Anchor in the heart

By Noah-Gum

25.1K 3.3K 1.4K

ဒီအတိုင်း ဟိုးရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်ပါပဲ More

အမှာစာ(A/N)
Part-1(U)
Part- 1(Z)
part-2(U)
part-2(Z)
Part-3(U)
Part-3(Z)
Part-4(U)
Part-4(Z)
Part -5(U)
Part-5(Z)
Part-6(U)
Part-7 (U)
Part-7(Z)
Part-8(U)
Part-8 (Z)
Part-9(U)
Part-9(Z)
Part -10(U)
Part -10(Z)
Part-11(U)
Part-11(Z)
Part-12(U)
Part-12(Z)
Part-13(U)
Part-13(Z)
Part-14(U)
Part-14(Z)
Part -15(U)
Part-15(Z)
Part -16 (U)
Part-16(Z)
Final (U)
Final (Z)
Extra (U)
Extra (Z)
Book order 🤎

Part-6(Z)

223 31 13
By Noah-Gum

သူထွက်သွားခဲ့တာဟာ တစ်ရက်က နှစ်ရက်။
နှစ်ရက်ကနေမှ
နှစ်လကျော်လို့ သုံးလနီးပါးရှိလုပြီ။

ကျွန်တော့်ဆိုင်မှာတင်မဟုတ်
ကော်ဖီဆိုင်မှာလည်း သူအလုပ်မလုပ်တော့ဘူး။

ပျောက်ခြင်းမလှပျောက်နေခဲ့တာ
အရိပ်အ‌ယောင် လေးတောင်ရှာမတွေ့တဲ့အထိပဲ။

ထပ်မတွေ့ရအောင်လို့
ပြောခဲ့ပြီး တွေ့လို တွေငြားလိုက်ရှာနေမိတဲ့
အဖြစ်ကို ကျွန်‌တော့ဘာသာ အံဩရတယ်။

သုံးလအတွင်း ရင်ဘက်တစ်နေရာမှာ
ဘာရယ်ပါလို့ ခေါင်းစဉ်မရှိတဲ့
အစိုင်အခဲတစ်ချို့ဟာ အုံအုံဖွဲ့ဖွဲ့။

ဘယ်တုန်းကမှ မနီးစပ်ခဲ့ဘူးပေမယ့်
တကယ့်တကယ် ဝေးကွာခြင်းလမ်းတွေကို
တစ်ယောက်တည်း
လျှောက်လှမ်းရတဲ့အချိန် ဒီလူသားအပေါ်
ဘယ်လောက်မြတ်နိုးစုံမက်ခဲ့ဖူးသလဲဆိုတာ
တစ်နေ့ထက်တစ်နေ့ ပိုပိုသိလာရတယ်။

"သူမရှိတော့ဘူး "လို့တွေးမိလိုက်တိုင်း
ခန္ဓာကိုယ်ထဲက
သွေးကြောတွေ ပျက်ထွက်သွားသလိုလို၊
စီးဆင်းနေတဲ့ သွေးတွေဟာလည်း ရပ်ဆိုင်းခံလိုက်ရသလိုလိုပါပဲ။

လက်တွေ့မှာ
နေ့နေ့ညည အတူတူဖြတ်သန်းခဲ့ဖူးတဲ့
အမှတ်တရတွေနဲ့ အမှီအဟဲပြုခဲ့ ခြင်း‌တွေကို
ရုတ်တရက် ဘဝထဲက ဖယ်ရှားပစ်ရဖို့
ထင်သလောက်မလွယ်ကူခဲ့ဘူး။

သူနဲ့ ပက်သက်ပြီး ထမ်းပိုးထားသမျှဟာ
အသက်ရှုချောင်စေဖို့
ကိုယ်တိုင်အလေးခံ တွယ်တာနေရတဲ့
အတိတ်ရဲ့ပုံရိပ်တွေပဲဖြစ်လိမ့်မယ်။

ထွေးပွေ့ထားရမဲ့ အငွေ့အသက်ဆိုလို့
အုပ်ကျိုးရောင်အနွေးထည်လေးနဲ့
အခန်းကျဉ်းထဲက
တစ်ခုတည်းသော ခေါင်းအုံးငယ်ပဲရှိခဲ့ပါတယ်။

အနမ်းတွေနဲ့ အထိတွေ့တွေ အကြောင်းကိုတော့
မကြုံဆုံဖူးတဲ့ကိစ္စတွေလို
ဖျစ်ညစ်ပြီးမေ့ဖျောက်ထားလိုက်တယ်။
သူ့အပေါ်ထားတဲ့ သံယောဇဉ်နဲ့ အချစ်မေတ္တာ
တွေက
မပြီးသေးတဲ့ ရုပ်ရှင်တစ်ပုဒ် ဒါမှမဟုတ်
နောက်ဆုံးစာမျက်နှာတွေ
ဆုတ်ဖြဲခံလိုက်ရတဲ့ စာအုပ်တစ်အုပ်လိုမျိုးပဲ။

တဖြေးဖြေး ကျောခိုင်းရခြင်းတွေမှာ
တမြေ့မြေ့ ကြေကွဲရတဲ့အထိ
ဒြပ်မဲ့တစ်ချို့‌ဟာ အလဲလဲအပြိုပြိုဖြစ်ခဲ့ဖူးပါတယ်။

***

၆လပြည့်လို့ သူ့ကို ပြန်တွေ့ရတဲ့အချိန်ဟာ
ကျွန်တော့် ဆိုင်ရှေ့တည့်တည့်မှာ
ဖြစ်လိမ့်မယ် လို့ကျွန်တော်
တစ်ခါမှ တောင် စိတ်ကူးနဲ့တောင်မယဉ်ဖူးဘူး။

ရီဝေဝေ၊ ညိုးရော်ရော်ဖြစ်နေတဲ့သူ့မျက်ဝန်းတွေ
ကြောင့်
အံ့ဩရမှာထက်ပူပင်မူ့တွေ ကျွန်တော့်ဆီမှာ
အလုံးနဲ့အရင်းနဲ့။
သောကဆိုတာ ကို ဘယ်အချိန်မှာ
ခံစားဖူးလဲ မေးရင်
အဲ့ဒီ မျက်ဝန်းလေးတွေ ညိုးကျသွားတဲ့
အချိန်လို့ပဲ ဖြေရမယ်။

ဆိုင်ရှေ့က အမှိုက်ပုံးဆီ
အမှိုက်စတွေ သွန်ကြဲနေတုန်း
မြင်လိုက်ရတဲ့
ဖြူဖြူပါးပါးအရိပ်ငယ်ဟာ
သူ ဖြစ်နေခဲ့တယ်။တစ်နည်းအားဖြင့်
သူ့ကို ပြန်တွေ့ခဲ့ပါတယ်။

လွမ်းစိတ်က အမြင်အာရုံကိုတော့ မလှည့်စားလောက်ဘူးမလား။သေချာပေါက်သူပဲ ဖြစ်မှာပါ။

"ညီ "

သူ့အနားကို အနီးကပ်‌ဆုံးနဲ့ တက်နိုင်သမျှ
အမြန်ဆုံးပြေးသွားမိတယ်။
ဟန်တောင်မဆောင်နိုင်ခဲ့ဘူး။

"နေမကောင်းဘူးလား ညီ "

ကျွန်တော့်အမေးဟာ သူ့ကိုဟာသ
တစ်ပုဒ်ပြောပြလိုက်သလို ဖြစ်သွားသလားပဲ။
လမ်းမထက်ကိုငေးကြည့်ရင်း
သူ့နှုတ်ခမ်းပါးတွေ ပြုံးယောင်သမ်းသွားတယ်။
တအောင့်လောက်ကြာမှ

"ကောင်းပါတယ်အစ်ကို၊ ညီ သတိရလို့ဒီဘက်ကို
ရောက်လာခဲ့တာ"တဲ့။

"ညီ ဘယ်တွေရောက်နေတာလဲ "

"ဒီတိုင်းပါပဲ၊ အစ်ကို စိတ်မညစ်ပါနဲ့၊
ညီ အခုပဲ ပြန်မှာပါ "

"အစ်ကိုစိတ်မညစ်ပါနဲ့" ဆိုတဲ့စကားက
အရွဲ့တိုက်ခြင်းမျိုးမဟုတ်ဘဲ အားနာအပြစ်မကင်းတဲ့စကားဆိုတာ
ကျွန်တော်ကောင်းကောင်းသိပါတယ်။
ဒါပေမယ့် ဘာကိုမချေပဖြစ်ဘူး။
ချေလည်းမချေပ ချင်တော့ပါဘူး။

"စိတ်မညစ်ပါဘူး "လို့ပြန် မပြောဖြစ်ခဲ့ဘူး။

အဲ့ဒီအစား အခြားစကားလမ်းကြောင်းတစ်ခုကိုသာ
ရွေးချယ်ခဲ့တယ်။

"ညစာ စားသွားပါလား၊အစ်ကို လည်းမစားရသေးဘူး၊အတူတူစားကြရအောင်လေ လာ "

ငြင်းဆိုဖို့ အဆင်သင့်ဖြစ်နေတဲ့စကားလုံးတွေကိုနားမထောင်လိုတာကြောင့်
သူ့လက်ကောက်ဝတ်ကိုဆွဲပြီး
ဆိုင်ထဲ ဝင်ခဲ့လိုက်ပါတယ်။

သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လိုဆွဲခေါ်ရာ
နောက်ပါလာပေမယ့်
ထမင်းစားခန်းထဲအထိတော့
သူမလိုက်ချင်ဘူးထင်တာပါပဲ။
လက်ကောက်ဝတ်တွေဟာ ရုန်းဖယ်နေခဲ့ပြီ။

"ညီ မစားတော့ဘူး၊အခုပြန်ရတော့မှာ"

"ညစာမစား ရင် နွားနို့ပူပူလေးဖြစ်ဖြစ်
သောက်သွား၊ ညီထမင်းမစားရသေးတာ
အစ်ကို သိတယ်"

ကျွန်တော့်ဘက်ကဆက်ပြီးဆုပ်ကိုင်ထားမို့
လားမသိ သူ့လက်တွေဟာ
ငြိမ်ကျသွားတယ်။ဆက်ပြီးမရုန်းတော့ဘူး။

သူ့လက်ကို မြဲမြဲမြံမြံကိုင်ထားဆဲဆိုပေမယ့်
ကိုင်ရုံပဲ ကိုင်ထားတာပါ။
တင်းတင်းကြပ်ကြပ်ဖြစ်အောင်မလုပ်ခဲ့ဘူး။

စဉ်းစားကြည့်မယ်ဆိုရင် ဘယ်သောအခါမှ
တစ်ယောက်ကို
တစ်ယောက် အတင်းအဓ္ဓမ မချည်နှောင်ဖူးဘူး။

နှစ်ဦးသားစလုံးက
ကိုယ်တိုင်ကို ခိုင်ခိုင်မြဲမြဲ အရစ်ပတ်ခံခဲ့တာ။
ရုန်းမထွက် ချင်လို့ကို ရုန်းမရခဲ့ကြတာပါ။

***

"ဒီကြားထဲ ဘယ်မှာ အလုပ်လုပ်နေလဲ ၊အဆင်ကောပြေရဲ့လား ၊ထမင်းကောပုံမှန်စားရဲ့လား "

သူဟာနွားနို့ခွက်က အပူငွေ့တစ်ချို့ကို
လေနဲ့ မှုတ်ရင်း အအေးခံနေတယ်။
‌ခွက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ခုံမှာ
အပ်ရာတွေဟာသွေးစို့လက်စရှိနေတုန်းပဲ။

"အရမ်းပိန်သွားတယ်နော် ၊မဟုတ်မှလွဲ
နေများမကောင်းလို့လား "

‌ဆက်တိုက်မေးမြန်းနေခဲ့ပေမယ့်
အဖြေတွေရှိမလာဘူး။
ကျွန်တော့်မျက်နှာကိုသာ သေသေချာချာ
ကြည့်နေခဲ့တယ်။မသိရင်
ပျောက်ကွယ်သွားတော့မဲ့အရာတစ်ခုကို
အမိအရ ငေးကြည့်နေတဲ့အတိုင်းပဲ။
ဘယ်တော့မှ ထပ်မတွေ့ရမဲ့သူကို
နှမြောတသ နှုတ်ဆက်နေသလိုမျိုးပါပဲ။

"အစ်ကို့ကို တစ်ခုခုပြန်မဖြေချင်ဘူးလား"

အဲ့ဒီတော့မှ အကြည့်တွေကို နွားနို့ခွက်ဆီ
ပြောင်းရွေ့လိုက်ပြီး

"မေးခွန်းတွေ များလွန်းလို့ ဘယ်တစ်ခုကို
စဖြေရမလဲ စဉ်းစားနေတာပါ "တဲ့။

"ညီ ဖြေချင်တဲ့ တစ်ခုကိုပဲ ဖြေပေးပါ "

"ဖြေစရာ ထက်ညီ့မှာ မေးစရာရှိတယ် "

"အင်း မေးလေ ဘာများလဲ "

သူ့ ကျွန်တော့ကို တဖန်ပြန်ကြည့်လာတယ်။
မျက်ဝန်းနှစ်စုံဟာစက္ကန့်အပိုင်းအခြားတစ်ခု
စာလောက်တေ့ဆိုင်ပြီးကာမှ
သူကအရင် မျက်လွှာချသွားတယ်။

"အစ်ကိုကော...
ဒီအတောအတွင်းအဆင်ပြေရဲ့လား"

သက်ပြင်းတစ်ချက်ကို
လေးကန်စွာချခဲ့လိုက်ပါတယ်။နောက်တော့
အသင့်တော်ဆုံးစကားတစ်ခွန်းကို
ခေါင်းထဲမှာစီစဉ်ပိုင်းခြားပြီး

"ဘယ်လိုပြောရမလဲ...အလုံးစုံ ပြေတယ်ဆိုရင် အစ်ကိုလိမ်တာပေါ့ ညီ" လို့‌ဖြေခဲ့ပါတယ်။

သူ့ခေါင်းက အောက်ကိုငိုက်ကျသွားတယ်။
အဲ့ဒီလိုပုံစံနဲ့ သူ့အပြုအမူမျိုးကို
ကျွန်တော် အရင်ကမမြင်ဖူးဘူး။
ဒီညမှာ မြင်နေရတဲ့သူဟာ ကျွန်တော်သိဖူးတဲ့
သူမဟုတ်တော့သလိုပဲ။

ထိလိုက်ရုံ ကျကွဲတော့မယ့်
အစိတ်စိတ်အမွှာမွှာ အက်နှင့်နေပြီးသား
ကြွေထည်ပစ္စည်းတစ်ခုနဲ့တူနေခဲ့ပါတယ်။

"ဒါတွေက ဘာဖြစ်တာလဲ "

သူ့လက်ခုံကို ရည်ညွန်းပြီး
မေးခွန်းထပ်ထုတ်မိတဲ့အခိုက်မှာသူ့ခေါင်းဟာစောစောကထက်
ပိုပိုလို့အောက်ကို ငိုက်ကျလာတယ်။

ဘုရားရေ သူငိုနေတာလား။

ကျောပိုးလွယ်အိတ်ဆီကျဆင်းလာတဲ့သူ့မျက်ရည်တွေကမိုးသားတွေပြိုကျလာသလို တပေါက်ပြီးတစ်ပေါက်ပဲ။

"ညီ "

ထိုင်နေရာက ထပြီး ရင်ခွင်ထဲ ထည့်သွင်းလိုက်တော့
ကျွန်တော့်ခါးတွေကို
ဖတ်ထားတဲ့ သူ့လက်တွေက တင်းတင်းကျပ်ကျပ်။

ဗိုက်ပေါ်အပ်ထားတဲ့ ငိုသံတွေက နားထဲမှာ
ကမ္ဘာပျက်မတက် ကျယ်လောင်နေတယ်။
တိုးတိုးလေးရှိုက်ငိုတာတောင်
ကျွန်တော့် တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းနဲ့။

ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးရင်း သူအငို
တိတ်အောင်စောင့်ပေးလိုက်ပါတယ်။
ငိုပါစေလေ။ဘာလောက်များ၊ဘာ‌တွေကိုများ
မြိုသိပ်တိတ်ဆိတ်ခဲ့ရသလဲမှမသိတာ။

"ညီ ဒီနေ့မှ ဆေးရုံဆင်းခဲ့တာ အစ်ကို "

ကြားလိုက်ရတဲ့ စကားကြောင့် ကိုယ်နားကိုယ်မယုံချင်။
ဘယ့်နှယ့် ဆေးရုံဆင်းလာတဲ့
ကလေးက အရိုးကွဲမတက်အေးစက်စက်
ရာသီဥတုမှာ
အနွေးထည်ထည်ထူထူလေးတောင်မပါခဲ့ဘူးတဲ့။

ကိုယ်ချင်းခွာပြီး သူ့မျက်နှာကို အုပ်ကိုင်မိလိုက်ပါတယ်။သူ့မျက်ရည်တွေကို ယုယုယယ
သုတ်ပေးနေရင်း ကျွန်တော်ကိုယ်တိုင်
မျက်ရည်မကျအောင် ထိန်းထားရတယ်။

"ဘာဖြစ်ခဲ့တာလဲ ညီ ၊ဘာလို့ဆေးရုံတက်ခဲ့ရတာလဲ"

"ဒီလိုပါပဲ အစ်ကိုရယ် "

"ဘာကို ဒီလိုပါပဲလဲ ၊အစ်ကို့ကိုရင်ပူ
အောင်မလုပ်ပါနဲ့ ၊ပြောပါ ဘာလို့လဲ "

"ခေါက်ဆွဲထုတ်တွေပဲ လနဲ့ချီစားမိလို့ အလုပ်လုပ်နေရင်းလဲကျသွားတာပါ၊
အမှန်ကဆေးရုံမတက်ချင်ဘူး၊
တစ်ယောက်တည်းသမားဆိုတော့သိတဲ့တိုင်း....."

ရှေ့ဆက်မပြောဘဲ ရပ်ပစ်လိုက်တဲ့ စကားအဆုံး
သူ့ပခုံးသေးသေးလေးအပေါ်
မေးတင်လို့ မျက်ရည်ကျရတဲ့သူဟာ
ကျွန်တော်ဖြစ်လာတယ်။

လူနာစောင့်မရှိဘာမရှိနဲ့ သူဘယ်လောက်ခက်ခဲ
ခဲ့မလဲ။
သူဘယ်လောက်သိမ်ငယ်ဝမ်းနည်းနေမလဲ။

ဘာကြောင့်မို့လို့များ
တစ်ယောက်တည်း ရှင်သန်ရပ်တည်နေရတဲ့
သူ့ကို မစာမနာ နှင်ထုတ်မိခဲ့တာပါလဲ။

မာကြောသလိုလိုနဲ့ သိပ်ကိုထိခိုက်လွယ်တဲ့
သူ့အကြောင်း ကျွန်တော်ကောင်းကောင်း
သိထားပါလျက်နဲ့လေ။

"ရှေ့လျောက်
အစ်ကို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်
မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊
ဘယ်လိုစည်းကိုမှ ညီ မဖျောက်ဖျက်တော့ပါဘူး၊ညီငယ်လေး တစ်ယောက်လိုနေဆိုနေပေးပါ့မယ်၊ဒါပေမဲ့ ညီ့ကို အစ်ကို့နားမှာ
ခေါ်ထားပေးပါလား၊ညီ့တစ်ယောက်ထဲ
သိပ်ခက်ခဲနေလို့ပါ"

သူအဲ့ဒီလိုတွေ တောင်းဆိုနေတဲ့ အချိန်
ကျွန်တော် သူ့ကို မကြည့်ရဲဘူး။
ကိုယ့်ကိုကိုယ်
အပြစ်သားတစ်ယောက်လိုခံစားလိုက်ရတယ်။

အဲ့ဒီညက စကားတွေအတွက်
အားတုံ့အားနာဖြစ်ရသလို မေ့မြောမတက်ငိုထားရတဲ့ မျက်လုံးအစုံဟာလည်း
နာကျင်ကျိန်းစက်နေတယ်။

ဘာကိုဘာမှမသိနိုင်တော့အောင်လှိုက်တက်လာတဲ့စို့နင့်မူ့တွေနဲ့အတူအပြန်အလှန် ပွေ့ဖက်ထားတဲ့ လက်တွေမှာ နွေးနွေးထွေးထွေး ခံစားမူ့
တွေ တိုး‌ဝှေ့နေပါတယ်။

"ခဏလေး မှီထားမယ်နော် ဖြစ်ရဲ့လား"

"တော်ရုံကို ပခုံးပေါ်တင်မထားနိုင်ပေမယ့်
အစ်ကို့ခေါင်းတစ်လုံးစာ
တော့ ညီအဆင်ပြေပါတယ် "

တလှိမ့်လှိမ့် မျက်ရည်တွေကျဆင်းနေရင်းနဲ့
ဖြေးဖြေးလေးပြုံးမိသေး တယ်။
သူ့ပခုံးထက်မှာ နာရီပေါင်းများစွာ
မှီခိုနေခဲ့ပါတယ်။

"အစ်ကို ဆန္ဒရှိရင် တစ်သက်လုံးမှီထားနိုင်ပါတယ်၊
ကျွန်တော်တို့က ညီအစ်ကိုတွေပဲဥစ္စာ "တဲ့

အံ့ဩစရာမကောင်းဘူးလား။

အသည်းခိုက်အောင်
ရင်နာစရာကော မကောင်းဘူးလား။

***

အတိတ်နေ့ရက်တွေဆီမှ အလွန်။

"Jiminshi .....Jiminshi "

"ဘာလဲကွာ "

"ဒီခဲတံလေး ဘယ်လောက်လဲ "

"ဈေးကပ်ထားတာ မင်းမမြင်ဘူးလား ...
နေစမ်းပါဦး
Jiminshi jiminshi နဲ့ ခေါ်နေရအောင်
မင်းနဲ့ငါ ရွယ်တူလား ၊မထိလေးစားနဲ့ ငါ
နရင်းပိတ်အုပ်လိုက်ဦးမယ် "

"နှုတ်ကျိုးနေပြီ မရဘူးတော့ဘူး အုပ်ကာမှ
အုပ် jiminshi ပဲ ၊ဒါနဲ့လေ
နားက နားကပ်လေး က မိုက်တယ်နော်၊
ကျွန်တော့ပေးပါလား "

"အထက်တန်းကျောင်းသားက
နားကပ်ဝတ်စရာလား၊သွားစမ်းကွာ
ငါအလုပ်များနေတယ် လာမရှုပ်စမ်းနဲ့ "

"မရှုပ်နဲ့ ဆို မရှုပ်တော့ပါဘူး၊ဒါပေမဲ့
တစ်ခုလောက်တော့ကူညီ "

"ဘာလဲ ပြော မြန်မြန်ဆန်ဆန်ပြော"

"ကျွန်တော့်ကို ဆေးလိပ်တစ်ဗူးလောက်ရောင်းပေးပါလား"

"မင်း ဘာစကားပြောလိုက်တာ "

"ဆေးလိပ်ရောင်းပါလို့ ပြောတာပါ၊
ကျွန်တော် သောက်ဖို့လုံးဝလုံးဝ
မဟုတ်ပါဘူး‌နော်၊
ကျောင်းကစီနီယာ‌တွေက အတင်းအကြပ်
ဝယ်ခိုင်းနေလို့ အဲ့ဒါဗျာ "

"အေး အဲ့စီနီယာကို ငါ့ဆီလွှတ်လိုက်၊
ဒီဆိုင်က အစ်ကိုကြီးက သတ္တိရှိရင် ကိုယ်တိုင်လာလို့
ပြောလိုက် ဟုတ်ပြီလား ၊အခုလောလောဆယ်
မင်းသွားတော့ "

"Jimin Hyung"

"မင်း မသွားသေးဘူးလား၊မင်းတို့
ကျောင်းအုပ်က
ဆိုင်မှာ ဈေးလာဝယ်နေကျနော် ၊ဘယ်လိုလဲ
ကျောင်းအုပ်ဆီJeon Jungkook ဆိုတဲ့နာမည်ပြောပေးလိုက်ရမလား"

"သွားပြီဗျာ "

"ကြွ "

"Jiminshi "

"ဟာဒီကောင်တော့ ငါလုပ်ရင်သေတော့မယ်၊
ကောင်းကောင်းလို့ပြောလို့မရဘူးပဲ "

"banana milk အလကား
သောက်သွားမယ် လို့ပြောတာ သွားပြီတာ့တာ"

"လုပ်သွားပြန်ပြီ ငါ့ကို၊
အေး မင်းနောက်တစ်ခါ လာရဲလာကြည့် "

မနက်ခင်း ကျောင်းတက် ချိန်ဆို အဲ့ဒီအသံတွေ
ကြားနေရတာဟာ ပုံမှန်ကိစ္စတစ်ခုလိုပါ။
အသက်မပြည့်သေးတဲ့
ကျောင်းသားကျောင်းသူတွေ
ဆေးလိပ်လာလာဝယ်တိုင်း ခေါင်းခဲရတာ ခဏခဏ။

ဒီနှစ်ရဲ့ကျောင်းတက်ရက်‌တွေမှာ တစ်ဖက်လမ်းကဖက်ထုတ်ရောင်းတဲ့ ဦးလေးကြီးအပြင်
သူနဲ့ ရန်ဖြစ်ဖော် နောက်တစ်ယောက်ထပ်
တိုးလာခဲ့တယ်လို့ဆိုရမယ်။

မျက်လုံးဝိုင်းဝိုင်း၊အရပ်ရှည်ရှည်
အထက်တန်းကျောင်းသားလေးကို
သူတော်တော်လေးကြည့်မရဘူး။

သူကတစ်ခွန်းဆို ဟိုက နှစ်ခွန်းပဲ။ ကတောက်
ကဆတွေဟာ
တနင်္လာကနေ့ သောကြာနေ့အထိ
မရိုးသွားခဲ့ဘူး။

"အဲ့ဒီကောင် ကျောင်းမလာတဲ့ရက်ပဲ
နားအေးတယ် "လို့
မကြာမကြာပြောခဲ့ဖူးတဲ့သူဟာ
စနေ၊တနင်္ဂနွေဆို သူမဟုတ်သလို
လမ်းဘက်ဆီ
ငေးမောရင်း မျှော်နေတတ်တယ်။

"ဘယ်လိုဟာလေးမှန်းကို မသိပါဘူး အစ်ကိုရယ် မျက်စိကိုနောက်နေတာပဲ"
ဆိုပြီး ပြောလေ့ရှိပေမယ့်
အလကားယူသွားတဲ့ ခဲတံ၊ပေတံတွေအပြင် သကြားလုံးတို့လို၊ ပီကေတို့လို
အသေးအဖွဲ့လေးတွေကိုလည်း သူပဲ
စိုက်ရှင်းပေးတတ်ပါတယ်။

Banana milk တွေ ရောက် တဲ့ နေ့ဆို
"ဟိုကလေး အတွက် ဖယ်ထားဦးမှ " တဲ့။

ဆိုင်မှာဆုံလိုက်ရင်တော့
တစ်ယောက်နဲ့တစ်ယောက်
ပြောလိုက်၊ဆိုလိုက်ရန်ဖြစ်လိုက်ပဲ။

ကလေးနဲ့ ဖက်ပြီးရန်ဖြစ်စရာလား လို့
မေးရင်
"ကလေးက ချစ်ဖို့ကောင်းတယ်လေ အစ်ကိုရဲ့ "လို့
သူဖြေတယ်။

သူပြောသလို Banana milk ကြိုက်တဲ့
အုန်းသီးကေဆံပင်ပုံစံနဲ့
အထက်တန်းကျောင်းသားလေးဟာ
တကယ်လည်း ချစ်စရာကောင်းခဲ့ပါတယ်။

***

တစ်ခုသော တနင်္ဂနွေတစ်ရက်မှာ
အတူတူ ဆိုင်သိမ်းနေရင်းသူဟာချောင်းတွေ
အဆက်မပြတ်ဆိုးလာခဲ့တယ်။

အဲ့ဒီအရင်ကတည်းကခွင့်ရက်တွေ စိတ်လာခဲ့ပြီး
သူဟာကျွန်တော့အပေါ် တစ်စုံတစ်ရာ
ဖုံးကွယ်ထားတယ်လို့အလိုလိုခံစားမိနေတယ်။

တစ်ခါတစ်လေချောင်းဆိုးပြီးရင်
သူသုံးတဲ့တစ်ရှုးမှာသွေးစတွေပါ
လာတတ်တာ
ကိုလည်းရိပ်မိပါတယ်။

အဲ့ဒီလောက် ဖြစ်နေတာတောင်
ဆေးလိပ်ကို မဖျက်ဘူး။
ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့ကစွဲထင်နေမြဲပဲ။

"အခုတလော ချောင်းတွေ အရမ်းဆိုးပါလား ညီ "

"ဟုတ်တယ် ညီ မိုးနည်းနည်းမိလို့ "

"စကားကို အလွယ်လေးမပြောနဲ့ညီ
မိုးမိရုံနဲ့ အဲ့လောက်ထိ
ပြင်းပြင်းထန်ထန် ဖြစ်ပါ့မလား၊
ထီးယူရမှာ ပျင်းရင်လည်း
မိုးတိတ်မှ သွားတာလာတာလုပ်ပေါ့၊
အခုဟာ ကလေးလည်းမဟုတ်ဘဲ"

သူဟာ ဘာမှ ပြန်မပြောဘူး။
ငြိမ်ငြိမ်လေးဘဲအလုပ်ဆက်လုပ်တယ်။ ခံမပြော
နားမထောင်တွေကို ကျွန်တော်
စိတ်ညစ်တာ အဲ့ဒါတွေကြောင့်ပါပဲ။

"မနက်ဖြန်‌လောက်တော့ ကျိန်းသေဆေးခန်းပြရမယ်နော်ကြားလား ညီ"

"ဟုတ် ညီပြပါ့မယ် "

"ပြမယ်ဆိုအစ်ကိုပါလိုက်ခဲ့မယ်၊ မင်းကို စိတ်မချဘူး ၊မင်းကဒီဆိုဟိုရောက်နေတာ"

"ရပါတယ် ညီ့ဘာသာသွား
လိုက်ပါ့မယ် "

"သေချာလို့လား သွားမယ်ဆိုတာ "

"သေချာပါတယ် ညီသွားလိုက်ပါ့မယ်"

"ဗိုက်အောင့်တာကော သက်သာရဲ့လား"

"ဟုတ် ဟုတ်ကဲ့ "

လူခေါ်ဘဲလ် ကြောင့် ပြောလက်စ စကားဟာပြတ်တောက်သွားတယ်။
တနင်္ဂနွေနေ့ မို့ ဆိုင်ပိတ်ထားရဲ့သားနဲ့
ဘယ်သူက များ ဘဲလ်တီးသလဲ
ဆိုတာ နှစ်ယောက်စလုံး အံဩသွားကြတယ်။

တံခါးဖွင့်လိုက်ချင်း
အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတဲ့ အချိန်နဲ့
"ကိုကို "ဆိုပြီး ချိုချိုအေးအေးခေါ်သံတစ်ခု
နားထဲ ဝင်ရောက်လာတဲ့ အချိန်ဟာ
တိုက်ဆိုင်စွာတူညီသွားလေရဲ့။

အမျိုးသမီးငယ်က ကျွန်တော့်ရည်ရွယ်ထားတဲ့
သတို့သမီးလောင်း။
ကျွန်တော့ လက်ပေါ်တင်ကြီးပြင်းခဲ့တဲ့
ညီမငယ်လေး။

မိဘတွေ မရှိတော့တဲ့ ကလေးငယ်မို့
အချစ်ပိုခဲ့ရတဲ့၊အများကြီး
ဂရုတစိုက် ပျိုးထောင်ခဲ့ရတဲ့
မိန်းကလေး။

မွေးစားထားတာဆိုပေမယ့်
ကျွန်တော်တို့ တစ်မိသားစုလုံးဟာ
မွေးစားသမီးရယ်လို့ တစ်ခါမှ
တောင်သဘောမထားရက်ခဲ့ကြပါဘူး ။

ကျွန်တော်အပါအဝင် ဖေဖေကောမေမေပါ
အဲ့ဒီကလေး အပေါ်
ဂရုဏာထားကြင်နာခဲ့ကြတယ်။

ဘယ်လောက်ထိလဲဆိုရင် ကလေးငယ်အပျိုဖော်ဝင် လာတာနဲ့အမျှ
ပတ်ဝန်းကျင်က
ပြောဆိုစရာ တွေ ဖြစ်လာမှာစိုးလို့တောင်
ကျွန်တော့်တစ်ယောက်တည်း
အဝေးတစ်နေရာမှာ
‌လာနေပေးရတဲ့အထိပါပဲ။

ဘယ်လိုပဲ အချိန်တန် လက်ထပ်ဖို့
ကတိကဝတ်တွေ ရှိရှိ
ယောက်ျားသား
တစ်ယောက်တည်းနေတဲ့ နေရာကိုတော့
မိန်းမပျိုလေးတစ်ယောက်ကို မလာစေချင်တာ
ကျွန်တော့် စေတနာပါ။
တစ်မြေတည်း အတူတူရှိနေပြီး
အရွယ်ရောက်နေတဲ့
တက္ကသိုလ်
ကျောင်းသူ လေးမို့ ပိုဆိုးတာပေါ့။

"ဒီထိ ဘာလာလုပ်တာလဲ ဆိုလေး"

" ဒေါ်လေးရယ် ကိုကို့အတွက်ဟင်းဗူးလေးတွေ
ဝင်ပေးခိုင်း လို့ပါ "

"ဟာ မေမေ ကလည်း ကိုကို့ဘာသာ
နယ်ပြန်ယူလည်းရတာကို
ကလေးကို တကူးတက ခိုင်းလိုက်ရသလား"

"ဆိုလေး မပင်ပန်းပါဘူး။
လမ်းလည်းကြုံနေတာပဲဟာ "

"ထားပါ အခု ဘယ်သွားမှာလဲ
အဆောင်တန်းပြန်မယ် မဟုတ်လား"

"ဟုတ်တယ် ကိုကို ....ဆိုလေး
အဆောင်ပဲ ပြန်မှာ "

"ကိုကို လိုက်ပို့ပေးရမလား "

" ဆိုလေး သူငယ်ချင်းတွေပါတယ်၊
လမ်းထိပ်က ပဲခေါက်ဆွဲဆိုင်မှာသူတို့
စောင့်နေကြတယ် "

"အင်းအင်း ပြီးတာပဲ ကိုကို မုန့်ဖိုးပေးလိုက်မယ်
ခဏ "

"အာ နေနေ ဒေါ်လေးလည်း မုန့်ဖိုးတွေ
ပေးလိုက်ပါတယ် ဆိုလေးမယူတော့ဘူး"

"ယူသွားပါ၊လိုတာလေးတွေသုံးပေါ့၊
အဆောင်ကို တန်းတန်းမတ်မတ်ပြန်ပြီး
စာကိုလည်း သေချာကြိုးစားနော် သိလား"

"ဟုတ်ကဲ့ အဲ့ဒါဆို ဆိုလေး သွားပြီ ကိုကို"

ခေါင်းကို အသာငြိမ့်ပြရင်း၊
ဆိုလေးလက်ထဲကိုငွေသားတစ်ချို့
ထည့်ပေးရင်း အဲ့ဒီနေရာမှာပဲ
ကျွန်တော်ရပ်ကျန်ခဲ့တယ်။
ဘယ်လောက် နာကျင်ပင်ပန်းပါစေဦးတော့
ဆိုလေး ကို မြင်လိုက်ရတိုင်း
အစဉ်ငြိမ်းချမ်းခဲ့ဖူးတဲ့ ရင်အစုံဟာ
အခုချိန်မှာ မီးခဲရဲရဲတွေနဲ့ အထိုးခံနေရသလိုပဲ။

ကျွန်တော့ နောက်မှာ သူရှိနေတယ်။
နောက်ကို လှည့်ကြည့်ဖို့
အင်အားတွေတော့မရှိခဲ့ဘူး။

ကြောက်စိတ်ကြောင့် မဟုတ်တဲ့ အားနာစိတ်တွေကရှိသမျှ အာရုံခံအကြောတွေဆီ
ပူဆင်းသွားတော့တယ်။

"သူက အစ်ကို ရည်ရွယ်ထားတဲ့
မိန်းကလေးလား "

သူနဲ့ ကျွန်တော်ကြား ဘယ်
လောက်ထိကွာဝေးနေသလဲကျွန်‌တော်
မသိဘူး။ထွက်ပေါ်လာတဲ့
အသံဟာတိုးတိတ်‌ပေမယ့်
ရှင်းရှင်းလင်းလင်းကြားရဖို့လုံလောက်တယ်။

ကျောဘက်ဆီလှည့်မကြည့်ဘဲ
သက်ပြင်းနှောတဲ့
"အင်း " တစ်ချက်ကို အသံပြုမိတော့
"ငယ်ငယ်ချောချောလေးပဲနော် အစ်ကိုက
လူရွေးတော် လိုက်တာများ " တဲ့။

မိဘတွေ စီစဉ်သမျှကို ခေါင်းငြိမ့်လက်ခံခဲ့တာပါလို့ရှင်းပြဖို့ မကြိုးစားတော့ဘူး။
"ဆိုလေး" အပေါ် ညီမလေးတစ်ယောက်
ထက် မပိုတဲ့
မေတ္တာမျိုးသာ ရှိကြောင်း မဖွင့်ဟချင်တော့ဘူး။
လွန်ဆန်မရတဲ့စည်းတွေ ကြောင့်
ဘယ်သူ့ကို မှ စိတ်မညစ်စေချင်တော့ဘူး။

ဒီအတိုင်းလေးပဲ ထားလိုက်ချင်တော့တယ်။
တကယ်ကို ဒီတိုင်းလေးပါပဲ။































Continue Reading

You'll Also Like

103K 3.6K 22
Sequel for Contract. Taehyung and Song Y/N fell in love with each other because of a contract. What if they decide to sign another contract in order...
1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.4K 101 2
TaeJin and Jikook In Burmese🇲🇲
664K 24.2K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...