• အိမ်
"ဖေးရွှမ်းလေး၊ ကိုယ့်ကိုဓားသိုင်းကပြပါလား"
ကံမကောင်းသည့်အလုပ်ရှင်ဟာ ထူးဆန်းသည့်တောင်းဆိုမှုများစွာကို နေ့တိုင်းပြုလုပ်တတ်ပါ၏။လုပ်ကြံသူသည် မျက်လုံးများကို ဖွင့်ကြည့်ဖို့အတွက်အနှောင့်အယှက်ဖြစ်မနေဘဲ၊
"ကျွန်တော်ကလုပ်ကြံသူနော်၊ လမ်းပေါ်ကဖျော်ဖြေသူမဟုတ်ဘူး၊ ပြီးတော့ကျွန်တော့်ကို ဖေးရွှမ်းလေးလို့မခေါ်နဲ့၊ ကျွန်တော့်ရဲ့ ဘယ်နေရာကများသေးနေလို့လဲ?"
မှန်ပါသည်။လုပ်ကြံသူတွင် တကယ်တော့နာမည်ရှိ၏။သူ့နာမည်က ကျောက်ဖေးရွှမ်းဖြစ်ပြီး သူ့မျိုးရိုးနာမည်ကိုပါ လုပ်ကြံသူ၏ယခင်ကဆရာကိုယ်တိုင် အဆင်ပြေသလိုပေးထားခဲ့ခြင်းပင်။
ကံမကောင်းသည့်အလုပ်ရှင်သည် သူ့နာမည်ကိုသိသွားပြီးနောက်မှာတော့ တကြော်ကြော်ပင် လိုက်၍အော်ခေါ်နေတတ်သည်။
"ဖေးရွှမ်းလေး ၊ ဖေးရွှမ်းလေး"
သူနဲ့ အဲ့'လေး'ဆိုတာက ဘာမှကိုမသက်ဆိုင်တာပါနော်၊ ဟုတ်ပြီလား!
လုပ်ကြံသူတစ်ယောက်အနေဖြင့်ကြည့်ပါက သူ့ခန္ဓာကိုယ်မှာ သွယ်လျ၏။သို့သော် ကိုယ်ခံပညာများအား သူလေ့ကျင့်ရသဖြင့် သူ့ခန္ဓာကိုယ်သည် အချိုးညီမျှကာ ချောမွတ်သည့်ကြွက်သားအလွှာများဖြင့်ဖုံးလွှမ်းနေပြီး သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည့်ချွန်ထက်သည့်ဓားကဲ့သို့ လှပလျက်ရှိသည်။
သူ့မျက်နှာမှာလဲ အတော်လေးပိန်သွယ်လှ၏။ထိုသည်ကို ကျောက်ဟွိုင်သာ မှတ်ချက်တစ်ခုပြုနိုင်လိမ့်မည်ဆိုပါက သူသေချာပေါက်ဒီလိုပြောလိမ့်မည်ပင်..
"တစ်ဆယ်"
ကျောက်ဟွိုင်သည် လုပ်ကြံသူနွှာပေးသည့်သစ်တော်သီးအား စားလိုက်ရင်း ပျင်းရိလေးတွဲ့နေသည့်လေသံဖြင့် ပြောလာသည်။
လုပ်ကြံသူဟာ ဂရုပြုလျက် သူ့လက်ကိုဆန့်ထုတ်လာ၏။ နောက်ဆုံးတွင် ဒီကံမကောင်းသည့်အလုပ်ရှင်ဟာ မျက်စိတစ်မှိတ်အတွင်း၌ သူစကားကို ပြန်ပြောင်းကာရုတ်သိမ်းသွားခြင်းမျိုးမရှိခဲ့ပါချေ။သူ့ဝတ်ရုံလက်များအတွင်း၌ ငွေတုံးများပြည့်သွားပြီး အလေးချိန်ကိုခံစားမိလိုက်ကာမှသာ ၎င်းတို့မှာ လုံခြုံသွားလိမ့်မည်ဖြစ်သည်။
လုပ်ကြံသူသည် မည်သည့်ဓားသိုင်းအကကိုမျှ မသိရှိပါချေ။သူဟာ လုပ်ကြံသူတစ်ယောက်သာဖြစ်ပြီး သူသင်ယူရသည့်အရာများသည် လူများကိုသတ်ဖို့အတွက် နည်းပညာများသာဖြစ်၏။ရိုးရှင်းစွာ၊ သပ်ရပ်စွာနှင့် တစ်ခါထဲအသတ်ကိုနှုတ်ယူနိုင်သည့် သေစေနိုင်လောက်သည့်အရာများပင်။
သို့သော်ငြား သူဟာ ကြည့်ကောင်းသည့်ရုပ်ရည်ဖြင့်မွေးဖွားလာခဲ့သဖြင့် ပြင်းထန်သောလှုပ်ရှားမှုများသည်ပင် မတူညီသည့်ပုံစံတစ်မျိုးကို ဖြစ်ပေါ်လာစေသည်။ခြံဝင်းအတွင်းရှိ ဓားသမားဝတ်စုံကိုဝတ်ဆင်ထားသည့် ဆံနွယ်အနက်ရောင်နှင့်လူငယ်လေးတစ်ဦးသည် ကြွေကျနေသော သစ်ရွက်များအကြားတွင် အေးစက်နေသော ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်လျက် သူ့ဓားသွား သွားရာနောက်သို့ လိုက်လံ၍ကခုန်နေ၏။ထိုအချင်းအရာသည် ကြည့်လိုက်ရုံနှင့်တင် မျက်စိပဒသဖြစ်စေမည့် လှပသည့်မြင်ကွင်းတစ်ခုပါပင်။
ကံမကောင်းသည့် အလုပ်ရှင်ဟာ ကျေနပ်သွားခဲ့လေသည်။
လုပ်ကြံသူသည် လှုပ်ရှားမှုနှစ်ကွက်အား ဖျော်ဖြေတင်ဆက်ပြီးသည့်နောက် ဓားကိုပြန်ချထားလိုက်သည်။
"ကျွန်တော်ရဲ့ ကိုယ်ခံပညာတွေကို အပြင်လူတွေကို ပြဖို့မရည်ရွယ်ထားဖူးဘူး၊ ဒါပေမဲ့အခု ခင်ဗျားကိုပြလိုက်ပြီဆိုတော့ ဆုတွေဘာတွေများမရှိဘူးလား"
"ဟင့်အင်း"
ကျောက်ဟွိုင်က အေးစက်စွာ ငြင်းပယ်လိုက်သည်။သူသည် သက်တောင့်သက်သာဖြင့် ပန်းသီးတစ်လုံးအား ကောက်ယူလိုက်ပြီးနောက် ကမ်းပေးလာရင်း၊
"ဒီမှာ မင်းအတွက်ဆု"
"ကပ်စေးနည်း"
လုပ်ကြံသူဟာ ရေရွတ်ရင်းဖြင့် ပန်းသီးကိုလှမ်းယူလိုက်ကာ တစ်တိတိဖြင့်စကိုက်ပါတော့သည်။
"မင်းရဲ့လက်မောင်းတွေ ခြေထောက်တွေကို နည်းနည်းလှုပ်လိုက်ရုံနဲ့ ငွေတစ်ဆယ်ပစ်ပေးလိုက်တာကို မင်းက ကိုယ့်ကိုကပ်စေးနည်းလို့ခေါ်ရဲသေးတယ်ပေါ့?"
ကျောက်ဟွိုင်သည် နောက်ထပ်ပန်းသီးတစ်လုံးအား ပစ်ပေးလိုက်ရင်း သိလိုစိတ်ဖြင့်မေးလိုက်မိသည်။
"မင်းဘာလို့ငွေတွေအများကြီး စုနေရတာလဲ"
"အိမ်ထောင်ပြုဖို့လေ"
လုပ်ကြံသူဟာ ပါးစပ်ထဲတွင်ပန်းသီးကိုဝါးနေလျက် ဖြေလာခဲ့သည်။
"အိမ်ထောင်ပြုရတာ ဈေးကြီးတယ်လို့ကျွန်တော်ကြားဖူးတယ်"
ဇနီးတစ်ယောက်ရဖို့အတွက် ဘယ်အချိန်မှာမှ ပိုက်ဆံလုံလုံလောက်လောက် စုနိုင်မလဲဆိုတာကို သူမသိရုံမျှသာ။လုပ်ကြံသူဟာ ဝမ်းနည်းစွာ တွေးလိုက်မိ၏။
ကျောက်ဟွိုင်သည် သူယခုလေးတင်ထုတ်လိုက်သော ငွေအိတ်အား တိတ်တဆိတ် ပြန်ထည့်ထားလိုက်ရင်း ချဉ်တူးစွာဆိုလာခဲ့သည်။
"မင်းရဲ့နောက်လ လစာကိုဖြတ်လိုက်ပြီ"
"ဘာလို့လဲ?"
လုပ်ကြံသူ၏ မျက်လုံးများက ပြူးကျယ်သွားရကာ ပန်းသီးပင်နင်သွားလုမတတ်။
"အလုပ်ရှင် ပေးထားတဲ့တာဝန်ကို မင်းကလေးလေးနက်နက်ပြီးအောင်မလုပ်တဲ့အပြင် ဆုကြေးတောင် တောင်းချင်နေသေးတယ်လေ"
ကျောက်ဟွိုင်က အေးစက်စွာ ဆိုလာသည်။
"မလုပ်ပါနဲ့"
လုပ်ကြံသူဟာ ပန်းသီးအရိုးကို အဝေးသို့ပစ်လိုက်ရင်း၊
"ကျွန်တော်နောက်တစ်ခေါက် ထပ်ကပြရင်ရောဘယ်လိုလဲ"
"ကိုယ်ထပ်မကြည့်ချင်တော့ဘူး"
ကံမကောင်းသည့်အလုပ်ရှင်အား ကျေနပ်စေရန်ခက်ခဲလှ၏။
သို့သော် နောက်လ လစာအတွက် လုပ်ကြံသူဟာ သူ့ဂုဏ်သိက္ခာများကို လွှင့်ပစ်လိုက်တော့သည်။
"ကျွန်တော် ခင်ဗျားကိုနှိပ်ပေးမယ်ဆိုရင်ရော"
ကံမကောင်းသည့်အလုပ်ရှင်မှာ လှုပ်ရှားသွားပုံရပြီး မရေရာစွာဖြေလာခဲ့သည်။
"ဒါဆို မင်းရဲ့လုပ်ဆောင်ချက်ကိုကြည့်ကြတာပေါ့"
လုပ်ကြံသူဟာ အနားကိုလျှောက်လာပြီး သူ့ပုခုံးကိုနှိပ်ပေးလိုက်၏။သူသည် အလွန်အလုပ်ကြိုးစားသည့် မြင်းအိုကြီးတစ်ကောင်နှင့်အတော်လေးတူနေသည်ဟုခံစားလိုက်ရကာ လုံ့လဝိရိယရှိစွာနှိပ်ပေးနေရင်း ဆိတ်ဆိတ်သာနေနေမိတော့သည်။
"ဇနီးတစ်ယောက်ကိုလက်ထပ်ယူတာက စိတ်ဒုက္ခပေးတာပဲ"
ကျောက်ဟွိုင်က ရောက်တတ်ရာရာပြောလာသည်။
"မင်းမှာအိမ်တွေ၊ ရတနာတွေ၊ ပိုးထည်တွေ၊ငွေထည်တွေရှိရမယ်၊ ပြီးတော့ အဲ့လူကို ချော့တာရော အလိုလိုက်တာရောလုပ်ရလိမ့်မယ် တစ်ချက်လေးတောင် မှားလို့မရဘူး"
တစ်ခုရှိသည်မှာ ဒီကမ္ဘာ၌ မိန်းမကောင်းလေးများစွာလဲ တည်ရှိနေဆဲသာဖြစ်သည်။လုပ်ကြံသူလေးဟာ အလွန်ကောင်းမွန်ပြီး အလွန်လဲလှပ၏။သူသာ မိန်းမတစ်ယောက်အား လက်ထပ်ချင်ပါက အိမ်၊ ကျော်ကြားမှု၊ နာမည်၊ ရတနာနှင့် ငွေထည်တွေမရှိလျှင်တောင် မိန်းမပျိုများစွာက သူ့အားလက်ထပ်ချင်ကြလိမ့်မည်သာ။သို့သော်လည်း ကျောက်ဟွိုင်က ဒီအပိုင်းကိုပြောပြဖို့မရည်ရွယ်ထားပါချေ။
"ကျွန်တော်သိပါတယ် ၊ အဲ့ဒါကြောင့် ကျွန်တော်ပိုက်ဆံစုဖို့ကြိုးစားနေတာလေ"
လုပ်ကြံသူဟာ တွေဝေမှုမရှိဘဲဖြေလာသည်။
အမှန်စင်စစ်တွင် သူဘယ်လိုမိန်းကလေးမျိုးကို သဘောကျမှန်းတောင် သူ့ကိုယ်သူမသိရှိပါချေ။သူလိုချင်သည်က အိမ်ပင်ဖြစ်၏။
သူသည် ငယ်ရွယ်စဉ်ထဲက လေ့ကျင့်ရေးများကိုစတင်ပြုလုပ်ခဲ့ရသည်။သူသာ နေ့နေ့ညညမလေ့ကျင့်ပါက ထမင်းစားခွင့်မရှိပါချေ။သူနေမကောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရချိန်တွင် သက်တောင့်သက်တာဖြစ်စေမည့် ဂရုစိုက်သည့် စကားလုံးများကိုလဲမကြားခဲ့ရ၊ ဆေးခါးကြီးထည့်ထားသည့် ပန်းကန်တစ်လုံးသည်သာ သူ့လက်ထဲရောက်လာလိမ့်မည်။တစ်ခါတစ်လေဆိုပါက ထိုသည်ကိုပင်မရရှိနိုင်ပေ။
သူ့မှာသာ အိမ်ရှိခဲ့ပါက သူနေမကောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရချိန်တွင် ဆေးခါးကြီးတစ်ပန်းကန်လုံးကို သောက်ရမည်ဆိုလျှင်တောင် ချိုမြန်သည့်အသီးခြောက်အပိုင်းစလေးနှင့်ငြင်သာသည့်အနမ်းတစ်ပွင့်အား ရရှိနိုင်သေးသည်သာ။ထိုအချက်အားစဉ်းစားမိသွားသည့်အခါ လုပ်ကြံသူ၏မျက်ဝန်းများက သတိမထားလိုက်မိပါဘဲ တောင့်တမှုလေးတစ်ခုအား ထုတ်ဖော်ပြသလာခဲ့၏။
\
Cc__ Zhao Huaiက Zhao (赵)နဲ့ Zhao Fei Shuangက Zhao(召) နဲ့မတူဘူးလို့Eng Translatorကnoteမှာရေးပေးထားပါတယ်၊ ကိုယ်တရုတ်လိုသွားရှာပြီး အသိအစ်မကို သေချာအောင်မေးကြည့်လိုက်တော့ ကျောက်ဟွိုင်(赵淮)နဲ့ ကျောက်ဖေးရွှမ်း(召飞霜)လို့ပဲခေါ်ပါတယ်တဲ့။
Thanks for reading🤍
Zawgyi
• အိမ္
"ေဖး႐ႊမ္းေလး၊ ကိုယ့္ကိုဓားသိုင္းကျပပါလား"
ကံမေကာင္းသည့္အလုပ္ရွင္ဟာ ထူးဆန္းသည့္ေတာင္းဆိုမႈမ်ားစြာကို ေန႕တိုင္းျပဳလုပ္တတ္ပါ၏။လုပ္ႀကံသူသည္ မ်က္လုံးမ်ားကို ဖြင့္ၾကည့္ဖို႔အတြက္အႏွောင့္အယွက္ျဖစ္မေနဘဲ၊
"ကြၽန္ေတာ္ကလုပ္ႀကံသူေနာ္၊ လမ္းေပၚကေဖ်ာ္ေျဖသူမဟုတ္ဘူး၊ ၿပီးေတာ့ကြၽန္ေတာ့္ကို ေဖးေရွာင္းေလးလို႔မေခၚနဲ႕၊ ကြၽန္ေတာ့္ရဲ႕ ဘယ္ေနရာကမ်ားေသးေနလို႔လဲ?"
မွန္ပါသည္။လုပ္ႀကံသူတြင္ တကယ္ေတာ့နာမည္ရွိ၏။သူ႕နာမည္က ေက်ာက္ေဖး႐ႊမ္းျဖစ္ၿပီး သူ႕မ်ိဳးရိုးနာမည္ကိုပါ လုပ္ႀကံသူ၏ယခင္ကဆရာကိုယ္တိုင္ အဆင္ေျပသလိုေပးထားခဲ့ျခင္းပင္။
ကံမေကာင္းသည့္အလုပ္ရွင္သည္ သူ႕နာမည္ကိုသိသြားၿပီးေနာက္မွာေတာ့ တေၾကာ္ေၾကာ္ပင္ လိုက္၍ေအာ္ေခၚေနတတ္သည္။
"ေဖး႐ႊမ္းေလး ၊ ေဖး႐ႊမ္းေလး"
သူနဲ႕ အဲ့'ေလး'ဆိုတာက ဘာမွကိုမသက္ဆိုင္တာပါေနာ္၊ ဟုတ္ၿပီလား!
လုပ္ႀကံသူတစ္ေယာက္အေနျဖင့္ၾကည့္ပါက သူ႕ခႏၶာကိုယ္မွာ သြယ္လ်၏။သို႔ေသာ္ ကိုယ္ခံပညာမ်ားအား သူေလ့က်င့္ရသျဖင့္ သူ႕ခႏၶာကိုယ္သည္ အခ်ိဳးညီမွ်ကာ ေခ်ာမြတ္သည့္ႂကြက္သားအလႊာမ်ားျဖင့္ဖုံးလႊမ္းေနၿပီး သူ႕လက္ထဲတြင္ကိုင္ေဆာင္ထားသည့္ခြၽန္ထက္သည့္ဓားကဲ့သို႔ လွပလ်က္ရွိသည္။
သူ႕မ်က္ႏွာမွာလဲ အေတာ္ေလးပိန္သြယ္လွ၏။ထိုသည္ကို ေက်ာက္ဟြိုင္သာ မွတ္ခ်က္တစ္ခုျပဳနိုင္လိမ့္မည္ဆိုပါက သူေသခ်ာေပါက္ဒီလိုေျပာလိမ့္မည္ပင္..
"တစ္ဆယ္"
ေက်ာက္ဟြိုင္သည္ လုပ္ႀကံသူႏႊာေပးသည့္သစ္ေတာ္သီးအား စားလိုက္ရင္း ပ်င္းရိေလးတြဲ႕ေနသည့္ေလသံျဖင့္ ေျပာလာသည္။
လုပ္ႀကံသူဟာ ဂ႐ုျပဳလ်က္ သူ႕လက္ကိုဆန႔္ထုတ္လာ၏။ ေနာက္ဆုံးတြင္ ဒီကံမေကာင္းသည့္အလုပ္ရွင္ဟာ မ်က္စိတစ္မွိတ္အတြင္း၌ သူစကားကို ျပန္ေျပာင္းကာ႐ုတ္သိမ္းသြားျခင္းမ်ိဳးမရွိခဲ့ပါေခ်။သူ႕ဝတ္႐ုံလက္မ်ားအတြင္း၌ ေငြတုံးမ်ားျပည့္သြားၿပီး အေလးခ်ိန္ကိုခံစားမိလိုက္ကာမွသာ ၎တို႔မွာ လုံၿခဳံသြားလိမ့္မည္ျဖစ္သည္။
လုပ္ႀကံသူသည္ မည္သည့္ဓားသိုင္းအကကိုမွ် မသိရွိပါေခ်။သူဟာ လုပ္ႀကံသူတစ္ေယာက္သာျဖစ္ၿပီး သူသင္ယူရသည့္အရာမ်ားသည္ လူမ်ားကိုသတ္ဖို႔အတြက္ နည္းပညာမ်ားသာျဖစ္၏။ရိုးရွင္းစြာ၊ သပ္ရပ္စြာႏွင့္ တစ္ခါထဲအသတ္ကိုႏႈတ္ယူနိုင္သည့္ ေသေစနိုင္ေလာက္သည့္အရာမ်ားပင္။
သို႔ေသာ္ျငား သူဟာ ၾကည့္ေကာင္းသည့္႐ုပ္ရည္ျဖင့္ေမြးဖြားလာခဲ့သျဖင့္ ျပင္းထန္ေသာလႈပ္ရွားမႈမ်ားသည္ပင္ မတူညီသည့္ပုံစံတစ္မ်ိဳးကို ျဖစ္ေပၚလာေစသည္။ၿခံဝင္းအတြင္းရွိ ဓားသမားဝတ္စုံကိုဝတ္ဆင္ထားသည့္ ဆံႏြယ္အနက္ေရာင္ႏွင့္လူငယ္ေလးတစ္ဦးသည္ ေႂကြက်ေနေသာ သစ္႐ြက္မ်ားအၾကားတြင္ ေအးစက္ေနေသာ ဓားရွည္တစ္ေခ်ာင္းကို ကိုင္ေဆာင္လ်က္ သူ႕ဓားသြား သြားရာေနာက္သို႔ လိုက္လံ၍ကခုန္ေန၏။ထိုအခ်င္းအရာသည္ ၾကည့္လိုက္႐ုံႏွင့္တင္ မ်က္စိပဒသျဖစ္ေစမည့္ လွပသည့္ျမင္ကြင္းတစ္ခုပါပင္။
ကံမေကာင္းသည့္ အလုပ္ရွင္ဟာ ေက်နပ္သြားခဲ့ေလသည္။
လုပ္ႀကံသူသည္ လႈပ္ရွားမႈႏွစ္ကြက္အား ေဖ်ာ္ေျဖတင္ဆက္ၿပီးသည့္ေနာက္ ဓားကိုျပန္ခ်ထားလိုက္သည္။
"ကြၽန္ေတာ္ရဲ႕ ကိုယ္ခံပညာေတြကို အျပင္လူေတြကို ျပဖို႔မရည္႐ြယ္ထားဖူးဘူး၊ ဒါေပမဲ့အခု ခင္ဗ်ားကိုျပလိုက္ၿပီဆိုေတာ့ ဆုေတြဘာေတြမ်ားမရွိဘူးလား"
"ဟင့္အင္း"
ေက်ာက္ဟြိုင္က ေအးစက္စြာ ျငင္းပယ္လိုက္သည္။သူသည္ သက္ေတာင့္သက္သာျဖင့္ ပန္းသီးတစ္လုံးအား ေကာက္ယူလိုက္ၿပီးေနာက္ ကမ္းေပးလာရင္း၊
"ဒီမွာ မင္းအတြက္ဆု"
"ကပ္ေစးနည္း"
လုပ္ႀကံသူဟာ ေရ႐ြတ္ရင္းျဖင့္ ပန္းသီးကိုလွမ္းယူလိုက္ကာ တစ္တိတိျဖင့္စကိုက္ပါေတာ့သည္။
"မင္းရဲ႕လက္ေမာင္းေတြ ေျခေထာက္ေတြကို နည္းနည္းလႈပ္လိုက္႐ုံနဲ႕ ေငြတစ္ဆယ္ပစ္ေပးလိုက္တာကို မင္းက ကိုယ့္ကိုကပ္ေစးနည္းလို႔ေခၚရဲေသးတယ္ေပါ့?"
ေက်ာက္ဟြိုင္သည္ ေနာက္ထပ္ပန္းသီးတစ္လုံးအား ပစ္ေပးလိုက္ရင္း သိလိုစိတ္ျဖင့္ေမးလိုက္မိသည္။
"မင္းဘာလို႔ေငြေတြအမ်ားႀကီး စုေနရတာလဲ"
"အိမ္ေထာင္ျပဳဖို႔ေလ"
လုပ္ႀကံသူဟာ ပါးစပ္ထဲတြင္ပန္းသီးကိုဝါးေနလ်က္ ေျဖလာခဲ့သည္။
"အိမ္ေထာင္ျပဳရတာ ေဈးႀကီးတယ္လို႔ကြၽန္ေတာ္ၾကားဖူးတယ္"
ဇနီးတစ္ေယာက္ရဖို႔အတြက္ ဘယ္အခ်ိန္မွာမွ ပိုက္ဆံလုံလုံေလာက္ေလာက္ စုနိုင္မလဲဆိုတာကို သူမသိ႐ုံမွ်သာ။လုပ္ႀကံသူဟာ ဝမ္းနည္းစြာ ေတြးလိုက္မိ၏။
ေက်ာက္ဟြိုင္သည္ သူယခုေလးတင္ထုတ္လိုက္ေသာ ေငြအိတ္အား တိတ္တဆိတ္ ျပန္ထည့္ထားလိုက္ရင္း ခ်ဥ္တူးစြာဆိုလာခဲ့သည္။
"မင္းရဲ႕ေနာက္လ လစာကိုျဖတ္လိုက္ၿပီ"
"ဘာလို႔လဲ?"
လုပ္ႀကံသူ၏ မ်က္လုံးမ်ားက ျပဴးက်ယ္သြားရကာ ပန္းသီးပင္နင္သြားလုမတတ္။
"အလုပ္ရွင္ ေပးထားတဲ့တာဝန္ကို မင္းကေလးေလးနက္နက္ၿပီးေအာင္မလုပ္တဲ့အျပင္ ဆုေၾကးေတာင္ ေတာင္းခ်င္ေနေသးတယ္ေလ"
ေက်ာက္ဟြိုင္က ေအးစက္စြာ ဆိုလာသည္။
"မလုပ္ပါနဲ႕"
လုပ္ႀကံသူဟာ ပန္းသီးအရိုးကို အေဝးသို႔ပစ္လိုက္ရင္း၊
"ကြၽန္ေတာ္ေနာက္တစ္ေခါက္ ထပ္ကျပရင္ေရာဘယ္လိုလဲ"
"ကိုယ္ထပ္မၾကည့္ခ်င္ေတာ့ဘူး"
ကံမေကာင္းသည့္အလုပ္ရွင္အား ေက်နပ္ေစရန္ခက္ခဲလွ၏။
သို႔ေသာ္ ေနာက္လ လစာအတြက္ လုပ္ႀကံသူဟာ သူ႕ဂုဏ္သိကၡာမ်ားကို လႊင့္ပစ္လိုက္ေတာ့သည္။
"ကြၽန္ေတာ္ ခင္ဗ်ားကိုႏွိပ္ေပးမယ္ဆိုရင္ေရာ"
ကံမေကာင္းသည့္အလုပ္ရွင္မွာ လႈပ္ရွားသြားပုံရၿပီး မေရရာစြာေျဖလာခဲ့သည္။
"ဒါဆို မင္းရဲ႕လုပ္ေဆာင္ခ်က္ကိုၾကည့္ၾကတာေပါ့"
လုပ္ႀကံသူဟာ အနားကိုေလွ်ာက္လာၿပီး သူ႕ပုခုံးကိုႏွိပ္ေပးလိုက္၏။သူသည္ အလြန္အလုပ္ႀကိဳးစားသည့္ ျမင္းအိုႀကီးတစ္ေကာင္ႏွင့္အေတာ္ေလးတူေနသည္ဟုခံစားလိုက္ရကာ လုံ႕လဝိရိယရွိစြာႏွိပ္ေပးေနရင္း ဆိတ္ဆိတ္သာေနေနမိေတာ့သည္။
"ဇနီးတစ္ေယာက္ကိုလက္ထပ္ယူတာက စိတ္ဒုကၡေပးတာပဲ"
ေက်ာက္ဟြိုင္က ေရာက္တတ္ရာရာေျပာလာသည္။
"မင္းမွာအိမ္ေတြ၊ ရတနာေတြ၊ ပိုးထည္ေတြ၊ေငြထည္ေတြရွိရမယ္၊ ၿပီးေတာ့ အဲ့လူကို ေခ်ာ့တာေရာ အလိုလိုက္တာေရာလုပ္ရလိမ့္မယ္ တစ္ခ်က္ေလးေတာင္ မွားလို႔မရဘူး"
တစ္ခုရွိသည္မွာ ဒီကမၻာ၌ မိန္းမေကာင္းေလးမ်ားစြာလဲ တည္ရွိေနဆဲသာျဖစ္သည္။လုပ္ႀကံသူေလးဟာ အလြန္ေကာင္းမြန္ၿပီး အလြန္လဲလွပ၏။သူသာ မိန္းမတစ္ေယာက္အား လက္ထပ္ခ်င္ပါက အိမ္၊ ေက်ာ္ၾကားမႈ၊ နာမည္၊ ရတနာႏွင့္ ေငြထည္ေတြမရွိလွ်င္ေတာင္ မိန္းမပ်ိဳမ်ားစြာက သူ႕အားလက္ထပ္ခ်င္ၾကလိမ့္မည္သာ။သို႔ေသာ္လည္း ေက်ာက္ဟြိုင္က ဒီအပိုင္းကိုေျပာျပဖို႔မရည္႐ြယ္ထားပါေခ်။
"ကြၽန္ေတာ္သိပါတယ္ ၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ပိုက္ဆံစုဖို႔ႀကိဳးစားေနတာေလ"
လုပ္ႀကံသူဟာ ေတြေဝမႈမရွိဘဲေျဖလာသည္။
အမွန္စင္စစ္တြင္ သူဘယ္လိုမိန္းကေလးမ်ိဳးကို သေဘာက်မွန္းေတာင္ သူ႕ကိုယ္သူမသိရွိပါေခ်။သူလိုခ်င္သည္က အိမ္ပင္ျဖစ္၏။
သူသည္ ငယ္႐ြယ္စဥ္ထဲက ေလ့က်င့္ေရးမ်ားကိုစတင္ျပဳလုပ္ခဲ့ရသည္။သူသာ ေန႕ေန႕ညညမေလ့က်င့္ပါက ထမင္းစားခြင့္မရွိပါေခ်။သူေနမေကာင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရခ်ိန္တြင္ သက္ေတာင့္သက္တာျဖစ္ေစမည့္ ဂ႐ုစိုက္သည့္ စကားလုံးမ်ားကိုလဲမၾကားခဲ့ရ၊ ေဆးခါးႀကီးထည့္ထားသည့္ ပန္းကန္တစ္လုံးသည္သာ သူ႕လက္ထဲေရာက္လာလိမ့္မည္။တစ္ခါတစ္ေလဆိုပါက ထိုသည္ကိုပင္မရရွိနိုင္ေပ။
သူ႕မွာသာ အိမ္ရွိခဲ့ပါက သူေနမေကာင္းျဖစ္ၿပီး ထိခိုက္ဒဏ္ရာရခ်ိန္တြင္ ေဆးခါးႀကီးတစ္ပန္းကန္လုံးကို ေသာက္ရမည္ဆိုလွ်င္ေတာင္ ခ်ိဳျမန္သည့္အသီးေျခာက္အပိုင္းစေလးႏွင့္ျငင္သာသည့္အနမ္းတစ္ပြင့္အား ရရွိနိုင္ေသးသည္သာ။ထိုအခ်က္အားစဥ္းစားမိသြားသည့္အခါ လုပ္ႀကံသူ၏မ်က္ဝန္းမ်ားက သတိမထားလိုက္မိပါဘဲ ေတာင့္တမႈေလးတစ္ခုအား ထုတ္ေဖာ္ျပသလာခဲ့၏။
\
Cc__ Zhao Huaiက Zhao ()နဲ႕ Zhao Fei Shuangက Zhao() နဲ႕မတူဘူးလို႔Eng Translatorကnoteမွာေရးေပးထားပါတယ္၊ ကိုယ္တ႐ုတ္လိုသြားရွာၿပီး အသိအစ္မကို ေသခ်ာေအာင္ေမးၾကည့္လိုက္ေတာ့ ေက်ာက္ဟြိုင္()နဲ႕ ေက်ာက္ေဖး႐ႊမ္း()လို႔ပဲေခၚပါတယ္တဲ့။
Thanks for reading🤍