မနက်စာစားဖို့ပြင်ဆင်နေတုန်းမိုးသက်စွေလည်းရောက်ချလာတယ်။စာမေးပွဲဖိအားတွေကြောင့်သူလည်းတော်တော်လေးကိုပိန်ချုံးကျသွားတာပဲ။မိုးသက်စွေကအရပ်ရှည်ပြီးထွားတယ်။သူ့ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့မျက်နှာကျကနေသက်နွေးနဲ့ခပ်ဆင်ဆင်ဆိုပေမဲ့ မိုးသက်စွေကတော့ယောကျာ်းပိုဆန်တယ်။နေသက်နွေးကဟိုးငယ်ငယ်ကတည်းကတခြားကလေးတွေလိုပြေးလွှားဆော့ကစားတာမျိုး၊နေပူထဲသွားတာမျိုးတွေလုပ်လေ့မရှိပဲ ကျောင်းခန်းထဲကသူ့နေရာမှာပဲအမေလာခေါ်တဲ့အချိန်ကိုစောင့်နေတက်တာ ။
အရွယ်ရောက်လာတဲ့အထိလည်းနေသက်နွေးရဲ့အဝတ်အစားကလည်ပင်းအထက်နာတွေပဲဖော်ပြီးဝတ်လေ့ရှိတယ်။နေထိလေထိမခံရတဲ့အသားအရည်မို့နို့နှစ်ရောင်လိုဖြူစွတ်နေမျိုး။
" မင်းဘယ်တော့ပြန်မှာလဲ "
နေသက်နွေးခေါင်းစောင်းပြီးစဥ်းစားလိုက်ပေမဲ့တကယ်တမ်းကျချက်ချင်းပြန်မဖြေနိုင်ဘူး။ သူ့ဘဝမှာ သူ့ညီလေးနဲ့စကားတစ်ခါလောက်လျောလျောလျူလျူပြောချင်တာကလည်းအိပ်မက်ကလေးပါပဲ။
ဒေါသကြီးတဲ့ညီငယ်လေးကတော့နေသက်နွေးကြောင့်အမြဲဒေါသထွက်ရတော့တာပဲ ။
" နွေး ခဏ "
ကျောပိုးအိတ်ကိုပခုံးတစ်ဖက်မှာလွယ်ရင်းကျော်ဇေယံထွဋ်ကနေသက်နွေးလှမ်းခေါ်တယ် ။ ဖိနပ်ကိုစီးပြီးနောက်မှာခြံထဲအတူဆင်းသွားပြီး အိမ်ခြံဝရောက်တဲ့အထိဘာစကားမှမပြောဖြစ်။
" အဲ့တာ မင်းရဲ့ညီလား "
နေသက်နွေးခေါင်းလေးငြိမ့်ပြလိုက်တယ်။ပြီးတော့ခေါင်းလေးကစောင်းသွားပြန်တယ် ။
" ဆယ်တန်းကျောင်းသားလား "
နေသက်နွေးခေါင်းငြိမ့်ပြတော့အဲ့လူကကြားစေချင်သလို၊မကြားစေချင်သလိုတိုးတိုးလေးထပ်ပြောတယ် ။
" သက်စေ့ကျမဲ့ရုပ် " တဲ့ ။
နေသက်နွေးတို့ရဲ့ခြံဝန်းထဲမှာခရေပင်အိုကြီးရှိတယ် ။ ခရေပန်းတွေမပွင့်သေးပေမဲ့ရွက်ခြောက်တွေကတဖြောက်ဖြောက်နဲ့ခြံဝန်းတစ်ခုလုံးခရေရွက်ခြောက်တွေနဲ့ရှုပ်ပွနေတာပဲ။