ကျော်ဇေယံထွဋ်ညဂျူတီထွက်ပြီးကိုးနာရီကတည်းကအိပ်နေတာအခုဆိုဆယ့်နှစ်နာရီ ။ အိပ်ချိန်တွေရှားပါးလွန်းသည်မို့ကျော်ဇေယံထွဋ်ကအအိပ်လည်းမက်၏။
မေလတစ်ဝက်လောက်ရောက်နေပြီဖြစ်သော်လည်းမိုးတပြိုက်၊လေတပြိုက်ဖြင့်ရာသီဥတုကလည်းမမှန်ချေ။ အဖျားပါဝင်ချင်နေပြီမို့လူကလည်းနုံးနေရှာသည်။
ကျော်ဇေယံထွဋ်အိပ်နေသည်မှာပြတင်းပေါက်နားမို့နေရောင်သည်ကမ္ဘာမြေပေါ်ရှိသက်ရှိ၊သက်မဲ့တွေပေါ်ဖြာဝဲကျလျက် ။
နေသက်နွေးကျော်ဇေယံထွဋ်နံဘေးဆောင့်ကြောင့်လေးထိုင်ကာ၊ဒူးပေါ်မေးတင်ရင်းတစိမ့်စိမ့်ငေး၏။
အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့နေ့ရက်တွေ။ဘယ်လောက်တောင်မှောင်မိုက်ခဲ့ရသလဲ။ဒီလူ...သူ့ဆီပြန်လာပါ့မလားဘယ်လောက်တောင်စိတ်ပူခဲ့ရသလဲ။
ပြန်လာချိန်လေးမျှော်ငေးနေရင်း၊ဝမ်းနည်းမှုတွေ၊နာကျင်မှုတွေ၊တမ်းတစိတ်တွေရဲ့ထိုးနှက်ချက်တွေနဲ့စကားလေးတစ်ခွန်းတောင်သူမပြောနိုင်ခဲ့။
အဖေ၊အမေအားလုံးထွက်ခွာသွားတဲ့အချိန်မှာသူတမ်းမိဆုံးလူက ကိုကိုပဲ။
စကားတွေအများကြီးပြောချင်ပေမဲ့၊သတိရတဲ့အကြောင်းတွေအများကြီးပြောချင်ပေမဲ့ သူမတတ်နိုင်ခဲ့ချေ ။
ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်မိတဲ့အခိုက်တန့်တွေနွေးမှာအများကြီးရှိသည်။
အနည်းဆုံးတော့ 'ကိုကို 'လို့ခေါ်တဲ့အခါမထစ်ဖို့၊ 'ချစ်တယ် ' ဝန်ခံတဲ့အခါမထစ်ဖို့ ၊ အကြည့်ချင်းဆုံတိုင်းခေါင်းစောင်းမိရင်းအရင်ဆုံးအကြည့်မလွှဲမိဖို့။
မပြည့်စုံခြင်းအပေါ်စိတ်ပျက်ခံရမှာသိပ်ကြောက်သည်။ သူ့မှာဘာမှမရှိ။ဒီလူ၊ဒီလူ၊ဒီလူအပြင်ဘာမှမရှိ။
" နွေး ဘာဖြစ်လို့လဲ "
အိပ်နေရာမှာနိုးလာကာမှုန်မှုန်ဝါးဝါးဖြင့်မေးလာသောအမေးအားနွေးကခေါင်းခါပြ၏။ သူ့လက်မောင်းအားပုတ်ပြလို့အိပ်ရန်ခေါ်နေသောလူထံကိုယ်လေးအားကွေးရင်း၊ရင်ခွင်ထဲကျောကပ်လှဲလိုက်မိသည်။
" လာမဲ့ တနဂ်နွေနေ့ကျရင် မဂ်လာဆွမ်းကျွေးမယ်၊အသိမိတ်ဆွေတွေကိုဖိတ်မယ် "
ခါးသေးသေးလေးထံပို၍ရစ်ပတ်လာသောလက်ဟာရင်ခွင်နှင့်နီးကပ်သထက်နီးအောင်ပို၍ပွေ့ဖက်လာ၏။
" လက်ထပ်ပြီးရင်တော့အလုပ်တွေပိုကြိုးစားရမယ် ။ နောက်ငါးနှစ်လောက်အတွင်းမှာ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်နိုင်အောင်ကြိုးစားမယ် ။ ဆေးခန်းလေးပုံမှန်လည်ပတ်နိုင်ရင် အစိုးရအလုပ်ကထွက်ပြီး ကိုယ့်ဆေးခန်းလေးမှာပဲထိုင်တော့မယ် "
အရင်ကအဝတ်အစားတွေဆို Brand တွေချည်းပဲမဟုတ်ရင်တောင်မှအနည်းဆုံးတော့ကောင်းမွန်သည့်တံဆိပ်လောက်တော့ဝယ်ဝတ်ဖြစ်ပေမဲ့အခုနောက်ပိုင်းတော့အနည်းငယ်နှမြောတတ်လာ၏။
တောင်းမှာအကွတ်၊လူမှာအဝတ်ဆိုသည့်တိုင်အနာဂတ်တွင်ချစ်ရသူအားတင့်တောင့်တင့်တယ်ထားနိုင်ဖို့ကတော့ထိုအဝတ်တွေမဝတ်ရလည်းရဖြစ်သည်။
" ဆေးခန်းနာမည်ကို စနေနာမ်လေးပဲကိုယ်ပေးမယ် ၊ မင်းနာမည်ဖြစ်ချင်လည်းဖြစ်လိမ့်မယ် ၊ ကိုယ်ကုသတဲ့မင်းရဲ့အရိပ်အာဝါသအောက်မှာ ကျန်းမာစေဖို့ ကိုယ်ကကြိုးစားမယ်လေ "
နေသက်နွေးခေါင်းလေးစောင်းကာလက်မောင်းသားအားနှုတ်ခမ်းဖြင့်ထိလိုက်မိသည်။
ကိုကိုကဆည်းလည်းလေးနဲ့တူ၏။ သိပ်ကိုသဘောကျဖို့ကောင်းလွန်းသည်။
အနာဂတ်ဆိုတာရှေ့ဆက်ရမဲ့နေ့ရက်တွေပါတဲ့၊ကိုကို့ရဲ့ရှေ့ဆက်မဲ့နေ့ရက်တွေထဲသူပါဝင်နေရခြင်းကနှုတ်ခမ်းဒေါင့်စွန်းလေးတွေအားကော့တက်သွားစေသည်။
နေသက်နွေးကျောကပ်ထားရာမှဘက်လှည့်ကာရင်ခွင်ရှိရာမျက်နှာမူလိုက်ချေသည်။ကိုယ်ငွေ့သည်နွေးနေ၏။
ကိုယ်သင်းရနံ့ဖျော့ဖျော့သည်အလုံးစုံသောနွေးထွေးလုံခြုံမှုအားဖြစ်ပေါ်စေသည်။
ကိုကိုကသစ်ပင်ရိပ်လေးနဲ့လည်းတူသည်။ အေးချမ်းစေသလို၊လုံခြုံစေပြန်သည်။
" ကိုယ့်နားသိပ်မကပ်နဲ့ အဖျားတွေကူးမယ်... "
ဖက်ထားသည်ကိုဖြည်လျော့ရန်ကောင်လေး၏ပခုံးစွန်းလေးအားဖြည်းညင်းစွာတွန်းလိုက်ပေမဲ့နွေးဟာသူ၏ခါးအားတင်းတင်းလေးပြန်ဖက်တွယ်လာ၏။
" မရ...မရ ဘူး "
ကျော်ဇေယံထွဋ်မျက်ခမ်းစပ်တွေပူတက်လာပြီမို့အဖျားရှိန်ကတက်လာပြီဆိုတာသတိထားမိလိုက်သည်။ နွေး၏အပြုမူလေးအားကြည့်သည်နှင့်ရောဂါပင်တစ်ဝက်လောက်လျော့ကျသွားသလို ။ နွေးဟာ ဆေးတောင့်လေးပင်ဖြစ်မည်။
~
အသိမိတ်ဆွေတွေအားနှုတ်ဖြင့်သာဖိတ်ရင်းအကျွေးအမွေးဖြင့်သာဧည့်ခံခြင်းပြုသည်။ လူငယ်အပေါင်းသင်းတွေကတော့ညပွဲဆက်မည်ဖြစ်ပြီးအသောက်အစားကတော့မပါမဖြစ်။
နွေးသည်တရားနာပြီးတာနှင့်နေရာတွင်သာငြိမ်သက်စွာထိုင်နေ၏။ အဖြူရောင်လည်ကတုံးနှင့်လူတွေကြားသူ၏တည်ရှိမှုမှာအထင်ကရမဟုတ်သော်ငြားမြင်တွေ့မိသမျှလူအားလုံးမျက်လုံးလေးတွေသိပ်လှကြောင်း၊အပြုံးလေးကသိမ်မွေ့ကြောင်း၊ရုပ်ရည်လေးမှာအသည်းနွေးစေကြောင်းပြောမဆုံးနိုင်ကြချေ ။
သူရကတော့ရောက်ပြီးတာနှင့်ညပွဲအကြောင်းကိုအားတက်သရော်ပြောနေ၏။ လရိပ်သွင်ရောက်လာတဲ့အခါသောက်ဖို့ပြောနေသောလူတစ်စုမှာငြိမ်သက်သွားချေသည်။
လရိပ်သွင်သည်ဆံနွယ်ရှည်တွေအားငါးရိုးကျစ်ဆံမြှီးကျစ်ထားကာပန်းနုရောပိတ်ဖောက်ဇာ၊ချည်ထမီဖြင့်လွန်စွာလှပေသည်။
" ဆရာစိုင်းသစ်ဟိန်း မလာဘူးလားကိုထွဋ် မတွေ့မိလို့. .. "
" သူနယ်ပြောင်းပါသွားတယ် မလာနိုင်လို့တော်တော်လေးစိတ်မကောင်းဖြစ်နေတာ "
" သြော်.. အဲ့လိုကိုး "
သူရသည်လည်းတခြားဝိုင်းမှအသိတွေထံကူးပြောင်းလို့ရယ်ရယ်မောမောစကားပြောချေသည်။
ကျော်ဇေယံထွဋ် လရိပ်သွင်အားတချက်ကြည့်ကာအနည်းငယ်ပြုံးလိုက်မိသည်။
" ရှေ့ဆက်တိုးဖို့အစီစဥ်မရှိဘူးလားလရိပ်သွင် "
လရိပ်သွင်ခေါင်းငုံ့ကာမခို့တရို့ပြုံး၏။ထို့နောက်လေးပင်သည့်သက်ပြင်းချသံသဲ့သဲ့အားပြုမူလိုက်ချေသည်။
" မလွယ်ဘူးလေ ။ သွင်တို့လိုမိန်းမသားတွေအတွက်စည်းတွေဘောင်တွေသိပ်များလွန်းတယ်။ကိုထွဋ်စဥ်းစားကြည့်...ချစ်တဲ့စိတ်ကိုမထိန်းချုပ်နိုင်လို့ မိန်းမတန်မဲ့သိက္ခာတရားတွေခဝါချပြီးဖွင့်ပြောလိုက်ရင်သွင်တို့ပြန်ရမှာက ' အရှက်သိက္ခာမရှိတဲ့ မိန်းမဆိုတဲ့ဂုဏ်ပုဒ်ပဲ "
" ချစ်တာကိုချစ်တယ်လို့ပြောရှက်စရာလည်းမဟုတ်လို၊သိက္ခာမဲ့တာလည်းမဟုတ်ပါဘူး ၊ ချစ်ခြင်းမေတ္တာတရားမှာအကန့် ရယ်လို့မရှိပါဘူး။ ရှိတဲ့မေတ္တာတွေကိုမျှတာ၊မလိုချင်တဲ့လူမယူနဲ့ပေါ့လေ..."
" စျေးရောင်းတာကျလို့ကိုထွဋ်ရယ်.."
နှစ်ယောက်သားရယ်မောမိတော့လရိပ်သွင်၏မျက်ဝန်းထဲရှိနာကျင်ရိပ်လေးတွေလည်းအနည်းနှင့်အများတော့ပပျောက်သွားချေသည်။
ကျော်ဇေယံထွဋ်နွေးနံဘေးကပ်ကာနှာတံလေးအားအသာယာဆွဲညှစ်လိုက်မိ၏။ မျက်ဝန်းဘေးတွေကတော့အချိန်ပြည့်မြတ်နိုးစရာကောင်းဆဲ။
အချစ်မျက်ဝန်း၊မေတ္တာမျက်ဝန်း၊သိပ်ချစ်တဲ့ ကိုယ့်မျက်ဝန်းလေးပါပဲ။
နွေးဟာချစ်ခြင်းမေတ္တာ၊နွေးဟာအေးချမ်းရာကမ္ဘာမြေသေးသေးလေး။ကျော်ဇေယံထွဋ်အတွက်တော့သေတပန်သက်တဆုံးမှီခိုချင်သည့်အရိပ်မြုံလေးဆိုလည်းဟုတ်သည်။
" ကို..ကိုကို "
" ဟင် "
" ကြောက် ..ကြောက်တယ် "
" ဘာကိုလဲ နွေးရဲ့ .."
နွေးသည်သူ့ဘေးသို့ကြောင်ပေါက်လေးသဖွယ်တိုးကပ်လာချေသည်။ကျော်ဇေယံထွဋ်အလိုက်တသင့်ပြန်လည်ပွေ့ဖက်ကာထွေးပွေ့ထားမိငည်။
" လူတွေကိုကြောက်လို့လား.."
နွေးသည်ခေါင်းခါပြလာ၏။ ထို့နောက်သူ့ခါးအားပြန်လည်ဖက်တွယ်လာကာရင်ခွင်တွင်းတိုးလာချေသည်။
သူ၏အပိုင်အရာတစ်ခုလို ။ ထို့နောက်နွေးကူကယ်ရာမဲ့စွာ၊တစ်ခွန်းချင်း၊ထစ်ငေါ့တိုးညှင်းစွာပြောလာသောစကား...
" ကို...ကိုကို..ထား..ထားခဲ့မှာ "
~
ဧည့်သည်အားလုံးပြန်ပြီးချိန်တွင်အချိန်သိပ်မစောတော့ ၊ ကျော်ဇေယံထွဋ်နွေးအားကြည့်လိုက်ချိန်တွင်ကောင်လည်းသည်လည်းသူ့အားကြည့်နေ၏။
နွေး၏ နွေးထွေးသောမျက်ဝန်းတွေထဲတွင်အမေးဝါကျတွေစုနေသည့်နှယ်။ကောင်လေးသည်မလိမ်ညာတတ်သော၊လူရိုးလေးအတိုင်းသူ၏နှုတ်ဟစကားတွေထက်မျက်ဝန်းတွေကပို၍သိသာသည်။
ကျော်ဇေယံထွဋ် နွေးထံလျှောက်လှမ်းကာခါးအားကိုင်းလို့ နဖူးလေးအားနမ်းလိုက်သည် ။
" ကို...ကိုကို "
" ဗျာ ~ "
" ဘာ... ဘာလို့...ချစ်.. ချစ်တာလဲ"
" နွေးလို့... နေရောင်ခြည်လိုမျိုး"
ငှက်ဆိုးလေးဟာအိပ်မက်ဆိုးတွေဖြင့်ကြောက်််လန့်နေသည်။ သစ်ကိုင်းလေးဟာညင်သာစွာထွေးပွေ့၏။
ထို့နောက်ချစ်ခြင်းမေတ္တာပုံပြင်တွေအကြောင်းယုံမှားဖွယ်မရှိပြောပြလေသည်။
ကိုယ်ရယ် မင်းရယ်၊ ချစ်ခြင်းမေတ္တာတွေရယ်ပေါ့ ကိုယ့်မေတ္တာခဲလေးရယ်။
စမ်းချောင်းလေးလိုအေး
မျက်ဝန်းဝိုင်းဝိုင်းလေး နွေးဟာ ကိုယ့်အတွက်တော့
နေရောင်ခြည်လို နွေး
ပြီးပါပြီ
ကျေးဇူးတင်လျက်
မတိမ်ပြာ
ေက်ာ္ေဇယံထြဋ္ညဂ်ဴတီထြက္ၿပီးကိုးနာရီကတည္းကအိပ္ေနတာအခုဆိုဆယ့္ႏွစ္နာရီ ။ အိပ္ခ်ိန္ေတြရွားပါးလြန္းသည္မို႔ေက်ာ္ေဇယံထြဋ္ကအအိပ္လည္းမက္၏။
ေမလတစ္ဝက္ေလာက္ေရာက္ေနၿပီျဖစ္ေသာ္လည္းမိုးတၿပိဳက္၊ေလတၿပိဳက္ျဖင့္ရာသီဥတုကလည္းမမွန္ေခ်။ အဖ်ားပါဝင္ခ်င္ေနၿပီမို႔လူကလည္းႏုံးေနရွာသည္။
ေက်ာ္ေဇယံထြဋ္အိပ္ေနသည္မွာျပတင္းေပါက္နားမို႔ေနေရာင္သည္ကမၻာေျမေပၚရွိသက္ရွိ၊သက္မဲ့ေတြေပၚျဖာဝဲက်လ်က္ ။
ေနသက္ႏြေးေက်ာ္ေဇယံထြဋ္နံေဘးေဆာင့္ေၾကာင့္ေလးထိုင္ကာ၊ဒူးေပၚေမးတင္ရင္းတစိမ့္စိမ့္ေငး၏။
အိပ္မက္ဆိုးေတြမက္ခဲ့ရတဲ့ေန႕ရက္ေတြ။ဘယ္ေလာက္ေတာင္ေမွာင္မိုက္ခဲ့ရသလဲ။ဒီလူ...သူ႕ဆီျပန္လာပါ့မလားဘယ္ေလာက္ေတာင္စိတ္ပူခဲ့ရသလဲ။
ျပန္လာခ်ိန္ေလးေမွ်ာ္ေငးေနရင္း၊ဝမ္းနည္းမႈေတြ၊နာက်င္မႈေတြ၊တမ္းတစိတ္ေတြရဲ႕ထိုးႏွက္ခ်က္ေတြနဲ႕စကားေလးတစ္ခြန္းေတာင္သူမေျပာနိုင္ခဲ့။
အေဖ၊အေမအားလုံးထြက္ခြာသြားတဲ့အခ်ိန္မွာသူတမ္းမိဆုံးလူက ကိုကိုပဲ။
စကားေတြအမ်ားႀကီးေျပာခ်င္ေပမဲ့၊သတိရတဲ့အေၾကာင္းေတြအမ်ားႀကီးေျပာခ်င္ေပမဲ့ သူမတတ္နိုင္ခဲ့ေခ် ။
ကိုယ့္ကိုယ္ကိုအားမလိုအားမရျဖစ္မိတဲ့အခိုက္တန့္ေတြႏြေးမွာအမ်ားႀကီးရွိသည္။
အနည္းဆုံးေတာ့ 'ကိုကို 'လို႔ေခၚတဲ့အခါမထစ္ဖို႔၊ 'ခ်စ္တယ္ ' ဝန္ခံတဲ့အခါမထစ္ဖို႔ ၊ အၾကည့္ခ်င္းဆုံတိုင္းေခါင္းေစာင္းမိရင္းအရင္ဆုံးအၾကည့္မလႊဲမိဖို႔။
မျပည့္စုံျခင္းအေပၚစိတ္ပ်က္ခံရမွာသိပ္ေၾကာက္သည္။ သူ႕မွာဘာမွမရွိ။ဒီလူ၊ဒီလူ၊ဒီလူအျပင္ဘာမွမရွိ။
" ႏြေး ဘာျဖစ္လို႔လဲ "
အိပ္ေနရာမွာနိုးလာကာမႈန္မႈန္ဝါးဝါးျဖင့္ေမးလာေသာအေမးအားႏြေးကေခါင္းခါျပ၏။ သူ႕လက္ေမာင္းအားပုတ္ျပလို႔အိပ္ရန္ေခၚေနေသာလူထံကိုယ္ေလးအားေကြးရင္း၊ရင္ခြင္ထဲေက်ာကပ္လွဲလိုက္မိသည္။
" လာမဲ့ တနဂ္ႏြေေန႕က်ရင္ မဂ္လာဆြမ္းေကြၽးမယ္၊အသိမိတ္ေဆြေတြကိုဖိတ္မယ္ "
ခါးေသးေသးေလးထံပို၍ရစ္ပတ္လာေသာလက္ဟာရင္ခြင္ႏွင့္နီးကပ္သထက္နီးေအာင္ပို၍ေပြ႕ဖက္လာ၏။
" လက္ထပ္ၿပီးရင္ေတာ့အလုပ္ေတြပိုႀကိဳးစားရမယ္ ။ ေနာက္ငါးႏွစ္ေလာက္အတြင္းမွာ ကိုယ္ပိုင္ေဆးခန္းေလးဖြင့္နိုင္ေအာင္ႀကိဳးစားမယ္ ။ ေဆးခန္းေလးပုံမွန္လည္ပတ္နိုင္ရင္ အစိုးရအလုပ္ကထြက္ၿပီး ကိုယ့္ေဆးခန္းေလးမွာပဲထိုင္ေတာ့မယ္ "
အရင္ကအဝတ္အစားေတြဆို Brand ေတြခ်ည္းပဲမဟုတ္ရင္ေတာင္မွအနည္းဆုံးေတာ့ေကာင္းမြန္သည့္တံဆိပ္ေလာက္ေတာ့ဝယ္ဝတ္ျဖစ္ေပမဲ့အခုေနာက္ပိုင္းေတာ့အနည္းငယ္ႏွေျမာတတ္လာ၏။
ေတာင္းမွာအကြတ္၊လူမွာအဝတ္ဆိုသည့္တိုင္အနာဂတ္တြင္ခ်စ္ရသူအားတင့္ေတာင့္တင့္တယ္ထားနိုင္ဖို႔ကေတာ့ထိုအဝတ္ေတြမဝတ္ရလည္းရျဖစ္သည္။
" ေဆးခန္းနာမည္ကို စေနနာမ္ေလးပဲကိုယ္ေပးမယ္ ၊ မင္းနာမည္ျဖစ္ခ်င္လည္းျဖစ္လိမ့္မယ္ ၊ ကိုယ္ကုသတဲ့မင္းရဲ႕အရိပ္အာဝါသေအာက္မွာ က်န္းမာေစဖို႔ ကိုယ္ကႀကိဳးစားမယ္ေလ "
ေနသက္ႏြေးေခါင္းေလးေစာင္းကာလက္ေမာင္းသားအားႏႈတ္ခမ္းျဖင့္ထိလိုက္မိသည္။
ကိုကိုကဆည္းလည္းေလးနဲ႕တူ၏။ သိပ္ကိုသေဘာက်ဖိဳ႕ေကာင္းလြန္းသည္။
အနာဂတ္ဆိုတာေရွ႕ဆက္ရမဲ့ေန႕ရက္ေတြပါတဲ့၊ကိုကို႔ရဲ႕ေရွ႕ဆက္မဲ့ေန႕ရက္ေတြထဲသူပါဝင္ေနရျခင္းကႏႈတ္ခမ္းေဒါင့္စြန္းေလးေတြအားေကာ့တက္သြားေစသည္။
ေနသက္ႏြေးေက်ာကပ္ထားရာမွဘက္လွည့္ကာရင္ခြင္ရွိရာမ်က္ႏွာမူလိုက္ေခ်သည္။ကိုယ္ေငြ႕သည္ႏြေးေန၏။
ကိုယ္သင္းရနံ႕ေဖ်ာ့ေဖ်ာ့သည္အလုံးစုံေသာႏြေးေထြးလုံၿခဳံမႈအားျဖစ္ေပၚေစသည္။
ကိုကိုကသစ္ပင္ရိပ္ေလးနဲ႕လည္းတူသည္။ ေအးခ်မ္းေစသလို၊လုံၿခဳံေစျပန္သည္။
" ကိုယ့္နားသိပ္မကပ္နဲ႕ အဖ်ားေတြကူးမယ္... "
ဖက္ထားသည္ကိုျဖည္ေလ်ာ့ရန္ေကာင္ေလး၏ပခုံးစြန္းေလးအားျဖည္းညင္းစြာတြန္းလိုက္ေပမဲ့ႏြေးဟာသူ၏ခါးအားတင္းတင္းေလးျပန္ဖက္တြယ္လာ၏။
" မရ...မရ ဘူး "
ေက်ာ္ေဇယံထြဋ္မ်က္ခမ္းစပ္ေတြပူတက္လာၿပီမို႔အဖ်ားရွိန္ကတက္လာၿပီဆိုတာသတိထားမိလိုက္သည္။ ႏြေး၏အျပဳမူေလးအားၾကည့္သည္ႏွင့္ေရာဂါပင္တစ္ဝက္ေလာက္ေလ်ာ့က်သြားသလို ။ ႏြေးဟာ ေဆးေတာင့္ေလးပင္ျဖစ္မည္။
~
အသိမိတ္ေဆြေတြအားႏႈတ္ျဖင့္သာဖိတ္ရင္းအေကြၽးအေမြးျဖင့္သာဧည့္ခံျခင္းျပဳသည္။ လူငယ္အေပါင္းသင္းေတြကေတာ့ညပြဲဆက္မည္ျဖစ္ၿပီးအေသာက္အစားကေတာ့မပါမျဖစ္။
ႏြေးသည္တရားနာၿပီးတာႏွင့္ေနရာတြင္သာၿငိမ္သက္စြာထိုင္ေန၏။ အျဖဴေရာင္လည္ကတုံးႏွင့္လူေတြၾကားသူ၏တည္ရွိမႈမွာအထင္ကရမဟုတ္ေသာ္ျငားျမင္ေတြ႕မိသမွ်လူအားလုံးမ်က္လုံးေလးေတြသိပ္လွေၾကာင္း၊အၿပဳံးေလးကသိမ္ေမြ႕ေၾကာင္း၊႐ုပ္ရည္ေလးမွာအသည္းႏြေးေစေၾကာင္းေျပာမဆုံးနိုင္ၾကေခ် ။
သူရကေတာ့ေရာက္ၿပီးတာႏွင့္ညပြဲအေၾကာင္းကိုအားတက္သေရာ္ေျပာေန၏။ လရိပ္သြင္ေရာက္လာတဲ့အခါေသာက္ဖို႔ေျပာေနေသာလူတစ္စုမွာၿငိမ္သက္သြားေခ်သည္။
လရိပ္သြင္သည္ဆံႏြယ္ရွည္ေတြအားငါးရိုးက်စ္ဆံျမႇီးက်စ္ထားကာပန္းႏုေရာပိတ္ေဖာက္ဇာ၊ခ်ည္ထမီျဖင့္လြန္စြာလွေပသည္။
" ဆရာစိုင္းသစ္ဟိန္း မလာဘူးလားကိုထြဋ္ မေတြ႕မိလို႔. .. "
" သူနယ္ေျပာင္းပါသြားတယ္ မလာနိုင္လို႔ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနတာ "
" ေၾသာ္.. အဲ့လိုကိုး "
သူရသည္လည္းတျခားဝိုင္းမွအသိေတြထံကူးေျပာင္းလို႔ရယ္ရယ္ေမာေမာစကားေျပာေခ်သည္။
ေက်ာ္ေဇယံထြဋ္ လရိပ္သြင္အားတခ်က္ၾကည့္ကာအနည္းငယ္ၿပဳံးလိုက္မိသည္။
" ေရွ႕ဆက္တိုးဖို႔အစီစဥ္မရွိဘူးလားလရိပ္သြင္ "
လရိပ္သြင္ေခါင္းငုံ႕ကာမခို႔တရို႔ၿပဳံး၏။ထို႔ေနာက္ေလးပင္သည့္သက္ျပင္းခ်သံသဲ့သဲ့အားျပဳမူလိုက္ေခ်သည္။
" မလြယ္ဘူးေလ ။ သြင္တို႔လိုမိန္းမသားေတြအတြက္စည္းေတြေဘာင္ေတြသိပ္မ်ားလြန္းတယ္။ကိုထြဋ္စဥ္းစားၾကည့္...ခ်စ္တဲ့စိတ္ကိုမထိန္းခ်ဳပ္နိုင္လို႔ မိန္းမတန္မဲ့သိကၡာတရားေတြခဝါခ်ၿပီးဖြင့္ေျပာလိုက္ရင္သြင္တို႔ျပန္ရမွာက ' အရွက္သိကၡာမရွိတဲ့ မိန္းမဆိုတဲ့ဂုဏ္ပုဒ္ပဲ "
" ခ်စ္တာကိုခ်စ္တယ္လို႔ေျပာရွက္စရာလည္းမဟုတ္လို၊သိကၡာမဲ့တာလည္းမဟုတ္ပါဘူး ၊ ခ်စ္ျခင္းေမတၱာတရားမွာအကန့္ ရယ္လို႔မရွိပါဘူး။ ရွိတဲ့ေမတၱာေတြကိုမွ်တာ၊မလိုခ်င္တဲ့လူမယူနဲ႕ေပါ့ေလ..."
" ေစ်းေရာင္းတာက်လိဳ႕ကိုထြဋ္ရယ္.."
ႏွစ္ေယာက္သားရယ္ေမာမိေတာ့လရိပ္သြင္၏မ်က္ဝန္းထဲရွိနာက်င္ရိပ္ေလးေတြလည္းအနည္းႏွင့္အမ်ားေတာ့ပေပ်ာက္သြားေခ်သည္။
ေက်ာ္ေဇယံထြဋ္ႏြေးနံေဘးကပ္ကာႏွာတံေလးအားအသာယာဆြဲညွစ္လိုက္မိ၏။ မ်က္ဝန္းေဘးေတြကေတာ့အခ်ိန္ျပည့္ျမတ္နိုးစရာေကာင္းဆဲ။
အခ်စ္မ်က္ဝန္း၊ေမတၱာမ်က္ဝန္း၊သိပ္ခ်စ္တဲ့ ကိုယ့္မ်က္ဝန္းေလးပါပဲ။
ႏြေးဟာခ်စ္ျခင္းေမတၱာ၊ႏြေးဟာေအးခ်မ္းရာကမၻာေျမေသးေသးေလး။ေက်ာ္ေဇယံထြဋ္အတြက္ေတာ့ေသတပန္သက္တဆုံးမွီခိုခ်င္သည့္အရိပ္ၿမဳံေလးဆိုလည္းဟုတ္သည္။
" ကို..ကိုကို "
" ဟင္ "
" ေၾကာက္ ..ေၾကာက္တယ္ "
" ဘာကိုလဲ ႏြေးရဲ႕ .."
ႏြေးသည္သူ႕ေဘးသို႔ေၾကာင္ေပါက္ေလးသဖြယ္တိုးကပ္လာေခ်သည္။ေက်ာ္ေဇယံထြဋ္အလိုက္တသင့္ျပန္လည္ေပြ႕ဖက္ကာေထြးေပြ႕ထားမိငည္။
" လူေတြကိုေၾကာက္လို႔လား.."
ႏြေးသည္ေခါင္းခါျပလာ၏။ ထို႔ေနာက္သူ႕ခါးအားျပန္လည္ဖက္တြယ္လာကာရင္ခြင္တြင္းတိုးလာေခ်သည္။
သူ၏အပိုင္အရာတစ္ခုလို ။ ထို႔ေနာက္ႏြေးကူကယ္ရာမဲ့စြာ၊တစ္ခြန္းခ်င္း၊ထစ္ေငါ့တိုးညွင္းစြာေျပာလာေသာစကား...
" ကို...ကိုကို..ထား..ထားခဲ့မွာ "
~
ဧည့္သည္အားလုံးျပန္ၿပီးခ်ိန္တြင္အခ်ိန္သိပ္မေစာေတာ့ ၊ ေက်ာ္ေဇယံထြဋ္ႏြေးအားၾကည့္လိုက္ခ်ိန္တြင္ေကာင္လည္းသည္လည္းသူ႕အားၾကည့္ေန၏။
ႏြေး၏ ႏြေးေထြးေသာမ်က္ဝန္းေတြထဲတြင္အေမးဝါက်ေတြစုေနသည့္ႏွယ္။ေကာင္ေလးသည္မလိမ္ညာတတ္ေသာ၊လူရိုးေလးအတိုင္းသူ၏ႏႈတ္ဟစကားေတြထက္မ်က္ဝန္းေတြကပို၍သိသာသည္။
ေက်ာ္ေဇယံထြဋ္ ႏြေးထံေလွ်ာက္လွမ္းကာခါးအားကိုင္းလို႔ နဖူးေလးအားနမ္းလိုက္သည္ ။
" ကို...ကိုကို "
" ဗ်ာ ~ "
" ဘာ... ဘာလို႔...ခ်စ္.. ခ်စ္တာလဲ"
" ႏြေးလို႔... ေနေရာင္ျခည္လိုမ်ိဳး"
ငွက္ဆိုးေလးဟာအိပ္မက္ဆိုးေတြျဖင့္ေၾကာက္္္လန့္ေနသည္။ သစ္ကိုင္းေလးဟာညင္သာစြာေထြးေပြ႕၏။
ထို႔ေနာက္ခ်စ္ျခင္းေမတၱာပုံျပင္ေတြအေၾကာင္းယုံမွားဖြယ္မရွိေျပာျပေလသည္။
ကိုယ္ရယ္ မင္းရယ္၊ ခ်စ္ျခင္းေမတၱာေတြရယ္ေပါ့ ကိုယ့္ေမတၱာခဲေလးရယ္။
စမ္းေခ်ာင္းေလးလိုေအး
မ်က္ဝန္းဝိုင္းဝိုင္းေလး ႏြေးဟာ ကိုယ့္အတြက္ေတာ့
ေနေရာင္ျခည္လို ႏြေး
ၿပီးပါၿပီ
ေက်းဇူးတင္လ်က္
မတိမ္ျပာ