• အလုပ်လက်မဲ့ဖြစ်ခြင်း
တစ်ချိန်တုန်းက မျက်ဝန်းများကနက်မှောင်လျက် သူ့၏ဓားသွားကအေးစက်သော လုပ်ကြံသူတစ်ယောက်ရှိခဲ့သည်။
သူဟာ ထိပ်တန်းလုပ်ကြံသူတစ်ယောက်ဖြစ်ပြီး လူသတ်ရန်အတွက် ကိုယ်ဖော့ပညာ၊ မှောင်ခိုလက်နက်အတတ်၊ အဆိပ်ပညာအပြင် ဆွဲဆောင်သည့်နည်းလမ်းများကိုပါ သင်ယူခဲ့ရသည်။
သူသည် လူသတ်ခြင်းအနုပညာကို၁၅နှစ်မျှသင်ကြားခဲ့ရပြီးနောက်ဆုံးမှာတော့ ဓားအိမ်ထဲမှထွက်ခွာလာသည့်ဓားကဲ့သို့ အပြင်လောကကြီးဆီထွက်လာဖို့အသင့်ဖြစ်နေခဲ့၏။
သို့သော် သူ့၏ပထမဆုံးတာဝန်မထမ်းဆောင်ရသေးခင်မှာပင် သူ့၏သခင်ဖြစ်သူကလောကကြီးမှထွက်ခွာသွားခဲ့သည်။
သူ့သခင်ဟာ ရည်မှန်းချက်ကြီးမားသော မင်းသားတစ်ပါးဖြစ်ကာ အလွန်ထက်မြက်ပြီး အကြံအစည်ကြီးသူပင်။ထိုကဲ့သို့ အရမ်းတော်ပြီး အရမ်းရည်မှန်းချက်ကြီးမားနေ၍လဲ အာဏာအတွက်သွားတိုက်ရသည့်လမ်းမှာတင် သေဆုံးသွားခဲ့ရသည်။
ခေါင်းဆောင်က သေသွားသည်: နောက်လိုက်များက ပြန့်ကျဲကုန်၏။သခင်ကျဆုံးသွားသည်နှင့် အိမ်တော်ထဲမှလူများမှာလဲရေချိုငါးများကဲ့သို့ တစ်စုစီကွဲသွားတော့သည်။ထိုလူများမှာ ထွက်ပြေးလေလေ၊ အဖမ်းခံရလေလေပင်။ညဉ့်သန်းခေါင်ကျော်လွန်သွားသည့်အခါ အိမ်တော်ထဲတွင်အရိပ်တစ်စုံတစ်ရာပင် ကျန်မနေခဲ့တော့ချေ။
သဘာဝအလျောက်ပင် လုပ်ကြံသူသည်လဲ ထွက်ပြေးလာခဲ့သည်။
သူ့သခင်အပေါ် ၊ တိတိကျကျပြောရပါက ယခင်ကသူ့သခင်အပေါ်မှာ သူသံယောဇဉ်သိပ်မရှိပါချေ။သူအိမ်တော်ထဲကို ဝင်လာသည့်အချိန်မှစ၍ယခုအချိန်ထိ သူ့ယခင်ကသခင်ကိုနှစ်ခါမျှသာတွေ့ခဲ့ဖူးသည်။ပထမတစ်ကြိမ်က သူအိမ်တော်ကိုစဝင်လာစဉ်ကဖြစ်ပြီး နောက်တစ်ကြိမ်မှာ ယခင်သခင်ဖြစ်သူလောကကြီးကထွက်ခွာသွားစဉ်ကဖြစ်သည်။ထိုလူ့အပေါ်ထားရှိသည့် သူ့၏ထင်မြင်ချက်မှာ ရည်မှန်းချက်များဖြင့်တောက်လောက်နေသည့် မျက်ဝန်းတစ်စုံသာလျှင်ဖြစ်၏။
သို့သော်ငြား ယခင်သခင်ဖြစ်သူ၏သေဆုံးမှုက သူ့ကိုအလွန်ဝမ်းနည်းစေပါသည်။နောက်ဆုံးမှာတော့ သူဟာအိတ်ထဲမှာ အကြွေတစ်စေ့ပင်မရှိသည့် ဆင်းရဲသည့်လုပ်ကြံသူတစ်ယောက်သာဖြစ်၏။အလုပ်မရှိဘူးဆိုပါက သူလမ်းပေါ်မှာငတ်ပြတ်ပြီး သေဖို့သာကျန်တော့သည်ပင်။
သို့သော် အလုပ်ရှာရခြင်းကလဲ အလွန်အင်မတန်ခက်ခဲလှပါ၏။လုပ်ကြံသူသည် သူ့ဝတ်ရုံ၏လက်အနားစကိုဆွဲချလိုက်ရင်း အေးစက်စက်ဆောင်းတွင်းထဲ၌ လမ်းမများပေါ်ဝယ် ဝမ်းနည်းပူဆွေးစွာဖြင့် လျှောက်လှမ်းနေခဲ့သည်။
သူဟာ ထိပ်တန်းလုပ်ကြံသူတစ်ယောက်ဆိုသည်မှာ အမှန်ဖြစ်သော်လည်း ယခင်ကလူတစ်ယောက်မှမသတ်ခဲ့ဖူးချေ။အတွေ့အကြုံလဲမရှိ၊ ကျော်ကြားမှုလဲမရှိ၊ ရလဒ်ကောင်းကောင်းလဲမရှိသဖြင့် လူသတ်ဖို့ဆိုပြီး ဘယ်သူကမှသူ့ကိုမငှားလာကြပေ။
အလုပ်လက်မဲ့ဖြစ်သွားသည့်အခါ ပိုက်ဆံမရှိသော်လည်း ကောင်းမွန်သည့်အစားအစာများနှင့်နွေးထွေးသည့်အဝတ်အစားများကိုရရှိခဲ့သည့် အိမ်တော်၏လုပ်ကြံသူဘဝကနေ ပိုက်ဆံလဲမရှိ၊ ကောင်းမွန်သည့်စားစရာလဲမရှိသည့်အပြင် နွေးနွေးထွေးထွေးဝတ်ဖို့အဝတ်ပင်မရှိသည့် လေလွင့်လုပ်ကြံသူတစ်ယောက်ဖြစ်လာရတော့သည်။
နောက်ဆုံးမှာလွတ်လပ်သွားသည့်သူသည် တိုင်းပြည်၏အကျိုးကိုသယ်ပိုးပြီး မိမိလူမျိုးကိုကူညီဖို့အတွက် သန့်ရှင်းသည့်တခြားအသက်မွေးဝမ်းကြောင်းတစ်ခုကိုမပြောင်းလဲသည့်အကြောင်းမှာ...ပြဿနာက သူဟာ ငါးနှစ်အရွယ်ထဲက လုပ်ကြံသူတစ်ယောက်အဖြစ်လေ့ကျင့်လာခဲ့ရ၏။နေ့နေ့ညည လူတွေကိုသတ်ဖို့ပဲလေ့ကျင့်နေရသည့်အတွက် ထိုအလုပ်မှလွဲ၍ တခြားဘာမှလဲသူမလုပ်တတ်ပါချေ။
လုပ်ကြံသူတို့၏လောကတွင် အလုပ်အပ်နှံမည့်လူများကိုဆွဲဆောင်ရန်အတွက် ကြော်ငြာများကိုလမ်းကြားများ၌ ဟောင်ဖွာဖွာလုပ်ပြီး လိုက်ကပ်ဖို့လဲမဖြစ်နိုင်ပေ။ထို့ကြောင့် လုပ်ကြံသူဟာ အရူးနှမ်းဆုံးနည်းလမ်းကိုသာ သုံးလိုက်ရတော့၏။_ရန်သူများ တစ်ယောက်ပြီးတစ်ယောက်တိုးလာပုံရသည့်နာမည်ကောင်းရှိသည့်အိမ်များ သို့မဟုတ် ချမ်းသာလာတော့မည့်အိမ်များသို့သွားကာ အရောင်းအဝယ်ပြုလုပ်ခြင်းပင်။
"ခင်ဗျားမှာ ရန်သူရှိလား၊ ခေါင်းတစ်လုံးကို တစ်ရာပဲပေး"
လွန်ခဲ့သည့်နှစ်ရက်အတွင်း သူအိမ်ဒါဇင်ပေါင်းများစွာကို ပတ်ပြီးသွားလာခဲ့ရကာ အကြားရဆုံးသောအဖြေစကားသည် "တစ်ယောက်ယောက်လာတယ်!လုပ်ကြံသူရောက်လာတယ်!"
ဒုတိယအကြားရဆုံးစကားမှာမူ "မင်း အရူးကောင်!"
လုပ်ကြံသူသည် သူ့လက်ထဲရှိငွေဒင်္ဂါးသုံးပြားကိုကြည့်ရင်း ဝမ်းနည်းနေသည့်မျက်နှာထားဖြင့် ခေါင်မိုးပေါ်တွင်ဆောင့်ကြောင့်လေးထိုင်နေသည်။ဘယ်လောက်စိုးရိမ်စရာကောင်းလိုက်ပါသလဲ၊ တကယ့် တကယ့်ကို စိုးရိမ်စရာကောင်းပါသည်။
သို့သော် စိုးရိမ်နေလို့လဲအသုံးမဝင်ပါချေ။လုပ်ကြံသူဟာ သက်ပြင်းတစ်ချက်ချလိုက်ရင်း စိတ်ဝိညာဉ်ကိုမြှင့်တင်လိုက်၏။ငွေဒင်္ဂါးသုံးပြားကို သူ့အိတ်ကပ်ထဲသို့ထိုးထည့်လိုက်ပြီးနောက် အသာပုတ်လိုက်သည်။ထို့နောက် သူ့၏ကံကိုကြိုးစားကြည့်ဖို့အတွက် နောက်တစ်အိမ်သို့ထွက်လာခဲ့၏။
"ခင်ဗျားမှာ ရန်သူရှိလား၊ ခေါင်းတစ်လုံးကို ငါးဆယ်ပဲပေး"
ဟုတ်ပါသည်၊ လုပ်ကြံသူဟာအရှေ့က ကျဆုံးမှုများဆီမှသင်ယူခဲ့ပြီးဖြစ်သည်။သူယခင်က ကမ်းလှမ်းခဲ့သည့်ငွေကြေးက အလွန်မြင့်နေသည်ဟု သူခံစားရ၏။လူတွေဆိုသည်မှာ ချမ်းသာလေလေ၊ ကပ်စေးနည်းလေလေမို့ဈေးနှုန်းကို လျော့ချဖို့သူဆုံးဖြတ်ခဲ့သည်။
ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် အလှလေးသည် ခေါင်းကိုလှည့်လိုက်ရင်း သူ့ကိုတစ်ချက်ငဲ့ကြည့်လာသည်။အိမ်၏ပြတင်းပေါက်ကိုဖျက်ကာ ဝင်လာသောလုပ်ကြံသူနှင့် မျက်နှာချင်းဆိုင်လိုက်ရစဉ် အိမ်ပိုင်ရှင်ဟာအလွန်အေးဆေးလွန်းနေ၏။အလန့်တကြားလဲမအော်ဟစ်သလို သူ့ကိုအရူးလို့လဲခေါ်မလာခဲ့။ထိုသူသည် သူ့ကိုအေးစက်စက်သာကြည့်လာခဲ့၏။
"ငါးဆယ်?"
"ဟုတ်တယ်၊ ဟုတ်တယ်"
ဈေးနှုန်းကိုလျော့ချလိုက်ခြင်းက တကယ့်ကိုအသုံးဝင်လေခြင်း။လုပ်ကြံသူဟာ အတော်လေးရုန်းကန်လှုပ်ရှားခဲ့ရပြီးနောက်ဆုံးမှာတော့ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုကိုတွေ့ရှိခဲ့ပြီပင်။သူသည် ကြက်များအစာကောက်သကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်ရင်း၊
"ခင်ဗျားမှာရန်သူတွေအများကြီးရှိရင် ကျွန်တော်ခင်ဗျားကို အစုံလိုက်လျော့ဈေးပေးမယ်"
"မလိုဘူး၊ ကျေးဇူး"
လုပ်ကြံသူ၏မျှော်လင့်ချက်ရောင်ခြည်လေးက ရုတ်တရက်ကြီးစိတ်ဝင်စားမှုလျော့ကျသွားပြီး သူ့မျက်လုံးများကိုမှိတ်ချလိုက်သည်။ဧည့်သည်အား ထွက်သွားစေလိုသည့်သဘောပင်။
ပါးစပ်ဝကို ဘဲသားကရောက်နှင့်နေပြီမို့ သူဒီတိုင်းတော့ပျံခွင့်မပြုလိုက်နိုင်ပေ။လုပ်ကြံသူဟာ ကြောင့်ကြစွာဖြင့် တစ်ဖက်လူ၏ လက်အနားစကိုဆွဲလိုက်၏။
"ဈေးနှုန်းကိုညှိနှိုင်းလို့ရပါတယ်"
"ငါ့မှာရန်သူမရှိဘူး"
ကျောက်ဟွိုင်သည် သူ့မျက်လုံးများကိုမှေးစင်းလိုက်ရင်း သူ့ဝတ်ရုံ၏လက်အနားစကိုကြည့်လိုက်သည်။လုပ်ကြံသူအသေးစားလေး၏ လက်များမှာအတော်လေးလှလွန်း၏။သူ့လက်ချောင်းများကရှည်သွယ်သော်လည်း သန်မာကာဖြူစွတ်လို့နေသည်။
လုပ်ကြံသူဟာ စိတ်ထိခိုက်သွားပြီး လက်အနားစကိုလွှတ်ပေးလိုက်၏။သူ့ပုံစံက တွန့်ဆုတ်နေပါသော်လည်း အလုပ်သဘောအရလူသတ်သမားငှားသည့်ကိစ္စ၌ စာချုပ်ချုပ်မည့်လူကဆန္ဒရှိနေရမည်ပင်။ထိုသူတို့၏လည်ပင်းထက်ဝယ် ဓားသွားထောက်ပြီးအလုပ်ပေးဖို့တောင်းဆိုနိုင်သည့်ကိစ္စလဲ မဟုတ်ပါချေ။
"ဒါပေမဲ့ငါမင်းကို ငါ့ရဲ့ကိုယ်ရံတော်အဖြစ်ငှားနိုင်တယ်"
ကျောက်ဟွိုင်က ဖြည်းညင်းစွာပြုံးလာသည်။
လုပ်ကြံသူဟာ သူ့ခေါင်းကိုခါရမ်းလိုက်ရင်း၊
"လုပ်ကြံသူတွေမှာလဲသူတို့ရဲ့မာနရှိတယ်ကွ"
"ငါးသောင်း"
ကျောက်ဟွိုင်က ပျင်းရိလေးတွဲ့စွာကမ်းလှမ်းလာသည်။
"တစ်လကိုငါးသောင်း၊ အစားအသောက်နဲ့နေရေးထိုင်ရေးပါ ပါမယ်"
"သဘောတူတယ်!"
လုပ်ကြံသူဟာ အလင်း၏အလျင်လို ဖြေလာ၏။သူ့ပါးစပ်ကိုဒီထက်ပိုပြီးသာ ဖြေးဖြေးဖွင့်လိုက်မိပါက သူ့၏အလုပ်ရှင်အသစ် နောင်တရသွားမှာကိုကြောက်ရွံ့မိသောကြောင့်ပင်။
\
• အလုပ္လက္မဲ့ျဖစ္ျခင္း
တစ္ခ်ိန္တုန္းက မ်က္ဝန္းမ်ားကနက္ေမွာင္လ်က္ သူ႕၏ဓားသြားကေအးစက္ေသာ လုပ္ႀကံသူတစ္ေယာက္ရွိခဲ့သည္။
သူဟာ ထိပ္တန္းလုပ္ႀကံသူတစ္ေယာက္ျဖစ္ၿပီး လူသတ္ရန္အတြက္ ကိုယ္ေဖာ့ပညာ၊ ေမွာင္ခိုလက္နက္အတတ္၊ အဆိပ္ပညာအျပင္ ဆြဲေဆာင္သည့္နည္းလမ္းမ်ားကိုပါ သင္ယူခဲ့ရသည္။
သူသည္ လူသတ္ျခင္းအႏုပညာကို၁၅ႏွစ္မွ်သင္ၾကားခဲ့ရၿပီးေနာက္ဆုံးမွာေတာ့ ဓားအိမ္ထဲမွထြက္ခြာလာသည့္ဓားကဲ့သို႔ အျပင္ေလာကႀကီးဆီထြက္လာဖို႔အသင့္ျဖစ္ေနခဲ့၏။
သို႔ေသာ္ သူ႕၏ပထမဆုံးတာဝန္မထမ္းေဆာင္ရေသးခင္မွာပင္ သူ႕၏သခင္ျဖစ္သူကေလာကႀကီးမွထြက္ခြာသြားခဲ့သည္။
သူ႕သခင္ဟာ ရည္မွန္းခ်က္ႀကီးမားေသာ မင္းသားတစ္ပါးျဖစ္ကာ အလြန္ထက္ျမက္ၿပီး အႀကံအစည္ႀကီးသူပင္။ထိုကဲ့သို႔ အရမ္းေတာ္ၿပီး အရမ္းရည္မွန္းခ်က္ႀကီးမားေန၍လဲ အာဏာအတြက္သြားတိုက္ရသည့္လမ္းမွာတင္ ေသဆုံးသြားခဲ့ရသည္။
ေခါင္းေဆာင္က ေသသြားသည္: ေနာက္လိုက္မ်ားက ျပန႔္က်ဲကုန္၏။သခင္က်ဆဳံးသြားသည္ႏွင့္ အိမ္ေတာ္ထဲမွလူမ်ားမွာလဲေရခ်ိဳငါးမ်ားကဲ့သို႔ တစ္စုစီကြဲသြားေတာ့သည္။ထိုလူမ်ားမွာ ထြက္ေျပးေလေလ၊ အဖမ္းခံရေလေလပင္။ညဉ့္သန္းေခါင္ေက်ာ္လြန္သြားသည့္အခါ အိမ္ေတာ္ထဲတြင္အရိပ္တစ္စုံတစ္ရာပင္ က်န္မေနခဲ့ေတာ့ေခ်။
သဘာဝအေလ်ာက္ပင္ လုပ္ႀကံသူသည္လဲ ထြက္ေျပးလာခဲ့သည္။
သူ႕သခင္အေပၚ ၊ တိတိက်က်ေျပာရပါက ယခင္ကသူ႕သခင္အေပၚမွာ သူသံေယာဇဥ္သိပ္မရွိပါေခ်။သူအိမ္ေတာ္ထဲကို ဝင္လာသည့္အခ်ိန္မွစ၍ယခုအခ်ိန္ထိ သူ႕ယခင္ကသခင္ကိုႏွစ္ခါမွ်သာေတြ႕ခဲ့ဖူးသည္။ပထမတစ္ႀကိမ္က သူအိမ္ေတာ္ကိုစဝင္လာစဥ္ကျဖစ္ၿပီး ေနာက္တစ္ႀကိမ္မွာ ယခင္သခင္ျဖစ္သူေလာကႀကီးကထြက္ခြာသြားစဥ္ကျဖစ္သည္။ထိုလူ႕အေပၚထားရွိသည့္ သူ႕၏ထင္ျမင္ခ်က္မွာ ရည္မွန္းခ်က္မ်ားျဖင့္ေတာက္ေလာက္ေနသည့္ မ်က္ဝန္းတစ္စုံသာလွ်င္ျဖစ္၏။
သို႔ေသာ္ျငား ယခင္သခင္ျဖစ္သူ၏ေသဆုံးမႈက သူ႕ကိုအလြန္ဝမ္းနည္းေစပါသည္။ေနာက္ဆုံးမွာေတာ့ သူဟာအိတ္ထဲမွာ အေႂကြတစ္ေစ့ပင္မရွိသည့္ ဆင္းရဲသည့္လုပ္ႀကံသူတစ္ေယာက္သာျဖစ္၏။အလုပ္မရွိဘူးဆိုပါက သူလမ္းေပၚမွာငတ္ျပတ္ၿပီး ေသဖို႔သာက်န္ေတာ့သည္ပင္။
သို႔ေသာ္ အလုပ္ရွာရျခင္းကလဲ အလြန္အင္မတန္ခက္ခဲလွပါ၏။လုပ္ႀကံသူသည္ သူ႕ဝတ္႐ုံ၏လက္အနားစကိုဆြဲခ်လိဳက္ရင္း ေအးစက္စက္ေဆာင္းတြင္းထဲ၌ လမ္းမမ်ားေပၚဝယ္ ဝမ္းနည္းပူေဆြးစြာျဖင့္ ေလွ်ာက္လွမ္းေနခဲ့သည္။
သူဟာ ထိပ္တန္းလုပ္ႀကံသူတစ္ေယာက္ဆိုသည္မွာ အမွန္ျဖစ္ေသာ္လည္း ယခင္ကလူတစ္ေယာက္မွမသတ္ခဲ့ဖူးေခ်။အေတြ႕အႀကဳံလဲမရွိ၊ ေက်ာ္ၾကားမႈလဲမရွိ၊ ရလဒ္ေကာင္းေကာင္းလဲမရွိသျဖင့္ လူသတ္ဖို႔ဆိုၿပီး ဘယ္သူကမွသူ႕ကိုမငွားလာၾကေပ။
အလုပ္လက္မဲ့ျဖစ္သြားသည့္အခါ ပိုက္ဆံမရွိေသာ္လည္း ေကာင္းမြန္သည့္အစားအစာမ်ားႏွင့္ႏြေးေထြးသည့္အဝတ္အစားမ်ားကိုရရွိခဲ့သည့္ အိမ္ေတာ္၏လုပ္ႀကံသူဘဝကေန ပိုက္ဆံလဲမရွိ၊ ေကာင္းမြန္သည့္စားစရာလဲမရွိသည့္အျပင္ ႏြေးႏြေးေထြးေထြးဝတ္ဖို႔အဝတ္ပင္မရွိသည့္ ေလလြင့္လုပ္ႀကံသူတစ္ေယာက္ျဖစ္လာရေတာ့သည္။
ေနာက္ဆုံးမွာလြတ္လပ္သြားသည့္သူသည္ တိုင္းျပည္၏အက်ိဳးကိုသယ္ပိုးၿပီး မိမိလူမ်ိဳးကိုကူညီဖို႔အတြက္ သန႔္ရွင္းသည့္တျခားအသက္ေမြးဝမ္းေၾကာင္းတစ္ခုကိုမေျပာင္းလဲသည့္အေၾကာင္းမွာ...ျပႆနာက သူဟာ ငါးႏွစ္အ႐ြယ္ထဲက လုပ္ႀကံသူတစ္ေယာက္အျဖစ္ေလ့က်င့္လာခဲ့ရ၏။ေန႕ေန႕ညည လူေတြကိုသတ္ဖို႔ပဲေလ့က်င့္ေနရသည့္အတြက္ ထိုအလုပ္မွလြဲ၍ တျခားဘာမွလဲသူမလုပ္တတ္ပါေခ်။
လုပ္ႀကံသူတို႔၏ေလာကတြင္ အလုပ္အပ္ႏွံမည့္လူမ်ားကိုဆြဲေဆာင္ရန္အတြက္ ေၾကာ္ျငာမ်ားကိုလမ္းၾကားမ်ား၌ ေဟာင္ဖြာဖြာလုပ္ၿပီး လိုက္ကပ္ဖို႔လဲမျဖစ္နိုင္ေပ။ထို႔ေၾကာင့္ လုပ္ႀကံသူဟာ အ႐ူးႏွမ္းဆုံးနည္းလမ္းကိုသာ သုံးလိုက္ရေတာ့၏။_ရန္သူမ်ား တစ္ေယာက္ၿပီးတစ္ေယာက္တိုးလာပုံရသည့္နာမည္ေကာင္းရွိသည့္အိမ္မ်ား သို႔မဟုတ္ ခ်မ္းသာလာေတာ့မည့္အိမ္မ်ားသို႔သြားကာ အေရာင္းအဝယ္ျပဳလုပ္ျခင္းပင္။
"ခင္ဗ်ားမွာ ရန္သူရွိလား၊ ေခါင္းတစ္လုံးကို တစ္ရာပဲေပး"
လြန္ခဲ့သည့္ႏွစ္ရက္အတြင္း သူအိမ္ဒါဇင္ေပါင္းမ်ားစြာကို ပတ္ၿပီးသြားလာခဲ့ရကာ အၾကားရဆုံးေသာအေျဖစကားသည္ "တစ္ေယာက္ေယာက္လာတယ္!လုပ္ႀကံသူေရာက္လာတယ္!"
ဒုတိယအၾကားရဆုံးစကားမွာမူ "မင္း အ႐ူးေကာင္!"
လုပ္ႀကံသူသည္ သူ႕လက္ထဲရွိေငြဒဂၤါးသုံးျပားကိုၾကည့္ရင္း ဝမ္းနည္းေနသည့္မ်က္ႏွာထားျဖင့္ ေခါင္မိုးေပၚတြင္ေဆာင့္ေၾကာင့္ေလးထိုင္ေနသည္။ဘယ္ေလာက္စိုးရိမ္စရာေကာင္းလိုက္ပါသလဲ၊ တကယ့္ တကယ့္ကို စိုးရိမ္စရာေကာင္းပါသည္။
သို႔ေသာ္ စိုးရိမ္ေနလို႔လဲအသုံးမဝင္ပါေခ်။လုပ္ႀကံသူဟာ သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း စိတ္ဝိညာဥ္ကိုျမႇင့္တင္လိုက္၏။ေငြဒဂၤါးသုံးျပားကို သူ႕အိတ္ကပ္ထဲသို႔ထိုးထည့္လိုက္ၿပီးေနာက္ အသာပုတ္လိုက္သည္။ထို႔ေနာက္ သူ႕၏ကံကိုႀကိဳးစားၾကည့္ဖို႔အတြက္ ေနာက္တစ္အိမ္သို႔ထြက္လာခဲ့၏။
"ခင္ဗ်ားမွာ ရန္သူရွိလား၊ ေခါင္းတစ္လုံးကို ငါးဆယ္ပဲေပး"
ဟုတ္ပါသည္၊ လုပ္ႀကံသူဟာအေရွ႕က က်ဆဳံးမႈမ်ားဆီမွသင္ယူခဲ့ၿပီးျဖစ္သည္။သူယခင္က ကမ္းလွမ္းခဲ့သည့္ေငြေၾကးက အလြန္ျမင့္ေနသည္ဟု သူခံစားရ၏။လူေတြဆိုသည္မွာ ခ်မ္းသာေလေလ၊ ကပ္ေစးနည္းေလေလမို႔ေဈးႏႈန္းကို ေလ်ာ့ခ်ဖိဳ႕သူဆုံးျဖတ္ခဲ့သည္။
ဘီးတပ္ကုလားထိုင္ေပၚတြင္ထိုင္ေနသည့္ အလွေလးသည္ ေခါင္းကိုလွည့္လိုက္ရင္း သူ႕ကိုတစ္ခ်က္ငဲ့ၾကည့္လာသည္။အိမ္၏ျပတင္းေပါက္ကိုဖ်က္ကာ ဝင္လာေသာလုပ္ႀကံသူႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရစဥ္ အိမ္ပိုင္ရွင္ဟာအလြန္ေအးေဆးလြန္းေန၏။အလန႔္တၾကားလဲမေအာ္ဟစ္သလို သူ႕ကိုအ႐ူးလို႔လဲေခၚမလာခဲ့။ထိုသူသည္ သူ႕ကိုေအးစက္စက္သာၾကည့္လာခဲ့၏။
"ငါးဆယ္?"
"ဟုတ္တယ္၊ ဟုတ္တယ္"
ေဈးႏႈန္းကိုေလ်ာ့ခ်လိဳက္ျခင္းက တကယ့္ကိုအသုံးဝင္ေလျခင္း။လုပ္ႀကံသူဟာ အေတာ္ေလး႐ုန္းကန္လႈပ္ရွားခဲ့ရၿပီးေနာက္ဆုံးမွာေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးတစ္ခုကိုေတြ႕ရွိခဲ့ၿပီပင္။သူသည္ ၾကက္မ်ားအစာေကာက္သကဲ့သို႔ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ျပလိုက္ရင္း၊
"ခင္ဗ်ားမွာရန္သူေတြအမ်ားႀကီးရွိရင္ ကြၽန္ေတာ္ခင္ဗ်ားကို အစုံလိုက္ေလ်ာ့ေဈးေပးမယ္"
"မလိုဘူး၊ ေက်းဇူး"
လုပ္ႀကံသူ၏ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးက ႐ုတ္တရက္ႀကီးစိတ္ဝင္စားမႈေလ်ာ့က်သြားၿပီး သူ႕မ်က္လုံးမ်ားကိုမွိတ္ခ်လိဳက္သည္။ဧည့္သည္အား ထြက္သြားေစလိုသည့္သေဘာပင္။
ပါးစပ္ဝကို ဘဲသားကေရာက္ႏွင့္ေနၿပီမို႔ သူဒီတိုင္းေတာ့ပ်ံခြင့္မျပဳလိုက္နိုင္ေပ။လုပ္ႀကံသူဟာ ေၾကာင့္ၾကစြာျဖင့္ တစ္ဖက္လူ၏ လက္အနားစကိုဆြဲလိုက္၏။
"ေဈးႏႈန္းကိုညွိႏွိုင္းလို႔ရပါတယ္"
"ငါ့မွာရန္သူမရွိဘူး"
ေက်ာက္ဟြိုင္သည္ သူ႕မ်က္လုံးမ်ားကိုေမွးစင္းလိုက္ရင္း သူ႕ဝတ္႐ုံ၏လက္အနားစကိုၾကည့္လိုက္သည္။လုပ္ႀကံသူအေသးစားေလး၏ လက္မ်ားမွာအေတာ္ေလးလွလြန္း၏။သူ႕လက္ေခ်ာင္းမ်ားကရွည္သြယ္ေသာ္လည္း သန္မာကာျဖဴစြတ္လို႔ေနသည္။
လုပ္ႀကံသူဟာ စိတ္ထိခိုက္သြားၿပီး လက္အနားစကိုလႊတ္ေပးလိုက္၏။သူ႕ပုံစံက တြန႔္ဆုတ္ေနပါေသာ္လည္း အလုပ္သေဘာအရလူသတ္သမားငွားသည့္ကိစၥ၌ စာခ်ဳပ္ခ်ဳပ္မည့္လူကဆႏၵရွိေနရမည္ပင္။ထိုသူတို႔၏လည္ပင္းထက္ဝယ္ ဓားသြားေထာက္ၿပီးအလုပ္ေပးဖို႔ေတာင္းဆိုနိုင္သည့္ကိစၥလဲ မဟုတ္ပါေခ်။
"ဒါေပမဲ့ငါမင္းကို ငါ့ရဲ႕ကိုယ္ရံေတာ္အျဖစ္ငွားနိုင္တယ္"
ေက်ာက္ဟြိုင္က ျဖည္းညင္းစြာၿပဳံးလာသည္။
လုပ္ႀကံသူဟာ သူ႕ေခါင္းကိုခါရမ္းလိုက္ရင္း၊
"လုပ္ႀကံသူေတြမွာလဲသူတို႔ရဲ႕မာနရွိတယ္ကြ"
"ငါးေသာင္း"
ေက်ာက္ဟြိုင္က ပ်င္းရိေလးတြဲ႕စြာကမ္းလွမ္းလာသည္။
"တစ္လကိုငါးေသာင္း၊ အစားအေသာက္နဲ႕ေနေရးထိုင္ေရးပါ ပါမယ္"
"သေဘာတူတယ္!"
လုပ္ႀကံသူဟာ အလင္း၏အလ်င္လို ေျဖလာ၏။သူ႕ပါးစပ္ကိုဒီထက္ပိုၿပီးသာ ေျဖးေျဖးဖြင့္လိုက္မိပါက သူ႕၏အလုပ္ရွင္အသစ္ ေနာင္တရသြားမွာကိုေၾကာက္႐ြံ႕မိေသာေၾကာင့္ပင္။
\