"မောင်"(JENLISA//LISOO)

Bởi i_am_art04

238K 16.8K 1.1K

Uni×Zawgyi "ချစ်ခြင်းအစ မုန်းခြင်းက❣️" Kရဲ့ငါးခုမြောက်ficလေးပေါ့..... အရင်ဟာတွေနဲ့မတူပဲတမူကွဲနေမယ့် ... Xem Thêm

1(မောင်)
2(မောင်)
3(မောင်)
4(မောင်)
5(မောင်)
6(မောင်)
7(မောင်)
8(မောင်)
10(မောင်)
11(မောင်)
12(မောင်)
13(မောင်)
14(မောင်)
15(မောင်)
16(မောင်)
17(မောင်)
18(မောင်)
19(မောင်)
20(မောင်)
21(မောင်)
22(မောင်)
23(မောင်)
24(မောင်)
25(မောင်)
26(မောင်)
27(မောင်)
28(မောင်)
FINAL(မောင်)
Extra
New Os
New Fic

9(မောင်)

6.2K 557 29
Bởi i_am_art04

(Unicode)

Li သူမနဲ့တွေ့ပြီး
နှစ်ယောက်တည်းအေးဆေးစကားပြောဖို့
ကြိုချိန်းထားသည်......

အဲ့တာကြောင့်Seoul ဆေးရုံကြီးရဲ့ ပန်းခြံက
ခုံတန်းတစ်ခုမှာထိုင်ရင်းစောင့်နေမိသည်

"ကလေး"

ကျစ် အဲ့နာမ်စားကိုခေါ်ဖို့မှမလိုတော့တာ
Soo ဆင်ခြင်သင့်ပြီ နှုတ်ကျိုးနေသလို
ဖြစ်နေတော့ ပြင်ဖို့ခက်သည်လေ

"Soo လာလေဒီမှာလာထိုင်"

သူက ဘေးကနေရာလွတ်ကို
လက်နဲ့ပုတ်ပြရင်း ပြုံးကာပြောနေသည်

ကလေးကိုကြည့်ရတာ ဘာကိစ္စမှမရှိခဲ့သလို
အေးအေးလူလူပါလားနော်....

"ဘာပြောမလို့လဲ"

"ဟိုလေ SooကိုLiသေချာရှင်းပြချင်တယ်"

"ဘာကိုလဲ"

"Liလေ Jenကိုလက်ထပ်ရတယ်ဆိုတာ
ဖေဖေ့ရဲ့လုပ်ငန်းကအခုအရှုံးတွေပေါ်နေပြီး
ဖျက်သိမ်းရတော့မလိုဖြစ်နေလို့ သိလား
အဲ့တာကြောင့် Liလက်ထပ်ဖို့ခေါင်းငြိမ့်လိုက်ရတာ"

သူ့စကားအဆုံးမှာ Sooရှေ့တည့်တည့်က
ချယ်ရီပင်ကြီးကို မျက်နှာမူလိုက်ရင်း
သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်

"Sooသိပါတယ် အကြောင်းရှိမယ်ဆိုတာ"

"Liတကယ်တောင်းပန်ပါတယ်
ဒါပေမယ့်လေLiချစ်တာSooတစ်ယောက်တည်း
အဲ့တာတော့ ယုံတယ်မလားဟင်"

သူမ Lisaဘက်ကိုမျက်နှာလှည့်လာပြီး

"Lisa"

သူမဘက်က Lisa လို့ခေါ်လိုက်ခြင်းကြောင့်
သူအနည်းငယ်တော့ ကြောင်အ,နေမိသည်

"မင်းနဲ့Sooကအခုချိန်မှာ
ပြီးဆုံးသွားခဲ့ပြီလေ မင်းချစ်ရမှာJennieကို
Sooကိုချစ်နေဖို့မလိုတော့ဘူးကွယ့်"

"ဒါပေမယ့်လည်း Liမှသူ့ကိုမချစ်တာ"

"ဟင့်အင်း မင်းကသူ့ကို
Sooတို့နှစ်ယောက်ကိုခွဲခဲ့ပြီး
အတင်းအကြပ်လက်ထပ်ဖို့စီစဥ်လိုက်တယ်ဆိုပြီး
မကျေမနပ်ဖြစ်နေတာကြောင့်
မချစ်ဘူးလို့ထင်နေတာပါ"

"Sooဘာတွေပြောနေတာလဲဗျာ...
ဘာလဲ Sooကအဲ့အမျိုးသမီးဘက်ကလား"

"မဟုတ်ပါဘူးLisaရယ်...
Sooကဘာလို့ သူ့ဘက်ကပါရမှာလဲ
သေချာပေါက် မင်းဘက်ကပေါ့"

"အာ့ဆိုဘာလို့စိတ်မွန်းကျပ်အောင်ပြောရလဲ"

"Sooပြောတာကိုလက်ခံလိုက်ပါ
မင်းရင်ထဲကမကျေနပ်ချက်တွေကို
မေ့ဖျောက်ကြည့်လိုက်ပါလား
အဲ့ကျမင်းသူ့အပေါ် စွဲငြိနေတဲ့
စိတ်တချို့ကိုမြင်လာလိမ့်မယ်"

"Li သူ့ကိုဘယ်တော့မှချစ်လို့ရမှာမဟုတ်ဘူး"

"မင်းကိုသူကသိပ်ချစ်တာပါ"

"Sooရော Sooလည်းLiကိုချစ်တာပဲလေ"

"ဟုတ်ပါတယ် Sooလည်း မင်းကိုချစ်တယ်
အခုထိလည်းချစ်နေတုန်းပဲ ဒါပေမယ့်လည်း
မဖြစ်သင့်တော့ဘူးလေ မဟုတ်ဘူးလား"

"Sooကလည်းဗျာ Liကအခုလည်း
ပြန်စဖို့ပြောနေတာမှမဟုတ်တာ
အကျိုးအကြောင်းရှင်းပြပြီး
တောင်းပန်နေတာပါဗျာ"

"Sooသိပါတယ် Lisa
Sooကိုကြည့်ပါအုန်း"

သူမဘက်ကိုမလှည့်တဲ့ သူ့မျက်နှာလေးကို
မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလိုက်ရသည်

"Sooမျက်လုံးထဲမှာတွေ့လားဟင်
Lisaကိုချစ်တဲ့အချစ်တွေ.....
အဲ့လိုပဲ Jennieရဲ့မျက်ဝန်းထဲမှာလည်း
မင်းကိုချစ်တဲ့ အချစ်စိတ်တွေဆိုတာအပြည့်ပဲ"

"Sooဘာလို့Lisaလို့ပြောနေရတာလဲဟင်
ခုနကတောင် ကလေးလို့ခေါ်နေပြီးတော့"

"အဲ့တာလွတ်ခနဲထွက်သွားမိတာပါ
Sooမေ့သွားတာ မသက်ဆိုင်တော့ဘူးဆိုတာကိုပေါ့
အဲ့ဒိနာမ်စားကိုခေါ်ဖို့လည်းမလိုတော့ဘူးလေ"

Sooကအသည်းမာသားပဲ...
Liကသာယိမ်းယိုင်နေသေးတာ
Sooကတော့ခံနိုင်ရည်ရှိသေးသား

"SooကိုLiတစ်ခုတောင်းဆိုမယ်ရလား"

"ဘာလဲပြောကြည့်လေ"

"ရှေ့ဆက်ပြီး သူငယ်ချင်းတွေအဖြစ်
ဆက်ရှိသွားကြရအောင်"

"ရတယ်လေ တခုပဲ Jennieက
ကြိုက်မှာမဟုတ်ဘူး"

"အဲ့တာသူ့ကိစ္စ Liနဲ့မဆိုင်ဘူး"

ကလေးငယ်ရယ် Jennieဘယ်လောက်ထိ
အဆိပ်ပြင်းလဲ မင်းမသိလေသလား...

တို့တွေကရိုးရိုးသားသားခင်မင်နေရင်တောင်
သူ့ဘက်ကစိတ်လုံမှာမဟုတ်ဘူး

အဲ့ကျမင်းရောSooရော အဆင်မပြေဖြစ်ကြလိမ့်မယ်

"ဒါနဲ့မင်္ဂလာပွဲကျလာနိုင်မှာမဟုတ်လို့
အခုတည်းက ဂုဏ်ပြုပေးလိုက်မယ်"

"ရပါတယ် Liလည်းသိပ်ပျော်နေတာမဟုတ်ဘူး
မချစ်တဲ့သူနဲ့ လက်ထပ်ရမယ်ဆိုတာ
စိတ်မနှစ်မျို့စရာအပြည့်ပဲသိရဲ့လားSoo
ဖြစ်နိုင်ရင် Liသာတတ်နိုင်မယ်ဆိုရင်
လက်ထပ်ပွဲကိုဘယ်နည်းနဲ့ဖြစ်ဖြစ်
တားမိမှာအမှန်...ဒါပေမယ့်အရာရာပြီးသွားပြီ
Liရင်ဆိုင်ရုံသာရှိတော့တယ်"

"သူ့အပေါ်အရမ်းတော့မစိမ်းကားပါနဲ့
သူအရမ်းခံစားရလိမ့်မယ်Lisaရဲ့"

Sooကိုနားမလည်နိုင်တော့ဘူး
ဘာလို့ဒီလိုမကောင်းတဲ့အမျိုးသမီးအပေါ်
ကောင်းကောင်းမွန်မွန် ဆက်ဆံခိုင်းနေတာလဲဟင်

"Sooကဂရုဏာရှင်ကြီးပဲ
သူကဒီလောက်Sooအပေါ်အနိုင်ယူထားတာကို
Sooကမေတ္တာထားနိုင်သေးတယ်နော်"

သူမ နှုတ်ခမ်းလေးကွေးတက်ရုံ ပြုံးမိသည်

"Jennieကိုမုန်းပါတယ် Sooမုန်းမိတယ်
ဒါပေမယ့်လည်း အမုန်းဆိုတာမကောင်းဘူးမလား
ပြောရမယ်ဆိုရင် Sooကသူ့ထက်လည်း
အသက်ပိုကြီးတယ် အဲ့တော့အကြီးပီပီ
Sooနားလည်ပေးရမှာပေါ့ နောက်ပြီး
သူကမေမေ့ရဲ့ဆေးရုံစရိတ်ကိုအကုန်ခံထားတယ်လေ"

"ဟုတ်လားSoo Liတောင်မသိရပါလား"

"အင်း အဲ့လိုပဲဖြစ်သွားတယ်"

"အန်တီ့ကျန်းမာရေးအခြေအနေကရောဟင်"

"ဒုံရင်းကဒုံရင်းပါပဲ Sooလည်းစိတ်မကောင်းဘူး"

"Liရှိတယ်လေSooရယ် ငိုချင်နေတာမလား
ငိုချလိုက် Sooဝမ်းနည်းနေတယ်ဆိုတာ
Liသိတာပေါ့"

သူမလည်း Lisaရင်ခွင်ထဲဝင်ကာ
ထိန်းထားသမျှကိုငိုကြွေးနေမိသည်

သူမငိုကြွေးရတဲ့ဝမ်းနည်းစရာတွေထဲမှာ
သူမအမေရဲ့ကျန်းမာရေးကြောင့်တင်မဟုတ်ပဲ

အချစ်ရေးကြောင့်လည်းပါတယ်ဆိုတာကိုတော့
သူမကလွဲပြီးမည်သူမျှသိလိမ့်မှာမဟုတ်ဘူး

"Sooရယ် အမြဲကြံခိုင်ပြီးသန်မာနေဖို့မလိုအပ်ပါဘူး
အဆင်မပြေတော့ရင် ဖွင့်ချပြလိုက်
အဲ့တာကအကောင်းဆုံးနည်းလမ်းပဲသိရဲ့လား"

ရင်ခွင်ထဲကသူမကတော့အခုမှ အတိုးရောအရင်းရော
ပေါင်းချပြီးငိုနေသလားမှတ်ရအောင်

ရင်ထဲဝယ် တရှုံ့ရှုံ့နဲ့ပဲ......

Liကိုယ့်ကိုယ်ကိုခွင့်မလွတ်ချင်တာဒါတွေကြောင့်

အခုလိုအချိန်မှာ သူမကLiကိုအရမ်းလိုအပ်နေမှာ
ဒါပေမယ့် Liကအနားမှာရှိမပေးခဲ့တဲ့အပြင်
လမ်းပါခွဲလိုက်ရပြီး တခြားမိန်းမကို
လက်ထပ်ရတော့မယ် Liအဲ့တာကြောင့်
အပြစ်ရှိသလိုခံစားနေမိတယ်

Sooသာသိသွားရင်ပြောမယ့်စကားကိုသိပါတယ်

"ကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့" လို့ဆိုမှာအသေအချာ

Li သူမရဲ့နဖူးလေးကိုနောက်ဆုံးအနေနဲ့
ဖိကပ်နမ်းလိုက်တယ်......

ကြာကြာလေးပေါ့ ဒါကနောက်ဆုံးဆိုတော့လည်း

Lisaမသိသည်ကား သူတို့အားအဝေးတစ်နေရာ
သစ်ပင်အကွယ်ကနေ ကင်မရာနှင့်
မှတ်တမ်းတင်နေသူရှိနေသည်ဆိုတာပါပဲ

Lisaတစ်ယောက်ပြန်ခါနီးမှာ Jisooရဲ့လက်ထဲ
မုန်လာဥလော့ကတ်နဲ့ဆွဲကြိုးလေး
ထည့်ပေးလိုက်သည်

"ဒါကဘာလဲLisa"

"လက်ဆောင်လေ Sooကယုန်လေးမလား
အဲ့တာကြောင့် မုန်လာဥပေးတာ"

သူ့ဆီကနောက်ဆုံးလက်ဆောင်မို့ သူမလည်း
ငြင်းမနေတော့ပဲ ခေါင်းငြိမ့်လိုက်သည်

🍁🍁🍁🍁🍁🍁🍁

Jen companyကိုမသွားဖြစ်ဘူး
အကြောင်းကတော့မနက်ဖြန်ဆို
လက်ထပ်ပွဲရောက်တော့မယ်ဆိုတော့
စိတ်တွေအရမ်းလှုပ်ရှားနေလို့
အိမ်ထဲမှာပဲနေဖြစ်နေတယ်လေ....

မောင်ကတော့ ဒီနေ့အရေးကြီး
ဧည့်သည်တစ်ယောက်နဲ့တွေ့ဖို့ရှိတယ်တဲ့လေ
မဟုတ်ရင် Jen မောင့်ကိုအိမ်ကိုခေါ်လိုက်မလို့

မောင်အနားမှာရှိနေရင်တော့ စိတ်လှုပ်ရှားတာတွေ
အနည်းငယ်ငြိမ်သက်သွားနိုင်သည်

ring....ring.....

"ဟယ်လို"

"Hey!! Jennie"

"နေစမ်းပါအုန်း ငါဒီအသံကိုသိပါတယ်
Rosie Posieနင်မလား"

"ဟားဟား..နင်မှတ်မိသားပဲ
ဟုတ်တယ်ငါပါ Rose"

"နင်ပြန်လာမှာလား"

"No!! အဲ့တာပဲလှမ်းပြောတော့မလို့
ငါနင့်မင်္ဂလာပွဲကိုလာဖြစ်မယ်မထင်ဘူး
ငါ့မှာအပြီးဖြတ်စရာcaseလေးတစ်ခုရှိနေလို့"

"ဘယ်တတ်နိုင်မလဲ ရှဥ့်ပေါက်စုတ်
ငါ့မှာသူငယ်ချင်းကနင်ပဲရှိလို့
လာခဲ့ပါလို့ ခခယယ ဖိတ်လိုက်တာကိုဟာ"

"I'm so sorry Jen"

"ထားလိုက်ပါ ဒါဆိုနင်ဘယ်တော့ပြန်လာမှာလဲ"

"ကြာအုန်းမယ် နောက်သုံးလလောက်နေမှ"

"အဲ့မှာကောင်လေးရှိနေလို့
ကိုရီးယားကိုပြန်မလာချင်သေးတာလားRosie"

"ပေါက်ကရတွေJennieရယ်
ငါယောကျာ်းတွေမကြိုက်တာ
မသိတာလည်းမဟုတ်ဘူး"

"ငါကဒီတိုင်းစလိုက်တာပါ ဒါနဲ့ငါပို့ပေးတဲ့
Pre weddingပုံတွေကြည့်ပြီးပြီလား"

"အွန်း ငါတွေ့တယ်လေ"

"ဘယ်လိုလဲ ငါ့ရဲ့ မောင်ချောတယ်မလား"

"အေးတကယ့်အချောလေး JennieKimလိုလူမျိုးကရွေးချယ်လိုက်ပြီး ပါးစပ်ကလည်း
'မောင်'ကနေကိုမချလို့် ငါအဲ့တစ်ယောက်ကိုတောင်
အပြင်မှာတွေ့ဖူးချင်နေတာသိလား"

"ဟီးဟီး.ဒါကတော့ငါကမောင့်ကိုချစ်တာကိုး"

"တကယ်ထူးဆန်းတာ Savage Queenက
ဒီလောက်ထိချစ်တတ်သွားလိမ့်မယ်မထင်ထားဘူး"

"ရှဥ့်ပေါက်စုတ် တော်ပြီဖုန်းချတော့မယ်"

"အေးပြီးရော ဘိုင့်ဘိုင်
I love you Jen"

"Love you too My Rosie Posie"

ဖုန်းလေးကျသွားတော့ သူမလည်း
အလုပ်စားပွဲပေါ်ပြန်တင်လိုက်ပြီး

ယောဂခဏကျင့်တော့မယ့်အချိန်

Tin..tin..

ထွက်လာတဲ့Notifications သံတွေကြောင့်
ဖုန်းကိုပြန်ဖွင့်လိုက်တော့ တွေ့လိုက်ရတဲ့ပုံတွေ​ဟာ

"မောင်!!!"

ဒေါသတကြီးနဲ့ သူမနှုတ်ကထွက်လာတဲ့
ချစ်ရသူအတွက် နာမ်စားလေး

ပြီးတဲ့နောက်
သူမလက်ထဲကဖုန်းကို ဒေါသတကြီးနဲ့
နံရံကိုပစ်ပေါက်လိုက်သည်

"မောင် ကတိမတည်ခဲ့ဘူးပဲ"

သူမလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
အံကြိတ်ကာ ပြောနေမိသည်.....

🍁🍁🍁🍁🍁🍁🍁

KimJisooတစ်ယောက်
ဆေးရုံခန်းထဲမှာ ကော်ဖီဖျော်ဖို့အထ...

"KimJisoo shi"

ကြားလိုက်ရတဲ့အသံကြောင့်
ကျောပါချမ်းသွားတယ်

"Jennie ဘာကိစ္စရှိလို့လဲ"

"စကားပြောစရာရှိလို့ပါ"

"အပြင်ထွက်ရအောင် ဒီမှာကအဆင်မပြေလို့"

မေမေကခုနကမှ ဆေးထိုးပြီး
အိပ်ပျော်သွားတာကြောင့်
Sooပြောလိုက်ရခြင်း

"ကောင်းပါပြီ"

Sooနဲ့ Jennie အခုဆေးရုံရဲ့
ကော်ဖီဆိုင်လေးမှာထိုင်နေကြသည်

"KimJisoo"

ဒီတစ်ခါခေါ်လိုက်တဲ့အသံကတော့
အနည်းငယ်တင်းမာနေသယောင်

"ပြောပါ"

"နင် ဟိုနေ့ကပြောသွားတာမှတ်မိသေးလား"

"ဘာကိုလဲ"

"ဆေးကုသစရိတ်တွေကိုပြန်ဆပ်မယ်ဆိုတာလေ"

"အင်း ငါလည်းပြန်ဆပ်မှာပါ"

"ငါအခုလိုချင်တယ်"

"ဘာ"

"ဟုတ်တယ် ငါအခုပြန်ဆပ်တာလိုချင်တယ်"

"နင်ဘာတွေလာပြောနေတာလဲ အခုချက်ချင်းကြီးကျ"

"ငါမသိချင်ဘူး နင့်ရဲ့ဆင်ခြင်တွေလာမပြောပြနဲ့"

Soo သက်ပြင်းအကြီးစားကြီးချလိုက်ပြီး

"ဒါသက်သက်လုပ်တာမလား Jennie
ဘာမကျေနပ်တာများရှိလို့လဲ"

"နင်ကတော်သားပဲနော် ဟုတ်တယ်
ငါတမင်လုပ်တာလို့ပြောလို့ရတယ်"

"ဘာလို့လဲ"

"ဒီနေ့နင်ဘာလို့ သူနဲ့တွေ့ခဲ့လဲ"

"ဟင်"

ဒါကြောင့် ဒီမိန်းမရောက်လာတာကိုး
အလကားနေရင်း မြွေကိုက်ပြန်ပြီထင်တယ်Sooရေ

"ငါတို့ကဒီတိုင်းစကားပြောရုံပဲJennie"

"ဟားဟားလို့ပဲ ငါရယ်လိုက်ချင်တယ်
သိရဲ့လားKimJisoo
ဟားတိုက်ပြီးသာ ရယ်ပစ်လိုက်မယ်
ငါ့ကိုဘာတစ်ခုမှမသိဘူးမထင်နဲ့နော်
ငါအားလုံးသိပြီးသား"

"ငါအမှန်ပြောနေတာ ဒီတိုင်းစကားပြောရုံပဲ"

ထိုအချိန် Jennieကသူမအိတ်ထဲက
ဓါတ်ပုံတွေကိုထုတ်ကာစားပွဲပေါ်ပစ်ပေါက်လိုက်သည်

သူမကဖုန်းထဲကပို့လိုက်တဲ့
ပုံတွေကိုဓါတ်ပုံတောင်ထုတ်လာသေး

"ဒါတွေက Jennie
နင်အထင်လွဲနေတာ
ဒီတိုင်းငါ့ကိုLisaက
နှစ်သိမ့်ပေးနေတာပါ
နောက်ပြီးနဖူးကိုနမ်းတာကလည်း
နင်စဥ်းစားကြည့်လေ ငါတို့က2နှစ်နီးပါး
ချစ်ခဲ့ကြတဲ့စုံတွဲဟ...အဲ့တော့နောက်ဆုံးအနေနဲ့
ဒီလိုအပြုအမူလေးတော့ရှိမှာပေါ့"

"အဟက် နင်အပိုတွေမပြောစမ်းနဲ့KimJisoo
နင်သိရဲ့လား နင်ပြောသလိုရိုးသားတယ်ဆိုရင်တောင်
သူ့ကိုလာတွေ့တာကိုက နင့်ရဲ့မဟာအမှားပဲ"

"Jennie နင်အတွေးလွန်နေတာပါ
ငါသွားတွေ့တယ်ဆိုတာကလည်း
သူ့ဘက်ကအရေးကြီးတယ်ဆိုလို့"

"ငါမသိချင်ဘူး အမှန်တော့သူလည်းအပြစ်ရှိတယ်
ငါ့ကိုနင်နဲ့မတွေ့ပါဘူးလို့ ကတိပေးထားလျက်နဲ့
အခုလိုလုပ်သွားတာ ဒါပေမယ့်လည်းဟာ
ငါကသူ့ကိုချစ်လွန်းလို့အပြစ်မမြင်ဘူးဟ
အဲ့တော့နင်နဲ့ပဲသက်ဆိုင်တယ်
နင့်ကပဲ ဒီအမှားကိုတာဝန်ယူရမယ်"

"နင်ရူးနေပြီJennieရဲ့"

"ဟုတ်တယ်ငါရူးနေပြီ
ငါကျေနပ်တယ်အနည်းဆုံးတော့
ငါချစ်တဲ့သူအတွက်ရူးမိုက်နေရတာလေ"

Soo သူ့ကိုကြည့်ပြီးသနားနေမိတယ်
အချစ်ဆိုတဲ့အရာကသိပ်ကြောက်ဖို့ကောင်းပါလား

သူ့လိုအတ္တသမားတွေ
ချစ်မိသွားရင်ပိုဆိုးတယ်

အချစ်ကြောင့်ဘယ်အရာကိုမှ
မစဥ်းစားမချင့်ချိန်တော့ဘူးပဲ

Sooကပဲအလျော့ပေးရအုန်းမှာပဲ

"အဲ့တော့နင်ငါ့ကိုဘာလုပ်စေချင်တာလဲ"

"နင်ငါ့ဆီမှာအလုပ်လုပ်ရမယ်
ပြီးရင်တစ်လကိုလစာအနေနဲ့
ဝမ်သိန်းငါးဆယ်ပေးမယ်"

"ဘာအလုပ်လဲ"

"ငါနဲ့မောင်နဲ့နေမယ့်
အိမ်တော်မှာနင်ကအလုပ်သမားလုပ်ရမှာမပူပါနဲ့
နင်ဘာမှထွေထွေထူးထူးလုပ်စရာမလိုပါဘူး
အလုပ်သမားတွေမှအများကြီးရှိသေးတယ်"

"အဲ့တာများငါ့လုပ်ခိုင်းနေသေး"

"အရေးကြီးတာ နင်ငါ့ရဲ့အိမ်တော်မှာပဲနေရပြီး
ငါနဲ့အနီးဆုံး ငါ့မျက်စိအောက်မှာရှိနေဖို့ပဲ"

"ငါ့အမေကိုဘယ်လိုလုပ်မလဲ"

"နင်ညကျပြန်လို့ရတယ်လေ
နေ့ပိုင်းတော့စိတ်မပူနဲ့ ငါnurseငှားပေးထားမယ်"

"ဒါနဲ့နင်ကငါ့ကိုအိမ်ဖော်လုပ်ခိုင်းသလိုပဲပေါ့"

"အိမ်ဖော်လို့မပြောစမ်းပါနဲ့
တခြားသူတွေကြားရင်
ငါကပဲမကောင်းတဲ့မိန်းမကြီးဖြစ်အုန်းမယ်
ငါ့ရဲ့အိမ်တော်မှာမနက်ကနေညရှိပေးရုံပဲ"

ဒီမိန်းမတကယ်ပဲစိတ်လွတ်သွားတာလား
သူ့အိမ်မှာဘာမှလည်းလုပ်စရာမလိုဘူးဆိုပြီး
ငါ့ကိုထားအုန်းမယ် လစာကတော့ကောင်းသား

"ငါ့မှာလည်းအပေးအယူရှိတယ်"

"ဘာလဲ"

"ငါ့ကိုနင်ကိုယ်ထိလက်ရောက်လုပ်ခွင့်မရှိဘူးနော်"

"ငါမလုပ်ပါဘူး အဲ့လောက်ထိမအားဘူး"

"ကောင်းပြီလေ ငါသဘောတူတယ်"

"မနက်ဖြန်ကစပြီး ငါ့အိမ်ကိုလာရမှာ
ငါကားလွတ်ပေးလိုက်မယ်"

"အင်း"

"ငါသွားတော့မယ်"

Jennie ထထွက်သွားသည်

Jisooကတော့ကြည့်ရင်းနဲ့ သက်ပြင်းတဖွဖွ

"JennieKim
နင်ကအပေါ်ယံသာမာကျောနေတာ
တကယ်တမ်းတော့နင်လည်းပြိုလဲနေမှန်းငါသိပါတယ်"

"ငါတို့သုံးယောက်ရဲ့ရှေ့ရေးအတွက်ငါရင်လေးမိတယ်"

Sooတကယ်စိတ်ညစ်မိပါတယ်
ဘယ်လိုမှဖြစ်မယ်မထင်

သူတို့အိမ်ထောင်ရေးလည်းအဆင်ပြေမှာမဟုတ်ဘူး

JennieKimရယ်နင်မသိလေသလား
အခုလိုတွေလုပ်နေတာက
Lisaနင့်ကိုပိုမုန်းသွားလိမ့်မယ်

ငါရင်လေးမိတယ်

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကြယ်လေးတွေပေးသွားကြပါအုန်း💫

အားလုံးကိုလေးစားချစ်ခင်လျက်

READERS🧡

Every Single Day We need LOVE🖤

AUTHOR  K🍂

1.6.2022(WED)
🥳💋
×××××××
(Zawgyi)

Li သူမနဲ့တွေ့ပြီး
ကြိုချိန်းထားသည်......


"ကလေး"


"Soo လာလေဒီမှာလာထိုင်"

သူက ဘေးကနေရာလွတ်ကို

အေးအေးလူလူပါလားနော်....

"ဘာပြောမလို့လဲ"


"ဘာကိုလဲ"






"Lisa"




"ဟင့်အင်း မင်းကသူ့ကို


"မဟုတ်ပါဘူးLisaရယ်...







တောင်းပန်နေတာပါဗျာ"

"Sooသိပါတယ် Lisa
Sooကိုကြည့်ပါအုန်း"





Sooကအသည်းမာသားပဲ...


"ဘာလဲပြောကြည့်လေ"

ဆက်ရှိသွားကြရအောင်"

"ရတယ်လေ တခုပဲ Jennieက
ကြိုက်မှာမဟုတ်ဘူး"









"Sooကဂရုဏာရှင်ကြီးပဲ







Liသိတာပေါ့"











ဖိကပ်နမ်းလိုက်တယ်......



ထည့်ပေးလိုက်သည်

"ဒါကဘာလဲLisa"



🍁🍁🍁🍁🍁🍁🍁




ring....ring.....

"ဟယ်လို"

"Hey!! Jennie"

Rosie Posieနင်မလား"

ဟုတ်တယ်ငါပါ Rose"

"နင်ပြန်လာမှာလား"



"I'm so sorry Jen"




"ပေါက်ကရတွေJennieရယ်
မသိတာလည်းမဟုတ်ဘူး"


"အွန်း ငါတွေ့တယ်လေ"






I love you Jen"




Tin..tin..


"မောင်!!!"


ပြီးတဲ့နောက်



🍁🍁🍁🍁🍁🍁🍁

KimJisooတစ်ယောက်

"KimJisoo shi"

ကျောပါချမ်းသွားတယ်




Sooပြောလိုက်ရခြင်း

"ကောင်းပါပြီ"


"KimJisoo"


"ပြောပါ"


"ဘာကိုလဲ"



"ငါအခုလိုချင်တယ်"

"ဘာ"







"ဘာလို့လဲ"


"ဟင်"



သိရဲ့လားKimJisoo
ငါအားလုံးသိပြီးသား"




"ဒါတွေက Jennie
နင်အထင်လွဲနေတာ
ဒီတိုင်းငါ့ကိုLisaက
နှစ်သိမ့်ပေးနေတာပါ





"ဟုတ်တယ်ငါရူးနေပြီ


သူ့လိုအတ္တသမားတွေ





"ဘာအလုပ်လဲ"

"ငါနဲ့မောင်နဲ့နေမယ့်






တခြားသူတွေကြားရင်



"ဘာလဲ"





"အင်း"

"ငါသွားတော့မယ်"

Jennie ထထွက်သွားသည်


"JennieKim


ဘယ်လိုမြှဖစ်မယ်မထင်


အခုလိုတွေလုပ်နေတာက

ငါရင်လေးမိတယ်

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••


READERS🧡


AUTHOR  K🍂

1.6.2022(WED)
🥳💋

Đọc tiếp

Bạn Cũng Sẽ Thích

61.1K 1.6K 53
ရိုးရိုးအေးအေးလေးနဲ့glဝတ္ထုလေးပပါပဲနော်dramaအရမ်းမချိုးပါဘူးနော်ပေါ့ပေါ့ပါးပါးလေးပါပဲနော်စိတ်အေးအေးလေးနဲ့ပဲဖတ်လို့ပါတယ်ကွယ် ရိုးရိုးအေးအေးလေးနဲ့glဝတၳု...
46.7K 5.1K 37
"ᴛʜᴏꜱᴇ ᴇʏᴇꜱ ᴍᴀᴅᴇ ᴍᴇ ᴅʀᴏᴡɴ ɪɴ ʜᴇʀ ᴄʜᴀʀᴍ." -??? TW: Typo Non baku Dan lainnya... Jujutsu Kaisen hanya milik Gege Akutami. © Gege...
577K 8.8K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.3M 57.9K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC