"အဖေ ဘာပြောထားလဲဆိုတာမှတ်မိတယ်မလား"
"စီးပွါးရေးအတွက်ကြောင့်မဟုတ်လဲ သမီးကသူ့ကိုတကယ်ချစ်တာ အဖေ။ သမီးသူ့ကိုချစ်မိခဲ့တာကသူ့စည်းစိမ်တွေမက်လို့မဟုတ်ဘူး"
"ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် သူ့ကိုအရယူရမယ်။ ပြီးရင် သူ့ရှယ်ယာတွေ လုယူမယ် အဲ့တာဆို အဖေတို့ ဒီ company ကြီးကို ပိုင်ဆိုင်နိုင်ပြီလေ"
"ဒါပေမဲ့ အဖေ..."
"နင့်ပါးစပ်ကို ပိတ်ထား ချွဲမင်ဟီး..."
"နင် Loey ဘေးမှာ နေလာတာဘယ်နှစ်နှစ်ရှိပြီလဲ ဒါတောင်ခုထိသူငယ်ချင်းအဆင့်ကနေ တတ်မလာဘူး
နင်သူကိုအရှင်ယူပြီး ရှယ်ယာယူ မလား ငါသတ်ပစ်ပြီး ရှယ်ယာယုမလား နှစ်လမ်းထဲက တစ်လမ်းရွေး နင်သူ့ကို သဘောကျနေတဲ့အတွက်ကြောင့် ရွေးချယ်စရာပေးတာဒါပဲ"
ချွဲမင်ဟီးရဲ့ အဖေမှာ Loeyတို့ကုမ္မဏီရှိ ရှယ်ယာဝင်တစ်ယောက်ဖြစ်ကာ ဒုတိယမြောက်အများဆုံးရှယ်ယာရှင်ဆိုလဲမမှား။
အခန်းတံခါးကို ဆောင့်ပိတ်သွားသော ဖခင်ဖြစ်သူထွက်သွားမှ မင်ဟီးမှာ ခိုကိုးရာမဲ့စွာပင်ကုတင်ပေါ် ပစ်လှဲချကာ လက်ဖဝါး နှစ်ဖက်ကို မျက်နှာမှာ အပ်၍တရှုံ့ရှုံ့ငိုနေလေသည်။
ငိုရှိုက်၍စိတ်ပျက်လက်ပျက်ဖြစ်နေကာ တစ်ချိန်ထဲမှာပင်တွေဝေနေသော မင်ဟီး၏ဝိညာဉ်မှာ အတော်အတန်ပင်အားဖျော့နေ၏။ ပြတင်းပေါက်က အလုအယက်တိုးဝင်သောလေများကြောင့် လိုက်ကာစဖြူဖြူတို့မှာ တဖက်ဖက် အသံမြည်အောင်ပင် ငိုရှိုက်နေသောအခန်းအတွင်း ကြီးစိုးမင်းမူနေသည်။
"ချွဲ မင် ဟီး "
လေးပင်စွာ ခေါ်လိုက်သောသူ့နာမည်ကြောင့် မျက်နှာထက်က လက်နှစ်ဖက်ကိုဖယ်ကာ မျက်ရည်တို့ကိုပွတ်သပ်ရင်း အခန်းအတွင်း ခေါင်းလှည့်ပတ်ကာ ရှာမိသည်။
သူမှလွဲ၍ လှုပ်ရှားနေသော သက်ရှိဟူ၍မရှိ။ သူမ အခန်းထဲတွင် ကြွက်ပင်ဝေးစွ အိမ်မြှောင်ပင်မရှိ။ ဒါဆိုဘယ်က ဘယ်က အသံကြီးတုန်း
"ချွဲ မင် ဟီး "
အရပ်လေးမျက်နှာကို လိမ့်နေသော မျက်ဝန်းတို့မှာ တမုမဟုတ်ချည်း တစ်နေရာထဲတွင်ငြိမ်သက်သွား၏။
"နင်ဟာ အပြိုင်ကမ္ဘာက ငါ့ကိုယ်ပွါးပဲ ဒါပေမဲ့ နင့်ဝိညာဉ်ဟာ အလွန်အားနည်းတာကြောင့် ငါ့ရဲ့ထိန်းချုပ်မှုကို အခုကစပြီး ခံလိုက်ရပြီ ငါ့ရဲ့ မင်းကြီးကို အရယူပေးပါ ။ အရယူပေးနိုင်ရင် အခုချုပ်ထားတဲ့ မင်းဝိညာဉ်ကို လွတ်ငြိမ်းခွင့်ပေးမယ်
မင်းရဲ့ ခန္ဓာကိုယ်အခွံသက်သက်ကို ငါ့ဝိညာဉ်ဝင်ရောက်လိုက်ပြီ ဝိညာဉ်ကငါကိုယ်တိုင်ဆိုပေမဲ့ မင်းရဲ့ပြင်ကခန္ဓာကိုယါကို အားကိုးပါတယ် မင်းရဲ့အသိစိတ်ဟာဒီကိုယ်မှာ ၁၀ရာခိုင်နှုန်းထားရှိမှာဖြစ်တဲ့အတွက် မင်းကိုအကူတောင်းရတာပဲ"
"အား... အား.... "
မင်ဟီးမှာ သူ့ဝိညာဉ်ဟာ ခန္ဓာကိုယ်နဲ့ကွဲကွာသွားတာကြောင့်
သူ့ခန္ဓာကိုယ်ကို အစုံကြည့်ရှုပြီး လည်ချောင်းကွဲမတတ် အော်ဟစ်နေခြင်းပင်။
"မင်းဘယ်လောက်အော်အော် ကိစ္စမရှိဘူး မင်းကိုအကူအညီလိုရင် ခေါ်နိုင်ဖို့အတွက် ငါရဲ့စိတ်ဝိညာဉ်နဲ့ မင်းရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး ဒီဖန်ကျုတ်လေးထဲမှာ ထည့်ထားမယ် ဖမ်းချုပ်ထားရတဲ့ အတွက် စိတ်မကောင်းပါဘူး ချွဲမင်ဟီး မင်းကြီးပတ်ချန်းယောလ်က ငါမိဖုရားကြီးရဲ့အပိုင်ပဲ"
မင်ဟီးဝိညာဉ်မှာ မိဖုရားကြီးလက်ထဲက ဖန်ကျုတ်ဘူးလေးထဲ အငွေ့ပုံစံဖြင့်ဝင်ရောက်သွားလေသည်။ မိဖုရားကြီး ဝိညာဉ်ဝင်နေသော မင်ဟီးအသစ်က ခပ်ရွဲ့ရွဲ့ပြုံးရင်း ဝိညာဉ်ပေါင်းစပ်ထားသော ဖန်ကျုတ်ဘူးကို လည်ဆွဲသဏ္ဍာန်ဝတ်ဆငိလိုက်လေသည်။
"ဟိုဘက်ကမ္ဘာက ခန္ဓာနဲ့မပေါင်းဖက်ရလဲ ဒီဘက်ကမ္ဘာကိုလာပြီး ဝိညာဉ်နဲ့ပေါင်းဖက်ကြတာပေါ့ အရှင်မင်းကြီးရဲ့.."
______________
ရည်းစာပူမိနေသော ဘတ်ဟျွန်းမှာ စာအုပ်တွေပင်ကိုင်မအား။ အခန်းထဲကို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေသည်မှာ သူ့သက်စေ့ပင်ကျော်လောက်ပြီထင်သည်။ လမ်းလျှောက်ရင်းနဲ့လဲ ပါးစပ်မှလဲ တီးတိုးရေရွတ်သံကိုလဲကြားနေရသေးသည်။
"အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု။
ပူလောင်တဲ့အချစ်ဆိုတာ မီးတောက်ငယ်
တစ်ခုဆိုတာ ပူလောင်တဲ့ အချစ်မီးတောက်"
ရူးချင်ယောင်ဆောင်နေသော ချစ်သူအား မိမိကို ပြန်လည် ဖောလင်းအင်လက် (falling in love) လာစေရန် ကြံစည်နေခြင်းသာ
"နမ်းလဲနမ်းတယ် လက်လဲလက်ထပ်ပြီးပြီ အခုမှဘာမှမသိပါဘူး ဟုတ်လား ဘောပဲရမယ် ဘောလိုရည်းစား။ ရည်းစားလေးတစ်ယောက်ရပါတယ် အေးဆေးမချစ်ရဘူး ဟိုကမ္ဘာရောက်လိုက် ဒီကမ္ဘာရောက်လိုက် ဟန်နီးမွန်းမှ လကမ္ဘာကို တတ်မွန်းပစ်မယ် ဘာမှတ်"
"တီ....တီ..."
"ဟာ သောကိရေးထဲ.. ညဉ့်နက်ကြီးဘယ်သူလဲဟ လူလိုနားမလည်ဘူး"
အော်မြည်နေသော ဖုန်း၏ အနီခလုတ်ကို ဆောင့်ကြီးအောင့်ကြီး နှိပ်ချလိုက်သည်။ သူ့အတွေးတွေ ပျက်သွားရပြီ ဖြစ်သည်။ ဘာအကြံမှမရသေးလဲ အတွေးတွေပျက်ကုန်လို့ စိတ်တိုနေပြီဖြစ်သည်။
"တီတီ.."
နာရီလက်တံက ၁၂ကျော်ကာ ၁နာရီပင်ထိုးတော့မယ်ဖြစ်သည်။ သူမအိပ်သေးပေမဲ့ ဒါက လူတစ်ယောက်ကို သေရေရရှင်ရေးကလွဲလို့ ဖုန်းဆက်သင့်တယ်အချိန်မဟုတ်ဘူးမလား။
"ဟဲ့လို ပြော ဘာလဲ ဘာကိစ္စလဲ ညသန်းခေါင်ကြီး ဘာစောက်လုပ်ရှိလို့ ဆက်နေတာလဲ တစ်ခါမဟုတ် နှစ်ခါမဟုတ်"
"ဒီလို စွာနေပုံထောက်တော့ အသံကြည့်ရတာ အိပ်သေးပုံမပေါ်ဘူး"
"အိပ်တာမအိပ်တာ ကျွန်တော့်စောက်လုပ် နေပါဦး ဒါနဲ့ ဒီအသံက.."
"မင်းသူဠေး Loey လေ.."
သေပြီ သေပြီ အနီးနားက ဆီလီကွန်ဖက်လုံးကိုခေါင်းတိုက်၍ပင် သေလိုက်ချင်သည်။ သို့ရာတွင် အသံကို လျော့လိုက်ရင် သိသာသွားမှာစိုးတာကြောင့် နဂိုမူလ အာဗြဲ volumeနဲ့ပင်
"ဘာလဲ ခင်ဗျားဒီအချိန်ထိမအိပ်ပဲ လူကိုဘာလို့ဆက်နေလဲ ဟမ်"
"ကိုယ်အခုချိန်ထိ အိပိမပျော်သေးလို့ မနက်ကျရင် ကိုယ့်ရဲ့ ရုံးခန်းထဲ ကော်ဖီပူပူလေးတစ်ခွက် လာပို့ပေး"
ဟင် အဆန်းကြီး။ ရုံးကျမှပြောလဲရတာကို ညကြီးသန်းခေါင် ဖုန်းဆက်ပြီး စောက်ဆန်းကြီးတွေလာပြောနေသည်။ ဘယ်လိုပဲ ရည်းစားနေနေ ကိုယ့်ကို မမှတိမိတဲ့အတွက် မကျေ သေးသေးလေးပင် မကျေနပ်နိုင်ပါ။
"ရုံးကျမှ ပြောလဲရတယ်မဟုတ်ဘူးလား သူဠေးကြီးခင်ဗျ"
"မနက်ကျ လာပို့ရမဲ့အချိန် ကိုယ်ထပ်ပြောမယ် သူဠေးကြီးရဲ့ အတွငိးရေးမှူးအသစ်လေးတာဝန်ကျေဖို့ မျှော်လင့်ပါတယ်"
ဘာမှမရင်းနှီးသည့် အခြေအနေကနေ ဖုန်းပြောသည့်အဆင့်သို့ တိုးတတ်လာတာကြောင့် ဘတ်ဟျွန်း နည်းနည်းလေးတော့ကျေနပ်မိသည်။ လက်မှာဝတ်ထားသော ကျောက်စိမ်းလက်စွပ်ဗြောင်ကွင်းလေးကို ချွတ်ကာ ဆွဲကြိုးပုံစံအဖြစ် ပြောင်းဆွဲလိုက်သည်။
"ငါနှလုံးသားရဲ့ အနီးဆုံးမှာ ချနိးယောလ်ရဲ့ကိုယ်ပွါးလေးရှိပါစေ အချစ်စစ်မှန်ရင်အမြန်ဆုံးနီးစပ်နိုင်ပါစေ.."
လက်နှစ်ဖက်ကိုယှက်ကာ ဆုတောင်းရင်း ပြုံးရွှင်စွာ အိပ်ယာဝင်ခဲ့တော့လေသည်။
Happy Chanbaek Day❤️