Unicode
သူ့ရှပ်အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးနှစ်လုံးကို
မတပ်ထားဘဲ သပ်ရပ်လှပသော ညှပ်ရိုးများကို ပေါ်လွင်စေကာ ပူပြင်းပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတစ်မျိုးကို စိမ့်ထွက်လာစေလေသည်။
ရှီယွင်နန်သည် အစေခံရဲ့အကြည့်ကို သတိထားမိသွားပြီး သူ့လေသံမြင့်လိုက်ကာ "မင်းကဒီမှာ လူသစ်လား? မင်းကြည့်ရတာ မရင်းနှီးတဲ့ ရုပ်ပဲ။"
ခေါင်းပေါ်မှ အလင်းရောင်ဖျော့ဖျော့က သူ့မျက်လုံးများရှိ အပြုံးကို ရောင်ပြန်ဟပ်ကာ လူအများရဲ့နှလုံးသားကို မြူဆွယ်နေလေသည်။
အစေခံငယ်လေးက ထိတ်လန့်သွားပြီး နားရွက်များပင် နီရဲလာကာ "ဒုတိယသခင်လေး၊ ကျွန်တော်က..."
သူပြန်မဖြေမီ အောက်ထပ်မှ စကားတိုးတိုးပြောနေသည့်အသံ ထွက်ပေါ်လာကာ
"ဒီလို အရေးကြီးတဲ့အချိန်မှာ ဒုတိယသခင်လေးက ဘာလို့ပြန်လာတာလဲ?"
"ဘယ်သူသိမှာလဲ? သူပြန်လာတိုင်း အမြဲတမ်း မုန်းခံနေရတာ မဟုတ်ဘူးလား? နိုင်ငံခြားကို အပို့ခံထားရတာ ဘယ်နှစ်နှစ်တောင်ရှိပြီလဲ? ဒီမိသားစုမှာ သူ့အတွက်နေရာ ရှိလို့လား?"
"ကုမ္ပဏီထဲမှာ ပြဿနာတစ်ခုတက်နေတယ်လို့ ကြားတယ်၊ သခင်ကြီးက ဒုတိယသခင်ငယ်လေးကို အကူအညီတောင်းဖို့ ခေါ်လိုက်တာတဲ့။"
"ကူညီဖို့ ? လာနောက်နေတာလားပဲ။ နိုင်ငံခြားမှာ ရှိနေတုန်း အသုံးအဖြန်းကြီးပြီး အသောက်အစားမက်တဲ့ သူ့ပုံစံနဲ့ဆို ပြန်လာပြီး တတိယသခင်လေးနဲ့ အမွေလာလုတာပဲ ဖြစ်မယ်"
ထမင်းစားချိန်မတိုင်မီ အေးအေးဆေးဆေး အချိန် ကို အသုံးချပြီး ကျန်အိမ်ဖော်များသည် ပထမထပ်ရှိ ပရိဘောကခန်းထဲတွင် ပုန်းအောင်းကာ အသံတိုးတိုးဖြင့် စကားစမြည်ပြောနေကြသည်။ ထိုအခိုက်အတန့် တွင်အသံသည် ဆက်တိုက် ထွက်ပေါ် လာနေသည်။
ရှီယွင်နန်ရဲ့ မိခင်အရင်းသေဆုံးသည့်နှစ်တွင်၊ သူ့အသက်ရှစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာဘဲ အိမ်ကအကြီးအကဲများက သူ့ကို နိုင်ငံခြားသို့ ပို့ခဲ့သည်။
အစပိုင်းတွင် ရှီယွင်နန်အားလပ်ရက်များတွင် အိမ်သို့ပြန်လာခဲ့သော်လည်း မကြာမီတွင် မိသားစုတွင် ဇနီးသစ်တစ်ယောက်ရှိလာပြီး တစ်ဖက်လူက သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ဘေးသို့တွန်းထုတ်ခဲ့သည်။
အဖေရှီက သူ့ကို အပေါ်ယံမှာသာ အကာအကွယ် ပေးခဲ့သော်လည်း ကွယ်ရာမှာတော့နောက်ပေါက်မှဝင်လာတဲ့ ဇနီးသည်ဘက်မှာပဲ ရှိလေသည်။ အိမ်ရဲ့ အကြီးအကဲဖြစ်တဲ့ လူအိုကြီးရှီတောင် သူ့ကိုဂရုမစိုက်ပေ။
ရှီယွင်နန်သည် သူ့မိသားစုနှင့်ပတ်သက်သည့် အတွေးအမြင်များ ပျောက်ကွယ်လာပြီး သူလည်းအိမ်ပြန်လာ ခဲသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူဟာဒီမိသားစုတွင် မလိုအပ်တဲ့ လူပိုတစ်ယောက်ဖြစ်လာပြီး အစေခံများတောင် သူ့နောက်ကွယ်မှာ မကောင်းပြောရဲနေကြပြီ။
ရှီယွင်နန် ဒီလိုတွေ ရှုတ်ချပြောဆိုတာကို နားထောင် ပြီးနောက် သူ့မျက်လုံးများရှိ အပြုံးများ အေးစက်သွားတော့သည်။
အစေခံငယ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ကိုတားရန် အောက်ထပ်သို့ဆင်းသွားသော်လည်း ရှီယွင်နန်က လက်ဖက်ရည်ဗန်းပေါ်မှ ခွက်ကို အရင် ယူလိုက်ပြီး
"ငါ ဒါကိုသုံးလိုက်မယ်"
လက်ရာမြောက်စွာ ဖန်တီးထားသော လက်ဖက်ရည် ခွက်လေးသည် လေထုထဲတွင် ပြီးပြည့်စုံသော အကွေးနဲ့အတူ ပထမထပ်တွင် ဘန်းဆိုသည့်အသံကြီးဖြင့် အပိုင်းပိုင်းအစစ ကွဲသွားတော့သည်။
အောက်ထပ်ရှိအတင်းပြောနေသော အစေခံများသည် ရုတ်ခြည်းရပ်တန့်သွားကာ အခြေအနေကို စစ်ဆေးရန် မီးဖိုခန်းထဲမှ ပြေးထွက်လာကြသည်။
ရှီယွင်နန် စင်္ကြံ၏လက်ရန်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး "ဘာလို့ ကျယ်ကျယ်မပြောတာလဲ? နောက်တစ်ခွက်ကြရင် မင်းတို့ခေါင်းကို ထိအောင်ပစ်ပေးမယ်လို့ ကတိပေးတယ်"
"ဒုတိယသခင်လေး?"
သူတို့က သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောနေကြတာ မထင်ထားတာက သူက အပေါ်ထပ်က နေ အားလုံးကို ရှင်းရှင်းလင်းလင်းကြားသွားရတာလား?
အစေခံများသည် အပြစ်ရှိစိတ် ခံစားလိုက်ရပြီး စကားမပြောဝံ့ဘဲ မြေပြင်ပေါ်ရှိ အကြွင်းအကျန် များကိုသာ ချက်ချင်း ကောက်ယူလိုက်ကြသည်။
ကလစ်။
စာဖတ်ခန်းတံခါးပွင့်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ အခန်းတွင်းမှ ဆံပင်ဖြူ အဘိုးအိုတစ်ဦး ထွက်လာခဲ့သည်။
အနီးကပ်ကြည့်လိုက်တော့ လူနှစ်ယောက်ရဲ့ မျက်ခုံးတွေက အရမ်းတူလေသည်။
ရှီယွင်နန်ကတော့ "အဘိုး၊ အဖေ" ဟု ပေါ့ပေါ့ပါးပါးပဲ ခေါ်လိုက်သည်။
နှစ်အတော်ကြာ ခွဲခွါခဲ့ရပြီးနောက် အဘိုးနှင့် မြေး၊ သားအဖကြား ဆက်ဆံရေးဟာ သူစိမ်းများကဲ့သို့ ဖြစ်နေလေပြီ။ ဒါပေမယ့် အိမ်မှာဆိုရင်တော့ ဒီလို အမည်ခံတွေနဲ့ ခေါ်ရသည်။
"ဘာဖြစ်သွားတာလဲ? ဒီလောက် ပွက်လောရိုက်နေတာ"
"ဘာမှမဟုတ်ပါဘူး၊ တချို့လူတွေက အဓိပ္ပာယ်မရှိတာတွေ ပြောပြီး ကျွန်တော့်ကို စိတ်မချမ်းသာအောင် လုပ်နေကြလို့ " ရှီယွင်နန် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်သည်။
လူအိုကြီးရှီသည် သူ့မြေးကို သိမ်းငှက်လို အကြည့် ဖြင့် စစ်ဆေးကြည့်ရာ နှစ်စက္ကန့်သုံးစက္ကန့်ကြာမှ မကျေနပ်သည့်လေသံဖြင့် အမိန့်ပေးလာလေသည်။ "အဝတ်အစားကို ဘာလို့သေချာမဝတ်ထားတာလဲ? ကြယ်သီး မြန်မြန်တပ်ပြီး ထမင်းစားဖို့ အောက်ထပ်ဆင်းလာခဲ့။"
သူရဲ့ အစောပိုင်းနှစ်များတွင် လူအိုကြီးရှီသည် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဖြင့် ချမ်းသာလာခဲ့သည်။ တစ်ဦးတည်း ခရီးဝေးမှ ကုန်စည်ပို့ဆောင်ရေး ကနေ အဖွဲ့ကြီးများအထိ၊ ထို့နောက် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီများရဲ့ နိုင်ငံလုံးဆိုင်ရာ ကွင်းဆက်အထိ... ရှီမိသားစုရဲ့ ကြွယ်ဝမှုနှင့် အောင်မြင်မှုများအားလုံးကို တစ်ခုပြီးတစ်ခု ရယူနိုင်ခဲ့သည်။
လူအိုကြီးရှီသည် ဆယ်စုနှစ်များစွာကြာ အာဏာရလာခဲ့ပြီး သန်မာသော စရိုက်ရှိလေသည်။ ယခုပင်၊ သူသည် ရှီမိသားစုအတွင်းရော အပြင်မှာပါ ပြောစမှတ်ရှိနေဆဲဖြစ်၏။
ရှီယွင်နန် တစ်ဖက်လူရဲ့တင်းမာပြီး လျစ်လျူရှုသော သဘောထားကို ကျင့်သားရနေတော့ သူ့လည်ပင်းဖော်ထားတာလေးကို စွက်ခနဲ ပိတ်လိုက်သည်။ လူအိုကြီးနှစ်ယောက် သူ့ကို ကျောခိုင်းပြီး အောက်ဆင်းသွားမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူလည်း အောက်ထပ်သို့လိုက်ဆင်းသွားသည်။
ထမင်းစားပွဲတွင်
ခုနက အတင်းအဖျင်းပြောနေတဲ့ အစေခံတွေက အခု ပေါ်ပေါ်ထင်ထင် ပေါ်လာကြပြီး အားလုံးက တစ်ဖက်တွင် ရိုးသားစွာ ရပ်နေကြလေသည်။
"ဖေဖေ၊ ဒါက သမီးကိုယ်တိုင် ချက်ထားတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးထည့်ထားတဲ့ ကြက်စွပ်ပြုတ်ပါ။ ဒါက အရမ်းကောင်းတဲ့ ဆေးတစ်ခွက်ပဲ။"
ချမ်းသာသော အသွင်အပြင်ဖြင့် လှပသော အမျိုးသမီးတစ်ဦး မီးဖိုချောင်မှ ထွက်လာပြီး ထူးထူးခြားခြား ချစ်စရာကောင်းသော စကားများကို ပြောနေပလေသည်။ သူ့နောက်မှ အစေခံက ဟင်းချိုအိုးကို သယ်လာပြီး သူမက လူအိုကြီးရှီအား ဟင်းချိုပန်းကန်ကို အလျင်အမြန် ထည့်ပေးရင်း "ဒီမှာ ကျေးဇူးပြုပြီး သုံးဆောင်ပါ ဖေဖေ ။အပူကိုလည်း သတိထားပါ"
ရှီယွင်နန်သည် ဝိုင်ဖန်ခွက်ကို ကိုင်ရင်း ဒီလှပသော အမျိုးသမီးရဲ့ ယဉ်ကျေးသောအသွင်အပြင်ကို မသိမသာ စိုက်ကြည့်နေလိုက်သည်။
တစ်ဖက်လူက သူရဲ့ မိထွေးလို့ခေါ်တဲ့ ရှီးဝေ ဖြစ် လေသည်။
ရှီယွင်နန်ရဲ့ မိခင် ကွယ်လွန်ပြီး တစ်နှစ်မပြည့်မီတွင် ဖခင်ရှီက ထိုအမျိုးသမီးကို အိမ်ထဲသို့ ခေါ်ဆောင် လာခဲ့သည်။
နောက်ပိုင်းမှာတော့ ရှီယွင်နန်တစ်ယောက် ရှီးဝေကသူ့အဖေ အချစ်ဦးဖြစ်ကြောင်း၊ မိသားစုနှစ်စုက အဆင်မပြေသောကြောင့် လမ်းခွဲခဲ့ရကြောင်းကို အတင်းအဖျင်းပြောနေသော အစေခံဟောင်းများမှ တစ်ဆင့်သိခဲ့ရသည်။
မားမားရှီ ဖျားနာမှုကြောင့် ဆုံးပါးသွားပြီးနောက် ငြိမ်းသွားသော မီးတောက်သည် တစ်ဖန်ပြန်လည် လောင်ကျွမ်းကာ နှစ်ယောက်သား ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
ဒါတင်မကသေးဘဲ ရှီးဝေက ရှီမိသားစုထဲကို ပြန်ဝင် လာချိန်မှာတော့ သူမနဲ့ သူမခင်ပွန်းဟောင်းနဲ့ရထားတဲ့ ခုနစ်နှစ်သားလေးကိုပါ ခေါ်ဆောင်လာခဲ့သည်။
သာဘာဝအရဆို လူအိုကြီးရှီက ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်သင့်ပေမယ့် ရှီးဝေက လူအိုကြီးဖြူဖတ်ဖြူရော်မျက်နှာနဲ့ သဘောတူသွားအောင် ဘယ်လို နူးညံ့တဲ့ လှည့်ကွက်မျိုးကို သုံးခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှမသိပေ။
နှစ်များစွာကြာပြီးနောက် ရှီးဝေက ဒီမိသားစုတွင် တကယ့်ဇနီးဖြစ်လာခဲ့ပြီး သူမနှင့်သူမရဲ့ ခင်ပွန်းဟောင်းမှမွေးဖွားလာသောကလေးက 'တတိယသခင်လေး' ဟုခေါ်ခံရသည်။
ကိုယ့်ရဲ့ တကယ့်သွေးသားကိုတော့ တိုင်းတစ်ပါးပို့ထားပြီး အပြင်လူရဲ့ ကလေးကိုတော့ အိမ်မှာ သခင်ငယ်လေးအဖြစ်နေခွင့်ပေးတယ်?
ဒါက တကယ့်ကို ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိဘူးမလား?
ရှီယွင်နန် မျက်လုံးများကျဉ်းမြောင်းလိုက်ပြီး နောက်စက္ကန့်မှာဘဲ ပင်မထိုင်ခုံပေါ်ရှိ လူအိုကြီးရှီပြောတာကိုကြားလိုက်ရလေသည်။
"ယွင်နန် မင်းဘွဲ့ရပြီးတာ သုံးနှစ်နီးပါးတောင်ရှိပြီ၊ ဒီလိုပဲ နိုင်ငံခြားမှာ ပျော်ပါးနေတော့မှာလား?"
သူ့လေသံမှာ ချစ်ခင်ကြင်နာမှု အနည်းငယ်သာ ရှိသည်၊ ၎င်းက လေပြင်းမုန်တိုင်းရဲ့ ရှေ့ပြေးအရိပ် လေးတစ်ခုလိုပင်။
ရှီယွင်နန် ကသူ့အရိပ်အမြွက်တွေကို မသိချင်ယောင်ဆောင်ပြီး ဖန်ခွက်ကို ခါယမ်းလိုက်ကာ "နိုင်ငံ
ခြားမှာ နေရတာ အရမ်းကောင်းတယ် အဘိုး၊ ကျွန် တော် ကျင့်သားနေပြီ..."
မျှော်လင့်ထားသည့်အတိုင်း လူအိုကြီးက သူ့စကားမဆုံးမီ ဖြတ်ပြောလာလေသည်။
"အဲဒါက ဘာကောင်းလို့လဲ? ငါကတော့ မင်းက သခင်ငယ်လေးအဖြစ် အရမ်းကောင်းကောင်းနေနေတာလို့ထင်တယ်။ မင်းအသက်နှစ်ဆယ့်လေးနှစ်ဆယ့်ငါးလောက် ရှိနေပြီ၊ ပိုက်ဆံသုံးတာအပြင် မင်းဘာလုပ်တတ်လဲ? မိသားစုတာဝန်ကို ဘယ်လိုခွဲယူရမှန်း မသိဘူး"
ဒီစွပ်စွဲချက်အား ရုတ်တရက် ရင်ဆိုင်လိုက်ရာ ရှီယွင် နန် လှောင်ပြုံးပြုံးလိုက်သည်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူဘွဲ့ရပြီးတဲ့ အချိန် ရှီကုမ္ပဏီမှာ ကူညီဖို့ မတောင်းဆိုခဲ့ဘူးလား? ဒါပေမယ့် ဘာဖြစ်ခဲ့လဲ? အဘိုးကြီးက "မင်းက ငယ်ပြီး အတွေ့အကြုံလည်း မရှိဘူး။ မင်း ဘာသိလို့လဲ? သွားပြီး မနှောင့်ယှက်နဲ့!' လို့ ပြောပြီး သူက အဲဒီလိုပဲ ငြင်းခဲ့တာလေ။
အခုတော့ ဘယ်လိုလုပ် သူ့အမှားဖြစ်သွားရတာလဲ?
ဘယ်သူကမှ စကားမပြောတော့ စားပွဲပေါ်ရှိ လေထုက ချက်ချင်း အေးခဲသွားတော့သည် ။
ရှီရှန်းက အဘိုးနှင့် မြေးကြား တစ်ချက်ကြည့်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူထကာ ရှီယွင်နန်အတွက် ငါးကြင်းအသားတစ်ပိုင်းကို ကောက်ယူလိုက်ပြီး
"ယွင်နန်၊ အဘိုးက မင်းကောင်းဖို့အတွက်ပြောတာပါ။ မင်းက ဒီနှစ်တွေမှာ နိုင်ငံခြားမှာနေတော့ ငါတို့ အသက်ကြီးတဲ့သူတွေက စိတ်ပူတယ်လေ။"
"လာ၊ ဒီငါးအပိုင်းလေး စားလိုက်၊ မင်း ငယ်ငယ်က ငါးစားရတာ ကြိုက်တာ အဖေမှတ်မိတယ်"
ဖခင်ထံမှ ကာလကြာရှည် ပျောက်ဆုံးသွားသော စိုးရိမ်ပူပန်မှုသည် သူ့ရင်ထဲထိသင့်သော်လည်း ရှီရှန်းရဲ့ 'ဖခင်ကောင်း' အပြုအမူများသည် သဘာဝမကျလွန်းသည့်အတွက် နှမြောစရာပင်။
ရှီယွင်နန်သည် ဒီလို ဖခင်မေတ္တာမျိုး လိုအပ်သည့် အရွယ်ကို ကျော်လွန်သွားပြီ။
သူ့ပန်းကန်ထဲက ငါပေါင်းကိုကြည့်ရင်း သူအနည်းငယ်ပြုံးကာပြန်ပြောလိုက်သည် "အဖေ၊ ကျွန်တော် ၈ နှစ်သားအရွယ်တုန်းက လည်ချောင်းထဲမှာ ငါးရိုးတစ်ချောင်းဆူးဖူးတယ်။ ကလေးထိန်းကလည်းမရှိဘူး။ အဖေနဲ့အန်တီရှီးကလည်း ချိန်းတွေ့ဖို့ အလုပ် ရှုပ်နေခဲ့တာ။ ကျွန်တော် အကြာကြီးငိုပေမယ့်ဘယ် အစေခံကမှ မကူညီပေးခဲ့ဘူး။"
"ဒါက ကျွန်တော့အတွက် အရိပ်အမည်းကြီးလိုဖြစ် နေတော့ ငါးစားရတာမကြိုက်တော့ဘူးလေ၊ အဖေမသိဘူးပေါ့?"
"......"
ရှီရှန်း နှင်သွားတော့သည် ၊ သူဘာလို့ ဒါကို မမှတ်မိရတာလဲ?
တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ချိန်မှာတော့ သူ့မျက်နှာပေါ်မှာ ရှက်ရွံ့သည့် အရိပ်အယောင်တွေ ပေါ်လာတော့သည်။
တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာလို့မဖြစ် ကောင်းဖြစ်နိုင်၏။ ရှီရှန်းက ဒါက သူ့သားကို သေချာမသိဘူးလို့ ခံစားရသည်။
ဥပမာဆိုရင် အခုလေးတင်ပဲ နှလုံးသားမဲ့တဲ့ စကားကို နားထောင်ရင်း ဒီ ထေ့ငေါ့တဲ့စကားတွေထဲမှာ သူကို ဖခင်ကောင်းတစ်ယောက်မဟုတ်သည့်အတွက် ဝေဖန်အပြစ်တင်နေ၏။
လေထုက အငွေ့အသက်တွေ ပြန်ဖြစ်လာတာ မြင် လိုက်ရတော့ ရှီးဝေက အရေးပေါ်ကြေညာစရာတစ် ခုရှိနေသလို သူ့အနားက ခင်ပွန်းဖြစ်သူကို မျက်ရိပ် ပြနေလေသည်။
ရှီယွင်နန် မျက်လုံးထဲ ထိုမြင်ကွင်းရောက်လာတော့ တင်းမာသော မျက်နှာထားရှိနေတဲ့ လူအိုကြီးရှီထံသို့ လှည့်ကြည့်လိုက်သည်။
အဘိုးအိုရဲ့ ကျန်းမာရေးသည် ရုတ်တရက် နေမ ကောင်းဖြစ်သဖြင့် အိမ်သို့ အလျင်အမြန် ပြန်လာရမည်ဟု ပြောကာ ရှီရှန်းမှ ခဏအိမ်ကိုပြန်လာခိုင်းသည်။ အခု အသားအရေကို ကြည့်လိုက်တော့ "နေမကောင်းဘူး" ဆိုတာက သူ့ကို နိုင်ငံခြားကပြန် လာအောင် အကြောင်းပြချက်တစ်ခုသာဖြစ်လောက်သည်။
"အဘိုးနဲ့ အဖေ ပြောစရာရှိရင် ဒီတိုင်းပြောလိုက်ပါ" ရှီယွင်နန် နိုင်ငံခြားတွင်နေထိုင်စဉ် စကားကိုတည့်တိုးပြောတတ်တော့ ဒီလို စကားပလ္လင်ခံနေတာက သူ့ကို မသက်မသာဖြစ်စေသည်။
ရှီးဝေသည် ထိုစကားကိုကြားသောအခါ သူမသည် ထိုင်မနေနိုင်တော့ဘဲ "ယွင်နန်၊ ကျေးဇူးပြုပြီး နားထောင်ပါ။ အရင်တုန်းက ကုမ္ပဏီက ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပရောဂျက်က ပြဿနာတစ်ခုရှိတော့ လည်ပတ်ဖို့ အသုံးပြုမယ့် အရင်းအနှီးကွင်းဆက်ကလည်း ပြိုလဲသွားတယ်။ ဒီလိုသာ ဖြစ်နေရင် ငါတို့မိသားစု..."
ဒေဝါလီခံရလိမ့်မယ်။
ဒီ နောက်ဆုံးစကားနှစ်ခွန်းကတော့ မကြားဝံ့မနာသာဖြစ်လို့ ရှီဝေ သန်မာကြံ့ခိုင်သော အဘိုးအိုရှေ့တွင် မပြောဝံ့ပေ။
သူမ ကြည့်လိုက်ပြီး လူအိုကြီးရှီ နဲ့ သူ့ခင်ပွန်းရဲ့ သဘောထားကို အတည်ပြုပြီးနောက် "ငါတို့လော့ မိသားစုနဲ့လည်း ညှိနှိုင်းပြီးပြီ။ မင်းနဲ့ သခင်လေးလော့လက်ထပ်သရွေ့ သူတို့က ကူညီပေးမှာပါ..."
ရှီယွင်နန် ထိုစကားများရဲ့ အဓိပ္ပါယ်ကို နားလည် သွားပြီး နောက်ဆုံးမှာတော့ သူရဲ့ ပထမဆုံးသောနှာမှုတ်သံကိုထုတ်လိုက်ကာ "လာနောက်နေတာလား?"
ယနေ့ခေတ်တွင် လိင်တူကြိုက်တာ နှင့် လက်ထပ် တာက သာမန်ဖြစ်လာခဲ့သော်လည်း မိသားစုအကျိုးအတွက် ကြုံရာကျပန်းသူစိမ်းတစ်ဦးနဲ့ လက်ထပ်ခိုင်းတာကကော သာမန်ပဲလား?
လုံးဝမဖြစ်နိုင်ဘူး။
"ငါတို့က အရေးကြီးကိစ္စပြောနေတာ။ မင်းကဘာလို့ နောက်ပြောင်နေတာလဲ? " လူအိုကြီးရှီက နောက်ဆုံးတော့ စကားပြောလာခဲ့သည် ။
သူသည် ရှေးရိုးဆန်တာကို အရိုးထဲစွဲနေပြီး ဒီလိင် တူလက်ထပ်ခြင်းကို လုံးဝမကြိုက်သော်လည်း မိသားစုအကျိုးစီးပွါးအတွက်ဆို ဒီနည်းလမ်းကို သဘောတူရမည်ဖြစ်သည်။
ရှီမိသားစုတွင် ကလေးအနည်းငယ်သာ ရှိပြီး ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားမှာနေသော ရှီယွင်နန် သာလျှင် အသင့်တော်ဆုံးဖြစ်သည်။
မိသားစုနှစ်စုကြားရှိ လက်ထပ်မှုသည် သားသမီးမြေးတို့ရဲ့ ပျော်ရွှင်မှုကြောင့်မဟုတ်ဘဲ အကျိုးအမြတ်အတွက်သာဖြစ်သည်။ လော့မိသားစုက ရှီမိသားစုကို ဒီအကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးလိမ့်မည်။ အနာဂတ်တွင် ရှီမိသားစုသည် ၎င်းတို့ရဲ့ ကုန်စည်ပို့ဆောင်ခကို ကင်းလွတ်ခွင့်ပေးရုံသာမက သုံးနှစ်တာ အကျိုးအမြတ်များကိုလည်း မျှဝေပေးမည်...။ ဒါက အစောပိုင်းက သဘောတူထားသည့် လက်ထပ်သဘောတူအခြေအနေများဖြစ်သည်။
လော့မိသားစုကတောင် ယောကျ်ာချင်း လက်ထပ် တာကို စိတ်ထဲမထားမှတော့ သူတို့ကဘယ်လို ရှောင်လွဲနိုင်မှာလဲ?
"ငါတို့မိသားစုက မင်းကို ပြုစုပျိုးထောင်ဖို့ နှစ်ပေါင်းများစွာ ပိုက်ဆံတွေ သုံးခဲ့ရတာ ၊မင်းကျေးဇူးပြန် ဆပ်ဖို့ အချိန်ရောက်ပြီ..."
ရှီယွင်နန် ဒီခေါင်းမာတဲ့လေသံကို ကြားလိုက်ရတော့ သူ့စိတ်ထဲ မလှောင်ပြောင်ဘဲ မနေနိုင်တော့ပေ။
သူ့အတွက် ဘယ်သူကများ ပိုက်ဆံသုံးခဲ့ရတာလဲ?
ဆယ့်ငါးနှစ်သားကတည်းက ရှီမိသားစုက သူ့ကတ် ထဲ တစ်ပြားတစ်ချပ်မှ မပို့ခဲ့တာကို သူသိတယ် လေ။
အသုံးမလိုတဲ့ အချိန်တုန်းကတော့ မိုးကုပ်စက်ဝိုင်းကိုတောင်ကျော်ပြီး စွန့်ပစ်ခဲ့ပြီး အရေးပေါ်အချိန် ကြ သူ့ကို အတင်းအကြပ်ပြန်ခေါ်လာကာ ၎င်းတို့က သူ့ကို ထုတ်ကုန်လိုမျိုး အမှန်တကယ် သဘောထားကြသည်။
ရှီယွင်နန်စားချင်စိတ် မရှိတော့တာကြောင့် သူထိုင်ခုံကို နောက်သို့ လှန်ချလိုက်သည်။
ကျွီ။
ကုလားထိုင်ခြေထောက်များသည် ရှီယွင်နန်ရဲ့ တကယ့်စိတ်ခံစားချက်တွေကို ကြွေးကြော်နေသကဲ့သို့ ကြမ်းတမ်းသော အသံရှည်ကို ဖြစ်ပေါ်လာလေသည်။
"လေယာဉ်ပေါ်မှာ ဆယ်နာရီကျော်ကြာ စီးလာခဲ့တော့ ပင်ပန်းလိုက်တာ။" ရှီယွင်နန် ထပြီး ဘယ်သူမှသူ့ကို စည်းရုံးဖို့ အခွင့်အရေးမပေးကာ "အခန်းထဲပြန်သွားပြီး အနားယူလိုက်အုံးမယ် ၊ခင်ဗျားတို့ ဖြည်းဖြည်းစားကြပါ "
လူအိုကြီးရှီသည် သူ့မြေးထံမှ မလိုလားတဲ့ တုံ့ပြန်မှုကို မြင်ပြီး "ဒီကိစ္စကို မင်းရှောင်လို့မရဘူး။ နောက်နှစ်ရက်လောက်မှာ သေချာပြန်စဉ်းစား၊ ပြီးရင် လော့မိသားစုနဲ့ တွေ့ဖို့ ငါစီစဉ်လိုက်မယ်။"
"အဘိုး၊ ကျွန်တော့်ကို တွေ့ချင်ရင် ကျွန်တော်ပုန်းမနေဘူး။ဒါပေမယ့် ဒီကိစ္စတွေထဲ ကျွန်တော့ကို ဆွဲမထည့်နဲ့ " ရှီယွင်နန် ဝိုင်ကို တစ်ကျိုက်တည်းသောက်လိုက်ပြီး လူအုပ်ကို လျစ်လျူရှုကာ ဒုတိယထပ်သို့ တက်သွားလိုက်သည်။
ဖရဲသီးစားနေသော အစေခံများသည် တစ်ယောက် ကို တစ်ယောက်ကြည့်ကာ စိတ်ထဲတွင် တိုးတိုးလေးမရေရွတ်ဘဲမနေနိုင်တော့ပေ—
ဒုတိယသခင်လေးက သခင်ကြီးကို တကယ် အတိုက်အခံလုပ်နေတာလား? သူတို့ သူ့ကိုမတွေ့ဖြစ်တာ နှစ်အနည်းငယ်ကြာနေပြီ၊ သတ္တိရှိလာဖို့ ဝက်ဝံနှလုံးသားနဲ့ ကျားသစ်အူကိုများ စားခဲ့တာလားပဲ?
ရှီယွင်နန် လူအိုကြီးရှီ ဒေါသထွက်မှာကိုစောင့်မနေတော့ဘဲ သူ့အိပ်ခန်းထဲတွင် ပုန်းပြီး တံခါးကို လော့ခ်ချလိုက်သည်။ ဖုန်းကို ထုတ်ပြီး နောက်တစ်နေ့တွင် နိုင်ငံခြားပြန်ဖို့ လေယာဉ်လက်မှတ်ကြိုမှာလိုက် သည်။
ဒီမိသားစုက သူ့ကို အစကတည်းက စွန့်လွှတ်ထားမှတော့ သူ့ကိုအခုခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
ရှီယွင်နန် ယောက်ျားတွေကို သဘောကျပေမယ့် နိုင် ငံခြားမှာ ပျော်ရွှင်တဲ့ဘဝကို စွန့်လွှတ်ပြီး သူတစ်ခါမှ မတွေ့ဖူးတဲ့သူနဲ့ လက်ထပ်ရမှာလား? ပြီးတော့ စီးပွါးရေးအကျိုးအတွက်လက်ထပ်ရမှာလား?
ဒါဟာ တကယ့်ကို သောက်ရမ်း ဒေါသထွက်စရာကောင်းပြီး အဓိပ္ပာယ်မရှိတာ!!
အိမ်မက်သာ ဆက်မက်နေလိုက်ကြ!!
ရှီယွင်နန် ရေချိုးကာ အိပ်ယာမဝင်မီ သူ့စိတ်ထဲတွင် လှောင်ပြောင်မှုကို နှိမ်နှင်းရန် မိနစ်အနည်းငယ် လောက်ကြာသွားသည်။
ခရီးရှည် နိုင်ငံတကာလေယာဉ်ကတကယ့်ကို အပင်ပန်းဆုံးပဲ။
ရှီယွင်နန် ဒီည သူကောင်းကောင်းမအိပ်ခင်အထိ စောင့်ပြီး မနက်ဖြန် သူ့ခရီးဆောင်အိတ်နဲ့ အတူထွက်ပြေးဖို့ စီစဉ်ထားလေသည်။ မထင်မှတ်ပဲ သူ ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုကို အိပ်မက်မက်ခဲ့၏...။
ရှီယွင်နန်သည် သူ့ဘဝက စာအုပ်တစ်အုပ်တွင် ကံမကောင်းအကြောင်းမလှသော အခန်းကဏ္ဍတစ်ခုမျှသာဖြစ်ကြောင်း အိပ်မက်မက်ခဲ့ပြီး ဒီစာအုပ် ရဲ့ဇာတ်ဆောင်မှာ သူ့ရဲ့ညီဖြစ်သူ ရှီးခဲယွဲ့ ၊ ဒီမိသားစုရှိ 'တတိယမြောက်သခင်လေး' ဖြစ်လေသည်။
တစ်ဖက်လူသည် မတူညီသောကမ္ဘာမှ ဝိညာဉ်တစ်ခုဖြစ်၏။ မတော်တဆမှုတစ်ခုအပြီးတွင် သူသည် "ဘီလီယံတစ်ဆယ် တိုးပွားအောင် ကူးပြောင်းလာခြင်း" ဆိုသည့် ဝတ္ထုတွင် မတော်တဆဝင်ရောက်ခဲ့ပြီး နာမည်တူဇာတ်ကောင်ဖြစ်လာခဲ့သည်။
မူရင်းစာအုပ်ရဲ့ ဇာတ်ညွှန်းတည်ဆောက်မှုနှင့် ရင်းနှီးနေသောကြောင့် ရှီးခဲယွဲ့သည် တဖြည်းဖြည်းကျွမ်းဝင်လာကာ စာအုပ်ထဲရှိ တကယ့် အကောင်ကြီးများနှင့် အဆက်အသွယ်လုပ်ကာ သူ့ရဲ့ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုကို စတင် ထူထောင်ခဲ့သည်။
သူသည် ငယ်ရွယ်စဉ်မှာပင် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်ခဲ့ရုံသာမက မရေမတွက်နိုင်သော ပရိတ်သတ်များကိုလည်း ရရှိခဲ့သည်။ သူက လုံးဝကို အဓိက ဇာတ်ကောင်ပင်။
'နဂိုဝတ္ထုဇာတ်ကောင်' ဖြစ်သည့် ရှီယွင်နန်အတွက် တော့ လုံးဝဆန့်ကျင်ဘက်ဖြစ်၏။
သူက ငြင်းဆန်ပြီး အိမ်ထောင်ရေးမှ လွတ်မြောက် ရန် ရွေးချယ်ခဲ့ခြင်းကြောင့် ထိုအပြုအမူသည် ရှီ နှင့် လော့ မိသားစုကြား မကျေနပ်မှုများကို ပြင်းထန်စွာ နိုးကြားလာခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ သူက မိသားစုရဲ့ သခင်ေလးကို သိခွင့်ရရန် ရှီးခဲယွဲ့ကိုတောင် အခွင့်အရေးပေးခဲ့သေးသည်။
ရှီမိသားစုမှ ထွက်လာပြီးနောက် ရှီယွင်နန်သည် သူရဲ့ ကံဆိုးမှုကြောင့် ရှီးခဲယွဲ့ ရဲ့ ကြွယ်ဝမှုနှင့် ဆက်နွှယ်မှုများကို မက်မောခဲ့သည်။
တစ်ဖက်သားရဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ဆိုးဆိုးရွားရွား မလိုမုန်းထားနေချိန်တွင်၊ နေရာတိုင်းတွင် ပေါင်လုံးကိုဖက်ပြီး စီးပွားရေးတွင် ပါဝင်ရန် သင်ယူခဲ့သည်။ ကံမကောင်းစွာဖြင့်၊ အခြားပါတီရဲ့ 'ဇာတ်ဆောင်အရှိန်အဝါ' ရဲ့ ဖိအားအောက်တွင် သူသည် အချည်းနှီးသာ ဖြစ်ပြီး အကျိုးအမြတ်ကိုသာ ဦးတည်သူဆိုသည့် နာမည်ဆိုးသာ ရခဲ့သည်။
ရှီးခဲယွဲ့ နှင့် အခြားသူများရဲ့ လှောင်ပြောင်ခြင်းခံရကာ စွန့်ပစ်ခံခဲ့ရပြီးနောက် နိုင်ငံခြားတွင်လည်း အကြွေးများစွာတင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ထိုအခက်အခဲများကို မခံနိုင်တော့ဘဲ အငှါးအိမ် ဖြင့်သာ နေထိုင်ရန် ရွေးချယ်ခဲ့ရတော့သည်။
......
ဤအိပ်မက်သည် ဝတ္ထုရဲ့ အစမှအဆုံးအထိဆိုတော့ ရှည်လျားလှသည်။တကယ့်ကို ကွက်ကွက် ကွင်းကွင်းနှင့် အဓိပ္ပါယ်မဲ့လှသည်။
ရှီယွင်နန် နိုးလာပြီး သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရ၏။ သူထထိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေကာ ပြင်းထန်သော တိုက်ပွဲကို ဖြတ်သန်းရသလို သူ့ခန္ဓာကိုယ်ကလည်း ပင်ပန်းနွမ်းနယ်နေသည်။
အိပ်မက်က ပိုကွက်ကွက်ကွင်းကွင်းဖြစ်လေ၊ နိုးလာပြီးနောက် မှတ်ဉာဏ်က ပိုမှုန်ဝါးလွယ်လေဟု ဆိုထားကြသော်လည်း ဒီ "မူရင်းစာအုပ်" ရဲ့အကြောင်းအရာများသည် သူ့စိတ်ထဲမှာ စွဲထင်ကျန်နေကာ မလှုပ်နိုင်တော့ပေ။
အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်သွားလေသည်။
ရှီယွင်နန်သည် ဒီလက်တွေ့ဆန်သောအိပ်မက်ကို သံသယဝင်လာကာ ကုတင်ပေါ်တွင် ထိုင်နေလိုက် သည်။
နောက်ဆုံးတော့ သူက ဒီကမ္ဘာမှာ ၂၅ နှစ်တာ အမှန်တကယ်နေထိုင်ခဲ့တာပဲ။ အိပ်မက်တစ်ခုကြောင့် သူ့ရဲ့ မူလသဘောထားက ဘယ်လိုလုပ်ပြောင်းသွားနိုင် တာလဲ?
သူ ထိုကဲ့သို့ အကျဉ်းအကျပ်ထဲရောက်နေချိန် သူရဲ့ ဖုန်းနိုတီအသံက ရုတ်တရက် ထွက်ပေါ်လာတော့သည်။
Zawgyi
သူ႔ရွပ္အက်ႌရဲ႕ အေပၚဆုံး ၾကယ္သီးႏွစ္လုံးကို
မတပ္ထားဘဲ သပ္ရပ္လွပေသာ ညႇပ္႐ိုးမ်ားကို ေပၚလြင္ေစကာ ပူျပင္းၿပီး စြဲမက္ဖြယ္ေကာင္းတဲ့ ဆြဲေဆာင္မႈတစ္မ်ိဳးကို စိမ့္ထြက္လာေစေလသည္။
ရွီယြင္နန္သည္ အေစခံရဲ႕အၾကည့္ကို သတိထားမိသြားၿပီး သူ႔ေလသံျမင့္လိုက္ကာ "မင္းကဒီမွာ လူသစ္လား? မင္းၾကည့္ရတာ မရင္းႏွီးတဲ့ ႐ုပ္ပဲ။"
ေခါင္းေပၚမွ အလင္းေရာင္ေဖ်ာ့ေဖ်ာ့က သူ႔မ်က္လုံးမ်ားရွိ အၿပဳံးကို ေရာင္ျပန္ဟပ္ကာ လူအမ်ားရဲ႕ႏွလုံးသားကို ျမဴဆြယ္ေနေလသည္။
အေစခံငယ္ေလးက ထိတ္လန႔္သြားၿပီး နား႐ြက္မ်ားပင္ နီရဲလာကာ "ဒုတိယသခင္ေလး၊ ကြၽန္ေတာ္က..."
သူျပန္မေျဖမီ ေအာက္ထပ္မွ စကားတိုးတိုးေျပာေနသည့္အသံ ထြက္ေပၚလာကာ
"ဒီလို အေရးႀကီးတဲ့အခ်ိန္မွာ ဒုတိယသခင္ေလးက ဘာလို႔ျပန္လာတာလဲ?"
"ဘယ္သူသိမွာလဲ? သူျပန္လာတိုင္း အၿမဲတမ္း မုန္းခံေနရတာ မဟုတ္ဘူးလား? ႏိုင္ငံျခားကို အပို႔ခံထားရတာ ဘယ္ႏွစ္ႏွစ္ေတာင္ရွိၿပီလဲ? ဒီမိသားစုမွာ သူ႔အတြက္ေနရာ ရွိလို႔လား?"
"ကုမၸဏီထဲမွာ ျပႆနာတစ္ခုတက္ေနတယ္လို႔ ၾကားတယ္၊ သခင္ႀကီးက ဒုတိယသခင္ငယ္ေလးကို အကူအညီေတာင္းဖို႔ ေခၚလိုက္တာတဲ့။"
"ကူညီဖို႔ ? လာေနာက္ေနတာလားပဲ။ ႏိုင္ငံျခားမွာ ရွိေနတုန္း အသုံးအျဖန္းႀကီးၿပီး အေသာက္အစားမက္တဲ့ သူ႔ပုံစံနဲ႔ဆို ျပန္လာၿပီး တတိယသခင္ေလးနဲ႔ အေမြလာလုတာပဲ ျဖစ္မယ္"
ထမင္းစားခ်ိန္မတိုင္မီ ေအးေအးေဆးေဆး အခ်ိန္ ကို အသုံးခ်ၿပီး က်န္အိမ္ေဖာ္မ်ားသည္ ပထမထပ္ရွိ ပရိေဘာကခန္းထဲတြင္ ပုန္းေအာင္းကာ အသံတိုးတိုးျဖင့္ စကားစျမည္ေျပာေနၾကသည္။ ထိုအခိုက္အတန႔္ တြင္အသံသည္ ဆက္တိုက္ ထြက္ေပၚ လာေနသည္။
ရွီယြင္နန္ရဲ႕ မိခင္အရင္းေသဆုံးသည့္ႏွစ္တြင္၊ သူ႔အသက္ရွစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့ အခ်ိန္မွာဘဲ အိမ္ကအႀကီးအကဲမ်ားက သူ႔ကို ႏိုင္ငံျခားသို႔ ပို႔ခဲ့သည္။
အစပိုင္းတြင္ ရွီယြင္နန္အားလပ္ရက္မ်ားတြင္ အိမ္သို႔ျပန္လာခဲ့ေသာ္လည္း မၾကာမီတြင္ မိသားစုတြင္ ဇနီးသစ္တစ္ေယာက္ရွိလာၿပီး တစ္ဖက္လူက သူ႔ကို ပြင့္ပြင့္လင္းလင္းပဲ ေဘးသို႔တြန္းထုတ္ခဲ့သည္။
အေဖရွီက သူ႔ကို အေပၚယံမွာသာ အကာအကြယ္ ေပးခဲ့ေသာ္လည္း ကြယ္ရာမွာေတာ့ေနာက္ေပါက္မွဝင္လာတဲ့ ဇနီးသည္ဘက္မွာပဲ ရွိေလသည္။ အိမ္ရဲ႕ အႀကီးအကဲျဖစ္တဲ့ လူအိုႀကီးရွီေတာင္ သူ႔ကိုဂ႐ုမစိုက္ေပ။
ရွီယြင္နန္သည္ သူ႔မိသားစုႏွင့္ပတ္သက္သည့္ အေတြးအျမင္မ်ား ေပ်ာက္ကြယ္လာၿပီး သူလည္းအိမ္ျပန္လာ ခဲသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူဟာဒီမိသားစုတြင္ မလိုအပ္တဲ့ လူပိုတစ္ေယာက္ျဖစ္လာၿပီး အေစခံမ်ားေတာင္ သူ႔ေနာက္ကြယ္မွာ မေကာင္းေျပာရဲေနၾကၿပီ။
ရွီယြင္နန္ ဒီလိုေတြ ရႈတ္ခ်ေျပာဆိုတာကို နားေထာင္ ၿပီးေနာက္ သူ႔မ်က္လုံးမ်ားရွိ အၿပဳံးမ်ား ေအးစက္သြားေတာ့သည္။
အေစခံငယ္သည္ ထိတ္လန႔္တုန္လႈပ္သြားၿပီး သူတို႔ကိုတားရန္ ေအာက္ထပ္သို႔ဆင္းသြားေသာ္လည္း ရွီယြင္နန္က လက္ဖက္ရည္ဗန္းေပၚမွ ခြက္ကို အရင္ ယူလိုက္ၿပီး
"ငါ ဒါကိုသုံးလိုက္မယ္"
လက္ရာေျမာက္စြာ ဖန္တီးထားေသာ လက္ဖက္ရည္ ခြက္ေလးသည္ ေလထုထဲတြင္ ၿပီးျပည့္စုံေသာ အေကြးနဲ႔အတူ ပထမထပ္တြင္ ဘန္းဆိုသည့္အသံႀကီးျဖင့္ အပိုင္းပိုင္းအစစ ကြဲသြားေတာ့သည္။
ေအာက္ထပ္ရွိအတင္းေျပာေနေသာ အေစခံမ်ားသည္ ႐ုတ္ျခည္းရပ္တန႔္သြားကာ အေျခအေနကို စစ္ေဆးရန္ မီးဖိုခန္းထဲမွ ေျပးထြက္လာၾကသည္။
ရွီယြင္နန္ စႀကႍ၏လက္ရန္းကို လက္တစ္ဖက္ျဖင့္ ေထာက္ထားၿပီး "ဘာလို႔ က်ယ္က်ယ္မေျပာတာလဲ? ေနာက္တစ္ခြက္ၾကရင္ မင္းတို႔ေခါင္းကို ထိေအာင္ပစ္ေပးမယ္လို႔ ကတိေပးတယ္"
"ဒုတိယသခင္ေလး?"
သူတို႔က သူ႔ေနာက္ကြယ္မွာ အတင္းအဖ်င္းေျပာေနၾကတာ မထင္ထားတာက သူက အေပၚထပ္က ေန အားလုံးကို ရွင္းရွင္းလင္းလင္းၾကားသြားရတာလား?
အေစခံမ်ားသည္ အျပစ္ရွိစိတ္ ခံစားလိုက္ရၿပီး စကားမေျပာဝံ့ဘဲ ေျမျပင္ေပၚရွိ အႂကြင္းအက်န္ မ်ားကိုသာ ခ်က္ခ်င္း ေကာက္ယူလိုက္ၾကသည္။
ကလစ္။
စာဖတ္ခန္းတံခါးပြင့္လာၿပီး လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္အတူ အခန္းတြင္းမွ ဆံပင္ျဖဴ အဘိုးအိုတစ္ဦး ထြက္လာခဲ့သည္။
အနီးကပ္ၾကည့္လိုက္ေတာ့ လူႏွစ္ေယာက္ရဲ႕ မ်က္ခုံးေတြက အရမ္းတူေလသည္။
ရွီယြင္နန္ကေတာ့ "အဘိုး၊ အေဖ" ဟု ေပါ့ေပါ့ပါးပါးပဲ ေခၚလိုက္သည္။
ႏွစ္အေတာ္ၾကာ ခြဲခြါခဲ့ရၿပီးေနာက္ အဘိုးႏွင့္ ေျမး၊ သားအဖၾကား ဆက္ဆံေရးဟာ သူစိမ္းမ်ားကဲ့သို႔ ျဖစ္ေနေလၿပီ။ ဒါေပမယ့္ အိမ္မွာဆိုရင္ေတာ့ ဒီလို အမည္ခံေတြနဲ႔ ေခၚရသည္။
"ဘာျဖစ္သြားတာလဲ? ဒီေလာက္ ပြက္ေလာ႐ိုက္ေနတာ"
"ဘာမွမဟုတ္ပါဘူး၊ တခ်ိဳ႕လူေတြက အဓိပၸာယ္မရွိတာေတြ ေျပာၿပီး ကြၽန္ေတာ့္ကို စိတ္မခ်မ္းသာေအာင္ လုပ္ေနၾကလို႔ " ရွီယြင္နန္ ေပါ့ေပါ့ပါးပါးပဲ ျပန္ေျဖလိုက္သည္။
လူအိုႀကီးရွီသည္ သူ႔ေျမးကို သိမ္းငွက္လို အၾကည့္ ျဖင့္ စစ္ေဆးၾကည့္ရာ ႏွစ္စကၠန႔္သုံးစကၠန႔္ၾကာမွ မေက်နပ္သည့္ေလသံျဖင့္ အမိန္႔ေပးလာေလသည္။ "အဝတ္အစားကို ဘာလို႔ေသခ်ာမဝတ္ထားတာလဲ? ၾကယ္သီး ျမန္ျမန္တပ္ၿပီး ထမင္းစားဖို႔ ေအာက္ထပ္ဆင္းလာခဲ့။"
သူရဲ႕ အေစာပိုင္းႏွစ္မ်ားတြင္ လူအိုႀကီးရွီသည္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းျဖင့္ ခ်မ္းသာလာခဲ့သည္။ တစ္ဦးတည္း ခရီးေဝးမွ ကုန္စည္ပို႔ေဆာင္ေရး ကေန အဖြဲ႕ႀကီးမ်ားအထိ၊ ထို႔ေနာက္ ကုန္စည္ပို႔ေဆာင္ေရးကုမၸဏီမ်ားရဲ႕ ႏိုင္ငံလုံးဆိုင္ရာ ကြင္းဆက္အထိ... ရွီမိသားစုရဲ႕ ႂကြယ္ဝမႈႏွင့္ ေအာင္ျမင္မႈမ်ားအားလုံးကို တစ္ခုၿပီးတစ္ခု ရယူႏိုင္ခဲ့သည္။
လူအိုႀကီးရွီသည္ ဆယ္စုႏွစ္မ်ားစြာၾကာ အာဏာရလာခဲ့ၿပီး သန္မာေသာ စ႐ိုက္ရွိေလသည္။ ယခုပင္၊ သူသည္ ရွီမိသားစုအတြင္းေရာ အျပင္မွာပါ ေျပာစမွတ္ရွိေနဆဲျဖစ္၏။
ရွီယြင္နန္ တစ္ဖက္လူရဲ႕တင္းမာၿပီး လ်စ္လ်ဴရႈေသာ သေဘာထားကို က်င့္သားရေနေတာ့ သူ႔လည္ပင္းေဖာ္ထားတာေလးကို စြက္ခနဲ ပိတ္လိုက္သည္။ လူအိုႀကီးႏွစ္ေယာက္ သူ႔ကို ေက်ာခိုင္းၿပီး ေအာက္ဆင္းသြားမွ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး သူလည္း ေအာက္ထပ္သို႔လိုက္ဆင္းသြားသည္။
ထမင္းစားပြဲတြင္
ခုနက အတင္းအဖ်င္းေျပာေနတဲ့ အေစခံေတြက အခု ေပၚေပၚထင္ထင္ ေပၚလာၾကၿပီး အားလုံးက တစ္ဖက္တြင္ ႐ိုးသားစြာ ရပ္ေနၾကေလသည္။
"ေဖေဖ၊ ဒါက သမီးကိုယ္တိုင္ ခ်က္ထားတဲ့ ေဆးဖက္ဝင္ပစၥည္းေတြ အမ်ားႀကီးထည့္ထားတဲ့ ၾကက္စြပ္ျပဳတ္ပါ။ ဒါက အရမ္းေကာင္းတဲ့ ေဆးတစ္ခြက္ပဲ။"
ခ်မ္းသာေသာ အသြင္အျပင္ျဖင့္ လွပေသာ အမ်ိဳးသမီးတစ္ဦး မီးဖိုေခ်ာင္မွ ထြက္လာၿပီး ထူးထူးျခားျခား ခ်စ္စရာေကာင္းေသာ စကားမ်ားကို ေျပာေနပေလသည္။ သူ႔ေနာက္မွ အေစခံက ဟင္းခ်ိဳအိုးကို သယ္လာၿပီး သူမက လူအိုႀကီးရွီအား ဟင္းခ်ိဳပန္းကန္ကို အလ်င္အျမန္ ထည့္ေပးရင္း "ဒီမွာ ေက်းဇူးျပဳၿပီး သုံးေဆာင္ပါ ေဖေဖ ။အပူကိုလည္း သတိထားပါ"
ရွီယြင္နန္သည္ ဝိုင္ဖန္ခြက္ကို ကိုင္ရင္း ဒီလွပေသာ အမ်ိဳးသမီးရဲ႕ ယဥ္ေက်းေသာအသြင္အျပင္ကို မသိမသာ စိုက္ၾကည့္ေနလိုက္သည္။
တစ္ဖက္လူက သူရဲ႕ မိေထြးလို႔ေခၚတဲ့ ရွီးေဝ ျဖစ္ ေလသည္။
ရွီယြင္နန္ရဲ႕ မိခင္ ကြယ္လြန္ၿပီး တစ္ႏွစ္မျပည့္မီတြင္ ဖခင္ရွီက ထိုအမ်ိဳးသမီးကို အိမ္ထဲသို႔ ေခၚေဆာင္ လာခဲ့သည္။
ေနာက္ပိုင္းမွာေတာ့ ရွီယြင္နန္တစ္ေယာက္ ရွီးေဝကသူ႔အေဖ အခ်စ္ဦးျဖစ္ေၾကာင္း၊ မိသားစုႏွစ္စုက အဆင္မေျပေသာေၾကာင့္ လမ္းခြဲခဲ့ရေၾကာင္းကို အတင္းအဖ်င္းေျပာေနေသာ အေစခံေဟာင္းမ်ားမွ တစ္ဆင့္သိခဲ့ရသည္။
မားမားရွီ ဖ်ားနာမႈေၾကာင့္ ဆုံးပါးသြားၿပီးေနာက္ ၿငိမ္းသြားေသာ မီးေတာက္သည္ တစ္ဖန္ျပန္လည္ ေလာင္ကြၽမ္းကာ ႏွစ္ေယာက္သား ျပန္လည္ဆုံေတြ႕ခဲ့ၾကသည္။
ဒါတင္မကေသးဘဲ ရွီးေဝက ရွီမိသားစုထဲကို ျပန္ဝင္ လာခ်ိန္မွာေတာ့ သူမနဲ႔ သူမခင္ပြန္းေဟာင္းနဲ႔ရထားတဲ့ ခုနစ္ႏွစ္သားေလးကိုပါ ေခၚေဆာင္လာခဲ့သည္။
သာဘာဝအရဆို လူအိုႀကီးရွီက ဒီကိစၥကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္သင့္ေပမယ့္ ရွီးေဝက လူအိုႀကီးျဖဴဖတ္ျဖဴေရာ္မ်က္ႏွာနဲ႔ သေဘာတူသြားေအာင္ ဘယ္လို ႏူးညံ့တဲ့ လွည့္ကြက္မ်ိဳးကို သုံးခဲ့တယ္ဆိုတာကိုေတာ့ ဘယ္သူမွမသိေပ။
ႏွစ္မ်ားစြာၾကာၿပီးေနာက္ ရွီးေဝက ဒီမိသားစုတြင္ တကယ့္ဇနီးျဖစ္လာခဲ့ၿပီး သူမႏွင့္သူမရဲ႕ ခင္ပြန္းေဟာင္းမွေမြးဖြားလာေသာကေလးက 'တတိယသခင္ေလး' ဟုေခၚခံရသည္။
ကိုယ့္ရဲ႕ တကယ့္ေသြးသားကိုေတာ့ တိုင္းတစ္ပါးပို႔ထားၿပီး အျပင္လူရဲ႕ ကေလးကိုေတာ့ အိမ္မွာ သခင္ငယ္ေလးအျဖစ္ေနခြင့္ေပးတယ္?
ဒါက တကယ့္ကို ရယ္စရာေကာင္းၿပီး အဓိပၸာယ္မရွိဘူးမလား?
ရွီယြင္နန္ မ်က္လုံးမ်ားက်ဥ္းေျမာင္းလိုက္ၿပီး ေနာက္စကၠန႔္မွာဘဲ ပင္မထိုင္ခုံေပၚရွိ လူအိုႀကီးရွီေျပာတာကိုၾကားလိုက္ရေလသည္။
"ယြင္နန္ မင္းဘြဲ႕ရၿပီးတာ သုံးႏွစ္နီးပါးေတာင္ရွိၿပီ၊ ဒီလိုပဲ ႏိုင္ငံျခားမွာ ေပ်ာ္ပါးေနေတာ့မွာလား?"
သူ႔ေလသံမွာ ခ်စ္ခင္ၾကင္နာမႈ အနည္းငယ္သာ ရွိသည္၊ ၎က ေလျပင္းမုန္တိုင္းရဲ႕ ေရွ႕ေျပးအရိပ္ ေလးတစ္ခုလိုပင္။
ရွီယြင္နန္ ကသူ႔အရိပ္အႁမြက္ေတြကို မသိခ်င္ေယာင္ေဆာင္ၿပီး ဖန္ခြက္ကို ခါယမ္းလိုက္ကာ "ႏိုင္ငံ
ျခားမွာ ေနရတာ အရမ္းေကာင္းတယ္ အဘိုး၊ ကြၽန္ ေတာ္ က်င့္သားေနၿပီ..."
ေမွ်ာ္လင့္ထားသည့္အတိုင္း လူအိုႀကီးက သူ႔စကားမဆုံးမီ ျဖတ္ေျပာလာေလသည္။
"အဲဒါက ဘာေကာင္းလို႔လဲ? ငါကေတာ့ မင္းက သခင္ငယ္ေလးအျဖစ္ အရမ္းေကာင္းေကာင္းေနေနတာလို႔ထင္တယ္။ မင္းအသက္ႏွစ္ဆယ့္ေလးႏွစ္ဆယ့္ငါးေလာက္ ရွိေနၿပီ၊ ပိုက္ဆံသုံးတာအျပင္ မင္းဘာလုပ္တတ္လဲ? မိသားစုတာဝန္ကို ဘယ္လိုခြဲယူရမွန္း မသိဘူး"
ဒီစြပ္စြဲခ်က္အား ႐ုတ္တရက္ ရင္ဆိုင္လိုက္ရာ ရွီယြင္ နန္ ေလွာင္ၿပဳံးၿပဳံးလိုက္သည္။
လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က သူဘြဲ႕ရၿပီးတဲ့ အခ်ိန္ ရွီကုမၸဏီမွာ ကူညီဖို႔ မေတာင္းဆိုခဲ့ဘူးလား? ဒါေပမယ့္ ဘာျဖစ္ခဲ့လဲ? အဘိုးႀကီးက "မင္းက ငယ္ၿပီး အေတြ႕အႀကဳံလည္း မရွိဘူး။ မင္း ဘာသိလို႔လဲ? သြားၿပီး မေႏွာင့္ယွက္နဲ႔!' လို႔ ေျပာၿပီး သူက အဲဒီလိုပဲ ျငင္းခဲ့တာေလ။
အခုေတာ့ ဘယ္လိုလုပ္ သူ႔အမွားျဖစ္သြားရတာလဲ?
ဘယ္သူကမွ စကားမေျပာေတာ့ စားပြဲေပၚရွိ ေလထုက ခ်က္ခ်င္း ေအးခဲသြားေတာ့သည္ ။
ရွီရွန္းက အဘိုးႏွင့္ ေျမးၾကား တစ္ခ်က္ၾကည့္လိုက္ၿပီး ခဏေလာက္ တုံ႔ဆိုင္းသြားၿပီးေနာက္ သူထကာ ရွီယြင္နန္အတြက္ ငါးၾကင္းအသားတစ္ပိုင္းကို ေကာက္ယူလိုက္ၿပီး
"ယြင္နန္၊ အဘိုးက မင္းေကာင္းဖို႔အတြက္ေျပာတာပါ။ မင္းက ဒီႏွစ္ေတြမွာ ႏိုင္ငံျခားမွာေနေတာ့ ငါတို႔ အသက္ႀကီးတဲ့သူေတြက စိတ္ပူတယ္ေလ။"
"လာ၊ ဒီငါးအပိုင္းေလး စားလိုက္၊ မင္း ငယ္ငယ္က ငါးစားရတာ ႀကိဳက္တာ အေဖမွတ္မိတယ္"
ဖခင္ထံမွ ကာလၾကာရွည္ ေပ်ာက္ဆုံးသြားေသာ စိုးရိမ္ပူပန္မႈသည္ သူ႔ရင္ထဲထိသင့္ေသာ္လည္း ရွီရွန္းရဲ႕ 'ဖခင္ေကာင္း' အျပဳအမူမ်ားသည္ သဘာဝမက်လြန္းသည့္အတြက္ ႏွေျမာစရာပင္။
ရွီယြင္နန္သည္ ဒီလို ဖခင္ေမတၱာမ်ိဳး လိုအပ္သည့္ အ႐ြယ္ကို ေက်ာ္လြန္သြားၿပီ။
သူ႔ပန္းကန္ထဲက ငါေပါင္းကိုၾကည့္ရင္း သူအနည္းငယ္ၿပဳံးကာျပန္ေျပာလိုက္သည္ "အေဖ၊ ကြၽန္ေတာ္ ၈ ႏွစ္သားအ႐ြယ္တုန္းက လည္ေခ်ာင္းထဲမွာ ငါး႐ိုးတစ္ေခ်ာင္းဆူးဖူးတယ္။ ကေလးထိန္းကလည္းမရွိဘူး။ အေဖနဲ႔အန္တီရွီးကလည္း ခ်ိန္းေတြ႕ဖို႔ အလုပ္ ရႈပ္ေနခဲ့တာ။ ကြၽန္ေတာ္ အၾကာႀကီးငိုေပမယ့္ဘယ္ အေစခံကမွ မကူညီေပးခဲ့ဘူး။"
"ဒါက ကြၽန္ေတာ့အတြက္ အရိပ္အမည္းႀကီးလိုျဖစ္ ေနေတာ့ ငါးစားရတာမႀကိဳက္ေတာ့ဘူးေလ၊ အေဖမသိဘူးေပါ့?"
"......"
ရွီရွန္း ႏွင္သြားေတာ့သည္ ၊ သူဘာလို႔ ဒါကို မမွတ္မိရတာလဲ?
တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ခ်ိန္မွာေတာ့ သူ႔မ်က္ႏွာေပၚမွာ ရွက္႐ြံ႕သည့္ အရိပ္အေယာင္ေတြ ေပၚလာေတာ့သည္။
တစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕တာၾကာလို႔မျဖစ္ ေကာင္းျဖစ္ႏိုင္၏။ ရွီရွန္းက ဒါက သူ႔သားကို ေသခ်ာမသိဘူးလို႔ ခံစားရသည္။
ဥပမာဆိုရင္ အခုေလးတင္ပဲ ႏွလုံးသားမဲ့တဲ့ စကားကို နားေထာင္ရင္း ဒီ ေထ့ေငါ့တဲ့စကားေတြထဲမွာ သူကို ဖခင္ေကာင္းတစ္ေယာက္မဟုတ္သည့္အတြက္ ေဝဖန္အျပစ္တင္ေန၏။
ေလထုက အေငြ႕အသက္ေတြ ျပန္ျဖစ္လာတာ ျမင္ လိုက္ရေတာ့ ရွီးေဝက အေရးေပၚေၾကညာစရာတစ္ ခုရွိေနသလို သူ႔အနားက ခင္ပြန္းျဖစ္သူကို မ်က္ရိပ္ ျပေနေလသည္။
ရွီယြင္နန္ မ်က္လုံးထဲ ထိုျမင္ကြင္းေရာက္လာေတာ့ တင္းမာေသာ မ်က္ႏွာထားရွိေနတဲ့ လူအိုႀကီးရွီထံသို႔ လွည့္ၾကည့္လိုက္သည္။
အဘိုးအိုရဲ႕ က်န္းမာေရးသည္ ႐ုတ္တရက္ ေနမ ေကာင္းျဖစ္သျဖင့္ အိမ္သို႔ အလ်င္အျမန္ ျပန္လာရမည္ဟု ေျပာကာ ရွီရွန္းမွ ခဏအိမ္ကိုျပန္လာခိုင္းသည္။ အခု အသားအေရကို ၾကည့္လိုက္ေတာ့ "ေနမေကာင္းဘူး" ဆိုတာက သူ႔ကို ႏိုင္ငံျခားကျပန္ လာေအာင္ အေၾကာင္းျပခ်က္တစ္ခုသာျဖစ္ေလာက္သည္။
"အဘိုးနဲ႔ အေဖ ေျပာစရာရွိရင္ ဒီတိုင္းေျပာလိုက္ပါ" ရွီယြင္နန္ ႏိုင္ငံျခားတြင္ေနထိုင္စဥ္ စကားကိုတည့္တိုးေျပာတတ္ေတာ့ ဒီလို စကားပလႅင္ခံေနတာက သူ႔ကို မသက္မသာျဖစ္ေစသည္။
ရွီးေဝသည္ ထိုစကားကိုၾကားေသာအခါ သူမသည္ ထိုင္မေနႏိုင္ေတာ့ဘဲ "ယြင္နန္၊ ေက်းဇူးျပဳၿပီး နားေထာင္ပါ။ အရင္တုန္းက ကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံခဲ့တဲ့ ပေရာဂ်က္က ျပႆနာတစ္ခုရွိေတာ့ လည္ပတ္ဖို႔ အသုံးျပဳမယ့္ အရင္းအႏွီးကြင္းဆက္ကလည္း ၿပိဳလဲသြားတယ္။ ဒီလိုသာ ျဖစ္ေနရင္ ငါတို႔မိသားစု..."
ေဒဝါလီခံရလိမ့္မယ္။
ဒီ ေနာက္ဆုံးစကားႏွစ္ခြန္းကေတာ့ မၾကားဝံ့မနာသာျဖစ္လို႔ ရွီေဝ သန္မာႀကံ့ခိုင္ေသာ အဘိုးအိုေရွ႕တြင္ မေျပာဝံ့ေပ။
သူမ ၾကည့္လိုက္ၿပီး လူအိုႀကီးရွီ နဲ႔ သူ႔ခင္ပြန္းရဲ႕ သေဘာထားကို အတည္ျပဳၿပီးေနာက္ "ငါတို႔ေလာ့ မိသားစုနဲ႔လည္း ညႇိႏႈိင္းၿပီးၿပီ။ မင္းနဲ႔ သခင္ေလးေလာ့လက္ထပ္သေ႐ြ႕ သူတို႔က ကူညီေပးမွာပါ..."
ရွီယြင္နန္ ထိုစကားမ်ားရဲ႕ အဓိပၸါယ္ကို နားလည္ သြားၿပီး ေနာက္ဆုံးမွာေတာ့ သူရဲ႕ ပထမဆုံးေသာႏွာမႈတ္သံကိုထုတ္လိုက္ကာ "လာေနာက္ေနတာလား?"
ယေန႔ေခတ္တြင္ လိင္တူႀကိဳက္တာ ႏွင့္ လက္ထပ္ တာက သာမန္ျဖစ္လာခဲ့ေသာ္လည္း မိသားစုအက်ိဳးအတြက္ ႀကဳံရာက်ပန္းသူစိမ္းတစ္ဦးနဲ႔ လက္ထပ္ခိုင္းတာကေကာ သာမန္ပဲလား?
လုံးဝမျဖစ္ႏိုင္ဘူး။
"ငါတို႔က အေရးႀကီးကိစၥေျပာေနတာ။ မင္းကဘာလို႔ ေနာက္ေျပာင္ေနတာလဲ? " လူအိုႀကီးရွီက ေနာက္ဆုံးေတာ့ စကားေျပာလာခဲ့သည္ ။
သူသည္ ေရွး႐ိုးဆန္တာကို အ႐ိုးထဲစြဲေနၿပီး ဒီလိင္ တူလက္ထပ္ျခင္းကို လုံးဝမႀကိဳက္ေသာ္လည္း မိသားစုအက်ိဳးစီးပြါးအတြက္ဆို ဒီနည္းလမ္းကို သေဘာတူရမည္ျဖစ္သည္။
ရွီမိသားစုတြင္ ကေလးအနည္းငယ္သာ ရွိၿပီး ငယ္စဥ္ကတည္းက ႏိုင္ငံရပ္ျခားမွာေနေသာ ရွီယြင္နန္ သာလွ်င္ အသင့္ေတာ္ဆုံးျဖစ္သည္။
မိသားစုႏွစ္စုၾကားရွိ လက္ထပ္မႈသည္ သားသမီးေျမးတို႔ရဲ႕ ေပ်ာ္႐ႊင္မႈေၾကာင့္မဟုတ္ဘဲ အက်ိဳးအျမတ္အတြက္သာျဖစ္သည္။ ေလာ့မိသားစုက ရွီမိသားစုကို ဒီအက်ပ္အတည္းမွ လြတ္ေျမာက္ေအာင္ ကူညီေပးလိမ့္မည္။ အနာဂတ္တြင္ ရွီမိသားစုသည္ ၎တို႔ရဲ႕ ကုန္စည္ပို႔ေဆာင္ခကို ကင္းလြတ္ခြင့္ေပး႐ုံသာမက သုံးႏွစ္တာ အက်ိဳးအျမတ္မ်ားကိုလည္း မွ်ေဝေပးမည္...။ ဒါက အေစာပိုင္းက သေဘာတူထားသည့္ လက္ထပ္သေဘာတူအေျခအေနမ်ားျဖစ္သည္။
ေလာ့မိသားစုကေတာင္ ေယာက်္ာခ်င္း လက္ထပ္ တာကို စိတ္ထဲမထားမွေတာ့ သူတို႔ကဘယ္လို ေရွာင္လြဲႏိုင္မွာလဲ?
"ငါတို႔မိသားစုက မင္းကို ျပဳစုပ်ိဳးေထာင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ပိုက္ဆံေတြ သုံးခဲ့ရတာ ၊မင္းေက်းဇူးျပန္ ဆပ္ဖို႔ အခ်ိန္ေရာက္ၿပီ..."
ရွီယြင္နန္ ဒီေခါင္းမာတဲ့ေလသံကို ၾကားလိုက္ရေတာ့ သူ႔စိတ္ထဲ မေလွာင္ေျပာင္ဘဲ မေနႏိုင္ေတာ့ေပ။
သူ႔အတြက္ ဘယ္သူကမ်ား ပိုက္ဆံသုံးခဲ့ရတာလဲ?
ဆယ့္ငါးႏွစ္သားကတည္းက ရွီမိသားစုက သူ႔ကတ္ ထဲ တစ္ျပားတစ္ခ်ပ္မွ မပို႔ခဲ့တာကို သူသိတယ္ ေလ။
အသုံးမလိုတဲ့ အခ်ိန္တုန္းကေတာ့ မိုးကုပ္စက္ဝိုင္းကိုေတာင္ေက်ာ္ၿပီး စြန္႔ပစ္ခဲ့ၿပီး အေရးေပၚအခ်ိန္ ၾက သူ႔ကို အတင္းအၾကပ္ျပန္ေခၚလာကာ ၎တို႔က သူ႔ကို ထုတ္ကုန္လိုမ်ိဳး အမွန္တကယ္ သေဘာထားၾကသည္။
ရွီယြင္နန္စားခ်င္စိတ္ မရွိေတာ့တာေၾကာင့္ သူထိုင္ခုံကို ေနာက္သို႔ လွန္ခ်လိုက္သည္။
ကြၽီ။
ကုလားထိုင္ေျခေထာက္မ်ားသည္ ရွီယြင္နန္ရဲ႕ တကယ့္စိတ္ခံစားခ်က္ေတြကို ေႂကြးေၾကာ္ေနသကဲ့သို႔ ၾကမ္းတမ္းေသာ အသံရွည္ကို ျဖစ္ေပၚလာေလသည္။
"ေလယာဥ္ေပၚမွာ ဆယ္နာရီေက်ာ္ၾကာ စီးလာခဲ့ေတာ့ ပင္ပန္းလိုက္တာ။" ရွီယြင္နန္ ထၿပီး ဘယ္သူမွသူ႔ကို စည္း႐ုံးဖို႔ အခြင့္အေရးမေပးကာ "အခန္းထဲျပန္သြားၿပီး အနားယူလိုက္အုံးမယ္ ၊ခင္ဗ်ားတို႔ ျဖည္းျဖည္းစားၾကပါ "
လူအိုႀကီးရွီသည္ သူ႔ေျမးထံမွ မလိုလားတဲ့ တုံ႔ျပန္မႈကို ျမင္ၿပီး "ဒီကိစၥကို မင္းေရွာင္လို႔မရဘူး။ ေနာက္ႏွစ္ရက္ေလာက္မွာ ေသခ်ာျပန္စဥ္းစား၊ ၿပီးရင္ ေလာ့မိသားစုနဲ႔ ေတြ႕ဖို႔ ငါစီစဥ္လိုက္မယ္။"
"အဘိုး၊ ကြၽန္ေတာ့္ကို ေတြ႕ခ်င္ရင္ ကြၽန္ေတာ္ပုန္းမေနဘူး။ဒါေပမယ့္ ဒီကိစၥေတြထဲ ကြၽန္ေတာ့ကို ဆြဲမထည့္နဲ႔ " ရွီယြင္နန္ ဝိုင္ကို တစ္က်ိဳက္တည္းေသာက္လိုက္ၿပီး လူအုပ္ကို လ်စ္လ်ဴရႈကာ ဒုတိယထပ္သို႔ တက္သြားလိုက္သည္။
ဖရဲသီးစားေနေသာ အေစခံမ်ားသည္ တစ္ေယာက္ ကို တစ္ေယာက္ၾကည့္ကာ စိတ္ထဲတြင္ တိုးတိုးေလးမေရ႐ြတ္ဘဲမေနႏိုင္ေတာ့ေပ—
ဒုတိယသခင္ေလးက သခင္ႀကီးကို တကယ္ အတိုက္အခံလုပ္ေနတာလား? သူတို႔ သူ႔ကိုမေတြ႕ျဖစ္တာ ႏွစ္အနည္းငယ္ၾကာေနၿပီ၊ သတၱိရွိလာဖို႔ ဝက္ဝံႏွလုံးသားနဲ႔ က်ားသစ္အူကိုမ်ား စားခဲ့တာလားပဲ?
ရွီယြင္နန္ လူအိုႀကီးရွီ ေဒါသထြက္မွာကိုေစာင့္မေနေတာ့ဘဲ သူ႔အိပ္ခန္းထဲတြင္ ပုန္းၿပီး တံခါးကို ေလာ့ခ္ခ်လိုက္သည္။ ဖုန္းကို ထုတ္ၿပီး ေနာက္တစ္ေန႔တြင္ ႏိုင္ငံျခားျပန္ဖို႔ ေလယာဥ္လက္မွတ္ႀကိဳမွာလိုက္ သည္။
ဒီမိသားစုက သူ႔ကို အစကတည္းက စြန႔္လႊတ္ထားမွေတာ့ သူ႔ကိုအခုေခၚထားဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ဘူး။
ရွီယြင္နန္ ေယာက္်ားေတြကို သေဘာက်ေပမယ့္ ႏိုင္ ငံျခားမွာ ေပ်ာ္႐ႊင္တဲ့ဘဝကို စြန႔္လႊတ္ၿပီး သူတစ္ခါမွ မေတြ႕ဖူးတဲ့သူနဲ႔ လက္ထပ္ရမွာလား? ၿပီးေတာ့ စီးပြါးေရးအက်ိဳးအတြက္လက္ထပ္ရမွာလား?
ဒါဟာ တကယ့္ကို ေသာက္ရမ္း ေဒါသထြက္စရာေကာင္းၿပီး အဓိပၸာယ္မရွိတာ!!
အိမ္မက္သာ ဆက္မက္ေနလိုက္ၾက!!
ရွီယြင္နန္ ေရခ်ိဳးကာ အိပ္ယာမဝင္မီ သူ႔စိတ္ထဲတြင္ ေလွာင္ေျပာင္မႈကို ႏွိမ္ႏွင္းရန္ မိနစ္အနည္းငယ္ ေလာက္ၾကာသြားသည္။
ခရီးရွည္ ႏိုင္ငံတကာေလယာဥ္ကတကယ့္ကို အပင္ပန္းဆုံးပဲ။
ရွီယြင္နန္ ဒီည သူေကာင္းေကာင္းမအိပ္ခင္အထိ ေစာင့္ၿပီး မနက္ျဖန္ သူ႔ခရီးေဆာင္အိတ္နဲ႔ အတူထြက္ေျပးဖို႔ စီစဥ္ထားေလသည္။ မထင္မွတ္ပဲ သူ ထူးထူးဆန္းဆန္း ျမင္ကြင္းတစ္ခုကို အိပ္မက္မက္ခဲ့၏...။
ရွီယြင္နန္သည္ သူ႔ဘဝက စာအုပ္တစ္အုပ္တြင္ ကံမေကာင္းအေၾကာင္းမလွေသာ အခန္းက႑တစ္ခုမွ်သာျဖစ္ေၾကာင္း အိပ္မက္မက္ခဲ့ၿပီး ဒီစာအုပ္ ရဲ႕ဇာတ္ေဆာင္မွာ သူ႔ရဲ႕ညီျဖစ္သူ ရွီးခဲယြဲ႕ ၊ ဒီမိသားစုရွိ 'တတိယေျမာက္သခင္ေလး' ျဖစ္ေလသည္။
တစ္ဖက္လူသည္ မတူညီေသာကမာၻမွ ဝိညာဥ္တစ္ခုျဖစ္၏။ မေတာ္တဆမႈတစ္ခုအၿပီးတြင္ သူသည္ "ဘီလီယံတစ္ဆယ္ တိုးပြားေအာင္ ကူးေျပာင္းလာျခင္း" ဆိုသည့္ ဝတၳဳတြင္ မေတာ္တဆဝင္ေရာက္ခဲ့ၿပီး နာမည္တူဇာတ္ေကာင္ျဖစ္လာခဲ့သည္။
မူရင္းစာအုပ္ရဲ႕ ဇာတ္ၫႊန္းတည္ေဆာက္မႈႏွင့္ ရင္းႏွီးေနေသာေၾကာင့္ ရွီးခဲယြဲ႕သည္ တျဖည္းျဖည္းကြၽမ္းဝင္လာကာ စာအုပ္ထဲရွိ တကယ့္ အေကာင္ႀကီးမ်ားႏွင့္ အဆက္အသြယ္လုပ္ကာ သူ႔ရဲ႕ကိုယ္ပိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈကို စတင္ ထူေထာင္ခဲ့သည္။
သူသည္ ငယ္႐ြယ္စဥ္မွာပင္ တ႐ုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္မ်ားစာရင္းတြင္ ပါဝင္ခဲ့႐ုံသာမက မေရမတြက္ႏိုင္ေသာ ပရိတ္သတ္မ်ားကိုလည္း ရရွိခဲ့သည္။ သူက လုံးဝကို အဓိက ဇာတ္ေကာင္ပင္။
'နဂိုဝတၳဳဇာတ္ေကာင္' ျဖစ္သည့္ ရွီယြင္နန္အတြက္ ေတာ့ လုံးဝဆန္႔က်င္ဘက္ျဖစ္၏။
သူက ျငင္းဆန္ၿပီး အိမ္ေထာင္ေရးမွ လြတ္ေျမာက္ ရန္ ေ႐ြးခ်ယ္ခဲ့ျခင္းေၾကာင့္ ထိုအျပဳအမူသည္ ရွီ ႏွင့္ ေလာ့ မိသားစုၾကား မေက်နပ္မႈမ်ားကို ျပင္းထန္စြာ ႏိုးၾကားလာခဲ့သည္။ ဆန႔္က်င္ဘက္အေနႏွင့္၊ သူက မိသားစုရဲ႕ သခင္ေလးကို သိခြင့္ရရန္ ရွီးခဲယြဲ႕ကိုေတာင္ အခြင့္အေရးေပးခဲ့ေသးသည္။
ရွီမိသားစုမွ ထြက္လာၿပီးေနာက္ ရွီယြင္နန္သည္ သူရဲ႕ ကံဆိုးမႈေၾကာင့္ ရွီးခဲယြဲ႕ ရဲ႕ ႂကြယ္ဝမႈႏွင့္ ဆက္ႏႊယ္မႈမ်ားကို မက္ေမာခဲ့သည္။
တစ္ဖက္သားရဲ႕ စီးပြါးေရး ဖြံ႕ၿဖိဳးတိုးတက္လာမႈကို ဆိုးဆိုး႐ြား႐ြား မလိုမုန္းထားေနခ်ိန္တြင္၊ ေနရာတိုင္းတြင္ ေပါင္လုံးကိုဖက္ၿပီး စီးပြားေရးတြင္ ပါဝင္ရန္ သင္ယူခဲ့သည္။ ကံမေကာင္းစြာျဖင့္၊ အျခားပါတီရဲ႕ 'ဇာတ္ေဆာင္အရွိန္အဝါ' ရဲ႕ ဖိအားေအာက္တြင္ သူသည္ အခ်ည္းႏွီးသာ ျဖစ္ၿပီး အက်ိဳးအျမတ္ကိုသာ ဦးတည္သူဆိုသည့္ နာမည္ဆိုးသာ ရခဲ့သည္။
ရွီးခဲယြဲ႕ ႏွင့္ အျခားသူမ်ားရဲ႕ ေလွာင္ေျပာင္ျခင္းခံရကာ စြန႔္ပစ္ခံခဲ့ရၿပီးေနာက္ ႏိုင္ငံျခားတြင္လည္း အေႂကြးမ်ားစြာတင္ခဲ့သည္။ ေနာက္ဆုံးတြင္ သူသည္ ထိုအခက္အခဲမ်ားကို မခံႏိုင္ေတာ့ဘဲ အငွါးအိမ္ ျဖင့္သာ ေနထိုင္ရန္ ေ႐ြးခ်ယ္ခဲ့ရေတာ့သည္။
......
ဤအိပ္မက္သည္ ဝတၳဳရဲ႕ အစမွအဆုံးအထိဆိုေတာ့ ရွည္လ်ားလွသည္။တကယ့္ကို ကြက္ကြက္ ကြင္းကြင္းႏွင့္ အဓိပၸါယ္မဲ့လွသည္။
ရွီယြင္နန္ ႏိုးလာၿပီး သူ႔တစ္ကိုယ္လုံး ေအးစက္ေနေသာ ေခြၽးမ်ားျဖင့္ စို႐ႊဲေနသည္ကို ေတြ႕လိုက္ရ၏။ သူထထိုင္လိုက္ၿပီး ျပင္းျပင္းထန္ထန္ ေမာဟိုက္ေနကာ ျပင္းထန္ေသာ တိုက္ပြဲကို ျဖတ္သန္းရသလို သူ႔ခႏၶာကိုယ္ကလည္း ပင္ပန္းႏြမ္းနယ္ေနသည္။
အိပ္မက္က ပိုကြက္ကြက္ကြင္းကြင္းျဖစ္ေလ၊ ႏိုးလာၿပီးေနာက္ မွတ္ဉာဏ္က ပိုမႈန္ဝါးလြယ္ေလဟု ဆိုထားၾကေသာ္လည္း ဒီ "မူရင္းစာအုပ္" ရဲ႕အေၾကာင္းအရာမ်ားသည္ သူ႔စိတ္ထဲမွာ စြဲထင္က်န္ေနကာ မလႈပ္ႏိုင္ေတာ့ေပ။
အခ်ိန္ေတြက တစ္မိနစ္ၿပီးတစ္နစ္ ကုန္သြားေလသည္။
ရွီယြင္နန္သည္ ဒီလက္ေတြ႕ဆန္ေသာအိပ္မက္ကို သံသယဝင္လာကာ ကုတင္ေပၚတြင္ ထိုင္ေနလိုက္ သည္။
ေနာက္ဆုံးေတာ့ သူက ဒီကမာၻမွာ ၂၅ ႏွစ္တာ အမွန္တကယ္ေနထိုင္ခဲ့တာပဲ။ အိပ္မက္တစ္ခုေၾကာင့္ သူ႔ရဲ႕ မူလသေဘာထားက ဘယ္လိုလုပ္ေျပာင္းသြားႏိုင္ တာလဲ?
သူ ထိုကဲ့သို႔ အက်ဥ္းအက်ပ္ထဲေရာက္ေနခ်ိန္ သူရဲ႕ ဖုန္းႏိုတီအသံက ႐ုတ္တရက္ ထြက္ေပၚလာေတာ့သည္။