အရသာရှိသော အစားအသောက်နဲ့ ပျော်မွေ့ခြင်း
လဲ့ယောင်းယောင်းက ရှောင်မုဇီကို "ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ် " ထဲကို ဆွဲခေါ်သွားမယ်ဆိုတာ သူ ပြောနိုင်ပါတယ်။ မျက်နှာနီနီဖြင့် လဲ့ယောင်းယောင်း၏လက်ကို အမြန်ပြန်ဆွဲလိုက်သည်။ "ရှောင်ယောင်းဇီ ၊ ဒါက စားသောက်ဆိုင်ကြီးပဲ။ ဆိုင်ထဲမှာရှိတဲ့အရာအားလုံးက အရမ်းစျေးကြီးတာပဲဖြစ်ရမယ်။ ပျံကျစျေးဆိုင်မှာပဲ ဖက်ထုတ်တစ်ချို့ သွားစားရအောင်..…” ရှောင်မုဇီ၏ အသံက အလွန်ကြောက်တတ်တဲ့အသံမျိုးကြီး ။အစားအသောက်ရဲ့စျေးနှုန်းကို ကြားရမှာကြောက်နေတာပဲ။
ရှောင်မုဇီရဲ့ ဆင်းရဲနွမ်းပါးသောမိသားစုအခြေအနေများကြောင့်၊ သူ့တုံ့ပြန်မှုက အံ့သြစရာမဟုတ်ပေ။ သူ့မှာ ပြုစုပျိုးထောင်ပေးရမယ့် ညီအကို မောင်နှမတွေလည်း ရှိသေးတယ်။ သူ့မိဘတွေအတွက် ငွေကြေးဖိအားက အရမ်းများတယ်။ ထို့ကြောင့် ဝင်ငွေထွက်ငွေမျှတအောင် သူတို့က သူ့ကိုရောင်းလိုက်ကြသည်။
လဲ့ယောင်းယောင်းကတော့ ၂၁ ရာစုတုန်းက သူမမှာ သာမန်ရုပ်ရည်နဲ့ အရည်အချင်းတွေရှိတယ်။ ဒါပေမယ့် သူမရဲ့ မိသားစု နောက်ခံဟာ သာမန် မဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူမမိသားစုက တရုတ်ပြည်မှာ ချမ်းသာလာခါစသူတွေထဲက တစ်ယောက်ပေါ့။ သူတို့မှာ ငွေအမြောက်အမြားရှိတယ်။
ဒါပေမယ့် သူမအဖေက ချမ်းသာတဲ့ အမှုဆောင်အရာရှိတွေ ဒါမှမဟုတ် စွန့်ဦးတီထွင်သူတွေရဲ့ အသုံးမကျတဲ့ ဒုတိယမျိုးဆက်က ချမ်းသာတဲ့ သားသမီးတွေလို ကုန်ဆုံးသွားမှာကို စိုးရိမ်နေတယ်။ ထို့ကြောင့် သူ သူမကိုပေးတဲ့ ထောက်ပံ့ကြေးပမာဏက ပျမ်းမျှဝင်ငွေရှိသော မိသားစုနှင့် ဆင်တူသည်။ ရလဒ်အနေနဲ့ လဲ့ယောင်းယောင်းက ကျောင်းတက်စဉ်မှာ မဖြုန်းတီးခဲ့ပါဘူး။
ဒါတောင် သူမက ချမ်းသာတဲ့ မိသားစုက ကလေးမလေးပဲရှိသေးတာနော်။ သူမစားချင်တာမှန်သမျှ စားနိုင်တယ် ။
ထို့ကြောင့် ရှောင်မုဇီ ဘယ်လောက်ပျာယာခတ်သွားသလဲဆိုတာကို သူမမြင်လိုက်ရသောအခါတွင် သူမ သူ့အတွက်အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်။
တကယ်တော့ ဒီရှေးခေတ်က လူတွေထဲမှာ ရှောင်မုဇီ က သူမကို အကောင်းဆုံးဆက်ဆံပေးခဲ့တယ်။ လဲ့ယောင်းယောင်းက သူ့ကို သူငယ်ချင်းအဖြစ် ဟိုးအရင်ကတည်းက ယူဆထားခဲ့တယ်။ ဒါကြောင့် သူမက ရှောင်မုဇီ ကို အရာရာတိုင်းရဲ့ အကောင်းဆုံးကို ပေးချင်ခဲ့တာ။
လောလောဆယ်မှာ သူမမှာ ငွေရေးကြေးရေး များများစားစား မရှိပေမယ့်လည်း ထမင်းစားဖို့တော့ တတ်နိုင်ပါသေးတယ်။
ဒါကြောင့် လဲ့ယောင်းယောင်းက ရှောင်မုဇီ ကို ဆွဲခေါ်ကာ “ငါတို့ ဖက်ထုပ် မစားဘူး! ငါတို့အပြင်ထွက်လာရတာက ရှားတယ် ဒီတော့ ငါတို့ ပိုအဆင့်မြင့်တဲ့ တစ်ခုခုသွားစားရမယ်”
လဲ့ယောင်းယောင်းက ပျာယာခတ်နေတဲ့ ရှောင်မုဇီနှင့်အတူ ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ်ထဲ ဝင်သွားခဲ့သည်။
ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ်က မြို့တော်၏ အထွန်းကားဆုံးအရပ်တွင် မတည်ရှိသော်လည်း ဆိုင်က အလွန်အလုပ်ရှုပ်နေသေးသည်။ ဝင်ထွက်နေတဲ့လူတွေ အများကြီးရှိတယ်။ အောက်ထပ်မှာဆိုရင် ထိုင်ခုံအားလုံး အပြည့်ပဲ။
မျက်လုံးကောင်းတဲ့ စားပွဲထိုးတစ်ယောက်က လဲ့ယောင်းယောင်း နဲ့ ရှောင်မုဇီတို့ ဝင်လာတာကို တွေ့လိုက်တယ်။ ဒါကြောင့် ချက်ချင်းပင် သူတို့ကို ကြိုဆိုလိုက်ပြီး ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးတွင် နေရာပေးလိုက်၏။
သူတို့နေရာက အရမ်းမိုက်တယ်။ ပထမထပ်ရှိ အရာအားလုံးကို မြင်ကွင်းကျယ်ကျယ်* နဲ့ မြင်ရရုံသာမက အပြင်မှ ရှုခင်းများကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လဲ့ယောင်းယောင်းမှာ ငွေတုံးတစ်တုံးသာရှိတာကြောင့် ဟင်းတစ်ပွဲစီ၏စျေးနှုန်းများကို ဂရုတစိုက်မေးမြန်းခဲ့သည်။
ရှောင်မုဇီထံမှလည်း ငွေတုံးတစ်တုံးက အကြွေစေ့တစ်ထောင်နှင့် ညီမျှကြောင်း သူမသိလိုက်သည် ။ ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ် ကို သပ်သပ်ရပ်ရပ် အလှဆင်ထားသော်လည်း ဟင်းပွဲများ၏ ဈေးနှုန်းများကိုတော့ တတ်နိုင်ပါသေးတယ်။ခြုံငုံပြောရရင် သူတို့ပစ်မှတ်ထားတာက စားသုံးသူများ၏ အစုလိုက်အပြုံလိုက်လာရောက်တဲ့ လူဦးရေဖြစ်သည်။ ထို့ကြောင့် သူတို့တွင် ရွေးချယ်ရန်အတွက် (အထက်တန်းစား၊ လူလတ်တန်းစားနှင့် အလုပ်သမားလူတန်းစား)ဟူ၍ခွဲခြားထားသော မီနူးများရှိသည်။
နှစ်ယောက်စလုံး ကြိုက်နှစ်သက်ပြီး တတ်နိုင်သော ဟင်းအမယ် အနည်းငယ်ကို ရွေးချယ်ပြီးနောက် လဲ့ယောင်းယောင်းက စိတ်ထဲကနေ တွက်ချက်မှု ပြုလုပ်ခဲ့သည်။ ဒီအစားအစာက အကြွေစေ့ ၂၀၀ ခန့် ကုန်ကျသည်။ မဆိုးပါဘူး။ သူမနဲ့ရှောင်မုဇီတို့ လက်ဖက်ရည်သောက်ကြပြီး သူတို့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေစဉ် စားပွဲထိုးအား သူမတို့မှာထားတာကို မှတ်သားခွင့်ပြုလိုက်သည်။
လောလောဆယ်မှာ မွန်းလွဲနေပြီဖြစ်သော်လည်း စားသောက်ဆိုင်တွင် ထိုင်စရာနေရာမရှိဘဲ ခုံအားလုံးက ပြည့်နေပြီဖြစ်သည်။ ဖောက်သည်တွေထံကို အပြေးအလွှားနဲ့ လက်ဖက်ရည်ငဲ့ပေးဖို့ ပန်းကန်တွေ လာပို့ဖို့အတွက် စားပွဲထိုးတွေအားလုံး၌ လည်ပင်းတွင် မျက်နှာသုတ်ပုဝါတစ်ထည်စီရှိကြသည်။ သူတို့ အရမ်းအလုပ်ရှုပ်နေကြတယ်!
လဲ့ယောင်းယောင်း အပြင်ဘက်သို့ လှည့်ကြည့်လိုက်တယ်။ အခုက ဧပြီလဖြစ်တော့ ရာသီဥတုက ပူလည်းမပူ ၊အေးလည်း မအေးဘူး။အလွန်နေလို့ကောင်းတဲ့ အပူချိန်ပဲ ဒါကြောင့် လူအများအပြား လမ်းမပေါ်ထွက်လာကြသည်။
သူမ အောက်ကို ငုံ့ကြည့်လိုက်တော့ လူတွေအများကြီး ရယ်မောပြီး ကစားနေကြတာကို တွေ့လိုက်ရတယ်။ ဒါ့အပြင် လဲ့ယောင်းယောင်းက ကောင်းကင်ဘုံ ယွမ် မင်းဆက်က ချင် မင်းဆက်ကဲ့သို့ ရှေးရိုးဆန်ခြင်းမရှိကြောင်း သတိပြုမိခဲ့သည်။ တကယ်တော့ အဲ့တာကထန်မင်းဆက်နဲ့ ပိုတူတယ် လူတွေက ပိုပြီးပွင့်လင်းမြင်သာစွာနဲ့ မြင်တွေ့နေကြရတယ်လေ။
ဥပမာအားဖြင့် ပူနွေးသောရာသီဥတုကြောင့် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးများစွာက သူတို့၏ ထူထဲသော ချည်သားနဲ့ပြုလုပ်ထားတဲ့ အပြင်ဘက်အလွှာတွေကို ချွတ်ပစ်လိုက်လို့ရတယ်။ သူတို့က ယခုအခါမှာ ပါးလွှာသော ၀တ်စုံများ ဝတ်ဆင်ကာ လမ်းများပေါ်၌ လူများစွာ၏ အကြည့်များကို ဖမ်းစားနိုင်ရန် သူတို့၏ ခါးသေးသေးလေးများနှင့် တင်ပါးများကို လှုပ်ယမ်းပြီးလျှောက်နေကြတယ်။
လဲ့ယောင်းယောင်းဟာ သူမအောက်က ရှုခင်းတွေကို ကြည့်ရတာ နှစ်သက်နေပြီး မကြာမီမှာပဲ ဟင်းပွဲများ ရောက်လာတော့သည်။
လဲ့ယောင်းယောင်း ငတ်နေတော့ သူမ အထိန်းအကွပ်မရှိ သည်းကြီးမဲကြီး စားသောက်ခဲ့တယ်။ ဒီမနက် သူတို့စားတဲ့(ဘယ်မှာမှမရနိုင်တဲ့ ရိုးရှင်းတဲ့ အစားအစာ) နဲ့ ယှဉ်လိုက်ရင် ၊ ဒီအစားအစာဟာ လက်တွေ့အားဖြင့် ကမ္ဘာကြီးရဲ့ အချက်အပြုတ် အရသာတစ်ခုပါ။
လဲ့ယောင်းယောင်း နဲ့ ရှောင်မုဇီတို့ အရာအားလုံးကို ကျေနပ်စွာနဲ့ စားသုံးခဲ့ကြသည်။ မကြာခင်မှာပင် ဟင်းသုံးခွက်နှင့် ဟင်းရည်ပန်းကန်တစ်လုံးဟာ သူတို့ရဲ့ဝမ်းဗိုက်ထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။
လဲ့ယောင်းယောင်း သူမရဲ့ ဖောင်းကားနေသော ဗိုက်သားအား လွတ်လွတ်လပ်လပ် ပွတ်သပ်နေလေသည်။ သူမကိုကြည့်ရတာ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်လိုပါပဲ။
ရှောင်မုဇီ အတွက်တော့ သူလည်း အရမ်းကျေနပ်မိတယ် ။ သူက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသောကြောင့် နှစ်သစ်ကူးညစာစားပွဲတွင် တစ်နှစ်လျှင် ဟင်းကောင်းတစ်နပ်သာ စားခွင့်ရသည်။
နှစ်ယောက်သား အနားယူရင်း လက်ဖက်ရည်သောက်ကြသည်။ အနားယူပြီးနောက် မတ်တပ်ရပ်ကာ နန်းတော်သို့ ပြန်ခဲ့ကြသည်။
မထင်မှတ်ပဲ၊ ဒီအချိန်မှာ အပြင်၌ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ လဲ့ယောင်းယောင်း ပဟေဠိဖြစ်သွားသဖြင့် သူမ သတင်းရင်းမြစ်ဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ဇိမ်ခံမြင်းရထားတစ်စင်းက လျှပ်စီးကြောင်းရဲ့အရှိန်အတိုင်း လမ်းများပေါ်သို့ဦးတည် မောင်းနှင်နေသည်ကို သူမတွေ့လိုက်ရသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သောလူများက လမ်းပေါ်ကနေ ခုန်ထွက်ပြီး ကျိန်ဆဲသံများကို နေရာတိုင်းတွင် ကြားနေရသည်။ ဒီမြင်ကွင်းက တော်တော်ရင်းနှီးပုံရတယ်။
လဲ့ယောင်းယောင်း နက်နက်ရှိုင်းရှိုင်း တွေးနေစဥ်မှာပဲ ရှောင်မုဇီက ရုတ်ခြည်းသူတစ်ခုခုကို ပြန်သတိရသွားသလိုမျိုး 'အား!' လို့ အော်လိုက်တယ်။ သူ နှိုးဆော်သံဖြင့် “ ရှောင်ယောင်းဇီ ! ဒီမြင်းရထားကို ငါမှတ်မိတယ်။ ဒါက မင်းကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့တဲ့ဟာပဲ!”လို့အော်ပြောလာခဲ့တယ်။
“ရှောင်မုဇီ ၊ နင်သေချာလား?” လဲ့ယောင်းယောင်း မျက်ခုံးပင့်လိုက်၏။
ရှောင်မုဇီ က သေချာစွာနဲ့ ခေါင်းညိတ်လိုက်သည်။ “အင်း သေချာတယ်။ မြင်းရထားက မင်းကို တိုက်မိခါနီးမှာ ငါ ထိတ်လန့်သွားတဲ့ အခြေအနေမှာရှိနေပေမယ့် ဒီမြင်းရထားက ဇိမ်ရှိလွန်းတယ် နောက်ပြီး မြင်းမောင်းတဲ့သူက အရမ်းသောင်းကျန်းပြီး သူ့ကိုကြည့်ရတာ နတ်ဆိုးတစ်ကောင်နဲ့တောင်တူသေးတယ် ။ ငါ အဲ့တာကိုမေ့ချင်ရင်တောင် ခက်လိမ့်မယ်!”
ရှောင်မုဇီ အဖြစ်အပျက်ကို သတိထားမိပြီး သတိရလာသောအခါတွင် သူ့ဆီမှာ ကြောက်ရွံ့ထိတ်လန့်မှုများက ရှိနေသေးသည် ။ ကံကောင်းစွာနဲ့ပဲ ရှောင်ယောင်းဇီက အဆင်ပြေနေပါတယ် မဟုတ်ရင်တော့ သူ ဘာလုပ်ရမှန်း မသိဘူး။
ရှောင်မုဇီ စကားကိုကြားပြီးနောက် လဲ့ယောင်းယောင်းက သူမ၏ ချောမွတ်သော မေးစေ့ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ သူမ၏ မျက်လုံးများက စူးစူးရဲရဲ တောက်ပြောင်နေခဲ့သည်။ သူမရဲ့ ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိတဲ့သူတိုင်းက ဒီပုံစံက ဘာကိုဆိုလိုတယ်ဆိုတာ သိမှာပါ။ တစ်စုံတစ်ယောက်ကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ ပါဝင်နေပြီ။
——
“ရှောင်ယောင်းဇီ ၊ မင်း ဒီကိစ္စက သေချာလို့လား? ငါတို့ မိသွားရင် ဘာဖြစ်မလဲ?”
“ရှောင်မုဇီ ။ နင်နဲ့ငါပဲသိတယ်။ ငါတို့နှစ်ယောက်လုံး ဘာမှမပြောရင် ဘယ်သူက သိမှာလဲ?”
“ ဒါပေမယ့် ရှောင်ယောင်းဇီ ငါကြောက်တယ်...”
“မကြောက်ပါနဲ့။ ငါအမြဲရှိတယ်! ငါလုပ်မယ့်အရာကို အတုယူစမ်းပါ!”
“ ဒါပေမယ့် ငါကြောက်နေတုန်းပဲ......”
“အီး ၊ ကောင်းတယ်။ ရှောင်မုဇီ ။ အရာရာတိုင်းအတွက် ပထမအကြိမ်ဆိုတာ အမြဲရှိနေမှာ။ ငါ ခွန်အားတွေ ပိုသုံးမယ်။ ငါတို့ လုပ်ပြီးသွားရင် ငါတို့ထဲက ဘယ်သူမှ ဒါကို ထပ်ပြောမှာ မဟုတ်ဘူး…..... ဒါကြောင့် ဘယ်သူမှ သိမှာ မဟုတ်ဘူး!”
“ကောင်းပြီလေ။ ငါမင်းစကားကိုနားထောင်မယ်......”
လွတ်နေသောလမ်းကြားတွင် ရှောင်ယောင်းဇီ နှင့် ရှောင်မုဇီတို့ ကြိမ်ခြင်းတောင်းနောက်တွင် ပုန်းနေကြသည်။သူတို့မျက်လုံးတွေက သူတို့ရှေ့က ထွက်ပေါက်ကို စိုက်ကြည့်နေတယ်။
ဤသည်မှာ ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ် ၏ နောက်ဖေးနှင့် အိမ်သာများတည်ရှိရာ နေရာဖြစ်သည်။
အစောပိုင်းတွင် အဲဒီမြင်းရထားက လဲ့ယောင်းယောင်းကို ဝင်တိုက်လုနီးပါးဖြစ်ခဲ့တဲ့ဟာဖြစ်ကြောင်း ရှောင်မုဇီက အတည်ပြုခဲ့သည့်အခိုက်အတန့်တွင် လဲ့ယောင်းယောင်းက စတင်အစီအစဥ်ဆွဲခဲ့သည်။
ဒီလိုပဲ ဘဝင်လေဟပ်နေတဲ့ မြင်းရထားက ပျော်ရွှင်မှုနှင့်ပြည့်စုံသောအိမ်ရဲ့အရှေ့မှာ ရပ်သွားခဲ့တယ်။ ခက်ထန်တဲ့အကြည့်နဲ့ မျက်လုံးမို့မို့နဲ့ အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။ သူ့ရဲ့ ညံ့ဖျင်းတဲ့ အသားအရေက သူ့ကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်။သူ့ကြည့်ရတာအသက် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်လောက်ရှိမယ်။
*တရုတ်ရှေးဟောင်းစားသောက်ဆိုင်တွေက များသောအားဖြင့် ဒီလိုပုံမျိုးပဲ။ ဒါက အွန်လိုင်းမှာ ရှာတွေ့နိုင်တဲ့ အကောင်းဆုံးပုံပါ။ အပေါ်ထပ်ကလူတွေက အောက်ထပ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သေချာကြည့်နိုင်ပါတယ်။
#26.5.2022