ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 372K 14.8K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

11

20.1K 2.8K 124
By Rozu_roro

Unicode

လော့အိမ်ယာက  မြို့လယ်ရှိ FYUE Club နှင့် အနည်းငယ်ဝေးသည်။ ရှီယွင်နန် ရောက်လာသောအခါ သူ့သူငယ်ချင်း ဖုကျစ်ယွီက ဒုတိယထပ်ရှိ သီးသန့်နေရာတစ်နေရာစာကို  စျေးမြင့်မြင့်နဲ့ ကြိုတင်မှာထားပြီးလေပြီ။

"မင်းရှင်းရမှာမို့ နောက်ကျနေတာလား?" ဖုကျစ်ယွီက tequila ဖန်ခွက်ကို သူ့ဆီ တွန်းပေးလာ၏။

"မင်းကို အပြစ်ပေးရမယ်!"

"ခုနစ်နာရီတောင်မထိုးသေးဘူး၊ နိုက်ကလပ်က လည်း မစသေးဘူးလေ။ ဘာတွေအလျင်လိုနေတာလဲ?" ရှီယွင်နန်က သူ့ဘေးတွင်ထိုင်ကာ ပြစ်ဒဏ်အနေနဲ့  သောက်ဖို့ပြင်လိုက်တော့။

ဖုကျစ်ယွီက သူ့ကို နောက်ထပ် တစ်ခွက် လောင်းထည့်ပေးရင်းစပ်စပ်စုစု မေးလာလေသည်။

"ခုနက မင်း ပထမထပ် ခန်းမထဲက စားပွဲထိုးကို ဘာတွေတိုးတိုး သွားပြောနေတာလဲ? ထူးဆန်း
တယ်နော်!! ငါ ဒုတိယထပ်ကနေတောင် မြင်နေရတယ်!"

ရှီယွင်နန် တိုးတိုးလေး ရယ်လိုက်ပြီး

"ဘာမှမဟုတ်ပါဘူး၊ အိမ်ပြန်လာခဲတဲ့ သခင်လေးကို ဖျော်ဖြေဖို့ သူ့ကို ဝိုင်ကောင်းကောင်းယူလာခိုင်းတာပါ။"

"ငါ့ကို အဲ့စကားတွေနဲ့ မျက်နှာချိုလာသွေးမနေနဲ့၊ ဒါပေမယ့်လည်း မင်းကငါ့ကို ကြိုဆိုတဲ့ ညစာစားပွဲအတွက် ဒီမှာ ဖိတ်တော့ ငါတကယ် ရင်ထဲထိသွားတယ်"

ဖုကျစ်ယွီက သူ့ရဲ့ ကျေနပ်မှုကို ပြသရန် ဖန်ခွက်ကို မြှောက်ရင်း ရပ်တန့်မသွားမယ့်စိတ်လှုပ်ရှားမှုများ  များနဲ့ ပတ်ပတ်လည်လည်ကိုလိုက်ကြည့်နေလေသည်။

ဖုမိသားစုက မော်တော်ယာဉ်လုပ်ငန်းလုပ်ကိုင်ပြီး ၎င်းဟာ ပြည်တွင်းနယ်ပယ်တွင် အကောင်းဆုံးတွေထဲက တစ်ခုဖြစ်သည်။

သို့သော်လည်း ဒီချမ်းသာတဲ့ သခင်ငယ်လေးဖုကျစ်ယွီမှာ သူ့ကိုယ်ပိုင်မိသားစုလုပ်ငန်းကို စီမံခန့်ခွဲရာတွင် အနည်းငယ်မျှ စိတ်ဝင်စားခြင်းမရှိပေ။သူက ကလပ်စီးပွါးရေးကိုသာ လေ့လာရန် နှစ်သက်ခဲ့သည်။

ကလပ်ဟောင်းပဲ ဖြစ်ဖြစ် ရေပန်းစားနေတဲ့ ကလပ် ဖြစ်ဖြစ် သူက တကယ့်ကို စေ့စေ့စပ်စပ် သိသည်။

သူ့အတွက်ကတော့ ကခုန်ခြင်းနှင့် အရက်သောက် ခြင်းက  အဓိကမဟုတ်ပေ။ သူ့ရဲ့ အိပ်မက်မှာ ထင်ခြားတဲ့ တရားဝင် ပထမတန်းစား နိုက်ကလပ် တစ်ခု ဖွင့်လှစ်ရန်သာ ဖြစ်သည်။

ဖုကျစ်ယွီက အကြောင်းအရာကို စတင်ပြောလာတော့သည်——

"ယွင်နန် မင်းသိလား? FYUE Clubက အစကတည်း က ယွမ် သန်း 50 ရင်းနှီးမြှုပ်နှံခဲ့တာ။ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းကောက နာမည်ကြီး ဟိုတယ်ကျွမ်းကျင်သူပဲ။   ဒီစွန့်ပစ်စက်ရုံရဲ့ အဖွဲ့အစည်းကို သူပထမဆုံးဝယ် တုန်းကဆို အဖွဲ့ထဲကလူတွေဆီကတောင် ဝေဖန်ခံခဲ့ရသေးတယ်။"

"ခုတော့ ရလဒ်ကို ကြည့်လိုက်၊ ဒီနိုက်ကလပ်က ဖွင့်ပြီး သုံးလအကြာမှာတင် အင်ပါယာမြို့တော်ရဲ့ ထိပ်တန်းကလပ်တစ်ခု ဖြစ်ခဲ့တာ။ အခုဖွင့်ထားတာ နှစ်အနည်းငယ်ရှိပြီ ဆိုပေမယ့် နေ့တိုင်းဖောက်သည်တွေကတော့ ဒလဟော လာနေတုန်းပဲ။"

FYUE Club ရဲ့မြေညီထပ်က ကသည့်ကြမ်းပြင်နှင့် ထိုင်စရာခုံများဖြင့် ကျယ်ဝန်းသည်။ ဒုတိယထပ်က အကန့်ကန့်ထားသည့် သီးသန့်နေရာများနှင့် ည သန်းခေါင်အရက်သောက် ကခုန်ရန်ဖြစ်ပြီး  တတိ ယထပ်ကတော့ VIP ဧည့်သည်များကို ဖျော်ဖြေရန် အသုံးပြုသည့် သီးသန့်အခန်းတွေ ဖြစ်သည်။

အထပ်သုံးထပ်မှ တစ်ခုစီတိုင်းကို အစွမ်းကုန် အသုံးချထားသည်။

ဖုကျစ်ယွီက ခဏတာ ခန့်မှန်းချက်တစ်ခုပြုလုပ် ကာ လက်ညိုးလေးဖြင့် လက်ဟန်ခြေဟန် လုပ်လိုက်ပြီး "ဝင်ငွေက အနည်းဆုံးတော့  မူရင်းရင်းနှီးမြှုပ်နှံမှုထက် ပိုများမှာပဲ။ ဒီသူဌေးက ဖုန်းကောက ပိုက်ဆံရှာတာ အရမ်တော်တယ်လို့ မထင်ဘူးလား?"

ရှီယွင်နန် မျက်ခုံးပင့်လိုက်ပြီး မတုန်မလှုပ်ပေ။

"ဖုန်းကောက ဒီတိုင်းသူဌေးပဲ၊ နောက်ကွယ်က တကယ့်ရင်းနှီးမြုပ်နှံတဲ့သူဌေးကတော့ တခြားတစ်ယောက်။"

ဖုကျစ်ယွီ ဝိုင်တစ်ငုံသောက်လိုက်ပြီး

"မင်းကဘယ်လိုလုပ်သိတာလဲ? ဘယ်သူတဲ့လဲ?"

ရှီယွင်နန်က နာမည်တစ်ခုထုတ်ပြောလိုက်သည်။

"ရှီးခဲယွဲ့"

"—ဖူးးးး!"

ဖုကျစ်ယွီ ရုတ်တရက်သီးသွားကာ မယုံနိုင်စွာ မေးလာလေသည်။

"ရှီခဲယွဲ့?  မင်းနဲ့ ညီအစ်ကိုတစ်ဝက်တော်တဲ့ ရှီခဲယွဲ့?"

ရှီယွင်နန်ရဲ့ မျက်နှာက မည်းမှောင်သွားကာ

"အမှန်ပဲ၊ သူက ရှီရှန်းရဲ့ အချစ်ဇာတ်ခင်းတာကနေ မွေးလာတဲ့ ကလေးပဲ။"

ဖုကျစ်ယွီ ပေါက်ကွဲချင်စိတ်ကို မျိုသိပ်ထားပြီး ခဏအကြာမှာတော့  အကြောင်းအရာကို  ပြန်စပြောတော့သည်။

"သူက နောက်ကွယ်က သူဌေးလို့ မင်းကဘယ်လိုလုက်သေချာနေတာလဲ? သတင်းက ယုံလို့ကောရရဲ့လား?"

ရှီယွင်နန်ရဲ့ မျက်လုံးများဟာ နက်နဲပြီး ငြိမ်သက်နေ ၏။ သူက မေးခွန်းကို ပြန်မဖြေပေ။

ယုံရလား? ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲက မူရင်းစာအုပ်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုပဲလေ--

ရှီးခဲယွဲ့က အရင်းအနှီးစုဆောင်းမှုကို အလွန်စောစီးစွာ စတင်ခဲ့သည်။ စာအုပ်ကူးပြောင်းသူအဖြစ်၊ ဖုန်းကော ဖွင့်လှစ်သည့် ဖျော်ဖြေရေးကလပ်က အင်ပါယာမြို့တော်တစ်ခုလုံးနှင့် နိုင်ငံတစ်ခုလုံးမှာ လုံးဝပေါက်သွားမည်ကို  သူကြိုသိထားသည်။

အဲ့ဒါကြောင့် ရှီးခဲယွဲ့က ဖုန်းကောနဲ့ ခင်မင်ရင်းနှီးရန် အခွင့်အလမ်းများ ဖန်တီးကာ အစပြုခဲ့သည်။  တစ်ဖက်လူက ရန်ပုံငွေများ ခဏပြတ်တောက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် လျှို့ဝှက်ရင်းနှီးမြုပ်နှံမှုတွင် ပါဝင်ဖို့  အခွင့်အရေးရခဲ့သည်။

အပြင်ပန်းမှာသာ  ဖုန်းကောက ဒီကလပ်ရဲ့ တစ်ဦးတည်းသော သူဌေးဖြစ်သော်လည်း  တကယ်တမ်းတွင် ရှီးခဲယွဲ့ကနောက်ကွယ်ကနေ  ငွေတွေအများကြီးရရှိခဲ့သည်။

"မဟုတ်သေးဘူး၊ သူက ဒီနိုက်ကလပ်ရဲ့ တကယ့် နောက်ကွယ်က ရင်းနှီးမြှုပ်နှံသူဆိုရင်၊အရင်က ရှီကုမ္ပဏီ ငွေရေးကြေးရေးပြဿနာတက်တုန်းက ဘာလို့ မကူညီတာလဲ?"

ဖုကျစ်ယွီ ချင်ချင်း ကောင်ချက်ချလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုက်ကလပ်ရဲ့  သုံးနှစ်တာ အမြတ်ခွဲဝေမှုအရဆို ရှီးခဲယွဲ့က ရှီမိသားစုရဲ့ အရင်းအနှီး ပျောက်ဆုံးနေသောအစိတ်အပိုင်းကို ဖြည့်စွမ်းပေးနိုင်တာပဲလေ။

ရှီယွင်နန်ရဲ့ မျက်လုံးများက ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ရယ်မောလိုက်ကာ

"အခုအချိန်တော့ ရှီမိသားစု ဆက်ခံမည့်ရာထူးက သူ့အတွက် မဟုတ်သေးဘူးလေ။ သူ့အင်အားကို ဖုံးကွယ်ထားပြီး မကူညီချင်တာက သိသာနေတာပဲ။"

ဒီကမ္ဘာပေါ်ရှိ လူအများစုဟာ အတ္တဝါဒီများဖြစ်လို့  ဒီအတွက် အကြောင်းပြချက်မရှိပေ။

မူရင်းစာအုပ်ရဲ့ဖော်ပြချက်တွင် ရှီခဲယွဲ့က ထက်မြက်သောစီးပွားရေးသမားဖြစ်သည်။

စာအုပ်ထဲက နယ်ပယ်အသီးသီးမှာ ဩဇာကြီးမားတဲ့ ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့ပြီး သူရင်းနှီးမြုပ်နှံထားတဲ့ ပရောဂျက်တွေအားလုံးက အမြတ်ရခဲ့သည်။ ဒီကိစ္စက သူ့ကို ပုဂ္ဂိုလ်ရေးအရ မထိခိုက်ရင် သူက ဘေးကနေ အေးအေးဆေးဆေးသာ စောင့် ကြည့်နေလိမ့်မယ်။ သူတပါးအတွက် တစ်ပြားတစ်ချပ်မှ အကုန်မခံပေ။

လူအိုကြီးရှီက ရှီးခဲယွဲ့ကို သူ့ရဲ့ အမွေဆက်ခံသူအဖြစ် စိတ်ရင်းထဲကနေ အကြွင်းမဲ့ ဆက်ဆံခဲ့သော်လည်း တရားဝင် ပိုင်ဆိုင်မှုများ မရခင်အချိန် ထိ သူ့ရဲ့ အင်အားကို ဖုံးကွယ်ထားကာ လှူဒါန်းလိုစိတ်မရှိခဲ့ပေ။

"ဟုတ်​တယ်​ ကိုယ့်အတွက်ကိုယ် စဉ်းစားတာကပိုမှန်ပါတယ်​..."

ဖုကျစ်ယွီက တစ်ခုခုကို တွေးနေပုံရပြီး အံကိုကြိတ် ကာ နှာမှုတ်လိုက်သည်။ "ဒါပေမယ့် သူကိုယ်တိုင် ပုန်းပြီး တိတ်တိတ်နေရင်ရတာပဲ ။ သူက မင်းကိုဘယ်လိုတောင် ကြံစည်ရတာလဲ?။ မင်းကို လော့မိသားစုနဲ့ လက်ထပ်ခိုင်းတဲ့ထဲမှာ သူ့လက်ချက်မပါဘူးဆိုတာတော့ ငါမယုံဘူး။"

ရှီယွင်နန်က သူ့အတွက် ဝိုင်တစ်ခွက်လောင်းပေးလိုက်ကာ

"စိတ်မပူပါနဲ့၊ အဲ့ အမေနဲ့သားကို ဒီအတိုင်း လွှတ် ထားမယ်လို့ ငါပြောခဲ့လို့လား?"

ဖုကျစ်ယွီ ဝိုင်သောက်ပြီး မေးလိုက်၏။

"မင်းအရင်ဝန်ခံအုံး၊ မင်းဘယ်သူနဲ့လက်ထပ်လိုက် တာလဲ? မင်းမှာ မြင်မြင်ချင်း ချစ်မိသွားပြီး ရုတ်တရက် လက်ထပ်ဖို့ အလားအလာရှိမှန်း ငါဘာလို့ မသိခဲ့ရတာလဲ?"

"လော့လင်းရှန်း အကြောင်း မင်းကြားဖူးလား? လော့မိသားစုရဲ့ ခေါင်းဆောင်၊ လော့ယန်ချွမ်းရဲ့ ဦးလေးလေ။"

"—ဖူးးးး!"

ဖုကျစ်ယွီမှာ ပါးစပ်ထဲကနေ အရက်တွေပန်းထွက် ကုန်တော့သည်။

သူ့သူငယ်ချင်းရဲ့ ပုခုံးကိုပုတ်ပြီး မစတဲ့အချိန်ထိ သူ့မှာ ဘာမှမတုံ့ပြန်နိုင်သလို အထိန့်တလန့်ဖြစ်နေမိလေသည်။

"ကောင်းပြီ ရှီယွင်နန်"

"လော့ယန်ချွမ်းက မင်းကို လျစ်လျူရှုခဲ့တယ် ၊ အခုတော့ သူ့ရဲ့ လက်ထပ်ဖော်ကနေ မင်းကို "အန်တီလေး"လို့ ခေါ်ရတောမှာလား? တစ်စက္ကန့်မှာပဲ  မင်းက အချစ်မခံရတဲ့ သခင်ငယ်လေးဖြစ်ပြီး နောက်စက္ကန့်မှာပဲ မင်းက ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး ရဲ့ မဒမ်တစ်ယောက် ဖြစ်သွားပြီလား? မင်းက သေသေချာချာ လှုပ်ရှားခဲ့တာပဲ။"

"သွားစမ်းပါ"  ရှီယွင်နန်က သူ့ကို အမြင်ကတ်စွာ တွန်းထုတ်လိုက်ပြီး "လော့လင်းရှန်း နဲ့ ငါက ဟန်ဆောင် လက်ထပ်ထားတာ။ ငါတို့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်နဲ့ လိုအပ်ချက်တွေ ရှိနေတယ်။ စည်းမျဉ်းတွေလည်း  ချမှတ်ထားပြီးပြီ။"

"......"
ဖုကျစ်ယွီမှာ  စကားမပြောနိုင်တော့ပေ။ သူ့သူငယ် ချင်းရဲ့ ဇာတ်ကြောင်းလှည့်ကွက်များကို သူလိုက် မမှီနိုင်တော့ဘူး။

"ရှီးခဲယွဲ့နဲ့  ရှီးဝေတို့ သားအမိက မိသားစုအမွေအတွက် အနာဂတ်မှာ ငါ့ကို ကျိန်းသေအကောက်ကြံကြမှာပဲ။ ငါက နိုင်ငံခြားမှာပဲ နေလာတော့ တရုတ် မှာလည်း ငါ့အစ်ကိုကလွဲလို့ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိဘူး။"

ရှီယွင်နန်က အိပ်မက်ရဲ့ ဇာတ်ကြောင်းကို အမှန်အတိုင်း မပြောနိုင်သောကြောင့် သင့်လျော်သော အကြောင်းပြချက်ကိုသာ ရှာလိုက်၏။

"... အနာဂတ်မှာ ကိုယ့်ဘဝလုံခြုံမှုအတွက် အင်ပါယာမြို့ရဲ့ ပေါင်အကြီးကြီးကို ဖက်ထားတဲ့ သူလို့ မင်းငါ့ကို သဘောထားလို့ရတယ်။"

"လော့လင်းရှန်းက ငါ့ထက် နည်းနည်းပဲ အသက် ကြီးတာ။ သူ့မှာ အာဏာရော အဆင့်အတန်းရော  ရုပ်ရည်ရော ရှိတယ်။ အင်ပါယာမြို့တော်တစ်ခုလုံးမှာ ဒီလိုမျိုး ငါ့ရဲ့ အကြိုက်နဲ့ ကိုက်ညီမည့် ဒုတိယလူကိုတောင်တွေ့နိုင်မှာမဟုတ်ဘူး။သူနဲ့ ဟန်ဆောင် လက်ထပ်လို့ ငါ့အတွက် ဆုံးရှုံးစရာမရှိပါဘူး။"

သူ့ရဲ့ အဆင့်အတန်းမြင့်သော သူငယ်ချင်းက ယောက်ျားတစ်ယောက်အား ချီးကျူးစကားပြောသည် မှာ  ရှားရှားပါးပါးပင်၊ ဖုကျစ်ယွီ ပြုံးလိုက်မိ၏။ "လာ၊ မင်းစိတ်ထဲ အဲ့လိုတွေးထားရင်တော့ ကောင်းတာပေါ့။"

"ငါ့အဖေက ငါ့ကို နိုင်ငံခြားမှာ ပျော်ပါးခွင့်မပေးတော့ဘူး၊ သူက ငါ့ကို ပြန်လာပြီး လုပ်ငန်းလုပ်ခိုင်းနေတာ ၊ အဲ့တော့ မင်းလိုအပ်ရင် ငါ့ကို အမြဲလာရှာနိုင်တယ်"

"ကောင်းပြီ"

နှစ်ယောက်သား ခွက်ကို တိုက်လိုက်ပြီး ရွှင်မြူးစွာ သောက်ကြတော့သည်။

မကြာမီ ပထမထပ်တွင် ကျယ်လောင်သော သီချင်းသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

ဖုကျစ်ယွီမှာ  ကပွဲကြမ်းပြင်သို့ ပြေးလာကာ ကခုန် နေသော လူငယ်လူရွယ်များကို ကြည့်သောအခါ အံ့ဩသွားတော့သည်။

"ကံကောင်းလို့  ငါစောစောရောက်လာပြီး နေရာတစ်နေရာရခဲ့လို့ပေါ့။ ချီရှီပွဲတော်ကြောင့် ဖောက်သည် လာနှုန်းက  ဒီနေ့ အမြင့်ဆုံးလို့ ဧည့်ကြိုနေရာမှာကြားခဲ့တယ်။ ဒါနောက်ကွယ်က တကယ်ဘော့စ်က ရှီးခဲယွဲ့ ဖြစ်မယ်..."

( *ချီရှီပွဲတော်- ချီချောင်ပွဲတော်ဟုလည်းလူသိများသော တရုတ်ပွဲတော်တစ်ခုဖြစ်ပြီး ဒဏ္ဍာရီတွင် နွားကျောင်းသားလေးနှင့် ရက်ကန်းလုပ်သူမိန်းကလေးတို့ရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲကို ကျင်းပသည့် တရုတ် ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို တရုတ်ပြက္ခဒိန် အရ သတ္တမမြောက်လရဲ့ ခုနစ်ရက်မြောက်နေ့တွင် ကျင်းပသည်။)

ရုတ်တရက်ဆိုသလိုပင် လှေကားရဲ့ ဘေးဘက်ဆီကနေ DJ အသံတစ်ခု ထွက်ပေါ်လာပြီး ဖုကျစ်ယွီရဲ့ အသံကို တိမ်မြုပ်သွားစေတော့သည်။

ရှီယွင်နန်က အသံလာသည့်နေရာကို  ကြည့်လိုက် မိရင်း ပိုမရင်းနှီးနိုင်သော ပုံသဏ္ဍာန်ကို တွေသွားလေသည်။

သူက နှုတ်ခမ်းကို ညင်သာစွာ ပြုံးလိုက်ပြီး သူ့သူငယ်ချင်းကို လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်၏။

"သူ့အကြောင်းပြောခါမှပဲ"

ဖုကျစ်ယွီရဲ့   မျက်လုံးများကျဉ်းမြောင်းသွားပြီး သူပြသည့်နေရာသို့ ကြည့်လိုက်၏။

"ရှီးခဲယွဲ့?"

လူငယ်လေးယောက်က  လှေကားထစ်ကနေ တက် လာကြသည်။ သူတို့အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကြည့်ရုံနဲ့တင် သူတို့က ချမ်းသာသော မိသားစုများမှ ဖြစ်ရမည်။

ရှီယွင်နန် ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့၊ သူက ဒီ ချီရှီ ပွဲတော်ရက်စွဲကို အတိအကျရွေးပြီး လူစည်ကားတဲ့ နိုက်ကလပ်ကို ပြေးလာရတာက လေးနက်တဲ့ အကြောင်းပြချက်တစ်ခု ရှိသည်။

အိပ်မက်ထဲက မူရင်းစာအုပ်ရဲ့ ဇာတ်ကွက်အရ လော့ယန်ချွမ် နဲ့ ရှီးခဲယွဲ့တို့ဟာ ဒီနိုက်ကလပ်မှာ ဒီနေ့တွေ့ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့ကြသည်။

ထို့အပြင် 'ရှီယွင်နန်' ကလည်း ဒီဆိုင်မှာ ကံဆိုးခြင်းမျိုးစေ့ကို စိုက်ပျိုးခဲ့ရသည်။

လက်ထပ်ပွဲမှထွက်ပြေးလာပြီး အိမ်မှထွက်လာပြီးနောက်တွင် နိုက်ကလပ်တစ်ခုမှာ ရှီးခဲယွဲ့ နှင့်တွေ့ဆုံခဲ့သည်။ နောက်ပိုင်းတွင် သူ့သူငယ်ချင်းများရဲ့ဒေါသကြောင့် သူက အရက်သောက်ကာ လောင်းကစားဂိမ်းတစ်ခုကို စတင်ခဲ့ပြီး ငွေအများအပြား ဆုံးရှုံးသွားခဲ့သည်။

အဆိုးဆုံးကတော့ တစ်စုံတစ်ယောက်က 'ရှီယွင်နန်' ကို ဝိုင်ထဲမှာ ဆေးခတ်ခဲ့တာပဲ။

နောက်နေ့ သူနိုးလာသောအခါ သူက မကောင်းတဲ့ လူရမ်းကားအုပ်စုဆီကနေ  ကစားခံရပြီး ဗီဒီယိုရိုက်ခံရကာ သူ့ဘဝအတွက် ကံဆိုးမိုးမှောင်ကျစရာ ကျိန်စာများ စတင်ခဲ့သည်။

...
ခဏတာ မျက်လုံးချင်းဆုံမိစဉ်တွင် ရှီးခဲ့ယွဲ့က ရှီယွင်နန်ကို တွေ့သွားတော့သည်။

"ခဲယွဲ့ မင်းဘာလို့မလာသေးတာလဲ?"

"ငါ့အသိတစ်ယောက်ကို တွေ့လို့၊ ငါ့ပထွေးရဲ့ အဖိုးတန်သားလေးလေ"  ရှီးခဲယွဲ့က ခဏတုံ့ဆိုင်းသွားပြီးပြုံးလိုက်ကာ "ယွမ်ရွေ့ မင်း အရင်သွားထိုင်နေလိုက် ၊ ငါ သူ့ကို သွားနှုတ်ဆက်လိုက်အုံးမယ်။"

"ဟေး နေဦးလေ!"

ယွမ်ရွေ့လို့ ခေါ်တဲ့ လူငယ်က သူ့လက်ကောက်ဝတ် ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့ တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းများက ချက်ချင်း သတိပေးသည့်ပုံနှင့် ပုတ်သိုးသွားကာ

"မင်းပထွေးရဲ့သားလား? မင်းကို ကွယ်ရာမှာ နှိပ်ကွက်တတ်တဲ့  ရှီယွင်နန်လား?"

ထို့နောက် သူက  ထိုင်နေတဲ့ ရှီယွင်နန်ကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး "မင်းက ဘာလို့သူ့ကို နှုတ်ဆက်မှာလဲ? ဒီတိုင်းဝေးဝေးသွားပြီး  တစ် ယောက်နဲ့တစ်ယောက် မသိချင်ယောင်နေလိုက်။"

"အဲ့လိုမလုပ်ပါနဲ့။" ရှီးခဲယွဲ့က နူးညံ့စွာ ပြုံးလိုက်ပြီး "ယွင်နန်က လူအိုကြီးနဲ့ စကားများပြီး အိမ်က ထွက် သွားတာ ကြာပြီ၊ ဒီနေ့တွေ့မှတော့ သူ့ကို ဖြောင်းဖြဖို့ သွားရမယ်။"

ယွမ်ရွေ့သည် သူ့ရဲ့ နူးညံ့သော သူငယ်ချင်းအား အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ တိတ်တဆိတ်အံ့ကြိတ်လိုက်ရင်း

"ဒါဆို အန်းခိုင် နဲ့ တခြားသူတွေကို အရင်နေရာယူခိုင်းထားလိုက်မယ် ၊ ငါမင်းနဲ့ အဖော်လိုက်ပေးမယ်။"

တစ်ဖက်တွင်၊ သူ့ထိုင်ခုံတွင်ထိုင်နေသော ဖုကျစ်ယွီက တစ်ဖက်လူထံမှ ရန်လိုသောအကြည့်ကို ခဏ ခဏရနေတော့  တိတ်တဆိတ်မေးလိုက်သည်-

"ယွင်နန်၊ ရှီးခဲယွဲ့ ဘေးက ကောင်လေးက ဘယ်သူလဲ။ ကလေးအဆီတွေတောင် မပျောက်သေးပေမယ့် သူ့မျက်လုံးတွေက မသိရင် တခြားသူတွေကပဲ သူ့ကို အကြွေးပေးစရာရှိနေသလိုလို။"

"ယွမ်ရွေ့?"

မူရင်းစာအုပ်ရဲ့အကြောင်းအရာအရဆို တစ်ဖက်လူက  ယွမ်ကျောက်စိမ်းလုပ်ငန်းရဲ့ သခင်လေးဖြစ် လောက်ပြီး ရှီးခဲယွဲ့ နှင့် ရိုးရိုးသားသားခင်မင်လိုသည့်သူငယ်ချင်းအနည်းငယ်ထဲမှတစ်ဦးဖြစ်လောက် မည်ဟု သူခန့်မှန်းမိသည်။

စကားပြောနေရင်းနဲ့ ကျန်တဲ့နှစ်ယောက်က ရောက် လာ၏။

"ယွင်နန်၊ ဒီမှာ မင်းနဲ့တွေ့မယ်လို့ မထင်ထားဘူး" ရှီးခဲယွဲ့က သူ့ပါးစပ်ကို ဟလိုက်တာနဲ့ စိတ်ကောင်းရှိတဲ့ အသံထွက်လာ၏။ "မင်းရုတ်တရက် ခေါင်းဆောင်လော့နဲ့ ထွက်သွားတော့ ၊အဘိုးရယ်  အမေနဲ့ အဖေက မင်းကို အိမ်မှာ အရမ်းစိတ်ပူနေကြတာ။"

"ငါ ကောင်းကောင်းနေနေရတာမို့လို့ မင်းစိတ်ပူစရာမလိုပါဘူး။"  ရှီယွင်နန်က မထပေ။

"မင်းနဲ့ ခေါင်းဆောင်လော့..."

"လင်းရှန်း နဲ့ ငါက မြင်မြင်ချင်း ချစ်မိသွားတော့ ငါတို့ရဲ့ဆက်ဆံရေးကလည်း အလင်းအရှိန်နဲ့ တိုးတက်လာတော့တာပဲ။ မင်္ဂလာပွဲလုပ်ရင် မင်းကိုဖိတ် လိုက်မယ်နော် " ရှီယွင်နန်က သူ့စကားကိုဖြတ်ပြောရန် မျက်လုံးများကို မော့လိုက်ပြီး ပေါ်ပေါ်ထင်ထင် ကို ကြွားလိုက်တော့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့မိသားစုရဲ့ ပူးပေါင်းကြံစည်မှုကြောင့်သာမဟုတ်ရင် ငါ့မှာဒီလိုယောကျ်ားကောင်းတစ်ယောက်ကို မတော်တဆတောင် တွေ့မှာမဟုတ်ဘူး။"

အဆုံးတွင် သူက သူ့ဖန်ခွက်ကိုတောင် မြှောက်ပြလိုက်ဖို့ မမေ့ပေ။

"ကျေးဇူးပဲ"

"......"

သူ့စကားတွင် ထေ့ငေါ့ပြောဆိုနေတာက သိသာလွန်းတော့ ရှီးခဲယွဲ့ ခဏတာ တိတ်ဆိတ်သွားသည်။

ယွမ်ရွေ့သည်  သူ့သူငယ်ချင်းက အဓိပ္ပာယ်ရှိရှိ  ပစ်မှတ်ထားခံနေရသည်ကို မြင်လိုက်ရတော့ အတွင်းထဲတွင် ပြင်းထန်တဲ့ ဒေါသတစ်ခု ထွက်ပေါ်လာကာ

"ဒုတိယသခင်လေးရှီ၊ ဒီမှာ နားမလည်တဲ့ စကားတွေ လာပြောမနေနဲ့! ပါးစပ်နဲ့ ပြောနေလို့ ဘာထူးမှာလဲ? မင်းမှာ အရည်အချင်းရှိရင် ဝိုင်စားပွဲပေါ်မှာ ရှင်းမယ်လေ၊ ရှုံးရင် မင်းအမေကိုတပြီး မငိုနဲ့!"

"ယွမ်ရွေ့!"  ရှီးခဲယွဲ့ စိုးရိမ်တကြီး တားလိုက်ပြီး ရှီယွင်နန်အား ရှင်းပြလိုက်သည်။

"ယွင်နန်၊ ငါ့သူငယ်ချင်းက ဒေါသကြီးတတ်လို့ပါ။  ဒါပေမယ့် သူက မကောင်းတဲ့ သဘောနဲ့ ပြောတာမဟုတ်ပါဘူး။"

"မင်းက နိုင်ငံခြားမှာနေတာ အတော်ကြာပြီဆိုတော့ ငါတို့နှစ်ယောက်လုံး စကားကောင်းကောင်း မပြောဖြစ်ကြဘူး၊ မင်းစိတ်မရှိရင် တစ်စားပွဲထဲထိုင်ကြရအောင်လေ။"

ရှီးခဲယွဲ့ မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့မှုက မပြောင်းသွားပေ။ ကြည့်ရတာ သူတို့နှစ်ယောက်ကြား ခက်မင်ရင်းနှီးဖို့ကို မျှော်လင့်နေသည့်ပုံပင်။

အိပ်မက်ထဲက အဖြစ်အပျက်က သူ့မျက်စိရှေ့မှာ ဖြစ်ပျက်သွားတော့  ရှီယွင်နန်ရဲ့ မျက်လုံးများက စက်ဆုပ်ရွံရှာရင်း ပျော်စရာတွေ့သွားသလို တောက်ပသွားတော့သည်။

သူက လက်လျော့မည့် ကံကြမ္မာကို ရှောင်တိမ်းမယ့်  လူမျိုးမဟုတ်ပေ။ အနီးစပ်ဆုံး ပိုကြုံတွေ့ရလေလေ၊ ဒီသောက်ရေးမပါတာတွေကို  ဖြိုခွဲချင်လေလေပါပဲ။

ရှီယွင်နန်က ယွမ်ရွေ့ကိုကြည့်ကာ သူချထားသည့် ခွက်ကိုကောက်လိုက်ပြီး

"မင်းက ဘာကစားချင်တာလဲ? အံ့စာတုံးနဲ့ နံပါတ်မှန်းတာလား? ရှုံးတဲ့သူက အရက်သောက်ရမှာလား ဒါမှမဟုတ် ပိုက်ဆံပေးရမှာလား?"

ဖုကျစ်ယွီ သူ့သူငယ်ချင်းရဲ့သဘောထားကိုကြားသောအခါ၊ အနားသိို့အမြန်ကပ်လာကာ တိုးတိုးလေးမေးတော့သည်။

"ယွင်နန်၊ မင်းသူတို့နဲ့ တကယ်ကစားမလို့လား?"

"ကစားတာပေါ့ အာ၊ ပျော်စရာအချို့ ဖန်တီးကြတာပေါ့"

"အိုကေ ငါမင်းကို အဖော်လုပ်ပေးမယ်"

ဖုကျစ်ယွီက အမြန် သဘောတူလိုက်ပြီး သူ့သွားကြားထဲမှ စာကြောင်းနှစ်ကြောင်းကို ညှစ်ထုတ်လိုက်၏။ " ရှီးခဲယွဲ့က မင်းရဲ့ သခင်လေးနေရာကို မောင်ပိုင်စီးထားပြီး မတိုက်ခိုက်ချင်ယောင်ဆောင်နေတာကို ငါလည်းကြည့်မနေနိုင်ဘူး။ "

ယွမ်ရွေ့က သူတို့ တီးတိုးပြောနေတာကိုမြင်ပြီး သူတို့တည်ရှိမှုကို သတိပေးရန် ချက်ချင်းအသံထွက်လာတော့သည်။

"မင်းတို့ဘာတွေတိုးတိုးပြောနေတာလဲ? အရက်မသောက်နိုင်လို့လား? သောက်ပြီးရင် ထိန်းရမှာဖြစ် သွားမှာကို ကြောက်နေကြတာလား?"

ယို့ သူက ဘယ်သူ့ကို အထင်သေးနေတာလဲ?

ဒီနှစ်တွေတစ်လျှောက်လုံး နိုက်ကလပ်မှာ ကျင်လည် လာမှာတော့ ဘယ်သူက စကေးတွေမရှိမှာလဲ?

ဖုကျစ်ယွီ သူ့စိတ်ထဲက အမှန်တရားကို ဖိနှိပ်လိုက် ပြီး

"ထိုင်၊ ဒီမှာ ကစားမယ်!"

နှစ်ဘက်စလုံးက မကြုံစဖူး သဘောတူညီမှုကို ရရှိသွားကြတော့သည်။

ရှီးခဲယွဲ့ : "ကောင်းပြီ မင်းတို့အရင်ထိုင်နှင့်။ ငါအိမ် သာသွားလိုက်ဦးမယ်၊ မြန်မြန်ပြန်လာခဲ့မယ်"

"ကောင်းပြီ၊ သွားလေ"

အဖြေရသွားတဲ့ ရှီးခဲယွဲ့က လူအုပ်ထဲသို့ လျင်မြန် စွာ ပျောက်ကွယ်သွာတော့သည်။ သူက သူ့မျက်နှာဖုံးကို အမြန်ဆွဲချွတ်လိုက်ပြီး ရင်းနှီးသည့်ပုံစံဖြင့် နိုက်ကလပ်ရဲ့ နောက်ခန်းထဲသို့ ဝင်သွားလေသည်။

စားပွဲထိုးတစ်ယောက်က သူ့ကို မှတ်မိသွားပြီး တက်တက်ကြွကြွအမြန်မေးတော့သည် ။

"ယွဲ့ကော ဘာကူညီပေးရမလဲ?"

"ဒုတိယထပ်က K14 သီးသန့်စားပွဲကို ဝိုင်ကောင်းကောင်းပို့ပေး"  ရှီးခဲယွဲ့က 'ဝိုင်ကောင်းကောင်း' ဟူသော စကားကို အနည်းငယ်ပိုဖိပြောလိုက်သည်။

"ပြီးတော့၊ ဒီနားမှာ အပျော်ရှာချင်တဲ့ လူအနည်းငယ်ကို ရှာထား..." သူက အသံကို လျှော့ပြီး ရှီယွင်နန်
ဝတ်စားထားပုံကို  ဖော်ပြလိုက်သည်။

"ဒါဟာ ပစ္စည်းကောင်းပဲ ၊ ဒီည မဖြုန်းတီးနဲ့"

စားပွဲထိုး လန့်သွားပြီး "နားလည်ပါပြီ" ဟုအမြန် တုံ့ပြန်လိုက်သည်။

နိုက်ကလပ်များက ချမ်းသာသူများ ထိန်းချုပ်ထားသော ကမ္ဘာတစ်ခုဖြစ်၏။ အလားအလာရှိတဲ့ အရောင်းအ၀ယ်အချို့နှင့် လူများကို ဖမ်းစားရန် ညစ်ပတ်သောလှည့်ကွက်အချို့ ရှိနေမှာက မလွဲမသွေပင်။

S*xual ဆက်ဆံရေးက အရက်ကြောင့်ဖြစ်ပြီး ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုအချို့ ကျန်နေခဲ့ကြသည်။

ယုတ်မာတဲ့ ရမ်းကားသူတွေက ချမ်းသာတဲ့ အထင်ကရလူတွေနဲ့  ကစားကြသည်။ တကယ်လို့ နစ်နာသူက  သူတို့ရဲ့ ဝတ်လစ်စားလစ် ဓာတ်ပုံများ ဒါမှမဟုတ်  s*xtape များ မပေါက်ကြားလိုပါက သူတို့ရဲ့ ဒေါသကိုသာထိန်းချုပ်လိုက်ရပြီး ဆုံးရှုံးခဲ့သော်လည်း ဘယ့်သူ့ကိုမှ ထုတ်မပြောနိုင်ကြပေ။

စားပွဲထိုးက သူ့အဝတ်အစားထောင့်ကို ဆွဲထားပြီး သူ့သိချင်စိတ်ကို ခဏလောက်တောင် မထိန်းနိုင် တော့ပေ။

"ယွဲ့ကော၊ အဲဒီလူက အစ်ကို့ကို ဘယ်လိုတောင်အမှားလုပ်ထားလို့လဲ?။ အစ်ကို့လို စိတ်ထားကောင်းတဲ့သူတောင်  သည်းမခံနိုင်တော့ဘူးပေါ့?"

"မင်း ပါးစပ်ကိုပိတ်ထား၊ မေးခွန်းတွေလာမမေးနဲ့ ငါပြောသလိုသာလုပ်။"  ရှီးခဲယွဲ့ရဲ့မျက်လုံးများက အေးစက်လာပြီး၊ ထို့နောက် သူက လက်ဖဝါးထဲသို့ သကြားလုံးတစ်လုံးကိုထည့်လိုက်ကာ

"ပြီးတာနဲ့ မင်းလည်း အကျိုးရှိမှာပါ"

"သိတာပေါ့ ၊ကျွန်တော်သိတာပေါ့!"

စားပွဲထိုးက သူ့မျက်လုံးတွေကို ကြည့်ပြီး လန့်သွားကာ ပြင်ဆင်ဖို့ အလျင်အမြန် ပြေးသွားတော့သည်။

ရှီးခဲယွဲ့က ထိုနေရာမှာပဲ ရပ်နေကာ သူ့မျက်လုံးများမှာ ရည်ရွယ်ချက်များဖြင့် ဖုံးလွှမ်းနေ၏။

တကယ်တော့ လော့လင်းရှန်းက ​​သူချဉ်းကပ်ချင်တဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် ရှီယွင်နန်က သူ့ကို အနိုင်ယူသွားတာလား? တစ်ဖက်လူက သူ့ရှေ့မှာ တမင်လုပ် ပြနေတာလား? လုံးဝလက်မခံနိုင်ဘူး!!

ရှီးခဲယွဲ့က  လျှို့ဝှက်စုံစမ်းစစ်ဆေးရန် တစ်ယောက် ယောက်ကို  စေလွှတ်ခဲ့သည်။ လော့လင်းရှန်းက ဒီကာလအတွင်း နိုင်ငံတွင်းမှာ လုံးဝမရှိပေ။ သူနဲ့ ရှီယွင်နန် ဆက်ဆံရေးက ဘယ်လိုလုပ်တိုးတက်လာ
နိုင်မှာလဲ? နောက်ပိုင်းကိစ္စကတော့ သူ့မျက်နှာကို လှလှပပကြီး ဖြတ်ရိုက်ပေးရမှာပေါ့။

ဒီနေ့ညပြီးရင်  ရှီယွင်နန်က လူတွေဆီကနေအလှည့်ကျကစားခံရရုံသာမက ဓာတ်ပုံရိုက်ကာ ခြိမ်းခြောက်ခံရမည်ဖြစ်သည်။ နောက်ဆုံးမှာတော့ ဒီခမ်းနားကြီးကျယ်တဲ့ လုပ်ရပ်က အင်ပါယာမြို့တော် ကြီးက ချမ်းသာကြွယ်ဝတဲ့ အဝန်းအဝိုင်းတစ်ခုလုံးမှာ ပျံ့သွားမှာပဲ။

လော့လင်းရှန်းက ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက် ပဲ။ ဒီလို  အကျည်းတန်တဲ့ရှီယွင်နန်က သူ့ရဲ့ ပါတနာဖြစ်လာမှာကို ဘယ်သူကလက်ခံနိုင်မှာလဲ?

"ငါ့ကို အပြစ်လာမတင်နဲ့......"

ရှီးခဲယွဲ့ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာဖုံးကို ပြန်တပ်လိုက်ရင်း စိတ်ထဲကနေသာ ပြောလိုက်သည်။

"ငါ့သေနတ်ပြောင်းဝရှေ့မှာ လာခုန်ချမိတဲ့ ကိုယ့်ကိုယ့်ကိုပဲ အပြစ်တင်။ မင်းက ငါ့လမ်းကို အသေလာပိတ်ချင်နေတာလေ။"






Zawgyi

ေလာ့အိမ္ယာက  ၿမိဳ႕လယ္ရွိ FYUE Club ႏွင့္ အနည္းငယ္ေဝးသည္။ ရွီယြင္နန္ ေရာက္လာေသာအခါ သူ႔သူငယ္ခ်င္း ဖုက်စ္ယြီက ဒုတိယထပ္ရွိ သီးသန္႔ေနရာတစ္ေနရာစာကို ေစ်းျမင့္ျမင့္နဲ႔ ႀကိဳတင္မွာထားၿပီးေလၿပီ။

"မင္းရွင္းရမွာမို႔ ေနာက္က်ေနတာလား?" ဖုက်စ္ယြီက tequila ဖန္ခြက္ကို သူ႔ဆီ တြန္းေပးလာ၏။

"မင္းကို အျပစ္ေပးရမယ္!"

"ခုနစ္နာရီေတာင္မထိုးေသးဘူး၊ ႏိုက္ကလပ္က လည္း မစေသးဘူးေလ။ ဘာေတြအလ်င္လိုေနတာလဲ?" ရွီယြင္နန္က သူ႔ေဘးတြင္ထိုင္ကာ ျပစ္ဒဏ္အေနနဲ႔ ေသာက္ဖို႔ျပင္လိုက္ေတာ့။

ဖုက်စ္ယြီက သူ႔ကို ေနာက္ထပ္ တစ္ခြက္ ေလာင္းထည့္ေပးရင္းစပ္စပ္စုစု ေမးလာေလသည္။

"ခုနက မင္း ပထမထပ္ ခန္းမထဲက စားပြဲထိုးကို ဘာေတြတိုးတိုး သြားေျပာေနတာလဲ? ထူးဆန္း
တယ္ေနာ္!! ငါ ဒုတိယထပ္ကေနေတာင္ ျမင္ေနရတယ္!"

ရွီယြင္နန္ တိုးတိုးေလး ရယ္လိုက္ၿပီး

"ဘာမွမဟုတ္ပါဘူး၊ အိမ္ျပန္လာခဲတဲ့ သခင္ေလးကို ေဖ်ာ္ေျဖဖို႔ သူ႔ကို ဝိုင္ေကာင္းေကာင္းယူလာခိုင္းတာပါ။"

"ငါ့ကို အဲ့စကားေတြနဲ႔ မ်က္ႏွာခ်ိဳလာေသြးမေနနဲ႔၊ ဒါေပမယ့္လည္း မင္းကငါ့ကို ႀကိဳဆိုတဲ့ ညစာစားပြဲအတြက္ ဒီမွာ ဖိတ္ေတာ့ ငါတကယ္ ရင္ထဲထိသြားတယ္"

ဖုက်စ္ယြီက သူ႔ရဲ႕ ေက်နပ္မႈကို ျပသရန္ ဖန္ခြက္ကို ေျမႇာက္ရင္း ရပ္တန္႔မသြားမယ့္စိတ္လႈပ္ရွားမႈမ်ား  မ်ားနဲ႔ ပတ္ပတ္လည္လည္ကိုလိုက္ၾကည့္ေနေလသည္။

ဖုမိသားစုက ေမာ္ေတာ္ယာဥ္လုပ္ငန္းလုပ္ကိုင္ၿပီး ၎ဟာ ျပည္တြင္းနယ္ပယ္တြင္ အေကာင္းဆုံးေတြထဲက တစ္ခုျဖစ္သည္။

သို႔ေသာ္လည္း ဒီခ်မ္းသာတဲ့ သခင္ငယ္ေလးဖုက်စ္ယြီမွာ သူ႔ကိုယ္ပိုင္မိသားစုလုပ္ငန္းကို စီမံခန႔္ခြဲရာတြင္ အနည္းငယ္မွ် စိတ္ဝင္စားျခင္းမရွိေပ။သူက ကလပ္စီးပြါးေရးကိုသာ ေလ့လာရန္ ႏွစ္သက္ခဲ့သည္။

ကလပ္ေဟာင္းပဲ ျဖစ္ျဖစ္ ေရပန္းစားေနတဲ့ ကလပ္ ျဖစ္ျဖစ္ သူက တကယ့္ကို ေစ့ေစ့စပ္စပ္ သိသည္။

သူ႔အတြက္ကေတာ့ ကခုန္ျခင္းႏွင့္ အရက္ေသာက္ ျခင္းက  အဓိကမဟုတ္ေပ။ သူ႔ရဲ႕ အိပ္မက္မွာ ထင္ျခားတဲ့ တရားဝင္ ပထမတန္းစား ႏိုက္ကလပ္ တစ္ခု ဖြင့္လွစ္ရန္သာ ျဖစ္သည္။

ဖုက်စ္ယြီက အေၾကာင္းအရာကို စတင္ေျပာလာေတာ့သည္——

"ယြင္နန္ မင္းသိလား? FYUE Clubက အစကတည္း က ယြမ္ သန္း 50 ရင္းႏွီးျမႇဳပ္ႏွံခဲ့တာ။ ပိုင္ရွင္ျဖစ္တဲ့ ဖုန္းေကာက နာမည္ႀကီး ဟိုတယ္ကြၽမ္းက်င္သူပဲ။   ဒီစြန႔္ပစ္စက္႐ုံရဲ႕ အဖြဲ႕အစည္းကို သူပထမဆုံးဝယ္ တုန္းကဆို အဖြဲ႕ထဲကလူေတြဆီကေတာင္ ေဝဖန္ခံခဲ့ရေသးတယ္။"

"ခုေတာ့ ရလဒ္ကို ၾကည့္လိုက္၊ ဒီႏိုက္ကလပ္က ဖြင့္ၿပီး သုံးလအၾကာမွာတင္ အင္ပါယာၿမိဳ႕ေတာ္ရဲ႕ ထိပ္တန္းကလပ္တစ္ခု ျဖစ္ခဲ့တာ။ အခုဖြင့္ထားတာ ႏွစ္အနည္းငယ္ရွိၿပီ ဆိုေပမယ့္ ေန႔တိုင္းေဖာက္သည္ေတြကေတာ့ ဒလေဟာ လာေနတုန္းပဲ။"

FYUE Club ရဲ႕ေျမညီထပ္က ကသည့္ၾကမ္းျပင္ႏွင့္ ထိုင္စရာခုံမ်ားျဖင့္ က်ယ္ဝန္းသည္။ ဒုတိယထပ္က အကန္႔ကန္႔ထားသည့္ သီးသန္႔ေနရာမ်ားႏွင့္ ည သန္းေခါင္အရက္ေသာက္ ကခုန္ရန္ျဖစ္ၿပီး  တတိ ယထပ္ကေတာ့ VIP ဧည့္သည္မ်ားကို ေဖ်ာ္ေျဖရန္ အသုံးျပဳသည့္ သီးသန္႔အခန္းေတြ ျဖစ္သည္။

အထပ္သုံးထပ္မွ တစ္ခုစီတိုင္းကို အစြမ္းကုန္ အသုံးခ်ထားသည္။

ဖုက်စ္ယြီက ခဏတာ ခန႔္မွန္းခ်က္တစ္ခုျပဳလုပ္ ကာ လက္ညိဳးေလးျဖင့္ လက္ဟန္ေျခဟန္ လုပ္လိုက္ၿပီး "ဝင္ေငြက အနည္းဆုံးေတာ့  မူရင္းရင္းႏွီးျမႇဳပ္ႏွံမႈထက္ ပိုမ်ားမွာပဲ။ ဒီသူေဌးက ဖုန္းေကာက ပိုက္ဆံရွာတာ အရမ္ေတာ္တယ္လို႔ မထင္ဘူးလား?"

ရွီယြင္နန္ မ်က္ခုံးပင့္လိုက္ၿပီး မတုန္မလႈပ္ေပ။

"ဖုန္းေကာက ဒီတိုင္းသူေဌးပဲ၊ ေနာက္ကြယ္က တကယ့္ရင္းႏွီးျမဳပ္ႏွံတဲ့သူေဌးကေတာ့ တျခားတစ္ေယာက္။"

ဖုက်စ္ယြီ ဝိုင္တစ္ငုံေသာက္လိုက္ၿပီး

"မင္းကဘယ္လိုလုပ္သိတာလဲ? ဘယ္သူတဲ့လဲ?"

ရွီယြင္နန္က နာမည္တစ္ခုထုတ္ေျပာလိုက္သည္။

"ရွီးခဲယြဲ႕"

"—ဖူးးးး!"

ဖုက်စ္ယြီ ႐ုတ္တရက္သီးသြားကာ မယုံႏိုင္စြာ ေမးလာေလသည္။

"ရွီခဲယြဲ႕?  မင္းနဲ႔ ညီအစ္ကိုတစ္ဝက္ေတာ္တဲ့ ရွီခဲယြဲ႕?"

ရွီယြင္နန္ရဲ႕ မ်က္ႏွာက မည္းေမွာင္သြားကာ

"အမွန္ပဲ၊ သူက ရွီရွန္းရဲ႕ အခ်စ္ဇာတ္ခင္းတာကေန ေမြးလာတဲ့ ကေလးပဲ။"

ဖုက်စ္ယြီ ေပါက္ကြဲခ်င္စိတ္ကို မ်ိဳသိပ္ထားၿပီး ခဏအၾကာမွာေတာ့  အေၾကာင္းအရာကို ျပန္စေျပာေတာ့သည္။

"သူက ေနာက္ကြယ္က သူေဌးလို႔ မင္းကဘယ္လိုလုက္ေသခ်ာေနတာလဲ? သတင္းက ယုံလို႔ေကာရရဲ႕လား?"

ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ားဟာ နက္နဲၿပီး ၿငိမ္သက္ေန ၏။ သူက ေမးခြန္းကို ျပန္မေျဖေပ။

ယုံရလား? ဘာပဲျဖစ္ျဖစ္ အိပ္မက္ထဲက မူရင္းစာအုပ္ရဲ႕ ဇာတ္လမ္းကေတာ့ ဒီလိုပဲေလ--

ရွီးခဲယြဲ႕က အရင္းအႏွီးစုေဆာင္းမႈကို အလြန္ေစာစီးစြာ စတင္ခဲ့သည္။ စာအုပ္ကူးေျပာင္းသူအျဖစ္၊ ဖုန္းေကာ ဖြင့္လွစ္သည့္ ေဖ်ာ္ေျဖေရးကလပ္က အင္ပါယာၿမိဳ႕ေတာ္တစ္ခုလုံးႏွင့္ ႏိုင္ငံတစ္ခုလုံးမွာ လုံးဝေပါက္သြားမည္ကို  သူႀကိဳသိထားသည္။

အဲ့ဒါေၾကာင့္ ရွီးခဲယြဲ႕က ဖုန္းေကာနဲ႔ ခင္မင္ရင္းႏွီးရန္ အခြင့္အလမ္းမ်ား ဖန္တီးကာ အစျပဳခဲ့သည္။  တစ္ဖက္လူက ရန္ပုံေငြမ်ား ခဏျပတ္ေတာက္သြားသည္အထိ ေစာင့္ဆိုင္းၿပီးေနာက္ လွ်ိဳ႕ဝွက္ရင္းႏွီးျမဳပ္ႏွံမႈတြင္ ပါဝင္ဖို႔  အခြင့္အေရးရခဲ့သည္။

အျပင္ပန္းမွာသာ  ဖုန္းေကာက ဒီကလပ္ရဲ႕ တစ္ဦးတည္းေသာ သူေဌးျဖစ္ေသာ္လည္း  တကယ္တမ္းတြင္ ရွီးခဲယြဲ႕ကေနာက္ကြယ္ကေန ေငြေတြအမ်ားႀကီးရရွိခဲ့သည္။

"မဟုတ္ေသးဘူး၊ သူက ဒီႏိုက္ကလပ္ရဲ႕ တကယ့္ ေနာက္ကြယ္က ရင္းႏွီးျမႇဳပ္ႏွံသူဆိုရင္၊အရင္က ရွီကုမၸဏီ ေငြေရးေၾကးေရးျပႆနာတက္တုန္းက ဘာလို႔ မကူညီတာလဲ?"

ဖုက်စ္ယြီ ခ်င္ခ်င္း ေကာင္ခ်က္ခ်လိုက္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီႏိုက္ကလပ္ရဲ႕  သုံးႏွစ္တာ အျမတ္ခြဲေဝမႈအရဆို ရွီးခဲယြဲ႕က ရွီမိသားစုရဲ႕ အရင္းအႏွီး ေပ်ာက္ဆုံးေနေသာအစိတ္အပိုင္းကို ျဖည့္စြမ္းေပးႏိုင္တာပဲေလ။

ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ားက ပတ္ပတ္လည္ကိုၾကည့္လိုက္ၿပီး ရယ္ေမာလိုက္ကာ

"အခုအခ်ိန္ေတာ့ ရွီမိသားစု ဆက္ခံမည့္ရာထူးက သူ႔အတြက္ မဟုတ္ေသးဘူးေလ။ သူ႔အင္အားကို ဖုံးကြယ္ထားၿပီး မကူညီခ်င္တာက သိသာေနတာပဲ။"

ဒီကမာၻေပၚရွိ လူအမ်ားစုဟာ အတၱဝါဒီမ်ားျဖစ္လို႔  ဒီအတြက္ အေၾကာင္းျပခ်က္မရွိေပ။

မူရင္းစာအုပ္ရဲ႕ေဖာ္ျပခ်က္တြင္ ရွီခဲယြဲ႕က ထက္ျမက္ေသာစီးပြားေရးသမားျဖစ္သည္။

စာအုပ္ထဲက နယ္ပယ္အသီးသီးမွာ ဩဇာႀကီးမားတဲ့ ေခါင္းေဆာင္ေတြနဲ႔ ရင္းႏွီးခဲ့ၿပီး သူရင္းႏွီးျမဳပ္ႏွံထားတဲ့ ပေရာဂ်က္ေတြအားလုံးက အျမတ္ရခဲ့သည္။ ဒီကိစၥက သူ႔ကို ပုဂၢိဳလ္ေရးအရ မထိခိုက္ရင္ သူက ေဘးကေန ေအးေအးေဆးေဆးသာ ေစာင့္ ၾကည့္ေနလိမ့္မယ္။ သူတပါးအတြက္ တစ္ျပားတစ္ခ်ပ္မွ အကုန္မခံေပ။

လူအိုႀကီးရွီက ရွီးခဲယြဲ႕ကို သူ႔ရဲ႕ အေမြဆက္ခံသူအျဖစ္ စိတ္ရင္းထဲကေန အႂကြင္းမဲ့ ဆက္ဆံခဲ့ေသာ္လည္း တရားဝင္ ပိုင္ဆိုင္မႈမ်ား မရခင္အခ်ိန္ ထိ သူ႔ရဲ႕ အင္အားကို ဖုံးကြယ္ထားကာ လႉဒါန္းလိုစိတ္မရွိခဲ့ေပ။

"ဟုတ္​တယ္​ ကိုယ့္အတြက္ကိုယ္ စဥ္းစားတာကပိုမွန္ပါတယ္​..."

ဖုက်စ္ယြီက တစ္ခုခုကို ေတြးေနပုံရၿပီး အံကိုႀကိတ္ ကာ ႏွာမႈတ္လိုက္သည္။ "ဒါေပမယ့္ သူကိုယ္တိုင္ ပုန္းၿပီး တိတ္တိတ္ေနရင္ရတာပဲ ။ သူက မင္းကိုဘယ္လိုေတာင္ ႀကံစည္ရတာလဲ?။ မင္းကို ေလာ့မိသားစုနဲ႔ လက္ထပ္ခိုင္းတဲ့ထဲမွာ သူ႔လက္ခ်က္မပါဘူးဆိုတာေတာ့ ငါမယုံဘူး။"

ရွီယြင္နန္က သူ႔အတြက္ ဝိုင္တစ္ခြက္ေလာင္းေပးလိုက္ကာ

"စိတ္မပူပါနဲ႔၊ အဲ့ အေမနဲ႔သားကို ဒီအတိုင္း လႊတ္ ထားမယ္လို႔ ငါေျပာခဲ့လို႔လား?"

ဖုက်စ္ယြီ ဝိုင္ေသာက္ၿပီး ေမးလိုက္၏။

"မင္းအရင္ဝန္ခံအုံး၊ မင္းဘယ္သူနဲ႔လက္ထပ္လိုက္ တာလဲ? မင္းမွာ ျမင္ျမင္ခ်င္း ခ်စ္မိသြားၿပီး ႐ုတ္တရက္ လက္ထပ္ဖို႔ အလားအလာရွိမွန္း ငါဘာလို႔ မသိခဲ့ရတာလဲ?"

"ေလာ့လင္းရွန္း အေၾကာင္း မင္းၾကားဖူးလား? ေလာ့မိသားစုရဲ႕ ေခါင္းေဆာင္၊ ေလာ့ယန္ခြၽမ္းရဲ႕ ဦးေလးေလ။"

"—ဖူးးးး!"

ဖုက်စ္ယြီမွာ ပါးစပ္ထဲကေန အရက္ေတြပန္းထြက္ ကုန္ေတာ့သည္။

သူ႔သူငယ္ခ်င္းရဲ႕ ပုခုံးကိုပုတ္ၿပီး မစတဲ့အခ်ိန္ထိ သူ႔မွာ ဘာမွမတုံ႔ျပန္ႏိုင္သလို အထိန္႔တလန္႔ျဖစ္ေနမိေလသည္။

"ေကာင္းၿပီ ရွီယြင္နန္"

"ေလာ့ယန္ခြၽမ္းက မင္းကို လ်စ္လ်ဴရႈခဲ့တယ္ ၊ အခုေတာ့ သူ႔ရဲ႕ လက္ထပ္ေဖာ္ကေန မင္းကို "အန္တီေလး"လို႔ ေခၚရေတာမွာလား? တစ္စကၠန႔္မွာပဲ  မင္းက အခ်စ္မခံရတဲ့ သခင္ငယ္ေလးျဖစ္ၿပီး ေနာက္စကၠန႔္မွာပဲ မင္းက ခ်မ္းသာႂကြယ္ဝတဲ့ သူေဌးႀကီး ရဲ႕ မဒမ္တစ္ေယာက္ ျဖစ္သြားၿပီလား? မင္းက ေသေသခ်ာခ်ာ လႈပ္ရွားခဲ့တာပဲ။"

"သြားစမ္းပါ"  ရွီယြင္နန္က သူ႔ကို အျမင္ကတ္စြာ တြန္းထုတ္လိုက္ၿပီး "ေလာ့လင္းရွန္း နဲ႔ ငါက ဟန္ေဆာင္ လက္ထပ္ထားတာ။ ငါတို႔မွာ ကိုယ္ပိုင္ ရည္႐ြယ္ခ်က္နဲ႔ လိုအပ္ခ်က္ေတြ ရွိေနတယ္။ စည္းမ်ဥ္းေတြလည္း  ခ်မွတ္ထားၿပီးၿပီ။"

"......"
ဖုက်စ္ယြီမွာ  စကားမေျပာႏိုင္ေတာ့ေပ။ သူ႔သူငယ္ ခ်င္းရဲ႕ ဇာတ္ေၾကာင္းလွည့္ကြက္မ်ားကို သူလိုက္ မမွီႏိုင္ေတာ့ဘူး။

"ရွီးခဲယြဲ႕နဲ႔  ရွီးေဝတို႔ သားအမိက မိသားစုအေမြအတြက္ အနာဂတ္မွာ ငါ့ကို က်ိန္းေသအေကာက္ႀကံၾကမွာပဲ။ ငါက ႏိုင္ငံျခားမွာပဲ ေနလာေတာ့ တ႐ုတ္ မွာလည္း ငါ့အစ္ကိုကလြဲလို႔ ဘယ္သူနဲ႔မွ အဆက္အသြယ္မရွိဘူး။"

ရွီယြင္နန္က အိပ္မက္ရဲ႕ ဇာတ္ေၾကာင္းကို အမွန္အတိုင္း မေျပာႏိုင္ေသာေၾကာင့္ သင့္ေလ်ာ္ေသာ အေၾကာင္းျပခ်က္ကိုသာ ရွာလိုက္၏။

"... အနာဂတ္မွာ ကိုယ့္ဘဝလုံၿခဳံမႈအတြက္ အင္ပါယာၿမိဳ႕ရဲ႕ ေပါင္အႀကီးႀကီးကို ဖက္ထားတဲ့ သူလို႔ မင္းငါ့ကို သေဘာထားလို႔ရတယ္။"

"ေလာ့လင္းရွန္းက ငါ့ထက္ နည္းနည္းပဲ အသက္ ႀကီးတာ။ သူ႔မွာ အာဏာေရာ အဆင့္အတန္းေရာ  ႐ုပ္ရည္ေရာ ရွိတယ္။ အင္ပါယာၿမိဳ႕ေတာ္တစ္ခုလုံးမွာ ဒီလိုမ်ိဳး ငါ့ရဲ႕ အႀကိဳက္နဲ႔ ကိုက္ညီမည့္ ဒုတိယလူကိုေတာင္ေတြ႕ႏိုင္မွာမဟုတ္ဘူး။သူနဲ႔ ဟန္ေဆာင္ လက္ထပ္လို႔ ငါ့အတြက္ ဆုံးရႈံးစရာမရွိပါဘူး။"

သူ႔ရဲ႕ အဆင့္အတန္းျမင့္ေသာ သူငယ္ခ်င္းက ေယာက္်ားတစ္ေယာက္အား ခ်ီးက်ဴးစကားေျပာသည္ မွာ  ရွားရွားပါးပါးပင္၊ ဖုက်စ္ယြီ ၿပဳံးလိုက္မိ၏။ "လာ၊ မင္းစိတ္ထဲ အဲ့လိုေတြးထားရင္ေတာ့ ေကာင္းတာေပါ့။"

"ငါ့အေဖက ငါ့ကို ႏိုင္ငံျခားမွာ ေပ်ာ္ပါးခြင့္မေပးေတာ့ဘူး၊ သူက ငါ့ကို ျပန္လာၿပီး လုပ္ငန္းလုပ္ခိုင္းေနတာ ၊ အဲ့ေတာ့ မင္းလိုအပ္ရင္ ငါ့ကို အၿမဲလာရွာႏိုင္တယ္"

"ေကာင္းၿပီ"

ႏွစ္ေယာက္သား ခြက္ကို တိုက္လိုက္ၿပီး ႐ႊင္ျမဴးစြာ ေသာက္ၾကေတာ့သည္။

မၾကာမီ ပထမထပ္တြင္ က်ယ္ေလာင္ေသာ သီခ်င္းသံမ်ား ထြက္ေပၚလာၿပီး လူအုပ္ႀကီးက ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေလသည္။

ဖုက်စ္ယြီမွာ  ကပြဲၾကမ္းျပင္သို႔ ေျပးလာကာ ကခုန္ ေနေသာ လူငယ္လူ႐ြယ္မ်ားကို ၾကည့္ေသာအခါ အံ့ဩသြားေတာ့သည္။

"ကံေကာင္းလို႔  ငါေစာေစာေရာက္လာၿပီး ေနရာတစ္ေနရာရခဲ့လို႔ေပါ့။ ခ်ီရွီပြဲေတာ္ေၾကာင့္ ေဖာက္သည္ လာႏႈန္းက  ဒီေန႔ အျမင့္ဆုံးလို႔ ဧည့္ႀကိဳေနရာမွာၾကားခဲ့တယ္။ ဒါေနာက္ကြယ္က တကယ္ေဘာ့စ္က ရွီးခဲယြဲ႕ ျဖစ္မယ္..."

( *ခ်ီရွီပြဲေတာ္- ခ်ီေခ်ာင္ပြဲေတာ္ဟုလည္းလူသိမ်ားေသာ တ႐ုတ္ပြဲေတာ္တစ္ခုျဖစ္ၿပီး ဒ႑ာရီတြင္ ႏြားေက်ာင္းသားေလးႏွင့္ ရက္ကန္းလုပ္သူမိန္းကေလးတို႔ရဲ႕ ႏွစ္ပတ္လည္ေတြ႕ဆုံပြဲကို က်င္းပသည့္ တ႐ုတ္ ပြဲေတာ္တစ္ခုျဖစ္သည္။ ပြဲေတာ္ကို တ႐ုတ္ျပကၡဒိန္ အရ သတၱမေျမာက္လရဲ႕ ခုနစ္ရက္ေျမာက္ေန႔တြင္ က်င္းပသည္။)

႐ုတ္တရက္ဆိုသလိုပင္ ေလွကားရဲ႕ ေဘးဘက္ဆီကေန DJ အသံတစ္ခု ထြက္ေပၚလာၿပီး ဖုက်စ္ယြီရဲ႕ အသံကို တိမ္ျမဳပ္သြားေစေတာ့သည္။

ရွီယြင္နန္က အသံလာသည့္ေနရာကို  ၾကည့္လိုက္ မိရင္း ပိုမရင္းႏွီးႏိုင္ေသာ ပုံသ႑ာန္ကို ေတြသြားေလသည္။

သူက ႏႈတ္ခမ္းကို ညင္သာစြာ ၿပဳံးလိုက္ၿပီး သူ႔သူငယ္ခ်င္းကို လက္ဟန္ေျခဟန္ျဖင့္ ေျပာလိုက္၏။

"သူ႔အေၾကာင္းေျပာခါမွပဲ"

ဖုက်စ္ယြီရဲ႕   မ်က္လုံးမ်ားက်ဥ္းေျမာင္းသြားၿပီး သူျပသည့္ေနရာသို႔ ၾကည့္လိုက္၏။

"ရွီးခဲယြဲ႕?"

လူငယ္ေလးေယာက္က ေလွကားထစ္ကေန တက္ လာၾကသည္။ သူတို႔အဝတ္အစားမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားၾကည့္႐ုံနဲ႔တင္ သူတို႔က ခ်မ္းသာေသာ မိသားစုမ်ားမွ ျဖစ္ရမည္။

ရွီယြင္နန္ ေခါင္းညိတ္ျပလိုက္သည္။

တကယ္ေတာ့၊ သူက ဒီ ခ်ီရွီ ပြဲေတာ္ရက္စြဲကို အတိအက်ေ႐ြးၿပီး လူစည္ကားတဲ့ ႏိုက္ကလပ္ကို ေျပးလာရတာက ေလးနက္တဲ့ အေၾကာင္းျပခ်က္တစ္ခု ရွိသည္။

အိပ္မက္ထဲက မူရင္းစာအုပ္ရဲ႕ ဇာတ္ကြက္အရ ေလာ့ယန္ခြၽမ္ နဲ႔ ရွီးခဲယြဲ႕တို႔ဟာ ဒီႏိုက္ကလပ္မွာ ဒီေန႔ေတြ႕ၿပီး ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့ၾကသည္။

ထို႔အျပင္ 'ရွီယြင္နန္' ကလည္း ဒီဆိုင္မွာ ကံဆိုးျခင္းမ်ိဳးေစ့ကို စိုက္ပ်ိဳးခဲ့ရသည္။

လက္ထပ္ပြဲမွထြက္ေျပးလာၿပီး အိမ္မွထြက္လာၿပီးေနာက္တြင္ ႏိုက္ကလပ္တစ္ခုမွာ ရွီးခဲယြဲ႕ ႏွင့္ေတြ႕ဆုံခဲ့သည္။ ေနာက္ပိုင္းတြင္ သူ႔သူငယ္ခ်င္းမ်ားရဲ႕ေဒါသေၾကာင့္ သူက အရက္ေသာက္ကာ ေလာင္းကစားဂိမ္းတစ္ခုကို စတင္ခဲ့ၿပီး ေငြအမ်ားအျပား ဆုံးရႈံးသြားခဲ့သည္။

အဆိုးဆုံးကေတာ့ တစ္စုံတစ္ေယာက္က 'ရွီယြင္နန္' ကို ဝိုင္ထဲမွာ ေဆးခတ္ခဲ့တာပဲ။

ေနာက္ေန႔ သူႏိုးလာေသာအခါ သူက မေကာင္းတဲ့ လူရမ္းကားအုပ္စုဆီကေန  ကစားခံရၿပီး ဗီဒီယို႐ိုက္ခံရကာ သူ႔ဘဝအတြက္ ကံဆိုးမိုးေမွာင္က်စရာ က်ိန္စာမ်ား စတင္ခဲ့သည္။

...
ခဏတာ မ်က္လုံးခ်င္းဆုံမိစဥ္တြင္ ရွီးခဲ့ယြဲ႕က ရွီယြင္နန္ကို ေတြ႕သြားေတာ့သည္။

"ခဲယြဲ႕ မင္းဘာလို႔မလာေသးတာလဲ?"

"ငါ့အသိတစ္ေယာက္ကို ေတြ႕လို႔၊ ငါ့ပေထြးရဲ႕ အဖိုးတန္သားေလးေလ"  ရွီးခဲယြဲ႕က ခဏတုံ႔ဆိုင္းသြားၿပီးၿပဳံးလိုက္ကာ "ယြမ္ေ႐ြ႕ မင္း အရင္သြားထိုင္ေနလိုက္ ၊ ငါ သူ႔ကို သြားႏႈတ္ဆက္လိုက္အုံးမယ္။"

"ေဟး ေနဦးေလ!"

ယြမ္ေ႐ြ႕လို႔ ေခၚတဲ့ လူငယ္က သူ႔လက္ေကာက္ဝတ္ ကို ဆုပ္ကိုင္လိုက္ၿပီး သူ႔ရဲ႕ ေတာက္ပေနေသာ မ်က္လုံးဝိုင္းဝိုင္းမ်ားက ခ်က္ခ်င္း သတိေပးသည့္ပုံႏွင့္ ပုတ္သိုးသြားကာ

"မင္းပေထြးရဲ႕သားလား? မင္းကို ကြယ္ရာမွာ ႏွိပ္ကြက္တတ္တဲ့  ရွီယြင္နန္လား?"

ထို႔ေနာက္ သူက  ထိုင္ေနတဲ့ ရွီယြင္နန္ကို ထူးဆန္းစြာ တစ္ခ်က္ၾကည့္လိုက္ၿပီး "မင္းက ဘာလို႔သူ႔ကို ႏႈတ္ဆက္မွာလဲ? ဒီတိုင္းေဝးေဝးသြားၿပီး  တစ္ ေယာက္နဲ႔တစ္ေယာက္ မသိခ်င္ေယာင္ေနလိုက္။"

"အဲ့လိုမလုပ္ပါနဲ႔။" ရွီးခဲယြဲ႕က ႏူးညံ့စြာ ၿပဳံးလိုက္ၿပီး "ယြင္နန္က လူအိုႀကီးနဲ႔ စကားမ်ားၿပီး အိမ္က ထြက္ သြားတာ ၾကာၿပီ၊ ဒီေန႔ေတြ႕မွေတာ့ သူ႔ကို ေျဖာင္းျဖဖို႔ သြားရမယ္။"

ယြမ္ေ႐ြ႕သည္ သူ႔ရဲ႕ ႏူးညံ့ေသာ သူငယ္ခ်င္းအား အႏိုင္က်င့္ခံရမည္ကို စိုးရိမ္၍ တိတ္တဆိတ္အံ့ႀကိတ္လိုက္ရင္း

"ဒါဆို အန္းခိုင္ နဲ႔ တျခားသူေတြကို အရင္ေနရာယူခိုင္းထားလိုက္မယ္ ၊ ငါမင္းနဲ႔ အေဖာ္လိုက္ေပးမယ္။"

တစ္ဖက္တြင္၊ သူ႔ထိုင္ခုံတြင္ထိုင္ေနေသာ ဖုက်စ္ယြီက တစ္ဖက္လူထံမွ ရန္လိုေသာအၾကည့္ကို ခဏ ခဏရေနေတာ့  တိတ္တဆိတ္ေမးလိုက္သည္-

"ယြင္နန္၊ ရွီးခဲယြဲ႕ ေဘးက ေကာင္ေလးက ဘယ္သူလဲ။ ကေလးအဆီေတြေတာင္ မေပ်ာက္ေသးေပမယ့္ သူ႔မ်က္လုံးေတြက မသိရင္ တျခားသူေတြကပဲ သူ႔ကို အေႂကြးေပးစရာရွိေနသလိုလို။"

"ယြမ္ေ႐ြ႕?"

မူရင္းစာအုပ္ရဲ႕အေၾကာင္းအရာအရဆို တစ္ဖက္လူက  ယြမ္ေက်ာက္စိမ္းလုပ္ငန္းရဲ႕ သခင္ေလးျဖစ္ ေလာက္ၿပီး ရွီးခဲယြဲ႕ ႏွင့္ ႐ိုး႐ိုးသားသားခင္မင္လိုသည့္သူငယ္ခ်င္းအနည္းငယ္ထဲမွတစ္ဦးျဖစ္ေလာက္ မည္ဟု သူခန္႔မွန္းမိသည္။

စကားေျပာေနရင္းနဲ႔ က်န္တဲ့ႏွစ္ေယာက္က ေရာက္ လာ၏။

"ယြင္နန္၊ ဒီမွာ မင္းနဲ႔ေတြ႕မယ္လို႔ မထင္ထားဘူး" ရွီးခဲယြဲ႕က သူ႔ပါးစပ္ကို ဟလိုက္တာနဲ႔ စိတ္ေကာင္းရွိတဲ့ အသံထြက္လာ၏။ "မင္း႐ုတ္တရက္ ေခါင္းေဆာင္ေလာ့နဲ႔ ထြက္သြားေတာ့ ၊အဘိုးရယ္  အေမနဲ႔ အေဖက မင္းကို အိမ္မွာ အရမ္းစိတ္ပူေနၾကတာ။"

"ငါ ေကာင္းေကာင္းေနေနရတာမို႔လို႔ မင္းစိတ္ပူစရာမလိုပါဘူး။"  ရွီယြင္နန္က မထေပ။

"မင္းနဲ႔ ေခါင္းေဆာင္ေလာ့..."

"လင္းရွန္း နဲ႔ ငါက ျမင္ျမင္ခ်င္း ခ်စ္မိသြားေတာ့ ငါတို႔ရဲ႕ဆက္ဆံေရးကလည္း အလင္းအရွိန္နဲ႔ တိုးတက္လာေတာ့တာပဲ။ မဂၤလာပြဲလုပ္ရင္ မင္းကိုဖိတ္ လိုက္မယ္ေနာ္ " ရွီယြင္နန္က သူ႔စကားကိုျဖတ္ေျပာရန္ မ်က္လုံးမ်ားကို ေမာ့လိုက္ၿပီး ေပၚေပၚထင္ထင္ ကို ႂကြားလိုက္ေတာ့သည္။

"ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔မိသားစုရဲ႕ ပူးေပါင္းႀကံစည္မႈေၾကာင့္သာမဟုတ္ရင္ ငါ့မွာဒီလိုေယာက်္ားေကာင္းတစ္ေယာက္ကို မေတာ္တဆေတာင္ ေတြ႕မွာမဟုတ္ဘူး။"

အဆုံးတြင္ သူက သူ႔ဖန္ခြက္ကိုေတာင္ ေျမႇာက္ျပလိုက္ဖို႔ မေမ့ေပ။

"ေက်းဇူးပဲ"

"......"

သူ႔စကားတြင္ ေထ့ေငါ့ေျပာဆိုေနတာက သိသာလြန္းေတာ့ ရွီးခဲယြဲ႕ ခဏတာ တိတ္ဆိတ္သြားသည္။

ယြမ္ေ႐ြ႕သည္  သူ႔သူငယ္ခ်င္းက အဓိပၸာယ္ရွိရွိ  ပစ္မွတ္ထားခံေနရသည္ကို ျမင္လိုက္ရေတာ့ အတြင္းထဲတြင္ ျပင္းထန္တဲ့ ေဒါသတစ္ခု ထြက္ေပၚလာကာ

"ဒုတိယသခင္ေလးရွီ၊ ဒီမွာ နားမလည္တဲ့ စကားေတြ လာေျပာမေနနဲ႔! ပါးစပ္နဲ႔ ေျပာေနလို႔ ဘာထူးမွာလဲ? မင္းမွာ အရည္အခ်င္းရွိရင္ ဝိုင္စားပြဲေပၚမွာ ရွင္းမယ္ေလ၊ ရႈံးရင္ မင္းအေမကိုတၿပီး မငိုနဲ႔!"

"ယြမ္ေ႐ြ႕!"  ရွီးခဲယြဲ႕ စိုးရိမ္တႀကီး တားလိုက္ၿပီး ရွီယြင္နန္အား ရွင္းျပလိုက္သည္။

"ယြင္နန္၊ ငါ့သူငယ္ခ်င္းက ေဒါသႀကီးတတ္လို႔ပါ။  ဒါေပမယ့္ သူက မေကာင္းတဲ့ သေဘာနဲ႔ ေျပာတာမဟုတ္ပါဘူး။"

"မင္းက ႏိုင္ငံျခားမွာေနတာ အေတာ္ၾကာၿပီဆိုေတာ့ ငါတို႔ႏွစ္ေယာက္လုံး စကားေကာင္းေကာင္း မေျပာျဖစ္ၾကဘူး၊ မင္းစိတ္မရွိရင္ တစ္စားပြဲထဲထိုင္ၾကရေအာင္ေလ။"

ရွီးခဲယြဲ႕ မ်က္ႏွာေပၚရွိ ႏူးညံ့သိမ္ေမြ႕မႈက မေျပာင္းသြားေပ။ ၾကည့္ရတာ သူတို႔ႏွစ္ေယာက္ၾကား ခက္မင္ရင္းႏွီးဖို႔ကို ေမွ်ာ္လင့္ေနသည့္ပုံပင္။

အိပ္မက္ထဲက အျဖစ္အပ်က္က သူ႔မ်က္စိေရွ႕မွာ ျဖစ္ပ်က္သြားေတာ့  ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ားက စက္ဆုပ္႐ြံရွာရင္း ေပ်ာ္စရာေတြ႕သြားသလို ေတာက္ပသြားေတာ့သည္။

သူက လက္ေလ်ာ့မည့္ ကံၾကမၼာကို ေရွာင္တိမ္းမယ့္  လူမ်ိဳးမဟုတ္ေပ။ အနီးစပ္ဆုံး ပိုႀကဳံေတြ႕ရေလေလ၊ ဒီေသာက္ေရးမပါတာေတြကို  ၿဖိဳခြဲခ်င္ေလေလပါပဲ။

ရွီယြင္နန္က ယြမ္ေ႐ြ႕ကိုၾကည့္ကာ သူခ်ထားသည့္ ခြက္ကိုေကာက္လိုက္ၿပီး

"မင္းက ဘာကစားခ်င္တာလဲ? အံ့စာတုံးနဲ႔ နံပါတ္မွန္းတာလား? ရႈံးတဲ့သူက အရက္ေသာက္ရမွာလား ဒါမွမဟုတ္ ပိုက္ဆံေပးရမွာလား?"

ဖုက်စ္ယြီ သူ႔သူငယ္ခ်င္းရဲ႕သေဘာထားကိုၾကားေသာအခါ၊ အနားသိို႔အျမန္ကပ္လာကာ တိုးတိုးေလးေမးေတာ့သည္။

"ယြင္နန္၊ မင္းသူတို႔နဲ႔ တကယ္ကစားမလို႔လား?"

"ကစားတာေပါ့ အာ၊ ေပ်ာ္စရာအခ်ိဳ႕ ဖန္တီးၾကတာေပါ့"

"အိုေက ငါမင္းကို အေဖာ္လုပ္ေပးမယ္"

ဖုက်စ္ယြီက အျမန္ သေဘာတူလိုက္ၿပီး သူ႔သြားၾကားထဲမွ စာေၾကာင္းႏွစ္ေၾကာင္းကို ညႇစ္ထုတ္လိုက္၏။ " ရွီးခဲယြဲ႕က မင္းရဲ႕ သခင္ေလးေနရာကို ေမာင္ပိုင္စီးထားၿပီး မတိုက္ခိုက္ခ်င္ေယာင္ေဆာင္ေနတာကို ငါလည္းၾကည့္မေနႏိုင္ဘူး။ "

ယြမ္ေ႐ြ႕က သူတို႔ တီးတိုးေျပာေနတာကိုျမင္ၿပီး သူတို႔တည္ရွိမႈကို သတိေပးရန္ ခ်က္ခ်င္းအသံထြက္လာေတာ့သည္။

"မင္းတို႔ဘာေတြတိုးတိုးေျပာေနတာလဲ? အရက္မေသာက္ႏိုင္လို႔လား? ေသာက္ၿပီးရင္ ထိန္းရမွာျဖစ္ သြားမွာကို ေၾကာက္ေနၾကတာလား?"

ယို႔ သူက ဘယ္သူ႔ကို အထင္ေသးေနတာလဲ?

ဒီႏွစ္ေတြတစ္ေလွ်ာက္လုံး ႏိုက္ကလပ္မွာ က်င္လည္ လာမွာေတာ့ ဘယ္သူက စေကးေတြမရွိမွာလဲ?

ဖုက်စ္ယြီ သူ႔စိတ္ထဲက အမွန္တရားကို ဖိႏွိပ္လိုက္ ၿပီး

"ထိုင္၊ ဒီမွာ ကစားမယ္!"

ႏွစ္ဘက္စလုံးက မႀကဳံစဖူး သေဘာတူညီမႈကို ရရွိသြားၾကေတာ့သည္။

ရွီးခဲယြဲ႕ : "ေကာင္းၿပီ မင္းတို႔အရင္ထိုင္ႏွင့္။ ငါအိမ္ သာသြားလိုက္ဦးမယ္၊ ျမန္ျမန္ျပန္လာခဲ့မယ္"

"ေကာင္းၿပီ၊ သြားေလ"

အေျဖရသြားတဲ့ ရွီးခဲယြဲ႕က လူအုပ္ထဲသို႔ လ်င္ျမန္ စြာ ေပ်ာက္ကြယ္သြာေတာ့သည္။ သူက သူ႔မ်က္ႏွာဖုံးကို အျမန္ဆြဲခြၽတ္လိုက္ၿပီး ရင္းႏွီးသည့္ပုံစံျဖင့္ ႏိုက္ကလပ္ရဲ႕ ေနာက္ခန္းထဲသို႔ ဝင္သြားေလသည္။

စားပြဲထိုးတစ္ေယာက္က သူ႔ကို မွတ္မိသြားၿပီး တက္တက္ႂကြႂကြအျမန္ေမးေတာ့သည္ ။

"ယြဲ႕ေကာ ဘာကူညီေပးရမလဲ?"

"ဒုတိယထပ္က K14 သီးသန္႔စားပြဲကို ဝိုင္ေကာင္းေကာင္းပို႔ေပး"  ရွီးခဲယြဲ႕က 'ဝိုင္ေကာင္းေကာင္း' ဟူေသာ စကားကို အနည္းငယ္ပိုဖိေျပာလိုက္သည္။

"ၿပီးေတာ့၊ ဒီနားမွာ အေပ်ာ္ရွာခ်င္တဲ့ လူအနည္းငယ္ကို ရွာထား..." သူက အသံကို ေလွ်ာ့ၿပီး ရွီယြင္နန္
ဝတ္စားထားပုံကို ေဖာ္ျပလိုက္သည္။

"ဒါဟာ ပစၥည္းေကာင္းပဲ ၊ ဒီည မျဖဳန္းတီးနဲ႔"

စားပြဲထိုး လန္႔သြားၿပီး "နားလည္ပါၿပီ" ဟုအျမန္ တုံ႔ျပန္လိုက္သည္။

ႏိုက္ကလပ္မ်ားက ခ်မ္းသာသူမ်ား ထိန္းခ်ဳပ္ထားေသာ ကမာၻတစ္ခုျဖစ္၏။ အလားအလာရွိတဲ့ အေရာင္းအ၀ယ္အခ်ိဳ႕ႏွင့္ လူမ်ားကို ဖမ္းစားရန္ ညစ္ပတ္ေသာလွည့္ကြက္အခ်ိဳ႕ ရွိေနမွာက မလြဲမေသြပင္။

S*xual ဆက္ဆံေရးက အရက္ေၾကာင့္ျဖစ္ၿပီး ဓာတ္ပုံ ဒါမွမဟုတ္ ဗီဒီယိုအခ်ိဳ႕ က်န္ေနခဲ့ၾကသည္။

ယုတ္မာတဲ့ ရမ္းကားသူေတြက ခ်မ္းသာတဲ့ အထင္ကရလူေတြနဲ႔  ကစားၾကသည္။ တကယ္လို႔ နစ္နာသူက  သူတို႔ရဲ႕ ဝတ္လစ္စားလစ္ ဓာတ္ပုံမ်ား ဒါမွမဟုတ္  s*xtape မ်ား မေပါက္ၾကားလိုပါက သူတို႔ရဲ႕ ေဒါသကိုသာထိန္းခ်ဳပ္လိုက္ရၿပီး ဆုံးရႈံးခဲ့ေသာ္လည္း ဘယ့္သူ႔ကိုမွ ထုတ္မေျပာႏိုင္ၾကေပ။

စားပြဲထိုးက သူ႔အဝတ္အစားေထာင့္ကို ဆြဲထားၿပီး သူ႔သိခ်င္စိတ္ကို ခဏေလာက္ေတာင္ မထိန္းႏိုင္ ေတာ့ေပ။

"ယြဲ႕ေကာ၊ အဲဒီလူက အစ္ကို႔ကို ဘယ္လိုေတာင္အမွားလုပ္ထားလို႔လဲ?။ အစ္ကို႔လို စိတ္ထားေကာင္းတဲ့သူေတာင္  သည္းမခံႏိုင္ေတာ့ဘူးေပါ့?"

"မင္း ပါးစပ္ကိုပိတ္ထား၊ ေမးခြန္းေတြလာမေမးနဲ႔ ငါေျပာသလိုသာလုပ္။"  ရွီးခဲယြဲ႕ရဲ႕မ်က္လုံးမ်ားက ေအးစက္လာၿပီး၊ ထို႔ေနာက္ သူက လက္ဖဝါးထဲသို႔ သၾကားလုံးတစ္လုံးကိုထည့္လိုက္ကာ

"ၿပီးတာနဲ႔ မင္းလည္း အက်ိဳးရွိမွာပါ"

"သိတာေပါ့ ၊ကြၽန္ေတာ္သိတာေပါ့!"

စားပြဲထိုးက သူ႔မ်က္လုံးေတြကို ၾကည့္ၿပီး လန႔္သြားကာ ျပင္ဆင္ဖို႔ အလ်င္အျမန္ ေျပးသြားေတာ့သည္။

ရွီးခဲယြဲ႕က ထိုေနရာမွာပဲ ရပ္ေနကာ သူ႔မ်က္လုံးမ်ားမွာ ရည္႐ြယ္ခ်က္မ်ားျဖင့္ ဖုံးလႊမ္းေန၏။

တကယ္ေတာ့ ေလာ့လင္းရွန္းက ​​သူခ်ဥ္းကပ္ခ်င္တဲ့ ပစ္မွတ္ျဖစ္ခဲ့ေပမယ့္ ရွီယြင္နန္က သူ႔ကို အႏိုင္ယူသြားတာလား? တစ္ဖက္လူက သူ႔ေရွ႕မွာ တမင္လုပ္ ျပေနတာလား? လုံးဝလက္မခံႏိုင္ဘူး!!

ရွီးခဲယြဲ႕က  လွ်ိဳ႕ဝွက္စုံစမ္းစစ္ေဆးရန္ တစ္ေယာက္ ေယာက္ကို ေစလႊတ္ခဲ့သည္။ ေလာ့လင္းရွန္းက ဒီကာလအတြင္း ႏိုင္ငံတြင္းမွာ လုံးဝမရွိေပ။ သူနဲ႔ ရွီယြင္နန္ ဆက္ဆံေရးက ဘယ္လိုလုပ္တိုးတက္လာ
ႏိုင္မွာလဲ? ေနာက္ပိုင္းကိစၥကေတာ့ သူ႔မ်က္ႏွာကို လွလွပပႀကီး ျဖတ္႐ိုက္ေပးရမွာေပါ့။

ဒီေန႔ညၿပီးရင္  ရွီယြင္နန္က လူေတြဆီကေနအလွည့္က်ကစားခံရ႐ုံသာမက ဓာတ္ပုံ႐ိုက္ကာ ၿခိမ္းေျခာက္ခံရမည္ျဖစ္သည္။ ေနာက္ဆုံးမွာေတာ့ ဒီခမ္းနားႀကီးက်ယ္တဲ့ လုပ္ရပ္က အင္ပါယာၿမိဳ႕ေတာ္ ႀကီးက ခ်မ္းသာႂကြယ္ဝတဲ့ အဝန္းအဝိုင္းတစ္ခုလုံးမွာ ပ်ံ႕သြားမွာပဲ။

ေလာ့လင္းရွန္းက ဂုဏ္သိကၡာရွိတဲ့ လူတစ္ေယာက္ ပဲ။ ဒီလို  အက်ည္းတန္တဲ့ရွီယြင္နန္က သူ႔ရဲ႕ ပါတနာျဖစ္လာမွာကို ဘယ္သူကလက္ခံႏိုင္မွာလဲ?

"ငါ့ကို အျပစ္လာမတင္နဲ႔......"

ရွီးခဲယြဲ႕ သူ႔ရဲ႕ ႏွစ္လိုဖြယ္ေကာင္းတဲ့ မ်က္ႏွာဖုံးကို ျပန္တပ္လိုက္ရင္း စိတ္ထဲကေနသာ ေျပာလိုက္သည္။

"ငါ့ေသနတ္ေျပာင္းဝေရွ႕မွာ လာခုန္ခ်မိတဲ့ ကိုယ့္ကိုယ့္ကိုပဲ အျပစ္တင္။ မင္းက ငါ့လမ္းကို အေသလာပိတ္ခ်င္ေနတာေလ။"

Continue Reading

You'll Also Like

1.3M 44.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.1M 89.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
605K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
952K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...