Unicode
ဒီလက်ထပ်ဖို့ ဟာသက တကယ်ဖြစ်လာတာကိုမြင် တော့ ရှီးဝေက ထပ်ဝင်ပြောလာတော့သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကလေးကလားနဲ့ !"
"ကလေးကလား? လော့မိသားစုရဲ့အိမ်ထဲကိုဝင်ဖို့ ခင်ဗျားပဲ အတင်းအကြပ်တိုက်တွန်းနေတာမဟုတ် ဘူးလား? " ရှီယွင်နန် တည့်တည့်မတ်မတ် မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက လှောင်ပြောင်သရော်နေလေသည်။
"အစက ကျွန်တော် သဘောမတူပေမယ့် အန်တီရှီး က ကျွန်တော့်ကို စိတ်ပါလက်ပါ ဖြောင်းဖြခဲ့တာလေ။ အခုကျွန်တော်က လက်ခံပြီး သဘောတူပြန် တော့လည်း အန်တီက အပြေးလာပြီး တားတာပဲလား? ဘာလို့လဲ? အခုတော့ ဒီ 'ကောင်းချီး' ကိုအန်တီးရှီး က သူ့သားကို ပေးချင်တာမို့လို့များလား?
ထမင်းစားပွဲမှာ အတည်ပြုပြီးနောက်၊ ရှီယွင်နန် ဒီ မိသားစုရှိလူများကို အရမ်းကိုရွံရှာနေပြီ။ အခုအချိန်မှာတော့ သနားကြင်နာမှုမရှိဘဲ ပြောရတော့မှာပဲ။
ရှီးဝေရဲ့ နှလုံးသားထဲက လျှို့ဝှက်ချက်ကို ပြတ်ပြတ်သားသား ထိုးဖောက်ခံလိုက်ရတော့ သူမဟာ ရှက်ရွံ့စွာပဲ ဖြတ်ရိုက်ခံလိုက်လေတယ်။
"ယွင်နန်၊ ငါ့အမေက အဲ့လိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး၊ ငါ့ကို အထင်မလွဲပါနဲ့။" ရှီးခဲယွဲ့က သူ့အမေကို ခုခံကာကွယ်ပြောဆိုဖို့ ရှေ့တိုးလာပြီး အဓိက အချက်ကို ပြောချင်ရန် မိသားစုရှိ အကြီးအကဲများကိုကြည့်လိုက်ပြီး "ဒီလော့မိသားစုက အခြား လော့မိသားစုတွေနဲ့မတူဘူးလေ။ ကျင့်ဝတ် နဲ့လည်း မညီဘူးလေ ဟုတ်တယ်မလား?"
ဝါအရဆို လော့မိသားစုရဲ့ သခင်လေးက လော့လင်းရှန်းကို 'ဦးလေး' ဟုခေါ်ရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော လူအိုကြီးရှီလည်းနောက်ဆုံးတော့ ပြောလာလေပြီ။ "မစ္စတာ လော့၊ ကျွန်တော်တို့ရှီမိသားစုက ကလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဒုတိယသခင်လေးလော့နဲ့ သဘောတူထားပြီးနေပါပြီ။ မင်းကဒီလိုရုတ်တရက် လုပ်မယ်ဆိုရင်...စကားတွေ ပျံ့သွားရင် ကျွန်တော် တို့အတွက် ခက်ခဲသွားပါလိမ့်မယ်။"
ဓလေ့ထုံးတမ်းနဲ့ မညီဘူးဆိုပြီး လော့လင်းရှန်းကို ကြားဝင်ဖြေပေးသည်။
အဓိကအချက်က ရှီယွင်နန်သာ လော့မိသားစု သခင်လေးကို လက်ထပ်ပါက၊ ရှီမိသားစုသည် စီးပွားဖြစ်အကျိုးအမြတ်အချို့ကို ရှာရဲဆဲဖြစ်သည်။ သို့သော် ထိုအကြောင်းအရာက လော့လင်းရှန်းသို့ ပြောင်းသွားပါက၊ ဘယ်သူက ကျည်ဆန်ကို ကိုက် ပြီး အကျိုးခံစားခွင့်တွေ တောင်းရဲမှာလည်း?
"ခင်ဗျားတို့မိသားစုနှစ်စုက ဖိတ်စာမှ မပို့ရသေး ဘူး၊ စေ့စပ်ပွဲလည်း မကျင်းပရသေးဘူး။ ခင်ဗျားတို့သာ မဖြန့်ရင် စကားတွေက ဘယ်လိုလုပ်ပြန့်မှာလဲ?"
လော့လင်းရှန်းက သူ့မျက်လုံးတွေကို မော့လိုက်ပြီး သူ့စကားတွေထဲမှာ ဖိနှိပ်တဲ့စကားတွေပါနေကာ "တကယ်လို့ ပြန့်သွားတယ်ဆိုရင်တောင် ငါ့ လော့ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဘယ်သူက အတင်းအဖျင်းပြောရဲမှာလဲ?"
ရှီယွင်နန်သည် လော့လင်းရှန်းကို စိတ်ဝင်တစား စိုက်ကြည့်လေလေ၊ ဒီလူက သူ့အကြိုက်ဖြစ်လာလေလေဟု ပို ခံစားလာရသည်။ "အဘိုး၊ မစ္စတာလော့ နဲ့ ကျွန်တော်က အခု သဘောတူလိုက်ပြီ၊ ဒါက အရှက်ကွဲစရာ မဟုတ်ပါဘူး၊ ပျော်စရာကောင်းတဲ့ ကိစ္စပါ။"
သူ့နောက်ဆုံးစကားရဲ့ လေသံက အလိမ်အကောက် လေးတွေပါပြီး သူတို့ကို လှောင်ပြောင်နေသလိုပင်။
လူအိုကြီးရှီ ဒေါသထွက်လာပြီး "မင်း..."
"ကျွန်တော် ဒုတိယအိမ်ဘက်ကို ထိန်းထားလိုက်မှာမို့ သခင်ကြီးရှီကို အနှောင့်အယှက်မပေးတော့ပါဘူး" လော့လင်းရှန်းက သူ့ရဲ့ ရွှေကွပ်ထားသောမျက်မှန်ကို တပ်ကာ အဆုံးမရှိတဲ့ အတားအဆီးများကို ရပ်တန့်လိုက်သည်။
သူ့လက်ချောင်းထိပ်များက ဝီးချဲလ်လက်ရန်းကို ခေါက်နေပြီး
"ချင်ကျန်း"
"ခေါင်းဆောင် ၊ နားလည်ပါပြီ" အနီးနားရှိ ယဉ် ကျေးတဲ့ လက်ထောက်က အမြန်တုံ့ပြန်လာကာ နှစ်ဖက်လုံးအတွက် ရှင်းပေးလိုက်သည်။
လော့လင်းရှန်းက ဝီးချဲလ်ကို ပြန်လှည့်လိုက်ပြီး ရှီယွင်နန်ကို ကြည့်ကာ
"ဒုတိယသခင်လေးရှီရော ၊ လိုက်မလား?"
"လိုက်မယ်"
ရှီယွင်နန် ရိုးရိုးသားသား ပြန်ပြောပြီး နောက်ကိုလှည့်တောင်မကြည့်ဘဲ အိမ်အပြင်ကို လိုက်သွားလိုက် ၏။
လူအိုကြီးရှီသည် လူနှစ်ယောက်ရဲ့ တဖြည်းဖြည်းသွားနေတဲ့ ကျောပြင်ကို ကြည့်ကာ ပထမ အကြိမ် အဖြစ် နေမထိထိုင်မသာ ဖြစ်လာတော့သည်-
ရှီယွင်နန်နဲ့ ဒီမိသားစု ဆက်ဆံရေးသည် အချိန်အတော်ကြာအောင် နက်နက်ရှိုင်းရှိုင်းမရှိပေ။ အင်ပါယာမြို့တော်မှာ နာမည်ကြီးတဲ့ လော့လင်းရှန်း နဲ့ ဆက်ဆံရေးရှိခဲ့ရင်တောင် ရှီမိသားစုတစ်ခုလုံးက ကောင်းကင်ပေါ်တက်ဖို့ သူ့နောက်ကို လိုက်နိုင်မယ် လို့ မဆိုလိုနိုင်ဘူးလေ။
ဆန့်ကျင်ဘက်အနေနဲ့ ရည်မှန်းချက်ကြီးသော ရှီယွင်နန်က အနာဂတ်မှာ ရှီမိသားစုအတွက် အပြောင်းအလဲဖြစ်လာမှာကို သူကြောက်ရွံ့မိနေသည်။
"သခင်ကြီးရှီ။" လက်ထောက်ချင်ကျန်းက အနီရောင်စာအုပ်အထူကြီးတစ်အုပ်ကို ပေးလိုက်ပြီး "လက်ထပ် ခွင့်တောင်းတာ ရှင်းရှင်းလင်းလင်းဖြစ် သွားမှတော့ ၊ကျေးဇူးပြုပြီး ကျွန်တော်တို့မိသားစုခေါင်းဆောင်ရဲ့ လက်ဆောင်လေးကို လက်ခံပေးပါ။"
လူအိုကြီးရှီက လော့လင်းရှန်းဒါတွေ ပြင်ဆင်လာမယ်လို့တောင် မထင်ထားပေ။ သူကရှီရှန်းကို လက်ခံဖို့ ပြောနေရင်း
"ကျေးဇူး အရမ်းတင်ပါတယ်လို့ ကျေးဇူးပြုပြီး မစ္စတာလော့ကို ပြန်ပြောလိုက်ပါ။"
"ကျွန်တော်တို့ကို အလျင်စလို ကျေးဇူးတင်ဖို့ မလိုပါဘူး။" ချင်ကျန်း သူ့လက်ကို မြှောက်လိုက်ပြီး အပေါ်ယံ ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြလိုက်သည်။
"ခေါင်းဆောင်ပြောချင်တာက- ဒီလက်ထပ်သဘောတူညီမှုလက်ဆောင်ကို ဘယ်လိုသုံးရမလဲ၊ တစ်ခုခုပြောသင့်ရင်လည်း ဘယ်လိုပြောရမလဲဆိုတာကို သခင်ကြီရှီ စိတ်ထဲမှာ ကောင်းကောင်းသိနေသင့်ပါတယ်တဲ့"
ချင်ကျန်းက သူတို့ကို ဖိအားပေးဖို့ နှစ်စက္ကန့်လောက် ခဏရပ်လိုက်ပြီး "မဟုတ်ရင်တော့ ခေါင်းဆောင်ရဲ့ လက်ထပ်သဘောတူညီမှု လက်ဆောင်ကို ပြန်ပေးရနိုင်ပါတယ်၊ ပြီးတော့ ရှီမိသားစုရဲ့ ကုမ္ပဏီ ကနေ တခြားနည်းလမ်းနဲ့လည်း ပြန်ယူလို့ရတယ်။"
လူအိုကြီးရှီ ခန္ဓာကိုယ်တောင့်သွားပြီး "နားလည်ပါ ပြီ ကျေးဇူးပြုပြီး မစ္စတာလော့ ကို စိတ်ချပါလို့ ပြောလိုက်ပါ ။"
ချင်ကျန်း ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက် ပြီး လှည့်ထွက်သွားလိုက်သည်။
ရှီးဝေက သူ့ရင်ဘတ်ကို မဖိလိုက်မီ ထိုလူအဝေးကို ရောက်ဖို့ထိ စောင့်နေကာ " သူက လော့လင်းရှန်းဘေးက လက်ထောက်လေးတစ်ယောက် သာသာပဲလေ၊ လူတွေကို ကြောက်အောင် ဒီအရှိန်နဲ့ပြောရတာလဲ? ကျွန်မတို့ရှီမိသားစုက အနိုင်ကျင့်ဖို့လွယ် တယ်လို့ သူကထင်နေတာလား?"
"ပါးစပ် ပါတာ မင်းတစ်ယောက်တည်းလား? မင်းပြောလို့ ဝပြီလား!"
လူအိုကြီးရှီက သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး နောက်ဆုံးတွင် သူ့နှလုံးသားထဲတွင် ဒေါသများ စုပုံလာကာ သူ့မိသားစုပေါ် ပုံချတော့သည်။
"မင်းရဲ့ အသုံးမကျတဲ့ အကြံကိုကြည့်လိုက်စမ်း။ ရှီနဲ့လော့ စီးပွါးဖြစ်အကျိုးအမြတ်လဲတဲ့ အနေနဲ့ လက်ထပ်ခိုင်းမယ်ဆို? အခုမင်းလုပ်လိုက်ပြီးပြီလေ! ရန်မစသင့်တဲ့ လော့မိသားစုထဲက နောက်ဆုံးလူကို မင်းက ရန်သွားစလိုက်တာ? လက်ထောက် ပြောသွားတဲ့ အဓိပ္ပါယ်ကို မင်းနားမလည်ဘူးလား?"
ဒီအချိန်မှစ၍ လော့လင်းရှန်းက ရှီမိသားစုရဲ့ လှုပ် ရှားမှုတိုင်းကို စောင့်ကြည့်ရန် လူများကို လွှတ် ထားမှာပင်။
ဒီလက်ထပ်သဘောတူညီမှုလက်ဆောင်က ရိုးရှင်းတဲ့ အာလူးပူပဲ! ။ တစ်ခါတလေ မီးလောင်သွားနိုင်မည့် ဗုံးတစ်လုံးလိုပင်။
ရှီမိသားစုသာ ဒီအိမ်ထောင်ရေးမှာ ပြဿနာရှာရဲပါက ဒီနတ်ဘုရားကြီးက သူတို့ကို ခြေတစ်ချောင်းတည်းနဲ့ နင်းသွားနိုင်တယ်။
ဒီတစ်ခါတော့ သူ့ကိုယ်သူ ခြေဖဝါးအောက်ကို ပစ်ဝင်မိသွားတာပဲ။
လူအိုကြီးရှီ ဒီအကြောင်းကို ပိုတွေးလေ ပိုခံပြင်းလေလေပဲ ။ ဒါပေမယ့်လည်း ဒီကိစ္စမှာ သူ့အမှားကို ဝန်ခံလိုစိတ်မရှိပေ။ "ရှီးဝေ မင်းလိုတုံးအတဲ့ မိန်းမ စိတ်ထဲမှာ ဘာတွေတွေးနေမှန်း ငါမသိဘူး မထင်နဲ့!"
အဲ့ သခင်လေးလော့က မိန်းမလိုက်စားပြီး အမြဲယစ်မူးနေသော ရှိုးထုတ်လွန်းသူဖြစ်သည်။ ရှီယွင်နန် သာ သူနဲ့လက်ထပ်ရင် 'ကောင်းချီး' ဆိုတဲ့ စကားဟာ သူနဲ့ဘာမှဆိုင်တော့မှာမဟုတ်ဘူး။
"မင်း စင်ပေါ်တက်ဖို့ နိမ့်ကျသေးတယ်။ မင်းသာ သားကောင်းတစ်ယောက်မွေးထားတာ မဟုတ်ရင် မဒမ်ဆိုတဲ့ နေရာမှာ ထိုင်နေရမယ်များထင်နေလား?"
ကျိန်ဆဲသံသည် ကျယ်လောင်လှသည်၊ အခန်းထဲတွင် ပုန်းနေသော အစေခံများပင်တောင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ရှီးဝေရဲ့ မျက်နှာတစ်ခုလုံး ဖြူပြာသွားတော့သည် ။ သူမ မြေကြီးပေါ်မှာ တွင်းတူးပြီး ဝင်နေဖို့တောင် မစောင့်နိုင်တော့ပေ။
လူအိုကြီးရှီ နဲ့ သူ့ယောကျ်ား တစ်ယောက်ပြီး တစ်ယောက် ထွက်သွားတာစောင့်ပြီးမှ သူမမကျေမနပ်ပြောတော့သည် "ဝမ်မင်ဆိုတဲ့ မိန်းမက နာမည်ကြီး အမျိုးသမီး ဖြစ်ပေမယ့် အနှစ်နှစ်ဆယ်ရှိပြီပြာတောင်မကျန်ဘဲ သေသွားတာတော့ သနာစရာပဲ!"
ရှီးခဲယွဲ့ မျက်မှောင်ကြုတ်ကာ "အမေ! ဘာမှ မပြောနဲ့! "
"အမေ ဒေါသထွက်လွန်းလို့ပါ!" ရှီးဝေက အနားကို တိုးလာပြီး "သား၊ ဒီရှီယွင်နန်က ရုတ်တရက် မြင့် တဲ့နေရာကို တက်သွားရင် အမေတို့ ဘာလိုလုပ်ကြမလဲ? "
ရှီးခဲယွဲ့ရဲ့ မျက်လုံးများ ခဏတာပြောင်းလဲသွားပြီး စကားကို တောင့်တောင့်ကြီး ပြန်မပြောခင်ထိ အချိန်ခဏလောက်ကြာသွားသေးသည်။
"ဘာကိုစိုးရိမ်နေတာလဲ? တခြားသူတွေထက် ကိုယ့်ကိုယ်ကို အားကိုးတာက ပိုကောင်းတယ်။"
"အဘိုးက အမေ့ကို စိတ်ဆိုးနေလို့ ကြိမ်းမောင်းပေမယ့် အိမ်ကတော့ နှင်မထုတ်ပါဘူး။ အဆိုးဆုံးက ရှီအိမ်ကနေ အခုထွက်သွားရင်တောင် ကျွန်တော်အမေ့ကို ထောက်မပံ့နိုင်မှာ ကြောက်နေတာလား?"
ရှီးဝေ နားထောင်ပြီး ဂုဏ်ယူနေကာ "အမှန်ပဲ!"
သူ့ဘဝမှာ ဉာဏ်ကြီးရှင်အဖြစ် ကြီးပြင်းလာခဲ့တဲ့ သားလေးကို မွေးဖွားခဲ့တာပဲ။
ရှီးခဲယွဲ့ရဲ့ ထိုးထွင်းသိမြင်မှုက အလွန်ထက်မြက်သည်။ သူ တက္ကသိုလ်တက်နေတုန်းတောင် နည်းမျိုးစုံနဲ့ တိတ်တဆိတ် ပိုက်ဆံရှာနေနိုင်ပြီ။ သူဒီအချက် ကို လူအိုကြီးရှီကို ဖုံးကွယ်ထားသော်လည်း အမှန် တကယ်သူ့ရဲ့ လျှို့ဝှက်ပိုင်ဆိုင်မှုများကို မလျော့တွက်သင့်ဘူးလေ!!
တစ်နေ့လုံး စားမယ်သောက်မယ် အပျော်အပါးမက် တဲ့ ရှီယွင်နန်က သူ့သားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?
......
ကားက ရှီအိမ်ထဲကနေ မောင်းထွက်သွား၏။
ရှီယွင်နန် သွက်လတ်စွာ ပြုံးလိုက်ပြီး ဘေးက လော့လင်းရှန်းကို ပြောလိုက်လေသည်။
"ပူးပေါင်းဆောင်ရွက်မှုအတွက် မစ္စတာလော့ကို ကျေးဇူးတင်ချင်ပါတယ်၊ မဟုတ်လို့ကတော့ ကျွန် တော် အဘိုးကြီးနဲ့ ခဏလောက်တော့ ရုန်းကန်နေရအုံးမှာ။"
သူ့အကြည့်တွေက ကားပြတင်းပေါက်ကနေ အပြင် ဘက်ကို ကြည့်ကာ ကားမောင်းနေတဲ့ ချင်ကျန်းကို ပြောလိုက်၏။
"လက်ထောက်အစ်ကို ၊ ကျွန်တော့ကို ဒီနားကြိုက် တဲ့နေရာမှာ ချထားပေးခဲ့လို့ရတယ်။"
ချင်ကျန်းသည် နောက်ကြည့်မှန်မှတဆင့် လော့လင်းရှန်ကို ကြည့်လိုက်ပြီး
"ကျွန်တော် ရပ်လိုက်ရမလား?"
"မရပ်နဲ့ ။ အိမ်ကိုမောင်း"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ရှီယွင်နန် သူတို့ နှစ်ယောက် စကားကိုကြားတော့ သူ့အပြုံးက အေးခဲသွားပြီး
"မစ္စတာလော့?"
လော့လင်းရှန်းက သူ့ရဲ့ အံ့အားသင့်သွားသော အကြည့်ကိုတွေ့ပြီး "ဒုတိယသခင်လေးရှီက တစ်ခုခုကို နားလည်မှုလွဲနေတဲ့ပုံပဲ။ လက်ထပ်ဖို့လာကမ်းလှမ်းတယ်ဆိုတာက အမှန်ပဲ။"
ရှီယွင်နန် နှစ်စက္ကန့်ကြာမျှ မတုံ့ပြန်မိပေ။သူ အံ့ဩပေမယ့်လည်း အနည်းငယ် စိတ်ရှုပ်သွားကာ "ကျွန် တော် မှတ်တာမမှားဘူးဆိုရင် ဒါက ကျွန်တော်တို့ ပထဆုံးတွေ့ဖူးတာလားလို့?"
"မြင်မြင်ချင်း အချစ်ဆိုတာ ဒီကမ္ဘာကြီးမှာ ရှိပေမယ့် မြင်မြင်ချင်း ချစ်တဲ့ နေ့မှာပဲ ဒီလောက်အမြန် ကြီးလက်ထပ်လို့လား? မစ္စတာလော့ကိုကြည့်ရတာ ဒီလိုစိတ်ပြင်းပြတဲ့ လူလို့ မထင်ရပါဘူး။ "
ရှီယွင်နန် သူ့ထိုင်ခုံပေါ် ပြန်မှီလိုက်ကာ လော့လင်းရှန်းကို စသလိုလို ကြည့်လိုက်ပြီး "ဒါပေမယ့် ကျွန် တော်တို့သာ တစ်နာရီအတွင်း တကယ်လက်ထပ် လိုက်ရင် ကျွန်တော်တို့နှစ်ယောက်မှာ ဘယ်သူကရှုံးပြီး ဘယ်သူက အမြတ်ရလောက်မလဲ?"
အမှန်အတိုင်းပြောရလျှင် လော့လင်းရှန်းက ဒီလောက်ချောပြီး ယောက်ျားမိန်းမ စားချင်တဲ့ မျက်နှာမျိုးရှိနေတာ၊ အဲ့တော့ သူသာတကယ်လက် ထပ်လိုက်ပါက အရှုံးရှိမည် မဟုတ်။
သို့သော် ရှီယွင်နန်ရဲ့ စကားများသည် အထိန်းအကွပ်မရှိသော်လည်း သူ့စိတ်ထဲမှာတော့ ရှင်းရှင်းလင်းလင်း သိနေလေပြီ။
လော့လင်းရှန်းလိုမျိုး ကောင်းကင်မှ ကျလာတဲ့ တန်ဖိုးကြီး ရွှေပေါင်မုန့်ကြီးတဲ့ ကောင်းတဲ့ မုန့်မရှိတော့ဘူးလေ။
အမှားတစ်ခုနဲ့ မုန့်တစ်ပိုင်းတစ်စက ထောင်ချောက် ဖြစ်လာနိုင်တယ်။
ရှီယွင်နန် အကြည့်ကိုရင်ဆိုင်လိုက်ရင်း လော့လင်းရှန်း တဲ့တိုးပဲ ပြောလိုက်တော့သည်။
"လူသိရှင်ကြား ဖွင့်ဟဖို့ သင့်တော်တဲ့ လက်တွဲဖော် တစ်ယောက်ကို ကိုယ်လိုနေတယ်။ ဒုတိယသခင် လေးရှီက ကိုယ့်သဘောနဲ့ကိုယ် တံခါးလာခေါက်ပြီး တကယ့်အရည်အချင်းရှိတဲ့ ပထမတန်းစား သရုပ် ဆောင်ဖြစ်နေမှတော့ ဘာလို့ ကိုယ်နဲ့ပူးပေါင်းဖို့မစဉ်းစားကြည့်တာလဲ? "
"မစ္စတာလော့ ဆိုလိုတာက ကျွန်တော်တို့ စာချုပ်သဘောမျိုးနဲ့ လက်ထပ်တာလား?"
"အမ်း ၊ ကိုယ် မင်းကို အလုပ်အတွက် ပိုက်ဆံပေးမှာပါ။ စာချုပ်သဘောနဲ့လက်ထပ်နေတဲ့ အချိန်အတွင်း ကိုယ်မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး၊ မင်း အစားအသောက်နဲ့ အဝတ်အစားတွေလည်း မပြတ် စေရဘူး။"
"တကယ်လား?" ရှီယွင်နန် သဘောတူတာလည်းမဟုတ်သလို၊ မတူတာလည်းမဟုတ်သလို ပေါ့ပေါ့တန်တန် ရယ်လိုက်သည်။
"ဒါပေမယ့် အခု ဒီကားက လော့အိမ်ကို တောက် လျှောက်မောင်းနေတာနော်။ မသိတဲ့သူတွေဆို မစ္စတာလော့က 'လူတွေကို အင်အားသုံးပြီး သိမ်းနေတယ်'လို့ ထင်နေကြအုံးမယ်။"
"မင်းငြင်းလို့ရပါတယ်။" လော့လင်းရှန်းသူ့အကြည့်တွေက အနည်းငယ် ဖယ်ရှားလိုက်ပြီး "ဒါပေမယ့် ဒုတိယသခင်လေးရှီက ရှီမိသားစုဆီကနေ လက်ဗလာနဲ့ ထွက်လာပြီး ဘယ်ကိုသွားဖို့ စိတ်ကူးထားတာလဲ?"
ရှီယွင်နန် သူ့ဆီက သတိပေးခံလိုက်ရတော့ နောက်ပိုင်း သူ့အသိစိတ်တွေ ပြန်ပေါ်လာကာ
အိုးးး
စောစောက သူဒေါသထွက်တော့ သူ့စာရွက်စာတမ်းတွေနဲ့ ခရီးဆောင်အိတ်တွေကို ရှီအိမ်မှာ ထားခဲ့မိတာပဲ။ ID မပါဘဲ လျှောက်သွားနေရင် နေရာတိုင်းမှာ လွယ်လွယ်နဲ့ ဖမ်းခံနေရမှာ။ ဒါပေမယ့် သူရှီအိမ် တော်ကနေ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့တော့ စိတ်ညစ်စရာများကို ပြန်ရဖို့ အဲ့ကိုမပြန်ချင်ပေ။
လော့လင်းရှန်းက သူတွေးနေတဲ့အရာတွေကို ခန့်မှန်းလိုက်ပြီး "ကိုယ် ရှီအိမ်ကို မင်းရဲ့ ခရီးဆောင်အိတ်ယူဖို့ တစ်ယောက်ယောက်ကို သွားခိုင်းလိုက်မယ်။ ဒါပေမယ့် အဲ့မတိုင်ခင် ဒုတိယသခင်လေးရှီက ဘာလို့ ကျွန်တော်နဲ့ လော့အိမ်ကိုမလိုက်ခဲ့တာလဲ?"
"ထွက်သွားဖို့ပဲဖြစ်ဖြစ် ပူးပေါင်းဖို့ပဲဖြစ်ဖြစ် ၊ ကိုယ် စဉ်းစားဖို့ အချိန်ပေးနိုင်ပါတယ်၊ ဆုံးဖြတ်ရမှာက မင်းပဲလေ။ "
ထို စကားများသည် အမှားရှာလို့မရအောင်ကို စင်းလုံးချောလှသည်။
လူအိုကြီးရှီတောင် လိုက်လျောပေးခဲ့ရတာ မထူးဆန်းတော့ပါဘူး။ ပါဝါနဲ့ အဆင့်အတန်းအပြင်၊ လော့လင်းရှန်းရဲ့ စိတ်ကလည်း တကယ့်ကို အားကောင်းလွန်းလှသည်။
ဒါကိုမြင်တော့ ရှီယွင်နန် တည်ငြိမ်စွာလက်ခံလိုက် ပြီး "ကောင်းပြီလေ လော့အိမ်တော်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ?"
"နာရီဝက်လောက်ပါပဲ။" ရှေ့ဆုံးမှ ချင်ကျန်းက ပြန် ဖြေလာလေသည်။ "ဒုတိယသခင်လေးရှီက မနေ့ကမှ တရုတ်ပြည်ကို ပြန်ရောက်တာ မလား? တကယ်လို့ ခရီးပန်းနေသေးရင် ခဏလောက်အိပ် လို့ရပါတယ်။"
ရှီယွင်နန် အသံတိုးတိုးလေးဖြင့် ပြန်တုံ့ပြန်လိုက်သည်။
မနေ့ညက သူကောင်းကောင်းအိပ်မပျော်ခဲဲ့။ ဒါပေမယ့် ခရီးပန်းတာကြောင့် မဟုတ်ဘဲ မူရင်းစာအုပ်ရဲ့ ကွက်ကွက်ကွင်းကွင်း အိပ်မက်ကြောင့်ပေ...
ကြေကွဲဖွယ်ကံကြမ္မာနဲ့ အဆုံးသတ်သွားတဲ့ စာအုပ် ထဲက ဇာတ်ပို့?
ရှီယွင်နန် သိပ္ပံသဘောအရ ဒါက အဓိပ္ပာယ်မရှိဘူးဟု ခံစားမိသော်လည်း အခုပထမအကြိမ် အတည် ပြုလိုက်ပြီဖြစ်တာကြောင့် သူသတိတော့ထားရမည်။
သူဖုန်းဖွင့်လိုက်ပြီး မှတ်စုကို ဖွင့်ကာ သူ့ရဲ့ မှတ်ဥာဏ်အရ မှတ်ထားတဲ့ မှတ်စုကို ဖွင့်လိုက်သည်။ သူသည် အရေးကြီးသော အချိန်၊ ဇာတ်ကောင်များနှင့် အဓိက ဇာတ်ကွက်များကို အမြန် စာရင်းပြုစုထားသည်။
ရှီယွင်နန်မှာလည်း သူ့ကိုယ်ပိုင်မာနနဲ့ပင်။ 'သူ့ကံကြမ္မာကိုပြောင်းဖို့ ' ရှီခဲယွဲ့ကို မဖားနိုင်ဘူး။ ဟုတ်တယ် သူက မူရင်းစာအုပ်အတိုင်း ရှီခဲယွဲ့သူ့ကို တမင် ပစ်မှတ်ထားသလို ပြန်အရွဲ့တိုက်ဖို့တော့ မရည်ရွယ်ထားဘူး၊ သူဒီတိုင်းစောင့်ကြည့်ရမယ်။
ကောင်းတဲ့မှတ်ဉာဏ်က ဘောပင်လောက်တော့ မကောင်းပါ။
ဒါကို သူအမှန်လို ခံယူလိုက်မှတော့ အိပ်မက်ရဲ့အသေးစိတ်အချက်အလက်များကိုချရေးထားတာက ပိုလုံခြုံပါတယ်။
သို့သော် ရှီယွင်နန် ရေးထားတာကိုကြည့်လိုက်တော့ သူအစက လျစ်လျူရှုထားခဲ့မိတဲ့ မှတ်စုတစ်ခုကို တွေ့ရှိခဲ့သည်- သူ့ဘေးတွင် ထိုင်နေသော လော့လင်းရှန်းမှာ မူရင်းစာအုပ်ရဲ့ နောက်အပိုင်းများထဲရှိ ဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်လေသည်။
လော့မိသားစုရဲ့ ခေါင်းဆောင်အဖြစ်၊ တစ်ဖက်လူသည် ကြီးမားသော သြဇာအာဏာရှိခဲ့သည်။ သူ့ရဲ့ လက်အောက်တွင်ရှိသော အုပ်စုသည် မရေမတွက် နိုင်သော စက်မှုလုပ်ငန်းကွင်းဆက်များကို ပိတ်ဆို့နိုင်ခဲ့သည်။
ထိုကဲ့သို့ ကြီးမားသော ရိုက်ချက်သည် 'မူရင်းစာအုပ်ရဲ့ ဇာတ်ဆောင်' ရှီးခဲယွဲ့ရဲ့ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူကခင်မင်ရင်းနှီးရန် အဖန်ဖန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
မင်းက မဟာမိတ်မဖြစ်ချင်မှတော့ မင်းကရန်သူဖြစ်လာရမှာပေါ့၊ မင်းက ရန်သူဖြစ်လာပြီဆိုတာနဲ့ ရှီခဲယွဲ့ရဲ့ ဇာတ်ဆောင်အရှိန်အဝါနဲ့ အနိုင်ယူခံရဖို့ သေချာနေပြီ။
မူရင်းစာအုပ်တွင် လော့လင်းရှန်းရဲ့ အဆုံးသတ်သည် ပိုတောင်မကောင်းပေ။
သူ့ကို ရှီးခဲယွဲ့ ဆီီကနေ အမှုဆင်တာခံရပြီး ထောင် ကျသွားခဲ့သည် ။သူ့ရဲ့ မသန်မစွမ်းဖြစ်နေပြီဖြစ်တဲ့ ခြေထောက်တွေဟာ လုံးဝကို ကျိုးသွားပြီး မသေမရှင် ခံစားခဲ့ရ၏။
ရှီယွင်နန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးများက လော့လင်းရှန်းရဲ့ ခြေထောက်များကို မသိစိတ်ကနေ စိုက်ကြည့်လိုက်မိသည်။
ဘာကို ကောင်းကင်ဘုံရဲ့ ကျက်သရေဆောင်လဲ၊ ရွှံ့ထဲကို တစ်ချက်တည်းနဲ့ကျသွားတာကို။
ဘယ်လိုတောင် ကောက်ကျစ်တဲ့ စာရေးဆရာက ဒီလိုဇာတ်ကွက်မျိုး ရေးနိုင်ရတာလဲ? တကယ်ကို ရက်စက်လွန်းတယ်။
ရှီယွင်နန်က တော်တော်ကြာကြာကို ပွင့်ပွင့်လင်းလင်းကြည့်နေလေသည် ။ လော့လင်းရှန်းရဲ့ အကြည့်တွေလည်း ကျလာပြီး သူသတိပြုမိသွားကာ
"ဒုတိယသခင်လေးရှီ၊ ကြည့်လို့ ဝပြီလား?"
ရှေ့ဆုံးရှိ ကားမောင်းနေတဲ့ လက်ထောက်ချင်ကျန်းမှာ ထိုအခြေအနေကို သတိပြုမိသွားပြီး ခရီးသည် ထိုင်ခုံရှိ သက်တော်စောင့်ကို ထိတ်လန့်စွာ ကြည့်မိသွားသည်။
လော့လင်းရှန်းရဲ့ ခြေထောက်သည် သူ့နှလုံးသားထဲက အမာရွတ်တစ်ခုဖြစ်၏။ အခြားသူများ ကြည့်လည်းမကြည့်သင့်သလို မေးလဲမမေးသင့်ပေ။ အရင်တုန်းကတော့ တစ်ယောက်ယောက်က ဒီမြေမြှုပ်မိုင်းကို နင်းမိတော့ ရလဒ်က တကယ့်ကိုကြောက်စရာကောင်းတဲ့အဆုံးအသတ်ပင်။
အစကတည်းနေ အဆုံးထိ ဒုတိယသခင်လေးရှီက ကျားခေါင်းကို ဘယ်နှစ်ခါတောင်ဖြုတ်နေမှာတုန်း?
လော့လင်းရှန်း နားလည်မှုလွဲနေပြီဆိုတာကို ရှီယွင် နန် ချက်ချင်းသိသွားတော့သည်။
တကယ်လို့ ဒါသာ အခြားသူဖြစ်မယ်ဆိုပါက သူတို့ ကြောက်ရွံ့နေလောက်ပြီ ဖြစ်သော်လည်း ရှီယွင်နန်ကတော့ ဆန့်ကျင်ဘက်ဖြစ်၏။ " မစ္စတာလော့ ဒါကမွေးရာပါလား? ဒါမှမဟုတ် နောက်ပိုင်းမှ ဒဏ်ရာရသွားတာလား? ဒါကုလို့ရလား?"
သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ရှီယွင်နန်ရဲ့ စကားတိုင်းမှာ နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစောပိုင်းမှာ တိုက်တဲ့လေလိုမျိုး ပေါ့ပေါ့ပါးပါး အပြုံးလေး အမြဲတမ်းပါနေ၏။
အေးမြခြောက်သွေ့စေရုံသာမက လူတွေရဲ့နှလုံးသားကိုလည်း နွေးထွေးစေသည်။
လော့လင်းရှန်းရဲ့ အသံတွင် ရှုပ်ထွေးသောအထိအတွေ့များပါ၀င်နေကာ "ဒုတိယသခင်လေးရှီ နဲ့ဘာဆိုင်လို့များလဲ?"
"ဘာလို့ ကျွန်တော်နဲ့မဆိုင်ရမှာလဲ? ကျွမ်တော်တို့သာ ရုတ်တရက်လက်ထပ်ဖို့ ညှိနှိုင်းမယ်ဆိုရင် ကျွန်တော် မစ္စတာလော့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း သိဖို့လိုတယ်လေ။ မဟုတ်ရင် နောက်လူ တွေက မေးလာတဲ့အခါ အလွယ်တကူရိပ်မိသွားမှာပေါ့။"
"ဘယ်သူမှ ဒီအကြောင်းကိုမေးရဲမှာ မဟုတ်ဘူး။" လော့လင်းရှန်းရဲ့ လေသံက အနည်းငယ် ပြေလျော့သွားပြီး သူက မေးခွန်းကို ရှောင်လိုက်သည်။
ကောင်းပြီလေ။
ခင်ဗျား မပြောချင်မှတော့ မမေးတော့ပါဘူး။
ရှီယွင်နန် အဖြေရရန် မဖြောင်းဖြတော့ပေ။သူ့နှလုံးသားထဲမှာ တဖြည်းဖြည်း ကြီးထွားလာတဲ့ လော့လင်းရှန်းရဲ့ ရုပ်ရည်နှင့် အသွင်အပြင်ကို ကြည့်လိုက် ပြီး တက်ကြွတဲ့အပြုအမူလေးနဲ့ ကျစ် ကျစ် ဆိုပြီး နှစ်ခါ စုတ်သတ်လိုက်ရင်း
"ဘုရားသခင်က ထူးချွန်ပြောင်မြောက်လွန်းတဲ့ ယောကျ်ားတွေကို မနာလိုဘူးလို့ အနောက်တိုင်းကသူတွေပြောခဲ့တာ မထူးဆန်းတော့ပါဘူး။"
"မစ္စတာလော့ရဲ့ ထိုင်နေတဲ့ အရှိန်အဝါကတောင် အခြားသူတွေကို လွှမ်းမိုးနိုင်တာပဲ။ မတ်တတ်သာပြန်ရပ်နိုင်ရင် ကောင်းကင်အောက်က ဘယ်သူမှ ခင်ဗျားနဲ့ ယှဉ်နိုင်တော့မှာမဟုတ်ဘူး။"
သူက အမွှန်းတင်ပြီး စကားပလ္လင်ခံပြီးနောက်မှာတော့ သူထပ်ပြီး စိတ်ကို ဆွလိုက်တော့သည်။
"ဒါပေမဲ့ မကုသနိုင်ရင်တောင် အဆင်ပြေပါတယ်၊ ကျွန်တော်က ဒီတိုင်း မစ္စတာလော့ရဲ့ အနာဂတ်က တကယ့်လက်တွဲဖော်အတွက် စိုးရိမ်လို့ပါ..."
ရှီယွင်နန် ပြုံးပြီး အနားကို တိုးလာကာ စကားရဲ့ နောက်ဆုံးစာကြောင်းကို ပြောချလိုက်တော့သည်။
" ကျွန်တော်ကြားတာတော့ လိမ္မော်သီးစားရင် အရမ်းအားစိုက်ရတာတဲ့နော်။"
"......"
(* လိမ္မော်သီးစားတာက မြင်းစီးတာရဲ့ သံတူကြောင်းကွဲပါတဲ့။ မြင်းစီးတာတော့ သိတယ်မလား 🌚)
ရုတ်တရက်ထွက်လာတဲ့ စကားလုံးလှိုင်းလုံးတွေက ကားတစ်စီးလုံးရဲ့ အငွေ့အသက်ကို လှုပ်ခတ်သွားတော့လေသည်။
ရှေ့တွင် ခိုးနားထောင်နေသော ချင်ကျန်းတောင် မထိန်းနိုင်တော့ဘဲ သီးသွားတော့သည်။
လော့လင်းရှန်း လက်ထောက်ရဲ့ အမြန်တုံ့ပြန်နှုန်းကိုလုံး၀ လျစ်လျူရှုလိုက်ပြီး သူ အသက်ပြင်းပြင်းရှူပြီး သူ့မျက်လုံးများကမည်းမှောင်နေကာ
"ဒုတိယသခင်လေးရှီ၊ မင်း..."
"ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောတာ အကျင့်ဖြစ်နေလို့ပါ။ အဲ့တော့ ရှေ့လျှောက် ပိုပြီးတော့ သည်းခံပေးဖို့ မစ္စတာလော့ကို တောင်းဆိုရတော့မှာပဲ"
ရှီယွင်နန်က သူ့လမ်းပေါက်ဖို့ သူ့ရဲ့ ပရော်ပရည်လုပ်တဲ့ အပြုအမူကို ဖုံးကွယ်မနေဘဲ သူ့စကားကို ကြားဖြတ်ပြောလိုက်သည်။
လော့လင်းရှန်း တကယ့်အဓိကအချက်ကို ဖမ်းမိသွားပြီး "ရှေ့လျှောက်?"
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံမိပြီး အတွေးထဲမှာ နစ်မြုပ်နေကြ၏။
"ဒါက ၊ မစ္စတာလော့ပဲ ကျွန်တော့်ကို 'လက်ထပ်ဖော်' အဖြစ်ဟန်ဆောင်စေချင်တာ မဟုတ်ဘူးလား?"
ရှီယွင်နန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးသည် အရင်တိုင်းပဲ ကျန်နေပြီး သူ့မျက်လုံးအောက်ခြေကသာ ငြိမ်သက်ခြင်းအရိပ်အယောင်ကို ဖုံးကွယ်ထားရင်း
"ကျွန်တော် သဘောတူတယ်"
Zawgyi
ဒီလက္ထပ္ဖို႔ ဟာသက တကယ္ျဖစ္လာတာကိုျမင္ ေတာ့ ရွီးေဝက ထပ္ဝင္ေျပာလာေတာ့သည္။
"ဒါက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ? ကေလးကလားနဲ႔ !"
"ကေလးကလား? ေလာ့မိသားစုရဲ႕အိမ္ထဲကိုဝင္ဖို႔ ခင္ဗ်ားပဲ အတင္းအၾကပ္တိုက္တြန္းေနတာမဟုတ္ ဘူးလား? " ရွီယြင္နန္ တည့္တည့္မတ္မတ္ ေမာ့ၾကည့္လိုက္ၿပီး သူ႔မ်က္လုံးမ်ားက ေလွာင္ေျပာင္သေရာ္ေနေလသည္။
"အစက ကြၽန္ေတာ္ သေဘာမတူေပမယ့္ အန္တီရွီး က ကြၽန္ေတာ့္ကို စိတ္ပါလက္ပါ ေျဖာင္းျဖခဲ့တာေလ။ အခုကြၽန္ေတာ္က လက္ခံၿပီး သေဘာတူျပန္ ေတာ့လည္း အန္တီက အေျပးလာၿပီး တားတာပဲလား? ဘာလို႔လဲ? အခုေတာ့ ဒီ 'ေကာင္းခ်ီး' ကိုအန္တီးရွီး က သူ႔သားကို ေပးခ်င္တာမို႔လို႔မ်ားလား?
ထမင္းစားပြဲမွာ အတည္ျပဳၿပီးေနာက္၊ ရွီယြင္နန္ ဒီ မိသားစုရွိလူမ်ားကို အရမ္းကို႐ြံရွာေနၿပီ။ အခုအခ်ိန္မွာေတာ့ သနားၾကင္နာမႈမရွိဘဲ ေျပာရေတာ့မွာပဲ။
ရွီးေဝရဲ႕ ႏွလုံးသားထဲက လွ်ိဳ႕ဝွက္ခ်က္ကို ျပတ္ျပတ္သားသား ထိုးေဖာက္ခံလိုက္ရေတာ့ သူမဟာ ရွက္႐ြံ႕စြာပဲ ျဖတ္႐ိုက္ခံလိုက္ေလတယ္။
"ယြင္နန္၊ ငါ့အေမက အဲ့လိုသေဘာမ်ိဳးနဲ႔ ေျပာတာမဟုတ္ပါဘူး၊ ငါ့ကို အထင္မလြဲပါနဲ႔။" ရွီးခဲယြဲ႕က သူ႔အေမကို ခုခံကာကြယ္ေျပာဆိုဖို႔ ေရွ႕တိုးလာၿပီး အဓိက အခ်က္ကို ေျပာခ်င္ရန္ မိသားစုရွိ အႀကီးအကဲမ်ားကိုၾကည့္လိုက္ၿပီး "ဒီေလာ့မိသားစုက အျခား ေလာ့မိသားစုေတြနဲ႔မတူဘူးေလ။ က်င့္ဝတ္ နဲ႔လည္း မညီဘူးေလ ဟုတ္တယ္မလား?"
ဝါအရဆို ေလာ့မိသားစုရဲ႕ သခင္ေလးက ေလာ့လင္းရွန္းကို 'ဦးေလး' ဟုေခၚရသည္။
အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနခဲ့ေသာ လူအိုႀကီးရွီလည္းေနာက္ဆုံးေတာ့ ေျပာလာေလၿပီ။ "မစၥတာ ေလာ့၊ ကြၽန္ေတာ္တို႔ရွီမိသားစုက ကေလးႏွစ္ေယာက္ရဲ႕ လက္ထပ္ပြဲကို ဒုတိယသခင္ေလးေလာ့နဲ႔ သေဘာတူထားၿပီးေနပါၿပီ။ မင္းကဒီလို႐ုတ္တရက္ လုပ္မယ္ဆိုရင္...စကားေတြ ပ်ံ႕သြားရင္ ကြၽန္ေတာ္ တို႔အတြက္ ခက္ခဲသြားပါလိမ့္မယ္။"
ဓေလ့ထုံးတမ္းနဲ႔ မညီဘူးဆိုၿပီး ေလာ့လင္းရွန္းကို ၾကားဝင္ေျဖေပးသည္။
အဓိကအခ်က္က ရွီယြင္နန္သာ ေလာ့မိသားစု သခင္ေလးကို လက္ထပ္ပါက၊ ရွီမိသားစုသည္ စီးပြားျဖစ္အက်ိဳးအျမတ္အခ်ိဳ႕ကို ရွာရဲဆဲျဖစ္သည္။ သို႔ေသာ္ ထိုအေၾကာင္းအရာက ေလာ့လင္းရွန္းသို႔ ေျပာင္းသြားပါက၊ ဘယ္သူက က်ည္ဆန္ကို ကိုက္ ၿပီး အက်ိဳးခံစားခြင့္ေတြ ေတာင္းရဲမွာလည္း?
"ခင္ဗ်ားတို႔မိသားစုႏွစ္စုက ဖိတ္စာမွ မပို႔ရေသး ဘူး၊ ေစ့စပ္ပြဲလည္း မက်င္းပရေသးဘူး။ ခင္ဗ်ားတို႔သာ မျဖန္႔ရင္ စကားေတြက ဘယ္လိုလုပ္ျပန္႔မွာလဲ?"
ေလာ့လင္းရွန္းက သူ႔မ်က္လုံးေတြကို ေမာ့လိုက္ၿပီး သူ႔စကားေတြထဲမွာ ဖိႏွိပ္တဲ့စကားေတြပါေနကာ "တကယ္လို႔ ျပန႔္သြားတယ္ဆိုရင္ေတာင္ ငါ့ ေလာ့ မိသားစုရဲ႕ ကိုယ္ေရးကိုယ္တာကိစၥကို ဘယ္သူက အတင္းအဖ်င္းေျပာရဲမွာလဲ?"
ရွီယြင္နန္သည္ ေလာ့လင္းရွန္းကို စိတ္ဝင္တစား စိုက္ၾကည့္ေလေလ၊ ဒီလူက သူ႔အႀကိဳက္ျဖစ္လာေလေလဟု ပို ခံစားလာရသည္။ "အဘိုး၊ မစၥတာေလာ့ နဲ႔ ကြၽန္ေတာ္က အခု သေဘာတူလိုက္ၿပီ၊ ဒါက အရွက္ကြဲစရာ မဟုတ္ပါဘူး၊ ေပ်ာ္စရာေကာင္းတဲ့ ကိစၥပါ။"
သူ႔ေနာက္ဆုံးစကားရဲ႕ ေလသံက အလိမ္အေကာက္ ေလးေတြပါၿပီး သူတို႔ကို ေလွာင္ေျပာင္ေနသလိုပင္။
လူအိုႀကီးရွီ ေဒါသထြက္လာၿပီး "မင္း..."
"ကြၽန္ေတာ္ ဒုတိယအိမ္ဘက္ကို ထိန္းထားလိုက္မွာမို႔ သခင္ႀကီးရွီကို အေႏွာင့္အယွက္မေပးေတာ့ပါဘူး" ေလာ့လင္းရွန္းက သူ႔ရဲ႕ ေ႐ႊကြပ္ထားေသာမ်က္မွန္ကို တပ္ကာ အဆုံးမရွိတဲ့ အတားအဆီးမ်ားကို ရပ္တန႔္လိုက္သည္။
သူ႔လက္ေခ်ာင္းထိပ္မ်ားက ဝီးခ်ဲလ္လက္ရန္းကို ေခါက္ေနၿပီး
"ခ်င္က်န္း"
"ေခါင္းေဆာင္ ၊ နားလည္ပါၿပီ" အနီးနားရွိ ယဥ္ ေက်းတဲ့ လက္ေထာက္က အျမန္တုံ႔ျပန္လာကာ ႏွစ္ဖက္လုံးအတြက္ ရွင္းေပးလိုက္သည္။
ေလာ့လင္းရွန္းက ဝီးခ်ဲလ္ကို ျပန္လွည့္လိုက္ၿပီး ရွီယြင္နန္ကို ၾကည့္ကာ
"ဒုတိယသခင္ေလးရွီေရာ ၊ လိုက္မလား?"
"လိုက္မယ္"
ရွီယြင္နန္ ႐ိုး႐ိုးသားသား ျပန္ေျပာၿပီး ေနာက္ကိုလွည့္ေတာင္မၾကည့္ဘဲ အိမ္အျပင္ကို လိုက္သြားလိုက္ ၏။
လူအိုႀကီးရွီသည္ လူႏွစ္ေယာက္ရဲ႕ တျဖည္းျဖည္းသြားေနတဲ့ ေက်ာျပင္ကို ၾကည့္ကာ ပထမ အႀကိမ္ အျဖစ္ ေနမထိထိုင္မသာ ျဖစ္လာေတာ့သည္-
ရွီယြင္နန္နဲ႔ ဒီမိသားစု ဆက္ဆံေရးသည္ အခ်ိန္အေတာ္ၾကာေအာင္ နက္နက္ရႈိင္းရႈိင္းမရွိေပ။ အင္ပါယာၿမိဳ႕ေတာ္မွာ နာမည္ႀကီးတဲ့ ေလာ့လင္းရွန္း နဲ႔ ဆက္ဆံေရးရွိခဲ့ရင္ေတာင္ ရွီမိသားစုတစ္ခုလုံးက ေကာင္းကင္ေပၚတက္ဖို႔ သူ႔ေနာက္ကို လိုက္ႏိုင္မယ္ လို႔ မဆိုလိုႏိုင္ဘူးေလ။
ဆန႔္က်င္ဘက္အေနနဲ႔ ရည္မွန္းခ်က္ႀကီးေသာ ရွီယြင္နန္က အနာဂတ္မွာ ရွီမိသားစုအတြက္ အေျပာင္းအလဲျဖစ္လာမွာကို သူေၾကာက္႐ြံ႕မိေနသည္။
"သခင္ႀကီးရွီ။" လက္ေထာက္ခ်င္က်န္းက အနီေရာင္စာအုပ္အထူႀကီးတစ္အုပ္ကို ေပးလိုက္ၿပီး "လက္ထပ္ ခြင့္ေတာင္းတာ ရွင္းရွင္းလင္းလင္းျဖစ္ သြားမွေတာ့ ၊ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔မိသားစုေခါင္းေဆာင္ရဲ႕ လက္ေဆာင္ေလးကို လက္ခံေပးပါ။"
လူအိုႀကီးရွီက ေလာ့လင္းရွန္းဒါေတြ ျပင္ဆင္လာမယ္လို႔ေတာင္ မထင္ထားေပ။ သူကရွီရွန္းကို လက္ခံဖို႔ ေျပာေနရင္း
"ေက်းဇူး အရမ္းတင္ပါတယ္လို႔ ေက်းဇူးျပဳၿပီး မစၥတာေလာ့ကို ျပန္ေျပာလိုက္ပါ။"
"ကြၽန္ေတာ္တို႔ကို အလ်င္စလို ေက်းဇူးတင္ဖို႔ မလိုပါဘူး။" ခ်င္က်န္း သူ႔လက္ကို ေျမႇာက္လိုက္ၿပီး အေပၚယံ ယဥ္ယဥ္ေက်းေက်းသာ ၿပဳံးျပလိုက္သည္။
"ေခါင္းေဆာင္ေျပာခ်င္တာက- ဒီလက္ထပ္သေဘာတူညီမႈလက္ေဆာင္ကို ဘယ္လိုသုံးရမလဲ၊ တစ္ခုခုေျပာသင့္ရင္လည္း ဘယ္လိုေျပာရမလဲဆိုတာကို သခင္ႀကီရွီ စိတ္ထဲမွာ ေကာင္းေကာင္းသိေနသင့္ပါတယ္တဲ့"
ခ်င္က်န္းက သူတို႔ကို ဖိအားေပးဖို႔ ႏွစ္စကၠန႔္ေလာက္ ခဏရပ္လိုက္ၿပီး "မဟုတ္ရင္ေတာ့ ေခါင္းေဆာင္ရဲ႕ လက္ထပ္သေဘာတူညီမႈ လက္ေဆာင္ကို ျပန္ေပးရႏိုင္ပါတယ္၊ ၿပီးေတာ့ ရွီမိသားစုရဲ႕ ကုမၸဏီ ကေန တျခားနည္းလမ္းနဲ႔လည္း ျပန္ယူလို႔ရတယ္။"
လူအိုႀကီးရွီ ခႏၶာကိုယ္ေတာင့္သြားၿပီး "နားလည္ပါ ၿပီ ေက်းဇူးျပဳၿပီး မစၥတာေလာ့ ကို စိတ္ခ်ပါလို႔ ေျပာလိုက္ပါ ။"
ခ်င္က်န္း ယဥ္ယဥ္ေက်းေက်း ေခါင္းညိတ္ျပလိုက္ ၿပီး လွည့္ထြက္သြားလိုက္သည္။
ရွီးေဝက သူ႔ရင္ဘတ္ကို မဖိလိုက္မီ ထိုလူအေဝးကို ေရာက္ဖို႔ထိ ေစာင့္ေနကာ " သူက ေလာ့လင္းရွန္းေဘးက လက္ေထာက္ေလးတစ္ေယာက္ သာသာပဲေလ၊ လူေတြကို ေၾကာက္ေအာင္ ဒီအရွိန္နဲ႔ေျပာရတာလဲ? ကြၽန္မတို႔ရွီမိသားစုက အႏိုင္က်င့္ဖို႔လြယ္ တယ္လို႔ သူကထင္ေနတာလား?"
"ပါးစပ္ ပါတာ မင္းတစ္ေယာက္တည္းလား? မင္းေျပာလို႔ ဝၿပီလား!"
လူအိုႀကီးရွီက သူမကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ၿပီး ေနာက္ဆုံးတြင္ သူ႔ႏွလုံးသားထဲတြင္ ေဒါသမ်ား စုပုံလာကာ သူ႔မိသားစုေပၚ ပုံခ်ေတာ့သည္။
"မင္းရဲ႕ အသုံးမက်တဲ့ အႀကံကိုၾကည့္လိုက္စမ္း။ ရွီနဲ႔ေလာ့ စီးပြါးျဖစ္အက်ိဳးအျမတ္လဲတဲ့ အေနနဲ႔ လက္ထပ္ခိုင္းမယ္ဆို? အခုမင္းလုပ္လိုက္ၿပီးၿပီေလ! ရန္မစသင့္တဲ့ ေလာ့မိသားစုထဲက ေနာက္ဆုံးလူကို မင္းက ရန္သြားစလိုက္တာ? လက္ေထာက္ ေျပာသြားတဲ့ အဓိပၸါယ္ကို မင္းနားမလည္ဘူးလား?"
ဒီအခ်ိန္မွစ၍ ေလာ့လင္းရွန္းက ရွီမိသားစုရဲ႕ လႈပ္ ရွားမႈတိုင္းကို ေစာင့္ၾကည့္ရန္ လူမ်ားကို လႊတ္ ထားမွာပင္။
ဒီလက္ထပ္သေဘာတူညီမႈလက္ေဆာင္က ႐ိုးရွင္းတဲ့ အာလူးပူပဲ! ။ တစ္ခါတေလ မီးေလာင္သြားႏိုင္မည့္ ဗုံးတစ္လုံးလိုပင္။
ရွီမိသားစုသာ ဒီအိမ္ေထာင္ေရးမွာ ျပႆနာရွာရဲပါက ဒီနတ္ဘုရားႀကီးက သူတို႔ကို ေျခတစ္ေခ်ာင္းတည္းနဲ႔ နင္းသြားႏိုင္တယ္။
ဒီတစ္ခါေတာ့ သူ႔ကိုယ္သူ ေျခဖဝါးေအာက္ကို ပစ္ဝင္မိသြားတာပဲ။
လူအိုႀကီးရွီ ဒီအေၾကာင္းကို ပိုေတြးေလ ပိုခံျပင္းေလေလပဲ ။ ဒါေပမယ့္လည္း ဒီကိစၥမွာ သူ႔အမွားကို ဝန္ခံလိုစိတ္မရွိေပ။ "ရွီးေဝ မင္းလိုတုံးအတဲ့ မိန္းမ စိတ္ထဲမွာ ဘာေတြေတြးေနမွန္း ငါမသိဘူး မထင္နဲ႔!"
အဲ့ သခင္ေလးေလာ့က မိန္းမလိုက္စားၿပီး အၿမဲယစ္မူးေနေသာ ရႈိးထုတ္လြန္းသူျဖစ္သည္။ ရွီယြင္နန္ သာ သူနဲ႔လက္ထပ္ရင္ 'ေကာင္းခ်ီး' ဆိုတဲ့ စကားဟာ သူနဲ႔ဘာမွဆိုင္ေတာ့မွာမဟုတ္ဘူး။
"မင္း စင္ေပၚတက္ဖို႔ နိမ့္က်ေသးတယ္။ မင္းသာ သားေကာင္းတစ္ေယာက္ေမြးထားတာ မဟုတ္ရင္ မဒမ္ဆိုတဲ့ ေနရာမွာ ထိုင္ေနရမယ္မ်ားထင္ေနလား?"
က်ိန္ဆဲသံသည္ က်ယ္ေလာင္လွသည္၊ အခန္းထဲတြင္ ပုန္းေနေသာ အေစခံမ်ားပင္ေတာင္ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရ၏။
ရွီးေဝရဲ႕ မ်က္ႏွာတစ္ခုလုံး ျဖဴျပာသြားေတာ့သည္ ။ သူမ ေျမႀကီးေပၚမွာ တြင္းတူးၿပီး ဝင္ေနဖို႔ေတာင္ မေစာင့္ႏိုင္ေတာ့ေပ။
လူအိုႀကီးရွီ နဲ႔ သူ႔ေယာက်္ား တစ္ေယာက္ၿပီး တစ္ေယာက္ ထြက္သြားတာေစာင့္ၿပီးမွ သူမမေက်မနပ္ေျပာေတာ့သည္ "ဝမ္မင္ဆိုတဲ့ မိန္းမက နာမည္ႀကီး အမ်ိဳးသမီး ျဖစ္ေပမယ့္ အႏွစ္ႏွစ္ဆယ္ရွိၿပီျပာေတာင္မက်န္ဘဲ ေသသြားတာေတာ့ သနာစရာပဲ!"
ရွီးခဲယြဲ႕ မ်က္ေမွာင္ၾကဳတ္ကာ "အေမ! ဘာမွ မေျပာနဲ႔! "
"အေမ ေဒါသထြက္လြန္းလို႔ပါ!" ရွီးေဝက အနားကို တိုးလာၿပီး "သား၊ ဒီရွီယြင္နန္က ႐ုတ္တရက္ ျမင့္ တဲ့ေနရာကို တက္သြားရင္ အေမတို႔ ဘာလိုလုပ္ၾကမလဲ? "
ရွီးခဲယြဲ႕ရဲ႕ မ်က္လုံးမ်ား ခဏတာေျပာင္းလဲသြားၿပီး စကားကို ေတာင့္ေတာင့္ႀကီး ျပန္မေျပာခင္ထိ အခ်ိန္ခဏေလာက္ၾကာသြားေသးသည္။
"ဘာကိုစိုးရိမ္ေနတာလဲ? တျခားသူေတြထက္ ကိုယ့္ကိုယ္ကို အားကိုးတာက ပိုေကာင္းတယ္။"
"အဘိုးက အေမ့ကို စိတ္ဆိုးေနလို႔ ႀကိမ္းေမာင္းေပမယ့္ အိမ္ကေတာ့ ႏွင္မထုတ္ပါဘူး။ အဆိုးဆုံးက ရွီအိမ္ကေန အခုထြက္သြားရင္ေတာင္ ကြၽန္ေတာ္အေမ့ကို ေထာက္မပံ့ႏိုင္မွာ ေၾကာက္ေနတာလား?"
ရွီးေဝ နားေထာင္ၿပီး ဂုဏ္ယူေနကာ "အမွန္ပဲ!"
သူ႔ဘဝမွာ ဉာဏ္ႀကီးရွင္အျဖစ္ ႀကီးျပင္းလာခဲ့တဲ့ သားေလးကို ေမြးဖြားခဲ့တာပဲ။
ရွီးခဲယြဲ႕ရဲ႕ ထိုးထြင္းသိျမင္မႈက အလြန္ထက္ျမက္သည္။ သူ တကၠသိုလ္တက္ေနတုန္းေတာင္ နည္းမ်ိဳးစုံနဲ႔ တိတ္တဆိတ္ ပိုက္ဆံရွာေနႏိုင္ၿပီ။ သူဒီအခ်က္ ကို လူအိုႀကီးရွီကို ဖုံးကြယ္ထားေသာ္လည္း အမွန္ တကယ္သူ႔ရဲ႕ လွ်ိဳ႕ဝွက္ပိုင္ဆိုင္မႈမ်ားကို မေလ်ာ့တြက္သင့္ဘူးေလ!!
တစ္ေန႔လုံး စားမယ္ေသာက္မယ္ အေပ်ာ္အပါးမက္ တဲ့ ရွီယြင္နန္က သူ႔သားနဲ႔ ဘယ္လိုလုပ္ ယွဥ္ႏိုင္မွာလဲ?
......
ကားက ရွီအိမ္ထဲကေန ေမာင္းထြက္သြား၏။
ရွီယြင္နန္ သြက္လတ္စြာ ၿပဳံးလိုက္ၿပီး ေဘးက ေလာ့လင္းရွန္းကို ေျပာလိုက္ေလသည္။
"ပူးေပါင္းေဆာင္႐ြက္မႈအတြက္ မစၥတာေလာ့ကို ေက်းဇူးတင္ခ်င္ပါတယ္၊ မဟုတ္လို႔ကေတာ့ ကြၽန္ ေတာ္ အဘိုးႀကီးနဲ႔ ခဏေလာက္ေတာ့ ႐ုန္းကန္ေနရအုံးမွာ။"
သူ႔အၾကည့္ေတြက ကားျပတင္းေပါက္ကေန အျပင္ ဘက္ကို ၾကည့္ကာ ကားေမာင္းေနတဲ့ ခ်င္က်န္းကို ေျပာလိုက္၏။
"လက္ေထာက္အစ္ကို ၊ ကြၽန္ေတာ့ကို ဒီနားႀကိဳက္ တဲ့ေနရာမွာ ခ်ထားေပးခဲ့လို႔ရတယ္။"
ခ်င္က်န္းသည္ ေနာက္ၾကည့္မွန္မွတဆင့္ ေလာ့လင္းရွန္ကို ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္ ရပ္လိုက္ရမလား?"
"မရပ္နဲ႔ ။ အိမ္ကိုေမာင္း"
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္"
ရွီယြင္နန္ သူတို႔ ႏွစ္ေယာက္ စကားကိုၾကားေတာ့ သူ႔အၿပဳံးက ေအးခဲသြားၿပီး
"မစၥတာေလာ့?"
ေလာ့လင္းရွန္းက သူ႔ရဲ႕ အံ့အားသင့္သြားေသာ အၾကည့္ကိုေတြ႕ၿပီး "ဒုတိယသခင္ေလးရွီက တစ္ခုခုကို နားလည္မႈလြဲေနတဲ့ပုံပဲ။ လက္ထပ္ဖို႔လာကမ္းလွမ္းတယ္ဆိုတာက အမွန္ပဲ။"
ရွီယြင္နန္ ႏွစ္စကၠန႔္ၾကာမွ် မတုံ႔ျပန္မိေပ။သူ အံ့ဩေပမယ့္လည္း အနည္းငယ္ စိတ္ရႈပ္သြားကာ "ကြၽန္ ေတာ္ မွတ္တာမမွားဘူးဆိုရင္ ဒါက ကြၽန္ေတာ္တို႔ ပထဆုံးေတြ႕ဖူးတာလားလို႔?"
"ျမင္ျမင္ခ်င္း အခ်စ္ဆိုတာ ဒီကမာၻႀကီးမွာ ရွိေပမယ့္ ျမင္ျမင္ခ်င္း ခ်စ္တဲ့ ေန႔မွာပဲ ဒီေလာက္အျမန္ ႀကီးလက္ထပ္လို႔လား? မစၥတာေလာ့ကိုၾကည့္ရတာ ဒီလိုစိတ္ျပင္းျပတဲ့ လူလို႔ မထင္ရပါဘူး။ "
ရွီယြင္နန္ သူ႔ထိုင္ခုံေပၚ ျပန္မွီလိုက္ကာ ေလာ့လင္းရွန္းကို စသလိုလို ၾကည့္လိုက္ၿပီး "ဒါေပမယ့္ ကြၽန္ ေတာ္တို႔သာ တစ္နာရီအတြင္း တကယ္လက္ထပ္ လိုက္ရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္မွာ ဘယ္သူကရႈံးၿပီး ဘယ္သူက အျမတ္ရေလာက္မလဲ?"
အမွန္အတိုင္းေျပာရလွ်င္ ေလာ့လင္းရွန္းက ဒီေလာက္ေခ်ာၿပီး ေယာက္်ားမိန္းမ စားခ်င္တဲ့ မ်က္ႏွာမ်ိဳးရွိေနတာ၊ အဲ့ေတာ့ သူသာတကယ္လက္ ထပ္လိုက္ပါက အရႈံးရွိမည္ မဟုတ္။
သို႔ေသာ္ ရွီယြင္နန္ရဲ႕ စကားမ်ားသည္ အထိန္းအကြပ္မရွိေသာ္လည္း သူ႔စိတ္ထဲမွာေတာ့ ရွင္းရွင္းလင္းလင္း သိေနေလၿပီ။
ေလာ့လင္းရွန္းလိုမ်ိဳး ေကာင္းကင္မွ က်လာတဲ့ တန္ဖိုးႀကီး ေ႐ႊေပါင္မုန႔္ႀကီးတဲ့ ေကာင္းတဲ့ မုန္႔မရွိေတာ့ဘူးေလ။
အမွားတစ္ခုနဲ႔ မုန႔္တစ္ပိုင္းတစ္စက ေထာင္ေခ်ာက္ ျဖစ္လာႏိုင္တယ္။
ရွီယြင္နန္ အၾကည့္ကိုရင္ဆိုင္လိုက္ရင္း ေလာ့လင္းရွန္း တဲ့တိုးပဲ ေျပာလိုက္ေတာ့သည္။
"လူသိရွင္ၾကား ဖြင့္ဟဖို႔ သင့္ေတာ္တဲ့ လက္တြဲေဖာ္ တစ္ေယာက္ကို ကိုယ္လိုေနတယ္။ ဒုတိယသခင္ ေလးရွီက ကိုယ့္သေဘာနဲ႔ကိုယ္ တံခါးလာေခါက္ၿပီး တကယ့္အရည္အခ်င္းရွိတဲ့ ပထမတန္းစား သ႐ုပ္ ေဆာင္ျဖစ္ေနမွေတာ့ ဘာလို႔ ကိုယ္နဲ႔ပူးေပါင္းဖို႔မစဥ္းစားၾကည့္တာလဲ? "
"မစၥတာေလာ့ ဆိုလိုတာက ကြၽန္ေတာ္တို႔ စာခ်ဳပ္သေဘာမ်ိဳးနဲ႔ လက္ထပ္တာလား?"
"အမ္း ၊ ကိုယ္ မင္းကို အလုပ္အတြက္ ပိုက္ဆံေပးမွာပါ။ စာခ်ဳပ္သေဘာနဲ႔လက္ထပ္ေနတဲ့ အခ်ိန္အတြင္း ကိုယ္မင္းကို ဘာမွလုပ္မွာ မဟုတ္ဘူး၊ မင္း အစားအေသာက္နဲ႔ အဝတ္အစားေတြလည္း မျပတ္ ေစရဘူး။"
"တကယ္လား?" ရွီယြင္နန္ သေဘာတူတာလည္းမဟုတ္သလို၊ မတူတာလည္းမဟုတ္သလို ေပါ့ေပါ့တန္တန္ ရယ္လိုက္သည္။
"ဒါေပမယ့္ အခု ဒီကားက ေလာ့အိမ္ကို ေတာက္ ေလွ်ာက္ေမာင္းေနတာေနာ္။ မသိတဲ့သူေတြဆို မစၥတာေလာ့က 'လူေတြကို အင္အားသုံးၿပီး သိမ္းေနတယ္'လို႔ ထင္ေနၾကအုံးမယ္။"
"မင္းျငင္းလို႔ရပါတယ္။" ေလာ့လင္းရွန္းသူ႔အၾကည့္ေတြက အနည္းငယ္ ဖယ္ရွားလိုက္ၿပီး "ဒါေပမယ့္ ဒုတိယသခင္ေလးရွီက ရွီမိသားစုဆီကေန လက္ဗလာနဲ႔ ထြက္လာၿပီး ဘယ္ကိုသြားဖို႔ စိတ္ကူးထားတာလဲ?"
ရွီယြင္နန္ သူ႔ဆီက သတိေပးခံလိုက္ရေတာ့ ေနာက္ပိုင္း သူ႔အသိစိတ္ေတြ ျပန္ေပၚလာကာ
အိုးးး
ေစာေစာက သူေဒါသထြက္ေတာ့ သူ႔စာ႐ြက္စာတမ္းေတြနဲ႔ ခရီးေဆာင္အိတ္ေတြကို ရွီအိမ္မွာ ထားခဲ့မိတာပဲ။ ID မပါဘဲ ေလွ်ာက္သြားေနရင္ ေနရာတိုင္းမွာ လြယ္လြယ္နဲ႔ ဖမ္းခံေနရမွာ။ ဒါေပမယ့္ သူရွီအိမ္ ေတာ္ကေန ခက္ခက္ခဲခဲ လြတ္ေျမာက္ခဲ့ေတာ့ စိတ္ညစ္စရာမ်ားကို ျပန္ရဖို႔ အဲ့ကိုမျပန္ခ်င္ေပ။
ေလာ့လင္းရွန္းက သူေတြးေနတဲ့အရာေတြကို ခန႔္မွန္းလိုက္ၿပီး "ကိုယ္ ရွီအိမ္ကို မင္းရဲ႕ ခရီးေဆာင္အိတ္ယူဖို႔ တစ္ေယာက္ေယာက္ကို သြားခိုင္းလိုက္မယ္။ ဒါေပမယ့္ အဲ့မတိုင္ခင္ ဒုတိယသခင္ေလးရွီက ဘာလို႔ ကြၽန္ေတာ္နဲ႔ ေလာ့အိမ္ကိုမလိုက္ခဲ့တာလဲ?"
"ထြက္သြားဖို႔ပဲျဖစ္ျဖစ္ ပူးေပါင္းဖို႔ပဲျဖစ္ျဖစ္ ၊ ကိုယ္ စဥ္းစားဖို႔ အခ်ိန္ေပးႏိုင္ပါတယ္၊ ဆုံးျဖတ္ရမွာက မင္းပဲေလ။ "
ထို စကားမ်ားသည္ အမွားရွာလို႔မရေအာင္ကို စင္းလုံးေခ်ာလွသည္။
လူအိုႀကီးရွီေတာင္ လိုက္ေလ်ာေပးခဲ့ရတာ မထူးဆန္းေတာ့ပါဘူး။ ပါဝါနဲ႔ အဆင့္အတန္းအျပင္၊ ေလာ့လင္းရွန္းရဲ႕ စိတ္ကလည္း တကယ့္ကို အားေကာင္းလြန္းလွသည္။
ဒါကိုျမင္ေတာ့ ရွီယြင္နန္ တည္ၿငိမ္စြာလက္ခံလိုက္ ၿပီး "ေကာင္းၿပီေလ ေလာ့အိမ္ေတာ္ကိုေရာက္ဖို႔ ဘယ္ေလာက္လိုေသးလဲ?"
"နာရီဝက္ေလာက္ပါပဲ။" ေရွ႕ဆုံးမွ ခ်င္က်န္းက ျပန္ ေျဖလာေလသည္။ "ဒုတိယသခင္ေလးရွီက မေန႔ကမွ တ႐ုတ္ျပည္ကို ျပန္ေရာက္တာ မလား? တကယ္လို႔ ခရီးပန္းေနေသးရင္ ခဏေလာက္အိပ္ လို႔ရပါတယ္။"
ရွီယြင္နန္ အသံတိုးတိုးေလးျဖင့္ ျပန္တုံ႔ျပန္လိုက္သည္။
မေန႔ညက သူေကာင္းေကာင္းအိပ္မေပ်ာ္ခဲဲ့။ ဒါေပမယ့္ ခရီးပန္းတာေၾကာင့္ မဟုတ္ဘဲ မူရင္းစာအုပ္ရဲ႕ ကြက္ကြက္ကြင္းကြင္း အိပ္မက္ေၾကာင့္ေပ...
ေၾကကြဲဖြယ္ကံၾကမၼာနဲ႔ အဆုံးသတ္သြားတဲ့ စာအုပ္ ထဲက ဇာတ္ပို႔?
ရွီယြင္နန္ သိပၸံသေဘာအရ ဒါက အဓိပၸာယ္မရွိဘူးဟု ခံစားမိေသာ္လည္း အခုပထမအႀကိမ္ အတည္ ျပဳလိုက္ၿပီျဖစ္တာေၾကာင့္ သူသတိေတာ့ထားရမည္။
သူဖုန္းဖြင့္လိုက္ၿပီး မွတ္စုကို ဖြင့္ကာ သူ႔ရဲ႕ မွတ္ဥာဏ္အရ မွတ္ထားတဲ့ မွတ္စုကို ဖြင့္လိုက္သည္။ သူသည္ အေရးႀကီးေသာ အခ်ိန္၊ ဇာတ္ေကာင္မ်ားႏွင့္ အဓိက ဇာတ္ကြက္မ်ားကို အျမန္ စာရင္းျပဳစုထားသည္။
ရွီယြင္နန္မွာလည္း သူ႔ကိုယ္ပိုင္မာနနဲ႔ပင္။ 'သူ႔ကံၾကမၼာကိုေျပာင္းဖို႔ ' ရွီခဲယြဲ႕ကို မဖားႏိုင္ဘူး။ ဟုတ္တယ္ သူက မူရင္းစာအုပ္အတိုင္း ရွီခဲယြဲ႕သူ႔ကို တမင္ ပစ္မွတ္ထားသလို ျပန္အ႐ြဲ႕တိုက္ဖို႔ေတာ့ မရည္႐ြယ္ထားဘူး၊ သူဒီတိုင္းေစာင့္ၾကည့္ရမယ္။
ေကာင္းတဲ့မွတ္ဉာဏ္က ေဘာပင္ေလာက္ေတာ့ မေကာင္းပါ။
ဒါကို သူအမွန္လို ခံယူလိုက္မွေတာ့ အိပ္မက္ရဲ႕အေသးစိတ္အခ်က္အလက္မ်ားကိုခ်ေရးထားတာက ပိုလုံၿခဳံပါတယ္။
သို႔ေသာ္ ရွီယြင္နန္ ေရးထားတာကိုၾကည့္လိုက္ေတာ့ သူအစက လ်စ္လ်ဴရႈထားခဲ့မိတဲ့ မွတ္စုတစ္ခုကို ေတြ႕ရွိခဲ့သည္- သူ႔ေဘးတြင္ ထိုင္ေနေသာ ေလာ့လင္းရွန္းမွာ မူရင္းစာအုပ္ရဲ႕ ေနာက္အပိုင္းမ်ားထဲရွိ ဇာတ္ေကာင္မ်ားထဲမွ တစ္ေယာက္ျဖစ္ေလသည္။
ေလာ့မိသားစုရဲ႕ ေခါင္းေဆာင္အျဖစ္၊ တစ္ဖက္လူသည္ ႀကီးမားေသာ ၾသဇာအာဏာရွိခဲ့သည္။ သူ႔ရဲ႕ လက္ေအာက္တြင္ရွိေသာ အုပ္စုသည္ မေရမတြက္ ႏိုင္ေသာ စက္မႈလုပ္ငန္းကြင္းဆက္မ်ားကို ပိတ္ဆို႔ႏိုင္ခဲ့သည္။
ထိုကဲ့သို႔ ႀကီးမားေသာ ႐ိုက္ခ်က္သည္ 'မူရင္းစာအုပ္ရဲ႕ ဇာတ္ေဆာင္' ရွီးခဲယြဲ႕ရဲ႕ အာ႐ုံကို သဘာဝအတိုင္း ဆြဲေဆာင္ႏိုင္ခဲ့သည္။ ေနာက္ပိုင္းတြင္ သူကခင္မင္ရင္းႏွီးရန္ အဖန္ဖန္ ႀကိဳးစားေသာ္လည္း မေအာင္ျမင္ခဲ့ေပ။
မင္းက မဟာမိတ္မျဖစ္ခ်င္မွေတာ့ မင္းကရန္သူျဖစ္လာရမွာေပါ့၊ မင္းက ရန္သူျဖစ္လာၿပီဆိုတာနဲ႔ ရွီခဲယြဲ႕ရဲ႕ ဇာတ္ေဆာင္အရွိန္အဝါနဲ႔ အႏိုင္ယူခံရဖို႔ ေသခ်ာေနၿပီ။
မူရင္းစာအုပ္တြင္ ေလာ့လင္းရွန္းရဲ႕ အဆုံးသတ္သည္ ပိုေတာင္မေကာင္းေပ။
သူ႔ကို ရွီးခဲယြဲ႕ ဆီီကေန အမႈဆင္တာခံရၿပီး ေထာင္ က်သြားခဲ့သည္ ။သူ႔ရဲ႕ မသန္မစြမ္းျဖစ္ေနၿပီျဖစ္တဲ့ ေျခေထာက္ေတြဟာ လုံးဝကို က်ိဳးသြားၿပီး မေသမရွင္ ခံစားခဲ့ရ၏။
ရွီယြင္နန္ အသက္ျပင္းျပင္းရွဴလိုက္ၿပီး သူ႔မ်က္လုံးမ်ားက ေလာ့လင္းရွန္းရဲ႕ ေျခေထာက္မ်ားကို မသိစိတ္ကေန စိုက္ၾကည့္လိုက္မိသည္။
ဘာကို ေကာင္းကင္ဘုံရဲ႕ က်က္သေရေဆာင္လဲ၊ ႐ႊံ႕ထဲကို တစ္ခ်က္တည္းနဲ႔က်သြားတာကို။
ဘယ္လိုေတာင္ ေကာက္က်စ္တဲ့ စာေရးဆရာက ဒီလိုဇာတ္ကြက္မ်ိဳး ေရးႏိုင္ရတာလဲ? တကယ္ကို ရက္စက္လြန္းတယ္။
ရွီယြင္နန္က ေတာ္ေတာ္ၾကာၾကာကို ပြင့္ပြင့္လင္းလင္းၾကည့္ေနေလသည္ ။ ေလာ့လင္းရွန္းရဲ႕ အၾကည့္ေတြလည္း က်လာၿပီး သူသတိျပဳမိသြားကာ
"ဒုတိယသခင္ေလးရွီ၊ ၾကည့္လို႔ ဝၿပီလား?"
ေရွ႕ဆုံးရွိ ကားေမာင္းေနတဲ့ လက္ေထာက္ခ်င္က်န္းမွာ ထိုအေျခအေနကို သတိျပဳမိသြားၿပီး ခရီးသည္ ထိုင္ခုံရွိ သက္ေတာ္ေစာင့္ကို ထိတ္လန႔္စြာ ၾကည့္မိသြားသည္။
ေလာ့လင္းရွန္းရဲ႕ ေျခေထာက္သည္ သူ႔ႏွလုံးသားထဲက အမာ႐ြတ္တစ္ခုျဖစ္၏။ အျခားသူမ်ား ၾကည့္လည္းမၾကည့္သင့္သလို ေမးလဲမေမးသင့္ေပ။ အရင္တုန္းကေတာ့ တစ္ေယာက္ေယာက္က ဒီေျမျမႇဳပ္မိုင္းကို နင္းမိေတာ့ ရလဒ္က တကယ့္ကိုေၾကာက္စရာေကာင္းတဲ့အဆုံးအသတ္ပင္။
အစကတည္းေန အဆုံးထိ ဒုတိယသခင္ေလးရွီက က်ားေခါင္းကို ဘယ္ႏွစ္ခါေတာင္ျဖဳတ္ေနမွာတုန္း?
ေလာ့လင္းရွန္း နားလည္မႈလြဲေနၿပီဆိုတာကို ရွီယြင္ နန္ ခ်က္ခ်င္းသိသြားေတာ့သည္။
တကယ္လို႔ ဒါသာ အျခားသူျဖစ္မယ္ဆိုပါက သူတို႔ ေၾကာက္႐ြံ႕ေနေလာက္ၿပီ ျဖစ္ေသာ္လည္း ရွီယြင္နန္ကေတာ့ ဆန္႔က်င္ဘက္ျဖစ္၏။ " မစၥတာေလာ့ ဒါကေမြးရာပါလား? ဒါမွမဟုတ္ ေနာက္ပိုင္းမွ ဒဏ္ရာရသြားတာလား? ဒါကုလို႔ရလား?"
သူ႔ရဲ႕ ပင္ကိုယ္စ႐ိုက္ေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္၏။ ရွီယြင္နန္ရဲ႕ စကားတိုင္းမွာ ေႏြဦးေႏွာင္းပိုင္းႏွင့္ ေႏြရာသီအေစာပိုင္းမွာ တိုက္တဲ့ေလလိုမ်ိဳး ေပါ့ေပါ့ပါးပါး အၿပဳံးေလး အၿမဲတမ္းပါေန၏။
ေအးျမေျခာက္ေသြ႕ေစ႐ုံသာမက လူေတြရဲ႕ႏွလုံးသားကိုလည္း ေႏြးေထြးေစသည္။
ေလာ့လင္းရွန္းရဲ႕ အသံတြင္ ရႈပ္ေထြးေသာအထိအေတြ႕မ်ားပါ၀င္ေနကာ "ဒုတိယသခင္ေလးရွီ နဲ႔ဘာဆိုင္လို႔မ်ားလဲ?"
"ဘာလို႔ ကြၽန္ေတာ္နဲ႔မဆိုင္ရမွာလဲ? ကြၽမ္ေတာ္တို႔သာ ႐ုတ္တရက္လက္ထပ္ဖို႔ ညႇိႏႈိင္းမယ္ဆိုရင္ ကြၽန္ေတာ္ မစၥတာေလာ့ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနကိုလည္း သိဖို႔လိုတယ္ေလ။ မဟုတ္ရင္ ေနာက္လူ ေတြက ေမးလာတဲ့အခါ အလြယ္တကူရိပ္မိသြားမွာေပါ့။"
"ဘယ္သူမွ ဒီအေၾကာင္းကိုေမးရဲမွာ မဟုတ္ဘူး။" ေလာ့လင္းရွန္းရဲ႕ ေလသံက အနည္းငယ္ ေျပေလ်ာ့သြားၿပီး သူက ေမးခြန္းကို ေရွာင္လိုက္သည္။
ေကာင္းၿပီေလ။
ခင္ဗ်ား မေျပာခ်င္မွေတာ့ မေမးေတာ့ပါဘူး။
ရွီယြင္နန္ အေျဖရရန္ မေျဖာင္းျဖေတာ့ေပ။သူ႔ႏွလုံးသားထဲမွာ တျဖည္းျဖည္း ႀကီးထြားလာတဲ့ ေလာ့လင္းရွန္းရဲ႕ ႐ုပ္ရည္ႏွင့္ အသြင္အျပင္ကို ၾကည့္လိုက္ ၿပီး တက္ႂကြတဲ့အျပဳအမူေလးနဲ႔ က်စ္ က်စ္ ဆိုၿပီး ႏွစ္ခါ စုတ္သတ္လိုက္ရင္း
"ဘုရားသခင္က ထူးခြၽန္ေျပာင္ေျမာက္လြန္းတဲ့ ေယာက်္ားေတြကို မနာလိုဘူးလို႔ အေနာက္တိုင္းကသူေတြေျပာခဲ့တာ မထူးဆန္းေတာ့ပါဘူး။"
"မစၥတာေလာ့ရဲ႕ ထိုင္ေနတဲ့ အရွိန္အဝါကေတာင္ အျခားသူေတြကို လႊမ္းမိုးႏိုင္တာပဲ။ မတ္တတ္သာျပန္ရပ္ႏိုင္ရင္ ေကာင္းကင္ေအာက္က ဘယ္သူမွ ခင္ဗ်ားနဲ႔ ယွဥ္ႏိုင္ေတာ့မွာမဟုတ္ဘူး။"
သူက အမႊန္းတင္ၿပီး စကားပလႅင္ခံၿပီးေနာက္မွာေတာ့ သူထပ္ၿပီး စိတ္ကို ဆြလိုက္ေတာ့သည္။
"ဒါေပမဲ့ မကုသႏိုင္ရင္ေတာင္ အဆင္ေျပပါတယ္၊ ကြၽန္ေတာ္က ဒီတိုင္း မစၥတာေလာ့ရဲ႕ အနာဂတ္က တကယ့္လက္တြဲေဖာ္အတြက္ စိုးရိမ္လို႔ပါ..."
ရွီယြင္နန္ ၿပဳံးၿပီး အနားကို တိုးလာကာ စကားရဲ႕ ေနာက္ဆုံးစာေၾကာင္းကို ေျပာခ်လိုက္ေတာ့သည္။
" ကြၽန္ေတာ္ၾကားတာေတာ့ လိေမၼာ္သီးစားရင္ အရမ္းအားစိုက္ရတာတဲ့ေနာ္။"
"......"
(* လိေမၼာ္သီးစားတာက ျမင္းစီးတာရဲ႕ သံတူေၾကာင္းကြဲပါတဲ့။ ျမင္းစီးတာေတာ့ သိတယ္မလား 🌚)
႐ုတ္တရက္ထြက္လာတဲ့ စကားလုံးလႈိင္းလုံးေတြက ကားတစ္စီးလုံးရဲ႕ အေငြ႕အသက္ကို လႈပ္ခတ္သြားေတာ့ေလသည္။
ေရွ႕တြင္ ခိုးနားေထာင္ေနေသာ ခ်င္က်န္းေတာင္ မထိန္းႏိုင္ေတာ့ဘဲ သီးသြားေတာ့သည္။
ေလာ့လင္းရွန္း လက္ေထာက္ရဲ႕ အျမန္တုံ႔ျပန္ႏႈန္းကိုလုံး၀ လ်စ္လ်ဴရႈလိုက္ၿပီး သူ အသက္ျပင္းျပင္းရွဴၿပီး သူ႔မ်က္လုံးမ်ားကမည္းေမွာင္ေနကာ
"ဒုတိယသခင္ေလးရွီ၊ မင္း..."
"ကြၽန္ေတာ္က ပြင့္ပြင့္လင္းလင္းေျပာတာ အက်င့္ျဖစ္ေနလို႔ပါ။ အဲ့ေတာ့ ေရွ႕ေလွ်ာက္ ပိုၿပီးေတာ့ သည္းခံေပးဖို႔ မစၥတာေလာ့ကို ေတာင္းဆိုရေတာ့မွာပဲ"
ရွီယြင္နန္က သူ႔လမ္းေပါက္ဖို႔ သူ႔ရဲ႕ ပေရာ္ပရည္လုပ္တဲ့ အျပဳအမူကို ဖုံးကြယ္မေနဘဲ သူ႔စကားကို ၾကားျဖတ္ေျပာလိုက္သည္။
ေလာ့လင္းရွန္း တကယ့္အဓိကအခ်က္ကို ဖမ္းမိသြားၿပီး "ေရွ႕ေလွ်ာက္?"
ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လုံးခ်င္းဆုံမိၿပီး အေတြးထဲမွာ နစ္ျမဳပ္ေနၾက၏။
"ဒါက ၊ မစၥတာေလာ့ပဲ ကြၽန္ေတာ့္ကို 'လက္ထပ္ေဖာ္' အျဖစ္ဟန္ေဆာင္ေစခ်င္တာ မဟုတ္ဘူးလား?"
ရွီယြင္နန္ရဲ႕ မ်က္ႏွာေပၚရွိ အၿပဳံးသည္ အရင္တိုင္းပဲ က်န္ေနၿပီး သူ႔မ်က္လုံးေအာက္ေျခကသာ ၿငိမ္သက္ျခင္းအရိပ္အေယာင္ကို ဖုံးကြယ္ထားရင္း
"ကြၽန္ေတာ္ သေဘာတူတယ္"