"ဒီလမ်းက အန္တရာယ်များပါတယ် သခင်လေး။ ငါပဲ သွားလိုက်ပါ့မယ်...သတ်မှတ်ထားတဲ့ ရက်အတွင်းငါပြန်လာခဲ့မယ်လို့ ကတိပေးတယ်။"
"မလိုဘူး ဒရယ်ဂွန်။ ကျွန်တော်ဦးဆောင်မယ်...."
သူတည်တင်းတင်းနဲ့ပဲ ပြောလိုက်ပြီး အိတ်ထဲကို ရေဘူးနှင့် အစာခြောက်များအပြင် လက်နှိပ်ဓာတ်မီး၊ သံလိုက်အိမ်မြှောင်နှင့် ဓားမြှောင်တစ်ခုကိုပါ ထည့်ပြီး လိုလိုမယ်မယ် ဝတ်စုံတစ်စုံကိုပါ ယူခဲ့လိုက်သည်။
"အဆင်သင့်ဖြစ်ရင် စထွက်မယ်။"
တဲအိမ်ကနေအပြင်ထွက်လိုက်ပြီး ပြောလိုက်သည့် သူ့စကားကြောင့် မလှမ်းမကမ်းရှိမြေစိုက်တဲများမှ ထွက်လာကြသည့် အမျိုးသားက ငါးဦးခန့်မျှသာရှိသည်။ သူနှင့်ဒရယ်ဂွန်ပါ ပါမှ လူဦးရေက (၇) ယောက်ဖြစ်မည်။
"မြေးငယ်..."
"ဟုတ်ကဲ့......."
ချောင်းသာမှာ ဖြစ်ပျက်သွားသည့် ကိစ္စများကြောင့် သူအနေနဲ့ အဖိုးဖြစ်သူအား ဖေဖေကြီးဟုခေါ်ရမည်ကို နှုတ်မရဲတော့ပေ။ သူ့မျက်စိရှေ့မှ လူသည် သူတို့အားလုံး၏သခင်ကြီးသာဖြစ်တော့သည်။
ဒီသခင်ကြီးနေရာကို သူအရမယူနိုင်သရွေ့တော့ ဒီလူရဲ့လက်အောက်မှာနေရမည်ဖြစ်မည်။ ဘယ်လိုပဲ သွေးသားတော်စပ်ပါစေ သူမှသခင်ကြီးမဟုတ်ရင် သမီးငယ်ကိုလုံလောက်စွာစောင့်ရှောက်နိုင်မည် မဟုတ်ဟုသာ သူယုံကြည်ထားတော့သည်။
ထို့ကြောင့်ပဲ ဖေဖေကြီးနှင့် သူ၏ဆက်ဆံရေးက အေးမြသွားတာဖြစ်မည်။
"ရော့...ဒါ မြေပုံပဲ။
မင်းတို့ ရှာတွေ့ပါစေလို့ ဖိုးဆုတောင်းနေမယ်၊ အဟွတ် ဟွတ်"
အဖိုးဖြစ်သူ ကမ်းပေးသော မြေပုံကို ယူကာ သူသည်ခေါင်းကိုတစ်ချက်ငြိမ့်ပြရင်း နေရာကနေစတင်ထွက်ခွာခဲ့လိုက်သည်။
"သခင်ကြီး...."
ပါးတော်မြဲ စေဦး၏ အခေါ်ကိုနားလည်သော်လည်း ဦးပြည့်စုံသောက လက်သာကာပြရင်း...
"ထားလိုက်ပါ။ ဒီကောင်လေးက တကယ်အဖေတူသားလားဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်။ ကောင်းမြတ်သောရော အခုတလော ဘာတွေအလုပ်များနေလဲ"
"ဟုတ်ကဲ့။ အကိုလေးကောင်းမြတ်သောဆီမှာ လူသစ်တွေထပ်ဝင်နေတယ်လို့ သတင်းရထားတယ် သခင်ကြီး..."
"ဟွန်း.....ဒီကောင်ဘယ်လိုပဲ ငါ့လိုမဖြစ်ချင်ပါဘူး ပြော ပြော၊ နောက်ဆုံးတော့လည်း သူနဲ့ငါနဲ့သိပ်မကွာပါဘူးလေ။ အေးပေါ့လေ... သားအဖတွေပဲကို...."
သားဖြစ်သူကောင်းမြတ်သောသည် သူ့လုပ်ငန်းများကို ဆက်ခံဖို့အတွက် အမြဲတစေငြင်းဆန်ခဲ့သည်။ ဒါကြောင့် မြေးနှစ်ယောက်ထဲမှ ဦးပြည့်စုံသောက နေခြည့်ကိုရွေးချယ်ခဲ့ပြီး လုပ်ငန်းပိုင်းဆိုင်ရာအားကိုးရသော ဒရယ်ဂွန်နဲ့လက်ထပ်ပေးမည်ဟု စီစဥ်ခဲ့သည်။
သို့သော်လည်း သူ့အစီအစဥ်က လွဲချော်ခဲ့လေသည်။ နောက်ဆုံး သူ့လုပ်ငန်းတွေအားလုံးကို စွန့်လွှတ်လိုက်ဖို့ စဥ်းစားစဥ်မှာပဲ သူ့မှာ မျှော်လင့်ချက်လေး ရှိလာခဲ့သည်။
ဒါကတော့ မြေးအငယ်ဆုံးလေး ဘုန်းရှိန်ထည်ဝါသော ပင်။
သူ့အသက်က သက်တမ်းထက်ကျော်နေပြီဖြစ်သော်လည်း လူမိုက်တို့ဘဝရဲ့ ပထမဆုံးနဲ့နောက်ဆုံးဆုတောင်းအနေနဲ့ ဒီမြေးငယ်လေးအရွယ်ရောက်သည်အထိမြင်ချင်ခဲ့တာ အခုတော့ သူ့ဆန္ဒတွေ တကယ်ပဲပြည့်ဝလာခဲ့သည်။
မြေးငယ်ဟာ အရွယ်ရောက်လာပြီး ကာကွယ်ရမယ့်အရာတွေရှိလာပြီမို့ သူတကယ်ပဲဝမ်းသာရသည်။
"အဟွတ် ဟွတ် !!!"
"သခင်ကြီး..."
ခန္ဓာကိုယ်ယိမ်းယိုင်သွားသည့် ဦးပြည့်စုံသောကြောင့် ဦးစေဦးမှာ အလန့်တကြားနှင့် အော်ခေါ်မိသည်။ ထိုအခါမှာ သူ့အားဖျော့တော့စွာနှင့်ပြုံးပြနေသော သခင်ကြီး၏ မျက်နှာသည် ဇရာကြောင့် နွမ်းလျနေတော့သည်။
ကားအမြန်ထုတ်ဖို့ အချိန်မမှီတာကြောင့် အကိုလေးကောင်းမြတ်သော ဆီသို့ဆက်သွယ်စေလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ....."
ကုတင်အထက်တွင် လှဲလျောင်းနေသော ဖခင်ကိုကြည့်ပြီး ကောင်းရင်ထဲမှာဖခင်နဲ့ပက်သတ်ပြီး တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ ဝမ်းနည်းမှုတွေ ဖြစ်တည်လာနေသည်။
"အသက်အရွယ်ကြောင့်ဖြစ်မယ် အကိုလေးကောင်း.....။ သခင်ကြီးက အရွယ်လည်းမငယ်တော့ဘူးလေ၊ စိတ်ကဆောင်နေလို့သာ ဒီအရွယ်ထိ ဒီလိုကြမ်းတမ်းတဲ့နေရာမှာ နေနိုင်တာပေါ့ဗျာ။"
နယ်မြေက အရမ်းအေးပြီး အစားအသောက်ဆိုသည်က မြို့၊ရွာများကဲ့သို့ ဖွယ်ဖွယ်ရာရာမရှိပေ။ တောင်ပေါ်မှာ အပေါဆုံးက ရွှေပဲဖြစ်သည်မို့ ဒီနေရာက နေရ၊ထိုင်ရ အလွန်ကိုမှ ခက်ခဲလွန်းသည်။
"အိမ်ကို ပြန်ခေါ်သွားမယ်ဆိုရင်ရော...."
"သခင်ကြီးက သိပ်မခံတော့ဘူးလို့ပဲ ပြောချင်တယ် အကိုလေးကောင်း..."
ရွှေလုပ်သားများအတွက် ငှားပေးထားသော ဆရာဝန်လေး၏ စကားကြောင့် ကောင်းသည်ဖခင်လှဲလျောင်းနေသော ကုတင်အနားသို့ သွားလိုက်ပြီး ဖခင်ဖြစ်သူ၏ မျက်နှာကို တမေ့တမောနှင့်ကြည့်နေမိသည်က..
"ကောင်း မြတ် သော..."
တိုးညှင်းသော ခေါ်သံအဆုံးမှာ ကောင်းသည် အောင်ခံဝါးအခင်းပေါ်တွင် ဒူးချ၍ ထိုင်လိုက်ပြီး ကုတင်အထက်မှဖခင်ဖြစ်သူ၏ လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ထားရင်း...
"ဖေဖေ...."
"ငါ...."
ဆက်ပြောလာမည့်စကားကို စောင့်နေသော်လည်း တော်တော်ကြာသည်အထိ ပြောမထွက်နိုင်သည်ကို မြင်ရသည့်အခါမှာ ကောင်းသည် သူနဲ့အတူပါလာသော တားကြီးကိုခေါ်၍ ဟယ်လီကော်ပတာဆင်းသက်ဖို့အတွက် စေခိုင်းလိုက်သည်။
"ကျွန်တော်တို့အိမ်ကို သွားမယ် ဖေဖေ။ အဲ့ဒီကို သွားရအောင်..."
ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို သူကိုယ်တိုင်ပဲ ပွေ့ချီခဲ့ပြီး အသင့်စောင့်နေသော ဟယ်လီပေါ်သို့ တက်သွားလိုက်သည်။ သူ့နောက်တွင် တားကြီးနှင့်အတူ ဆရာဝန်လေးကပါ လိုက်လာပေးသည်။
"ဖေဖေ မောမယ်။ နေကောင်းမှပဲ စကားအေးအေးဆေးဆေးပြောကြရအောင်ဗျာ"
"အဟွန်းး...မင်းအဖေက ငယ်ငယ်လေးမှမဟုတ်တော့တာကွာ"
တိုးညှင်းနေသော စကားသံများက ဟယ်လီကော်ပတာမှစက်သံများကြောင့် ကောင်းမှာအရမ်းပဲစူးစိုက်နားထောင်နေရသည်။ သူတို့အိမ်ကိုရောက်သည့် အခါမှာ ဖေဖေက ကောင်းမျက်နှာကိုပဲ တစိမ့်စိမ့်နဲ့ကြည့်နေတော့သည်။
ရောက်လာပေးသည့် အထူးကုဆရာဝန်ကြီးကို ကောင်းကပဲ အိမ်ရှေ့အထိလိုက်ပို့ပေးဖို့ပြင်တော့ ဖခင်ဖြစ်သူ၏မျက်လုံးတွေက ငြင်းဆန်နေလေသည်။
"နေခြည်ပဲ လိုက်ပို့လိုက်မယ် ဒယ်ဒီ...."
အလိုက်တသိနဲ့ နေခြည်ကပဲ ဆရာဝန်ကိုလိုက်ပို့ပေးလိုက်သည်။ တစ်နေ့လုံး အခန်းထဲမှာ ဒယ်ဒီတစ်ယောက်ငြိမ်သက်နေတာကို ကြည့်ပြီး သူမနဲ့မာမီ့မှာ စိတ်ထဲတကယ်ကို မချိတင်ကဲ ခံစားရသည်။
"ဒယ်ဒီလည်း ဖေဖေကြီးကိုချစ်တာပဲနော် မာမီ။ တကယ်မထင်ရဘူး...."
"ကောင်းက ချစ်ပါတယ်နေခြည်ရယ်။ ငယ်ငယ်ထဲက မိဘတွေနဲ့ခွဲနေရတော့ သူ့စိတ်ထဲနည်းနည်းလေးစိမ်းပေမယ့် သူအဖေရော၊အမေရော သူသိပ်ချစ်တာ။ အဲ့တာကြောင့်ပဲ နေခြည်တို့သုံးယောက်ကိုလည်း သူသိပ်ချစ်ပြတာပေါ့။ သူ့လိုမျိုး နေခြည်တို့ဖြစ်သွားမှာကို သူသိပ်ကြောက်တာ......"
မာမီ့စကားတွေကို နေခြည်ခေါင်းငြိမ့်နေစဥ်မှာ အိမ်ရှေ့က ကားသံကြောင့် နေခြည်ထွက်ကြိုလိုက်တော့ ရောင်ဝါဖြစ်နေသည်။
"ထည်ဝါ မရောက်သေးဘူးလား..."
"မရောက်သေးဘူး။ ဆက်သွယ်လို့လည်း မရသေးဘူးဟာ။"
ပြင်သစ်က ရောင်ဝါကပြန်ရောက်လာခဲ့ပြီ။ ဖေဖေကြီးအချစ်ဆုံးမြေးငယ်လေးက အခုထိရောက်မလာသေးပေ။
"ဒယ်ဒီ...."
ရောင်ဝါ့ခေါ်သံကို ဒယ်ဒီကတစ်ချက်သာလှည့်ကြည့်ပြီး မျက်ရည်တို့ကို လက်ဖြင့်သပ်ချသည်။ ဒယ်ဒီငိုနေတာကို မြင်လိုက်ရတော့ ရောင်ဝါတင်မကပဲ နေခြည်ကပါ ဒယ်ဒီအနားကိုအပြေးသွားလိုက်သည်။
အနားရောက်လာသော သားနှင့်သမီးကို ဘာမှမပြောပဲ ကောင်းသည် သူ့အဖေထံသို့ကြည့်ပြီး...
"မေမေ့ဆီကို ဆက်သွယ်ပေးရမလား ဖေဖေ..." ဟု မေးလေသည်။
ဦးပြည့်စုံသောသည် ကောင်း၏အမေးကို ခေါင်းကိုသာ ဖြည်းဖြည်းချင်း ယမ်းပြရင်းငြင်းဆန်လိုက်တော့သည်။ သူ့အနားမှာမဟုတ်မှ ပျော်နိုင်မယ့် သူ့အမျိုးသမီးကို သူလွတ်လပ်ခွင့်ပေးထားခဲ့တာကြာပြီဖြစ်သည်။ အခုချိန်မှတော့ ပြန်တွေ့ပြီး နှုတ်ဆက်စကားတွေပြောရမှာမျိုးကို မလုပ်ချင်တော့ပေ။
ဒီနေ့ဟာ သူ့ရဲ့နောက်ဆုံးနေ့ဆိုတာကို သိနေပေမယ့်လည်း သူအားတင်းကာ မျှော်လင့်နေသေးသည်။ သူမြင်ချင်သေးသည်၊ သူ့ရဲ့မြေးအငယ်ဆုံးလေးနှင့် သွေးတစ်စက်မှမရောသည့် သူ့သားငယ်လေး။ ဇနီးသည်မရှိတော့သည့်နောက်ပိုင်းတွင် သူ့ဘဝဟာ ဒီနှစ်ယောက်ကြောင့် စိုပြေခဲ့တာမို့ ဒီနှစ်ယောက်ကို နောက်ဆုံးအနေနဲ့ တွေ့သွားချင်သည်။
"ထည်ဝါ့ကို လိုက်ရှာဖို့ အားလုံးကိုပြောလိုက်ပါတော့....."
ကောင်းသည် အင်မတန်ကြေကွဲနေသော အသံဖြင့်ပြောသည်ကို နေခြည်က ချက်ချင်းပဲ ဆောင်ရွက်ပေးသည်။
သို့ဖြင့်ကောင်းအနားတွင် အကွေးနှင့် ရောင်ဝါသာကျန်ခဲ့ပြီး နှစ်သိမ့်ပေးလေသည်။ ကြေကွဲနေသည့် အိမ်ထောင်ဦးစီး၏ အမူအရာများကြောင့် အကွေးမှာတော်တော်လေးကို မကြည့်ရက်နိုင်ဖြစ်ရလေသည်။
"ကောင်းရယ်....အဆင်ပြေသွားမှာပါ။
အဆင်ပြေသွားမှာပါ ကောင်းရယ်"
လှုပ်ခတ်နေသည့် ကောင်းပခုံးတွေကို ခပ်ဖွဖွလေးကိုင်ထားရင်း နှစ်သိမ့်လိုက်တော့ ကောင်းက အကွေးထံသို့ကြည့်လာပြီး ခဏမှာ ချက်ချင်းပဲအကြည့်လွှဲကာ ငြိမ်သက်သွားသည်။ သိပ်မကြာခင်မှာတော့ ကောင်းဟာ တော်တော်လေးကို တည်ငြိမ်သွားပြီဖြစ်၏။
ညသန်းခေါင်အချိန်မှာ ဦးပြည့်စုံသောသည် တော်တော်လေးကို အခြေအနေဆိုးလာပြီဖြစ်သည်။
" အသက်ကယ်ဆေးထိုးစေချင်လား အကိုလေးကောင်း"
"မလုပ်နဲ့...မလုပ်နဲ့"
ဆရာဝန်လေး၏ စကားကိုငြင်းဆန်သူသည် တစ်ကိုယ်လုံးရွှံ့နွံများဖြင့် ပေကျံနေကာ ညစ်ပတ်နံစော်နေသော ထည်ဝါပင်ဖြစ်သည်။
"မြေး...."
ချက်ချင်းပဲ လင်းလက်လာတဲ့ ဦးပြည့်စုံသောရဲ့ မျက်လုံးတွေဟာ ထည်ဝါရှိရာကို ရောက်လာလေသည်။
"ကျွန်တော် ရခဲ့တယ် ဖေဖေကြီး။ ကျွန်တော်ရခဲ့တယ်လို့.....ပြောဦးလေ တော်တယ်လို့၊ ပြောပါဦး။ မေးပါဦးလား ဘာတွေဖြစ်ခဲ့တာလဲလို့လေ။ ကျွန်တော်ပြောပြချင်လို့ပါ...ပြောပြချင်လို့ပါဗျာ"
သူ့အဖိုးရှိသည့် ကုတင်ပေါ်မှာထိုင်ပြီး သူ့အဖိုးရဲ့လက်တစ်ဖက်ကို ခပ်ခပ်ဖွဖွကိုင်ထားရင်း သူ့အသံတို့ဟာ ဝုန်းဒိုင်းကြဲနေတော့သည်။
"သားငယ်...စိတ်ကိုထိန်းစမ်း။"
လူနာက ခံနိုင်ရည်မရှိတော့တာကြောင့် ခေါင်းကို လှုပ်ရုံမျှသာ ယမ်းပြနေသည့်တိုင် သားငယ်ဟာ မျက်လုံးအစုံလုံး ရဲစပ်ပြီးဖြစ်နေလေသည်။ ထည်ဝါ့ကဲ့သို့ စုတ်ပြတ်နေသော ဒရယ်ဂွန့်မျက်လုံးတို့မှာလည်း မျက်ရည်များက ပြည့်နှက်လို့နေသည်။
"ဖေဖေ..."
"ဖေဖေကြီး...."
ဒီတစ်ခေါက်အိပ်စက်သွားလိုက်ရတာ ပေါ့ပါးသွားသလိုပင်။ တော်တော်လေးကို နေလို့၊ထိုင်လို့ကောင်းလေသည်။ ဒီလိုနဲ့ပဲ ပြည့်စုံသောဆိုသည့် သူဟာ ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးကို မြေးငယ်ထံသို့လွှဲခဲ့ရင်း ငြိမ်းချမ်းသွားခဲ့သည်။
"သခင်ကြီးရဲ့ ပိုင်ဆိုင်မှုအားလုံးကို သခင်လေးထည်ဝါနာမည်နဲ့ ထားခဲ့ပါတယ်။ ရတနာရွှေထိုက် လုပ်ကွက်အပါအဝင် ရတနာဆိုင်လုပ်ငန်းအားလုံးကို သခင်လေးထည်ဝါ အတွက်ထားပေးခဲ့ပါတယ်။
အဲ့ဒီထဲကမှ နေပြည်တော်နဲ့မန္တလေးက ဆိုင်ခွဲတွေကို မမလေးနေခြည်အတွက်ဖယ်ချန်ပေးခဲ့ပါတယ်။"
ပြောပြီးနောက်တွင် ရှေ့နေကြီးက သူ့အိတ်ထဲမှ လေးထောင့်ဗူးလေးတစ်ခုကို ထုတ်ယူပြီး....
"ဒါကတော့ အကိုလေးရောင်ဝါအတွက်လို့ ပြောထားခဲ့ပါတယ်။"
အမွေကိစ္စကို ရှေ့နေကပြောကြားပေးပြီးနောက်တွင် ကောင်းမြတ်သော၏ ဖြည့်စွက်စကားသံက...
"ထည်ဝါ အိမ်မှာပဲ ပြန်နေရမယ်။ 'ရတနာရွှေထိုက်' ဘက်ကို မင်းမကြည့်လည်းဖြစ်တယ်။ ကျောင်းပြန်တက်တော့...."
"အမွေလုတာလားဟင်...."
"ဟာ အကွေးကလည်း၊ ကျွန်တော့်ကိုမယုံဘူးလား။"
"မဟုတ်ဘူးလေ။ ဒီတိုင်း ဒီတိုင်းပြောမိသွားတာ....။
ကောင်းကို ယုံပါတယ်၊ တကယ်ပြောတာ"
"ဟုတ်ပါပြီ။ ကဲ...သွားရအောင်"
ဖေဖေကြီးဆုံးတာ နှစ်ပတ်ကျော်ပဲရှိဦးမည်။ တစ်ဦးတည်းသားလေး ဒယ်ဒီကတော့ စိတ်ထဲဘာမှမရှိတော့သလိုပါပဲ...မာမီ့လက်ကိုဆွဲပြီး အပြင်ထွက်သွားသည်ကို ထည်ဝါနားလည်ပေးလို့ရသည်။ သူကိုယ်တိုင်လည်း ဒယ်ဒီကဲ့သို့ပင် ဝမ်းနည်းမှုများနှင့်အဝေးမှာနေစေချင်သည့် လူတစ်ယောက် ရှိခဲ့ပြီးမဟုတ်လား။
"အခုမှပဲ အိမ်မှာလူစုံတော့တယ်။"
"နေခြည်....နင်ငယ်ငယ်တုန်းက နင့်ကိုလိုက်တဲ့သူတွေကို ဘယ်လိုငြင်းလဲ။"
ဆိုဖာအထက်တွင် ခွေခေါက်လို့ထိုင်နေရင်းမှ သူမေးမိသွားသည်။
"ငယ်ငယ်တုန်းကမှ မဟုတ်ပါဘူး။ အခုထိတောင် ငြင်းနေရတုန်းနော်....။"
"ကျစ်...အဲ့ဒါတွေထားပါဟာ။ ဘယ်လိုငြင်းလဲလို့..."
"ဒီတိုင်းပဲ ငြင်းလိုက်တာပဲ။ ဘာဖြစ်လို့လဲ..နင့်ကို လိုက်တဲ့သူရှိလို့လား။
ဒီလိုရုပ်ကိုလေ....အသားမဲမဲ ဆံပင်စုတ်ဖွားနဲ့ ခွေးနက်ကြီးလိုမျိုးရုပ်ကို......"
"နင်နော်..."
စားပွဲပေါ်တွင် အလှဆင်ထားသော ပန်းတစ်ခက်ကို ယူလိုက်ပြီး နေခြည့်ထံသို့ကောက်ပေါက်လိုက်တော့နေခြည်က ရယ်သည်။ နေခြည်ရယ်လိုက်ရင် ပိုလှသွားတာကို သူဝန်ခံပါသည်။
နေခြည့်ကဲ့သို့ပင် ရုပ်ချင်းတူနေသော ရောင်ဝါသည်လည်း အားကစားသမားမို့ ခန္ဓာကိုယ်တောင့်တင်းကာ ရုပ်ရည်ချောမောပါသည်။ မောင်နှမသုံးယောက်တွင် သူတစ်ယောက်ပဲ ရုပ်မတူပဲ၊ အသားတွေမဲနေတာဖြစ်သည်။
"Depressionမဝင်ပါနဲ့ ညီရာ။ ငါမင်းအတွက်ဆိုပြီး Cosmeticsတွေ မှာပေးပါ့မယ်"
"မင်းပဲ လိမ်း..."
သူ့ကိုပဲ စ,နောက်နေကြသော အကိုနဲ့အမကို ထားခဲ့လိုက်ပြီး သူလည်းအခန်းထဲသို့ဝင်ခဲ့လိုက်သည်။
"အသက်ကို ပြန်ဖို့စီစဥ်ပေးလိုက် ဒရယ်ဂွန်။ ပြီးတော့ မင်းလည်း 'ရတနာရွှေထိုက်'ကို ညနေပဲပြန်လိုက်တော့။ "
သူ့အားရယ်နေကြသော အကိုနဲ့အမအတွက် ဒီလိုပဲစီစဥ်ပေးလိုက်တော့ မနက်ခင်းမှာ သူ့အတွက်အိမ်ဟာ ကြောက်မက်ဖွယ်ကောင်းသလို၊ ပျော်စရာလည်းကောင်းနေတော့သည်။
"ဒီကောင်လေး တမင်လုပ်တာဒယ်ဒီ။"
"ဟုတ်တယ်။ ဒယ်ဒီ...သား ဒရယ်ဂွန့်ကို ဟိုကိုအပြီးခေါ်သွားတော့မယ်။"
Breakfastဝိုင်းမှာ တိုင်တန်းနေကြသော အကိုနဲ့အမကို လျစ်လျူရှုထားပြီး သူသည်မာမီ့အနားကို အရင်သွားပြီး မွှေးကြူလိုက်သည်။ ရောင်ဝါ့အပြောကို ဂရုမစိုက်သလိုနှင့် သူ့ပခုံးကိုသာ တစ်ချက်တွန့်လိုက်ပြီး နေရာမှာဝင်ထိုင်လိုက်ရင်း...
"ဒရယ်ဂွန်က ငါ့လူ..." ဟု ပြတ်ပြတ်သားသားပြောလိုက်သည်။
"ဟေး...မင်းတော့"
"စကားမပြောနဲ့တော့...စားကြ"
အားလုံးပြင်ဆင်ပေးပြီး ဒယ်ဒီဝင်ထိုင်လိုက်သည့်အခါမှာ ဆူညံမှုများက တိတ်ဆိတ်သွားတော့သည်။ မနက်စာအဖြစ် ဒယ်ဒီပြင်ဆင်ထားသည့် အရွက်သုပ်ဟာ တော်တော်လေး စားလို့ကောင်းသည်။
"Juiceယူမလား ထည်ဝါ..."
"ပေါင်မုန့်များများစား..."
"ဒါက သားငယ်လေးအတွက်"
ဆိုကာ တစ်ယောက်တစ်မျိုးနဲ့ ထည့်ပေးကြသည်က ထည်ဝါ့ပန်းကန်ထဲမှာ ပြည့်သွားတော့သည်။
ဒီမေတ္တာတွေကို လက်ခံရင်းစားသောက်လိုက်သည်က စားလို့သောက်လို့ပြီးသွားတော့ သူဟာ ခုံကနေ မ,ထနိုင်သေးပဲ ထိုင်နေရသေးသည်။
"ထတော့...ကျောင်းသွားအပ်မယ်။"
"အခုကြီးလား..."
ရုပ်နဲ့မလိုက် ဆူပုပ်ပြီးညူစူလိုက်တော့ ဒယ်ဒီကမျက်မှောင်ကျုံ့သွားလေသည်။
"နေဦး နေဦး...ဒါ ထည်ဝါအတွက်"
Face Maskကြီး ယူလာပြီး ထည်ဝါ့မျက်နှာပေါ်မှာ နေရာကျအောင်လုပ်ပေးနေသည့် မာမီကို သူဘာမှမပြောဖြစ်ပဲ ငြိမ်နေလိုက်သည်။
"ကျောင်းသွားအပ်မလို့ အကွေးရ။ ဒါကြီးနဲ့ဆိုတော့..."
"ခဏပဲ ကောင်း။ ၅မိနစ်ပဲကြာမှာ....
ညကျရင်လည်း တစ်ခုထပ်ကပ်ရမယ်နော် ထည်ဝါ။
သားကို ရုပ်ချောချောလေးဖြစ်သွားအောင် မာမီပြန်လုပ်ပေးမယ်"
ထမင်းစား စားပွဲမှထိုင်ခုံ၏ နောက်အမှီပေါ်တွင် ခေါင်းလှန်ချထားရင်း သူသည် ခေါင်းကိုအနည်းငယ်သာ ဆတ်ပြလိုက်ရင်း မျက်နှာပေါ်မှmask၏ အေးမြမှုနဲ့အတူ ငြိမ်သက်နေလိုက်သည်။
သို့သော်လည်း ထိုသို့ဇိမ်ကျမှုက တစ်ခဏတာသာဖြစ်သည်။ ၅မိနစ်မပြည့်သေးခင်မှာပဲ မာမီကသူ့မျက်နှာပေါ်ရှိ Maskကို ခွာသွားပြီး အဝတ်အစားသွားလဲဖို့ပြောသည်။
ဒယ်ဒီနဲ့မာမီရဲ့ အလယ်မှာ လမ်းလျှောက်ရတာက တော်တော်လေးကို စိတ်ကျဥ်းကျပ်စေသည်။ ဒီအရွယ်ကြီးရောက်မှ သူငယ်တန်းတုန်းကလို မိဘနှစ်ပါးအစုံအညီနဲ့ ကျောင်းသွားအပ်တာကို နေခြည်ကတော့ အသေလှောင်ရီရင်း ကျန်ခဲ့တာဖြစ်သည်။
______________________
Zawgyi.....
"ဒီလမ္းက အႏၲရာယ္မ်ားပါတယ္ သခင္ေလး။ ငါပဲ သြားလိုက္ပါ့မယ္...သတ္မွတ္ထားတဲ့ ရက္အတြင္းငါျပန္လာခဲ့မယ္လို႔ ကတိေပးတယ္။"
"မလိုဘူး ဒရယ္ဂြန္။ ကြၽန္ေတာ္ဦးေဆာင္မယ္...."
သူတည္တင္းတင္းနဲ႔ပဲ ေျပာလိုက္ၿပီး အိတ္ထဲကို ေရဘူးႏွင့္ အစာေျခာက္မ်ားအျပင္ လက္ႏွိပ္ဓာတ္မီး၊ သံလိုက္အိမ္ေျမႇာင္ႏွင့္ ဓားေျမႇာင္တစ္ခုကိုပါ ထည့္ၿပီး လိုလိုမယ္မယ္ ဝတ္စုံတစ္စုံကိုပါ ယူခဲ့လိုက္သည္။
"အဆင္သင့္ျဖစ္ရင္ စထြက္မယ္။"
တဲအိမ္ကေနအျပင္ထြက္လိုက္ၿပီး ေျပာလိုက္သည့္ သူ႔စကားေၾကာင့္ မလွမ္းမကမ္းရွိေျမစိုက္တဲမ်ားမွ ထြက္လာၾကသည့္ အမ်ိဳးသားက ငါးဦးခန္႔မွ်သာရွိသည္။ သူႏွင့္ဒရယ္ဂြန္ပါ ပါမွ လူဦးေရက (၇) ေယာက္ျဖစ္မည္။
"ေျမးငယ္..."
"ဟုတ္ကဲ့......."
ေခ်ာင္းသာမွာ ျဖစ္ပ်က္သြားသည့္ ကိစၥမ်ားေၾကာင့္ သူအေနနဲ႔ အဖိုးျဖစ္သူအား ေဖေဖႀကီးဟုေခၚရမည္ကို ႏႈတ္မရဲေတာ့ေပ။ သူ႔မ်က္စိေရွ႕မွ လူသည္ သူတို႔အားလုံး၏သခင္ႀကီးသာျဖစ္ေတာ့သည္။
ဒီသခင္ႀကီးေနရာကို သူအရမယူႏိုင္သေ႐ြ႕ေတာ့ ဒီလူရဲ႕လက္ေအာက္မွာေနရမည္ျဖစ္မည္။ ဘယ္လိုပဲ ေသြးသားေတာ္စပ္ပါေစ သူမွသခင္ႀကီးမဟုတ္ရင္ သမီးငယ္ကိုလုံေလာက္စြာေစာင့္ေရွာက္ႏိုင္မည္ မဟုတ္ဟုသာ သူယုံၾကည္ထားေတာ့သည္။
ထို႔ေၾကာင့္ပဲ ေဖေဖႀကီးႏွင့္ သူ၏ဆက္ဆံေရးက ေအးျမသြားတာျဖစ္မည္။
"ေရာ့...ဒါ ေျမပုံပဲ။
မင္းတို႔ ရွာေတြ႕ပါေစလို႔ ဖိုးဆုေတာင္းေနမယ္၊ အဟြတ္ ဟြတ္"
အဖိုးျဖစ္သူ ကမ္းေပးေသာ ေျမပုံကို ယူကာ သူသည္ေခါင္းကိုတစ္ခ်က္ၿငိမ့္ျပရင္း ေနရာကေနစတင္ထြက္ခြာခဲ့လိုက္သည္။
"သခင္ႀကီး...."
ပါးေတာ္ၿမဲ ေစဦး၏ အေခၚကိုနားလည္ေသာ္လည္း ဦးျပည့္စုံေသာက လက္သာကာျပရင္း...
"ထားလိုက္ပါ။ ဒီေကာင္ေလးက တကယ္အေဖတူသားလားဆိုတာ ငါေစာင့္ၾကည့္ခ်င္ေသးတယ္။ ေကာင္းျမတ္ေသာေရာ အခုတေလာ ဘာေတြအလုပ္မ်ားေနလဲ"
"ဟုတ္ကဲ့။ အကိုေလးေကာင္းျမတ္ေသာဆီမွာ လူသစ္ေတြထပ္ဝင္ေနတယ္လို႔ သတင္းရထားတယ္ သခင္ႀကီး..."
"ဟြန္း.....ဒီေကာင္ဘယ္လိုပဲ ငါ့လိုမျဖစ္ခ်င္ပါဘူး ေျပာ ေျပာ၊ ေနာက္ဆုံးေတာ့လည္း သူနဲ႔ငါနဲ႔သိပ္မကြာပါဘူးေလ။ ေအးေပါ့ေလ... သားအဖေတြပဲကို...."
သားျဖစ္သူေကာင္းျမတ္ေသာသည္ သူ႔လုပ္ငန္းမ်ားကို ဆက္ခံဖို႔အတြက္ အၿမဲတေစျငင္းဆန္ခဲ့သည္။ ဒါေၾကာင့္ ေျမးႏွစ္ေယာက္ထဲမွ ဦးျပည့္စုံေသာက ေနျခည့္ကိုေ႐ြးခ်ယ္ခဲ့ၿပီး လုပ္ငန္းပိုင္းဆိုင္ရာအားကိုးရေသာ ဒရယ္ဂြန္နဲ႔လက္ထပ္ေပးမည္ဟု စီစဥ္ခဲ့သည္။
သို႔ေသာ္လည္း သူ႔အစီအစဥ္က လြဲေခ်ာ္ခဲ့ေလသည္။ ေနာက္ဆုံး သူ႔လုပ္ငန္းေတြအားလုံးကို စြန္႔လႊတ္လိုက္ဖို႔ စဥ္းစားစဥ္မွာပဲ သူ႔မွာ ေမွ်ာ္လင့္ခ်က္ေလး ရွိလာခဲ့သည္။
ဒါကေတာ့ ေျမးအငယ္ဆုံးေလး ဘုန္းရွိန္ထည္ဝါေသာ ပင္။
သူ႔အသက္က သက္တမ္းထက္ေက်ာ္ေနၿပီျဖစ္ေသာ္လည္း လူမိုက္တို႔ဘဝရဲ႕ ပထမဆုံးနဲ႔ေနာက္ဆုံးဆုေတာင္းအေနနဲ႔ ဒီေျမးငယ္ေလးအ႐ြယ္ေရာက္သည္အထိျမင္ခ်င္ခဲ့တာ အခုေတာ့ သူ႔ဆႏၵေတြ တကယ္ပဲျပည့္ဝလာခဲ့သည္။
ေျမးငယ္ဟာ အ႐ြယ္ေရာက္လာၿပီး ကာကြယ္ရမယ့္အရာေတြရွိလာၿပီမို႔ သူတကယ္ပဲဝမ္းသာရသည္။
"အဟြတ္ ဟြတ္ !!!"
"သခင္ႀကီး..."
ခႏၶာကိုယ္ယိမ္းယိုင္သြားသည့္ ဦးျပည့္စုံေသာေၾကာင့္ ဦးေစဦးမွာ အလန္႔တၾကားႏွင့္ ေအာ္ေခၚမိသည္။ ထိုအခါမွာ သူ႔အားေဖ်ာ့ေတာ့စြာႏွင့္ၿပဳံးျပေနေသာ သခင္ႀကီး၏ မ်က္ႏွာသည္ ဇရာေၾကာင့္ ႏြမ္းလ်ေနေတာ့သည္။
ကားအျမန္ထုတ္ဖို႔ အခ်ိန္မမွီတာေၾကာင့္ အကိုေလးေကာင္းျမတ္ေသာ ဆီသို႔ဆက္သြယ္ေစလိုက္သည္။
"ဘယ္လိုျဖစ္တာလဲ....."
ကုတင္အထက္တြင္ လွဲေလ်ာင္းေနေသာ ဖခင္ကိုၾကည့္ၿပီး ေကာင္းရင္ထဲမွာဖခင္နဲ႔ပက္သတ္ၿပီး တစ္ခါမွမျဖစ္ခဲ့ဖူးတဲ့ ဝမ္းနည္းမႈေတြ ျဖစ္တည္လာေနသည္။
"အသက္အ႐ြယ္ေၾကာင့္ျဖစ္မယ္ အကိုေလးေကာင္း.....။ သခင္ႀကီးက အ႐ြယ္လည္းမငယ္ေတာ့ဘူးေလ၊ စိတ္ကေဆာင္ေနလို႔သာ ဒီအ႐ြယ္ထိ ဒီလိုၾကမ္းတမ္းတဲ့ေနရာမွာ ေနႏိုင္တာေပါ့ဗ်ာ။"
နယ္ေျမက အရမ္းေအးၿပီး အစားအေသာက္ဆိုသည္က ၿမိဳ႕၊႐ြာမ်ားကဲ့သို႔ ဖြယ္ဖြယ္ရာရာမရွိေပ။ ေတာင္ေပၚမွာ အေပါဆုံးက ေ႐ႊပဲျဖစ္သည္မို႔ ဒီေနရာက ေနရ၊ထိုင္ရ အလြန္ကိုမွ ခက္ခဲလြန္းသည္။
"အိမ္ကို ျပန္ေခၚသြားမယ္ဆိုရင္ေရာ...."
"သခင္ႀကီးက သိပ္မခံေတာ့ဘူးလို႔ပဲ ေျပာခ်င္တယ္ အကိုေလးေကာင္း..."
ေ႐ႊလုပ္သားမ်ားအတြက္ ငွားေပးထားေသာ ဆရာဝန္ေလး၏ စကားေၾကာင့္ ေကာင္းသည္ဖခင္လွဲေလ်ာင္းေနေသာ ကုတင္အနားသို႔ သြားလိုက္ၿပီး ဖခင္ျဖစ္သူ၏ မ်က္ႏွာကို တေမ့တေမာႏွင့္ၾကည့္ေနမိသည္က..
"ေကာင္း ျမတ္ ေသာ..."
တိုးညႇင္းေသာ ေခၚသံအဆုံးမွာ ေကာင္းသည္ ေအာင္ခံဝါးအခင္းေပၚတြင္ ဒူးခ်၍ ထိုင္လိုက္ၿပီး ကုတင္အထက္မွဖခင္ျဖစ္သူ၏ လက္ဖဝါးတစ္ဖက္ကို ဆုပ္ကိုင္ထားရင္း...
"ေဖေဖ...."
"ငါ...."
ဆက္ေျပာလာမည့္စကားကို ေစာင့္ေနေသာ္လည္း ေတာ္ေတာ္ၾကာသည္အထိ ေျပာမထြက္ႏိုင္သည္ကို ျမင္ရသည့္အခါမွာ ေကာင္းသည္ သူနဲ႔အတူပါလာေသာ တားႀကီးကိုေခၚ၍ ဟယ္လီေကာ္ပတာဆင္းသက္ဖို႔အတြက္ ေစခိုင္းလိုက္သည္။
"ကြၽန္ေတာ္တို႔အိမ္ကို သြားမယ္ ေဖေဖ။ အဲ့ဒီကို သြားရေအာင္..."
ဖခင္ျဖစ္သူ၏ ခႏၶာကိုယ္ကို သူကိုယ္တိုင္ပဲ ေပြ႕ခ်ီခဲ့ၿပီး အသင့္ေစာင့္ေနေသာ ဟယ္လီေပၚသို႔ တက္သြားလိုက္သည္။ သူ႔ေနာက္တြင္ တားႀကီးႏွင့္အတူ ဆရာဝန္ေလးကပါ လိုက္လာေပးသည္။
"ေဖေဖ ေမာမယ္။ ေနေကာင္းမွပဲ စကားေအးေအးေဆးေဆးေျပာၾကရေအာင္ဗ်ာ"
"အဟြန္းး...မင္းအေဖက ငယ္ငယ္ေလးမွမဟုတ္ေတာ့တာကြာ"
တိုးညႇင္းေနေသာ စကားသံမ်ားက ဟယ္လီေကာ္ပတာမွစက္သံမ်ားေၾကာင့္ ေကာင္းမွာအရမ္းပဲစူးစိုက္နားေထာင္ေနရသည္။ သူတို႔အိမ္ကိုေရာက္သည့္ အခါမွာ ေဖေဖက ေကာင္းမ်က္ႏွာကိုပဲ တစိမ့္စိမ့္နဲ႔ၾကည့္ေနေတာ့သည္။
ေရာက္လာေပးသည့္ အထူးကုဆရာဝန္ႀကီးကို ေကာင္းကပဲ အိမ္ေရွ႕အထိလိုက္ပို႔ေပးဖို႔ျပင္ေတာ့ ဖခင္ျဖစ္သူ၏မ်က္လုံးေတြက ျငင္းဆန္ေနေလသည္။
"ေနျခည္ပဲ လိုက္ပို႔လိုက္မယ္ ဒယ္ဒီ...."
အလိုက္တသိနဲ႔ ေနျခည္ကပဲ ဆရာဝန္ကိုလိုက္ပို႔ေပးလိုက္သည္။ တစ္ေန႔လုံး အခန္းထဲမွာ ဒယ္ဒီတစ္ေယာက္ၿငိမ္သက္ေနတာကို ၾကည့္ၿပီး သူမနဲ႔မာမီ့မွာ စိတ္ထဲတကယ္ကို မခ်ိတင္ကဲ ခံစားရသည္။
"ဒယ္ဒီလည္း ေဖေဖႀကီးကိုခ်စ္တာပဲေနာ္ မာမီ။ တကယ္မထင္ရဘူး...."
"ေကာင္းက ခ်စ္ပါတယ္ေနျခည္ရယ္။ ငယ္ငယ္ထဲက မိဘေတြနဲ႔ခြဲေနရေတာ့ သူ႔စိတ္ထဲနည္းနည္းေလးစိမ္းေပမယ့္ သူအေဖေရာ၊အေမေရာ သူသိပ္ခ်စ္တာ။ အဲ့တာေၾကာင့္ပဲ ေနျခည္တို႔သုံးေယာက္ကိုလည္း သူသိပ္ခ်စ္ျပတာေပါ့။ သူ႔လိုမ်ိဳး ေနျခည္တို႔ျဖစ္သြားမွာကို သူသိပ္ေၾကာက္တာ......"
မာမီ့စကားေတြကို ေနျခည္ေခါင္းၿငိမ့္ေနစဥ္မွာ အိမ္ေရွ႕က ကားသံေၾကာင့္ ေနျခည္ထြက္ႀကိဳလိုက္ေတာ့ ေရာင္ဝါျဖစ္ေနသည္။
"ထည္ဝါ မေရာက္ေသးဘူးလား..."
"မေရာက္ေသးဘူး။ ဆက္သြယ္လို႔လည္း မရေသးဘူးဟာ။"
ျပင္သစ္က ေရာင္ဝါကျပန္ေရာက္လာခဲ့ၿပီ။ ေဖေဖႀကီးအခ်စ္ဆုံးေျမးငယ္ေလးက အခုထိေရာက္မလာေသးေပ။
"ဒယ္ဒီ...."
ေရာင္ဝါ့ေခၚသံကို ဒယ္ဒီကတစ္ခ်က္သာလွည့္ၾကည့္ၿပီး မ်က္ရည္တို႔ကို လက္ျဖင့္သပ္ခ်သည္။ ဒယ္ဒီငိုေနတာကို ျမင္လိုက္ရေတာ့ ေရာင္ဝါတင္မကပဲ ေနျခည္ကပါ ဒယ္ဒီအနားကိုအေျပးသြားလိုက္သည္။
အနားေရာက္လာေသာ သားႏွင့္သမီးကို ဘာမွမေျပာပဲ ေကာင္းသည္ သူ႔အေဖထံသို႔ၾကည့္ၿပီး...
"ေမေမ့ဆီကို ဆက္သြယ္ေပးရမလား ေဖေဖ..." ဟု ေမးေလသည္။
ဦးျပည့္စုံေသာသည္ ေကာင္း၏အေမးကို ေခါင္းကိုသာ ျဖည္းျဖည္းခ်င္း ယမ္းျပရင္းျငင္းဆန္လိုက္ေတာ့သည္။ သူ႔အနားမွာမဟုတ္မွ ေပ်ာ္ႏိုင္မယ့္ သူ႔အမ်ိဳးသမီးကို သူလြတ္လပ္ခြင့္ေပးထားခဲ့တာၾကာၿပီျဖစ္သည္။ အခုခ်ိန္မွေတာ့ ျပန္ေတြ႕ၿပီး ႏႈတ္ဆက္စကားေတြေျပာရမွာမ်ိဳးကို မလုပ္ခ်င္ေတာ့ေပ။
ဒီေန႔ဟာ သူ႔ရဲ႕ေနာက္ဆုံးေန႔ဆိုတာကို သိေနေပမယ့္လည္း သူအားတင္းကာ ေမွ်ာ္လင့္ေနေသးသည္။ သူျမင္ခ်င္ေသးသည္၊ သူ႔ရဲ႕ေျမးအငယ္ဆုံးေလးႏွင့္ ေသြးတစ္စက္မွမေရာသည့္ သူ႔သားငယ္ေလး။ ဇနီးသည္မရွိေတာ့သည့္ေနာက္ပိုင္းတြင္ သူ႔ဘဝဟာ ဒီႏွစ္ေယာက္ေၾကာင့္ စိုေျပခဲ့တာမို႔ ဒီႏွစ္ေယာက္ကို ေနာက္ဆုံးအေနနဲ႔ ေတြ႕သြားခ်င္သည္။
"ထည္ဝါ့ကို လိုက္ရွာဖို႔ အားလုံးကိုေျပာလိုက္ပါေတာ့....."
ေကာင္းသည္ အင္မတန္ေၾကကြဲေနေသာ အသံျဖင့္ေျပာသည္ကို ေနျခည္က ခ်က္ခ်င္းပဲ ေဆာင္႐ြက္ေပးသည္။
သို႔ျဖင့္ေကာင္းအနားတြင္ အေကြးႏွင့္ ေရာင္ဝါသာက်န္ခဲ့ၿပီး ႏွစ္သိမ့္ေပးေလသည္။ ေၾကကြဲေနသည့္ အိမ္ေထာင္ဦးစီး၏ အမူအရာမ်ားေၾကာင့္ အေကြးမွာေတာ္ေတာ္ေလးကို မၾကည့္ရက္ႏိုင္ျဖစ္ရေလသည္။
"ေကာင္းရယ္....အဆင္ေျပသြားမွာပါ။
အဆင္ေျပသြားမွာပါ ေကာင္းရယ္"
လႈပ္ခတ္ေနသည့္ ေကာင္းပခုံးေတြကို ခပ္ဖြဖြေလးကိုင္ထားရင္း ႏွစ္သိမ့္လိုက္ေတာ့ ေကာင္းက အေကြးထံသို႔ၾကည့္လာၿပီး ခဏမွာ ခ်က္ခ်င္းပဲအၾကည့္လႊဲကာ ၿငိမ္သက္သြားသည္။ သိပ္မၾကာခင္မွာေတာ့ ေကာင္းဟာ ေတာ္ေတာ္ေလးကို တည္ၿငိမ္သြားၿပီျဖစ္၏။
ညသန္းေခါင္အခ်ိန္မွာ ဦးျပည့္စုံေသာသည္ ေတာ္ေတာ္ေလးကို အေျခအေနဆိုးလာၿပီျဖစ္သည္။
" အသက္ကယ္ေဆးထိုးေစခ်င္လား အကိုေလးေကာင္း"
"မလုပ္နဲ႔...မလုပ္နဲ႔"
ဆရာဝန္ေလး၏ စကားကိုျငင္းဆန္သူသည္ တစ္ကိုယ္လုံး႐ႊံ႕ႏြံမ်ားျဖင့္ ေပက်ံေနကာ ညစ္ပတ္နံေစာ္ေနေသာ ထည္ဝါပင္ျဖစ္သည္။
"ေျမး...."
ခ်က္ခ်င္းပဲ လင္းလက္လာတဲ့ ဦးျပည့္စုံေသာရဲ႕ မ်က္လုံးေတြဟာ ထည္ဝါရွိရာကို ေရာက္လာေလသည္။
"ကြၽန္ေတာ္ ရခဲ့တယ္ ေဖေဖႀကီး။ ကြၽန္ေတာ္ရခဲ့တယ္လို႔.....ေျပာဦးေလ ေတာ္တယ္လို႔၊ ေျပာပါဦး။ ေမးပါဦးလား ဘာေတြျဖစ္ခဲ့တာလဲလို႔ေလ။ ကြၽန္ေတာ္ေျပာျပခ်င္လို႔ပါ...ေျပာျပခ်င္လို႔ပါဗ်ာ"
သူ႔အဖိုးရွိသည့္ ကုတင္ေပၚမွာထိုင္ၿပီး သူ႔အဖိုးရဲ႕လက္တစ္ဖက္ကို ခပ္ခပ္ဖြဖြကိုင္ထားရင္း သူ႔အသံတို႔ဟာ ဝုန္းဒိုင္းႀကဲေနေတာ့သည္။
"သားငယ္...စိတ္ကိုထိန္းစမ္း။"
လူနာက ခံႏိုင္ရည္မရွိေတာ့တာေၾကာင့္ ေခါင္းကို လႈပ္႐ုံမွ်သာ ယမ္းျပေနသည့္တိုင္ သားငယ္ဟာ မ်က္လုံးအစုံလုံး ရဲစပ္ၿပီးျဖစ္ေနေလသည္။ ထည္ဝါ့ကဲ့သို႔ စုတ္ျပတ္ေနေသာ ဒရယ္ဂြန္႔မ်က္လုံးတို႔မွာလည္း မ်က္ရည္မ်ားက ျပည့္ႏွက္လို႔ေနသည္။
"ေဖေဖ..."
"ေဖေဖႀကီး...."
ဒီတစ္ေခါက္အိပ္စက္သြားလိုက္ရတာ ေပါ့ပါးသြားသလိုပင္။ ေတာ္ေတာ္ေလးကို ေနလို႔၊ထိုင္လို႔ေကာင္းေလသည္။ ဒီလိုနဲ႔ပဲ ျပည့္စုံေသာဆိုသည့္ သူဟာ ပိုင္ဆိုင္ခဲ့သမွ်အရာအားလုံးကို ေျမးငယ္ထံသို႔လႊဲခဲ့ရင္း ၿငိမ္းခ်မ္းသြားခဲ့သည္။
"သခင္ႀကီးရဲ႕ ပိုင္ဆိုင္မႈအားလုံးကို သခင္ေလးထည္ဝါနာမည္နဲ႔ ထားခဲ့ပါတယ္။ ရတနာေ႐ႊထိုက္ လုပ္ကြက္အပါအဝင္ ရတနာဆိုင္လုပ္ငန္းအားလုံးကို သခင္ေလးထည္ဝါ အတြက္ထားေပးခဲ့ပါတယ္။
အဲ့ဒီထဲကမွ ေနျပည္ေတာ္နဲ႔မႏၲေလးက ဆိုင္ခြဲေတြကို မမေလးေနျခည္အတြက္ဖယ္ခ်န္ေပးခဲ့ပါတယ္။"
ေျပာၿပီးေနာက္တြင္ ေရွ႕ေနႀကီးက သူ႔အိတ္ထဲမွ ေလးေထာင့္ဗူးေလးတစ္ခုကို ထုတ္ယူၿပီး....
"ဒါကေတာ့ အကိုေလးေရာင္ဝါအတြက္လို႔ ေျပာထားခဲ့ပါတယ္။"
အေမြကိစၥကို ေရွ႕ေနကေျပာၾကားေပးၿပီးေနာက္တြင္ ေကာင္းျမတ္ေသာ၏ ျဖည့္စြက္စကားသံက...
"ထည္ဝါ အိမ္မွာပဲ ျပန္ေနရမယ္။ 'ရတနာေ႐ႊထိုက္' ဘက္ကို မင္းမၾကည့္လည္းျဖစ္တယ္။ ေက်ာင္းျပန္တက္ေတာ့...."
"အေမြလုတာလားဟင္...."
"ဟာ အေကြးကလည္း၊ ကြၽန္ေတာ့္ကိုမယုံဘူးလား။"
"မဟုတ္ဘူးေလ။ ဒီတိုင္း ဒီတိုင္းေျပာမိသြားတာ....။
ေကာင္းကို ယုံပါတယ္၊ တကယ္ေျပာတာ"
"ဟုတ္ပါၿပီ။ ကဲ...သြားရေအာင္"
ေဖေဖႀကီးဆုံးတာ ႏွစ္ပတ္ေက်ာ္ပဲရွိဦးမည္။ တစ္ဦးတည္းသားေလး ဒယ္ဒီကေတာ့ စိတ္ထဲဘာမွမရွိေတာ့သလိုပါပဲ...မာမီ့လက္ကိုဆြဲၿပီး အျပင္ထြက္သြားသည္ကို ထည္ဝါနားလည္ေပးလို႔ရသည္။ သူကိုယ္တိုင္လည္း ဒယ္ဒီကဲ့သို႔ပင္ ဝမ္းနည္းမႈမ်ားႏွင့္အေဝးမွာေနေစခ်င္သည့္ လူတစ္ေယာက္ ရွိခဲ့ၿပီးမဟုတ္လား။
"အခုမွပဲ အိမ္မွာလူစုံေတာ့တယ္။"
"ေနျခည္....နင္ငယ္ငယ္တုန္းက နင့္ကိုလိုက္တဲ့သူေတြကို ဘယ္လိုျငင္းလဲ။"
ဆိုဖာအထက္တြင္ ေခြေခါက္လို႔ထိုင္ေနရင္းမွ သူေမးမိသြားသည္။
"ငယ္ငယ္တုန္းကမွ မဟုတ္ပါဘူး။ အခုထိေတာင္ ျငင္းေနရတုန္းေနာ္....။"
"က်စ္...အဲ့ဒါေတြထားပါဟာ။ ဘယ္လိုျငင္းလဲလို႔..."
"ဒီတိုင္းပဲ ျငင္းလိုက္တာပဲ။ ဘာျဖစ္လို႔လဲ..နင့္ကို လိုက္တဲ့သူရွိလို႔လား။
ဒီလို႐ုပ္ကိုေလ....အသားမဲမဲ ဆံပင္စုတ္ဖြားနဲ႔ ေခြးနက္ႀကီးလိုမ်ိဳး႐ုပ္ကို......"
"နင္ေနာ္..."
စားပြဲေပၚတြင္ အလွဆင္ထားေသာ ပန္းတစ္ခက္ကို ယူလိုက္ၿပီး ေနျခည့္ထံသို႔ေကာက္ေပါက္လိုက္ေတာ့ေနျခည္က ရယ္သည္။ ေနျခည္ရယ္လိုက္ရင္ ပိုလွသြားတာကို သူဝန္ခံပါသည္။
ေနျခည့္ကဲ့သို႔ပင္ ႐ုပ္ခ်င္းတူေနေသာ ေရာင္ဝါသည္လည္း အားကစားသမားမို႔ ခႏၶာကိုယ္ေတာင့္တင္းကာ ႐ုပ္ရည္ေခ်ာေမာပါသည္။ ေမာင္ႏွမသုံးေယာက္တြင္ သူတစ္ေယာက္ပဲ ႐ုပ္မတူပဲ၊ အသားေတြမဲေနတာျဖစ္သည္။
"Depressionမဝင္ပါနဲ႔ ညီရာ။ ငါမင္းအတြက္ဆိုၿပီး Cosmeticsေတြ မွာေပးပါ့မယ္"
"မင္းပဲ လိမ္း..."
သူ႔ကိုပဲ စ,ေနာက္ေနၾကေသာ အကိုနဲ႔အမကို ထားခဲ့လိုက္ၿပီး သူလည္းအခန္းထဲသို႔ဝင္ခဲ့လိုက္သည္။
"အသက္ကို ျပန္ဖို႔စီစဥ္ေပးလိုက္ ဒရယ္ဂြန္။ ၿပီးေတာ့ မင္းလည္း 'ရတနာေ႐ႊထိုက္'ကို ညေနပဲျပန္လိုက္ေတာ့။ "
သူ႔အားရယ္ေနၾကေသာ အကိုနဲ႔အမအတြက္ ဒီလိုပဲစီစဥ္ေပးလိုက္ေတာ့ မနက္ခင္းမွာ သူ႔အတြက္အိမ္ဟာ ေၾကာက္မက္ဖြယ္ေကာင္းသလို၊ ေပ်ာ္စရာလည္းေကာင္းေနေတာ့သည္။
"ဒီေကာင္ေလး တမင္လုပ္တာဒယ္ဒီ။"
"ဟုတ္တယ္။ ဒယ္ဒီ...သား ဒရယ္ဂြန္႔ကို ဟိုကိုအၿပီးေခၚသြားေတာ့မယ္။"
Breakfastဝိုင္းမွာ တိုင္တန္းေနၾကေသာ အကိုနဲ႔အမကို လ်စ္လ်ဴရႈထားၿပီး သူသည္မာမီ့အနားကို အရင္သြားၿပီး ေမႊးၾကဴလိုက္သည္။ ေရာင္ဝါ့အေျပာကို ဂ႐ုမစိုက္သလိုႏွင့္ သူ႔ပခုံးကိုသာ တစ္ခ်က္တြန္႔လိုက္ၿပီး ေနရာမွာဝင္ထိုင္လိုက္ရင္း...
"ဒရယ္ဂြန္က ငါ့လူ..." ဟု ျပတ္ျပတ္သားသားေျပာလိုက္သည္။
"ေဟး...မင္းေတာ့"
"စကားမေျပာနဲ႔ေတာ့...စားၾက"
အားလုံးျပင္ဆင္ေပးၿပီး ဒယ္ဒီဝင္ထိုင္လိုက္သည့္အခါမွာ ဆူညံမႈမ်ားက တိတ္ဆိတ္သြားေတာ့သည္။ မနက္စာအျဖစ္ ဒယ္ဒီျပင္ဆင္ထားသည့္ အ႐ြက္သုပ္ဟာ ေတာ္ေတာ္ေလး စားလို႔ေကာင္းသည္။
"Juiceယူမလား ထည္ဝါ..."
"ေပါင္မုန္႔မ်ားမ်ားစား..."
"ဒါက သားငယ္ေလးအတြက္"
ဆိုကာ တစ္ေယာက္တစ္မ်ိဳးနဲ႔ ထည့္ေပးၾကသည္က ထည္ဝါ့ပန္းကန္ထဲမွာ ျပည့္သြားေတာ့သည္။
ဒီေမတၱာေတြကို လက္ခံရင္းစားေသာက္လိုက္သည္က စားလို႔ေသာက္လို႔ၿပီးသြားေတာ့ သူဟာ ခုံကေန မ,ထႏိုင္ေသးပဲ ထိုင္ေနရေသးသည္။
"ထေတာ့...ေက်ာင္းသြားအပ္မယ္။"
"အခုႀကီးလား..."
႐ုပ္နဲ႔မလိုက္ ဆူပုပ္ၿပီးညဴစူလိုက္ေတာ့ ဒယ္ဒီကမ်က္ေမွာင္က်ဳံ႕သြားေလသည္။
"ေနဦး ေနဦး...ဒါ ထည္ဝါအတြက္"
Face Maskႀကီး ယူလာၿပီး ထည္ဝါ့မ်က္ႏွာေပၚမွာ ေနရာက်ေအာင္လုပ္ေပးေနသည့္ မာမီကို သူဘာမွမေျပာျဖစ္ပဲ ၿငိမ္ေနလိုက္သည္။
"ေက်ာင္းသြားအပ္မလို႔ အေကြးရ။ ဒါႀကီးနဲ႔ဆိုေတာ့..."
"ခဏပဲ ေကာင္း။ ၅မိနစ္ပဲၾကာမွာ....
ညက်ရင္လည္း တစ္ခုထပ္ကပ္ရမယ္ေနာ္ ထည္ဝါ။
သားကို ႐ုပ္ေခ်ာေခ်ာေလးျဖစ္သြားေအာင္ မာမီျပန္လုပ္ေပးမယ္"
ထမင္းစား စားပြဲမွထိုင္ခုံ၏ ေနာက္အမွီေပၚတြင္ ေခါင္းလွန္ခ်ထားရင္း သူသည္ ေခါင္းကိုအနည္းငယ္သာ ဆတ္ျပလိုက္ရင္း မ်က္ႏွာေပၚမွmask၏ ေအးျမမႈနဲ႔အတူ ၿငိမ္သက္ေနလိုက္သည္။
သို႔ေသာ္လည္း ထိုသို႔ဇိမ္က်မႈက တစ္ခဏတာသာျဖစ္သည္။ ၅မိနစ္မျပည့္ေသးခင္မွာပဲ မာမီကသူ႔မ်က္ႏွာေပၚရွိ Maskကို ခြာသြားၿပီး အဝတ္အစားသြားလဲဖို႔ေျပာသည္။
ဒယ္ဒီနဲ႔မာမီရဲ႕ အလယ္မွာ လမ္းေလွ်ာက္ရတာက ေတာ္ေတာ္ေလးကို စိတ္က်ဥ္းက်ပ္ေစသည္။ ဒီအ႐ြယ္ႀကီးေရာက္မွ သူငယ္တန္းတုန္းကလို မိဘႏွစ္ပါးအစုံအညီနဲ႔ ေက်ာင္းသြားအပ္တာကို ေနျခည္ကေတာ့ အေသေလွာင္ရီရင္း က်န္ခဲ့တာျဖစ္သည္။