အငြိမ်းစားဗီလိန်မမှ အမြှောက်စ...
By Cup-Of-Luckiness
164K 21.6K 915
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More
Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)
RVTCF Chapter-(29)
2.8K 418 5
By Cup-Of-Luckiness
CHAPTER-(29)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်
"ဆယ်ကျော်သက်အရွယ်၊ သုံးဆယ်၊ ခုနှစ်ဆယ် မဟုတ်လည်း ရှစ်ဆယ်အထိနေသွားရလည်း ကိစ္စမရှိဘူး။ သမီးက ပျော်ပျော်ရွှင်ရွှင်ရှိနေဦးမှာ။ အနားယူချိန်မှာ သမီးကိုဖျော်ဖြေပေးမယ့် သူတွေလည်းရှိတယ်။
အိမ်ထောင်စုကို ခန့်ခွဲစရာမလိုတော့ ဘဝကြီးကသက်တောင်သက်သာနဲ့ သောကကင်းနေမှာ။ အခက်အခဲတွေအတူတူကျော်ဖြတ်ဖို့ ဆိုရင်တော့ ဘယ်သူ့ကိုမှ မလိုပါဘူး။ သမီးဘာသာ လုပ်နိုင်တယ်။
သမီးဘာသာအခက်အခဲတွေကို မကျော်ဖြတ်နိုင်ရင်တောင် သမီးပြသနာကိုဖြေရှင်းဖို့ ဘယ်သူ့အပေါ်မှမှီခိုတာ အကျိုးမရှိဘူး။"
မကြာခဏ စကားပြောကောင်းလေ့ရှိတဲ့ ဖန်ချင်းကသူ့သမီးအဆိုကို မချေပနိုင်ပါချေ။
သူမနဲ့သူမယောက်ျား;ချူတုံ့ချီတို့က ပျော်ရွှင်ချစ်ခင်တဲ့စုံတွဲတွေပေမယ့် သူတို့ရဲ့စီးပွားရေးနယ်ပယ်က စုံတွဲအများစုကတော့ ယိမိသားစုကစုံတွဲတွေနဲ့အလားတူသည်။
သူ့သမီးအဆိုတွေကို တွေးဆမိပြန်တော့ အိမ်ထောင်ပြုတယ်ဆိုတာ လောင်းကစားတစ်ခုလိုပဲ ဆိုတာသူမဝန်ခံပါသည်။ သူမလက်ထပ်လိုက်တဲ့သူက သူမအတွက်ပြီးပြည့်စုံတဲ့ အတွဲအဖက်ဆိုတာ ဘယ်သူမှအာမမခံနိုင်သလို သူမနဲ့သူမခင်ပွန်း အိုသွားတဲ့အထိ ပျော်ရွှင်ပြီး ချမ်းသာသုခရနိုင်မယ်လို့လည်း ဘယ်သူမှအာမမခံနိုင်ပေ။
ဒါပေမယ့်လည်း သူမသမီးဘာသာသူမကိုယ်တိုင်အတွက် စီစဥ်ထားတဲ့အစီအစဥ်နောက်ကိုလိုက်ရင် ဘဝတစ်သက်စာပျော်ရွှင်မှုအတွက် အာမခံချက်ရှိသွားပြီ မဟုတ်လား? သူမသမီးပျော်ရွှင်နေဖို့က သူမပန်းတိုင်ပဲဟုတ်ဘူးလား?
ချူရှောင်းကားကို ကုမ္ပဏီရဲ့မြေအောက်ကားပါကင်မှာ ထိုးလိုက်ကာ သူမနဲ့ဖန်ချင်းက အဆောက်အဦးရဲ့ ပထမအလွှာဆီကို ဦးတည်သွားကြသည်။ သူတို့ စာရွက်စာတမ်းတွေကို မျိုးတူစုပြီးတဲ့နောက် ကုမ္ပဏီရဲ့ဌာနအားလုံးက အကြီးအကဲတွေနဲ့ အစည်းအဝေးပွဲကိုကျင်းပခဲ့၏။
ချူရှောင်းက ဖန်ချင်နဲ့ရှောင်းဟန်ကြားက စကားဝိုင်းကိုအသေးစိတ်ကျကျ မှတ်တမ်းယူထားပြီးဖြစ်တာကြောင့် ဖတ်ရုံနဲ့တင်အသေးစိတ်အားလုံးကို ဖန်ချင်းကမှတ်မိနိုင်သည်။
ချူရှောင်းမှတ်ထားတဲ့ မှတ်စုတွေကသူမ ပရောဂျက်ရဲ့ဘယ်အပိုင်းနဲ့ ပိုအကျွမ်းတဝင်ရှိလဲဆိုတာ ဖန်ချင်းကောင်းကောင်း နားလည်နိုင်သည်။ အစည်းအဝေးပွဲအတွင်းမှာ ဖန်ချင်းကချူရှောင်းကို သူမနဲ့ပိုကျွမ်းဝင်တဲ့ အပိုင်းတွေကိုရှင်းပြခိုင်းသည်။
ချူရှောင်းမတ်တပ်ရပ်တဲ့အခါ ကုမ္ပဏီရဲ့ဌာနအသီးသီးက အကြီးအကဲတွေသိချင်လာခဲ့သည်က ခုမှကုမ္ပဏီကိုဝင်လာတဲ့ မမလေးကဘာများပြောမလဲဟု?
ဒါမဲ့ချူရှောင်းရဲ့ ရှင်းလင်းတဲ့ဖြေရှင်းချက်ကို ကြားအပြီး သူမအပေါ်သူတို့ရဲ့အပြုအမှုတွေ ချက်ချင်းပြောင်းလဲသွားကာ သူမရဲ့ရှင်းပြချက်ကို အသေးစိတ်နားထောင်
လေတော့သည်။
အစည်းအဝေးအတွင်း ချူရှောင်းကလူတိုင်းရှေ့မှာ သုံးကြိမ်ထွက်ပြောခဲ့၏။ သူမရဲ့လုပ်ကိုင်နိုင်စွမ်းကြောင့် လူတိုင်းကမှင်သက်နေမိပြီး သူမနဲ့တစ်ချို့သောအကြောင်းအရာတွေဆွေးနွေးဖို့ လက်ဦးမှုရလိုကြသည်။
သူတို့စိတ်ထဲမှာ ချူရှောင်းရဲ့ပုံရိပ်က ကောင်းမွန်စွာမြင့်တတ်လျက်....
အစည်းအဝေးပြီးတဲ့အခါ ချူရှောင်းဖန်ချင်းအတွက် ရနံ့သင်းသင်းလက်ဖက်ရည်တစ်ခွက် နှပ်ပေးလိုက်၏။ ဖန်ချင်းစာရွက်စာတမ်းတွေ မျိုးတူစုနေတာကိုပင် ကူလိုက်သေးသည်။ ခွတီးခွကျမှတ်စုပေါ်က နားလည်တဲ့အပိုင်းတွေအပေါ် သူမထင်မြင်ချက်ကိုပြောပြပြီး နားမလည်တဲ့အပိုင်းတွေအတွက် ရှင်းပြခိုင်းသည်။
ဖန်ချင်းလုံလုံလောက်လောက် အနားယူပြီးတဲ့အခါ ချူရှောင်းစုပေးထားတဲ့  စာရွက်စာတမ်းတွေ ဖတ်နေလိုက်သည်။ သူမရဲ့အလုပ် တစ်ဝက်လောက်ကို ချူရှောင်းက အပြီးသတ်ပြီးသွားပြီ။ သူမ မနေနိုင်ဘဲ သက်ပြင်းချမိသည်။
"သမီးတွေက မိဘတွေအတွက် ဝါဂွမ်းဂျာကင်လေးလို့ လူတွေပြောကြတာ မဆန်းပါဘူး။ သူတို့အသက် နှစ်ဆယ်ရောက်တာနဲ့ ပိုပြီးအရွယ်ရောက်ရင့်ကျက်လာသတဲ့။ သမီးဒီကိုရောက်လာပြီး အမေပိုပြီးစိတ်အပန်းပြေသွားတယ် ရှောင်းရှောင်းရေ။ သမီးအဖေ မနာလိုဖြစ်အောင် ဒါကိုဗီဒီယိုရိုက်ပြီး ပို့ပေးရမယ်!"
(E/N- ဝါဂွမ်းဂျာကင်လေး-ဝါဂွမ်းဂျာကင်တွေက ဆောင်းမှာမင်းကို နွေးထွေးစေတယ် ------> သားအမိကြားက ဆက်ဆံရေးလိုပဲ။ သမီးတွေက ဂရုစိုက်တယ်၊ နားလည်တတ်တယ်၊ မိဘတွေကိုကူညီပေးပြီး မိဘတွေနဲ့စိတ်ခံစားချက်တွေ ပိုပြီးဆက်သွယ်နိုင်တယ်ဆိုတာ ဥပမာပေးတာပါ >_<)
ဖန်ချင်း ဖုန်းကိုအမြန်ထုတ်ပြီး သူမခုံကိုဘယ်ညာရိုက်ရင်း ဗီဒီိယိုအတိုလေးတစ်ခုကို ရိုက်လိုက်၏။ ဖန်ချင်းပြောသည်။
"တုံ့Q ကျွန်မတို့ ရှောင်းရှောင်းလေး ဘယ်လောက်တောင်ချိုသာ ထောက်ထားတတ်လဲ မြင်ပြီလား? ဒီနေ့လည်း အလုပ်စောစော ဆင်းရပြန်ပြီ။ တစ်နှစ်နှစ်နှစ်အတွင်း ကျွန်မအနားယူလို့ ရပြီထင်ပါရဲ့။"
ချူရှောင်းအသီးစားနေရင်း ဆိုဖာပေါ်လှဲလိုက်သည်။ သူမ ပြောနေတုန်းမှာလည်း အတော်လေး ရယ်ချင်နေသည်။
"အမေ ဂရုစိုက်သင့်တယ်နော်။ အဖေပြန်ဘာရင် လက်ဆောင်ဝယ်မလာဘဲ နေလိမ့်မယ်။"
"သူလုပ်ရဲ မှာလား?! သူသာလက်ဆောင် ပါမလာရင်ဧည့်ခန်းထဲမှာ အိပ်နိုင်တယ်။"
ဖန်ချင်းပြုံးပြီး သူမဖုန်းကို သိမ်းထားလိုက်သည်။
14.5.2022💖
CHAPTER-(29)
လေတော့သည်။
ဖန်ချင်း ဖုန်းကိုအမြန်ထုတ်ပြီး သူမခုံကိုဘယ်ညာရိုက်ရင်း ဗီဒီိယိုအတိုလေးတဈခုကို ရိုက်လိုက်၏။ ဖန်ချင်းပြောသည်။
14.5.2022💖
Continue Reading
You'll Also Like
390K 59K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
850K 14.8K 12
"ငါ အိပ်​မက်​တစ်​ခု မက်​ခဲ့တယ်​... အတော်​ အတော့်​ကို ရှည်​တဲ့ အိပ်​မက်​... အချစ်​ဆိုတဲ့ အရာအကြောင်း အိပ်​မက်​..." "ငါ့ အိပ်​မက်​ထဲမှာ အဲ့ဒီ့လူဟာ အေ...
18.9K 1.9K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
637 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...