(Unicode)
အသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်နေတဲ့ကလေးငယ်ဘေးမှာ အဖေနှစ်ယောက်ကတော့အတွေးတွေကိုယ်စီဖြင့်သာမှေးနေကြသည်။အမိန့်လေးကသူတို့နှစ်ယောက်ရဲ့လက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာကြောင့်ရုန်းထွက်ဖို့ရာ ခက်ခဲသည့်အခြေအနေ။သက်လျာတစ်ယောက် အမိန့်ရဲ့လက်ကိုသာသာလေးဖယ်ကာထဖို့ပြင်လိုက်တော့....
"ဟင့်"
"ကျွတ်စ် ကျွတ်စ်"
တွန့်ခနဲဖြစ်သွားတဲ့ခန္ဓာကိုယ်လေးကိုခပ်ဖွဖွပုတ်လိုက်ကာပြန်အိပ်စေလိုက်သည်။ ဘေးဘက်ကတစ်ယောက်စီကိုအကြည့်ရောက်မိတော့ နှစ်ခြိုက်စွာအိပ်မောကျနေဟန်။အိပ်ပျော်နေတဲ့သားအဖနှစ်ယောက်ကိုကြည့်ရတာ အပူအပင်ကင်းကင်းနှင့်ပင်။
အိပ်နေတဲ့သူကိုလဲမနိုးချင်တာမို့ သက်ပြင်းရှည်ရှည်ချလိုက်ကာအခန်းထဲမှထွက်ဖို့ပြင်လိုက်သည်။အိမ်ရှေ့ခန်းရဲ့ပြတင်းပေါက်နားမှာရပ်နေရင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ လမင်းကြီးကထိန်ထိန်သာကာ ကြယ်ကလေးတွေအများကြီးဖြင့် မြင်ရတဲ့မြင်ကွင်းဟာသိပ်ကိုလှသည်။
အတွေးတွေနဲ့အတူညလေညှင်းလေးကိုပြတင်းပေါက်ဝကနေရှူရှိုက်နေတုန်းအနောက်ကနေ လူတစ်ယောက်ကသူ့ရဲ့ခါးသွယ်သွယ်တွေကိုဖက်တွယ်လာတာကိုခံစားမိ၏။
"အင့်"
တင်းကျပ်စွာဖက်ထားခံရမှုကြောင့် ခန္ဓာကိုယ်လေးတွန့်ခနဲဖြစ်သွားကာ နောက်ကိုလှည့်ကြည့်လိုက်တော့မင်းသဘောပင်။
"ငါ့ကိုလွှတ်!"
"ခဏလေးပါ မောင်ဒီအတိုင်းလေးနေချင်လို့"
"ငါမင်းကိုသားမျက်နှာကြောင့်အိမ်ထဲဝင်ခွင့်ပေးထားတာကိုအခွင့်ကောင်းမယူနဲ့မင်းသဘော ဖယ်.."
"မောင်ခင်ဗျားကိုနမ်းမိလိမ့်မယ် စကားမများနဲ့"
"မင်း!!"
ရုန်းကန်နေသော်ငြားနောက်ကျောဆီမှလူရဲ့လက်တွေဖြင့်ဖက်ထားခံနေရတာကြောင့် သက်လျာပင်ပန်းယုံသာရှိသည်။ပုခုံးပေါ်ကိုသဘောရဲ့မျက်နှာကရောက်နေတာမို့ အသက်ရှူသံတစ်ချို့ကိုလဲ နား.နားကနေသဲ့သဲ့လေးကြားနေရသည်။
"မောင် တောင်းပန်ပါတယ် "
"ဘာအတွက်လဲ"
"အရာအားလုံးအတွက်ပေါ့သက်လျာ မောင်မှားခဲ့တယ်ဆိုတာသိတယ် မောင်ခင်ဗျားကိုယုံကြည်ခဲ့သင့်တာ ၊မောင်ခင်ဗျားကိုနားလည်ပေးခဲ့သင့်တာ မောင့်ကြောင့်ခင်ဗျားပင်ပန်းခဲ့ရတာတွေအတွက် မောင်ကတကယ်တောင်းပန်ပါတယ်"
လေသံအေးအေးနှင့်အတူတောင်းပန်စကားဆိုလာတဲ့သူကြောင့်သက်လျာခမျာ မျက်ရည်တွေကိုမကျအောင်ထိန်းထားရသည့်အနေအထား။နောက်ကျောပေးထားလို့သာတော်သေးသည် မဟုတ်ရင်ထိုလူ့မျက်နှာကိုမြင်တာနှင့်သူ့ရဲ့မျက်ရည်တွေက အကန့်အသတ်မရှိစီးကျလိမ့်မည်။
"ငါမင်းကြောင့်နာကျင်ခဲ့ရတာတွေ ခံစားခဲ့ရတာတွေက ဒီတောင်းပန်စကားပြောယုံနဲ့ မပြီးသွားဘူးမင်းသဘော
မင်းကငါ့သိက္ခာတွေ၊ငါ့မာနတွေကိုစော်ကားခဲ့တာ။ အဲ့ဒီအချိန်တုန်းက မင်းယုံကြည်ပေးဖို့ငါ့ဘက်ကမျှော်လင့်နေတဲ့အချိန် မင်းကငါ့ကိုမယုံကြည်ခဲ့ဘူး"
"မောင်..."
"ငါမင်းကြောင့်ထပ်ပြီးမခံစားချင်တော့ဘူး အထူးသဖြင့်မင်းအမေရဲ့အတ္တတွေအောက်မှာငါတို့သားအဖမနေချင်ဘူး"
အသံတွေတုန်ရီနေတာမို့သက်လျာငိုနေမည်ဆိုတာသဘောသိသည်။နောက်ကျောကနေခါးသွယ်သွယ်တွေကိုဖက်ထားရာမှလွှတ်လိုက်ပြီး မျက်နှာချင်းဆိုင်အနေအထားသို့ပြောင်းလိုက်ကာ သက်လျာမျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။ဝမ်းနည်းနေတဲ့ရှေ့ကလူကို ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်တော့ ဒေါသကြီးတဲ့သူကအတင်းရုန်းကာ လက်သီးဖြင့်ရင်ဘက်တွေကိုလာထုသည်။
'ဘုန်း! ဘုန်း!'
"အင့် မင်း...လွှတ်!"
"သက်လျာ မောင်ပြောတာနားထောင်"
"ဘာမှနားမထောင်နိုင်ဘူး မင်းအခုငါ့အိမ်ကထွက်သွား!"
"သားအိပ်နေတယ်လေသက်လျာ နိုးသွားမယ်"
သားနိုးမှာဆိုးတာကြောင့်သက်လျာငြိမ်သာနေနေလိုက်သည်။အမိန့်နိုးလာမှသူ့ကိုဂျီကျနေရင် ပိုအခက်တွေ့မည်။
"မောင့်ကိုဒီတစ်ခါလောက်ခွင့်လွှတ်ပေးလို့မရဘူးလား သက်လျာ"
"...."
"မောင်ကတိပေးတယ် မောင့်ကြောင့်ခင်ဗျားထပ်ပြီးမနာကျင်စေရဘူး မောင့်အရိပ်အောက်မှာ ခင်ဗျားရောသားရော အေးအေးချမ်းချမ်းရှိနေစေရမယ်လို့မောင်ကတိပေးတယ်"
လက်နှစ်ဖက်ကိုနူးနူးညံ့ညံ့စုပ်ကိုင်ထားသည့်အပြင် ညှို့အားပြင်းတဲ့အညိုရောင်မျက်ဝန်းတွေကတစ်ခဏမျှပင်အလွတ်မပေးတမ်း စိုက်ကြည့်နေသည်။ ယုံကြည်ပြီးခွင့်လွှတ်လိုက်သင့်လား မခွင့်လွှတ်လိုက်သင့်လားဆိုတာဝေခွဲမရတဲ့ဒီလိုအခြေအနေမှာသူရဲ့ ရင်ဘက်တွေတဒိန်းဒိန်းခုန်နေခဲ့သည်။ခွန်းတုံ့ပြန်စကားရှာမရပါဘဲ ရှေ့ကလူသမျှကိုဒီအတိုင်းသာငြိမ်၍နားထောင်နေမိသည်။ပြီးမှ....
"မင်းအမေကိုရော မင်းအမေကငါတို့ကိုဒီလိုဖြစ်အောင်လုပ်ထားတဲ့တရားခံနော် ဘယ်နည်းနဲ့မှငါ့ကိုသူကြည်ဖြူမှာမဟုတ်ဘူး အေး ငါကလဲငါ့ကိုမကြည်ဖြူတဲ့မိသားစုနဲ့မနေနိုင်ဘူး "
"အဲ့အတွက်စိတ်ချပါ မာမီကမောင့်စကားဆိုငြင်းမှာမဟုတ်ဘူး အကယ်၍သူကန့်ကွက်ခဲ့ရင်တောင် မောင်ကခင်ဗျားလက်ကိုဘဲဆွဲထားတော့မှာ"
"....."
"အရာအားလုံးအတွက်တောင်းပန်ပါတယ်ခင်ဗျားရယ် မောင့်ကိုယုံကြည်ပြီးခွင့်လွှတ်ပေးလို့ရမလား "
ညသန်းခေါင်ယံနားကပ်နေတဲ့အချိန်ဖြစ်ပြီး ညလေးညှင်းတစ်ဖြူးဖြူးတိုက်ခတ်နေချိန်မှာ လူနှစ်ယောက်ပြတင်းပေါက်ဝတစ်နေရာမှာအကြည့်ချင်းစုံကာ ခံစားချက်တွေကိုမျက်လုံးတွေကနေတစ်ဆင့်ပြောနေကြသည်။သက်လျာမှာမူ သူ့လက်ဖမိုးကိုနူးနူးညံ့ညံ့နမ်းရှိုက်ကာ တောင်းပန်စကားဆိုနေတဲ့သူကြောင့် ရင်ထဲကခံစားချက်ကအမျိုးအမည်တပ်လို့တောင်မရ။
"မင်းကြောင့်ငါထပ်မခံစားရဘူးလို့ကတိပေးနိုင်လား"
"ကတိဆိုတာဖျက်ဖို့လွယ်ကူတယ်သက်လျာ ကတိဆိုတဲ့စကားနေရာမှာမောင်ကအလုပ်နဲ့သက်သေပြမယ် မောင့်သက်လျာကကြည့်နေပေးယုံဘဲ"
"....."
"မငိုနဲ့လေခင်ဗျားရာ မောင့်ရင်ထဲကနာလို့ပါ"
"မင်းသိလား ငါမင်းမရှိတဲ့အချိန်တွေတုန်းကဘယ်လောက်တောင်ခက်ခဲခဲ့ရလဲဆိုတာ"
"မောင်သိတယ် မောင်သိတာမို့ခင်ဗျားနာကျင်ခဲ့တဲ့အတိတ်အကြောင်းကိုပြန်မပြောနဲ့တော့ ဒီနေ့ကခင်ဗျားမျက်နှာပေါ်မှာမျက်ရည်တွေစီးကျတာနောက်ဆုံးနေ့ဘဲသက်လျာ မနက်ဖြန်ကစပြီးမောင်ကခင်ဗျားစိတ်ချမ်းသာအောင်ထားမှာမို့ ငိုတယ်ဆိုတာဘာမှန်းတောင်မသိစေရဘူး"
ပါးပြင်တစ်လျှောက်စီးကျနေတဲ့အရည်ကြည်တွေကိုလက်မလေးဖြင့်သုတ်ပေးရင်းသဘောကဆိုသည်။
"ချစ်တယ်သက်လျာ မောင်ခင်ဗျားကိုသိပ်ချစ်တယ်"
ချစ်တယ်။စကားလုံးကနှစ်လုံးထည်းဆိုပေမယ့် အဓိပ္ပါယ်ကသိပ်ရှိတယ်။လူတစ်ယောက်ပေါ်လူတစ်ယောက်ကထားတဲ့ချစ်ခြင်းတရားက ကျားမခွဲခြားထားခြင်းမရှိဘဲ အလိုအလျှောက်နှလုံးသားထဲကဖြစ်တည်လာတာမျိုး။ကိုယ်နဲ့မျိုးတူယောကျ်ားသားကိုမှ အသက်ထက်ပိုပြီးချစ်မိသွားခဲ့တယ်။သေသည်အထိထိုယောကျ်ားရဲ့လက်ကိုဆွဲထားချင်တာမျိုးအထိ အချစ်တွေခိုင်မြဲချင်တာ။
မျက်လွှာအောက်ချထားကာ တုံ့ပြန်စကားမလာတော့တဲ့သူကခဏကြာတော့သူ့ကိုမော့ကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်ပြသည်။ဆိုလိုတာကဘာမှန်းတော့သေချာမသိ။
"သက်လျာ... "
"မင်းအလုပ်နဲ့သက်သေပြတာကို ငါစောင့်ကြည့်နေမယ်"
ထိုစကားကြောင့် သဘောတစ်ယောက်အရမ်းဝမ်းသာသွားတာအမှန်။နောက်ဆုံးတော့ သူ့အချစ်ကသူ့ကိုခွင့်လွှတ်နိုင်တော့မယ်မဟုတ်လား။
"မောင့်ကိုခွင့်လွှတ်တယ်မလား သက်လျာ"
"ငါမပြောမိပါဘူး မင်းကိုစောင့်ကြည့်ဦးမယ်လို့ပြောတာ"
"ok ရတယ် မောင်ကအစွမ်းကုန်ကြိုးစားမှာမို့ သက်လျာကခွင့်လွှတ်ပေးဖို့သာပြင်ထား"
သဘောကထိုသို့ပြောလိုက်တော့ သက်လျာကမျက်စောင်းတစ်ချက်ထိုးလိုက်သည်။မျက်စောင်းနုနုသူ့ဆီသို့ကျရောက်လာသည့်အခါသဘောရင်ထဲဒိတ်ခနဲပင်။တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း သူ့ရဲ့သက်လျာကအရင်ကထက်ပိုလှလာသည်။ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးကလဲ အရင်ကလိုဖက်လို့ကောင်းနေတုန်း။
"ရွတ်!"
ပါးပြင်အိအိလေးတစ်ချက်နမ်းရှိုက်လိုက်တော့ သက်လျာဒေါသထွက်သွားဟန်တူသည်။
"မင်း! ငါ့ကိုများ.."
"နမ်းလိုက်တာလေ"
"မင်းသဘော"
"မောင့်သဘောလား ရတယ်လေ ဒီဘက်ပါးလေးပါနမ်းမယ်"
'ရွတ်'
"မင်း!!"
"ခစ်ခစ်"
တခစ်ခစ်ရယ်သံကဒီအခန်းဝန်းကျင်နားမှာဘဲကြားနေရတာကြောင့် သက်လျာဝေ့ယှမ်းကြည့်လိုက်တော့ ဆိုဖာခုံနောက်မှာပုံ့ပုံလေးထိုင်နေတဲ့အမိန့်ပင်။ဖင်လုံးလုံးလေးကဆိုဖာနောက်နားမှာထွက်နေတာမို့ ပြေးရိုက်ချင်စရာ။
"အမိန့်ပုန်းမနေနဲ့ထွက်ခဲ့"
"ဟီးဟီး"
သက်လျာပြောလိုက်တော့ တဟီးဟီးရယ်ပြကာအမြန်လျှောက်လာသည်။pandaလေးတွေပါတဲ့ Pajamasဝမ်းဆက်လေးဝတ်ထားတာကြောင့်သားငယ်ကသိပ်ကိုချစ်ဖို့ကောင်းသည်။
"ဒယ်ဒီပါပါးကို နမ်းနေရာ တားတိရယ်"
"အမိန့်! တော်တော့"
"ပါပါးကယဲ တားကိုအော်ပါနဲ့"
"ဟုတ်တယ်သက်လျာ မောင့်သားကိုမအော်နဲ့မောင်မကြိုက်ဘူး"
"အမိန့်ကငါမွေးထားတဲ့သားပါ "
"မောင်နဲ့ရတယ်ဆိုတာလဲ မမေ့နဲ့"
ကလေးရှေ့မှာလဲဘာမဆိုပြောရဲဆိုတဲ့တဲ့သူကိုသက်လျာဗိုက်ကြောသာလိမ်ဆွဲလိုက်သည်။ဘာမှမသိတဲ့သုံးနှစ်သာသာကလေးငယ်ကတော့ အဖေနှစ်ယောက်ကိုကြည့်ရင်းပြုံးစိစိဖြင့်သာ။
"ပါပါး တားအိပ်ချင်"
"ဒါဆို ဘာလို့အမိန့်ကထလာတာလဲ"
"ပါပါးနဲ့ဒယ်ဒီ မရှိတော့လို့"
ဆိုလိုတာကသူတစ်ယောက်ထည်းမအိပ်ချင်လို့ထလာတဲ့သဘော။
"အင်းပါ ပါပါးပြန်သိပ်မယ်နော် လာအိပ်ယာထဲသွားမယ်"
"ဒယ်ဒီကိုယဲထော်"
သဘောလက်ကိုဆွဲကာအိပ်ခန်းထဲခေါ်လာတော့မည့်သားငယ်ကြောင့်သက်လျာဘာလုပ်ရမလဲမသိ။အခုမှကိုယ်နဲ့အဆင်ပြေခါနီးစဲစဲအခြေအနေအပြင် ဟိုလူကသူ့ကိုတောင်နမ်းလိုက်သေးသည်။ဘယ်လိုတောင်အတင့်ရဲလိုက်သလဲ။ရှက်စိတ်ကအခိုးမသေသေးတာမို့ သဘောကိုအိမ်မြန်မြန်ပြန်ခိုင်းဖို့သာတွေးရသည်။
"မင်းပြန်တော့!"
"မောင်ကဟို..."
"ပြန်ခိုင်းနဲ့လေ ပါးပါးကယဲ ဒယ်ဒီသနားပါတယ် အိပ်ခိုင်းရိုက်လေ"
"အမိန့် ပါပါးပြောနေရင်ဝင်မပါနဲ့"
"ဆူတယ် ပါပါးကိုခေါ်ဝူး ဒယ်ဒီဟင့်.."
အသံပြဲနဲ့ထငိုတဲ့ကလေးငယ်ရဲ့အသံကတိတ်ဆိတ်နေတဲ့ညအချိန်မှာ အင်မတန်မှပင်ကျယ်လောင်လှသည်။
"ဒယ်ဒီနဲ့အိပ်ချင်ရာ..အီး..."
"မျက်ရည်မထွက်ဘဲအသံပြဲနဲ့အော်မနေနဲ့ အိုအို့ ပါပါးသိတယ်"
"ပါပါးကလဲ..."
"ကလေးကိုချီလာခဲ့"
သဘောကိုကြည့်ကာ ထိုသို့ပြောပြီးနောက် ကျန်နေခဲ့တဲ့သားအဖကိုလှည့်မကြည့်ဘဲအခန်းထဲသို့ဝင်လာလိုက်သည်။တွန့်နေတဲ့အိပ်ယာကိုသပ်သပ်ရပ်ရပ်ပြန်လုပ်ပြီးနောက်မှာတော့ အရမ်းချစ်ကြတဲ့သားအဖနှစ်ယောက်ကဝင်လာသည်။
"အမိန့်လာ ငြိမ်ငြိမ်အိပ်တော့"
"ပါပါးလဲအိပ် ဒယ်ဒီရော"
သူ့ဘေးနှစ်ဖက်ကိုပုတ်ပြကာအဖေနှစ်ယောက်ကိုခေါ်နေတဲ့အိုအို့ကအူယားစရာပင်။ဆံပင်လေးတွေကအုပ်အုပ်ကလေးဖြစ်နေကာ မျက်တောင်ကော့ကော့လေးတွေကြောင့်နဂိုဝိုင်းဆက်တဲ့မျက်နှာလေးကပို၍ပေါ်လွင်နေသည်။ဒါ့အပြင်ပါးချိုင့်လေးတစ်ဖက်နစ်တဲ့အထိရယ်လိုက်ရင် အမိန့်ကတကယ့်ကိုအသဲယားစရာကလေးပင်။
"ဒယ်ဒီလာပါပြီဗျာ"
ဘေးတစ်ဖက်ကိုသဘော ဝင်လှဲလိုက်တော့ကလေးငယ်ကပျော်သွားသည့်ဟန်။
"လာလေ သက်လျာ သားအိပ်ချိန်နောက်ကျနေပြီ"
ထိုအခါမှညမီးကိုပိတ်ကာသက်လျာကအမိန့်ရဲ့တစ်ဖက်မှာဝင်လှဲလိုက်သည်။ပျော်ရွင်သွားတဲ့ကလေးငယ်ဟာ အရင်လိုဘဲ သဘောလက်ကိုတစ်ဖက် သက်လျာလက်ကိုတစ်ဖက်ကိုင်ကာအိပ်ပျော်သွားတော့သည်။မိသားစုသုံးယောက်အတူတူအိပ်စက်နေခြင်းကြောင့် အားလုံးရဲ့အိမ်မက်တွေဟာထိုညမှာ လှပနေတော့မည်။
.
.
.
.
.
.
.
- မနက် ၈ နာရီ -
လိုက်ကာမှတစ်ဆင့်တိုးဝင်လာတဲ့အလင်းရောင်ကမျက်လုံးထဲသို့စူးခနဲ။မျက်စိကစူးလာတာကြောင့်ထဖို့ပြင်လိုက်ရင်း တစ်ခုခုကိုသတိရမိသွားသည်။ညတုန်းကအိပ်ခဲ့သလိုဒေါင့်မှာမဟုတ်ဘဲ အခုကအလည်မှာရောက်နေတာပင်။ဘေးဘက်ကိုကြည့်မိလိုက်တော့ သဘောရဲ့မျက်နှာချောချောကထင်းခနဲ။
"အင့်"
ရုတ်တရက်လာဖက်နေတဲ့သူကြောင့်နေရထိုင်ရခက်လာသည်။နေပါဦး အမိန့်ကဘယ်ရောက်သွားတာလဲ။
"ခစ်ခစ်"
ကုတင်အောက်နားမှာမတ်တပ်ရပ်ပြီး သူတို့နှစ်ယောက်ကိုကြည့်နေကာ ပါးစပ်ကိုလက်ဖဝါးလေးအုပ်၍တခစ်ခစ်ရယ်နေတဲ့ကလေးငယ်။
"အမိန့်"
"ဂျာ..."
"ဘယ်တုန်းကတည်းကနိုးနေတာလဲ"
"စောနက"
"မင်း ! ဖယ်စမ်းပါ"
အိပ်ချင်ယောင်ဆောင်ပြီး အသားယူနေတဲ့သူရဲ့လက်တွေကိုဖြုတ်ချတော့ထပ်ပြီးဖက်တွယ်ပြန်သည်။
"မင်းသဘော ဖယ်လို့!"
"morning kiss"
"လက်ဝါးဘဲရမယ် ဖယ်"
လက်ဝါးတစ်ဖက်ကိုထောင်ပြပြီးနောက်ကုတင်ပေါ်ကအမြန်ဆင်းကာ အမိန့်အနားသို့သွားလိုက်သည်။သူ့သားကိုမျက်နှာသစ်ပြီးသန့်စင်ပေးရဦးမယ်လေ။
"သားပါပါးက morning kissမပေးဘူးဆိုတော့ သားကဒယ်ဒီ့ကိုပေး"
ကုတင်ပေါ်ကသဘောကထိုသို့ပြောလိုက်တော့ သက်လျာရှေ့ကအမိန့်လေးက ကုတင်ပေါ်သို့အမြန်ပြေးတတ်ကာသူ့ဒယ်ဒီ့ကိုနေရာအနှံ့အနမ်းတွေပေးတော့သည်။ဒါ့အပြင် လူးလိမ့်နေအောင်ဆော့နေတာများ မျက်စိနှောက်စရာ။
"ဒယ်ဒီ့သားကို ချစ်လိုက်တာကွာ"
"တားလဲ ချစ်"
"မင်းအမိန့် မျက်နှာသစ်မယ် အခုလာ"
"လာပါပြီဂျာ..."
လျှောကျနေတဲ့ဘောင်းဘီကိုဆွဲတင်ရင်းပြောလာတာကြောင့်သက်လျာအူယားလို့မဆုံး။သူ့ကလေးငယ်ကအရမ်းချစ်ဖို့ကောင်းသည်။
သက်လျာနဲ့အမိန့်တို့ရေချိုးခန်းထဲဝင်သွားကြတာမို့ ကုတင်ပေါ်မှာသဘောသာကျန်ခဲ့သည်။Silentလုပ်ထားတဲ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ missed callတွေကရဲရဲတောက်။အဆိုးဆုံးကတော့မာမီ့ရဲ့ဖုန်းCallတွေပင်။ ဒါ့အပြင်အလုပ်နဲ့ပတ်သတ်နဲ့Fileတစ်ချို့ကလဲ သူ့mailထဲကိုရောက်လို့နေသည်။အရေးကြီးကိစ္စကလွဲလို့ ကျန်တဲ့အလုပ်တွေကိုအောင်ကိုနဲ့ခဏလွှဲထားလို့ရတာကြောင့်သိပ်စိတ်ပူစရာမလို။
အလုပ်ကိစ္စတွေနဲ့သာအချိန်ကုန်ခဲ့ရတဲ့သူ့အတွက်အခုလိုမိသားစုသုံးယောက်ပျော်ရွင်ရတဲ့အချိန်လေးကသိပ်ကိုတန်ဖိုးရှိသည်။တန်ဖိုးဖြတ်လို့မရတဲ့ဒီလိုအခြေအနေလေးကို ဘာနဲ့မှမလဲနိုင်။သူ့မှာအခုဆို သားလေးရှိနေပြီ။ဘာတွေဘဲဖြစ်လာဖြစ်လာ သားနဲ့သက်လျာဘက်ကိုသာတွေးပြီးသူရပ်တည်မည်။
သူ့တို့နှစ်ယောက်ကိုဘယ်သူမှသဘောမတူရင်တောင်မင်းသဘောဆိုတဲ့ကောင်က ဂရုစိုက်နေမည့်သူမဟုတ်။ကုတင်ပေါ်မှာတစ်ယောက်ထည်းထိုင်ပြီး ဘာတွေဖြစ်လာမှန်းမသိသေးတဲ့အနာဂါတ်ကိုကြိုတွေးနေတာမို့ သက်ပြင်းရှည်တစ်ခုချလိုက်တော့သည်။
June 14/22
အယ်လီယာ ဝမ်.....
T.B.C