နှင့် ရှီးခဲယွဲ့ ပူးပေါင်းကြံစည်ပြီး သူတို့ အလွန်အကျွံသောက်ဖို့သာ ဆွဲဆောင်တာ ဖြစ်မယ်လို့ အရက်ကို ဖြုန်းတီးနေသူအချို့က ချက်ချင်း ထင်သွားကြတော့သည်။
တဖြည်းဖြည်းနဲ့ နှစ်ဘက်က အကြီးအကျယ် ငြင်းခုံမှုတွေ ရှိလာခဲ့လေသည်။
"ချီရှီပွဲတော်ဆိုတော့ ဖောက်သည်တွေ အများကြီးရှိတာကိုလည်း မင်းမြင်တာပဲ၊ ငြင်းခုံပြီးတော့ ရန်ဖြစ် ကြရော၊ အဲ့တော့ ပိုပြီး ဖရိုဖရဲဖြစ်သွားတယ်။ လူ တစ်ဒါဇင်ကျော် ဒဏ်ရာရသွားတယ်တဲ့။နောက်ပိုင်း ဒဏ်ရာရတဲ့သူတွေရဲ့ မိသားစုဝင်တွေက နစ်နာကြေးပေးဖို့ နိုက်ကလပ်ကို ဆန္ဒပြတောင်းဆိုကြရောတဲ့။"
ဖူကျစ်ယွီသည် ခဏရပ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။
"ဒါပေမယ့် ဒါက ငွေနည်းနည်းနဲ့ ဒီလိုကိစ္စမျိုးကို ဖုံးလိုက်လို့ရတာပဲ။ အတွင်းရေးအရောင်းအ၀ယ်ကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေက ဘယ်လို သိသွားတာလဲ?"
ထို အထူးငွေပေးငွေယူများက အခြေခံအားဖြင့် ရှုပ်ထွေးတဲ့ ဖောက်သည်ဆက်ဆံရေးဖြစ်ကာ နိုက် ကလပ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အခါတိုင်း ကြိုတင်သတိထားတော့ ဆယ်ရက် ဒါမှမဟုတ် တစ်လခွဲလောက်ကြာတောင် သူတို့ကို ဖြုတ်ချနိုင် မည်မဟုတ်ပေ။
ဒီတစ်ခါ အရှိန်က မြန်လွန်းတော့ သူဌေးဖုန်း က ဖြေရှင်းဖို့ လုံးဝ အချိန်မရှိမှာကိုတောင် သူစိုးရိမ်မိတယ်။
"ဘာပဲဖြစ်ဖြစ် ရှီးခဲယွဲ့ကသာ နောက်ကွယ်က သူဌေးလို့ မင်းပြောခဲ့တာမလား? ဒီတခေါက် နိုက် ကလပ် ပြိုကျသွားပြီဆိုတော့ သူလည်းထိမှာပဲ။ မင်းအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား?"
ရှီယွင်နန် သူ့ပါးစပ်ထောင့်ကို မြှင့်လိုက်ကာ သူကဂရုမစိုက်ပေ။ "မတရားလုပ်တဲ့သူက ဖျက်စီးခံရမှာပဲ။ ရှီးခဲယွဲ့ ဘာပဲဖြစ်နေဖြစ်နေ ဒါက သူ့အမှားပဲလေ၊ငါနဲ့ ဘာဆိုင်လို့လဲ? "
ဖုကျစ်ယွီ ပြုံးကာမေးလိုက်လေသည်။ "ဒါနဲ့ မင်းငါ့ကို ဘာသတင်းကောင်းပြောချင်တာလဲ?"
ရှီယွင်နန် သူအနိုင်ရရှိထားတဲ့ လွှဲစာတစ်စောင်ကို ဓာတ်ပုံရိုက်ကာ သူ့သူငယ်ချင်းရဲ့ WeChat အကောင့်ကို ပို့လိုက်သည်။
"ကြည့်၊ ငါအင်ပါယာမြို့တော် ရုန်ရှင်းခရိုင်မှာ နိုက် ကလပ်တစ်ခု ရထားတယ်။ မင်းစိတ်ဝင်စားလား?"
မိနစ်ဝက်လောက်ကြာတော့ ဖုန်းရဲ့တစ်ဖက်က ဖုကျစ်ယွီ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လာတော့ သည်။
"မင်း၊ မင်း... မင်း ဒီနိုက်ကလပ်လွှဲပြောင်းစာဘယ် လိုရခဲ့တာလဲ? ငါမှတ်မိတာက ဒီနိုက်ကလပ်က စက်တင်ဘာမှ တရားဝင်ဖွင့်မယ်လို့ ကြေညာခဲ့တာလားလို့?"
တရားဝင်မဖွင့်လှစ်မီ တစ်လလိုသေးတော့ ပြုပြင်မွမ်းမံမှုတွေ လုပ်နေရမှာလေ။ ရုတ်တရတ် ဘယ်လို လုပ်လွှဲပြောင်းနိုင်မှာလဲ?
"ဒီကောင်းတဲ့ဟာကိုရထားလို့ ကံကောင်းတယ်လို့ တွေးစမ်းပါ။ ဆိုင်က အမြန်လွှဲဖို့ လိုနေတယ်လို့ ကြားလို့ အေးဂျင့်ကို အကူအညီတောင်းပြီး စုံစမ်းခိုင်းလိုက်တာ။"
ရှီယွင်နန် ဒါကို ဖုံးကွယ်မထားဘဲ အစကတည်းက ဖုကျစ်ယွီနဲ့ ဆွေးနွေးဖို့ စီစဉ်ထားသည်။
"ငါ စုံစမ်းဖို့ အေးဂျင့်ကို မေးတော့၊ ဒီနိုက်ကလပ်ကို လွှဲပြောင်းတဲ့သူက လောင်ဖုန်း ဇနီးတဲ့။ ရိုးရိုးရှင်းရှင်းပြောရရင် အခုမှပြင်နေတဲ့ ဒီနိုက်ကလပ်က လောင်ဖုန်း ရင်းနှီးမြုပ်နှံမှုတွေထဲက တစ်ခုပဲ။"
လောင်ဖုန်း တစ်ခုခုဖြစ်သွားနိုင်ချေရှိတော့ သူ့ဘဏ်ပိုင်ဆိုင်မှုတွေကို ရဲတွေက ယာယီပိတ်သိမ်းလိုက်တာပါပဲ။ အဲဒါကြောင့် သူ့မိန်းမက ဒီပစ္စည်းကို ပိုက်ဆံနဲ့ လဲပစ်ဖို့ စိတ်အားထက်သန်နေပြီး ခင်ပွန်းဖြစ်သူကို ရဲစခန်းကနေ ထုတ်ဖို့ နောက်ကွယ်က အဆက်အသွယ်တွေအတွက် ဒီငွေကိုသုံးချင်လို့ပင်။
"ဒီနေ့နေ့လည် တစ်ဖက်လူနဲ့ သဘောတူညီချက်တခုကို ယာယီရေးပြီး စပေါ်ငွေပေးခဲ့တယ်။ ငါ မင်းကိုခေါ်ပြီး ဆွေးနွေးဖို့ စဉ်းစားနေတာ။"
"မင်းဆိုလိုတာက ငါနဲ့ အတူ ဒီနိုက်ကလပ်ကို လည် ပတ်ချင်တာလား?"
"မင်းအဖေက မင်းကို အိမ်ပြန်လာခိုင်းပြီး အလုပ် လုပ်စေချင်တာမဟုတ်ဘူးလား? ဒီဟာထက် ဘယ် အလုပ်ကများ မင်းနဲ့ ကိုက်မှာမို့လို့လဲ?" ရှီယွင်နန် တွေးပြီးရင်း တွေးနေခဲ့တယ်။
FYUE ရုတ်တရက် ပြိုကျသွားပြီး ဒီနိုက်ကလပ်က ဖောက်သည်တွေက စားသောက်ဖို့ နေရာအသစ် တွေရှာဖို့ ကြိုးစားကြမှာပဲ။ မြို့တွင် ဘားများနှင့် နိုက်ကလပ်များစွာရှိသော်လည်း နေရာကြီးမားတဲ့ နိုက်ကလပ်များမရှိပေ။
ဒီအချိန် FYUE အစားထိုး နိုက်ကလပ်ကြီးတစ်ခုဖွင့် နိုင်လျှင် ငွေများစွာရနိုင်မည်ဖြစ်သည်။
"ကျိန်းသေ ငါစိတ်ဝင်စားတာပေါ့!" ဖုကျစ်ယွီလည်း အကျိုးအကြောင်းကို နားလည်သွားပြီး ချက်ချင်း ပြန်ဖြေလာသည်။
"ဒါပေမယ့် ငါမင်းကို ကြိုပြောထားမယ်။ ငါ့မှာ နိုက် ကလပ်စီမံခန့်ခွဲဖို့ မင်းလိုမကျွမ်းကျင်ဘူး။ ရှေ့လျှောက် မင်းဘယ်လို လည်ပတ်ချင်လဲဆိုတာကို ငါ့ကို ပြောလို့ရတယ်၊ဒါပေမယ့် တရားမ၀င်အရောင်းအ၀ယ်တော့ မဖြစ်ရဘူး။
ဖုကျစ်ယွီ: "အဓိပ္ပာယ်မရှိတာ! ငါကတရားမျှတပြီး တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတစ်ယောက် ပါနော်။"
သူတို့နှစ်ယောက်က တူပြီး မဆင်မခြင် အထိန်းအကွပ်မဲ့တဲ့ ပုံပေါက်ကြသော်လည်း တကယ်တမ်းတွင် သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ အသွေးသားများထဲတွင် ကိုယ်ကျင့်တရားနဲ့ပတ်သတ်သည့် အခြေခံအချက်ကို အခိုင်အမာ စွဲကိုင်ထားကြပြီး လက်မဝက်လောက်တောင် မကျူးလွန်ကြပေ။
"ဒါဆို၊ သက်ဆိုင်ရာ အဆက်အသွယ်အားလုံးကို မင်းဆီ ပို့ပေးလိုက်မယ်၊ နောက်ဆက်တွဲကိစ္စတွေကတော့ မင်း တာဝန်ယူရမယ်။ ပိုက်ဆံလိုရင် နှစ်ရက် အတွင်း ငါပြင်ဆင်ပေးမယ်။"
ရှီယွင်နန်က ပေါက်ကရ စကားကိုမပြောပေ။ "ဒီနိုက်ကလပ်က လောင်ဖုန်း မိန်းမရဲ့ နာမည်အောက် မှာဆိုတော့ ကြီးကြီးမားမား ပြဿနာမရှိသင့်ဘူး။ ဥပဒေအရ ငါတို့က တရားဝင်ပိုင်ဆိုင်ထားပေမယ့် နောက်ဆက်တွဲအငြင်းပွါးတာတွေက ဖြစ်နိုင်ချေရှိနိုင်တယ်..."
"စိတ်မပူပါနဲ့ ဒီလိုကိစ္စမျိုးကို ငါကိုင်တွယ်နိုင်ပါတယ်"
"ကောင်းပြီ။"
နှစ်ယောက် စကားစမြည်ပြောကြပြီးနောက် လော့အိမ်ယာ အပြင်ဘက်တွင် တက္ကစီရပ်တော့ရှီယွင်နန် ဖုန်းချလိုက်သည်။
နောက်ကျနေပြီ၊ နေဝင်ချိန်က ကောင်းကင်တဝိုက်် မှာအနီရောင်တောက်တောက်ဖြင့် တောက်ပနေ၏။
ရှီယွင်နန် အိမ်သို့ ပြန်ရောက်သည်နှင့် ရွှေငါးလေးက ပြေးလာပြီး သူ့ပေါင်ကို ပွေ့ဖက်လာသည်။ ကလေးလေးလို ပြုမူရင်း သူ့ခေါင်းကို မော့ကာ
"ရှောင်ရှုရှု နေ့လည်တုန်းက ဘယ်သွားနေတာလဲ?သားအရမ်း လွမ်းနေတာ။"
"ရှောင်ရှူရှူကို လွမ်းတာလား? ဒါမှမဟုတ် အရသာရှိတဲ့ဟာ ဝယ်ကျွေးစေချင်တာလား?" ရှီယွင်နန် ငုံ့ပြီး သူ့ပါးပျော့ပျော့လေးကို ညှစ်လိုက်ကာ အသီးဖျော်ရည်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"ရော့"
ရွှေငါးလေးက ဘူးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ပျော်ရွှင်မှုများက သူ့မျက်နှာအနှံ့ ပွင့်လန်းနေလေသည်။
ပုလင်းအဖုံးကို ဘယ်လိုလှည့်ဖြုတ်ရမလဲဆိုတာ မသိသေးခင် လော့လင်းရှန်းက အောက်ထပ်သို့ ဓာတ်လှေကားစီးလာ၏။
"ကျင်းယွီ ၊ ပြောထားတာကို မေ့သွားပြီလား?"
"ရှုရှု..." ရွှေငါးလေးက ရုတ်တရက် ဣန္ဒြေရသွားတော့သည်။
လော့လင်းရှန်းက သူ့ကို တင်းတင်းကျပ်ကျပ် ဆုံးမထား၏။ သူ့အစားအသောက်ကို ဂရုစိုက်ဖို့ အစေခံတွေကိုတောင် ပြောခဲ့သေးသည်။
သူ့ကြီးထွားမှုအတွက် လိုအပ်တဲ့ နွားနို့မှလွဲ၍ အခြားအချိုရည်များ၊ သကြားလုံးများနှင့် အဆာပြေများကို လုံးဝမထိခိုင်းပေ။
ရွှေငါးလေး အအေးသောက်ဖို့ တွန့်ဆုတ်နေပြီး အကူအညီတောင်းရန် ရှီယွင်နန် ကိုလှည့်ကြည့်လိုက်သည်။
"ရှောင်ရှုရှု"
"မကြောက်၊ နဲ့ ရှောင်ရှုရှုက မင်းကို ကာကွယ်ပေးမယ်။"
ရှီယွင်နန်က ကလေးကို သူ့နောက်ပို့လိုက်ပြီး လော့လင်းရှန်းကို ပြုံးပြကာ
"ဒီအသီးဖျော်ရည်က သန့်ရှင်းပြီး သဘာဝအတိုင်း ပါ၊ ပုလင်းတစ်ဝက်လောက် သောက်လို့တော့ရပါတယ်။"
"......"
လော့လင်းရှန်း အကြီးလေးနဲ့ အသေးလေးရဲ့ အကြည့်ကို တွေ့တော့ စက္ကန့်အနည်းငယ်အကြာတွင် သူက အသံတိုးတိုးနဲ့ အလျော့ပေးလိုက်သည်။
"ထမင်းစားချိန်ရောက်နေပြီ၊ ညစာစားပြီးရင် သောက်။"
ရွှေငါးလေးက သူ့အဖြေကိုရတော့ ဝမ်းသာအားရဖြစ်ကာ အမြီးလေးတောင် ခါလုမတတ်ပင်။
"ရွှေငါးလေး မင်းသောက်ရင် မင်းရှုရှုကိုလည်း တစ်ခွက်ပေးဖို့ မမေ့နဲ့နော်"
ရှီယွင်နန် ကလေးနှင့် စကားပြောရန် ကိုယ်ကိုကိုင်းထားသော်လည်း သူက လော့လင်းရှန်းကို စိုက်ကြည့်နေ၏။ တစ်ဖက်လူထင်ထားသည့်အတိုင်း သူက နောက်ပြောင်လိုက်သည်။ "မဟုတ်ရင် မင်းသောက်တာကို မင်းရှုရှုက မနာလိုဖြစ်နေလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
လော့လင်းရှန်း သူ့ရဲ့ဝီးချဲလ်ကို ပဲ့ကိုင်လိုက်ပြီး အနားကပ်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
"မင်းဘယ်သွားတာလဲ?"
"ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုပ်နေတာပါ။"
ရှီယွင်နန် သူ့လက်ထဲက လွှဲပြောင်းစာကို ခါယမ်းလိုက်ပြီး လော့လင်းရှန်းနားသို့ ကပ်လိုက်ကာ"ကျွန် တော် ခင်ဗျားရဲ့ လော့မိသားစုထဲကိုဝင်ပြီး ဖြုန်းလို့မကုန်တဲ့ ဘဏ်ကတ်တစ်ခုရခဲ့ပေမယ့် ဘဝမှာ
ကိုယ်ကိုယ်တိုင် ငွေရှာဖို့ နည်းလမ်းရှာရမယ်လေ။"
ကွာရှင်းပြီးရင် သူ့ဘာသာသူ ရှင်သန်ရမှာ။
သူ့ရဲ့ အဓိကအလုပ်အနေနဲ့ လက်ဝတ်ရတနာဒီဇိုင် နာတစ်ယောက်ဖြစ်သော်လည်း တစ်ဖက်တွင် အလုပ်တစ်ခုအနေနဲ့ ရင်းနှီးမြုပ်နှံမှုအချို့ကို ရှာချင်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူ့လက်တွေကို လေ့ကျင့် ဖို့ အခွင့်အရေးရလာပြီ။
ရှီယွင်နန် အမှန်အတိုင်း မပြောလိုက်ပေ။ "တက္ကစီသမားက လမ်းမှားသွားတဲ့အတွက် နည်းနည်းကြာသွားတာ"
"ကိုယ် မင်းကို ဒါရိုက်ဘာတစ်ယောက် ပေးမယ်၊ ဒီလိုဆို နောက်ကြရင် မင်းသွားလာရတာပိုလွယ် သွားလိမ့်မယ်။" လော့လင်းရှန်းက ထိုကိစ္စကို ပြန် သတိရသွားသည်။
ရှီယွင်နန် ခဏလောက်စဉ်းစားပြီး အမှန်အတိုင်း ပြောလိုက်လေသည်။ "ကျွန်တော့်နောက်ကို ဒါရိုက် ဘာလိုက်နေတာ မကြိုက်ဘူး။"
"ဖြစ်နိုင်ရင် မစ္စတာလော့ ကျွန်တော့်ကို ကားသော့ပဲပေးလို့ရပါတယ်။ ကားဂိုဒေါင်ထဲမှာ ကားတွေအများကြီးရပ်ထားတယ်လို့ ကျွန်တော်ထင်တယ်။ အပြင်ထွက်ရတဲ့အခါ ကျွန်တော့ဘာသာ မောင်းလို့ရပါတယ်။"
လော့လင်းရှန်း ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ဘေးနားရှိ အိမ်တော်ထိန်းဦးလေးချင်တောင် မျက်လုံးများ ပြောင်းလဲသွားသည်။
ကိုယ်တိုင်မောင်းတာလား။
ဒါက ခေါင်းဆောင်ရဲ့စိတ်ထဲမှာ မဖယ်ရှားနိုင်တဲ့ နောက်ထပ်အမာရွတ်တစ်ခုဖြစ်သည်။
ရှီယွင်နန် ထိုလူရဲ့ တိတ်ဆိတ်ခြင်းကနေ သဲလွန်စအချို့ကို ခန့်မှန်းမိသွားတော့သည်။ "လော့လင်းရှန်း ရှေ့လျှောက် အပြင်ထွက်ရမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို မောင်းပြီးပို့ပေးလို့ရတယ်နော်။"
သူက မှင်ကဲ့သို့ နက်ရှိုင်းသော ထိုလူရဲ့ မျက်လုံးကို တွေ့တော့ မကြောက်ဘဲ လေးနက်သော အဓိပ္ပါယ်ဖြင့်ပြုံးကာ
"ကျွန်တော်က ကားမောင်းတာ အရမ်းကျွမ်းတာနော်။ စမ်းကြည့်ချင်လား?"
(ကားမောင်း- s*x)
"......"
ဒါက ဟာသအသုံးအနှုန်းပင်။
ဟုတ်တာပေါ့၊ တခြားအဓိပ္ပါယ်အတွက်ကတော့ သူက နောက်နေတာပင်။
လော့လင်းရှန်း အသက်ရှုကြပ်သွားပြီး "မင်းဘယ် ဟာပဲလိုချင်ချင်၊ နောက်မှ ကားဂိုဒေါင်ကိုသွားပြီး မင်းကြိုက်တဲ့တစ်ခုကို ရွေးလိုက်။"
ရှီယွင်နန် နှုတ်ခမ်းကို တွန့်ကွေးကာ မတ်တပ်ထရပ်လိုက်ပြီး
"ဒါဆို ကျွန်တော်အခန်းထဲပြန်သွားပြီး ရေချိုးလိုက် ဦးမယ်။ ညစာစားဖို့ ဆင်းလာခဲ့မယ်။"
"ကောင်းပြီ"
ရှီယွင်နန်ရဲ့ ပုံရိပ်ကပထမထပ်တွင် အမြန် ပျောက် ကွယ်သွားတော့သည်။
လော့လင်းရှန်း ရှီယွင်နန်ရဲ့ တမင်တကာ ဟာသကို ပြန်သတိရသွားပြီး သိသိသာသာ ပူလောင်လာတော့ သူ့မျက်မှန်ကို တွန်းတင်ရုံမှတပါး မတတ်နိုင် တော့ပေ။
"ဦးလေးချင် အိမ်မှာ အဲကွန်း ပျက်နေပြီလား?"
"မဟုတ်ပါဘူး၊ အမြဲဖွင့်ထားပါတယ်။" ဦးလေးချင် က အံ့အားသင့်သွားပြီး "ခေါင်းဆောင် ပူလို့လား?"
ရှိုးကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေသော ရွှေငါးလေး တစ်ခုခုကို ရုတ်တရက် တွေးမိကာလော့လင်းရှန်းနားသို့ ချာခနဲ ရွရွလေးပြေးလာလိုက်သည်။
"ရှုရှု! ရှောင်ရှုရှူက ဒီအကြောင်းကို ပုံပြင်ထဲမှာ ပြောပြဖူးတယ်!"
"ဘာကိုလဲ?" လော့လင်းရှန်းခဏတာ နားမလည်ဖြစ်သွားသည်။
ဝံပုလွေကြီးက ယုန်ဖြူလေးကို ချစ်မိသွားပြီး ယုန်ဖြူလေး သူ့အနားရောက်လာတိုင်း သူ့နှလုံးခုန် သံတွေ တဆတ်ဆတ်တုန်ခါကာ တကိုယ်လုံး ပူပြီး ချွေးတွေထွက်နေတယ်တဲ့။
ရွှေငါးလေး သူ့စိတ်ထဲမှာ ဇာတ်လမ်းကို ပြန်သတိရသွားပြီး ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေလိုက်လေသည်။
"ရှုရှု၊ အဲကွန်းက မပျက်ပါဘူး၊ ရှုရှုက ရင်ခုန်နေတာပဲ"
Zawgyi
ရွီမိသားစုအိမ္ေတာ္တြင္
ရွီးေဝတစ္ေယာက္ ထမင္းစားစားပြဲေပၚတြင္ လုံးဝစိတ္မရွိတဲ့ ရွီးခဲယြဲ႕ ကို ၾကည့္လိုက္ၿပီး သူမရဲ႕မ်က္ လုံးမ်ားမွာ စိုးရိမ္ပူပန္လာေတာ့သည္။ "ေရွာင္ယြဲ႕ ၊ အမ္ ဒီရက္ပိုင္း ဘာမွမျဖစ္ဘူးမလား?"
ရွီးခဲယြဲ႕ မေန႔ေန႔လည္ အိမ္ျပန္ေရာက္ကတည္းက သူ႔အခန္းထဲမွာ ပိတ္ေနၿပီး ဘာမွ ေကာင္းေကာင္းမစားရေသးေပ။
"......ဘာကိုလဲ?"
ရွီးခဲယြဲ႕ တျဖည္းျဖည္း အသိစိတ္ျပန္ေရာက္လာၿပီး ေကာ္ဖီခြက္ကို ေကာက္ကိုင္လိုက္ကာ
"အဆင္ေျပပါတယ္၊ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က အေအးမိသြားလို႔ ဒါေပမယ့္ အခုေတာ့ ျပန္ေကာင္းလာပါၿပီ"
"အဆင္ေျပလို႔ ေတာ္ေသးတာေပါ့"
ရွီးေဝ ခဏရပ္လိုက္ၿပီး သူမရဲ႕ ေလသံက ဆုံးမသည့္ အရိပ္အႁမြက္မ်ားျဖင့္ေျပာလာေလသည္။ "မင္းကို ၾကည့္ပါအုံး၊ မင္း ဒီရက္ပိုင္း ကုမၸဏီကိုလည္း မသြားဘူး။ ကံေကာင္းလို႔ မင္းအဘိုးနဲ႔အေဖက မစၥတာဝူရဲ႕ ေမြးေန႔ပြဲ ဂုဏ္ျပဳဖို႔ လင္းျပည္နယ္ကို သြားလို႔ေပါ့။ မဟုတ္ရင္ မင္းကို ဒီလိုအေျခအေနနဲ႔ ျမင္ၾကရင္ သူတို႔က မေက်မနပ္ျဖစ္ေနၾကအုံးမွာ။"
မစၥတာဝူက လူအိုႀကီးရွီရဲ႕သူငယ္ခ်င္းေဟာင္းတစ္ ဦးျဖစ္ၿပီး သူ႔မိသားစုက သစ္သားပန္းပု႐ုပ္တုလုပ္ ငန္း လုပ္ကိုင္ၾကကာ အဆက္အသြယ္မ်ားေပါမ်ားလွသည္။
အခုတစ္ႀကိမ္တြင္ လူအိုႀကီးရွီ လင္းျပည္နယ္သို႔ အေျပးအလႊားသြားခ်င္သည္မွာ တစ္ဖက္လူက ရွီမိသားစုရဲ႕ အေျခအေနအရပ္ရပ္ကို ၾကားသိရၿပီး ေငြေၾကးအကူအညီေပးရန္ ဆႏၵရွိေသာေၾကာင့္ပင္။
ရွီးခဲယြဲ႕ ျပန္မေျဖဘဲ တိတ္တိတ္ဆိတ္ဆိတ္ပဲေကာ္ဖီ သာေသာက္လိုက္သည္။
ရွီးေဝက ဆက္ေျပာလာသည္ "ေရွာင္ယြဲ႕၊ ရွီမိသားစု အခုအခ်ိန္ အက်ပ္အတည္းကေန လြတ္ေျမာက္ဖို႔ အလားအလာ ေတာ္ေတာ္မ်ားတယ္။အဘိုးနဲ႔ မင္းအေဖက မင္းကို ကုမၸဏီ ေခ်ာေခ်ာခ်ဴခ်ဴလႊဲေပးႏိုင္ေအာင္ မင္းပိုႀကိဳးစားရမယ္။ အဲ့ ရွီယြင္နန္ဆိုတဲ့ အေကာင္ကေတာ့ ဒီမိသားစုကို ထားသြားၿပီ......"
— ဘန္း
ရွီးခဲယြဲ႕သည္ ရွီယြန္နန္ ဆိုေသာ နာမည္ကို ၾကားလိုက္ရတာနဲ႔ သူ႔မ်က္ႏွာက ခ်က္ခ်င္း ပ်က္သြားကာ
"ကြၽန္ေတာ့ေရွ႕မွာ သူ႔အေၾကာင္း မေျပာနဲ႔"
သူက ေကာ္ဖီခြက္ကို စားပြဲေပၚကို ခ်က္ျခင္းအၾကမ္းပတမ္း တင္လိုက္ေတာ့ ေကာ္ဖီပူပူေလးက သူ႔လက္ေပၚ စင္သြားကာ အနည္းငယ္ နာက်င္သြားေလသည္။
ရွီးေဝတစ္ေယာက္ သူမစကားမဆုံးခင္ ထိုအသံေၾကာင့္ စကားျပတ္သြားေတာ့ ႏွစ္စကၠန႔္ေလာက္ မွင္တက္သြားေတာ့သည္။
"သားေလး ဘာျဖစ္တာလဲ?"
"မား၊ မားေျပာဖို႔ မလိုဘူး၊ ကြၽန္ေတာ္ စိတ္ထဲမွာ သိၿပီးသား"
ရွီးခဲယြဲ႕ ေဘးနားရွိ wet tissueကို ေကာက္ကိုင္ကာ လက္ကို သုတ္လိုက္သည္။ သူထၿပီး အိမ္အျပင္ကို ျဖည္းျဖည္းခ်င္း ထြက္လာခဲ့လိုက္သည္။
ရွီးေဝ မေက်မနပ္မ်က္ေမွာင္ၾကဳတ္ကာ ထြက္သြားသည့္ သူ႔ေနာက္ေက်ာကို ၾကည့္လိုက္ရင္း
"ဒီကေလးက လူႀကီးေတြေျပာတာကို နားမေထာင္ ေတာ့ပါလား။ ငါက မင္းအေမပါ ငါ့စကားေတြက မင္းကို ဒုကၡျဖစ္မွာမို႔လို႔လား?"
...
ရွီးခဲယြဲ႕ ကားထဲသို႔ဝင္ကာ တံခါးကို ျပင္းျပင္းထန္ ထန္ပိတ္လိုက္ေသာ္လည္း သူ႔စိတ္ထဲက ေဒါသကို ေတာ့ မေျဖေဖ်ာက္ႏိုင္ေပ။
လြန္ခဲ့တဲ့ ေလးရက္က သူ႔ကိုယ္ပိုင္ႏိုက္ကလပ္မွာ ရွီယြင္နန္ ႀကံစည္တာခံခဲ့ရတယ္။ ေဆးအာနိသင္က အျမန္ အက်ိဳးသက္ေရာက္လာေတာ့ အကူအညီေတာင္းဖို႔လည္း အခ်ိန္ေႏွာင္းသြားခဲ့တယ္။
သူ သတိလစ္မသြားခင္ လူတစ္ေယာက္ရဲ႕ ရင္ခြင္ ထဲကို လဲက်သြားခဲ့တယ္။
အလိုဆႏၵမီးလွ်ံက မူလပင္ကိုယ္ဗီဇကို ေမြးထုတ္ ေပးေတာ့ ရွီးခဲယြဲ႕ ရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့ဦးေႏွာက္ဟာ ဆင္ျခင္တုံတရားကို မထိန္းသိမ္းႏိုင္ေတာ့ပဲ ဒီရႈပ္ ေထြးတဲ့အေျခအေနမွာ သူအျခားသူတစ္ေယာက္နဲ႔ အိမ္ခဲ့မိသြားတယ္။
ေနာက္ေန႔ေန႔လည္ အိပ္ရာက ႏိုးလာခ်ိန္မွာေတာ့ သူ႔တစ္ကိုယ္လုံးက နာက်င္ေရာင္ရမ္းေနၿပီးအနီေရာင္ အမွတ္ေတြနဲ႔ ပြန္းပဲ့ဒါဏ္ရာေတြဟာတစ္ကိုယ္လုံးရွိေနကာ ေကာင္းတဲ့ ေနရာဆိုလို႔ တစ္ေနရာမွ မက်န္ ေတာ့ေပ။
ၿပီးေတာ့ သူ႔အတြက္ လက္ခံဖို႔ အခက္ခဲဆုံးအရာထက္ေတာင္ ပိုလြန္ကဲေနေသးတယ္!!
ဒီအေၾကာင္းကို သူပိုေတြးေလ၊ ရွီးခဲယြဲ႕ ပိုေဒါသထြက္ ဍေလေလပဲ။ ထို႔ေၾကာင့္ သူရဲ႕ အဆင္မေျပသည့္စိတ္ကို ကားအရွိန္ကိုျမႇင့္၍သာ ထြက္ေပါက္ရွာလိုက္ေတာ့သည္။
မိနစ္ႏွစ္ဆယ္အၾကာတြင္ ကားက ရွီလုပ္ငန္းရဲ႕ သီးသန႔္ပါကင္ေနရာတြင္ ရပ္သြားခဲ့သည္။ ရွီးခဲယြဲ႕ တံခါးကိုဖြင့္ၿပီး ကားေပၚမွမဆင္းမီတြင္ ဖုန္းဝင္လာ၏။
ဖုန္းေခၚဆိုသူ နာမည္မွာ ႏိုက္ကလပ္မန္ေနဂ်ာ ေရွာင္က်ိဳးျဖစ္ေလသည္။
"ဟယ္လို"
"ယြဲ႕ေကာ ေနာက္ဆုံးေတာ့ မင္းကို ဖုန္းဆက္လို႔ရၿပီ! ဒီရက္ေတြ ဘယ္ေတြေရာက္ေနတာလဲ? ဖုန္းေကာက ေကာကို အေသရွာေနတာ!" ေရွာင္က်ိဳးရဲ႕ စကားသည္ ျမန္ၿပီး သူ႔အသံမွာ အလြန္စိုးရိမ္ေနပုံပင္။
"ငါ့ကိုဘာလို႔ရွာေနတာလဲ?"
ေရွာင္က်ိဳးအသက္ကို အသက္ရႈသြင္းလိုက္ၿပီး "ယြဲ႕ေကာ! အေရးႀကီးတဲ့ ကိစၥတစ္ခုရွိေသးတယ္။မေတာ္တဆမႈတစ္ခုေၾကာင့္ ႏိုက္ကလပ္ကို ပိတ္လိုက္ရၿပီ၊!"
"ဘာ?" ရွီးခဲယြဲ႕ မ်က္ေမွာင္ၾကဳတ္ၿပီး လန႔္သြားသည္။
ထိုႏိုက္ကလပ္က သူ႔ရဲ႕အတည္တက် ရင္းႏွီးျမဳပ္ႏွံမႈ ၀င္ေငြျဖစ္သည္၊ သူက ဥပေဒနဲ႔မညီတဲ့ အေရာင္းအ၀ယ္အခ်ိဳ႕ လုပ္ခဲ့ၿပီး သူ႔ရဲ႕ အဆက္အသြယ္ မ်ားကို ေကာင္းမြန္စြာ ထိန္းသိမ္းထားသည္။ ဘယ္လိုလုပ္ ဒီေလာက္နဲ႔ ပိတ္သြားႏိုင္မွာလဲ?
"ေလာင္ဖုန္း ဘယ္မွာလဲ ?ေျဖရွင္းဖို႔ တစ္ေယာက္ ေယာက္ကို ရွာထားလား?"
"ေဘာ့စ္ ကို ဒီမနက္ အေစာႀကီး ရဲေတြေခၚသြားတယ္!!" ေရွာင္က်ိဳးက ေနာက္ထပ္သတင္းဆိုးထပ္ ေပးလိုက္သည္။
ရွီးခဲယြဲ႕ မ်က္ႏွာက ႐ုတ္တရက္ အက်ည္းတန္သြားၿပီး သူ႔အသက္ရွဴသံက အနည္းငယ္ ျမန္လာေတာ့သည္။ အမည္ခံသူေဌးေလာင္ဖုန္းကိုေတာင္ရဲေတြက ဖမ္းေခၚသြားတယ္ ၊ ဒါျဖစ္ႏိုင္ရဲ႕လား....
႐ုတ္တရက္ ကားျပတင္းေပါက္ကို ေခါက္လာၿပီး အျပင္ဘက္တြင္ ေလးနက္ေသာ အၾကည့္ျဖင့္ လူသုံးေယာက္ ရပ္ေန၏။
"......"
ဖုန္းထဲက ေရွာင္က်ိဳးကေတာ့ အရာအားလုံးကို စိတ္အားထက္သန္စြာ ရွင္းျပေနေသးသည္။ ႐ုတ္တရက္ ရွီးခဲယြဲ႕ စိတ္မသက္မသာ ခံစားလိုက္ရၿပီး သူ႔မ်က္ႏွာမွာ အနည္းငယ္ ျဖဴေဖ်ာ့သြားေတာ့သည္။
ကားျပတင္းေပါက္အျပင္ဘက္မွာ အရပ္ဝတ္နဲ႔ရဲက သူ႔ရဲ႕ ID ကိုထုတ္လိုက္ၿပီး "မင္းက ရွီးခဲယြဲ႕မလား? မင္း FYUE ႏိုက္ကလပ္ရဲ႕ s*x အေရာင္းအ၀ယ္ကိစၥေတြမွာ ပါဝင္ပတ္သက္ေနတယ္လို႔ သံသယရွိတယ္။ ေက်းဇူးျပဳၿပီး ကားေပၚကေန အျမန္ဆင္းေပးပါ။ ရဲစခန္းမွာ စုံစမ္းဖို႔ ကြၽန္ေတာ္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးပါ။"
ရွီးခဲယြဲ႕က သူ႔တည္ၿငိမ္မႈကို ေသခ်ာမထိန္းႏိုင္ ေတာ့ေပ။ သူက ဖုန္းကိုခ်ၿပီး ျပတင္းေပါက္ကိုဖြင့္ လိုက္ကာ
"ရဲမႉး လူမွားေနတာမ်ားလား?ကြၽန္ေတာ္က အၿမဲတမ္း..."
ရဲမ်ားက သူ႔စကားကို ျပတ္ျပတ္သားသား ေႏွာင့္ ယွက္လိုက္သည္။ "ေက်းဇူးျပဳၿပီး ပူးေပါင္းေဆာင္ ႐ြက္ေပးပါ။ ကားေပၚကေန ခ်က္ျခင္းထြက္လာပါ! မဟုတ္ရင္ ငါတို႔ အတင္းအၾကပ္ အေရးယူရလိမ့္မယ္!"
"......"
ရွီးခဲယြဲ႕ရဲ႕ ဟန္ေဆာင္ထားသည့္ႏူးညံ့ေသာ အၿပဳံးက သူ႔မ်က္ႏွာေပၚတြင္ ေအးခဲသြားေသာ္လည္း ရဲမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ ကားေပၚမွ ဆင္းလာခဲ့လိုက္သည္။
တစ္ပတ္အၾကာတြင္
ရွီယြင္နန္ သူ႔လက္ထဲတြင္ ေရာက္ရွိလာေသာ ရည္႐ြယ္ထားသည့္ လႊဲေျပာင္းစာတစ္ေစာင္ကို ကိုင္ေဆာင္ကာ ေပ်ာ္႐ႊင္မႈ အရိပ္အႁမြက္မ်ားထြက္ေပၚလာေတာ့သည္။ သူ႔ရဲ႕ေပ်ာ္႐ႊင္မႈကို ေဝမွ်ဖို႔ သူ႔ဖုန္းကို ထုတ္ကာ သူ႔သူငယ္ခ်င္း ဖုက်စ္ယြီဆီ ဖုန္းဆက္လိုက္သည္။
"ေဟ့ သားေလး ဘာကိစၥရွိလို႔လဲ?"
"ေနစမ္းပါ၊ ငါသာ မင္းအေဖ"
ႏႈတ္ဆက္စကားျပန္ေျပာၿပီးေနာက္ ဖုက်စ္ယြီက အတည္တက်စီးပြားေရးလုပ္ငန္းကို စိတ္အားထက္ သန္စြာေျပာေလသည္ "ငါ့မွာေသခ်ာတဲ့သတင္းတစ္ ခုရွိတယ္၊ ဒါကငါ့အတြက္ေတာ့နည္းနည္းဝမ္းနည္းစရာေကာင္းေပမယ့္ မင္းအတြက္ေတာ့သတင္းေကာင္းျဖစ္ေလာက္မယ္၊ မင္းၾကားခ်င္လား?"
"တိုက္ဆိုင္လိုက္တာ၊ ငါ့မွာလည္း သတင္းေကာင္းရွိတယ္" ရွီယြင္နန္က အိမ္ကို တကၠစီစီးလာကာ
"မင္းအရင္ေျပာ"
"အတြင္းေရးအေရာင္းအ၀ယ္ေတြေၾကာင့္ FYUE Club ကို ရဲေတြက လုံးဝပိတ္လိုက္ၿပီ။ ပိုင္ရွင္ဖုန္းေကာကို ရဲစခန္းက ဖမ္းသြားၿပီ။ မၾကာခင္လူသိရွင္ ၾကား စီရင္ခ်က္ခ်မွာတဲ့။ အေျခအေနကေတာ္ေတာ္ ဆိုးတယ္လို႔ ၾကားတယ္။"
"မထူးဆန္းေတာ့ပါဘူး..."
ရွီယြင္နန္ သူ႔လက္ထဲက စာခ်ဳပ္ကို တစ္ခ်က္ၾကည့္ လိုက္ၿပီး "ဒီေလာက္ေတာင္ ေကာင္းေနတာကို ဘာလို႔ ႐ုတ္တရက္ သိမ္းသြားတာလဲ? တစ္ေယာက္ ေယာက္က သတင္းေပးလိုက္တာလား?"
တိုက္ဆိုင္စြာပင္၊ သူသက္ေသေတြမရခင္ တစ္ ေယာက္ေယာက္ကလုပ္သြားတာလား?
ဖုက်စ္ယြီ ေလခြၽန္လိုက္ၿပီး "မင္းေက်းဇူးေတြေၾကာင့္ေလ"
"ငါ?" ရွီယြင္နန္ မေရမရာျဖစ္သြားသည္။
"အဲဒီေန႔ မင္းနဲ႔ ရွီးခဲယြဲ႕ အေလာင္းအစားလုပ္ၿပီး ေဖာက္သည္ေတြကို ညမွာ အလကားေသာက္ခြင့္ ေပးခဲ့တယ္ေလ၊ လူတိုင္းက အရက္ေတြကို အေသမွာကုန္ၾကေရာ။အဲဒီညက သုံးစြဲမႈ ပမာဏက ေခါင္ မိုးေပၚထက္ေတာင္ ေက်ာ္သြားတယ္တဲ့၊ ၿပီးေတာ့ မွန္းၾကည့္...."
ရွီယြင္နန္ အေျဖကို ခန႔္မွန္းမိေသာ္လည္း မေျပာလိုက္ေပ။
"ရွီးခဲယြဲ႕က ရႈံးၿပီးေတာ့ေပ်ာက္သြားတယ္။ ေငြရွင္းဖို႔အခ်ိန္ေရာက္ေတာ့ ႏိုက္ကလပ္မွာရွိတဲ့ မန္ေနဂ်ာေတြနဲ႔ စားပြဲထိုးေတြက စားေသာက္တဲ့ ေဖာက္သည္ ေတြပဲ ေတြ႕တယ္ေလ..."
ယင္းက ခ်က္ခ်င္းပင္ လူထုေဒါသကို ႏႈိးဆြခဲ့သည္။
အေျခအေနကို အခြင့္ေကာင္းယူလို႔ရမယ္လို႔ သူတို႔ထင္ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ အမ်ားႀကီးသုံးၿပီး သူတို႔ကိုယ္တိုင္ ေငြရွင္းရေတာ့မွာလား? လုံးဝမရဘူး!
ဒါက ႏိုက္ကလပ္ႏွင့္ ရွီးခဲယြဲ႕ ပူးေပါင္းႀကံစည္ၿပီး သူတို႔ အလြန္အကြၽံေသာက္ဖို႔သာ ဆြဲေဆာင္တာ ျဖစ္မယ္လို႔ အရက္ကို ျဖဳန္းတီးေနသူအခ်ိဳ႕က ခ်က္ခ်င္း ထင္သြားၾကေတာ့သည္။
တျဖည္းျဖည္းနဲ႔ ႏွစ္ဘက္က အႀကီးအက်ယ္ ျငင္းခုံမႈေတြ ရွိလာခဲ့ေလသည္။
"ခ်ီရွီပြဲေတာ္ဆိုေတာ့ ေဖာက္သည္ေတြ အမ်ားႀကီးရွိတာကိုလည္း မင္းျမင္တာပဲ၊ ျငင္းခုံၿပီးေတာ့ ရန္ျဖစ္ ၾကေရာ၊ အဲ့ေတာ့ ပိုၿပီး ဖ႐ိုဖရဲျဖစ္သြားတယ္။ လူ တစ္ဒါဇင္ေက်ာ္ ဒဏ္ရာရသြားတယ္တဲ့။ေနာက္ပိုင္း ဒဏ္ရာရတဲ့သူေတြရဲ႕ မိသားစုဝင္ေတြက နစ္နာေၾကးေပးဖို႔ ႏိုက္ကလပ္ကို ဆႏၵျပေတာင္းဆိုၾကေရာတဲ့။"
ဖူက်စ္ယြီသည္ ခဏရပ္လိုက္ၿပီး အနည္းငယ္ စိတ္ရႈပ္သြားသည္။
"ဒါေပမယ့္ ဒါက ေငြနည္းနည္းနဲ႔ ဒီလိုကိစၥမ်ိဳးကို ဖုံးလိုက္လို႔ရတာပဲ။ အတြင္းေရးအေရာင္းအ၀ယ္ကိစၥနဲ႔ ပတ္သက္ၿပီး ရဲေတြက ဘယ္လို သိသြားတာလဲ?"
ထို အထူးေငြေပးေငြယူမ်ားက အေျခခံအားျဖင့္ ရႈပ္ေထြးတဲ့ ေဖာက္သည္ဆက္ဆံေရးျဖစ္ကာ ႏိုက္ ကလပ္ေတြက ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့အခါတိုင္း ႀကိဳတင္သတိထားေတာ့ ဆယ္ရက္ ဒါမွမဟုတ္ တစ္လခြဲေလာက္ၾကာေတာင္ သူတို႔ကို ျဖဳတ္ခ်ႏိုင္ မည္မဟုတ္ေပ။
ဒီတစ္ခါ အရွိန္က ျမန္လြန္းေတာ့ သူေဌးဖုန္း က ေျဖရွင္းဖို႔ လုံးဝ အခ်ိန္မရွိမွာကိုေတာင္ သူစိုးရိမ္မိတယ္။
"ဘာပဲျဖစ္ျဖစ္ ရွီးခဲယြဲ႕ကသာ ေနာက္ကြယ္က သူေဌးလို႔ မင္းေျပာခဲ့တာမလား? ဒီတေခါက္ ႏိုက္ ကလပ္ ၿပိဳက်သြားၿပီဆိုေတာ့ သူလည္းထိမွာပဲ။ မင္းအတြက္ ေကာင္းတဲ့ကိစၥမဟုတ္ဘူးလား?"
ရွီယြင္နန္ သူ႔ပါးစပ္ေထာင့္ကို ျမႇင့္လိုက္ကာ သူကဂ႐ုမစိုက္ေပ။ "မတရားလုပ္တဲ့သူက ဖ်က္စီးခံရမွာပဲ။ ရွီးခဲယြဲ႕ ဘာပဲျဖစ္ေနျဖစ္ေန ဒါက သူ႔အမွားပဲေလ၊ငါနဲ႔ ဘာဆိုင္လို႔လဲ? "
ဖုက်စ္ယြီ ၿပဳံးကာေမးလိုက္ေလသည္။ "ဒါနဲ႔ မင္းငါ့ကို ဘာသတင္းေကာင္းေျပာခ်င္တာလဲ?"
ရွီယြင္နန္ သူအႏိုင္ရရွိထားတဲ့ လႊဲစာတစ္ေစာင္ကို ဓာတ္ပုံ႐ိုက္ကာ သူ႔သူငယ္ခ်င္းရဲ႕ WeChat အေကာင့္ကို ပို႔လိုက္သည္။
"ၾကည့္၊ ငါအင္ပါယာၿမိဳ႕ေတာ္ ႐ုန္ရွင္းခ႐ိုင္မွာ ႏိုက္ ကလပ္တစ္ခု ရထားတယ္။ မင္းစိတ္ဝင္စားလား?"
မိနစ္ဝက္ေလာက္ၾကာေတာ့ ဖုန္းရဲ႕တစ္ဖက္က ဖုက်စ္ယြီ ထိတ္လန႔္တုန္လႈပ္စြာ ေအာ္ဟစ္လာေတာ့ သည္။
"မင္း၊ မင္း... မင္း ဒီႏိုက္ကလပ္လႊဲေျပာင္းစာဘယ္ လိုရခဲ့တာလဲ? ငါမွတ္မိတာက ဒီႏိုက္ကလပ္က စက္တင္ဘာမွ တရားဝင္ဖြင့္မယ္လို႔ ေၾကညာခဲ့တာလားလို႔?"
တရားဝင္မဖြင့္လွစ္မီ တစ္လလိုေသးေတာ့ ျပဳျပင္မြမ္းမံမႈေတြ လုပ္ေနရမွာေလ။ ႐ုတ္တရတ္ ဘယ္လို လုပ္လႊဲေျပာင္းႏိုင္မွာလဲ?
"ဒီေကာင္းတဲ့ဟာကိုရထားလို႔ ကံေကာင္းတယ္လို႔ ေတြးစမ္းပါ။ ဆိုင္က အျမန္လႊဲဖို႔ လိုေနတယ္လို႔ ၾကားလို႔ ေအးဂ်င့္ကို အကူအညီေတာင္းၿပီး စုံစမ္းခိုင္းလိုက္တာ။"
ရွီယြင္နန္ ဒါကို ဖုံးကြယ္မထားဘဲ အစကတည္းက ဖုက်စ္ယြီနဲ႔ ေဆြးေႏြးဖို႔ စီစဥ္ထားသည္။
"ငါ စုံစမ္းဖို႔ ေအးဂ်င့္ကို ေမးေတာ့၊ ဒီႏိုက္ကလပ္ကို လႊဲေျပာင္းတဲ့သူက ေလာင္ဖုန္း ဇနီးတဲ့။ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ အခုမွျပင္ေနတဲ့ ဒီႏိုက္ကလပ္က ေလာင္ဖုန္း ရင္းႏွီးျမဳပ္ႏွံမႈေတြထဲက တစ္ခုပဲ။"
ေလာင္ဖုန္း တစ္ခုခုျဖစ္သြားႏိုင္ေခ်ရွိေတာ့ သူ႔ဘဏ္ပိုင္ဆိုင္မႈေတြကို ရဲေတြက ယာယီပိတ္သိမ္းလိုက္တာပါပဲ။ အဲဒါေၾကာင့္ သူ႔မိန္းမက ဒီပစၥည္းကို ပိုက္ဆံနဲ႔ လဲပစ္ဖို႔ စိတ္အားထက္သန္ေနၿပီး ခင္ပြန္းျဖစ္သူကို ရဲစခန္းကေန ထုတ္ဖို႔ ေနာက္ကြယ္က အဆက္အသြယ္ေတြအတြက္ ဒီေငြကိုသုံးခ်င္လို႔ပင္။
"ဒီေန႔ေန႔လည္ တစ္ဖက္လူနဲ႔ သေဘာတူညီခ်က္တခုကို ယာယီေရးၿပီး စေပၚေငြေပးခဲ့တယ္။ ငါ မင္းကိုေခၚၿပီး ေဆြးေႏြးဖို႔ စဥ္းစားေနတာ။"
"မင္းဆိုလိုတာက ငါနဲ႔ အတူ ဒီႏိုက္ကလပ္ကို လည္ ပတ္ခ်င္တာလား?"
"မင္းအေဖက မင္းကို အိမ္ျပန္လာခိုင္းၿပီး အလုပ္ လုပ္ေစခ်င္တာမဟုတ္ဘူးလား? ဒီဟာထက္ ဘယ္ အလုပ္ကမ်ား မင္းနဲ႔ ကိုက္မွာမို႔လို႔လဲ?" ရွီယြင္နန္ ေတြးၿပီးရင္း ေတြးေနခဲ့တယ္။
FYUE ႐ုတ္တရက္ ၿပိဳက်သြားၿပီး ဒီႏိုက္ကလပ္က ေဖာက္သည္ေတြက စားေသာက္ဖို႔ ေနရာအသစ္ ေတြရွာဖို႔ ႀကိဳးစားၾကမွာပဲ။ ၿမိဳ႕တြင္ ဘားမ်ားႏွင့္ ႏိုက္ကလပ္မ်ားစြာရွိေသာ္လည္း ေနရာႀကီးမားတဲ့ ႏိုက္ကလပ္မ်ားမရွိေပ။
ဒီအခ်ိန္ FYUE အစားထိုး ႏိုက္ကလပ္ႀကီးတစ္ခုဖြင့္ ႏိုင္လွ်င္ ေငြမ်ားစြာရႏိုင္မည္ျဖစ္သည္။
"က်ိန္းေသ ငါစိတ္ဝင္စားတာေပါ့!" ဖုက်စ္ယြီလည္း အက်ိဳးအေၾကာင္းကို နားလည္သြားၿပီး ခ်က္ခ်င္း ျပန္ေျဖလာသည္။
"ဒါေပမယ့္ ငါမင္းကို ႀကိဳေျပာထားမယ္။ ငါ့မွာ ႏိုက္ ကလပ္စီမံခန႔္ခြဲဖို႔ မင္းလိုမကြၽမ္းက်င္ဘူး။ ေရွ႕ေလွ်ာက္ မင္းဘယ္လို လည္ပတ္ခ်င္လဲဆိုတာကို ငါ့ကို ေျပာလို႔ရတယ္၊ဒါေပမယ့္ တရားမ၀င္အေရာင္းအ၀ယ္ေတာ့ မျဖစ္ရဘူး။
ဖုက်စ္ယြီ: "အဓိပၸာယ္မရွိတာ! ငါကတရားမွ်တၿပီး တရားဥပေဒကို လိုက္နာတဲ့ ႏိုင္ငံသားတစ္ေယာက္ ပါေနာ္။"
သူတို႔ႏွစ္ေယာက္က တူၿပီး မဆင္မျခင္ အထိန္းအကြပ္မဲ့တဲ့ ပုံေပါက္ၾကေသာ္လည္း တကယ္တမ္းတြင္ သူတို႔ႏွစ္ဦးစလုံးဟာ သူတို႔ရဲ႕ အေသြးသားမ်ားထဲတြင္ ကိုယ္က်င့္တရားနဲ႔ပတ္သတ္သည့္ အေျခခံအခ်က္ကို အခိုင္အမာ စြဲကိုင္ထားၾကၿပီး လက္မဝက္ေလာက္ေတာင္ မက်ဴးလြန္ၾကေပ။
"ဒါဆို၊ သက္ဆိုင္ရာ အဆက္အသြယ္အားလုံးကို မင္းဆီ ပို႔ေပးလိုက္မယ္၊ ေနာက္ဆက္တြဲကိစၥေတြကေတာ့ မင္း တာဝန္ယူရမယ္။ ပိုက္ဆံလိုရင္ ႏွစ္ရက္ အတြင္း ငါျပင္ဆင္ေပးမယ္။"
ရွီယြင္နန္က ေပါက္ကရ စကားကိုမေျပာေပ။ "ဒီႏိုက္ကလပ္က ေလာင္ဖုန္း မိန္းမရဲ႕ နာမည္ေအာက္ မွာဆိုေတာ့ ႀကီးႀကီးမားမား ျပႆနာမရွိသင့္ဘူး။ ဥပေဒအရ ငါတို႔က တရားဝင္ပိုင္ဆိုင္ထားေပမယ့္ ေနာက္ဆက္တြဲအျငင္းပြါးတာေတြက ျဖစ္ႏိုင္ေခ်ရွိႏိုင္တယ္..."
"စိတ္မပူပါနဲ႔ ဒီလိုကိစၥမ်ိဳးကို ငါကိုင္တြယ္ႏိုင္ပါတယ္"
"ေကာင္းၿပီ။"
ႏွစ္ေယာက္ စကားစျမည္ေျပာၾကၿပီးေနာက္ ေလာ့အိမ္ယာ အျပင္ဘက္တြင္ တကၠစီရပ္ေတာ့ရွီယြင္နန္ ဖုန္းခ်လိုက္သည္။
ေနာက္က်ေနၿပီ၊ ေနဝင္ခ်ိန္က ေကာင္းကင္တဝိုက္္ မွာအနီေရာင္ေတာက္ေတာက္ျဖင့္ ေတာက္ပေန၏။
ရွီယြင္နန္ အိမ္သို႔ ျပန္ေရာက္သည္ႏွင့္ ေ႐ႊငါးေလးက ေျပးလာၿပီး သူ႔ေပါင္ကို ေပြ႕ဖက္လာသည္။ ကေလးေလးလို ျပဳမူရင္း သူ႔ေခါင္းကို ေမာ့ကာ
"ေရွာင္ရႈရႈ ေန႔လည္တုန္းက ဘယ္သြားေနတာလဲ?သားအရမ္း လြမ္းေနတာ။"
"ေရွာင္ရွဴရွဴကို လြမ္းတာလား? ဒါမွမဟုတ္ အရသာရွိတဲ့ဟာ ဝယ္ေကြၽးေစခ်င္တာလား?" ရွီယြင္နန္ ငုံ႔ၿပီး သူ႔ပါးေပ်ာ့ေပ်ာ့ေလးကို ညႇစ္လိုက္ကာ အသီးေဖ်ာ္ရည္ကို သူ႔လက္ထဲ ထည့္ေပးလိုက္သည္။
"ေရာ့"
ေ႐ႊငါးေလးက ဘူးကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္ၿပီး ေပ်ာ္႐ႊင္မႈမ်ားက သူ႔မ်က္ႏွာအႏွံ႔ ပြင့္လန္းေနေလသည္။
ပုလင္းအဖုံးကို ဘယ္လိုလွည့္ျဖဳတ္ရမလဲဆိုတာ မသိေသးခင္ ေလာ့လင္းရွန္းက ေအာက္ထပ္သို႔ ဓာတ္ေလွကားစီးလာ၏။
"က်င္းယြီ ၊ ေျပာထားတာကို ေမ့သြားၿပီလား?"
"ရႈရႈ..." ေ႐ႊငါးေလးက ႐ုတ္တရက္ ဣေျႏၵရသြားေတာ့သည္။
ေလာ့လင္းရွန္းက သူ႔ကို တင္းတင္းက်ပ္က်ပ္ ဆုံးမထား၏။ သူ႔အစားအေသာက္ကို ဂ႐ုစိုက္ဖို႔ အေစခံေတြကိုေတာင္ ေျပာခဲ့ေသးသည္။
သူ႔ႀကီးထြားမႈအတြက္ လိုအပ္တဲ့ ႏြားႏို႔မွလြဲ၍ အျခားအခ်ိဳရည္မ်ား၊ သၾကားလုံးမ်ားႏွင့္ အဆာေျပမ်ားကို လုံးဝမထိခိုင္းေပ။
ေ႐ႊငါးေလး အေအးေသာက္ဖို႔ တြန႔္ဆုတ္ေနၿပီး အကူအညီေတာင္းရန္ ရွီယြင္နန္ ကိုလွည့္ၾကည့္လိုက္သည္။
"ေရွာင္ရႈရႈ"
"မေၾကာက္၊ နဲ႔ ေရွာင္ရႈရႈက မင္းကို ကာကြယ္ေပးမယ္။"
ရွီယြင္နန္က ကေလးကို သူ႔ေနာက္ပို႔လိုက္ၿပီး ေလာ့လင္းရွန္းကို ၿပဳံးျပကာ
"ဒီအသီးေဖ်ာ္ရည္က သန႔္ရွင္းၿပီး သဘာဝအတိုင္း ပါ၊ ပုလင္းတစ္ဝက္ေလာက္ ေသာက္လို႔ေတာ့ရပါတယ္။"
"......"
ေလာ့လင္းရွန္း အႀကီးေလးနဲ႔ အေသးေလးရဲ႕ အၾကည့္ကို ေတြ႕ေတာ့ စကၠန႔္အနည္းငယ္အၾကာတြင္ သူက အသံတိုးတိုးနဲ႔ အေလ်ာ့ေပးလိုက္သည္။
"ထမင္းစားခ်ိန္ေရာက္ေနၿပီ၊ ညစာစားၿပီးရင္ ေသာက္။"
ေ႐ႊငါးေလးက သူ႔အေျဖကိုရေတာ့ ဝမ္းသာအားရျဖစ္ကာ အၿမီးေလးေတာင္ ခါလုမတတ္ပင္။
"ေ႐ႊငါးေလး မင္းေသာက္ရင္ မင္းရႈရႈကိုလည္း တစ္ခြက္ေပးဖို႔ မေမ့နဲ႔ေနာ္"
ရွီယြင္နန္ ကေလးႏွင့္ စကားေျပာရန္ ကိုယ္ကိုကိုင္းထားေသာ္လည္း သူက ေလာ့လင္းရွန္းကို စိုက္ၾကည့္ေန၏။ တစ္ဖက္လူထင္ထားသည့္အတိုင္း သူက ေနာက္ေျပာင္လိုက္သည္။ "မဟုတ္ရင္ မင္းေသာက္တာကို မင္းရႈရႈက မနာလိုျဖစ္ေနလိမ့္မယ္"
"ဟုတ္ကဲ့ပါ"
ေလာ့လင္းရွန္း သူ႔ရဲ႕ဝီးခ်ဲလ္ကို ပဲ့ကိုင္လိုက္ၿပီး အနားကပ္ကာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"မင္းဘယ္သြားတာလဲ?"
"ကိုယ္ေရးကိုယ္တာကိစၥေတြကို လုပ္ေနတာပါ။"
ရွီယြင္နန္ သူ႔လက္ထဲက လႊဲေျပာင္းစာကို ခါယမ္းလိုက္ၿပီး ေလာ့လင္းရွန္းနားသို႔ ကပ္လိုက္ကာ"ကြၽန္ ေတာ္ ခင္ဗ်ားရဲ႕ ေလာ့မိသားစုထဲကိုဝင္ၿပီး ျဖဳန္းလို႔မကုန္တဲ့ ဘဏ္ကတ္တစ္ခုရခဲ့ေပမယ့္ ဘဝမွာ
ကိုယ္ကိုယ္တိုင္ ေငြရွာဖို႔ နည္းလမ္းရွာရမယ္ေလ။"
ကြာရွင္းၿပီးရင္ သူ႔ဘာသာသူ ရွင္သန္ရမွာ။
သူ႔ရဲ႕ အဓိကအလုပ္အေနနဲ႔ လက္ဝတ္ရတနာဒီဇိုင္ နာတစ္ေယာက္ျဖစ္ေသာ္လည္း တစ္ဖက္တြင္ အလုပ္တစ္ခုအေနနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈအခ်ိဳ႕ကို ရွာခ်င္ခဲ့သည္။ ဒီတစ္ႀကိမ္မွာေတာ့ သူ႔လက္ေတြကို ေလ့က်င့္ ဖို႔ အခြင့္အေရးရလာၿပီ။
ရွီယြင္နန္ အမွန္အတိုင္း မေျပာလိုက္ေပ။ "တကၠစီသမားက လမ္းမွားသြားတဲ့အတြက္ နည္းနည္းၾကာသြားတာ"
"ကိုယ္ မင္းကို ဒါ႐ိုက္ဘာတစ္ေယာက္ ေပးမယ္၊ ဒီလိုဆို ေနာက္ၾကရင္ မင္းသြားလာရတာပိုလြယ္ သြားလိမ့္မယ္။" ေလာ့လင္းရွန္းက ထိုကိစၥကို ျပန္ သတိရသြားသည္။
ရွီယြင္နန္ ခဏေလာက္စဥ္းစားၿပီး အမွန္အတိုင္း ေျပာလိုက္ေလသည္။ "ကြၽန္ေတာ့္ေနာက္ကို ဒါ႐ိုက္ ဘာလိုက္ေနတာ မႀကိဳက္ဘူး။"
"ျဖစ္ႏိုင္ရင္ မစၥတာေလာ့ ကြၽန္ေတာ့္ကို ကားေသာ့ပဲေပးလို႔ရပါတယ္။ ကားဂိုေဒါင္ထဲမွာ ကားေတြအမ်ားႀကီးရပ္ထားတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အျပင္ထြက္ရတဲ့အခါ ကြၽန္ေတာ့ဘာသာ ေမာင္းလို႔ရပါတယ္။"
ေလာ့လင္းရွန္း ခဏမွ် တိတ္ဆိတ္သြားၿပီး သူ႔ေဘးနားရွိ အိမ္ေတာ္ထိန္းဦးေလးခ်င္ေတာင္ မ်က္လုံးမ်ား ေျပာင္းလဲသြားသည္။
ကိုယ္တိုင္ေမာင္းတာလား။
ဒါက ေခါင္းေဆာင္ရဲ႕စိတ္ထဲမွာ မဖယ္ရွားႏိုင္တဲ့ ေနာက္ထပ္အမာ႐ြတ္တစ္ခုျဖစ္သည္။
ရွီယြင္နန္ ထိုလူရဲ႕ တိတ္ဆိတ္ျခင္းကေန သဲလြန္စအခ်ိဳ႕ကို ခန႔္မွန္းမိသြားေတာ့သည္။ "ေလာ့လင္းရွန္း ေရွ႕ေလွ်ာက္ အျပင္ထြက္ရမယ္ဆိုရင္ ကြၽန္ေတာ္ ခင္ဗ်ားကို ေမာင္းၿပီးပို႔ေပးလို႔ရတယ္ေနာ္။"
သူက မွင္ကဲ့သို႔ နက္ရႈိင္းေသာ ထိုလူရဲ႕ မ်က္လုံးကို ေတြ႕ေတာ့ မေၾကာက္ဘဲ ေလးနက္ေသာ အဓိပၸါယ္ျဖင့္ၿပဳံးကာ
"ကြၽန္ေတာ္က ကားေမာင္းတာ အရမ္းကြၽမ္းတာေနာ္။ စမ္းၾကည့္ခ်င္လား?"
(ကားေမာင္း- s*x)
"......"
ဒါက ဟာသအသုံးအႏႈန္းပင္။
ဟုတ္တာေပါ့၊ တျခားအဓိပၸါယ္အတြက္ကေတာ့ သူက ေနာက္ေနတာပင္။
ေလာ့လင္းရွန္း အသက္ရႈၾကပ္သြားၿပီး "မင္းဘယ္ ဟာပဲလိုခ်င္ခ်င္၊ ေနာက္မွ ကားဂိုေဒါင္ကိုသြားၿပီး မင္းႀကိဳက္တဲ့တစ္ခုကို ေ႐ြးလိုက္။"
ရွီယြင္နန္ ႏႈတ္ခမ္းကို တြန႔္ေကြးကာ မတ္တပ္ထရပ္လိုက္ၿပီး
"ဒါဆို ကြၽန္ေတာ္အခန္းထဲျပန္သြားၿပီး ေရခ်ိဳးလိုက္ ဦးမယ္။ ညစာစားဖို႔ ဆင္းလာခဲ့မယ္။"
"ေကာင္းၿပီ"
ရွီယြင္နန္ရဲ႕ ပုံရိပ္ကပထမထပ္တြင္ အျမန္ ေပ်ာက္ ကြယ္သြားေတာ့သည္။
ေလာ့လင္းရွန္း ရွီယြင္နန္ရဲ႕ တမင္တကာ ဟာသကို ျပန္သတိရသြားၿပီး သိသိသာသာ ပူေလာင္လာေတာ့ သူ႔မ်က္မွန္ကို တြန္းတင္႐ုံမွတပါး မတတ္ႏိုင္ ေတာ့ေပ။
"ဦးေလးခ်င္ အိမ္မွာ အဲကြန္း ပ်က္ေနၿပီလား?"
"မဟုတ္ပါဘူး၊ အၿမဲဖြင့္ထားပါတယ္။" ဦးေလးခ်င္ က အံ့အားသင့္သြားၿပီး "ေခါင္းေဆာင္ ပူလို႔လား?"
ရႈိးကို တိတ္တိတ္ဆိတ္ဆိတ္ၾကည့္ေနေသာ ေ႐ႊငါးေလး တစ္ခုခုကို ႐ုတ္တရက္ ေတြးမိကာေလာ့လင္းရွန္းနားသို႔ ခ်ာခနဲ ႐ြ႐ြေလးေျပးလာလိုက္သည္။
"ရႈရႈ! ေရွာင္ရႈရွဴက ဒီအေၾကာင္းကို ပုံျပင္ထဲမွာ ေျပာျပဖူးတယ္!"
"ဘာကိုလဲ?" ေလာ့လင္းရွန္းခဏတာ နားမလည္ျဖစ္သြားသည္။
ဝံပုေလြႀကီးက ယုန္ျဖဴေလးကို ခ်စ္မိသြားၿပီး ယုန္ျဖဴေလး သူ႔အနားေရာက္လာတိုင္း သူ႔ႏွလုံးခုန္ သံေတြ တဆတ္ဆတ္တုန္ခါကာ တကိုယ္လုံး ပူၿပီး ေခြၽးေတြထြက္ေနတယ္တဲ့။
ေ႐ႊငါးေလး သူ႔စိတ္ထဲမွာ ဇာတ္လမ္းကို ျပန္သတိရသြားၿပီး ယုံၾကည္မႈအျပည့္နဲ႔ ျပန္ေျဖလိုက္ေလသည္။
"ရႈရႈ၊ အဲကြန္းက မပ်က္ပါဘူး၊ ရႈရႈက ရင္ခုန္ေနတာပဲ"