ခြေဦးတည့်ရာလျှောက်သွားခြင်း
လဲ့ယောင်းယောင်း ရှောင်မုဇီ ကို ဖမ်းဆုပ်လိုက်သည်။
“ဟင်? အိမ်တော်ကနေ ထွက်သွားမှာလား?”
ဒါကိုကြားတော့ ရှောင်မုဇီ အနည်းငယ် စိတ်ပူသွားပုံရတယ် ။
“ဟုတ်တယ်! လျှောက်သွားကြရအောင်။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့တာဝန်တွေက ပြီးသွားပြီလေ။ ဒီမှာက အရမ်းပျင်းစရာကောင်းတယ်။ ဒါက အချိန်အတိုင်းအတာတစ်ခုကို သတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ!”
လဲ့ယောင်းယောင်းကို ကြည့်ရတာ စိတ်အားထက်သန်လွန်းတယ်။ ရှောင်မုဇီက အလွန်ထက်မြတ်ခြင်းမရှိသော်လည်း သူလည်းမတုံးပါဘူး။ လဲ့ယောင်းယောင်း ၏ စကားကိုကြားပြီးနောက်၊ သူက လဲ့ယောင်းယောင်းကို ဝေးလံခေါင်သီသော အရပ်ဆီသို့ ဆွဲခေါ်သွားပြီး အသံကို လျှော့လိုက်ကာ လှည့်ကြည့်လိုက်သည်။
“ငါ့ရဲ့ချစ်လှစွာသော ရှောင်ယောင်းဇီရေ။ ကျေးဇူးပြုပြီး ဘယ်အရာကိုမှ ထပ်ပြီးရူးရူးမိုက်မိုက်မလုပ်ပါနဲ့တော့။ မင်းဒီအိမ်တော်ထဲက ထွက်သွားနိုင်ရင်တောင် မင်းအစောင့်တွေဆီကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ အရင်တုန်းကတော့ မင်းသား ယွေ့ ကြောင့် မိန်းမစိုးလေးတွေ ထွက်ပြေးဖို့ ကြိုးစားကြတာကို ငါကြားဖူးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး အဖမ်းခံခဲ့ရတယ်။ ဒါ့အပြင် သူတို့အားလုံး အလွန်ဆိုးဆိုးရွာရွားကြီး ရိုက်နှက်ခံခဲ့ရတယ်။ အဲ့ဒါကြောင့် ထွက်ပြေးဖို့ အကြံအစည်အားလုံးကို ဖျက်ဆီးပစ်ဖို့ ငါတိုက်တွန်းချင်တယ်။ မင်းရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ ဆယ်ချက်လေး ရိုက်နှက်တာကိုတောင် အသက်ရှင်နိုင်ပါ့မလား!”
ရှောင်မုဇီက လဲ့ယောင်းယောင်း အတွက် အလွန်ပင် စိတ်ပူနေခဲ့သည်။ လဲ့ယောင်းယောင်း အဆက်မပြတ် ထွက်ပြေးရန် ကြံစည်နေမှန်းကို သူသိတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး မင်းသားလေးရဲ့ နန်းဆောင်ကို နေ့ချင်းညချင်း ရောက်လာပြီးကတည်းက သူတို့နှစ်ယောက်လုံးရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ ဒါကြောင့် သူက လဲ့ယောင်းယောင်းကို မည်သည့်အရာကိုမှ မဖြစ်စေချင်ခဲ့ပေ။ မင်းသားကို ခစားရခြင်းမှာ အလွန်ကြောက်စရာကောင်းမှန်းကို ရှောင်မုဇီလည်းသိပါတယ်။ သို့ပေမယ့်လည်း သူ့မိတ်ဆွေကောင်းကိုတော့ ပိုစွန့်စားရတဲ့ လမ်းကြောင်းကို မရောက်စေချင်ဘူး။
ရှောင်မုဇီက သူမအတွက် အလွန်လေးလေးနက်နက်နဲ့ စိတ်ပူနေတာကို လဲ့ယောင်းယောင်းသိပါတယ်။
ရိုးရိုးသားသားပြောရရင် သူတို့နန်းဆောင်ထဲကနေ ထွက်သွားနိုင်တယ်ဆိုတာကို သူမ သိလိုက်ရတဲ့အခါမှာ ပထမဆုံးတွေးမိတာက ထွက်ပြေးလွတ်မြောက်ခြင်းပါပဲ။
ဒါပေမယ့် ရှောင်မုဇီရဲ့ စကားကြားပြီးနောက်မှာ သူမရဲ့အစီအစဉ်က လက်တွေ့မကျလွန်းသည်ကို သိလိုက်ရသည်။
ဒါ့အပြင် သူမက ဤရှေးခေတ်မင်းဆက်ထံသို့ ရောက်ရှိလာခဲ့သည်။ သူမ အရာအားလုံးနဲ့ လူတိုင်းနဲ့ မရင်းနှီးဘူး။ သူမမှာရှိသမျှကတော့ ငွေတုံးတစ်ခုလေးပဲ။ သူမ အိမ်တော်ထဲကနေ တစ်နည်းနည်းနဲ့ လွတ်မြောက်နိုင်ခဲ့ရင်တောင် မြို့တံခါးတွေကို ကျော်ဖြတ်နိုင်မှာတော့ မဟုတ်ပါဘူး။
မင်းသားအိမ်တော်မှာ နန်းတွင်းအစောင့်အကြပ်များ များပြားလွန်းလှပြီး ဖမ်းမိခံရမှာက မလွဲမသွေဖြစ်ပြီး သူမ၏အနာဂတ်က ပို၍ပင် ကြေကွဲဖွယ်ကောင်းမည်မှာ သေချာနေပါတယ်။ လဲ့ယောင်းယောင်း ဒီအကြောင်းကို နည်းနည်းထပ်စဉ်းစားလိုက်တော့ မီးတောက်နေတဲ့ မျှော်လင့်ချက်က တစ်ဖန် ငြိမ်းသွားပြန်တယ်။
ဒါတောင် သူမက အိမ်တော်ကနေထွက်ပြီး လှည့်ပတ်သွားလာချင်နေတုန်းပါပဲ။
ပထမဆုံးအနေနဲ့ ဒီမင်းဆက်က ဘယ်လိုမျိုးလဲဆိုတာကို သူမသိချင်ခဲ့တယ်။ ဒုတိယအနေနဲ့ကတော့ အခုအချိန်ဟာ သူမအတွက်နယ်မြေနဲ့ ရင်းနှီးဖို့ အချိန်ပဲ။ ဒါမှလည်း အနာဂတ်မှာ ထွက်ခွာခွင့်ရလာတဲ့အခါကျရင် လမ်းပျောက်မှာ မဟုတ်ဘူး။
ဒါကိုတွေးပြီး လဲ့ယောင်းယောင်း ရဲ့ မျက်ခုံးတွေ ပြေလျော့သွားကာ သူမရဲ့ နီထွေးတဲ့နှုတ်ခမ်းလေးတွေက ချိုမြိန်တဲ့ အပြုံးတစ်ခုအဖြစ် ကွေးသွားခဲ့တယ် ။
“ကောင်းပြီ! ငါ့ရဲ့ချစ်လှစွာသော ရှောင်မုဇီ! ငါသိပါပြီ။ ငါကလမ်းမပေါ်မှာ အပြစ်ကင်းစင်စွာနဲ့ ကျင်လည်နေချင်တာ။ ဒါ့အပြင် ငါတို့က ငါတို့ရဲ့အလုပ်အတွက် လက်ဆောင်တွေ ရရှိထားတာကြောင့်မို့ ငါတို့ကိုယ့်ကိုယ်ကို ဆုချဖို့အတွက် တန်ဖိုးရှိတဲ့အစာစားတွေစားရမှာပေါ့! သွားကြစို့!ငါတို့ မိန်းမစိုးခေါင်းဆောင်ကြီးဆီက တံဆိပ်တွေ ရအောင်ယူရမယ်!”
လဲ့ယောင်းယောင်းက ရိုးသားပုံပေါက်သောကြောင့် ရှောင်မုဇီက သူ့တောင်းဆိုမှုကိုသာ လက်ခံနိုင်ခဲ့သည်။
သူတို့မိန်းမစိုးခေါင်းဆောင်ရဲ့ နေရာကို ရောက်တော့ မိန်းမစိုးခေါင်းဆောင်က သူတို့ကို အပြင်းအထန် သတိပေးလာတယ်။ ညနေ ၅ နာရီထက် နောက်မကျဘဲ ပြန်လာရမည်ဟု လဲ့ယောင်းယောင်းအား အထူးသတိပေးခဲ့သည်။ အကြောင်းရင်းမှာ မင်းသားက ငါးနာရီကျော်ရင် ဧကရာဇ်ရဲ့နန်းတော်ထဲက ပြန်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ဒါကြောင့် လဲ့ယောင်းယောင်းနဲ့ ရှောင်မုဇီတို့အတွက် လမ်းပေါ်မှာ ကျင်လည်ဖို့က လေးနာရီအထိအချိန်ရသည်။
လေးနာရီက မကြာပေမယ့်လည်း လတ်ဆတ်သောလေကိုရှူရှိုက်ရန် အိမ်တော်မှ ထွက်ခွာရခြင်းက အလွန်နှစ်သက်စရာကောင်းနေပြီဖြစ်သည်။
သူမဟာ မင်းသားရဲ့ အိမ်တော်မှာ အမြဲသတိရှိရှိနေခဲ့ပါတယ်။ သူတို့ကို အရမ်းတင်းကျပ်ထားပြီး လိုက်နာရမယ့် စည်းမျဉ်းတွေ အများကြီးရှိတယ်။သူမဆီ သူတို့ထည့်ထားတဲ့ ဖိအားပမာဏကနေ သူမအသက်ရှူမဝနိုင်ဘူး။
အဲ့တာကြောင့် လဲ့ယောင်းယောင်းက အိမ်တော်ထဲမှ ထွက်ခွာသွားချိန်တွင် လှောင်အိမ်ထဲမှ လွှတ်လိုက်တဲ့ ငှက်တစ်ကောင်လို ခံစားခဲ့ရတယ်။ သူမနေရာအနှံ့ ပြေးလွှားနေပြီး ရှောင်မုဇီက သူမနောက်သို့ လိုက်သွားခဲ့သည်။
“ရှောင်ယောင်းဇီ ၊အရမ်းအမြန်ကြီးမပြေးနဲ့လေ! ငါ့ကိုစောင့်ပါဦး…..!”
“ဟားဟား။ ရှောင်မုဇီ နင်ဘာလို့ဒီလောက်နှေးကွေးနေရတာလဲ။ မြန်မြန်လာလေ !”
လဲ့ယောင်းယောင်း ရွှင်မြူးစွာ နောက်ပြောင်လိုက်တယ်။ မကြာမီ သူတို့ မြို့တော်၏ အစည်ကားဆုံးလမ်းသို့ ရောက်လာခဲ့ကြသည်။
မင်းသားရဲ့ စည်းမျဉ်းတွေအောက်မှာ ရှိနေခြင်းကြောင့်ကျေးဇူးတင်ပါတယ်။ လမ်းက အသံဗလံများဖြင့် ပြည့်နှက်နေရုံသာမက စီးပွားရေးအရပါ ရှင်သန်နေပါသည်။
သူမ မြင်ရသလောက်ကတော့ လမ်းဘေးနှစ်ဖက်စလုံးမှာ မရေမတွက်နိုင်သော တည်းခိုခန်းများ၊ ဈေးဆိုင်များနှင့် ပြည့်တန်ဆာအိမ်များဖြင့် ပြည့်နေ၏။
ပိုးထည်တွေ ၊လှပတဲ့ လက်ရေးလက်သား ၊ မိတ်ကပ်နဲ့ ရှေးဟောင်း ကျောက်စိမ်းအသုံးအဆောင်များ ရောင်းချသည့် ဆိုင်များလည်း ရှိသည်။ အချုပ်အားဖြင့်၊ တောင်းဆိုမှုအားလုံးက ဤနေရာတွင် ရှိနေသည်။
အချို့ဆိုင်များရှေ့တွင် ဓားတွေ ၊ဓားရှည်တွေကို ခင်းကျင်းပြသထားတယ်။ သိုင်းကားတွေ နဲ့ ဝူရှူး ရုပ်ရှင်ထဲမှာ မင်းမြင်ရမယ့် အမျိုးအစားမျိုးပေါ့။ အနီးနားရှိလူများ၏ အာရုံကိုဖမ်းစားရန် အားတက်သရော အော်ဟစ်နေသော စတိုးဆိုင်ပိုင်ရှင်များစွာလည်း ရှိခဲ့သည်။လမ်းတစ်လမ်းလုံးမှာ ဆူညံသံတွေနဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ စည်ကားနေတယ်။
လဲ့ယောင်းယောင်း ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ မြင်ကွင်းကို သူမ အလွန်သဘောကျသွားတယ် လမ်းတစ်လျှောက်လုံးမှာ အဆောက်အအုံတွေ အဆက်မပြတ်ရှိနေပြီး လမ်းကလည်း အရမ်းကျယ်တယ်။ လဲ့ယောင်းယောင်း စိတ်အတွင်းဘက်တွင် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
သူမ တကယ်ကို အိပ်မက်မက်နေတာမဟုတ်ဘူး သူမ တကယ်ကို ကူးပြောင်းသွားခဲ့တာ!
သူမက သမိုင်းမှာမရှိတဲ့ ခေတ်တစ်ခုဆီ ကူးပြောင်းသွားခဲ့တာ။ ဒီနေရာမှာ အရာအားလုံးက သူမအတွက် အသစ်အဆန်းတွေကြီးပဲ။ သူမပြန်မသွားနိုင်တော့မှန်း သိပေမယ့်လည်း သူမက အလိုလိုက်ခံထားရပြီး ပျက်စီးသွားတဲ့ ပန်းတစ်ပွင့်တော့ မဟုတ်ဘူးနော် ။ သူမဒီကိုရောက်လာကတည်းက သူမပျော်ပျော် နေနိုင်တယ်! ဒါကြောင့် လဲ့ယောင်းယောင်းက လေနဲ့ ရေလိုမြင့်တက်လာပြီး အရောင်အသွေးစုံလင်တဲ့ ဘဝကို ဖြတ်သန်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်!!
ချက်ချင်းဆိုသလိုပဲ သူမရဲ့ပတ်ဝန်းကျင်က ချစ်စရာကိရိယာတန်ဆာပလာတွေနဲ့ ပစ္စည်းတွေဆီကို သူမ အာရုံပြောင်းသွားခဲ့တယ်။
အရုပ်ငယ်လေးတွေ ၊ ကလေးမျက်နှာဖုံးလေးတွေ ၊ မိတ်ကပ်နဲ့ အစရှိတဲ့ပစ္စည်းတွေဆီကိုပေါ့။
လဲ့ယောင်းယောင်း နဲ့ ရှောင်မုဇီ တို့ နန်းဆောင်မှ ထွက်ခွာသွားလာအခါတွင် သူတို့၏ မိန်းမစိုးဝတ်စုံကို ချွတ်ကာ မူလအဝတ်အစားသို့ ပြန်လဲပြီးဝတ်ဆင်ခဲ့သည်။ ဒါပေမယ့် အဝတ်အစားတွေ အောက်မှာတော့ သူမကမိန်းကလေးတစ်ယောက်ဖြစ်နေဆဲပါပဲ။ စျေးဝယ်ခြင်းက အမျိုးသမီးတစ်ဦးရဲ့ မွေးရာပါစွမ်းရည်ပဲလေ အိုခေ?
ဒါ့အပြင် သူမက မင်းသားရဲ့ နန်းဆောင်မှာ အလွန်အမင်း စိတ်ဖိစီးမှု ခံခဲ့ရတယ်လေ အခုတော့ လဲ့ယောင်းယောင်း ဘာကိုမှ ဂရုမစိုက်တော့ဘူး သူမပျော်ချင်ရုံပဲ!
ထို့ကြောင့် လဲ့ယောင်းယောင်းက လက်ရှိတွင် ပျံကျဈေးသည်၏ ဆိုင်တွင် မိတ်ကပ်ပစ္စည်းအချို့ကို ကြည့်ရှုနေ၏။ သူမကပစ္စည်းများကို ရွှင်မြူးစွာ တို့ကြည့်ပြီး အဲ့ဟာတွေကို စမ်းသပ်ကြည့်နေတယ်။
ရှောင်မုဇီ အတွက်ကတော့ လဲ့ယောင်းယောင်း ဒီအမျိုးသမီးအသုံးအဆောင်တွေကို စိတ်ဝင်စားနေတာက မထူးဆန်းနေပါဘူး
ဘာလို့လဲဆိုတော့ သူတို့က မိန်းမစိုးတွေမို့လို့လေ။ မိသားစုရဲ့ရတနာကို ဖြတ်ပြီးကတည်းက သူကတဖြည်းဖြည်း မိန်းမဆန်လာခဲ့သည်။ မိန်းမစိုးများစွာက သူတို့၏မျက်နှာပေါ်တွင် အလှကုန်အချို့ကိုလိမ်းရတာ နှစ်သက်ကြသည်။
ဥပမာ- မိန်းမစိုးခေါင်းဆောင်းကြီးပေါ့။ သူက အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း သူ့မျက်နှာပေါ်တွင် မျက်နှာချေတွေလိမ်းပြီး ရေမွှေးဖြန်းခြင်းကို နှစ်သက်ဆဲဖြစ်သည်။
ဒါကြောင့် ရှောင်မုဇီက လဲ့ယောင်းယောင်း မျက်နှာချေတွေရောင်းတဲ့ ဆီကနေဖြတ်သန်းသွားမှာကို စိတ်ရှည်စွာ စောင့်ဆိုင်းနေမည်ဖြစ်သည်။
မျက်နှာချေတွေ ရောင်းချတဲ့သူကတော့ သူ့ဖောက်သည်တွေက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ ငွေရှာနိုင်သရွေ့ သူတို့ဘယ်သူ့ကိုမဆိုရောင်းမှာပဲ။ ဒါကြောင့် သူ့တွင်ရှိသော ထုတ်ကုန်အားလုံးကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည်။
လဲ့ယောင်းယောင်း နဲ့ ရှောင်မုဇီတို့က မျက်နှာချေမှုန့်တွေဆီမှာ အလွန်အမင်း စွဲလန်းနေသောကြောင့် သူတို့ရှိရာသို့ လျင်မြန်စွာ ဦးတည်နေသော မြင်းရထားလုံးကို သတိမထားမိလိုက်ကြပေ။
မြင်းရထားလုံးက ဘေးဘက်ကနေပွတ်တိုက်သွားပြီး အရာအားလုံးကို တိုက်သွားခဲ့သည်။ ကျိန်ဆဲသော စကားလုံးများနှင့် အော်သံများကို နေရာတိုင်းတွင် ကြားနိုင်သောကြောင့် လူအများက စိုးရိမ်တကြီး ခုန်ထွက်သွားကြသည်။
နောက်ဆုံးတွင် လဲ့ယောင်းယောင်း သူတို့နောက်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိပြုမိလိုက်ပြီး သူမ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
သူမမြင်လိုက်ရသည့်အရာက သူမနှလုံးကို ကြိုးတစ်ချောင်းနဲ့ တန်းလန်းဆွဲထားလိုက်သလိုပဲ။ သူမရဲ့ လှပသော မျက်လုံးအိမ်တွေက ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်ခြင်းနဲ့ပြည့်နှက်သွားလေ၏
မြင်းရထားလုံးက သူမကို တိုက်မိတော့မယ် ရထားလုံးရဲ့အရှိန်နဲ့ မြင်းခွာသံတွေကို အခြေခံ၍ ကန်ထုတ်ခံရပါက သူမ အသက်ရှင်နေသော်လည်း မသန်မစွမ်းဖြစ်သွားလိမ့်မည်။
အဲဒီအခိုက်အတန့်မှာ လဲ့ယောင်းယောင်း ချက်ခြင်း ထွက်သွားသင့်တယ်။ ဒါပေမယ့် သူမ အရမ်းတုန်လှုပ်နေတယ်လေ။ တစ်စုံတစ်ယောက်က သူမရဲ့ခြေထောက်တွေပေါ်ကို အပြောင်းအလဲအလွန်မြန်တဲ့ မာကျူရီတွေ သွန်းလောင်းလိုက်သကဲ့သို့ပင် သူမ လုံးဝ မလှုပ်ရှားနိုင်တော့ဘူး။
အချိန်က ရပ်တန့်နေပုံရသည်။ လူတိုင်းက မယုံကြည်နိုင်စွာ ကြည့်နေရင်း အသက်ရှုကြပ်နေကြသည်။ အရာအားလုံးက အလွန်မိုက်မဲပြီး အစစ်အမှန်မဟုတ်ပေ။
#22.5.2022