ကျော်ဇေယံထွဋ်ဆေးရုံမသွားခင်နေသက်နွေးအားဂရုတစိုက်အလုံးစုံမှာကြားနေ၏။ ကမ်းပါးနှင့်ဝေးသော်လည်းသွားမယ်ဆိုရင်တော့နီးနီးလေးမျှသာ။ ထို့ကြောင့်မို့စိတ်မချနိုင်ပါချေ။" ပိုက်ဆံက ငါ့အခန်းထဲကဗီရိုထဲမှာရှိတယ်။ မင်းလိုအပ်ရင်ယူသုံး "
နေသက်နွေးကတော့ခေါင်းလေးငြိမ့်ပြရုံသာ။ ကျော်ဇေယံထွဋ်ကတော့သူ၏ကျောပိုးအိတ်အားပခုံးထက်ထမ်းတင်ကာ ကောင်ငယ်လေး၏ခေါင်းအားပုတ်လိုက်ချေသည် ။
ပြီးနောက်ခါးကိုကိုင်းချလိုက်ကာမျက်နှာချင်းနီးကပ်စေ၏။
" လုပ်စမ်းပါအုံးကွ ။ အာဘွားလေးဘာလေး "
နေသက်နွေးခေါင်းလေးစောင်းကာပါးလေးတွေမှာပန်းရောင်ဖျော့ဖျော့လေးသမ်းသွားကာခေါင်းလေးငုံ့သွားချေသည်။
" သွားတော့မယ်နော် ။ အရေးကိစ္စရှိရင်ဆေးရုံကိုလိုက်လာခဲ့ အထွေထွေခွဲစိတ်ဌာနက ဒေါက်တာကျော်ဇေယံထွဋ် လို့မေးရင်ရတယ် "
ဆေးရုံဝတ်စုံနှင့်လဲစရာအဝတ်တွေလိုအပ်ပစ္စည်းတွေပါသောကျောပိုးအိတ်အားဆိုင်ကယ်ဂွကြားတွင်ညှပ်ကာ ဆိုင်ကယ်ဖြင့်ထွက်ခွာသွားလေသည်။
~
နေသက်နွေးဘေးအိမ်သို့ကြည့်လိုက်တဲ့အခါ အဒေါ်ကြီးတစ်ယောက်မှာခြင်းပန်းရောင်လေးထဲချိုင့်တွေစီထည့်နေ၏။
" သား ဒီဘက်လာလေ "
နေသက်နွေးဝါးခြံစည်းရိုးလေးမှကြည့်နေတုန်းသတိထားမိသွားတဲ့အဒေါ်ကြီးကတော့အိမ်လာလည်ရန်ဖိတ်ခေါ်နေလေသည်။
နေသက်နွေးတစ်ဖက်ခြံထဲရောက်သွားကာအဒေါ်ကြီး၏လှုပ်ရှားမှုအဖုံဖုံအားငေးစိုက်ကြည့်နေ၏။
" ဘာ... ဘာ အတွက်... လည်းဟင်"
" ထမင်းချိုင့်လေ ။ အိမ်ကလူကပို့ပေးရတယ် ။ အလုပ်သွားတဲ့လူ။ဒါမှမဟုတ်ကျောင်းသွားတဲ့လူကို "
အဒေါ်ကြီးကနောက်ဆုံးစကားအားပြောပြီးနောက်လက်ကိုင်ပုဝါလေးအားခြင်းလက်ကိုင်တွင်ခေါက်တွန့်ချည်လိုက်ချေသည် ။