แ€™แ€Šแ€บแ€ธแ€”แ€€แ€บแ€›แ€€แ€บแ€…แ€€แ€บแ€žแ€ฑแ€ฌแ€’แ€ฏแ€แ€ญแ€šแ€‡แ€ฌแ€แ€บแ€œแ€ญแ€ฏแ€€...

By ma_roses_are_blue

86.3K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy ๊น€๋ฝ€์‚ Artist(s) Sol (solminator0) Yea... More

Description
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ€แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ)
Notice
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆแƒ)
๐Ÿซถ

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ€)

1K 148 1
By ma_roses_are_blue

Chanelက တခြားအ၀တ်အထည်ဆိုင်မှ ဒီဇိုင်းနာအများစုနှင့်ကွာခြားလေသည်
Chanel တောက်ပနေအမူအရာနှင့်ပြောလာလေသည်

"ရှင်က Chanelဂါ၀န်တစ်ထည်ကို ရွှေဒင်္ဂါးငါးရာထဲနဲ့ အရယူသွားပဲ လေဒီပါနေးရား ရှင်က အတော် ကံကောင်းတာပဲလို့ ကျွန်မထင်မိတယ်"
"ဒါက ကံကောင်းတာမဟုတ်ဘူး ကျွမ်းကျင်တာ"

Chanelနှုတ်ခမ်းကို အနည်းငယ်ဆူလိုက်သည်
Chanelထိုမျက်နှာပုံစံဘာကြောင့်လုပ်နေရသလဲဆိုတာ သူမနားလည်လေသည်
ဘာလို့လဲဆိုတော့ ပါနေးရားရဲ့၀တ်စုံကိုချုပ်ပေးရခြင်းက သူလုပ်ချင်သောအရာတစ်ခုမဟုတ်သောကြောင့်ပင်

[ရှင် ကျွန်မရဲ့၀တ်စုံကိုလဲ သူတော်စင်နဲ့ဆင်တူချုပ်ပေးရမယ် ဒါက ဒီအပေးအယူရဲ့ conditionပဲ]

သူတော်စင်အတွက် အ၀တ်ချုပ်ပေးရမယ်ဆိုတဲ့အတွေးကြောင့် စိတ်လှုပ်ရှားနေသည့် Chanelရဲ့မျက်နှာမှာ လျင်လျင်မြန်မြန် ပျက်ယွင်းသွားသည်
ပါနေးရားရဲ့အ၀တ်က သီးခြားစွာပေးချေထားတာကြောင့် သူမစိတ်ပျက်သွားတာဖြစ်နိုင်သည်

Chanel သူမရဲ့ကြိုးခွေနှင့် တိုင်းတာဖို့ ‌လှုပ်ရှားနေရင်းပြောလိုက်သည်

"လေဒီပါနေးရား ကျွန်မထပ်ပြောမယ် ရှင်ဂါ၀န်က သူတော်စင်ရဲ့အ၀တ်နဲ့ယှဉ်ရင် အထည်စနည်းပြီး အပြင်အဆင်ကလဲနည်းလိမ့်မယ် ဒါကိုတော့ ရှင့်စိတ်ထဲတွေးထားသင့်တယ် ပြီးမှ ကျွန်မကို ‌စိတ်ဆိုးတာမျိုးမဖြစ်စေချင်ဘူး ဒီနှစ်ထည်ရဲ့ အရည်အသွေးကလုံး၀ကို ကွာခြားမှာ"
ဒါက ဖြစ်သင့်ပါတယ်

ပထမကထဲက Chanelကို ရွှေဒင်္ဂါးငါးရာထဲနဲ့ ဂါ၀န်တစ်ထည်ချုပ်ပေးဖို့ ပြောတာက မဖြစ်နိုင်ပေ
အက်စတယ်လာရဲ့ အခြေအနေနဲ့ အရည်အသွေးတစ်ထပ်ထဲတူတဲ့ ဂါ၀န်ဆိုတော့ ပိုပြီးပျက်ရယ်ပြုချင်စရာကောင်းသည်

ပါနေးရားပြုံးရင်း သူမကိုကြည့်လိုက်သည်
"သေချာတာပေါ့ အဲ့ဒါကို ကျွန်မက တခြားသူတွေထက်ပိုသိတယ် ဒါကြောင့်မို့ အက်စတယ်လာရဲ့အထည်ကိုတော့ အကောင်းဆုံးလုပ်ပေးပါ"
'ဘယ်သူမှမယှဉ်နိုင်တဲ့ တောက်ပပြီး စွဲမက်ဖွယ်ကောင်းအောင်လုပ်ပစ်လိုက်'

အက်စတယ်လာနှင့် ပါနေးရား ဘေးချင်းကပ် မတ်တပ်ရပ်ရင်း ဘယ်လိုဂါ၀န်မျိုးချုပ်သင့်ကြောင်း Chanelနှင့်ဆွေးနွေးလေသည်
Chanelရဲ့မျက်လုံးတွေက အက်စတယ်လာဆီမှာရှိနေပြီး ဒီဇိုင်းပုံကြမ်းဆွဲပြီးတာနဲ့ ဆက်သွယ်လိုက်မည်ဟုပြောလေသည်

Chanelက အမျိုးသမီးဇာတ်လိုက်ကို ခိုးပြေးချင်သလို အကြည့်နှင့် ကြည့်ရဲလေသည် ဒါပေမဲ့ အက်စတယ်လာ Chanelကို ပြောလိုက်သောစကားက ပါနေးရားကို ငြိမ်းချမ်းသွားသ‌လိုခံစားရလေသည်

"ဒါဆို ကျွန်မ မစ် Chateau နဲ့ လက်တွဲအလုပ်လုပ်ဖို့ မျှော်လင့်နေပါမယ်"
Chanel သူမရဲ့နာမည်ကိုပင် မမှတ်မိသော အက်စတယ်လာကြောင့် သတိလစ်မလို‌ဖြစ်နေခဲ့သည်

သူမလဲ အက်စတယ်လာပြောတဲ့အတိုင်း လက်တွေ‌ပိုက်ရင်း ပြောလိုက်သည်
"ဟုတ်တယ် မစ် Chateau ရှင့်ရဲ့အလုပ်ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်"

အမျိုးသမီးဇာတ်လိုက် သူ့မဘက်တွင်ရှိနေခြင်းက ပီတိဖြစ်စရာပင် ပြီးတော့ refreshလဲဖြစ်စေသည်
(Chanelအတွက် မျက်ရည်သုံးစက်🥲)
────── 〔〕──────

'ဟမ့် ငါအပြင်ရောက်နေတာ အတော်ကြာနေပြီ အိမ်ကိုပဲ အခုလိုပြန်သွားရမှာကတော့ ၀မ်းနည်းစရာပဲ ကဖေးဆိုင်လေးသွားပြီး စကားပြောရရင် ကောင်းမှာပဲ ဒါက သူငယ်ချင်းတွေနဲ့လျှောက်သွားပြီးအချိန်ကုန်ဖို့အတွက် အခြေခံနည်းလမ်းပဲ'
ဒါပေမဲ့ သူမ အက်စတယ်လာကို ကဖေးကို သွားပြီး သူမနဲ့ တူတူအချိန်ဖြုန်းပေးဖို့ မပြောရဲချေ
အက်စတယ်လာက သူတော်စင်လဲဖြစ်တဲ့အပြင် ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ တင်းကြပ်ထားတဲ့ ဘာသာရေးကိုင်းရှိုင်းသူလဲဖြစ်သည်

အထက်တန်းလွှာတွေဆီက ဒါမှမဟုတ် တော်၀င်မိသားစုက ဖိတ်ကြားတဲ့ပွဲတွေကို တတ်ရောက်ခြင်းက သူတော်စင်တယောက်အနေနဲ့ လိုအပ်တဲ့ ဆက်ဆံရေးတွေထိန်းသိမ်းဖို့သာဖြစ်သည်
ကဖေးလို အရေးမကြီးတဲ့နေရာမျိုးကို အက်စတယ်လာက သွားလိမ့်မည်မဟုတ်ပေ

'သူမတို့သွားခဲ့ရင်တောင်မှ အက်စတယ်လာက သကြားကဲ့သို့ ဈေးကြီးပစ္စည်းတွေနဲ့လုပ်ထားတဲ့ အချိုပွဲမျိုးကို စားမှာမဟုတ်ဘူး ဒါကြောင့် အတော်ခက်ခဲတာပဲ'

ဒါပေမဲ့ အက်စတယ်လာက သူမရဲ့ဆန္ဒပါ၀င်နေသော ကြည်လင်တဲ့အသံနှင့်ပြောလေသည်

"ကျေးဇူးတင်ပါတယ် မစ်နေးရား ကျွန်မပိုက်ဆံ အနည်းငယ်စုနိုင်ပြီး ဆိုင်ကောင်းကောင်းလဲရှာတွေ့ခဲ့တယ် ကျွန်မ ရှင်နဲ့ ကဖေးကိုသွားပြီး လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်နဲ့ အချိုပွဲကိုကျေးဇူးတင်တဲ့အနေနဲ့ ၀ယ်ကျွေးမယ်ဆိုရင် ရှင်အဆင်ပြေလား"
မမျှော်လင့်ထားသောအကြံပေးစကားကြောင့် သူမမျက်လုံးတွေပြူးကျယ်သွားတော့သည်

"ကျွန်မတို့ သွားလို့ရတယ်လား"
"ဒါပေါ့"

'အိုး မိုင်ဂေါ့'
ထိုအချိန်မှာတော့ လူအများစုက ထိုသို့ပြောလိမ့်မည် "ဒါပေမဲ့ မစ်အက်စတယ်လာက အဲ့လိုနေရာတွေကိုမကြိုက်ဘူးမလား ကျွန်မ/တော်တို့ကြောင်နဲ့တော့ ကိုယ်ကိုကိုယ်အပင်ပန်းမခံပါနဲ့"
ဒါပေမဲ့ ငါကတော့ အဲ့လိုမပြောဘူး

'အက်စတယ်လာ အရင်ဆုံးပြောလာတာ ဒါကြောင့် သွားကိုသွားရမယ်!'

သူမ တစ်စုံတစ်ခုကို သတိရသလိုပြောလိုက်သည်
"ဒါဆို ကျွန်မသွားချင်တဲ့ကဖေးဆိုင်ကို သွားကြမလား? အဲ့ဆိုင်က ဒီနားတစ်ဝိုက်မှာရှိတယ်"
"အိုခေ"အက်စတယ်လာ အားရပါးရပြုံးလိုက်သည်

'ကောင်းတယ်!'
သူမ အက်စတယ်လာနှင့် လက်မောင်းချင်းချိတ်ရင်း ကဖေးဆိုင်သို့ဦးတည်လိုက်သည် အထက်တန်းလွှာတွေကြား ကျော်ကြားသောနေရာတစ်ခုဖြစ်ပြီး မကြာသေးမီကမှဖွင့်ထားသောဆိုင်ဖြစ်သည်
သူတို့နှစ်ယောက် ဆိုင်ထဲ၀င်၀င်ချင်း ဆိုင်ထဲကသူတွေရဲ့အကြည့်ကို ခံစားလိုက်ရသည်

သူတို့ထဲကတချို့က အက်စတယ်လာကို မှတ်မိတဲ့ပုံပေါ်ပြီး သူတို့မျက်လုံးတွေပြူးမတတ် အံအားသင့်နေကြသည်
ကံကောင်းစွာနဲ့ အက်စတယ်လာက သူတို့ရဲ့အကြည့်တွေကို ဂရုမစိုက်ပဲ ဆိုင်ကိုလှည့်ပတ်ကြည့်နေသည်

"ဝိုး ဒီကဖေးက တကယ်လှတာပဲ"
"ဟုတ်တယ်မလား"

သူမ မုန့်တွေပြထားတဲ့စင်ဆီ အက်စတယ်လာနှင့်အတူ‌ လျှောက်သွားလိုက်သည်
ပါနေးရား မှန်ဖုံးထဲက ကိတ်တွေကိုငေးကြည့်နေတာကိုမရပ်တန့်နိုင်ပေ

"သူတို့ပြောကြတဲ့အတိုင်းပဲ"

ချစ်စရာစတော်ဘယ်ရီအပြင်အဆင်တွေနဲ့ စတော်ဘယ်ရီကိတ် လက်ဆက်တဲ့ ခရင်တွေနဲ့ တန်ဆာဆင်ထားတဲ့ကိတ်တွေ အကြည့်နဲ့တင်ချမ်းသာတဲ့ အရသာကိုခံစားနိုင်တဲ့ချောကလတ်ကိတ်တွေ
လှပစွာတန်ဆာဆင်ထားတဲ့ ကိတ်တွေရဲ့ အလှတရားက အနုပညာလက်ရာတစ်ခုနှင့် ဆင်ဆင်တူနေသည်
သူတို့က အချစ်တွေနဲ့ ပြုလုပ်ထားသောကိတ်များပင်

သူမရဲ့အံအားသင့်နေ‌တဲ့မျက်လုံးတွေက နှင်းဆီပန်းတွေကို အလှအနေနဲ့ဆင်ထားတဲ့ အနီရောင်ကိတ်တွင် ရပ်လိုက်သည်

"‌ေဟး ကျေးဇူးပြုပြီး ဒီကိတ်..."
သူမကိတ်ကိုငေးနေချိန် အက်စတယ်လာ အနီးကို တို့းလာခဲ့သည်

"ရှင်လိုချင်တဲ့ကိတ်ကိုရွေးပြီးပြီလား"
"အိုး ကျွန်မ..."

သူမ နှင်းဆီပန်းနဲ့ကိတ်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်
ထို့အစား whippedခရင်ကိတ်ကိုသာ ရွေးချယ်လိုက်သည်

"မိုးရွာပြီးနောက် နေသာတဲ့နံနက်ခင်းတစ်ခုပေါ်က တိမ်တွေ..." (ကိတ်နာမည်ပါ:3)

'ဒီနာမည်တပ်တဲ့ဉာဏ်က...'
'ဒီအလုပ်သမားက Baskin Robbinsရဲ့ ဝိဉာဏ်ကိုများ ပိုင်ဆိုင်ထားတာလား?'

အက်စတယ်လာ ပါနေးရားပခုံးကိုလက်တစ်ချောင်းနဲ့တို့လိုက်ပြီး သံသ‌ယဖြစ်စွာနဲ့တိုက်တွန်းလေသည်
"ရှင်မှာချင်သလောက်သာ မှာ ကျွန်မမှာ ပိုက်ဆံအများကြီးရှိတယ်"

အမျိုးသမီးအများအပြားလိုပဲ သူမတွင် ကိတ်ကဲ့သို့အရာမျိုးအတွက် သီးခြားအစာအိမ်တစ်ခုရှိသည် တစ်ထိုင်ထဲနဲ့ အများဆုံး ငါးပိုင်းလောက် စားနိုင်သည်
ဒါပေမဲ့ သူမကိုယ်သူမထိန်းလိုက်သည်

အက်စတယ်လာရဲ့ ချုံးချုံးကျနေတဲ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံကဘယ်လောက် တန်ဖိုးကြီးကြောင်း သိတာကြောင့်ပင်
ဒီဆိုင်‌မှ ကိတ်အပိုင်းလေးတစ်ခုကတောင် အက်စတယ်လာရဲ့ တစ်လစာအသုံးစရိတ်နှင့် ညီမျှပေလိမ့်မည်
သူမပြုံးရင်းတုန့်ပြန်လိုက်သည်

"ကျွန်မအခုတလောဝိတ်ချနေတာ ဒါကြောင် ဒီနဲ့ လုံလောက်ပြီ"

ချိုမြတဲ့ syrupနှင့် espressoတစ်ခွက်နှင့် whippedခရင် ကိတ်တစ်ပိုင်းတို့ ယူထားသည့်သူမနှင့်မတူပဲ အက်စတယ်လာရှေ့၌ ရေတစ်ခွက်သာရှိလေသည်
သူမတခဏလောက်တွေးပြီးနောက် မေးလိုက်သည်
"တစ်ကိုက်လောက် မြည်းကြည့်ပါလား"

ထင်တဲ့အတိုင်းပင် အက်စတယ်လာ ခေါင်းကိုခါလာခဲ့သည်
"ကျွန်မက ချိုတဲ့အရာတွေကိုသိပ်မကြိုက်ဘူး ဒါကြောင့် ကျွန်မကိုစိတ်ထဲမထားပါနဲ့"
ရှင်းရှင်းလင်းလင်း မလိုအပ်ကြောင်း ငြင်းထားတဲ့သူကို ဆက်ပြီးဖျောင်းဖြနေတာက ရိုင်းစိုင်းပေသည် ဒါကြောင့် သူမ အက်စတယ်လာရဲ့ငြင်းဆိုချက်ကိုလက်ခံလိုက်ပြီး ကိတ်မုန့်အပိုင်းအစကို ပါးစပ်ထဲထည့်လိုက်သည်

'နာမည်အတိုင်းပဲ ဘယ်လောက်တောင်အရသာရှိလိုက်သလဲ'
သဘောကျမှုမိုးရေတွေ အတွင်းထဲ၌ ရွာကျပြီးနောက် whippedခရင်က သူမလျှာပေါ်၌ နေသာတဲ့နံနက်ခင်းတစ်ခုက တိမ်အစုအဝေးတွေလို ပျော်၀င်သွားသည်
ကိတ်ကိုအရသာခံနေစဉ် စားပွဲဘေးကလက်ကမ်းစာစောင်ထားတဲ့နေရာကို သတိထားမိသွားသည် ကဖေးကာစတန်မာတွေအတွက် ပြင်ဆင်ပေးထားတဲ့ မဂ္ဂဇင်း ကော်ပီတစ်ခုပင်
ပုံမှန်အားဖြင့် အထက်တန်းလွှာအမျိုးသမီးတွေ သဘောကျကျတဲ့ ခေါင်းစဉ်အမျိုးအစားများပင် အခုလက်တစ်လောဖက်ရှင်တွေ ဒါမှမဟုတ် လက်တလောခေတ်စားနေတဲ့ရေမွှေးတွေ ထိုကဲ့သို့သောအကြောင်းများပင်

'ငါတစ်ချက်လောက်ကြည့်လိုက်သင့်လား အချိန်အတော်ကြာပြီဆိုတော့'
လက်တစ်ဖက်ထဲနဲ့ သတိလွတ်နေသလို စာမျက်နှာများကိုလှမ်နေရင်း ခရင်တွေနေရာအနှံပြန့်ကျဲသွားနီးပါးဖြစ်‌ခဲ့ရသည်

'ဒီကမ္ဘာပေါ်က ဘယ်သူကများ ဒီလိုရက်စက်တဲ့ အကြောင်းအရာမျိုး ရေးရဲရတာလဲ'
သူမ မယုံသင်ကာဖြစ်တာကြောင့် ဖတ်လိုက်ရင်း သူမရဲ့ဦးခေါင်းက အက်စတယ်လာဦးခေါင်းနဲ့ ထိလုနီးနီးဖြစ်သွားပြီး စားပွဲက တစ်ဖက်ကို ယိုင်သွားခဲ့သည်

မဂ္ဂဇင်းရဲ့ စာမျက်နှာပြည့် ညှီစို့စို့ အကြောင်းအရာက ကားလစ်နဲ့ လုရှန်တို့အား နှိုင်းယှဉ်ဆွေးနွေးသည်အရာပင်
ယောကျာ်းနှစ်ယောက် မတူညီတဲ့ ပုံပန်းသဏ္ဌာန်,စိတ်နေစိတ်ထား ,နောက်ခံ, လုပ်နိုင်စွမ်း ,လူတိုင်းတွေးနိုင်သောအရာတွေ အကြောင်းပင်
ဒါကြောင့် ဘယ်သူကရွေးချယ်ခံရမယ်ဆိုတဲ့အဖြေက အငြင်းပွားမှုတွေရဲ့သော့ချက်ပင်
ကဖေးဆိုတဲ့က အမျိုးသမီးအများအပြားက အတွေးနက်သောအမူအရာများဖော်ပြနေခဲ့သည် မသိရင် ကမ္ဘာပေါ်မှာ အရေးကြီးဆုံး ပြဿနာတစ်ခုလိုပင်
ထိုထဲကတချို့က စာစောင်လေးတစ်ခုကို သူတို့အကြား ညှပ်ထားရင်း အပူရှိန်မြင့်တဲ့ ဆွေးနွေးမှုထဲမှာ အလုပ်များနေကြသည် ပါနေးရားက ထိုအရာကို အကိုးအကားအနေနဲ့အသုံးပြုလိုက်သည်

သူမ အက်စတယ်လာကိုမေးလိုက်သည်
"ဒီနှစ်ယောက်ထဲက ဘယ်သူက သတို့သားလောင်းလုပ်ဖို့ ပိုပြီးသင့်တော်တယ်ထင်လဲ မစ်အက်စတယ်လာ"
အက်စတယ်လာမျက်နှာက ထိုမေးခွန်းကိုကြားတော့ ရှက်ကိုးရှက်ကန်းဖြစ်လာခဲ့သည်

"‌ပြောရရင် ကျွန်မလဲမသိဘူး တစ်ခါမှ အဲ့အကြောင်းမတွေးဖူးဘူး"
"ဒါဆို တွေးကြည့်လိုက် ကျွန်မက ‌ထိုယောကျာ်းနှစ်ယောက်လုံးနဲ့ဆုံဖူးပြီးပြီ ဒါကြောင့် ကျွန်မက ရွေးချယ်ပြီးသားဖြစ်နေပြီ"

အက်စတယ်လာ ပြန်မတုံ့ပြန်နိုင်ပဲ မျက်နှာနီမြန်းလာခဲ့သည် ထိုအရာကိုမြင်လိုက်တော့ ပါနေးရား နှုတ်ခမ်းတွေကို ကွေးပြီးပြုံးလိုက်သည်

'ငါသိတာပေါ့ သူဘယ်သူ့ကိုရွေးမယ်ဆိုတာ'
သူမက အချစ်အကြောင်းနဲ့ပတ်သတ်လာရင် တုံးအတယ်ဆိုတာကြောင့်ပင် သူမဘယ်လိုခံစားရတယ်ဆိုတာကို သဘောမပေါက်ခင်အထိ အချိန်အကြာကြီးယူခဲ့ရလိမ့်မည် ဒါပေမဲ့ အက်စတယ်လာက ထိုအချိန်မှာတင် ကားလစ်ဆီကနေ ဆွဲဆောင်ခံနေရပြီးပြီ
နောက်ဆုံးမှာတော့ ပြန်မဖြေနိုင်တဲ့ အက်စတယ်လာတယောက် ပါနေးရားအားကြည့်ရင်း ဒုက္ခရောက်နေတော့သည်

"ဒါဆို ဘယ်သူကအကောင်းဆုံးသတို့သားလောင်းဖြစ်မယ်လို့ ထင်လဲ"
ဒီပြဿနာမျိုးမှာ ခိုင်မာသောအဖြေရှိနေပြီးသားးပင်
"သေချာပေါက်ကို လုရှန်ပေါ့"

အမျိုးသားဇာတ်လိုက်ကိုချစ်နေသော အမျိုးသမီးဇာတ်လိုက်လိုမဟုတ်ပဲ သူမက အလွန်‌ပြတ်သားလေသည်
ဘယ်အမျိုးသမီးမဆို သူတို့ခေါင်းထဲမှာ လုရှန်ကိုရွေးချယ်လိမ့်မည်ဟုတွေးထားကြသည်

'သေချာတာပေါ့ လုရှန် နက်ရှိုင်းတဲ့အဆုံးသတ်ကို မရောက်ဖို့ ယူဆရတာပါပဲ'
"လှပတယ် ခင်မင်စရာကောင်းတယ် ပြီးတော့ အင်ပါယာရဲ့ အသန်မာဆုံးစစ်သည် အိမ်ရှေ့မင်းသားနဲ့ ယှဉ်လိုက်မယ်ဆို‌ရင်တော့...."
ကားလစ်တွင် ကြောက်စရာကောင်းသော personality တစ်ခုရှိသည် ဒါ သူရဲ့အားနည်းချက်တစ်ခုတော့မဟုတ်ပေ
သူဘာကြောင့် အကောင်းဆုံးသတို့သားမဖြစ်ရတဲ့ အချက်တစ်ခုက

"ရှင်လက်ထပ်လိုက်တဲ့အချိန် အဲ့မိသားစုက ရှင့်ရဲ့ ခမည်းခမတ်ဖြစ်လာမယ် ဘယ်အရာက အဲ့ထက်ဆိုးတာရှိသေးလို့လဲ"
အက်စတယ်လာ ထိုအရာကိုမငြင်းနိုင်ပေ မျက်ခုံးတွေကို အောက်ချရင်း ပြုံးသာပြုံးနေခဲ့သည် အက်စတယ်လာ ပါနေးရားဘာကိုဆိုလိုတယ်ဆိုတာကို သိပေသည်

ကားလစ်ရဲ့ မျိုးရိုးဗီဇအရရော မွေးပေးထားတဲ့ သူ့အမေက ဆုံးသွားသည်မှာ အတော်ပင်ကြာခဲ့ပြီဖြစ်သည် ဒါကြောင့် သူရဲ့ ဖခင်ဘက်ကအဘွားက စီမံခန့်ခွဲမှုကို လက်ဝါးကြီးအုပ်ခဲ့ပြီး သူမက တင်းကြပ်ပြီး ရှေးဆန်တဲ့ personalityကြောင့် နာမည်ဆိုးရှိလေသည်

'ရှင် ကျင့်၀တ်လေးအနည်းငယ်ယိုယွင်းသွားမိရင်တောင်မှ သေချာပေါက်အပြစ်ပေးခံရမှာ အရာအလုံးကို အဆင့်အတန်းပေါ်မူတည်ပြီး တန်ဖိုးဖြတ်တယ် အမှားလုပ်မိပါက  သူမရဲ့လက်အောက်ငယ်ဖြစ်နေရင်တောင်မှ ခွင့်မလွှတ်ပေးတတ်ဘူး'
မယ်တော်ကြီး အနေနဲ့ အက်စတယ်လာလို သာမန်လူတန်းစားကို သဘောကျဖို့ မဖြစ်နိုင်ချေ
သူမက အက်စတယ်လာကို တအားမုန်းလေသည် သူမက ကားလစ်ရဲ့မွေးနေ့ပွဲ၌ အက်စတယ်လာကို ပြက်ရယ်ပြုခွင့်ပေးတဲ့အပြင် နန်းတော်အပြင်ဘက်ပင် နှင်ထုတ်ခဲ့သည်
'Yup'

ဒီARCမှာ သူမက အက်စတယ်လာရဲ့ အဓိကရန်ဘက်လဲဖြစ်နေသေးသည်
'ဒါပေမဲ့ မယ်တော်ကြီးက မူလသူမလုပ်နေကြအတိုင်း မနှစ်မြို့စရာကောင်းတဲ့ ဘယ်အရာကိုမှ လုပ်နိုင်လိမ့်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ အက်စတယ်လာက ပွဲမှာ တခြားသူတွေထက် ပိုလှပတဲ့ပုံစံနဲ့ထွက်ပေါ်လာမှာကြောင့်လေ'
မယ်တော်ကြီးကတော့ နှိုင်းယှဉ်ရင်း သူမကို မျက်နှာချိုပင်သွေးရတော့မှာပဲ

အက်စတယ်လာ သူမကို ကြည့်ရင်း တည်ငြိမ်အေးချမ်းတဲ့အပြုံးကလေးနှင့် မျက်နှာနီမြန်းနေလေသည်
────── 〔〕──────

ကဖေးမှာစကားပြောကြပြီး သူမတို့လမ်းခွဲပြီးတော့ အချိန်က ညနေစောင်းရောက်နေပြီဖြစ်သည်
အက်စတယ်လာက ပါနေးရားကိုပြောလာခဲ့သည် "သူငယ်ချင်းတစ်ယောက်နဲ့ အပြင်ထွက်ပြီး အချိန်ဖြုန်းရတာဒီလောက်ပျော်စရာကောင်းမှန်း မသိခဲ့ဘူး ကျွန်မအံဩစရာကောင်းတဲ့အချိန်လေးပိုင်ဆိုင်ခဲ့ပါတယ်"

"ကျွန်မရောပဲ"
သူတို့ လက်တွေကိုင်ရင်း အတူရယ်မောနေခဲ့ကြသည်

"ထပ်‌တွေဆုံကြရအောင် ပြီးရင် တခဏလောက် ကစားရအောင် မကြာခင်ပေါ့"
ပါနေးရားရဲ့နှလုံးသား နွေးထွေးမှုကြောင့်ဖောင်းကားလာလေသည်

ပထမဆုံးကတော့ သူမက ‌သေချာပေါက် အနည်းငယ် စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမဲ့ အခုတော့မဟုတ်တော့ဘူး

'ငါသူ့မကို‌‌သဘောကျတယ် တကယ် တကယ်ကြီးကို သဘောကျတာ'

သူမခန္ဓာကိုယ်တစ်ခုလုံး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်

"ပြန်ရောက်ပါပြီ"
သူမစံအိမ်ထဲသို့ ၀င်လိုက်ပြီး ပြန်ရောက်ကြောင်း မြူးကြွတဲ့အသံနှင့်အော်လိုက်ချိန် သူမတစ်စုံတစ်ခု လွတ်သွားကြောင်းခံစားနေရသည်

'အခုက နွေးထွေးတဲ့ နွေဦးနေ့ရက်အစောပိုင်းတွေပါ ဒါပေမဲ့ ဘာလို့ ဆောင်းရာသီထပ်ပြီးရောက်နေသလိုခံစားနေရတာလဲ?'
အေးစက်မှုများက အိမ်တစ်ခုလုံးကိုဝါးမြိုထားသယောင်

ပြီးတော့ ဒီလိုအေးစက်တဲ့ စွမ်းအင်မျိုး ထုတ်လွှတ်နိုင်တဲ့ တစ်ဦးထဲသောလူက...

"မင်း သူငယ်ချင်းနဲ့ အ‌ချိန်ကောင်းကောင်း ပျော်ခဲ့ရရဲ့လား"
(ရှာလကာရည်အ၀သောက်နေတဲ့အကိုကြီးပြန်ပါလာပါပြီ:3)

Continue Reading

You'll Also Like

919K 68.6K 109
"host แ€›แ€ฒแ€ทแ€แ€ฌแ€แ€”แ€บแ€€แ€‡แ€ฌแ€แ€บแ€œแ€ญแ€ฏแ€€แ€บแ€€แ€ญแ€ฏแ€€แ€šแ€บแ€แ€„แ€บแ€•แ€ฑแ€ธแ€›แ€™แ€พแ€ฌแ€•แ€ซ" "แ€„แ€ซแ€€แ€˜แ€ฌแ€œแ€ญแ€ฏแ€ทแ€œแ€ฒ!" "host แ€›แ€ฒแ‚•แ€แ€ฌแ€แ€”แ€นแ€€แ€‡แ€ฌแ€แ€นแ€œแ€ญแ€ฏแ€€แ€นแ€€แ€ญแ€ฏแ€€แ€šแ€นแ€แ€„แ€นแ€ฑแ€•แ€ธแ€›แ€™แ€ฝแ€ฌแ€•แ€ซ" "แ€„แ€ซแ€€แ€˜แ€ฌแ€œแ€ญแ€ฏแ‚”แ€œแ€ฒ!" Start Date -27.7.2022 End Date...
135K 5.6K 64
แ€กแ€แ€ปแ€…แ€บแ€€ แ€กแ€†แ€ญแ€•แ€บแ€แ€…แ€บแ€แ€ฝแ€€แ€บแ€–แ€ผแ€…แ€บแ€”แ€ฑแ€แ€ฒแ€ทแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€•แ€ปแ€ฌแ€ธแ€›แ€Šแ€บแ€กแ€™แ€พแ€แ€บแ€”แ€ฒแ€ทแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€€แ€แ€ฑแ€ฌแ€ท แ€žแ€ฑแ€ฌแ€€แ€บแ€žแ€ฏแ€ถแ€ธแ€”แ€ฑแ€™แ€ญแ€กแ€ฏแ€ถแ€ธแ€™แ€พแ€ฌแ€˜แ€ฒแ‹
410K 16.8K 34
๐‘จ๐’“๐’•๐’Š๐’”๐’• : ๐’‰๐’–๐’Ž๐’‚๐’_๐’๐’๐’–๐’—๐’“๐’† ๐‘ป๐’“๐’‚๐’๐’”๐’๐’‚๐’•๐’Š๐’๐’ : ๐‘จ๐‘ท๐–ฃ” and โ„ณ๐–Š๐–Šโ˜๏ธ Latest translator..Twakitt9795
794K 31.7K 50
แ€’แ€ฏแ€แ€ญแ€šแ€กแ€€แ€ผแ€ญแ€™แ€บ แ€•แ€ผแ€”แ€บแ€แ€„แ€บแ€แ€ผแ€„แ€บแ€ธ....