• အမြီးများကို ဖြန့်ကျက်ခြင်း
အဖိုးတန်ဆေးစွမ်းကောင်းများဖြင့် နေ့စဉ်ပြုစုပျိုးထောင်ပေးခြင်းကဲ့သို့သော ကျောက်ဟွိုင်၏ စေ့စပ်စွာဂရုစိုက်မှုအောက်တွင် လုပ်ကြံသူ၏ဒဏ်ရာမှာ လျင်မြန်စွာပြန်ကောင်းလာခဲ့သည်။
နောက်ဆုံးတွင် သူ့ရင်ဘတ်ရှိ ပန်းရောင်အမာရွတ်လေး ထပ်မံ၍လွယ်ကူစွာ မပွင့်နိုင်တော့သည့်အချိန်ကျမှသာ လုပ်ကြံသူသည် မြေပြင်ပေါ်တွင်လမ်းလျှောက်ဖို့အတွက်ခွင့်ပြုချက်ရခဲ့သည်။
'ကကြီး မှ အ' အထိ ဝန်ဆောင်မှုပေးခံရသည့်အချိန်များမှာ အင်မတန်မှသက်တောင့်သက်သာရှိသော်ငြား အတော်လဲမွန်းကြပ်လှသည်။တစ်လကြာပြီးနောက်မှာတော့ လုပ်ကြံသူဟာလေကောင်းလေသန့်ရှုနိုင်ပြီဖြစ်သည်။သူသည် မျောက်တစ်ကောင်ကဲ့သို့စိတ်လှုပ်ရှားနေပြီး နေရာတိုင်း၌ ခုန်ပေါက်ပြေးလွှားနေကာ အလွန်ပင်ဖျက်လတ်တက်ကြွနေပုံရ၏။
အရင်ကသာ ဒီလိုဆိုပါက ကျောက်ဟွိုင်ကသူ့ကိုဆူပူပြီး လစာဖြတ်လိမ့်မည်ပင်။သို့သော် ယခုတွင်မူ သူကတိတ်ဆိတ်စွာပင်စောင့်ကြည့်နေပြီး အနာထပ်ပြီးပွင့်မသွားအောင် အလွန်အကျွံမလုပ်ဖို့သာပြောလေသည်။
"စိတ်မပူပါနဲ့"
လုပ်ကြံသူသည် သူ့၏ရင်ဘတ်ကို ယုံကြည်ချက်ရှိစွာဖြင့် ပုတ်လိုက်၏။သူယခု ဆက်ဆံပြုမူခံရသည့်ပုံစံများမှာမဆိုးဘူးဟု သူ့စိတ်ထဲမှာတွေးလိုက်မိသည်။အရင်ကဆိုလျှင် အလုပ်ပြောင်းဖို့သူတွေးမိသေးသော်လည်း ယခုတွင် သူခံစားရသည်မှာ သူသာဒီနေရာကနေထွက်သွားပါက ဒီလိုမျိုးနွေးထွေးသည့်အလုပ်ရှင်ကို ဘယ်နေရာကနေသူထပ်ပြီးရှာတွေ့နိုင်ပါမည်နည်း?
သူသည် နွေးထွေးသည့်အလုပ်ရှင်ထံတွင် သူ့ဘဝအားမြှုပ်နှံဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့သည်။ထို့သူ့ကို အမြဲတမ်းကာကွယ်ကာ ဓားသိုင်းလဲကပြမည်၊ သူနေပူစာလှုံချိန်တွင် သူ့၏ဘီးတပ်ကုလားထိုင်ကိုလဲ တွန်းပေးမည်။
အိုး နေအုံး၊ အလုပ်ရှင်၏ခြေထောက်များက ပြန်ကောင်းလာပြီဖြစ်၍ ဘီးတပ်ကုလားထိုင်မလိုအပ်တော့ပေ။ကျောက်ဖေးရွှမ်းသည် ကျောက်ဟွိုင်၏သွယ်လျသည့်ခြေတံများအား ငဲ့ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်၏။
"တကယ်ကြီး နေသားမကျသေးဘူး"
သခင်ဖြစ်သူ၏ခြေတံများမှာ အင်မတန်ရှည်လျားပြီး ထိုသူသည် အတော်လေးပျင်းရိပျင်းတွဲနိုင်တာတောင်မှ ပုံပန်းသဏ္ဍာန်က လွန်စွာကောင်းမွန်လှပေသည်။သူသာထိုင်နေနိုင်မည်ဆိုပါက မတ်တပ်ရပ်လိမ့်မည်မဟုတ်သလို သူသာလှဲနေနိုင်မည်ဆိုပါက ထိုင်နေလိမ့်မည်မဟုတ်ပေ။ပုံမှန်လေ့ကျင့်ခန်းမလုပ်သည့် လူတစ်ဦးထံ၌ ထိုသို့ကောင်းမွန်သည့်ခန္ဓာကိုယ်က ဘယ်လိုလုပ်ရှိနေပါသနည်း?၎င်းမှာ လူများကိုသေလောက်အောင် ဒေါသထွက်စေပါ၏။
ကျောက်ဟွိုင်မှာမူ တစ်စုံတစ်ဦး၏အတွေးအမြင်များအား မသိရှိပါဘဲ စူးစူးဝါးဝါးအကြည့်ခံနေရသည်ကိုသာ မြင်တွေ့လိုက်ရသည်။သူ့၏မြင့်မားသည့်အရပ်အမောင်း၌ ထိုသူ ဆွဲဆောင်ခြင်းခံလိုက်ရပြီဟုတွေးမိသွားကာ ပျော်ရွှင်သည့်ခံစားချက်များက သူ့နှလုံးသားထဲ၌ဖူးပွင့်လာလေသည်။သူသည် သူ့၏ကိုယ်နေဟန်ထားကို ထိန်းညှိလိုက်ပြီး ပို၍ပြီးပြည့်စုံသွားပုံပေါ်အောင် ကြိုးစားပါတော့၏။
ကျောက်ဖေးရွှမ်းကမူ ကျောက်ဟွိုင်အား သံသယရှိစွာကြည့်လိုက်မိသည်။အကြောင်းပြချက်အချို့ကြောင့် သူသည် တွဲဖက်ကိုဆွဲဆောင်ဖို့အတွက် သူ့အမြီးကိုဖြန့်ကျက်နေသည့်ဒေါင်းတစ်ကောင်အားကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။ထိုသူမှာ ကြော့ကြော့မော့မော့ဝတ်စားထားပါသော်လည်း သူ့တစ်ကိုယ်လုံးသည် ငှက်ကလေးတစ်ကောင် ရည်းစားလိုက်ရှာနေသည့်လေထုအား ဖော်ထုတ်ပြသလျက်ရှိသည်။
ကျောက်ဖေးရွှမ်း၏မျက်ဝန်းများသည် ဘေးနားမှဖြတ်သွားသည့် ဂုဏ်သရေရှိမိန်းမပျိုလေးများအပေါ်သို့ ကျရောက်သွားပြီး အမျှော်အမြင်ရှိစွာ ခေါင်းကိုငြိမ့်လိုက်သည်။သခင်ဖြစ်သူသည် လက်ထပ်ရတော့မည့်အရွယ်ကိုရောက်နှင့်နေပြီဖြစ်၏။
သခင့်တွင် ကြွယ်ဝချမ်းသာမှု၊ ရုပ်ရည်နှင့်အရည်အချင်းရှိသည့်အတွက် ဇနီးတစ်ယောက်အားလက်ထပ်ယူရခြင်းမှာ ပြဿနာမဟုတ်ပါချေ။ဆင်းရဲမွဲတေနေသည့် သူနှင့်တော့မတူဘူးပေါ့။ကျောက်ဖေးရွှမ်းသည် ရုတ်တရက်ဆိုသလို သူ့အနာဂတ်အတွက် စိုးရိမ်သွားတော့သည်။
သူ့သက်ပြင်းချသံကိုကြားလိုက်ရသည့်အခါ ကျောက်ဟွိုင်က မျက်မှောင်ကြုံ့လိုက်၏။
"မင်းဘာတွေတွေးနေတာလဲ"
အခုအချိန်ထိ အရာအားလုံးအကောင်းကို ဘာလို့ရုတ်တရက်ကြီး သက်ပြင်းရှည်ကြီးကို ချရတာလဲ?
"ဇနီးတစ်ယောက်ရဖို့တွေးနေတာ"
ကျောက်ဖေးရွှမ်းသည် အနည်းငယ်တောင့်တစွာဖြင့်ပြောလာ၏။
"ကျွန်တော်ဘယ်အချိန်မှ သတို့သမီးကိုအိမ်ခေါ်လာနိုင်မလဲဆိုတာသိချင်မိသား"
ကျောက်ဟွိုင်၏မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားသည်။ကျောက်ဖေးရွှမ်းက ဘာမှသတိမထားမိဘဲ အပြစ်ကင်းစွာဖြင့်မေးလိုက်၏။
"ကျွန်တော်ဒီလအတွက် လစာဘယ်တော့ရမှာလဲ"
ကျောက်ဟွိုင်သည် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး သူ့မျက်နှာအမူအရာကိုထိန်းချုပ်ရန်ကြိုးစားလိုက်သည်။ပြီးမှ လေသံခပ်နိမ့်နိမ့်ဖြင့် ဆိုလာ၏။
"မင်းရမယ်လို့ထင်နေသေးတာလား? အားဆေးအတွက် ကုန်ကျစရိတ်တွေကို မင်းရဲ့လစာထဲကဖြတ်ပစ်လိုက်ပြီ"
ကျောက်ဖေးရွှမ်းမှာ ထိတ်လန့်သွားပြီး၊
"ဒါပေမဲ့ အဲ့ဒါက အလုပ်တွင်းမတော်တဆလေ! ဘာလို့ကျွန်တော်ဘာသာကျွန်တော် ပေးရမှာလဲ"
ကံမကောင်းသည့်သခင်ဖြစ်သူတွင် တကယ့်ကို လူသားဆန်သည့်စိတ် နည်းနည်းလေးမျှပင်မရှိပါချေ။
"မနေ့က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဂျင်ဆင်းကိုမင်းစားခဲ့တယ်၊ အဲ့ဒါကငွေတစ်ရာတန်တယ်၊ တစ်နေ့ကကျ သွေးငှက်သိုက်ကိုမင်းသောက်တယ်၊ တစ်နေ့ရဲ့တစ်နေ့ကကျတော့..."
ကျောက်ဟွိုင်သည် သုန်မှုန်စွာဖြင့် ငွေစာရင်းဟောင်းများကိုစတင်တွက်ချက်တော့သည်။
"မေ့လိုက်ပါ၊ မေ့လိုက်ပါတော့ ကျွန်တော်ဒီလအတွက် လစာမလိုတော့ပါဘူး"
ကျောက်ဖေးရွှမ်းသည် လျင်မြန်စွာစကားစဖြတ်ချလိုက်၏။ကျောက်ဟွိုင်သာ ဆက်ပြောနေဦးမည်ဆိုပါက ဒီလ၏လစာသာမက လာမည့်နောက်တစ်လ၏လစာ၊ ပြီးတော့ လာမည့်နောက်တစ်လ၏နောက်တစ်လ လစာအပြင်၊ နောက်တစ်လပြီးနောက်တစ်လ၏ နောက်နောက်နောက် လစာများအားလုံးအငွေ့ပျံသွားလိမ့်မည်ကို သူကြောက်မိသည်။ထို့နောက်တွင်တော့ သူ့၏ကျန်သည့်ဘဝတစ်လျှောက်လုံးသည် ဒီကံမကောင်းသည့်သခင်၏ကျေးကျွန်ဖြစ်လာရုံမှလွဲ၍ ရွေးချယ်စရာရှိလိမ့်မည်မဟုတ်ပါချေ။
အမလေး... အသက်မွေးဝမ်းကြောင်းပြောင်းဖို့ သူထပ်ပြီးစဉ်းစားသင့်ပြီထင်ပါရဲ့။
\
Cc_ ဘာအခုမှကြောက်ပါပြီလဲ :>
Zawgyi
• အၿမီးမ်ားကို ျဖန႔္က်က္ျခင္း
အဖိုးတန္ေဆးစြမ္းေကာင္းမ်ားျဖင့္ ေန႕စဥ္ျပဳစုပ်ိဳးေထာင္ေပးျခင္းကဲ့သို႔ေသာ ေက်ာက္ဟြိုင္၏ ေစ့စပ္စြာဂ႐ုစိုက္မႈေအာက္တြင္ လုပ္ႀကံသူ၏ဒဏ္ရာမွာ လ်င္ျမန္စြာျပန္ေကာင္းလာခဲ့သည္။
ေနာက္ဆုံးတြင္ သူ႕ရင္ဘတ္ရွိ ပန္းေရာင္အမာ႐ြတ္ေလး ထပ္မံ၍လြယ္ကူစြာ မပြင့္နိုင္ေတာ့သည့္အခ်ိန္က်မွသာ လုပ္ႀကံသူသည္ ေျမျပင္ေပၚတြင္လမ္းေလွ်ာက္ဖို႔အတြက္ခြင့္ျပဳခ်က္ရခဲ့သည္။
'ကႀကီး မွ အ' အထိ ဝန္ေဆာင္မႈေပးခံရသည့္အခ်ိန္မ်ားမွာ အင္မတန္မွသက္ေတာင့္သက္သာရွိေသာ္ျငား အေတာ္လဲမြန္းၾကပ္လွသည္။တစ္လၾကာၿပီးေနာက္မွာေတာ့ လုပ္ႀကံသူဟာေလေကာင္းေလသန႔္ရႈနိုင္ၿပီျဖစ္သည္။သူသည္ ေမ်ာက္တစ္ေကာင္ကဲ့သို႔စိတ္လႈပ္ရွားေနၿပီး ေနရာတိုင္း၌ ခုန္ေပါက္ေျပးလႊားေနကာ အလြန္ပင္ဖ်က္လတ္တက္ႂကြေနပုံရ၏။
အရင္ကသာ ဒီလိုဆိုပါက ေက်ာက္ဟြိုင္ကသူ႕ကိုဆူပူၿပီး လစာျဖတ္လိမ့္မည္ပင္။သို႔ေသာ္ ယခုတြင္မူ သူကတိတ္ဆိတ္စြာပင္ေစာင့္ၾကည့္ေနၿပီး အနာထပ္ၿပီးပြင့္မသြားေအာင္ အလြန္အကြၽံမလုပ္ဖို႔သာေျပာေလသည္။
"စိတ္မပူပါနဲ႕"
လုပ္ႀကံသူသည္ သူ႕၏ရင္ဘတ္ကို ယုံၾကည္ခ်က္ရွိစြာျဖင့္ ပုတ္လိုက္၏။သူယခု ဆက္ဆံျပဳမူခံရသည့္ပုံစံမ်ားမွာမဆိုးဘူးဟု သူ႕စိတ္ထဲမွာေတြးလိုက္မိသည္။အရင္ကဆိုလွ်င္ အလုပ္ေျပာင္းဖို႔သူေတြးမိေသးေသာ္လည္း ယခုတြင္ သူခံစားရသည္မွာ သူသာဒီေနရာကေနထြက္သြားပါက ဒီလိုမ်ိဳးႏြေးေထြးသည့္အလုပ္ရွင္ကို ဘယ္ေနရာကေနသူထပ္ၿပီးရွာေတြ႕နိုင္ပါမည္နည္း?
သူသည္ ႏြေးေထြးသည့္အလုပ္ရွင္ထံတြင္ သူ႕ဘဝအားျမႇုပ္ႏွံဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ထို႔သူ႕ကို အၿမဲတမ္းကာကြယ္ကာ ဓားသိုင္းလဲကျပမည္၊ သူေနပူစာလႈံခ်ိန္တြင္ သူ႕၏ဘီးတပ္ကုလားထိုင္ကိုလဲ တြန္းေပးမည္။
အိုး ေနအုံး၊ အလုပ္ရွင္၏ေျခေထာက္မ်ားက ျပန္ေကာင္းလာၿပီျဖစ္၍ ဘီးတပ္ကုလားထိုင္မလိုအပ္ေတာ့ေပ။ေက်ာက္ေဖး႐ႊမ္းသည္ ေက်ာက္ဟြိုင္၏သြယ္လ်သည့္ေျခတံမ်ားအား ငဲ့ၾကည့္လိုက္ရင္း တီးတိုးေရ႐ြတ္လိုက္၏။
"တကယ္ႀကီး ေနသားမက်ေသးဘူး"
သခင္ျဖစ္သူ၏ေျခတံမ်ားမွာ အင္မတန္ရွည္လ်ားၿပီး ထိုသူသည္ အေတာ္ေလးပ်င္းရိပ်င္းတြဲနိုင္တာေတာင္မွ ပုံပန္းသ႑ာန္က လြန္စြာေကာင္းမြန္လွေပသည္။သူသာထိုင္ေနနိုင္မည္ဆိုပါက မတ္တပ္ရပ္လိမ့္မည္မဟုတ္သလို သူသာလွဲေနနိုင္မည္ဆိုပါက ထိုင္ေနလိမ့္မည္မဟုတ္ေပ။ပုံမွန္ေလ့က်င့္ခန္းမလုပ္သည့္ လူတစ္ဦးထံ၌ ထိုသို႔ေကာင္းမြန္သည့္ခႏၶာကိုယ္က ဘယ္လိုလုပ္ရွိေနပါသနည္း?၎မွာ လူမ်ားကိုေသေလာက္ေအာင္ ေဒါသထြက္ေစပါ၏။
ေက်ာက္ဟြိုင္မွာမူ တစ္စုံတစ္ဦး၏အေတြးအျမင္မ်ားအား မသိရွိပါဘဲ စူးစူးဝါးဝါးအၾကည့္ခံေနရသည္ကိုသာ ျမင္ေတြ႕လိုက္ရသည္။သူ႕၏ျမင့္မားသည့္အရပ္အေမာင္း၌ ထိုသူ ဆြဲေဆာင္ျခင္းခံလိုက္ရၿပီဟုေတြးမိသြားကာ ေပ်ာ္႐ႊင္သည့္ခံစားခ်က္မ်ားက သူ႕ႏွလုံးသားထဲ၌ဖူးပြင့္လာေလသည္။သူသည္ သူ႕၏ကိုယ္ေနဟန္ထားကို ထိန္းညွိလိုက္ၿပီး ပို၍ၿပီးျပည့္စုံသြားပုံေပၚေအာင္ ႀကိဳးစားပါေတာ့၏။
ေက်ာက္ေဖး႐ႊမ္းကမူ ေက်ာက္ဟြိုင္အား သံသယရွိစြာၾကည့္လိုက္မိသည္။အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ သူသည္ တြဲဖက္ကိုဆြဲေဆာင္ဖို႔အတြက္ သူ႕အၿမီးကိုျဖန႔္က်က္ေနသည့္ေဒါင္းတစ္ေကာင္အားၾကည့္ေနရသကဲ့သို႔ ခံစားလိုက္ရ၏။ထိုသူမွာ ေၾကာ့ေၾကာ့ေမာ့ေမာ့ဝတ္စားထားပါေသာ္လည္း သူ႕တစ္ကိုယ္လုံးသည္ ငွက္ကေလးတစ္ေကာင္ ရည္းစားလိုက္ရွာေနသည့္ေလထုအား ေဖာ္ထုတ္ျပသလ်က္ရွိသည္။
ေက်ာက္ေဖး႐ႊမ္း၏မ်က္ဝန္းမ်ားသည္ ေဘးနားမွျဖတ္သြားသည့္ ဂုဏ္သေရရွိမိန္းမပ်ိဳေလးမ်ားအေပၚသို႔ က်ေရာက္သြားၿပီး အေမွ်ာ္အျမင္ရွိစြာ ေခါင္းကိုၿငိမ့္လိုက္သည္။သခင္ျဖစ္သူသည္ လက္ထပ္ရေတာ့မည့္အ႐ြယ္ကိုေရာက္ႏွင့္ေနၿပီျဖစ္၏။
သခင့္တြင္ ႂကြယ္ဝခ်မ္းသာမႈ၊ ႐ုပ္ရည္ႏွင့္အရည္အခ်င္းရွိသည့္အတြက္ ဇနီးတစ္ေယာက္အားလက္ထပ္ယူရျခင္းမွာ ျပႆနာမဟုတ္ပါေခ်။ဆင္းရဲမြဲေတေနသည့္ သူႏွင့္ေတာ့မတူဘူးေပါ့။ေက်ာက္ေဖး႐ႊမ္းသည္ ႐ုတ္တရက္ဆိုသလို သူ႕အနာဂတ္အတြက္ စိုးရိမ္သြားေတာ့သည္။
သူ႕သက္ျပင္းခ်သံကိုၾကားလိုက္ရသည့္အခါ ေက်ာက္ဟြိုင္က မ်က္ေမွာင္ႀကဳံ႕လိုက္၏။
"မင္းဘာေတြေတြးေနတာလဲ"
အခုအခ်ိန္ထိ အရာအားလုံးအေကာင္းကို ဘာလို႔႐ုတ္တရက္ႀကီး သက္ျပင္းရွည္ႀကီးကို ခ်ရတာလဲ?
"ဇနီးတစ္ေယာက္ရဖို႔ေတြးေနတာ"
ေက်ာက္ေဖး႐ႊမ္းသည္ အနည္းငယ္ေတာင့္တစြာျဖင့္ေျပာလာ၏။
"ကြၽန္ေတာ္ဘယ္အခ်ိန္မွ သတို႔သမီးကိုအိမ္ေခၚလာနိုင္မလဲဆိုတာသိခ်င္မိသား"
ေက်ာက္ဟြိုင္၏မ်က္ႏွာမွာ ႐ုတ္ခ်ည္းေျပာင္းလဲသြားသည္။ေက်ာက္ေဖး႐ႊမ္းက ဘာမွသတိမထားမိဘဲ အျပစ္ကင္းစြာျဖင့္ေမးလိုက္၏။
"ကြၽန္ေတာ္ဒီလအတြက္ လစာဘယ္ေတာ့ရမွာလဲ"
ေက်ာက္ဟြိုင္သည္ အသက္ျပင္းျပင္းရႈထုတ္လိုက္ၿပီး သူ႕မ်က္ႏွာအမူအရာကိုထိန္းခ်ဳပ္ရန္ႀကိဳးစားလိုက္သည္။ၿပီးမွ ေလသံခပ္နိမ့္နိမ့္ျဖင့္ ဆိုလာ၏။
"မင္းရမယ္လို႔ထင္ေနေသးတာလား? အားေဆးအတြက္ ကုန္က်စရိတ္ေတြကို မင္းရဲ႕လစာထဲကျဖတ္ပစ္လိုက္ၿပီ"
ေက်ာက္ေဖး႐ႊမ္းမွာ ထိတ္လန႔္သြားၿပီး၊
"ဒါေပမဲ့ အဲ့ဒါက အလုပ္တြင္းမေတာ္တဆေလ! ဘာလို႔ကြၽန္ေတာ္ဘာသာကြၽန္ေတာ္ ေပးရမွာလဲ"
ကံမေကာင္းသည့္သခင္ျဖစ္သူတြင္ တကယ့္ကို လူသားဆန္သည့္စိတ္ နည္းနည္းေလးမွ်ပင္မရွိပါေခ်။
"မေန႕က ႏွစ္တစ္ေထာင္သက္တမ္းရွိတဲ့ ဂ်င္ဆင္းကိုမင္းစားခဲ့တယ္၊ အဲ့ဒါကေငြတစ္ရာတန္တယ္၊ တစ္ေန႕ကက် ေသြးငွက္သိုက္ကိုမင္းေသာက္တယ္၊ တစ္ေန႕ရဲ႕တစ္ေန႕ကက်ေတာ့..."
ေက်ာက္ဟြိုင္သည္ သုန္မႈန္စြာျဖင့္ ေငြစာရင္းေဟာင္းမ်ားကိုစတင္တြက္ခ်က္ေတာ့သည္။
"ေမ့လိုက္ပါ၊ ေမ့လိုက္ပါေတာ့ ကြၽန္ေတာ္ဒီလအတြက္ လစာမလိုေတာ့ပါဘူး"
ေက်ာက္ေဖး႐ႊမ္းသည္ လ်င္ျမန္စြာစကားစျဖတ္ခ်လိဳက္၏။ေက်ာက္ဟြိုင္သာ ဆက္ေျပာေနဦးမည္ဆိုပါက ဒီလ၏လစာသာမက လာမည့္ေနာက္တစ္လ၏လစာ၊ ၿပီးေတာ့ လာမည့္ေနာက္တစ္လ၏ေနာက္တစ္လ လစာအျပင္၊ ေနာက္တစ္လၿပီးေနာက္တစ္လ၏ ေနာက္ေနာက္ေနာက္ လစာမ်ားအားလုံးအေငြ႕ပ်ံသြားလိမ့္မည္ကို သူေၾကာက္မိသည္။ထို႔ေနာက္တြင္ေတာ့ သူ႕၏က်န္သည့္ဘဝတစ္ေလွ်ာက္လုံးသည္ ဒီကံမေကာင္းသည့္သခင္၏ေက်းကြၽန္ျဖစ္လာ႐ုံမွလြဲ၍ ေ႐ြးခ်ယ္စရာရွိလိမ့္မည္မဟုတ္ပါေခ်။
အမေလး... အသက္ေမြးဝမ္းေၾကာင္းေျပာင္းဖို႔ သူထပ္ၿပီးစဥ္းစားသင့္ၿပီထင္ပါရဲ႕။
\
Cc_ ဘာအခုမွေၾကာက္ပါၿပီလဲ :>