ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 288K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

136

5.5K 1.1K 64
By Melinoe_Megami

Unicode

“ခင်ဗျားတို့ရွေးထားတာတွေက ကျုပ်ကိုတောင် မယှဉ်နိုင်တာ၊ ရင်းဆုယဲ့ရဲ့ နှလုံးသားထဲက ကျုပ်ရဲ့နေရာကို အစားထိုးနိုင်ဖို့ အခွင့်အရေးရှိပါဦးမလား.. ခင်ဗျားတို့ အရှုံးကြီးရှုံးသွားပြီ..!”

ရွှယ်ယို့ရှန်းက တဖြည်းဖြည်း မျက်နှာပျက်ယွင်းလာတဲ့ မှူးမတ်တွေကို လုံးဝဂရုမစိုက်ဘဲ သူ့ရဲ့သုံးသပ်ချက်ကို တည့်တိုးပြောပစ်လိုက်တယ်။

သင်းတို့ကို အနိုင်ကျင့်ပြီး သူ့ရဲ့နေရာအမှန်ကို ပြရမယ်..!

“မင်းရဲ့စကားတွေက တစ်ဖက်သတ်ဆန်လွန်းတယ်လို့ မထင်ဘူးလား..?”

ရုတ်တရက် ထုတ်ဖော်ပြလာတဲ့ ရွှယ်ယို့ရှန်းရဲ့ စွမ်းအင်အဆင့်ကြောင့် ထိုလူအုပ်ကြီးလည်း လန့်ဖြန့်သွားပေမယ့် သူတို့ရဲ့အကျိုးအမြတ်ကို ထိခိုက်လာသောကြောင့် ထပ်မံငြင်းခုန်ပြန်တယ်။ ရွှယ်ယို့ရှန်းက ရုပ်ရည်သွင်ပြင်နဲ့ စွမ်းအင်ကျင့်ကြံမှုမှာ ထူးချွန်ပေမယ့် အရာရာမှာ လူတိုင်းထက်သာလွန်နေတယ်လို့ မဆိုလိုဘူးလေ။ သူတို့သာ ဒီမိစ္ဆာကောင်ရဲ့ အားနည်းချက်ကို ရှာတွေ့ရင် လက်ရှိအခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်။

“ခင်ဗျားတို့ပြောချင်တာကို ကျုပ်သိပါတယ်.. တစ်ခုလောက်တော့ ရိုးရိုးသားသား ပြောပြချင်တယ်.. ကျုပ်က အရာအားလုံးမှာ ထူးချွန်တယ်လို့ မဆိုနိုင်ပေမယ့် ခင်ဗျားတို့လူတွေထက် သာလွန်နေတာပဲလေ..”

ရွှယ်ယို့ရှန်းက တော်ရုံသင့်ရုံသာ ပြောလိုက်ဟန်ထင်ရပေမယ့် စကားလုံးအသုံးအနှုန်းက ကျွမ်းကျင်လိမ္မာတယ်။

မူလကမ္ဘာမှာဆိုရင် သူ့ရဲ့ စောင်းတီး၊ ကျားထိုး၊ ဗဟုသုတနှင့် ပန်းချီရေးဆွဲခြင်း ပညာရပ်တွေက ငတုံးသာသာလောက်လို့ သတ်မှတ်ခံရနိုင်တယ်။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာတော့ သူပိုင်ဆိုင်ထားတဲ့ ဗဟုသုတတွေက တလောကလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ လုံလောက်တယ်။

ပြောရမယ်ဆိုရင် သူသတ်မှတ်ထားတဲ့ အခြေခံစည်းမျဉ်းအရ..

ဇာတ်လိုက်က မူလကမ္ဘာပေါ်က လူကြိုက်များတဲ့ သီချင်းတစ်ပုဒ် ဆိုပြလိုက်ရင် ဒီကမ္ဘာပေါ်မှာတော့ ကောင်းကင်ဘုံရဲ့ တမန်တော်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။

နာမည်ကြီးကဗျာတစ်ပုဒ် ရွတ်ပြလိုက်ရင် ဆရာ့ဆရာကြီးအဖြစ် သတ်မှတ်ခံရလိမ့်မယ်။

ခဲပန်းချီပုံကြမ်းနည်းနည်းလောက် ဆွဲပြလိုက်ရင်လည်း စိတ်ကူးစိတ်သန်းကောင်းသူ၊ စွန့်ဦးတီထွင်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။

အဲ့တော့ ဝိဉာဉ်ကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ ဒီလိုကိစ္စတွေမှာ အသာစီးရနေတာ ပုံမှန်ပဲ။

မှတ်မိပါသေးရဲ့။ ‘ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်’ ဝတ္ထုထဲမှာ ဇာတ်လိုက်က ကဗျာရွတ်ပွဲတစ်ခုကို ဖိတ်ခေါ်ခံခဲ့ရပြီး ထိုပွဲမှာ လှောင်ပြောင်ခံခဲ့ရတယ်။ ဇာတ်လိုက်လည်း သည်းမခံနိုင်တော့ ပေါက်ကွဲသွားတာပေါ့။ အဲ့တာကြောင့် လက်တစ်ဖက်က ဝိုင်ပုလင်းကို ဟန်ပါပါနဲ့ဆွဲယူလိုက်ပြီး ကျန်လက်တစ်ဖက်က စုတ်တံကိုဆွဲကိုင်လိုက်တယ်။ ပြီးတာနဲ့ မူလကမ္ဘာပေါ်က ရှေးဟောင်းကဗျာတစ်ပုဒ်ကို ခပ်တည်တည်နဲ့ ချရေးလိုက်ပါလေရော။ သူ့ရဲ့လှုပ်ရှားမှု၊ ကဗျာကိုဖတ်ရင်း လူတိုင်း မှင်သက်သွားကြတယ်။ ထိုဖြစ်ရပ်ကြောင့် သူ့ကိုလှောင်ပြောင်နှိမ်ချခဲ့တဲ့ လူတွေရဲ့မျက်နှာကို ဖြတ်ရိုက်နိုင်လိုက်သလို တချိန်တည်းမှာပဲ မိန်းမလှလေးတွေရဲ့ နှလုံးသားကို အရယူနိုင်ခဲ့တယ်။

ဒီလိုမျိုးရေးသားခဲ့တာက ‘ဝက်ယောင်ဆောင်ပြီး ကျားကိုစားမယ့်အကွက်’လိုမျိုး အရင်ဆုံး သိုသိုသိပ်သိပ်နေပြီး အင်အားအစစ်အမှန်ကို နောက်မှဖော်ထုတ်ရတဲ့ ဇာတ်ကွက်မျိုးကို သူ,ကြိုက်နှစ်သက်လို့ပဲ။ ဒီလိုဇာတ်ကွက်မျိုးတွေက ဇာတ်လမ်းအတက်အကျကို ဖန်တီးပေးနိုင်ပြီး စာဖတ်သူတွေလည်း သဘောကျတယ်လေ။ ဝတ္ထုတစ်ပုဒ်မှာ အကောင်းဆုံး ဇာတ်ကွက်တွေပေါ့။

(TN : ‘ဝက်ယောင်ဆောင်ပြီး ကျားကိုစားတယ်’ဆိုတာ ဘာမှမတတ်သလို ဟန်လုပ်ပြီးမှ ဆရာကြီးဆိုတဲ့လူတွေကို ဖြတ်ရိုက်တာမျိုးပါ။)

“အဲ့လောက် ယုံကြည်ချက်ရှိနေရင်လည်း သက်သေပြလေ..? မဟုတ်ရင် ကြင်ယာတော်လောင်းတွေနဲ့ လာယှဉ်ပြိုင်လှည့်..”

ကံဆိုးစွာဖြင့် ထိုလူအုပ်ကြီးက ရွှယ်ယို့ရှန်းရဲ့ အတွင်းစိတ်ကို မသိခဲ့ဘူး။ ထို့ကြောင့် သူတို့ရွေးချယ်ထားရတဲ့ ကြင်ယာတော်လောင်းတွေအတွက် စွမ်းရည်ပြနိုင်မယ့် အခွင့်အရေးရလာပြီလို့ ထင်နေကြတော့တယ်။

သူတို့လူတွေသာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ရင် ဘုရင်မင်းမြတ်ရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်လိမ့်မယ်။ ကြင်ယာတော်ရွေးပွဲ ဖျက်သိမ်းခံလိုက်ရရင်တောင် အရှုံးထဲကအမြတ်ပဲ။

ထို့ကြောင့် မှူးမတ်တစ်စုက ရွှယ်ယို့ရှန်းရဲ့ ယှဉ်ပြိုင်လိုစိတ်ကို တမင်ဆွနေကြခြင်းဖြစ်တယ်။

“အခြေခံယှဉ်ပြိုင်မှုဖြစ်တဲ့ ရုပ်ရည်သွင်ပြင်ကိုတောင် မယှဉ်နိုင်တာ.. တခြားယှဉ်ပြိုင်စရာ လိုသေးလို့လား.. သူတို့တွေက ကျုပ်နဲ့ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဘူး..!”

ရွှယ်ယို့ရှန်းက မေးချီကာ ကြင်ယာတော်လောင်းတွေကို မေးဆတ်ပြလိုက်ရင်း ထိုလူများကို အထင်အမြင်သေးဟန် ပြုမူလိုက်တယ်။

‘ဝက်ယောင်ဆောင်ပြီး ကျားကိုစားမယ့်အကွက်’ လုပ်ချင်တာတောင် သူ့ရဲ့ပြိုင်ဘက်တွေက အရမ်းအားနည်းလွန်းနေတယ်။ စက္ကူကျားလို့တောင် သတ်မှတ်လို့မရဘူး။ တကယ့် ဝက်အုပ်စုပဲ။ အဲ့တော့ ဘာဆက်လုပ်ရမှာလဲ..? ဘယ်လိုလုပ် ဝက်ယောင်ဆောင်ပြီး ဝက်ကိုစားရမှာလဲ..?

အချိန်ဖြုန်းချင်ရင်ဆောင် အဲ့လိုကိစ္စမျိုး မလုပ်ချင်ပါဘူး။ ဒီလူတွေရဲ့မျက်နှာကို ဖြတ်ရိုက်ချင်ရုံနဲ့ သူတို့ရဲ့တောင်းဆိုချက်ကို လက်ခံစရာမှမလိုတာ။

ယှဉ်ပြိုင်ပေးရမယ်..? တူလို့လားတန်လို့လား..!     

သူ့လို မြင့်မြတ်ခန့်ညားတဲ့ လူတစ်ယောက်က ရှိုးပဲ့အောင် အဲ့လိုလုပ်စရာလား..!

သိသာစွာဖြင့်ပဲ ဘဝင်မြင့်နေတဲ့ တစ်စုံတစ်ယောက်ကတော့ ခုနလေးတင် မှူးမတ်ဝန်ကြီးတွေရှေ့မှာ သူ့ကိုယ်သူ နိမ့်ကျချင်ယောင်ဆောင်နေခဲ့တာကို မေ့လျော့နေလေရဲ့။

“ခင်ဗျားတို့ကြင်ယာတော်လောင်းတွေက ကျုပ်ကို ဘယ်နေရာမှ ယှဉ်နိုင်တာမဟုတ်ဘူး.. ရင်းဆုယဲ့နှလုံးသားထဲက ကျုပ်ရဲ့နေရာကို ဘယ်လိုခိုးယူမှာလဲ..?”

ရွှယ်ယို့ရှန်းက အလျော့မပေးသေးတဲ့ ထိုလူတွေကိုကြည့်ပြီး တည့်တိုးမေးလိုက်တယ်။

သူနဲ့ ဒီကြင်ယာတော်လောင်းတွေကြား ရွေးချယ်ခိုင်းရင် သာမာန်လူတစ်ယောက်တောင် ဘယ်သူ့ကိုရွေးချယ်သင့်မှန်း သိလိမ့်မယ်။ ကြည့်ရတာ ဒီအဘိုးကြီးတွေတော့ အာဏာအရူးလွန်ပြီး မျက်လုံးကန်းနေကြပြီထင်ပါရဲ့။

အဲ့တော့ 'အကြင်နာကင်းမဲ့ခြင်း’ ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို သိအောင်လုပ်ပေးရမှာပေါ့..!

သူတို့အတွက် မျှော်လင့်ချက်ထားနိုင်ဖို့ဆိုတာ သိပ်မလွယ်ခဲ့ဘူး။ ဒါပေမဲ့ အဆုံးသတ်ခါနီးမှ တစ်စုံတစ်ယောက် ရောက်ချလာပြီး သူတို့စီစဉ်ထားသမျှကို အကြင်နာကင်းကင်း ဖျက်ဆီးပစ်လိုက်တယ်။

ဒီလိုသာဆက်ဖြစ်နေရင် အဘိုးကြီးတွေ ရူးကုန်တော့မှာပဲ..!

“အတိုချုပ်ပြောရရင် ကြင်ယာတော်ရွေးပွဲကျင်းပတာက ဒီအတိုင်း ဟာသတစ်ပုဒ်ပဲ..!”

ရွှယ်ယို့ရှန်းက ထိုလူများ၏ တုံးအမှုကို ဟာသလုပ်ရန်မမေ့။

လှောင်ပြောင်တဲ့စကားလုံးတွေက ရောက်တတ်ရာရာပြောတာထက် ကြင်ယာတော်ရွေးပွဲအပေါ် သူ့ရဲ့သဘောထားကို ပိုပြီးပေါ်လွင်စေတယ်လေ။ ဒီအချိန်မှာတော့ သူ့ဘက်က ကြင်ယာတော်ရွေးပွဲအပေါ် အစကနေအဆုံးထိ ဟာသတစ်ပုဒ်လိုပဲ သဘောထားခဲ့တယ်ဆိုတာ လူတိုင်း သိစေရမယ်..!

“………….”

ရွှယ်ယို့ရှန်းရဲ့ လှောင်ပြောင်သရော်သလို နှိမ့်ချပြောဆိုမှုကြောင့် လူတိုင်း ဒေါသထွက်ပြီး ရူးသွပ်လုမတတ် ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်က အေးစက်စက် စိုက်ကြည့်နေတာကြောင့် မလှုပ်ရဲကြဘူး။

စိတ်ထဲမှာ ပေါက်ကွဲနေပေမယ့် ဖွင့်ထုတ်လို့မရတော့ သူတို့သွားတွေတောင် ကျိန်းစပ်လာသလိုပဲ..! (အံကြိတ်ရလွန်းလို့)

“သဘောမတွေ့ပေမယ့် ကြင်ယာတော်ရွေးပွဲကျင်းပဖို့ ဘာလို့သဘောတူခဲ့လဲဆိုတာ ခင်ဗျားတို့သိကြလား..?”

ထိုသို့မေးလိုက်ရင်း ရွှယ်ယို့ရှန်းရဲ့ နှုတ်ခမ်းထောင့်က ဖုံးကွယ်လို့မရအောင် ကော့တက်သွားတယ်။ ဒီတစ်ခေါက်တော့ သူ့ရဲ့ခံစားချက်အမှန်ကို ဖော်ပြလိုက်တာပါပဲ။

“…………..”

ရွှယ်ယို့ရှန်းရဲ့ အကြောင်းပြချက်ကို သိချင်ကြပေမယ့် ကြားလို့ကောင်းတဲ့ အဖြေမဟုတ်မှန်း အလိုလိုသိနေတာကြောင့် မှူးမတ်တွေလည်း အသံတိတ်နေလိုက်ကြတယ်။။

“ကြင်ယာတော်ရွေးပွဲကျင်းပဖို့ ခွင့်ပြုလိုက်တာ……… ရင်းဆုယဲ့က ကျုပ်အပိုင်ဆိုတာ ခင်ဗျားတို့အားလုံးကို သိစေချင်လို့ပဲ..!”

ပိုင်စိုးပိုင်နင်းဖြစ်တယ်ပြောပြော ရွှယ်ယို့ရှန်းကတော့ ဂရုမစိုက်ပါဘူး။ သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို တရားဝင် ကြေညာပစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဘယ်သူက ရင်းဆုယဲ့အပေါ် စိတ်ယိုင်နေတယ်၊ ဘယ်သူ့ကိုတော့ သတိထားဖို့လိုအပ်တယ်ဆိုတာ ရွှယ်ယို့ရှန်းက အကဲခတ်လိုက်တယ်။

အစကတော့ ရွေးချယ်ခံတွေကို သတိပေးချင်တာ၊ ရင်းဆုယဲ့ကို စိတ်ကူးမယဉ်ဖို့ပေါ့။ ဒါပေမဲ့ တစ်ယောက်မှ အဆင့်မမီဘူးလေ။ အဲ့တော့ မှူးမတ်တွေကိုပဲ အနိုင်ကျင့်ရတော့မှာပေါ့။

ဒီအဘိုးကြီးတွေက အရမ်းတော်ပြီးထက်မြက်တဲ့ ကြင်ယာတော်လောင်းတွေဆိုရင် ထိန်းချုပ်ရခက်မှာစိုးလို့ထင်ပါရဲ့။ ပြီးတော့ အချင်းချင်း ရန်သတ်နေကြပြီး တစ်ဖက်လူကိုလည်း အခွင့်မသာစေချင်ကြဘူး။ အဲ့တော့ ထက်မြက်လှပါတယ်ဆိုတဲ့ ပြိုင်ပွဲဝင်တွေက ဖြုတ်ချခံလိုက်ရပြီး နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ရွေးချယ်ခံတွေက ကြည့်လို့ကောင်းရုံ အခွံလွတ်တွေချည်းပဲ။

ဒါပေမဲ့ သူ့ဘက်ကတော့ ရှင်းရှင်းလင်းလင်း လုပ်ထားမှဖြစ်မယ်။ အနာဂါတ်မှာ ဒီလိုအလားတူဖြစ်ရပ်မျိုး ထပ်မမြင်ချင်ဘူးလေ။ အခုတွေ့တဲ့လူတွေက အားနည်းတယ်ဆိုပေမယ့် အနာဂါတ်မှာ ဒီလိုမျိုးလူတွေနဲ့ပဲ ထပ်တွေ့လိမ့်မယ်လို့ မဆိုလိုဘူး။ ရင်းဆုယဲ့ကို ယုံကြည်ပေမယ့် တချိန်လုံး ကြင်ယာတော်ကိစ္စ ဖြေရှင်းနေရမှာကို သူ,မကြိုက်ပါဘူး။ အဲ့တော့ လက်ရှိကြင်ယာတော်ရွေးပွဲကို အသုံးချပြီး နောင်ဖြစ်လာမယ့် ကိစ္စတွေအကုန်လုံးကို တစ်ခါတည်း ဖြေရှင်းပစ်ရမယ်။

ဒါကြောင့် ကြင်ယာတော်ရွေးပွဲကို သဘောတူခဲ့တာပဲ..!

“ရင်းဆုယဲ့.. သူတို့ကို ပြောပြလိုက်.. ခင်ဗျားက ကျုပ်အပိုင် ဟုတ်လားမဟုတ်ဘူးလား..?”

ရွှယ်ယို့ရှန်းက ရှော့ရနေတဲ့ လူအုပ်ကြီးကို လျစ်လျူရှုပြီး ရင်းဆုယဲ့ကို လှည့်မေးလိုက်တယ်။

“ဟုတ်တယ်..”

ရင်းဆုယဲ့က ပြန်ဖြေလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကိုလည်း ကြေညာဖို့မမေ့ဘူး။

“ဒါပေမဲ့ မင်းကလည်း ကိုယ့်အပိုင်ပဲနော်..”

လူအများရှေ့ အောင်ပွဲခံနေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့စိတ်ထဲ ခံစားချက်တစ်ခုသာ ကြီးစိုးနေတယ်။

‘အရမ်းအရမ်း ချစ်ဖို့ကောင်းတာပဲ..!’

အရမ်းချစ်ဖို့ကောင်းလွန်းတာကြောင့် ရင်းဆုယဲ့မှာ စိတ်မထိန်းနိုင်တော့ဘဲ ငုံ့နမ်းတော့မယ်အပြု……

“ဟုတ်ပါပြီ..”

ရွှယ်ယို့ရှန်းက တိုးညှင်းစွာ သဘောတူလိုက်တယ်။

ရင်းဆုယဲ့ရဲ့ မျက်ဝန်းထဲက ပြင်းရှရှခံစားချက်တွေကို မြင်လိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ဦးနှောက်ဆဲလ်တွေကို ချက်ချင်း အလုပ်ပေးလိုက်တယ်။

ရင်းဆုယဲ့က သူ့အပိုင်ပါလို့ လူတိုင်းရှေ့ပြောလိုက်ပေမယ့် လက်တွေ့မပြရင် ဒီအတိုင်း ယုံတမ်းစကား ဖြစ်သွားမှာပေါ့နော်..?!

ထို့ကြောင့် ရင်းဆုယဲ့ မလှုပ်ရှားခင်မှာပင် ရွှယ်ယို့ရှန်းက ခြေဖျားထောက်ကာ ခေါင်းကိုမော့လျက် ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းကို နမ်းရှိုက်လိုက်တော့တယ်။

………………………………………..

Zawgyi

“ခင္ဗ်ားတို႔ေ႐ြးထားတာေတြက က်ဳပ္ကိုေတာင္ မယွဥ္ႏိုင္တာ၊ ရင္းဆုယဲ့ရဲ႕ ႏွလုံးသားထဲက က်ဳပ္ရဲ႕ေနရာကို အစားထိုးႏိုင္ဖို႔ အခြင့္အေရးရွိပါဦးမလား.. ခင္ဗ်ားတို႔ အရႈံးႀကီးရႈံးသြားၿပီ..!”

႐ႊယ္ယို႔ရွန္းက တျဖည္းျဖည္း မ်က္ႏွာပ်က္ယြင္းလာတဲ့ မႉးမတ္ေတြကို လုံးဝဂ႐ုမစိုက္ဘဲ သူ႔ရဲ႕သုံးသပ္ခ်က္ကို တည့္တိုးေျပာပစ္လိုက္တယ္။

သင္းတို႔ကို အႏိုင္က်င့္ၿပီး သူ႔ရဲ႕ေနရာအမွန္ကို ျပရမယ္..!

“မင္းရဲ႕စကားေတြက တစ္ဖက္သတ္ဆန္လြန္းတယ္လို႔ မထင္ဘူးလား..?”

႐ုတ္တရက္ ထုတ္ေဖာ္ျပလာတဲ့ ႐ႊယ္ယို႔ရွန္းရဲ႕ စြမ္းအင္အဆင့္ေၾကာင့္ ထိုလူအုပ္ႀကီးလည္း လန႔္ျဖန႔္သြားေပမယ့္ သူတို႔ရဲ႕အက်ိဳးအျမတ္ကို ထိခိုက္လာေသာေၾကာင့္ ထပ္မံျငင္းခုန္ျပန္တယ္။ ႐ႊယ္ယို႔ရွန္းက ႐ုပ္ရည္သြင္ျပင္နဲ႔ စြမ္းအင္က်င့္ႀကံမႈမွာ ထူးခြၽန္ေပမယ့္ အရာရာမွာ လူတိုင္းထက္သာလြန္ေနတယ္လို႔ မဆိုလိုဘူးေလ။ သူတို႔သာ ဒီမိစာၦေကာင္ရဲ႕ အားနည္းခ်က္ကို ရွာေတြ႕ရင္ လက္ရွိအေျခအေနကို ေျပာင္းျပန္လွန္ႏိုင္လိမ့္မယ္။

“ခင္ဗ်ားတို႔ေျပာခ်င္တာကို က်ဳပ္သိပါတယ္.. တစ္ခုေလာက္ေတာ့ ႐ိုး႐ိုးသားသား ေျပာျပခ်င္တယ္.. က်ဳပ္က အရာအားလုံးမွာ ထူးခြၽန္တယ္လို႔ မဆိုႏိုင္ေပမယ့္ ခင္ဗ်ားတို႔လူေတြထက္ သာလြန္ေနတာပဲေလ..”

႐ႊယ္ယို႔ရွန္းက ေတာ္႐ုံသင့္႐ုံသာ ေျပာလိုက္ဟန္ထင္ရေပမယ့္ စကားလုံးအသုံးအႏႈန္းက ကြၽမ္းက်င္လိမၼာတယ္။

မူလကမာၻမွာဆိုရင္ သူ႔ရဲ႕ ေစာင္းတီး၊ က်ားထိုး၊ ဗဟုသုတႏွင့္ ပန္းခ်ီေရးဆြဲျခင္း ပညာရပ္ေတြက ငတုံးသာသာေလာက္လို႔ သတ္မွတ္ခံရႏိုင္တယ္။ ဒါေပမဲ့ ဒီကမာၻေပၚမွာေတာ့ သူပိုင္ဆိုင္ထားတဲ့ ဗဟုသုတေတြက တေလာကလုံးကို လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ လုံေလာက္တယ္။

ေျပာရမယ္ဆိုရင္ သူသတ္မွတ္ထားတဲ့ အေျခခံစည္းမ်ဥ္းအရ..

ဇာတ္လိုက္က မူလကမာၻေပၚက လူႀကိဳက္မ်ားတဲ့ သီခ်င္းတစ္ပုဒ္ ဆိုျပလိုက္ရင္ ဒီကမာၻေပၚမွာေတာ့ ေကာင္းကင္ဘုံရဲ႕ တမန္ေတာ္အျဖစ္ သတ္မွတ္ခံရလိမ့္မယ္။

နာမည္ႀကီးကဗ်ာတစ္ပုဒ္ ႐ြတ္ျပလိုက္ရင္ ဆရာ့ဆရာႀကီးအျဖစ္ သတ္မွတ္ခံရလိမ့္မယ္။

ခဲပန္းခ်ီပုံၾကမ္းနည္းနည္းေလာက္ ဆြဲျပလိုက္ရင္လည္း စိတ္ကူးစိတ္သန္းေကာင္းသူ၊ စြန႔္ဦးတီထြင္သူအျဖစ္ သတ္မွတ္ခံရလိမ့္မယ္။

အဲ့ေတာ့ ဝိဉာဥ္ကူးေျပာင္းလာသူ တစ္ေယာက္အေနနဲ႔ ဒီလိုကိစၥေတြမွာ အသာစီးရေနတာ ပုံမွန္ပဲ။

မွတ္မိပါေသးရဲ႕။ ‘ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္’ ဝတၳဳထဲမွာ ဇာတ္လိုက္က ကဗ်ာ႐ြတ္ပြဲတစ္ခုကို ဖိတ္ေခၚခံခဲ့ရၿပီး ထိုပြဲမွာ ေလွာင္ေျပာင္ခံခဲ့ရတယ္။ ဇာတ္လိုက္လည္း သည္းမခံႏိုင္ေတာ့ ေပါက္ကြဲသြားတာေပါ့။ အဲ့တာေၾကာင့္ လက္တစ္ဖက္က ဝိုင္ပုလင္းကို ဟန္ပါပါနဲ႔ဆြဲယူလိုက္ၿပီး က်န္လက္တစ္ဖက္က စုတ္တံကိုဆြဲကိုင္လိုက္တယ္။ ၿပီးတာနဲ႔ မူလကမာၻေပၚက ေရွးေဟာင္းကဗ်ာတစ္ပုဒ္ကို ခပ္တည္တည္နဲ႔ ခ်ေရးလိုက္ပါေလေရာ။ သူ႔ရဲ႕လႈပ္ရွားမႈ၊ ကဗ်ာကိုဖတ္ရင္း လူတိုင္း မွင္သက္သြားၾကတယ္။ ထိုျဖစ္ရပ္ေၾကာင့္ သူ႔ကိုေလွာင္ေျပာင္ႏွိမ္ခ်ခဲ့တဲ့ လူေတြရဲ႕မ်က္ႏွာကို ျဖတ္႐ိုက္ႏိုင္လိုက္သလို တခ်ိန္တည္းမွာပဲ မိန္းမလွေလးေတြရဲ႕ ႏွလုံးသားကို အရယူႏိုင္ခဲ့တယ္။

ဒီလိုမ်ိဳးေရးသားခဲ့တာက ‘ဝက္ေယာင္ေဆာင္ၿပီး က်ားကိုစားမယ့္အကြက္’လိုမ်ိဳး အရင္ဆုံး သိုသိုသိပ္သိပ္ေနၿပီး အင္အားအစစ္အမွန္ကို ေနာက္မွေဖာ္ထုတ္ရတဲ့ ဇာတ္ကြက္မ်ိဳးကို သူ,ႀကိဳက္ႏွစ္သက္လို႔ပဲ။ ဒီလိုဇာတ္ကြက္မ်ိဳးေတြက ဇာတ္လမ္းအတက္အက်ကို ဖန္တီးေပးႏိုင္ၿပီး စာဖတ္သူေတြလည္း သေဘာက်တယ္ေလ။ ဝတၳဳတစ္ပုဒ္မွာ အေကာင္းဆုံး ဇာတ္ကြက္ေတြေပါ့။

(TN : ‘ဝက္ေယာင္ေဆာင္ၿပီး က်ားကိုစားတယ္’ဆိုတာ ဘာမွမတတ္သလို ဟန္လုပ္ၿပီးမွ ဆရာႀကီးဆိုတဲ့လူေတြကို ျဖတ္႐ိုက္တာမ်ိဳးပါ။)

“အဲ့ေလာက္ ယုံၾကည္ခ်က္ရွိေနရင္လည္း သက္ေသျပေလ..? မဟုတ္ရင္ ၾကင္ယာေတာ္ေလာင္းေတြနဲ႔ လာယွဥ္ၿပိဳင္လွည့္..”

ကံဆိုးစြာျဖင့္ ထိုလူအုပ္ႀကီးက ႐ႊယ္ယို႔ရွန္းရဲ႕ အတြင္းစိတ္ကို မသိခဲ့ဘူး။ ထို႔ေၾကာင့္ သူတို႔ေ႐ြးခ်ယ္ထားရတဲ့ ၾကင္ယာေတာ္ေလာင္းေတြအတြက္ စြမ္းရည္ျပႏိုင္မယ့္ အခြင့္အေရးရလာၿပီလို႔ ထင္ေနၾကေတာ့တယ္။

သူတို႔လူေတြသာ အေကာင္းဆုံး စြမ္းေဆာင္ျပႏိုင္ရင္ ဘုရင္မင္းျမတ္ရဲ႕ စိတ္ဝင္စားမႈကို ရယူႏိုင္လိမ့္မယ္။ ၾကင္ယာေတာ္ေ႐ြးပြဲ ဖ်က္သိမ္းခံလိုက္ရရင္ေတာင္ အရႈံးထဲကအျမတ္ပဲ။

ထို႔ေၾကာင့္ မႉးမတ္တစ္စုက ႐ႊယ္ယို႔ရွန္းရဲ႕ ယွဥ္ၿပိဳင္လိုစိတ္ကို တမင္ဆြေနၾကျခင္းျဖစ္တယ္။

“အေျခခံယွဥ္ၿပိဳင္မႈျဖစ္တဲ့ ႐ုပ္ရည္သြင္ျပင္ကိုေတာင္ မယွဥ္ႏိုင္တာ.. တျခားယွဥ္ၿပိဳင္စရာ လိုေသးလို႔လား.. သူတို႔ေတြက က်ဳပ္နဲ႔ယွဥ္ၿပိဳင္ဖို႔ အရည္အခ်င္းမျပည့္မီဘူး..!”

႐ႊယ္ယို႔ရွန္းက ေမးခ်ီကာ ၾကင္ယာေတာ္ေလာင္းေတြကို ေမးဆတ္ျပလိုက္ရင္း ထိုလူမ်ားကို အထင္အျမင္ေသးဟန္ ျပဳမူလိုက္တယ္။

‘ဝက္ေယာင္ေဆာင္ၿပီး က်ားကိုစားမယ့္အကြက္’ လုပ္ခ်င္တာေတာင္ သူ႔ရဲ႕ၿပိဳင္ဘက္ေတြက အရမ္းအားနည္းလြန္းေနတယ္။ စကၠဴက်ားလို႔ေတာင္ သတ္မွတ္လို႔မရဘူး။ တကယ့္ ဝက္အုပ္စုပဲ။ အဲ့ေတာ့ ဘာဆက္လုပ္ရမွာလဲ..? ဘယ္လိုလုပ္ ဝက္ေယာင္ေဆာင္ၿပီး ဝက္ကိုစားရမွာလဲ..?

အခ်ိန္ျဖဳန္းခ်င္ရင္ေဆာင္ အဲ့လိုကိစၥမ်ိဳး မလုပ္ခ်င္ပါဘူး။ ဒီလူေတြရဲ႕မ်က္ႏွာကို ျဖတ္႐ိုက္ခ်င္႐ုံနဲ႔ သူတို႔ရဲ႕ေတာင္းဆိုခ်က္ကို လက္ခံစရာမွမလိုတာ။

ယွဥ္ၿပိဳင္ေပးရမယ္..? တူလို႔လားတန္လို႔လား..!     

သူ႔လို ျမင့္ျမတ္ခန႔္ညားတဲ့ လူတစ္ေယာက္က ရႈိးပဲ့ေအာင္ အဲ့လိုလုပ္စရာလား..!

သိသာစြာျဖင့္ပဲ ဘဝင္ျမင့္ေနတဲ့ တစ္စုံတစ္ေယာက္ကေတာ့ ခုနေလးတင္ မႉးမတ္ဝန္ႀကီးေတြေရွ႕မွာ သူ႔ကိုယ္သူ နိမ့္က်ခ်င္ေယာင္ေဆာင္ေနခဲ့တာကို ေမ့ေလ်ာ့ေနေလရဲ႕။

“ခင္ဗ်ားတို႔ၾကင္ယာေတာ္ေလာင္းေတြက က်ဳပ္ကို ဘယ္ေနရာမွ ယွဥ္ႏိုင္တာမဟုတ္ဘူး.. ရင္းဆုယဲ့ႏွလုံးသားထဲက က်ဳပ္ရဲ႕ေနရာကို ဘယ္လိုခိုးယူမွာလဲ..?”

႐ႊယ္ယို႔ရွန္းက အေလ်ာ့မေပးေသးတဲ့ ထိုလူေတြကိုၾကည့္ၿပီး တည့္တိုးေမးလိုက္တယ္။

သူနဲ႔ ဒီၾကင္ယာေတာ္ေလာင္းေတြၾကား ေ႐ြးခ်ယ္ခိုင္းရင္ သာမာန္လူတစ္ေယာက္ေတာင္ ဘယ္သူ႔ကိုေ႐ြးခ်ယ္သင့္မွန္း သိလိမ့္မယ္။ ၾကည့္ရတာ ဒီအဘိုးႀကီးေတြေတာ့ အာဏာအ႐ူးလြန္ၿပီး မ်က္လုံးကန္းေနၾကၿပီထင္ပါရဲ႕။

အဲ့ေတာ့ 'အၾကင္နာကင္းမဲ့ျခင္း’ ဆိုတဲ့စကားရဲ႕အဓိပၸါယ္ကို သိေအာင္လုပ္ေပးရမွာေပါ့..!

သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ထားႏိုင္ဖို႔ဆိုတာ သိပ္မလြယ္ခဲ့ဘူး။ ဒါေပမဲ့ အဆုံးသတ္ခါနီးမွ တစ္စုံတစ္ေယာက္ ေရာက္ခ်လာၿပီး သူတို႔စီစဥ္ထားသမွ်ကို အၾကင္နာကင္းကင္း ဖ်က္ဆီးပစ္လိုက္တယ္။

ဒီလိုသာဆက္ျဖစ္ေနရင္ အဘိုးႀကီးေတြ ႐ူးကုန္ေတာ့မွာပဲ..!

“အတိုခ်ဳပ္ေျပာရရင္ ၾကင္ယာေတာ္ေ႐ြးပြဲက်င္းပတာက ဒီအတိုင္း ဟာသတစ္ပုဒ္ပဲ..!”

႐ႊယ္ယို႔ရွန္းက ထိုလူမ်ား၏ တုံးအမႈကို ဟာသလုပ္ရန္မေမ့။

ေလွာင္ေျပာင္တဲ့စကားလုံးေတြက ေရာက္တတ္ရာရာေျပာတာထက္ ၾကင္ယာေတာ္ေ႐ြးပြဲအေပၚ သူ႔ရဲ႕သေဘာထားကို ပိုၿပီးေပၚလြင္ေစတယ္ေလ။ ဒီအခ်ိန္မွာေတာ့ သူ႔ဘက္က ၾကင္ယာေတာ္ေ႐ြးပြဲအေပၚ အစကေနအဆုံးထိ ဟာသတစ္ပုဒ္လိုပဲ သေဘာထားခဲ့တယ္ဆိုတာ လူတိုင္း သိေစရမယ္..!

“………….”

႐ႊယ္ယို႔ရွန္းရဲ႕ ေလွာင္ေျပာင္သေရာ္သလို ႏွိမ့္ခ်ေျပာဆိုမႈေၾကာင့္ လူတိုင္း ေဒါသထြက္ၿပီး ႐ူးသြပ္လုမတတ္ ခံစားလိုက္ရတယ္။ ဒါေပမဲ့ ဘုရင္မင္းျမတ္က ေအးစက္စက္ စိုက္ၾကည့္ေနတာေၾကာင့္ မလႈပ္ရဲၾကဘူး။

စိတ္ထဲမွာ ေပါက္ကြဲေနေပမယ့္ ဖြင့္ထုတ္လို႔မရေတာ့ သူတို႔သြားေတြေတာင္ က်ိန္းစပ္လာသလိုပဲ..! (အံႀကိတ္ရလြန္းလို႔)

“သေဘာမေတြ႕ေပမယ့္ ၾကင္ယာေတာ္ေ႐ြးပြဲက်င္းပဖို႔ ဘာလို႔သေဘာတူခဲ့လဲဆိုတာ ခင္ဗ်ားတို႔သိၾကလား..?”

ထိုသို႔ေမးလိုက္ရင္း ႐ႊယ္ယို႔ရွန္းရဲ႕ ႏႈတ္ခမ္းေထာင့္က ဖုံးကြယ္လို႔မရေအာင္ ေကာ့တက္သြားတယ္။ ဒီတစ္ေခါက္ေတာ့ သူ႔ရဲ႕ခံစားခ်က္အမွန္ကို ေဖာ္ျပလိုက္တာပါပဲ။

“…………..”

႐ႊယ္ယို႔ရွန္းရဲ႕ အေၾကာင္းျပခ်က္ကို သိခ်င္ၾကေပမယ့္ ၾကားလို႔ေကာင္းတဲ့ အေျဖမဟုတ္မွန္း အလိုလိုသိေနတာေၾကာင့္ မႉးမတ္ေတြလည္း အသံတိတ္ေနလိုက္ၾကတယ္။။

“ၾကင္ယာေတာ္ေ႐ြးပြဲက်င္းပဖို႔ ခြင့္ျပဳလိုက္တာ……… ရင္းဆုယဲ့က က်ဳပ္အပိုင္ဆိုတာ ခင္ဗ်ားတို႔အားလုံးကို သိေစခ်င္လို႔ပဲ..!”

ပိုင္စိုးပိုင္နင္းျဖစ္တယ္ေျပာေျပာ ႐ႊယ္ယို႔ရွန္းကေတာ့ ဂ႐ုမစိုက္ပါဘူး။ သူ႔ရဲ႕လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္စြမ္းကို တရားဝင္ ေၾကညာပစ္လိုက္တယ္။ တစ္ခ်ိန္တည္းမွာပဲ ဘယ္သူက ရင္းဆုယဲ့အေပၚ စိတ္ယိုင္ေနတယ္၊ ဘယ္သူ႔ကိုေတာ့ သတိထားဖို႔လိုအပ္တယ္ဆိုတာ ႐ႊယ္ယို႔ရွန္းက အကဲခတ္လိုက္တယ္။

အစကေတာ့ ေ႐ြးခ်ယ္ခံေတြကို သတိေပးခ်င္တာ၊ ရင္းဆုယဲ့ကို စိတ္ကူးမယဥ္ဖို႔ေပါ့။ ဒါေပမဲ့ တစ္ေယာက္မွ အဆင့္မမီဘူးေလ။ အဲ့ေတာ့ မႉးမတ္ေတြကိုပဲ အႏိုင္က်င့္ရေတာ့မွာေပါ့။

ဒီအဘိုးႀကီးေတြက အရမ္းေတာ္ၿပီးထက္ျမက္တဲ့ ၾကင္ယာေတာ္ေလာင္းေတြဆိုရင္ ထိန္းခ်ဳပ္ရခက္မွာစိုးလို႔ထင္ပါရဲ႕။ ၿပီးေတာ့ အခ်င္းခ်င္း ရန္သတ္ေနၾကၿပီး တစ္ဖက္လူကိုလည္း အခြင့္မသာေစခ်င္ၾကဘူး။ အဲ့ေတာ့ ထက္ျမက္လွပါတယ္ဆိုတဲ့ ၿပိဳင္ပြဲဝင္ေတြက ျဖဳတ္ခ်ခံလိုက္ရၿပီး ေနာက္ဆုံးက်န္ရစ္ခဲ့တဲ့ ေ႐ြးခ်ယ္ခံေတြက ၾကည့္လို႔ေကာင္း႐ုံ အခြံလြတ္ေတြခ်ည္းပဲ။

ဒါေပမဲ့ သူ႔ဘက္ကေတာ့ ရွင္းရွင္းလင္းလင္း လုပ္ထားမွျဖစ္မယ္။ အနာဂါတ္မွာ ဒီလိုအလားတူျဖစ္ရပ္မ်ိဳး ထပ္မျမင္ခ်င္ဘူးေလ။ အခုေတြ႕တဲ့လူေတြက အားနည္းတယ္ဆိုေပမယ့္ အနာဂါတ္မွာ ဒီလိုမ်ိဳးလူေတြနဲ႔ပဲ ထပ္ေတြ႕လိမ့္မယ္လို႔ မဆိုလိုဘူး။ ရင္းဆုယဲ့ကို ယုံၾကည္ေပမယ့္ တခ်ိန္လုံး ၾကင္ယာေတာ္ကိစၥ ေျဖရွင္းေနရမွာကို သူ,မႀကိဳက္ပါဘူး။ အဲ့ေတာ့ လက္ရွိၾကင္ယာေတာ္ေ႐ြးပြဲကို အသုံးခ်ၿပီး ေနာင္ျဖစ္လာမယ့္ ကိစၥေတြအကုန္လုံးကို တစ္ခါတည္း ေျဖရွင္းပစ္ရမယ္။

ဒါေၾကာင့္ ၾကင္ယာေတာ္ေ႐ြးပြဲကို သေဘာတူခဲ့တာပဲ..!

“ရင္းဆုယဲ့.. သူတို႔ကို ေျပာျပလိုက္.. ခင္ဗ်ားက က်ဳပ္အပိုင္ ဟုတ္လားမဟုတ္ဘူးလား..?”

႐ႊယ္ယို႔ရွန္းက ေရွာ့ရေနတဲ့ လူအုပ္ႀကီးကို လ်စ္လ်ဴရႈၿပီး ရင္းဆုယဲ့ကို လွည့္ေမးလိုက္တယ္။

“ဟုတ္တယ္..”

ရင္းဆုယဲ့က ျပန္ေျဖလိုက္တယ္။ ဒါေပမဲ့ သူ႔ရဲ႕ပိုင္ဆိုင္မႈကိုလည္း ေၾကညာဖို႔မေမ့ဘူး။

“ဒါေပမဲ့ မင္းကလည္း ကိုယ့္အပိုင္ပဲေနာ္..”

လူအမ်ားေရွ႕ ေအာင္ပြဲခံေနတဲ့ ေကာင္ေလးကိုၾကည့္ရင္း ရင္းဆုယဲ့ရဲ႕စိတ္ထဲ ခံစားခ်က္တစ္ခုသာ ႀကီးစိုးေနတယ္။

‘အရမ္းအရမ္း ခ်စ္ဖို႔ေကာင္းတာပဲ..!’

အရမ္းခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ရင္းဆုယဲ့မွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ ငုံ႔နမ္းေတာ့မယ္အျပဳ……

“ဟုတ္ပါၿပီ..”

႐ႊယ္ယို႔ရွန္းက တိုးညႇင္းစြာ သေဘာတူလိုက္တယ္။

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းထဲက ျပင္းရွရွခံစားခ်က္ေတြကို ျမင္လိုက္ရတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းလည္း သူ႔ရဲ႕ဦးေႏွာက္ဆဲလ္ေတြကို ခ်က္ခ်င္း အလုပ္ေပးလိုက္တယ္။

ရင္းဆုယဲ့က သူ႔အပိုင္ပါလို႔ လူတိုင္းေရွ႕ေျပာလိုက္ေပမယ့္ လက္ေတြ႕မျပရင္ ဒီအတိုင္း ယုံတမ္းစကား ျဖစ္သြားမွာေပါ့ေနာ္..?!

ထို႔ေၾကာင့္ ရင္းဆုယဲ့ မလႈပ္ရွားခင္မွာပင္ ႐ႊယ္ယို႔ရွန္းက ေျခဖ်ားေထာက္ကာ ေခါင္းကိုေမာ့လ်က္ ရင္းဆုယဲ့ရဲ႕ ႏႈတ္ခမ္းကို နမ္းရႈိက္လိုက္ေတာ့တယ္။

………………………………………..

Continue Reading

You'll Also Like

2.9M 226K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
160K 14.4K 36
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and imaginary Characte...
1.5M 244K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
60.8K 4.7K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...