အချစ်ဦး (Completed)

Da Ahlaly

213K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... Altro

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၈)

4K 161 11
Da Ahlaly

"ထည်ဝါ......."

အခန်းအတွင်းတွင်ရှိသော ခုံနှင့်မီးဆိုင်းများကို တစ်စစီရိုက်ချိုးနေသော ထည်ဝါ့ပုံစံကြောင့် ငယ်ကုတင်အထက်ကနေ ဆင်းလိုက်ပြီး ထိုနေရာတွင်သာ ရပ်၍ ကြည့်နေမိသည်။

Spaတွင် အနှိမ်ခံနေဆဲမို့ ငယ့်မှာ တပက်အရှည်တစ်ထည်ကိုသာ လုံခြုံအောင်စုစည်းကိုင်ထားရင်း ထည်ဝါ့ကိုပဲ ကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေရသည်။

"တော်ပြီ..တော်ပြီ၊ အခုလောက်ဆိုရင်ကို ပြန်ပေးရမှာတွေမနည်းတော့ဘူး...."

ဇိမ်ခံသည့် အနှိပ်ခုံတွေအထိပါ ခြေဖြင့်ကန်ချရင်း ကျိုးကျသွားစေသည်မို့ နေခြည်က ထည်ဝါ့ကို ဝင်တားလိုက်သည်။ အခန်းအတွင်းတွင် နေခြည်တို့ရောက်မလာခင်က ခမ်းနားစွာနှင့် ရှိနေသော ဇိမ်ခံပစ္စည်းများသည် ယခုအခါတွင် ကြေမွသွားပြီဖြစ်သည်။

"သူ့ကို ကိုင်ထား....."
အညှိုးတကြီးနဲ့ သူ့မျက်ဝန်းတွေက ငယ့်အနားမှာ ရပ်နေသည့် အနှိပ်ဆရာမထံသို့ လက်ညှိုးထိုးရင်း အမိန့်ပေးစေခိုင်းလိုက်တာဖြစ်သည်။

ထိုသို့အမိန့်ပေးပြီး ချက်ချင်းမှာပဲ ငယ့်အနားကိုရောက်လာသည့် ဒရယ်ဂွန်နှင့်ကိုမှိုင်းက အနှိပ်ဆရာမ၏ ပခုံးတစ်ဖက်ဆီကို တင်းတင်းကိုင်လာတော့သည်။

"မဟုတ်ပါဘူး...ကျွန်မ မဟုတ်ပါဘူး။
ကျွန်မ ဘာမှမလုပ်ရပါဘူးရှင်......."

အနှိပ်ဆရာမဆီကနေ ငိုသံတွေထွက်လာသည်ကို
ငယ့်မှာနားမလည်နိုင်ဖြစ်နေဆဲမှာပဲ...
ဖြန်းခနဲ ရိုက်ချသံတစ်ခုက ငယ့်မျက်လုံးတွေကို ပြာဝေသွားစေသည်။

ငယ်သည်ပင် အသံကြားရုံမျှနှင့် ထိုမျှခံစားလိုက်ရသည်ဆိုလျှင် အရိုက်ခံလိုက်ရသော ထိုအမျိုးသမီး...အို ထိုဆရာမ၏နှုတ်ခမ်းအစွန်းတစ်ဖက်ကနေ သွေးတွေစီးကျနေတာ မြင်လို့ပင်မကောင်းပေ။

"နောက်တစ်ခါ ဒီလိုနေရာတွေကိုသွားရင် နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

ကြောင်ငေးနေသည့် ငယ့်နံဘေးကို သူဘယ်အချိန်ကရောက်လာမှန်းမသိလိုက်ပေမယ့်လည်း သူ့လက်ဖဝါးတစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသည်ကြောင့် ငယ့်လက်မောင်းက နာကျင်လို့နေပြီဖြစ်သည်။

"ငါပြောတာ ကြားလား..."

နောက်တစ်ခါ ထပ်ပြောပြီး လှုပ်ယမ်းလိုက်တာကြောင့် ငယ့်မှာ ကိုယ်ပေါ်တွင်လွှမ်းကိုင်ထားသော တစ်ပက်ကိုဆုပ်ကိုင်ထားသည်ကနေ လွှတ်ချမိမလိုဖြစ်သွားသည်။

"တောက်....နင်တော့ သေချင်နေပြီ"
ပြောပြီးချက်ချင်းပဲ ငယ့်ဒူးကွေးအနားကနေ လက်တစ်ဖက်ဖြင့် သိုင်းကာဖက်ရင်း ပွေ့ချီလိုက်သည်က ငယ်ဟာ သူ့လက်ထဲမှာ အရုပ်တစ်ရုပ်လိုပင် ပါသွားရတော့သည်။

"အဲ့ဒီနေရာမှာ Cameraအသေးစားလေးတွေရှိတာ နင်မမြင်ဘူးလား။"

"ဟင့်အင်း...."
တကယ်မသိသည််မို့ ရိုးသားစွာနဲ့ပင် ငယ်ခေါင်းယမ်းပြတော့ သူကချက်ချင်းပဲ လက်ဖြင့်ရွယ်ပြသည်။ အဝတ်အစားလဲ လဲပြီး၊ ငယ်လည်း အသိစိတ်ကပ်နေသည့် အချိန်မို့ ရွယ်ပြနေသည့်သူ့လက်တစ်ဖက်ကို လျင်မြန်စွာပဲဖမ်းယူပြီး ကိုက်ပစ်လိုက်တော့ သူကအော်သည်။

"ဟ ....ခွေး ခွေးမ၊ နာတယ်လို့ဟ.....
ရှူး ရှူး....ဖယ်လို့ မောင်းနေတယ်လေ။"

ဒီဟာလေး ငြိမ်ခံနေတုန်းလေး ပညာတွေပြမိပါတယ်၊ အခုတော့ဖြင့် ခွေးသွားစိပ်လို ခွေးသွားလေး၊ဇိုးဇိုးဇာက်ဇာက်ခွေးစိတ်လေးနဲ့ သူ့အားကိုက်ဆွဲထားတာ တော်တော်လေးကို ကြာပြီဖြစ်သည်။

"သမီးငယ်....."

တိုးဖျော့နေသောအသံကြောင့် ကုန်းကိုက်နေရာမှ မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေသိုင်းဖွဲ့နေသည်။ ပြာပြာသလဲနဲ့ပဲ...
"ဆော...ဆောရီးပါဟာ၊ မလုပ်တော့ဘူးနော်။
ဥုံဖွ..မွ မွ မွ....."

သူ့လက်ဖျံပေါ်က သွေးစို့နေသောသွားရာအကွင်းလိုက်အထက်တွင် ငယ့်မှာအာငွေ့ပေးပြီး သူ့အားချော့မြူရသည်။ မဟုတ်ရင် သူငိုတော့မည်။

"ဖယ်...."

စိတ်တိုတိုနဲ့ စောင့်တွန်းချလိုက်တော့ သူကိုယ်တိုင်တောင်မထင်မှတ်ထားလောက်အောင်အထိကို ငယ်က အောက်သို့ပစ်စလက်ခတ် ကျသွားသည်။

"ထည်ဝါ ကလည်း....."

လဲကျရာကနေ ချက်ချင်းထ,လာသည်မို့ သူ့ဘက်က ဘယ်လောက်ပဲ စိတ်တိုပြပြ သမီးငယ်တို့သည်းခံပြီး ချော့မော့တော့မည်ကို သူရိပ်စားမိလိုက်သည်။ ထိုအတွေးနှင့်တစ်ဆက်တည်း သမီးငယ်အား အနိုင်ကျင့်ဖို့အတွက်ပါ တွေးမိပြီး...
"သွားတော့...နင့်မျက်နှာကို မမြင်ချင်ဘူး"

"မဟုတ်ဘူးလေ ထည်ဝါကလည်း စိတ်မဆိုးပါနဲ့။ နင်အရမ်းနားသွားတယ်မလား....လာ လာ..ငါမှုတ်ပေးမယ်။ မငိုနဲ့...မနာတော့ဘူးနော်"

အပြောနဲ့ထပ်တူ သမီးငယ်က သူ့အနားမှာဝင်ထိုင်ပြီး သူ့လက်ကို ခပ်ဖွဖွဆွဲယူရင်း နှုတ်ခမ်းသေးသေးလေးဖြင့် တဖူးဖူးမြည်သည့်အထိ မှုတ်ပေးနေသည်။

"နင့်ကို စေတနာနဲ့ ပြောတာ..."

"အင်း...ငါမှားတာပါ၊ ဆောရီး ဆောရီး အများကြီးဆောရီးပါဟာ နင့်စေတနာကို ငါစော်ကားလိုက်မိတယ်။ စိတ်ချနော်...နင်ပြောသလိုပဲ ငါနောက်ဆို ငါSpaမသွားတော့ဘူး။ ကတိ ကတိ...."

လက်သန်းလေးထောင်ပြီး မျက်လုံးတွေမှိတ်ကျနေသည်အထိပြုံးပြနေသည့် သမီးငယ်ကို သူ့ဘက်ကမကြည်သလိုကြည့်နေမိတော့ သမီးငယ်က အတင်းပဲ သူ့ပခုံးတွေကို တိုးတိုက်လာပြီး သူ့လက်သန်းကို အတင်းဆွဲယူချိတ်တော့သည်။

လုပ်ချင်တာတွေ လုပ်ပြီးသွားရင် အမြဲအပြစ်ကင်းသလိုလုပ်တတ်တဲ့ ဒီဟာလေးကို ထည်ဝါတကယ်ပဲ မနိုင်ပါ။ နည်းနည်းလောက်လေး အလျော့ပေးရင် မြင်းမိုရ်တောင်မက အခွင့်အရေးယူတတ်တဲ့ ဒီဟာလေးဟာ အခုလည်းသူ့ခါးတွေကို ဖက်ပြီး သူ့ရင်ခွင်ဆီမှာ ခွေးပေါက်လေးလိုပဲ တိုးဝှေ့လို့နေသည်။

ဒါကိုပဲ သူ့မှာ ကြည်နူးပြုံးဖို့လုပ်လိုက်ရင်း ပြန်လည်ထိန်းချုပ်ကာ...
"ပြန်မယ်..."ဟုပဲ ခပ်တည်တည်နဲ့ပြောထွက်လိုက်သည်။

သမီးငယ်ကို အိမ်ပြန်ပို့ပေးပြီးနောက်တွင် ကားမောင်းနေသောကိုမှိုင်းထံကို...
"သမီးငယ်ကို သေချာကြည့်ထားပါ ကိုမှိုင်း။ ဒီနေ့လိုမျိုးတွေ ထပ်ဖြစ်မှာကို ကျွန်တော်မလိုချင်ဘူး....ဒီဟာလေး ဘာမှနားလည်သေးတာမဟုတ်ဘူး။ သွားဖို့လာဖို့ပဲ စိတ်ရှိတာ...အန္တရာယ်ကို မြင်တာမဟုတ်ဘူးဗျ"

"အဲ့တာကြောင့်ပဲ နင့်ကို တွယ်ကပ်နေတာနေမှာ၊ အကြီးဆုံးအန္တရာယ်ဆိုတာ နင့်အပြင်မရှိတာကိုလေ...."

"ကျစ်..."

အမဖြစ်သူ နေခြည်၏စကားကို ကျစ်တစ်ချက်ဆုတ်သပ်ရင်း သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။ ဒီညမှာ ရှုံးခဲ့တဲ့ကြေးတွေက များသလို၊ စိတ်ထဲအဆင်မပြေတာတွေကလည်း အရမ်းများခဲ့သည်။ သူ့စိတ်တွေ ဟိုးးး အောက်ဆုံးနားမှာ ရောက်ရှိနေပြီဖြစ်သည်။

သို့သော်လည်း နောက်တစ်နေ့မနက်မှာတော့ သူ့အတွက် စိတ်ကြည်နူးစရာလေးရှိလာခဲ့သည်။

"ဒီနေ့ရောက်လာတဲ့ ကျောင်းသူအသစ်ကို အားလုံးပဲ ကူညီပေးလိုက်ပါဦး။ ကဲ...သမီး၊ မိတ်ဆက်လိုက်"

အတန်းပိုင် ဆရာမနဲ့အတူဝင်လာသော မိန်းကလေးက ဆံပင်အရှည်တွေနှင့်ကော့ညွှတ်နေသည့် မျက်တောင်တို့ဖြင့် မျက်နှာတစ်ခုလုံးဝင်းနှစ်နေတော့ မြင်ရသူအတိုင်း အကြည့်လွှဲဖို့ခက်သည်။

"ဒီနေ့မှ ကျောင်းကိုပြောင်းလာတဲ့သက်ထားဖြူပါ။ ရှေ့လျှောက် အားလုံးနဲ့ရင်းနှီိးသွားဖို့ ကြိုးစားပါ့မယ်...."

စကားသံဟာလည်း သာယာသလို အပြုံးတွေကလည်းမှင်သက်ဖွယ်ကောင်းသည်ဟု ထင်ရသည်။

"ငါ့နာမည်က သက်ထားဖြူ၊ သက်ထားလို့ပဲ ခေါ်နော်...."

သူ့ခုံရှေ့မှာ ထိုင်ပြီးသူ့အားမိတ်ဆက်လာသည်က ရိုးရှင်းသော ကံတရားကြောင့်ဖြစ်မည်ဟု ယူဆပေမယ့်လည်း နားချိန်အတွင်း သူတို့ပြန်ဆုံကြသည်က သူတမင်လုပ်ယူထားလို့ပဲဖြစ်သည်။

"ငါ့နာမည်က ထည်ဝါ......"

အအေးဝယ်နေသော သက်ထားဖြူက သူ့ဘက်ကိုချက်ချင်းပဲလှည့်လာပြီး သူကမ်းပေးသောလက်ကို လက်သင့်ခံကာ အသိအမှတ်ပြုသည်။ သို့နှင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် သမီးငယ်၏ငြိမ်သက်နေသော နေ့ရက်တွေအတွင်းမှာ တော်တော်လေးကို တိုးတက်ခဲ့သည်။

"သမီးငယ် ဘာလုပ်နေလဲ...."

ကျောင်းဆင်းချိန်မှာ သက်ထားဖြူနဲ့လမ်းခွဲခဲ့ပြီး သူ့အားလာကြိုပေးသော ကိုတားကြီးကိုမေးဖြစ်သည်။

"အရင်နေ့တွေကလိုပါပဲ သခင်လေး။ အချိန်ပြည့် ဇာတ်လမ်းတွဲတွေနဲ့ အလုပ်ရှုပ်နေပါတယ်။"

"ဟွန်းး....ဒီတစ်ခါတော့ တကယ်ငြိမ်နေတာပဲ"

ငယ်ငယ်ထဲက TVအရမ်းကြိုက်သည့် သမီးငယ်ဟာ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းတွဲများကြည့်ခြင်းကို နှစ်သက်ဆဲပင်။ ထိုအချက်ကပဲ သူ့ရင်ကို အပူသက်သာစေတာဖြစ်သည်။ ဘာမှမလုပ်ပဲ အချိန်ပြည့်အိမ်ထဲမှာ နေနေတဲ့ သမီးငယ်ဟာ သူ့အတွက်တော့ တကယ့်အေးငြိမ်းရာပင်။

သမီးငယ်ကို အိမ်မှာနေပြီး ပြသနာများနှင့်ဝေးကွာစေချင်သော်လည်း သမီးငယ်၏နဂိုစရိုက်အရ ဇာတ်လမ်းတွဲများကို သတိရမှသာ သမီးငယ်ကအိမ်ထဲမှာပဲ စွဲမြဲနေတတ်သူဖြစ်သည်။ ဒါကလည်း ကြည့်စရာဇာတ်ကားကုန်သွားသည့် အခါမျိုးမှာ အရင်လိုပဲ သွားချင်ရာ သွားတတ်ပြီး လုပ်ချင်ရာ လုပ်တတ်တာပါပဲလေ။

မုန့်လုံးကို စက္ကူကပ်သလိုဘဝမျိုးနှင့် သမီးငယ်ဟာ အခုချိန်ထိ ဘဝကိုအေးချမ်းစွာပင်ဖြတ်သန်းနေရသည်။ ဒါကို သူကျေနပ်ပါသည်။ သို့သော်လည်း တစ်ခါတစ်လေ သမီးငယ်ရှာလိုက်သော ပြသနာများက သူ့အား အလုပ်ပိုစေသည်။

"ကျွန်တော်တို့ သမီးငယ်အိမ်ကိုသွားရအောင်...."

"ဟုတ်ကဲ့...."

သူ့အိမ်ဘက်သို့ မဟုတ်ပဲ ကွေ့ချိုးသွားသည့် အချိုးအကွေ့က သမီးငယ်ဆီကိုဖြစ်သည်။ သမီးငယ်တို့အိမ်၏ အပြင်ဘက်မှာပဲ ကားကိုရပ်ထားစေပြီး သူတစ်ယောက်ပဲ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

"သွားရအောင်ပါ ငယ်ရယ်၊ ဝင်ခွင့်တွေကျလာရင် ငါတို့အတူရှိဖို့ မသေချာဘူးနော်....အချိန်ရှိတုန်းလေးကိုဟာ...."

"ငါ သွားလို့မဖြစ်ဘူး မိုးမြင့်"

စကားသံများကြောင့် သူသည်အရင်မဝင်သွားသေးပဲ နေရာမှာတင်ရပ်ကာ တိတ်တဆိတ်နားထောင်မိသည်။

"နင့်အမေကို ငါပြောပေးမယ်လေ..."

"နင်ပြန်တော့ဟာ...ဒီကားပြီးသွားရင် ငါလာခဲ့မယ်။ ဒီကားမပြီးခင် ငါအပြင်ထွက်လို့မဖြစ်ဘူး"

"ဘာဖြစ်လို့ မဖြစ်တာလဲ၊ နင်ကလည်းဟာ..ဇာတ်ကားပဲဟာ ဘယ်အချိန်ကြည့်ကြည့်ရသားနဲ့ကို။ အခုဟာက ရာသီဥတုလေးလည်းကောင်းတုန်း တောင်တက်ကြရအောင်ပါဆို"

ဒီနေ့နဲ့ဆို မိုးမြင့် ငယ့်ဆီကို ရောက်လာတာ ၆ခေါက်ဖြစ်ပြီ။ တောင်တက်သွားကြရအောင်ဆိုသော မိုးမြင့်၏အစီအစဥ်ကကောင်းပေမယ့်လည်း ငယ့်မှာ အိမ်ကနေမထွက်နိုင်ပဲရှိရသည်က...
"ဇာတ်သမ်းပိုင်း မသိရပဲ ငါအပြင်ထွက်လို့မရဘူး မိုးမြင့်။ မတော်လို့ ငါသာ တစ်ခုခုဖြစ်သွားခဲ့ရင်....ဇာတ်သိမ်းမှာ မင်းသားနဲ့မင်းသမီး ဘယ်လိုဖြစ်သွားမလဲ ငါမသိလိုက်ပဲနေလိမ့်မယ်။ အဲ့တာကြောင့်ပါဟာ....နော် ဒီကားလေးပြီးရင် ငါလာခဲ့ပါ့မယ်။"

TVကြည့်ရင်းကနေ လေသံပျော့ပျော့နှင့်ပြောနေသော သမီးငယ်၏စကားကြောင့် သူ့မှာပြုံးမိသွားသည်။ ဒီဟာလေး တကယ်ကို တတ်နိုင်လွန်းပါသည်လေ။

ဒီကမ္ဘာမှာ သမီးငယ်လိုခံယူချက်မျိုး ဘယ်သူ့မှာမှရှိမည် မဟုတ်ပေ။ ဇာတ်ကားတစ်ကားကို စကြည့်ပြီဆိုလျှင်....
"သေမယ်ဆိုရင်တောင် ဒီဇာတ်ကားလေးဇာတ်သိမ်းမှပဲသေပါဟယ်...."
ဆိုတဲ့ခံယူချက်မျိုးနဲ့ သမီးငယ်ကြည့်ခဲ့သည့် အပိုင်းဇာတ်လမ်းတွဲတွေက မနည်းမနောရယ်။

"ဒီကောင်မတော့ ......
နေ...နေဟာ"

သမီးငယ်၏ သူငယ်ချင်းမိန်းကလေးက သမီးငယ်အား တွန်းခဲ့ရင်း ဒေါနဲ့မောနဲ့နေရာကနေထွက်ခဲ့သည်။ တံခါးဝမှာ သူနဲ့ဆုံတော့ ထိုမိန်းကလေးက သူ့အားတစ်ချက်သာကြည့်ပြီး ထွက်သွားသည်။

သို့နှင့် သူလည်းအိမ်ထဲဝင်ခဲ့ရင်း သမီးငယ်၏ဘေးမှာဝင်ထိုင်လိုက်သည်။

"ပြီးတော့မှာလား...."

သမီးငယ်ဘက်ကိုလှည့်ရင်း ဆိုဖာနောက်မှီပေါ်  တံတောင်တင်ကာ သူ့နားထင်သူ လက်ဖဝါးဖြင့်ထောက်ထားရင်းကမေးတော့ သမီးငယ်က ခြေထောက်နှစ်ဖက်လုံးကို ဆိုဖာပေါ်တင်ထားရင်းကနေ ဒူးလေးနှစ်ဖက်ကိုလှုပ်လီလှုပ်လှည့်လုပ်ရင်း...
"နည်းနည်းကျန်သေးတယ်..." ဟု ဖြေလာသည်။

"ဒီတစ်ခေါက်ရော ဘယ်လအထိ အိမ်ထဲမှာနေမှာလဲ..."

"ရှေ့လ ၁၅ရက်ဆို ပြိီးပြီ...."

အခုမှ ဒီဘက်လ၂၀ရက်သာရှိသေးသည်မို့ သူ့အတွက်အချိန်ရသည်ဟု တွေးမိပြီး သူသည် ပြန်ဖို့လုပ်လိုက်သည်။

"ပြန်တော့မှာလား..."

"အင်း...အိမ်စာလုပ်စရာလေးရှိလို့။
နောက်ရက်မှပဲလာတော့မယ်...."

"အင်း......"

ပုံမှန်အချိန်တွေလို သူပြန်မည်ဆိုလျှင် သူ့ကိုအတင်းတွယ်ကပ်နေတာမျိုးမဟုတ်တော့ပဲ သူ့အာရုံနဲ့သူရှိနေသည့် သမီးငယ်၏ပါးပြင်ကို သူ့မှာအူယားလွန်း၍ ဖျစ်ညှစ်လိုက်မိသည်။ သို့တိုင်အောင် သမီးငယ်က သူ့အားတစ်ချက်သာကြည့်ပြီး TVဆီသို့သာ အကြည့်ပြန်ရောက်သွားသည်။

"ထည်ဝါ...."

"ဟုတ်ကဲ့..အန်ကယ်"

သမီးငယ်အနားကနေ ထွက်လာခဲ့ပြီး ထမင်းစားခန်းဘက်ကနေထွက်လာသော သမီးငယ်၏ဖေဖေနဲ့ဆုံသည်။ ထိုကြောင့်ပဲ သူသည်အန်ကယ်နဲ့အတူ ခြံထဲဆင်းပြီး စကားပြောဖို့ဖြစ်လာခဲ့သည်။

"မင်းသူငယ်ချင်းကတော့ အခုတလော Dramaအရူးပြန်ဖြစ်နေတယ်။ တစ်ချိန်လုံး TVရှေ့ကကိုမခွာဘူးကွာ...."

"အပြင်ထွက်နေတာထက် အဲ့တာကပိုကောင်းတယ်မလား အန်ကယ်...."

"ဟားဟား...ဒါပေါ့၊ အိမ်ထဲမှာပဲ ရှိနေတော့ စိတ်အေးရတာပေါ့ကွာ။"

"ဟုတ်ကဲ့ဗျ...."

သူနဲ့အန်ကယ်တို့ အတူရယ်မောကြပြီး အရယ်တွေရပ်တန့်သွားသည့်အချိန်မှာ စကားလမ်းကြောင်းတို့က သမီးငယ်ဆီဦးတည်နေရာမှ သွေဖယ်သွားသည်။

"ဒါဆို အန်ကယ်တို့ဘက်က ရေနံတွင်းတွေ လိုနေမှာပေါ့...."

"အဲ့လိုလည်း မဟုတ်ဘူးထည်ဝါ။ လိုအပ်တဲ့ ပမာဏက အန်ကယ့်မှာရှိပြီးသားပါကွာ....အဲ့ဒီကနေမှ ဒီဇယ်ဆီထုတ်ဖို့အတွက် စိတ်ချရတဲ့စက်ရုံလိုအပ်နေတာ။ အန်ကယ့်မှာက နိုင်ငံခြားဝယ်လက်လည်းရှိပြီးသားဆိုတော့...အဲ့ဒီတစ်ခုသာ အဆင်ပြေရင်ရပြီ.."

"ဒါဖြင့် ကျွန်တော်ကူပေးမယ်လေ အန်ကယ်။ ဖေဖေကြီးနဲ့ရင်းနှီးတဲ့ စက်ရုံတချို့တော့ရှိပါတယ်။"

"အေးကွာ...အခုရက်ပိုင်း ဆိပ်ကမ်းဘက်မှာလည်း သင်္ဘောတွေထွက်တာ အရမ်းမြန်နေတယ်၊ ခိုးလုပ်တာတွေများတော့ အန်ကယ်က မင်းကိုအကူအညီတောင်းကြည့်တာပါ။ အခုလို အဆင်ပြေပြေနဲ့ဖြစ်သွားတော့လည်း ဝန်ပေါ့တာပေါ့ကွာ..."

"ဟုတ်ကဲ့ အန်ကယ်။ စက်ရုံကိစ္စအတွက်တော့ အန်ကယ်စိတ်မပူပါနဲ့.....ကျွန်တော် အန်ကယ့်အတွက်ကူနိုင်မယ်ထင်ပါတယ်"

"အေးကွာ...မင်းရှိနေလို့ တော်သေးတာပေါ့"

သူ့အား ခန့်ညားစွာပြုံးပြီးကြည့်လာသည့် အန်ကယ့်ကို သူ့ဘက်ကလည်း ပြန်ပြီး ပြုံးပြရင်း ညနေစောင်းပြီမို့ စကားဝိုင်းကိုအဆုံးသတ်ခဲ့ရင်း သူ့အိမ်ကိုပြန်လာခဲ့လိုက်တော့သည်။


___________________

Zawgyi........

"ထည္ဝါ......."

အခန္းအတြင္းတြင္ရွိေသာ ခုံႏွင့္မီးဆိုင္းမ်ားကို တစ္စစီ႐ိုက္ခ်ိဳးေနေသာ ထည္ဝါ့ပုံစံေၾကာင့္ ငယ္ကုတင္အထက္ကေန ဆင္းလိုက္ၿပီး ထိုေနရာတြင္သာ ရပ္၍ ၾကည့္ေနမိသည္။

Spaတြင္ အႏွိမ္ခံေနဆဲမို႔ ငယ့္မွာ တပက္အရွည္တစ္ထည္ကိုသာ လုံၿခဳံေအာင္စုစည္းကိုင္ထားရင္း ထည္ဝါ့ကိုပဲ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ၾကည့္ေနရသည္။

"ေတာ္ၿပီ..ေတာ္ၿပီ၊ အခုေလာက္ဆိုရင္ကို ျပန္ေပးရမွာေတြမနည္းေတာ့ဘူး...."

ဇိမ္ခံသည့္ အႏွိပ္ခုံေတြအထိပါ ေျချဖင့္ကန္ခ်ရင္း က်ိဳးက်သြားေစသည္မို႔ ေနျခည္က ထည္ဝါ့ကို ဝင္တားလိုက္သည္။ အခန္းအတြင္းတြင္ ေနျခည္တို႔ေရာက္မလာခင္က ခမ္းနားစြာႏွင့္ ရွိေနေသာ ဇိမ္ခံပစၥည္းမ်ားသည္ ယခုအခါတြင္ ေၾကမြသြားၿပီျဖစ္သည္။

"သူ႔ကို ကိုင္ထား....."
အညႇိဳးတႀကီးနဲ႔ သူ႔မ်က္ဝန္းေတြက ငယ့္အနားမွာ ရပ္ေနသည့္ အႏွိပ္ဆရာမထံသို႔ လက္ညႇိဳးထိုးရင္း အမိန္႔ေပးေစခိုင္းလိုက္တာျဖစ္သည္။

ထိုသို႔အမိန္႔ေပးၿပီး ခ်က္ခ်င္းမွာပဲ ငယ့္အနားကိုေရာက္လာသည့္ ဒရယ္ဂြန္ႏွင့္ကိုမႈိင္းက အႏွိပ္ဆရာမ၏ ပခုံးတစ္ဖက္ဆီကို တင္းတင္းကိုင္လာေတာ့သည္။

"မဟုတ္ပါဘူး...ကြၽန္မ မဟုတ္ပါဘူး။
ကြၽန္မ ဘာမွမလုပ္ရပါဘူးရွင္......."

အႏွိပ္ဆရာမဆီကေန ငိုသံေတြထြက္လာသည္ကို
ငယ့္မွာနားမလည္ႏိုင္ျဖစ္ေနဆဲမွာပဲ...
ျဖန္းခနဲ ႐ိုက္ခ်သံတစ္ခုက ငယ့္မ်က္လုံးေတြကို ျပာေဝသြားေစသည္။

ငယ္သည္ပင္ အသံၾကား႐ုံမွ်ႏွင့္ ထိုမွ်ခံစားလိုက္ရသည္ဆိုလွ်င္ အ႐ိုက္ခံလိုက္ရေသာ ထိုအမ်ိဳးသမီး...အို ထိုဆရာမ၏ႏႈတ္ခမ္းအစြန္းတစ္ဖက္ကေန ေသြးေတြစီးက်ေနတာ ျမင္လို႔ပင္မေကာင္းေပ။

"ေနာက္တစ္ခါ ဒီလိုေနရာေတြကိုသြားရင္ နင့္ေျခေထာက္ေတြကို ႐ိုက္ခ်ိဳးပစ္မယ္"

ေၾကာင္ေငးေနသည့္ ငယ့္နံေဘးကို သူဘယ္အခ်ိန္ကေရာက္လာမွန္းမသိလိုက္ေပမယ့္လည္း သူ႔လက္ဖဝါးတစ္ဖက္ျဖင့္ဆုပ္ကိုင္ထားသည္ေၾကာင့္ ငယ့္လက္ေမာင္းက နာက်င္လို႔ေနၿပီျဖစ္သည္။

"ငါေျပာတာ ၾကားလား..."

ေနာက္တစ္ခါ ထပ္ေျပာၿပီး လႈပ္ယမ္းလိုက္တာေၾကာင့္ ငယ့္မွာ ကိုယ္ေပၚတြင္လႊမ္းကိုင္ထားေသာ တစ္ပက္ကိုဆုပ္ကိုင္ထားသည္ကေန လႊတ္ခ်မိမလိုျဖစ္သြားသည္။

"ေတာက္....နင္ေတာ့ ေသခ်င္ေနၿပီ"
ေျပာၿပီးခ်က္ခ်င္းပဲ ငယ့္ဒူးေကြးအနားကေန လက္တစ္ဖက္ျဖင့္ သိုင္းကာဖက္ရင္း ေပြ႕ခ်ီလိုက္သည္က ငယ္ဟာ သူ႔လက္ထဲမွာ အ႐ုပ္တစ္႐ုပ္လိုပင္ ပါသြားရေတာ့သည္။

"အဲ့ဒီေနရာမွာ Cameraအေသးစားေလးေတြရွိတာ နင္မျမင္ဘူးလား။"

"ဟင့္အင္း...."
တကယ္မသိသည္္မို႔ ႐ိုးသားစြာနဲ႔ပင္ ငယ္ေခါင္းယမ္းျပေတာ့ သူကခ်က္ခ်င္းပဲ လက္ျဖင့္႐ြယ္ျပသည္။ အဝတ္အစားလဲ လဲၿပီး၊ ငယ္လည္း အသိစိတ္ကပ္ေနသည့္ အခ်ိန္မို႔ ႐ြယ္ျပေနသည့္သူ႔လက္တစ္ဖက္ကို လ်င္ျမန္စြာပဲဖမ္းယူၿပီး ကိုက္ပစ္လိုက္ေတာ့ သူကေအာ္သည္။

"ဟ ....ေခြး ေခြးမ၊ နာတယ္လို႔ဟ.....
ရႉး ရႉး....ဖယ္လို႔ ေမာင္းေနတယ္ေလ။"

ဒီဟာေလး ၿငိမ္ခံေနတုန္းေလး ပညာေတြျပမိပါတယ္၊ အခုေတာ့ျဖင့္ ေခြးသြားစိပ္လို ေခြးသြားေလး၊ဇိုးဇိုးဇာက္ဇာက္ေခြးစိတ္ေလးနဲ႔ သူ႔အားကိုက္ဆြဲထားတာ ေတာ္ေတာ္ေလးကို ၾကာၿပီျဖစ္သည္။

"သမီးငယ္....."

တိုးေဖ်ာ့ေနေသာအသံေၾကာင့္ ကုန္းကိုက္ေနရာမွ ေမာ့ၾကည့္လိုက္ေတာ့ သူ႔မ်က္လုံးေတြမွာ မ်က္ရည္ေတြသိုင္းဖြဲ႕ေနသည္။ ျပာျပာသလဲနဲ႔ပဲ...
"ေဆာ...ေဆာရီးပါဟာ၊ မလုပ္ေတာ့ဘူးေနာ္။
ဥဳံဖြ..မြ မြ မြ....."

သူ႔လက္ဖ်ံေပၚက ေသြးစို႔ေနေသာသြားရာအကြင္းလိုက္အထက္တြင္ ငယ့္မွာအာေငြ႕ေပးၿပီး သူ႔အားေခ်ာ့ျမဴရသည္။ မဟုတ္ရင္ သူငိုေတာ့မည္။

"ဖယ္...."

စိတ္တိုတိုနဲ႔ ေစာင့္တြန္းခ်လိုက္ေတာ့ သူကိုယ္တိုင္ေတာင္မထင္မွတ္ထားေလာက္ေအာင္အထိကို ငယ္က ေအာက္သို႔ပစ္စလက္ခတ္ က်သြားသည္။

"ထည္ဝါ ကလည္း....."

လဲက်ရာကေန ခ်က္ခ်င္းထ,လာသည္မို႔ သူ႔ဘက္က ဘယ္ေလာက္ပဲ စိတ္တိုျပျပ သမီးငယ္တို႔သည္းခံၿပီး ေခ်ာ့ေမာ့ေတာ့မည္ကို သူရိပ္စားမိလိုက္သည္။ ထိုအေတြးႏွင့္တစ္ဆက္တည္း သမီးငယ္အား အႏိုင္က်င့္ဖို႔အတြက္ပါ ေတြးမိၿပီး...
"သြားေတာ့...နင့္မ်က္ႏွာကို မျမင္ခ်င္ဘူး"

"မဟုတ္ဘူးေလ ထည္ဝါကလည္း စိတ္မဆိုးပါနဲ႔။ နင္အရမ္းနားသြားတယ္မလား....လာ လာ..ငါမႈတ္ေပးမယ္။ မငိုနဲ႔...မနာေတာ့ဘူးေနာ္"

အေျပာနဲ႔ထပ္တူ သမီးငယ္က သူ႔အနားမွာဝင္ထိုင္ၿပီး သူ႔လက္ကို ခပ္ဖြဖြဆြဲယူရင္း ႏႈတ္ခမ္းေသးေသးေလးျဖင့္ တဖူးဖူးျမည္သည့္အထိ မႈတ္ေပးေနသည္။

"နင့္ကို ေစတနာနဲ႔ ေျပာတာ..."

"အင္း...ငါမွားတာပါ၊ ေဆာရီး ေဆာရီး အမ်ားႀကီးေဆာရီးပါဟာ နင့္ေစတနာကို ငါေစာ္ကားလိုက္မိတယ္။ စိတ္ခ်ေနာ္...နင္ေျပာသလိုပဲ ငါေနာက္ဆို ငါSpaမသြားေတာ့ဘူး။ ကတိ ကတိ...."

လက္သန္းေလးေထာင္ၿပီး မ်က္လုံးေတြမွိတ္က်ေနသည္အထိၿပဳံးျပေနသည့္ သမီးငယ္ကို သူ႔ဘက္ကမၾကည္သလိုၾကည့္ေနမိေတာ့ သမီးငယ္က အတင္းပဲ သူ႔ပခုံးေတြကို တိုးတိုက္လာၿပီး သူ႔လက္သန္းကို အတင္းဆြဲယူခ်ိတ္ေတာ့သည္။

လုပ္ခ်င္တာေတြ လုပ္ၿပီးသြားရင္ အၿမဲအျပစ္ကင္းသလိုလုပ္တတ္တဲ့ ဒီဟာေလးကို ထည္ဝါတကယ္ပဲ မႏိုင္ပါ။ နည္းနည္းေလာက္ေလး အေလ်ာ့ေပးရင္ ျမင္းမိုရ္ေတာင္မက အခြင့္အေရးယူတတ္တဲ့ ဒီဟာေလးဟာ အခုလည္းသူ႔ခါးေတြကို ဖက္ၿပီး သူ႔ရင္ခြင္ဆီမွာ ေခြးေပါက္ေလးလိုပဲ တိုးေဝွ႔လို႔ေနသည္။

ဒါကိုပဲ သူ႔မွာ ၾကည္ႏူးၿပဳံးဖို႔လုပ္လိုက္ရင္း ျပန္လည္ထိန္းခ်ဳပ္ကာ...
"ျပန္မယ္..."ဟုပဲ ခပ္တည္တည္နဲ႔ေျပာထြက္လိုက္သည္။

သမီးငယ္ကို အိမ္ျပန္ပို႔ေပးၿပီးေနာက္တြင္ ကားေမာင္းေနေသာကိုမႈိင္းထံကို...
"သမီးငယ္ကို ေသခ်ာၾကည့္ထားပါ ကိုမႈိင္း။ ဒီေန႔လိုမ်ိဳးေတြ ထပ္ျဖစ္မွာကို ကြၽန္ေတာ္မလိုခ်င္ဘူး....ဒီဟာေလး ဘာမွနားလည္ေသးတာမဟုတ္ဘူး။ သြားဖို႔လာဖို႔ပဲ စိတ္ရွိတာ...အႏၲရာယ္ကို ျမင္တာမဟုတ္ဘူးဗ်"

"အဲ့တာေၾကာင့္ပဲ နင့္ကို တြယ္ကပ္ေနတာေနမွာ၊ အႀကီးဆုံးအႏၲရာယ္ဆိုတာ နင့္အျပင္မရွိတာကိုေလ...."

"က်စ္..."

အမျဖစ္သူ ေနျခည္၏စကားကို က်စ္တစ္ခ်က္ဆုတ္သပ္ရင္း သူ႔မ်က္လုံးေတြကို မွိတ္ထားလိုက္ေတာ့သည္။ ဒီညမွာ ရႈံးခဲ့တဲ့ေၾကးေတြက မ်ားသလို၊ စိတ္ထဲအဆင္မေျပတာေတြကလည္း အရမ္းမ်ားခဲ့သည္။ သူ႔စိတ္ေတြ ဟိုးးး ေအာက္ဆုံးနားမွာ ေရာက္ရွိေနၿပီျဖစ္သည္။

သို႔ေသာ္လည္း ေနာက္တစ္ေန႔မနက္မွာေတာ့ သူ႔အတြက္ စိတ္ၾကည္ႏူးစရာေလးရွိလာခဲ့သည္။

"ဒီေန႔ေရာက္လာတဲ့ ေက်ာင္းသူအသစ္ကို အားလုံးပဲ ကူညီေပးလိုက္ပါဦး။ ကဲ...သမီး၊ မိတ္ဆက္လိုက္"

အတန္းပိုင္ ဆရာမနဲ႔အတူဝင္လာေသာ မိန္းကေလးက ဆံပင္အရွည္ေတြႏွင့္ေကာ့ၫႊတ္ေနသည့္ မ်က္ေတာင္တို႔ျဖင့္ မ်က္ႏွာတစ္ခုလုံးဝင္းႏွစ္ေနေတာ့ ျမင္ရသူအတိုင္း အၾကည့္လႊဲဖို႔ခက္သည္။

"ဒီေန႔မွ ေက်ာင္းကိုေျပာင္းလာတဲ့သက္ထားျဖဴပါ။ ေရွ႕ေလွ်ာက္ အားလုံးနဲ႔ရင္းႏွီိးသြားဖို႔ ႀကိဳးစားပါ့မယ္...."

စကားသံဟာလည္း သာယာသလို အၿပဳံးေတြကလည္းမွင္သက္ဖြယ္ေကာင္းသည္ဟု ထင္ရသည္။

"ငါ့နာမည္က သက္ထားျဖဴ၊ သက္ထားလို႔ပဲ ေခၚေနာ္...."

သူ႔ခုံေရွ႕မွာ ထိုင္ၿပီးသူ႔အားမိတ္ဆက္လာသည္က ႐ိုးရွင္းေသာ ကံတရားေၾကာင့္ျဖစ္မည္ဟု ယူဆေပမယ့္လည္း နားခ်ိန္အတြင္း သူတို႔ျပန္ဆုံၾကသည္က သူတမင္လုပ္ယူထားလို႔ပဲျဖစ္သည္။

"ငါ့နာမည္က ထည္ဝါ......"

အေအးဝယ္ေနေသာ သက္ထားျဖဴက သူ႔ဘက္ကိုခ်က္ခ်င္းပဲလွည့္လာၿပီး သူကမ္းေပးေသာလက္ကို လက္သင့္ခံကာ အသိအမွတ္ျပဳသည္။ သို႔ႏွင့္ သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးသည္ သမီးငယ္၏ၿငိမ္သက္ေနေသာ ေန႔ရက္ေတြအတြင္းမွာ ေတာ္ေတာ္ေလးကို တိုးတက္ခဲ့သည္။

"သမီးငယ္ ဘာလုပ္ေနလဲ...."

ေက်ာင္းဆင္းခ်ိန္မွာ သက္ထားျဖဴနဲ႔လမ္းခြဲခဲ့ၿပီး သူ႔အားလာႀကိဳေပးေသာ ကိုတားႀကီးကိုေမးျဖစ္သည္။

"အရင္ေန႔ေတြကလိုပါပဲ သခင္ေလး။ အခ်ိန္ျပည့္ ဇာတ္လမ္းတြဲေတြနဲ႔ အလုပ္ရႈပ္ေနပါတယ္။"

"ဟြန္းး....ဒီတစ္ခါေတာ့ တကယ္ၿငိမ္ေနတာပဲ"

ငယ္ငယ္ထဲက TVအရမ္းႀကိဳက္သည့္ သမီးငယ္ဟာ အ႐ြယ္ေရာက္လာတဲ့အထိ ဇာတ္လမ္းတြဲမ်ားၾကည့္ျခင္းကို ႏွစ္သက္ဆဲပင္။ ထိုအခ်က္ကပဲ သူ႔ရင္ကို အပူသက္သာေစတာျဖစ္သည္။ ဘာမွမလုပ္ပဲ အခ်ိန္ျပည့္အိမ္ထဲမွာ ေနေနတဲ့ သမီးငယ္ဟာ သူ႔အတြက္ေတာ့ တကယ့္ေအးၿငိမ္းရာပင္။

သမီးငယ္ကို အိမ္မွာေနၿပီး ျပသနာမ်ားႏွင့္ေဝးကြာေစခ်င္ေသာ္လည္း သမီးငယ္၏နဂိုစ႐ိုက္အရ ဇာတ္လမ္းတြဲမ်ားကို သတိရမွသာ သမီးငယ္ကအိမ္ထဲမွာပဲ စြဲၿမဲေနတတ္သူျဖစ္သည္။ ဒါကလည္း ၾကည့္စရာဇာတ္ကားကုန္သြားသည့္ အခါမ်ိဳးမွာ အရင္လိုပဲ သြားခ်င္ရာ သြားတတ္ၿပီး လုပ္ခ်င္ရာ လုပ္တတ္တာပါပဲေလ။

မုန္႔လုံးကို စကၠဴကပ္သလိုဘဝမ်ိဳးႏွင့္ သမီးငယ္ဟာ အခုခ်ိန္ထိ ဘဝကိုေအးခ်မ္းစြာပင္ျဖတ္သန္းေနရသည္။ ဒါကို သူေက်နပ္ပါသည္။ သို႔ေသာ္လည္း တစ္ခါတစ္ေလ သမီးငယ္ရွာလိုက္ေသာ ျပသနာမ်ားက သူ႔အား အလုပ္ပိုေစသည္။

"ကြၽန္ေတာ္တို႔ သမီးငယ္အိမ္ကိုသြားရေအာင္...."

"ဟုတ္ကဲ့...."

သူ႔အိမ္ဘက္သို႔ မဟုတ္ပဲ ေကြ႕ခ်ိဳးသြားသည့္ အခ်ိဳးအေကြ႕က သမီးငယ္ဆီကိုျဖစ္သည္။ သမီးငယ္တို႔အိမ္၏ အျပင္ဘက္မွာပဲ ကားကိုရပ္ထားေစၿပီး သူတစ္ေယာက္ပဲ အိမ္ထဲသို႔ဝင္လာခဲ့လိုက္သည္။

"သြားရေအာင္ပါ ငယ္ရယ္၊ ဝင္ခြင့္ေတြက်လာရင္ ငါတို႔အတူရွိဖို႔ မေသခ်ာဘူးေနာ္....အခ်ိန္ရွိတုန္းေလးကိုဟာ...."

"ငါ သြားလို႔မျဖစ္ဘူး မိုးျမင့္"

စကားသံမ်ားေၾကာင့္ သူသည္အရင္မဝင္သြားေသးပဲ ေနရာမွာတင္ရပ္ကာ တိတ္တဆိတ္နားေထာင္မိသည္။

"နင့္အေမကို ငါေျပာေပးမယ္ေလ..."

"နင္ျပန္ေတာ့ဟာ...ဒီကားၿပီးသြားရင္ ငါလာခဲ့မယ္။ ဒီကားမၿပီးခင္ ငါအျပင္ထြက္လို႔မျဖစ္ဘူး"

"ဘာျဖစ္လို႔ မျဖစ္တာလဲ၊ နင္ကလည္းဟာ..ဇာတ္ကားပဲဟာ ဘယ္အခ်ိန္ၾကည့္ၾကည့္ရသားနဲ႔ကို။ အခုဟာက ရာသီဥတုေလးလည္းေကာင္းတုန္း ေတာင္တက္ၾကရေအာင္ပါဆို"

ဒီေန႔နဲ႔ဆို မိုးျမင့္ ငယ့္ဆီကို ေရာက္လာတာ ၆ေခါက္ျဖစ္ၿပီ။ ေတာင္တက္သြားၾကရေအာင္ဆိုေသာ မိုးျမင့္၏အစီအစဥ္ကေကာင္းေပမယ့္လည္း ငယ့္မွာ အိမ္ကေနမထြက္ႏိုင္ပဲရွိရသည္က...
"ဇာတ္သမ္းပိုင္း မသိရပဲ ငါအျပင္ထြက္လို႔မရဘူး မိုးျမင့္။ မေတာ္လို႔ ငါသာ တစ္ခုခုျဖစ္သြားခဲ့ရင္....ဇာတ္သိမ္းမွာ မင္းသားနဲ႔မင္းသမီး ဘယ္လိုျဖစ္သြားမလဲ ငါမသိလိုက္ပဲေနလိမ့္မယ္။ အဲ့တာေၾကာင့္ပါဟာ....ေနာ္ ဒီကားေလးၿပီးရင္ ငါလာခဲ့ပါ့မယ္။"

TVၾကည့္ရင္းကေန ေလသံေပ်ာ့ေပ်ာ့ႏွင့္ေျပာေနေသာ သမီးငယ္၏စကားေၾကာင့္ သူ႔မွာၿပဳံးမိသြားသည္။ ဒီဟာေလး တကယ္ကို တတ္ႏိုင္လြန္းပါသည္ေလ။

ဒီကမာၻမွာ သမီးငယ္လိုခံယူခ်က္မ်ိဳး ဘယ္သူ႔မွာမွရွိမည္ မဟုတ္ေပ။ ဇာတ္ကားတစ္ကားကို စၾကည့္ၿပီဆိုလွ်င္....
"ေသမယ္ဆိုရင္ေတာင္ ဒီဇာတ္ကားေလးဇာတ္သိမ္းမွပဲေသပါဟယ္...."
ဆိုတဲ့ခံယူခ်က္မ်ိဳးနဲ႔ သမီးငယ္ၾကည့္ခဲ့သည့္ အပိုင္းဇာတ္လမ္းတြဲေတြက မနည္းမေနာရယ္။

"ဒီေကာင္မေတာ့ ......
ေန...ေနဟာ"

သမီးငယ္၏ သူငယ္ခ်င္းမိန္းကေလးက သမီးငယ္အား တြန္းခဲ့ရင္း ေဒါနဲ႔ေမာနဲ႔ေနရာကေနထြက္ခဲ့သည္။ တံခါးဝမွာ သူနဲ႔ဆုံေတာ့ ထိုမိန္းကေလးက သူ႔အားတစ္ခ်က္သာၾကည့္ၿပီး ထြက္သြားသည္။

သို႔ႏွင့္ သူလည္းအိမ္ထဲဝင္ခဲ့ရင္း သမီးငယ္၏ေဘးမွာဝင္ထိုင္လိုက္သည္။

"ၿပီးေတာ့မွာလား...."

သမီးငယ္ဘက္ကိုလွည့္ရင္း ဆိုဖာေနာက္မွီေပၚ  တံေတာင္တင္ကာ သူ႔နားထင္သူ လက္ဖဝါးျဖင့္ေထာက္ထားရင္းကေမးေတာ့ သမီးငယ္က ေျခေထာက္ႏွစ္ဖက္လုံးကို ဆိုဖာေပၚတင္ထားရင္းကေန ဒူးေလးႏွစ္ဖက္ကိုလႈပ္လီလႈပ္လွည့္လုပ္ရင္း...
"နည္းနည္းက်န္ေသးတယ္..." ဟု ေျဖလာသည္။

"ဒီတစ္ေခါက္ေရာ ဘယ္လအထိ အိမ္ထဲမွာေနမွာလဲ..."

"ေရွ႕လ ၁၅ရက္ဆို ၿပိီးၿပီ...."

အခုမွ ဒီဘက္လ၂၀ရက္သာရွိေသးသည္မို႔ သူ႔အတြက္အခ်ိန္ရသည္ဟု ေတြးမိၿပီး သူသည္ ျပန္ဖို႔လုပ္လိုက္သည္။

"ျပန္ေတာ့မွာလား..."

"အင္း...အိမ္စာလုပ္စရာေလးရွိလို႔။
ေနာက္ရက္မွပဲလာေတာ့မယ္...."

"အင္း......"

ပုံမွန္အခ်ိန္ေတြလို သူျပန္မည္ဆိုလွ်င္ သူ႔ကိုအတင္းတြယ္ကပ္ေနတာမ်ိဳးမဟုတ္ေတာ့ပဲ သူ႔အာ႐ုံနဲ႔သူရွိေနသည့္ သမီးငယ္၏ပါးျပင္ကို သူ႔မွာအူယားလြန္း၍ ဖ်စ္ညႇစ္လိုက္မိသည္။ သို႔တိုင္ေအာင္ သမီးငယ္က သူ႔အားတစ္ခ်က္သာၾကည့္ၿပီး TVဆီသို႔သာ အၾကည့္ျပန္ေရာက္သြားသည္။

"ထည္ဝါ...."

"ဟုတ္ကဲ့..အန္ကယ္"

သမီးငယ္အနားကေန ထြက္လာခဲ့ၿပီး ထမင္းစားခန္းဘက္ကေနထြက္လာေသာ သမီးငယ္၏ေဖေဖနဲ႔ဆုံသည္။ ထိုေၾကာင့္ပဲ သူသည္အန္ကယ္နဲ႔အတူ ၿခံထဲဆင္းၿပီး စကားေျပာဖို႔ျဖစ္လာခဲ့သည္။

"မင္းသူငယ္ခ်င္းကေတာ့ အခုတေလာ Dramaအ႐ူးျပန္ျဖစ္ေနတယ္။ တစ္ခ်ိန္လုံး TVေရွ႕ကကိုမခြာဘူးကြာ...."

"အျပင္ထြက္ေနတာထက္ အဲ့တာကပိုေကာင္းတယ္မလား အန္ကယ္...."

"ဟားဟား...ဒါေပါ့၊ အိမ္ထဲမွာပဲ ရွိေနေတာ့ စိတ္ေအးရတာေပါ့ကြာ။"

"ဟုတ္ကဲ့ဗ်...."

သူနဲ႔အန္ကယ္တို႔ အတူရယ္ေမာၾကၿပီး အရယ္ေတြရပ္တန္႔သြားသည့္အခ်ိန္မွာ စကားလမ္းေၾကာင္းတို႔က သမီးငယ္ဆီဦးတည္ေနရာမွ ေသြဖယ္သြားသည္။

"ဒါဆို အန္ကယ္တို႔ဘက္က ေရနံတြင္းေတြ လိုေနမွာေပါ့...."

"အဲ့လိုလည္း မဟုတ္ဘူးထည္ဝါ။ လိုအပ္တဲ့ ပမာဏက အန္ကယ့္မွာရွိၿပီးသားပါကြာ....အဲ့ဒီကေနမွ ဒီဇယ္ဆီထုတ္ဖို႔အတြက္ စိတ္ခ်ရတဲ့စက္႐ုံလိုအပ္ေနတာ။ အန္ကယ့္မွာက ႏိုင္ငံျခားဝယ္လက္လည္းရွိၿပီးသားဆိုေတာ့...အဲ့ဒီတစ္ခုသာ အဆင္ေျပရင္ရၿပီ.."

"ဒါျဖင့္ ကြၽန္ေတာ္ကူေပးမယ္ေလ အန္ကယ္။ ေဖေဖႀကီးနဲ႔ရင္းႏွီးတဲ့ စက္႐ုံတခ်ိဳ႕ေတာ့ရွိပါတယ္။"

"ေအးကြာ...အခုရက္ပိုင္း ဆိပ္ကမ္းဘက္မွာလည္း သေဘၤာေတြထြက္တာ အရမ္းျမန္ေနတယ္၊ ခိုးလုပ္တာေတြမ်ားေတာ့ အန္ကယ္က မင္းကိုအကူအညီေတာင္းၾကည့္တာပါ။ အခုလို အဆင္ေျပေျပနဲ႔ျဖစ္သြားေတာ့လည္း ဝန္ေပါ့တာေပါ့ကြာ..."

"ဟုတ္ကဲ့ အန္ကယ္။ စက္႐ုံကိစၥအတြက္ေတာ့ အန္ကယ္စိတ္မပူပါနဲ႔.....ကြၽန္ေတာ္ အန္ကယ့္အတြက္ကူႏိုင္မယ္ထင္ပါတယ္"

"ေအးကြာ...မင္းရွိေနလို႔ ေတာ္ေသးတာေပါ့"

သူ႔အား ခန္႔ညားစြာၿပဳံးၿပီးၾကည့္လာသည့္ အန္ကယ့္ကို သူ႔ဘက္ကလည္း ျပန္ၿပီး ၿပဳံးျပရင္း ညေနေစာင္းၿပီမို႔ စကားဝိုင္းကိုအဆုံးသတ္ခဲ့ရင္း သူ႔အိမ္ကိုျပန္လာခဲ့လိုက္ေတာ့သည္။

Continua a leggere

Ti piacerà anche

102K 7.4K 48
It's all about heart touching love story,betrayal & hot love💗............ Karku sake abaku labari
384K 30.4K 43
_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ္ရင္ ငါကိုယ္ေတာ္က မိစၦာျဖစ္ေစၿပီး မင္းကိုကယ္တင္မယ္ _ Start date - Octo...
2.7K 225 16
මමත් කවියෙකි මනස පුරා නුඹ ගැනම කවි ලියන~♡ 𝐃𝐨𝐧'𝐭 𝐜𝐨𝐩𝐲 𝐦𝐲 𝐰𝐨𝐫𝐤𝐬⭕
190K 18.1K 53
គេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង...