မညá€ēးနကá€ēရကá€ēစကá€ēသေá€Ŧဒုတိယဇá€Ŧတá€ēလိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김ëŊ€ė‚ Artist(s) Sol (solminator0) Yea... More

Description
á€Ąá€•á€­á€¯á€„á€ēး(၀၀)
á€Ąá€•á€­á€¯á€„á€ēး(၁)
á€Ąá€•á€­á€¯á€„á€ēး(၂)
á€Ąá€•á€­á€¯á€„á€ēး(၃)
á€Ąá€•á€­á€¯á€„á€ēး(၄)
á€Ąá€•á€­á€¯á€„á€ēး(၅)
á€Ąá€•á€­á€¯á€„á€ēး(၆)
á€Ąá€•á€­á€¯á€„á€ēး(၇)
á€Ąá€•á€­á€¯á€„á€ēး(၈)
á€Ąá€•á€­á€¯á€„á€ēး(၉)
á€Ąá€•á€­á€¯á€„á€ēး(၁၀)
á€Ąá€•á€­á€¯á€„á€ēး(၁၁)
á€Ąá€•á€­á€¯á€„á€ēး(၁၂)
á€Ąá€•á€­á€¯á€„á€ēး(၁၃)
á€Ąá€•á€­á€¯á€„á€ēး(၁၄)
á€Ąá€•á€­á€¯á€„á€ēး(၁၅)
á€Ąá€•á€­á€¯á€„á€ēး(၁၆)
á€Ąá€•á€­á€¯á€„á€ēး(၁၇)
á€Ąá€•á€­á€¯á€„á€ēး(၁၈)
á€Ąá€•á€­á€¯á€„á€ēး(၁၉)
á€Ąá€•á€­á€¯á€„á€ēး(၂၀)
á€Ąá€•á€­á€¯á€„á€ēး(၂၁)
á€Ąá€•á€­á€¯á€„á€ēး(၂၃)
á€Ąá€•á€­á€¯á€„á€ēး(၂၄)
á€Ąá€•á€­á€¯á€„á€ēး(၂၅)
á€Ąá€•á€­á€¯á€„á€ēး(၂၆)
á€Ąá€•á€­á€¯á€„á€ēး(၂၇)
á€Ąá€•á€­á€¯á€„á€ēး(၂၈)
á€Ąá€•á€­á€¯á€„á€ēး(၂၉)
á€Ąá€•á€­á€¯á€„á€ēး(၃၀)
á€Ąá€•á€­á€¯á€„á€ēး(၃၁)
Notice
á€Ąá€•á€­á€¯á€„á€ēး(၃၂)
á€Ąá€•á€­á€¯á€„á€ēး(၃၃)
á€Ąá€•á€­á€¯á€„á€ēး(၃၄)
á€Ąá€•á€­á€¯á€„á€ēး(၃၅)
á€Ąá€•á€­á€¯á€„á€ēး(၃၆)
á€Ąá€•á€­á€¯á€„á€ēး(၃၇)
á€Ąá€•á€­á€¯á€„á€ēး(၃၈)
á€Ąá€•á€­á€¯á€„á€ēး(၃၉)
á€Ąá€•á€­á€¯á€„á€ēး(၄၀)
á€Ąá€•á€­á€¯á€„á€ēး(၄၁)
á€Ąá€•á€­á€¯á€„á€ēး(၄၂)
á€Ąá€•á€­á€¯á€„á€ēး(၄၃)
á€Ąá€•á€­á€¯á€„á€ēး(၄၄)
á€Ąá€•á€­á€¯á€„á€ēး(၄၅)
á€Ąá€•á€­á€¯á€„á€ēး(၄၆)
á€Ąá€•á€­á€¯á€„á€ēး(၄၇)
á€Ąá€•á€­á€¯á€„á€ēး(၄၈)
á€Ąá€•á€­á€¯á€„á€ēး(၄၉)
á€Ąá€•á€­á€¯á€„á€ēး(၅၀)
á€Ąá€•á€­á€¯á€„á€ēး(၅၁)
á€Ąá€•á€­á€¯á€„á€ēး(၅၂)
á€Ąá€•á€­á€¯á€„á€ēး(၅၃)
á€Ąá€•á€­á€¯á€„á€ēး(၅၄)
á€Ąá€•á€­á€¯á€„á€ēး(၅၅)
á€Ąá€•á€­á€¯á€„á€ēး(၅၆)
á€Ąá€•á€­á€¯á€„á€ēး(၅၇)
á€Ąá€•á€­á€¯á€„á€ēး(၅၈)
á€Ąá€•á€­á€¯á€„á€ēး(၅၉)
á€Ąá€•á€­á€¯á€„á€ēး(၆၀)
á€Ąá€•á€­á€¯á€„á€ēး(၆၁)
á€Ąá€•á€­á€¯á€„á€ēး(၆၂)
á€Ąá€•á€­á€¯á€„á€ēး(၆၃)
á€Ąá€•á€­á€¯á€„á€ēး(၆၄)
á€Ąá€•á€­á€¯á€„á€ēး(၆၅)
á€Ąá€•á€­á€¯á€„á€ēး(၆၆)
á€Ąá€•á€­á€¯á€„á€ēး(၆၇)
á€Ąá€•á€­á€¯á€„á€ēး(၆၈)
á€Ąá€•á€­á€¯á€„á€ēး(၆၉)
á€Ąá€•á€­á€¯á€„á€ēး(၇၀)
á€Ąá€•á€­á€¯á€„á€ēး(၇၁)
á€Ąá€•á€­á€¯á€„á€ēး(၇၂)
á€Ąá€•á€­á€¯á€„á€ēး(၇၃)
á€Ąá€•á€­á€¯á€„á€ēး(၇၄)
á€Ąá€•á€­á€¯á€„á€ēး(၇၅)
á€Ąá€•á€­á€¯á€„á€ēး(၇၆)
á€Ąá€•á€­á€¯á€„á€ēး(၇၇)
á€Ąá€•á€­á€¯á€„á€ēး(၇၈)
á€Ąá€•á€­á€¯á€„á€ēး(၇၉)
á€Ąá€•á€­á€¯á€„á€ēး(၈၀)
á€Ąá€•á€­á€¯á€„á€ēး(၈၁)
á€Ąá€•á€­á€¯á€„á€ēး(၈၂)
á€Ąá€•á€­á€¯á€„á€ēး(၈၃)
đŸĢļ

á€Ąá€•á€­á€¯á€„á€ēး(၂၂)

1K 120 1
By ma_roses_are_blue

"ဒီတခါတော့ ကိုယ် မင်းကို မွေးနေ့ပါတီဆီ လိုက်ပို့ပေးမယ်" (ဒီနေရာမှာ သုံးသွားတာက 'escort'ဆိုတဲ့စကားလုံးပါ အဲ့ခေတ်အခါက ပွဲတတ်ရင် ယောင်္ကျားလေးဆိုရင် မိန်းကလေးအဖော်နဲ့ တတ်ရပါတယ် မိန်းကလေးဆိုယောကျာ်းလေးအဖော်နဲ့ စုံတွဲလိုက်တတ်ရတာပါ အဲ့တာကြောင့်လုရှန်က တူတူလိုက်တတ်ပေးမှာပါ)
သူမအံဩလွန်းလို့ မျက်လုံးတွေ ကျွတ်ကျမလိုပင်ဖြစ်ခဲ့ရသည်

မူလ၀တ္ထုအရဆို လုရှန်က အိမ်ရှေ့စံမင်းသားရဲ့ ပွဲကိုမတတ်ရောက်ခဲ့တာကြောင့်ပင်
သူရဲ့လူစုလူဝေးကိုမုန်းတဲ့စိတ်ကြောင့် ပထမကထဲက လူမှုရေးအရလုပ်ငန်းတွေမှာ တတ်ရောက်ခဲသည် ဒါအပြင် ဒီပွဲက တခြားတယောက်လဲပွဲလဲမဟုတ်ပေ သူရဲ့ အချစ်ပြိုင်ဘက်ကြီး အိမ်ရှေ့စံမင်းသားရဲ့ ပါတီပင်
ဒါတွေအားလုံးထက် သူအရှောင်ချင်ဆုံး အက်စတယ်လာလဲ တတ်ရောက်မည်ဖြစ်သည်
သူနှလုံးသားကလဲ သူမကို မြင်ရုံနဲ့တင် နာကျင်ရလိမ့်မည်

ပါနေးရား ရှုပ်ထွေးနေမိသည်
'သူသာ လာမယ်ဆိုရင် ငါပြောပြောနေတဲ့သူငယ်ချင်းက အက်စတယ်လာဆိုတာ သူရှာတွေ့သွားလိမ့်မယ်'
သူမက ဒီအရာကို လျို့ဝှက်ချက်တစ်ခုအနေနဲ့ ထာ၀ရ သိမ်းမထားချင်ပေ ဒါပေမဲ့လဲ သူ အရမ်းမြန်မြန် ရှာတွေ့သွားမှာကိုလဲမဖြစ်ချင်ပေ

သူမပါးစပ် ရှုံတွမိသွားသလို ခံစားလိုက်ရသည်
ဒါပေမဲ့ လုရှန်က သူဓားကို နေရာရွေ့လိုက်သည်
"ဒါဆို အဆင်ပြေတယ်မလား လေဒီပါနေးရား"

'သူက ငါ့ ဖီယမ်းဆေး (fiancè)ပဲလေ'
တစ်စုံတစ်ယောက်ရဲ့ fiancèက သူမနဲ့အတူ တရား၀င်ပွဲတစ်ခုခုတတ်ရောက်ဖို့မေးလာခဲ့ရင် ငြင်း‌နေဖို့ အကြောင်းပြချက်မရှိပေ
သူမ ကိုးရိုးကားယားပြုံးရင်း ပြန်ဖြေလိုက်သည် သူမနောက်ကျော၌ ချွေးတွေထွက်ရင်းနှင့်ပင်

"သေချာ‌ပေါက် အဆင်ပြေတာပေါ့"
'လုံး၀ကို အဆင်မပြေဘူး အဆင်မပြေဘူး!'

────── 〔〕──────

အိမ်ရှေ့စံမင်းသားရဲ့ 18thကြိမ်မြောက်မွေးနေ့ပွဲအခမ်းအနားနေ့သို့ရောက်ရှိလေသည်
ထိုအချိန်သည့်တိုင် ကားလစ်ကဲ့သို့စေ့စပ်ထားခြင်းမရှိတဲ့ တော်၀င်မျိုးနွယ်တယောက်တစ်ယောက်အတွက် ရှားပါးမှုပင်
ဒါပေမဲ့ အခုထိတော့ အိမ်ရှေ့စံမင်းသမီးဖြစ်ဖို့ရာ သင့်တော်တဲ့ ပါ၀င်သူရှာဖွေရန် မဖြစ်နိုင်သေးပေ
လျို့ဝှက်ချက်‌အနေနဲ့ ဒီနေ့အခမ်းအနားဟာ ထိုအရာကို ရှာဖွေရန် ပွဲတစ်ခုပင်

'ပန်းတိုင်ကတော့ ဖိတ်ကြားခံထားရတဲ့ အထက်တန်းလွှာ ငယ်ရွယ်ပြီး လက်မထပ်ရသေးသောအမျိုးသမီးများကို ကြည့်လိုက်ရုံနဲ့တင် သိသာထင်ရှားပါသည်
ဒါကြောင့် လက်မထပ်ရသေးသော ငယ်ရွယ်တဲ့အထက်တန်းလွှာလေဒီတွေ သူတို့အခွင့်အရေးအတွက် ဒီနေ့ စိတ်လှုပ်ရှားနေကြလေသည်
မင်းသားကို ဆွဲဆောင်ဖို့ရာ သူတို့အခွင့်အရေးပေ

'မြို့‌ေတာ်က အထည်ဆိုင်အားလုံးပြောကြတာက အမြင့်ဆုံးရောင်းချမှုနှုန်းထားတစ်ချို့ကိုတောင် စံချိန်တင်ထားကြတယ်တဲ့ သိပ်အရေးမပါတဲ့ အထက်တန်းလွှာမိသားစုက ငယ်ရွယ်တဲ့လေဒီတစ်ယောက်ကတောင်မှ မှာယူထားတဲ့အထည်ရဲ့ဈေးနှုန်းက အိမ်ထောင်စုတစ်စုရဲ့ ကံကြမ္မာကို အတော်ကြီးမားတဲ့ချိုင့်ခွက်ကြီးဖြစ်သွားစေလောက်အောင် ဈေးကြီးတယ်တဲ့'

'ငါ သူတို့အားလုံးအတွက် စိတ်မကောင်းဖြစ်မိတယ်'
ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်လောက်လှပနေပါစေ အိမ်ရှေ့စံမင်းသားက အက်စတယ်လာမဟုတ်ဘဲ ဘယ်သူ့ကိုမှ တစ်ခဏလေးတောင် အာရုံစိုက်မှုပေးမှာမဟုတ်တာ သိနေတာကြောင့်ပင်
ဒါကိုသိနေသောသူမက ၀တ်စုံရဲ့ပုံစံကို အတော် စိတ်ကျေနပ်မိသည်

Chanelရဲ့ ၀တ်စုံဒီဇိုင်းဆိုတာ မှန်နေတာပဲ
သေချာပေါက် ၀တ်စုံရဲ့ ဒီဇိုင်းနဲ့ လက်မှုပညာက အတော်လေးကောင်းမွန်တယ်ဆိုပေမဲ့ တစ်စုံတစ်ခုလစ်ဟင်းနေသလိုပင်
သင်ဘယ်လောက်ပဲကြည့်နေပါစေ အကောင်းဆုံးဖြစ်ဖို့အတွက် ကြားခံတစ်ခုခုလိုနေပုံပေါ်သည်
Galaသို့၀တ်လာမဲ့တခြားသူတွေရဲ့ အ၀တ်အစားတွေနဲ့ နှိုင်းယှဉ်ရင် အတော်ဖျော့နေတာကြောင့်လဲဖြစ်နိုင်သည်

'ဒါက အမြင်အရကတော့ perfectပဲဆိုပေမဲ့ သတိထားခံရဖို့တော့မလွယ်ဘူး'
ဒီ၀တ်စုံက ပေါ်လွင်ထင်ရှားဖို့နှင့် ကားလစ်ရဲ့ မြင်ကွင်းထဲ ကျဆင်းဖို့ ဒါမှမဟုတ် စကားပြောဝိုင်းရဲ့ အဓိကနေရာကျဖို့ မလွယ်ပေ

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့စိတ်ကျေနပ်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာ အန်နီကတော့ အတော်စိတ်ဆိုးနေသည် ပါနေးရား ဆံပင်ကိုဖြီးနေရင်း ဘဲတကောင်လို ဆူနေသည်

"ပိုက်ဆံချွေတာဖို့ ကွာလတီမကောင်းတဲ့၀တ်စုံကို ၀တ်တယ်ဆိုတာ ကျွန်မနားလည်နိင်ပါတယ် ဒါပေမဲ့ ဒီလိုစတိုင်မျိုးက လေဒီနဲ့မလိုက်ဘူး"
သူမကတော့ ဒီဇိုင်းကိုကြည့်ပြီး အလွန်၀မ်းနည်းနေသည်

ဂါ၀န်က တစ်ခုလုံးက တိမ်တွေလို အော်ရာနှင့်  ကောင်းကင်ပြာရောင်‌အဖျော့ဖြစ်သည်
ဒါပေမဲ့ မတတ်နိုင်ဘူးလေ ဒါက အက်စတယ်လာစတိုင်နဲ့ လိုက်ဖတ်တဲ့ ပြီးပြည့်စုံနေတဲ့ဂါ၀န်ဖြစ်နေသည်

ဒီစတိုင်အမျိုးအစားက အက်စတယ်လာနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ပေမဲ့ သူမနှင့်တော့မလိုက်ဖက်ပေ သူမပုံစံက တစ်စုံတစ်ယောက်ရဲ့၀တ်စုံကို မတော်တဆယူ၀တ်ထားပုံပေါ်နေသည်

"ဒီ ဒီဇိုင်းနဲ့ ဟန်ချက်ညီအောင် မိတ်ကပ်အများကြီး လိမ်းလို့လဲမရဘူး လေဒီရဲ့ဆွဲဆောင်မှုက ရှင့်ကို ထင်းလင်းစေတဲ့ smoky eye မိတ်ကပ်ပုံစံပဲလေ ရှင်တစ်ခြား၀တ်စုံတခုခုလဲလိုက်လို့မရနိုင်ဘူးလား"
သူမအတွက် အမြဲတာ၀န်အပြည့်ရှိနေတတ်တဲ့ အန်နီ ထုတ်ပြောရလောက်အောင် ခိုင်ခိုင်မာမာဖြစ်နေတဲ့ မြင်ရတော့ သူမ ကြည့်မကောင်းကြောင်း ယူဆလိုက်သည်

'ဒါပေမဲ့ အန်နီ ငါရဲ့ 'bad girl'ပုံစံ သရုပ်ဆောင်ဖို့မလိုအပ်တဲ့နေ့တနေ့ ရှိလာပြီး ဒီနေ့လို ရှုပ်ထွေးတဲ့ ၀တ်စုံမျိုး၀တ်ရတဲ့နေ့ရောရှိမလာနိုင်ဘူးလား'

'ဘာလို့လဲဆိုတော့ ဒီနေ့က...'

'အက်စတယ်လာက အဓိက ကာရိုက်တာလေ'

အက်စတယ်လာ ပြည့်စုံတဲ့ဂါ၀န်၀တ်ဆင်ထားတာတွေးကြည့်နေချိန် သူမနှာခေါင်းကနေ နီရဲရဲရေတံခွန်တစ်ခုပန်းထွက်လာသလိုပင်

'သူမ တောက်ပနေမှာပဲ'

'အက်စတယ်လာကို သူတောင်းစားတစ်ယောက်ဆီကနေ အ၀တ်စုတ် ယူ၀တ်လာမလား မလာဘူးလားဆိုပြီး ပြက်ရယ်ပြုနေတဲ့ အထက်တန်းလွှာအားလုံး သူတို့ပါးစပ်ပေါက်တွေပိတ်ရတော့မယ် တွေးကြည့်ရုံနဲ့တင်ပျော်စရာကောင်းနေပြီ'
'ကားလစ်အတွက်လဲ တူတူပဲဖြစ်နေမယ်ဆိုတာသေချာတယ်'

အက်စတယ်လာအတွက် သူခံစားချက်တွေကို ငြင်းဆန်နေကြ အမျိုးသားဇာတ်လိုက် အက်စတယ်လာ ခေါင်းကနေခြေထောက်အထိ ဆွဲဆောင်ခံနေရတာကို ခုခံဖို့ မကြိုးစားနိုင်တော့ဘဲ သူ့အချစ်ကိုပွင့်လင်းစွာကြေညာရတော့မယ်
ထိုအရာကို မျက်မြင်တွေ့ရတော့မယ်ဆိုတဲ့အတွေးက သူမကို ပျော်ရွှင်စေသည်

"ကျွန်မရဲ့လေဒီ အရှင်ကာဒီ‌ယမ်ရောက်လာပါပြီ"
သူသာရောက်မလာခဲ့ရင် ဇာတ်လမ်းရဲ့ ပျားရည်တွေရွဲရွဲစိုနေတဲ့ အထွတ်အထိပ်ဆိုတာ အခိုင်အမာပဲ
When Lucian appeared in a scene, the genre of the novel took a sharp turn…More precisely, rather than a romance it would turn into a melodrama, if not horror.
လုရှန် ပေါ်လာတဲ့ ဇာတ်ကွက်တစ်ခုက ၀တ္ထုရဲ့ genreကို ဗြုန်းခနဲ‌အပြောင်းအလဲ ဖြစ်စေသည် ပိုပြောရရင် အချစ်ဇာတ်လမ်းဆိုတာထက် horrorဇာတ်လမ်းမဟုတ်ဘဲ melodramaအဖြစ်ပြောင်းလဲသွားနိုင်သည်
သူမ အက်စတယ်လာနဲ့ရင်းနှီးနေတယ်ဆိုတာကို သူရှာတွေ့အခိုက်အတန့် ဖြစ်သွားမဲ့ မျက်နှာအမူအယာအကြောင်း သူမစိတ်ပူနေဆဲပင် ဒါပေမဲ့ သူမမှာ အခု ပိုကြီးမားတဲ့စိတ်ပူပန်မှုရှိ‌နေသည်

တခြားသူတွေထက်ပိုလှနေတဲ့ အက်စတယ်လာနဲ့ ကားလစ်တို့ အတူရှိနေတဲ့မြင်ကွင်းကို သူခံနိုင်ရည်ရှိပါ့မလား'

'ဒီနေ့ရော သူ‌ပြောင်းသွားနိုင်လား'
သူမ နှုတ်ခမ်းကိုကိုက်ရင်း မူလဇာတ်ကြောင်းက တစ်ပတ်လည်သွားတဲ့ကြောက်စရာအရာ‌များအကြောင်း ပြန်တွေးရင်း ဒုက္ခရောက်နေရှာသည်

ဒါပေမဲ့ လုရှန် အခန်းထဲ၀င်လာတာမြင်လိုက်ရသောအခါ သူမဦးနှောက်ပတ်လမ်းမှာ တိုသွားခဲ့သည် ဘာမှမလုပ်နိုင်ပေမဲ့ သူမ‌မေးရိုးအောက်ကိုကျသွားပြီး ရူးနှမ်းတဲ့အမူအရာတစ်ခုသာပြ‌‌နေခဲ့သည်
"အဆင်သင့်ဖြစ်ပြီလား လေဒီပါနေးရား"
“….”

"လေဒီပါနေးရား"
“……..”

'အို ဘာလဲ အမ် တစ်ဆိတ်လောက်...'

'ရှင် ဖြစ်နိုင်တာက ဒီနေ့ ကားလစ်ကို ဖျားယောင်းဖို့ ကြိုးစားနေတာလား?'
ဒီနေ့ လုရှန်ရဲ့ ပုံစံက မိုက်ရူးဆန်တဲ့အကြံအစည်ကို တကယ်အလုပ်ဖြစ်သွားလောက်အောင် ကြည့်ကောင်းနေသည်
အတော်ကောင်းမွန်တဲ့ အံ၀င်ခွင်ကျfit ဖြစ်အောင် အနက်ရောင် suit အလင်းရောင်ထဲမှာတောက်ပ‌နေတဲ့ ငွေမင်ရောင်ဆံနွယ်တွေနှင့် ညို့ဓာတ်အပြည့်နှင့်နီရဲရဲမျက်လုံးတွေ

'ဒါကတော့ cheatingလုပ်နေတာ'
အလှအပခံစားတတ်တဲ့အာရုံဆီသို့ အပျက်အစီးဖြစ်စေနိုင်တဲ့လေပြင်းတိုက်ခိုက်မှုကို လက်ခံဖိုရာ လက်ပူးလက်ကြပ်မမိခင် သူမ လည်ချောင်းရှင်းဖို့‌ကြိုးစားလိုက်သည်
"ရှင် ကျွန်မ ပေးထားတာကို၀တ်လာတာလား"
"ဟုတ်တယ် ကိုယ်ဒီနေ့၀တ်လာတာ"

လုရှန်မျက်လုံးများကို ကွေးလိုက်ပြီး ထက်ပေါင်းမေးလိုက်သည်

"ကြည့်ကောင်းရဲ့လား"
'တအားကောင်းတယ်!!!!!'
သူမစိတ်တွေပျောက်ပြီး Yandereအဖြစ်ပြောင်းသွားနိုင်တယ်လို့ ထင်မိသည့်အထိကို အရမ်းကြည့်ကောင်းနေတာပဲ
(ပါနေးရားလဲ လုရှန်အလှကြောင့် yandereအဖြစ်ပြောင်းသွားတယ်လို့ထင်မိတယ် ပြောချင်တာပါ)

သူမ မဖြေခဲ့ပေမဲ့ လုရှန်ကတော့ သူမရဲ့ ပွစိပွစိလုပ်နေတဲ့ပါးစပ် ခေါင်းတညိမ့်ညိမ့်နှင့် လေးစားမှုတွေနဲ့အမူအရာကိုကြည့်ပြီး 'yes'လို့ ယူလိုက်မည်ဟု သူမခန့်မှန်းနိုင်သည်
(ပါနေးရားကပြန်မဖြေပေမဲ့ သူမရဲ့အမူအရာတွေကနေ လုရှန်ကအဖြေကိုသိနေပြီလို့ပြောချင်တာပါ)

လုရှန်စိတ်ကျေနပ်သွားသလိုပြုံးပြီး လက်ကို ဆန့်ထုတ်လိုက်သည်
"စိတ်သက်သာရာရသွားပါတယ် ဒါဆို သွားကြစို့"
────── 〔〕──────

ချောင်းကြည့်*
ပြီးတော့ ခေါင်းကိုပြန်လှည့်လိုက်သည်

ချောင်းကြည့်*
ထပ်ပြီး မျက်လုံးကို လှည့်ကြည့်ပြီး အဝေးကိုအကြည့်ပို့လိုက်သည်

သူမခေါင်းကို တဖက်ကိုလှည့်ထားဖို့ ကြိုးစားပေမဲ့ ထပ်ပြီးချောင်းကြည့်မလိုလှည့်မိပြန်သည်

'ဟမ့် ငါမျက်လုံးတွေကလဲ ငါဗီဇအတိုင်း ကောင်းကောင်းကိုလိုက်နာနေတာပဲ'
သူမကိုယ်သူမဘယ်လောက်ပဲ ထိန်းနေပါစေ လုရှန်ကို မကြည့်ပဲမနေနိုင်ပေ ကြည့်ရတာ ဗီဇထင်ပါရဲ့
ပိုပြီးရူးချင်စရာကောင်းတာက သူမတို့မျက်လုံးချင်းဆုံလိုက်တိုင်း ပြုံးပြနေသည့်သူ့အပြုံးပင်

“·······!”

သူရယ်လိုက်တဲ့အခါတိုင်း သူမရင်တွေ မီလီယမ်လောက်နက်တဲ့ တွင်းထဲ ခုန်ဆင်းသွားသလိုပင်

'‌ေသာက်ကျိုးနည်း ငါဘာတွေမှားယွင်းနေတာလဲ'
'ပုံမှန်ကနေ အသေအချာကို မတူတာပဲ'
'အနက်ရောင်suit၀တ်တာ ငါမြင်ချင်တာကြောင့် သူ၀တ်လာခဲ့တယ် ဒါပေမဲ့ ဘာလို့ ဒီအပြုံးလဲ'

ဒီအပြုံးက သူရဲ့မူလသိမ်မွေ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့အပြုံးနဲ့ လုံးလုံးလျားလျားကို ကွာခြားနေတယ်
'သူမျက်လုံးတွေကလဲ ရိသဲ့သဲ့ကွေးထားသေးတယ်'

'သူ့ကိုကြည့်ရတာ ငါနဲ့ ဖလစ်ချင်‌နေသလိုပဲ'
သူမ ချမ်းသာတဲ့ဇနီးတယောက်လိုခံစားလိုက်ရသည်
ဒါပေမဲ့ လက်တွေ့မှာတော့ သူမက အကြွေးပေးစရာရှိနေတဲ့ ဇနီးလောင်းသာသာပဲ

သူမခေါင်းကို တတ်နိုင်သလောက် ပြင်းပြင်းထန်ထန်ခါလိုက်သည်
'ကိုယ့်ကိုကိုယ်လှည့်စား‌မနေနဲ့ သူကနင်နဲ့ ကလူနေတယ်ဆိုရင်တောင်မှ သူပါတနာက နင်မဟုတ်ဘူး ဒါပေမဲ့ အက်စတယ်လာ'

အက်စတယ်လာ ဒီနေ့ ပွဲအခမ်းအနားကို လာမယ်ဆိုတာ သူသိလောက်တယ်
'အက်စတယ်လာရှေ့မှာ ကြည့်ကောင်းချင်တာကြောင့် သူအခုလို outfitမျိုး၀တ်လာတယ်ဆိုတာက ပိုပြီးယုံကြည်ချင်စရာကောင်းတယ်'
အဲ့လိုဆိုရင်တောင်မှ တကယ်အံ့အားသင့်စရာပဲ

လုရှန်က အက်စတယ်လာကို ရှောင်ဖို့ အလျင်လိုနေတာဆိုပေမဲ့ သူ အက်စတယ်လာကို ယုံကြည်ချက်ရှိရှိ မျက်နှာချင်းဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပေါ်သည်
'ဒါဆို အက်စတယ်လာအကြောင်း ပြောကြရင် အဆင်ပြေလောက်တယ်မလား'

သူ့အရှေ့ အရင်လို မပြောသင့်တဲ့‌စကားခေါင်းစဉ်တော့မဟုတ်တော့မှန်းး သူမခန့်မှန်းမိသည်
ထိုကြောင့် သူမ ပါးစပ်ကို သတိထားပြီးဖွင့်လိုက်သည်

"အရှင်ကာဒီယမ် အရင်တနေ့က ကျွန်မရှင့်ကိုပြောပြတဲ့ကျွန်မသူငယ်ချင်းကို ရှင်သိသေးတယ်မလား"
"အင်း"
"တကယ်က အက်စတယ်လာ သူတော်စင်ပါ"

'သူဘယ်လိုတုံပြန့်လိမ့်မလဲ'

'ငါ အက်စတယ်လာနဲ့ သူငယ်ချင်းတွေဖြစ်လာတာကို သူသံသယဖြစ်လိမ့်မလား'
'ဒါမှမဟုတ် သူလက်မခံနိုင်တာကြောင့် ငြင်းဆန်လိမ့်မလား'

သူမရဲ့ယိမ်းထိုးနေတဲ့အတွေးတွေနှင့် ဆန့်ကျင်စွာ သူတုံ့ပြန်မှုက တည်ငြိမ်လေသည်
"ကိုယ်သိပြီ" သူပုံစံက စိတ်၀င်စားမှုမရှိသလိုပင်

"ရှင် သိနေတာလား"
"ဟုတ်တယ်"
"ဘယ်လိုသိတာလဲ"
"ကိုယ် ပေါလ်ဆီကနေကြားခဲ့တာ"

'ပေါလ်ကဘယ်သူလဲ'

အချိန်သိပ်မကြာလိုက်ပဲ ပေါလ်ဆိုတာ လုရှန်ရဲ့လက်ထောက်မှန်း သတိရသွားသည် ပေါလ်ရဲ့ရုပ်ရည်က လစ်လပ်နေတာကြောင့် သူမလွယ်လွယ်မေ့သွားခဲ့တာပင်

'ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး ငါနဲ့အက်စတယ်လာ ဆက်ဆံရေးကိုသိနေရတာလဲ သူက ငါတို့အတူရှိနေတာကို မြင်ခဲ့တာလား'
တွေးကြည့်လိုက်ရင် သူမက အက်စတယ်လာနှင့် လက်မောင်းချင်းချိတ်ပြီး မြို့လယ်ခေါင်မှာ အကြိမ်ကြိမ်လျှောက်သွားခဲ့တာပင် ဒါကြောင့် ပေါလ် သူတို့ကို မြင်ခဲ့ရင်တောင် ထူးဆန်းနေလိမ့်မည်မဟုတ်ပေ
ထိုအရာက လျို့ဝှက်ချက်တစ်ခုမဟုတ်တော့ပေ ဒါပေမဲ့ လုရှန်ရဲ့ အမူအရာက အလွန်တည်ငြိမ်လေသည်

'ရှင်ချစ်နေတဲ့အမျိုးသမီးနဲ့ ကျွန်မရင်းနှီးနေတာ တကယ်ပဲအဆင်ပြေတယ်လား'
သူမမထိန်းနိုင်ပဲ လုရှန်ကို ကြည့်လိုက်သည့်နှင့် လုရှန်စကားပြောလာခဲ့သည်

"လေဒီပါနေးရား ဒီနေ့ မင်းကိုကြည့်‌ရ‌တာ လုံးလုံးလျားလျား ထူးခြားနေသလိုပဲ"
"အို ရှင်သတိထားမိတယ်ပေါ့"

'ကောင်းပြီ ငါ့စတိုင် အရင်နဲ့မတူပဲပြောင်းလဲနေတာကို သတိထားမိတာ အန်နီတယောက်ထဲတော့မဟုတ်သေးဘူးပဲ'

သူမရှက်ကိုးရှက်ကန်းအပြုံးနှင့် ဖြေလိုက်သည်
"ကျွန်မစတိုင် နည်းနည်းပြောင်းထားတယ်"

စကားပြောဝိုင်းက ဒီနေရာမှာတင်ရပ်သွားလိမ့်မည်ဟု သူမ‌ထင်ထားသော်လည်း လုရှန်ကဆက်မေးလာခဲ့သည်

"ဘာကြောင့်လဲ"
မထင်ထားတဲ့မေးခွန်းကြောင့် သူမ အနည်းငယ် ပျာယာခတ်သွားသည်

ဒီ၀တ်စုံဇာတ်လမ်းအကြောင်း တစ်ခုလုံးပြန်ပြောရရင်လဲ အရမ်းကြာလွန်းနေမည်
ဒါကြောင့် သူမအလွယ်ဆုံးအဖြေကို ရှာတွေ့လိုက်ပြီး ပြန်ဖြေလိုက်သည်

"ဒီပုံစံကပိုပြီးလှတယ် ထင်မိလို့လေ"
ဘာမှမပါရှိတဲ့ လုရှန်အကြည့်က တခဏစာလောက် ကြင်နာသောအလင်းရောင်မှိတ်တုတ်မှိတ်တုတ်နှင့်မုန်တိုင်းတိုက်လိုက်သလိုပင်

သူမ အမူအရာကို ချောမွေ့အောင်လုပ်လိုက်ပြီး

"ကျွန်မ အဲ့လောက်တောင် ကြည့်ရဆိုးနေလို့လား"
"မဟုတ်ပါဘူး ကြည့်ရမဆိုးပါဘူး"

လုရှန်တစ်စုံတစ်ရာကို စိတ်တိုသလို သက်ပြင်းချရင်း သူရဲ့ငွေမင်ရောင်ဆံနွယ်တွေကို တဖက်ကို သပ်တင်လိုက်သည်
ထိုသို့လုပ်ပြီးနောက် လုရှန် သူမဂါ၀န်အကြောင်းဆက်မပြောတော့ပဲ မသိရင် ခက်ခဲတဲ့ စကားဝိုင်းကို ရှောင်ဖို့ ‌ကြိုးစားနေသလိုပင်

ဒီသူမ ဘယ်လောက်ကြည့်ရဆိုးနေတာမျိုးဖြစ်နေပါစေ ဒီလိုတုံပြန်မှုက တအား သေးသိမ်တာပဲ
သူမဟာလဲ လူသားတစ်ယောက်ဖြစ်တာကြောင့် သူရဲ့တုံ့ပြန်မှုက သူမကိုနာကျင်စေပြီး သူဘက်ကနေ တခြားတစ်ဖက်ကို လှည့်နေလိုက်သည်
ဒါပေမဲ့ သူမခန္ဓာကိုယ်က သူမအားမြန်မြန်ဆန်ဆန်ပင် သစ္စာဖောက်လေသည် သူမ သူအားထပ်ပြီး ကြည့်လိုက်ပြန်သည်

'ဟမ့် မျက်ဆန်တွေ, သူတို့ တွန်းအားတွေက တခါတရံ သူတို့ရဲ့သခင်ကို ဒုက္ခပေးတတ်တယ်'
────── 〔〕──────

မကြာမီမှာပဲ သူတို့ အင်ပါယာမြို့တော်စီသို့ ရောက်ရှိသွားခဲ့သည်

မက်မောဖွဲကောင်းသော ရွှေတွေနဲ့ ဆင်ယင်ထားတဲ့ ပွဲဟောခန်းမထဲ ပါနေးရား၀င်လိုက်တာနဲ့ မျက်လုံးအများအပြားက သူတို့အပေါ်ရှိနေသလိုခံစားလိုက်ရသည်

လူတချို့ဆို ခလုတ်တိုက်မိပြီး ဒယိမ်းဒယိုင်တွေတောင်ဖြစ်သွားကြသည်
ဒါကတော့ သူမရဲ့ အသက်ရှုမှားလောက်အောင်လှပတဲ့ (ခင်ပွန်းလောင်း) Fiance ကြောင့်ပင်

Continue Reading

You'll Also Like

390K 27.4K 43
မိုကá€ēကယá€ēအá€Ŧဒနá€ēမငá€ēလုခá€ģကá€ēစá€ē ညိုမငá€ēးမို 21.7.2023 9:20 PM.
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~â™Ĩ~ Type- OWN CRE...
850K 63.5K 49
စဝá€ēနေá€Ŧငá€ē့ခá€Ŋနá€ēး :: ကေá€Ŧငá€ēလေး~~~ ဒီခá€ģယá€ēရီပနá€ēးခကá€ēလေးနဲ့အတူ á€€á€­á€¯á€šá€ˇá€ēအခá€ģစá€ēတá€Ŋေပá€Ģ မငá€ēးအတá€Ŋကá€ēထည့á€ēá€•á€ąá€¸á€œá€­á€¯á€€á€ēတယá€ē ခá€Ŋနá€ēá€¸á€…á€ąá€€á€­á€¯á€¸ :: ဘဲကá€ŧီး ~~~ ခငá€ēဗá€ģá€Ŧးက ခá€ģယá€ēရီပနá€ēးခကá€ēနဲ...
1.7M 208K 165
အမá€ģိုးသá€Ŧးကိုယá€ēဝနá€ēဆေá€Ŧငá€ē "ကေá€Ŧ"မá€ģá€Ŧးပá€Ģဝငá€ēသညá€ē။ အမá€ēိá€ŗးသá€Ŧá€¸á€€á€­á€¯á€šá€šá€á€”á€šá€ąá€†á€Ŧင် "ကေá€Ŧ"မá€ēá€Ŧးပá€Ģဝင်သည်။