မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၁၉)

1K 134 0
By ma_roses_are_blue


"ကျွန်မကတော့ အဲ့လိုမထင်ဘူး အ၀တ်ဆင်ဖို့ထားတဲ့အရုပ်ရော‌ အထည်တွေပြဖို့ အတန်းရော ဘာဆိုဘာမှ မမြင်မိဘူး
ကြည့်ရတာ အက်စတယ်လာသံသယတွေကို သူမစကားတွေလောက်နဲ့ ဖြေရှင်းလို့ရမဲ့ပုံမပေါ်ပေ

ဒါက နားလည်ပေးနိုင်ပါတယ်
ဆိုင်ရဲ့ အတွင်းပိုင်းအခြေအနေက အ၀တ်အထည်ဆိုင်လို့ခေါ်ဖို့ အရမ်းရိုးရှင်းလွန်းလေသည်

တန်ဖိုးကြီး အ၀တ်အထည်ဆိုင်တွေ ရဲ့ ပြတင်းပေါက်မှာ အ၀တ်တွေ ချိတ်ထားပြသဖို့ ကျွမ်းကျင်စွာအလှဆင်ထားသလို လုပ်ထားဖို့ ပါနေးရားမမျှော်လင့်ထားပေမဲ့ ခုံကြီးကြီးတစ်ခုပေါ်မှာ မရေမတွက်နိုင်တဲ့ အထည်စတွေနဲ့ ဖြစ်ကတတ်ဆန်း အပိုင်းပိုင်းအစအစ အထည်ပိုင်းတွေက နေရာတကာတွင်ရှိနေပြီး အမှန်တကယ် ရှုပ်ပွနေသည်
သို့ပါသော်လည်း ဖျက်စီးထားတဲ့ အပိုင်းအစတွေကြား ကုန်ပစ္စည်းရှာဖွေခြင်းက အတန်အသင့်ကောင်းမွန်ပုံပေါ်သည်

"ဒီဇိုင်းတွေက အရမ်းခေတ်မီတယ် ဒီဇိုင်းနာက အတော်ကျွမ်းကျင်‌တာပဲ"
"အဲ့လိုလား ကျွန်မကတော့ ကြည့်ရုံနဲ့တော့ မပြောနိုင်ဘူး"

အက်စတယ်လာကို အ၀တ်တွေနှင့် ယှဉ်ကြည့်ရင်း ပန်းရောင်ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီးတယောက် ဆိုင်အတွင်းပိုင်းမှထွက်လာခဲ့သည်
"Chanelရဲ့ အ၀တ်ဆိုင်မှ ကြိုဆိုပါတယ် ကျွန်မက Chanel ဒီဇိုင်းနာနဲ့ ဆိုင်ပိုင်ရှင်ပါ ရှင်တို့ဘယ်လို ဂါ၀န်အမျိုးအစားမျိုးရှာနေကြတာလဲ"
(ဒီnovelရဲ့authorက အခုခေတ် luxury brandရဲ့ နာမည်တွေသုံးသွားတာပါ:3)

ပါနေးရား ရဲရဲတင်းတင်းဖြေလိုက်သည်
"ကျွန်မက ဈေးနှိမ့်နှိမ့် အရည်အသွေးကောင်းတဲ့ဂါ၀န်မျိုးရှာနေတာ"
ထိုစကားတွေက အဓိပ္ပာယ်မရှိသလိုထင်ရသောလဲ သာတူညီမျှလဲလှယ်ခြင်းနိယာမကို လုံး၀လျစ်လျူရှုထားလေသည်
(Law of Equivalent Exchangeဆိုတာက "တစ်စုံတစ်ခုလိုချင်ရင် ညီမျှတဲ့တန်ဖိုး ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့တန်ဖိုး ပြန်ပေးရပါတယ်" အရည်အသွေး‌ေကာင်းတဲ့ဂါ၀န်မလို့ ဂါ၀န်ရဲ့ဈေးနှုန်းက ကြီးပါတယ်)

အရည်အသွေးနဲ့ တောင်းဆိုချက်ကမြင့်ရင် ဈေးနှုန်းကလဲမြင့်ပြီး အရေအသွေးနဲ့ တောင်းဆိုချက်နှိမ့်ရင် ဈေးနှုန်းကလဲနှိမ့်ပါမယ် ဒါက အရာ၀တ္ထု‌တွေ အလုပ်လုပ်ပုံပါ
ဘယ်လိုပဲဖြစ်ဖြစ် Chanelက ထိုအချက်ကို ထောက်ပြမဲ့အစား မေးလာခဲ့သည်

"ကျွန်မ မေးလို့ရမလား ရှင့်ရဲ့ဘက်ဂျက်ကဘယ်လောက်လဲ"
သူမ အက်စတယ်လာနှင့်သဘောတူထားသည့်ဈေးနှုန်းကိုပြောလိုက်သည်
"ဂါ၀န်နှစ်ထည်အတွက် ရွှေဒင်္ဂါး သုံးရာ"
(သေပါပြီ ဓားပြသွားတိုက်နေတာ🤣)

ဒီဆိုင်က ဘယ်လောက်ပဲ ယိုင်နဲ့နေပါစေ ထိုဈေးနှုန်းက ရယ်စရာကောင်းလောက်အောင် နိမ့်ပေးသည်
Chanel မျက်မှောင်ကြုတ်ရင်း

"ဒီဈေးနဲ့ဆို‌ရင်တော့ ဂါ၀န်တစ်ထည်တောင်၀ယ်နိုင်မှာမဟုတ်ဘူး ဈေးပေါတဲ့ second hand ဂါ၀န်ဆိုရင်တော့ ဖြစ်နိုင်တယ်"
အက်စတယ်လာရဲ့ မျက်နှာအမူအယာက ထိုစကားကြားတော့ မဲသွားသည် ပါနေးရားဘက် တောင်းပန်သောမျက်နှာနှင့်လှည့်လာခဲ့သည်

Chanelက အက်စတယ်လာကိုကြည့်ပြီး မေးလိုက်လေသည် "ဒီလမှာကျင်းပမဲ့ အိမ်ရှေ့စံမင်းသားရဲ့မွေးနေ့ပါတီမှာ ၀တ်ဖို့ ဂါ၀န် ရှာနေတာလား?"
"ဟုတ်တယ်"
Chanelရဲ့မျက်လုံးတွေက ခပ်မှိန်မှိန်လေးအရောင်လတ်သွားသည်

"အိုး မိုင် ဒါဆို ရှင်က အရမ်းတန်ဖိုးရှိတဲ့ကာစတန်မာပဲ" Chanelကပြောရင်း သမာရိုးကျမဟုတ်တဲ့ ကမ်းလှမ်းချက်တစ်ခုလုပ်လေသည်

"ရှင်တို့နှစ်ယောက်ကို ကြည့်ရတာ ဘက်ဂျက်သိပ်မရှိသလိုပဲ ဒါဆို ဒီလိုလုပ်မလား ရှင်တို့နှစ်ယောက်အတွက် ကျွန်မ ဂါ၀န်တစ်ထည်စီချုပ်ပေးနိုင်တယ် ပြီးတော့ အလကားလဲချုပ်ပေးမှာ"
"အလကားလား" အက်စတယ်လာနှင့် သူမ တချိန်ထဲ မေးလိုက်သည်
Chanelက ခေါင်းညိမ့်ရင်း ဆက်ပြောလေသည်

"အလဲအလှယ်အနေနဲ့ ကျွန်မမှာအခြေအနေတစ်ခုရှိတယ် ဂါ၀န်တွေရဲ့ဒီဇိုင်းက ကျွန်မစိတ်တိုင်းကျလုပ်မယ် ရှင်တို့နှစ်ယောက်က နောက်ဆုံးထုတ်ကုန်ကိုသာ ၀တ်ဖို့ပဲလိုတာ ပြီးရင် မင်းသားရဲ့ပါတီကို တတ်ပေါ့"

သူမမျက်လုံးတွေမှေးရင်း မေးလိုက်သည် "ပြီးတော့ ရှင်ကဘာပြန်ရမှာလဲ"

"ကျွန်မဆိုင်ကို ပရိုမိုရှင်းဆင်းတာလေ ပွဲမှာ လှပတဲ့လေဒီနှစ်ယောက် ခေတ်မှီတဲ့ဂါ၀န်၀တ်ပြီး ကြေညာတာလောက် ပိုကောင်းတာမရှိဘူး ပစ္စည်းကို လူနဲ့မြင်ရတာက ပါးစပ်နဲ့ပြောနေတာထက်စာရင် ပိုထိရောက်တယ်လေ"
"ဟမ်" သူမမေးရွဲ့သွားသည် ထိုနောက် သူမ အက်စတယ်လာနားကပ်ရင်း တိုးတိုးလေးပြောလိုက်သည်

"ရှင်ဘာထပ်ပြောချင်သေးလဲ ဒါကအခွင့်အရေးကောင်းကောင်းလို့မထင်ဘူးလား"
အက်စတယ်လာ သတိထားပြီးပြောလိုက်သည်

"အဲ့လိုဆိုပေမဲ့ တစုံတယောက်ကြိုးစားထားတဲ့အလုပ်ကို ပေးသင့်တာမပေးဘဲ ၀တ်ရတာက မသက်မသာဖြစ်တယ် ပြီးတော့လဲ ဂါ၀န်ကိုလဲ တအားခေတ်ဆန်အောင်လုပ်ပစ်မှာလဲ ကျွန်မကြောက်တယ်"
"သူမချုပ်တဲ့ဂါ၀န်တွေကို၀တ်ပြီး ကျွန်မတို့က သူ့ဆိုင်ကို ပရိုမိုးရှင်းဆင်းပေးရမယ် ဒါကလဲ ပိုက်ဆံပေးတဲ့နည်းတမျိုးပဲ ဒါ့အပြက် အနည်းငယ်တော့ ခေတ်ဆန်မှဖြစ်မယ် ပွဲက အင်ပါယာမြို့တော်မှာဆိုတော့ လူတိုင်းက အထူးကောင်းမွန်အောင် ၀တ်ဆင်ကြလိမ့်မယ် မဟုတ်ရင် ကျွန်မတို့မပေါ်လွင်ဘဲဖြစ်နေမှာဆိုတာ ကျွန်မသေချာတယ်"
"ဖြစ်သင့်ပေမဲ့လဲ..."

တုံ့ဆိုင်းနေတဲ့အက်စတယ်လာကို နောင်တရတဲ့အကြည့်နှင့်ကြည့်ရင်း ပြောလိုက်သည်
"ဒီကဂါ၀န်တွေကလဲ လုံး၀ကို ကျွန်မစတိုင်ပဲ"
“·······!”

သူမ၏ သဘောကျနေသည့်စကားလုံးများက အက်စတယ်လာမျက်လုံးကြီးများကို ပြူးကျယ်သွားစေသည်
"ဒါပေမဲ့ မစ်အက်စတယ်လာက မသက်မသာဖြစ်နေမှတော့ နောက်တစ်ဆိုင်ကို ဆက်သွားလဲအဆင်ပြေပါတယ်"လို့ပြောရင်း စိတ်ဓာတ်ကျသလို မျက်လွှာကိုချထားလိုက်သည်
အက်စတယ်လာ စိတ်မသက်မသာဖြစ်လာပုံပေါ်ပြီး သူမစိတ်ဆုံးဖြတ်ချက်ချသလိုက်သလို ခေါင်းကိုခါလိုက်သည်

"မဟုတ်ပါဘူး ကျွန်မလဲ ကြိုက်ပါတယ် ဒီနေရာက အ၀တ်တွေကိုပဲ ၀ယ်လိုက်ရအောင် ကျွန်မလဲပိုက်ဆံစုနိုင်တယ် ဒါကြောင့် ကျွန်မလဲ အခွင့်အရေးကောင်းတစ်ခုလို့ ထင်မိတယ်"
နားထောင်နေတဲ့ Chanelကလဲ ထိုစကားတွေကြားတော့ တောက်ပစွာပြုံးလာခဲ့သည်
"အံဩစရာပဲ ကျွန်မအာမခံတယ် ရှင်တို့နောင်တမရစေရဘူး ကျွန်မ Chanelက ရှင်တို့ကို ပွဲခန်းမထဲမှာ အံဩဖွယ်အကောင်းဆုံးဂါ၀န်ဖြစ်စေရမယ်"
"ကျေးဇူးတင်ပါတယ် ကျွန်မလွန်လွန်ကဲကဲ ပြုမူမိတဲ့အတွက် အရှက်ရမိပါတယ် ရှင့်ရဲ့ကြင်နာတဲ့ အကြံနဲ့ လက်တွဲဖို့ မျှော်လင့်ပါတယ်"
အက်စတယ်လာ Chanelကို ဦးညွှတ်လိုက်သည်

သူမအကြည့်က ဦးညွှတ်နေတဲ့အက်စတယ်လာနောက်က Chanelနဲ့ သွားဆုံလေသည် Chanelက တိတ်တိတ်နေပေမဲ့ သူ့မမျက်လုံးထဲမှာတော့ အလင်းရောင်လေးတစ်ခုတောက်နေခဲ့သည်

'သူတော်စင်ကို ဖမ်းစားတာ အောင်မြင်!'
────── 〔〕──────

ဘာတွေဖြစ်ချက်တယ်ဆိုတာက ဒီမှာပါ
အက်စတယ်လာကို ဂါ၀န်တစ်ထည်ပေးဖို့ သူမကျော်လွှားခဲ့ရတဲ့ အခက်အခဲကို အစဉ်လိုက် အနှစ်‌ချုပ်ပေးလိုက်ပါတယ်

ပထမဦးဆုံး အက်စတယ်လာ သူမအကူအညီကို ဘယ်တော့မှ တိုက်ရိုက်လက်မခံဘူး
အက်စတယ်လာ သူမရဲ့သည်းခြေအိတ်ကို သူတပါးအား ဒုတိယအကြိမ်တောင်မတွေးပဲပေးနေချိန် သူမက တစ်စုံတစ်ယောက်ဆီကနေ ဘယ်အရာကိုမှ လက်မခံဘူး
အက်စတယ်လာက ပါနေးရားရဲ့ပထမဦးဆုံးသူငယ်ချင်းဖြစ်တာတောင်မှ အက်စတယ်လာက သူမဆီက ဈေးကြီးတဲ့ဂါ၀န်ကို လက်ခံလိမ့်မည်မဟုတ်

ဒုတိယအနေနဲ့ ကုန်ကျစရိတ်နဲ့ပတ်သတ်ပြီး စိတ်မပူဖို့ ပြောရင်တောင်မှ သူမက အရည်အသွေးကောင်းတဲ့ အ၀တ်အထည်ကို ရွေးလိမ့်မည်မဟုတ်

သူတော်စင်တစ်ယောက်အနေနဲ့ ဈေးကြီးတဲ့အ၀တ်အစား၀တ်သင့်တယ်ဟု အက်စတယ်လာက မတွေးပေ
သူတော်စင်မိန်းကလေးတယောက်က ထင်သာတဲ့အရာတွေမ၀တ်သင့်ဟု သူမကယုံကြည့်ထားသည်
ဒါကြောင့် ဈေးကြီးတဲ့အ၀တ်အထည်ဝတ်ဆင်ခြင်းက ‌သူမအတွက်ဈေးနှုန်းကြောင့် ခက်ခဲနိုင်ပေသည်

ဒါပေမဲ့ အက်စတယ်လာကို ပြက်ရယ်ပြုဖို့ ဆုံးဖြတ်ထားတဲ့ ထိုအထက်စီးဆန်တဲ့ အထက်တန်းလွှာတွေရဲ့ နှုတ်သီးတွေကို ဖိချလုပ်ရမည်
ဒါကြောင့် သူမရှာတွေ့ထားသော ဒိဇိုင်းနာက Chanelပင်

အက်စတယ်လာက ဖက်ရှင်ပိုင်းတွင်လုံး၀စိတ်၀င်စားသည်ဟု ပါနေးရား မတွေးထားသော်လည်း Chanelက အခုလတ်တလော ငယ်ရွယ်တဲ့အထက်တန်းလွှာတွေကြားမှာ တကယ်ကို ကျော်ကြားနေတဲ့ဒီဇိုင်းနာပင်

Chanelရဲ့ ဆိုင်နေရာက မြို့တော်ထဲမှာ ဈေးအကြီးဆုံး ဆိုင်တွေရှိရာလမ်း‌တွင် တည်ရှိသည်
သူမ Chanelဆီသွားလည်ခဲ့သည်

သူတို့သွားခဲ့သည့် ထိုပျက်စီးနေတဲ့ အဆောက်အအုံက တကယ်တော့ Chanelရဲ့ studioပင်

[ကျွန်မ ဂါ၀န်တစ်ထည်အော်ဒါမှာချင်တယ်]
ပထမကတော့ Chanelက မာနကြီးလေသည်

[အကုန်လုံး ကြိုတင်မှာထားတာ ပြည့်ကုန်ပြီ]

ထိုအရာက မျှော်လင့်ထားသလို တုံ့ပြန်မှုပင်
မြို့တော်ရဲ့ဂုဏ်ရှိသောအထက်တန်းလွှာတွေဆီမှ အမှာစာတွေ ရေလွှမ်းမိုးနေသလို မှာယူခံနေကြ Chanelအတွက် ပါနေးရားက ဆွဲဆောင်မှုရှိသောကာစတန်မာအဖြစ် အထင်မခံရပေ

သူမကိုအကြည့်တစ်ခုတောင် မထိုက်တန် ယူဆထားသလို Chanelက သူရဲ့အ၀တ်စကို ဆက်ပြီးညှပ်နေခဲ့သည် ထို့နောက် ပါနေးရား သူမ၏ secret weaponကိုထုတ်သုံးလိုက်ရသည်
[ရှင့်ကိုကြည့်ရတာ သူတော်စင်အတွက် ဂါ၀န်တစ်ထည်ချုပ်ဖို့တောင် အချိန်မရှိဘူးပဲ?]

Chanelရဲ့လက်တွေ 'သူတော်စင်'ဟူသော စကားလုံးကြားသောအခါ ရပ်တန့်သွားခဲ့သည်

မြင့်မြတ်တဲ့စွမ်းအားတွေနှင့် နီးနီးကပ်ကပ်ထိတွေ့ချင်စရာ ပုံစံနှင့် အက်စတယ်လာက ‌artistအများအပြား၏ နားလည်ရခက်သော museတစ်ခုပင် အထူးသဖြင့် ဖောက်သည်တွေထဲက အဆုံးစွန်အောင်လှပတဲ့အလှကလေးတွေကို ထုတ်ဖော်ပေးနေသော ဒီဇိုင်းနာများ‌ပင်
ဒါပေမဲ့ Chanelသူမခေါင်းကိုခါရင်း ရယ်လေသည်

[ကျွန်မ လေဒီပါနေးရားရဲ့personalityအကြောင်း ကြားဖူးပေမဲ့ ရှင်က ဟာသလုပ်တဲ့နေရာမှာအရမ်းတော်တယ်ဆိုတာ ကျွန်မဘယ်တုန်းကမှမသိခဲ့ဘူး သူတော်စင်က သူတတ်တဲ့ပွဲတိုင်း ကြောက်စရာဂါ၀န်တွေကြောင့် မကောင်းသတင်းကျော်ကြားတယ် အခုရှင်က သူမအတွက် ဂါ၀န်တစ်ထည်မှာပေးတယ်? ရှင်အသားကုန်ကြိုးစားရင်တောင်မှ သူတော်စင်က၀တ်မှာမဟုတ်ဘူး]
Chanelအတွက်ကတော့ အက်စတယ်လာက ကျော်ကြားတဲ့ဒီဇိုင်းနာချုပ်တဲ့ ဂါ၀န်ကို ဘယ်တော့မှာ ၀တ်မှာမဟုတ်ဘူးဆိုတာ အပြည့်အ၀ကိုသေချာနေခဲ့သည်

ဒါကတော့ အထက်တန်းလွှာလူအဖွဲ့အစည်းကို အသေးစိတ်ထိုးထွင်းသိနေသည့် ဒီဇိုင်းနာ‌တယောက်ရဲ့ နားလည်မှုပင်

ဒါပေမဲ့ သူမမသိတာ တစ်စုံတစ်ခုရှိသေးသည်
[သူမ ရှင်အ၀တ်ကို ၀တ်အောင် လုပ်ပြမယ်]
[ကျွန်မက ဘယ်လိုယုံရမှာလဲ]
[ယုံစရာမလိုဘူး သူမကိုယ်တိုင် ဂါ၀န်တစ်ထည်လာမှာဖို့ ကျွန်မ သူ့ကို ဒီကိုခေါ်လာလိမ့်မယ်]

ပြီးတဲ့နောက် Chanel သူမကိုင်တွယ်နေတဲ့အ၀တ်တွေအားလုံးကို ချပြီး ပါနေးရားကိုကြည့်လိုက်သည်
[အိုခေ ဒါပေမဲ့ ရှင်ဘယ်လိုလုပ်မှာလဲ အဲ့ဂါ၀န်အတွက် ပေးချေမှုကို ရှင်ဘယ်လိုစီစဉ်မှာလဲ]

Chanelမျက်လုံးတွေက ဖော်ပြနေသည် မှုးမတ်ဖြစ်ရုံလူတစ်ယောက်ရဲ့သမီးက သူမရဲ့ဈေးနှုန်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အံဩသင့်နေကြောင်း ပြသနေသည်
(E/NMarquessက ဒုတိယအမျိုးအစားသာသာပါ ရာထူးအရဆို Dukeနဲ့ တန်းတူမဟုတ်ပါဘူး)

'သေချာပေါက်ပဲ အခုအချိန်မှာ ထိပ်တန်းဒီဇိုင်းနာ Chanel ချုပ်လုပ်မဲ့ အလုပ်တစ်ခုရဲ့ကုန်ကျငွေက မတန်မဆ‌ပဲ'

အရည်အသွေးကောင်းတဲ့ဂါ၀န်တစ်ထည်ရဲ့ဈေးနှုန်းက ရထားလုံးအသေးလေးတစ်လုံးရဲ့ဈေးနဲ့ ညီမျှလေသည်
လုရှန် သူမအားပေးလိုက်သော ငွေပမာဏနှင့် တူညီသော ပမာဏပင်

ဒါကြောင့် သူမတွင် ကွန်ဖီးဒန့်ရှိလေသည်
ဒီဆိုင်ပိုင်ရှင်နဲ့ ကုန်ပစ္စည်းဖလှယ်တဲ့ပွဲမှာ အနိုင်ရနိုင်ကြောင်း ကွန်ဖီဒန့်ပင်

[ကျွန်မမပေးဘူး ဒါက ၀ယ်တာမဟုတ်ဘူး အပေးအယူ]
[ဘာ?]
[ဂါ၀န်အတွက် အလကားလုပ်ပေး အဲ့အစား ဂါ၀န်တစ်ခုလုံးရဲ့ဒီဇိုင်းကို ရှင့်လက်ထဲ ထည့်လိုက်မယ်]

Self-possessဖြစ်နေတဲ့ Chanelကတော့ တုန်လှုပ်နေခဲ့သည်

ပါနေးရား သူမချထားတဲ့ အားကောင်းသောငါးစာက ၀တ်စုံတစ်ထည်အလကားလုပ်ခိုင်းခြင်း၏ရိုင်းစိုင်းမှုက အပေးအယူကောင်းကောင်းတစ်ခုကနေယူဆောင်လာတဲ့ မျှော်လင့်ချက်ကြောင့် ဆေးကြောခံလိုက်ရသည်
Chanelရဲ့ စိတ်ကူးတွေနဲ့ အ၀တ်အစားကို သူတော်စင်၀တ်ထာမြင်ရမည် အခွင့်အရေးပင်

Chanel အချိန်ကြာကြာ စိတ်ထဲ၌  ဆုံးဖြတ်ချက်ချပြီးတဲ့နောက် သက်ပြင်းတစ်ခုချရင်း ခေါင်းညိမ့်ခဲ့သည်

[အိုခေ ကျွန်မ အပေးအယူလုပ်မယ်]
(MCရဲ့ ဉာဏ်ကောင်းမှုတွေ :3)
────── 〔〕──────

ဒါကတော့ သူတော်စင်ကို အ၀တ်တစ်ထည်၀ယ်ရန် သွေးဆောင်သည့် သူမရဲ့ ခမ်းနားလှတဲ့ စစ်ဆင်ရေးပင်

သူမ ဆိုဖာပေါ်ထိုင်ရင်း လက်ဖက်ရည် တငုံချင်းသောက်နေခဲ့သည်
အက်စတယ်လာက Chanelနှင့် အ၀တ်လဲခန်းထဲတွင် အတိုင်းအတာများယူနေသည်

ပိတ်ထားတဲ့တံခါးကိုကြည့်ရင်း သူမ ကောက်ကျစ်စွာကြည့်နေခဲ့သည် ထာ၀ရရှင်သန်သူလူလိမ်တစ်ယောက်လုပ်သလိုပင်

'ဆိုင်စီလာတဲ့ခရီးနဲ့ Chanelရဲ့ ဇာတ်ညွှန်းတွေက လုံး၀ကို သဘာ၀ကျကျပဲ ရှားပါးတဲ့အခွင့်အရေးတစ်ခုလို ငါအရာအားလုံးကို settingsချခဲ့ရတာ အက်စတယ်လာ Chanelကဘယ်သူလဲဆိုတာ သိခဲ့တယ်ဆိုရင်တောင်မှ ငါစီစဉ်ထားတယ်ဆိုတာ သူမသံသယဖြစ်မှာမဟုတ်ဘူး'

'ငါတော့ ကြီးမြတ်တဲ့ပြစ်မှုတစ်ခုကိုလုပ်ခဲ့တာပဲ hahahaha!'

စုန်းမတယောက်လို ကြက်မတွန်သံလိုလုပ်ပြီးတဲ့နောက်မှာ အက်စတယ်လာ အ၀တ်လဲခန်းမှထွက်လာသောကြောင့် သူမရဲ့ သံသယဖြစ်ဖွယ်အပြုံးကို ဖယ်ရှားလိုက်သည်

"ရှင် အတိုင်းအတာယူတာပြီးပြီလား"
"အင်း ဒီဇိုင်းနာက အရမ်းကို အသေးစိတ်တာပဲ မစ်နေးရားပြောသလိုပဲ သူက အတော်ကျွမ်းကျင်တယ်"

ဖက်ရှင်အကြောင်း ဘာဆိုဘာမှမသိတဲ့ အက်စတယ်လာလို တစ်စုံတစ်ယောက်ပင် Chanelရဲ့စကေးတွေကို မြင်နိုင်သည်
'ကောင်းပြီ အလွန်အမင်းကျွမ်းကျင်တဲ့သူကို မြို့နယ်များအားလုံးထဲမှာ ရှာတွေ့နိုင်တယ်'

သူမပြုံးလိုက်သည်
"ဒါဆို ကျွန်မ အတိုင်းအတာ သွားယူလိုက်အုမ်းမယ်"

"အိုခေ"
သူမ အ၀တ်လဲခန်းထဲသို့ ၀င်သွားခဲ့ပြီး ထွက်ခွါလာတဲ့ အက်စတယ်လာကတော့ သူမအ၀တ်တွေဖြန့်ရင်း ဆိုဖာပေါ်ထိုင်လိုက်သည်
ပြီးတော့ သူမမြင်လိုက်ရတာက...
"ရှင်ငိုနေတာလား"
Chanelက ကြမ်းပြင်ပေါ်တွင်ပင် သူမဒူးတွေတုန်လှုပ်ရင်း

Chanelသူမပါးစပ်ကို ကာထားရင်း သူမလက်တစ်ဖက်ကတော့ ပေကြိုးကို ကိုင်ထားဆဲပင် အသံတစ်ခုခု ထွက်လာမှာကို ကာကွယ်ရန်ပင်
မျက်ရည်ပူတွေ ကြည်ညိုမှုအပြည့်နှင့် သူမမျက်နှာပေါ် စီးဆင်းနေပြီး လေးစားစွာ ရေရွတ်နေခဲ့သည် မသိရင် အက်စတယ်လာက နတ်သက်ကြွေလာတဲ့ နတ်ဘုရားမ‌တယောက်လိုပင်

"အနီးကပ်ကြည့်တော့မှ သူမက ကျွန်မထင်ထားတာထက် ပိုအံအားသင့်ဖွယ်ကောင်းတဲ့ အလှလေးတစ်ယောက်ပဲ သူမအသားအရည်က ပျော့ပြောင်းပြီး ဖြူဖျော့တယ် အနာအဆာတစ်ခုတောင်မရှိဘူး သူမရဲ့ ပုံသဏ္ဌာန်က ပိန်ပါးပြီး ကျိုးလွယ်နေတဲ့ပုံစံလေး ပြီးတော့ သူမရဲ့ဆံပင်!ရွှေရောင်ကြိုးမျှင်လေးတွေလို သူမရဲ့ခြေချောင်းသေးသေးလေးတွေကတောင်မှ သန့်စင်တဲ့ စွမ်းအင်တွေဖြာထွက်နေတယ်" သူမလှည့်ပတ်ရင်း သူမရဲ့ခံစားချက်ကို ထိန်းချုပ်နေခဲ့သည်

"Inspirationဆိုတာက ကျွန်မအတွက်အရေးကြီးတယ် စာနာထောက်ထားမှု ကြော့ရှင်းမှု လှပမှု ပြီးတော့ ချစ်ခင်ဖွယ်ကောင်မှု ကျွန်မခံစားသိနိုင်တယ်"

Chanelကိုကြည့်ရတာ အ၀တ်လဲခန်းကနေ တဟုန်ထိုးထွက်သွားဖို့ အဆင့်သင့်ဖြစ်နေပြီး အက်စတယ်လာရဲ့ဂါ၀န်ကို ချက်ချင်း စတင်ချုပ်လုပ်ချင်ပုံပေါ်နေသည် Chanelကို ကမ္ဘာ့မြေဆီ ပြန်လည်ဆွဲချလိုက်သည်မှာ သူမအသံပင်ဖြစ်သည်

"ရှင် ကျွန်မရဲ့ အတိုင်းအတာတွေကိုလဲ ယူရအုမ်းမယ်လေ"
အတွင်းထဲမှာ ဒီဇိုင်းဝိဉာဏ်ကြောင့် တောက်လောင်နေသည့်မီးကို ဖိနှိပ်ရင်း Chanelကို ကြည့်ရတာ ၀မ်းနည်းနေပုံရသည် ဒါပေမဲ့ Chanel တွန့်ဆုတ်တွန့်ဆုတ်နှင့် ပါနေးရား‌ဆီလျှောက်လာပြီး စတင်တိုင်းတာတော့သည်

'တွေ့တဲ့အတိုင်းပဲ သူကအတော်ကျွမ်းကျင်တာပဲ'
(Views 1k‌ေကျာ်သွားပါပြီ🥺 ဘလူအာရဲ့ မကောင်းတကောင်းtranslationကို ဖတ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်)

Continue Reading

You'll Also Like

3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.2M 62.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
803K 32.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2.7M 92.4K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...