Unicode
ထိုအချိန်မှာပဲ ကျောင်းခေါင်းလောင်းသံက မြည် လာလေသည်။
ရှီယွင်နန်တစ်ယောက် အပြင်ထွက်ရန် တန်းစီဖို့ ဆရာကို လိမ်လိမ်မာမာလေး ရှာနေသည့် ကလေးငယ်လေးကို ကြည့်လိုက်ပြီး
"သူ့နာမည်က ဘာလဲ?"
"အိမ်မှာတော့ ရွှေငါးလေး (金鱼 -jīn yú -ကျင်းယွီ)လို့ ခေါ်ကြတယ်၊ သူ့နာမည်က လော့ကျင်းယွီလေ။" ( 今[jīn]-today, 煜[yù]- shine)
"ချစ်စရာ နာမည်ပြောင်လေးပဲ" ရှီယွင်နန် က ပြုံးပြီး ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ် "ကလေးရဲ့ မျိုးရိုးနာမည်က လော့လား? သူ့အဖေဘက်က အဘိုးအဘွားတွေကော ဘယ်မှာလဲ?"
"ခေါင်းဆောင်က သခင်လေးကို မိသားစုထဲခေါ် လာပြီး စောင့်ရှောက်ဖို့ ခမည်းခမက်နှစ်ယောက်ကို ဖြောင်းဖြခဲ့ရတာ။"
လော့မိသားစုက အင်အားကြီးမားပြီး အခု လော့လင်းရှန်းက ခေါင်းဆောင်ဖြစ်နေမှတော့ သူတို့ရဲ့ သားမြေးတွေကို အမြင့်ကိုမပို့ချင်တဲ့သူ မရှိဘဲနေပါ့မလား? မျိုးရိုးနာမည်ပြောင်းလို့ရတာနဲ့ ပတ်သက် တာကတော့ လော့လင်းရှန်းက အကျိုးခံစားခွင့်တွေဖလှယ်ဖို့ ပြောလိုက်တာဖြစ်၏။
ဦးလေးချင်ကပြောလာလေသည်။
"ဒုတိယသခင်လေး မင်းဒီမှာခဏစောင့်နေလိုက်ပါ။ ဦးလေး သခင်လေးကို သွားခေါ်လိုက်မယ်"
"ကောင်းပါပြီ။"
ရှီယွင်နန် အဲ့မှာ ခဏရပ်နေပြီးနောက် ဦးလေးချင် က ရွှေငါးလေးကို ခေါ်ထုတ်လာတာကို တွေ့လိုက်ရလေသည်။
အနီးကပ်ကြည့်လိုက်တော့ လော့ကျင်းယွဲ့ ရဲ့မျက် နှာလေးက ကလေးအဆီလေးတွေနဲ့ ဝဝကစ်ကစ် လေးဖြစ်၏။ သူသည် မူကြိုကလေးတွေအတွက် ပြင်ဆင်ပေးထားသည့် အဝါရောင်ဦးထုပ်လေးကို ဆောင်းထားပြီး လက်တစ်ဆုပ်စာ ဆံပင်လေးတွေ လွင့်နေသည်က သူ့ကို အလွန်ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းစေသည်။
"သခင်လေး လာ၊ ဖိုးဖိုးချင် သားကို လူတစ်ယောက် ပြမယ်" ဦးလေးချင်က ရှီယွင်နန်ကို ကြည့်လိုက်ရင်း ရုတ်တရက် ကလေးလေးခေါ်ရမည့်အခေါ်အဝေါ်နဲ့ ပတ်သတ်ပြီး အနည်းငယ် စိတ်ရှုပ်သွားတော့သည်။
ခေါင်းဆောင် နဲ့ ဒုတိယသခင်လေးရှီက ပါးစပ်နဲ့သာ 'လက်ထပ်သဘောတူ' ထားတဲ့အခြေအနေတွင် ရှိနေဆဲဖြစ်လေသည်။
ရှီယွင်နန် ဒီကလေးလေးက အရမ်းစိတ်ဝင်စားစရာကောင်းတော့ သူ့ရဲ့ ကလေးအဆီလေးများကို ညှစ်ရန် တက်တက်ကြွကြွ ခါးကုန်းလိုက်ပြီး
"ရွှေငါးလေး တွေ့ရတာ ဝမ်းသာပါတယ်၊ ကောကောကို ကောကောလို့ခေါ်နော်။ ကောကောက သကြားလုံးတွေ ဝယ်ကျွေးမယ်။"
"ဟင့်အင်း " ရွှေငါးလေးက တင်းမာသောမျက်နှာဖြင့် ငြင်းဆန်ပြီး ကျောင်းလွယ်အိတ်လေးကို ကျောပေါ်တွင်လွယ်ကာ အပြင်သို့ ထွက်သွားတော့သည်။
"......"
ရှီယွင်နန်သည် ငယ်စဉ်ကတည်းက ကလေးတွေဆီကနေ ရှုံး ခဲလေသည်။ သူ ရယ်ရမလား ငိုရမလားတောင်မသိတော့ဘဲ လမ်းပျောက်နေရင်း ထရပ် လိုက်သည်။
နှစ်ယောက်သား ရွှေငါးလေးနောက်ကနေ အပြင်သို့တူတူထွက်လာကြရင်း ဦးလေးချင်က အသံတိုးတိုးနဲ့ ရှင်းပြလာ၏။
"ဒုတိယသခင်လေးရှီ၊ စိတ်မပျက်ပါနဲ့၊ခေါင်းဆောင် ဘေးမှာ ကြီးပြင်းလာရတဲ့ ရွှေငါးလေးက သာမန် ကလေးတွေထက် နည်းနည်း ပိုရင့်ကျက်နေလို့ပါ။ "
ရှီယွင်က ဒါကို စိတ်ထဲမထားပေ သူကနှာမှုတ်လိုက် ပြီး "ကျွန်တော်ထင်တာတော့ ဒါက တစ်နေ့လုံး မျက်နှာကြီးတင်းမာနေတဲ့ လော့လင်းရှန်ဆိုတဲ့ ဦးလေးကြီးကြောင့်ပဲ ဖြစ်မယ် ။ ကလေးက အတုယူပြီး နည်းနည်းရင့်ကျက်လာတာပဲ။"
ဦးလေးချင်ကလည်း ပြုံးပြီး မငြင်းဆန်ပေ။
တူတွေက ဦးလေးတွေနဲ့ တူတယ်လို့ ပြောကြတယ်လေ။ အခုလည်း သခင်လေးက ခေါင်းဆောင်
ငယ်ငယ်က အတိုင်း ပုံတူလေးပဲ။
ကားက ထိုနေရာမှာပဲ ရပ်ထားဆဲပင်။
ရှေ့ကိုလျှောက်လာရင်း ရွှေငါးလေးက လေကိုမှုတ် ထုတ်ရင်း သူ့ခြေထောက်တိုလေးတွေကို နင်းပြီး ကားပေါ်တက်ဖို့ ကြိုးစားနေ၏။
ရှီယွင်နန် ဒါကိုမြင်တော့ သူ့အနားကို တိုးသွားပြီး ကော်လာကနေ လှမ်းဆွဲကာ
"တက်!"
"......"
ရုတ်တရက် မြှောက်တက်သွားသော ရွှေငါးလေး အံ့ဩသွားလေသည်။ ကလေးလှမ်းကိုင်မယ့်လော့လင်းရှန်းလည်း တစ်ခဏမျှ လန့်သွားတော့သည်။ ကူကယ်ရာမဲ့နေတဲ့ အရိပ်အယောင်က သူ့မျက်လုံးထဲ ပေါ်လာပြီး
"ဒုတိယသခင်လေးရှီ၊ ကလေးကို ဘယ်လိုတောင် သယ်လိုက်တာလဲ?"
သူ့နားမလည်နိုင်ဘူး။ဒါက ကြောင်လေးကိုဂုတ် က နေဆွဲပြီး သယ်တဲ့ပုံစံနဲ့တစ်ပုံစံတည်းလေလို့ သူ တွေးမိလိုက်သည်။
ရှီယွင်နန် ပခုံးတွန့်လိုက်ပြီး
"ဆောရီး အတွေ့အကြုံမရှိလို့ပါ၊ ဒါက ပိုလွယ်တယ်လေ။"
ရွှေငါးလေးက နောက်တန်းရှိ ကလေး ထိုင်ခုံပေါ်သို့ တက်သွားပြီး
"ရှုရှု ၊ သူက ရှုရှုသူငယ်ချင်းလား?"
(*ရှုရှု- uncle ရှုရှုက ပိုချစ်ဖို့ကောင်းလို့ ရှုရှုလို့ပဲသုံးမယ်နော်)
ရှီယွင်နန် ထိုစကားကိုကြားသောအခါ ပြုံးနေရင် တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်—
သူငယ်ချင်းထက် ပိုလား?
နောက်ဆို သူက 'ရည်းစား' ဒါမှမဟုတ် 'ရည်းစားတစ်ဝက်' ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ရပေအုံးမည်။
သူ ကလေးကို နောက်တစ်ကြိမ် စဖို့ လုပ်လိုက်ချိန် မှာပဲ လော့လင်းရှန်းက လှည့်ကြည့်လာပြီး စကားကို တစ်လုံးချင်းပြောလာလေသည်။ " သူကမိသားစုလေ၊ သူက အနာဂတ်မှာ အန်ကယ်တို့နဲ့နေသွားမှာ။"
( *လော့လင်းရှန်း ကြတော့ ကလေးနဲ့ဆို သူ့ကိုယ့်သူဘယ်လိုနာမ်စားသုံးမလဲမသိလို့ အန်ကယ်လို့ပဲရေးလိုက်ပါတယ်)
...... မိသားစု ?
ရှီယွင်နန် ကာလကြာရှည်စွာ ပျောက်ဆုံးနေသော မရင်းနှီးတဲ့ အသုံးအနှုန်းကို ကြားလိုက်ရသောအခါ သူ့ရဲ့အပြုံးသည် ရုတ်တရက် ပါးစပ်ထောင့် တွင် အေးခဲသွားတော့သည်။ သူ့အမူအရာကို ဖုံးကွယ်ဖို့ မျက်လွှာချလိုက်ပြီး သူ့ဘောင်းဘီအိတ်ကပ် ထဲမှာ ဝှက်ထားတဲ့ လက်ကို လက်သီးဆုပ်လိုက်မိ ၏။
"ဘာလို့ ကားပေါ်မတက်သေးတာလဲ?"
လော့လင်းရှန်း မေးတော့
ရှီယွင်နန် ခေါင်းကို အလျင်အမြန် မော့လိုက်ပြီး ပါးစပ်ထောင့်များ တွန့်ကွေးသွားကာ
"မစ္စတာလော့က ကျွန်တော့ထက်တောင် ပိုမြန်မြန် သရုပ်ဆောင်မယ်လို့ မထင်ထားဘူး။"
သိကျွမ်းတဲ့ ပထမဆုံးနေ့မှာပဲ၊သူတို့က 'မိသားစု' ဟု ခေါ်နေလေပြီ။
လော့လင်းရှန်း တိတ်ဆိတ်သွားပြီး ရှီယွင်နန်ကို ခဏလောက် ကြည့်နေမိ၏-
တစ်ဖက်လူက ကားတံခါးနားမှာ ရပ်ပြီး သူ့ကို ပြုံးပြနေသည် ။ သူကောင်းကောင်း ဖုံးကွယ်ထားရင် တောင် ထိုအပြုံးက ပြန်မရနိုင်တော့တဲ့ စိတ်ပျက် အားငယ်မှုနဲ့ ငေးငိုင်နေသည့် အရိပ်အယောင်တွေ ရှိနေဆဲပင်။
လော့လင်းရှန်း သတိမထားမိသည့်ပုံစံ ဟန်ဆောင် ကာ သူ့အကြည့်များကိုဖယ်ရှားလိုက်ပြီး ပထမဆုံးအနေနဲ့ သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည်။
"ရှီယွင်နန်"
"ဟမ် ?"
"ကားပေါ်တက် အိမ်ပြန်မယ်"
ထိုစကားခြောက်လုံးက မှော်ဂါထာလိုပင်။
ရှီယွင်နန် မပြုံးလိုက်ဘဲမနေနိုင်တော့ပေ။ ရုတ်တရက် အရမ်းချိုမြိန်သွားသလိုခံစားလိုက်ရ၏။
တစ်ခါတလေ မုန့်က ကောင်းကင်ပေါ်ကနေ ပြုတ် ကျလာတတ်တာပဲ။ မဟုတ်ဘူး၊ သူက အရမ်းနှုတ် ချိုတဲ့ အိမ်ထောင်ဖက်ကို ရွေးလိုက်မိတာပဲ။
......
ရှီအိမ်တွင် လော့လင်းရှန်း ကတိပြုခဲ့သော 'စေ့စပ်ပွဲ' က အကြောင်းပြချက်တစ်ချို့ကြောင့် အကောင် အထည်မဖော်နိုင်သေးပေ။
သူတို့နှစ်ယောက်က ရုတ်တရက်လက်ထပ်ဖို့ နှုတ် ဖြင့် သဘောတူခဲ့ကြပေမယ့် ဒီအဆင့်ကိုတော့ တကယ်မရောက်ကြသေးပေ။ ပြီးတော့ အချိန်ကအရမ်းမြန်သွားရင် အပြင်လူတွေက 'ဟန်ဆောင် တာ' ဖော်ထုတ်ဖို့ အရမ်းလွယ်သွားလိမ့်မယ်။
အပြန်အလှန်အနေနဲ့ နှစ်ဦးသား မမြင်နိုင်တဲ့ သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး ၎င်း(စေ့စပ်ပွဲ)ကို နောက်သို့ ခဏရွှေ့ထားလိုက်သည်။
အိမ်မှာ ညစာ စားကြတော့
ရွှေငါးလေးက သူ့ရဲ့ ငါးပေါင်းကို ဂရုမစိုက်ဟန် ကောက်ယူလိုက်ပြီး ရှီယွင်နန်ကို စိုက်ကြည့်မိနေတာ မရပ်နိုင်တော့ပေ။
ရှီယွင်နန် ခဏလောက် သူမျက်လုံးလေးများကို ငုံ့လိုက်ပြီး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။
"ရွှေငါးလေး၊ ကောကောက အရမ်းချောတာပဲလို့ ထင်နေတာမလား? အဲ့ဒါကြောင့် မင်းကောကောကို သဘောကျနေတာမလား?"
နောက်ဆုံး စာကြောင်းက ကလေးကို ကျီစယ်ရန် တမင်ပြောလိုက်တဲ့ စကားဆိုတာ သိသာလေသည်။
"သားမကြိုက်ဘူး။" ရွှေငါးလေးက နားမလည်နိုင် စွာ ရှက်သွားပြီး ငါးစွပ်ပြုတ်ပန်းကန်လုံးထဲတွင် ခေါင်းကို အမြန်မြုပ်ထားပြီး ဘာမှမဖြစ်ဟန် ဟန်ဆောင်နေလိုက်သည်။
ရှီယွင်နန် သူ့ရဲ့ ဖောင်းနေတဲ့ ကလေးအဆီလေးတွေကို ကြည့်ပြီး မရယ်မိအောင် မနည်းထိန်းထားနေရသည်။ သူနားလည်သွားပြီ - ရွှေငါးလေးက ရင့်ကျက်တဲ့ကလေးတစ်ယောက်လို ဟန်ဆောင်နေပေမယ့် သူ့အတွင်းစိတ်ထဲမှာတော့ သူက စပ်စုစိတ်စိတ်ရှိတဲ့ ကလေးလေး သာဖြစ်သည်။
ဦးလေးချင်က က ရုတ်တရက် စိုးရိမ်တဲ့အမူအရာပြလာပြီး
"ဒုတိယသခင်လေးရှီ အစားအသောက်တွေ မကြိုက်ဘူးလား။ မင်းဟင်းတွေ ထည့်မစားသလိုပဲ။"
ရှီယွင်နန် ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ ကျွန် တော်က နဂိုထဲကအစားနည်းလို့ပါ။"
ပင်မထိုင်ခုံမှာထိုင်နေတဲ့ လော့လင်းရှန်း က ရုတ်တရက်မေးလာလေသည်။
"ဦးလေးချင် မီးဖိုချောင်ထဲမှာ ငါးစွပ်ပြုတ်ကျန် သေးလား?"
"ဟုတ်ကဲ့ သခင်လေးက ငါးစားရတာ ကြိုက်တော့ ဦးလေး များများချက်ခိုင်းထားတာ"
လော့လင်းရှန်း ခေါင်းညိတ်ပြလိုက်ပြီး
"ဒုတိယသခင်လေးရှီအတွက် တစ်ပန်းကန်ထည့်ပေးလိုက်ပါ။"
ရှီယွင်နန်ရဲ့ မျက်လုံးများ မသိစိတ်ကနေ တောက်ပသွားသော်လည်း၊သူက ဝန်ခံဖို့ ငြင်းနေကာ "မစားပါဘူး၊ ကလေးတွေစားတဲ့ အစားအစာကို ဘာလို့ကျွန် တော့်ကို လာပေးတာလဲ?"
လော့လင်းရှန်း သူ့ကို ကြည့်လိုက်၏။ မျက်မှန်
အောက်မှာ ဝှက်ထားတဲ့ သူ့မျက်လုံးတွေက ရယ်ချင်နေတဲ့ အရိပ်အမြွက်များပါနေကာ
"ဒါပေမယ့် မင်းကျင်းယွီရဲ့ ငါးစွပ်ပြုတ်ကို လောဘတကြီး(အငမ်းမရ) စိုက်ကြည့်နေတာ ကိုယ် မြင်တယ်လေ။ "
"......"
ရှီယွင်နန် ရှားရှားပါးပါး ရှက်ရွံ့မှု ခံစားလိုက်တော့ သီးသွားတော့သည် ။
ဦးလေးချင်းက သိသာစွာ ပြုံးလိုက်ပြီး ပြင်ဆင်ရန် လှည့်ဝင်သွားလိုက်တော့သည်။
မကြာခင်မှာပဲ မွှေးကြိုင်တဲ့ ငါးပေါင်းထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကို ရှီယွင်နန်ရှေ့မှာ ချပေးလိုက်သည်။
ပြုတ်ပြီး အရိုးနွင်ထားတဲ့ ငါးကို ကြိတ်ချေကာ ရေရောထားတဲ့ ကြက်ဥနဲ့ ထပ်ပေါင်းထားပြီး နောက်ဆုံး နှမ်းဆီကို အပေါ်မှာသုတ်ထားသည်။
ရှီယွင်နန် ငယ်ငယ်ကလေးတည်းက ငါးစားရတာကို ကြိုက်ပြီး ခဏခဏ လည်ချောင်းထဲတွင် အရိုးစူးခဲ့ဖူးသည်။ ဒီဟင်းက သူ့အတွက် မားမားရှီလုပ်ပေးနေကြ ဟင်းပေ။
နောက်ပိုင်း သူ့အမေ ဆုံးပါးသွားသောအခါ ဘယ် သူ့ဆီကမှ ဂရုစိုက်တာမခံရတဲ့ ရှီယွင်နန်ဟာ ညစာစားနေတုန်း ငါးစားရင်း အရိုးစူးမိခဲ့လေသည်။ အချိန် ကြာလာသည်နှင့်အမျှ သူအကြိုက်ဆုံးဟင်းကိုတောင် သူ့မှတ်ဉာဏ်ထဲတွင် ချိတ်ပိတ်ထားခဲ့မိသည်။
ရှီယွင်နန် သူ့ခံစားချက်များကို ထိန်းလိုက်ပြီး သူ့နဖူးပေါ်ရှိ ဆံသားများကို မှုတ်ထုတ်လိုက်ကာ သူ့တူများကို အလျင်စလို မလှုပ်ရှားပေ။
"စား ၊ မဖြုန်းတီးနဲ့" လော့လင်းရှန်း ရုတ်တရက် သူ့တူလေးကို ဆတ်ခနဲ လှမ်းကြည့်လိုက်တော့
ရွှေငါးလေးက သူ့ပန်းကန်ထဲကဟင်းတွေကို အမြန်ယူလိုက်ပြီး ရှီယွင်နန်ကို ပြောလာလေသည်။
"ကောကောလည်း ဖြုန်းတီးလို့မရဘူး"
"ကောကော ဖြုန်းတီးမယ်လို့ဘယ်သူပြောလဲ? ကောကောလည်း စားမှာပါနော် " ရှီယွင်နန်က တခစ်ခစ်ရယ်ရင်း တုံ့ပြန်လိုက်သော်လည်း သူ့မျက်လုံးများမှ ကျေနပ်နေမှုများမှာ မွှေးကြိုင်နေတဲ့ငါးဟင်းကို ခိုးတဲ့ မြေခွေးတစ်ကောင်လိုပင်။
ညစာက တိတ်ဆိတ်ပြီး ထူးထူးခြားခြား ပျော်စရာကောင်းတော့ အချိန်တွေက တဖျပ်ဖျပ်ကုန်သွာတော့သည်။
ညနေ ဆယ်နာရီမှာတော့ ရှီယွင်နန် မရင်းနှီးတဲ့ အိပ်ခန်းထဲတွင် လှဲလျောင်းနေ၏။
ခရီးဝေးက ပြန်လာတာက ကျင့်သားမရသေးပေ။ ဒီနေ့မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့ပြီး သူ့မှာ အေးအေးဆေးဆေးအိပ်ပြီး အိမ်မက်မက်ချင်စိတ်လည်းမရှိပေ။
ရှီယွင်နန် ကုတ်အင်္ကျီ တစ်ထည်ကိုရှာပြီး ပေါ့ပေါ့ပါးပါး ၀တ်လိုက်ကာ သူ့အားအင်များ ကုန်ဆုံးပြီးပင်ပန်းရန် ညဘက် လမ်းလျှောက်ထွက်ဖို့ ပြင်လိုက်သည်။ ရလာဒ်ကတော့ အခန်းအပြင်ဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းရုံပဲရှိသေး ထောင့်စွန်းနားမှ ပုံရိပ်လေးတစ်ခုကိုတွေ့လိုက်ရတော့သည်—
လိမ်လိမ်မာမာ အိပ်နေသင့်တဲ့ လော့ကျင်းယွီက သူ့အိပ်ခန်းတံခါးရှေ့မှာ မျက်လုံးလေးရဲပြီး ကူကယ် ရာမဲ့စွာ စိတ်ထိခိုက်တဲ့ ပုံလေးနဲ့ ရပ်နေ၏။
ကလေးဆိုတာ အမြဲတမ်း ကလေးပါပဲ။ နေ့ခင်းဘက်မှာ လူကြီးလေးလို ဟန်ဆောင်ရင်တောင် အခက်အခဲ ကြုံရတဲ့အခါ သူ့ရဲ့စိတ်ကိုပြနေအုံးမှာပဲ။
ရှီယွင်နန်က သူ့အနားမှာ ငုတ်တုတ်ထိုင်လိုက်ပြီး
"ဘာလို့ ငိုနေတာလဲ?"
ရွှေငါးလေးက မျက်ရည်များကို သုတ်လိုက်ပြီး စကားမပြောဘဲ ခေါင်းသာယမ်းလိုက်သည်။
ရှီယွင်နန်ကလည်း ကလေးတွေနဲ့ ပတ်သတ်ရင် အတွေ့အကြုံ သိပ်မရှိခဲ့ပေ။
"ဘာလို့ ငိုနေတာလဲ? ရှုရှုဆီ ခေါ်သွားပေးရမလား? ဒါမှမဟုတ် ဖိုးဖိုးချင်ဆီခေါ်သွားပေးရမလား?"
"ရှုရှုကို မရှာပါနဲ့ ၊ ရှုရှုက သားငိုတာကိုမကြိုက်ဘူး။ " ရွှေငါးလေးက ဒါကို စက္ကန့်အနည်းငယ်ကြာအောင် ထိန်းထားသော်လည်း သူ့စိတ်ထဲကစကားတွေကိုတော့ မထိန်းထားနိုင်တော့ပေ။
"မားမားကို အိပ်မက်မက်လို့"
"......"
ထိုစကားကြောင့် ရှီယွင်နန်ရဲ့ နှလုံးသားမှာ တင်းကျပ်လာသဖြင့် သူသည် ရွှေငါးလေးကို သူ့အခန်းထဲသို့ ပြန်ခေါ်သွားပြီး မရဲတရဲ မေးလိုက်လေသည်။
"မားမားက ဘယ်လိုပုံစံလဲဆိုတာ မှတ်မိလား?"
"ဓာတ်ပုံတွေနဲ့ အိမ်မက်ထဲမှာတွေ့ဖူးတယ်" ရွှေငါးလေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း "တခြား
ကလေးတွေကြ ပါးပါးရော မားမားရော ရှိပြီး ဘာလို့ သားမှာပဲ မရှိရတာလဲ?"
ရှီယွင်နန် သူ့ကို ကုတင်ပေါ် တင်းတင်းကျပ်ကျပ် လေး လှဲချပေးလိုက်ပြီး
"ဘယ်သူပြောလဲ? ကောကောမှာလည်း မားမားမရှိဘူးလေ။"
ရွှေငါးလေးက မျက်ရည်များပြည့်နေတဲ့ မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး
"ကောကောလည်း သားနဲ့တူတူပဲလား?"
ရှီယွင်နန်သူ့ကို စောင်ခြုံပေးလိုက်ပြီး မသိစိတ်ကနေ သူ့လေသံကတိုးပြီး နူးညံ့နေကာ "အင်း၊ ကောကောတို့က အတူတူပဲ၊ ဒါမယ့် သူတို့ ဘယ်မှာရှိလဲဆိုတာ ကောကောသိတယ်။"
"ဘယ်မှာလဲ?"
ရှီယွင်နန်က သူ့အမေလုပ်ခဲ့တဲ့အတိုင်း ရွှေငါးလေးရဲ့ နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
သူ့မျက်လုံးထဲတွင် လွမ်းဆွတ်မှုများက တဖြည်းဖြည်း မြင့်တက်လာလေသည်။ သူသည် ကလေးကို ချော့နေပုံရသော်လည်း အရင်က သူ့ကိုယ့်သူပြန်သတိရမိနေသည်။
"ကောင်းကင်မှာလေ၊ သူတို့က ကြယ်တွေပဲ၊ မင်းမော့ကြည့်ရင် မြင်ရတယ်လေ။"
"ရှုရှုလဲ အဲ့လိုပဲပြောတယ်" ရွှေငါးလေးက မှုန်ကုပ် ကုပ်နှင့် ရှီယွင်နန်ရဲ့ ကုတ်အင်္ကျီ သူ့လက်လေးတင်လာပြီး
"ကောကောက နောက်ဆိုသားရယ် ရှုရှုရယ်နဲ့ တကယ်နေချင်တာလား? မိသားစုလိုလေ?"
"အင်း၊ ကောကောက မင်းရဲ့ ငါးစွပ်ပြုတ်ကို နေ့တိုင်းလုစားမှာနော် "
"လုစရာ မလိုပါဘူး၊ သားကောကောကို ကျွေးမယ်။"
ကလေးတွေရဲ့ စိတ်ခံစားချက်က အတက်အကျမြန်လိုက်တာ။
ရွှေငါးလေး ပြန်မအိပ်ခင် မိနစ်အနည်းငယ်ကြာထိ သူတို့နှစ်ယောက် စကားစမြည်ပြောနေကြသည်။ ရှီယွင်နန် အခန်းထဲမှ ဖွဖွလေးလျှောက်လာပြီး သူထွက်လာသည်နှင့် တံခါးမှာ စောင့်နေတဲ့ လော့လင်းရှန်းနဲ့ တိုးလေသည်။
ထိုလူက ညစာစားပြီးကတည်းက စာကြည့်ခန်းထဲဝင်သွားပြီး အခုမှ ပြန်ထွက်လာတာဖြစ်၏။
ရှီယွင်နန် သူ့ရှေ့ကလူကို ကြည့်ပြီး စချင်တဲ့အမူအရာ ချက်ချင်းပြောင်းသွားပြီး "တစ်နေ့တည်းမှာပဲ မစ္စတာလော့က ဘယ်နှစ်ခါတောင် တံခါးရှေ့မှာ လမ်းပိတ်နေမှာလဲ? ဘာလို့အထဲဝင်မလာတာလဲ?"
"မင်း ကလေးကို ကောင်းကောင်းချော့နေတာတွေ့လို့" လော့လင်းရှန်းက အထဲကကလေး နိုးသွားမှာစိုးလို့ သူ့အသံကိုအလွန်တိုးထားပြီး "ကျင်းယွီ က ငယ်သေးတယ်၊ အဲ့ဒါကြောင့် သူနိုးလာရင် ငိုမှာ အသေအချာပဲလေ။ ကိုယ် မင်းကို ဒုက္ခပေးမိပြီ။"
"ဒုက္ခမဖြစ်ပါဘူး၊ မစ္စတာလော့က ကျွန်တော့်ကို အိမ်ထောင်ဖက်အဖြစ် ဟန်ဆောင်ခိုင်းရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက သူ့အတွက်လား?"
ရှီယွင်နန် ဒါကို အရင်ကတည်းက မှန်းဆမိတာပင်။
လော့လင်းရှန်းက မငြင်းဘဲ သူက သူ့လက်ထိပ် လေးတွေနဲ့ သူ့လက်မောင်းကို ထိနေပြီး "တစ်ခုကချစ်ရေးချစ်ရာ ကိစ္စတွေကို တမင်ပိတ်ထားချင်လို့၊ နောက်တစ်ခုကတော့ ကျင်းယွီအတွက်ဆိုတာ အမှန်ပဲ။"
သူ့ခြေထောက်တွေကို ကြည့်လိုက်တော့ သူ့မျက် လုံးတွေက တဖြည်းဖြည်း မည်းမှောင်လာကာ
"ကိုယ်က လွယ်လွယ် သွားလာလို့ မရသလို ပန်းခြံထဲမှာ တချို့ လှုပ်ရှားမှုတွေလုပ်ရင်လည်း သူ့ကိုအဖော်မလုပ်ပေးနိုင်ဘူး ။ ဦးလေးချင်ကလည်း အသက်အရမ်းကြီးနေပြီး။ သူ့နဲ့အတူလိုက်ဖို့ လက် အောက်ငယ်သားတစ်ယောက်ကို ရှာရတာလည်း
ခက်တော့ တရားဝင်ဥပဒေအရ မိဘတစ်ဦးက လိုနေတယ်လေ။"
"ဆန့်ကျင်ဘက်လိင်ပါတနာကို ရှာရတာက အဆင် မပြေဘူး။ ကျင်းယွီအတွက် လုံခြုံမှု မရှိဘူး၊ ပြီးတော့ သဘောတူညီချက် သက်တမ်းကုန်ပြီး ကွာရှင်းရင်လည်း အမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်။"
အကြောင်းပြချက်တစ်ခုစီက ယုတ္တိရှိပြီး တိကျသောကြောင့် လူတွေ အမှားတောင်ရှာလို့မရပေ။
ရှီယွင်နန် ပြုံးပြီး လော့လင်းရှန်းကိုကြည့်လိုက်ပြီး
"မစ္စတာလော့မှာ တတိယအကြောင်းပြချက်ကော ရှိသေးလား?"
အပေါ်မှဖြာကျနေသော အလင်းရောင်သည် သူရဲ့ ကော့စင်းသောမျက်တောင်များအောက်တွင် အုံ့ဆိုင်းနေသောအရိပ်ကို ဖုံးလွှမ်းထားကာ လူတွေရဲ့နှလုံးသားများကို တုန်လှုပ်စွာ လွှမ်းခြုံနိုင်ပြီး လေထုက မှုန်မှုန်မွှားမွှားစိမ့်ဝင်နေ၏။
လော့လင်းရှန်း ဝီးချဲလ်ပေါ်မှာ ငြိမ်သက်စွာထိုင်နေပြီး သူ့ရဲ့ ငြိမ်သက်နေပုံရသော မျက်လုံးများသည် အုံကြွနေသော လှိုင်းထန်များကို ဖုံးကွယ်ထားရင်း သူငြင်းဆိုလိုက်၏။
"မရှိဘူး၊ ဒီအကြောင်းပြချက်နှစ်ခုတည်းကြောင့်ပဲ။"
"အိမ်ထောင်ရေးဆိုတာ အရမ်းသတိထားရမယ့်ကိစ္စပဲ။ လိင်တူချင်းလက်ထပ်တာတောင်မှ ရာနှုန်းပြည့် အန္တရာယ်ကင်းတယ်လို့ မဆိုနိုင်ဘူး။ အဲ့ဒါကြောင့် ဒုတိယသခင်လေးရှီ သေချာစဉ်းစားပြီး သဘောတူစာချုပ်အသက်ဝင်လာတာနဲ့ နောင်တမရဖို့ ကိုယ်မျှော်လင့်တယ်။"
"နောင်တ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှီယွင်နန် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဝှေ့ယမ်းနေရင်း သူ့လက်ချောင်းထိပ်များက လော့လင်းရှန်းရဲ့ ပါးလွှာသော နှုတ်ခမ်းများကိုထိလုနီးပါးပင်။
သူထိတော့မယ့် အချိန်မှာပဲ ၊ လော့လင်းရှန်းရဲ့ ကြီးမားတဲ့ လက်ဖဝါးကြီးက သူ့လက်ချောင်းထိပ်များကို ဆွဲယူလိုက်ပြီး ရပ်တန့်လိုက်သည်။
"ဒုတိယလေးသခင်ရှီ"
ထိုလူရဲ့ လက်ဖဝါးမှာ အနည်းငယ် ပူနေ၏။
သူ့ကို အသားယူဖို့ ကြိုးစားတဲ့ ရှီယွင်နန် မှာ မအောင် မြင်သွားတော့ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး
"မစ္စတာလော့ ကျွန်တော်က အရွယ်ရောက်နေပါပြီ၊ ကျွန်တော့ဘဝအတွက် တာဝန်ယူပိုင်ခွင့် ကျွန်တော့မှာအပြည့်ရှိတယ်။"
'ဟန်ဆောင်လက်ထပ်ပွဲ' အတွက် လော့လင်းရှန်းရဲ့ အကြောင်းပြချက်များစွာကို သူ ဂရုမစိုက်ပါ။ ဒီဒီအချိန်မှာ 'ဟန်ဆောင်လက်ထပ်ပွဲ'လိုအပ်ရတဲ့ အကြောင်းအရင်းကို သူလည်းဖုံးကွယ်ထားတာပဲလေ။
"ကျွန်တော့်ရဲ့ ခရီးဆောင်အိတ်နဲ့ စာရွက်စာတမ်းတွေကို ခင်ဗျားကျွန်တော်အတွက် ယူထားပေးပြီးသားလေ။"
ရှီယွင်နန် သူ့လက်ချာင်းများကို ထိုသူ့လက်ထဲမှ ရုန်းရန် အလျင်မလိုပေ။ အဲ့အစား သူ့လက်ချောင်းတွေက လော့လင်းရှန်းရဲ့ လက်ဖဝါးမှာ ချိတ်လိုက် ပြီး အဖြေပေးဖို့ လှုံ့ဆော်လိုက်တော့သည် ။
"အဲ့တော့ မနက်ဖြန် ကျွန်တော်တို့ လက်ထပ်
စာချုပ်သွားယူလို့ရတယ်။"
Zawgyi
ထိုအခ်ိန္မွာပဲ ေက်ာင္းေခါင္းေလာင္းသံက ျမည္ လာေလသည္။
ရွီယြင္နန္တစ္ေယာက္ အျပင္ထြက္ရန္ တန္းစီဖို႔ ဆရာကို လိမ္လိမ္မာမာေလး ရွာေနသည့္ ကေလးငယ္ေလးကို ၾကည့္လိုက္ၿပီး
"သူ႔နာမည္က ဘာလဲ?"
"အိမ္မွာေတာ့ ေ႐ႊငါးေလး (金鱼 -jīn yú -က်င္းယြီ)လို႔ ေခၚၾကတယ္၊ သူ႔နာမည္က ေလာ့က်င္းယြီေလ။" ( 今[jīn]-today, 煜[yù]- shine)
"ခ်စ္စရာ နာမည္ေျပာင္ေလးပဲ" ရွီယြင္နန္ က ၿပဳံးၿပီး ေပါ့ေပါ့ပါးပါးပဲ ေမးလိုက္တယ္ "ကေလးရဲ႕ မ်ိဳး႐ိုးနာမည္က ေလာ့လား? သူ႔အေဖဘက္က အဘိုးအဘြားေတြေကာ ဘယ္မွာလဲ?"
"ေခါင္းေဆာင္က သခင္ေလးကို မိသားစုထဲေခၚ လာၿပီး ေစာင့္ေရွာက္ဖို႔ ခမည္းခမက္ႏွစ္ေယာက္ကို ေျဖာင္းျဖခဲ့ရတာ။"
ေလာ့မိသားစုက အင္အားႀကီးမားၿပီး အခု ေလာ့လင္းရွန္းက ေခါင္းေဆာင္ျဖစ္ေနမွေတာ့ သူတို႔ရဲ႕ သားေျမးေတြကို အျမင့္ကိုမပို႔ခ်င္တဲ့သူ မရွိဘဲေနပါ့မလား? မ်ိဳး႐ိုးနာမည္ေျပာင္းလို႔ရတာနဲ႔ ပတ္သက္ တာကေတာ့ ေလာ့လင္းရွန္းက အက်ိဳးခံစားခြင့္ေတြဖလွယ္ဖို႔ ေျပာလိုက္တာျဖစ္၏။
ဦးေလးခ်င္ကေျပာလာေလသည္။
"ဒုတိယသခင္ေလး မင္းဒီမွာခဏေစာင့္ေနလိုက္ပါ။ ဦးေလး သခင္ေလးကို သြားေခၚလိုက္မယ္"
"ေကာင္းပါၿပီ။"
ရွီယြင္နန္ အဲ့မွာ ခဏရပ္ေနၿပီးေနာက္ ဦးေလးခ်င္ က ေ႐ႊငါးေလးကို ေခၚထုတ္လာတာကို ေတြ႕လိုက္ရေလသည္။
အနီးကပ္ၾကည့္လိုက္ေတာ့ ေလာ့က်င္းယြဲ႕ ရဲ႕မ်က္ ႏွာေလးက ကေလးအဆီေလးေတြနဲ႔ ဝဝကစ္ကစ္ ေလးျဖစ္၏။ သူသည္ မူႀကိဳကေလးေတြအတြက္ ျပင္ဆင္ေပးထားသည့္ အဝါေရာင္ဦးထုပ္ေလးကို ေဆာင္းထားၿပီး လက္တစ္ဆုပ္စာ ဆံပင္ေလးေတြ လြင့္ေနသည္က သူ႔ကို အလြန္ခ်စ္စရာေကာင္းၿပီး ႏွစ္လိုဖြယ္ေကာင္းေစသည္။
"သခင္ေလး လာ၊ ဖိုးဖိုးခ်င္ သားကို လူတစ္ေယာက္ ျပမယ္" ဦးေလးခ်င္က ရွီယြင္နန္ကို ၾကည့္လိုက္ရင္း ႐ုတ္တရက္ ကေလးေလးေခၚရမည့္အေခၚအေဝၚနဲ႔ ပတ္သတ္ၿပီး အနည္းငယ္ စိတ္ရႈပ္သြားေတာ့သည္။
ေခါင္းေဆာင္ နဲ႔ ဒုတိယသခင္ေလးရွီက ပါးစပ္နဲ႔သာ 'လက္ထပ္သေဘာတူ' ထားတဲ့အေျခအေနတြင္ ရွိေနဆဲျဖစ္ေလသည္။
ရွီယြင္နန္ ဒီကေလးေလးက အရမ္းစိတ္ဝင္စားစရာေကာင္းေတာ့ သူ႔ရဲ႕ ကေလးအဆီေလးမ်ားကို ညႇစ္ရန္ တက္တက္ႂကြႂကြ ခါးကုန္းလိုက္ၿပီး
"ေ႐ႊငါးေလး ေတြ႕ရတာ ဝမ္းသာပါတယ္၊ ေကာေကာကို ေကာေကာလို႔ေခၚေနာ္။ ေကာေကာက သၾကားလုံးေတြ ဝယ္ေကြၽးမယ္။"
"ဟင့္အင္း " ေ႐ႊငါးေလးက တင္းမာေသာမ်က္ႏွာျဖင့္ ျငင္းဆန္ၿပီး ေက်ာင္းလြယ္အိတ္ေလးကို ေက်ာေပၚတြင္လြယ္ကာ အျပင္သို႔ ထြက္သြားေတာ့သည္။
"......"
ရွီယြင္နန္သည္ ငယ္စဥ္ကတည္းက ကေလးေတြဆီကေန ရႈံး ခဲေလသည္။ သူ ရယ္ရမလား ငိုရမလားေတာင္မသိေတာ့ဘဲ လမ္းေပ်ာက္ေနရင္း ထရပ္ လိုက္သည္။
ႏွစ္ေယာက္သား ေ႐ႊငါးေလးေနာက္ကေန အျပင္သို႔တူတူထြက္လာၾကရင္း ဦးေလးခ်င္က အသံတိုးတိုးနဲ႔ ရွင္းျပလာ၏။
"ဒုတိယသခင္ေလးရွီ၊ စိတ္မပ်က္ပါနဲ႔၊ေခါင္းေဆာင္ ေဘးမွာ ႀကီးျပင္းလာရတဲ့ ေ႐ႊငါးေလးက သာမန္ ကေလးေတြထက္ နည္းနည္း ပိုရင့္က်က္ေနလို႔ပါ။ "
ရွီယြင္က ဒါကို စိတ္ထဲမထားေပ သူကႏွာမႈတ္လိုက္ ၿပီး "ကြၽန္ေတာ္ထင္တာေတာ့ ဒါက တစ္ေန႔လုံး မ်က္ႏွာႀကီးတင္းမာေနတဲ့ ေလာ့လင္းရွန္ဆိုတဲ့ ဦးေလးႀကီးေၾကာင့္ပဲ ျဖစ္မယ္ ။ ကေလးက အတုယူၿပီး နည္းနည္းရင့္က်က္လာတာပဲ။"
ဦးေလးခ်င္ကလည္း ၿပဳံးၿပီး မျငင္းဆန္ေပ။
တူေတြက ဦးေလးေတြနဲ႔ တူတယ္လို႔ ေျပာၾကတယ္ေလ။ အခုလည္း သခင္ေလးက ေခါင္းေဆာင္
ငယ္ငယ္က အတိုင္း ပုံတူေလးပဲ။
ကားက ထိုေနရာမွာပဲ ရပ္ထားဆဲပင္။
ေရွ႕ကိုေလွ်ာက္လာရင္း ေ႐ႊငါးေလးက ေလကိုမႈတ္ ထုတ္ရင္း သူ႔ေျခေထာက္တိုေလးေတြကို နင္းၿပီး ကားေပၚတက္ဖို႔ ႀကိဳးစားေန၏။
ရွီယြင္နန္ ဒါကိုျမင္ေတာ့ သူ႔အနားကို တိုးသြားၿပီး ေကာ္လာကေန လွမ္းဆြဲကာ
"တက္!"
"......"
႐ုတ္တရက္ ေျမႇာက္တက္သြားေသာ ေ႐ႊငါးေလး အံ့ဩသြားေလသည္။ ကေလးလွမ္းကိုင္မယ့္ေလာ့လင္းရွန္းလည္း တစ္ခဏမွ် လန္႔သြားေတာ့သည္။ ကူကယ္ရာမဲ့ေနတဲ့ အရိပ္အေယာင္က သူ႔မ်က္လုံးထဲ ေပၚလာၿပီး
"ဒုတိယသခင္ေလးရွီ၊ ကေလးကို ဘယ္လိုေတာင္ သယ္လိုက္တာလဲ?"
သူ႔နားမလည္ႏိုင္ဘူး။ဒါက ေၾကာင္ေလးကိုဂုတ္ က ေနဆြဲၿပီး သယ္တဲ့ပုံစံနဲ႔တစ္ပုံစံတည္းေလလို႔ သူ ေတြးမိလိုက္သည္။
ရွီယြင္နန္ ပခုံးတြန႔္လိုက္ၿပီး
"ေဆာရီး အေတြ႕အႀကဳံမရွိလို႔ပါ၊ ဒါက ပိုလြယ္တယ္ေလ။"
ေ႐ႊငါးေလးက ေနာက္တန္းရွိ ကေလး ထိုင္ခုံေပၚသို႔ တက္သြားၿပီး
"ရႈရႈ ၊ သူက ရႈရႈသူငယ္ခ်င္းလား?"
(*ရႈရႈ- uncle ရႈရႈက ပိုခ်စ္ဖို႔ေကာင္းလို႔ ရႈရႈလို႔ပဲသုံးမယ္ေနာ္)
ရွီယြင္နန္ ထိုစကားကိုၾကားေသာအခါ ၿပဳံးေနရင္ တိတ္တဆိတ္ မ်က္ခုံးပင့္လိုက္သည္—
သူငယ္ခ်င္းထက္ ပိုလား?
ေနာက္ဆို သူက 'ရည္းစား' ဒါမွမဟုတ္ 'ရည္းစားတစ္ဝက္' ဇာတ္႐ုပ္အျဖစ္ သ႐ုပ္ေဆာင္ရေပအုံးမည္။
သူ ကေလးကို ေနာက္တစ္ႀကိမ္ စဖို႔ လုပ္လိုက္ခ်ိန္ မွာပဲ ေလာ့လင္းရွန္းက လွည့္ၾကည့္လာၿပီး စကားကို တစ္လုံးခ်င္းေျပာလာေလသည္။ " သူကမိသားစုေလ၊ သူက အနာဂတ္မွာ အန္ကယ္တို႔နဲ႔ေနသြားမွာ။"
( *ေလာ့လင္းရွန္း ၾကေတာ့ ကေလးနဲ႔ဆို သူ႔ကိုယ့္သူဘယ္လိုနာမ္စားသုံးမလဲမသိလို႔ အန္ကယ္လို႔ပဲေရးလိုက္ပါတယ္)
...... မိသားစု ?
ရွီယြင္နန္ ကာလၾကာရွည္စြာ ေပ်ာက္ဆုံးေနေသာ မရင္းႏွီးတဲ့ အသုံးအႏႈန္းကို ၾကားလိုက္ရေသာအခါ သူ႔ရဲ႕အၿပဳံးသည္ ႐ုတ္တရက္ ပါးစပ္ေထာင့္ တြင္ ေအးခဲသြားေတာ့သည္။ သူ႔အမူအရာကို ဖုံးကြယ္ဖို႔ မ်က္လႊာခ်လိုက္ၿပီး သူ႔ေဘာင္းဘီအိတ္ကပ္ ထဲမွာ ဝွက္ထားတဲ့ လက္ကို လက္သီးဆုပ္လိုက္မိ ၏။
"ဘာလို႔ ကားေပၚမတက္ေသးတာလဲ?"
ေလာ့လင္းရွန္း ေမးေတာ့
ရွီယြင္နန္ ေခါင္းကို အလ်င္အျမန္ ေမာ့လိုက္ၿပီး ပါးစပ္ေထာင့္မ်ား တြန႔္ေကြးသြားကာ
"မစၥတာေလာ့က ကြၽန္ေတာ့ထက္ေတာင္ ပိုျမန္ျမန္ သ႐ုပ္ေဆာင္မယ္လို႔ မထင္ထားဘူး။"
သိကြၽမ္းတဲ့ ပထမဆုံးေန႔မွာပဲ၊သူတို႔က 'မိသားစု' ဟု ေခၚေနေလၿပီ။
ေလာ့လင္းရွန္း တိတ္ဆိတ္သြားၿပီး ရွီယြင္နန္ကို ခဏေလာက္ ၾကည့္ေနမိ၏-
တစ္ဖက္လူက ကားတံခါးနားမွာ ရပ္ၿပီး သူ႔ကို ၿပဳံးျပေနသည္ ။ သူေကာင္းေကာင္း ဖုံးကြယ္ထားရင္ ေတာင္ ထိုအၿပဳံးက ျပန္မရႏိုင္ေတာ့တဲ့ စိတ္ပ်က္ အားငယ္မႈနဲ႔ ေငးငိုင္ေနသည့္ အရိပ္အေယာင္ေတြ ရွိေနဆဲပင္။
ေလာ့လင္းရွန္း သတိမထားမိသည့္ပုံစံ ဟန္ေဆာင္ ကာ သူ႔အၾကည့္မ်ားကိုဖယ္ရွားလိုက္ၿပီး ပထမဆုံးအေနနဲ႔ သူ႔နာမည္အျပည့္အစုံကိုေခၚလိုက္သည္။
"ရွီယြင္နန္"
"ဟမ္ ?"
"ကားေပၚတက္ အိမ္ျပန္မယ္"
ထိုစကားေျခာက္လုံးက ေမွာ္ဂါထာလိုပင္။
ရွီယြင္နန္ မၿပဳံးလိုက္ဘဲမေနႏိုင္ေတာ့ေပ။ ႐ုတ္တရက္ အရမ္းခ်ိဳၿမိန္သြားသလိုခံစားလိုက္ရ၏။
တစ္ခါတေလ မုန႔္က ေကာင္းကင္ေပၚကေန ျပဳတ္ က်လာတတ္တာပဲ။ မဟုတ္ဘူး၊ သူက အရမ္းႏႈတ္ ခ်ိဳတဲ့ အိမ္ေထာင္ဖက္ကို ေ႐ြးလိုက္မိတာပဲ။
......
ရွီအိမ္တြင္ ေလာ့လင္းရွန္း ကတိျပဳခဲ့ေသာ 'ေစ့စပ္ပြဲ' က အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ အေကာင္ အထည္မေဖာ္ႏိုင္ေသးေပ။
သူတို႔ႏွစ္ေယာက္က ႐ုတ္တရက္လက္ထပ္ဖို႔ ႏႈတ္ ျဖင့္ သေဘာတူခဲ့ၾကေပမယ့္ ဒီအဆင့္ကိုေတာ့ တကယ္မေရာက္ၾကေသးေပ။ ၿပီးေတာ့ အခ်ိန္ကအရမ္းျမန္သြားရင္ အျပင္လူေတြက 'ဟန္ေဆာင္ တာ' ေဖာ္ထုတ္ဖို႔ အရမ္းလြယ္သြားလိမ့္မယ္။
အျပန္အလွန္အေနနဲ႔ ႏွစ္ဦးသား မျမင္ႏိုင္တဲ့ သေဘာတူညီမႈတစ္ခု ရရွိခဲ့ၿပီး ၎(ေစ့စပ္ပြဲ)ကို ေနာက္သို႔ ခဏေ႐ႊ႕ထားလိုက္သည္။
အိမ္မွာ ညစာ စားၾကေတာ့
ေ႐ႊငါးေလးက သူ႔ရဲ႕ ငါးေပါင္းကို ဂ႐ုမစိုက္ဟန္ ေကာက္ယူလိုက္ၿပီး ရွီယြင္နန္ကို စိုက္ၾကည့္မိေနတာ မရပ္ႏိုင္ေတာ့ေပ။
ရွီယြင္နန္ ခဏေလာက္ သူမ်က္လုံးေလးမ်ားကို ငုံ႔လိုက္ၿပီး တိတ္ဆိတ္မႈကို ခ်ိဳးဖ်က္လိုက္၏။
"ေ႐ႊငါးေလး၊ ေကာေကာက အရမ္းေခ်ာတာပဲလို႔ ထင္ေနတာမလား? အဲ့ဒါေၾကာင့္ မင္းေကာေကာကို သေဘာက်ေနတာမလား?"
ေနာက္ဆုံး စာေၾကာင္းက ကေလးကို က်ီစယ္ရန္ တမင္ေျပာလိုက္တဲ့ စကားဆိုတာ သိသာေလသည္။
"သားမႀကိဳက္ဘူး။" ေ႐ႊငါးေလးက နားမလည္ႏိုင္ စြာ ရွက္သြားၿပီး ငါးစြပ္ျပဳတ္ပန္းကန္လုံးထဲတြင္ ေခါင္းကို အျမန္ျမဳပ္ထားၿပီး ဘာမွမျဖစ္ဟန္ ဟန္ေဆာင္ေနလိုက္သည္။
ရွီယြင္နန္ သူ႔ရဲ႕ ေဖာင္းေနတဲ့ ကေလးအဆီေလးေတြကို ၾကည့္ၿပီး မရယ္မိေအာင္ မနည္းထိန္းထားေနရသည္။ သူနားလည္သြားၿပီ - ေ႐ႊငါးေလးက ရင့္က်က္တဲ့ကေလးတစ္ေယာက္လို ဟန္ေဆာင္ေနေပမယ့္ သူ႔အတြင္းစိတ္ထဲမွာေတာ့ သူက စပ္စုစိတ္စိတ္ရွိတဲ့ ကေလးေလး သာျဖစ္သည္။
ဦးေလးခ်င္က က ႐ုတ္တရက္ စိုးရိမ္တဲ့အမူအရာျပလာၿပီး
"ဒုတိယသခင္ေလးရွီ အစားအေသာက္ေတြ မႀကိဳက္ဘူးလား။ မင္းဟင္းေတြ ထည့္မစားသလိုပဲ။"
ရွီယြင္နန္ ေခါင္းခါလိုက္ၿပီး "မဟုတ္ပါဘူး၊ ကြၽန္ ေတာ္က နဂိုထဲကအစားနည္းလို႔ပါ။"
ပင္မထိုင္ခုံမွာထိုင္ေနတဲ့ ေလာ့လင္းရွန္း က ႐ုတ္တရက္ေမးလာေလသည္။
"ဦးေလးခ်င္ မီးဖိုေခ်ာင္ထဲမွာ ငါးစြပ္ျပဳတ္က်န္ ေသးလား?"
"ဟုတ္ကဲ့ သခင္ေလးက ငါးစားရတာ ႀကိဳက္ေတာ့ ဦးေလး မ်ားမ်ားခ်က္ခိုင္းထားတာ"
ေလာ့လင္းရွန္း ေခါင္းညိတ္ျပလိုက္ၿပီး
"ဒုတိယသခင္ေလးရွီအတြက္ တစ္ပန္းကန္ထည့္ေပးလိုက္ပါ။"
ရွီယြင္နန္ရဲ႕ မ်က္လုံးမ်ား မသိစိတ္ကေန ေတာက္ပသြားေသာ္လည္း၊သူက ဝန္ခံဖို႔ ျငင္းေနကာ "မစားပါဘူး၊ ကေလးေတြစားတဲ့ အစားအစာကို ဘာလို႔ကြၽန္ ေတာ့္ကို လာေပးတာလဲ?"
ေလာ့လင္းရွန္း သူ႔ကို ၾကည့္လိုက္၏။ မ်က္မွန္
ေအာက္မွာ ဝွက္ထားတဲ့ သူ႔မ်က္လုံးေတြက ရယ္ခ်င္ေနတဲ့ အရိပ္အႁမြက္မ်ားပါေနကာ
"ဒါေပမယ့္ မင္းက်င္းယြီရဲ႕ ငါးစြပ္ျပဳတ္ကို ေလာဘတႀကီး(အငမ္းမရ) စိုက္ၾကည့္ေနတာ ကိုယ္ ျမင္တယ္ေလ။ "
"......"
ရွီယြင္နန္ ရွားရွားပါးပါး ရွက္႐ြံ႕မႈ ခံစားလိုက္ေတာ့ သီးသြားေတာ့သည္ ။
ဦးေလးခ်င္းက သိသာစြာ ၿပဳံးလိုက္ၿပီး ျပင္ဆင္ရန္ လွည့္ဝင္သြားလိုက္ေတာ့သည္။
မၾကာခင္မွာပဲ ေမႊးႀကိဳင္တဲ့ ငါးေပါင္းထည့္ထားသည့္ ပန္းကန္လုံးတစ္လုံးကို ရွီယြင္နန္ေရွ႕မွာ ခ်ေပးလိုက္သည္။
ျပဳတ္ၿပီး အ႐ိုးႏြင္ထားတဲ့ ငါးကို ႀကိတ္ေခ်ကာ ေရေရာထားတဲ့ ၾကက္ဥနဲ႔ ထပ္ေပါင္းထားၿပီး ေနာက္ဆုံး ႏွမ္းဆီကို အေပၚမွာသုတ္ထားသည္။
ရွီယြင္နန္ ငယ္ငယ္ကေလးတည္းက ငါးစားရတာကို ႀကိဳက္ၿပီး ခဏခဏ လည္ေခ်ာင္းထဲတြင္ အ႐ိုးစူးခဲ့ဖူးသည္။ ဒီဟင္းက သူ႔အတြက္ မားမားရွီလုပ္ေပးေနၾက ဟင္းေပ။
ေနာက္ပိုင္း သူ႔အေမ ဆုံးပါးသြားေသာအခါ ဘယ္ သူ႔ဆီကမွ ဂ႐ုစိုက္တာမခံရတဲ့ ရွီယြင္နန္ဟာ ညစာစားေနတုန္း ငါးစားရင္း အ႐ိုးစူးမိခဲ့ေလသည္။ အခ်ိန္ ၾကာလာသည္ႏွင့္အမွ် သူအႀကိဳက္ဆုံးဟင္းကိုေတာင္ သူ႔မွတ္ဉာဏ္ထဲတြင္ ခ်ိတ္ပိတ္ထားခဲ့မိသည္။
ရွီယြင္နန္ သူ႔ခံစားခ်က္မ်ားကို ထိန္းလိုက္ၿပီး သူ႔နဖူးေပၚရွိ ဆံသားမ်ားကို မႈတ္ထုတ္လိုက္ကာ သူ႔တူမ်ားကို အလ်င္စလို မလႈပ္ရွားေပ။
"စား ၊ မျဖဳန္းတီးနဲ႔" ေလာ့လင္းရွန္း ႐ုတ္တရက္ သူ႔တူေလးကို ဆတ္ခနဲ လွမ္းၾကည့္လိုက္ေတာ့
ေ႐ႊငါးေလးက သူ႔ပန္းကန္ထဲကဟင္းေတြကို အျမန္ယူလိုက္ၿပီး ရွီယြင္နန္ကို ေျပာလာေလသည္။
"ေကာေကာလည္း ျဖဳန္းတီးလို႔မရဘူး"
"ေကာေကာ ျဖဳန္းတီးမယ္လို႔ဘယ္သူေျပာလဲ? ေကာေကာလည္း စားမွာပါေနာ္ " ရွီယြင္နန္က တခစ္ခစ္ရယ္ရင္း တုံ႔ျပန္လိုက္ေသာ္လည္း သူ႔မ်က္လုံးမ်ားမွ ေက်နပ္ေနမႈမ်ားမွာ ေမႊးႀကိဳင္ေနတဲ့ငါးဟင္းကို ခိုးတဲ့ ေျမေခြးတစ္ေကာင္လိုပင္။
ညစာက တိတ္ဆိတ္ၿပီး ထူးထူးျခားျခား ေပ်ာ္စရာေကာင္းေတာ့ အခ်ိန္ေတြက တဖ်ပ္ဖ်ပ္ကုန္သြာေတာ့သည္။
ညေန ဆယ္နာရီမွာေတာ့ ရွီယြင္နန္ မရင္းႏွီးတဲ့ အိပ္ခန္းထဲတြင္ လွဲေလ်ာင္းေန၏။
ခရီးေဝးက ျပန္လာတာက က်င့္သားမရေသးေပ။ ဒီေန႔မွာ အျဖစ္အပ်က္ေတြ အမ်ားႀကီး ျဖစ္ခဲ့ၿပီး သူ႔မွာ ေအးေအးေဆးေဆးအိပ္ၿပီး အိမ္မက္မက္ခ်င္စိတ္လည္းမရွိေပ။
ရွီယြင္နန္ ကုတ္အက်ႌ တစ္ထည္ကိုရွာၿပီး ေပါ့ေပါ့ပါးပါး ၀တ္လိုက္ကာ သူ႔အားအင္မ်ား ကုန္ဆုံးၿပီးပင္ပန္းရန္ ညဘက္ လမ္းေလွ်ာက္ထြက္ဖို႔ ျပင္လိုက္သည္။ ရလာဒ္ကေတာ့ အခန္းအျပင္ဘက္သို႔ ေျခလွမ္းအနည္းငယ္လွမ္း႐ုံပဲရွိေသး ေထာင့္စြန္းနားမွ ပုံရိပ္ေလးတစ္ခုကိုေတြ႕လိုက္ရေတာ့သည္—
လိမ္လိမ္မာမာ အိပ္ေနသင့္တဲ့ ေလာ့က်င္းယြီက သူ႔အိပ္ခန္းတံခါးေရွ႕မွာ မ်က္လုံးေလးရဲၿပီး ကူကယ္ ရာမဲ့စြာ စိတ္ထိခိုက္တဲ့ ပုံေလးနဲ႔ ရပ္ေန၏။
ကေလးဆိုတာ အၿမဲတမ္း ကေလးပါပဲ။ ေန႔ခင္းဘက္မွာ လူႀကီးေလးလို ဟန္ေဆာင္ရင္ေတာင္ အခက္အခဲ ႀကဳံရတဲ့အခါ သူ႔ရဲ႕စိတ္ကိုျပေနအုံးမွာပဲ။
ရွီယြင္နန္က သူ႔အနားမွာ ငုတ္တုတ္ထိုင္လိုက္ၿပီး
"ဘာလို႔ ငိုေနတာလဲ?"
ေ႐ႊငါးေလးက မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး စကားမေျပာဘဲ ေခါင္းသာယမ္းလိုက္သည္။
ရွီယြင္နန္ကလည္း ကေလးေတြနဲ႔ ပတ္သတ္ရင္ အေတြ႕အႀကဳံ သိပ္မရွိခဲ့ေပ။
"ဘာလို႔ ငိုေနတာလဲ? ရႈရႈဆီ ေခၚသြားေပးရမလား? ဒါမွမဟုတ္ ဖိုးဖိုးခ်င္ဆီေခၚသြားေပးရမလား?"
"ရႈရႈကို မရွာပါနဲ႔ ၊ ရႈရႈက သားငိုတာကိုမႀကိဳက္ဘူး။ " ေ႐ႊငါးေလးက ဒါကို စကၠန႔္အနည္းငယ္ၾကာေအာင္ ထိန္းထားေသာ္လည္း သူ႔စိတ္ထဲကစကားေတြကိုေတာ့ မထိန္းထားႏိုင္ေတာ့ေပ။
"မားမားကို အိပ္မက္မက္လို႔"
"......"
ထိုစကားေၾကာင့္ ရွီယြင္နန္ရဲ႕ ႏွလုံးသားမွာ တင္းက်ပ္လာသျဖင့္ သူသည္ ေ႐ႊငါးေလးကို သူ႔အခန္းထဲသို႔ ျပန္ေခၚသြားၿပီး မရဲတရဲ ေမးလိုက္ေလသည္။
"မားမားက ဘယ္လိုပုံစံလဲဆိုတာ မွတ္မိလား?"
"ဓာတ္ပုံေတြနဲ႔ အိမ္မက္ထဲမွာေတြ႕ဖူးတယ္" ေ႐ႊငါးေလးက ရႈိက္ႀကီးတငင္ ငိုေႂကြးရင္း "တျခား
ကေလးေတြၾက ပါးပါးေရာ မားမားေရာ ရွိၿပီး ဘာလို႔ သားမွာပဲ မရွိရတာလဲ?"
ရွီယြင္နန္ သူ႔ကို ကုတင္ေပၚ တင္းတင္းက်ပ္က်ပ္ ေလး လွဲခ်ေပးလိုက္ၿပီး
"ဘယ္သူေျပာလဲ? ေကာေကာမွာလည္း မားမားမရွိဘူးေလ။"
ေ႐ႊငါးေလးက မ်က္ရည္မ်ားျပည့္ေနတဲ့ မ်က္လုံးေလးကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး
"ေကာေကာလည္း သားနဲ႔တူတူပဲလား?"
ရွီယြင္နန္သူ႔ကို ေစာင္ၿခဳံေပးလိုက္ၿပီး မသိစိတ္ကေန သူ႔ေလသံကတိုးၿပီး ႏူးညံ့ေနကာ "အင္း၊ ေကာေကာတို႔က အတူတူပဲ၊ ဒါမယ့္ သူတို႔ ဘယ္မွာရွိလဲဆိုတာ ေကာေကာသိတယ္။"
"ဘယ္မွာလဲ?"
ရွီယြင္နန္က သူ႔အေမလုပ္ခဲ့တဲ့အတိုင္း ေ႐ႊငါးေလးရဲ႕ နဖူးကို ညင္သာစြာ ပြတ္သပ္လိုက္သည္။
သူ႔မ်က္လုံးထဲတြင္ လြမ္းဆြတ္မႈမ်ားက တျဖည္းျဖည္း ျမင့္တက္လာေလသည္။ သူသည္ ကေလးကို ေခ်ာ့ေနပုံရေသာ္လည္း အရင္က သူ႔ကိုယ့္သူျပန္သတိရမိေနသည္။
"ေကာင္းကင္မွာေလ၊ သူတို႔က ၾကယ္ေတြပဲ၊ မင္းေမာ့ၾကည့္ရင္ ျမင္ရတယ္ေလ။"
"ရႈရႈလဲ အဲ့လိုပဲေျပာတယ္" ေ႐ႊငါးေလးက မႈန္ကုပ္ ကုပ္ႏွင့္ ရွီယြင္နန္ရဲ႕ ကုတ္အက်ႌ သူ႔လက္ေလးတင္လာၿပီး
"ေကာေကာက ေနာက္ဆိုသားရယ္ ရႈရႈရယ္နဲ႔ တကယ္ေနခ်င္တာလား? မိသားစုလိုေလ?"
"အင္း၊ ေကာေကာက မင္းရဲ႕ ငါးစြပ္ျပဳတ္ကို ေန႔တိုင္းလုစားမွာေနာ္ "
"လုစရာ မလိုပါဘူး၊ သားေကာေကာကို ေကြၽးမယ္။"
ကေလးေတြရဲ႕ စိတ္ခံစားခ်က္က အတက္အက်ျမန္လိုက္တာ။
ေ႐ႊငါးေလး ျပန္မအိပ္ခင္ မိနစ္အနည္းငယ္ၾကာထိ သူတို႔ႏွစ္ေယာက္ စကားစျမည္ေျပာေနၾကသည္။ ရွီယြင္နန္ အခန္းထဲမွ ဖြဖြေလးေလွ်ာက္လာၿပီး သူထြက္လာသည္ႏွင့္ တံခါးမွာ ေစာင့္ေနတဲ့ ေလာ့လင္းရွန္းနဲ႔ တိုးေလသည္။
ထိုလူက ညစာစားၿပီးကတည္းက စာၾကည့္ခန္းထဲဝင္သြားၿပီး အခုမွ ျပန္ထြက္လာတာျဖစ္၏။
ရွီယြင္နန္ သူ႔ေရွ႕ကလူကို ၾကည့္ၿပီး စခ်င္တဲ့အမူအရာ ခ်က္ခ်င္းေျပာင္းသြားၿပီး "တစ္ေန႔တည္းမွာပဲ မစၥတာေလာ့က ဘယ္ႏွစ္ခါေတာင္ တံခါးေရွ႕မွာ လမ္းပိတ္ေနမွာလဲ? ဘာလို႔အထဲဝင္မလာတာလဲ?"
"မင္း ကေလးကို ေကာင္းေကာင္းေခ်ာ့ေနတာေတြ႕လို႔" ေလာ့လင္းရွန္းက အထဲကကေလး ႏိုးသြားမွာစိုးလို႔ သူ႔အသံကိုအလြန္တိုးထားၿပီး "က်င္းယြီ က ငယ္ေသးတယ္၊ အဲ့ဒါေၾကာင့္ သူႏိုးလာရင္ ငိုမွာ အေသအခ်ာပဲေလ။ ကိုယ္ မင္းကို ဒုကၡေပးမိၿပီ။"
"ဒုကၡမျဖစ္ပါဘူး၊ မစၥတာေလာ့က ကြၽန္ေတာ့္ကို အိမ္ေထာင္ဖက္အျဖစ္ ဟန္ေဆာင္ခိုင္းရတဲ့ အေၾကာင္းရင္းေတြထဲကတစ္ခုက သူ႔အတြက္လား?"
ရွီယြင္နန္ ဒါကို အရင္ကတည္းက မွန္းဆမိတာပင္။
ေလာ့လင္းရွန္းက မျငင္းဘဲ သူက သူ႔လက္ထိပ္ ေလးေတြနဲ႔ သူ႔လက္ေမာင္းကို ထိေနၿပီး "တစ္ခုကခ်စ္ေရးခ်စ္ရာ ကိစၥေတြကို တမင္ပိတ္ထားခ်င္လို႔၊ ေနာက္တစ္ခုကေတာ့ က်င္းယြီအတြက္ဆိုတာ အမွန္ပဲ။"
သူ႔ေျခေထာက္ေတြကို ၾကည့္လိုက္ေတာ့ သူ႔မ်က္ လုံးေတြက တျဖည္းျဖည္း မည္းေမွာင္လာကာ
"ကိုယ္က လြယ္လြယ္ သြားလာလို႔ မရသလို ပန္းၿခံထဲမွာ တခ်ိဳ႕ လႈပ္ရွားမႈေတြလုပ္ရင္လည္း သူ႔ကိုအေဖာ္မလုပ္ေပးႏိုင္ဘူး ။ ဦးေလးခ်င္ကလည္း အသက္အရမ္းႀကီးေနၿပီး။ သူ႔နဲ႔အတူလိုက္ဖို႔ လက္ ေအာက္ငယ္သားတစ္ေယာက္ကို ရွာရတာလည္း
ခက္ေတာ့ တရားဝင္ဥပေဒအရ မိဘတစ္ဦးက လိုေနတယ္ေလ။"
"ဆန႔္က်င္ဘက္လိင္ပါတနာကို ရွာရတာက အဆင္ မေျပဘူး။ က်င္းယြီအတြက္ လုံၿခဳံမႈ မရွိဘူး၊ ၿပီးေတာ့ သေဘာတူညီခ်က္ သက္တမ္းကုန္ၿပီး ကြာရွင္းရင္လည္း အမ်ိဳးသမီးရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ႏိုင္တယ္။"
အေၾကာင္းျပခ်က္တစ္ခုစီက ယုတၱိရွိၿပီး တိက်ေသာေၾကာင့္ လူေတြ အမွားေတာင္ရွာလို႔မရေပ။
ရွီယြင္နန္ ၿပဳံးၿပီး ေလာ့လင္းရွန္းကိုၾကည့္လိုက္ၿပီး
"မစၥတာေလာ့မွာ တတိယအေၾကာင္းျပခ်က္ေကာ ရွိေသးလား?"
အေပၚမွျဖာက်ေနေသာ အလင္းေရာင္သည္ သူရဲ႕ ေကာ့စင္းေသာမ်က္ေတာင္မ်ားေအာက္တြင္ အုံ႔ဆိုင္းေနေသာအရိပ္ကို ဖုံးလႊမ္းထားကာ လူေတြရဲ႕ႏွလုံးသားမ်ားကို တုန္လႈပ္စြာ လႊမ္းၿခဳံႏိုင္ၿပီး ေလထုက မႈန္မႈန္မႊားမႊားစိမ့္ဝင္ေန၏။
ေလာ့လင္းရွန္း ဝီးခ်ဲလ္ေပၚမွာ ၿငိမ္သက္စြာထိုင္ေနၿပီး သူ႔ရဲ႕ ၿငိမ္သက္ေနပုံရေသာ မ်က္လုံးမ်ားသည္ အုံႂကြေနေသာ လႈိင္းထန္မ်ားကို ဖုံးကြယ္ထားရင္း သူျငင္းဆိုလိုက္၏။
"မရွိဘူး၊ ဒီအေၾကာင္းျပခ်က္ႏွစ္ခုတည္းေၾကာင့္ပဲ။"
"အိမ္ေထာင္ေရးဆိုတာ အရမ္းသတိထားရမယ့္ကိစၥပဲ။ လိင္တူခ်င္းလက္ထပ္တာေတာင္မွ ရာႏႈန္းျပည့္ အႏၲရာယ္ကင္းတယ္လို႔ မဆိုႏိုင္ဘူး။ အဲ့ဒါေၾကာင့္ ဒုတိယသခင္ေလးရွီ ေသခ်ာစဥ္းစားၿပီး သေဘာတူစာခ်ဳပ္အသက္ဝင္လာတာနဲ႔ ေနာင္တမရဖို႔ ကိုယ္ေမွ်ာ္လင့္တယ္။"
"ေနာင္တ? ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"
ရွီယြင္နန္ သူ႔လက္ေခ်ာင္းကို ဆန႔္ထုတ္လိုက္ၿပီး ေဝွ႔ယမ္းေနရင္း သူ႔လက္ေခ်ာင္းထိပ္မ်ားက ေလာ့လင္းရွန္းရဲ႕ ပါးလႊာေသာ ႏႈတ္ခမ္းမ်ားကိုထိလုနီးပါးပင္။
သူထိေတာ့မယ့္ အခ်ိန္မွာပဲ ၊ ေလာ့လင္းရွန္းရဲ႕ ႀကီးမားတဲ့ လက္ဖဝါးႀကီးက သူ႔လက္ေခ်ာင္းထိပ္မ်ားကို ဆြဲယူလိုက္ၿပီး ရပ္တန္႔လိုက္သည္။
"ဒုတိယေလးသခင္ရွီ"
ထိုလူရဲ႕ လက္ဖဝါးမွာ အနည္းငယ္ ပူေန၏။
သူ႔ကို အသားယူဖို႔ ႀကိဳးစားတဲ့ ရွီယြင္နန္ မွာ မေအာင္ ျမင္သြားေတာ့ ဝမ္းနည္းစြာ သက္ျပင္းခ်လိုက္ၿပီး
"မစၥတာေလာ့ ကြၽန္ေတာ္က အ႐ြယ္ေရာက္ေနပါၿပီ၊ ကြၽန္ေတာ့ဘဝအတြက္ တာဝန္ယူပိုင္ခြင့္ ကြၽန္ေတာ့မွာအျပည့္ရွိတယ္။"
'ဟန္ေဆာင္လက္ထပ္ပြဲ' အတြက္ ေလာ့လင္းရွန္းရဲ႕ အေၾကာင္းျပခ်က္မ်ားစြာကို သူ ဂ႐ုမစိုက္ပါ။ ဒီဒီအခ်ိန္မွာ 'ဟန္ေဆာင္လက္ထပ္ပြဲ'လိုအပ္ရတဲ့ အေၾကာင္းအရင္းကို သူလည္းဖုံးကြယ္ထားတာပဲေလ။
"ကြၽန္ေတာ့္ရဲ႕ ခရီးေဆာင္အိတ္နဲ႔ စာ႐ြက္စာတမ္းေတြကို ခင္ဗ်ားကြၽန္ေတာ္အတြက္ ယူထားေပးၿပီးသားေလ။"
ရွီယြင္နန္ သူ႔လက္ခ်ာင္းမ်ားကို ထိုသူ႔လက္ထဲမွ ႐ုန္းရန္ အလ်င္မလိုေပ။ အဲ့အစား သူ႔လက္ေခ်ာင္းေတြက ေလာ့လင္းရွန္းရဲ႕ လက္ဖဝါးမွာ ခ်ိတ္လိုက္ ၿပီး အေျဖေပးဖို႔ လႈံ႕ေဆာ္လိုက္ေတာ့သည္ ။
"အဲ့ေတာ့ မနက္ျဖန္ ကြၽန္ေတာ္တို႔ လက္ထပ္
စာခ်ဳပ္သြားယူလို႔ရတယ္။"