မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
De ma_roses_are_blue
86.5K 10.3K 163
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... Mais
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၂၅)
1K 153 1
De ma_roses_are_blue
ဧကရီ မျက်နှာတစ်ခုလုံး မျက်မှောင်ကြုတ်ရင်း စကားဆက်ပြောလေသည်
"ဘယ်လိုတောင်လဲ ငါကြားတာက မှုးမတ်လိုင်လာအခြေအနေက ခက်ခဲတဲ့အခြေအနေရောက်နေပြီဆို ဒါပေမဲ့ ,ဒါက အလွန်ရက်စက်တာပဲ လူလိမ်တယောက်တောင်မ၀တ်မဲ့ အ၀တ်အစားနဲ့ပွဲတတ်လာတယ် မင်းက ငါတို့ တော်၀င်မိသားစုကို စော်ကားနေတာလား"
သူမမှင်တတ်မိသွားသည်
ဒီဂါ၀န်က သူမနဲ့မလိုက်တဲ့အပြင် အက်စတယ်လာ၀တ်ထားတဲ့ ကောင်းမွန်တဲ့ဂါ၀န်နဲ့ယှဉ်လိုက်ရင် အရည်အသွေးကအနည်းငယ်လစ်လပ်နေသေးတယ်ဆို‌တာမှန်ပေမဲ့ အခုလိုရှုတ်ချခံရဖို့အထိ သူမအတွက်မလိုအပ်ပေ
ဧကရီရဲ့ရည်ရွှယ်ချက်အမှန်က ဘာလဲဆိုတာ ရှင်းလင်းပေသည်
သူမက ပါးနေရားရဲ့ ၀တ်စုံကို ပွင့်ပွင့်လင်းလင်းထောက်ပြပြီး ဝေဖန်ချင်နေတာပင်
'ဒါပေမဲ့ ဘာကြောင့်လဲ ငါက သူတော်စင်လဲမဟုတ်ဘူး ဧကရီနဲ့အဆက်အစပ်လဲမရှိတဲ့ မှုးမတ်မိသားစုက မိန်းမငယ်လေးတစ်ယောက်သာသာပါ'
တခဏကြာပြီးနောက် သူမရဲ့အဖြေစကားမှာ မြန်မြန်ထွက်ပေါ်လာခဲ့သည်
"ကျစ် အခုလိုပုံစံနဲ့ ဒီနေရာကိုလာတဲ့အပြင် သိမ်မွေ့ယဉ်ကျေးတာတစ်ခုခုရှိဖို့လဲ မေ့နေတယ် မင်းနဲ့ သာမန်လူတန်းစားနဲ့ရှိတာက အကောင်းဆုံးလိုက်ဖတ်မှုပဲပေါ့"
'သေချာ‌တာပေါ့ သာမန်လူတန်းစားဆိုတဲ့ အပိုင်းက အက်စတယ်လာကို ရည်ညွှန်းတာပဲ'
'သူက ငါနဲ့လာရှုပ်ချင်တာက ငါကအက်စတယ်လာနဲ့ ရင်းနှီးတယ်ဆိုတာကို သူမသိနေတာကြောင့်သပ်သပ်နဲ့ပဲ အခုအက်စတယ်လာက သူမအတွက် အမှားတစ်ခုမှ ရှာမရ‌ဘူးပဲ'
သူမနောက်ကျော၌ ချွေးအေးတစ်စက်ကျသွားလေသည်
သူမက အက်စတယ်လာလဲမဟုတ်ပေ ကားလစ်ကလဲ သူမအပေါ် ဘာစိတ်၀င်စားမှုမှမရှိပေ သူမရဲ့တည်ရှိမှုက ဖုန်မှုန့်လိုမျှသာ ပိုပြီးပြောရရင် သူမက ကာကွယ်ပေးဖို့ထိုက်တန်တယ်လို့ဆိုသူ လုရှန်ကိုလဲ ဘယ်နေရာမှာမှရှာမတွေ့ပေ
သူမကိုကြည့်နေတယ် တခြားအထက်တန်းလွှာတွေကလဲ သူမအရှက်တကွဲဖြစ်တာ မြင်ရဖို့ ကောင်းကောင်းကြီး မျှော်လင့်စောင့်စားနေကြတဲ့ အမူအရာနှင့်ပင်
သူမနောက်မှာ ရပ်ပေးမဲ့သူတစ်ယောက်မှမရှိပေ
'ဒါက ပါနေးရားကိုဆန့်ကျင်ဖို့ အမြဲလိုလို အုပ်စုဖွဲ့နေတာလား'
သူ မမျှတသလိုခံစားလိုက်ရပေမဲ့ 'ဒါက အရင်ပါနေးရား တခြားသူတွေကို ညှဉ်းဆဲခဲ့တဲ့အချိန်အားလုံးအတွက် ၀ဍ်လည်တာလား'
'ဘယ်လိုပင်ဖြစ်နေပါစေ ငါတော့ ဧကရီမုန်းနေတဲ့ အက်စတယ်လာဆီကနေ ဘာအကူအညီမှ ရဖို့ဖြစ်နိုင်မှာမဟုတ်ဘူး'
ဒီအခြေအနေကို ဘေးကင်းကင်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုစဉ်းစားဖို့လုပ်နေစဉ် ကြည်လင်တဲ့အသံတစ်ခုကြားလိုက်ရသည်
"ဧကရီ ရှင်က တအား ရိုင်းတာပဲ"
ထိုသူက အက်စတယ်လာပင်
အက်စတယ်လာကို အံအားသင့်ရင်း ‌လှည့်ကြည့်လိုက်သည်
သူမမျက်နှာပေါ်မှာ ပြတ်သားတဲ့အမူအရာတစ်ခုနှင့် အက်စတယ်လာက ဧကရီဘွား‌ေတာ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်
"ရှင့်ရဲ့ရာထူးကဘယ်လောက်ပဲမြင့်နေပါစေ အရေးမကြီးတော့ဘူး လူတယောက်ရဲ့သေသေချာချာပြင်ဆင်ထားတဲ့ အ၀တ်တွေကို ဝေဖန်ဖို့ ရှင့်မှာ အခွင့်အရေးမရှိဘူးလို့ ကျွန်မထင်တယ်"
အက်စတယ်လာရဲ့ တည်ငြိမ်တဲ့စကားတွေကြောင့် ဧကရီမှာ မြင်မြင်သာသာ ရှက်နေပုံရသည်
ပြီးတော့ ပါနေးရားမှာလဲ တူညီသောအခြေအနေမှာပင်
သူမမှတ်မိသလောက်ဆို အက်စတယ်လာက ဧကရီကို ပြင်းထန်တဲ့စကားလေးတစ်ခွန်းတောင် ဘယ်တော့မှပြန်မပြောခဲ့ပေ
ဒီနူးညံ့တဲ့လေဒီကလေး အခုလို သန်မာလာတဲ့ တစ်ခုထဲသောအချိန်က သနားစရာကောင်းတဲ့ဇာတ်လိုက်မင်းသားရှေ့မှာပင်
အထူးသဖြင့် အခု‌တော့ ဧကရီက တော်၀င်မိသားစုထဲမှာ အကြီးဆုံးပင် ဒါကြောင့် အက်စတယ်လာသည် ဧကရီဆီမှာ ဘာစကားတွေကြားခဲ့ပါစေ သူမဘာဆိုဘာမှပြန်ခံမပြောခဲ့ပေ
'ငါနားကြားများ မှားနေတာလား'
ပါနေးရားမျက်လုံးတွေကို ပိတ်ပြီး ပြန်ဖွင့်လိုက်သည် ဒါပေမဲ့ သူမရှေ့က မြင်ကွင်းကတော့ မပြောင်းမလဲရှိနေသေးသည်
အက်စတယ်လာက ဧကရီမျက်လုံးတွေကို တည့်တည့်ကြည့်ရင်း မတ်တပ်ရပ်နေဆဲပင်
"ကျေးဇူးပြုပြီး ရှင့်အမှားကို ၀န်ခံပြီး သူမကို ချက်ချင်းတောင်းပန်ပါ"
"ဘာာာာ...."
ဧကရီရဲ့အမူအယာမှာလဲ ပျက်ယွင်းနေသသည်
တခဏကအထိ လှပကျော့ရှင်းနေတဲ့ မျက်နှာမှာ နီရဲလာခဲ့သည်
'ကြည့်ရတာ ပျော်စရာကောင်းလိုက်တာ'
ထိုနေရာ၌ လူအများကြီးက ဝိုင်းကြည့်နေပြီး သူမထက်လဲ ပိုငယ်ရွယ်သေးသည်သာမန်လူတန်းစားက မိန်းမငယ်သာသာက သူမအား အရှက်မဲ့စွာပြန်ခံပြောနေသေးပြန်ပြီး တောင်းပန်ဖို့လဲ ပြောရဲသေးသည်
'ကိုယ်နေရာကိုယ်သိစမ်း bitch!'လို့ အော်ပြီး အက်စတယ်လာကို ပါးရိုက်ရင်တောင် သိပ်ပြီးထူးဆန်းမည်မဟုတ်ပေ
ထိုအရာမဖြစ်လာခင် အက်စတယ်လာက သူမပါးစပ်ကို ဧကရီထက်မြန်မြန်ဖွင့်ပြီး ပြောလိုက်သည်
"ရှင် မတောင်းပန်ဘူးဆိုရင်..."
ပုံမှန်အားဖြင့် ကမ္ဘာပေါ်က ဘယ်သူကိုမဆို အန္တရာယ်ပေးဖို့ မဖြစ်နိုင်တဲ့ သူမရဲ့ကြည်လင်တဲ့အသံက ပွဲခန်းမတစ်လျှောက် ထွက်ပေါ်လာခဲ့သည်
"ကျွန်မ အလွန်စိတ်ဆိုးမိမှာ"
“……”
"တကယ်စိတ်ဆိုးမိမှာ"
အခုလိုပဲ အက်စတယ်လာအသံထဲမှာ ရန်လိုစိတ်ရော အပေါ်စီးကဆက်ဆံစိတ်ရော ဘာတစ်ခုမှပါ၀င်မနေပေ
ကလေးတစ်ယောက်လို အပြစ်ကင်းမှုသာပါ၀င်လေသည်
မည်သို့‌ပင်ဆိုစေ ဧကရီရဲ့မျက်နှာမှာ တင်းမာလာသည် သူမအခြိမ်းခြောက်ခံလိုက်ရသလိုဖြစ်သွားတာကြောင့်ပင်
ဧကရီမျက်နှာပေါ်က ထွက်ပေါ်လာတဲ့ အမူအယာကို ပါနေးရားနားလည်နိုင်ပေသည်
လူတိုင်းအတွက် လွယ်ကူတဲ့ဘက်ခြမ်းကိုသာချပြထားရင်း အက်စတယ်လာမှာ အချိန်တိုင်းလိုလို သူမကိုယ်သူမ နှိမ့်ချထားလေ့ရှိသည် ဒါကြောင့် လူတွေက အလွန်ရက်စက်တတ်တဲ့ဘက်ခြမ်းကိုမေ့ထားကြသည်
သူမက သူတော်စင်ပင်
နတ်ဘုရားရဲ့စွမ်းအားတွေနဲ့ ကောင်းချီးပေးခံထားရတဲ့ မြင့်မြတ်သူတယောက်ဖြစ်ပြီး သူမနောက်မှာရှိတဲ့ အာဏာက ဘယ်လောက်ကြီးလဲဆိုတာ သိနိုင်ပေသည် မရေမတွက်နိုင်တဲ့ ဘုန်းတော်ကြီးတွေကလဲ သူမရဲ့ နောက်လိုက်များပင်။ စိတ်ဆိုးနေတဲ့အက်စတယ်လာက အသိုင်းဝိုင်းတစ်ခုလုံး စိတ်ဆိုးတာနဲ့ အတူတူပင်
'လူတိုင်းရဲ့နောက်ကျောကို အေးစက်မှုတွေပေးနိုင်တဲ့ အာဏာပဲ ဧကရီတောင်မှ ဒီကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး'
အရင်ကထက်ပိုပြီး တောက်လောင်စွာတောက်ပနေတဲ့ အက်စတယ်လာနောက်မှာ ပိုပြီးသန်မာတဲ့ ဟယ်လို တစ်ခုကို သူမပင်ခံစားနိုင်သည်
အားကောင်းတဲ့ဘောစ့်တစ်ယောက်ကို အနိုင်ပိုင်းပြီး‌ အဆင့်တတ်သွားတဲ့ အဓိကဇာတ်ဆောင်တစ်ယောက်လို နီးပါးပင်
တခြားတစ်ဖက်မှာတော့ ဧကရီမှာ နှုတ်ခမ်းကိုကိုက်ထားရုံသာတတ်နိုင်တော့သည်
ဒါတစ်ခုထဲကသာ သူ့မရဲ့ဒေါကသကိုဖိနှိပ်ထားနိုင်ပေသည်
အက်စတယ်လာကို အသေးအဖွဲ့ကိစ္စလေးတွေအပေါ်ရမယ်ရှာတတ်သော သဘောထားသေးသည့်အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ဒီလိုအခြေအနေမှာ သူတော်စင်နှင့် ရန်ပွဲတစ်ခုလုပ်ရအောင်လောက်အထိ အလေးမထားမလုပ်ရဲပေ
နောက်ဆုံးမှာတော့ ဧကရီ သူမရဲ့တုန်နေတဲ့အသံကို ထိန်းရင်း ခက်ခက်ခဲခဲပြောလိုက်သည်
"သူတော်စင်စကားကို‌နားထောင်ပြီးတဲ့နောက် ငါ တကယ် ရိုင်းမိသွားတဲ့ပုံပဲ"
ထို့နောက် သူမအကြည့်ကို ပါနေးရားဆီရွေ့လာပြီး ‌ဆက်ပြောလာသည်
"မင်း အမှားကျုးလွန်တယ်လို့ ခံစားရရင် ဒီအတိုင်းပဲကျော်သွားရအောင်"
'အံဩစရာကောင်းလိုက်တာ'
ရှေးဆန်တဲ့ အဘွားတစ်ယောက်က အခုလို မှုးမတ်အိမ်လေးတစ်ခုက လေဒီတစ်ယောက်ဖြစ်တဲ့ သူမကို တောင်းပန်လာတော့
'ဟူးရေးး ဇာတ်လိုက်အမျိုးသမီးနဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်ရတာကောင်းလိုက်တာ'
ဧကရီက သူမကို အခုလိုအရှုပ်တွေလုပ်ပေးပြီးမှ လိမ်လိမ်မာမာနဲ့ ထွက်ခွာခွင့်ပေးလိုက်ရင် စိတ်ပျက်စရာကောင်းလိမ့်မည်
ဧကရီရဲ့တောင်းပန်စကားအတွက် သူမရဲ့ခံစားချက်ကို ဖော်ပြမဲ့အစား သူမခေါင်းကိုသာခါလိုက်သည်
ဧကရီရဲ့တောင်းပန်မှုကို လက်မခံချင်တဲ့အပြင် ပိုပြီးကြီးတဲ့အခြေအနေရောက်အောင် လုပ်ချင်တာလဲ မဟုတ်ပေ ဒါကြောင့်သူမ အလွန်မုန်းတီးစရာကောင်းတဲ့မျက်နှာတစ်ခုလုပ်လိုက်သည်
“……!”
နူးညံနေတဲ့ဧကရီရဲ့မျက်လုံးတွေက မီးပွားလို ရုတ်တရက်လတ်သွားခဲ့ပေမဲ့ သူမကတော့ မကြောက်ရွံပေ
'မရဘူး ရှင်က ကျွန်မကို လာရှုပ်တာ ဒါမှမဟုတ် အိန်ဂျယ်ကလေး သူတော်စင်ကလေးအက်စတယ်လာကိုလာရှုပ်တာဆိုရင် ကျွန်မကတော့ ခွင့်မလွှတ်နိုင်ဘူး'
ဘေးမှာရပ်နေတဲ့ အက်စတယ်လာရဲ့မျက်လုံးတွေနဲ့ သူမရဲ့မျက်လုံးတွေကို ဖောက်ထွက်သွားမလို ကြည့်နေရင်တောင်မှ ဧကရီက သူမကို ထပ်ပြီးတော့ မတိုက်ခိုက်တော့ပေ
"ရှင့်ကို ပိုပြီးနှစ်လိုဖွယ်ကောင်းတဲ့အချိန်မှာ ထပ်ပြီးတော့တွေ့ရဖို့မျှော်လင့်ပါတယ် လေဒီပါနေးရား"
ထိုသို့ပြောပြီးနောက် ဗီလိန်တယောက်ရဲ့အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ ခြိမ်းခြောက်စကားတစ်ခုထားပြီး ထွက်ခွါသွားခဲ့သည်
သူမထွက်ခွာသွားတဲ့နောက် သူမကြောက်ရွံနေခဲ့တယ်ဆိုတာ သတိထားမိလိုက်သည်
စကတ်အောက်က ဖုံးနေတဲ့သူမခြေထောက်တွေကတုန်ရင်နေခဲ့သည်
သိသာသွားမှာ‌ကိုတတ်နိုင်သမျှရှောင်ချင်တာကြောင့် သူမစားပွဲကို မှီလိုက်ပြီး အက်စတယ်လာ သူမဘေးရောက်လာတဲ့အချိန်၌ အသက်ရှုထုတ်လိုက်သည်
အစောကဧကရီရှေ့၌ တအားဂုဏ်သိက္ခာရှိသလိုပုံစံလုပ်နေတဲ့ အမျိုးသမီးရဲ့မျက်နှာမှာ တခဏကနှင့်လုံး၀ကို ကွဲပြားတဲ့ အမူအရာရှိသည်
အက်စတယ်လာ သူမအားအကူအညီမဲ့သလိုအကြည့်နှင့်ကြည့်ပြီး ပြောလာလေသည်
"ကျွန်မစိတ်မကောင်းပါဘူး မစ်ပါနေးရား ရှင် နားထောင်ဖို့မလိုအပ်တဲ့တွေကို ကျွန်မကြောင့် နားထောင်လိုက်ရပြီ"
“……”
ထူးဆန်းပြီး ပူလောင်တဲ့ အထိအတွေ့တစ်ခု ပေါ်ထွက်လာခဲ့သည် ထိုအရာက သူမရင်ကို ခံစားလာစေသည်
'ဘာလို့ ဒီလောက်တောင် ကြင်နာတတ်ရတာလဲ'
သူမခေါင်းကိုခါလိုက်သည်
"အဲ့အတွက်စိတ်မပူပါနဲ့ ရှင့်ကျေးဇူးကြောင့်နဲ့ ပြဇာတ်တခုကို ပျော်ပျော်ကြီးကြည့်လိုက်ရတယ်"
"ဒါပေမဲ့...."
"ပြီးတော့ အက်စတယ်လာကလဲ ကျွန်မအတွက်နဲ့ ကူပြီး ‌ရန်ဖြစ်ပေးသေးတယ်"
သူမရီသံတစ်ချို့လုပ်လိုက်သည်
"ကျွန်မတကယ်ပျော်ခဲ့ရပါတယ်"
အက်စတယ်လာ သူမကို ဘလာနတ္တိကြည့်နေခဲ့သည် တခဏကြာပြီးနောက် အက်စတယ်လာ မျက်လုံးတွေကို ကွေး‌တဲ့အထိပြုံးပြလာခဲ့သည်
လှပတဲ့အပြုံးလေးတစ်ခုပဲ
ထိုအချိန်မှတော့ သူမတို့နှစ်ယောက်ဘေးမှာရှိနေတဲ့ လုရှန်နဲ့ ကားလစ်တို့၏မျက်နှာမှာ တင်းမာလာခဲ့သည်
(ယောကျာ်းသားတို့ အမေ့ခံဘ၀ရောက်နာ🤣🤣)
သူတို့ သူမအပေါ်ဘယ်လောက်မနာလိုဖြစ်နေလိုက်မလဲဆိုတာ သူမတွေးကြည့်နိုင်ပေသည် ဒါပေမဲ့ သူမမှာ အရင်ကလောက်သူတို့ကို မကြောက်တော့ပေ
ဘာလို့လဲဆိုတော့ သူမက အက်စတယ်လာရဲ့သူငယ်ချင်းကောင်းလေးမလို့လေ
────── 〔〕─────
ရှည်လျားလှတဲ့ ပွဲအခမ်းအနားကလဲ နောက်ဆုံးမှာတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အထက်တန်းလွှာတွေကလဲ သူတို့ကိုစောင့်ကြိုနေကြတဲ့ ကိုယ်ပိုင်ရထားလုံးတွေနဲ့ ထွက်ခွါသွားကြသည်
(နောက်ဆုံးတော့ ပွဲပြီးသွားပါပြီ ပွဲခန်းမအပိုင်းကို သုံးပိုင်းလောက်ပြန်လိုက်ရတယ်🥲)
အက်စတယ်လာတစ်ယောက်ထဲကသာ ရထားလုံးနှင့်မလာတဲ့သူပင်
'သူမကတော့ လမ်းလျှောက်ပြီးပြန်မှာထင်တယ်'
ထို့နောက် သူမ လုရှန်ကိုပြောလိုက်သည်
"အရှင်ကာဒီယမ် ဘာလို့ အက်စတယ်လာကို အိမ်ပြန်လိုက်မပို့ရတာလဲ"
'သေချာပေါက်ပဲပေါ့ လုရှန် ဒီတောင်းဆိုချက်ကို ငြင်းဆန်လိမ့်မည်မဟုတ်ဆိုတာ ငါယုံကြည့်တယ်'
ဘယ်လိုပဲဖြစ်ဖြစ် သ‌ဘောတူလိမ့်မည်ဟု တထစ်ချယုံကြည်နေစဉ် လုရှန်ရဲ့တုံ့ပြန်မှုမှာ ရေးကြီးခွင်ကျယ်လုပ်ရင်း လှုပ်ရမ်းနေသည်မှာ မထင်ထားလောက်အောင် စိတ်ပျက်စရာကောင်းလေသည်
"မစ်အက်စတယ်လာက ရထားလုံးစီးရတာကို တကယ်မကြိုက်ဘူး"
"တကယ်လား"
"ဟုတ်တယ်"
တကယ်တော့ သူမ ပွဲခန်းမကထဲကနေခံစားနေရသည် လုရှန်ပုံစံမှာ ပျော်ရွှင်နေပုံမပေါက်ပေ
ဒါက သူ့ပုံစံမဟုတ်ဘူး သူမပါးတွေကို ဖောင်းလိုက်သည်
ထို့နောက် သူမတို့အနားလျှောက်လာတဲ့အက်စတယ်လာကပြောလိုက်သည်
"လေဒီနေးရား ကျွန်မကအဆင်ပြေပါတယ် အရှင်ဧကရာဇ်က ကျွန်မကိုတွေ့ချင်တယ်လို့ပြောလိုက်တယ် ဒါကြောင့် ကျွန်မ သူကို တခဏလောက်သွားတွေ့ရအုမ်းမှာမို့ စိတ်မပူပါနဲ့ ပြန်နှင့်လိုက်ပါ"
ဧကရာဇ်မှာ နေမကောင်းတာကြောင့် ဒီနေ့ပွဲမှာပေါ်မလာပေ အဲ့လိုဖြစ်နေတာတောင်မှ သူက အက်စတယ်လာကို ရှာနေသေးသည်
ထင်တဲ့အတိုင်း ဧကရာဇ်ဆီမှာ အက်စတယ်လာအတွက် နက်နဲတဲ့ ချစ်ခင်နှစ်သက်ခြင်းတစ်ခုရှိနေသေးသည်
မူရင်း၀တ္ထုတစ်ခုလုံး၌ပင် ခွေးတစ်ကောင်လိုပြုမူနေတဲ့ကားလစ်နဲ့မတူပဲ အက်စတယ်လာကို တချိန်လုံး ဉာဏ်ရှိရှိစောင့်ရှောက်ပေးခဲ့တဲ့ ဧကရာဇ်အကြောင်းပြန်တွေးရင်း သူမခေါင်းငြိမ့်လိုက်သည်
ကျွန်မနားလည်ပြီ"
‌ထို့နောက် လုရှန်နှင့် သူမ ရထားလုံးထဲသို့၀င်လိုက်သည်
“…….”
“…….”
'ဒီတိတ်ဆိတ်မှုကြီးက အရမ်းမသက်မသာဖြစ်လိုက်တာ'
နောက်ဆုံးတော့ သူမ လုရှန်ဆီ စကားတစ်ခွန်း ပြောလိုက်သည်
"အရှင်ကာဒီယမ် ဒီလိုတိတ်ဆိတ်နေတာကို ကျွန်မတကယ် မနေနိုင်တော့ဘူး ရှင်ကျွန်မကို ပြောစရာရှိရင်လဲ လွတ်လွတ်လပ်လပ်သာပြောလိုက်တော့ ရှင်ကြိုက်တာသာပြောလိုက်တော့ ကျွန်မနားထောင်မယ်"
ဒါပေမဲ့ အံဩစရာကောင်းစွာ လုရှန်ရဲ့ နီရဲရဲမျက်လုံးတွေမှာ နာကျင်သွားသလို တုန်လှုပ်နေသည်။ နောက်ဆုံးတော့ သူ့နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့မထားနိုင်တော့ပဲ သူရဲ့ရိုးသားတဲ့အတွေးတွေကို ထုတ်ပြောလာခဲ့သည်
"မင်းက မစ်အက်စတယ်လာနဲ့ပဲ အခမ်းအနားတစ်လျှောက်လုံးစကားပြောနေတာလေ"
'ဒါက reasonတစ်ခုလား'
ဘယ်လိုပဲဖြစ်နေပါစေ သူမတွေးထားခဲ့တာနဲ့ တစ်ထပ်ထဲဖြစ်နေတာကြောင့် သူမသိပ်ပြီး မအံဩပေ
လုရှန်ပြောပြီးသလို သူမ အက်စတယ်လာနှင့် ရည်ရွယ်ချက်ရှိရှိ တချိန်လုံးစကားပြောနေခဲ့သည် မဟုတ်ရင် လူတွေကလာပြီး အက်စတယ်လာကို စိတ်အနှောင့်အယှက်ပေးဖို့ စလာကြမှာကြောင့်ပင်
သူမတွင် အက်စတယ်လာကို ခံစားရအောင်လုပ်တဲ့ ကားလစ်ကို ရစ်ဖို့ ဖုံးကွယ်ထားတဲ့ လှုပ်ရှားမှုတစ်ခုရှိသည်
ထင်တဲ့အတိုင်းပင် လူတွေ အက်စတယ်လာအနားကို လွယ်လွယ်နှင့် မချဉ်းကပ်ရဲတဲ့အပြင် ကားလစ်ကလဲ သူမတို့အား မနာလိုသောမျက်လုံးအစုံနှင့် ကြည့်နေခဲ့သည်
သူမတို့ဘေးမှာပြုံးရင်း ရပ်နေခဲ့တဲ့ လုရှန်ကတော့ ဘာမှထူးခြားသလိုဖြစ်နေသည်ကတော့ ကံမကောင်းစရာပင်
တစ်ခါထဲ သူမ ရင်ထဲ၌ ၀မ်းနည်းတဲ့ခံစားချက်အသစ်တစ်ခုဖြတ်ပြေးသွားသည်
'ကျွန်မသိပါတယ် ရှင်အချိန်ကြာကြာ ချစ်နေခဲ့ရတဲ့အမျိုးသမီးက ရုတ်တရက်ကြီး ကျွန်မနဲ့ အရမ်းရင်းနှီးလာတာမြင်ရတာ ခက်ခဲမှာပဲ ဒါပေမဲ့ ကျွန်မက ရှင်ရဲ့ဇနီးလောင်းဖြစ်နေဆဲလေ'
'ရှင့်အတွက် တအားများလွန်သွားပြီလား'
သူမမျက်ခုံးတွေကို ကြုတ်လိုက်‌စဉ် လုရှန်က ရေရွတ်လာသည်
"ကိုယ့်မှာတော့ မင်းမှာနာမည်ပြောင်ရှိမှန်းတောင် မသိခဲ့ရဘူး"
“…Yes?”
"မင်းက ကိုယ့်ဇနီးလောင်း ပြီးတော့လဲ မင်းကို ကိုယ်အရင်တွေ့ခဲ့တာ နေးရား" ( သူပြောချင်တာကလေ သူက အက်စတယ်လာထက်အရင် ပါနေးရားကို သိခဲ့တယ်လို့ပြောချင်တာပါ)
သူ့မျက်နှာ၌ မချိတင်ကဲအမူအယာနှင့် လက်ချောင်းတွေနှင့် ဆံပင်ကိုပွတ်ရင်း လုရှန်တိုးတိုးလေးရေ‌ရွတ်လေသည်
"ကိုယ်ဆိုလိုတာက မင်းပြောခဲ့တာလေ ကိုယ်က မင်းမျက်လုံးထဲမှာ တောက်ပနေတဲ့ ပထမဆုံးလူဆို"
'ဒါက ဘယ်လိုတိုးတတ်မှုကြီးလဲ?'
'ဒါဆို ရှင်ဆိုလိုတာက ရှင်က ကျွန်မကို မနာလိုဖြစ်နေတာမဟုတ်ဘူးပေါ့'
"ရှင် တကယ်ကြီး မစ်အက်စတယ်လာကို မနာလိုဖြစ်နေတာလား"
လုရှန် သူဖုံးကွယ်ထားတဲ့အမှန်တရားဖော်ထုတ်ခံလိုက်ရသလို ငွေမင်ရောင်မျက်တောင်တွေမှာ တုန်လှုပ်‌နေသည်
ဒါပေမဲ့ သူမပြောတာကို ငြင်းဆန်မဲ့အစား လုရှန် တခြားခေါင်းစဉ်ကို ယူဆောင်ဖို့ ဆက်ပြောလေသည်
"ပြီးတော့ ကိုယ် အရာတစ်ခုနဲ့ပတ်သတ်ပြီး စိတ်သက်သာရာရခဲ့တယ်"
သူ့မျက်လုံးတွေက စိတ်အပန်းဖြေနေသလို အကြည့်နှင့် သူမအား ပုခုံးတွန့်ပြရင်း နှစ်ကြိမ်လောက် ကြည့်ပြီး ပြောလိုက်သည် "လေဒီ၀တ်တဲ့ဂါ၀န်က တကယ်ကို မစ်အက်စတယ်လာနဲ့ ဆင်တူဂါ၀န်ဆိုတာသိလိုက်ရတော့ ကိုယ်စိတ်သက်သာရာရမိတယ်"
'ရုတ်တရက်ကြီး ဘာကြောင့် ဂါ၀န်လဲ'
မနက်ခင်းက သူမမြင်လိုက်ရတဲ့ သူ့ရဲ့အမူအရာကိုသတိရမိလိုက်သည်
သူမျက်နှာက သူမရဲ့ဂါ၀န်ကို မျက်မှောင်ကြုတ်ရင်းကြည့်နေခဲ့သည် ထိုအရာက မသင့်တော်သလိုအကြည့်နှင့်ပင်
သူမ လုရှန်ကို ထိုအကြောင်းမေးတုန်းက သူ မရိုးသားတာမဖြစ်ချင်တာကြောင့် တိတ်တိတ်နေခဲ့သည်
အဲ့အချိန်တုန်းက သူမရဲ့ပုံစံက သူမျက်လုံးထဲ နှစ်သက်စရာကောင်းတဲ့ပုံမပေါ်ဘူးဟုသာ ထင်မိခဲ့သည်
ဒါပေမဲ့ သူမမျှော်လင့်ထားခဲ့တဲ့အရာနှင့် လုံး၀ကွဲလွဲစွာ လုရှန် တစ်စုံတစ်ရာပြောလာခဲ့သည်
"တကယ်က ကိုယ်ထင်ခဲ့တာ မင်းက အိမ်ရှေ့မင်းသား သဘောကျဖို့ကြိုးစားနေတာလို့ ဒါကြောင့် ကိုယ် နည်းနည်း မဟုတ်ဘူး အရမ်းဒေါသထွက်ခဲ့တာ ဒါကြောင့် ကိုယ်မင်းကို အမှန်တိုင်း မပြောနိုင်ခဲ့တာ"
“……”
ထို့နောက် လုရှန် လက်ကိုရှေ့ထုတ်လာပြီး သူရဲ့အသားမာတတ်နေတဲ့လက်နှင့် သူမပါးကိုထိလိုက်သည်
နီရဲရဲမျက်လုံးတစ်စုံကလဲ သူမမျက်လုံးအစုံနှင့် တွေ့ဆုံခဲ့သည်
"မင်း လှနေတယ်" သူအသံမှာ မယုံနိုင်လောက်အောင် ချိုမြနေခဲ့သည်
"ဒီနေ့"
“……”
"ပြီးတော့ ကိုယ်တို့ပထမဆုံးတွေ့ခဲ့တဲ့ နေ့တုန်းကလဲပဲ"
“……”
"ပြီးတော့ အနာဂတ်မှာလဲ ဆက်ပြီး လှနေအုမ်းမှာ"
'မင်းက ကိုယ့်မျက်လုံးထဲမှာ အမြဲတမ်းလှနေမှာ'
ထိုအချိန်မှာတော့ သူမရဲ့နှလုံးသားမှာ သူရဲ့အသံကြောင့် ပေါက်ကွဲထွက်သွားမလိုဖြစ်နေကြောင်း ခံစားလိုက်ရသည် သူမနားထဲ ကျယ်ကျယ်လောင်လောင်မြည်နေရင်းနှင့်ပင်။
Continue lendo
Você também vai gostar
1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.7M 208K 165
15.2K 516 34
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...