Unicode
“ပြောစရာမရှိရင်လည်း ဒါပဲ..!”
သူ့ကို စကားမပြောချင်သလိုလုပ်နေတဲ့ ဟွမ်ပေ့ချန်ကိုကြည့်ရင်း ရွှယ်ယို့ရှန်းတစ်ယောက် တော်တော်လေး မကျေမနပ်ဖြစ်သွားတယ်။ ထို့ကြောင့် ရင်းဆုယဲ့ရဲ့လက်ကိုဆွဲပြီး ထွက်သွားဖို့ပြင်တယ်။
နှစ်ယောက်အတူတူ လာခဲ့သလို ပြန်ရင်လည်း နှစ်ယောက်အတူတူ ပြန်ရမယ်။ ရင်းဆုယဲ့ လှည့်ပြန်သွားတာကိုမြင်ရင် ဟွမ်ပေ့ချန် စကားမပြောဘဲ နေဦးမလားဆိုတာ ကြည့်ချင်သေးပါရဲ့။
စောစောက စိတ်ရှုပ်ထွေးသွားတဲ့ကိစ္စက စဉ်းစားကြည့်မယ်ဆိုရင် သူက ရင်းဆုယဲ့ဘက်မှာနေပြီး ဇာတ်လိုက်ရဲ့ အခွင့်အရေးတွေကို လုယူလိုက်မိတယ်။ အဲ့တာကြောင့် ဟွမ်ပေ့ချန်အပေါ်မှာ အားနာနေသလို လူချင်းတွေ့ရမှာ မျက်နှာပူနေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်ကြားက အမုန်းတရားတွေကိုပါ ဖြေရှင်းပေးဖို့ စဉ်းစားထားခဲ့တာ။ နောက်ဆုံးတော့ ဟွမ်ပေ့ချန်ရဲ့ အချိုးမပြေမှုကြောင့် စိတ်ဆိုးသွားရတယ်လေ။ ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကိုပဲ အသည်းအသန် စိုက်ကြည့်နေပြီး သူ့ကို လုံးဝလျစ်လျူရှုထားတာ။
လူအချင်းချင်း ဆက်ဆံပုံက အရမ်းကွာခြားလိုက်တာနော်..?!
ပိုဆိုးတာက ရင်းဆုယဲ့ကိုစိုက်ကြည့်နေတဲ့ ဟွမ်ပေ့ချန်ရဲ့ သိမ်းငှက်လိုမျက်လုံးတွေပဲ၊ သူ့ကို အတော်လေး ခံရခက်စေတယ်..!
အဲ့တာကြောင့် ဟွမ်ပေ့ချန်ဆိုတာ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဇာတ်လိုက်မင်းသားဖြစ်နေပါစေ၊ လုံးဝမုန်းပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်..! စိတ်ပုပ်တဲ့ ဟွမ်ပေ့ချန်နဲ့ယှဉ်ရင် သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့ကမှ သူ့အပေါ် ကောင်းသေးတယ်..! အဲ့တာကြောင့် နောက်ဆို ရှောင်ယဲ့ယဲ့အပေါ် ပိုကောင်းပေးရမယ်။ အခုလောလောဆယ်တော့ ရင်းဆုယဲ့ဘက်က မားမားမတ်မတ် ရပ်တည်ပြီး ဟွမ်ပေ့ချန်နဲ့ ရန်ဖြစ်ပေးရမယ်..!
“တောင်းပန်ပါတယ်.. ကျွန်တော် အတွေးလွန်သွားလို့ပါ..!”
ဟွမ်ပေ့ချန်က ကပျာကယာ တားဆီးလာတယ်။ ထို့နောက် သူ့ရဲ့အပြုအမူကို ပြန်ပြင်ပြီး စိတ်ရင်းအမှန်နဲ့ တောင်းပန်လာခဲ့တယ်။
ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရင်းဆုယဲ့နဲ့ တွေ့ဆုံနိုင်ခဲ့တာ၊ အပြင်လူပါလာတာနဲ့ မကျေမနပ် ဖြစ်နေလို့မရဘူးလေ..!
“ဒီတစ်ခေါက်တော့ တောင်းပန်တာကို လက်ခံပေးလိုက်မယ်.. ဒါပေမဲ့ နောက်တစ်ခေါက်ဆိုတာမျိုး ရှိမှာမဟုတ်ဘူး..!”
ရွှယ်ယို့ရှန်းက မြင့်မြင့်တော်ဝင်သလို စိတ်သဘောထားကြီးဟန်နဲ့ သူ့အပေါ် ရိုင်းပြခဲ့တဲ့ ဟွမ်ပေ့ချန်ကို ခွင့်လွှတ်ပေးလိုက်တယ်။
တကယ်တော့လေ.. ဇာတ်လိုက်ကို အနိုင်ကျင့်ရတာ အရမ်းမိုက်တာပဲ..!
“ကျေးဇူးပြုပြီး အထဲကိုကြွပါ..!”
ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကို နောက်တစ်ကြိမ် ထပ်မံဖိတ်ကြားလိုက်တယ်။ ဒီတစ်ခေါက်တော့ ရွှယ်ယို့ရှန်းကို ဖိတ်ခေါ်ဖို့လည်း မမေ့ခဲ့ဘူး။
“အထဲဝင်ရအောင်..!” ရွှယ်ယို့ရှန်းက အနားမှာရပ်နေတဲ့ ဟွမ်ပေ့ချန်ကို အဖက်မလုပ်ဘဲ ရင်းဆုယဲ့ကို ဆွဲခေါ်ကာ အခန်းထဲ ဝင်သွားလိုက်တယ်။ “ခင်ဗျားနဲ့ ဟွမ်ပေချန်ကြားမှာ ပြဿနာရှိသေးတယ်မလား၊ ဒီတစ်ခေါက်အခွင့်အရေးမှာ သေသေချာချာ ရှင်းလင်းသင့်တယ်..”
အစကတော့ ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်ကြားက မကျေလည်မှုတွေကို သူကူညီပြီး ဖြေရှင်းလို့ရမလားဆိုပြီး လိုက်လာခဲ့တာ။ ပြောရမယ်ဆိုရင် ဇာတ်လိုက်ဟွမ်ပေ့ချန်သာ ရင်းဆုယဲ့ကို မဆန့်ကျင်သရွေ့ ရင်းဆုယဲ့က ဒီနယ်မြေမှာ ပြိုင်ဘက်ကင်း ရပ်တည်နိုင်လိမ့်မယ်လေ။ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုအရဆို ရင်းဆုယဲ့က ဟွမ်ပေ့ချန်နဲ့ယှဉ်ရင် ဒုတိယနေရာမှာပဲ ရပ်တည်နေတာလေ။
ဒါပေမဲ့ အခုတော့ ဘာမှမလုပ်ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူမပျော်လို့၊ သူမပျော်လို့ တခြားလူတွေကိုလည်း မပျော်စေချင်ဘူး။ အဲ့တခြားလူကလည်း သူ့ကိုရန်စခဲ့တဲ့ ဟွမ်ပေ့ချန်ပဲ။
ဒါပေမဲ့လည်း ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်အတွက် ဦးစားပေးတာထက် ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်ကြားက ပြဿနာကို အရင်ပြေလည်အောင် ဖြေရှင်းသင့်တယ်။ အနည်းဆုံးတော့ ရင်းဆုယဲ့ကို အမဲစက်မစွန်းထင်းစေချင်ဘူး။ ပြီးတော့ ဇာတ်လိုက်က ရင်းဆုယဲ့အပေါ် တချိန်လုံး အထင်မှားနေမှာကိုလည်း လက်မခံနိုင်ဘူး။ ရင်းဆုယဲ့အပေါ် အထင်မှားခဲ့တဲ့အတွက် နောင်တရနေမယ့် ဟွမ်ပေ့ချန်ရဲ့မျက်နှာကို မြင်ချင်သေးတယ်..!
ဟွမ်ပေ့ချန်ရဲ့စရိုက်ကို စာရေးဆရာဖြစ်တဲ့ သူ့ထက် ဘယ်သူမှပိုသိမှာမဟုတ်ဘူး။ တစ်တိုင်းပြည်လုံး သိမ်းသွင်းနိုင်ရေးအတွက် ဟွမ်ပေ့ချန်ကို သုံးဘက်တွေးအမြင်နဲ့ လူတော်လူကောင်းလေးအဖြစ် သူကိုယ်တိုင် ပုံသွင်းထားခဲ့တာ။ အဲ့တာကြောင့်လည်း ဟွမ်ပေ့ချန်က မဟားတရားကို ဥပဒေလိုက်နာတတ်ပြီး ဗီလိန်ကြီးရင်းဆုယဲ့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ကုန်တော့တာပေါ့..!
လောလောဆယ် ဟွမ်ပေ့ချန်ကို ရင်းဆုယဲ့က လူကောင်းတစ်ယောက်ဆိုတာ နားလည်သွားအောင် လုပ်ရမယ်။ ရင်းဆုယဲ့အပေါ် စွပ်စွဲချက်တွေကလည်း အမှန်မဟုတ်ဘူးဆိုတာ သိစေရမယ်။ ဟွမ်ပေ့ချန်ရဲ့စိတ်ထဲကိုသာ အဲ့လိုအတွေးအမြင်မျိုး ရိုက်သွင်းနိုင်သရွေ့ နောင်တစ်ချိန် ဘယ်လိုကိစ္စတွေပဲမြင်မြင်၊ ဘယ်လိုသတင်းတွေပဲကြားကြား၊ ဟွမ်ပေ့ချန်က ရင်းဆုယဲ့အပေါ် သံသယဝင်တော့မှာမဟုတ်ဘူး။ ပြဿနာတွေ ရှိလာခဲ့ရင်လည်း ရင်းဆုယဲ့ကို စွပ်စွဲတော့မှာမဟုတ်သလို တခြားလူတွေရဲ့စကားကို နားယောင်ပြီး ဆန့်ကျင်မှာလည်း မဟုတ်ဘူး။
ရင်းဆုယဲ့အပေါ် လုံလုံလောက်လောက် ကာကွယ်ပေးချင်တယ်..!
“ကောင်းပြီ..!”
ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး အခန်းထဲဝင်သွားတယ်။
***
“ဟွမ်ပေ့ချန်.. ပြောစရာရှိတာ ပြောပါ.. ရင်းဆုယဲ့ကို ဘာအတွက် တွေ့ချင်တာလဲ..?”
ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ချောင်ယန်အခန်းရဲ့ အဓိကထိုင်ခုံမှာ ထိုင်စေပြီး ဟွမ်ပေ့ချန်ကို တည့်မေးလိုက်တယ်။
“လွန်ခဲ့တဲ့သုံးလလောက်က မြူနှင်းတောအုပ်ထဲ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အမှန်အတိုင်း သိချင်လို့ပါ..!”
မေးခွန်းမေးသူက ရွှယ်ယို့ရှန်းဆိုပေမယ့် ဟွမ်ပေ့ချန်က အထွန့်တက်မနေဘဲ ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ပြန်ဖြေနေတဲ့အချိန် သူ့ရဲ့အကြည့်က ရင်းဆုယဲ့အပေါ်မှာပဲ။ အစောပိုင်းအပြုအမူအရ ရင်းဆုယဲ့က သူ့ဘက်မှာမရှိတော့မှန်း ဟွမ်ပေ့ချန် သဘောပေါက်လိုက်တယ်။ ထို့ကြောင့် သူတို့နှစ်ဦးကြားက ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် တတိယလူ ဝင်ပါနေတာကို မကျေနပ်ပေမယ့်လည်း ပြန်ဖြေပေးလိုက်တယ်။ သူ့ရဲ့ခံစားချက်ကို မျက်နှာပေါ်မှာ မပေါ်လွင်စေခဲ့ဘူး။
“ကျွန်တော့်မိသားစုဝင် ရှောင်ယဲ့ယဲ့ဆီက ဘာသိချင်တာလဲ..?”
အပြင်တစ်မျိုး အတွင်းတစ်မျိုးဖြစ်နေတဲ့ ဟွမ်ပေ့ချန်ရဲ့ စိတ်ဓာတ်ကို ရွှယ်ယို့ရှန်းက ချက်ချင်း သတိပြုမိလိုက်တယ်။ သူနဲ့ရင်းဆုယဲ့က နှစ်ကိုယ့်တစ်စိတ်ဆိုတာ ပေါ်လွင်စေဖို့အတွက် ရွှယ်ယို့ရှန်းက ရှောင်ယဲ့ယဲ့ဆိုတဲ့ နာမည်ပြောင်ကို ချွဲချွဲနွဲ့နွဲ့ ခေါ်ဝေါ်လိုက်တယ်။
ဟွမ်ပေ့ချန်က ရင်းဆုယဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ရုံဆိုတာ သူနားလည်နိုင်ပါတယ်။ ဒါပေမဲ့ ရင်းဆုယဲ့နဲ့ပက်သက်ပြီး တအားစိတ်လှုပ်ရှားလွယ်နေတယ် မဟုတ်ဘူးလား..?
ရုတ်တရက်ကြီး သူ့ဝတ္ထုရဲ့တချို့ Chapter တွေမှာ Fujoshi တွေ လာရေးတတ်တဲ့ Comment တွေကို ဘာလို့တွေးမိသွားမှန်းမသိဘူး..! အထူးသဖြင့် ဇာတ်လိုက်နဲ့ဗီလိန်ကြားက ဆက်ဆံရေးကို ဟိုလိုလိုဒီလိုလိုဖြစ်အောင် ရေးထားကြတဲ့ Comment တွေပဲ။
သူ့စိတ်ထဲ နေရမကောင်းတော့ဘူး..!
သူစာရေးတုန်းက သူ့ရဲ့အတွေးတွေ ဖြူစင်တယ်ဆိုတာ ဘုရားသခင်သိပါတယ်။ ဇာတ်လိုက်နဲ့ ဗီလိန်ကြားက ဖြူစင်ရိုးသားတဲ့ သူငယ်ချင်းသံယောဇဉ်ကိုပဲ ရေးခဲ့မိတာပါဗျာ..!
ဒါပေမဲ့ အခုတော့ ရင်းဆုယဲ့အပေါ် ဟွမ်ပေ့ချန်ရဲ့ အပြုအမူတွေကိုကြည့်ရင်း သူကိုယ်တိုင်တောင် မသေချာတော့ဘူး။ ဘာလို့လဲဆိုတော့ မှော်နဲ့ဓားနယ်မြေက အစစ်အမှန်ကမ္ဘာ ဖြစ်လာခဲ့ပြီလေ။ အဲ့တာကြောင့် သူ့ဝတ္ထုထဲကအတိုင်း ဇာတ်ကြောင်းတွေကို ယူဆလို့မရတော့ဘူး။ အထူးသဖြင့် လက်ရှိအခြေအနေက မူလဇာတ်လမ်းကနေ လုံးဝသွေဖယ်သွားခဲ့ပြီ။ ဆိုလိုချင်တာကတော့ ဝတ္ထုထဲမှာ သူ,မရေးခဲ့ပေမယ့် တကယ့်ကမ္ဘာအစစ်မှာ ဖြစ်မလာဘူးလို့ ပြောလို့မရဘူးလေ။
ထိုတဒင်္ဂ ရွှယ်ယို့ရှန်းရဲ့ ဟွမ်ပေ့ချန်အပေါ် အကြည့်က ထူးဆန်းလာတယ်။
မောင်းမဆောင်သခင်ကြီး ဟွမ်ပေ့ချန်က Bisexual လား..?
တကယ့်ဇာတ်ကြောင်းမှာ ဟွမ်ပေ့ချန်က မိန်းမလှလေးတွေ ပိုင်ဆိုင်ထားတာတောင် သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့အပေါ် မကောင်းတဲ့စိတ်တွေ ရှိနေခဲ့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ ရင်းဆုယဲ့က သူ့ရဲ့ဆန္ဒကို မလိုက်လျောတော့ အချစ်အမုန်းခံစားချက်တွေ ဖြစ်ပေါ်လာရော။ ရင်းဆုယဲ့ အလျော့ပေးလာအောင် ဖိအားပေးချင်ခဲ့ပေမယ့် သူဖြစ်ချင်သလို ဖြစ်မလာခဲ့ဘူး။ အဲ့တာကြောင့် အဆုံးသတ်မှာ ရင်းဆုယဲ့ကို မပိုင်ဆိုင်ရတဲ့အတွက် ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့လိုများလား..?
ရွှယ်ယို့ရှန်းခမျာ သူ့အတွေးနဲ့သူ ထိတ်လန့်သွားရတယ်။
သောက်ရမ်းကြောက်ဖို့ကောင်းလိုက်တာ..!
“ကျွန်တော်ပြောမယ်.. ရှောင်ယဲ့ယဲ့နဲ့ ပက်သက်သမျှအကုန် ကျွန်တော်သိထားတာမလို့ ခင်ဗျားမှာ မေးစရာရှိရင် ကျွန်တော့်ကိုမေး..”
စက္ကန့်ပိုင်းအတွင်း ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့နဲ့ ဆက်နွယ်လာနိုင်တဲ့ ဟွမ်ပေ့ချန်ရဲ့ လုပ်ရပ်မှန်သမျှကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့မိသားစုဝင် ရှောင်ယဲ့ယဲ့ရဲ့ ဖြူစင်မှုကို အစွမ်းကုန် စောင့်ရှောက်ပေးရမယ်။
သူ့ရဲ့ဘဝပေးတာဝန်က အရမ်းလေးလံလာသလိုပဲ..!
အခုဆို သူ့မှာ ရင်းဆုယဲ့ရဲ့ နှလုံးသားထဲကို တဖြည်းဖြည်းချင်း တွယ်ကပ်ဖို့ကြိုးစားနေတဲ့ ဟွမ်ပေ့ချန်ကို တားဆီးနိုင်ဖို့ရာအတွက် အသင့်ပြင်နေရပြီ။
သူ့ရဲ့စကားတွေက မလုံလောက်သေးသလို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းက တစ်ခဏတွေးတောပြီး အစောပိုင်းက ဟွမ်ပေ့ချန်ရဲ့ မေးခွန်းအတွက် ပြန်ဖြေပေးလိုက်တယ်။
“'ရတနာတွေကို လုယူချင်လို့ လူသတ်ခဲ့ပါတယ်' ဆိုတဲ့ကိစ္စနဲ့ပက်သက်တဲ့ အမှန်တရားကတော့............. ရင်းဆုယဲ့က သူတို့ရဲ့အကြံအစည်ကို သိလိုက်ရလို့ပဲ။ သူတို့တွေက ခင်ဗျားတို့နှစ်ယောက်ကိုသတ်ပြီး ရတနာတွေ လုယူချင်နေတာ၊ အဲ့တာကြောင့် ရင်းဆုယဲ့က သူတို့တွေနဲ့ တိုက်ခိုက်နေတဲ့အချိန် ခင်ဗျားရောက်ချလာပြီး ခင်ဗျားတို့ကိုလုပ်ကြံချင်နေတဲ့ လူတွေဘက်က ကာကွယ်ပေးခဲ့တာ..!”
အဖြစ်မှန်ကို ရှင်းပြနေတဲ့အချိန် ရွှယ်ယို့ရှန်းရဲ့လေသံက ဟွမ်ပေ့ချန်အပေါ် အပြစ်တင်လိုဟန်အပြည့်။
“ဒါအမှန်ပဲလား..?”
ဟွမ်ပေ့ချန်လည်း အမှန်တရားကို အနည်းငယ် မှန်းဆထားခဲ့ပေမယ့် တခြားလူက မညှာမတာ ထုတ်ပြောလာတော့ အနည်းငယ် စိတ်မသက်မသာဖြစ်သွားတယ်။
“ကျွန်တော်ပြောခဲ့သမျှက အမှန်တွေချည်းပဲ..!”
သူ့ရဲ့စကားကို မယုံကြည်သလိုလုပ်နေတဲ့ ဟွမ်ပေ့ချန်ကိုကြည့်ရင်း ရွှယ်ယို့ရှန်းက မကျေမနပ်ဖြစ်သွားတယ်။ ထို့ကြောင့် ရင်းဆုယဲ့ဘက်သို့လှည့်ကာ စစ်ကူခေါ်လိုက်တယ်။
“ရှောင်ယဲ့ယဲ့.. ကျွန်တော်ပြောခဲ့တာတွေက အမှန်တွေပဲဆိုတာ ဟွမ်ပေ့ချန်ကိုပြောပြလိုက်..!”
“အင်း..”
ရင်းဆုယဲ့က ဟွမ်ပေ့ချန်ကို ယောင်လို့တောင်လှည့်မကြည့်ဘူး။ ဒါပေမဲ့ ကောင်လေးက ပြောခိုင်းတာကြောင့် ရင်းဆုယဲ့လည်း ပူးပေါင်းကာ ပြန်ဖြေပေးလိုက်တယ်။
အတိတ်ဘဝတုန်းကလည်း ဒီအတိုင်းပဲ။ ဟွမ်ပေ့ချန်က တော်ဝင်မြို့တော်ကို ရောက်ချလာပြီး သူ့ကိုလာရှာခဲ့တယ်။ ဒီအချိန်၊ ဒီနေရာ၊ ဒီအနေအထားအတိုင်း တူညီတဲ့မေးခွန်းကိုပဲ မေးမြန်းလာခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက ဟွမ်ပေ့ချန်ရဲ့ စိတ်ရင်းကြောင့် သူလည်း ခွင့်လွှတ်ပေးလိုက်ပြီး ပြန်လည်သင့်မြတ်သွားခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ ဟွမ်ပေ့ချန်အတွက် ‘ကံကြမ္မာကူးပြောင်းခြင်း’ကို အသက်သွင်းဖို့ ဆန္ဒရှိခဲ့တာ။ ဒါပေမဲ့ နောက်တော အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝမ်းကွဲခဲ့ရပြန်တယ်။ အဆုံးမှာတော့ ဟွမ်ပေ့ချန်ရဲ့လက်ထဲမှာ အသက်ပေးလိုက်ရပြီး ဆိုးဝါးတဲ့ကံကြမ္မာနဲ့ သူတို့ဆက်ဆံရေးကို အဆုံးသတ်နိုင်ခဲ့တယ်။
“ကြားပြီလား..?”
ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ ပူးပေါင်းပေးမှုကြောင့် ကျေနပ်သွားဟန် ထုတ်ဖော်ပြလိုက်တယ်။ သူရဲ့အပြုအမူနဲ့ ဟွမ်ပေ့ချန်ရဲ့ မေးခွန်းက အဆက်အစပ်မရှိပေမယ့် ရွှယ်ယို့ရှန်းက ဝံ့ကြွားစွာ ဂုဏ်ဆာပစ်လိုက်လေရဲ့။
………………………………………..
Zawgyi
“ေျပာစရာမရွိရင္လည္း ဒါပဲ..!”
သူ႔ကို စကားမေျပာခ်င္သလိုလုပ္ေနတဲ့ ဟြမ္ေပ့ခ်န္ကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ေတာ္ေတာ္ေလး မေက်မနပ္ျဖစ္သြားတယ္။ ထို႔ေၾကာင့္ ရင္းဆုယဲ့ရဲ႕လက္ကိုဆြဲၿပီး ထြက္သြားဖို႔ျပင္တယ္။
ႏွစ္ေယာက္အတူတူ လာခဲ့သလို ျပန္ရင္လည္း ႏွစ္ေယာက္အတူတူ ျပန္ရမယ္။ ရင္းဆုယဲ့ လွည့္ျပန္သြားတာကိုျမင္ရင္ ဟြမ္ေပ့ခ်န္ စကားမေျပာဘဲ ေနဦးမလားဆိုတာ ၾကည့္ခ်င္ေသးပါရဲ႕။
ေစာေစာက စိတ္ရႈပ္ေထြးသြားတဲ့ကိစၥက စဥ္းစားၾကည့္မယ္ဆိုရင္ သူက ရင္းဆုယဲ့ဘက္မွာေနၿပီး ဇာတ္လိုက္ရဲ႕ အခြင့္အေရးေတြကို လုယူလိုက္မိတယ္။ အဲ့တာေၾကာင့္ ဟြမ္ေပ့ခ်န္အေပၚမွာ အားနာေနသလို လူခ်င္းေတြ႕ရမွာ မ်က္ႏွာပူေနတာလည္း ျဖစ္ႏိုင္တယ္။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေအာင္ ရင္းဆုယဲ့နဲ႔ ဟြမ္ေပ့ခ်န္ၾကားက အမုန္းတရားေတြကိုပါ ေျဖရွင္းေပးဖို႔ စဥ္းစားထားခဲ့တာ။ ေနာက္ဆုံးေတာ့ ဟြမ္ေပ့ခ်န္ရဲ႕ အခ်ိဳးမေျပမႈေၾကာင့္ စိတ္ဆိုးသြားရတယ္ေလ။ ဟြမ္ေပ့ခ်န္က ရင္းဆုယဲ့ကိုပဲ အသည္းအသန္ စိုက္ၾကည့္ေနၿပီး သူ႔ကို လုံးဝလ်စ္လ်ဴရႈထားတာ။
လူအခ်င္းခ်င္း ဆက္ဆံပုံက အရမ္းကြာျခားလိုက္တာေနာ္..?!
ပိုဆိုးတာက ရင္းဆုယဲ့ကိုစိုက္ၾကည့္ေနတဲ့ ဟြမ္ေပ့ခ်န္ရဲ႕ သိမ္းငွက္လိုမ်က္လုံးေတြပဲ၊ သူ႔ကို အေတာ္ေလး ခံရခက္ေစတယ္..!
အဲ့တာေၾကာင့္ ဟြမ္ေပ့ခ်န္ဆိုတာ သူကိုယ္တိုင္ဖန္တီးခဲ့တဲ့ ဇာတ္လိုက္မင္းသားျဖစ္ေနပါေစ၊ လုံးဝမုန္းပစ္လိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္..! စိတ္ပုပ္တဲ့ ဟြမ္ေပ့ခ်န္နဲ႔ယွဥ္ရင္ သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့ကမွ သူ႔အေပၚ ေကာင္းေသးတယ္..! အဲ့တာေၾကာင့္ ေနာက္ဆို ေရွာင္ယဲ့ယဲ့အေပၚ ပိုေကာင္းေပးရမယ္။ အခုေလာေလာဆယ္ေတာ့ ရင္းဆုယဲ့ဘက္က မားမားမတ္မတ္ ရပ္တည္ၿပီး ဟြမ္ေပ့ခ်န္နဲ႔ ရန္ျဖစ္ေပးရမယ္..!
“ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္ အေတြးလြန္သြားလို႔ပါ..!”
ဟြမ္ေပ့ခ်န္က ကပ်ာကယာ တားဆီးလာတယ္။ ထို႔ေနာက္ သူ႔ရဲ႕အျပဳအမူကို ျပန္ျပင္ၿပီး စိတ္ရင္းအမွန္နဲ႔ ေတာင္းပန္လာခဲ့တယ္။
ခက္ခက္ခဲခဲ ႀကိဳးစားၿပီးမွ ရင္းဆုယဲ့နဲ႔ ေတြ႕ဆုံႏိုင္ခဲ့တာ၊ အျပင္လူပါလာတာနဲ႔ မေက်မနပ္ ျဖစ္ေနလို႔မရဘူးေလ..!
“ဒီတစ္ေခါက္ေတာ့ ေတာင္းပန္တာကို လက္ခံေပးလိုက္မယ္.. ဒါေပမဲ့ ေနာက္တစ္ေခါက္ဆိုတာမ်ိဳး ရွိမွာမဟုတ္ဘူး..!”
႐ႊယ္ယို႔ရွန္းက ျမင့္ျမင့္ေတာ္ဝင္သလို စိတ္သေဘာထားႀကီးဟန္နဲ႔ သူ႔အေပၚ ႐ိုင္းျပခဲ့တဲ့ ဟြမ္ေပ့ခ်န္ကို ခြင့္လႊတ္ေပးလိုက္တယ္။
တကယ္ေတာ့ေလ.. ဇာတ္လိုက္ကို အႏိုင္က်င့္ရတာ အရမ္းမိုက္တာပဲ..!
“ေက်းဇူးျပဳၿပီး အထဲကိုႂကြပါ..!”
ဟြမ္ေပ့ခ်န္က ရင္းဆုယဲ့ကို ေနာက္တစ္ႀကိမ္ ထပ္မံဖိတ္ၾကားလိုက္တယ္။ ဒီတစ္ေခါက္ေတာ့ ႐ႊယ္ယို႔ရွန္းကို ဖိတ္ေခၚဖို႔လည္း မေမ့ခဲ့ဘူး။
“အထဲဝင္ရေအာင္..!” ႐ႊယ္ယို႔ရွန္းက အနားမွာရပ္ေနတဲ့ ဟြမ္ေပ့ခ်န္ကို အဖက္မလုပ္ဘဲ ရင္းဆုယဲ့ကို ဆြဲေခၚကာ အခန္းထဲ ဝင္သြားလိုက္တယ္။ “ခင္ဗ်ားနဲ႔ ဟြမ္ေပခ်န္ၾကားမွာ ျပႆနာရွိေသးတယ္မလား၊ ဒီတစ္ေခါက္အခြင့္အေရးမွာ ေသေသခ်ာခ်ာ ရွင္းလင္းသင့္တယ္..”
အစကေတာ့ ရင္းဆုယဲ့နဲ႔ ဟြမ္ေပ့ခ်န္ၾကားက မေက်လည္မႈေတြကို သူကူညီၿပီး ေျဖရွင္းလို႔ရမလားဆိုၿပီး လိုက္လာခဲ့တာ။ ေျပာရမယ္ဆိုရင္ ဇာတ္လိုက္ဟြမ္ေပ့ခ်န္သာ ရင္းဆုယဲ့ကို မဆန႔္က်င္သေ႐ြ႕ ရင္းဆုယဲ့က ဒီနယ္ေျမမွာ ၿပိဳင္ဘက္ကင္း ရပ္တည္ႏိုင္လိမ့္မယ္ေလ။ ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္’ ဝတၳဳအရဆို ရင္းဆုယဲ့က ဟြမ္ေပ့ခ်န္နဲ႔ယွဥ္ရင္ ဒုတိယေနရာမွာပဲ ရပ္တည္ေနတာေလ။
ဒါေပမဲ့ အခုေတာ့ ဘာမွမလုပ္ခ်င္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူမေပ်ာ္လို႔၊ သူမေပ်ာ္လို႔ တျခားလူေတြကိုလည္း မေပ်ာ္ေစခ်င္ဘူး။ အဲ့တျခားလူကလည္း သူ႔ကိုရန္စခဲ့တဲ့ ဟြမ္ေပ့ခ်န္ပဲ။
ဒါေပမဲ့လည္း ကိုယ္ေရးကိုယ္တာ မေက်နပ္ခ်က္အတြက္ ဦးစားေပးတာထက္ ရင္းဆုယဲ့နဲ႔ ဟြမ္ေပ့ခ်န္ၾကားက ျပႆနာကို အရင္ေျပလည္ေအာင္ ေျဖရွင္းသင့္တယ္။ အနည္းဆုံးေတာ့ ရင္းဆုယဲ့ကို အမဲစက္မစြန္းထင္းေစခ်င္ဘူး။ ၿပီးေတာ့ ဇာတ္လိုက္က ရင္းဆုယဲ့အေပၚ တခ်ိန္လုံး အထင္မွားေနမွာကိုလည္း လက္မခံႏိုင္ဘူး။ ရင္းဆုယဲ့အေပၚ အထင္မွားခဲ့တဲ့အတြက္ ေနာင္တရေနမယ့္ ဟြမ္ေပ့ခ်န္ရဲ႕မ်က္ႏွာကို ျမင္ခ်င္ေသးတယ္..!
ဟြမ္ေပ့ခ်န္ရဲ႕စ႐ိုက္ကို စာေရးဆရာျဖစ္တဲ့ သူ႔ထက္ ဘယ္သူမွပိုသိမွာမဟုတ္ဘူး။ တစ္တိုင္းျပည္လုံး သိမ္းသြင္းႏိုင္ေရးအတြက္ ဟြမ္ေပ့ခ်န္ကို သုံးဘက္ေတြးအျမင္နဲ႔ လူေတာ္လူေကာင္းေလးအျဖစ္ သူကိုယ္တိုင္ ပုံသြင္းထားခဲ့တာ။ အဲ့တာေၾကာင့္လည္း ဟြမ္ေပ့ခ်န္က မဟားတရားကို ဥပေဒလိုက္နာတတ္ၿပီး ဗီလိန္ႀကီးရင္းဆုယဲ့နဲ႔ ျပဒါးတစ္လမ္း သံတစ္လမ္း ျဖစ္ကုန္ေတာ့တာေပါ့..!
ေလာေလာဆယ္ ဟြမ္ေပ့ခ်န္ကို ရင္းဆုယဲ့က လူေကာင္းတစ္ေယာက္ဆိုတာ နားလည္သြားေအာင္ လုပ္ရမယ္။ ရင္းဆုယဲ့အေပၚ စြပ္စြဲခ်က္ေတြကလည္း အမွန္မဟုတ္ဘူးဆိုတာ သိေစရမယ္။ ဟြမ္ေပ့ခ်န္ရဲ႕စိတ္ထဲကိုသာ အဲ့လိုအေတြးအျမင္မ်ိဳး ႐ိုက္သြင္းႏိုင္သေ႐ြ႕ ေနာင္တစ္ခ်ိန္ ဘယ္လိုကိစၥေတြပဲျမင္ျမင္၊ ဘယ္လိုသတင္းေတြပဲၾကားၾကား၊ ဟြမ္ေပ့ခ်န္က ရင္းဆုယဲ့အေပၚ သံသယဝင္ေတာ့မွာမဟုတ္ဘူး။ ျပႆနာေတြ ရွိလာခဲ့ရင္လည္း ရင္းဆုယဲ့ကို စြပ္စြဲေတာ့မွာမဟုတ္သလို တျခားလူေတြရဲ႕စကားကို နားေယာင္ၿပီး ဆန႔္က်င္မွာလည္း မဟုတ္ဘူး။
ရင္းဆုယဲ့အေပၚ လုံလုံေလာက္ေလာက္ ကာကြယ္ေပးခ်င္တယ္..!
“ေကာင္းၿပီ..!”
ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕လက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ၿပီး အခန္းထဲဝင္သြားတယ္။
***
“ဟြမ္ေပ့ခ်န္.. ေျပာစရာရွိတာ ေျပာပါ.. ရင္းဆုယဲ့ကို ဘာအတြက္ ေတြ႕ခ်င္တာလဲ..?”
႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ေခ်ာင္ယန္အခန္းရဲ႕ အဓိကထိုင္ခုံမွာ ထိုင္ေစၿပီး ဟြမ္ေပ့ခ်န္ကို တည့္ေမးလိုက္တယ္။
“လြန္ခဲ့တဲ့သုံးလေလာက္က ျမဴႏွင္းေတာအုပ္ထဲ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို အမွန္အတိုင္း သိခ်င္လို႔ပါ..!”
ေမးခြန္းေမးသူက ႐ႊယ္ယို႔ရွန္းဆိုေပမယ့္ ဟြမ္ေပ့ခ်န္က အထြန႔္တက္မေနဘဲ ျပန္ေျဖခဲ့တယ္။ ဒါေပမဲ့ ျပန္ေျဖေနတဲ့အခ်ိန္ သူ႔ရဲ႕အၾကည့္က ရင္းဆုယဲ့အေပၚမွာပဲ။ အေစာပိုင္းအျပဳအမူအရ ရင္းဆုယဲ့က သူ႔ဘက္မွာမရွိေတာ့မွန္း ဟြမ္ေပ့ခ်န္ သေဘာေပါက္လိုက္တယ္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးၾကားက ျပႆနာကို ေျဖရွင္းႏိုင္ဖို႔အတြက္ တတိယလူ ဝင္ပါေနတာကို မေက်နပ္ေပမယ့္လည္း ျပန္ေျဖေပးလိုက္တယ္။ သူ႔ရဲ႕ခံစားခ်က္ကို မ်က္ႏွာေပၚမွာ မေပၚလြင္ေစခဲ့ဘူး။
“ကြၽန္ေတာ့္မိသားစုဝင္ ေရွာင္ယဲ့ယဲ့ဆီက ဘာသိခ်င္တာလဲ..?”
အျပင္တစ္မ်ိဳး အတြင္းတစ္မ်ိဳးျဖစ္ေနတဲ့ ဟြမ္ေပ့ခ်န္ရဲ႕ စိတ္ဓာတ္ကို ႐ႊယ္ယို႔ရွန္းက ခ်က္ခ်င္း သတိျပဳမိလိုက္တယ္။ သူနဲ႔ရင္းဆုယဲ့က ႏွစ္ကိုယ့္တစ္စိတ္ဆိုတာ ေပၚလြင္ေစဖို႔အတြက္ ႐ႊယ္ယို႔ရွန္းက ေရွာင္ယဲ့ယဲ့ဆိုတဲ့ နာမည္ေျပာင္ကို ခြၽဲခြၽဲႏြဲ႕ႏြဲ႕ ေခၚေဝၚလိုက္တယ္။
ဟြမ္ေပ့ခ်န္က ရင္းဆုယဲ့နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတစ္ခု တည္ေဆာက္ခ်င္႐ုံဆိုတာ သူနားလည္ႏိုင္ပါတယ္။ ဒါေပမဲ့ ရင္းဆုယဲ့နဲ႔ပက္သက္ၿပီး တအားစိတ္လႈပ္ရွားလြယ္ေနတယ္ မဟုတ္ဘူးလား..?
႐ုတ္တရက္ႀကီး သူ႔ဝတၳဳရဲ႕တခ်ိဳ႕ Chapter ေတြမွာ Fujoshi ေတြ လာေရးတတ္တဲ့ Comment ေတြကို ဘာလို႔ေတြးမိသြားမွန္းမသိဘူး..! အထူးသျဖင့္ ဇာတ္လိုက္နဲ႔ဗီလိန္ၾကားက ဆက္ဆံေရးကို ဟိုလိုလိုဒီလိုလိုျဖစ္ေအာင္ ေရးထားၾကတဲ့ Comment ေတြပဲ။
သူ႔စိတ္ထဲ ေနရမေကာင္းေတာ့ဘူး..!
သူစာေရးတုန္းက သူ႔ရဲ႕အေတြးေတြ ျဖဴစင္တယ္ဆိုတာ ဘုရားသခင္သိပါတယ္။ ဇာတ္လိုက္နဲ႔ ဗီလိန္ၾကားက ျဖဴစင္႐ိုးသားတဲ့ သူငယ္ခ်င္းသံေယာဇဥ္ကိုပဲ ေရးခဲ့မိတာပါဗ်ာ..!
ဒါေပမဲ့ အခုေတာ့ ရင္းဆုယဲ့အေပၚ ဟြမ္ေပ့ခ်န္ရဲ႕ အျပဳအမူေတြကိုၾကည့္ရင္း သူကိုယ္တိုင္ေတာင္ မေသခ်ာေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ေမွာ္နဲ႔ဓားနယ္ေျမက အစစ္အမွန္ကမာၻ ျဖစ္လာခဲ့ၿပီေလ။ အဲ့တာေၾကာင့္ သူ႔ဝတၳဳထဲကအတိုင္း ဇာတ္ေၾကာင္းေတြကို ယူဆလို႔မရေတာ့ဘူး။ အထူးသျဖင့္ လက္ရွိအေျခအေနက မူလဇာတ္လမ္းကေန လုံးဝေသြဖယ္သြားခဲ့ၿပီ။ ဆိုလိုခ်င္တာကေတာ့ ဝတၳဳထဲမွာ သူ,မေရးခဲ့ေပမယ့္ တကယ့္ကမာၻအစစ္မွာ ျဖစ္မလာဘူးလို႔ ေျပာလို႔မရဘူးေလ။
ထိုတဒဂၤ ႐ႊယ္ယို႔ရွန္းရဲ႕ ဟြမ္ေပ့ခ်န္အေပၚ အၾကည့္က ထူးဆန္းလာတယ္။
ေမာင္းမေဆာင္သခင္ႀကီး ဟြမ္ေပ့ခ်န္က Bisexual လား..?
တကယ့္ဇာတ္ေၾကာင္းမွာ ဟြမ္ေပ့ခ်န္က မိန္းမလွေလးေတြ ပိုင္ဆိုင္ထားတာေတာင္ သူ႔မိသားစုဝင္ေလး ေရွာင္ယဲ့ယဲ့အေပၚ မေကာင္းတဲ့စိတ္ေတြ ရွိေနခဲ့တာျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ရင္းဆုယဲ့က သူ႔ရဲ႕ဆႏၵကို မလိုက္ေလ်ာေတာ့ အခ်စ္အမုန္းခံစားခ်က္ေတြ ျဖစ္ေပၚလာေရာ။ ရင္းဆုယဲ့ အေလ်ာ့ေပးလာေအာင္ ဖိအားေပးခ်င္ခဲ့ေပမယ့္ သူျဖစ္ခ်င္သလို ျဖစ္မလာခဲ့ဘူး။ အဲ့တာေၾကာင့္ အဆုံးသတ္မွာ ရင္းဆုယဲ့ကို မပိုင္ဆိုင္ရတဲ့အတြက္ ဖ်က္ဆီးပစ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ အဲ့လိုမ်ားလား..?
႐ႊယ္ယို႔ရွန္းခမ်ာ သူ႔အေတြးနဲ႔သူ ထိတ္လန႔္သြားရတယ္။
ေသာက္ရမ္းေၾကာက္ဖို႔ေကာင္းလိုက္တာ..!
“ကြၽန္ေတာ္ေျပာမယ္.. ေရွာင္ယဲ့ယဲ့နဲ႔ ပက္သက္သမွ်အကုန္ ကြၽန္ေတာ္သိထားတာမလို႔ ခင္ဗ်ားမွာ ေမးစရာရွိရင္ ကြၽန္ေတာ့္ကိုေမး..”
စကၠန႔္ပိုင္းအတြင္း ႐ႊယ္ယို႔ရွန္းနဲ႔ ရင္းဆုယဲ့နဲ႔ ဆက္ႏြယ္လာႏိုင္တဲ့ ဟြမ္ေပ့ခ်န္ရဲ႕ လုပ္ရပ္မွန္သမွ်ကို ဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာခ်ၿပီး ဖယ္ရွားပစ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ သူ႔မိသားစုဝင္ ေရွာင္ယဲ့ယဲ့ရဲ႕ ျဖဴစင္မႈကို အစြမ္းကုန္ ေစာင့္ေရွာက္ေပးရမယ္။
သူ႔ရဲ႕ဘဝေပးတာဝန္က အရမ္းေလးလံလာသလိုပဲ..!
အခုဆို သူ႔မွာ ရင္းဆုယဲ့ရဲ႕ ႏွလုံးသားထဲကို တျဖည္းျဖည္းခ်င္း တြယ္ကပ္ဖို႔ႀကိဳးစားေနတဲ့ ဟြမ္ေပ့ခ်န္ကို တားဆီးႏိုင္ဖို႔ရာအတြက္ အသင့္ျပင္ေနရၿပီ။
သူ႔ရဲ႕စကားေတြက မလုံေလာက္ေသးသလို ခံစားလိုက္ရတာေၾကာင့္ ႐ႊယ္ယို႔ရွန္းက တစ္ခဏေတြးေတာၿပီး အေစာပိုင္းက ဟြမ္ေပ့ခ်န္ရဲ႕ ေမးခြန္းအတြက္ ျပန္ေျဖေပးလိုက္တယ္။
“'ရတနာေတြကို လုယူခ်င္လို႔ လူသတ္ခဲ့ပါတယ္' ဆိုတဲ့ကိစၥနဲ႔ပက္သက္တဲ့ အမွန္တရားကေတာ့............. ရင္းဆုယဲ့က သူတို႔ရဲ႕အႀကံအစည္ကို သိလိုက္ရလို႔ပဲ။ သူတို႔ေတြက ခင္ဗ်ားတို႔ႏွစ္ေယာက္ကိုသတ္ၿပီး ရတနာေတြ လုယူခ်င္ေနတာ၊ အဲ့တာေၾကာင့္ ရင္းဆုယဲ့က သူတို႔ေတြနဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္ ခင္ဗ်ားေရာက္ခ်လာၿပီး ခင္ဗ်ားတို႔ကိုလုပ္ႀကံခ်င္ေနတဲ့ လူေတြဘက္က ကာကြယ္ေပးခဲ့တာ..!”
အျဖစ္မွန္ကို ရွင္းျပေနတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းရဲ႕ေလသံက ဟြမ္ေပ့ခ်န္အေပၚ အျပစ္တင္လိုဟန္အျပည့္။
“ဒါအမွန္ပဲလား..?”
ဟြမ္ေပ့ခ်န္လည္း အမွန္တရားကို အနည္းငယ္ မွန္းဆထားခဲ့ေပမယ့္ တျခားလူက မညႇာမတာ ထုတ္ေျပာလာေတာ့ အနည္းငယ္ စိတ္မသက္မသာျဖစ္သြားတယ္။
“ကြၽန္ေတာ္ေျပာခဲ့သမွ်က အမွန္ေတြခ်ည္းပဲ..!”
သူ႔ရဲ႕စကားကို မယုံၾကည္သလိုလုပ္ေနတဲ့ ဟြမ္ေပ့ခ်န္ကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းက မေက်မနပ္ျဖစ္သြားတယ္။ ထို႔ေၾကာင့္ ရင္းဆုယဲ့ဘက္သို႔လွည့္ကာ စစ္ကူေခၚလိုက္တယ္။
“ေရွာင္ယဲ့ယဲ့.. ကြၽန္ေတာ္ေျပာခဲ့တာေတြက အမွန္ေတြပဲဆိုတာ ဟြမ္ေပ့ခ်န္ကိုေျပာျပလိုက္..!”
“အင္း..”
ရင္းဆုယဲ့က ဟြမ္ေပ့ခ်န္ကို ေယာင္လို႔ေတာင္လွည့္မၾကည့္ဘူး။ ဒါေပမဲ့ ေကာင္ေလးက ေျပာခိုင္းတာေၾကာင့္ ရင္းဆုယဲ့လည္း ပူးေပါင္းကာ ျပန္ေျဖေပးလိုက္တယ္။
အတိတ္ဘဝတုန္းကလည္း ဒီအတိုင္းပဲ။ ဟြမ္ေပ့ခ်န္က ေတာ္ဝင္ၿမိဳ႕ေတာ္ကို ေရာက္ခ်လာၿပီး သူ႔ကိုလာရွာခဲ့တယ္။ ဒီအခ်ိန္၊ ဒီေနရာ၊ ဒီအေနအထားအတိုင္း တူညီတဲ့ေမးခြန္းကိုပဲ ေမးျမန္းလာခဲ့တယ္။ ဒါေပမဲ့ အဲ့အခ်ိန္တုန္းက ဟြမ္ေပ့ခ်န္ရဲ႕ စိတ္ရင္းေၾကာင့္ သူလည္း ခြင့္လႊတ္ေပးလိုက္ၿပီး ျပန္လည္သင့္ျမတ္သြားခဲ့ပါတယ္။ အဲ့တာေၾကာင့္ပဲ ဟြမ္ေပ့ခ်န္အတြက္ ‘ကံၾကမၼာကူးေျပာင္းျခင္း’ကို အသက္သြင္းဖို႔ ဆႏၵရွိခဲ့တာ။ ဒါေပမဲ့ ေနာက္ေတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဝမ္းကြဲခဲ့ရျပန္တယ္။ အဆုံးမွာေတာ့ ဟြမ္ေပ့ခ်န္ရဲ႕လက္ထဲမွာ အသက္ေပးလိုက္ရၿပီး ဆိုးဝါးတဲ့ကံၾကမၼာနဲ႔ သူတို႔ဆက္ဆံေရးကို အဆုံးသတ္ႏိုင္ခဲ့တယ္။
“ၾကားၿပီလား..?”
႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ရဲ႕ ပူးေပါင္းေပးမႈေၾကာင့္ ေက်နပ္သြားဟန္ ထုတ္ေဖာ္ျပလိုက္တယ္။ သူရဲ႕အျပဳအမူနဲ႔ ဟြမ္ေပ့ခ်န္ရဲ႕ ေမးခြန္းက အဆက္အစပ္မရွိေပမယ့္ ႐ႊယ္ယို႔ရွန္းက ဝံ့ႂကြားစြာ ဂုဏ္ဆာပစ္လိုက္ေလရဲ႕။
………………………………………..