မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
By ma_roses_are_blue
92.1K 10.6K 167
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၁၇)
1K 142 2
By ma_roses_are_blue
ပါနေးရား ဆေးရုံစင်တာအား လာခဲ့သည့်တစ်ပတ်ကျော်အတွင်း အက်စတယ်လာနှင့် သူမ ပို၍ရင်းနှီးလာခဲ့သည်
အဆောက်အအုံခေါင်းမိုးထပ်မှာ မုန့်အတူတူ စားသည့်အထိ ရင်းနှီးလာခဲ့သည်
"မစ်နေးရား ရှင် အစားမစားနိုင်လောက်အောင်ကို အလုပ်ရှုပ်နေတာမလား တူတူစားရအောင်လေ"
ပါနေးရား နာမည်ပြောင်အား သဘာ၀ကျကျခေါ်နေသည့် အက်စတယ်လာက ပြုံးရင်း ပေါင်မုန့်တစ်ပိုင်းပေးလေသည်
ထိုပေါင်မုန့်က လွန်ခဲ့‌သောရက်အနည်းငယ်တုန်းက ကုသမှုလာခံယူတဲ့အမျိုးသမီးလုပ်ထားသော ပေါင်မုန့်ပင် သူမရဲ့ ကျေးဇူးတင်မှုကို ပြတဲ့အနေနဲ့ သူမကိုပေးချင်တာကြောင့်ပေ
အကြည့်တချက်နဲ့တင် ပေါင်မုန့်က ကြမ်းပြီး မာနေပုံပေါ်သည်
ပြီးတော့ အရသာကလဲ ပုံစံနှင့်တထပ်ထဲပင် ကျောက်တုံးအခဲကို ဝါးနေသလိုနှင့်တူလေသည်
'ဒါပေမဲ့ အရသာရှိနေဆဲပဲ တနေ့လုံးနီးပါး လှုပ်ရှားတာကြောင့် ငါခြေကုန်လက်ပန်းကျနေပြီ'
"ချွေးထွက်ပြီးမှ ပေါင်မုန့်စားရတာက အကောင်းဆုံးပဲ" သူမအသက်ရှုရင်း ရေရွှတ်လိုက်ပြီး မျက်လုံးများက အက်စတယ်လာနှင့်သွား‌ဆုံလေသည်
'ဟေး မစ်အမျိုးသမီးဇာတ်လိုက် ရှင် ကျွန်မကို  အခုလိုမျက်လုံးကြီးကြီးတောက်တောက်ပပနဲ့ ကြည့်နေတာ ကျွန်မ ပျာယာခတ်လာပြီ'
သူမချောင်းဟန့်လိုက်သည် မျက်နှာက အနည်းငယ်နီရင်းပင်
"ကျွန်မခန့်မှန်းမိတယ် ကျွန်မမှာ အထက်တန်းလွှာလေဒီတယောက်အနေနဲ့ သင့်လျော်တဲ့ ဂုဏ်သိက္ခာမရှိဘူးဆိုတာပဲ ရှိမယ်ထင်လား? ကျွန်မက ပေါင်မုန့်ကိုစွဲလန်းနေတဲ့ အမျိုးသမီးတယောက်ပဲ ကျွန်မ ရပ်တန့်မှာ...."
"အဲ့လိုမဟုတ်ပါဘူး ကျွန်မအထင်မှာတော့ ရှင်က amazingပဲ"
ပါနေးရားမျက်လုံးတွေ မထင်မှတ်ထားသောချီးကျူးစကားကြောင့် ကျယ်ကျယ်ပွင့်သွားခဲ့သည်
ပါနေးရားဖြစ်လာကထဲက သူမက အံဩစရာကောင်းတယ်လို့ တစုံတယောက်ကပြောတာ ဒါပထမဆုံးပင် လူတွေပြောကြတဲ့ သူမဘယ်လောက်ကြမ်းတမ်းကြောင်း သူမစိတ်က ဘယ်လိုကြောင်တောင်တောင်ဖြစ်နေကြောင်း သူမဘယ်လောက်ထူးဆန်းလာကြောင်းတွေသာ သူမ ကြားခဲ့ရသည်
အက်စတယ်လာ ပါနေးရားလက်ထဲက ပေါင်မုန့်အပိုင်းအစလေးကိုကြည့်ပြီး ရှင်းပြလာခဲ့သည် "အထက်တန်းလွှာအများစုက အခုလို ပေါင်မုန့်အမျိုးအစားမျိုး စားနေရင်း အခုလို ပျော်ရွှင်နေတာကို မပြတတ်ကြဘူး"
'အဲ့ဒါတော့မှန်တယ်' ဈေးအကြီးဆုံး အကောင်းဆုံး ပေါင်မုန့်ကိုသာ အထက်တန်းလွှာတွေရဲ့စားပွဲ‌ပေါ်မှာ တည်ခင်းကြသည်
"ပြီးတော့လဲ သူတို့အရင်င်ကမမြင်ဘူးတဲ့ လူကြီးတွေရှေ့မှာ ဘယ်တော့မှ မကကြ မသီဆိုကြဘူး"
'အက်စတယ်လာ, ငါက အထက်တန်းလွှာမဟုတ်ရင်တောင်မှ ငါကတော့ အဲ့လိုမျိုး ထပ်ပြီး မလုပ်ချင်တော့ဘူး ငါမှာ‌အခုလို အမည်ပျက်စရာ သမိုင်းကြောင်းရှိနေရတဲ့ အကြောင်းအရင်းက အဲ့အချိန်တုန်းက ဖယ်ရှားနေခဲ့တဲ့ ငါကြောင့်ပဲ' (အိုင်တော့ သိပ်မနားမလည်)
"ဒါကြောင့် ကျွန်မရှင့်ကိုသဘောကျတာ မစ်နေးရား"
အက်စတယ်လာ ညင်သာစွာပြုံးပြလိုက်ချိန် သူမနှလုံးက ပဲ့တင်ဖြစ်အောင်ထိုးနှက်‌ချက်နှင့်အတူ ခုန်နေခဲ့သည်
'ရှင် အခုလို ကျွန်မကို မတိုက်ခိုက်ခင် သတိလေးတော့ ကျေးဇူးပြုပြီး ကြိုပေးနိုင်ဘူးလား'
သူမအတွေးတွေ ထွက်ကျခါနီးဖြစ်တာကြောင့် သူမရဲ့ယိမ့်ထိုးနေတဲ့နှလုံးကို တည်‌ငြိမ်အောင် ကြိုးစားနေခဲ့သည်
"ကျေးဇူးတင်ပါတယ် ဒါနဲ့ အက်စတယ်လာ ရှင် လာမဲ့ရက်သတ္တပတ်အနည်းငယ်မှာ ကျင်းပမဲ့ အိမ့်ရှေ့စံမင်းသားရဲ့ မွေးနေ့ပွဲအခမ်းအနားကိုတတ်မယ်မလား"
"တတ်မှာလေ"
"ဘာ၀တ်မယ်လို့ ဆုံးဖြတ်ထားလဲ"
"ကျွန်မ ရှင့်စေ့စပ်ပွဲအခမ်းအနားမှာ၀တ်တဲ့ ဂါ၀န်ကို၀တ်မှာပေါ့"
သူမမျက်‌ရည်တွေတောင် လည်မိမတတ်ပင်
'မဟုတ်တာ ရှင် တကယ်အဲ့အ၀တ်အစားတွေပြန်၀တ်မလို့လား'
ထိုဂါ၀န်က အ၀တ်တွေကို အပိုင်းပိုင်းဖြဲပြီး ဆင်းရဲသားတွေလို ဇကာပေါက်တွေနှင့် လက်ရာပင် လွန်လွန်ကဲကဲ တန်ဆာဆင်ထားသောချုပ်ရိုး ဟာကွက်အများအပြားပါ၀င်လေသည်
အက်စတယ်လာအတွက် ထိုအ၀တ်အစားကို အခုလို၀တ်ဆင်တာက သာမန်ဖြစ်နေစဉ် တခြားသူ၀တ်ဆင်ပါက ထိုသူမှာ လွန်ခဲ့သော ရာစုနှစ်တစ်၀က်လောက်က အဘွား၀တ်ထားတဲ့အ၀တ်အစားကို ၀တ်လာတယ်ဟု၍  လှောင်ပြောင်ခံရမည်ပင်
သူမ ဂရုတစိုက်မေးလိုက်သည် "အဲ့ဒါက အရမ်း‌ခေတ်နောက်ကျနေတဲ့ ဂါ၀န်နဲ့ ဆင်နေတယ် ရှင် အသစ်တထည်၀ယ်ဖို့ စဉ်းစားမထားဖူးလား?"
"ဟင့်အင်း မတွေးဖူးဘူး" သူမခိုင်ခိုင်မာမာဖြေလာခဲ့သည်
"ဘာလို့လဲ ရှင်ပွဲကို သွားတဲ့အချိန်ကတောင် အတော်ကြာနေပြီ လှပတဲ့တစ်စုံကို ၀တ်တာ ပိုကောင်းလိမ့်မယ်"
"အဲ့လိုအမျိုးအစားဂါ၀န်မျိုး၀တ်ဖို့ကျ သူတော်စင်မိန်းကလေးတယောက်အနေနဲ့ မသင့်တော်ဘူး"
"ဒီကမ္ဘာပေါ်မှာ ဒီလိုရူးကြောင်ကြောင်စကားမျိုးပေါ်တာဘယ်သူလဲ"
အက်စတယ်လာ မျက်ခုံးတွေကို အောက်ချရင်း ဆက်ပြောလာလဲ့သည်
"လူအများကြီးပဲ ကျွန်မငယ်ငယ်တုန်းက အဲ့ဒါနဲ့ပတ်သတ်ပြီး အရမ်းစိတ်တိုခဲ့တာ ဒါပေမဲ့ အခုတော့ ကျွန်မနားလည်သွားပြီ ပေါင်မုန့်အပိုင်းအစလေးကိုတောင် စားဖို့မတတ်နိုင်တဲ့လူတွေရှိသေးတယ် သူတော်စင်တယောက်က အ၀တ်လှလှတွေ၀တ်ပြီး ပွဲတွေလိုက်တတ်နေရင် သူတို့ ဘယ်လိုထင်မြင်သွားကြမလဲ"
ဒါတွေကြောင့် သူမကို အ၀တ်အထည်အသစ်၀ယ်ပေးဖို့ မလွယ်ကူပေ အက်စတယ်လာရဲ့ အ၀တ်ဗီဒိုကြီး သူတော်စင်တယောက်ရဲ့ တာ၀န်သိတတ်မှုနှင့် စဉ်းစားတွေးခေါ်မှုတို့နှင့် ချည်နှောင်ခံထားရသည်
'ဘယ်လိုနေနေ ငါ၀င်ပါမှရတော့မယ်'
အက်စတယ်လာကို ကူညီဖို့ဆုံးဖြတ်ပြီးနောက် သူမ ခက်ခက်ခဲခဲနှင့် အချိန်ကြာကြာတွေးယူလိုက်ရသည်
'အက်စတယ်လာ လက်ခံအောင် ငါဘယ်လိုပြောရမလဲ'
"ကျွန်မ ရှင့်ကို လှအောင်လုပ်ပေးချင်လို့"ဆိုပြီးတော့ ပြောရင်လဲ အလုပ်ဖြစ်မည်မဟုတ်ပေ
'‌ဒါပေမဲ့ ဒီလိုဆိုဘယ်လိုနေလဲ'
သူမပခုံးကို နှိမ့်ထားပြီး ခပ်မှိုင်းမှိုင်းမျက်နှာထားနှင့် တိုးတိုးလေးရေရွတ်လိုက်သည်
"ကျွန်မသိပြီ ကျွန်မနဲ့ ဆင်တူ friendship ဂါ၀န်၀တ်ဖို့က ခက်ခဲ့လိမ့်မယ်ဆိုတာ"
“Friendship dresses?”
"ဟုတ်တယ် ငယ်ရွယ်တဲ့အထက်တန်းလွှာတွေအကြား trendတစ်ခုလေ အခင်ဆုံးသူငယ်ချင်းတွေ အရောင်တူ စတိုင်တူ ချူပ်ထားတဲ့ အ၀တ်တွေ၀တ်ကြတာလေ အဲ့ဒါကို ရှင်နဲ့ တကယ်လုပ်ချင်တာ"
“…”
"အဲ့ဒါက မဖြစ်နိုင်‌ေတာ့ဘူးလေ ဟုတ်တယ်မလား"
သူမမျက်နှာ၌ စိတ်ပျက်မှူအပြည့်နှင့် လက်ကို ဝေ့ယမ်းလိုက်သည်
"ကျွန်မကို စိတ်ပူမနေပါနဲ့ အက်စတယ်လာကို ‌၀န်လေးအောင်မလုပ်ချင်ဘူး"
'လိမ်နေတာ အဓိပ္ပာယ်ကတော့ သူမကို ဖိအား‌ေပးနေတာ'
'ဒါကြောင့်မို့ ငါးစာကို ကိုက်လိုက်တော့'
အတွင်းထဲတွင်တွေးနေရင်း သူမမျက်လုံးတွေကို အောက်စိုက်ထားသည် အက်စတယ်လာ တခဏလောက် ဘာမှပြောမလာပေ
သူမ တတ်နိုင်သလောက် သနားချင်စဖွယ်ဖြစ်အောင်လုပ်ရင်း ကြည့်လိုက်သည်
တခဏကြာပြီးနောက် အက်စတယ်လာ၏ အသံသေးသေးလေး ကြားခဲ့ရသည်
"ကောင်းပြီ ဈေးပေါတဲ့အ၀တ်အစားတို အဆင်ပြေတယ်မလား"
သူမ ခေါင်းကို‌ရုတ်တရက်မြင့်လိုက်ပြီး "တကယ်လား"
"ဟုတ်တယ် မစ်နေးရားပြောသလိုပဲ ကျွန်မမှာရှိတဲ့ဂါ၀န်က တအားဟောင်းနေပြီ"
"အာ ကျွန်မအရမ်းပျော်တာပဲ"
သူမလက်တွေကိုအက်စတယ်လာလက်တွေနှင့်ရစ်ပတ်ထားသည် အက်စတယ်လာ သူမရဲ့ပျော်ရွှင်မှုတွေကို မြင်သလို ပျော်ရွှင်စွာ ပြုံးပြလာခဲ့သည်
ဒါကတော့ အက်စတယ်လာကို လှလှပပ၀တ်ဆင်ပေးဖို့ လုပ်ဆောင်ခြင်း စစ်ဆင်ရေးပင်
'သူငယ်ချင်း!'
────── 〔〕 ──────
"ကျွန်မရဲ့လေဒီ ဒီနေ့ဘာလို့ ဂါဝန်၀တ်ထားတာလဲ ဒီနေ့လဲ ပန်း‌ခင်းမှန်လုံအိမ်ကို သွားမှာမဟုတ်ဘူးလား" အန်နီ‌ေမးလာခဲ့သည် အန်နီ အ၀တ်လဲတာကိုကူရင်း ပါနေးရားရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်တွေးနေခဲ့သည်
"မဟုတ်ဘူး ဒီနေ့ တခြား ချိန်းဆိုထားတာရှိတယ်"
အန်နီရဲ့မျက်နှာက သူမစကားတွေကြားတော့ တောက်ပလာခဲ့သည်
အန်နီတယောက် ပါနေးရားရဲ့ လာဗင်ဒါ ဆံပင်လိမ်တွေကို ဖြီးပေးရင်း သူမလုပ်နိုင်သလောက် စကားပြောပေးနေခဲ့သည် "စိတ်သက်သာသွားတာပဲ လေဒီ အဲ့နေရာကိုသွားတိုင်း အန္တရာယ်ရှိတာတစ်ခုခု ဖြစ်မှာကို ကျွန်မအမြဲစိတ်ပူနေရတာ လေဒီ ပြန်လာတဲ့အချိန်တိုင်း အမြဲတမ်းလိုလို အားအင်လျော့နည်းပြီး  ခြေကုန်လက်ပန်းကျဖြစ်နေတာ ဒါဆို အဲ့နေရာကို ထပ်ပြီးမသွားတော့ဘူးပေါ့"
ပန်းခင်းမှန်လုံအိမ်၌ ကူညီနေခဲ့သည်မှာ တစ်ပတ်ပင်ရှိပြီဖြစ်သည်
ဒါပေမဲ့ အခု အဲ့နေရာကို ထပ်သွားဖို့ အကြောင်းပြချက်မရှိတော့ပေ သူမရဲ့ပန်းတိုင် အက်စတယ်လာနဲ့ သူမ အခြေခိုင်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်မယ်ဆိုတာကလဲ ပြည့်စုံသွားပြီဖြစ်သည်
'ဒါပေမဲ့...'
[မစ်နေးရား]
ပါနေးရားရောက်ရှိတိုင်း ပါပီတကောင်လို နှုတ်ဆက်တတ်တဲ့ စိတ်လှုပ်ရှားနေတဲ့ အက်စတယ်လာရဲ့ မျက်နှာကိုပြန်တွေးရင်း သူမစိတ်ပြောင်းလိုက်မိသည်
"ငါ အဲ့ကို အချိန်ရှိတိုင်းသွားမှာ"
"ဟမ်?"
အန်နီကိုကြည့်ရတာ သူမပြောတဲ့အရာကြောင့် ငိုတော့မည်ပုံပင်
'အန်နီ ငါသိတယ် ငါအကြောင်း နင်စိတ်ပူနေတယ်ဆိုတာ။ ဒါပေမဲ့...'
"ဒါပေမဲ့ ဒိကမ္ဘာပေါ်မှာ အက်စတယ်လာဆီကနေ နွေးထွေးတဲ့ နှုတ်ဆက်စကားကြားရတယ်ဆိုတဲ့ လူ‌တယောက်မှမရှိဘူး ပြီးတော့ အဲ့ဒါကလဲ တစ်ဦးတယောက်ထဲ"
ဿူမအပြုံးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ
အန်နီ သူမပြောတာတွေကို ပြန်မတုန့်ပြန်ဘဲ ထို့အစား ရည်မွန်သောအပြုံးတစ်ခု လုပ်ပြုံးလိုက်သည်
အန်နီက သူမရဲအဓိပ္ပာယ်မရှိတာတွေကို လျစ်လျူရှုတတ်ဖို့ မြန်ဆန်စွာ ကြီးပျင်း တိုးတတ်လာခဲ့သည်
"အို ကျွန်မရဲ့လေဒီ အရှင်ကာဒီယမ်နဲ့ အဆက်အသွယ်လုပ်ဖြစ်လား"
ကာဒီယမ် ဆိုတဲ့ စကားလုံး အန်နီ ပါးစပ်ထဲက ထွက်လာတဲ့အခိုက်အတန့် သီချင်းညည်းနေတာရပ်သွားခဲ့သည်
သူမခုံပေါ်သို့ မှီရင်း မျက်လုံးတွေလည်မိပြီး စာတွေနဲ့ပြည့်နေတဲ့ စားပွဲကိုကြည့်လိုက်သည်
ငွေမင်ရောင်ခေါင်လောင်းနှင့်ဓားပုံစံ တံဆိပ်ခေါင်းနှင့် တပတ်အတွင်း လုရှန်ပို့သောစာများဖြစ်သည်
ပြောရရင် စာတစောင်ဆိုရင်တောင်မှ အရေအတွက်သိပ်မများပေ
သူမရွေးချယ်စရာမရှိပဲ သူ့စာကို ပြန်လိုက်သည် "No မရဘူး"
"ဘာလို့ အရှင်ကာဒီယမ်နဲ့တွေ့ဖို့ အချိန်တစ်ခုလောက်မယူတာလဲ သူက လေဒီနဲ့ အရေးတကြီးတွေ့စရာရှိလို့နေမှာပေါ့ သူက နှစ်ရက်ကို စာတစောင်ပို့နေကြ"
'သေချာတာပေါ့ သူကို အချိန်တိုင်းငြင်းနေရတာ စိတ်မသက်သာဘူး'
'ဒါပေမဲ့ ငါကမှ သူကိုမတွေ့ချင်တာ'
အကြောင်းပြချက်တစ်ခုက တစုံတယောက်က အက်စတယ်လာနဲ့ တိတ်တခိုး သွားတွေနေခြင်းအတွက် နာကျင်အောင်လုပ်နေတာဖြစ်ပြီး တခြားတခုက သူဘာကြောင့် တွေ့ချင်သည်ဆိုတာ သူမမှန်းနိုင်သည်
"၀တ္ထုရှည်ကြီးထဲ တကယ်ကို အာရုံစူးစိုက်ထားရတာ ဒါက အခုနောက်ပိုင်း အဲ့ဒါက ကျွန်မကို စိတ်အနှောက်အယှက်ပေးနေတယ် အရှင်ကာဒီယမ်နားလည်မှာပါ"
ဘာနေနေ အရေးကြီးဆုံးအရာက ဒီနေ့ ချိန်းဆိုမှုပဲ
သူမကိုယ်သူမမှန်ထဲကြည့်နေလိုက်သည် အဝါဖျော့ဖျော့ ဂါ၀န်ကို လှပတဲ့ပန်းတွေနဲ့ ဆင်မြန်းထားလေသည် သူမရဲ့ မြစိမ်းရောင် မျက်လုံးတွေက  ခရမ်းရောင်အိုင်းရှဲဒိုးကြောင့် ထင်းနေသည်
ဗြောင်အ၀တ်အစားတွေ ရက်အနည်းငယ်လောက်၀တ်ပြီးတဲ့နောက် အခုလို စွဲမတ်စရာကောင်းတဲ့ အ၀တ်အစားနှင့် အချိန်အကြာကြီးနေပြီးမှ ပြန်မြင်ရတာ စိတ်ချမ်းသာစရာကောင်းလေသည်
သူမ စိတ်ကျေနပ်စွာ အခန်းက ထွက်သွားတော့သည်
"ငါပြန်လာခဲ့မယ်"
ဒါပေမဲ့ သူမထွက်ခွာပြီး တစ်စက္ကန့်အတိလောက်မှာ သူမ နောက်ဆုတ်ပြီး အခန်းထဲသို့ ပြန်၀င်လာခဲ့သည်
"ဘာဖြစ်လို့လဲ မစ်"
သူမ အန်နီရဲ့စကားကို ပြန်မဖြေနိုင်ပဲ ထပ်ပြီးနောက်ဆုတ်လိုက်သည်
သူမအရှေ့မှာတော့ ဒီနေ့ ဖျက်ခနဲအကြည့်တစ်ချက်တောင် ဘယ်တော့မှ မပေးချင်သည့် ထိုယောကျာ်း လုရှန်ပင်
တ‌ပတ်လောက်မတွေ့ဖြစ်တဲ့နောက် သူကတော့အရင်‌လို ချောမောမြဲ ချောမောဆဲပင် သူမရဲ့အသိတရားမှာ ထိုးဆွနေတဲ့အရာက သန့်စင်မှုနှင့် သူ့အလှတရားအကြောင်းတို့သာ ရှိသည်
သူကိုတောင်နှုတ်ဆက်ဖို့ တအားပျင်းနေသည့် သူမအား လုရှန်ပြောလေသည် "ကိုယ်ကြားတာကတော့ မင်း အရမ်းစိတ်၀င်စားစရာကောင်းတဲ့ ၀တ္ထုတစ်ပုဒ်စဖတ်နေလို့ အခန်းထဲကတောင်မထွက်နိုင်ဘူးဆို ဒါပေမဲ့ ဒီနေ့ရော မဖတ်တော့ဘူးလား"
'သူက ပုံမှန်မဟုတ်တာ မပြောပါဘူး ဒါပေမဲ့ ငါဘာလို့ ကြောက်စရာကောင်းတယ်လို့ခံစားနေရတာလဲ'
သူမလက်သီးကိုတင်းတင်းဆုတ်ရင်း
'မကြောက်နဲ့ ပါနေးရား လုရှန်က အက်စတယ်လာသာမပါ၀င်ရင် အလွန်အမင်းကို သာမန်ဆန်တဲ့ လူတစ်ယောက်ပဲ အနည်းဆုံးတော့ သူ နင်ကို မရိုက်လောက်ပါဘူး'
မျက်နှာအမူအယာကို ပြင်လိုက်သည် ယုံကြည်ချက်အပြည့်နှင့်ပင် အဆိုးဆုံးမဖြစ်ခဲ့သလို သူမကြည့်လိုက်သည်
"ဟုတ်တယ်လေ ကျွန်မမှာချိန်းဆိုချက်တစ်ခုရှိလို့ သွားမလို့ ဒါပေမဲ့အရှင်ကာဒီယမ် ရှင် အသိပေးချက်တစ်ခုမှမလုပ်ပဲလာတာက..."
သူဆီ ခြေတလှမ်းလှမ်းလိုက်ပြီး အသံတိုးတိုးလေးပြောလိုက်သည် ထိုအရာက အန်နီကြားရန်မသင့်တော်သောကြောင့်ပင်
"ကျွန်မပိုက်ဆံပြန်မပေးမှာ ကြောက်နေတာလား"
"ဟမ်"
လုရှန်မျက်လုံးတွေပြူးကျယ်လာခဲ့သည်
သူ့အနားချဉ်းကပ်ရင်း မြန်မြန်ပြောလိုက်သည်
"ကျွန်မကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး ကျွန်မ အချိန်မှီပြန်မပေးနိုင်ရင် မူလချေးငွေရဲ့ ဆယ်ဆပြန်ပေးမယ်လို့ စာချုပ်ထဲမှာ ရေးထားခဲ့တာလေ"
ဒီစည်းမျဉ်းက ကိုယ်ပိုင်ချို့ယွင်းချက်တွေအတွက် ဓားစာခံရှာနေကြ လူတွေအတွက်ပါ မမျှမတဖြစ်တယ်လို့ဆိုလိုပေသည်
[ဒီအဓိပ္ပာယ်က ကိုယ်အမှားကိုယ်၀န်မခံပဲ ဆင်ခြေတွေပေးနေတတ်တဲ့လူတွေအကြောင်းလို့ ဆိုလိုပါတယ်]
သူကတော့ ပြန်ပေးဖို့ပြောမှာမဟုတ်ပေမဲ့ အခု သူမရဲ့ရိုးသားမှုကိုပြရန်ပြောဆိုနေရင်းပင်
'အက်စတယ်လာကို အ၀တ်အစား ဖိနပ် လည်ဆွဲ၀ယ်ပေးဖို့ရှိတယ် ရှင်အခု ချေးထားတာအားလုံး ပြန်ပေးဖို့ပြောရင်တောင်မဖြစ်နိုင်တော့ဘ'
'ဒါပေမဲ့ သူ့အမူအရာက ထူးဆန်းတယ်'
'အို ဟုတ်ပြီ That happened'ဟူ၍ပင်
"အဲ့ဒါအတွက် ရှင်ဒီကိုရောက်လာတာမဟုတ်ဘူးးပေါ့"
"အင်း"
"ဒါဆို ဒီကိုဘာလို့လာတာလဲ"
'တခြား‌ထက် သူမကို အသိမပေးဘဲ ဘာကြောင့်လာရတာလဲ'
Continue Reading
You'll Also Like
2.1M 242K 188
3M 210K 67
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.9M 117K 74
စစ်မှန်သော ချစ်ခြင်းတရားကိုသာ လိုချင်မိပါ၏။