အချစ်ဦး (Completed)

By Ahlaly

211K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၇)

4.3K 167 13
By Ahlaly

"သခင်လေးပြန်လာရင် စာကြည့်ခန်းကိုလာခဲ့ဖို့ ဆရာကမှာထားပါတယ်...."

ခြံတံခါးကို ဖွင့်ပြီး အိမ်ထဲသို့ခြေလှမ်းလိုက်ခြင်းမှာပဲ သူ့အနားကိုရောက်လာသည့် ဒယ်ဒီ့လူယုံ ကိုတားကြီး၏စကားကြောင့် သူ့ကျောင်းဝတ်စုံကို သတိတရနဲ့ စမ်းမိသည်။

"ကျွန်တော် ကြိုပြင်ထားပေမယ့်...ဆရာက အပိုတွေမလုပ်ထားနဲ့ဆိုပြီး ယူသွားပါတယ်"

ဒယ်ဒီနဲ့ သူ့ကြားမှာ အလုပ်များပြီးခေါင်းရှုပ်နေရသည့် ကိုတားမျက်နှာက မကြည်မလင်နဲ့မို့ သူ့ဘက်ကအေးအေးဆေးဆေးနဲ့ပဲ...
"ရတယ်။ ထားလိုက်တော့...." ဟု ဆိုခဲ့လိုက်ပြီး စာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။

"ဒယ်ဒီ...."

"ထိုင်ဦး......."

စာကြည့်စားပွဲအထက်မှ စာအုပ်ထံကနေအကြည့်မလွှဲပဲ သူ့အား မျက်နှာချင်းဆိုင်စားပွဲရှေ့မှထိုင်ခုံတွင်ဝင်ထိုင်စေသည်။ အချိန်ကြာသည်အထိ သူ့ကိုမော့ကြည့်မလာပဲ စာရင်းတွေကိုသာ ကြည့်နေသည့်ဒယ်ဒီ့ပုံစံကြောင့် ထိုင်နေရတာကို သူစတင်ပြီး ပျင်းရိလာသည်။

"ထည်ဝါ ကျောင်းဆင်းလာပြီပဲ..."

တံခါးဖွင့်သံနှင့်အတူ စာကြည့်ခန်းထဲသို့ ဝင်လာသော မာမီ့ဆီကိုသူအပြေးသွားလိုက်ပြီး မာမီ့လက်ထဲရှိ ပန်းကန်ကိုကူသယ်ပေးလိုက်သည်။ ပြီးနောက်တွင် မီမာနဲ့အတူ ဒယ်ဒီ့အနားကိုလျှောက်လာပြီး စားပွဲပေါ်မှာ ပန်းကန်းကိုဂရုတစိုက်နဲ့ပဲ တင်ပေးဖြစ်သည်။

"အကွေး..."

"အင်း....."

"ညနေစာအတွက် ကုန်တိုက်သွားမယ်လို့ ပြောတယ်မလား။ အချိန်တောင်လင့်တော့မယ် ထင်တယ်..."

"ဟုတ်တယ်။ ငါ ကောင်းကိုစောင့်နေတာ"

"ဘယ်လိုလုပ်မလဲ..ဒီနေ့တော့ ကျွန်တော်လိုက်နိုင်မှာမဟုတ်ဘူး ဖြစ်နေတယ်။ ဒီမှာလေ လချုပ်စာရင်းတွေက ဒီနေ့အပြီးသတ်ပေးမှဖြစ်မှာ...."

"ဒါဆို ကျွန်တော်လိုက်ခဲ့မယ်လေ မာမီ။
ကျွန်တော်နဲ့ဆိုလည်း ဖြစ်တယ်မဟုတ်လား..."

"ဒယ်ဒီ့စာရင်းတွေ ကြည့်ကူမှာလို့ မင်းပဲပြောထားပြီး ထည်ဝါ....."
ထိုင်ခုံကနေချက်ချင်းထ,လာသည့် ဒယ်ဒီက သူ့ကိုယ်ကို ဆွဲယူပြီး၊ သူ့ပခုံးပေါ် လက်တင်ကာ အတင်းဖိထားပြီး သူ့အားမာမီနဲ့အတူ လိုက်မသွားစေရန် ပြောသည်။ မာမီကို ပ,ထုတ်ပြီး ဒယ်ဒီ့တော့ သူ့ကိုနှိပ်စက်တော့မည်ထင်သည်။

"ဒါဆို ငါ့ဘာငါပဲ သွားလိုက်မယ်...."
ပြောပြီးချက်ချင်းပဲ မာမီက အခန်းထဲကနေထွက်သွားသည်ကြောင့် မျက်နှာလေးငယ်ပြနေသည့် သူ့အား လုံးဝမြင်လိုက်နိုင်မည်မဟုတ်ပေ။

"သွား...ရှေ့မှာသွားထိုင်"

သူ့ကိုဖယ်ထုတ်လိုက်ပြီး ခုံမှာထိုင်စေသည့် ဒယ်ဒီ့စကားကို သူနာခံရသည်။ သူဘယ်လောက်ပဲ လုပ်နိုင်စွမ်းရှိပါစေ ထိုထက်ပိုလို့လုပ်နိုင်စွမ်းရှိသူက သူ့ဒယ်ဒီဆိုတာကို သူနားလည်ထားသည်။

"မင်းပြောတော့ စိန်စျေးကွက်ကို လက်လျော့လိုက်ပြီဆို။ ငါပြောထားတယ် ထည်ဝါ...မင်းကို ကျောင်းသားပဲလုပ်နေဖို့"

ဟိုတစ်နေ့ကမှ ဒရယ်ဂွန်အဆုံးသတ်နိုင်ခဲ့သည့် စိန်လေလံပွဲကိစ္စနဲ့ပက်သတ်ပြီး ဒယ်ဒီကပြောနေခြင်းဖြစ်သည်။ သူ့ဘက်က စိန်စျေးကွက်ကို လက်လျော့လိုက်ပြီးဟု ပြောခဲ့သော်လည်း သူ့လက်ထဲမှရှိနေသည့် ပစ္စည်းတွေကို ထုတ်မရောင်းတော့ဘူးဟု ဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။

ထို့ကြောင့် သူဘက်က တွန့်ဆုတ်ခြင်းမရှိပဲ ဒယ်ဒိီ့ဆီကိုကြည့်ကာ...
"ရှိတဲ့ပစ္စည်းတွေပဲ ထုတ်ဖို့လုပ်တာ ဒယ်ဒီရ...."

"အဲ့ဒီတစ်ချက် ငါ့မေ့သွားတာကို မင်းတော်တော်လေး သဘောကျနေတယ် ဟုတ်လား။"

"အဲ့လိုသဘောလည်း မဟုတ်ရပါဘူးဗျာ..."

"ထားတော့။ နောက်ရက်တွေ ကျောင်းကနေလစ်ထွက်ရင် ငါခွင့်မလွှတ်တော့ဘူး ထည်ဝါ။ ပြီးတော့ သမီးငယ်.....မင်းအရမ်း ပေါ်ပေါ်ထင်ထင်တွေ မလုပ်စမ်းနဲ့"

"ကျွန်တော် နားလည်ပါတယ် ဒယ်ဒီ။
ပြီးတော့ သမီးငယ်က ကျွန်တော့်သူငယ်ချင်းပါ၊ ကျွန်တော် သူ့ကို ထိခိုက်မခံပါဘူး........"

"အဲ့တာက မင်းအပိုင်းပဲ......။ မင်းကို ခေါ်လိုက်တာက ဒရယ်ဂွန့်ကိစ္စပဲ။ သူ့ကို Provenceကို ပို့ဖို့ငါဆုံးဖြတ်လိုက်ပြီ။"

"မရဘူး ဒယ်ဒီ......"
ထိုင်ရာကနေ ထပြီး သူငြင်းဆန်မိသည်။

"ပြန်ထိုင်....ငါပြောတာကို ဆုံးအောင်နားထောင် ထည်ဝါ။ ရောင်ဝါ့ကို ဒီတိုင်းထားလို့မရတော့ဘူး။ အခုတလော သူ့Scandalတွေက မင်းတို့မာမီကို သွေးတိုးစေတယ်။ ငါပြောသလိုပဲ ထားလိုက်ရအောင်ထည်ဝါ...နားလည်လား"

"မရဘူး ဒယ်ဒီ။ ဒရယ်ဂွန်က ကျွန်တော့်အပိုင်...."

"မတတ်နိုင်ဘူး။ ငါအကုန်စီစဥ်ပြီးနေပြီ။
သွားနားတော့......."

သူ့ဘက်ကိုလုံးဝမကြည့်တော့ပဲ ဒယ်ဒီကတော့ဆုံးဖြတ်ချက်တွေ ခိုင်မာသွားခဲ့ပြီ။ ရောင်ဝါ့အရှုပ်ဇယားတွေက ဆိုရှယ်မီဒီယာတွေမှာ ဆက်တိုက်ဆိုသလို တက်လာကို သူသတိထားလိုက်သင့်သည်။

အခု သူတစ်ချက်လေး သတိလွတ်တာနဲ့ သူ့လူကို ဆုံးရှုံးခံလိုက်ရတော့မည်။ ဒရယ်ဂွန့်ကို ဖေဖေကြီးက သူ့အပိုင်အဖြစ် ပေးခဲ့ပေမယ့် ဒရယ်ဂွန့်ဟာ သူ့အကို၏တရားဝင်တွဲဖက်အဖြစ် သူ,မမွေးခင်အချိန်ထဲက ရှိနေတာဖြစ်သည်။

ဒါကြောင့် ဒယ်ဒီ့ဆုံးဖြတ်ချက်က မှန်ကန်နေသော်လည်း သူ့ဘက်က ဒရယ်ဂွန်ကိုပဲလက်မလွှတ်နိုင်ဖြစ်နေတော့သည်။ အနားမှာဒရယ်ဂွန်မရှိတဲ့ အချိန်ဆို သူတော်တော်လေးကို ပင်ပန်းလိမ့်မည်။ သူ့အတွက် ဒရယ်ဂွန့်ကိုမရှိမဖြစ်လို သဘောထားခဲ့တာက အခုလို ပြန်ပေးလိုက်ဖို့ လုံးဝအစီအစဥ်မရှိခဲ့ကြောင့်ဖြစ်သည်။

ဒီလိုတွေးကြည့်ရင်း ပိုပိုပြီးညစ်လာသည်ကြောင့် စိတ်ဖြေဖို့နေရာကို သွားဖို့ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်လိုက်ခဲ့ပေးရမလား သခင်လေး...."

"မလိုဘူး...."

ဒယ်ဒီရှိနေသော စာကြည့်ခန်းကနေ ခြေလှမ်းအကျဲကြီးများဖြင့် ဆက်တိုက်ဆိုသလို လျှောက်လာခဲ့လိုက်ပြီး မစီးတာကြာပြီဖြစ်သော ပြိုင်ကားအညိုရောင်ဆီကို သွားကာ အိမ်ကနေလျှင်မြန်စွာထွက်လာခဲ့လိုက်သည်။

ကားမောင်းနေရင်းမှ သူသတိတရနဲ့ပဲ ဖုန်းကို ကားမှန်ပြတင်းမှတဆင့် လမ်းမအထက် ပစ်ချခဲ့လိုက်သည်။ လူသူရှင်းလင်းနေသော လမ်းအထက်တွင် တုန်ယီနေသော ဖုန်းလေးသည် နေရာမှာတင် နောက်မှလာသောကား၏ တက်ကျိတ်ခြင်းကို ခံရလိုက်ပေသည်။

သို့တိုင် ကြေမွသွားသော ပုံစံအတိုင်းဖုန်းသည် လမ်းမအထက်တွင် ရှိနေဆဲဖြစ်သည်။ ညအချိန်ရောက်သောအခါမှ ဖုန်းကို ကောက်ယူသူရှိလာတော့သည်။

"ဖုန်းကို ပစ်ခဲ့တာပဲ...ဒီကောင်လေးတော့ အရမ်းဆိုးနေပြီ ။"

တည်နေရာပြသည့်နေရာကို နေခြည်တို့လိုက်လာခဲ့သော်လည်း ဖုန်းသာရှိနေပြီးလူမရှိတာကြောင့် အခုချိန်ထိ ရင်မအေးရသေးပေ။ နေမဝင်ခင်မှာတည်းက အိမ်ကနေထွက်သွားခဲ့သော အငယ်ဆုံးလေးသည် ယခုည၉နာရီကျော်သည်အထိ ဆက်သွယ်လို့မရပဲရှိနေသည်။

"မမလေးနေခြည်..ဒရယ်ဂွန့်ဆီက ဖုန်းပါ။"

ကိုတားကြီးကမ်းပေးသော ဖုန်းကို သူမယူလိုက်ပြီး...
"ပြော..."

" သခင်လေး Night townမှာ.....။ကျွန်တော်အခုပဲ သွားနေပြီ အမနေခြည်၊ စိတ်ပူနေမှာစိုးလို့ လှမ်းဆက်လိုက်တာ"

"အိုကေ...ငါလည်း အခုလာပြီ"

"ရတယ် အမ။ ကျွန်တော်ပဲ သူ့ကိုအိမ်ပြန်ခေါ်ခဲ့လိုက်မယ်"

"နင်သူ့ကို မနိုင်ဘူး ဒရယ်ဂွန်....."

ဖုန်းတစ်ဖက်မှ အမနေခြည်၏အသံက ဒရယ်ဂွန့်ရင်ကို အရှိုက်ထိစေသည်။ ဒရယ်ဂွန်တကယ်ပဲ သခင်လေးကို မနိုင်ပါ။ သခင်လေး စိတ်တိုလာရင်၊ သခင်လေးသောင်းကျန်းရင် ဒရယ်ဂွန်ဝင်မထိန်းဝံ့ပေ။

အခုလက်ရှိ အနေအထားမှာလည်း သခင်လေးကထရီလီယမ်နှင့်ချီပြီး သုံးကုန်နေသည်မို့ သခင်လေး၏စိတ်အနေအထားအရ အမနေခြည်ကိုထိုနေရာထိခေါ်သွားဖို့ လိုအပ်နေသည်။

"ငါတို့ လာနေပြီ...ဒါပဲ။"
ပြောပြီးချက်ချင်းပဲ နေခြည်က ကားပေါ်ကို တက်ခဲ့လိုက်ပြီး Night townဆီသို့ ဦးတည်ခဲ့လိုက်သည်။

Night Townဟု အမည်ရသော နေရာသည် အပြင်ပိုင်းကြည့်လျှင် အပျော်တမ်း လက်တောက်ခုံသာရှိသော နေရာဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်းအပြင်အဆင်များကတော့ ရူးလောက်တဲ့ ဗိမာန်တစ်ခုအလား ကားပါကင်၊ Villa၊ Spaနှင့် ကာစီနိုဝိုင်းအထိပါ ခင်းကျင်းထားလေသည်။

"၁၀၀၀၀ဖိုး လဲလိုက်..."

ချိစ် လဲလှယ်နေသောနေရာတွင် ကားသော့ကို ပြ၍ ယိမ်းထိုးနေသော ထည်ဝါ့အနားကို ဒရယ်ဂွန်ရောက်သွားပြီး လက်ထဲရှိ ကားသော့ကိုယူဖို့ကြိုးစားလိုက်သည်။

"ဖယ်....မင်းဖယ်။"

"ထည်ဝါ...."

သူ ဒရယ်ဂွန့်ကို အတင်းတွန်းထုတ်နေစဥ်မှာပဲ သူ့ဂုတ်ပိုးအား အားပြင်းပြင်းနဲ့ရိုက်ချပြီး အော်ချသည့် နေခြည့်ကြောင့် သောက်ထားသည့်ထဲက တစ်ဝက်လောက်က လွင့်စင်သွားသလိုပင်။

"ကလေးလို လုပ်မနေနဲ့။ ရော့....."

ပိုက်ဆံအိတ်သေးသေးလေးထဲမှ ထွက်လာသည့် Checkစာအုပ်လေးကြောင့် ထည်ဝါသည် နေခြည်အားနားမလည်နိုင်သလိုကြည့်မိသည်။

"သွားဆော့လေ...."

သိန်း၁၀၀၀၀ဖိုး လဲလှယ်ပေးထားသည့် ချိစ်ပြားများကို လက်ထဲ ထည့်ပြီးပြောပုံက ကလေးအငိုတိတ်အောင် အိုးပုတ်တွေဝယ်ပြီး လွတ်ရာမှာသွားဆော့စေ သလိုပါပင်။ ထည်ဝါကိုယ်တိုင်လည်း ပိုက်ဆံရှိပေမယ့်လည်း အခုလိုမျိုး နေခြည့်ကဲ့သို့တခြားသူအပေါ်မှာ ရက်ရောတတ်သူမဟုတ်ပေ။

သူပိုက်ဆံနဲ့မဟုတ်လျှင်တောင်မှ သူကိုယ်တိုင်ကလွဲပြီး တခြားသူတွေ ပိုက်ဆံသုံးဖြုန်းတာမျိုးကို ထည်ဝါသဘောမကျတတ်။ နေခြည်ကတော့ သူကဲ့သို့မဟုတ်ပဲ လှပသောအပြုံးတစ်ပွင့်နှင့် သူ့အားရက်ရောစွာပင် ပေးကမ်းနေလေသည်။

"လာ...သွားရအောင်"

ကြောင်ကြည့်နေဆဲဖြစ်သည့် သူ့အား နေခြည်ကပင်လက်ဆွဲလို့ခေါ်ခဲ့ပြီး ဝိုင်းအသစ်မှာ ထိုင်စေသည်။ သူမကိုယ်တိုင်ကတော့ ထည်ဝါအနောက်မှာရပ်ရင်း ထည်ဝါ့ပခုံးဆီသို့ ငုံ့ကိုင်းချကာ...
"ဘယ်လိုဆော့ရတာလဲ ပြောပြဦး"

နေခြည့်အမေးကို ထည်ဝါတကယ်ပဲ ထိတ်လန့်သွားမိသည်။ လှပကျော့ရှင်းသော နေခြည်က ရတနာဆိုင်လုပ်ငန်းတွေကို အကောင်းမွန်ဆုံးစီမံခန့်ခွဲတတ်သူဖြစ်သည်။ ထည်ဝါတို့သုံးယောက်တွင် ထည်ဝါတစ်ယောက်ကသာ ဒီလိုနေရာတွေအထိလာပြီး လောင်းကစားကိုခုံမင်တတ်သူဟု သူကိုယ်သူယူဆထားခြင်းဖြစ်သည်။

"အန်စာကို မှန်းရတာလား။ ငွေကရော ဆတိုးနဲ့ရတာလား။ ဘယ်လောက်တောင်ရလဲ...."

အရောင်တလက်လက် ထနေသည့် နေခြည့်မျက်လုံးလေးတွေက သူပထမဆုံးအကြိမ် ဖဲရိုက်စဥ်ကလိုပင်။ အလောင်းအစားမှာ တက်ကြွစွာနဲ့ပျော်ဝင်ချင်နေသည့် ဒီမျက်လုံးတွေက မျိုးရိုးလိုက်တာလို့ပြောရအောင်လည်း ဒယ်ဒီရော၊ မာမီရောက လောင်းကစားဆိုတာ ဂျိုနဲ့လားဟုမေးရသည်အထိကို လောင်းကစားနဲ့ဝေးကွားလွန်းသည်။
(ယူတို့မာမီက ဂျိုပေါက်အောင်အထိ ဝါသနာပါတာပါ အကိုရယ် :3333)

ဖေဖေကြီးပင်လျှင် စီးပွားရေးအရ လိုအပ်ချက်ရှိမှသာ ဒီလိုပွဲမျိုးတွေမှာ ပါဝင်တတ်တာဖြစ်သည်။ အခု သူနဲ့နေခြည်က လောင်းကစားမှာ အရမ်းကို စိတ်ဝင်စားလွန်းအားကြီးနေတာဖြစ်သည်။

"၃ ဖြစ်မယ်...."

နားနားကပ်ပြီး တိုးတိုးလေးပြောသည့် နေခြည့်ကြောင့် ထည်ဝါသည့် Capအုပ်ထားသောနေရာဆီကိုကြည့်မိလိုက်သည်။ ထိုခဏမှာပဲ ဒိုင်လုပ်သူမိန်းကလေးက Capကိုလှပ်လိုက်လေသည်။

နေခြည်ပြောသည့်အတိုင်း တကယ်ပဲ ၃ဖြစ်လို့နေတော့ သူ့မှာ အံ့သြစွာနဲ့ပဲ ခုံပေါ်မှာအသင့်ရှိနေသည့် အရက်ခွက်ကို ကောက်မော့ချလိုက်ရသည်။

"၇ကို ထိုးလိုက်ထည်ဝါ...."

နောက်တစ်ဂွင်စတော့ နေခြည်က ခုံတစ်လုံးယူပြီး သူ့အနားမှာ ကပ်ထိုင်ကာပြောသည်။ သူ့ကိုပြောသည်ဆိုသော်လည်း စူးရဲနေသော နေခြည်မျက်လုံးတို့က ဒိုင်မိန်းကလေးလက်ဖြင့်မိုးအုပ်ကာကိုင်ထားသော Capကိုသာ ပေါက်ထွက်မတတ်ကြည့်နေတာဖြစ်သည်။

ဒီအကြည့်ကြောင့်ပဲ သူ့မှာ အမဖြစ်သူပြောသလို ၇နေရာမှာထိုးဖြစ်သည်။

တကယ်လို့နေခြည်ပြောတာသာ အမှန်ဆိုလျှင် သူ့ထိုးကြေး၏ ၆ဆကိုအနိုင်ရမည်ဖြစ်သည်။ ပထမဆုံးနေခြည့်အပြောကို သူ့အနေနဲ့၅၀၀ဖိုးလောက်သာ အယုံအကြည်ရှိခဲ့သည်မို့ သူပြန်ပြီးရလိုက်သည်က သိန်း၃၀၀၀ဖြစ်သည်။

ပထမတစ်ခါတုန်းက ထိုးကြေးနည်းခဲ့တာကို သူနောင်တရခဲ့ပေမယ့်လည်း အခုညမှာတော့ သူ့အနေနဲ့ နေခြည်အားယုံရမှာကို ကြောက်လာသည်။ မောက်နှမနှစ်ယောက်သား ညနေဘက်တွေဆို အိမ်ကနေအကြောင်းအမျိုးမျိုးပြပြီး ထွက်ခဲ့ကြသော်လည်း ဦးတည်ရာက Night Twonကိုသာဖြစ်သည်။

အသုံးကြမ်းသော သူတို့မောင်နှမကို စိတ်မချတာကြောင့် Provenceသွားမည့် အခွင့်အရေးကို ဒရယ်ဂွန်က စွန့်လွှတ်ခဲ့လေသည်။ သို့နှင့် သူတို့သုံးယောက်အခုရက်တွေမှာ ညဘက်တွေဆို မခွဲအတူရှိကြလေသည်။

"ရော့..ဒရယ်ဂွန်၊ ဒါနဲ့သွားလဲ လာခဲ့"

လက်ပတ်နာရီအထိပါဖြုတ်ပြီး ချိစ်ပြားနဲ့လဲခိုင်းနေသော နေခြည်က သူ့ထက်ပင်ပိုလို့ဇွဲကောင်းနေလေသည်။ အရင်ညတွေက ဆက်တိုက်နိုင်ထားသမျှက အခုညမှာ ဘူပိတ်နေတော့သည်။

"၉.....၉ကိုထိုးလိုက်မယ်။"

လက်ကျန် ချိစ်ပြားတွေအပြင် ဒရယ်ဂွန်လဲလာသည့် ချိစ်ပြားတွေရောပါ အောထည့်ပြီး လောင်းချနေသည့် နေခြည်က တော်တော်လေးကို စိတ်အားထက်သန်နေတာဖြစ်သည်။

"ဘာ....."

စားပွဲခုံကို လက်ဖြင့် ရိုက်ချပြီး အသံအကျယ်ကြီးထွက်သွားသည့် သူ့ကြောင့် နေခြည်ကရုတ်တရပ်လန့်ပြီး...
"ဒယ်ဒီ သိသွားပြီလား" ဟု မေးသည်။

"အခုပဲ သွားမယ်......"
နိုင်တာတွေ ရှုံးတာတွေ၊ ချိစ်ပြားတွေ နံပါတ်တွေအားလုံးကို ပစ်ချထားခဲ့ပြီး သူသည် ပွဲမပြီးသေးခင်ဝိုင်းကနေ ထွက်ကာ ကာစီနိုမှVillaသို့ဆက်ထားသည့် နေရာကို Night Townအပိုင်ကားကို စီးလျက်သွားဖို့ကို ရွေးချယ်လိုက်သည်။

သူနဲ့အတူ နေခြည်နဲ့ဒရယ်ဂွန်အပြင် ကိုမှိုင်းပါ ပါလာခဲ့သည်က ဒီနေ့အတွက် ကံကောင်းတာပင်။

"ဘာဖြစ်လို့လဲ ထည်ဝါ...."

"သမီးငယ်တော့ ဇယားတွေရှုပ်ချင်နေပြီထင်တယ်။
တောက်ခ်...ငါဟာ ဒီဟာလေးကို တစ်စစီ ဆွဲဖြဲပစ်လိုက်ချင်တယ်။"

ကား၏ ဆိုဖာလက်ရန်းကို ရိုက်ရင်း ကြုံးဝါးနေသည့် ထည်ဝါကြောင့် နေခြည်သည် သူမနဖူးကိုသူမပြန်ရိုက်ပြီး ကားနောက်မှီကိုလျောချပြီးသက်တောင့်သက်သာနဲ့ မှီတည်ထားလိုက်သည်။ ကားပေါ်တက်လာသည့်အချိန်အထိ ဒယ်ဒီသိသွားလို့များလားဆိုသည့်အတွေးဖြင့် သူမတော်တော်လေးကို ကြောက်ရွံ့ခဲ့တာဖြစ်သည်။

"ကားမြန်မြန်မောင်းစမ်း......"

ကားကိုမောင်းပေးသော ဒရိုင်ဘာသည် Night Townမှဝန်ထမ်းဖြစ်နေသည်ကြောင့် အမိန့်ဆန်သော ထည်ဝါ့အသံကို ထိုဒရိုင်ဘာက မကြားလိုက်သလိုနှင့်ပုံမှန်အတိုင်းသာ ဆက်မောင်းနေသည်။

"မင်းကို ပြောနေတာ...."

ကားနောက်ခန်းမှာ ထိုင်နေရင်းကနေ ရုတ်တရပ်ကြီး ဒရိုင်ဘာကောင်လေး၏ လည်ပင်းကို လက်ဖြင့် လှမ်းပိုက်သည့်ထည်ဝါ့ကြောင့် ထိုကောင်လေးကကားမောင်းနေရင်း စတီယာရင်ကို လက်လွတ်မိသွားသည်။ ထိုချက်ချင်းမှာပဲ ဒရိုင်ဘာ၏ဘေးခုံတွင်ထိုင်နေသည့် ကိုမှိုင်းက တစ်ချက်ထိန်းပေးသည်။

"တံခါးဖွင့်လိုက် ကိုမှိုင်း...."

ကိုမှိုင်းသည် ထည်ဝါ့သဘောထားကို နားလည်စွာနဲ့ပဲ ဒရိုင်ဘာဘက်ခြမ်းရှိ ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ချက်ချင်းမှာပဲ ကားပေါ်မှ လူတစ်ယောက်ထိုးကျသွားသည့်အသံနှင့်အတူ...
"ကိုမှိုင်းပဲ ဆက်မောင်းတော့။ မြန်မြန်မောင်း...."

သို့နှင့် နှေးတိနှေးကန်လုပ်နေသော ဒရိုင်ဘာကို ကားပေါ်ကနေပစ်ချထားခဲ့ပြီး သူသည်လိုရာခရီးကို အမြန်ပင်ဆက်သွားသည်။ သို့သော်လည်း မကြာခင်အချိန်မှာ သူတို့ကားရှေ့သို့ ရောက်လာကြသော ပုံစံတူကားများက သူတို့ကားအားဝိုင်းထားလေသည်။

"ငါဆင်းလိုက်မယ် သခင်လေး...."

ဒရယ်ဂွန်အပြောမဆုံးသေးခင်မှာပဲ ကားပေါ်ကနေဆင်းသွားသည့် ထည်ဝါက အပြင်ဘက်သို့ရောက်သောအခါတွင် ကားတံခါးအား ခြေဖြင့်ကန်၍ပိတ်သည်။ အနေအထားက မြင့်တက်နေသည့်လေထုကို ခံစားနေရသည်ကြောင့် နေခြည်ရော၊ ဒရယ်ဂွန်ပါ ကားပေါ်ကနေအမြန်ဆင်းလိုက်ကြသည်။

"ကိုယ့်လူတို့ရောက်နေတာက Night Townရဲ့ပိုင်နက်ဗျ။ ဘယ်လိုလုပ်ပြီး လမ်းဘေးနေရာလို အထင်မှားနေရတာလဲ......"

Suitအဖြူရောင်ကို ဝတ်ထားသည့်ကောင်လေးက လိမ္မော်ဆံပင်တွေနဲ့ ခေတ်မှီaccessoriesတွေကိုပါ ယှဥ်တွဲဝတ်ဆင်ထားသည်။ အမှတ်တမဲ့ဆိုလျှင် မော်ဒယ်အလား အထင်မှားမှာဖြစ်ပေမယ့်လည်း...
"ထက်ဝေဟင်ဆိုတာသူပဲ အမနေခြည်..."

Night Town၏ ပိုင်ရှင်ထက်ဝေဟင်ကို ဒီအရွယ်လေးဟု နေခြည်တကယ်ပဲမထင်ခဲ့ပါလေ။

"မင်း ဘာဖြစ်ချင်လဲ ပြောလိုက်...."

"ခွေးကိုရိုက်မယ်ဆိုရင်တောင် သခင်မျက်နှာတော့ကြည့်ရမှာပေါ့ ကိုယ့်လူရ။ ကိုယ့်ခြံထဲမှာ ကိုယ့်ခွေးကိုဝင်ရိုက်သွားတာ ကိုယ်ဘာဖြစ်စေလဲဆိုတော့....."

တစ်လှမ်းချင်း လျှောက်လာရင်းပြောနေပုံက တော်တော်လေးကို ဆွဲဆောင်မှုရှိသည်။
"ကိုယ့် ကောင်လေးဖြစ်ပေးမလား......"

"ဘာ...."

တစ်ဖက်လူ၏ စကားက သူ့အားစော်ကားသလိုခံစားလိုက်ရတာကြောင့် သူသည် ချက်ချင်းပဲ ထိုလူကိုတွန်းထုတ်ပစ်သည်။ တွန်းထုတ်ပြီးပြီချင်းမှာပဲ လဲမကျသွားသည့် မျက်စိရှေ့ကလူ၏ အင်္ကျီလည်ပင်းကို ဆွဲစုတ်လိုက်ပြီး အားပြင်းပြင်းနဲ့ထိုးချလိုက်သည်။

သူကစသည့် ဒီရန်ပွဲမှာ ဒရယ်ဂွန်နဲ့ကိုမှိုင်းကလည်း ပါဝင်ရသည်။ တစ်ဖက်က လူများသော်လည်း အချင်းချင်းရန်ဖြစ်တာလောက်သာရှိခဲ့သော လူမိုက်ပေါက်စလေးတွေက ထည်ဝါတို့သုံးယောက်ကိုမနိုင်ပေ။

"နောက်တစ်ခါဆို အသေသတ်ပစ်မယ်...."

လဲကျနေသောထိုလူထံကို စေ့စေ့ကြည့်ပြီးကြိမ်းဝါးကာ ထပ်ဆောင်းအပိုအနေနဲ့တံတွေးနဲ့ပါ ထွေးပစ်ခဲ့လိုက်သည်။

သူတို့ကားပေါ်ကိုပြန်ရောက်လာတော့ အနောက်ခန်းမှာ အသင့်ထိုင်စောင့်နေသည့် နေခြည့်မျက်နှာက မရယ်မိအောင် အတင်းထိန်းချုပ်ထားရသည့်ပုံစံနဲ့မို့...
"ငါတကယ် ဒေါသထွက်နေတာ နေခြည်..."

"ဟားဟားးဟားးးး.....အေး အေးပါဟာ"

နေခြည့်ရယ်သံတစ်ဝက်မှာတင် သူ့ဘက်က မျက်စောင်းပိတ်ထိုးချလိုက်တော့ နေခြည်ကသူ့နှုတ်ခမ်းကိုသူ အတင်းပိတ်ဖို့ကြိုးစားသည်။ သို့သော်လည်း နေခြည့်ကို မြင်နေရတာ သူတကယ်ပဲ စိတ်တိုချင်လာသည်။

Night Town Villa & Spaဆိုသော စင်ဝင်အောက်သို့ကားရပ်ပြီး ချက်ချင်းမှာပဲ သူသည် အပေါ်မှထပ်ဝတ်ထားသော ကုတ်အင်္ကျီ၏ တစ်လုံးတည်းသော ကြယ်သီးကို ဖြုတ်ချပြီး တစ်ကိုက်နီးနီးကွာခြားသောခြေလှမ်းများဖြင့် အထဲကိုဝင်ခဲ့သည်။

Spaထဲကိုရောက်သွားသည့်အချိန်တွင် သူကြားထားရသလိုပင် ဇိမ်ယူနေသော သမီးငယ်က ကုတင်အထက်တွင်တစ်ပတ်အကြီးတစ်ထည် ခြုံလွှမ်းလျက် မျက်လုံးများမှေးဆင်းကာဖြင့် ရှိနေလေသည်။

"သမီးငယ်......"

ကြားလိုက်ရသည့် ဒေါသသံကြောင့် အခုမှ မှေးဆင်းကာစ ငယ့်မျက်လုံးတွေက ချက်ချင်းပဲ ပြူးကျယ်လာပြီး လှဲလျောင်းနေရာမှ ထ,ထိုင်မိသည်။



_______________________

Zawgyi.......


"သခင္ေလးျပန္လာရင္ စာၾကည့္ခန္းကိုလာခဲ့ဖို႔ ဆရာကမွာထားပါတယ္...."

ၿခံတံခါးကို ဖြင့္ၿပီး အိမ္ထဲသို႔ေျခလွမ္းလိုက္ျခင္းမွာပဲ သူ႔အနားကိုေရာက္လာသည့္ ဒယ္ဒီ့လူယုံ ကိုတားႀကီး၏စကားေၾကာင့္ သူ႔ေက်ာင္းဝတ္စုံကို သတိတရနဲ႔ စမ္းမိသည္။

"ကြၽန္ေတာ္ ႀကိဳျပင္ထားေပမယ့္...ဆရာက အပိုေတြမလုပ္ထားနဲ႔ဆိုၿပီး ယူသြားပါတယ္"

ဒယ္ဒီနဲ႔ သူ႔ၾကားမွာ အလုပ္မ်ားၿပီးေခါင္းရႈပ္ေနရသည့္ ကိုတားမ်က္ႏွာက မၾကည္မလင္နဲ႔မို႔ သူ႔ဘက္ကေအးေအးေဆးေဆးနဲ႔ပဲ...
"ရတယ္။ ထားလိုက္ေတာ့...." ဟု ဆိုခဲ့လိုက္ၿပီး စာၾကည့္ခန္းသို႔ ဦးတည္သြားလိုက္သည္။

"ဒယ္ဒီ...."

"ထိုင္ဦး......."

စာၾကည့္စားပြဲအထက္မွ စာအုပ္ထံကေနအၾကည့္မလႊဲပဲ သူ႔အား မ်က္ႏွာခ်င္းဆိုင္စားပြဲေရွ႕မွထိုင္ခုံတြင္ဝင္ထိုင္ေစသည္။ အခ်ိန္ၾကာသည္အထိ သူ႔ကိုေမာ့ၾကည့္မလာပဲ စာရင္းေတြကိုသာ ၾကည့္ေနသည့္ဒယ္ဒီ့ပုံစံေၾကာင့္ ထိုင္ေနရတာကို သူစတင္ၿပီး ပ်င္းရိလာသည္။

"ထည္ဝါ ေက်ာင္းဆင္းလာၿပီပဲ..."

တံခါးဖြင့္သံႏွင့္အတူ စာၾကည့္ခန္းထဲသို႔ ဝင္လာေသာ မာမီ့ဆီကိုသူအေျပးသြားလိုက္ၿပီး မာမီ့လက္ထဲရွိ ပန္းကန္ကိုကူသယ္ေပးလိုက္သည္။ ၿပီးေနာက္တြင္ မီမာနဲ႔အတူ ဒယ္ဒီ့အနားကိုေလွ်ာက္လာၿပီး စားပြဲေပၚမွာ ပန္းကန္းကိုဂ႐ုတစိုက္နဲ႔ပဲ တင္ေပးျဖစ္သည္။

"အေကြး..."

"အင္း....."

"ညေနစာအတြက္ ကုန္တိုက္သြားမယ္လို႔ ေျပာတယ္မလား။ အခ်ိန္ေတာင္လင့္ေတာ့မယ္ ထင္တယ္..."

"ဟုတ္တယ္။ ငါ ေကာင္းကိုေစာင့္ေနတာ"

"ဘယ္လိုလုပ္မလဲ..ဒီေန႔ေတာ့ ကြၽန္ေတာ္လိုက္ႏိုင္မွာမဟုတ္ဘူး ျဖစ္ေနတယ္။ ဒီမွာေလ လခ်ဳပ္စာရင္းေတြက ဒီေန႔အၿပီးသတ္ေပးမွျဖစ္မွာ...."

"ဒါဆို ကြၽန္ေတာ္လိုက္ခဲ့မယ္ေလ မာမီ။
ကြၽန္ေတာ္နဲ႔ဆိုလည္း ျဖစ္တယ္မဟုတ္လား..."

"ဒယ္ဒီ့စာရင္းေတြ ၾကည့္ကူမွာလို႔ မင္းပဲေျပာထားၿပီး ထည္ဝါ....."
ထိုင္ခုံကေနခ်က္ခ်င္းထ,လာသည့္ ဒယ္ဒီက သူ႔ကိုယ္ကို ဆြဲယူၿပီး၊ သူ႔ပခုံးေပၚ လက္တင္ကာ အတင္းဖိထားၿပီး သူ႔အားမာမီနဲ႔အတူ လိုက္မသြားေစရန္ ေျပာသည္။ မာမီကို ပ,ထုတ္ၿပီး ဒယ္ဒီ့ေတာ့ သူ႔ကိုႏွိပ္စက္ေတာ့မည္ထင္သည္။

"ဒါဆို ငါ့ဘာငါပဲ သြားလိုက္မယ္...."
ေျပာၿပီးခ်က္ခ်င္းပဲ မာမီက အခန္းထဲကေနထြက္သြားသည္ေၾကာင့္ မ်က္ႏွာေလးငယ္ျပေနသည့္ သူ႔အား လုံးဝျမင္လိုက္ႏိုင္မည္မဟုတ္ေပ။

"သြား...ေရွ႕မွာသြားထိုင္"

သူ႔ကိုဖယ္ထုတ္လိုက္ၿပီး ခုံမွာထိုင္ေစသည့္ ဒယ္ဒီ့စကားကို သူနာခံရသည္။ သူဘယ္ေလာက္ပဲ လုပ္ႏိုင္စြမ္းရွိပါေစ ထိုထက္ပိုလို႔လုပ္ႏိုင္စြမ္းရွိသူက သူ႔ဒယ္ဒီဆိုတာကို သူနားလည္ထားသည္။

"မင္းေျပာေတာ့ စိန္ေစ်းကြက္ကို လက္ေလ်ာ့လိုက္ၿပီဆို။ ငါေျပာထားတယ္ ထည္ဝါ...မင္းကို ေက်ာင္းသားပဲလုပ္ေနဖို႔"

ဟိုတစ္ေန႔ကမွ ဒရယ္ဂြန္အဆုံးသတ္ႏိုင္ခဲ့သည့္ စိန္ေလလံပြဲကိစၥနဲ႔ပက္သတ္ၿပီး ဒယ္ဒီကေျပာေနျခင္းျဖစ္သည္။ သူ႔ဘက္က စိန္ေစ်းကြက္ကို လက္ေလ်ာ့လိုက္ၿပီးဟု ေျပာခဲ့ေသာ္လည္း သူ႔လက္ထဲမွရွိေနသည့္ ပစၥည္းေတြကို ထုတ္မေရာင္းေတာ့ဘူးဟု ဘယ္တုန္းကမွ မေျပာခဲ့ဖူးေပ။

ထို႔ေၾကာင့္ သူဘက္က တြန္႔ဆုတ္ျခင္းမရွိပဲ ဒယ္ဒိီ့ဆီကိုၾကည့္ကာ...
"ရွိတဲ့ပစၥည္းေတြပဲ ထုတ္ဖို႔လုပ္တာ ဒယ္ဒီရ...."

"အဲ့ဒီတစ္ခ်က္ ငါ့ေမ့သြားတာကို မင္းေတာ္ေတာ္ေလး သေဘာက်ေနတယ္ ဟုတ္လား။"

"အဲ့လိုသေဘာလည္း မဟုတ္ရပါဘူးဗ်ာ..."

"ထားေတာ့။ ေနာက္ရက္ေတြ ေက်ာင္းကေနလစ္ထြက္ရင္ ငါခြင့္မလႊတ္ေတာ့ဘူး ထည္ဝါ။ ၿပီးေတာ့ သမီးငယ္.....မင္းအရမ္း ေပၚေပၚထင္ထင္ေတြ မလုပ္စမ္းနဲ႔"

"ကြၽန္ေတာ္ နားလည္ပါတယ္ ဒယ္ဒီ။
ၿပီးေတာ့ သမီးငယ္က ကြၽန္ေတာ့္သူငယ္ခ်င္းပါ၊ ကြၽန္ေတာ္ သူ႔ကို ထိခိုက္မခံပါဘူး........"

"အဲ့တာက မင္းအပိုင္းပဲ......။ မင္းကို ေခၚလိုက္တာက ဒရယ္ဂြန္႔ကိစၥပဲ။ သူ႔ကို Provenceကို ပို႔ဖို႔ငါဆုံးျဖတ္လိုက္ၿပီ။"

"မရဘူး ဒယ္ဒီ......"
ထိုင္ရာကေန ထၿပီး သူျငင္းဆန္မိသည္။

"ျပန္ထိုင္....ငါေျပာတာကို ဆုံးေအာင္နားေထာင္ ထည္ဝါ။ ေရာင္ဝါ့ကို ဒီတိုင္းထားလို႔မရေတာ့ဘူး။ အခုတေလာ သူ႔Scandalေတြက မင္းတို႔မာမီကို ေသြးတိုးေစတယ္။ ငါေျပာသလိုပဲ ထားလိုက္ရေအာင္ထည္ဝါ...နားလည္လား"

"မရဘူး ဒယ္ဒီ။ ဒရယ္ဂြန္က ကြၽန္ေတာ့္အပိုင္...."

"မတတ္ႏိုင္ဘူး။ ငါအကုန္စီစဥ္ၿပီးေနၿပီ။
သြားနားေတာ့......."

သူ႔ဘက္ကိုလုံးဝမၾကည့္ေတာ့ပဲ ဒယ္ဒီကေတာ့ဆုံးျဖတ္ခ်က္ေတြ ခိုင္မာသြားခဲ့ၿပီ။ ေရာင္ဝါ့အရႈပ္ဇယားေတြက ဆိုရွယ္မီဒီယာေတြမွာ ဆက္တိုက္ဆိုသလို တက္လာကို သူသတိထားလိုက္သင့္သည္။

အခု သူတစ္ခ်က္ေလး သတိလြတ္တာနဲ႔ သူ႔လူကို ဆုံးရႈံးခံလိုက္ရေတာ့မည္။ ဒရယ္ဂြန္႔ကို ေဖေဖႀကီးက သူ႔အပိုင္အျဖစ္ ေပးခဲ့ေပမယ့္ ဒရယ္ဂြန္႔ဟာ သူ႔အကို၏တရားဝင္တြဲဖက္အျဖစ္ သူ,မေမြးခင္အခ်ိန္ထဲက ရွိေနတာျဖစ္သည္။

ဒါေၾကာင့္ ဒယ္ဒီ့ဆုံးျဖတ္ခ်က္က မွန္ကန္ေနေသာ္လည္း သူ႔ဘက္က ဒရယ္ဂြန္ကိုပဲလက္မလႊတ္ႏိုင္ျဖစ္ေနေတာ့သည္။ အနားမွာဒရယ္ဂြန္မရွိတဲ့ အခ်ိန္ဆို သူေတာ္ေတာ္ေလးကို ပင္ပန္းလိမ့္မည္။ သူ႔အတြက္ ဒရယ္ဂြန္႔ကိုမရွိမျဖစ္လို သေဘာထားခဲ့တာက အခုလို ျပန္ေပးလိုက္ဖို႔ လုံးဝအစီအစဥ္မရွိခဲ့ေၾကာင့္ျဖစ္သည္။

ဒီလိုေတြးၾကည့္ရင္း ပိုပိုၿပီးညစ္လာသည္ေၾကာင့္ စိတ္ေျဖဖို႔ေနရာကို သြားဖို႔ဆုံးျဖတ္လိုက္သည္။

"ကြၽန္ေတာ္လိုက္ခဲ့ေပးရမလား သခင္ေလး...."

"မလိုဘူး...."

ဒယ္ဒီရွိေနေသာ စာၾကည့္ခန္းကေန ေျခလွမ္းအက်ဲႀကီးမ်ားျဖင့္ ဆက္တိုက္ဆိုသလို ေလွ်ာက္လာခဲ့လိုက္ၿပီး မစီးတာၾကာၿပီျဖစ္ေသာ ၿပိဳင္ကားအညိဳေရာင္ဆီကို သြားကာ အိမ္ကေနလွ်င္ျမန္စြာထြက္လာခဲ့လိုက္သည္။

ကားေမာင္းေနရင္းမွ သူသတိတရနဲ႔ပဲ ဖုန္းကို ကားမွန္ျပတင္းမွတဆင့္ လမ္းမအထက္ ပစ္ခ်ခဲ့လိုက္သည္။ လူသူရွင္းလင္းေနေသာ လမ္းအထက္တြင္ တုန္ယီေနေသာ ဖုန္းေလးသည္ ေနရာမွာတင္ ေနာက္မွလာေသာကား၏ တက္က်ိတ္ျခင္းကို ခံရလိုက္ေပသည္။

သို႔တိုင္ ေၾကမြသြားေသာ ပုံစံအတိုင္းဖုန္းသည္ လမ္းမအထက္တြင္ ရွိေနဆဲျဖစ္သည္။ ညအခ်ိန္ေရာက္ေသာအခါမွ ဖုန္းကို ေကာက္ယူသူရွိလာေတာ့သည္။

"ဖုန္းကို ပစ္ခဲ့တာပဲ...ဒီေကာင္ေလးေတာ့ အရမ္းဆိုးေနၿပီ ။"

တည္ေနရာျပသည့္ေနရာကို ေနျခည္တို႔လိုက္လာခဲ့ေသာ္လည္း ဖုန္းသာရွိေနၿပီးလူမရွိတာေၾကာင့္ အခုခ်ိန္ထိ ရင္မေအးရေသးေပ။ ေနမဝင္ခင္မွာတည္းက အိမ္ကေနထြက္သြားခဲ့ေသာ အငယ္ဆုံးေလးသည္ ယခုည၉နာရီေက်ာ္သည္အထိ ဆက္သြယ္လို႔မရပဲရွိေနသည္။

"မမေလးေနျခည္..ဒရယ္ဂြန္႔ဆီက ဖုန္းပါ။"

ကိုတားႀကီးကမ္းေပးေသာ ဖုန္းကို သူမယူလိုက္ၿပီး...
"ေျပာ..."

" သခင္ေလး Night townမွာ.....။ကြၽန္ေတာ္အခုပဲ သြားေနၿပီ အမေနျခည္၊ စိတ္ပူေနမွာစိုးလို႔ လွမ္းဆက္လိုက္တာ"

"အိုေက...ငါလည္း အခုလာၿပီ"

"ရတယ္ အမ။ ကြၽန္ေတာ္ပဲ သူ႔ကိုအိမ္ျပန္ေခၚခဲ့လိုက္မယ္"

"နင္သူ႔ကို မႏိုင္ဘူး ဒရယ္ဂြန္....."

ဖုန္းတစ္ဖက္မွ အမေနျခည္၏အသံက ဒရယ္ဂြန္႔ရင္ကို အရႈိက္ထိေစသည္။ ဒရယ္ဂြန္တကယ္ပဲ သခင္ေလးကို မႏိုင္ပါ။ သခင္ေလး စိတ္တိုလာရင္၊ သခင္ေလးေသာင္းက်န္းရင္ ဒရယ္ဂြန္ဝင္မထိန္းဝံ့ေပ။

အခုလက္ရွိ အေနအထားမွာလည္း သခင္ေလးကထရီလီယမ္ႏွင့္ခ်ီၿပီး သုံးကုန္ေနသည္မို႔ သခင္ေလး၏စိတ္အေနအထားအရ အမေနျခည္ကိုထိုေနရာထိေခၚသြားဖို႔ လိုအပ္ေနသည္။

"ငါတို႔ လာေနၿပီ...ဒါပဲ။"
ေျပာၿပီးခ်က္ခ်င္းပဲ ေနျခည္က ကားေပၚကို တက္ခဲ့လိုက္ၿပီး Night townဆီသို႔ ဦးတည္ခဲ့လိုက္သည္။

Night Townဟု အမည္ရေသာ ေနရာသည္ အျပင္ပိုင္းၾကည့္လွ်င္ အေပ်ာ္တမ္း လက္ေတာက္ခုံသာရွိေသာ ေနရာျဖစ္သည္။ သို႔ေသာ္လည္း အတြင္းပိုင္းအျပင္အဆင္မ်ားကေတာ့ ႐ူးေလာက္တဲ့ ဗိမာန္တစ္ခုအလား ကားပါကင္၊ Villa၊ Spaႏွင့္ ကာစီႏိုဝိုင္းအထိပါ ခင္းက်င္းထားေလသည္။

"၁၀၀၀၀ဖိုး လဲလိုက္..."

ခ်ိစ္ လဲလွယ္ေနေသာေနရာတြင္ ကားေသာ့ကို ျပ၍ ယိမ္းထိုးေနေသာ ထည္ဝါ့အနားကို ဒရယ္ဂြန္ေရာက္သြားၿပီး လက္ထဲရွိ ကားေသာ့ကိုယူဖို႔ႀကိဳးစားလိုက္သည္။

"ဖယ္....မင္းဖယ္။"

"ထည္ဝါ...."

သူ ဒရယ္ဂြန္႔ကို အတင္းတြန္းထုတ္ေနစဥ္မွာပဲ သူ႔ဂုတ္ပိုးအား အားျပင္းျပင္းနဲ႔႐ိုက္ခ်ၿပီး ေအာ္ခ်သည့္ ေနျခည့္ေၾကာင့္ ေသာက္ထားသည့္ထဲက တစ္ဝက္ေလာက္က လြင့္စင္သြားသလိုပင္။

"ကေလးလို လုပ္မေနနဲ႔။ ေရာ့....."

ပိုက္ဆံအိတ္ေသးေသးေလးထဲမွ ထြက္လာသည့္ Checkစာအုပ္ေလးေၾကာင့္ ထည္ဝါသည္ ေနျခည္အားနားမလည္ႏိုင္သလိုၾကည့္မိသည္။

"သြားေဆာ့ေလ...."

သိန္း၁၀၀၀၀ဖိုး လဲလွယ္ေပးထားသည့္ ခ်ိစ္ျပားမ်ားကို လက္ထဲ ထည့္ၿပီးေျပာပုံက ကေလးအငိုတိတ္ေအာင္ အိုးပုတ္ေတြဝယ္ၿပီး လြတ္ရာမွာသြားေဆာ့ေစ သလိုပါပင္။ ထည္ဝါကိုယ္တိုင္လည္း ပိုက္ဆံရွိေပမယ့္လည္း အခုလိုမ်ိဳး ေနျခည့္ကဲ့သို႔တျခားသူအေပၚမွာ ရက္ေရာတတ္သူမဟုတ္ေပ။

သူပိုက္ဆံနဲ႔မဟုတ္လွ်င္ေတာင္မွ သူကိုယ္တိုင္ကလြဲၿပီး တျခားသူေတြ ပိုက္ဆံသုံးျဖဳန္းတာမ်ိဳးကို ထည္ဝါသေဘာမက်တတ္။ ေနျခည္ကေတာ့ သူကဲ့သို႔မဟုတ္ပဲ လွပေသာအၿပဳံးတစ္ပြင့္ႏွင့္ သူ႔အားရက္ေရာစြာပင္ ေပးကမ္းေနေလသည္။

"လာ...သြားရေအာင္"

ေၾကာင္ၾကည့္ေနဆဲျဖစ္သည့္ သူ႔အား ေနျခည္ကပင္လက္ဆြဲလို႔ေခၚခဲ့ၿပီး ဝိုင္းအသစ္မွာ ထိုင္ေစသည္။ သူမကိုယ္တိုင္ကေတာ့ ထည္ဝါအေနာက္မွာရပ္ရင္း ထည္ဝါ့ပခုံးဆီသို႔ ငုံ႔ကိုင္းခ်ကာ...
"ဘယ္လိုေဆာ့ရတာလဲ ေျပာျပဦး"

ေနျခည့္အေမးကို ထည္ဝါတကယ္ပဲ ထိတ္လန္႔သြားမိသည္။ လွပေက်ာ့ရွင္းေသာ ေနျခည္က ရတနာဆိုင္လုပ္ငန္းေတြကို အေကာင္းမြန္ဆုံးစီမံခန္႔ခြဲတတ္သူျဖစ္သည္။ ထည္ဝါတို႔သုံးေယာက္တြင္ ထည္ဝါတစ္ေယာက္ကသာ ဒီလိုေနရာေတြအထိလာၿပီး ေလာင္းကစားကိုခုံမင္တတ္သူဟု သူကိုယ္သူယူဆထားျခင္းျဖစ္သည္။

"အန္စာကို မွန္းရတာလား။ ေငြကေရာ ဆတိုးနဲ႔ရတာလား။ ဘယ္ေလာက္ေတာင္ရလဲ...."

အေရာင္တလက္လက္ ထေနသည့္ ေနျခည့္မ်က္လုံးေလးေတြက သူပထမဆုံးအႀကိမ္ ဖဲ႐ိုက္စဥ္ကလိုပင္။ အေလာင္းအစားမွာ တက္ႂကြစြာနဲ႔ေပ်ာ္ဝင္ခ်င္ေနသည့္ ဒီမ်က္လုံးေတြက မ်ိဳး႐ိုးလိုက္တာလို႔ေျပာရေအာင္လည္း ဒယ္ဒီေရာ၊ မာမီေရာက ေလာင္းကစားဆိုတာ ဂ်ိဳနဲ႔လားဟုေမးရသည္အထိကို ေလာင္းကစားနဲ႔ေဝးကြားလြန္းသည္။
(ယူတို႔မာမီက ဂ်ိဳေပါက္ေအာင္အထိ ဝါသနာပါတာပါ အကိုရယ္ :3333)

ေဖေဖႀကီးပင္လွ်င္ စီးပြားေရးအရ လိုအပ္ခ်က္ရွိမွသာ ဒီလိုပြဲမ်ိဳးေတြမွာ ပါဝင္တတ္တာျဖစ္သည္။ အခု သူနဲ႔ေနျခည္က ေလာင္းကစားမွာ အရမ္းကို စိတ္ဝင္စားလြန္းအားႀကီးေနတာျဖစ္သည္။

"၃ ျဖစ္မယ္...."

နားနားကပ္ၿပီး တိုးတိုးေလးေျပာသည့္ ေနျခည့္ေၾကာင့္ ထည္ဝါသည့္ Capအုပ္ထားေသာေနရာဆီကိုၾကည့္မိလိုက္သည္။ ထိုခဏမွာပဲ ဒိုင္လုပ္သူမိန္းကေလးက Capကိုလွပ္လိုက္ေလသည္။

ေနျခည္ေျပာသည့္အတိုင္း တကယ္ပဲ ၃ျဖစ္လို႔ေနေတာ့ သူ႔မွာ အံ့ၾသစြာနဲ႔ပဲ ခုံေပၚမွာအသင့္ရွိေနသည့္ အရက္ခြက္ကို ေကာက္ေမာ့ခ်လိုက္ရသည္။

"၇ကို ထိုးလိုက္ထည္ဝါ...."

ေနာက္တစ္ဂြင္စေတာ့ ေနျခည္က ခုံတစ္လုံးယူၿပီး သူ႔အနားမွာ ကပ္ထိုင္ကာေျပာသည္။ သူ႔ကိုေျပာသည္ဆိုေသာ္လည္း စူးရဲေနေသာ ေနျခည္မ်က္လုံးတို႔က ဒိုင္မိန္းကေလးလက္ျဖင့္မိုးအုပ္ကာကိုင္ထားေသာ Capကိုသာ ေပါက္ထြက္မတတ္ၾကည့္ေနတာျဖစ္သည္။

ဒီအၾကည့္ေၾကာင့္ပဲ သူ႔မွာ အမျဖစ္သူေျပာသလို ၇ေနရာမွာထိုးျဖစ္သည္။

တကယ္လို႔ေနျခည္ေျပာတာသာ အမွန္ဆိုလွ်င္ သူ႔ထိုးေၾကး၏ ၆ဆကိုအႏိုင္ရမည္ျဖစ္သည္။ ပထမဆုံးေနျခည့္အေျပာကို သူ႔အေနနဲ႔၅၀၀ဖိုးေလာက္သာ အယုံအၾကည္ရွိခဲ့သည္မို႔ သူျပန္ၿပီးရလိုက္သည္က သိန္း၃၀၀၀ျဖစ္သည္။

ပထမတစ္ခါတုန္းက ထိုးေၾကးနည္းခဲ့တာကို သူေနာင္တရခဲ့ေပမယ့္လည္း အခုညမွာေတာ့ သူ႔အေနနဲ႔ ေနျခည္အားယုံရမွာကို ေၾကာက္လာသည္။ ေမာက္ႏွမႏွစ္ေယာက္သား ညေနဘက္ေတြဆို အိမ္ကေနအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ထြက္ခဲ့ၾကေသာ္လည္း ဦးတည္ရာက Night Twonကိုသာျဖစ္သည္။

အသုံးၾကမ္းေသာ သူတို႔ေမာင္ႏွမကို စိတ္မခ်တာေၾကာင့္ Provenceသြားမည့္ အခြင့္အေရးကို ဒရယ္ဂြန္က စြန္႔လႊတ္ခဲ့ေလသည္။ သို႔ႏွင့္ သူတို႔သုံးေယာက္အခုရက္ေတြမွာ ညဘက္ေတြဆို မခြဲအတူရွိၾကေလသည္။

"ေရာ့..ဒရယ္ဂြန္၊ ဒါနဲ႔သြားလဲ လာခဲ့"

လက္ပတ္နာရီအထိပါျဖဳတ္ၿပီး ခ်ိစ္ျပားနဲ႔လဲခိုင္းေနေသာ ေနျခည္က သူ႔ထက္ပင္ပိုလို႔ဇြဲေကာင္းေနေလသည္။ အရင္ညေတြက ဆက္တိုက္ႏိုင္ထားသမွ်က အခုညမွာ ဘူပိတ္ေနေတာ့သည္။

"၉.....၉ကိုထိုးလိုက္မယ္။"

လက္က်န္ ခ်ိစ္ျပားေတြအျပင္ ဒရယ္ဂြန္လဲလာသည့္ ခ်ိစ္ျပားေတြေရာပါ ေအာထည့္ၿပီး ေလာင္းခ်ေနသည့္ ေနျခည္က ေတာ္ေတာ္ေလးကို စိတ္အားထက္သန္ေနတာျဖစ္သည္။

"ဘာ....."

စားပြဲခုံကို လက္ျဖင့္ ႐ိုက္ခ်ၿပီး အသံအက်ယ္ႀကီးထြက္သြားသည့္ သူ႔ေၾကာင့္ ေနျခည္က႐ုတ္တရပ္လန္႔ၿပီး...
"ဒယ္ဒီ သိသြားၿပီလား" ဟု ေမးသည္။

"အခုပဲ သြားမယ္......"
ႏိုင္တာေတြ ရႈံးတာေတြ၊ ခ်ိစ္ျပားေတြ နံပါတ္ေတြအားလုံးကို ပစ္ခ်ထားခဲ့ၿပီး သူသည္ ပြဲမၿပီးေသးခင္ဝိုင္းကေန ထြက္ကာ ကာစီႏိုမွVillaသို႔ဆက္ထားသည့္ ေနရာကို Night Townအပိုင္ကားကို စီးလ်က္သြားဖို႔ကို ေ႐ြးခ်ယ္လိုက္သည္။

သူနဲ႔အတူ ေနျခည္နဲ႔ဒရယ္ဂြန္အျပင္ ကိုမႈိင္းပါ ပါလာခဲ့သည္က ဒီေန႔အတြက္ ကံေကာင္းတာပင္။

"ဘာျဖစ္လို႔လဲ ထည္ဝါ...."

"သမီးငယ္ေတာ့ ဇယားေတြရႈပ္ခ်င္ေနၿပီထင္တယ္။
ေတာက္ခ္...ငါဟာ ဒီဟာေလးကို တစ္စစီ ဆြဲၿဖဲပစ္လိုက္ခ်င္တယ္။"

ကား၏ ဆိုဖာလက္ရန္းကို ႐ိုက္ရင္း ႀကဳံးဝါးေနသည့္ ထည္ဝါေၾကာင့္ ေနျခည္သည္ သူမနဖူးကိုသူမျပန္႐ိုက္ၿပီး ကားေနာက္မွီကိုေလ်ာခ်ၿပီးသက္ေတာင့္သက္သာနဲ႔ မွီတည္ထားလိုက္သည္။ ကားေပၚတက္လာသည့္အခ်ိန္အထိ ဒယ္ဒီသိသြားလို႔မ်ားလားဆိုသည့္အေတြးျဖင့္ သူမေတာ္ေတာ္ေလးကို ေၾကာက္႐ြံ႕ခဲ့တာျဖစ္သည္။

"ကားျမန္ျမန္ေမာင္းစမ္း......"

ကားကိုေမာင္းေပးေသာ ဒ႐ိုင္ဘာသည္ Night Townမွဝန္ထမ္းျဖစ္ေနသည္ေၾကာင့္ အမိန္႔ဆန္ေသာ ထည္ဝါ့အသံကို ထိုဒ႐ိုင္ဘာက မၾကားလိုက္သလိုႏွင့္ပုံမွန္အတိုင္းသာ ဆက္ေမာင္းေနသည္။

"မင္းကို ေျပာေနတာ...."

ကားေနာက္ခန္းမွာ ထိုင္ေနရင္းကေန ႐ုတ္တရပ္ႀကီး ဒ႐ိုင္ဘာေကာင္ေလး၏ လည္ပင္းကို လက္ျဖင့္ လွမ္းပိုက္သည့္ထည္ဝါ့ေၾကာင့္ ထိုေကာင္ေလးကကားေမာင္းေနရင္း စတီယာရင္ကို လက္လြတ္မိသြားသည္။ ထိုခ်က္ခ်င္းမွာပဲ ဒ႐ိုင္ဘာ၏ေဘးခုံတြင္ထိုင္ေနသည့္ ကိုမႈိင္းက တစ္ခ်က္ထိန္းေပးသည္။

"တံခါးဖြင့္လိုက္ ကိုမႈိင္း...."

ကိုမႈိင္းသည္ ထည္ဝါ့သေဘာထားကို နားလည္စြာနဲ႔ပဲ ဒ႐ိုင္ဘာဘက္ျခမ္းရွိ ကားတံခါးကို ဖြင့္ေပးလိုက္သည္။ ခ်က္ခ်င္းမွာပဲ ကားေပၚမွ လူတစ္ေယာက္ထိုးက်သြားသည့္အသံႏွင့္အတူ...
"ကိုမႈိင္းပဲ ဆက္ေမာင္းေတာ့။ ျမန္ျမန္ေမာင္း...."

သို႔ႏွင့္ ေႏွးတိေႏွးကန္လုပ္ေနေသာ ဒ႐ိုင္ဘာကို ကားေပၚကေနပစ္ခ်ထားခဲ့ၿပီး သူသည္လိုရာခရီးကို အျမန္ပင္ဆက္သြားသည္။ သို႔ေသာ္လည္း မၾကာခင္အခ်ိန္မွာ သူတို႔ကားေရွ႕သို႔ ေရာက္လာၾကေသာ ပုံစံတူကားမ်ားက သူတို႔ကားအားဝိုင္းထားေလသည္။

"ငါဆင္းလိုက္မယ္ သခင္ေလး...."

ဒရယ္ဂြန္အေျပာမဆုံးေသးခင္မွာပဲ ကားေပၚကေနဆင္းသြားသည့္ ထည္ဝါက အျပင္ဘက္သို႔ေရာက္ေသာအခါတြင္ ကားတံခါးအား ေျချဖင့္ကန္၍ပိတ္သည္။ အေနအထားက ျမင့္တက္ေနသည့္ေလထုကို ခံစားေနရသည္ေၾကာင့္ ေနျခည္ေရာ၊ ဒရယ္ဂြန္ပါ ကားေပၚကေနအျမန္ဆင္းလိုက္ၾကသည္။

"ကိုယ့္လူတို႔ေရာက္ေနတာက Night Townရဲ႕ပိုင္နက္ဗ်။ ဘယ္လိုလုပ္ၿပီး လမ္းေဘးေနရာလို အထင္မွားေနရတာလဲ......"

Suitအျဖဴေရာင္ကို ဝတ္ထားသည့္ေကာင္ေလးက လိေမၼာ္ဆံပင္ေတြနဲ႔ ေခတ္မွီaccessoriesေတြကိုပါ ယွဥ္တြဲဝတ္ဆင္ထားသည္။ အမွတ္တမဲ့ဆိုလွ်င္ ေမာ္ဒယ္အလား အထင္မွားမွာျဖစ္ေပမယ့္လည္း...
"ထက္ေဝဟင္ဆိုတာသူပဲ အမေနျခည္..."

Night Town၏ ပိုင္ရွင္ထက္ေဝဟင္ကို ဒီအ႐ြယ္ေလးဟု ေနျခည္တကယ္ပဲမထင္ခဲ့ပါေလ။

"မင္း ဘာျဖစ္ခ်င္လဲ ေျပာလိုက္...."

"ေခြးကို႐ိုက္မယ္ဆိုရင္ေတာင္ သခင္မ်က္ႏွာေတာ့ၾကည့္ရမွာေပါ့ ကိုယ့္လူရ။ ကိုယ့္ၿခံထဲမွာ ကိုယ့္ေခြးကိုဝင္႐ိုက္သြားတာ ကိုယ္ဘာျဖစ္ေစလဲဆိုေတာ့....."

တစ္လွမ္းခ်င္း ေလွ်ာက္လာရင္းေျပာေနပုံက ေတာ္ေတာ္ေလးကို ဆြဲေဆာင္မႈရွိသည္။
"ကိုယ့္ ေကာင္ေလးျဖစ္ေပးမလား......"

"ဘာ...."

တစ္ဖက္လူ၏ စကားက သူ႔အားေစာ္ကားသလိုခံစားလိုက္ရတာေၾကာင့္ သူသည္ ခ်က္ခ်င္းပဲ ထိုလူကိုတြန္းထုတ္ပစ္သည္။ တြန္းထုတ္ၿပီးၿပီခ်င္းမွာပဲ လဲမက်သြားသည့္ မ်က္စိေရွ႕ကလူ၏ အက်ႌလည္ပင္းကို ဆြဲစုတ္လိုက္ၿပီး အားျပင္းျပင္းနဲ႔ထိုးခ်လိုက္သည္။

သူကစသည့္ ဒီရန္ပြဲမွာ ဒရယ္ဂြန္နဲ႔ကိုမႈိင္းကလည္း ပါဝင္ရသည္။ တစ္ဖက္က လူမ်ားေသာ္လည္း အခ်င္းခ်င္းရန္ျဖစ္တာေလာက္သာရွိခဲ့ေသာ လူမိုက္ေပါက္စေလးေတြက ထည္ဝါတို႔သုံးေယာက္ကိုမႏိုင္ေပ။

"ေနာက္တစ္ခါဆို အေသသတ္ပစ္မယ္...."

လဲက်ေနေသာထိုလူထံကို ေစ့ေစ့ၾကည့္ၿပီးႀကိမ္းဝါးကာ ထပ္ေဆာင္းအပိုအေနနဲ႔တံေတြးနဲ႔ပါ ေထြးပစ္ခဲ့လိုက္သည္။

သူတို႔ကားေပၚကိုျပန္ေရာက္လာေတာ့ အေနာက္ခန္းမွာ အသင့္ထိုင္ေစာင့္ေနသည့္ ေနျခည့္မ်က္ႏွာက မရယ္မိေအာင္ အတင္းထိန္းခ်ဳပ္ထားရသည့္ပုံစံနဲ႔မို႔...
"ငါတကယ္ ေဒါသထြက္ေနတာ ေနျခည္..."

"ဟားဟားးဟားးးး.....ေအး ေအးပါဟာ"

ေနျခည့္ရယ္သံတစ္ဝက္မွာတင္ သူ႔ဘက္က မ်က္ေစာင္းပိတ္ထိုးခ်လိုက္ေတာ့ ေနျခည္ကသူ႔ႏႈတ္ခမ္းကိုသူ အတင္းပိတ္ဖို႔ႀကိဳးစားသည္။ သို႔ေသာ္လည္း ေနျခည့္ကို ျမင္ေနရတာ သူတကယ္ပဲ စိတ္တိုခ်င္လာသည္။

Night Town Villa & Spaဆိုေသာ စင္ဝင္ေအာက္သို႔ကားရပ္ၿပီး ခ်က္ခ်င္းမွာပဲ သူသည္ အေပၚမွထပ္ဝတ္ထားေသာ ကုတ္အက်ႌ၏ တစ္လုံးတည္းေသာ ၾကယ္သီးကို ျဖဳတ္ခ်ၿပီး တစ္ကိုက္နီးနီးကြာျခားေသာေျခလွမ္းမ်ားျဖင့္ အထဲကိုဝင္ခဲ့သည္။

Spaထဲကိုေရာက္သြားသည့္အခ်ိန္တြင္ သူၾကားထားရသလိုပင္ ဇိမ္ယူေနေသာ သမီးငယ္က ကုတင္အထက္တြင္တစ္ပတ္အႀကီးတစ္ထည္ ၿခဳံလႊမ္းလ်က္ မ်က္လုံးမ်ားေမွးဆင္းကာျဖင့္ ရွိေနေလသည္။

"သမီးငယ္......"

ၾကားလိုက္ရသည့္ ေဒါသသံေၾကာင့္ အခုမွ ေမွးဆင္းကာစ ငယ့္မ်က္လုံးေတြက ခ်က္ခ်င္းပဲ ျပဴးက်ယ္လာၿပီး လွဲေလ်ာင္းေနရာမွ ထ,ထိုင္မိသည္။



Continue Reading

You'll Also Like

211K 7.6K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
22 7 4
ကဗျာနှင့်စာတိုပေါင်းချုပ်
1.4K 225 20
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio