• ဒဏ်ရာရခြင်း
ဘဝဆိုသည်မှာ ဤသို့ပင်။ကောင်းမွန်သည့်အရာများကို သင်ဆုတောင်းပါက ဘယ်တော့မှဖြစ်မလာသော်ငြား မကောင်းသည့်အရာများကိုတွေးလိုက်ပါက ၎င်းတို့မှာချက်ချင်းကိုအကျိုးပေးလာလိမ့်မည်။ဥပမာပြောရပါက လုပ်ကြံသူဟာ ချမ်းသာလာဖို့အတွက် နေ့တိုင်းတွေးသော်လည်း ဘယ်တော့မှဖြစ်မလာခဲ့ပေ။မနေ့က ဒဏ်ရာရတာနှင့်ပတ်သတ်ပြီး ဘာရယ်မဟုတ်တွေးလိုက်မိရုံသာရှိသေး၊ ဒီနေ့ သူတကယ်ကြီး ဓားထိုးခံလိုက်ရသည်။
၎င်းဒဏ်ရာမှာ နက်လဲနက်၏။လက်ချောင်းသုံးချောင်းစာမျှရှိသည့်ဓားရှည်မှာ သူ့ရင်ဘတ်ကိုဖောက်ဝင်သွားပြီးသူ့ခန္ဓာကိုယ်အား ဖြတ်သွားလုမတတ်ပင်။ကံကောင်းစွာပဲ ကိုယ်တွင်းအင်္ဂါများမှာ မပျက်စီးသွားပေ။မည်သို့ပင်ဖြစ်စေ ဒဏ်ရာရထားသည့်နေရာမှာ အနည်းငယ် အန္တရာယ်များသဖြင့် သွေးများစွာကိုထွက်စေပြီး နည်းနည်းတော့ ကြောက်စရာကောင်းနေပုံပေါ်သည်။
ပတ်တီးစည်းပြီးသွားသည့်အခါ သူအတော်လေးကောင်းလာသလိုတောင် ခံစားရသည်။သူသည် လေ့ကျင့်ရေးများလုပ်ခဲ့စဉ် အတောအတွင်း၌ ဒီထက်ပိုဆိုးသည့်ဒဏ်ရာများကိုပင် အကြိမ်အတော်များများရခဲ့ဖူးပြီး တောင့်ခံနိုင်ခံဆဲသာဖြစ်သည်။ကံမကောင်းသည့်အလုပ်ရှင်မှာ သူ့ဘဝတစ်လျှောက်လုံး၌ အလိုလိုက်ခြင်းခံခဲ့ရသဖြင့် ဒီလိုသွေးထွက်သံယိုမြင်ကွင်းအား တစ်ခါမှမမြင်ခဲ့ဖူးပေ။သူ့မျက်နှာမှာ အတော်လေးဖြူဖျော့နေပြီး လုပ်ကြံသူအား ပြန်လည်ကောင်းမွန်လာစေရန် နာခံစွာဖြင့် အိပ်ရာထဲမှာသာလှဲနေစေသည်။
အားဆေးအမျိုးအစားပေါင်းစုံအား သူ့အတွက် ရေနွေးဖြင့်ထည့်ပြုတ်ထားပြီး ဆေးတစ်စက်မှမကျန်အောင်အကုန်သောက်ပြီးသည့်အချိန်ထိတိုင် သူ့မှာ စောင့်ကြည့်နေခြင်းကိုပင်ခံနေရ၏။သူ လက်ကိုဆန့်ထုတ်လိုက်ပါက အဝတ်အစားတွေဝတ်ပေးခြင်းခံရမည်၊ ပါးစပ်သာဟလိုက်ပါက အစားအစာများရောက်လာလိမ့်မည်ပင်။ဘာမှလုပ်စရာမရှိသည့်နေ့များက အလွန်သက်တောင့်သက်သာဖြစ်နေတာတောင် ဒီလိုအကျင့်ပျက်လူနေမှုပုံစံကြီးသည် သူ့အတွက်တော့အနည်းငယ် မကျွမ်းဝင်ဘဲရှိလှသည်။ပထမဆုံးနှစ်ရက်ကဆိုလျှင် ဝတ္ထုဆန်သလိုခံစားနေရသော်လည်း နောက်ပိုင်းမှာတော့ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် မသက်မသာဖြစ်လာရသည်။
"ကျွန်တော် အခုတကယ်အဆင်ပြေပါပြီ"
လုပ်ကြံသူဟာ သက်သေပြဖို့အတွက် ရုန်းကန်လိုက်၏။
"ကျွန်တော် လေ့ကျင့်ခန်းလုပ်ဖို့ ခြံထဲမှာလမ်းနည်းနည်းလျှောက်ချင်တယ်၊ အိပ်ရာထဲမှာပဲ ရက်အကြာကြီးနေနေရတော့ ကျွန်တော့်အရိုးတွေတောင် တဖြည်းဖြည်းနဲ့လျော့ရဲလာပြီ"
"ဒါပေမဲ့ ကိုယ်ထင်တာတော့ မင်းအရေပြားကအရိုက်ခံချင်လို့ယားယံနေတဲ့ပုံပဲ"
ကျောက်ဟွိုင်က သူ့ကိုအေးစက်စွာ ကြည့်လာသည်။
လုပ်ကြံသူမှာ ကြောက်သွားရပြီး စကားလုံးများကိုချက်ချင်းပြောင်းပစ်လိုက်၏။
"တကယ်တော့ အဲ့လောက်လဲ ကျွန်တော်အပြင်ထွက်ဖို့မလိုသေးပါဘူး၊ အိပ်ရာထဲမှာလှဲနေရတာပဲ ကောင်းတယ်၊ အရမ်းကောင်းတယ်"
ကျောက်ဟွိုင်မှာ စိတ်ကျေနပ်သွား၏။ကျောက်ဖေးရွှမ်းဆေးသောက်နေသည်ကို သူစောင့်ကြည့်နေပြီးနောက် သစ်သီးခြောက်များထည့်ထားသည့် ပန်းကန်ပြားတစ်ခုအား ယူသွားပေးလိုက်သည်။အခြောက်ခံထားသည့်ပန်းသီးများမှာ သကြားလွှာခပ်ပါးပါးလေးဖြင့်ဖုံးအုပ်ထားရာ ရနံ့မှာအထူးချိုမြိန်လှ၏။
လုပ်ကြံသူသည် သစ်သီးခြောက်နှစ်ခုအား သူ့ပါးစပ်ထဲအပြည့်ထိုးသိပ်လိုက်ရင်း ပျော်ပျော်ကြီး ဝါးစားတော့သည်။မမျှော်လင့်စွာပဲ သူ့ကိုပထမဆုံးအနေဖြင့် သစ်သီးခြောက်ချိုချိုလေးပေးလာသူမှာ သူ့ဇနီးမဟုတ်ပါဘဲ ကံမကောင်းသည့်အလုပ်ရှင်ဖြစ်နေသည်။သို့သော်လည်း ဒါကိုအလုပ်တွင်းမတော်တဆဟုသတ်မှတ်၍ရသည့်အတွက် ကံမကောင်းသည့်အလုပ်ရှင်ဟာ သူ့ကိုပိုပြီးကောင်းကောင်းမွန်မွန်ဆက်ဆံသင့်သည်ပင်။
ဆိုတော့၊ ဒီအလုပ်တွင်းမတော်တဆမှုကဘယ်လိုဖြစ်လာခဲ့တာလဲ?
မနေ့ညက အိမ်တော်ထဲကို အနက်ရောင်အဝတ်အစားဝတ်ဆင်ထားသည့် လုပ်ကြံသူတစ်ယောက် ခိုးဝင်လာခဲ့သည်။ဖိတ်ခေါ်မထားသည့်ဧည့်သည်၏ ကိုယ်ခံပညာမှာ အလွန်မြင့်မားသော်လည်း သူ့၏လှုပ်ရှားမှုများက ပုံမှန်လုပ်ကြံသူများကဲ့သို့ ပေါ့ပါးလျင်မြန်မနေပေ။ကြည့်ရသည်မှာ အသက်အရွယ်ကြောင့်ဖြစ်နိုင်၏။လုပ်ကြံသူ၏ ကျွမ်းကျင်မှုအရဆိုပါက သူဒဏ်ရာမရသွားခဲ့သင့်ပေ။
ဖိတ်ခေါ်မထားသည့်ဧည့်သည်မှာ ရုပ်ဖျက်ထားပါသော်ငြား ၁၅နှစ်လောက်သိကျွမ်းခဲ့သည့်တစ်စုံတစ်ယောက်အနေနှင့် လုပ်ကြံသူက သူ့၏အရင်ကဆရာကို အဘယ်သို့မမှတ်မိဘဲနေနိုင်မည်နည်း?
ဒီ၁၅နှစ်အတွင်း လုပ်ကြံသူ၏ဆရာဖြစ်သူက သူ့ကိုကောင်းမွန်စွာမဆက်ဆံခဲ့သော်ငြား ထိုသူက သူ့ဆရာဖြစ်နေဆဲ၊ သူ ယနေ့ထိ သိရှိခဲ့သမျှအရာများအား သင်ကြားပေးခဲ့သူဖြစ်ပြီး ဖျားနာမှုကြောင့် သူသေလုမတတ်ဖြစ်နေခဲ့ချိန်တွင် သူ့အား ဆေးတစ်ခွက်ယူဆောင်လာပေးသူလဲဖြစ်သည်။
လုပ်ကြံသူတွေဝေသွားရစဉ် သူ့ဆရာ၏ဓားသွားက လှည့်သွားပြီး ကျောက်ဟွိုင်ဆီသို့ဦးတည်သွားခဲ့သည်။
ထိုသေရေးရှင်ရေးအခိုက်အတန့်၌ လုပ်ကြံသူမှာတွေးတောနေဖို့အချိန်မရှိပေ။သူ့ကိုယ်သူပစ်ဝင်လိုက်ပြီး ကျောက်ဟွိုင်ဆီဦးတည်နေသည့်ဓားအား တားဆီးပစ်လိုက်၏။မည်သို့ပင်ဖြစ်စေ သူဟာ ကျောက်ဟွိုင်ငှားထားသည့် ဈေးကြီးသည့်ကိုယ်ရံတော်တစ်ဦးဖြစ်နေဆဲပင်။တစ်လကို ငါးသောင်းတောင်မှလေ!
လုပ်ကြံသူမှာဒဏ်ရာရသွားခဲ့သော်လည်း အပြန်အလှန်အနေဖြင့် သူ့ဆရာဖြစ်သူ၏လက်မောင်းကိုလဲ ဒဏ်ရာပြန်ရသွားစေခဲ့သည်။ထို့နောက် ရန်ပွဲအားကြားလိုက်ရ၍ထွက်လာကြသော ကိုယ်ရံတော်အုပ်စုလိုက်ကြီးမှာ ဆရာအိုကြီးကိုအင်အားသုံးပြီး လျင်မြန်စွာဖမ်းဆီးလိုက်ကြသည်။
ကျောက်ဟွိုင်သည် လုပ်ကြံသူအား ကူထိန်းပေးလိုက်ရင်း သူ့လက်ထဲမှသွေးများအား ကြောက်လန့်တကြားကြည့်လိုက်မိ၏။
ကံကောင်းစွာပင် အိမ်တော်ထဲ၌ သမားတော်တစ်ဦးရှိသည့်အတွက် သူ့ဒဏ်ရာကိုဂရုတစိုက်ကုသဖို့ရန် လျင်မြန်စွာခေါ်ဆောင်သွားကြသည်။
ဒဏ်ရာမှာနက်သော်ငြား ကိုယ်တွင်းကလီစာများကို မပျက်စီးစေကြောင်းကြားလိုက်ရသည့်အခါ ကျောက်ဟွိုင်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။ထိုအချိန်မှသာ သူ့ခန္ဓာကိုယ်ကိုချွေးအေးများဖြင့် ဖုံးလွှမ်းနေမှန်းခံစားလိုက်ရပြီး ချမ်းစိမ့်စိမ့်ဖြစ်သွားရ၏။
ကျောက်ဟွိုင်သည် လုပ်ကြံသူအား နှစ်နာရီမျှစောင့်ကြည့်နေခဲ့ပြီး တစ်ဖက်လူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်အချိန်တိုင်အောင် စောင့်နေပေးခဲ့သည်။ပြီးမှ ယနေ့ည၏လုပ်ကြံသူကို စုံစမ်းစစ်ဆေးဖို့အတွက် ထွက်လာခဲ့၏။တကယ်က စုံစမ်းစစ်ဆေးစရာတောင် လိုမနေ၊ သူခန့်မှန်းထားနှင့်ပြီးဖြစ်သည်။
"ခင်ဗျားက မင်းသားအန်ရဲ့အုပ်စုဟောင်းထဲကမလား"
"ဟုတ်တယ်"
လုပ်ကြံသူဆရာအိုကြီးမှာ သူ့ပစ်မှတ်ကိုသတ်ဖို့အတွက်ရှုံးနိမ့်သွားခဲ့ပြီး သူ့တွင်မျှော်လင့်ချက်မရှိတော့မှန်းသိနေခဲ့သည်။သူ့တစ်ကိုယ်လုံးမှာ ကျရှုံးသွားပုံပေါ်နေ၏။
မင်းသားအန်၏မယ်တော်မှာ သူ့ကျေးဇူးရှင်ဖြစ်ခဲ့ဖူးပြီး သူမ နာမကျန်းမှုကြောင့်မကွယ်လွန်ခင် သူမ၏သားကိုစောင့်ရှောက်ပေးဖို့အတွက် သူ့ကိုအနူးအညွှတ်တောင်းဆိုခဲ့၏။ကျေးဇူးပြန်ဆပ်ရန်အတွက် မင်းသားအန်၏အိမ်တော်တွင်သူနေခဲ့ပြီး ထိုသူ သူ့ကိုအမိန့်ပေးစေခိုင်းသည့်အရာရာတိုင်းကိုလည်း ခိုင်းစေခွင့်ပြုခဲ့သည်။သူ့ဘဝတစ်ခုလုံးကိုသုံး၍ ထိုသူ့ လမ်းတစ်လျှောက်ရှိနေသည့် အတားအဆီးအားလုံးကို အဝေးသို့ရှင်းထုတ်ပေးခဲ့ရသည်။
မင်းသားအန်မှာ ရက်စက်ပြီးစာနာစိတ်မရှိသော်ငြား သူသည် ထိုကလေး တဖြည်းဖြည်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသည်။မင်းသားအန် ထီးနန်းကိုသိမ်းပိုက်ဖို့ကျရှုံးသွားချိန်တွင် ထိုသူဟာ ဘုရင်နှင့်မင်းသားဟွိုင်ဖြစ်သူ ကျောက်ဟွိုင်၏ လျှို့ဝှက်စွာရှင်းပစ်ခြင်းကိုခံခဲ့ရသည်။အပြင်လောကကြီးတွင်မူ ထိုသူဟာ နာမကျန်းမှုကြောင့်ဆုံးပါးသွားသည်ဟုသာ ကြေငြာခဲ့ကြ၏။
တင်းကြပ်စွာစောင့်ကြပ်ထားသော တော်ဝင်နန်းတော်ထဲသို့သူမ၀င်နိုင်သော်လည်း ရန်သူနှစ်ဦးထဲမှတစ်ဦးကိုဖယ်ထုတ်နိုင်သရွေ့ လုံလောက်နေပြီဖြစ်သည်။သို့သော် သူပျိုးထောင်ခဲ့ပြီး သူ့ကိုယ်တိုင်သွန်သင်ဆုံးမခဲ့ဖူးသည့် တပည့်ဖြစ်သူမှာ မင်းသားဟွိုင်၏အိမ်တော်တွင် နေထိုင်နေကြောင်းကိုနှစ်ပေါင်းတစ်သန်းကြာသွားရင်တောင် သူတစ်ခါမှမျှော်မှန်းထားမိမည်မဟုတ်ပါချေ။သူသည် အသက်မငယ်တော့သည့်အတွက် သူ့ဓားသွားမှာနှေးကွေးနေကာ ငယ်ရွယ်စဉ်မှာတောင် ပထမတန်းစားဖြစ်နေသည့် တပည့်ဖြစ်သူနှင့်ပြိုင်ဘက်မဖြစ်နိုင်ပေ။
ကျောက်ဟွိုင်သည် အေးစက်စွာဖြင့် မျက်ဝန်းများကိုမှိတ်ချလိုက်၏။သူဒီလောက်ထိတော့ ခန့်မှန်းခဲ့ပြီးပြီပင်။ဒီလိုငြိမ်းချမ်းနေသည့်အချိန်တွင် မင်းသားအန်၏အုပ်စုဟောင်းမှလွဲ၍ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့အတွက် သူတို့အသက်များကို စွန့်စားမည့်လူမရှိပါချေ။သို့သော် မင်းသားအန်လိုလူမျိုးတွင် သူသေသွားပြီးတာတောင် သူ့အတွက်သေပေးမည့်လူရှိနေမည်ဟုတော့ သူမမျှော်မှန်းထားခဲ့မိပေ။
"သူ့ကို သတ်လိုက်တော့"
သူ အနောက်ကိုလှည့်လိုက်သည်။ထပ်မေးစရာဘာမှ ရှိမနေတော့ချေ။
"အရှင်"
ကျောက်ဟွိုင်အနောက်ကိုလှည့်လိုက်ရာ ဘယ်အချိန်ကထွက်လာမှန်းမသိသည့် အိပ်ရာထဲမှာအနားယူနေသင့်သော လုပ်ကြံသူကိုတွေ့လိုက်ရသည်။ထိုသူမှာ သူ့ရှေ့တွင် ဒူးထောက်လိုက်ရင်း၊
"အရှင် သူ့အသက်ကိုချမ်းသာပေးနိုင်မလား"
ဤသည်မှာထိုသူ တရားဝင်အသုံးအနှုန်းဖြင့်ပြောဆိုနေသည်ကို ကျောက်ဟွိုင် ပထမဆုံးမြင်တွေ့ဖူးခြင်းပင်။သူပြောပြီးပြီးချင်းမှာပဲ သူ့ရင်ဘတ်ရှိဒဏ်ရာမှာပွင့်သွားပြီး ဝတ်ရုံကိုဖြတ်လျက် သွေးများဖြင့်ရွှဲနစ်သွားတော့၏။ကျောက်ဟွိုင်သည် အေးစက်နေသည့်မျက်နှာထားဖြင့် သူ့ကိုကူညီပေးလိုက်ပြီး၊
"ဘာဖြစ်လို့လဲ၊ မင်းသူ့ကိုသိလို့လား"
"မှန်ပါတယ်၊ ကျွန်တော်အရင်ကအရမ်းဆင်းရဲတယ်ဆိုတာ ပြောပြဖူးတယ်မလား၊ ဘယ်သူ့မှ ကျွန်တော့်ကိုမလိုချင်ခဲ့ကြဘူး၊ ကျွန်တော် လက်ထဲမှာပိုက်ဆံပြတ်ပြီး ဆာလောင်မှုဒဏ်ကြောင့်သေတော့မလိုဖြစ်နေတဲ့အချိန်မှာ ဒီလူကဖြတ်သွားပြီး ကျွန်တော့်ကို အရမ်းကိုကြီးတဲ့ ပေါက်စီကြီးတစ်လုံးပေးခဲ့ဖူးတာ..."
လုပ်ကြံသူ အများကြီးပြောလေလေ၊ကျောက်ဟွိုင်၏မျက်နှာက ပိုပြီးမည်းလာလေလေပင်။နောက်ဆုံးမှာတော့ သူရိုးသားဖို့သာတတ်နိုင်တော့သည်။
"တကယ်တော့ သူက ကျွန်တော့်ရဲ့အရင်ကဆရာပါ၊ ကျွန်တော်က မင်းသားအန်ရဲ့အိမ်တော်က လုပ်ကြံသူဖြစ်ခဲ့ဖူးတယ်၊ သူဆုံးသွားတော့ ကျွန်တော်အခွင့်အရေးယူပြီးထွက်ပြေးလာခဲ့တာ"
သူသည် အလွန်ဖြောင့်မှန်စွာပြောနေ၏။ကျောက်ဟွိုင်သူ့ပါးစပ်ကို ဖွင့်ဟသည်ကိုပင် စောင့်မနေဘဲ သူရင်ဘတ်ကိုမြှင့်ကာကိုင်ထားလိုက်ရင်း သူ့အဝတ်များအပေါ်မှအနီရောင်အကွက်များကို ဖော်ထုတ်လိုက်တော့သည်။
"ကျွန်တော့် ဒဏ်ရာက ခင်ဗျားအတွက်ပါ၊ ခင်ဗျားအကောင်းကို အဆိုးနဲ့ပြန်ပေးဆပ်လို့မရဘူး၊ ကူးပြီးသွားမှ တံတားကိုဖျက်ချချင်လို့မရဘူးလေ!"
အဝတ်ဖြူများကို တမင်တကာလဲလိုက်တာက တကယ့်ကိုအသုံးဝင်လေခြင်း!အဖြူရောင်အင်္ကျီ၌ သွေးကွက်ကြီးဖြင့်ရွှဲနစ်နေပြီး ကြည့်ရသည်မှာ တကယ့်ကိုဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည်။ကံမကောင်းသည့်အလုပ်ရှင်မှာ သူ့ကိုအပြစ်ပေးလိုစိတ်မရှိတော့ပေ။
ကျောက်ဟွိုင် ခေါင်းကိုက်သွားရသည်။ဒီဝက်ခေါင်းဟာ အလွန်ကိုတုံးအပြီး ခေါင်းလဲမာလှ၏။သို့သော် ဘယ်လိုဖြစ်မှန်းမသိ၊ သူ့မိုက်မဲမှုက နည်းနည်းလေး ချစ်ဖို့ကောင်းသည်ဟု သူခံစားမိသည်။
နစ်နာသူ*(ကျောက်ဖေးရွှမ်း)က ပြောနှင့်ပြီးဖြစ်သော်လည်း သူသဘောမတူနိုင်ပေ။ဆရာဖြစ်သူ၏ လက်မောင်းတစ်ဖက်မှာ သုံးမရဖြစ်သွား၍သာ သူလွှတ်ပေးလိုက်ခြင်းဖြစ်၏။
"သွားရအောင်"
လုပ်ကြံသူမှာ ဒီတစ်ခါတော့ အလွန်နာခံနေသည်။ကျောက်ဟွိုင်အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်နှင့် သတို့သမီးငယ်လေးကဲ့သို့ သူ့နောက်က ချက်ချင်းလိုက်လာတော့၏။
သမားတော်သည် လုပ်ကြံသတ်ဖြတ်သူ၏ဒဏ်ရာကို ပတ်တီးစည်းပေးရန် အရေးပေါ်ခေါ်ဆောင်ခြင်းမပြုလုပ်မီ ငါးမိနစ်မျှပင် အနားယူရခြင်းမရှိခဲ့ပေ။သူ့ကို ကောင်းကောင်းအနားယူဖို့ သတိပေးခဲ့ပြီး နောက်ဆုံးမှာတော့ သူပြန်လာနိုင်ခဲ့၏။
"ကိုယ်မှတ်မိတာမမှားဘူးဆိုရင် မင်းရဲ့ဝတ်စုံက အစက အနက်ရောင်ပါ"
ကျောက်ဟွိုင် ပြောလိုက်ရင်း လုပ်ကြံသူကိုဝေ့ကြည့်လိုက်သည်။
လုပ်ကြံသူသည် အိပ်ရာထောင့်နားသို့ လျင်မြန်စွာပြေးသွားလိုက်ရင်း ကိုးရိုးကားယားနိုင်စွာ ရယ်မောလိုက်၏။
"အဲ့တစ်ခုက ညစ်ပတ်နေလို့"
ဒီလိုအရေးတကြီးအချိန်မှာတောင် ညစ်ပတ်သည့်အဝတ်အစားများကိုလဲဖို့ သူက သတိရနေတုန်းပင်။ကျောက်ဟွိုင်သည် အေးစက်စွာရယ်မောလိုက်ရင်း လုပ်ကြံသူ၏ပါးကိုညှစ်လိုက်၏။သို့သော်ငြား သူ့ကိုအလွတ်မပေးပါချေ။
"နောက်တစ်ခါခွင့်ပြုချက်မရှိဘဲ အိပ်ရာပေါ်က ထပ်ဆင်းရဲဆင်းကြည့်၊ ကိုယ် မင်းခြေထောက်တွေကိုချိုးပစ်မယ်"
လုပ်ကြံသူသည် ကြောက်လန့်တကြားဖြင့် သူ့ခြေထောက်များကိုလှမ်းဖက်လိုက်ရင်း သူ့မျက်လုံးများမှာလဲ ပြူးကျယ်ကုန်၏။
"ခင်ဗျားရဲ့ကယ်တင်ရှင်ကို ဒီလိုနည်းနဲ့ဆက်ဆံတာလား၊ ခင်ဗျားက ဘယ်လိုတောင် ဒီလောက်ထိရက်စက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိရတာလဲ?"
"ဘာလို့မရရမှာလဲ?"
ကျောက်ဟွိုင်သည် တခြားပါးတစ်ဖက်ကိုထပ်ညှစ်လိုက်ရင်း၊
"မင်း ကိုယ့်ကိုသိလာတာ ဒါကပထမဆုံးနေ့မလို့လား၊ ပြီးတော့ မင်းက မင်းသားအန်ရဲ့အုပ်စုဟောင်းထဲမှာတောင် ပါလိုက်သေးတယ်၊ မင်းကြည့်နေပေါ့၊ကိုယ်မပျော်တော့တဲ့ တစ်နေ့ကျရင်..."
"အိုင်းယား အဲ့လိုနာကျင်စရာစကားတွေမပြောပါနဲ့"
လုပ်ကြံသူသည် ကျောက်ဟွိုင်၏လက်မောင်းကို တင်းကြပ်စွာဖက်တွယ်လိုက်ရင်း ခေါင်းစဉ်ကိုပြောင်းလိုက်၏။
"ဒီကိတ်မုန့်က တကယ်အရသာရှိတယ်၊ စားတော်ကဲရဲ့အရည်အချင်းတွေက တကယ်ကြီးတိုးတက်လာတာပဲ၊ ခင်ဗျားလဲ စားကြည့်သင့်တယ်"
"ဟမ့်" ကျောက်ဟွိုင် သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး လုပ်ကြံသူကျွေးသည့်မုန့်ကို ကိုက်လိုက်ရာ နောက်ဆုံးမှာတော့ သူ့မျက်နှာထက်တွင် အပြုံးသေးသေးလေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
လုပ်ကြံသူသည် သက်ပြင်းမောတစ်ချက်ကို ချလိုက်၏။တကယ်တော့ သူဟာ သေခြင်းတရားကိုကြောက်ရွံ့ပြီး ချစ်လှစွာသော ဘဝကိုတွယ်တာသူဖြစ်သည်။ကျောက်ဟွိုင်အား သူ့၏အထောက်အထားကိုထုတ်ဖော်ပြသပြီး သူ့အရင်ကဆရာအတွက် သနားညှာတာမှုကိုတောင်းခံခဲ့ခြင်းမှာ ကျောက်ဟွိုင်က သူ့ကိုမသတ်ဘူးဆိုသည်ကို ယုံကြည်၍ပင်။
ကံမကောင်းသည့် ဒီအလုပ်ရှင်သည် အသွင်အပြင်မှာ ရက်စက်ပုံရပြီး ထူးဆန်းသောတောင်းဆိုမှုများစွာရှိသော်ငြား သူ့ကို အလွန်ကောင်းမွန်စွာဆက်ဆံသူဖြစ်၏။သူဒဏ်ရာရသွားစဉ်က ကံမကောင်းသည့်အလုပ်ရှင်မှာ သူ့စိတ်ဝိညာဉ်ကိုပင်ဆုံးရှုံးသွားပုံပေါ်နေခဲ့သည်။
လုပ်ကြံသူသည် သူ့၏နီရဲနေသောပါးပြင်များကို ကိုင်ရင်း တခစ်ခစ်ခိုးရယ်လိုက်၏။
အရင်ကဆရာဟောင်းကို လွှတ်ပေးလိုက်ခြင်းသည် အကြွေးဆပ်ခြင်းဟုလဲ မှတ်ယူနိုင်သည်။တကယ်တော့ ဒီဓားတစ်ချက်သည် သူ့အသက်ကိုပင်နှုတ်ယူသွားနိုင်ပါ၏။
\
Zawgyi
• ဒဏ္ရာရျခင္း
ဘဝဆိုသည္မွာ ဤသို႔ပင္။ေကာင္းမြန္သည့္အရာမ်ားကို သင္ဆုေတာင္းပါက ဘယ္ေတာ့မွျဖစ္မလာေသာ္ျငား မေကာင္းသည့္အရာမ်ားကိုေတြးလိုက္ပါက ၎တို႔မွာခ်က္ခ်င္းကိုအက်ိဳးေပးလာလိမ့္မည္။ဥပမာေျပာရပါက လုပ္ႀကံသူဟာ ခ်မ္းသာလာဖို႔အတြက္ ေန႕တိုင္းေတြးေသာ္လည္း ဘယ္ေတာ့မွျဖစ္မလာခဲ့ေပ။မေန႕က ဒဏ္ရာရတာႏွင့္ပတ္သတ္ၿပီး ဘာရယ္မဟုတ္ေတြးလိုက္မိ႐ုံသာရွိေသး၊ ဒီေန႕ သူတကယ္ႀကီး ဓားထိုးခံလိုက္ရသည္။
၎ဒဏ္ရာမွာ နက္လဲနက္၏။လက္ေခ်ာင္းသုံးေခ်ာင္းစာမွ်ရွိသည့္ဓားရွည္မွာ သူ႕ရင္ဘတ္ကိုေဖာက္ဝင္သြားၿပီးသူ႕ခႏၶာကိုယ္အား ျဖတ္သြားလုမတတ္ပင္။ကံေကာင္းစြာပဲ ကိုယ္တြင္းအဂၤါမ်ားမွာ မပ်က္စီးသြားေပ။မည္သို႔ပင္ျဖစ္ေစ ဒဏ္ရာရထားသည့္ေနရာမွာ အနည္းငယ္ အႏၱရာယ္မ်ားသျဖင့္ ေသြးမ်ားစြာကိုထြက္ေစၿပီး နည္းနည္းေတာ့ ေၾကာက္စရာေကာင္းေနပုံေပၚသည္။
ပတ္တီးစည္းၿပီးသြားသည့္အခါ သူအေတာ္ေလးေကာင္းလာသလိုေတာင္ ခံစားရသည္။သူသည္ ေလ့က်င့္ေရးမ်ားလုပ္ခဲ့စဥ္ အေတာအတြင္း၌ ဒီထက္ပိုဆိုးသည့္ဒဏ္ရာမ်ားကိုပင္ အႀကိမ္အေတာ္မ်ားမ်ားရခဲ့ဖူးၿပီး ေတာင့္ခံနိုင္ခံဆဲသာျဖစ္သည္။ကံမေကာင္းသည့္အလုပ္ရွင္မွာ သူ႕ဘဝတစ္ေလွ်ာက္လုံး၌ အလိုလိုက္ျခင္းခံခဲ့ရသျဖင့္ ဒီလိုေသြးထြက္သံယိုျမင္ကြင္းအား တစ္ခါမွမျမင္ခဲ့ဖူးေပ။သူ႕မ်က္ႏွာမွာ အေတာ္ေလးျဖဴေဖ်ာ့ေနၿပီး လုပ္ႀကံသူအား ျပန္လည္ေကာင္းမြန္လာေစရန္ နာခံစြာျဖင့္ အိပ္ရာထဲမွာသာလွဲေနေစသည္။
အားေဆးအမ်ိဳးအစားေပါင္းစုံအား သူ႕အတြက္ ေရႏြေးျဖင့္ထည့္ျပဳတ္ထားၿပီး ေဆးတစ္စက္မွမက်န္ေအာင္အကုန္ေသာက္ၿပီးသည့္အခ်ိန္ထိတိုင္ သူ႕မွာ ေစာင့္ၾကည့္ေနျခင္းကိုပင္ခံေနရ၏။သူ လက္ကိုဆန႔္ထုတ္လိုက္ပါက အဝတ္အစားေတြဝတ္ေပးျခင္းခံရမည္၊ ပါးစပ္သာဟလိုက္ပါက အစားအစာမ်ားေရာက္လာလိမ့္မည္ပင္။ဘာမွလုပ္စရာမရွိသည့္ေန႕မ်ားက အလြန္သက္ေတာင့္သက္သာျဖစ္ေနတာေတာင္ ဒီလိုအက်င့္ပ်က္လူေနမႈပုံစံႀကီးသည္ သူ႕အတြက္ေတာ့အနည္းငယ္ မကြၽမ္းဝင္ဘဲရွိလွသည္။ပထမဆုံးႏွစ္ရက္ကဆိုလွ်င္ ဝတၳဳဆန္သလိုခံစားေနရေသာ္လည္း ေနာက္ပိုင္းမွာေတာ့ သူ႕ခႏၶာကိုယ္က တျဖည္းျဖည္းႏွင့္ မသက္မသာျဖစ္လာရသည္။
"ကြၽန္ေတာ္ အခုတကယ္အဆင္ေျပပါၿပီ"
လုပ္ႀကံသူဟာ သက္ေသျပဖို႔အတြက္ ႐ုန္းကန္လိုက္၏။
"ကြၽန္ေတာ္ ေလ့က်င့္ခန္းလုပ္ဖို႔ ၿခံထဲမွာလမ္းနည္းနည္းေလွ်ာက္ခ်င္တယ္၊ အိပ္ရာထဲမွာပဲ ရက္အၾကာႀကီးေနေနရေတာ့ ကြၽန္ေတာ့္အရိုးေတြေတာင္ တျဖည္းျဖည္းနဲ႕ေလ်ာ့ရဲလာၿပီ"
"ဒါေပမဲ့ ကိုယ္ထင္တာေတာ့ မင္းအေရျပားကအရိုက္ခံခ်င္လို႔ယားယံေနတဲ့ပုံပဲ"
ေက်ာက္ဟြိုင္က သူ႕ကိုေအးစက္စြာ ၾကည့္လာသည္။
လုပ္ႀကံသူမွာ ေၾကာက္သြားရၿပီး စကားလုံးမ်ားကိုခ်က္ခ်င္းေျပာင္းပစ္လိုက္၏။
"တကယ္ေတာ့ အဲ့ေလာက္လဲ ကြၽန္ေတာ္အျပင္ထြက္ဖို႔မလိုေသးပါဘူး၊ အိပ္ရာထဲမွာလွဲေနရတာပဲ ေကာင္းတယ္၊ အရမ္းေကာင္းတယ္"
ေက်ာက္ဟြိုင္မွာ စိတ္ေက်နပ္သြား၏။ေက်ာက္ေဖး႐ႊမ္းေဆးေသာက္ေနသည္ကို သူေစာင့္ၾကည့္ေနၿပီးေနာက္ သစ္သီးေျခာက္မ်ားထည့္ထားသည့္ ပန္းကန္ျပားတစ္ခုအား ယူသြားေပးလိုက္သည္။အေျခာက္ခံထားသည့္ပန္းသီးမ်ားမွာ သၾကားလႊာခပ္ပါးပါးေလးျဖင့္ဖုံးအုပ္ထားရာ ရနံ႕မွာအထူးခ်ိဳၿမိန္လွ၏။
လုပ္ႀကံသူသည္ သစ္သီးေျခာက္ႏွစ္ခုအား သူ႕ပါးစပ္ထဲအျပည့္ထိုးသိပ္လိုက္ရင္း ေပ်ာ္ေပ်ာ္ႀကီး ဝါးစားေတာ့သည္။မေမွ်ာ္လင့္စြာပဲ သူ႕ကိုပထမဆုံးအေနျဖင့္ သစ္သီးေျခာက္ခ်ိဳခ်ိဳေလးေပးလာသူမွာ သူ႕ဇနီးမဟုတ္ပါဘဲ ကံမေကာင္းသည့္အလုပ္ရွင္ျဖစ္ေနသည္။သို႔ေသာ္လည္း ဒါကိုအလုပ္တြင္းမေတာ္တဆဟုသတ္မွတ္၍ရသည့္အတြက္ ကံမေကာင္းသည့္အလုပ္ရွင္ဟာ သူ႕ကိုပိုၿပီးေကာင္းေကာင္းမြန္မြန္ဆက္ဆံသင့္သည္ပင္။
ဆိုေတာ့၊ ဒီအလုပ္တြင္းမေတာ္တဆမႈကဘယ္လိုျဖစ္လာခဲ့တာလဲ?
မေန႕ညက အိမ္ေတာ္ထဲကို အနက္ေရာင္အဝတ္အစားဝတ္ဆင္ထားသည့္ လုပ္ႀကံသူတစ္ေယာက္ ခိုးဝင္လာခဲ့သည္။ဖိတ္ေခၚမထားသည့္ဧည့္သည္၏ ကိုယ္ခံပညာမွာ အလြန္ျမင့္မားေသာ္လည္း သူ႕၏လႈပ္ရွားမႈမ်ားက ပုံမွန္လုပ္ႀကံသူမ်ားကဲ့သို႔ ေပါ့ပါးလ်င္ျမန္မေနေပ။ၾကည့္ရသည္မွာ အသက္အ႐ြယ္ေၾကာင့္ျဖစ္နိုင္၏။လုပ္ႀကံသူ၏ ကြၽမ္းက်င္မႈအရဆိုပါက သူဒဏ္ရာမရသြားခဲ့သင့္ေပ။
ဖိတ္ေခၚမထားသည့္ဧည့္သည္မွာ ႐ုပ္ဖ်က္ထားပါေသာ္ျငား ၁၅ႏွစ္ေလာက္သိကြၽမ္းခဲ့သည့္တစ္စုံတစ္ေယာက္အေနႏွင့္ လုပ္ႀကံသူက သူ႕၏အရင္ကဆရာကို အဘယ္သို႔မမွတ္မိဘဲေနနိုင္မည္နည္း?
ဒီ၁၅ႏွစ္အတြင္း လုပ္ႀကံသူ၏ဆရာျဖစ္သူက သူ႕ကိုေကာင္းမြန္စြာမဆက္ဆံခဲ့ေသာ္ျငား ထိုသူက သူ႕ဆရာျဖစ္ေနဆဲ၊ သူ ယေန႕ထိ သိရွိခဲ့သမွ်အရာမ်ားအား သင္ၾကားေပးခဲ့သူျဖစ္ၿပီး ဖ်ားနာမႈေၾကာင့္ သူေသလုမတတ္ျဖစ္ေနခဲ့ခ်ိန္တြင္ သူ႕အား ေဆးတစ္ခြက္ယူေဆာင္လာေပးသူလဲျဖစ္သည္။
လုပ္ႀကံသူေတြေဝသြားရစဥ္ သူ႕ဆရာ၏ဓားသြားက လွည့္သြားၿပီး ေက်ာက္ဟြိုင္ဆီသို႔ဦးတည္သြားခဲ့သည္။
ထိုေသေရးရွင္ေရးအခိုက္အတန႔္၌ လုပ္ႀကံသူမွာေတြးေတာေနဖို႔အခ်ိန္မရွိေပ။သူ႕ကိုယ္သူပစ္ဝင္လိုက္ၿပီး ေက်ာက္ဟြိုင္ဆီဦးတည္ေနသည့္ဓားအား တားဆီးပစ္လိုက္၏။မည္သို႔ပင္ျဖစ္ေစ သူဟာ ေက်ာက္ဟြိုင္ငွားထားသည့္ ေဈးႀကီးသည့္ကိုယ္ရံေတာ္တစ္ဦးျဖစ္ေနဆဲပင္။တစ္လကို ငါးေသာင္းေတာင္မွေလ!
လုပ္ႀကံသူမွာဒဏ္ရာရသြားခဲ့ေသာ္လည္း အျပန္အလွန္အေနျဖင့္ သူ႕ဆရာျဖစ္သူ၏လက္ေမာင္းကိုလဲ ဒဏ္ရာျပန္ရသြားေစခဲ့သည္။ထို႔ေနာက္ ရန္ပြဲအားၾကားလိုက္ရ၍ထြက္လာၾကေသာ ကိုယ္ရံေတာ္အုပ္စုလိုက္ႀကီးမွာ ဆရာအိုႀကီးကိုအင္အားသုံးၿပီး လ်င္ျမန္စြာဖမ္းဆီးလိုက္ၾကသည္။
ေက်ာက္ဟြိုင္သည္ လုပ္ႀကံသူအား ကူထိန္းေပးလိုက္ရင္း သူ႕လက္ထဲမွေသြးမ်ားအား ေၾကာက္လန႔္တၾကားၾကည့္လိုက္မိ၏။
ကံေကာင္းစြာပင္ အိမ္ေတာ္ထဲ၌ သမားေတာ္တစ္ဦးရွိသည့္အတြက္ သူ႕ဒဏ္ရာကိုဂ႐ုတစိုက္ကုသဖို႔ရန္ လ်င္ျမန္စြာေခၚေဆာင္သြားၾကသည္။
ဒဏ္ရာမွာနက္ေသာ္ျငား ကိုယ္တြင္းကလီစာမ်ားကို မပ်က္စီးေစေၾကာင္းၾကားလိုက္ရသည့္အခါ ေက်ာက္ဟြိုင္သည္ ေနာက္ဆုံးတြင္ စိတ္သက္သာရာရသြားၿပီး သက္ျပင္းခ်လိဳက္မိသည္။ထိုအခ်ိန္မွသာ သူ႕ခႏၶာကိုယ္ကိုေခြၽးေအးမ်ားျဖင့္ ဖုံးလႊမ္းေနမွန္းခံစားလိုက္ရၿပီး ခ်မ္းစိမ့္စိမ့္ျဖစ္သြားရ၏။
ေက်ာက္ဟြိုင္သည္ လုပ္ႀကံသူအား ႏွစ္နာရီမွ်ေစာင့္ၾကည့္ေနခဲ့ၿပီး တစ္ဖက္လူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည့္အခ်ိန္တိုင္ေအာင္ ေစာင့္ေနေပးခဲ့သည္။ၿပီးမွ ယေန႕ည၏လုပ္ႀကံသူကို စုံစမ္းစစ္ေဆးဖို႔အတြက္ ထြက္လာခဲ့၏။တကယ္က စုံစမ္းစစ္ေဆးစရာေတာင္ လိုမေန၊ သူခန႔္မွန္းထားႏွင့္ၿပီးျဖစ္သည္။
"ခင္ဗ်ားက မင္းသားအန္ရဲ႕အုပ္စုေဟာင္းထဲကမလား"
"ဟုတ္တယ္"
လုပ္ႀကံသူဆရာအိုႀကီးမွာ သူ႕ပစ္မွတ္ကိုသတ္ဖို႔အတြက္ရႈံးနိမ့္သြားခဲ့ၿပီး သူ႕တြင္ေမွ်ာ္လင့္ခ်က္မရွိေတာ့မွန္းသိေနခဲ့သည္။သူ႕တစ္ကိုယ္လုံးမွာ က်ရႈံးသြားပုံေပၚေန၏။
မင္းသားအန္၏မယ္ေတာ္မွာ သူ႕ေက်းဇူးရွင္ျဖစ္ခဲ့ဖူးၿပီး သူမ နာမက်န္းမႈေၾကာင့္မကြယ္လြန္ခင္ သူမ၏သားကိုေစာင့္ေရွာက္ေပးဖို႔အတြက္ သူ႕ကိုအႏူးအၫႊတ္ေတာင္းဆိုခဲ့၏။ေက်းဇူးျပန္ဆပ္ရန္အတြက္ မင္းသားအန္၏အိမ္ေတာ္တြင္သူေနခဲ့ၿပီး ထိုသူ သူ႕ကိုအမိန႔္ေပးေစခိုင္းသည့္အရာရာတိုင္းကိုလည္း ခိုင္းေစခြင့္ျပဳခဲ့သည္။သူ႕ဘဝတစ္ခုလုံးကိုသုံး၍ ထိုသူ႕ လမ္းတစ္ေလွ်ာက္ရွိေနသည့္ အတားအဆီးအားလုံးကို အေဝးသို႔ရွင္းထုတ္ေပးခဲ့ရသည္။
မင္းသားအန္မွာ ရက္စက္ၿပီးစာနာစိတ္မရွိေသာ္ျငား သူသည္ ထိုကေလး တျဖည္းျဖည္း ႀကီးျပင္းလာသည္ကို ေစာင့္ၾကည့္ခဲ့ရသည္။မင္းသားအန္ ထီးနန္းကိုသိမ္းပိုက္ဖို႔က်ရႈံးသြားခ်ိန္တြင္ ထိုသူဟာ ဘုရင္ႏွင့္မင္းသားဟြိုင္ျဖစ္သူ ေက်ာက္ဟြိုင္၏ လွ်ို႔ဝွက္စြာရွင္းပစ္ျခင္းကိုခံခဲ့ရသည္။အျပင္ေလာကႀကီးတြင္မူ ထိုသူဟာ နာမက်န္းမႈေၾကာင့္ဆုံးပါးသြားသည္ဟုသာ ေၾကျငာခဲ့ၾက၏။
တင္းၾကပ္စြာေစာင့္ၾကပ္ထားေသာ ေတာ္ဝင္နန္းေတာ္ထဲသို႔သူမ၀င္နိုင္ေသာ္လည္း ရန္သူႏွစ္ဦးထဲမွတစ္ဦးကိုဖယ္ထုတ္နိုင္သေ႐ြ႕ လုံေလာက္ေနၿပီျဖစ္သည္။သို႔ေသာ္ သူပ်ိဳးေထာင္ခဲ့ၿပီး သူ႕ကိုယ္တိုင္သြန္သင္ဆုံးမခဲ့ဖူးသည့္ တပည့္ျဖစ္သူမွာ မင္းသားဟြိုင္၏အိမ္ေတာ္တြင္ ေနထိုင္ေနေၾကာင္းကိုႏွစ္ေပါင္းတစ္သန္းၾကာသြားရင္ေတာင္ သူတစ္ခါမွေမွ်ာ္မွန္းထားမိမည္မဟုတ္ပါေခ်။သူသည္ အသက္မငယ္ေတာ့သည့္အတြက္ သူ႕ဓားသြားမွာႏွေးေကြးေနကာ ငယ္႐ြယ္စဥ္မွာေတာင္ ပထမတန္းစားျဖစ္ေနသည့္ တပည့္ျဖစ္သူႏွင့္ၿပိဳင္ဘက္မျဖစ္နိုင္ေပ။
ေက်ာက္ဟြိုင္သည္ ေအးစက္စြာျဖင့္ မ်က္ဝန္းမ်ားကိုမွိတ္ခ်လိဳက္၏။သူဒီေလာက္ထိေတာ့ ခန႔္မွန္းခဲ့ၿပီးၿပီပင္။ဒီလိုၿငိမ္းခ်မ္းေနသည့္အခ်ိန္တြင္ မင္းသားအန္၏အုပ္စုေဟာင္းမွလြဲ၍ သူ႕ကိုလုပ္ႀကံသတ္ျဖတ္ဖို႔အတြက္ သူတို႔အသက္မ်ားကို စြန႔္စားမည့္လူမရွိပါေခ်။သို႔ေသာ္ မင္းသားအန္လိုလူမ်ိဳးတြင္ သူေသသြားၿပီးတာေတာင္ သူ႕အတြက္ေသေပးမည့္လူရွိေနမည္ဟုေတာ့ သူမေမွ်ာ္မွန္းထားခဲ့မိေပ။
"သူ႕ကို သတ္လိုက္ေတာ့"
သူ အေနာက္ကိုလွည့္လိုက္သည္။ထပ္ေမးစရာဘာမွ ရွိမေနေတာ့ေခ်။
"အရွင္"
ေက်ာက္ဟြိုင္အေနာက္ကိုလွည့္လိုက္ရာ ဘယ္အခ်ိန္ကထြက္လာမွန္းမသိသည့္ အိပ္ရာထဲမွာအနားယူေနသင့္ေသာ လုပ္ႀကံသူကိုေတြ႕လိုက္ရသည္။ထိုသူမွာ သူ႕ေရွ႕တြင္ ဒူးေထာက္လိုက္ရင္း၊
"အရွင္ သူ႕အသက္ကိုခ်မ္းသာေပးနိုင္မလား"
ဤသည္မွာထိုသူ တရားဝင္အသုံးအႏႈန္းျဖင့္ေျပာဆိုေနသည္ကို ေက်ာက္ဟြိုင္ ပထမဆုံးျမင္ေတြ႕ဖူးျခင္းပင္။သူေျပာၿပီးၿပီးခ်င္းမွာပဲ သူ႕ရင္ဘတ္ရွိဒဏ္ရာမွာပြင့္သြားၿပီး ဝတ္႐ုံကိုျဖတ္လ်က္ ေသြးမ်ားျဖင့္႐ႊဲနစ္သြားေတာ့၏။ေက်ာက္ဟြိုင္သည္ ေအးစက္ေနသည့္မ်က္ႏွာထားျဖင့္ သူ႕ကိုကူညီေပးလိုက္ၿပီး၊
"ဘာျဖစ္လို႔လဲ၊ မင္းသူ႕ကိုသိလို႔လား"
"မွန္ပါတယ္၊ ကြၽန္ေတာ္အရင္ကအရမ္းဆင္းရဲတယ္ဆိုတာ ေျပာျပဖူးတယ္မလား၊ ဘယ္သူ႕မွ ကြၽန္ေတာ့္ကိုမလိုခ်င္ခဲ့ၾကဘူး၊ ကြၽန္ေတာ္ လက္ထဲမွာပိုက္ဆံျပတ္ၿပီး ဆာေလာင္မႈဒဏ္ေၾကာင့္ေသေတာ့မလိုျဖစ္ေနတဲ့အခ်ိန္မွာ ဒီလူကျဖတ္သြားၿပီး ကြၽန္ေတာ့္ကို အရမ္းကိုႀကီးတဲ့ ေပါက္စီႀကီးတစ္လုံးေပးခဲ့ဖူးတာ..."
လုပ္ႀကံသူ အမ်ားႀကီးေျပာေလေလ၊ေက်ာက္ဟြိုင္၏မ်က္ႏွာက ပိုၿပီးမည္းလာေလေလပင္။ေနာက္ဆုံးမွာေတာ့ သူရိုးသားဖို႔သာတတ္နိုင္ေတာ့သည္။
"တကယ္ေတာ့ သူက ကြၽန္ေတာ့္ရဲ႕အရင္ကဆရာပါ၊ ကြၽန္ေတာ္က မင္းသားအန္ရဲ႕အိမ္ေတာ္က လုပ္ႀကံသူျဖစ္ခဲ့ဖူးတယ္၊ သူဆုံးသြားေတာ့ ကြၽန္ေတာ္အခြင့္အေရးယူၿပီးထြက္ေျပးလာခဲ့တာ"
သူသည္ အလြန္ေျဖာင့္မွန္စြာေျပာေန၏။ေက်ာက္ဟြိုင္သူ႕ပါးစပ္ကို ဖြင့္ဟသည္ကိုပင္ ေစာင့္မေနဘဲ သူရင္ဘတ္ကိုျမႇင့္ကာကိုင္ထားလိုက္ရင္း သူ႕အဝတ္မ်ားအေပၚမွအနီေရာင္အကြက္မ်ားကို ေဖာ္ထုတ္လိုက္ေတာ့သည္။
"ကြၽန္ေတာ့္ ဒဏ္ရာက ခင္ဗ်ားအတြက္ပါ၊ ခင္ဗ်ားအေကာင္းကို အဆိုးနဲ႕ျပန္ေပးဆပ္လို႔မရဘူး၊ ကူးၿပီးသြားမွ တံတားကိုဖ်က္ခ်ခ်င္လို႔မရဘူးေလ!"
အဝတ္ျဖဴမ်ားကို တမင္တကာလဲလိုက္တာက တကယ့္ကိုအသုံးဝင္ေလျခင္း!အျဖဴေရာင္အကၤ်ီ၌ ေသြးကြက္ႀကီးျဖင့္႐ႊဲနစ္ေနၿပီး ၾကည့္ရသည္မွာ တကယ့္ကိုဝမ္းနည္းေၾကကြဲဖြယ္ေကာင္းလွသည္။ကံမေကာင္းသည့္အလုပ္ရွင္မွာ သူ႕ကိုအျပစ္ေပးလိုစိတ္မရွိေတာ့ေပ။
ေက်ာက္ဟြိုင္ ေခါင္းကိုက္သြားရသည္။ဒီဝက္ေခါင္းဟာ အလြန္ကိုတုံးအၿပီး ေခါင္းလဲမာလွ၏။သို႔ေသာ္ ဘယ္လိုျဖစ္မွန္းမသိ၊ သူ႕မိုက္မဲမႈက နည္းနည္းေလး ခ်စ္ဖို႔ေကာင္းသည္ဟု သူခံစားမိသည္။
နစ္နာသူ*(ေက်ာက္ေဖး႐ႊမ္း)က ေျပာႏွင့္ၿပီးျဖစ္ေသာ္လည္း သူသေဘာမတူနိုင္ေပ။ဆရာျဖစ္သူ၏ လက္ေမာင္းတစ္ဖက္မွာ သုံးမရျဖစ္သြား၍သာ သူလႊတ္ေပးလိုက္ျခင္းျဖစ္၏။
"သြားရေအာင္"
လုပ္ႀကံသူမွာ ဒီတစ္ခါေတာ့ အလြန္နာခံေနသည္။ေက်ာက္ဟြိုင္အၾကည့္တစ္ခ်က္ ပို႔လႊတ္လိုက္သည္ႏွင့္ သတို႔သမီးငယ္ေလးကဲ့သို႔ သူ႕ေနာက္က ခ်က္ခ်င္းလိုက္လာေတာ့၏။
သမားေတာ္သည္ လုပ္ႀကံသတ္ျဖတ္သူ၏ဒဏ္ရာကို ပတ္တီးစည္းေပးရန္ အေရးေပၚေခၚေဆာင္ျခင္းမျပဳလုပ္မီ ငါးမိနစ္မွ်ပင္ အနားယူရျခင္းမရွိခဲ့ေပ။သူ႕ကို ေကာင္းေကာင္းအနားယူဖို႔ သတိေပးခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူျပန္လာနိုင္ခဲ့၏။
"ကိုယ္မွတ္မိတာမမွားဘူးဆိုရင္ မင္းရဲ႕ဝတ္စုံက အစက အနက္ေရာင္ပါ"
ေက်ာက္ဟြိုင္ ေျပာလိုက္ရင္း လုပ္ႀကံသူကိုေဝ့ၾကည့္လိုက္သည္။
လုပ္ႀကံသူသည္ အိပ္ရာေထာင့္နားသို႔ လ်င္ျမန္စြာေျပးသြားလိုက္ရင္း ကိုးရိုးကားယားနိုင္စြာ ရယ္ေမာလိုက္၏။
"အဲ့တစ္ခုက ညစ္ပတ္ေနလို႔"
ဒီလိုအေရးတႀကီးအခ်ိန္မွာေတာင္ ညစ္ပတ္သည့္အဝတ္အစားမ်ားကိုလဲဖို႔ သူက သတိရေနတုန္းပင္။ေက်ာက္ဟြိုင္သည္ ေအးစက္စြာရယ္ေမာလိုက္ရင္း လုပ္ႀကံသူ၏ပါးကိုညွစ္လိုက္၏။သို႔ေသာ္ျငား သူ႕ကိုအလြတ္မေပးပါေခ်။
"ေနာက္တစ္ခါခြင့္ျပဳခ်က္မရွိဘဲ အိပ္ရာေပၚက ထပ္ဆင္းရဲဆင္းၾကည့္၊ ကိုယ္ မင္းေျခေထာက္ေတြကိုခ်ိဳးပစ္မယ္"
လုပ္ႀကံသူသည္ ေၾကာက္လန႔္တၾကားျဖင့္ သူ႕ေျခေထာက္မ်ားကိုလွမ္းဖက္လိုက္ရင္း သူ႕မ်က္လုံးမ်ားမွာလဲ ျပဴးက်ယ္ကုန္၏။
"ခင္ဗ်ားရဲ႕ကယ္တင္ရွင္ကို ဒီလိုနည္းနဲ႕ဆက္ဆံတာလား၊ ခင္ဗ်ားက ဘယ္လိုေတာင္ ဒီေလာက္ထိရက္စက္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိရတာလဲ?"
"ဘာလို႔မရရမွာလဲ?"
ေက်ာက္ဟြိုင္သည္ တျခားပါးတစ္ဖက္ကိုထပ္ညွစ္လိုက္ရင္း၊
"မင္း ကိုယ့္ကိုသိလာတာ ဒါကပထမဆုံးေန႕မလို႔လား၊ ၿပီးေတာ့ မင္းက မင္းသားအန္ရဲ႕အုပ္စုေဟာင္းထဲမွာေတာင္ ပါလိုက္ေသးတယ္၊ မင္းၾကည့္ေနေပါ့၊ကိုယ္မေပ်ာ္ေတာ့တဲ့ တစ္ေန႕က်ရင္..."
"အိုင္းယား အဲ့လိုနာက်င္စရာစကားေတြမေျပာပါနဲ႕"
လုပ္ႀကံသူသည္ ေက်ာက္ဟြိုင္၏လက္ေမာင္းကို တင္းၾကပ္စြာဖက္တြယ္လိုက္ရင္း ေခါင္းစဥ္ကိုေျပာင္းလိုက္၏။
"ဒီကိတ္မုန႔္က တကယ္အရသာရွိတယ္၊ စားေတာ္ကဲရဲ႕အရည္အခ်င္းေတြက တကယ္ႀကီးတိုးတက္လာတာပဲ၊ ခင္ဗ်ားလဲ စားၾကည့္သင့္တယ္"
"ဟမ့္" ေက်ာက္ဟြိုင္ သူ႕ပါးစပ္ကိုဖြင့္လိုက္ၿပီး လုပ္ႀကံသူေကြၽးသည့္မုန႔္ကို ကိုက္လိုက္ရာ ေနာက္ဆုံးမွာေတာ့ သူ႕မ်က္ႏွာထက္တြင္ အၿပဳံးေသးေသးေလးတစ္ခု ျဖစ္ေပၚလာခဲ့၏။
လုပ္ႀကံသူသည္ သက္ျပင္းေမာတစ္ခ်က္ကို ခ်လိဳက္၏။တကယ္ေတာ့ သူဟာ ေသျခင္းတရားကိုေၾကာက္႐ြံ႕ၿပီး ခ်စ္လွစြာေသာ ဘဝကိုတြယ္တာသူျဖစ္သည္။ေက်ာက္ဟြိုင္အား သူ႕၏အေထာက္အထားကိုထုတ္ေဖာ္ျပသၿပီး သူ႕အရင္ကဆရာအတြက္ သနားညွာတာမႈကိုေတာင္းခံခဲ့ျခင္းမွာ ေက်ာက္ဟြိုင္က သူ႕ကိုမသတ္ဘူးဆိုသည္ကို ယုံၾကည္၍ပင္။
ကံမေကာင္းသည့္ ဒီအလုပ္ရွင္သည္ အသြင္အျပင္မွာ ရက္စက္ပုံရၿပီး ထူးဆန္းေသာေတာင္းဆိုမႈမ်ားစြာရွိေသာ္ျငား သူ႕ကို အလြန္ေကာင္းမြန္စြာဆက္ဆံသူျဖစ္၏။သူဒဏ္ရာရသြားစဥ္က ကံမေကာင္းသည့္အလုပ္ရွင္မွာ သူ႕စိတ္ဝိညာဥ္ကိုပင္ဆုံးရႈံးသြားပုံေပၚေနခဲ့သည္။
လုပ္ႀကံသူသည္ သူ႕၏နီရဲေနေသာပါးျပင္မ်ားကို ကိုင္ရင္း တခစ္ခစ္ခိုးရယ္လိုက္၏။
အရင္ကဆရာေဟာင္းကို လႊတ္ေပးလိုက္ျခင္းသည္ အေႂကြးဆပ္ျခင္းဟုလဲ မွတ္ယူနိုင္သည္။တကယ္ေတာ့ ဒီဓားတစ္ခ်က္သည္ သူ႕အသက္ကိုပင္ႏႈတ္ယူသြားနိုင္ပါ၏။
\