ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

2

23.6K 3.1K 163
By Rozu_roro


Unicode

"ဖုကျစ်ယွီ" ဆိုသော စကားလုံးကသူ့ဖုန်း စခရင်တွင်ပေါ်လာလေသည်။ သူသည် ရှီယွင်နန်ရဲ့ နိုင်ငံခြားက အခင်ဆုံးသူငယ်ချင်းဖြစ်၏။

ရှီယွင်နန်သည် သူ့ရဲ့ ရောင်ရမ်းနေသော နားထင် များကို ပွတ်သပ်လိုက်ကာ ဖုန်းကိုင်လိုက်သည်။နောက်တစ်စက္ကန့်မှာပဲ  တစ်ဖက်မှ ကျယ်လောင်သော သီချင်းသံများ ထွက်ပေါ်လာလေသည်။

"မင်း ဘားရောက်နေပြန်ပြီလား? အရမ်းဆူညံနေတာပဲ။ "

"ခဏလေး" ဖုန်းက တိတ်ဆိတ်တဲ့နေရာမရောက်ခင် ထိ  အတော်ကြာအောင် ဆူညံနေသည် ။ တစ်ဖက် တွင် ဖုကျစ်ယွီကပြောလာလေသည်။  "ငါ မင်းကို  စာတွေ အများကြီး ပို့ထားတယ်၊  ဒါမယ့် မင်းက တစ်စောင်မှ ပြန်မပို့ဘူးလေ။ သခင်လေးရှီ အဆင် ကော ပြေရဲ့လား?"

ရင်းနှီးတဲ့ သူငယ်ချင်းအနေနဲ့၊  ရှီယွင်နန် ပြန်သွားပြီဖြစ်ကြောင်း ဖုကျစ်ယွီသိထားလေသည်။

"ဘာတွေ ဖြစ်လို့လဲ? ငါမြင်တာတော့ လူအိုကြီးကကျန်းမာရေးကောင်းနေတာပဲ၊ နောက်နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်တောင်နေနိုင်မယ်ထင်တယ်။"

ရှီယွင်နန် မနေ့ညက ညစာ စားပွဲမှာ ကြုံခဲ့ရတဲ့အဓိပ္ပာယ်မရှိတဲ့ အကြောင်းကို သူ့သူငယ်ချင်းကို ဟာသအနေနဲ့ ပြန်ပြောပြလိုက်သည်။

ဒါကို နားထောင်ပြီးနောက် ဖုကျစ်ယွီချက်ချင်း ညည်းညူတော့သည်။

"မဖြစ်နိုင်တာ၊ သူတို့ ဦးနှောက်တွေက ဘာဖြစ် သွားတာလဲ?"

"သူတို့က မင်းကို နိုင်ငံခြားမှာ နှစ်တွေအကြာကြီး ပစ်ထားတာ။ အခု ကုမ္ပဏီမှာ ပြဿနာတက်လာတော့ အကျိုးခံစားခွင့်ရအောင် လဲလှယ်တဲ့နေရာမှာ မင်းကို အသုံးချချင်ကြတယ်ပေါ့ ? ဖွီ !"

"ငါပြောရမယ်ဆိုရင် မင်းအစ်ကိုလို အရင်တုန်းက ဝမ်မိသားစုဆီ လိုက်သွားသင့်တယ် ၊ဒီဒေါသတွေ ခံစားရအောင် ဘာလို့ ရှီမိသားစုမှာနေနေတာလဲ?"

ရှီယွင်နန် ငြင်းဆန်ခြင်းမရှိဘဲ  မျက်ခုံးသာပင့်လိုက်သည်။

တကယ်တော့ သူ့မှာ အမြွှာအကိုတစ်ယောက်ရှိ၏။  မားမားရှီဆုံးပါးသွားသောအခါတွင် ညီအကိုနှစ် ယောက်မှာ အသက်ခုနစ်နှစ်ရှိနေပြီဖြစ်သည်။ ခမည်းခမက်ဟုထင်ရသည့်  ရှီနှင့် ဝမ်မိသားစုသည် ထိုအချိန်တွင် အငြင်းပွါးမှုများစွာ ဖြစ်ပွားခဲ့ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ အုပ်ထိန်းမှုအတွက်ပင် ရန် ဖြစ်ခဲ့ကြသည်။

ပဋိပက္ခအပြီးတွင် ညီအစ်ကိုနှစ်ယောက်မှာ မိသားစုတစ်စုစီနောက်သို့ လိုက်ခဲ့ကြရသည်။

သူ့အကိုဖြစ်သူကို သူ့အမေဘက်ကအဘိုးက ဝမ်မိသားစုထံ ပြန်ခေါ်သွားပြီး သူ့နာမည်ကို ဝမ်ရိပေလို့ပြောင်းပေးခဲ့သည်။

ညီဖြစ်သည့် ရှီယွင်နန်သည် ရှီမိသားစုတွင် ဒုတိယသခင်လေးအဖြစ် ကျန်နေခဲ့သော်လည်း တစ်နှစ်မပြည့်မီတွင် ရှီမိသားစုထံမှ နိုင်ငံခြားသို့ နှင်ထုတ်ခံရသည်။

ရှီယွင်နန် နှင့် ဖုကျစ်ယွီမှာ တစ်ယောက်ကိုတစ် ယောက် နှစ်အတော်ကြာ သိကျွမ်းခဲ့ကြတော့ နောက်ပိုင်းတွင် သူ့မိသားစုအခြေအနေကို ယေဘုယျအားဖြင့်လောက်တော့ သိခဲ့သည်။

ဖုကျစ်ယွီမှာ သူ့သူငယ်ချင်းကောင်းဘက်မှ နာကာ ဖုန်းစခရင်မှ ခုန်ထွက်လုမတတ်နီးပါးပင်။ "ဒါနဲ့ ၊ မင်းမိထွေးရဲ့ သားနာမည်က ဘာ? လူအိုကြီးရှီ နဲ့ မင်းအဖေက ဘာလို့ သူနဲ့ကြ မပေးစားတာလဲ?"

"...ရှီးခဲယွဲ့"  ရှီယွင်နန် ချက်ခြင်းဆိုသလို အနည်းငယ်စိတ်ရှုပ်ထွေးသွားသလို ခံစားလိုက်ရပြီး သူ့အိပ် မက်ထဲက မြင်ကွင်းတွေက သူ့စိတ်ထဲမှာ ပြန်ပေါ် လာလေသည်။

"ဟုတ်တယ်၊ ရှီးခဲယွဲ့  'တတိယသခင်လေး' ဆိုတဲ့ ရာထူးကတော့ အရမ်းကျေနပ်စရာပဲ၊ ဒါပေမယ့် မင်းကမှ  ရှီမိသားစုရဲ့ သွေးသားလေ။ မင်းအစ်ကိုက ဝမ်မိသားစုဆီ ပြန်ရောက်သွားတာကြာပြီ၊ အခုတော့ လူအိုကြီးက မင်းကို လော့မိသားစုနဲ့ လက်ထပ်ခိုင်းတယ်ပေါ့?"

"မင်းပြောကြည့် ၊ လူအိုကြီးရှီက သူငယ်ပြန်ပြီး စိတ်ဂယောင်ခြောက်ခြား ဖြစ်နေတာများလား?   ဒီနှစ်တွေထဲမှာ သူက  တခြားမျိုးရိုးနဲ့ကလေးကိုကြ တန်ဖိုးထားပြီး သူ့နှလုံးသားက တစ်ဖက်သတ် ကြီးဘက်လိုက်နေတာ။ နောက်ဆို သူက ကုမ္ပဏီရဲ့ ပိုင် ဆိုင်မှုတွေကိုတောင် ရှီးခဲယွဲ့ကို လွှဲပေးမလို့လားပဲ"

နောက်ဆုံးစာကြောင်းကတော့ ဖုကျစ်ယွီ မတွေးဘဲနဲ့ ပြောလိုက်သော  စကားသက်သက်သာဖြစ်၏။  ပြောတဲ့ သူကမရည်ရွယ်သော်လည်း နားထောင်တဲ့သူကတော့ စိတ်ထဲစွဲသွားလေသည်။

ရှီယွင်နန် မျက်ခုံးများကို ရှုံ့လိုက်သည်။ လက်တွေ့ဘဝနဲ့ သူ့အိပ်မက်က အံ့သြစရာကောင်းလောက် အောင် ထပ်တူနေခဲ့တယ်...

မူရင်းစာအုပ်ရဲ့အဆုံးတွင် ရှီးခဲယွဲ့သည် ရှီ မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို အမှန်တကယ်ပင် ရယူနိုင်ခဲ့သည်။

ထို့အပြင်၊ ရှီးခဲယွဲ့သည် သူ့ရဲ့မျိုးရိုးအမည်ကို 'ရှီ' သို့ပြောင်းခဲ့ပြီး၊ ရှီမိသားစုရဲ့ အမွေဆက်ခံသူဖြစ် ကြောင်း လူအိုကြီးရှီက လူသိရှင်ကြားကြေညာခဲ့သည်။

လူအိုကြီးရှီက တကယ့်ကိုရှေးရိုးစွဲကြီးဖြစ်၏။

သူ့ဘဝတစ်လျှောက်လုံး ကြိုးကြိုးစားစားရှာခဲ့တဲ့ ပိုင်ဆိုင်မှုအားလုံးကို သွေးသားရင်းမဟုတ်တဲ့သူတစ်ယောက်ကို တကယ်လွှဲပြောင်းပေးဖို့ ဆန္ဒရှိခဲ့တာလား?

ဒါက လုံးဝမဖြစ်နိုင်ဘူးဆိုတာ သိသာလွန်းတယ်။

အိပ်မက်နှင့် လက်တွေ့ ရောယှက်နေပြီး အတွေးထဲမှာ  လမ်းပျောက်နေသော ရှီယွင်နန်သည် သံသယဖြစ်ဖွယ် ထင်မြင်ချက်တစ်ခု ပေါ်လာတော့သည်။

"ဟယ်လို?  ယွင်နန်? မင်းဘာလို့ စကားမပြောတာလဲ? "

"ငါအဆင်ပြေပါတယ်။"  ရှီယွင်နန်  သူ့အတွေးတွေကို ပြန်စုစည်းလိုက်ပြီး ထောင့်စွန်းက ထုပ်ပိုးထားတဲ့ ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်လိုက်ကာ "နေ့လည် ၃ နာရီ လေယာဉ်ကို ငါကြိုမှာထားတယ်။ ပြီးရင် နိုင်ငံခြားမှာတွေ့မယ်။"

သူသည် အခြားသူများကို သနားညှာတာတတ်သော ရုပ်သေးရုပ်မဟုတ်ပေ။ ဒီမိသားစုတွင် သူ့အတွက် နေရာမရှိ၊ အခု သူတို့က သူ့ရဲ့အိမ်ထောင်ရေးကို 'စီးပွားရေး' အဖြစ် သတ်မှတ်ရန် ကြိုးစားနေကြတော့။  ဟုတ်တယ် ၊ သူတတ်နိုင်သမျှ ဝေးဝေးမှာနေရမယ်။

"အိုကေ၊ မင်းပြန်လာရင်  မင်းကိုကြိုဆိုဖို့နဲ့ မင်းကံဆိုးနေတာတွေကို ဖြေဖျောက်ဖို့ ဘဏ္ဍာရေးရပ်ကွက်အပြင်က လမ်းပေါ်မှာ အသစ်ဖွင့်ထားတဲ့ ဘားကို ငါငှါးထားလိုက်မယ်။"

ရှီယွင်နန်ကသူ့ကို စပြီး လှောင်ပြုံးပြုံးလိုက်ကာ  "ညီလေးဖု  မင်းရဲ့နိုင်ငံခြားသားမိန်းကလေးကိုသာ သွားရှာစမ်းပါ၊ ငါ့ကို ဆင်ခြေအနေနဲ့ မသုံးစမ်းပါနဲ့"

ထို့နောက် သူဖုန်းချလိုက်သည်။

ရှီယွင်နန်ရဲ့ ပါးစပ်ထောင့်ရှိ အပြုံးသည် လျင်မြန် စွာ ခဲသွားကာ ထိုလက်တွေ့ အိပ်မက် မြင်ကွင်းထဲသို့ သူ စိတ်က ပြန်ရောက်သွားခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ရှီယွင်နန် ရှီမိသားစုရဲ့ပိုင် ဆိုင်မှုအမွေကို မလိုချင်ပါ။ အဲ့ဒါထက်စာလျှင် သူ အတည်ပြုရန် စိတ်အားထက်သန်နေသော အခြားအကြောင်းအရာတစ်ခုရှိနေသေးသည်။

......

ဆယ်မိနစ်လောက်ကြာသော်

ရှီယွင်နန် လှေကားမှ ဆင်းလာသည်နှင့် လူအိုကြီးရှီရဲ့ မကျေမနပ် ပြစ်တင်ရှုတ်ချသံကို ကြားလိုက်ရ ၏။ "ဒီအချိန်ထိ အိပ်နေတာ၊ နိုင်ငံခြားမှာ အပျင်းထူပြီး  အကျင့်ပျက်နေတာပဲ။"

နေ့တစ်နေ့အသစ်၊ ကြိမ်းမောင်းမှုအသစ်ပင်။

ရှီယွင်နန် ဘာစကားမှပြန်မပြောလိုက်ပေ။ သူပြန်မချေပနိုင်ခင်မှာဘဲ တခြားတစ်ယောက်ယောက်က သူ့အတွက် ဝင်ပြောပေးလာလေသည်။

"အဘိုး၊ ယွင်နန်က မနေ့ကမှ ပြန်လာတဲ့ဟာ။ ခရီးပန်းတာကနေ  မသက်သာသေးတာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူ့အိမ်မှာပဲလေ။  သူ့ကို အပြစ်မတင်ပါနဲ့။"

သူ့အတွက် ပြောပေးသူမှာ အစေခံတွေပါးစပ်ထဲပြောပြောနေတဲ့ "တတိယသခင်လေး" ဆိုသည့် ရှီခဲယွဲ့ဖြစ်သည်။

သူက လူအိုကြီးအတွက် ဂျင်ဆင်းလက်ဖက်ရည်တစ်ခွက်ကို ဖြည်းညှင်းစွာ လောင်းထည့်ပေးနေရင်း ရှီယွင်နန်ကို ဖော်ရွေသည့် မျက်လုံးများဖြင့် ကြည့်လာကာ "ယွင်နန်၊ လာထိုင်လေ။  ငါ မနေ့ညက ကိစ္စတစ်ခုကြောင့် အပြင်သွားနေလို့  မင်းကို ကြိုဆိုဖို့ အချိန်မရလိုက်ဘူး"

ရှီယွင်နန် ဂရုမစိုက်ဘဲ ပြုံးလိုက်ကာ ထမင်းစားပွဲသို့ လျှောက်လာပြီး တစ်ဖက်လူကိုသာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

တကယ်တော့ သူတို့နှစ်ယောက် ဟာ  သီးသန်း အဆက်အသွယ်မရှိပေ။ ရှီယွင်နန်သည် ဒီ 'သွေးတစ်ဝက်ညီ' အပေါ်တွင် အပေါ်ယံအထင်အမြင်သာ ရှိခဲ့သည်—

တစ်ဖက်လူရဲ့  စိတ်နေစိတ်ထားသည် သူ့အမေရှီးဝေအတိုင်း သူရဲ့ နေ့စဉ်ပြောစကားများသည် ချိုမြိန်ကာ ကြည်နူးစရာများဖြစ်သည်။ ရှီမိသားစုထဲသို့ ဝင်ကတည်းက အကြီးအကဲများကအလိုလိုက်ကာ  အစေခံများကပင် 'တတိယသခင်လေး' ဟု လေးလေးစားစား ခေါ်ဝေါ်ခဲ့ကြသည်။

ဒါပေမယ့် မနေ့က အိပ်မက်ထဲမှာတော့ ရှီးခဲယွဲ့က တကယ့်ကို ရက်စက်တဲ့ ဇာတ်ကောင်ပင်။

သူသည် စာအုပ်ထဲသို့ ကူးပြောင်းလာသူသာမက၊ ဇာတ်ကွက်လိုင်းအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သော ကောင်းကင်သားတော်လည်းဖြစ်သည်။ ခုန ကလို ပြုံးပြုံးရွှင်ရွှင်ပဲ ကျားစားတဲ့ဝက်တစ်ကောင် လို ဟန်ဆောင်ပြတာကနေ နောက်ဆက်တွဲ ပြတ်ပြတ်သားသား လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းဟာ သူ့အစီအစဉ်နဲ့သူ ရှိနေခဲ့သည်။

သူ့ရဲ့ နာခံမှုရှိသော နောက်လိုက်များကတော့  အနည်းငယ် ကြင်နာမှု ရရှိနိုင်ပေမယ့်  ဆန့်ကျင်ဘက်အနေနဲ့တော့  သူ့ကို ဆန့်ကျင်သော ရန်သူများသည် ခြွင်းချက်မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် စိတ်ဆင်းရဲစွာ ဘဝဆုံးသွားပေလိမ့်မည်။

မနေ့ က အစေခံငယ်လေး က သူ့ထံ ချဉ်းကပ်လာပြီး မေးလေသည်။

"ဒုတိယသခင်လေး  ကျွန်တော်မီးဖိုချောင်သွား ပြီး မနက်စာ ပူပူနွေးနွေးလေး ယူလာပေးရမလား?"

တကယ်တော့ ကိုးနာရီခွဲပဲရှိသေးပေမယ့် မဒမ်က ဒုတိယသခင်လေးက ထပြီး အောက်ထပ်ကို မဆင်းခင် စားပွဲကိုရှင်းဖို့ လူတစ်ယောက်ကို ခိုင်းခဲ့၏။  အခုတော့ စားပွဲပေါ်တွင် ပေါင်မုန့်အချပ်အနည်းငယ်နှင့် ယိုတစ်ပုလင်းသာ ကျန်တော့သည်။

"ဟင့်အင်း၊ ငါဒါတွေပဲစားလိုက်မယ်"  ရှီယွင်နန်  ဂရုမစိုက်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်တစ် ကြိမ် ထွက်လာမယ့် စကားဝိုင်းရဲ့  အကြောင်းအရာတွေက သူ့ကို အေးအေးဆေးဆေး စားခွင့်ပေးမှာမှ မဟုတ်တာ။

လူအိုကြီးရှီ က သူ့ကို နှစ်ကြိမ်လောက် လှမ်းကြည့် ပြီး  အစေခံကို ရှီယွင်နန် အတွက် နွားနို့ပူပူလေးတစ်ခွက်ကို ထည့်ပေးဖို့ ပထမဆုံးအကြိမ် ပြောလာလေသည်။

ဒါပေမယ့် ဒီနွေးထွေးမှု မပျောက်ခင်မှာဘဲ သူက ဒီဓာတ်ပြားဟောင်းကြီးကိုပဲ ထပ်ဖွင့်လာ၏။

"ယွင်နန်၊ မင်း အဲဒါကို စဉ်းစားပြီးပြီလား? မင်းသေချာစဉ်းစားပြီးပြီဆိုရင် ငါတို့မိသားစုနှစ်စု စေ့စပ် ကြောင်းလမ်းဆွေးနွေးဖို့  ဒီညနေ လော့မိသားစုကို ထမင်းစားဖိတ်လိုက်မယ်။"

သူအစားတစ်လုတ်တောင်မစားရသေးခင် သူ့မှာ မေးခွန်းမေးဖို့ကိုတောင် မစောင့်နိုင်တော့ဘူး။

ဒါက သူ့ရဲ့ မုဒ်ကို ဖျက်စီးနေလေသည်။

ရှီယွင်နန်  ပြုံးပြီး ပြန်မေးလိုက်၏။

"ကျွန်တော်က မလုပ်ချင်ဘူးဆိုရင်ရော?"

သူက  ဆန့်ကျင်ဘက်လုပ်နေသေးတာကို မြင်လိုက် ရတော့  လူအိုကြီးရှီက သူ့စကားကို လေးနက်သောလေသံဖြင့်ဖိပြောလာ၏။

"မင်းမှာ ရွေးစရာမရှိဘူး၊ မင်းငါ့စကားကို နားထောင် ရမယ်! မင်းက ငါတို့ရှီမျိုးရိုးပဲ။ မင်းမှာ ရှီမိသားစုရဲ့ သွေးတွေရှိတယ်။ ငါတို့မင်းကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တာ။ ခုလို အကြပ်အတည်းကာလမှာ မင်းတာဝန်နည်းနည်းယူရမယ်။"

လူအိုကြီးက  အရင်အတိုင်း တင်းမာနေပြီး သူရဲ့ ဒေါသသံက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။

ရှီးခဲယွဲ့ ကသာလျှင် လူအိုကြီးရဲ့ ကျောကို ပွတ်သပ်ပေးပြီး အဆင်မပြေဖြစ်နေတာကို ပြေလည် အောင် ညှိနှိုင်းပေးရန် ကြိုးစားနေ၏။

"အဘိုး၊ ဒီကိစ္စကို အရမ်းလောစရာမလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒီသခင်လေးလော့နဲ့ ယွင်နန် အဆင်ပြေဖို့ အချိန်ပေးရမှာပဲလေ"

"ယွင်နန်က  သူ့သွေးသားထဲမှာ ရှီမိသားစုရဲ့ သွေးတွေပါနေတာ၊ သူ့နှလုံးသားက ဒီမိသားစုအပေါ် သဘောထားကြီးပါတယ် ။ ကုမ္ပဏီရဲ့အခက်အခဲတွေကို အတူတူကျော်ဖြတ်နိုင်ဖို့ သူသေချာပေါက် ကူညီပေးမှာပါ"

ဒီစကားက  ချိုမြိန်သိမ်မွေ့လှသည်။

ပထမတစ်ချက်နဲ့တင် သူသည် လူအိုကြီးရဲ့ ဒေါသကို ဖြေလျှော့ရန်ဖြစ်ပြီး ရှီယွင်နန်ကို စိတ်ပိုင်းဆိုင် ရာပြင်ဆင်မှုအတွက် အချိန်ပေးခိုင်းသည်။ ဒါပေမယ့် သေချာတွေးကြည့်ရင်တော့  သူက ကျင့်ဝတ်ဆိုင်ရာတွေကိုရှင်းရှင်းလင်းလင်း သွယ်ဝိုက်ပြောသွားသည်။

ရှီယွင်နန်သာ  လက်မထပ်ဘဲ ရှီမိသားစု အမှန်တကယ် ဒေဝါလီခံရပါက၊ သူကသာ  အဓိကတရားခံ ဖြစ်သွားမှာ မဟုတ်ဘူးလား?

ရှီယွင်နန်သည် ပန်းကန်ခွက်များနှင့် ကစားနေ သည်။ ထိုအခိုက်အတန့်တွင်၊ ရှီးခဲယွဲ့သည် သူ့အိမ် မက်ထဲက လူနှင့်တကယ့်ကိုတူသည်။

သူ့အနေအထိုင် အပြုအမူတွေက အပြစ်ကင်းစင် ပေမယ့် သူ့လက်ထဲမှာတော့  လူတွေကို တိတ်တဆိတ်ကစားနေခဲ့သည်။

ရှီးဝေလည်း  သူမရဲ့လည်ချောင်းကိုရှင်းလိုက်ပြီး ချက်ချင်းပင်စကားဝိုင်းထဲသို့ ဝင်လာကာ "ယွင်နန်၊ ငါ့စကားကို နားထောင်ပါ၊ အဲ့သခင်လေးလော့က မင်းထက်တစ်နှစ်ပဲကြီးတာ။"

"လူငယ်တွေကကြားထဲမှာ အရင်လက်ထပ်ပြီးမှ နောက်ပိုင်းတစ်ဖြည်းဖြည်းချစ်လာကြတာက ရေပန်းစားနေတာ မဟုတ်ဘူးလား? အခုချိန်မှာ တစ် ယောက်နဲ့တစ်ယောက် မသိကြသေးလည်း အဆင် သပြေပါတယ်။ မကြာခဏ တွေ့ရင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာပြီး  ခံစားချက်တွေလည်း တိုးလာမှာပေါ့။"

"ဒီ လော့မိသားစုက နိုင်ငံရဲ့ ထိပ်တန်းချမ်းသာတဲ့ မိသားစုလို့တောင်  သတ်မှတ်ခံရတာ။မင်းသာ လော့ မိသားစုထဲဝင်နိုင်ရင် မင်း လုံးဝကို ကောင်းချီးပေးခံရမှာနော်!"

"အနည်းဆုံးပြောရရင် နောက် မင်းတို့ လုံးဝမသင့်တော်ဘူးလို့ ခံစားရရင် အဲ့အချိန်ကြမှ  အေးအေးဆေးဆေး ကွာရှင်းလို့ရတာပဲလေ ဟုတ်တယ်မလား?"

စကားပြီးသောအခါ ရှီးဝေသည် တိတ်ဆိတ်နေသေယောကျ်ားဖြစ်သူကိုလည်း တံတောင်နဲ့တွတ်လိုက် ပြီး သတိပေးရန်မမေ့ပေ။

ရှီရှန်း တံတွေးမြိုလိုက်ပြီး စကားကိုပျင်းရိဖွယ် ပြောလာလေသည်။

"ကောင်းပြီ၊ လက်ထပ်တယ်ဆိုတာ မိဘတွေစီစဉ်
ပေးရတာပဲ။ ဒီကိစ္စဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။"

"ခင်ဗျားတို့ပြီးပြီလား? ပြီးရင်တော့ ကျွန်တော့အလှည့်ပေါ့ "  ရှီယွင်နန် မျက်ခုံးပင့်လိုက်ပြီး လူတိုင်းရဲ့ မျက်နှာ အမူအရာကိုကြည့်လိုက်သည်။

တစ်ယောက်က တင်းမာပြီး ဒေါသကြီးနေတယ်၊ တစ်ယောက်ကတော့ နူးညံ့ဟန်ဆောင်တယ်၊ တစ်ယောက်ကတော့ မီးတောက်တွေ ထုတ်နေပြီး​​နောက်တစ်ယောက်ကတော့ ပျင်းရိနေပြီး အတင်းအကြပ်လုပ်ခံနေရသလိုပင်...

ဒီအိမ်က မိသားစု မဟုတ်ဘူး၊ ဒီအိမ်က သူ မဝင်နိုင်တဲ့ အိမ်ပဲ။

သူ မထိန်းနိုင်ဘဲ လှောင်ပြောင်ရယ်မောလိုက်သည်။

ရှီးဝေက သူမကျေနပ်မှုကို ပွင့်ပွင့်လင်းလင်းပြောလာပြီး "မင်းဘာရယ်နေတာလဲ?"

နောက်တစ်စက္ကန့်မှာတော့ ရှီယွင်နမ်ရဲ့ အကြည့်က သူမဆီရောက်လာကာ  "အန်တီရှီး၊ လော့မိသားစုထဲဝင်ရင် ကျွန်တော်ကောင်းချီးပေးခံရမယ်လို့  ခင်ဗျားပြောခဲ့တယ်နော်၊ ဒါဆို ခင်ဗျားရဲ့သား ဒီကောင်းချီးတွေရဖို့ ကျွန်တော်ဘာလို့မပေးရမှာလဲ? ခင်ဗျားမလိုချင်ဘူးလား?"

ရှီယွင်နန်သည် လှပသောမက်မွန်ပုံသဏ္ဍာန် မျက် လုံးတစ်စုံရှိ၏။ ပုံမှန်ဆို ထိုကဲ့သို့သော မျက်လုံးပုံစံသည် ဖြူစင်ပြီး အပြစ်ကင်းသည်ဟု ထင်ရသော် လည်း သူ့မျက်လုံးများတွင် နားမလည်နိုင်သော
ရိုင်းစိုင်းသည့် အရိပ်အယောင်များ ရှိနေ၏။

နာခံချင်ယောင် ဟန်ဆောင်နေတဲ့ ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်လိုပင်။ လူတွေနဲ့ ဆက်ဆံတဲ့အခါ အချိန်မရွေး ပြန်ကိုက်နိုင်ဖို့ သွားတွေကို ဖြဲပြထားရသည်။

ရှီးဝေ သူ့အကြည့်တွေကို ကြည့်ပြီး လန့်ဖျပ်သွားကာ မသိလိုက်ဘဲ သူ့သားအတွက် ဝင်ပြောလာသည်။

"ရှောင်ယွဲ့နဲ့ ဒီကိစ္စက ဘာဆိုင်လို့လဲ? "

"ဘာလို့ မဆိုင်ရမှာလဲ?"  ရှီယွင်နန်က သူ့ပါးစပ် ထောင့်ကို တွန့်ကွေးလိုက်ပြီး ရှီခဲယွဲ့ဆီသို့ မျက်လုံးကို လှန်လိုက်ကာ "ရှီမိသားစုရဲ့ သွေးသားမဟုတ် တာတောင်  အနည်းဆုံးတော့ မင်းက တတိယသခင် လေးအဖြစ် နှစ်ပေါင်းများစွာ ကြီးပြင်းလာခဲ့တာပဲလေ။"

"အရင်လက်ထပ်ပြီး နောက်မှချစ်လာမယ့်အကြောင်းပြောနေမှတော့ ဘယ်သူလက်ထပ်ထပ် ကိစ္စမရှိဘူးလေ၊ ဟုတ်တယ်မလား? ဘာပဲဖြစ်ဖြစ် ဒါက ကလေးတွေရဲ့ ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ လဲလှယ်ရုံပဲလေ၊မင်းလည်း ကူညီပေးနိုင်တာပဲ။"

သူ့အိမ်မက်ထဲက မူရင်းစာအုပ်ရဲ့ ဇာတ်ကွက်က အမှန်ဆိုရင် ရှီးခဲယွဲ့ နဲ့ လော့မိသားစုရဲ့ သခင်ငယ် လေးဟာ တစ်ယောက်နဲ့တစ်ယောက် အနှေးနဲ့အမြန်ဆိုသလို သိကြတော့မှာပင်။

ရှီးဝေသူ့စကားများနှင့်  တန်ပြန်တိုက်ခိုက်ခံလိုက်ရပြီး စကားလုံးတိုင်းက ဆူးများကဲ့သို့ပင်။ ရှီယွင်နန် ဆီက ပါးရိုက်ခံလိုက်ရသလိုမျိုး စကားမပြောနိုင် တော့ပေ။

လူအိုကြီးက မျက်မှောင်ကြုတ်ကာ "ယွင်နန်၊ မင်း ပြဿနာ ရှာလို့မဝသေးဘူးလား?"

"ပြဿနာ?"  ရှီယွင်နန်က မီးဖိုချောင်သုံး ဓားကို ကောက်ကိုင်လိုက်ပြီး ဖန်ခွက်ကို ခေါက်နေရင်း သူ့အပြုံးက ပိုပိုပြီး မူးဝေလာစေကာ

"မဝသေးဘူး"

သူက နောက်ကိုပြန်လှန်လိုက်ပြီး သဘာဝကျကျကိုယ် အနေထားကို ညှိလိုက်ပြီး "အဘိုး ၊အဖေ၊ ကျွန် တော် နှစ်တွေအများကြီး နိုင်ငံခြားကို နှင်ထုတ်ခံထားရရင်တောင် ၊ အဘိုးပြောတာမှန်တယ်- ကျွန် တော်က ရှီမိသားစုရဲ့ ဒုတိယမြောက် သခင်လေးပဲ"

ဒီလောက်ရယ်စရာကောင်းတဲ့ အထောက်အထားကို သူတကယ် မလိုချင်မယ့်လဲပေါ့။

"ရှီးခဲ့ယွဲဲ့ကတော့  အန်တီရှီး နဲ့ သူယောကျ်ားဟောင်းရဲ့ ကလေးပဲလေ..."

"ပါးစပ်ပိတ်ထား!"

"ယွင်နန်!  လွန်မလာနဲ့!"

လူအိုကြီးရှီနှင့် အဖေရှီက သူ့ကို ရပ်တန့်ရန် တပြိုင် နက်တည်း အမိန့်ပေးခဲ့သော်လည်း ရှီယွင်နန်ကတော့ ပုန်ကန်တတ်တဲ့သွေးသားနဲ့ မွေးဖွားလာတော့ စကားဆုံးအောင်ပြောရန် ဆုံးဖြတ်လိုက်သည်။ သူကလက်ထဲက ခရင်းကို ပန်းကန်ပြားပေါ်သို့  ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်ပြီး သရော်ပြုံးပြုံးလိုက်ကာ-

"ခင်ဗျားတို့က  ကိုယ့်​သွေးသားကိုတော့ မနှစ်​သက်​ဘဲ သူများမိသားစုရဲ့ ကလေးကို ပိုအလိုလိုက်ချင် ကြတယ်။ ဘာလို့လဲ? ရှီးခဲယွဲ့က ခင်ဗျားတို့ရှီမိသားစုရဲ့သွေးသားမို့လို့လား?"

နောက်ဆုံးစာကြောင်းတွင် သူ့ရဲ့အသံကို မြင့်လိုက် တာက  ထမင်းစားခန်းတစ်ခုလုံးကို ဗုံးပေါက်ကွဲသွားသကဲ့သို့ အသံတိတ်သွားစေသည်။

"......"

ရှီးခဲယွဲ့  အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ရှီယွင်နန်ရဲ့ စိတ်နေစိတ်ထားက ဒီလောက်ရိုင်းလောက်မယ်လို့ သူ မထင်ထားပေ။ သူက မိသားစုရဲ့ မျက်နှာအားလုံးကိုတောင် လူမြင်ကွင်းမှာ စုတ်ဖြဲဖို့ သတ္တိရှိနေတာပဲ။ အစကတော့  သူကဒီတိုင်းအခြေအနေကို ပြေလည်အောင် ညှိနှိုင်းဖို့ ကြိုးစားတဲ့ အသံတိတ် ပွဲကြည့်သည့်သူတစ်ဦးသာ ဖြစ် သော်လည်း အခုတော့ သူ့ကိုပါ ရွှံ့ရေထဲ အတင်းဆွဲထည့်နေလေပြီ။

ရှီရှန်း နှင့် ရှီးဝေသည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သောအခါ သူတို့ရဲ့အသားအရောင်သည်  ဖောက်ခွဲခံထားရသလိုမျိုးရောင်ရမ်းနေကြ၏။

လူအိုကြီးရှီကတော့  အနည်းငယ် တိတ်ဆိတ်ငြိမ်သက်စွာ အသက်ရှုထုတ်လိုက်ပြီး  "သူဟုတ်ဟုတ်မဟုတ်ဟုတ် စကားလမ်းကြောင်းလွှဲမနေနဲ့။ မင်းဒီမိသားစုအတွက် လက်ထပ်ရမယ်!"

ရှီယွင်နန်သည် သူတို့ရဲ့  တုံ့ပြန်မှုကို ကြည့်လိုက်ပြီး မူလအုံ့ဆိုင်းနေသော ရှုပ်ထွေးမှုများမှာ လုံးဝရှင်းလင်းသွားတော့သည်။ ဒီစမ်းသပ်ချက်နဲ့ဆို၊ သူ့အိမ်မက်ထဲက ဇာတ်ကွက်က တကယ့်လက်တွေ့နဲ့ ထပ်တူကျနေတာပဲ--

ရှီးခဲယွဲ့က  ရှီမိသားစုရဲ့ သွေးသားဖြစ်ပြီး ရှီရှန်းက အိမ်ထောင်ရေး ဖောက်ပြန်ခဲ့သည့်ပုံပင်။

လူအိုကြီးက ဒါကိုသိပြီးသားမို့လို့ ရှီးဝေကို အဲဒီတုန်းက ရှီမိသားစုထဲကို ဝင်ခွင့်ပြုဖို့ သဘောတူခဲ့တာပဲ။ ဒီနှစ်များအတွင်းတွင် သူက ရှီးခဲယွဲ့ကို ဆက်ခံသူအဖြစ် လျှို့ဝှက်လေ့ကျင့်ပေးနေခဲ့သည်။

နောက်ဆုံးတွင် သူက ရှီမိသားစုရဲ့ပိုင်ဆိုင်မှုများကို ရှီးခဲ့ယွဲ့ဆီသို့ လိုလိုလားလား လွှဲပြောင်းပေးခဲ့သည်။

ဒီအခြေအနေအောက်မှာ  ရှီယွင်နန်သည် သူတို့ဘာလို့ ရှီးခဲယွဲ့ရဲ့ တကယ့်အစစ်အမှန်ကို ဖုံးကွယ်ထားမှန်းသူ မစူးစမ်းချင်သော်လည်း သူစိတ်ထဲမှာတော့  ဒေါသတွေနှင့် ပြည့်နှက်နေ၏။

သူရဲ့ အမေအရင်း ဝမ်မင်သည် လူသိများသော အမျိုးသမီးငယ်တစ်ဦးဖြစ်၏။ ထိုနှစ်များတွင်ရှီ နှင့် ဝမ် မိသားစုသည် လက်ထပ်သဘောတူပေးစားခဲ့ကြသည်။

ဝမ်မင်းရဲ့ နှလုံးက သိပ်မကောင်းပေ။ အမြွှာကိုယ်ဝန်ရှိစဉ်က ကိုယ်ဝန်ဖျက်ချရန် ဆရာဝန်မှ အကြံပေးခဲ့သော်လည်း သူမသည် ခင်ပွန်းဖြစ်သူကို အရမ်းချစ်ပြီး ဗိုက်ထဲတွင် ရှိနေသော သေးငယ်သော ဘဝနှစ်ခုကို စွန့်လွှတ်ရန် တွန့်ဆုတ်နေခဲ့သည်။

အမြွှာများကို မွေးဖွားပြီးနောက် ဝမ်မင်သည် ရောဂါရဲ့ မူလဇစ်မြစ်ကျွမ်းသွားကာ နောက်ပိုင်းတွင် နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့သည်။

ရှီရှန်းကကော  ဘာတွေလုပ်နေခဲ့လဲ?

သူမ ကိုယ်ဝန်ရှိနေတုန်း ဖောင်ပြန်ခဲ့တယ်။ သူမသေဆုံးပြီးနောက်လည်း ရှီယွင်နန်ကို နိုင်ငံခြားသို့ ပို့ပြီး သူ့ရဲ့  ဖောက်ပြန်တဲ့ လက်တွဲဖော်နှင့် လက်မထပ်ဘဲ မွေးဖွားလာတဲ့ သားကို အိမ်ပေါက်ဝသို့ ခေါ်ဆောင် လာခဲ့တယ်။ အခုလည်း သူ့ကို ငွေနဲ့ လဲဖို့ ကြိုးစားနေကြပြန်ပြီ!!

အဓိပ္ပါယ်မရှိတာ!  ရယ်စရာကောင်းလွန်းတယ်!

အစကတော့ ဒီမိသားစုအတွက် နောက်ဆုံးမျှော်လင့်ချက် တရိပ်ရိပ်ရှိနေသေးတော့ သူလေးလေးနက် နက် မတွေးရဲပေမယ့်လည်း အခုတော့ ဘာမှမကျန် တော့ပေ။

"ဘယ်သူ လက်ထပ်ထပ် ကျွန်တော့ကိစ္စမဟုတ်ဘူး!"  ရှီယွင်နန် လှောင်ပြောင်လိုက်ပြီး ကြမ်းကြမ်းတမ်းတမ်းထလိုက်ပြီးနောက် သူ့ခရီးဆောင်အိတ် ကို တောင် ပြန်ယူဖို့ မစဉ်းစားတော့ပေ။

သူ့ဘဝတစ်လျှောက်လုံး အရှုံးမပေးခဲ့တဲ့ လူအိုကြီးရှီကတော့  ဒီမိသားစုထဲက တစ်ယောက်ယောက်သူ့ကို မနာခံတာကို ခွင့်ပြုမယ်တဲ့လား?

သူက ဒေါသတကြီး အော်ငေါက်ကာ "ရှီယွင်နန်!  မင်းဒီလိုပဲ ပုန်ကန်နေတော့မှာလား? တစ်ယောက် ယောက် သူ့ကို ချုပ်ထားစမ်း။ မင်းစေ့စပ်မပြီးမချင်း ဒီအိမ်ထဲက တစ်လှမ်းတောင် မလှမ်းရဘူး။"

သူ့အသံကျသွားတာနဲ့ ဝင်ပေါက်ကအစောင့်ကပြေးဝင်လာကာ  "သခင်ကြီး ၊ လူကြီးမင်း၊ လော့မိသားစုထဲက တစ်ယောက်ယောက် ဒီမှာရောက်နေတယ်!"

ရှီရှန်း ထိုစကားကိုကြားတော့အမြန်မေးလာလေသည်။

"လော့မိသားစုက ?  ဘယ်သူလာတာလဲ?"

တံခါးစောင့်က မောလွန်းလို့ အသက်ရှူ မဝတောင်ဖြစ်နေကာ "ဟူး ၊ ရှေ့ကလာတဲ့သူကတော့ ဘီးတပ်ကုလားထိုင်နဲ့ လူတစ်ယောက်ပဲ။ ကျွန်တော်တို့လည်း သူတို့ကို မတားရဲဘူး၊ သူတို့က ဒီနားတောင် ရောက် နေပြီ။"

(ပြန်နေရင်း သွေးတက် -_- အဘိုးကြီးက သူပေးစားတဲ့သူနဲ့ရထားတဲ့ကလေးတွေကို နည်းနည်းမှအားမနာတာနော် ၊နောက်တစ်ပိုင်းမှာ ML ပါလာပါပြီ၊ ဘဲကြီးက အရမ်းဂရုစိုက်တာပါနော်၊ ရှာလကာရည်ကလည်း အသေသောက်တာ🤣)



Zawgyi

"ဖုက်စ္ယြီ" ဆိုေသာ စကားလုံးကသူ႔ဖုန္း စခရင္တြင္ေပၚလာေလသည္။ သူသည္ ရွီယြင္နန္ရဲ႕ ႏိုင္ငံျခားက အခင္ဆုံးသူငယ္ခ်င္းျဖစ္၏။

ရွီယြင္နန္သည္ သူ႔ရဲ႕ ေရာင္ရမ္းေနေသာ နားထင္ မ်ားကို ပြတ္သပ္လိုက္ကာ ဖုန္းကိုင္လိုက္သည္။ေနာက္တစ္စကၠန႔္မွာပဲ  တစ္ဖက္မွ က်ယ္ေလာင္ေသာ သီခ်င္းသံမ်ား ထြက္ေပၚလာေလသည္။

"မင္း ဘားေရာက္ေနျပန္ၿပီလား? အရမ္းဆူညံေနတာပဲ။ "

"ခဏေလး" ဖုန္းက တိတ္ဆိတ္တဲ့ေနရာမေရာက္ခင္ ထိ  အေတာ္ၾကာေအာင္ ဆူညံေနသည္ ။ တစ္ဖက္ တြင္ ဖုက်စ္ယြီကေျပာလာေလသည္။  "ငါ မင္းကို  စာေတြ အမ်ားႀကီး ပို႔ထားတယ္၊  ဒါမယ့္ မင္းက တစ္ေစာင္မွ ျပန္မပို႔ဘူးေလ။ သခင္ေလးရွီ အဆင္ ေကာ ေျပရဲ႕လား?"

ရင္းႏွီးတဲ့ သူငယ္ခ်င္းအေနနဲ႔၊  ရွီယြင္နန္ ျပန္သြားၿပီျဖစ္ေၾကာင္း ဖုက်စ္ယြီသိထားေလသည္။

"ဘာေတြ ျဖစ္လို႔လဲ? ငါျမင္တာေတာ့ လူအိုႀကီးကက်န္းမာေရးေကာင္းေနတာပဲ၊ ေနာက္ႏွစ္ေပါင္း ခုနစ္ဆယ္၊ ရွစ္ဆယ္ေလာက္ေတာင္ေနႏိုင္မယ္ထင္တယ္။"

ရွီယြင္နန္ မေန႔ညက ညစာ စားပြဲမွာ ႀကဳံခဲ့ရတဲ့အဓိပၸာယ္မရွိတဲ့ အေၾကာင္းကို သူ႔သူငယ္ခ်င္းကို ဟာသအေနနဲ႔ ျပန္ေျပာျပလိုက္သည္။

ဒါကို နားေထာင္ၿပီးေနာက္ ဖုက်စ္ယြီခ်က္ခ်င္း ညည္းညဴေတာ့သည္။

"မျဖစ္ႏိုင္တာ၊ သူတို႔ ဦးေႏွာက္ေတြက ဘာျဖစ္ သြားတာလဲ?"

"သူတို႔က မင္းကို ႏိုင္ငံျခားမွာ ႏွစ္ေတြအၾကာႀကီး ပစ္ထားတာ။ အခု ကုမၸဏီမွာ ျပႆနာတက္လာေတာ့ အက်ိဳးခံစားခြင့္ရေအာင္ လဲလွယ္တဲ့ေနရာမွာ မင္းကို အသုံးခ်ခ်င္ၾကတယ္ေပါ့ ? ဖြီ !"

"ငါေျပာရမယ္ဆိုရင္ မင္းအစ္ကိုလို အရင္တုန္းက ဝမ္မိသားစုဆီ လိုက္သြားသင့္တယ္ ၊ဒီေဒါသေတြ ခံစားရေအာင္ ဘာလို႔ ရွီမိသားစုမွာေနေနတာလဲ?"

ရွီယြင္နန္ ျငင္းဆန္ျခင္းမရွိဘဲ  မ်က္ခုံးသာပင့္လိုက္သည္။

တကယ္ေတာ့ သူ႔မွာ အႁမႊာအကိုတစ္ေယာက္ရွိ၏။  မားမားရွီဆုံးပါးသြားေသာအခါတြင္ ညီအကိုႏွစ္ ေယာက္မွာ အသက္ခုနစ္ႏွစ္ရွိေနၿပီျဖစ္သည္။ ခမည္းခမက္ဟုထင္ရသည့္  ရွီႏွင့္ ဝမ္မိသားစုသည္ ထိုအခ်ိန္တြင္ အျငင္းပြါးမႈမ်ားစြာ ျဖစ္ပြားခဲ့ၿပီး ညီအစ္ကိုႏွစ္ေယာက္ရဲ႕ အုပ္ထိန္းမႈအတြက္ပင္ ရန္ ျဖစ္ခဲ့ၾကသည္။

ပဋိပကၡအၿပီးတြင္ ညီအစ္ကိုႏွစ္ေယာက္မွာ မိသားစုတစ္စုစီေနာက္သို႔ လိုက္ခဲ့ၾကရသည္။

သူ႔အကိုျဖစ္သူကို သူ႔အေမဘက္ကအဘိုးက ဝမ္မိသားစုထံ ျပန္ေခၚသြားၿပီး သူ႔နာမည္ကို ဝမ္ရိေပလို႔ေျပာင္းေပးခဲ့သည္။

ညီျဖစ္သည့္ ရွီယြင္နန္သည္ ရွီမိသားစုတြင္ ဒုတိယသခင္ေလးအျဖစ္ က်န္ေနခဲ့ေသာ္လည္း တစ္ႏွစ္မျပည့္မီတြင္ ရွီမိသားစုထံမွ ႏိုင္ငံျခားသို႔ ႏွင္ထုတ္ခံရသည္။

ရွီယြင္နန္ ႏွင့္ ဖုက်စ္ယြီမွာ တစ္ေယာက္ကိုတစ္ ေယာက္ ႏွစ္အေတာ္ၾကာ သိကြၽမ္းခဲ့ၾကေတာ့ ေနာက္ပိုင္းတြင္ သူ႔မိသားစုအေျခအေနကို ေယဘုယ်အားျဖင့္ေလာက္ေတာ့ သိခဲ့သည္။

ဖုက်စ္ယြီမွာ သူ႔သူငယ္ခ်င္းေကာင္းဘက္မွ နာကာ ဖုန္းစခရင္မွ ခုန္ထြက္လုမတတ္နီးပါးပင္။ "ဒါနဲ႔ ၊ မင္းမိေထြးရဲ႕ သားနာမည္က ဘာ? လူအိုႀကီးရွီ နဲ႔ မင္းအေဖက ဘာလို႔ သူနဲ႔ၾက မေပးစားတာလဲ?"

"...ရွီးခဲယြဲ႕"  ရွီယြင္နန္ ခ်က္ျခင္းဆိုသလို အနည္းငယ္စိတ္ရႈပ္ေထြးသြားသလို ခံစားလိုက္ရၿပီး သူ႔အိပ္ မက္ထဲက ျမင္ကြင္းေတြက သူ႔စိတ္ထဲမွာ ျပန္ေပၚ လာေလသည္။

"ဟုတ္တယ္၊ ရွီးခဲယြဲ႕  'တတိယသခင္ေလး' ဆိုတဲ့ ရာထူးကေတာ့ အရမ္းေက်နပ္စရာပဲ၊ ဒါေပမယ့္ မင္းကမွ  ရွီမိသားစုရဲ႕ ေသြးသားေလ။ မင္းအစ္ကိုက ဝမ္မိသားစုဆီ ျပန္ေရာက္သြားတာၾကာၿပီ၊ အခုေတာ့ လူအိုႀကီးက မင္းကို ေလာ့မိသားစုနဲ႔ လက္ထပ္ခိုင္းတယ္ေပါ့?"

"မင္းေျပာၾကည့္ ၊ လူအိုႀကီးရွီက သူငယ္ျပန္ၿပီး စိတ္ဂေယာင္ေျခာက္ျခား ျဖစ္ေနတာမ်ားလား?   ဒီႏွစ္ေတြထဲမွာ သူက  တျခားမ်ိဳး႐ိုးနဲ႔ကေလးကိုၾက တန္ဖိုးထားၿပီး သူ႔ႏွလုံးသားက တစ္ဖက္သတ္ ႀကီးဘက္လိုက္ေနတာ။ ေနာက္ဆို သူက ကုမၸဏီရဲ႕ ပိုင္ ဆိုင္မႈေတြကိုေတာင္ ရွီးခဲယြဲ႕ကို လႊဲေပးမလို႔လားပဲ"

ေနာက္ဆုံးစာေၾကာင္းကေတာ့ ဖုက်စ္ယြီ မေတြးဘဲနဲ႔ ေျပာလိုက္ေသာ  စကားသက္သက္သာျဖစ္၏။ ေျပာတဲ့ သူကမရည္႐ြယ္ေသာ္လည္း နားေထာင္တဲ့သူကေတာ့ စိတ္ထဲစြဲသြားေလသည္။

ရွီယြင္နန္ မ်က္ခုံးမ်ားကို ရႈံ႕လိုက္သည္။ လက္ေတြ႕ဘဝနဲ႔ သူ႔အိပ္မက္က အံ့ၾသစရာေကာင္းေလာက္ ေအာင္ ထပ္တူေနခဲ့တယ္...

မူရင္းစာအုပ္ရဲ႕အဆုံးတြင္ ရွီးခဲယြဲ႕သည္ ရွီ မိသားစုရဲ႕ ပိုင္ဆိုင္မႈအားလုံးကို အမွန္တကယ္ပင္ ရယူႏိုင္ခဲ့သည္။

ထို႔အျပင္၊ ရွီးခဲယြဲ႕သည္ သူ႔ရဲ႕မ်ိဳး႐ိုးအမည္ကို 'ရွီ' သို႔ေျပာင္းခဲ့ၿပီး၊ ရွီမိသားစုရဲ႕ အေမြဆက္ခံသူျဖစ္ ေၾကာင္း လူအိုႀကီးရွီက လူသိရွင္ၾကားေၾကညာခဲ့သည္။

လူအိုႀကီးရွီက တကယ့္ကိုေရွး႐ိုးစြဲႀကီးျဖစ္၏။

သူ႔ဘဝတစ္ေလွ်ာက္လုံး ႀကိဳးႀကိဳးစားစားရွာခဲ့တဲ့ ပိုင္ဆိုင္မႈအားလုံးကို ေသြးသားရင္းမဟုတ္တဲ့သူတစ္ေယာက္ကို တကယ္လႊဲေျပာင္းေပးဖို႔ ဆႏၵရွိခဲ့တာလား?

ဒါက လုံးဝမျဖစ္ႏိုင္ဘူးဆိုတာ သိသာလြန္းတယ္။

အိပ္မက္ႏွင့္ လက္ေတြ႕ ေရာယွက္ေနၿပီး အေတြးထဲမွာ  လမ္းေပ်ာက္ေနေသာ ရွီယြင္နန္သည္ သံသယျဖစ္ဖြယ္ ထင္ျမင္ခ်က္တစ္ခု ေပၚလာေတာ့သည္။

"ဟယ္လို?  ယြင္နန္? မင္းဘာလို႔ စကားမေျပာတာလဲ? "

"ငါအဆင္ေျပပါတယ္။"  ရွီယြင္နန္  သူ႔အေတြးေတြကို ျပန္စုစည္းလိုက္ၿပီး ေထာင့္စြန္းက ထုပ္ပိုးထားတဲ့ ခရီးေဆာင္အိတ္ကို တစ္ခ်က္ၾကည့္လိုက္ကာ "ေန႔လည္ ၃ နာရီ ေလယာဥ္ကို ငါႀကိဳမွာထားတယ္။ ၿပီးရင္ ႏိုင္ငံျခားမွာေတြ႕မယ္။"

သူသည္ အျခားသူမ်ားကို သနားညႇာတာတတ္ေသာ ႐ုပ္ေသး႐ုပ္မဟုတ္ေပ။ ဒီမိသားစုတြင္ သူ႔အတြက္ ေနရာမရွိ၊ အခု သူတို႔က သူ႔ရဲ႕အိမ္ေထာင္ေရးကို 'စီးပြားေရး' အျဖစ္ သတ္မွတ္ရန္ ႀကိဳးစားေနၾကေတာ့။  ဟုတ္တယ္ ၊ သူတတ္ႏိုင္သမွ် ေဝးေဝးမွာေနရမယ္။

"အိုေက၊ မင္းျပန္လာရင္  မင္းကိုႀကိဳဆိုဖို႔နဲ႔ မင္းကံဆိုးေနတာေတြကို ေျဖေဖ်ာက္ဖို႔ ဘ႑ာေရးရပ္ကြက္အျပင္က လမ္းေပၚမွာ အသစ္ဖြင့္ထားတဲ့ ဘားကို ငါငွါးထားလိုက္မယ္။"

ရွီယြင္နန္ကသူ႔ကို စၿပီး ေလွာင္ၿပဳံးၿပဳံးလိုက္ကာ  "ညီေလးဖု  မင္းရဲ႕ႏိုင္ငံျခားသားမိန္းကေလးကိုသာ သြားရွာစမ္းပါ၊ ငါ့ကို ဆင္ေျခအေနနဲ႔ မသုံးစမ္းပါနဲ႔"

ထို႔ေနာက္ သူဖုန္းခ်လိုက္သည္။

ရွီယြင္နန္ရဲ႕ ပါးစပ္ေထာင့္ရွိ အၿပဳံးသည္ လ်င္ျမန္ စြာ ခဲသြားကာ ထိုလက္ေတြ႕ အိပ္မက္ ျမင္ကြင္းထဲသို႔ သူ စိတ္က ျပန္ေရာက္သြားခဲ့သည္။

အမွန္အတိုင္း ေျပာရလွ်င္ ရွီယြင္နန္ ရွီမိသားစုရဲ႕ပိုင္ ဆိုင္မႈအေမြကို မလိုခ်င္ပါ။ အဲ့ဒါထက္စာလွ်င္ သူ အတည္ျပဳရန္ စိတ္အားထက္သန္ေနေသာ အျခားအေၾကာင္းအရာတစ္ခုရွိေနေသးသည္။

......

ဆယ္မိနစ္ေလာက္ၾကာေသာ္

ရွီယြင္နန္ ေလွကားမွ ဆင္းလာသည္ႏွင့္ လူအိုႀကီးရွီရဲ႕ မေက်မနပ္ ျပစ္တင္ရႈတ္ခ်သံကို ၾကားလိုက္ရ ၏။ "ဒီအခ်ိန္ထိ အိပ္ေနတာ၊ ႏိုင္ငံျခားမွာ အပ်င္းထူၿပီး  အက်င့္ပ်က္ေနတာပဲ။"

ေန႔တစ္ေန႔အသစ္၊ ႀကိမ္းေမာင္းမႈအသစ္ပင္။

ရွီယြင္နန္ ဘာစကားမွျပန္မေျပာလိုက္ေပ။ သူျပန္မေခ်ပႏိုင္ခင္မွာဘဲ တျခားတစ္ေယာက္ေယာက္က သူ႔အတြက္ ဝင္ေျပာေပးလာေလသည္။

"အဘိုး၊ ယြင္နန္က မေန႔ကမွ ျပန္လာတဲ့ဟာ။ ခရီးပန္းတာကေန  မသက္သာေသးတာျဖစ္မယ္။ ဘာပဲျဖစ္ျဖစ္ သူ႔အိမ္မွာပဲေလ။  သူ႔ကို အျပစ္မတင္ပါနဲ႔။"

သူ႔အတြက္ ေျပာေပးသူမွာ အေစခံေတြပါးစပ္ထဲေျပာေျပာေနတဲ့ "တတိယသခင္ေလး" ဆိုသည့္ ရွီခဲယြဲ႕ျဖစ္သည္။

သူက လူအိုႀကီးအတြက္ ဂ်င္ဆင္းလက္ဖက္ရည္တစ္ခြက္ကို ျဖည္းညႇင္းစြာ ေလာင္းထည့္ေပးေနရင္း ရွီယြင္နန္ကို ေဖာ္ေ႐ြသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လာကာ "ယြင္နန္၊ လာထိုင္ေလ။  ငါ မေန႔ညက ကိစၥတစ္ခုေၾကာင့္ အျပင္သြားေနလို႔  မင္းကို ႀကိဳဆိုဖို႔ အခ်ိန္မရလိုက္ဘူး"

ရွီယြင္နန္ ဂ႐ုမစိုက္ဘဲ ၿပဳံးလိုက္ကာ ထမင္းစားပြဲသို႔ ေလွ်ာက္လာၿပီး တစ္ဖက္လူကိုသာ တိတ္တဆိတ္ ေစာင့္ၾကည့္ေနလိုက္သည္။

တကယ္ေတာ့ သူတို႔ႏွစ္ေယာက္ ဟာ  သီးသန္း အဆက္အသြယ္မရွိေပ။ ရွီယြင္နန္သည္ ဒီ 'ေသြးတစ္ဝက္ညီ' အေပၚတြင္ အေပၚယံအထင္အျမင္သာ ရွိခဲ့သည္—

တစ္ဖက္လူရဲ႕  စိတ္ေနစိတ္ထားသည္ သူ႔အေမရွီးေဝအတိုင္း သူရဲ႕ ေန႔စဥ္ေျပာစကားမ်ားသည္ ခ်ိဳၿမိန္ကာ ၾကည္ႏူးစရာမ်ားျဖစ္သည္။ ရွီမိသားစုထဲသို႔ ဝင္ကတည္းက အႀကီးအကဲမ်ားကအလိုလိုက္ကာ  အေစခံမ်ားကပင္ 'တတိယသခင္ေလး' ဟု ေလးေလးစားစား ေခၚေဝၚခဲ့ၾကသည္။

ဒါေပမယ့္ မေန႔က အိပ္မက္ထဲမွာေတာ့ ရွီးခဲယြဲ႕က တကယ့္ကို ရက္စက္တဲ့ ဇာတ္ေကာင္ပင္။

သူသည္ စာအုပ္ထဲသို႔ ကူးေျပာင္းလာသူသာမက၊ ဇာတ္ကြက္လိုင္းအားလုံးကို ကြၽမ္းက်င္ပိုင္ႏိုင္ခဲ့ေသာ ေကာင္းကင္သားေတာ္လည္းျဖစ္သည္။ ခုန ကလို ၿပဳံးၿပဳံး႐ႊင္႐ႊင္ပဲ က်ားစားတဲ့ဝက္တစ္ေကာင္ လို ဟန္ေဆာင္ျပတာကေန ေနာက္ဆက္တြဲ ျပတ္ျပတ္သားသား ေလွ်ာက္လွမ္းတဲ့ ေျခလွမ္းတိုင္းဟာ သူ႔အစီအစဥ္နဲ႔သူ ရွိေနခဲ့သည္။

သူ႔ရဲ႕ နာခံမႈရွိေသာ ေနာက္လိုက္မ်ားကေတာ့  အနည္းငယ္ ၾကင္နာမႈ ရရွိႏိုင္ေပမယ့္  ဆန႔္က်င္ဘက္အေနနဲ႔ေတာ့  သူ႔ကို ဆန႔္က်င္ေသာ ရန္သူမ်ားသည္ ႁခြင္းခ်က္မရွိဘဲ တစ္ေယာက္ၿပီးတစ္ေယာက္ စိတ္ဆင္းရဲစြာ ဘဝဆုံးသြားေပလိမ့္မည္။

မေန႔ က အေစခံငယ္ေလး က သူ႔ထံ ခ်ဥ္းကပ္လာၿပီး ေမးေလသည္။

"ဒုတိယသခင္ေလး  ကြၽန္ေတာ္မီးဖိုေခ်ာင္သြား ၿပီး မနက္စာ ပူပူေႏြးေႏြးေလး ယူလာေပးရမလား?"

တကယ္ေတာ့ ကိုးနာရီခြဲပဲရွိေသးေပမယ့္ မဒမ္က ဒုတိယသခင္ေလးက ထၿပီး ေအာက္ထပ္ကို မဆင္းခင္ စားပြဲကိုရွင္းဖို႔ လူတစ္ေယာက္ကို ခိုင္းခဲ့၏။  အခုေတာ့ စားပြဲေပၚတြင္ ေပါင္မုန႔္အခ်ပ္အနည္းငယ္ႏွင့္ ယိုတစ္ပုလင္းသာ က်န္ေတာ့သည္။

"ဟင့္အင္း၊ ငါဒါေတြပဲစားလိုက္မယ္"  ရွီယြင္နန္  ဂ႐ုမစိုက္ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ထပ္တစ္ ႀကိမ္ ထြက္လာမယ့္ စကားဝိုင္းရဲ႕  အေၾကာင္းအရာေတြက သူ႔ကို ေအးေအးေဆးေဆး စားခြင့္ေပးမွာမွ မဟုတ္တာ။

လူအိုႀကီးရွီ က သူ႔ကို ႏွစ္ႀကိမ္ေလာက္ လွမ္းၾကည့္ ၿပီး  အေစခံကို ရွီယြင္နန္ အတြက္ ႏြားႏို႔ပူပူေလးတစ္ခြက္ကို ထည့္ေပးဖို႔ ပထမဆုံးအႀကိမ္ ေျပာလာေလသည္။

ဒါေပမယ့္ ဒီေႏြးေထြးမႈ မေပ်ာက္ခင္မွာဘဲ သူက ဒီဓာတ္ျပားေဟာင္းႀကီးကိုပဲ ထပ္ဖြင့္လာ၏။

"ယြင္နန္၊ မင္း အဲဒါကို စဥ္းစားၿပီးၿပီလား? မင္းေသခ်ာစဥ္းစားၿပီးၿပီဆိုရင္ ငါတို႔မိသားစုႏွစ္စု ေစ့စပ္ ေၾကာင္းလမ္းေဆြးေႏြးဖို႔  ဒီညေန ေလာ့မိသားစုကို ထမင္းစားဖိတ္လိုက္မယ္။"

သူအစားတစ္လုတ္ေတာင္မစားရေသးခင္ သူ႔မွာ ေမးခြန္းေမးဖို႔ကိုေတာင္ မေစာင့္ႏိုင္ေတာ့ဘူး။

ဒါက သူ႔ရဲ႕ မုဒ္ကို ဖ်က္စီးေနေလသည္။

ရွီယြင္နန္  ၿပဳံးၿပီး ျပန္ေမးလိုက္၏။

"ကြၽန္ေတာ္က မလုပ္ခ်င္ဘူးဆိုရင္ေရာ?"

သူက  ဆန႔္က်င္ဘက္လုပ္ေနေသးတာကို ျမင္လိုက္ ရေတာ့  လူအိုႀကီးရွီက သူ႔စကားကို ေလးနက္ေသာေလသံျဖင့္ဖိေျပာလာ၏။

"မင္းမွာ ေ႐ြးစရာမရွိဘူး၊ မင္းငါ့စကားကို နားေထာင္ ရမယ္! မင္းက ငါတို႔ရွီမ်ိဳး႐ိုးပဲ။ မင္းမွာ ရွီမိသားစုရဲ႕ ေသြးေတြရွိတယ္။ ငါတို႔မင္းကို ႏွစ္ေပါင္းမ်ားစြာ ျပဳစုပ်ိဳးေထာင္ခဲ့တာ။ ခုလို အၾကပ္အတည္းကာလမွာ မင္းတာဝန္နည္းနည္းယူရမယ္။"

လူအိုႀကီးက  အရင္အတိုင္း တင္းမာေနၿပီး သူရဲ႕ ေဒါသသံက လူတိုင္းကို တိတ္ဆိတ္သြားေစသည္။

ရွီးခဲယြဲ႕ ကသာလွ်င္ လူအိုႀကီးရဲ႕ ေက်ာကို ပြတ္သပ္ေပးၿပီး အဆင္မေျပျဖစ္ေနတာကို ေျပလည္ ေအာင္ ညႇိႏႈိင္းေပးရန္ ႀကိဳးစားေန၏။

"အဘိုး၊ ဒီကိစၥကို အရမ္းေလာစရာမလိုပါဘူး၊ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ အဲဒီသခင္ေလးေလာ့နဲ႔ ယြင္နန္ အဆင္ေျပဖို႔ အခ်ိန္ေပးရမွာပဲေလ"

"ယြင္နန္က  သူ႔ေသြးသားထဲမွာ ရွီမိသားစုရဲ႕ ေသြးေတြပါေနတာ၊ သူ႔ႏွလုံးသားက ဒီမိသားစုအေပၚ သေဘာထားႀကီးပါတယ္ ။ ကုမၸဏီရဲ႕အခက္အခဲေတြကို အတူတူေက်ာ္ျဖတ္ႏိုင္ဖို႔ သူေသခ်ာေပါက္ ကူညီေပးမွာပါ"

ဒီစကားက  ခ်ိဳၿမိန္သိမ္ေမြ႕လွသည္။

ပထမတစ္ခ်က္နဲ႔တင္ သူသည္ လူအိုႀကီးရဲ႕ ေဒါသကို ေျဖေလွ်ာ့ရန္ျဖစ္ၿပီး ရွီယြင္နန္ကို စိတ္ပိုင္းဆိုင္ ရာျပင္ဆင္မႈအတြက္ အခ်ိန္ေပးခိုင္းသည္။ ဒါေပမယ့္ ေသခ်ာေတြးၾကည့္ရင္ေတာ့  သူက က်င့္ဝတ္ဆိုင္ရာေတြကိုရွင္းရွင္းလင္းလင္း သြယ္ဝိုက္ေျပာသြားသည္။

ရွီယြင္နန္သာ  လက္မထပ္ဘဲ ရွီမိသားစု အမွန္တကယ္ ေဒဝါလီခံရပါက၊ သူကသာ  အဓိကတရားခံ ျဖစ္သြားမွာ မဟုတ္ဘူးလား?

ရွီယြင္နန္သည္ ပန္းကန္ခြက္မ်ားႏွင့္ ကစားေန သည္။ ထိုအခိုက္အတန႔္တြင္၊ ရွီးခဲယြဲ႕သည္ သူ႔အိမ္ မက္ထဲက လူႏွင့္တကယ့္ကိုတူသည္။

သူ႔အေနအထိုင္ အျပဳအမူေတြက အျပစ္ကင္းစင္ ေပမယ့္ သူ႔လက္ထဲမွာေတာ့  လူေတြကို တိတ္တဆိတ္ကစားေနခဲ့သည္။

ရွီးေဝလည္း  သူမရဲ႕လည္ေခ်ာင္းကိုရွင္းလိုက္ၿပီး ခ်က္ခ်င္းပင္စကားဝိုင္းထဲသို႔ ဝင္လာကာ "ယြင္နန္၊ ငါ့စကားကို နားေထာင္ပါ၊ အဲ့သခင္ေလးေလာ့က မင္းထက္တစ္ႏွစ္ပဲႀကီးတာ။"

"လူငယ္ေတြကၾကားထဲမွာ အရင္လက္ထပ္ၿပီးမွ ေနာက္ပိုင္းတစ္ျဖည္းျဖည္းခ်စ္လာၾကတာက ေရပန္းစားေနတာ မဟုတ္ဘူးလား? အခုခ်ိန္မွာ တစ္ ေယာက္နဲ႔တစ္ေယာက္ မသိၾကေသးလည္း အဆင္ သေျပပါတယ္။ မၾကာခဏ ေတြ႕ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးလာၿပီး  ခံစားခ်က္ေတြလည္း တိုးလာမွာေပါ့။"

"ဒီ ေလာ့မိသားစုက ႏိုင္ငံရဲ႕ ထိပ္တန္းခ်မ္းသာတဲ့ မိသားစုလို႔ေတာင္  သတ္မွတ္ခံရတာ။မင္းသာ ေလာ့ မိသားစုထဲဝင္ႏိုင္ရင္ မင္း လုံးဝကို ေကာင္းခ်ီးေပးခံရမွာေနာ္!"

"အနည္းဆုံးေျပာရရင္ ေနာက္ မင္းတို႔ လုံးဝမသင့္ေတာ္ဘူးလို႔ ခံစားရရင္ အဲ့အခ်ိန္ၾကမွ ေအးေအးေဆးေဆး ကြာရွင္းလို႔ရတာပဲေလ ဟုတ္တယ္မလား?"

စကားၿပီးေသာအခါ ရွီးေဝသည္ တိတ္ဆိတ္ေနေသေယာက်္ားျဖစ္သူကိုလည္း တံေတာင္နဲ႔တြတ္လိုက္ ၿပီး သတိေပးရန္မေမ့ေပ။

ရွီရွန္း တံေတြးၿမိဳလိုက္ၿပီး စကားကိုပ်င္းရိဖြယ္ ေျပာလာေလသည္။

"ေကာင္းၿပီ၊ လက္ထပ္တယ္ဆိုတာ မိဘေတြစီစဥ္
ေပးရတာပဲ။ ဒီကိစၥဒီလိုပဲ ဆုံးျဖတ္လိုက္ၿပီ။"

"ခင္ဗ်ားတို႔ၿပီးၿပီလား? ၿပီးရင္ေတာ့ ကြၽန္ေတာ့အလွည့္ေပါ့ "  ရွီယြင္နန္ မ်က္ခုံးပင့္လိုက္ၿပီး လူတိုင္းရဲ႕ မ်က္ႏွာ အမူအရာကိုၾကည့္လိုက္သည္။

တစ္ေယာက္က တင္းမာၿပီး ေဒါသႀကီးေနတယ္၊ တစ္ေယာက္ကေတာ့ ႏူးညံ့ဟန္ေဆာင္တယ္၊ တစ္ေယာက္ကေတာ့ မီးေတာက္ေတြ ထုတ္ေနၿပီး​​ေနာက္တစ္ေယာက္ကေတာ့ ပ်င္းရိေနၿပီး အတင္းအၾကပ္လုပ္ခံေနရသလိုပင္...

ဒီအိမ္က မိသားစု မဟုတ္ဘူး၊ ဒီအိမ္က သူ မဝင္ႏိုင္တဲ့ အိမ္ပဲ။

သူ မထိန္းႏိုင္ဘဲ ေလွာင္ေျပာင္ရယ္ေမာလိုက္သည္။

ရွီးေဝက သူမေက်နပ္မႈကို ပြင့္ပြင့္လင္းလင္းေျပာလာၿပီး "မင္းဘာရယ္ေနတာလဲ?"

ေနာက္တစ္စကၠန႔္မွာေတာ့ ရွီယြင္နမ္ရဲ႕ အၾကည့္က သူမဆီေရာက္လာကာ  "အန္တီရွီး၊ ေလာ့မိသားစုထဲဝင္ရင္ ကြၽန္ေတာ္ေကာင္းခ်ီးေပးခံရမယ္လို႔  ခင္ဗ်ားေျပာခဲ့တယ္ေနာ္၊ ဒါဆို ခင္ဗ်ားရဲ႕သား ဒီေကာင္းခ်ီးေတြရဖို႔ ကြၽန္ေတာ္ဘာလို႔မေပးရမွာလဲ? ခင္ဗ်ားမလိုခ်င္ဘူးလား?"

ရွီယြင္နန္သည္ လွပေသာမက္မြန္ပုံသ႑ာန္ မ်က္ လုံးတစ္စုံရွိ၏။ ပုံမွန္ဆို ထိုကဲ့သို႔ေသာ မ်က္လုံးပုံစံသည္ ျဖဴစင္ၿပီး အျပစ္ကင္းသည္ဟု ထင္ရေသာ္ လည္း သူ႔မ်က္လုံးမ်ားတြင္ နားမလည္ႏိုင္ေသာ
႐ိုင္းစိုင္းသည့္ အရိပ္အေယာင္မ်ား ရွိေန၏။

နာခံခ်င္ေယာင္ ဟန္ေဆာင္ေနတဲ့ ေကာက္က်စ္တဲ့ ေျမေခြးတစ္ေကာင္လိုပင္။ လူေတြနဲ႔ ဆက္ဆံတဲ့အခါ အခ်ိန္မေ႐ြး ျပန္ကိုက္ႏိုင္ဖို႔ သြားေတြကို ၿဖဲျပထားရသည္။

ရွီးေဝ သူ႔အၾကည့္ေတြကို ၾကည့္ၿပီး လန႔္ဖ်ပ္သြားကာ မသိလိုက္ဘဲ သူ႔သားအတြက္ ဝင္ေျပာလာသည္။

"ေရွာင္ယြဲ႕နဲ႔ ဒီကိစၥက ဘာဆိုင္လို႔လဲ? "

"ဘာလို႔ မဆိုင္ရမွာလဲ?"  ရွီယြင္နန္က သူ႔ပါးစပ္ ေထာင့္ကို တြန္႔ေကြးလိုက္ၿပီး ရွီခဲယြဲ႕ဆီသို႔ မ်က္လုံးကို လွန္လိုက္ကာ "ရွီမိသားစုရဲ႕ ေသြးသားမဟုတ္ တာေတာင္  အနည္းဆုံးေတာ့ မင္းက တတိယသခင္ ေလးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ႀကီးျပင္းလာခဲ့တာပဲေလ။"

"အရင္လက္ထပ္ၿပီး ေနာက္မွခ်စ္လာမယ့္အေၾကာင္းေျပာေနမွေတာ့ ဘယ္သူလက္ထပ္ထပ္ ကိစၥမရွိဘူးေလ၊ ဟုတ္တယ္မလား? ဘာပဲျဖစ္ျဖစ္ ဒါက ကေလးေတြရဲ႕ ေပ်ာ္႐ႊင္မႈကို ပိုက္ဆံနဲ႔ လဲလွယ္႐ုံပဲေလ၊မင္းလည္း ကူညီေပးႏိုင္တာပဲ။"

သူ႔အိမ္မက္ထဲက မူရင္းစာအုပ္ရဲ႕ ဇာတ္ကြက္က အမွန္ဆိုရင္ ရွီးခဲယြဲ႕ နဲ႔ ေလာ့မိသားစုရဲ႕ သခင္ငယ္ ေလးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အေႏွးနဲ႔အျမန္ဆိုသလို သိၾကေတာ့မွာပင္။

ရွီးေဝသူ႔စကားမ်ားႏွင့္  တန္ျပန္တိုက္ခိုက္ခံလိုက္ရၿပီး စကားလုံးတိုင္းက ဆူးမ်ားကဲ့သို႔ပင္။ ရွီယြင္နန္ ဆီက ပါး႐ိုက္ခံလိုက္ရသလိုမ်ိဳး စကားမေျပာႏိုင္ ေတာ့ေပ။

လူအိုႀကီးက မ်က္ေမွာင္ၾကဳတ္ကာ "ယြင္နန္၊ မင္း ျပႆနာ ရွာလို႔မဝေသးဘူးလား?"

"ျပႆနာ?"  ရွီယြင္နန္က မီးဖိုေခ်ာင္သုံး ဓားကို ေကာက္ကိုင္လိုက္ၿပီး ဖန္ခြက္ကို ေခါက္ေနရင္း သူ႔အၿပဳံးက ပိုပိုၿပီး မူးေဝလာေစကာ

"မဝေသးဘူး"

သူက ေနာက္ကိုျပန္လွန္လိုက္ၿပီး သဘာဝက်က်ကိုယ္ အေနထားကို ညႇိလိုက္ၿပီး "အဘိုး ၊အေဖ၊ ကြၽန္ ေတာ္ ႏွစ္ေတြအမ်ားႀကီး ႏိုင္ငံျခားကို ႏွင္ထုတ္ခံထားရရင္ေတာင္ ၊ အဘိုးေျပာတာမွန္တယ္- ကြၽန္ ေတာ္က ရွီမိသားစုရဲ႕ ဒုတိယေျမာက္ သခင္ေလးပဲ"

ဒီေလာက္ရယ္စရာေကာင္းတဲ့ အေထာက္အထားကို သူတကယ္ မလိုခ်င္မယ့္လဲေပါ့။

"ရွီးခဲ့ယြဲဲ့ကေတာ့  အန္တီရွီး နဲ႔ သူေယာက်္ားေဟာင္းရဲ႕ ကေလးပဲေလ..."

"ပါးစပ္ပိတ္ထား!"

"ယြင္နန္!  လြန္မလာနဲ႔!"

လူအိုႀကီးရွီႏွင့္ အေဖရွီက သူ႔ကို ရပ္တန႔္ရန္ တၿပိဳင္ နက္တည္း အမိန႔္ေပးခဲ့ေသာ္လည္း ရွီယြင္နန္ကေတာ့ ပုန္ကန္တတ္တဲ့ေသြးသားနဲ႔ ေမြးဖြားလာေတာ့ စကားဆုံးေအာင္ေျပာရန္ ဆုံးျဖတ္လိုက္သည္။ သူကလက္ထဲက ခရင္းကို ပန္းကန္ျပားေပၚသို႔ ျပင္းျပင္းထန္ထန္ ႐ိုက္ခြဲလိုက္ၿပီး သေရာ္ၿပဳံးၿပဳံးလိုက္ကာ-

"ခင္ဗ်ားတို႔က  ကိုယ့္​ေသြးသားကိုေတာ့ မႏွစ္​သက္​ဘဲ သူမ်ားမိသားစုရဲ႕ ကေလးကို ပိုအလိုလိုက္ခ်င္ ၾကတယ္။ ဘာလို႔လဲ? ရွီးခဲယြဲ႕က ခင္ဗ်ားတို႔ရွီမိသားစုရဲ႕ေသြးသားမို႔လို႔လား?"

ေနာက္ဆုံးစာေၾကာင္းတြင္ သူ႔ရဲ႕အသံကို ျမင့္လိုက္ တာက  ထမင္းစားခန္းတစ္ခုလုံးကို ဗုံးေပါက္ကြဲသြားသကဲ့သို႔ အသံတိတ္သြားေစသည္။

"......"

ရွီးခဲယြဲ႕  အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားသည္။

ရွီယြင္နန္ရဲ႕ စိတ္ေနစိတ္ထားက ဒီေလာက္႐ိုင္းေလာက္မယ္လို႔ သူ မထင္ထားေပ။ သူက မိသားစုရဲ႕ မ်က္ႏွာအားလုံးကိုေတာင္ လူျမင္ကြင္းမွာ စုတ္ၿဖဲဖို႔ သတၱိရွိေနတာပဲ။ အစကေတာ့  သူကဒီတိုင္းအေျခအေနကို ေျပလည္ေအာင္ ညႇိႏႈိင္းဖို႔ ႀကိဳးစားတဲ့ အသံတိတ္ ပြဲၾကည့္သည့္သူတစ္ဦးသာ ျဖစ္ ေသာ္လည္း အခုေတာ့ သူ႔ကိုပါ ႐ႊံ႕ေရထဲ အတင္းဆြဲထည့္ေနေလၿပီ။

ရွီရွန္း ႏွင့္ ရွီးေဝသည္ တစ္ေယာက္ကိုတစ္ေယာက္ တစ္ခ်က္ၾကည့္လိုက္ေသာအခါ သူတို႔ရဲ႕အသားအေရာင္သည္ ေဖာက္ခြဲခံထားရသလိုမ်ိဳးေရာင္ရမ္းေနၾက၏။

လူအိုႀကီးရွီကေတာ့  အနည္းငယ္ တိတ္ဆိတ္ၿငိမ္သက္စြာ အသက္ရႈထုတ္လိုက္ၿပီး  "သူဟုတ္ဟုတ္မဟုတ္ဟုတ္ စကားလမ္းေၾကာင္းလႊဲမေနနဲ႔။ မင္းဒီမိသားစုအတြက္ လက္ထပ္ရမယ္!"

ရွီယြင္နန္သည္ သူတို႔ရဲ႕  တုံ႔ျပန္မႈကို ၾကည့္လိုက္ၿပီး မူလအုံ႔ဆိုင္းေနေသာ ရႈပ္ေထြးမႈမ်ားမွာ လုံးဝရွင္းလင္းသြားေတာ့သည္။ ဒီစမ္းသပ္ခ်က္နဲ႔ဆို၊ သူ႔အိမ္မက္ထဲက ဇာတ္ကြက္က တကယ့္လက္ေတြ႕နဲ႔ ထပ္တူက်ေနတာပဲ--

ရွီးခဲယြဲ႕က  ရွီမိသားစုရဲ႕ ေသြးသားျဖစ္ၿပီး ရွီရွန္းက အိမ္ေထာင္ေရး ေဖာက္ျပန္ခဲ့သည့္ပုံပင္။

လူအိုႀကီးက ဒါကိုသိၿပီးသားမို႔လို႔ ရွီးေဝကို အဲဒီတုန္းက ရွီမိသားစုထဲကို ဝင္ခြင့္ျပဳဖို႔ သေဘာတူခဲ့တာပဲ။ ဒီႏွစ္မ်ားအတြင္းတြင္ သူက ရွီးခဲယြဲ႕ကို ဆက္ခံသူအျဖစ္ လွ်ိဳ႕ဝွက္ေလ့က်င့္ေပးေနခဲ့သည္။

ေနာက္ဆုံးတြင္ သူက ရွီမိသားစုရဲ႕ပိုင္ဆိုင္မႈမ်ားကို ရွီးခဲ့ယြဲ႕ဆီသို႔ လိုလိုလားလား လႊဲေျပာင္းေပးခဲ့သည္။

ဒီအေျခအေနေအာက္မွာ  ရွီယြင္နန္သည္ သူတို႔ဘာလို႔ ရွီးခဲယြဲ႕ရဲ႕ တကယ့္အစစ္အမွန္ကို ဖုံးကြယ္ထားမွန္းသူ မစူးစမ္းခ်င္ေသာ္လည္း သူစိတ္ထဲမွာေတာ့ ေဒါသေတြႏွင့္ ျပည့္ႏွက္ေန၏။

သူရဲ႕ အေမအရင္း ဝမ္မင္သည္ လူသိမ်ားေသာ အမ်ိဳးသမီးငယ္တစ္ဦးျဖစ္၏။ ထိုႏွစ္မ်ားတြင္ရွီ ႏွင့္ ဝမ္ မိသားစုသည္ လက္ထပ္သေဘာတူေပးစားခဲ့ၾကသည္။

ဝမ္မင္းရဲ႕ ႏွလုံးက သိပ္မေကာင္းေပ။ အႁမႊာကိုယ္ဝန္ရွိစဥ္က ကိုယ္ဝန္ဖ်က္ခ်ရန္ ဆရာဝန္မွ အႀကံေပးခဲ့ေသာ္လည္း သူမသည္ ခင္ပြန္းျဖစ္သူကို အရမ္းခ်စ္ၿပီး ဗိုက္ထဲတြင္ ရွိေနေသာ ေသးငယ္ေသာ ဘဝႏွစ္ခုကို စြန႔္လႊတ္ရန္ တြန႔္ဆုတ္ေနခဲ့သည္။

အႁမႊာမ်ားကို ေမြးဖြားၿပီးေနာက္ ဝမ္မင္သည္ ေရာဂါရဲ႕ မူလဇစ္ျမစ္ကြၽမ္းသြားကာ ေနာက္ပိုင္းတြင္ ႏွလုံးေရာဂါျဖင့္ ေသဆုံးသြားခဲ့သည္။

ရွီရွန္းကေကာ  ဘာေတြလုပ္ေနခဲ့လဲ?

သူမ ကိုယ္ဝန္ရွိေနတုန္း ေဖာင္ျပန္ခဲ့တယ္။ သူမေသဆုံးၿပီးေနာက္လည္း ရွီယြင္နန္ကို ႏိုင္ငံျခားသို႔ ပို႔ၿပီး သူ႔ရဲ႕ ေဖာက္ျပန္တဲ့ လက္တြဲေဖာ္ႏွင့္ လက္မထပ္ဘဲ ေမြးဖြားလာတဲ့ သားကို အိမ္ေပါက္ဝသို႔ ေခၚေဆာင္ လာခဲ့တယ္။ အခုလည္း သူ႔ကို ေငြနဲ႔ လဲဖို႔ ႀကိဳးစားေနၾကျပန္ၿပီ!!

အဓိပၸါယ္မရွိတာ!  ရယ္စရာေကာင္းလြန္းတယ္!

အစကေတာ့ ဒီမိသားစုအတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ တရိပ္ရိပ္ရွိေနေသးေတာ့ သူေလးေလးနက္ နက္ မေတြးရဲေပမယ့္လည္း အခုေတာ့ ဘာမွမက်န္ ေတာ့ေပ။

"ဘယ္သူ လက္ထပ္ထပ္ ကြၽန္ေတာ့ကိစၥမဟုတ္ဘူး!"  ရွီယြင္နန္ ေလွာင္ေျပာင္လိုက္ၿပီး ၾကမ္းၾကမ္းတမ္းတမ္းထလိုက္ၿပီးေနာက္ သူ႔ခရီးေဆာင္အိတ္ ကို ေတာင္ ျပန္ယူဖို႔ မစဥ္းစားေတာ့ေပ။

သူ႔ဘဝတစ္ေလွ်ာက္လုံး အရႈံးမေပးခဲ့တဲ့ လူအိုႀကီးရွီကေတာ့  ဒီမိသားစုထဲက တစ္ေယာက္ေယာက္သူ႔ကို မနာခံတာကို ခြင့္ျပဳမယ္တဲ့လား?

သူက ေဒါသတႀကီး ေအာ္ေငါက္ကာ "ရွီယြင္နန္!  မင္းဒီလိုပဲ ပုန္ကန္ေနေတာ့မွာလား? တစ္ေယာက္ ေယာက္ သူ႔ကို ခ်ဳပ္ထားစမ္း။ မင္းေစ့စပ္မၿပီးမခ်င္း ဒီအိမ္ထဲက တစ္လွမ္းေတာင္ မလွမ္းရဘူး။"

သူ႔အသံက်သြားတာနဲ႔ ဝင္ေပါက္ကအေစာင့္ကေျပးဝင္လာကာ  "သခင္ႀကီး ၊ လူႀကီးမင္း၊ ေလာ့မိသားစုထဲက တစ္ေယာက္ေယာက္ ဒီမွာေရာက္ေနတယ္!"

ရွီရွန္း ထိုစကားကိုၾကားေတာ့အျမန္ေမးလာေလသည္။

"ေလာ့မိသားစုက ?  ဘယ္သူလာတာလဲ?"

တံခါးေစာင့္က ေမာလြန္းလို႔ အသက္ရွဴ မဝေတာင္ျဖစ္ေနကာ "ဟူး ၊ ေရွ႕ကလာတဲ့သူကေတာ့ ဘီးတပ္ကုလားထိုင္နဲ႔ လူတစ္ေယာက္ပဲ။ ကြၽန္ေတာ္တို႔လည္း သူတို႔ကို မတားရဲဘူး၊ သူတို႔က ဒီနားေတာင္ ေရာက္ ေနၿပီ။"

(ျပန္ေနရင္း ေသြးတက္ -_- အဘိုးႀကီးက သူေပးစားတဲ့သူနဲ႔ရထားတဲ့ကေလးေတြကို နည္းနည္းမွအားမနာတာေနာ္ ၊ေနာက္တစ္ပိုင္းမွာ ML ပါလာပါၿပီ၊ ဘဲႀကီးက အရမ္းဂ႐ုစိုက္တာပါေနာ္၊ ရွာလကာရည္ကလည္း အေသေသာက္တာ🤣)

Continue Reading

You'll Also Like

202K 26.8K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
16.3K 1.6K 17
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem ပါနော် 1 by 5 or maybe 6 🤭 Author -shut paann start -23,12,2023 end-
664K 7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
58.1K 10.3K 11
လူသားတစ်ယောက်နှင့် သရဲလေးတစ်ကောင်၏ အကြောင်း။ ​ရှေးခေတ် တရုတ်ပြည်နောက်ခံနဲ့ ဘာသာပြန် ဝတ္ထုတိုလေးပါ။ အရှုပ်အထွေးသိပ်မရှိဘဲ ပေါ့ပေါ့ပါးပါးလေး စိတ်ချမ်း...