မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၂၉)

920 125 0
By ma_roses_are_blue

'ကျွန်မ မလုပ်ချင်ရင် ဘာဖြစ်မှာလဲ'လို့ ပြောလိုက်ချင်ပေမဲ့ ရုတ်တရက် အက်စတယ်လာအကြောင်းတွေးလိုက်မိသည်
ဘာပဲဖြစ်နေနေ ကားလစ်က ဒီ၀တ္ထုရဲ့ ဇာတ်လိုက်မင်းသားဖြစ်သည်

'သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ၀င်မပါချင်ပေမဲ့ ဒီယောကျာ်းရဲ့ အမှိုက်ဆန်တဲ့အပြုအမူကို ပြင်ဖို့ နည်းနည်းလောက်ကူညီပေးလိုက်ရင် အဆင်ပြေသွားမလား'
'မဟုတ်ရင် အက်စတယ်လာရဲ့နှလုံးသားရေးရာကတော့ ပြဿနာတတ်တော့မှာပဲ'

သူမ ကားလစ်ကိုအထင်သေးသလိုကြည့်လိုက်သည် သူ့အကြည့်တွေက အောက်ရောက်နေပေမဲ့ ထိုမာနကြီးတဲ့လူရဲ့အပြုံးက သူမကိုအပေါ်စီးကနေကြည့်နေသလို ပြုံးပြလာသည်

"ကျွန်မမှာလဲရွေးချယ်စရာမှမရှိပဲ ရှင်ကဒီလောက်တောင်အများကြီး တောင်းပန်နေမှတော့"

"ငါ ဘယ်တုန်းက တောင်းပန်နေလို့...?"

'ပါးစပ်ပိတ်ထား' သူမ ကားလစ်ရဲ့စကားကိုဖြတ်ပြောလိုက်သည်

"ကျွန်မ အိမ်ရှေ့စံမင်းသားရဲ့ ဆိုးရွားတဲ့ personalityကိုပြင်ပေးဖို့ တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားပေးပါမယ်"
─────〔〕─────

ကားလစ်ရဲ့personalityကို ပြင်ဆင်တဲ့အလုပ် စတင်တော့လေသည်

Aka အော်ပရေးရှင်း: စိတ်မရှည်တတ်တဲ့ ဇာတ်လိုက်ကို လူသားတယောက်အဖြစ်ပြောင်းလဲခြင်း (က‌လေးဆန်တဲ့ပုံစံနဲ့ စိတ်မရှည်တတ်တာကိုပြောတာပါ)

"အမှားပြင်တာ မစခင် အရှင့်သား ဂတိတစ်ခုတော့တည်ရမယ်"
"ဘာလဲ"
"ပထမဆုံး ကျွန်မက အမှန်ပြင်နေတဲ့အချိန်အတွင်း ရိုင်းတာတစ်ခုခု ဒါမှမဟုတ် ကြမ်းတမ်းတာတခုခုပြောမိရင် ဗွေမယူရဘူး မဟုတ်ရင် ကိုယ်ရေးကိုယ်တာခံစားချက်က ဒီလုပ်ငန်းစဉ်ကိုထိခိုက်နိုင်တယ်"
ကားလစ်တစ်ယောက် စိတ်ပျက်နေသောမျက်နှာတစ်ခုနှင့် မျက်လုံးတွေကိုမှိတ်ထားလေသည်

"ဘာကိုဆိုလိုတာလဲ အဲ့ဒါက– မင်း ငါ့ကိုဆဲဖို့ ကြံနေတာလား"

တုန်လှုပ်သွား*

'သူဘယ်လိုသိသွားတာလဲ'
သူမတတ်နိုင်သလောက် အပြစ်ကင်းသလိုမျက်နှာထားလုပ်ရင်း ကြည့်လိုက်လေသည်

"ကျွန်မမသိဘူး ဒါက ချောမွေ့တဲ့ အမှန်ပြင်တဲ့ကိစ္စတစ်ခုမှာ အရေးကြီးတဲ့အစိတ်အပိုင်းပဲ တစ်စုံတယောက်က အခြားတစ်ယောက်ကို စိတ်အားထက်ထက်သန်သန်နဲ့ သင်တဲ့အခါကြရင် သူက တခြားတယောက်ကိုရိုင်းရိုင်းစိုင်းစိုင်းပြောမိတတ်တဲ့ အချိန်မျိုးရှိတတ်တယ် ဒါပေမဲ့ ကျွန်မက အရှင့်သားကိုအမြဲသတိထားနေရရင် အမှန်ပြင်တဲ့ကိစ္စက စနစ်တကျလုပ်ဖို့မဖြစ်နိုင်လောက်ဘူး"

“…..”

ကားလစ်က ဘာစကားမှမပြောပဲ သူမကိုကြည့်နေပြီး သူမအဖြေကို လက်ခံပြီးနောက် ခေါင်းညိမ့်လိုက်ရသည်
"ပြီးတော့ရော?"

"‌ဒုတိယအနေနဲ့က ကျွန်မ ရှင့်ကို သင်ပြပေးတဲ့စကားတွေကို ယုံယုံကြည်ကြည်နဲ့လိုက်နာပေးရမယ် မေးခွန်းပြန်မမေးပဲနဲ့"
ဒီတစ်ခါတော့ ကားလစ်ရဲ့တုံ့ပြန်မှုက မကောင်းခဲ့ပေ

"မင်းငါ့ကို လုပ်ခိုင်းသမျှ အရာအားလုံးကိုသဘောတူရမယ်? မင်းက ငါ့ကို အောက်ခံဘောင်းဘီနဲ့ ကပွဲမှာ ကဖို့ပြောရင် ငါက နာနာခံခံနဲ့ မင်းစကားကို‌နားထောင်ရမှာလား"

'အိုဟိုး အဲ့ဒါက အတော်စိတ်၀င်စားစရာကောင်းမှာပဲ'
ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ရင်း လေးနက်သောအမူအရာနှင့်ဖြေလိုက်သည်
"ကျွန်မက အရှင့်သားအကြောင်းမသိဘူးဆိုပေမဲ့ ရှင့်ရဲ့ အသိတရားက သာမန်လူတွေနဲ့ ကွဲထွက်နေတာပဲ သိမ်မွေ့တဲ့အမျိုးသမီးတွေရဲ့အတွေးတွေဆို ပြောမနေနဲ့တော့ ကျွန်မက ရှင့်ကိုဘာလုပ်ပါလို့ပြောတဲ့အခါကျရင် ဘာကြောင့်လဲဆိုတာ ရှင်နားမလည်နိုင်ဆုံးဖြစ်နေလိမ့်မယ် ကျွန်မက ရှင့်ကို အချိန်တိုင်း ဖြားယောင်းဖို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိမနေဘူး ဒါကြောင့် ကျွန်မက ဒီအခြေအနေတွေကို ကြိုတင်ပြီးပြောထားရတာ"
မေးကိုမော့ရင်း ကားလစ် တခဏလောက် အတွေးတွေထဲမျောနေသည်
လက်ဖက်ရည်ခွက်ကိုကိုင်ရင်း အပန်းဖြေတဲ့အနေနဲ့ ကားလစ်ကိုကြည့်နေခဲ့သည် ဘာနေနေ နောင်တရမဲ့လူက သူတစ်ယောက်ထဲလေ
တခဏကြာပြီးနောက် သူခေါင်းညိမ့်လာခဲ့သည်

"အိုခေ ငါမင်းစကားတွေကိုနားထောင်မယ်"
ကားလစ် သူ့‌ရဲ့ ရှည်လျားတဲ့ခြေထောက်ကိုချိတ်ထိုင်ရင်း ကမ္ဘာပေါ်တွင်မာနအကြီးဆုံးမျက်နှာထားနှင့် သူမအားကြည့်နေလေသည်

'ခုံကနေထလိုက် ပြီးရင် ဒူးကိုထောက်လိုက် ဒါမှသာ ရှင်နဲ့ ကျွန်မကြားမှာ ရှိသင့်တဲ့ မျက်လုံးလယ်ဗယ်ပဲ'

သူ့ကို ထိုစကားတွေပြောလိုက်ချင်သော်လည်း ဆန္ဒတွေကို ထိန်းချုပ်ရင်း သူမအကူအညီလိုအပ်နေတဲ့တစ်စုံတစ်ယောက်က မလိုအပ်ပဲမာနကြီးနေသည့် ကားလစ်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်
ကားလစ်နေရာမှ တစ်ဖက်ခြမ်းမှာထိုင်လိုက်ပြီး ပြောလိုက်သည်

"ပထမဆုံးအချက်က အရှင်အိမ်ရှေ့စံမင်းသားရဲ့ ပြုမူဆက်ဆံပုံမှာ မရေမတွက်နိုင်တဲ့ ပြဿနာတွေရှိတယ်"
ကားလစ်ရဲ့မျက်ခုံးတွေကို မြှင့်လိုက်ပေမဲ့ သူမကတော့ မသိချင်ယောင်ဆောင်ရင်း ဆက်ပြောလိုက်သည်

"ပထမဆုံးအနေနဲ့ ပြင်ရမဲ့အရာက ရှင့်ရဲ့ အမှိုက်လိုပါးစပ်ပဲ"

သူမစကားကိုအနည်းငယ် လျှော့ပြောလိုက်သည်
"ရှင်က တခြားသူကိုစကားပြောတဲ့အခါကျရင် ရင်ထဲရှိတဲ့အတိုင်းပြောလွန်းတယ်"

"အဲ့ဒါက ထူးဆန်းတယ် ငါက ဒီအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားပဲ ငါ့အဖေကလွဲလို့ ငါထက်နိမ့်တဲ့ လူတွေကို အကြည့်ချင်းဆုံပြီး သူတို့နဲ့ ယဉ်ယဉ်ကျေးကျေးမိန့်ခွန်းမျိုးပြောစေချင်တာလား?"

"ကျွန်မက ရှင့်ကိုအဲ့လိုလုပ်ဖို့ပြောနေတာမဟုတ်ဘူး ရှင့်ထပ်နိမ့်ကျတဲ့အဆင့်ကဖြစ်နေလျှင်တောင်မှ သူတို့ကို လေးစားမှုနည်းနည်းတော့ ပြန်ပေးတာ ပိုကောင်းလိမ့်မယ်"

သူမပြောတဲ့အဓိပ္ပာယ်မရှိတဲ့စကားအားလုံးကို နားထောင်ပြီးနောက် အမူအယာမပြောင်းမလဲရှိတဲ့ကားလစ်ကိုပြောလိုက်သည်
"မစ်အက်စတယ်လာက အိမ်ရှေ့စံမင်းသားရဲ့ တုံးအတဲ့မှတ်ချက်တွေကြောင့် အလွန်အမင်းနာကျင်ခဲ့ရတယ်"

အက်စတယ်လာနာမည်ကိုထုတ်ပြောလာတာကြောင့် ကားလစ်ရဲ့ မျက်လုံးတွေတုန်လှုပ်သွားခဲ့သည် မျှော်လင့်ထားသလို ထိုယောကျာ်းကို ယဉ်ပါးစေဖို့ရာအတွက် အက်စတယ်လာထက် ပိုကောင်းတဲ့ငါးစာမရှိပေ
"ငါ သူတော်စင်ကို တစ်ခုခုများပြောမိလို့လား"

"ဟုတ်တယ် သူမကို သူတော်စင်တယောက်လိုခေါ်ပြီး သူမနာမည်ကို မှန်ကန်အောင်မပြောတဲ့အပြင် ရှင်က ပြောချင်တာတွေ ပြောခဲ့တာ"
ပြောရင်း ရင်ထဲ၌ ဒေါသတွေတိုးလာခဲ့သည်

'သူက တကယ်ကိုအမှိုက်ပဲ'

'ငါ သူ့ကို အခုချက်ချင်း လုပ်ကြံလိုက်ရင် ငါခံစားရတာ ပိုသက်သာသွားမလား'

ကားလစ် စိတ်ပျက်လက်ပျက်နှင့်ပြောလေသည်
"ငါမြင်တဲ့အတိုင်းပဲ အမှန်တိုင်းပြောတာလေ"

"အဲ့တာသာဆိုရင် လူတွေခံစားရခက်အောင် ဘာလို့ပြောရတာလဲ အခုလိုပေါ့ အရှင့်သားရယ် ကျွန်မက ရှင့်ရဲ့personalityက အမှိုက်ဆန်တယ်လို့ပြောတော့ ရှင်ခံစားရတာခက်တယ်မလား အမှန်တိုင်းပြောနေပေမဲ့လည်း ကျွန်မက ဒီလိုထောက်ပြပြီး ရှင်ခံစားရခက်နေအောင်လုပ်နေဝာာမဟုတ်ဘူးလား"

“…..!”
သူနားလည်သွားသလို မျက်လုံးတွေပြူးကျယ်သွားတော့သည်
ထိုအရာက သူ့၏အကြီးမားဆုံးပြဿနာပင် မွေးလာကထဲက အကောင်းဆုံးစိန်နဲ့လုပ်ထားတဲ့ ဇွန်းကို ကိုက်လာခဲ့တာပင်
သူဘေးနားပတ်ပတ်လည်က လူတွေသည် သူဘာပြောပြော 'Yes' ဟုသာဖြေမည်ပင်
ဒါကြောင့် သူမစကားတွေမကြားခင်အချိန်ထိ ကားလစ်မှာ သူတပါးခံစားချက်တွေအကြောင်း ဘယ်တော့မှ တွေးခဲပုံမရပေ ဒါကြောင့် တစုံတစ်ရာပြောလိုက်ရင်တောင်မှ သူတပါးဘယ်လိုခံစားမလဲဆိုတာ‌ကို ဆုံးဖြတ်နိုင်တဲ့ စွမ်းရည် သူ့တွင်မရှိပေ
၀မ်းနည်းသောအကြည့်နှင့်ကားလစ်မေးလာခဲ့သည်

"ဒါဆို အနာဂတ်မှာ ငါဘယ်လိုစကားပြောသင့်လဲ"

သူမ အရိုးရှင်းဆုံး အဖြေကို ပြန်ပေးလိုက်သည်
"ပါးစပ်သာပိတ်နေလိုက်"

"ဘာာာာ"

"အို တောင်းပန်ပါတယ် စိတ်ထဲမှာမထားပါနဲ့ ဒါက ကျွန်မပုံမှန်ပြောနေကြပုံစံမလို့"

“…..”

"ဟုတ်ပြီ ကျွန်မဆိုလိုတာက တိတ်တိတ်ကလေးသာနေလိုက်ပါ ရှင်ပြုံးပြတာထက်စာရင် အဲ့တာကပိုကောင်းလိမ့်မယ် ရှင့်အတွက်ခက်ခဲမှာပဲ ဒါကြောင့် ဘာဆိုဘာမှမပြောပဲနေလိုက်"

တစုံတယောက်ရဲ့ စိတ်ဝိညာဉ်ကို အရေးမစိုက်တဲ့ မှတ်ချက်တွေနဲ့ ဖျက်ဆီးနေတာထက်စာရင် လူတိုင်းတိတ်တိတ်နေလိုက်ရင် ကမ္ဘာကြီးက ပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာလိမ့်မယ်
တခဏကြာပြီးနောက် ကားလစ်ခေါင်းညိမ့်လာခဲ့သည်
"အိုခေ ငါပါးစပ်ပိတ်နေဖို့ ကြိုးစားပါမယ်"

'ဒီစကားတွေရဲ့နောက်မှာ စကားဝှက်တစ်ခုရှိနေတာလား'

ပြီးနောက် ကားလစ်ကို ဘာတွေတိုးတတ်အောင်လုပ်ဖို့လိုတယ်ဆိုတာကို ပြောလိုက်သည်

"ရှင်က မင်းသားတစ်ယောက်ဆိုရင်တောင်မှ တခြားသူတွေကို  ဖြစ်ကတတ်ဆန်းမဆက်ဆံသင့်ဘူး ကျွန်မရဲ့စေ့စပ်ပွဲနေ့ကလိုပေါ့ ရှင်က မစ်အက်စတယ်လာရဲ့ လည်ပင်းကနေဆွဲပြီး သူမကို အပြင်ကိုထုတ်သွားတာလေ"

"အမျိုးသမီးတွေက အရိုင်းဆန်တဲ့ယောကျာ်းတွေကို ဆွဲဆောင်ရတာကို ကြိုက်တာမဟုတ်ဘူးလား"

"အိမ်ရှေ့စံမင်းသားကရော မိန်းမ‌တယောက်က ရှင့်ဆီ သူ့တင်ပါးတွေကို ခါပြီးလျှောက်လာရင်း သူမကရှင့်ကိုစိတ်၀င်စားပါတယ်လို့ ပြောလာရင် ရှင်ကသဘောကျမှာလား"
ကားလစ် သူမနှင့်ထပ်ပြီး မငြင်းဆန်နိုင်တော့ပေ

ကောင်းမွန်တဲ့ personalityနဲ့ ကြည့်ကောင်းတဲ့ယောကျာ်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ tipတစ်ခု ပေးလိုက်သည်
"ဒါက တကယ်တော့ အဆင့်မြင့်ကျွမ်းကျင်မှုတစ်ခုပဲ တခြားတယောက်ကို အကောင်းဘက်ရောက်တဲ့စကားတွေပြောဖို့ တွန့်ဆုတ်မနေပါနဲ့ ကျေးဇူးတင်ပါတယ်တို့ ဘာတို့ အဲ့လိုချီးကျူးစကားတွေပေါ့"

"မင်းမသိဘူးပဲ ဒီလိုနှိမ့်ချတဲ့စကား‌တွေက လွယ်လွယ်နဲ့ပြောလို့မရဘူးလေ"

"အက်စတယ်လာပြောတယ် အရှင့်သားကအရမ်း အရမ်းခန့်ညားတယ်တဲ့"

“…!”

"သူမအခုလိုပြောလိုက်ရုံနဲ့ နှိမ့်ကျသွားပုံ‌ပေါက်သွားမှာလား"
“…..”

'သေချာပေါက်မဟုတ်ဘူးပေါ့'
ထိုအကြောင်းကို ထုတ်ပြောလိုက်တော့ ကားလစ်ရဲ့ ပါးစပ်အစွန်းနှစ်ဖက်က လျှပ်တပြတ်လေး အပေါ်သို့မြင့်သွားတာမြင်လိုက်သည်

"ဒါက ကောင်းမွန်တဲ့စကား‌တစ်ခုရဲ့အလုပ်လုပ်ပုံပဲ စကားတစ်ခွန်းထဲနဲ့ လူတွေ စိတ်ချမ်းသာ‌လုပ်နိုင်တယ် တစ်ခါတရံကျရင်လဲ ရွှေဒင်္ဂါးတစ်ထောင်ထက် ပိုပြီးတန်ဖိုးရှိတယ် ဒါကြောင့်မို့ တတ်နိုင်သလောက် များများပြောပေးစေချင်တယ်"

'သူသာ ငါ့စကားအတိုင်းလိုက်လုပ်ရင် အက်စတယ်လာဆီရည်ရွယ်လာမဲ့ ရိုင်းစိုင်းပြီး ခါးသီးတဲ့စကားတွေအစား ချစ်စရာကောင်းတဲ့ စကားတွေနဲ့ သုံးပြီး အဆုံးသတ်သွားမှာ'

'မင်းလှတယ် မင်းကခရုတယ် မင်းကလှပကျော့ရှင်းတယ် မင်းကချစ်ဖို့‌ကောင်းတယ် အဲ့လိုစကားတွေပေါ့'

'ငါ၀တ္ထုကိုဖတ်တုန်းကအချိန်ကို ပြန်တွေးကြည့်လိုက်ရင် ဇာတ်လိုက်မင်းသားထုတ်ပြောလိုက်တဲ့ ရိုင်းစိုင်းပြီး ခါးသီးစရာကောင်းတဲ့စကားကြောင့် ဇာတ်လိုက်မင်းသမီး နာကျင်ရတဲ့ဇာတ်ကွက်က အရမ်းစိတ်၀င်စားစရာကောင်းခဲ့တာ ဒါပေမဲ့အခုတော့ ငါက အက်စတယ်လာရဲ့သူငယ်ချင်းဖြစ်နေပြီလေ'
ဒီတခါတော့ အက်စတယ်လာ အချစ်ကြောင့် နာကျင်ခံစားရတာမျိုးမဖြစ်ဖို့မျှော်လင့်မိသည်

သူမပျော်ရွှင်ရဖို့ မျှော်လင့်မိတယ်

သူမအချစ်ခံရဖို့မျှော်လင့်မိတယ်

ထိုအကြောင်းတွေးနေရင်း လုရှန်မျက်နှာက သူမစိတ်ထဲ၌ ပေါ်လာခဲ့သည်
'ငါအခု သူ့ကို နစ်နာအောင်လုပ်နေမိတာပဲ ငါက သူ့ရဲ့အချစ်ပြိုင်ဘက်ကိုကူညီပေးနေမိတာပဲ'
သူမရုတ်တရက်အလွန်တိတ်ဆိတ်သွားတာကြောင့် ထူးဆန်းသလိုဖြစ်သွားပြီး ကားလစ်က မျက်လုံးကိုမှေးပြီး မေးလာခဲ့သည်

"မင်း စိတ်ပါလက်ပါပြောနေရင်းကနေ ဘယ်လိုလုပ်ပြီး အာရုံစိုက်နေတာ‌ကနေ လွတ်သွားရတာလဲ"
"စိတ်ထဲမထားပါနဲ့ ကျွန်မ တခြားယောကျာ်းတယောက်အကြောင်းတွေးမိသွားလို့ပါ"
"တခြားယောကျာ်းတစ်ယောက်ကိုတွေးနေပြီး ငါ့ကို ဒီအတိုင်းနေခိုင်းလို့ရသလား"
ထူးဆန်းတဲ့သတ္တဝါတကောင်ကိုရှာတွေ့လိုက်သလိုအကြည့်နှင့် ကားလစ်က သူမအားလေ့လာနေခဲ့သည်

'ဟ ဒီမင်းသားရဲ့သောက်ရောဂါကတမျိုး'

'အခြေအနေကို အကဲဖြတ်မနေနဲ့တော့ ရှင်ထင်ရာသာလုပ်လိုက်ပါတော့'
သူမ ကားလစ်ကို သုန်မှုန်နေသောအကြည့်နှင့် ကြည့်လိုက်‌သောအခါ ကားလစ်စကားတစ်ခွန်းတောင်မပြောပဲ သူ့ပါးစပ်ကိုပိတ်ထားလေသည်
အမှန်ပြင်တဲ့အတန်းမှာ တိုးတတ်မှုရှိလာကြောင်း ပြနေသည့် လက္ခဏာကို မြင်လိုက်ရသောအခိုက်အတန့်ပင်

"ဘာပဲဖြစ်ဖြစ်ပါ ဒါတွေက ကျွန်မလုပ်ပေးနိုင်တာအကုန်ပဲ ကျွန်မရှင့်ကို ဒီနေ့ပြောပြခဲ့တာတွေကို သတိထားမယ်ဆိုရင် ဘယ်သူကမှ ရှင့်ရဲ့စိတ်ညစ်စရာpersonalityကြောင့် နာကျင်ရမှာမဟုတ်တော့ဘူး ဒါဆို ကျေးဇူးပြုပြီး ကောင်းကောင်းပြန်ပါ"

'ထပ်မတွေ့ဘဲနေကြရအောင်'ဟုပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်လိုက်သော်လည်း ကားလစ်မျက်နှာအမူအရာမှာ ထူးဆန်းနေလေသည်
ပြောချင်တဲ့အဓိပ္ပာယ်က မပျောက်ကွယ်သွားသလို ကားလစ် မျက်စောင်းထိုးလာခဲ့သည်

"ဒါဆို ပြီးပြီလား"
"အင်းလေ ဟုတ်တယ်"
"မင်း ဒီနားမှာတင်ရပ်လိုက်ရင် အချည်းအနှီးဖြစ်သွားလိမ့်မယ် အမှန်ပြင်တာကို  မင်းကိုယ်တိုင်ကိုယ်ကျစစ်ဆေးပေးဖို့လိုအပ်တယ် ငါရဲ့အမူအကျင့်တွေမပြောင်းလဲခင်အချိန်ထိ"
"ဒါဆို ကျွန်မတို့က ထပ်ပြီးတွေ့ရအုမ်းမှာလား?"
"ဟုတ်တယ်"
ကားလစ် မောက်မာစွာခေါင်းညိမ့်လာခဲ့သည်
ဘာကရီစရာကောင်းတယ်ဆိုတာ သူမမသိပေမဲ့ ကားလစ်မျက်လုံးထဲ၌ အပြုံးသေးသေးလေးတစ်ခုရှိနေခဲ့သည်

အဆုံးမှာတော့ လှပတဲ့ယောကျာ်းတစ်ယောက်က လှပတဲ့ယောကျာ်းတစ်ယောက်ဖြစ်နေတုန်းပါပဲ
မောက်မာသောမျက်နှာဖြင့် ကမ္ဘာပေါ်ရှိလူတိုင်းကို ရှုံ့ချသည့်အရာတစ်ခုက လူတို့၏နှလုံးကို တုန်လှုပ်စေသည်
ဒါပေမဲ့ သူ့အပြုံးက သူမအပေါ် တစ်ခါလေးတောင်မလွှမ်းမိုးနိုင်ပေ
ထိုအပြုံးထက် မရေမတွက်နိုင်အောင် ပိုတောက်ပတဲ့ အပြုံးတစ်ခုကိုမြင်ဖူးပြီးသားဖြစ်နေတာကြောင့်ပင်
ဒါကြောင့် သူမအခိုင်အမာပြောလိုက်သည်

"ကျွန်မရှင့်ကို အစောတုန်းကပြောပြီးသားပဲ ကျွန်မ အရှင်မင်းသားအတွက် ခွဲပေးစရာအချိန်မရှိတော့ဘူး"

"ငါအခုတလောကြားမိတာက မင်း ကပွဲတွေမှာ ပေါ်မလာဘူးဆို ဒါဆို ဘာက မင်းကိုအလုပ်ရှုပ်အောင်လုပ်နေတာလဲ"

'ရှင် ဒီကောလ‌ဟာလကို ဘယ်ကနေကြားလာတာလဲ'

သူမပြုံးပြီး ပြန်ဖြေလိုက်သည်
"ငယ်ရွယ်တဲ့လေဒီတယောက်အနေနဲ့ လူမှုရေးလှုပ်ရှားမှုတွေမှာ မပါ၀င်ရုံသက်သက်ပါ ကျွန်မ အာရုံစိုက်နေတဲ့အရာက အဲ့တာထက် ပိုလေးနက်ပြီး ပိုအရေးကြီးတဲ့ကိစ္စတစ်ခုပဲ ကျေးဇူးပြုပြီး နားလည်ပေးပါ"

'ကျေးဇူးပြုပြီး ထွက်သွားလိုက်ပါတော့'

Continue Reading

You'll Also Like

925K 68.8K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
2.7M 92.5K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
3.1M 240K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022