မည်á€ļနက်ရက်စက်သေီဒá€Ŋတိယဇီတ်လိá€Ŋက...

By ma_roses_are_blue

86.3K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ęđ€ë―€ė‚ Artist(s) Sol (solminator0) Yea... More

Description
အပိá€Ŋင်á€ļ(၀၀)
အပိá€Ŋင်á€ļ(၁)
အပိá€Ŋင်á€ļ(၂)
အပိá€Ŋင်á€ļ(၃)
အပိá€Ŋင်á€ļ(၄)
အပိá€Ŋင်á€ļ(၅)
အပိá€Ŋင်á€ļ(၆)
အပိá€Ŋင်á€ļ(၇)
အပိá€Ŋင်á€ļ(၈)
အပိá€Ŋင်á€ļ(၉)
အပိá€Ŋင်á€ļ(၁၀)
အပိá€Ŋင်á€ļ(၁၁)
အပိá€Ŋင်á€ļ(၁၂)
အပိá€Ŋင်á€ļ(၁၃)
အပိá€Ŋင်á€ļ(၁၄)
အပိá€Ŋင်á€ļ(၁၅)
အပိá€Ŋင်á€ļ(၁၆)
အပိá€Ŋင်á€ļ(၁၇)
အပိá€Ŋင်á€ļ(၁၈)
အပိá€Ŋင်á€ļ(၁၉)
အပိá€Ŋင်á€ļ(၂၀)
အပိá€Ŋင်á€ļ(၂၁)
အပိá€Ŋင်á€ļ(၂၂)
အပိá€Ŋင်á€ļ(၂၄)
အပိá€Ŋင်á€ļ(၂၅)
အပိá€Ŋင်á€ļ(၂၆)
အပိá€Ŋင်á€ļ(၂၇)
အပိá€Ŋင်á€ļ(၂၈)
အပိá€Ŋင်á€ļ(၂၉)
အပိá€Ŋင်á€ļ(၃၀)
အပိá€Ŋင်á€ļ(၃၁)
Notice
အပိá€Ŋင်á€ļ(၃၂)
အပိá€Ŋင်á€ļ(၃၃)
အပိá€Ŋင်á€ļ(၃၄)
အပိá€Ŋင်á€ļ(၃၅)
အပိá€Ŋင်á€ļ(၃၆)
အပိá€Ŋင်á€ļ(၃၇)
အပိá€Ŋင်á€ļ(၃၈)
အပိá€Ŋင်á€ļ(၃၉)
အပိá€Ŋင်á€ļ(၄၀)
အပိá€Ŋင်á€ļ(၄၁)
အပိá€Ŋင်á€ļ(၄၂)
အပိá€Ŋင်á€ļ(၄၃)
အပိá€Ŋင်á€ļ(၄၄)
အပိá€Ŋင်á€ļ(၄၅)
အပိá€Ŋင်á€ļ(၄၆)
အပိá€Ŋင်á€ļ(၄၇)
အပိá€Ŋင်á€ļ(၄၈)
အပိá€Ŋင်á€ļ(၄၉)
အပိá€Ŋင်á€ļ(၅၀)
အပိá€Ŋင်á€ļ(၅၁)
အပိá€Ŋင်á€ļ(၅၂)
အပိá€Ŋင်á€ļ(၅၃)
အပိá€Ŋင်á€ļ(၅၄)
အပိá€Ŋင်á€ļ(၅၅)
အပိá€Ŋင်á€ļ(၅၆)
အပိá€Ŋင်á€ļ(၅၇)
အပိá€Ŋင်á€ļ(၅၈)
အပိá€Ŋင်á€ļ(၅၉)
အပိá€Ŋင်á€ļ(၆၀)
အပိá€Ŋင်á€ļ(၆၁)
အပိá€Ŋင်á€ļ(၆၂)
အပိá€Ŋင်á€ļ(၆၃)
အပိá€Ŋင်á€ļ(၆၄)
အပိá€Ŋင်á€ļ(၆၅)
အပိá€Ŋင်á€ļ(၆၆)
အပိá€Ŋင်á€ļ(၆၇)
အပိá€Ŋင်á€ļ(၆၈)
အပိá€Ŋင်á€ļ(၆၉)
အပိá€Ŋင်á€ļ(၇၀)
အပိá€Ŋင်á€ļ(၇၁)
အပိá€Ŋင်á€ļ(၇၂)
အပိá€Ŋင်á€ļ(၇၃)
အပိá€Ŋင်á€ļ(၇၄)
အပိá€Ŋင်á€ļ(၇၅)
အပိá€Ŋင်á€ļ(၇၆)
အပိá€Ŋင်á€ļ(၇၇)
အပိá€Ŋင်á€ļ(၇၈)
အပိá€Ŋင်á€ļ(၇၉)
အပိá€Ŋင်á€ļ(၈၀)
အပိá€Ŋင်á€ļ(၈၁)
အပိá€Ŋင်á€ļ(၈၂)
အပိá€Ŋင်á€ļ(၈၃)
ðŸŦķ

အပိá€Ŋင်á€ļ(၂၃)

1K 136 2
By ma_roses_are_blue

"အို နှုတ်ဆက်ပါတယ် အရှင်ကာဒီယမ်"
"ရှင်ကို အခုလို ပွဲ‌မျိုးမှာတွေ့ရတာပထမဆုံးအကြိမ်ပဲ ရှင်ပွဲတတ်တာမြင်ရတော့ ကျွန်မ အလွန်အမင်းကို ၀မ်းသာမိပါတယ်"
"ဒါနဲ့ ရှင်ကျွန်မကိုမှတ်မိလား ကျွန်မက ရှင်ရဲ့ စေ့စပ်ပွဲအခမ်းအနားတုန်းက တတ်ရောက်ခဲ့သေးတယ်"
ပိုးဖလံတွေ မီးထဲ တိုး၀င်လာသလို မရေမတွက်နိုင်သောလူတွေ အသက်အရွယ် ယောကျာ်းမိန်းမမရွေး လုရှန်ဘေးသို့ စုဝေးလာခဲ့သည်

'‌ဟေး ငါလဲ ဒီနေရာမှာ ရှိနေပါသေးတယ်နော်'
ဘယ်လိုပဲဖြစ်နေပါစေ သူမက ထိုလူတွေရဲ့မြင်ကွင်းထဲ ၀င်ပင်မ၀င်နိုင်ခဲ့ပေ
တစ္ဆေတစ်‌ကောင်လို ဆက်ဆံခံနေရတာ အနည်းငယ်စိတ်ပျက်နေစဉ် တခြားတစ်ဖက်မှာလဲ စိတ်ကျေနပ်မိသည်

'ငါအကြိုက်ဆုံးကာရိုက်တာ အချစ်ခံနေရတာကိုမြင်ရတာ ကောင်းလိုက်တာ'

သေချာပေါက် သူမရင်ထဲကအပျော်ကိုခံစားနေစဉ် ဆန့်ကျင်ဘက် လုရှန်မျက်နှာကတော့ လူတွေတိုးဝေ့နေတာကြေညင့် အနည်းငယ်တောင့်တင်းနေလေသည် အရမ်း သနားစရာကောင်းလိုက်တာ

'သူက အရမ်းလှပနေတုန်းပဲ'

လုရှန်က သူ့အပေါ် လူတွေဆီမှ အာရုံစူးစိုက်ခံရတာကို မကြိုက်ပေ တိတိကျကျပြောရရင် သူက ထိုအရာကြောင့် ၀န်လေးသလိုခံစားရ‌တာကြောင့်ဖြစ်သည် သူက ကမ္ဘာပေါ်က အလှတရားအားလုံး နဲ့ လက်ထပ်ခွင့်ကမ်းလှမ်းခံရဖို့ အပြည့်အ၀နှိုးဆော်ပေးနိုင်သော ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း
သူမျက်လုံးအရောင်အဆင်းကြောင့် အနိုင်ကျင့်ခံခဲ့ရတဲ့ သနားစရာ ကလေးဘ၀ရဲ့ အကျိုးဆက်ပင်ဖြစ်သည်
အင်ပါယာရဲ့ အကြီးမြတ်ဆုံး စစ်သည်ဖြစ်လာခဲ့ပြီးတာတောင်မှ သူငယ်ရွယ်စဥ်ဘ၀၏ ခါးသီးမှုက အခုထိတိုင်ကျန်ရှိနေသေးသည်

'သူ့ရဲ့အလုပ်ကြိုးစားတဲ့ဗီဇကြောင့် ဆွဲဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့ ဒုတိယဇာတ်လိုက်ဖြစ်နေတာ သူသာ ကိုယ်ကိုကိုယ်ယုံကြည်မှုပိုရှိအောင် ကျင့်ကြံနိုင်ရင် ကောင်းမှာပဲ'
ဟိတ်ဟန်အပြည့်နဲ့ 'မင်းငါ့ကိုမကြိုက်ဘူး?မင်းလုပ်ရဲတယ်ပေါ့?ငါ့အပေါ်ကို?'ဆိုပြီး သူကိုငြင်းပယ်ခဲ့တဲ့ အမျိုးသမီးဇာတ်လိုက်ကို ပြောပစ်စမ်းပါ

"မင်း ဘာလို့ လာတာလဲ"
'အာ suit၀တ်ထားတဲ့ မျောက်တစ်ကောင်လို ထိုစကားမျိုး တိတိကျကျပြောနိုင်တာ ဘယ်သူရှိမှာလဲ'

မင်းသားကားလစ်ရောက်ရှိလာခဲ့ပြီ
အမျိုးသားဇာတ်လိုက်ပေါ်ထွက်လာချင်း သူရဲ့ ဖိနှိပ်တတ်တဲ့ဗီဇက ဖြာထွက်လာခဲ့သည်
လုရှန်ဘေးမှာ စကားပြောနေတဲ့လူတွေနှင့် ဟောခန်းမထဲက လူတွေအကုန်လုံး ငြိမ်ကျသွားပြီး ကားလစ်ဆီလှမ်းကြည့်လိုက်ကြသည်
ထိုစိတ်ကြီး၀င်နေတဲ့ယောကျာ်းထုတ်လွှတ်လိုက်တဲ့ စွမ်းအား၏ကြောက်စရာကောင်းမှုက သူတို့မျက်လုံးတွေမှာထင်ဟပ်နေသည် ပိုပြီးတော့တောင်မှ အနှောင့်အဖွဲ့မရှိကြောက်ရွံရိုသေမှုတွေ ပိုဖြစ်လာခဲ့သည်
သူတို့အကြည့်တွေမှာ အသိအမှတ်ပြုမှုတစ်ခုပါ၀င်နေခဲ့သည် ပြီးပြည့်စုံ‌နေတဲ့ အနုပညာလက်ရာတစ်ခုကို မျက်နှာချင်းဆိုင်တွေ့လိုက်ရသလိုပင်

'အိုခေ သူရဲ့personalityကိုတော့ ငါသဘောမကျရင်မကျလိမ့်မယ် ဒါပေမဲ့ သူကချောမောတယ်ဆိုတာကိုတော့လက်ခံရမယ်'

မင်းသားကားလစ်မှာ အချိုးအစားညီညာပြီး နှစ်လိုဖွယ်ရာမျက်နှာမျိုးရှိလေသည် နတ်ဘုရားက သူကိုယ်တိုင် ထုဆစ်ထားတဲ့ ပန်းပုလေးတစ်ခုကဲ့သို့ပင် အနက်ရောင်ဆံနွယ်တွေနှင့် ဘောင်ခတ်ထားလေသည် ခြေထောက်တွေကလဲ ရှည်လျားပြီး အကြည့်တစ်ချက်နဲ့တင် ပြောနိုင်သည်  အထူးကောင်းမွန်လှတဲ့ဖမ်းဆွဲချက်အောက်မှာ သူခန္ဓာကိုယ်အရည်အသွေးကိုပြောနိုင်ပေသည်
သူခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတိုင်းက အချစ်၀တ္ထုထဲက အမျိုးသားဇာတ်လိုက်ရဲ့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနှင့် အံကိုက်ပင်
သူဘေး100မီတာပတ်ပတ်လည်က လူတိုင်းကို ခြိမ်းခြောက်နေသလို ပတ်ပတ်လည် လေထုကိုလှည်းကျင်းနေခဲ့သည် ထိုအရာမှာ အရမ်းအားကောင်းလေသည်

"မင်း အရင်က ဒီလိုပွဲတွေ တခါမှမတတ်ဖူးပါဘူး ငါမွေးနေ့ကို ကျင်းပချင်စိတ် တကယ်ရောရှိရဲ့လား ဖြစ်နိုင်တာက..."

ကားလစ် ခပ်ယဲ့ယဲ့ဆက်ပြောလေသည်
"သူတော်စင်လဲ လာမယ်လို့ မင်းကြားလို့များလား?"

'ထင်တဲ့အတိုင်းပဲ အခုလိုဖြစ်လာလိမ့်မယ်ဆိုတာ ငါသိတယ်'
အမြဲ အက်စတယ်လာဘက်လှည့်လာနေကြ

မည်မည်ရရအမျိုးသားဇာတ်လိုက်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ‌အသေအချာ ကစားပြနေတဲ့ ကားလစ်က အက်စတယ်လာအကြောင်း အမြဲလိုလို ကိစ္စတွေ လုပ်ဖို့အတွက် အချက်အလတ်ကျကျကိုင်တွယ်တတ်သည်
ပုံမှန်မဟုတ်ဘဲ လျင်မြန်စွာအေးစက်လာတဲ့လေထုထဲ၌ ပိတ်မိနေကြရင်း ထိုနှစ်ယောက်ဘေးမှာ စုဝေးနေတဲ့ လူတွေက ထိုသူနှစ်ယောက်အတွဲကို နေရာကျယ်ကျယ်ပေးဖို့ ရွေးချယ်လိုက်ကြသည် သူမလဲပဲ ဘေးကို တိတ်တိတ်ကလေး ကြောက်ရွံစွာ လျှောက်သွားဖို့‌ကြိုးစားလိုက်သည်
အလိုလေး သူမကျရှုံးခဲ့သည်

ထွက်ပြေးဖို့ ကြိုးပမ်းနေစဉ် လုရှန်က ထုတ်ပြောလိုက်သည်

"လုံး၀မဟုတ်ဘူးး ငါဒီကိုလာတာက ငါဇနီးလောင်းကို ကာကွယ်ပေးဖို့သက်သက်ပဲ"

'တဆိတ်လောက် အခု ကျွန်မ ဘယ်လိုထွက်ရ‌ေတာ့မှာလဲ'
မထင်မှတ်ထားတဲ့အဖြေကြောင့် ကားလစ်ရဲ့ ပြင်းထန်တဲ့အကြည့်က သူမဆီရွေ့လာသည်မှာ သဘာ၀ပင်

လုရှန်ရဲ့ ပြန်‌ဖြေတဲ့အဖြေမတိုင်ခင်အထိ လုရှန်ဘေးမှာ သူမရပ်နေခဲ့တယ်ဆိုတာကို ကားလစ် သတိမထားမိခဲ့ပေ

သူ့အတွက်တော့ ပါနေးရားက လမ်းတစ်ဖက်မှာ ညစ်ပတ်ပေရေပြီး ဈေးရောင်းချနေတဲ့သူတစ်ယောက်ထက် ပိုပြီးအဆင်နိမ့်လေသည်
သူမဆီ လှမ်းပေးသောအကြည့်ကနေ ကားလစ်ဘာတွေးနေတယ်ဆိုတာကို သူမမြင်နိုင်သည်

"မင်းက သူလို မိန်းမတယောက်အတွက်နဲ့ ပွဲကို အရေးတကြီး လာတယ်ပေါ့? လုရှန် ကာဒီယမ် မင်း ပိုကောင်းတဲ့ ဆင်ခြေကို ပြင်ဆင်လာခဲ့သင့်တာ"
အရာအားလုံးကို ဒီထက်ပိုပြီးပြောချင်နေသလို မျက်နှာထားတစ်ခုနဲ့ပင်

'အဲ့တော့ဘာဖြစ်လဲ အဲ့အကြောင်းနဲ့ပတ်သတ်ပြီး နင်ဘာလုပ်နိုင်မှာလို့လဲ နင် ကလေကချေကောင်ရဲ့' သူမ မတတ်နိုင်ပဲ သူမဘာသာသူမ တွေးမိသည်

ဘယ်လိုပဲဖြစ်နေပါစေ သူမက မှုးမတ်ဖြစ်ရုံလူတစ်ယောက်ရဲ့သမီးတစ်ယောက်သာသာပါ သူကတော့ အိမ်ရှေ့စံမင်းသား အင်ပါယာထဲမှာ လွှမ်းမိုးအားအကောင်းဆုံးယောကျာ်းတွေထဲက တစ်ယောက်

သူမရဲ့ စက်ဆုတ်ရွံရှာမှုကို ပွင့်ပွင့်လင်းလင်းမပြသနိုင်ပေ
သူမ ကိုးရိုးကားယားရယ်နေရုံသာတတ်နိုင်သည် 'ငါလဲမသိဘူး'ဆိုပြီး ပြောနေသလို မျက်နှာအမူအယာ၀တ်ဆင်ထားရင်းပင်

ဒါပေမဲ့ ကားလစ်ရဲ့မျက်လုံးတွေက ပါးနေးရားရဲ့ ပုံစံကို ကြည့်လိုက်ပြီးတာနဲ့ အေးစက်လာခဲ့သည် သူအမူအရာနှင့် အကြည့်နှစ်ခုလုံးမှာ လှောင်ရယ်နေမှုတစ်ခုမှာ သိသာထင်ရှားလေသည်

'ရှင်ငါ့ကို ဒီလိုဂုဏ်သိက္ခာကျစေတဲ့နည်း‌နဲ့ကြည့်နေတာကိုနားလည်ပေးနိုင်ပါတယ် ဘာလို့လဲဆိုတော့ ငါက အမျိုးသမီးဇာတ်လိုက်မဟုတ်ဘူးလေ ဒါပေမဲ့ ရှင့်မျက်လုံးထဲမှာတော့ ငါက လူသားတစ်ယောက်တောင်မဟုတ်တဲ့ ပုံပေါ်နေတယ်'

အမျိုးသားဇာတ်လိုက်ရဲ့မျက်လုံးတွေနဲ့ တိုက်ရိုက်ကြီးသတ်မှတ်ခံရတာက အမှန်အကန်ပင်  ၀န်ပိလေသည်
သူမရဲ့နောက်ကျော၌ ချွေးအေးတစ်စက် ကျသွားလေသည်

အဲ့အချိန်မှာပဲ လုရှန်က ခြေတလှမ်းရှေ့တိုးလာပြီး သူမအရှေ့၌ ရပ်လိုက်သည် ကားလစ်ဆီကနေ ကာပေးထားသလိုပင်

"အရှင်မင်းသား ကျွန်တော်အရင်တုန်းကလဲ အသင့်ကိုပြောဖူးပါတယ် သူမကို အဲ့လိုအကြည့်နဲ့မကြည့်ပါနဲ့" (ကာကွယ်ပေးနေတာuwu)

'ဟုတ်တယ် စေ့စပ်ပွဲအခမ်းအနားတုန်းကလဲ ဖြစ်ဖူးတယ်'

အဲ့အချိန်တုန်းကလဲ ကားလစ်က လုရှန်နားချဉ်းကပ်လာပြိး ရန်ပွဲတစ်ခုလုပ်ဖို့ ကြိုးစားခဲ့သည် လုရှန်က သူမကို ကာကွယ်ပေးခဲ့သည်
အက်စတယ်လာက ယောကျာ်းတွေ မီးပွားပိုကြီးလာဖို့ စတင်ပြောင်းလဲပြီဆို ထွက်ပေါ်လာပြီဖြစ်သည်
စကြာ၀ဠာကြီးက အမျိုးသမီးဇာတ်လိုက်အတွက် ထွက်ပေါ်လာဖို့အကောင်းဆုံးအပြီးပြည့်စုံဆုံအချိန်ကို သိနေသလို တင်အားအမြင့်ဆုံးအခိုက်အတန့် အတိအကျပင်

'ဟုတ်တယ် အခုလိုပဲ'
အက်စတယ်လာ ပွဲခန်းမထဲသို့၀င်လာခဲ့သည်

'၀တ္ထုတွေ comicsတွေထဲမှာ ဘာကြောင့် ဒီလို ဇာတ်ကွက်တစ်ခု အမြဲလိုလိုရှိနေရတာလဲ'

အမျိုးသမီးဇာတ်လိုက်က အမြဲလိုလိုရိုးရှင်းစွာ၀တ်ဆင်ရင်း ထွက်ပေါ်လာပြီး သူမရဲ့အခြေခံ၀တ်ပုံစားပုံဖြစ်နေသောလည်း မဟားတရားလှပနေတတ်သည် စုဝေးနေတဲ့လူအားလုံး အံဩသွားစေတတ်တဲ့ ဇာတ်ကွက်မျိုးပင်
သူမက ထိုဇာတ်ကွက်မျိုးကို အကြိုက်ဆုံးဖြစ်ခဲ့သည်

သူတို့က သဲထိတ်ရင်ဖိုတစ်ခုကို စာဖတ်သူတွေရင်ထဲ မွှေနေတယ်လို့ ပြောနိုင်လေသည် သူတို့ရဲ့အမျိုးသမီးဇာတ်လိုက်တွေက အားလုံးရဲ့အထက်မှာ ထိုးထွက်နေသလို
အခုလဲပဲ ထိုကဲ့သို့ အခိုက်အတန့်မျိုးဖြစ်သည်

အက်စတယ်လာ သတိမေ့သွားစေလောက်အောင်တောက်ပနေသည်
အင်ပါယာရဲ့အ‌ေကာင်းဆုံးဒီဇိုင်းနာချုပ်ထားတဲ့ ကောင်းကင်ပြာရောင်ဂါ၀န်က အက်စတယ်လာရဲ့ မျက်နှာသွင်ပြင်တွေက ထူးကဲစွာ လိုက်ဖတ်နေလေသည် သူမရဲ့အထူးကောင်းမွန်တဲ့အ၀တ်အစားနှင့် ပုံပန်းသွင်ပြင်တို့ရဲ့ပေါင်းစပ်မှုက လူတိုင်းရဲ့ attentionကို အမိန့်ပေးနိုင်တဲ့ အော်ရာတစ်ခု ထွက်ပေါ်နေသည်
သူမက နှင်းအရည်ပထမဆုံးအကြိမ်ပျော်ပြီးတဲ့နောက် ပွင့်လန်းလာတဲ့ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ နွေဦးပန်းကလေးလိုပင်

ပွဲခန်းမထဲမှာရှိတဲ့ လူအားလုံး သူမဆီကြည့်ရန် ရပ်တန့်သွားကြသည်
လူတိုင်းရဲ့ပါးစပ်က ပွင့်လာပြီး အထက်တန်းလွှာတယောက်ရဲ့ သိမ်မွေ့တဲ့အမူအကျင့်ကို မေ့သွားသလိုပင်
အရင်ကသာဖြစ်ခဲ့မယ်ဆိုရင် ပါနေးရားလဲ သူတို့လိုပင် ဖြစ်နေလိမ့်မည် ထစ်ခါ‌ေလာက်မြင်ဖူးပြီးသားဖြစ်တာကြောင့် သူမထိုအဖြစ်မှကင်းလွတ်သွားသည်
ထိုအရာကိုကျေးဇူးတင်ရမယ် လူတိုင်းရဲ့တုံပြန်မှုတွေကို စိမ်ပြေနပြေကြည့်နေနိုင်ပြီ

သူမပထမဆုံးသတိထားမိတဲ့သူက မင်းသားကားလစ်ပင်

'ဝိုး အဲ့အမူအယာကိုကြည့်ကြပါအုမ်း'
လွန်ခဲ့တဲ့အချိန်တခဏလောက်တုန်းက ကားလစ်မှာ စိတ်လှုပ်ရှားနေတဲ့ pantherတစ်ကောင်လို မာန်ဖီနေခဲ့သည် ဒါပေမဲ့ အခုတော့ အမျိုးသမီးဇာတ်လိုက်ရဲ့အလှတရားကြောင်း ပါးစပ်ဟောင်းလောင်းပွင့်နေတဲ့ အပိုနံပါတ်၀မ်းအဖြစ်ပြောင်းသွားပြီ
'ဒီလူတွေရှေ့မှာ ရှင်လုပ်နေတဲ့ မျက်နှာကိုသာ သိသွားလို့ကတော့ ရှင်ထွက်ပြေးပြီး စောင်ကို ထပ်ခါ ထပ်ခါ ကန်နေရတော့မှာပဲ'
(သူကထိုအမူအရာကိုပြန်တွေးပြီး ရှက်လွန်းလို့ အိမ်ပြန်ရောက်တာနဲ့ အိပ်ရာပေါ်သွားပြီး အော်ဟစ်ရင်း သူ့စောင်ကို ကန်ပြီးရင်းကန်‌မိတယ်လို့ ဆိုလိုချင်တာပါ:3)
သူမ လျှာတစ်ချက်စုတ်လိုက်ပြီး လုရှန်ဘက်သို့လှည့်လိုက်သည်

ကံမကောင်းစွာနဲ့ သူက သူမအရှေ့မှာရပ်နေတာကြောင့် သူမျက်နှာကို မမြင်နိုင်ခဲ့ပေ သူမမြင်နိုင်တာအရာအားလုံးက လုရှန်ရဲ့ကြံခိုင်သန်စွမ်းတဲ့ နောက်ကျောပင်
'အက်စတယ်လာကိုမြင်ပြီးတော့ သူဘယ်လို မျက်နှာအမူအရာ ဖြစ်နေမလဲမသိဘူး'

အမျိုးသားဇာတ်လိုက် ထိုအခြေအနေအထိ လျော့ချခံလိုက်ရကထဲက သူပိုပြီး အဆင်ပြေလိမ့်မည်မဟုတ်ပေ
အဆုံးသတ်ရောက်ခါနီးလာတော့ သူမထူးဆန်းသလိုခံစားရလေသည်

ထိုအချိန်မှာ အက်စတယ်လာရဲ့ ကြည်လင်သောအသံက ပဲ့တင်သံထွက်လာခဲ့သည်
"မစ်နေးရား"
အက်စတယ်လာ သူမဂါ၀န်ခါးနားကနေ ဂါ၀န်စရဲ့အဆုံးအနားလုံးကို လုံလောက်တဲ့ပမာဏလောက်အထိ မပြီး ပါနေးရားဆီ သုတ်သုတ်ပြာပြာပြေးလာခဲ့သည် ထို့နောက် ပါနေးရားလက်တွေကိုဆွဲရင်း သူမမျက်နှာမှာ ချစ်ခင်မှုအပြည့်နှင့် လက်ခံရသူကို ရှက်ကိုးရှက်ကန်းဖြစ်စေအောင်လုပ်နေသည်

"ဒီနေရာမှာ လူကအများကြီးဆိုတော့ ကျွန်မ ရှင့်ကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူနေတာ ဒါပေမဲ့ ကျွန်မမစ်နေးရားကို အကြည်တစ်ချက်ထဲနဲ့ ရှာတွေ့ခဲ့တာ"
ကြီးမားပြီး ထုတ်ချင်းပေါက် မြင်နေရတဲ့ မျက်လုံးတွေက တောက်ပနေတာကို မြင်ရတော့ ပါပီတကောင်က သူ့ပိုင်ရှင်ကို ရှာတွေ့လိုက်သလိုမျိုး အလွန်ချစ်စရာကောင်းနေလေသည် ဒါပေမဲ့ ပါနေးရား အရင်လို အက်စတယ်လာရဲ့လက်ဟန်ခြေဟန်ကိုမပျော်ရွှင်နိုင်ပေ

'တဆိတ်လောက် မစ်အမျိုးသမီးဇာတ်လိုက်ရေ ကျွန်မဘေးမှာရပ်ပြီး ရှင့်ကိုကြည့်နေတဲ့ ဇာတ်လိုက်နှစ်ယောက်ကိုမမြင်ဘူးလား?'
သင့်တင်တဲ့ နှုတ်ဆက်‌စကားတောင်မပြောပဲ လေထဲမှာ ပါနေးရားရဲ့လက်တွေကို အက်စတယ်လာ ရင်းရင်းနှီးနှီးဆုတ်ကိုင်ထားတာကို ကြည့်နေတဲ့ထိုယောကျာ်းနှစ်ယောက်ရဲ့ မယုံသင်္ကာအကြည့်ကျရောက်နေခဲ့သည်

ကားလစ်မှာတော့ တုန်လှုပ်သွားတဲ့ အမူအရာရှိနေခဲ့သည် မျက်မြင်တွေ့နေရာတာက ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်လို့တောင်မရနိုင်ဆုံးအရာတစ်ခုလိုပင်
(ဘယ်လောက်တောင် အားရလိုက်သလဲ)
လုရှန်က မျက်ခုံးတွေကို မြှင့်ထားလေသည် သူ့အတွေးတွေက လျို့ဝှက်နက်နဲနေသည် (ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ)
()ထဲကစကားတွေက ပါနေးရားရဲ့အတွေးတွေပါ

ဘယ်လိုပဲဖြစ်နေပါစေ သူတို့အမူအရာက အလွန်မကောင်းပေ

ဒါကြောင့် ပါနေးရား အက်စတယ်လာကို သတိထားပြီးပြောလိုက်သည်
"မစ်အက်စတယ်လာ"
"အင်း?"
အက်စတယ်လာ ခေါင်းကို စောင်းပြီး နားကိုပွတ်နေခဲ့သည်

ပါနေးရား သူမအကြည့်ကို ခေါက်ထည့်ခံထားရတဲ့ကန့်လန့်ကာလိုဖြစ်နေတဲ့ ယောကျာ်းနှစ်ယောက်ဆီ လှည့်ပြီး ညွှန်ပြလိုက်သည် အက်စတယ်လာ ပါးစပ်က စက်ဝိုင်းပုံပေါက်သွားပြီး မကြားသွားအောင် "အိုး" ဟုအသံထုတ်မိလိုက်ပြီး တဲ့နောက် သူတို့ကိုနှုတ်ဆက်လိုက်သည် (သနားစရာယောကျာ်းသားဘ၀ပါ အမလေး novel genres,က  bxgမလို့ မဟုတ်ရင် MCနဲ့ FMLကို ရှစ်မိတော့မှာ👉👈)

"ကျွန်မ အရှင် အိမ်ရှေ့စံမင်းသားကိုနှုတ်ဆက်ပါတယ် ဟယ်လို လုရှန်"
အက်စတယ်လာမျက်လုံးတွေ ပါနေးရားဆီပြန်မလှည့်မီ ထိုနှစ်ယောက်တွဲအား အမြန်နှုတ်ဆက်လိုက်လေသည် အလွန်အမင်းစိတ်အနှောင့်အယှက်ပေးတဲ့ အလုပ်တစ်ခု အပြီးသတ်သွားသလိုပင်

"မစ်နေးရား ရှင်ပုံစံက ဒီနေ့လဲလှနေတာပဲ အခုလို bouffantဂါ၀န်က ရှင်နဲ့ လိုက်နေတာပဲ ဒါပေမဲ့ elegantဆန်တဲ့ဟာနဲ့ဆို ပိုကောင်းမှာပဲ"
(E/TN: Bouffantက အလွန်ထူထဲတဲ့ စကတ်ပုံစံပါ A-line ball gownပုံစံကိုတွေးကြည့်ပါ)

အက်စတယ်လာ ပါနေးရားကို မရပ်မနား ချီးကျူးနေစဉ် သူမမျက်လုံးတွေက တောက်ပနေသည် မိုးသဲကြီးမဲကြီးရွာချနေသလို
သူပုံစံကြည့်ရတာ ထိုယောကျာ်းနှစ်ယောက်ထဲကတစ်ယေက်ကိုမှ စိတ်၀င်စားမှု မရှိသလိုပင်

ထိုအခိုက်အတန့်၌ ကားလစ်မျက်လုံးတွေထဲကအကြည့်မှာ ပြောင်းလဲသွားခဲ့သည် သူရဲ့တွန့်ရှုံနေတဲ့မျက်လုံးတွေက သန့်စင်တဲ့ မနာလိုမှုတွေသာ ဖြာထွက်နေသည်
ပုံမှန်လို အက်စတယ်လာရဲ့အာရုံကို ဖမ်းစားဖို့ကြိုးစားနေကြ ကားလစ်က 'ဟေး ငါလိုလူတယောက်က မင်းလို သာမန်လူတန်းစားအမျိုးသမီးတယောက်ကို အာရုံစိုက်မယ်လို့ မင်းထင်နေတာလား' ထိုကဲ့သို့သော စာကြောင်းမျိုး ထုံးစံအတိုင်းပြောလိမ့်မည်ပင်

"မင်းကို ကြည့်ရတာ အရင်ကနဲ့ ကွာခြားနေသလိုပဲ ပွဲတိုင်းလိုလိုမှာ၀တ်ခဲ့တဲ့ အ၀တ်စုတ်လိုဂါ၀န်ကို လွှတ်ပစ်လိုက်ပြီလား?"
“……”

"အရင်က မင်း တော်၀င်မိသားစုနဲ့ ဒါမှမဟုတ် အမြင့်ပိုင်းစစ်တပ်မန်ဘာတစ်ယောက်ယောက်နဲ့ ခင်မင်ရမှာကို သတိထားနေခဲ့တာလား ဒါပေမဲ့ ဒီနေ့တော့ လေဒီက မြင့်မြတ်တဲ့ဝိဉာဏ်တစ်ခုခုပိုင်ဆိုင်ထားသလိုပဲ မင်း နောက်ဆုံးတော့ လက်တွေ့ကို ဆုတ်ကိုင်လိုက်ပြီလား"

'ကံမကောင်းတာပဲ အ၀တ်စုတ်တစ်ခုနဲ့ အဆင်တူဆုံးကတော့ ရှင့်ပါးစပ်ပဲ'၏
'အချိန်ခဏလေးအတွင်း ဒီလိုမနှစ်မြို့ဖွယ်အရာတွေကို ထွေးထုတ်နိုင်ဖို့က ကျွမ်းကျင်မှုတစ်ခုပဲ ဖြစ်ရမယ်'
အမျိုးသမီးဇာတ်လိုက်ကို အချိန်တိုင်းနာကျင်အောင်လုပ်‌ပြီးခါမှ နောင်တအပြည့်ရတတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်သည်

အရင်အင်စတယ်လာကသာ ကားလစ်ရဲ့ငေါ့လုံးတွေကြောင့် နာကျင်လိမ့်မယ် ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး

"ဟုတ်တယ်"
အက်စတယ်လာ ကားလစ်မေးခွန်းကို ကြမ်းကြမ်းတမ်းတမ်းဖြေလိုက်ပြီး သူမလက်မောင်းတွေကို ပါနေးရားလက်မောင်းပတ်လည်မှာ ကွေးထားသည်

"မစ်နေးရား ကျွန်မမှာ ရှင့်ကို အရေးတကြီးပြောစရာရှိတယ် ကျွန်မတို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုခုကိုသွားရအောင်"

အက်စတယ်လာတစ်ယောက် ကားလစ်ကိုငြင်းပယ်လိုက်သောအခါ အက်စတယ်လာဆီက‌ေန ဆယ်ကြိမ်လောက် ရိုက်နှပ်တာ ခံလိုက်ရသလို ကားလစ်ကြည့်နေခဲ့သည်
ရိုးရိုးသားသားပြောရရင် ထိုအမူအရာကိုမြင်လိုက်ရတော့ သူမမထိန်းနိုင်ပဲ စိတ်ကျေနပ်မှုကြီးကြီးခံစားလိုက်ရသည်

သူမရဲ့ရယ်ချင်စိတ်ကို ဖိနှိပ်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားရင်း  သူမ ဦးခေါင်းကိုညွှတ်လိုက်သည်

"ဒါတို့ ကျွန်မတို့ သွားလိုက်ပါအုမ်းမယ် အိမ်ရှေ့စံမင်းသား"
သူမတို့ကို မသွားဖို့ မတားနိုင်ဘဲ ကားလစ်တုန်လှုပ်နေတော့သည်
ပါနေးရား အက်စတယ်လာနှင့် ကားလစ်ဆီကနေ ဝေးဝေးလျှောက်သွားလိုက်‌ချိန် တစ်စုံတစ်ယောက် သူမတို့နောက်ကို ပါပီတစ်ကောင်လိုလိုက်လာခဲ့သည်
ထိုသူက လုရှန်ပင်

"လုရှန် ရှင် မစ်နေးရားကို တစ်စုံတစ်ခုပြောဖို့ရှိလို့လား မရှိရင် ကျွန်မတို့နောက်ကို ရှင်လဲမလိုက်ခဲ့နဲ့"
“…!”
(သေပါပြီ ယောကျာ်းသားတို့ ရှယ်လှော်ခံနေရတာ🤣)

လုရှန်မျက်လုံးတွေက အံဩသွားတာကြောင့် ပြူးကျယ်လာခဲ့သည်
အက်စတယ်လာရဲ့လက် ညွှန်ပြနေခဲ့တာကြောင့် သူမ လုရှန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်

လုရှန်ကတော့ သူမတို့သွားရာကိုကြည့်နေခဲ့ပြီး သူ့မျက်နှာအမူအရာက မယုံနိုင်စရာကောင်းလောက်အောင် ၀မ်းနည်းနေသည်
အကွာအဝေးတစ်ခုက ကားလစ်လဲ အတူတူပင် သူမျက်နှာက ၀မ်းနည်းတာထက် စိတ်တိုတာကြောင့် ပို၍ရုပ်ပျက်နေသည်

သူမ  အလျင်စလိုတွေးမိသွားသည်
'ဟယ်လို ဒီနေရာကနေ ဆွဲခေါ်သွားခံရတဲ့သူက ငါမဟုတ်ဘူးလား'

Continue Reading

You'll Also Like

3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~â™Ĩ~ Type- OWN CRE...
794K 31.7K 50
ဒá€Ŋတိယအကှိမ္ ပှန္တင္ခှင္á€ļ....
484K 69.4K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- åģåĒĻéĨ စိတ္ကူá€ļ...