Unicode
ယောကျ်ား?
လွမ်းတယ်?
ရှီယွင်နန်ရဲ့ ပြောင်ပြောင်တင်းတင်းနဲ့ နှစ်လို့ဖွယ် ကောင်းတဲ့ အမူအရာက ကြဲချလိုက်သော ဗုံးတစ် လုံးလိုပင်။
လော့လင်းရှန်း သူ့ရဲ့ လက်တစ်ကမ်းအလိုက ရှီယွင် နန်ကို ကြည့်လိုက်၏။ သူ့မျက်လုံးတွေက မြေခွေးတစ်ကောင်လို ဒေါသကြီးပြီး ဥာဏ်နီဥာဏ်နက် များသည့်ပုံပေါက်သော်လည်း သူ့နှုတ်ခမ်းထောင့် လေးကတော့ အပေါ်ကို ချိတ်တက်နေသည့်ပုံပင်။
ကြည့်ရတာ ဒီကောင်လေးက အမြဲတမ်းဒီလိုဖြစ်နေပုံပဲ။ သူက ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ် ပြဿနာ ရှာနိုင်တယ်။
သူသာ ဝီးချဲလ်ပေါ်တွင် မထိုင်နေပါက၊ ရှီယွင်နန် တစ်ယောက် လူတွေပိုကြောက်အောင် သူ့ကို ပိုမြှူဆွဲတဲ့ ပုံစံလုပ်လာလောက်တယ်လို့ လော့လင်းရှန်း
သံသယတောင် ဝင်မိသည်။
ထိုအချိန်တွင် လော့ယန်ချွမ်း ဦးဆောင်သော လူ လေးယောက်ကတော့ လုံးဝကို အံ့ဩသွားကြတော့သည်။
ဝိုင်နဲ့ပက်၊ ဖန်ခွက်ကိုခွဲပြီး လူတွေကို ဓားနဲ့ထို့ဖို့လုပ် တာက ရှီယွင်နန်ဆိုတဲ့ မင်းမဟုတ်ဘူးလား... နှစ်ဖက်စလုံးမှာ အပြစ်ရှိနေတာ ဟုတ်ပေမယ့် ဘာလို့ မင်းက မတရားခံနေသလို လုပ်နေတာလဲ?
ခဲဝေ့အန်းသူ့ရဲ့ ပြတ်ရှထားတဲ့ လက်ကို တင်းတင်းဆုပ်လိုက်ပြီး နာကျင်မှုကို ဖိနှိပ်ကာ သူ့သူငယ်ချင်းကို မေးလိုက်လေသည်။
"ဘာတွေ ဖြစ်နေတာလဲ? ရှီယွင်နန်က မင်းရဲ့ လက် ထပ်ဖော်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား?သူက ဘာလို့ မင်းဦးလေးနဲ့ ပတ်သက်နေတာလဲ?"
လော့ယန်ချွမ်း မျက်မှောင်ကြုတ်ပြီး မသိစိတ်က နေ ပြန်ဖြေလိုက်လေသည်။
"မဖြစ်နိုင်ဘူး။"
မိသားစုနှစ်စု လက်ထပ်ဖို့ ဆွေးနွေးနေချိန်ကနေ သူငြင်းပြီး ပုန်းဖို့ အိမ်ကနေ ထွက်လာချိန်အထိ၊ လက်ရှိ စားသောက်ဆိုင်မှာ တွေ့ဆုံတာနဲ့ဆို သုံးရက်လောက်ပဲ ရှိသေးတာလေ။
ရှီယွင်နန်က လော့လင်းရှန်းနဲ့ ဘယ်လိုတွေ့ပြီး 'ယောကျ်ား'လို့တောင် တရင်းတနှီး ခေါ်နေရတာလဲ? ဒီလူက သူတို့ကို အရူးလုပ်နေတာပဲဖြစ်ရမယ်!!
ဒီ ထင်မြင်ယူဆချက်တွေက သူ့စိတ်ထဲရောက်လာချိန်မှာပဲ ရှီယွင်နန်က အေးအေးဆေးဆေး ထပြီး သူတို့ဆီသို့ ချဉ်းကပ်လာကာ
"မဖြစ်နိုင်ဘူး?"
သူက သူ့အိတ်ကပ်ထဲက စာအုပ်အနီကို ထုတ်ပြီး လူလေးယောက်ရှေ့မှာ ပေါ်တင်ပဲ ဝှေ့ယမ်းပြလိုက် သည်။ "မင်းသာ မျက်လုံးမကန်းရင် ဒါကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရမှာပေါ့။ အခုမှ ပူပူနွေးနွေး လင်မယားတွေ ဖြစ်လာတာ။"
"လော့လင်းရှန်းက ငါ့ယောကျ်ားမဟုတ်ရင် မင်းယောကျ်ားလား?"
လက်ထပ်လက်မှတ်ပေါ်က လူနှစ်ယောက်ဓာတ်ပုံက ပုံထွက်ကောင်းလေသည်။
လော့လင်းရှန်း နဲ့ ရှီယွင်နန်မှာ ဘေးချင်းကပ် နီးကပ်နေပြီး ၊ တကယ့်ကို သဘာဝကချမှတ်ပေးထားတဲ့ စုံတွဲလိုပင်။
"......"
သူတို့လေးယောက်သား နောက်တစ်ကြိမ်အကျပ်ရိုက်သွားပြန်ပြီ။ တစ်ယောက်ထက် တစ်ယောက်မျက်နှာတွေက ပိုအကျည်းတန်လာတော့၏။
အခု ဘယ်လိုလုပ်မလဲ? သူတို့က သူ့ကို အလွယ်တကူ ဖျစ်ညှစ်လို့ရတဲ့ ငုံးကောင်လေးလို့ ထင်ခဲ့ကြပေမယ့် သူ့နောက်မှာ ထိလို့မရတဲ့ နတ်ဘုရားကြီးရှိနေတာတဲ့လား?
ရှီယွင်နန် သူတို့ရဲ့ ပိန်လိုက်ဖောင်းလိုက် အမူအရာများကိုကြည့်ပြီး သဘောကျကာ သူမှန်တဲ့အကြောင်းပြောဖို့ လော့လင်းရှန်းဘက်သို့လှည့်လာပြီး
"ကျွန်တော် ပြောသားပဲ လက်ထပ်လက်မှတ်ဓာတ်ပုံကို ကောင်းကောင်းရိုက်ရပါမယ်လို့။ အနှေးနဲ့အမြန် မျက်လုံးမကောင်းတဲ့ လူတွေကို ပြရမှာပါဆို။"
"......"
လော့ယန်ချွမ်းသည် ပူးကပ်ပြီး လက်ထပ်လက်မှတ် အကြောင်းပြောနေသော လူနှစ်ယောက်ကို စိုက် ကြည့်လိုက်၏။ မီးတောက် ပြင်းပြင်းကြီးက ပေါက် ကွဲမှုတွင် တောက်လောင်သွားပြီး၊အရှက်ရတဲ့ ခံစား ချက်မျိုးက သူ့အား လုံး၀ ဝါးမြိုထားသည့်ပုံပင်။
သူတကယ့်ကို နားမလည်နိုင်ဘူး-
ခုနကတင် သူ(ရှီယွင်နန်)က သူ စက်ဆုတ်တဲ့ လက်ထပ်ဖော်ဖြစ်နေတုန်းပဲလေ၊ နောက်တစ်စက္ကန့် ကြတော့ သူက လော့မိသားစု ခေါင်းဆောင် သူ့ 'ဦးလေး' နဲ့ တွဲပြီး လက်ထက်လက်မှတ် ရခဲ့တယ် တဲ့လား?
ဘာတွေဖြစ်ကုန်တာလဲ?
လော့ယန်ချွမ်း သူ့ရဲ့ တည်ငြိမ်တဲ့ အသံကို ပြန်ရဖို့ ကြိုးစားရင်း
"ဦးလေး၊ တကယ် လက်မှတ်ရလာတာလား? ဒါပေမယ့် သူနဲ့ကျွန်တော်က သေချာပေါက်..."
"ရှီယွင်နန်က ငါ့အိမ်ထောင်ဖက်၊ မင်းနဲ့ဘာမှမဆိုင် ဘူး၊ နားလည်လား?" လော့လင်းရှန်းက ပြတ်ပြတ် သားသား သူ့စကားကို နှောင့်ယှက်လိုက်သည်။ သူ့မျက်လုံးက နက်မှောင်နေပြီး၊ ဒါက သူသည် လူတွေအပေါ် အာဏာ ကျိန်ဆိုနေသည့်ပုံလို့ ထင်ယောင် ထင်မှား ဖြစ်စေသည်။
လော့ယန်ချွမ်း ထိုစကားလုံးများရဲ့ ဖိအားကို ခံစားလိုက်ရပြီး
"...နားလည်ပါပြီ"
လော့လင်းရှန်း ဝီးချဲလ်ကို အနီးကပ် လှည့်လာပြီး သူ့ရဲ့ အေးစက်တဲ့ မျက်လုံးတွေက ခဲ့ဝေ့အန်း နဲ့ တခြားသူတွေ တစ်ယောက်ချင်းဆီကို ကြည့်နေကာ
"ချင်ကျန်း ဒီသခင်လေးသုံးယောက်က ဘယ်သူတွေလဲ?"
လော့လင်းရှန်း လက်ထောက်ဖြစ်သည့် ချန်ကျန်း သည် ချမ်းသာသောမိသားစုများရဲ့ ဧည့်ခံပွဲများစွာကို သူ့နောက်ကနေလိုက်ပြီး တက်လေ့ရှိသည် ။ သူ့ရဲ့ အားသာချက်တွေထဲက တစ်ခုကတော့ သူ့မှတ် ဉာဏ် ပင်။
တစ်ချက်ကြည့်လိုက်တာနဲ့သူတို့ကို မှတ်မိသည်။ ထို့နောက် သူက အမှားအယွင်းမရှိဘဲ သူတို့မိသားစုများလုပ်သော စက်မှုလုပ်ငန်းကွင်းဆက်များကို ဆက်လက်တင်ပြလိုက်သည်။
ခဲဝေ့အန်း နှင့် နင်းညီအကိုနှစ်ယောက်မှာ အလွန်ထိတ်လန့်သွားပြီး ရှေ့သို့တစ်လှမ်းတောင် မလှမ်းလာနိုင်ပေ။ သူတို့ရဲ့ ခန္ဓာကိုယ်က တိုင်ထက်တောင် ဖြောင့်စင်းနေကြ၏။
လော့လင်းရှန်း သူ့ရဲ့ လက်ချောင်းများကို ပွတ်သပ်နေရင်း တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်လေသည်။
"မစ္စတာခဲ့ နဲ့ မစ္စတာနင်းကို မတွေ့ရတာတောင်ကြာပြီ။ အိမ်ပြန်ရောက်ရင် ငါကနှုတ်ဆက်တယ်လို့ ပြောလိုက်ပါ။"
"ငါ့ သက်တော်စောင့်ရဲ့ လက်က မညင်သာဘူးဖြစ် သွားတယ်။ သူတို့ အမှားပြင်ဖို့ သခင်လေးသုံးယောက်စလုံးကို တစ်ရက်ရက် ဧည့်ခံပွဲကို ဖိတ်လိုက်ပါ့မယ်။ "
"......"
သုံးယောက်သား ကြောက်လွန်းလို့ ဘာမှတောင် ပြန်မပြောရဲ ကြတော့ပေ။
ဒီအသိုင်းအဝိုင်းမှာ အချိန်အတော်ကြာ ကျင်လည် လာပြီးနောက်အင်ပါယာမြို့တော်ရှိ ချမ်းသာသောမိသားစုများကြားတွင် လော့လင်းရှန်းရဲ့ အဆင့်အတန်းကို သဘာဝကျကျ သိခဲ့ကြသည်။ ဒီလူဟာ သူတို့ ရန်စလို့ ရမယ့်သူ မဟုတ်ဘူး။ ဘာဧည့်ခံပွဲလဲ? ဘာကို အမှားပြင်မှာလဲ? Hongmen ဧည့်ခံပွဲပဲ ဖြစ်ရမယ်။
(*Hongmen က ထောင်ချောက် ဒါမှမဟုတ် အမှန် တရားကို ဖုံးကွယ်တဲ့နေရာမျိုးမှာ သုံးပါတယ်တဲ့)
ဒီကိစ္စသာ သူတို့အဖေရဲ့ နားထဲရောက်သွားရင် တော့ သူတို့ ကောင်းကောင်းကြီးရိုက်နှက်ခံရမှာ မလွဲမသွေပင်။
ခဲဝေအန်းက အနည်းငယ် လိမ္မာပါးနပ်နေသေးတော့အမြန်ပဲ သူတို့ပေါ်သူတို့ အပြစ်တွေပုံချလိုက်တော့သည်။
"လော့ ၊ ခေါင်းဆောင်လော့၊ ကျွန်တော်တို့ကသာ ဖန်ခွက်ကို မြေကြီးပေါ် မတော်တဆခွဲခဲ့မိတာပါ။ ဒီဒဏ်ရာက သက်တော်စောင့်အစ်ကိုနဲ့ မဆိုင်ပါဘူး။ရန်ဖြစ်နေရင်း ကိုယ်ဘာသာလဲကျပြီး ထိခိုက် မိတာပါ။"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!"
"ကျွန်တော်တို့ ကိုယ့်ဘာသာ လဲကျတာ၊ ကိုယ့်ဘာသာလဲကျတာပါ။!"
နင်းရုန် နဲ့ နင်းယွမ်မှာ တုံ့ပြန်မှုက ပဲ့တင်ထပ်နေကာ သူတို့ရဲ့ မျက်နှာများသည် ဖြူဖျော့နေပြီး ဒဏ်ရာကြောင့်လား လော့လင်းရှန်းကို ကြောက်လို့လား ဆိုတာတော့ ဘယ်သူမှ မခွဲခြားနိုင်ပေ။
လော့လင်းရှန်းကတော့ ဘာပမူအရာမှမပြပေ။သူရဲ့ ဓားနှင့်တူသော ခက်ထန်တဲ့အကြည့်များက သူတို့ရဲ့ ဒဏ်ရာဆီသို့ ရောက်လာကာ
"ဒဏ်ရာ ပြင်းလား? ငါ့လက်ထောက်ကို ဆေးရုံလိုက်ပို့ခိုင်းလိုက်ရမလား?"
လူသုံးယောက်ရဲ့ ခေါင်းများသည် ပလုတ်တုတ်ကဲ့သို့ တညီတညွတ်တည်း ခါလိုက်မိ၏။
သူတို့ကို ဆေးရုံပို့မယ်? မပို့နဲ့၊မပို့ပါနဲ့။ မဖျားဘူးဆိုရင်တောင် သူတို့ ဖျားသွာမှာကြောက်တယ်!!
"ကျွန်တော်တို့အဆင်ပြေပါတယ်! ကျွန်တော့်တို့ အသားက အရေထူပြီး ကြမ်းတော့ ကျွန်ုပ်တို့ ကိုယ် တိုင် ဖြေရှင်းနိုင်ပါတယ်။ ခေါင်းဆောင်ကို အနှောင့် အယှက်ပေးစရာ မလိုပါဘူး!"
ခဲဝေအန်း သူ့တံတွေးကို စိတ်လှုပ်ရှားစွာ မျိုချလိုက်ပြီး ဒီအန္တရာယ်ကနေ လွတ်မြောက်ဖို့ မစောင့်နိုင် တော့ပေ။
"ခေါင်းဆောင်လော့၊ တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်တော်တို့ အရင်ထွက်သွားလို့ရပြီလား?"
လော့လင်းရှန်းရဲ့ သဘောတူခွင့်ပြုချက်ကို စောင့်မနေဘဲ ဘေးမှာရပ်ပြီး ရှိုးကောင်းကောင်းကြည့်နေသော ရှီယွင်နန်က သူတို့ထွက်ပြေးတာကို တားလိုက်၏။
"နေဦး"
"......"
သူက ရှပ်အင်္ကျီပေါ်ရှိ ဝိုင်အစွန်းအထင်းနှင့် စားပွဲပေါ်မှာ ပျက်စီးနေသော အစားအစာများကို အေးအေးဆေးဆေးပဲ လက်ညှိုးထိုးပြလိုက်ပြီး
"ဒီနှစ်ခု မင်းတို့လုပ်တာလေ။ တောင်းပန်ဖို့ကရော?"
ခဲဝေ့အန်း နဲ့ အခြားသူများမှာ သူတို့စိတ်ထဲတွင် အလွန် အင်တင်တင်ဖြစ်နေကြသော်လည်း ဒီ အခြေအနေအောက်မှာတော့ နီရဲနေတဲ့မျက်နှာတွေနဲ့ ကိုယ့်ကိုကိုင်းကာ ဟန်ဆောင်မှုကင်းကင်းဖြင့် ထပ် ခါတလဲလဲ တောင်းပန်ရမည်ဖြစ်သည်။
ရှီယွင်နန် ကျေနပ်စွာ နှုတ်ခမ်းလေးကွေးတက်သွားပြီး လော့ယန်ချွမ်းကို လိမ္မာပါးနပ်စွာ စိုက်ကြည့်ရင်း
"စောစောကတည်းကသာ ဒီလိုဆို အားလုံးအဆင် ပြေနေမယ့်ဟာ၊ ငါကမင်းတို့နဲ့ မဆိုင်တာကို မင်းတို့က ဘာလို့ပြဿနာ လာရှာရတာလဲ?"
ခဲဝေ့အန်း အမြင်မှန်ရသွားပြီး အဓိကတရားခံအား ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
ဟုတ်တယ်!
လော့ယန်ချွမ်းသာ ရှီယွင်နန်က သူ မကြိုက်တဲ့ လက်ထက်ဖော်ဆိုတာ မပြောခဲ့ရင် သူတို့က ဘယ် လိုလုပ်ရန်စရဲမှာလဲ?။ အခုကြည့်လိုက်တော့ ရှီယွင် နန်ကသာ သူ့ကိုမကြည့်ချင်တဲ့လူဆိုတာ အသိသာကြီးလေ။
ဖာ့ခ် ၊ လော့ယန်ချွမ်းက လိမ်နေတာမလား? အကျိုးဆက်အနေနဲ့ ၊ ဒီသောက်ရေးမပါတာက သူတို့ကို ပြဿနာတက်စေပြီ။
သုံးယောက်သား ဒေါသမထွက်အောင် သွေးရူးသွေးတန်းဖြင့် စားသောက်ဆိုင်ထဲမှ ထွက်သွားကြတော့သည်။ သူတို့နောက်မှ ဒီကိစ္စကို လော့ယန်ချွမ်းနဲ့ရှင်းဖို့ ရည်ရွယ်ထားလိုက်ကြသည်။
ခဲဝေ့အန်း နဲ့ အခြားသူများ အထင်လွဲသွားသည်ကို မြင်လိုက်ရတော့ လော့ယန်ချွမ်းရဲ့ မျက်နှာသည် နီမြန်းသွားသည် ။ ဒါမယ့် အခုတော့ လော့လင်းရှန်းနဲ့ ရှီယွင်နန်က သူ့ရှေ့မှာတင် လက်မှတ်ရလာကြောင်း ပြောလိုက်တော့ သူပြောခဲ့တာနဲ့ပတ်သတ်ပြီး အကျိုးအကြောင်း ရှင်းပြလို့မရတော့ပေ။
လော့ယန်ချွမ်း နေရာမှာ ရပ်နေပြီး သူ့စိတ်ကတကျည်ကျည်မြည်နေကာ ပရမ်းပတာဖြစ်နေ၏။
"ဦးလေး"
သူတို့နှစ်ဦးက ငါးနှစ်မျှသာ ကွာသော်လည်း သူ့အတွက်တော့ လော့လင်းရှန်းကို နာမည်အရင်းဖြင့် ခေါ် ဖို့အတွက်၊ သူ့မှာ အမြဲ မမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားများ ရှိနေလေသည်။
လော့ယန်ချွမ်း အတွက်တော့ တစ်ဖက်က ဧရာမတောင်ကြီးတစ်ခုလိုပင်။
သူ နုတ်လည်း မထွက်ချင်သလို ဒီတိုင်းလည်းကျော်မသွားနိုင်ပေ။ ဒါပေမယ့် ဒါက အချိန်တိုလေးအတွင်းမှာ မအောင်မြင်နိုင်သေးတာကြောင့် သူ ခေါင်းသာ ငုံ့ထားခဲ့ရသည်။
"ရှီယူနန်နဲ့ မင်းရဲ့လက်ထပ််ပွဲက ဖျက်လိုက်ပြီ၊ နှစ်ဖက်မိဘတွေလည်း မကန့်ကွက်ဘူး။မင်းတို့နှစ်ယောက်စလုံးကလည်း ဒီလက်ထပ်ပွဲကနေ ထွက်ပြေးဖို့လုပ်နေကြတာဆိုတော့ အခု ကန့်ကွက်စရာ မရှိဘူး မလား? "
သူက ဒါကို လော့ယန်ချွမ်းကို ပြောနေပေမယ့်လည်း လော့လင်းရှန်းကတော့ ရှီယွင်နန်ကို တမင်တကာ စိုက်ကြည့်နေတုန်းပင်။
ရှီယွင်နန် သူ့အကြည့်တွေကို တွေ့တော့အေးအေးဆေးဆေးပဲ တောက်ပစွာ ပြုံးပြလိုက်ပြီး "သေချာပေါက် ကျွန်တော်ကတော့ မကန့်ကွက်ပါဘူး၊ ကျွန်တော့မှာ လောင်ကုန်းရှိနေမှတော့ သာမန်လူတွေကို မျက်လုံးထဲ မြင်ပါတော့မလား?"
အကြောင်းတစ်ခုခုကြောင့် လော့ယန်ချွမ်းမှာ သူ့ရင် ဘတ်တွင် အသက်ရှုတာက ဝင်လိုက်ထွက်လိုက်မလုပ်နိုင်ဘဲ ပိတ်ဆို့ခံထားသည်ဟု ခံစားလိုက်ရသည်။
ရှီယွင်နန်က သွေးစုပ်ကောင်ဖြစ်ပြီး သူ့ကို လမ်းလာပိတ်တာလို့ ထင်ခဲ့သော်လည်း အဲ့အစား အခြားလူတွေရဲ့ ရှေ့မှာ သူ့ကို အရူးလုပ်သွားနိုင်မယ်လို့ မထင်ထားခဲ့ပေ။
လော့ယန်ချွမ်း တိတ်တိတ်ဆိတ်ဆိတ် အံကြိတ် ထားရင်း
"ဦးလေး၊ တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် လည်း သွားလိုက်ပါအုံးမယ်။"
လော့လင်းရှန်း ခေါင်းညိတ်လိုက်ပြီး စူးရှတောက်ပတဲ့ အလင်းရောင်က သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်လုံးတွေထဲဖြတ်ဝင်သွားကာ "ယန်ချွမ်း၊ မင်းမိဘတွေက ရောင့်ရဲပြီး ဘေးထွက်နေခဲ့တဲ့လူတွေပဲ။ ဆိုးတာကနေ မသင်ယူဘဲ ကောင်းတာကနေ သင်ယူပါ။မင်းမှာ မရှိသင့်တဲ့ အတွေးတွေကို ဖယ်ထားသင့်တယ်။"
လော့ယန်ချွမ်းကို ခဲဝေအန်းလိုအရက်သမားသူငယ် ချင်းအုပ်စုနှင့် ဝေးဝေးနေဖို့ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်ခြင်းဖြစ်သည်။
လော့ယန်ချွမ်း ထိတ်လန့်သွား၏။
"ကျွန်တော် သူတို့နဲ့ ဒီတိုင်း အပျော်ရှာတာပါ။ တခြားဘာမှမရှိပါဘူး။"
ထိုသို့ပြောပြီးနောက် သူသည် လော့လင်းရှန်းရဲ့ ခွင့် ပြုချက်ကိုယူပြီး အမြန်ခြေလှမ်းများဖြင့် ထွက် သွားတော့သည်။သူ့နောက်ကို လှည့်လိုက်တာနဲ့ သူ့ရဲ့ ရိုကျိုးတဲ့ အကြည့်တွေက လုံးဝပျောက်ကွယ် သွားလေပြီ။
ဘေးနှစ်ဖက်တွက် တွဲလောင်းကျနေသော လက် များကို မသိစိတ်ကနေ လက်သီးဆုပ်ထားမိ၏။ ရန်လိုချင်သည့် စိတ်ကို ထိန်းချုပ်ထားရသလိုပင်။
ရှီယွင်နန်က လော့ယန်ချွမ်းရဲ့ မသိသာသော အပြုအမူကို သူ့ရဲ့ စူးရှတဲ့ အမြင်နဲ့ တွေ့လိုက်ပြီး လေးနက်သော အဓိပ္ပါယ်ဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
လော့လင်းရှန်းသည် ရှီယွင်နန်ရဲ့ အကြည့်က သွေဖယ်နေတာကို သတိထားမိသွားတော့ သူ့ရဲ့ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ဖိလိုက်၏။ တစ်ဖက်သားရဲ့ အာရုံကို ပြန်ဆွဲထုတ်ဖို့ သူကစကားပြောလိုက်လေသည်။
"မနက်က အိမ်ကို တက္ကဆီ စီးပြန်ပါလို့ ကိုယ်မပြောထားဘူးလား?"
ရှီယွင်နန် ပခုံးတွန့်ပြလိုက်ပြီး
"ကျွန်တော်က ရုတ်တရက်ကြီး လက်ထပ်လိုက်ရပြီး တရုတ်ကိုလည်း ဘာမှသိပ်မယူလာမိဘူးလေ။ အဲ့ဒါကြောင့် ဈေးဝယ်ထွက်ဖို့ အနီးနားက ဆိုင်တွေမှာ လျှောက်ပတ်ကြည့်နေတာ။"
လော့အုပ်စုက ဒီအနီးအနားတွင် ရှိသောကြောင့် ရှီယွင်နန်က လော့လင်းရှန်းဆီ WeChatကနေ မက်ဆေ့ချ်ပို့ခဲ့၏- သူဒီစားသောက်ဆိုင်မှာ စားမလို့ လော့လင်းရှန်းကိုလည်း တူတူလာစားမလားလို့ မေးထားတာပင်။
သို့သော် ဘာတုံ့ပြန်မှု မရခဲ့ပါ။
ဒါကိုမြင်တော့ ရှီယွင်နန် နေ့လယ်စားပြီး ပြန်ဖို့သာ ပြင်လိုက်သည် ။ ဘာအလုပ်ကောင်းကောင်းမှ မလုပ်တဲ့ ဒီလူတွေနဲ့ လာတွေ့မယ်လို့ ဘယ်သူကထင်မှာလဲ?
အဲ့ဒါကြောင့် သူက လော့လင်းရှန်းကို နောက်ထပ် မက်ဆေ့ချ်ပို့လိုက်သည်—"တိုက်ဆိုင်လိုက်တာ၊ အာ၊ ကျွန်တော့ လက်ထပ်ဖော်ဟောင်းနဲ့ လာဆုံနေတယ်၊ လောင်ကုန်း၊ ခင်ဗျား သဝန်မတိုဘူးလား?"
သူပို့ထားတဲ့ Wechatက မက်ဆေ့ချ် နှစ်ခုက ပင်လယ်ထဲမြုပ်သွားတာမြင်တော့ သူတမင်တကာ မေးလိုက်သည် ။
" မစ္စတာလော့၊ ခင်ဗျား ဘာလို့ကျွန်တော့ရဲ့ စာတွေ ပြန်မပို့တာလဲ? ခင်ဗျားအရမ်းအလုပ်ရှုပ်ပြီး မတွေ့လို့လား?"
လော့လင်းရှန်း ခဏလောက် ငြိမ်သွားပြီး ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
"အစည်းအဝေးပြီးသွားတော့ ဒီကို ညစာစားဖို့ လာ တာ။"
သူစာ ပြန်မပို့ချင်တာ မဟုတ်သော်လည်း ကောင်းတဲ့စကားလုံးကို မစဉ်းစားနိုင်ခဲ့ပေ။ နောက်ဆုံးတွင်၊ ရင်းနှီးလွန်းတာက မသင့်တော်သလို စိမ်းသက်လွန်းတာကလည်း မသင့်တော်ပေ။
တကယ်တော့ ရှီယွင်နန်ရဲ့ ဒုတိယ WeChat မက် ဆေ့ချ်ကို လက်ခံရရှိပြီးနောက် လော့လင်းရှန်း ဒီတိုင်းထိုင်မနေနိုင်တော့ပေ ။ သူက ယွမ်မုန်ကို ဒီကို မြန်မြန်လာခိုင်းလိုက်၏။ လူငယ်လေးကို ဒုက္ခမရောက်စေချင်လို့ပေ။
ရှီယွင်နန်ကတော့ သူယုံတယ်လို့ မပြောသလို မယုံဘူးလို့လည်းမပြောပေ ။ သူက ဒီတိုင်းသာ ဟာသပြောလိုက်သည်။
"မစ္စတာလော့က ကျွန်တော်နဲ့ ချိန်းတွေ့ဖို့ တမင်များလာတာလားလို့ ထင်သွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ ပထမဆုံးလက်မှတ်ရတဲ့နေ့လေ။ အဲ့တော့ ရင်ခုန်စရာ ဖယောင်းတိုင်မီးလေးပါတဲ့ ညစာ မစားရတာက မဟုတ်သေးဘူးလေ။ ဟုတ်တယ်မလား?"
လော့လင်းရှန်းက သူ့အဆိုပြုချက်ကို လက်ခံလိုက် ပြီး
"ဆိုင်ပြောင်းမယ်"
ရှီယွင်နန် ပြုံးပြီး လော့လင်းရှန်းနောက်က နေရာကို ယူလိုက်ကာ ဝီးချဲလ်ကို တွန်းပေးဖို့ လုပ်လိုက်၏။
"မင်းဘာလုပ်တာလဲ?"
လော့လင်းရှန်းက ဒီလိုအကူအညီမျိုးကို မကြိုက်ပါ။
ရှီယွင်နန်က သူ့ရဲ့ခုခံမှုကို လုံးဝမကြောက်ပါ။ သူက ထိုလူရဲ့နားကို ကပ်ပြီး တိုးတိုးလေးပြောလိုက်၏။
"ဆိုင်ထဲက စားပွဲထိုးတွေက ကျွန်တော်တို့ကို ချောင်းကြည့်နေတယ်။ ကျွန်တော်တို့ ရင်းနှီးချင်ယောင် ဆောင်ရမယ်လေ။"
နွေးထွေးသော အသက်ရှုသံက နားရွက်ကို ဖြန်းခနဲ တိုးဝင်လာတော့ သူထူးဆန်းစွာ ထုံကျင်သွားသည်။
လော့လင်းရှန်းက ခေါင်းကို ဆောင်းလိုက်တော့ နွေးထွေးနူးညံ့သော နှုတ်ခမ်းများကို ထိတွေ့နိုင်ခြင်းမှတစ်မီလီမီတာလောက် ကွာဝေးသွားသည်။
ရှီယွင်နန်က ထိုလူရဲ့ အလွန်နီးကပ်ပြီး ချောမောသော မျက်နှာကို စိုက်ကြည့်နေမိလေသည်။ ဒါဟာ ဟာသတစ်ခုမှန်း သိသာသော်လည်းမသိစိတ်ကနေ သူ့နှလုံးခုန်သံစည်းချက်တွေက လွဲချော်နေ၏။
သူ့ကိုယ်သူ အမြန်နောက်ကို ပြန်ဆုတ်လိုက်ပြီး ဝီးချဲလ်ကို တွန်းကာ
"ဘာလိုပဲဖြစ်ဖြစ် အိမ်ပဲ အရင်ပြန်ရအောင်။အင်္ကျီမှာ ပေနေတော့ နေရတာမဆင်မပြေဘူး။"
လော့လင်းရှန်း သူ့မျက်မှန်ကို ပင့်တင်လိုက်တော့ သူ့မျက်လုံးထဲက အပြုံးအရိပ်အယောက်တွေက ထွက်လာဖို့ အခွင့်အရေးရသွားတော့လေသည်။
"အိမ်ပြန်ပြီး ညစာစားမလား? ဘာစားချင်လဲ?"
ရှီယွင်နန် ဝိုးတိုးဝါးတားဖြေလိုက်၏။
"ငါး၊ အရိုးနွှင်ထားတဲ့ ငါး"
"ကောင်းပြီ။"
နှစ်ယောက်သား ထွက်သွားကြသည်။
ဒါတွေအားလုံးကို မြင်လိုင်ရတဲ့ ချင်ကျန်းကတော့ယွမ်းမုန်ရဲ့ ပုခုံးကို တွန်းလိုက်ပြီး တက်တက်ကြွကြွမေးတော့သည်။
"မုန်မုန် မင်းတစ်ခုခုတွေ့လိုက်လား?"
ယွမ်မုန်က ထိုအဆင်မပြေသည့် အခေါ်အဝေါ်ကို ကြားသောအခါ အမြန် ရှက်သွေးဖြာသွားတော့၏။
သူတို့နှစ်ယောက်အနက် တစ်ဦးမှာ ခေါင်းဆောင်ရဲ့ နေ့စဉ်ရေးရာများကို တာဝန်ယူရပြီး ကျန်တစ်ဦးက ခေါင်းဆောင်ရဲ့ သွားလာရေ ဘေးကင်းရေးတွင် တာဝန်ရှိသည်။
သူက အရပ် ၁.၈၅ စင်တီမီတာရှိတဲ့ စစ်သားဟောင်းဖြစ်၏။ သူက ရိုးသား ဖြောင့််မတ်သော်လည်း လူတစ်စုကိုတော့ လက်သီးတစ်ချက်ဖြင့် ကိုင်တွယ်နိုင်သည်။ အကျိုးဆက်ကရော? တိုက်ခိုက်ရေးစွမ်းရည် ညံ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက နေ့တိုင်းသူ့ကို မုန်မုန်ဟု ခေါ်တယ်လေ။
ဒါကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။
ယွမ်မုန် အပြင်ကို အမြန်ထွက်လာတော့ ချင်ကျန်းကလည်း နောက်ကလိုက်လာကာ
"မရှက်ပါနဲ့ ငါမင်းကို တစ်ခုလောက်မေးမလို့"
"ငါဘာမှမသိဘူး၊ ငါမင်းလောက် မတော်ဘူး။"
ချင်ကျန်းက ဘေးချင်းကပ်လျက် လမ်းလျှောက် နေသော အရှေ့မှ ရုပ်ပုံနှစ်ခုကို စိုက်ကြည့်ကာ ခန်းမှန်းလိုက်လေသည်။
"ငါတော့ ခေါင်းဆောင်နဲ့ ဒုတိယသခင်လေးရှီက ဒီအယောင်ဆောင် ရှိုးကနေ တကယ့်အစစ် ပြောင်းသွားတော့မယ်လို့ ထင်တယ်။"
Zawgyi
ေယာက်္ား?
လြမ္းတယ္?
ရွီယြင္နန္ရဲ႕ ေျပာင္ေျပာင္တင္းတင္းနဲ႔ ႏွစ္လို႔ဖြယ္ ေကာင္းတဲ့ အမူအရာက ႀကဲခ်လိုက္ေသာ ဗုံးတစ္ လုံးလိုပင္။
ေလာ့လင္းရွန္း သူ႔ရဲ႕ လက္တစ္ကမ္းအလိုက ရွီယြင္ နန္ကို ၾကည့္လိုက္၏။ သူ႔မ်က္လုံးေတြက ေျမေခြးတစ္ေကာင္လို ေဒါသႀကီးၿပီး ဥာဏ္နီဥာဏ္နက္ မ်ားသည့္ပုံေပါက္ေသာ္လည္း သူ႔ႏႈတ္ခမ္းေထာင့္ ေလးကေတာ့ အေပၚကို ခ်ိတ္တက္ေနသည့္ပုံပင္။
ၾကည့္ရတာ ဒီေကာင္ေလးက အၿမဲတမ္းဒီလိုျဖစ္ေနပုံပဲ။ သူက ဘယ္ေနရာျဖစ္ျဖစ္၊ ဘယ္အခ်ိန္ျဖစ္ျဖစ္ ျပႆနာ ရွာႏိုင္တယ္။
သူသာ ဝီးခ်ဲလ္ေပၚတြင္ မထိုင္ေနပါက၊ ရွီယြင္နန္ တစ္ေယာက္ လူေတြပိုေၾကာက္ေအာင္ သူ႔ကို ပိုျမႇဴဆြဲတဲ့ ပုံစံလုပ္လာေလာက္တယ္လို႔ ေလာ့လင္းရွန္း
သံသယေတာင္ ဝင္မိသည္။
ထိုအခ်ိန္တြင္ ေလာ့ယန္ခြၽမ္း ဦးေဆာင္ေသာ လူ ေလးေယာက္ကေတာ့ လုံးဝကို အံ့ဩသြားၾကေတာ့သည္။
ဝိုင္နဲ႔ပက္၊ ဖန္ခြက္ကိုခြဲၿပီး လူေတြကို ဓားနဲ႔ထို႔ဖို႔လုပ္ တာက ရွီယြင္နန္ဆိုတဲ့ မင္းမဟုတ္ဘူးလား... ႏွစ္ဖက္စလုံးမွာ အျပစ္ရွိေနတာ ဟုတ္ေပမယ့္ ဘာလို႔ မင္းက မတရားခံေနသလို လုပ္ေနတာလဲ?
ခဲေဝ့အန္းသူ႔ရဲ႕ ျပတ္ရွထားတဲ့ လက္ကို တင္းတင္းဆုပ္လိုက္ၿပီး နာက်င္မႈကို ဖိႏွိပ္ကာ သူ႔သူငယ္ခ်င္းကို ေမးလိုက္ေလသည္။
"ဘာေတြ ျဖစ္ေနတာလဲ? ရွီယြင္နန္က မင္းရဲ႕ လက္ ထပ္ေဖာ္လို႔ မင္းေျပာခဲ့တာမဟုတ္ဘူးလား?သူက ဘာလို႔ မင္းဦးေလးနဲ႔ ပတ္သက္ေနတာလဲ?"
ေလာ့ယန္ခြၽမ္း မ်က္ေမွာင္ၾကဳတ္ၿပီး မသိစိတ္က ေန ျပန္ေျဖလိုက္ေလသည္။
"မျဖစ္ႏိုင္ဘူး။"
မိသားစုႏွစ္စု လက္ထပ္ဖို႔ ေဆြးေႏြးေနခ်ိန္ကေန သူျငင္းၿပီး ပုန္းဖို႔ အိမ္ကေန ထြက္လာခ်ိန္အထိ၊ လက္ရွိ စားေသာက္ဆိုင္မွာ ေတြ႕ဆုံတာနဲ႔ဆို သုံးရက္ေလာက္ပဲ ရွိေသးတာေလ။
ရွီယြင္နန္က ေလာ့လင္းရွန္းနဲ႔ ဘယ္လိုေတြ႕ၿပီး 'ေယာက်္ား'လို႔ေတာင္ တရင္းတႏွီး ေခၚေနရတာလဲ? ဒီလူက သူတို႔ကို အ႐ူးလုပ္ေနတာပဲျဖစ္ရမယ္!!
ဒီ ထင္ျမင္ယူဆခ်က္ေတြက သူ႔စိတ္ထဲေရာက္လာခ်ိန္မွာပဲ ရွီယြင္နန္က ေအးေအးေဆးေဆး ထၿပီး သူတို႔ဆီသို႔ ခ်ဥ္းကပ္လာကာ
"မျဖစ္ႏိုင္ဘူး?"
သူက သူ႔အိတ္ကပ္ထဲက စာအုပ္အနီကို ထုတ္ၿပီး လူေလးေယာက္ေရွ႕မွာ ေပၚတင္ပဲ ေဝွ႔ယမ္းျပလိုက္ သည္။ "မင္းသာ မ်က္လုံးမကန္းရင္ ဒါကိုေတာ့ ရွင္းရွင္းလင္းလင္း ျမင္ရမွာေပါ့။ အခုမွ ပူပူေႏြးေႏြး လင္မယားေတြ ျဖစ္လာတာ။"
"ေလာ့လင္းရွန္းက ငါ့ေယာက်္ားမဟုတ္ရင္ မင္းေယာက်္ားလား?"
လက္ထပ္လက္မွတ္ေပၚက လူႏွစ္ေယာက္ဓာတ္ပုံက ပုံထြက္ေကာင္းေလသည္။
ေလာ့လင္းရွန္း နဲ႔ ရွီယြင္နန္မွာ ေဘးခ်င္းကပ္ နီးကပ္ေနၿပီး ၊ တကယ့္ကို သဘာဝကခ်မွတ္ေပးထားတဲ့ စုံတြဲလိုပင္။
"......"
သူတို႔ေလးေယာက္သား ေနာက္တစ္ႀကိမ္အက်ပ္႐ိုက္သြားျပန္ၿပီ။ တစ္ေယာက္ထက္ တစ္ေယာက္မ်က္ႏွာေတြက ပိုအက်ည္းတန္လာေတာ့၏။
အခု ဘယ္လိုလုပ္မလဲ? သူတို႔က သူ႔ကို အလြယ္တကူ ဖ်စ္ညႇစ္လို႔ရတဲ့ ငုံးေကာင္ေလးလို႔ ထင္ခဲ့ၾကေပမယ့္ သူ႔ေနာက္မွာ ထိလို႔မရတဲ့ နတ္ဘုရားႀကီးရွိေနတာတဲ့လား?
ရွီယြင္နန္ သူတို႔ရဲ႕ ပိန္လိုက္ေဖာင္းလိုက္ အမူအရာမ်ားကိုၾကည့္ၿပီး သေဘာက်ကာ သူမွန္တဲ့အေၾကာင္းေျပာဖို႔ ေလာ့လင္းရွန္းဘက္သို႔လွည့္လာၿပီး
"ကြၽန္ေတာ္ ေျပာသားပဲ လက္ထပ္လက္မွတ္ဓာတ္ပုံကို ေကာင္းေကာင္း႐ိုက္ရပါမယ္လို႔။ အေႏွးနဲ႔အျမန္ မ်က္လုံးမေကာင္းတဲ့ လူေတြကို ျပရမွာပါဆို။"
"......"
ေလာ့ယန္ခြၽမ္းသည္ ပူးကပ္ၿပီး လက္ထပ္လက္မွတ္ အေၾကာင္းေျပာေနေသာ လူႏွစ္ေယာက္ကို စိုက္ ၾကည့္လိုက္၏။ မီးေတာက္ ျပင္းျပင္းႀကီးက ေပါက္ ကြဲမႈတြင္ ေတာက္ေလာင္သြားၿပီး၊အရွက္ရတဲ့ ခံစား ခ်က္မ်ိဳးက သူ႔အား လုံး၀ ဝါးၿမိဳထားသည့္ပုံပင္။
သူတကယ့္ကို နားမလည္ႏိုင္ဘူး-
ခုနကတင္ သူ(ရွီယြင္နန္)က သူ စက္ဆုတ္တဲ့ လက္ထပ္ေဖာ္ျဖစ္ေနတုန္းပဲေလ၊ ေနာက္တစ္စကၠန႔္ ၾကေတာ့ သူက ေလာ့မိသားစု ေခါင္းေဆာင္ သူ႔ 'ဦးေလး' နဲ႔ တြဲၿပီး လက္ထက္လက္မွတ္ ရခဲ့တယ္ တဲ့လား?
ဘာေတြျဖစ္ကုန္တာလဲ?
ေလာ့ယန္ခြၽမ္း သူ႔ရဲ႕ တည္ၿငိမ္တဲ့ အသံကို ျပန္ရဖို႔ ႀကိဳးစားရင္း
"ဦးေလး၊ တကယ္ လက္မွတ္ရလာတာလား? ဒါေပမယ့္ သူနဲ႔ကြၽန္ေတာ္က ေသခ်ာေပါက္..."
"ရွီယြင္နန္က ငါ့အိမ္ေထာင္ဖက္၊ မင္းနဲ႔ဘာမွမဆိုင္ ဘူး၊ နားလည္လား?" ေလာ့လင္းရွန္းက ျပတ္ျပတ္ သားသား သူ႔စကားကို ေႏွာင့္ယွက္လိုက္သည္။ သူ႔မ်က္လုံးက နက္ေမွာင္ေနၿပီး၊ ဒါက သူသည္ လူေတြအေပၚ အာဏာ က်ိန္ဆိုေနသည့္ပုံလို႔ ထင္ေယာင္ ထင္မွား ျဖစ္ေစသည္။
ေလာ့ယန္ခြၽမ္း ထိုစကားလုံးမ်ားရဲ႕ ဖိအားကို ခံစားလိုက္ရၿပီး
"...နားလည္ပါၿပီ"
ေလာ့လင္းရွန္း ဝီးခ်ဲလ္ကို အနီးကပ္ လွည့္လာၿပီး သူ႔ရဲ႕ ေအးစက္တဲ့ မ်က္လုံးေတြက ခဲ့ေဝ့အန္း နဲ႔ တျခားသူေတြ တစ္ေယာက္ခ်င္းဆီကို ၾကည့္ေနကာ
"ခ်င္က်န္း ဒီသခင္ေလးသုံးေယာက္က ဘယ္သူေတြလဲ?"
ေလာ့လင္းရွန္း လက္ေထာက္ျဖစ္သည့္ ခ်န္က်န္း သည္ ခ်မ္းသာေသာမိသားစုမ်ားရဲ႕ ဧည့္ခံပြဲမ်ားစြာကို သူ႔ေနာက္ကေနလိုက္ၿပီး တက္ေလ့ရွိသည္ ။ သူ႔ရဲ႕ အားသာခ်က္ေတြထဲက တစ္ခုကေတာ့ သူ႔မွတ္ ဉာဏ္ ပင္။
တစ္ခ်က္ၾကည့္လိုက္တာနဲ႔သူတို႔ကို မွတ္မိသည္။ ထို႔ေနာက္ သူက အမွားအယြင္းမရွိဘဲ သူတို႔မိသားစုမ်ားလုပ္ေသာ စက္မႈလုပ္ငန္းကြင္းဆက္မ်ားကို ဆက္လက္တင္ျပလိုက္သည္။
ခဲေဝ့အန္း ႏွင့္ နင္းညီအကိုႏွစ္ေယာက္မွာ အလြန္ထိတ္လန႔္သြားၿပီး ေရွ႕သို႔တစ္လွမ္းေတာင္ မလွမ္းလာႏိုင္ေပ။ သူတို႔ရဲ႕ ခႏၶာကိုယ္က တိုင္ထက္ေတာင္ ေျဖာင့္စင္းေနၾက၏။
ေလာ့လင္းရွန္း သူ႔ရဲ႕ လက္ေခ်ာင္းမ်ားကို ပြတ္သပ္ေနရင္း တည္ၿငိမ္တဲ့ အသံနဲ႔ ေျပာလိုက္ေလသည္။
"မစၥတာခဲ့ နဲ႔ မစၥတာနင္းကို မေတြ႕ရတာေတာင္ၾကာၿပီ။ အိမ္ျပန္ေရာက္ရင္ ငါကႏႈတ္ဆက္တယ္လို႔ ေျပာလိုက္ပါ။"
"ငါ့ သက္ေတာ္ေစာင့္ရဲ႕ လက္က မညင္သာဘူးျဖစ္ သြားတယ္။ သူတို႔ အမွားျပင္ဖို႔ သခင္ေလးသုံးေယာက္စလုံးကို တစ္ရက္ရက္ ဧည့္ခံပြဲကို ဖိတ္လိုက္ပါ့မယ္။ "
"......"
သုံးေယာက္သား ေၾကာက္လြန္းလို႔ ဘာမွေတာင္ ျပန္မေျပာရဲ ၾကေတာ့ေပ။
ဒီအသိုင္းအဝိုင္းမွာ အခ်ိန္အေတာ္ၾကာ က်င္လည္ လာၿပီးေနာက္အင္ပါယာၿမိဳ႕ေတာ္ရွိ ခ်မ္းသာေသာမိသားစုမ်ားၾကားတြင္ ေလာ့လင္းရွန္းရဲ႕ အဆင့္အတန္းကို သဘာဝက်က် သိခဲ့ၾကသည္။ ဒီလူဟာ သူတို႔ ရန္စလို႔ ရမယ့္သူ မဟုတ္ဘူး။ ဘာဧည့္ခံပြဲလဲ? ဘာကို အမွားျပင္မွာလဲ? Hongmen ဧည့္ခံပြဲပဲ ျဖစ္ရမယ္။
(*Hongmen က ေထာင္ေခ်ာက္ ဒါမွမဟုတ္ အမွန္ တရားကို ဖုံးကြယ္တဲ့ေနရာမ်ိဳးမွာ သုံးပါတယ္တဲ့)
ဒီကိစၥသာ သူတို႔အေဖရဲ႕ နားထဲေရာက္သြားရင္ ေတာ့ သူတို႔ ေကာင္းေကာင္းႀကီး႐ိုက္ႏွက္ခံရမွာ မလြဲမေသြပင္။
ခဲေဝအန္းက အနည္းငယ္ လိမၼာပါးနပ္ေနေသးေတာ့အျမန္ပဲ သူတို႔ေပၚသူတို႔ အျပစ္ေတြပုံခ်လိုက္ေတာ့သည္။
"ေလာ့ ၊ ေခါင္းေဆာင္ေလာ့၊ ကြၽန္ေတာ္တို႔ကသာ ဖန္ခြက္ကို ေျမႀကီးေပၚ မေတာ္တဆခြဲခဲ့မိတာပါ။ ဒီဒဏ္ရာက သက္ေတာ္ေစာင့္အစ္ကိုနဲ႔ မဆိုင္ပါဘူး။ရန္ျဖစ္ေနရင္း ကိုယ္ဘာသာလဲက်ၿပီး ထိခိုက္ မိတာပါ။"
"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္!"
"ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာ လဲက်တာ၊ ကိုယ့္ဘာသာလဲက်တာပါ။!"
နင္း႐ုန္ နဲ႔ နင္းယြမ္မွာ တုံ႔ျပန္မႈက ပဲ့တင္ထပ္ေနကာ သူတို႔ရဲ႕ မ်က္ႏွာမ်ားသည္ ျဖဴေဖ်ာ့ေနၿပီး ဒဏ္ရာေၾကာင့္လား ေလာ့လင္းရွန္းကို ေၾကာက္လို႔လား ဆိုတာေတာ့ ဘယ္သူမွ မခြဲျခားႏိုင္ေပ။
ေလာ့လင္းရွန္းကေတာ့ ဘာပမူအရာမွမျပေပ။သူရဲ႕ ဓားႏွင့္တူေသာ ခက္ထန္တဲ့အၾကည့္မ်ားက သူတို႔ရဲ႕ ဒဏ္ရာဆီသို႔ ေရာက္လာကာ
"ဒဏ္ရာ ျပင္းလား? ငါ့လက္ေထာက္ကို ေဆး႐ုံလိုက္ပို႔ခိုင္းလိုက္ရမလား?"
လူသုံးေယာက္ရဲ႕ ေခါင္းမ်ားသည္ ပလုတ္တုတ္ကဲ့သို႔ တညီတၫြတ္တည္း ခါလိုက္မိ၏။
သူတို႔ကို ေဆး႐ုံပို႔မယ္? မပို႔နဲ႔၊မပို႔ပါနဲ႔။ မဖ်ားဘူးဆိုရင္ေတာင္ သူတို႔ ဖ်ားသြာမွာေၾကာက္တယ္!!
"ကြၽန္ေတာ္တို႔အဆင္ေျပပါတယ္! ကြၽန္ေတာ့္တို႔ အသားက အေရထူၿပီး ၾကမ္းေတာ့ ကြၽန္ုပ္တို႔ ကိုယ္ တိုင္ ေျဖရွင္းႏိုင္ပါတယ္။ ေခါင္းေဆာင္ကို အေႏွာင့္ အယွက္ေပးစရာ မလိုပါဘူး!"
ခဲေဝအန္း သူ႔တံေတြးကို စိတ္လႈပ္ရွားစြာ မ်ိဳခ်လိုက္ၿပီး ဒီအႏၲရာယ္ကေန လြတ္ေျမာက္ဖို႔ မေစာင့္ႏိုင္ ေတာ့ေပ။
"ေခါင္းေဆာင္ေလာ့၊ တျခားဘာကိစၥမွ မရွိေတာ့ရင္ ကြၽန္ေတာ္တို႔ အရင္ထြက္သြားလို႔ရၿပီလား?"
ေလာ့လင္းရွန္းရဲ႕ သေဘာတူခြင့္ျပဳခ်က္ကို ေစာင့္မေနဘဲ ေဘးမွာရပ္ၿပီး ရႈိးေကာင္းေကာင္းၾကည့္ေနေသာ ရွီယြင္နန္က သူတို႔ထြက္ေျပးတာကို တားလိုက္၏။
"ေနဦး"
"......"
သူက ရွပ္အက်ႌေပၚရွိ ဝိုင္အစြန္းအထင္းႏွင့္ စားပြဲေပၚမွာ ပ်က္စီးေနေသာ အစားအစာမ်ားကို ေအးေအးေဆးေဆးပဲ လက္ညႇိဳးထိုးျပလိုက္ၿပီး
"ဒီႏွစ္ခု မင္းတို႔လုပ္တာေလ။ ေတာင္းပန္ဖို႔ကေရာ?"
ခဲေဝ့အန္း နဲ႔ အျခားသူမ်ားမွာ သူတို႔စိတ္ထဲတြင္ အလြန္ အင္တင္တင္ျဖစ္ေနၾကေသာ္လည္း ဒီ အေျခအေနေအာက္မွာေတာ့ နီရဲေနတဲ့မ်က္ႏွာေတြနဲ႔ ကိုယ့္ကိုကိုင္းကာ ဟန္ေဆာင္မႈကင္းကင္းျဖင့္ ထပ္ ခါတလဲလဲ ေတာင္းပန္ရမည္ျဖစ္သည္။
ရွီယြင္နန္ ေက်နပ္စြာ ႏႈတ္ခမ္းေလးေကြးတက္သြားၿပီး ေလာ့ယန္ခြၽမ္းကို လိမၼာပါးနပ္စြာ စိုက္ၾကည့္ရင္း
"ေစာေစာကတည္းကသာ ဒီလိုဆို အားလုံးအဆင္ ေျပေနမယ့္ဟာ၊ ငါကမင္းတို႔နဲ႔ မဆိုင္တာကို မင္းတို႔က ဘာလို႔ျပႆနာ လာရွာရတာလဲ?"
ခဲေဝ့အန္း အျမင္မွန္ရသြားၿပီး အဓိကတရားခံအား ရက္စက္စြာ စိုက္ၾကည့္လိုက္သည္။
ဟုတ္တယ္!
ေလာ့ယန္ခြၽမ္းသာ ရွီယြင္နန္က သူ မႀကိဳက္တဲ့ လက္ထက္ေဖာ္ဆိုတာ မေျပာခဲ့ရင္ သူတို႔က ဘယ္ လိုလုပ္ရန္စရဲမွာလဲ?။ အခုၾကည့္လိုက္ေတာ့ ရွီယြင္ နန္ကသာ သူ႔ကိုမၾကည့္ခ်င္တဲ့လူဆိုတာ အသိသာႀကီးေလ။
ဖာ့ခ္ ၊ ေလာ့ယန္ခြၽမ္းက လိမ္ေနတာမလား? အက်ိဳးဆက္အေနနဲ႔ ၊ ဒီေသာက္ေရးမပါတာက သူတို႔ကို ျပႆနာတက္ေစၿပီ။
သုံးေယာက္သား ေဒါသမထြက္ေအာင္ ေသြး႐ူးေသြးတန္းျဖင့္ စားေသာက္ဆိုင္ထဲမွ ထြက္သြားၾကေတာ့သည္။ သူတို႔ေနာက္မွ ဒီကိစၥကို ေလာ့ယန္ခြၽမ္းနဲ႔ရွင္းဖို႔ ရည္႐ြယ္ထားလိုက္ၾကသည္။
ခဲေဝ့အန္း နဲ႔ အျခားသူမ်ား အထင္လြဲသြားသည္ကို ျမင္လိုက္ရေတာ့ ေလာ့ယန္ခြၽမ္းရဲ႕ မ်က္ႏွာသည္ နီျမန္းသြားသည္ ။ ဒါမယ့္ အခုေတာ့ ေလာ့လင္းရွန္းနဲ႔ ရွီယြင္နန္က သူ႔ေရွ႕မွာတင္ လက္မွတ္ရလာေၾကာင္း ေျပာလိုက္ေတာ့ သူေျပာခဲ့တာနဲ႔ပတ္သတ္ၿပီး အက်ိဳးအေၾကာင္း ရွင္းျပလို႔မရေတာ့ေပ။
ေလာ့ယန္ခြၽမ္း ေနရာမွာ ရပ္ေနၿပီး သူ႔စိတ္ကတက်ည္က်ည္ျမည္ေနကာ ပရမ္းပတာျဖစ္ေန၏။
"ဦးေလး"
သူတို႔ႏွစ္ဦးက ငါးႏွစ္မွ်သာ ကြာေသာ္လည္း သူ႔အတြက္ေတာ့ ေလာ့လင္းရွန္းကို နာမည္အရင္းျဖင့္ ေခၚ ဖို႔အတြက္၊ သူ႔မွာ အၿမဲ မျမင္ႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ ဖိအားမ်ား ရွိေနေလသည္။
ေလာ့ယန္ခြၽမ္း အတြက္ေတာ့ တစ္ဖက္က ဧရာမေတာင္ႀကီးတစ္ခုလိုပင္။
သူ ႏုတ္လည္း မထြက္ခ်င္သလို ဒီတိုင္းလည္းေက်ာ္မသြားႏိုင္ေပ။ ဒါေပမယ့္ ဒါက အခ်ိန္တိုေလးအတြင္းမွာ မေအာင္ျမင္ႏိုင္ေသးတာေၾကာင့္ သူ ေခါင္းသာ ငုံ႔ထားခဲ့ရသည္။
"ရွီယူနန္နဲ႔ မင္းရဲ႕လက္ထပ္္ပြဲက ဖ်က္လိုက္ၿပီ၊ ႏွစ္ဖက္မိဘေတြလည္း မကန္႔ကြက္ဘူး။မင္းတို႔ႏွစ္ေယာက္စလုံးကလည္း ဒီလက္ထပ္ပြဲကေန ထြက္ေျပးဖို႔လုပ္ေနၾကတာဆိုေတာ့ အခု ကန႔္ကြက္စရာ မရွိဘူး မလား? "
သူက ဒါကို ေလာ့ယန္ခြၽမ္းကို ေျပာေနေပမယ့္လည္း ေလာ့လင္းရွန္းကေတာ့ ရွီယြင္နန္ကို တမင္တကာ စိုက္ၾကည့္ေနတုန္းပင္။
ရွီယြင္နန္ သူ႔အၾကည့္ေတြကို ေတြ႕ေတာ့ေအးေအးေဆးေဆးပဲ ေတာက္ပစြာ ၿပဳံးျပလိုက္ၿပီး "ေသခ်ာေပါက္ ကြၽန္ေတာ္ကေတာ့ မကန႔္ကြက္ပါဘူး၊ ကြၽန္ေတာ့မွာ ေလာင္ကုန္းရွိေနမွေတာ့ သာမန္လူေတြကို မ်က္လုံးထဲ ျမင္ပါေတာ့မလား?"
အေၾကာင္းတစ္ခုခုေၾကာင့္ ေလာ့ယန္ခြၽမ္းမွာ သူ႔ရင္ ဘတ္တြင္ အသက္ရႈတာက ဝင္လိုက္ထြက္လိုက္မလုပ္ႏိုင္ဘဲ ပိတ္ဆို႔ခံထားသည္ဟု ခံစားလိုက္ရသည္။
ရွီယြင္နန္က ေသြးစုပ္ေကာင္ျဖစ္ၿပီး သူ႔ကို လမ္းလာပိတ္တာလို႔ ထင္ခဲ့ေသာ္လည္း အဲ့အစား အျခားလူေတြရဲ႕ ေရွ႕မွာ သူ႔ကို အ႐ူးလုပ္သြားႏိုင္မယ္လို႔ မထင္ထားခဲ့ေပ။
ေလာ့ယန္ခြၽမ္း တိတ္တိတ္ဆိတ္ဆိတ္ အံႀကိတ္ ထားရင္း
"ဦးေလး၊ တျခားဘာကိစၥမွ မရွိေတာ့ရင္ ကြၽန္ေတာ္ လည္း သြားလိုက္ပါအုံးမယ္။"
ေလာ့လင္းရွန္း ေခါင္းညိတ္လိုက္ၿပီး စူးရွေတာက္ပတဲ့ အလင္းေရာင္က သူ႔ရဲ႕ နက္ရႈိင္းတဲ့ မ်က္လုံးေတြထဲျဖတ္ဝင္သြားကာ "ယန္ခြၽမ္း၊ မင္းမိဘေတြက ေရာင့္ရဲၿပီး ေဘးထြက္ေနခဲ့တဲ့လူေတြပဲ။ ဆိုးတာကေန မသင္ယူဘဲ ေကာင္းတာကေန သင္ယူပါ။မင္းမွာ မရွိသင့္တဲ့ အေတြးေတြကို ဖယ္ထားသင့္တယ္။"
ေလာ့ယန္ခြၽမ္းကို ခဲေဝအန္းလိုအရက္သမားသူငယ္ ခ်င္းအုပ္စုႏွင့္ ေဝးေဝးေနဖို႔ ႐ိုး႐ိုးရွင္းရွင္းသာ ေျပာလိုက္ျခင္းျဖစ္သည္။
ေလာ့ယန္ခြၽမ္း ထိတ္လန႔္သြား၏။
"ကြၽန္ေတာ္ သူတို႔နဲ႔ ဒီတိုင္း အေပ်ာ္ရွာတာပါ။ တျခားဘာမွမရွိပါဘူး။"
ထိုသို႔ေျပာၿပီးေနာက္ သူသည္ ေလာ့လင္းရွန္းရဲ႕ ခြင့္ ျပဳခ်က္ကိုယူၿပီး အျမန္ေျခလွမ္းမ်ားျဖင့္ ထြက္ သြားေတာ့သည္။သူ႔ေနာက္ကို လွည့္လိုက္တာနဲ႔ သူ႔ရဲ႕ ႐ိုက်ိဳးတဲ့ အၾကည့္ေတြက လုံးဝေပ်ာက္ကြယ္ သြားေလၿပီ။
ေဘးႏွစ္ဖက္တြက္ တြဲေလာင္းက်ေနေသာ လက္ မ်ားကို မသိစိတ္ကေန လက္သီးဆုပ္ထားမိ၏။ ရန္လိုခ်င္သည့္ စိတ္ကို ထိန္းခ်ဳပ္ထားရသလိုပင္။
ရွီယြင္နန္က ေလာ့ယန္ခြၽမ္းရဲ႕ မသိသာေသာ အျပဳအမူကို သူ႔ရဲ႕ စူးရွတဲ့ အျမင္နဲ႔ ေတြ႕လိုက္ၿပီး ေလးနက္ေသာ အဓိပၸါယ္ျဖင့္ ႏွာတစ္ခ်က္မႈတ္လိုက္သည္။
ေလာ့လင္းရွန္းသည္ ရွီယြင္နန္ရဲ႕ အၾကည့္က ေသြဖယ္ေနတာကို သတိထားမိသြားေတာ့ သူ႔ရဲ႕ပါးလႊာေသာ ႏႈတ္ခမ္းမ်ားကို အနည္းငယ္ ဖိလိုက္၏။ တစ္ဖက္သားရဲ႕ အာ႐ုံကို ျပန္ဆြဲထုတ္ဖို႔ သူကစကားေျပာလိုက္ေလသည္။
"မနက္က အိမ္ကို တကၠဆီ စီးျပန္ပါလို႔ ကိုယ္မေျပာထားဘူးလား?"
ရွီယြင္နန္ ပခုံးတြန႔္ျပလိုက္ၿပီး
"ကြၽန္ေတာ္က ႐ုတ္တရက္ႀကီး လက္ထပ္လိုက္ရၿပီး တ႐ုတ္ကိုလည္း ဘာမွသိပ္မယူလာမိဘူးေလ။ အဲ့ဒါေၾကာင့္ ေဈးဝယ္ထြက္ဖို႔ အနီးနားက ဆိုင္ေတြမွာ ေလွ်ာက္ပတ္ၾကည့္ေနတာ။"
ေလာ့အုပ္စုက ဒီအနီးအနားတြင္ ရွိေသာေၾကာင့္ ရွီယြင္နန္က ေလာ့လင္းရွန္းဆီ WeChatကေန မက္ေဆ့ခ်္ပို႔ခဲ့၏- သူဒီစားေသာက္ဆိုင္မွာ စားမလို႔ ေလာ့လင္းရွန္းကိုလည္း တူတူလာစားမလားလို႔ ေမးထားတာပင္။
သို႔ေသာ္ ဘာတုံ႔ျပန္မႈ မရခဲ့ပါ။
ဒါကိုျမင္ေတာ့ ရွီယြင္နန္ ေန႔လယ္စားၿပီး ျပန္ဖို႔သာ ျပင္လိုက္သည္ ။ ဘာအလုပ္ေကာင္းေကာင္းမွ မလုပ္တဲ့ ဒီလူေတြနဲ႔ လာေတြ႕မယ္လို႔ ဘယ္သူကထင္မွာလဲ?
အဲ့ဒါေၾကာင့္ သူက ေလာ့လင္းရွန္းကို ေနာက္ထပ္ မက္ေဆ့ခ်္ပို႔လိုက္သည္—"တိုက္ဆိုင္လိုက္တာ၊ အာ၊ ကြၽန္ေတာ့ လက္ထပ္ေဖာ္ေဟာင္းနဲ႔ လာဆုံေနတယ္၊ ေလာင္ကုန္း၊ ခင္ဗ်ား သဝန္မတိုဘူးလား?"
သူပို႔ထားတဲ့ Wechatက မက္ေဆ့ခ်္ ႏွစ္ခုက ပင္လယ္ထဲျမဳပ္သြားတာျမင္ေတာ့ သူတမင္တကာ ေမးလိုက္သည္ ။
" မစၥတာေလာ့၊ ခင္ဗ်ား ဘာလို႔ကြၽန္ေတာ့ရဲ႕ စာေတြ ျပန္မပို႔တာလဲ? ခင္ဗ်ားအရမ္းအလုပ္ရႈပ္ၿပီး မေတြ႕လို႔လား?"
ေလာ့လင္းရွန္း ခဏေလာက္ ၿငိမ္သြားၿပီး ေပါ့ေပါ့ပါးပါးသာ ျပန္ေျဖလိုက္သည္။
"အစည္းအေဝးၿပီးသြားေတာ့ ဒီကို ညစာစားဖို႔ လာ တာ။"
သူစာ ျပန္မပို႔ခ်င္တာ မဟုတ္ေသာ္လည္း ေကာင္းတဲ့စကားလုံးကို မစဥ္းစားႏိုင္ခဲ့ေပ။ ေနာက္ဆုံးတြင္၊ ရင္းႏွီးလြန္းတာက မသင့္ေတာ္သလို စိမ္းသက္လြန္းတာကလည္း မသင့္ေတာ္ေပ။
တကယ္ေတာ့ ရွီယြင္နန္ရဲ႕ ဒုတိယ WeChat မက္ ေဆ့ခ်္ကို လက္ခံရရွိၿပီးေနာက္ ေလာ့လင္းရွန္း ဒီတိုင္းထိုင္မေနႏိုင္ေတာ့ေပ ။ သူက ယြမ္မုန္ကို ဒီကို ျမန္ျမန္လာခိုင္းလိုက္၏။ လူငယ္ေလးကို ဒုကၡမေရာက္ေစခ်င္လို႔ေပ။
ရွီယြင္နန္ကေတာ့ သူယုံတယ္လို႔ မေျပာသလို မယုံဘူးလို႔လည္းမေျပာေပ ။ သူက ဒီတိုင္းသာ ဟာသေျပာလိုက္သည္။
"မစၥတာေလာ့က ကြၽန္ေတာ္နဲ႔ ခ်ိန္းေတြ႕ဖို႔ တမင္မ်ားလာတာလားလို႔ ထင္သြားတာ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက ကြၽန္ေတာ္တို႔ ပထမဆုံးလက္မွတ္ရတဲ့ေန႔ေလ။ အဲ့ေတာ့ ရင္ခုန္စရာ ဖေယာင္းတိုင္မီးေလးပါတဲ့ ညစာ မစားရတာက မဟုတ္ေသးဘူးေလ။ ဟုတ္တယ္မလား?"
ေလာ့လင္းရွန္းက သူ႔အဆိုျပဳခ်က္ကို လက္ခံလိုက္ ၿပီး
"ဆိုင္ေျပာင္းမယ္"
ရွီယြင္နန္ ၿပဳံးၿပီး ေလာ့လင္းရွန္းေနာက္က ေနရာကို ယူလိုက္ကာ ဝီးခ်ဲလ္ကို တြန္းေပးဖို႔ လုပ္လိုက္၏။
"မင္းဘာလုပ္တာလဲ?"
ေလာ့လင္းရွန္းက ဒီလိုအကူအညီမ်ိဳးကို မႀကိဳက္ပါ။
ရွီယြင္နန္က သူ႔ရဲ႕ခုခံမႈကို လုံးဝမေၾကာက္ပါ။ သူက ထိုလူရဲ႕နားကို ကပ္ၿပီး တိုးတိုးေလးေျပာလိုက္၏။
"ဆိုင္ထဲက စားပြဲထိုးေတြက ကြၽန္ေတာ္တို႔ကို ေခ်ာင္းၾကည့္ေနတယ္။ ကြၽန္ေတာ္တို႔ ရင္းႏွီးခ်င္ေယာင္ ေဆာင္ရမယ္ေလ။"
ေႏြးေထြးေသာ အသက္ရႈသံက နား႐ြက္ကို ျဖန္းခနဲ တိုးဝင္လာေတာ့ သူထူးဆန္းစြာ ထုံက်င္သြားသည္။
ေလာ့လင္းရွန္းက ေခါင္းကို ေဆာင္းလိုက္ေတာ့ ေႏြးေထြးႏူးညံ့ေသာ ႏႈတ္ခမ္းမ်ားကို ထိေတြ႕ႏိုင္ျခင္းမွတစ္မီလီမီတာေလာက္ ကြာေဝးသြားသည္။
ရွီယြင္နန္က ထိုလူရဲ႕ အလြန္နီးကပ္ၿပီး ေခ်ာေမာေသာ မ်က္ႏွာကို စိုက္ၾကည့္ေနမိေလသည္။ ဒါဟာ ဟာသတစ္ခုမွန္း သိသာေသာ္လည္းမသိစိတ္ကေန သူ႔ႏွလုံးခုန္သံစည္းခ်က္ေတြက လြဲေခ်ာ္ေန၏။
သူ႔ကိုယ္သူ အျမန္ေနာက္ကို ျပန္ဆုတ္လိုက္ၿပီး ဝီးခ်ဲလ္ကို တြန္းကာ
"ဘာလိုပဲျဖစ္ျဖစ္ အိမ္ပဲ အရင္ျပန္ရေအာင္။အက်ႌမွာ ေပေနေတာ့ ေနရတာမဆင္မေျပဘူး။"
ေလာ့လင္းရွန္း သူ႔မ်က္မွန္ကို ပင့္တင္လိုက္ေတာ့ သူ႔မ်က္လုံးထဲက အၿပဳံးအရိပ္အေယာက္ေတြက ထြက္လာဖို႔ အခြင့္အေရးရသြားေတာ့ေလသည္။
"အိမ္ျပန္ၿပီး ညစာစားမလား? ဘာစားခ်င္လဲ?"
ရွီယြင္နန္ ဝိုးတိုးဝါးတားေျဖလိုက္၏။
"ငါး၊ အ႐ိုးႏႊင္ထားတဲ့ ငါး"
"ေကာင္းၿပီ။"
ႏွစ္ေယာက္သား ထြက္သြားၾကသည္။
ဒါေတြအားလုံးကို ျမင္လိုင္ရတဲ့ ခ်င္က်န္းကေတာ့ယြမ္းမုန္ရဲ႕ ပုခုံးကို တြန္းလိုက္ၿပီး တက္တက္ႂကြႂကြေမးေတာ့သည္။
"မုန္မုန္ မင္းတစ္ခုခုေတြ႕လိုက္လား?"
ယြမ္မုန္က ထိုအဆင္မေျပသည့္ အေခၚအေဝၚကို ၾကားေသာအခါ အျမန္ ရွက္ေသြးျဖာသြားေတာ့၏။
သူတို႔ႏွစ္ေယာက္အနက္ တစ္ဦးမွာ ေခါင္းေဆာင္ရဲ႕ ေန႔စဥ္ေရးရာမ်ားကို တာဝန္ယူရၿပီး က်န္တစ္ဦးက ေခါင္းေဆာင္ရဲ႕ သြားလာေရ ေဘးကင္းေရးတြင္ တာဝန္ရွိသည္။
သူက အရပ္ ၁.၈၅ စင္တီမီတာရွိတဲ့ စစ္သားေဟာင္းျဖစ္၏။ သူက ႐ိုးသား ေျဖာင့္္မတ္ေသာ္လည္း လူတစ္စုကိုေတာ့ လက္သီးတစ္ခ်က္ျဖင့္ ကိုင္တြယ္ႏိုင္သည္။ အက်ိဳးဆက္ကေရာ? တိုက္ခိုက္ေရးစြမ္းရည္ ညံ့တဲ့ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ေန႔တိုင္းသူ႔ကို မုန္မုန္ဟု ေခၚတယ္ေလ။
ဒါကို ဘယ္သူမွ လက္ခံႏိုင္မွာ မဟုတ္ဘူး။
ယြမ္မုန္ အျပင္ကို အျမန္ထြက္လာေတာ့ ခ်င္က်န္းကလည္း ေနာက္ကလိုက္လာကာ
"မရွက္ပါနဲ႔ ငါမင္းကို တစ္ခုေလာက္ေမးမလို႔"
"ငါဘာမွမသိဘူး၊ ငါမင္းေလာက္ မေတာ္ဘူး။"
ခ်င္က်န္းက ေဘးခ်င္းကပ္လ်က္ လမ္းေလွ်ာက္ ေနေသာ အေရွ႕မွ ႐ုပ္ပုံႏွစ္ခုကို စိုက္ၾကည့္ကာ ခန္းမွန္းလိုက္ေလသည္။
"ငါေတာ့ ေခါင္းေဆာင္နဲ႔ ဒုတိယသခင္ေလးရွီက ဒီအေယာင္ေဆာင္ ရႈိးကေန တကယ့္အစစ္ ေျပာင္းသြားေတာ့မယ္လို႔ ထင္တယ္။"