မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၁၆)

1K 137 4
By ma_roses_are_blue

"ရှင်ပြောတာသေချာသလောက်မှန်တယ် ဒီလူနာတွေခံစားရတဲ့အတွေ့အကြုံက သာမန်ဆေးရုံကလူနာတွေထက် ပိုဆိုးတယ်"
အက်စတယ်လာအကြည့်က ဆေးရုံထဲမှလူနာတွေဆီမှာ အနားပေးနေခဲ့သည် လဲနေကြသောလူနာအားလုံးက ပုံစံအမျိုးမျိုးနှင့်ကြောက်စရာကောင်းနေခဲ့သည်
လက်နှစ်ဖက်မရှိတော့တဲ့ယောကျာ်းတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ဒဏ်ရာတွေနဲ့အမျိုးသမီးတယောက် မျက်လုံးတစ်ဖက်မှာပတ်တီးစည်းထားရတဲ့ ပိန်ညောင်ညောင်ကလေးငယ်တစ်ယောက်

လူတယောက်ဆင်းရဲလေလေ ဘ၀နေထိုင်ဖို့ပိုခက်လေလေ အမြဲ စွန့်စားနေရလေလေ ဒါကြောင့် သူတို့ဒဏ်ရာတွေအားလုံးက ဆိုးရွားနေသည်ပင်
အက်စတယ်လာရဲ့အပြာရောင်မျက်လုံးတွေက သူတို့အတွက် နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းကြေကွဲနေလေသည်

"ကျွန်မဆုတောင်းမိတယ် ဒီမှာရှိနေတဲ့ သူတို့အားလုံးကိုကုသဖို့ ကျွန်မမှာ စွမ်းအားအလုံအလောက်ရှိပါစေလို့ပေါ့"

အက်စတယ်လာမှာ နတ်ဘုရားရဲ့စွမ်းအားတွေနဲ့ လူတွေကိုကုသနိုင်တဲ့ စွမ်းရည်ရှိပေမဲ့ ထိုစွမ်းအားမှာလဲ အကန့်အသတ်များစွာ ရှိပေသည်
သူမစွမ်းအား တစ်ခါအသုံးပြုပြီးတာနှင့် ထိုစွမ်းအားတွေပြန်နိုးထလာဖို့ အချိန်တစ်ပတ်လောက်ကြာလေသည်
ဒါတွေကြောင့် အက်စတယ်လာက သူမရဲ့စွမ်းအားများကို အသက်ကိုခြိမ်းခြောက်နေတဲ့အရေးပေါ်အခြေအနေမဟုတ်မချင်း ထုတ်မ‌သုံးပေ

ထိုအစား ဆေးပညာကို  နှစ်တွေအကြာကြီးလေ့လာပြီး ထိုပညာနှင့် လူတွေကိုကူညီသည်
အက်စတယ်လာကိုကြည့်ရတာ ထိုအကြောင်း‌လစ်ဟင်းမှုကြောင့် နောင်တရနေပုံပေါ်သည် ဒါပေမဲ့ ပါနေးရားအတွက်တော့ သူမက amazing ပင်

'သူမ ဘာလို့ဒီလိုဖြစ်နေရတာလဲ'
'ဖြစ်နိုင်တာက သူမက သူတော်စင်ဖြစ်နေတာကြောင့် ဒါမှမဟုတ် သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်နေတာကြောင့်'
'သူမ ထိုလူတွေအပေါ် ဘယ်လောက်တောင် ပေးအပ်မြှုပ်နှံထားရတာလဲ'

အက်စတယ်လာကသာ သူမအား သူတော်စင်တယောက်ရဲ့စွမ်းအားကို လွှဲပြောင်းပေးပြီး ဇာတ်လိုက်တယောက်လုပ်ပြီး အက်စတယ်လာကဲ့သို့ နေထိုင်ပါဟုပြောလာခဲ့ရင်တောင်မှ ဒါမဖြစ်နိုင်ပေ
နာမည်ပင်မသိသောထိုလူများအပေါ် သူမရဲ့ငယ်ရွှယ်မှုရော ခွန်အားကိုရော မြှုတ်နှံထားဖို့က တအားရက်စက်လွန်းပေသည်

ထိုအချိန်မှာပဲ သူတို့အကြည့်ချင်းဆုံမိသွားကြသည်
"ရှင် ကျွန်မကို ပြောချင်တာတစ်ခုခုရှိလို့လား"
အက်စတယ်လာ သူမရဲ့လုံး၀န်းသောမျက်လုံးတွေကိုဖွင့်ပြီး ခေါင်းကို စောင်းလိုက်သောအချိန်၌

"အားးးးးးးးးးးးးး"

ထိတ်လန့်စရာအသံတစ်ခု အဆောက်အအုံအတွင်း ပဲ့တင်သံထပ်သွားခဲ့သည်
အံဩစွာနှင့် အက်စတယ်လာနှင့် သူမ အသံလာရာသို့ ပြေးသွားခဲ့သည်

လူနာထမ်းဆက်ပေါ်က ယောကျာ်းကိုမြင်လိုက်သော အခိုက်အတန့်၌ သူမမျက်ခုံးများပင် တွန့်သွားခဲ့သည်
သူရဲ့ပုံစံက ကြောက်စရာကောင်းနေခဲ့သည်

ခြေထောက်တစ်ဖက်က လုံး၀ကိုကြေမွနေပြီး ကျန်တစ်ဖက်ကလဲ ဆိုးရွားစွာကွေးနေခဲ့သည်
ထိုယောကျာ်းဆီချည်းကပ်ရင်း အက်စတယ်လာအော်လိုက်သည်

"သူအခြေအနေက စိုးရိမ်ဖွယ်ရှိတယ် သူကို အိပ်ရာပေါ် အခု ရွေ့လိုက်"

အဲ့အချိန်မှာပဲ အော်ဟစ်နေတဲ့ထိုယောကျာ်းက အက်စတယ်လာဆီလှည့်လာခဲ့သည် အက်စတယ်လာအားမြင်မြင်ချင်း သူမျက်လုံးများပြောင်းလဲသွားခဲ့သည်

"သူတော်စင် မင်းကသူတော်စင် ဟုတ်တယ်မလား"
"အင်း ဟုတ်ပါတယ်"

ထိုလူ သံသယများပျောကကင်းစေရန် အက်စတယ်လာ ညင်သာသောအသံနှင့် ဖြေလိုက်သည်

"အို သူတော်စင်"
ထိုယောကျာ်းမျက်လုံးများက ကယ်တင်ရှင်အားတွေ့လိုက်သလို ၀င်းလတ်လာခဲ့သည် ထို့နောက် သူ အက်စတယ်လာလက်တွေကို လှမ်းဆွဲလိုက်သည်

"သူ သူတော်စင် ကျေးဇူးပြုပြီး ကျွန်တော့်ကို နတ်ဘုရားရဲ့ စွမ်းအားတွေနဲ့ ကုသပေးပါ ကျွန်တော်အခုလိုသာ ဆက်နေရင် ကျွန်တော့်ခြေနှစ်ဖက်လုံးဆုံးရှုံးရလိမ့်မယ်"
အက်စတယ်လာမျက်လုံးများက ကြမ်းကြမ်းတမ်းတမ်းညှိနှိုင်းနေသောနေရာ၌ ယိမ်းယိုင်နေခဲ့သည် သို့သော်လည်း အက်စတယ်လာခံစားချက်တွေကို အစဉ်လိုက်ဖြစ်အောင်လုပ်ရင်း ငြိမ်သက်စွာပြောလိုက်လေသည်

"ကျွန်မတောင်းပန်ပါတယ် အခုအချိန်မှာ ကျွန်မ နတ်ဘုရားရဲ့စွမ်းအားကို အသုံးပြုဖို့ မတတ်နိုင်သေးဘူး ဒါပေမဲ့ ကျွန်မ ရှင့်ကိုကုသမှုပေးဖို့ ဘုန်းတော်ကြီးတွေနဲ့ အကောင်းဆုံးကြိုးစားပေးမှာပါ"
ဒါပေမဲ့ ထိုယောကျာ်းက သူပြည့်ပြည့်၀၀ပြန်ကောင်းလာမဲ့ တခုထဲသောနည်းလမ်းကို အလျော့မပေးသေးပေ

ထိုယောကျာ်း အက်စတယ်လာလက်တွေကို ခိုင်မြဲစွာဆုတ်ကိုင်ဖို့ရာ အားထပ်ထည့်ရင်း အော်လိုက်‌သည် "မင်းလဲသိတာပဲ သာမန်ကုသမှုက အသုံးမ၀င်တော့ဖူး ငါခြေထောက်တွေက ကြေမွနေပြီးသားဖြစ်နေပြီ"
နားထောင်ရသူတစ်ဖက်သားအတွက် စိတ်ညစ်စရာငိုကြွေးခြင်းတစ်ခုပင်

ဒါပေမဲ့ အက်စတယ်လာအဖြေက ဆုံးဖြတ်ပြီးသားဖြစ်နေပြီး ကြောက်ရွံသောမျက်နှာနှင့် ပြန်ဖြေလိုက်သည် "ကျွန်မတောင်းပန်ပါတယ်"
အက်စတယ်လာနှင့် ဘုန်းတော်ကြီးများက ထိုသူအား နှစ်သိမ့်ရင်း ကုသမှုလုပ်ဖို့‌ကြိုးစားလေသည်
ထိုသူက စူးစူးဝါးဝါးအော်ရင်း အက်စတယ်လာက ရောဂါပိုးမွှားသယ်လာသလို အ‌ဝေးကိုတွန်းထုတ်ပစ်လေသည်

"မင်းရဲ့စွမ်းအားကို နတ်ဘုရားကပေးထားတာက ငါလို လူကို ကုသဖို့ အခုချက်ချင်း ကုသပေး ငါအခုလို မသန်မစွမ်းဖြစ်သွားရင် ငါ့မိသားစုက သေလောက်အောင် ဆာလောင်နေရမှာ"
ထိုသူ့မျက်နှာမျက်‌ရည်တွေစီးကျရင်း အသနားခံနေသည်ကိုမြင်ရတော့ ၀မ်းနည်းစရာကောင်းပေသည်

'ဒါပေမဲ့ ဒါကမှားနေတာ မဟုတ်ဘူးလား'
'ဘာကြောင့် အက်စတယ်လာက သူမကသာအပြစ်ကျူးလွန်ထားသလို ပုံစံနဲ့ ထိုစကားတွေနားထောင်နေရတာလဲ'
'ဘာလို့ တခြားဘုန်းတ်ောကြီးတွေကလဲ နားထောင်နေရတာလဲ?'

သူတော်စင်အပေါ် တာ၀န်ယူမှုအားလုံး ပုံချထားသလိုပင်
သူမရဲ့အစာအိမ်မှာ ဒေါသထွက်လွန်းလို့ ပူလောင်လာခဲ့သည်
သူမကိုယ်သူမမထိန်းနိုင်တော့ပဲ မပြောသင့်သော စကားများပင် ပြောလိုက်သေးသည်

"ရှင်ဆီမှာ သူတော်စင်က ပိုက်ဆံအကြွေးတင်ထားတာလား"
"ဘာကိုလဲ"

ထိုယောကျာ်းက မျက်မှောင်ကြုတ်ရင်း သူမ၏ဒေါသထွက်နေသောအသံရှိရာသို့ လှည့်လာခဲ့သည် အက်စတယ်လာနှင့်ဘုန်းတော်ကြီးများကလဲ သူတို့အကြည့်ကို သူမဆီရွေ့လာခဲ့သည်
သူမ ထိုယောကျာ်းကို လျင်မြန်စွာပြောလိုက်သည်

"ကျွန်မထင်တယ် ဒီမှာရှင်တစ်ခုခုတော့ နားလည်မှု လွဲနေပြီ သူတော်စင်က ရှင့်ရဲ့ကြေမွနေတဲ့ ခြေထောက်တွေကို ကုသပေးဖို့က သူမရဲ့တာ၀န်မဟုတ်ဘူး ဒါပေမဲ့ စေတနာအလျောက်ကူညီမှုရဲ့ အလွန်ကိုရောက်နေပြီ ဒါက သူမလုပ်ကိုလုပ်ပေးရမဲ့တာ၀န်မရှိဘူး ကျွန်မပြောချင်တာက ရှင့်အတွက် သူမကလုပ်ကိုလုပ်ပေးရမယ်ဆိုတာမျိုးမဟုတ်ဘူး"
သူမမျက်နှာပေါ်မှာ မုန်းစရာအကောင်းဆုံးအမူအရာနှင့်ဆက်ပြီးပြောလေသည်

"ဒီလိုအခွင့်အရေးကောင်းကောင်းကို တိတ်တဆိတ် လက်ခံမယ်လို့မတွေးထားဘူးဆိုရင် ဘာလို့ ပါးစပ်ကို ပိတ်မနေတာလဲ"
ထိုယောကျာ်းမျက်နှာက သူမ၏မသာမယာမှတ်ချက်၌ ဖြူဖျော့သွားတော့သည် ထိုသူက အက်စတယ်လာနှင့် ဘုန်းတော်ကြီးများအား ရှုပ်ထွေးစွာကြည့်နေသည်
"ဘာ ဘာ ဒီအမျိုးသမီး ဘာတွေပြောနေတာလဲ ငါကလူနာလေ"

အက်စတယ်လာနှင့် ဘုန်းတော်ကြီးတွေ ပြန်မဖြေခင် သူမအရင်ပြောလိုက်သည်
"ရှင်တို့အားလုံး ဘာလုပ်နေကြတာလဲ သူပြောနေတယ်လေ သူက ကုသမှုမခံယူချင်ဘူးလို့ ဒါကြောင့် သူကို သွားခွင့်ပေးလိုက်တော့"

"ဟေး"
"မြန်မြန် သူ့ကိုသွားခွင့်ပေးလိုက်"
ဒါပေါ့ အက်စတယ်လာနှင့် ဘုန်းတော်ကြီးများက သူမရဲ့ bitchyဆန်ဆန် အမူအကျင့်နှင့် သဟဇာတဖြစ်မနေပေ

သဘောတူဖို့ဝေးပါလေ သူတို့ကတောင် အပြစ်တင်နေအုမ်းမည် လူနာတယောက်ကို နှလုံးသားမဲ့တဲ့စကားတွေ ဘယ်လိုတောင်ပြောနေရတာလဲဆိုပြီး

ဒါပေမဲ့ ထိုယောကျာ်းက တွေးပင်မတွေးနိုင်ပေ

ထိုသူ ပါနေးရား၏ နှိပ်ကွက်နေသည့် နှုတ်အမူအယာကိုမြင်မြင်ချင်း ‌အဆောတလျင်အော်လာခဲ့သည်
"ငါ ငါ ကုသမှုကိုလက်ခံမယ် ငါဆန္ဒရှိတယ်"

ထိုသူကိုကြည့်ရင်း အေးစက်သောမျက်နှာနှင့်ပြောလိုက်သည်

"ရှင်လုပ်သင့်တာပေါ့ မလုပ်ရင် နောင်တရသွားမှာက ရှင်လေ"

────── 〔〕──────

နေ၀င်ခါနီးအချိန်လောက်၌ အက်စတယ်လာ ဆေးရုံခန်းမှထွက်လာခဲ့သည်
ဟောလျှောက်လမ်းမှာထိုင်ရင်း ပါနေးရားသူမကိုကြည့်လိုက်သည် သူမကိုကြည့်ရတာ ပင်ပန်းနေပုံပင်

သူမပတ်လည်၌ လေးလံနေသော လေထုတစ်ခုရှိနေခဲ့သည် ခွဲစိတ်ဆရာ၀န်တယောက် ခွဲစိတ်မှုအရှည်ကြီး တစ်ခု အခုတင်ပြီးလာသလိုပုံစံနှင့်ပင်
သူမအတွက်စိတ်မကောင်းဖြစ်မိသည်

သူမထိုင်ခုံပေါ်မှထလာရင်း မေးလိုက်သည်
"ကုသမှုက အဆင်ပြေပြေနဲ့ ပြီးသွားရဲ့လား"
"အင်း အရိုးတချောင်းကျိုးသွားတာပါ သက်သာသွားတာနဲ့ မူလအခြေအနေပြန်ရောက်သွားမှာ ခြေတချောင်းလုံးက ပြင်းထန်တဲ့အခြေအနေမှာရှိနေတယ် ဒါကြောင့် ခြေထောက်တချောင်းဖြတ်ပစ်ရမယ်"

မည်းမှောင်နေသော မျက်နှာနှင့် ပြောလာသည့် အက်စတယ်လာကို သူမမျက်လုံးတွေအောက်ချရင်း ကြည့်လိုက်သည်

"ရှင်အကောင်းဆုံးလုပ်ပေးခဲ့တာပဲ မစ်အက်စတယ်လာ ဒါကြောင့် အခုလိုမျက်နှာပုံစံမျိုးမလုပ်ပါနဲ့"
“…..”
"တကယ် ရှင်ကောင်းကောင်းလုပ်ခဲ့တယ်"

အဲ့အချိန်မှာတော့ သူမ ကျောက်စိုင်တစ်ခုလို ပြိုလဲကျသွားခဲ့သည်
အက်စတယ်လာရဲ့ မျက်လုံးကြီးကြီးတွေ တုန်ရီလာခဲ့သည် မျက်ရည်တွေကိုထိန်းရင်း သူမနှုတ်ခမ်းကို ကိုက်ထားခဲ့သည်
ပထမဆုံးအကြိမ် သူမရဲ့ နှစ်ဆယ့်နှစ် နှစ်အသက်ကိုပြန်ကြည့်နေခဲ့သည် (ဆိုလိုတာက သူမအသက်အရွယ်ကို စတင်တွေးကြည့်‌ေနပါပြီလို့ပြောချင်တာပါ)

ခဏကြာပြီးနောက် အက်စတယ်လာ တုန်လှုပ်သောအသံနှင့်ပြောလာခဲ့သည်
"ကျေးဇူးအများကြီးတင်ပါတယ် လေဒီပါနေးရား"
"ဘာကိုလဲ"
"ရှင် တခဏတုန်းကနဲ့ အခု ပြောလိုက်တဲ့ အရာအားလုံးအတွက်ပါ ဒါက ကျွန်မကို ခွန်အားအများကြီးဖြစ်စေတယ်"
'သူမသေချာပေါက်ထင်ခဲ့မိသည် နေမကောင်းဖြစ်နေတဲ့လူနာတစ်ယောက်ကို ဘယ်လောက်တောင်ပြောရက်သလဲတိုပြီး အက်စတယ်လာစိတ်ပျက်သွားနိုင်သည်ဟု၍ပင်'
ကံအားလျော်စွာ သူမအမူအရာများက ကိစ္စရှိသလို မထင်ဘူးဟု ပြောနေခဲ့သည်

ပါနေးရား အသံထဲ၌ confidenceတွေနှင့် အက်စတယ်လာကို ပြောချင်တဲ့အရာတွေကို ပြောလိုက်သည်

"ကျွန်မအရင်ကပြောဖူးသလိုပဲ ရှင်က တအားစိတ်ရှည်သည်းခံတာပဲ မစ်အက်စတယ်လာ လူတွေကိုထောက်ထားဖို့ ရှင်က ကြင်နာနေတာပဲ ဒါပေမဲ့ အဲ့ဒါတွေ ပိုများလာရင် ရှင့်နှလုံးသားထဲ နာကျင်မှုဖြစ်လာလိမ့်မယ် အထူးသဖြင့် ရှင်က သူတော်စင်ဆိုတော့ လူတွေက ရှင့်ကိုတအားမေးလိမ့်မယ် သူတို့က ရှင့်ကိုချီးစကားပြောနေတယ်လို့ ရှင်ထင်ရင် သူတို့ဖင်တွေကို ဝေးဝေးကန်ထုတ်ပစ်လိုက် သူတို့ကဘယ်သူပဲဖြစ်နေပါစေ လူနာ‌တယောက် ဒါမှမဟုတ် အထက်တန်းလွှာတစ်ယောက် ဒါမှမဟုတ် ဘုန်းတော်ကြီးတစ်ယောက်ဖြစ်နေပါစေ"

အက်စတယ်လာ သူမကို ဗလာနတ္တိကြည့်နေ‌ေလသည်
မက်မွန်သီးလို ချိုမြိန်တဲ့ အပြုံးနှင့် အပြင်းအထန်ခေါင်းညိမ့်လာခဲ့သည်
"ဟုတ်ပြီ"

အက်စတယ်လာ၏ ချစ်စရာကောင်းသောအဖြေ၌ သူမသဘောတကျရယ်မိခဲ့သည်
အက်စတယ်လာ သူမလက်တွေကို အတူဆုတ်ထားပြီး အားနာစိတ်နှင့် တခဏလောက်တုံဆိုင်းပြီး သူမဘာသာရေရွတ်နေခဲ့သည်
"ဒါက မစ်ပါနေးရားနဲ့ ဒုတိယအကြိမ်တွေ့ဆုံခြင်းပါ မစ်ပါနေးရားအကြောင်း ကျွန်မသိပ်မသိဘူး မစ်ပါနေးရားကလဲ ကျွန်မအကြောင်း သိပ်မသိပေမဲ့..."

ဒီငယ်ရွယ်တဲ့လေဒီ မိတ်ဆက်ဖို့ ကြိုးစားနေတဲ့အချက်ကို စတင် အံအားသင့်လာခဲ့သည် သူမဆက်ပြောဖို့အတွက် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်

အက်စတယ်လာတယောက် အနည်းငယ် နီရဲနေတဲ့မျက်နှာနှင့်ပြောလာခဲ့သည်

"ကျွန်မ မစ်ပါနေးရားနဲ့ သူငယ်ချင်းလုပ်ချင်တယ်"

သူမထင်ထားသည်က ဆင်တူတဲ့တိုးတတ်မှု အရင်ထွက်လာမယ်ဟုပင် အခုလိုတိုးတတ်မှုကြီးကတော့ genreပြောင်းဖို့ ခြိမ်းခြောက်နေသည် (MCက generပြောင်းမှာကြောက်နေတာlol)
'မဟုတ်တာ အခုချိန်မှာ genreပြောင်းသွားမယ်ဆိုရင်လဲ ကိစ္စမရှိပါဘူး'

မျက်လုံးတွေကိုပျော်ရွှင်စွာကွေးထားပြီး သူမ ဒီအခွင့်အ‌ေရးကိုလက်လွှတ်မည်မဟုတ်ပေ

"ကျွန်မရောပဲ"
“….!”
အက်စတယ်လာရဲ့ မက်မွန်သီးလိုမျက်နှာက ပန်းသီးတစ်လုံးလို အနီရောင်သို့ပြောင်းလဲသွားခဲ့သည် (uwu)

အက်စတယ်လာအားစကားပြောဖို့အခွင့်အ‌ေရးမပေးဘဲ ဆက်ပြောလိုက်သည်
"ဒါဆို ဒီနေ့ကနေစပြီး ကျွန်မတို့ သူငယ်ချင်းလုပ်ကြမလား"
Aka lovey-dovey စစ်ဆင်ရေး သူငယ်ချင်းများ!!
(Hamgulလိုဆို 알콩달콩က lovey-doveyလိုအဓိပ္ပာယ်ရပါတယ် etranမှန်းထားတာက ပါနေးရားက အက်စတယ်လာနဲ့ရင်းရင်းနှီးနှီးနေချင်တယ် ဒါပေမဲ့ 528 တဏှာကင်းတဲ့နည်းနဲ့ပါတဲ့:3)

အက်စတယ်လာကို စိတ်ပူရင်းနဲ့ ရလာသော နည်းဗျူဟာပင် သူတော်စင်အနေနဲ့မွေးလာတဲ့ အက်စတယ်လာ ပုံမှန် လူတွေနဲ့ ဆက်ဆံရေးကို အခြေတကျဖြစ်ဖို့ ခက်ခဲသည်ဆိုတာကို ရှာတွေ့ခဲ့သည်
သူမဘေးတွင် လူအများကြီးရှိပေမဲ့ သူတို့က အက်စတယ်လာကို သူတော်စင်တစ်ယောက်အနေနဲ့သာ ဆက်ဆံသည်
'အက်စတယ်လာ အမှိုက်ဇာတ်လိုက်  ဘယ်လိုအသုံးချခံရမည်ပင်ဆိုသော်ငြားလည်း'

ဒါက အက်စတယ်လာဆီ လက်ဆက်တဲ့တုန်လှုပ်မှုအနေနဲ့ဖြစ်လာလိမ့်မည် ခွင့်ပြုချက်မပါပဲ သူက အက်စတယ်လာလက်ကိုကိုင်ရင်း တွေတဲ့အချိန်တိုင်း ဆူမယ် သူမနဲ့စကားပြောတဲ့ယောကျာ်းတိုင်းကို ကြောက်စရာကောင်းတဲ့အကြည့်နဲ့ကြည့်မယ် ပြီးတဲ့နောက်မှာ သူမကြိုက်သင့်တဲ့သူက သူတစ်ယောက်ထဲရှိတယ်လို့ မကျေမနပ်နဲ့ပြောမယ်

ဘယ်သူကမှအက်စတယ်လာကို ပွင့်လင်းသောခံစားချက်နှင့် မျက်နှာချင်းဆိုင်ဖို့မကြိုးစားကြတာကြောင့်ပင်
ထိုကွာခြားချက်ထဲ သူမကိုယ်သူမထည့်သွင်း စဉ်းစားနေခဲ့သည်

"သူငယ်ချင်းတွေ?"

ဒါက သူမမျှော်လင့်ထားသလိုပင်
အက်စတယ်လာ ထိုစကားလုံးကို သူမပါးစပ်ထဲ သတိရှိ ထပ်တလဲလဲရွတ်နေခဲ့သည် ထိုစကားလုံးအား အရင်က ဘယ်‌ေတာ့မှမကြားဘူးသလိုပင်

"ဟုတ်တယ်"
သူမမျက်ခုံးတွေကို အောက်ချရင်း မေးလိုက်သည်

"ကျွန်မနဲ့ သူငယ်ချင်းဖြစ်ရမှာကို မုန်းတာလား?"
"မဟုတ်ပါဘူး လုံး၀မဟုတ်ပါဘူး"

အက်စတယ်လာခေါင်းကိုခါနေ‌ခဲ့သည် ထို့မောက် အက်စတယ်လာ ပါနေးရားလက်တွေကို သူမရဲ့လက်နှစ်ဖက်နှင့်ဆုတ်ကိုင်ရင်း အော်ဟစ်လေသည်

"ကျွန်မ ရှင်နဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်ပျော်မိတယ်"

အက်စတယ်လာ သူမက ပါနေးရားသူငယ်ချင်းဆိုသောစကားကို ကမ္ဘာပေါ်မှာ အံဩစရာအကောင်းဆုံးစကားကိုကြားလိုက်ရသလို ထပ်ခါထပ်ခါပြောနေတော့သည်

'သူမက အမှန်တကယ့်ကို ချစ်စရာကောင်းတဲ့ အမျိုးသမီးဇာတ်လိုက်ပင်'
────── 〔〕──────

"(Teachew) တီးချား နေးရား ကျွန်အတွက်သီချင်းဆိုပြပေးပါ (pleathe) ပလိ" (ကလေးစကားပြောသံ)

"ကျေးဇူးပြုပြီး ဆိုပြပါ"

'တဆိတ်လောက် လူကြီးမင်းတို့'

'ရှင် မနေ့ကပဲ ငါ့ကို စုန်းမလို့ ပြောပြီး ကျိန်ဆဲနေတာလေ ဒါပေမဲ့ တနေ့ထဲမှာတင် settings ဆက်တင်က ပြောင်းလဲသွားပြန်ပြီ ရှင် အလွန်သက်တောင့်သက်သာနေနေရတယ်မလား'

ဘယ်လိုနေနေ သူမရင်ထဲကအတွေးတွေကိုမသိတဲ့ အဘွားအိုကတော့ ကလေးတယောက်လို အပြစ်ကင်းကင်းကြည့်နေလေသည်

'ဟုတ်တယ် ငါ ရူးသွပ်တာကိုမုန်းတယ် ဒါပေမဲ့ လူတွေကို မုန်းရတာကလဲ သိပ်မကောင်းဘူး'

‌ေနာက်ဆုံးမှာတော့ သူမခါးပေါ်တွင်လက်များတင်ရင်း သီချင်းတစ်ပုဒ်ဆိုလိုက်သည် ဆေးရုံခန်းတွင်း၌ မျှော်လင့်ချက်အပြည့် အိမ်မက်အပြည့်နှင့်ပင်

"အိမ်တစ်အိမ်မှာ အဓိက ကာရိုက်တာသုံးကောင်ရှိတယ် အမျိုးသားဇာတ်လိုက် အမျိုးသမီးဇာတ်လိုက် ဒုတိယဇာတ်လိုက်ဆိုပြီးပေါ့ကွယ် MLကတော့ ‌မိမစစ်ဖမစစ် FMLကတော့ အရမ်းလှပတယ် SML ကတော့ အရမ်းကြောက်ဖို့ကောင်းတယ် အိုး ရက်စ် မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်"
(Koreanသီချင်း Three Bears ၀က်ဝံသုံးကောင်ကို parody verပြန်လုပ်ထားတာပါ:3)

ဆေးရုံထဲမှာ စုနေကြတဲ့ အဖိုး အဘွားတွေက အားပေးပြီး လက်ခုတ်တီးခဲ့ကြသည်

အက်စတယ်လာလဲထိုနေရာမှာရှိနေပြီး ထိုအထဲ ပါ၀င်ခဲ့သည်

ကြောက်စရာကောင်းတဲ့သီချင်းကို ချိပ်စည်းပိတ်နေသလို လက်ခုတ်တီးနေပုံကို ကြည့်ရင်း သူမတွေးလိုက်မိသည် 'ဖြစ်နိုင်တာက ငါတို့ ပွဲအကြောင်း ဒီနေ့ပြောပြလိုက်ရင်ရော?'

Continue Reading

You'll Also Like

1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
740K 31.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
1.1M 89.4K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...