𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်း...

miss_candle

243K 20.4K 1.2K

အသက်ကိုသိပ်ချစ်၏>.< ‼️အချိုချည်းပါ၊ third wheel, childတွေပါလာနိုင်တာမို့ အဆင်ပြေမှဖတ်ပါရှင့်။ စာရေးသူ၏စိတ်ကူး... Еще

I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV
XVI
XVII
XVIII
XIX
XX
XXI
XXII
XXIV End
Extra (U)
Extra (Z)
please read>.<
ဖြေရှင်းခြင်း!!

XXIII

6.2K 537 38
miss_candle

Unicode

မိုးရာသီကုန်ခါနီးနေပြီမို့ မိုးသိပ်မရွာတော့၊ မိုးအုပ်မှိုင်းနေရင်တောင် မိုးဖွားလေးများကျတာကလွဲလို့ သည်းကြီးမဲကြီးမရွာသွန်းတော့။ ရှောင်းကျန့်ကတော့ နေမကောင်းဖြစ်ပြီးထဲကအိမ်မှာမနေချင်တာကြောင့် သူငယ်ချင်းတွေနဲ့ မန်ထယ့်ရဲ့radio cafeမှာပဲသွားထိုင်ဖြစ်ကြတယ်။ ရှင်းရုံတို့မင်္ဂလာနှစ်ပတ်လည်သုံးနှစ်ပြည့်တွက် ဘာမှမကျွေးလိုက်ရလို့ဆိုကာ ဟိုတလောကမှ ခရီးထွက်ပြီးပြန်လာတဲ့ရှင်းရုံကပွဲအသေးလေးလုပ်ပေးသည်။ မန်ထယ်ကတော့ ခုထိပျောက်နေပြီး ဘာအဆက်အသွယ်မှလဲမလုပ်တော့။ ရှောင်းကျန့်ကသတိတရနဲ့မန်အိမ်တော်ကို ဖုန်းဆက်မေးပေမယ့်လဲ သူတို့ကိုလဲအဆက်အသွယ်မလုပ်ဘူးလို့ဆိုကာ မန်သခင်မကြီးကငိုကာပြောရှာတယ်။ မန်အိမ်တော်မှာ သားတစ်ယောက်ထဲရှိတာမို့ မန်ထယ်ကိုတစ်မိသားစုလုံးကတုန်နေအောင်ချစ်ကြပြီး အလိုလိုက်ထားကြသည်။ ဒါကိုသူဘာတွေစိတ်မချမ်းမသာဖြစ်နေလဲ ရှောင်းကျန့်နားမလည်နိုင်ပါ။ radioကော်ဖီဆိုင်လေးလည်ပတ်နေတာ မန်သခင်မကြီးက သူ့သားသဘောကျတဲ့ဆိုင်လေးကို မပိတ်ချင်တာကြောင့်သူပဲစီမံပေးနေတာ

ဒီနေ့တော့ရှောင်းကျန့် ရိပေါ်ရဲ့စာကြည့်ခန်းထဲမှာစာအုပ်ထိုင်ဖတ်ဖြစ်နေတယ်။ ရိပေါ်ရဲ့ကိုယ်ပိုင်စာကြည့်ခန်းကြီးကို သူ့အပိုင်ကြီးလို မောင်ပိုင်စည်းပြီးစိတ်ကြိုက်ခြယ်လှယ်နေတော့တာ။ ကြိုက်တဲ့စာအုပ်ကိုယူပြီး ရိပေါ်ရဲ့စားပွဲပေါ်မှာထိုင်ကာ စာထိုင်ဖတ်နေလိုက်သည်။ စားပွဲပေါ်ကသူတို့နှစ်ယောက်ဓာတ်ပုံလေးကိုကြည့်မိရင် ရှောင်းကျန့်မှာပြုံးလို့။ ရိပေါ်ကပြောဖူးတယ်၊ သူ့စာကြည့်စားပွဲပေါ်ဓာတ်ပုံတွေမတင်ချင်ဘူး၊ အကြောင်းအရင်းမရှိပေမယ့် ဒီတိုင်းစာကြည့်စားပွဲပေါ်ဓာတ်ပုံတင်တာကိုမကြိုက်တာ။ ဒါမယ့် စာကြည့်စားပွဲပေါ်ဓာတ်ပုံတင်တာမကြိုက်တဲ့သူက သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးကိုတော့ တန်ဖိုးထားပြီးတင်ထားပါသတဲ့။

ရှောင်းကျန့်စာထိုင်ဖတ်နေတာ ပတ်ဝန်းကျင်ကိုလဲအာရုံမရှိတော့။ သူဖတ်နေတဲ့စာအုပ်ကို ပြီးအောင်ဖတ်ဖို့သာစိတ်ထဲရှိတော့တယ်။ တစ်နာရီလောက်အကြာမှာတံခါးဖွင့်သံနဲ့အတူ ရိပေါ်စာကြည့်ခန်းထဲဝင်လာသည်။

"အသက်.."

ရိပေါ်အသံကြားတော့မှရှောင်းကျန့်မော့ကြည့်လိုက်တော့ ရိပေါ်ကသူ့ကိုပြုံးပြကာ သူထိုင်နေတဲ့ဘေးမှာမတ်တပ်ရပ်နေပြီ။ ရှောင်းကျန့်ကလဲပြန်ပြုံးပြလိုက်တော့ ရိပေါ်ကရှောင်းကျန့်ရဲ့နဖူးကိုငုံ့နမ်းသည်။

"ထ.. ကျုပ်အသက်ကိုတစ်နေရာခေါ်သွားစရာရှိတယ်"

"ဘယ်လဲ"

"ရောက်ရင်သိမှာပေါ့"

ရှောင်းကျန့်ကရိပေါ်စကားကြောင့်ရယ်ကာ

"Surpriseလား"

"အင်း"

ရှောင်းကျန့်ကမတ်တပ်ရပ်လိုက်တော့ ရိပေါ်ကရှောင်းကျန့်ခါးကိုဖက်လာတယ်။

"အဲဒါဆိုခနစောင့် ကျွန်တော်အဝတ်အစားလဲလိုက်မယ်"

"မလဲနဲ့လေ ဒီတိုင်းသွားမယ်"

"လဲရမှာပေါ့ အိမ်နေရင်းအဝတ်အစားကြီးနဲ့အပြင်မထွက်ချင်ပါဘူး"

ရှောင်းကျန့်အလိုကျအဝတ်အစားလဲစေပြီး ရိပေါ်လဲအောက်ထပ်မှာဆင်းစောင့်နေလိုက်သည်။ ရှောင်းကျန့်ဗီရိုရှေ့မှာရပ်ပြီး ဘာဝတ်ရင်ကောင်းမလဲ စဉ်းစားရတာလဲအလုပ်တစ်လုပ်။ နောက်ဆုံးတော့ပေါ့ပေါ့ပါးပါးဖြစ်မယ့်သူဝတ်နေကြပုံစံအတိုင်း ရှပ်လက်ရှည်အစိမ်းနုရောင်လေးနဲ့ စတိုင်ပန်အနက်ကိုသာ ဝတ်လိုက်တော့တယ်။ ခေါင်းဖြီး ရေမွှေးစွပ် ဆွဲကြိုးဆွဲပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ ရိပေါ်ကလဲအရင်လို suitကြီးနဲ့မဟုတ်ပဲ ရှပ်လက်ရှည်အဖြူရောင်ကိုပဲဝတ်ထားပြီး စတိုင်ပန်အနက်ကိုဝတ်ထားတယ်။ ရှောင်းကျန့်ခုနကအဝတ်အစားကိုသေချာမကြည့်မိလိုက်၊ မနက်ကလဲသူအိပ်ပျော်သွားလို့ ရိပေါ်ကသူ့ဘာသာထုတ်ပြီးဝတ်သွားတာ။ ရိပေါ်ဝတ်ထားတာကိုကြည့်ပြီး ရှောင်းကျန့်နောက်တစ်ခေါက်အပေါ်ပြန်တက်လာလိုက်သည်။ ဗီရိုထဲကအဖြူရှပ်လက်ရှည်ကိုထုတ်ပြီး လဲဝတ်လိုက်ကာ အောင်ပြန်ဆင်းလာလိုက်တယ်။

ရိပေါ်ဧည့်ခန်းထဲမှာထိုင်စောင့်နေတုန်း ရှောင်းကျန့်ကဝင်လာတော့မော့ကြည့်လိုက်သည်။ ရှောင်းကျန့်ကသူ့ကိုအပြုံးကြီးကြီးနဲ့ပြုံးပြကာ

"ဟီး ကျွန်တော်အိမ်ကလူနဲ့ဆင်တူဝတ်ထားတာ"

ရိပေါ်ရှောင်းကျန့်စကားကြောင့် အသဲယားပြီး ရှောင်းကျန့်ရပ်နေတဲ့နားကိုလာကာ ရှောင်းကျန့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ပြီးနောက်ဖက်ထားတာကို လွှတ်လိုက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးကိုဖိနမ်းကာ

"အသက်ကလေ ကျုပ်ကိုအသဲယားအောင်သိပ်လုပ်တာပဲ"

"ဟီး အဲဒါကျွန်တော်ကချစ်ဖို့ကောင်းတာကို အိမ်ကလူအသဲယားတာမဆန်းပါဘူးလေ"

ရိပေါ် အသံထွက်တဲ့ထိရယ်ပြီး

"ဟုတ်တာပေါ့ဗျ အသက်ကချစ်ဖို့ကောင်းတော့ ကျုပ်အသဲယားတာမဆန်းဘူး
ဒါမယ့်အသက်အဲလောက်ချစ်ဖို့ကောင်းမနေနဲ့ ကျုပ်တို့အခုအပြင်မရောက်ပဲ ကုတင်ပေါ်ရောက်သွားလိမ့်မယ်"

ရှောင်းကျန့်ကရိပေါ်စကားကြောင့်ရှက်ပြီး နားရွက်လေးတွေရဲလာကာ

"ခဗျားသေချင်လို့လား"

ရှောင်းကျန့်ကရှက်ရှက်နဲ့ပြောပြီး အရှေ့ကကော့တော့ကော့တော့နဲ့ထွက်သွားတယ်။ ရိပေါ်ကရယ်ရင်းခေါင်းခါကာ ရှောင်းကျန့်အနောက်ကလိုက်သွားလိုက်သည်။ ကားနားရောက်ချိန် ရှောင်းကျန့်အတွက်ကားတံခါးဖွင့်ပေးလိုက်တော့ ရှောင်းကျန့်ကသူ့ပါးကိုလှည့်ကာနမ်းပြီး ကားထဲဝင်သွားသည်။ ရိပေါ်ကတော့အပြုံးတို့ကိုဖုံးမရဖိမရ။ သူလဲကားမောင်းသူနေရာဝင်ထိုင်ပြီး သွားမယ့်နေရာကိုကားစက်နှိုးကာအစချီလိုက်သည်။

ရှောင်းကျန့်တို့လာလိုက်တာ မြို့ပြင်လှမ်းလှမ်းတောင်ရောက်နေပြီ။ ရိပေါ်ဘယ်သွားနေမှန်းလဲသူမသိ၊ အပြင်ဘက်ကိုလက်လေးထုတ်ပြီး သူ့လက်ကိုဖြတ်တိုက်သွားတဲ့လေပြင်းပြင်းတွေကိုသာ ခံစားနေလိုက်သည်။ ကားမောင်းနေတာမို့ လေကပြင်းပြင်းတိုက်နေကာ သူဖြီးလာတဲ့ဆံပင်တွေလဲရှုပ်ပွနေပြီ။ ၁၅မိနစ်လောက်ကားမောင်းပြီးနောက် ကားလေးကလမ်းဘေးတစ်နေရာကိုထိုးရပ်လိုက်သည်။ ရိပေါ်ကရှောင်းကျန့်ဘက်ကြည့်ပြီး

"ဆင်းရအောင်အသက် ရောက်ပြီ"

ရှောင်းကျန့်လဲရိပေါ်ကရောက်ပြီဆိုတော့ ကားပေါ်ကဆင်းလိုက်သည်။ ရိပေါ်ကသူ့ရှေ့မှာလာရပ်ကာ ပွရှုပ်နေတဲ့ဆံနွယ်နုနုတွေကို သပ်တင်ပေးကာ နဖူးလေးကိုနမ်းလိုက်တယ်။ ရှောင်းကျန့်ကရိပေါ်လုပ်နေတာကိုဂရုမစိုက်ပဲ ဘာလို့ဒီနေရာခေါ်လာလဲသာစိတ်ဝင်စားနေသည်။

"အိမ်ကလူ ဘာလို့ဒီကိုခေါ်လာတာလဲ ဒီဘက်မှာလယ်ကွင်းတွေပဲရှိတဲ့ဥစ္စာ မဟုတ်မှ..."

ရှောင်းကျန့်က မဟုတ်မှဆိုပြီး သူ့လက်လေးနှစ်ဖက်ကို ပါးစပ်မှာအုပ်လိုက်ပြီး မျက်လုံးလေးပြူးကာ ရိပေါ်ကိုကြည့်ပြီး လက်ကိုပြန်ဖယ်ရင်းအံ့သြတကြီးပြောလာသည်။

"ဒီကလယ်ဧကတွေအကုန်ဝယ်ပြီး ကျွန်တော့်ကိုsurpriseဆိုပြီးပေးမလို့လား"

ရှောင်းကျန့်စကားကြောင့် ရိပေါ်မှာအားရပါးရကိုရယ်တော့သည်။ သူကဒီလယ်ဧကတွေဝယ်ပြီး ဘာလုပ်ဖို့ပေးရမှာလဲ၊ တွေးလဲတွေးတတ်ပါ့ဘိ။

"အသက်ကိုလယ်ဧကတွေဝယ်ပေးပြီး ဘာလုပ်ရမှာလဲကွာ အသက်ဒါတွေလိုချင်လို့လား ကိုယ်ပိုင်ရှင်တွေနဲ့.."

ဆက်ပြောမယ့်စကားကိုရှောင်းကျန့်သိနေတာမို့ အမြန်ကြားဖြတ်ကာလုပြောရသည်။

"မလိုချင်ပါဘူး မလိုချင်ပါဘူး ဒီတိုင်းပြောတာပါ"

လက်လေးတစ်ခါခါခေါင်းတစ်ခါခါနဲ့ပြောနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာရယ်ကာ ခေါင်းလေးကိုဖွလိုက်ပြီး

"အင်းပါဗျာ ဒါဆိုသွားကြမယ်"

ရိပေါ်ကရှောင်းကျန့်ရဲ့ခါးလေးကိုလှမ်းဖက်လိုက်ပြီး သူခေါ်သွားမယ့်နေရာကို ခေါ်လာလိုက်သည်။ သူတို့ကားလမ်းကနေ လယ်ကွင်းဘက်ကိုကွေ့လိုက်ပြီး လမ်းကျဉ်းလေးတိုင်းဖြတ်လျောက်လာလိုက်ကြတယ်။ ဘေးဘက်ကိုကြည့်ရင်လယ်ကွင်းတွေသာရှိသည်။ လယ်ကွင်းကျယ်ကြီးဆုံးသွားတော့ တစ်ဖက်မှာချောင်းအသေးလေးတစ်ခုရှိပြီး အဲချောင်းလေးရဲ့တစ်ဖက်မှာ ဒေစီပန်းခင်းကျယ်ကြီး။

(ပန်းခင်းပြမြေပုံပါθ‿θ)

ရှောင်းကျန့်ပန်းခင်းကြီးကိုမြင်တဲ့ချိန်မှာ အံ့ဩသွားတော့သည်။ ဒီဘက်မှာလယ်ကွင်းတွေချည်းပဲရှိတယ်ထင်တာ ဒီလိုပန်းခင်းမျိုးရှိသေးတာလား။ ရှောင်းကျန့်ရိပေါ်ကိုလှည့်ကြည့်တော့ သူ့ကိုပြုံးပြနေတယ်။ အိမ်ကလူကတော့...

သူတို့နှစ်ယောက်ပန်းခင်းထဲကိုရောက်တော့ ရှောင်းကျန့်မှာသဘောတကျ။ လေတစ်ချက်တိုက်လိုက်ရင် ဒေစီပန်းတစ်ပွင့်စီတိုင်းက ယိမ်းနွဲ့နေကာ သူတို့ကိုဖျော်ဖြေပေးနေသလို။ ရှောင်းကျန့်ရယ်ကာ ပန်းခင်းထဲဟိုပြေးလိုက် ဒီပြေးလိုက်။ ရှောင်းကျန့်ပန်းခင်းအနှံ့လျောက်သွားနေတဲ့အချိန် ရိပေါ်ပန်းဖူးလေးတစ်ခုချိုးလိုက်ပြီး ထိုနေရာမှာပဲ ထိုင်ချလိုက်ကာ အာရုံတစ်စိုက်နဲ့တစ်ခုခုကိုပြုလုပ်နေသည်။ သူဆယ်မိနစ်လောက်ထိုင်လုပ်ပြီးသွားတော့ ပြန်မတ်တပ်ရပ်ကာ သူလုပ်ထားတဲ့အရာလေးကိုဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး ရှောင်းကျန့်ကိုကြည့်လိုက်တော့ ချောင်းလေးဘေးမှာသွားထိုင်နေပြီး ချောင်းထဲခြေထောက်ချကာ ရေဆော့နေတယ်။ ရိပေါ်ရှိနေသေးတယ်ဆိုတာမေ့များနေသလားမသိ တစ်ယောက်ထဲလိုပဲပျော်နေတာ။

ရိပေါ်ရှောင်းကျန့်နားကိုသွားပြီး အနောက်မှာရပ်လိုက်ကာ

"ရှောင်းသခင်လေး ခဗျားတစ်ခုခုကိုမေ့နေသလား"

ရှောင်းကျန့်ရိပေါ်ရဲ့အသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ရိပေါ်ကခပ်ပြုံးပြုံး။ ရိပေါ်ဆီကသူ့ကိုရှောင်းသခင်လေးလို့မခေါ်တာဘယ်လောက်ကြာပြီလဲ။ သူစရောက်တုန်းကခေါ်ခဲ့သလိုလေ။ ရှောင်းကျန့်ရိပေါ်ကိုပြုံးပြကာ

"ဘာမေ့နေလို့လဲ"

"ကျုပ်ကိုလေ ကျုပ်ကိုမေ့ပြီး တစ်ယောက်ထဲပျော်နေတာ"

"ကျွန်တော်အိမ်ကလူကိုလှမ်းကြည့်ပါသေးတယ် တစ်ခုခုကိုစိတ်ဝင်တစားနဲ့လုပ်နေလို့ လှမ်းမခေါ်တော့တာ"

ရှောင်းကျန့်ကရေထဲကသူ့ခြေထောက်ကိုအပေါ်ပြန်တင်ပြီး မတ်တပ်ရပ်လိုက်ကာ ရိပေါ်ရှေ့မှာမျက်နှာချင်းဆိုင်ရပ်ရင်း

"အိမ်ကလူကိုကျွန်တော်ဘယ်တုန်းကမှမမေ့ပါဘူး ဒီထဲမှာ ဒီထဲမှာအမြန်ထည့်ထားတာ"

သူ့ရင်ဘတ်ဘယ်ဘက်အခြမ်းကိုလက်ညှိုးထိုးပြပြီး ပြုံးကာပြောနေတဲ့ရှောင်းကျန့်က ချစ်ဖို့ကောင်းလွန်းတယ်။ ရိပေါ်ကရှောင်းကျန့်ကိုခါးကနေဖက်ပြီး သူ့နားကိုကပ်အောင်ဆွဲလိုက်တော့ ရှောင်းကျန့်ကအလိုက်သင့်လေးပါလာပြီး သူ့ရင်ဘတ်မှာမေးတောင်တင်ထားသေးသည်။

"အသက် ကျုပ်အသက်ကိုသိပ်ချစ်တာပဲ"

"အင်း သိပါတယ် ကျွန်တော်ကလဲအိမ်ကလူကိုအရမ်းချစ်တယ်"

ရှောင်းကျန့်ကရိပေါ်နှုတ်ခမ်းကိုဦးတည်လိုက်တော့ ရိပေါ်ကလဲအရှေ့ကိုတိုးလာသည်။ ပြီးနောက် ပကတိဖြူစင်နေတဲ့အနမ်း တပ်မက်မှုကင်းတဲ့အနမ်းတစ်ခုကို သူတို့တူတူဖန်တီးခဲ့တယ်။ နှစ်ယောက်သားမောလာတော့ လွှတ်လိုက်ကြပြီး နှုတ်ခမ်းနှစ်ခုလုံးဟာ စိုစွတ်နေသည်။ ရိပေါ်ကရှောင်းကျန့်ရဲ့လည်ပင်းမှာမျက်နှာကပ်လိုက်တော့ ရှောင်းကျန့်ကရိပေါ်ကိုသိုင်းဖက်ထားလိုက်သည်။ ရိပေါ်ကရှောင်းကျန့်ရဲ့လည်ပင်းကိုကိုက်လိုက်ပြီး ခပ်ပြင်းပြင်းစုပ်လိုက်တော့ ရှောင်းကျန့်ဆီကနာလို့အော်သံသေးသေးလေးထွက်လာတယ်။ ရိပေါ်ကစုပ်နေတာကိုရပ်လိုက်တော့ ရှောင်းကျန့်ရဲ့လည်ပင်းမှာအနီရင့်ရောင်အမှတ်အသားတစ်ခုပေါ်လာသည်။ ရိပေါ်ရှောင်းကျန့်လည်ပင်းကမျက်နှာကိုမခွာသေးပဲ ထိုအမှတ်အသားအပေါ်ကိုပဲ တစ်ဖွဖွနမ်းနေသည်။ ရှောင်းကျန့်ကလဲရိပေါ်ကိုသိုင်းဖက်ထားတဲ့လက်တစ်ဖက်ကိုလွှတ်လိုက်ပြီး ရိပေါ်ရဲ့ခေါင်းကိုဖွဖွလေးသပ်ပေးနေတယ်။

ခနအကြာသူတို့ဖက်ထားတာကိုလွှတ်လိုက်ပြီး နှစ်ယောက်သားလက်ချင်းတွဲကာ ပန်းခင်းထဲကိုလမ်းလျောက်နေပြီး ရှောင်းကျန့်ပန်းပွင့်တစ်ပွင့်ကိုခူးကာ ရိပေါ်ရဲ့နားကြားညှပ်ပေးလိုက်သည်။ ရိပေါ်ကပြုံးကာ ရှောင်းကျန့်ရဲ့ပါးလေးတစ်ဖက်ကိုနမ်းလာတယ်။ သူတို့နှစ်ယောက်ဆက်လျောက်နေရင်း ရှောင်းကျန့်ကစကားတွေပြောနေတယ်။

"အိမ်ကလူ ဒီကပြန်ရင် ဘာစားကြရင်ကောင်းမလဲ
အပြင်စာစားလို့ကြီးတော်မေကျွန်တော့်ကိုမဆူလောက်ပါဘူးနော်"

ရှောင်းကျန့်ကရယ်ကာပြောတော့ ရိပေါ်ကလဲပြုံးနေသည်။ ရှောင်းကျန့်အားနေတဲ့လက်တစ်ဖက်က ပန်းပွင့်လေးတွေလိုက်ထိရင်း ပါးစပ်ကလဲသူစားချင်တာတွေကို တစ်ခုပြီးတစ်ခုပြောနေတယ်။ သူတို့လမ်းလျောက်နေရင်း ပန်းခင်းရဲ့အလယ်ရောက်တော့ ရိပေါ်ကရုတ်တရက်ရှောင်းကျန့်ကိုဆွဲထားတဲ့လက်တစ်ဖက်ကိုလွှတ်ပြီး ရှောင်းကျန့်ရဲ့မျက်နှာချင်းဆိုင်မှာရပ်လိုက်သည်။

ရှောင်းကျန့်သူစားချင်တာတွေပြောနေရင်း ရိပေါ်ကသူ့လက်ကိုဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပြီး အရှေ့မှာလာရပ်တော့ကြောင်တောင်တောင်ပုံစံလေးနဲ့ ရိပေါ်လုပ်သမျှကိုတစ်ခုစီမျက်တောင်မခတ်လိုက်ကြည့်နေရင်း ရုတ်တရက်ပဲရိပေါ်ကမြေပြင်ပေါ်ဒူးတစ်ဖက်ထောက်လိုက်တော့ ရှောင်းကျန့်အံ့ဩကာနှုတ်ခမ်းကိုကိုက်လိုက်မိသည်။ သူမထင်ထားဘူး၊ ချစ်စကားတွေပြောနေတဲ့အချိန်လဲမဟုတ်၊ နုနုရွရွစကားတွေပြောနေတဲ့
အချိန်လဲမဟုတ် သူစားချင်တာတွေပြောနေတဲ့အချိန်ကြီးမှလား။

ရိပေါ်ကသူ့ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ သူခုနကထိုင်လုပ်နေတဲ့ပန်းဖူးလေးနဲ့လုပ်ထားတဲ့လက်စွပ်လေးကိုထုတ်လိုက်သည်။ လက်စွပ်ကိုမြင်တဲ့အချိန် ရှောင်းကျန့်မှာမျက်ရည်တွေကြားထဲကရယ်လိုက်မိသည်။ ခုနကစိတ်ဝင်တစားထိုင်လုပ်နေတာ ဒီလက်စွပ်လေးကိုလား။ အိမ်ကလူကအစထဲကလက်ထပ်ခွင့်တောင်းမလို့ပြင်ဆင်ခဲ့တာပဲ၊ သူကမသိပဲစားချင်တာတွေလျောက်ပြောနေတာ။ ရှောင်းကျန့်ကခေါင်းမော့ကာသူ့မျက်ရည်တွေကိုသုတ်နေပြီး ရယ်သံသေးသေးလေးနဲ့ရယ်နေတော့ ရိပေါ်ကလဲဒူးထောက်ထားရင်း ခေါင်းငုံ့ကာရယ်နေတယ်။ တကယ်တော့နှစ်ယောက်လုံးပျော်နေကြသလို စိတ်လှုပ်ရှားနေကြတာ။ ခနနေတော့နှစ်ယောက်လုံးအသက်ပြင်းပြင်းရှူပြီး ရှောင်းကျန့်ကလဲ ရိပေါ်ရဲ့မျက်လုံးတွေကိုကြည့်နေကာ ရိပေါ်ကလဲရှောင်းကျန့်ရဲ့မျက်လုံးတွေကိုကြည့်ပြီးပြောလာတယ်။

"အသက် ကျုပ်ကိုလက်ထပ်နိုင်မလား"

ရိပေါ်ကပြောလာတော့ ရှောင်းကျန့်ကထပ်ပြီးရယ်ကာ

"အဲတော့လက်ထပ်ခွင့်တောင်းတာ ဒီလက်စွပ်နဲ့ပေါ့လေ"

"အင်း ကျုပ်အသက်ကိုဒီလိုလက်ထပ်ခွင့်တောင်းမလို့ ပန်းနဲ့လက်စွပ်လုပ်တာကို တခြားမြို့ပိုင်မင်းကတော်ဆီကသင်ထားရတာ"

ရိပေါ်စကားကြောင့် ရှောင်းကျန့်မှာရယ်ရပြန်ရော။ အိမ်ကလူကသိပ်ချစ်ဖို့ကောင်းတယ်။

"အဲတော့ခဗျားကို သူတို့ကမရယ်ကြဘူးလား"

ရှောင်းကျန့်ကအဖြေမပေးသေးပဲ စကားတွေများနေတာ ရိပေါ်ကလဲဂရုမစိုက် ရှောင်းကျန့်မေးသမျှကို မညီးမညူဖြေနေသည်။

"ရယ်ကြတယ် ကျုပ်ကိုအဲမြို့ပိုင်မင်းကတော်ရဲ့ယောက်ျားက မြို့ပိုင်မင်းဝမ်က တော်တော်စဉ်းစားတတ်တယ်တဲ့လေ"

"ဟုတ်ပါရဲ့ လက်ထပ်ခွင့်ကိုဒီလိုနေရာမှာတောင်းတာကဟုတ်ပါပြီ လက်စွပ်ကိုလဲဒီထဲကပန်းနဲ့ပဲလုပ်ပြီးတောင်းတာတော့တကယ်ထူးဆန်းတယ်မလား"

"အသက်မကြိုက်လို့လား.."

ရိပေါ်ကမဝံ့မရဲနဲ့ပြောလာတော့ ရှောင်းကျန့်ကသူ့လက်ကိုရိပေါ်ရှေ့ထိုးပေးလိုက်ပြီး မေးငေါ့ပြသည်။ ရိပေါ်ကလဲအလိုက်တသိပဲ ရှောင်းကျန့်ရဲ့လက်သန်းကြွယ်လေးမှာဝတ်ပေးလိုက်တယ်။ လက်စွပ်ကပန်းရိုးတန်နဲ့လုပ်ထားမို့ ဝတ်ထားရတာသက်သောင့်သက်သာတော့မရှိ၊ ပြီးတော့အနည်းငယ်ကြီးနေသေးသည်။ ဒါမယ့်ရှောင်းကျန့်ကသူ့လက်ကလက်စွပ်လေးကိုကြည့်ကာ

"မကြိုက်စရာလား ကျွန်တော်ချစ်တဲ့သူကအခုလိုလက်ထပ်ခွင့်တောင်းလာတာကို"

ရှောင်းကျန့်ကရိပေါ်ကိုထူပေးလိုက်ပြီး

"ကျွန်တော်ကအိမ်ကလူဘယ်ချိန်လက်ထပ်ခွင့်တောင်းတောင်းလက်ခံတယ် ကျွန်တော်အိမ်ကလူနဲ့လက်ထပ်ချင်တယ်"

ရှောင်းကျန့်စကားကြောင့်ရိပေါ်ကရှောင်းကျန့်ကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။ ရှင်းရုံရဲ့လက်ထပ်ပွဲမှာပန်းစည်းရခဲ့တဲ့ရှောင်းကျန့်က သုံးနှစ်အကြာမှာလက်ထပ်ရတော့မှာပေါ့။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

နောက်နေ့မှာရှောင်းကျန့်သူ့သူငယ်ချင်းတွေကိုခေါ်ပြီး ရိပေါ်နဲ့သူ နောက်လလက်ထပ်မယ့်အကြောင်းကိုပြောတော့ ရှင်းရုံတို့က

"မြို့ပိုင်မင်းတို့ကတော့ ပထမတစ်ခေါက်တုန်းက လက်ထပ်ခွင့်မတောင်းလိုက်ရလို့ထင်တယ် အခုမှပြန်လက်ထပ်ကြမယ်ပေါ့"

"ဒီတစ်ခေါက်ပွဲကြီးမလား"

"အကြီးကြီးတော့မလုပ်ချင်ဘူး ဒီတိုင်းသူ့အသိတွေငါ့သူငယ်ချင်းတွေလောက်ပဲဖိတ်မယ်စဉ်းစားထားတယ်"

ရှင်းရုံတို့အကုန်လုံးသူတို့ကိုဂုဏ်ပြုကြတော့ ရှောင်းကျန့်မန်ထယ်ကိုသတိရတယ်။ ဘယ်တွေရောက်ပြီးဘာတွေလုပ်နေလဲမသိဘူး။

"မင်းတို့မန်ထယ်နဲ့အဆက်အသွယ်ရရင်ပြောပေးဦး ငါသူ့ကိုသတိရနေတယ်လို့ ငါ့weddingမှာသူ့ကိုရှိစေချင်တယ်"

"အေး မင်းတို့ပြီးရင်တော့ငါ့အလည့်ပေါ့ ငါ့ပွဲမှာလဲမန်ထယ်မပါလို့မရဘူးနော်"

ဖူထျန်ကထိုသို့ဝင်ပြောတော့ သူတို့အကုန်ကြောင်သွားသည်။ သူ့ကိုလမ်းခွဲသွားတဲ့ကောင်မလေး လမ်းခွဲသွားတဲ့အကြောင်းအရင်းကိုသိပြီးတဲ့နောက်မှာ ဖူထျန်ကသူ့အိမ်နဲ့အကြီးအကျယ်ပြသနာတက်ပြီး အိမ်ပေါ်ကပါဆင်းသွားသည်။ ပြီးနောက်သူ့ကောင်မလေးကိုငိုယိုပြီးတောင်းပန်တော့ ဟိုကလဲချစ်တဲ့သူဆိုတော့ ပြန်လက်ခံလိုက်ပြီး သူတို့နှစ်ယောက်တူတူနေလိုက်ကြတယ်။ ဖူထျန်ရဲ့ညီမလေးကသူတို့ဆီလာပြီး သူ့အကိုကိုပြန်ရှာပေးပါဆိုပြီး ငိုပြီးလာပြောသွားတော့ သူတို့လဲမနေနိုင်တော့ပဲ ဝင်ပြောတော့မှအိမ်ပြန်သွားတာ ဒီလောက်အခြေအနေတိုးတက်သွားကြပြီပေါ့။

"အေး ငါတို့လဲနောက်လပဲလက်ထပ်တော့မှာ ဒါမယ့်ရက်ပိုင်းတော့ကွာမယ် ဒါမှမဟုတ် ငါတို့နှစ်တွဲတူတူဆောင်ကြမလား"

"အဲဒါထက် ဘယ်လိုဖြစ်သွားတာလဲ"

"ဒီလိုပဲ အမေကသူနဲ့မယူဖို့ထပ်ဖျောင်းဖျနေသေးတယ် ငါ့ညီမကသဘောတူပေးဖို့အမေ့ကိုအတင်းပြောပေးတယ် ငါလဲငါ့ညီမငိုနေတော့စိတ်တိုပြီး mommyတို့အဲဒါခေါ်ပြောတာလား သဘောမတူလဲယူမှာပဲ သူ့မှာကျွန်တော်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီလို့ပြောလိုက်တာ အဲမှာအခြေအနေပြောင်းသွားတာပဲ"

ဖူထျန်ကပြုံးစစနဲ့ပြောနေပေမယ့် အကုန်လုံးကထပ်အံ့ဩရပြန်ရော။ လင်းဟန်ကဝင်မေးတယ်။

"ဟိတ်ကောင် မင်းဘာပြောလိုက်တာလဲ မင်းကောင်မလေးမှာကိုယ်ဝန်ရှိနေပြီကဘာလဲ"

"အာ မင်းတို့ကိုမပြောမိဘူးလား ငါ့ကောင်မလေးကိုယ်ဝန်ရှိနေတာသုံးပတ်ရှိပြီတဲ့ ရှေ့တစ်ပတ်ကမှဆရာဝန်ပြလိုက်လို့သိရတာ"

လင်းဟန်ကဒီလောက်အရေးကြီးကိစ္စကို သူတို့ကိုပြောဖို့မေ့နေတဲ့ဖူထျန်ကြောင့် ဆဲရေးပြီး

"ဒီခွေးကတော့ ဒီလောက်အရေးကြီးတဲ့ကိစ္စကိုငါတို့ကိုမပြောဘူး မအေဘေး"

"မင်းတို့ကိုပြောပြီးပြီပဲထင်နေတာကွ"

"ဒါဆို ငါတို့ဦးလေးတွေအဒေါ်တွေဖြစ်တော့မှာပေါ့ အမလေးဖူထျန်နင့်ကလေးငါးနှစ်ပြည့်တာနဲ့ ငါနိုင်ငံတကာလျောက်ခေါ်သွားပစ်မယ်"

ရှင်းရုံကပြောတော့အကုန်လုံးကဝိုုင်းရယ်ကြတယ်။ အကုန်လုံးကဖူထျန်ကလေးဖအေဖြစ်တော့မှာကိုသိရတာနဲပျော်ရွင်ကုန်သည်။ မထင်ထားဘူး နောက်ဆုံးမှလက်ထပ်မယ့်သူက ကလေးအရင်ရသွားမယ်လို့၊ မန်ထယ့်ကိုတော့ထည့်မတွက်တော့ဘူး။ သူကဒီတစ်သက်မိန်းမကောယူပါတော့မလားမသိဘူး။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တစ်ပတ်အကြာ ရိပေါ်နဲ့ရှောင်းကျန့်ထမင်းစားပြီးလို့ ဧည့်ခန်းမှာထိုင်နေကြတုန်း ဖုန်းမြည်လာတာကြောင့် ရိပေါ်ထကိုင်လိုက်သည်။

"ဟယ်လို"

☎️မြို့ပိုင်မင်းလား ရှောင်းကျန့်အိမ်မှာရှိလား☎️

"ဟုတ်ကဲ့ရှိပါတယ်"

☎️ရှောင်းကျန့်ကိုဖုန်းပေး ပေးပါ☎️

ရိပေါ်ကရှောင်းကျန့်ကိုလှမ်းခေါ်ပေးလိုက်တယ်။

"အသက် ရှင်းသခင်မလေးဖုန်း"

ရှောင်းကျန့်ကထလာပြီး ဖုန်းလာကိုင်ကာ

"ဟယ်လို အေးပြော"

☎️ရှောင်းကျန့် မန်ထယ်ပြန်ရောက်နေပြီတဲ့☎️

"ဟမ် ဟုတ်လား ဘယ်တုန်းကပြန်ရောက်တာလဲ"

☎️ငါလဲသေချာမသိဘူး မနေ့ကငါ့ယောက်ျားအသိကတွေ့ခဲ့တာတဲ့ ပြန်ရောက်တာမကြာသေးဘူးထင်တယ်☎️

"အေး ဒါဆိုငါမန်အိမ်တော်ကိုဖုန်းဆက်လိုက်မယ် နင်ဟိုကောင်တွေကိုပြောပြီးပြီလား"

☎️မပြောရသေးဘူး ခုလှမ်းဆက်လိုက်မလို့ မယားချစ်တွေကအခုချိန်အိမ်မှာပဲရှိတော့မှာ☎️

"ဟဟ ဟုတ်မယ်အရင်ကအိမ်မကပ်တဲ့ကောင်တွေက"

☎️နင်ကကောဘာထူးလို့လဲ လင်ချစ်သွားထဲက မျက်နှာတောင်မှတ်မိအောင်အတင်းစဉ်းစားရမယ်☎️

"နင်ကလဲ ဒါနဲ့နင်ကရောဘယ်မှာလဲ"

☎️ငါလဲအိမ်မှာပဲ ငါ့ယောက်ျားနဲ့ရန်ဖြစ်ပြီးစိတ်ကောက်နေလို့ အပြင်ထွက်ဖို့မပူဆာသေးဘူး မန်ထယ်အကြောင်းလဲသူများကိုပြောသလိုလိုနဲ့ ငါကြားအောင်တမင်အော်ပြောနေလို့ငါသိလိုက်တာ☎️

"အေးပါ အဲဒါဆိုနင်ဟိုကောင်တွေကိုပြောလိုက် ငါမန်အိမ်တော်ကိုဆက်လိုက်မယ် ဒါပဲ"

ရှောင်းကျန့်တို့ဖုန်းပြောပြီးတာနဲ့ဖုန်းချလိုက်တော့ ရိပေါ်ကသူ့ကိုကြည့်ပြီးမျက်ခုံးပင့်ပြတော့

"မန်ထယ်ပြန်ရောက်နေပြီတဲ့ ကျွန်တော်မန်အိမ်တော်ကိုဆက်လိုက်ဦးမယ်"

"အင်း"

ရှောင်းကျန့်မန်အိမ်တော်ကိုဖုန်းဆက်မလို့ပြင်တုန်းရှိသေးတယ် ဖုန်းဝင်လာလို့ကိုင်လိုက်တော့ မန်ထယ့်ဆီက။ သူ့အကြောင်းပြောနေရင်း အသက်ရှည်ဦးမယ်။

"ဟယ်လို"

☎️ဟယ်လို ရှောင်းကျန့်..☎️

မန်ထယ့်အသံကအက်ကွဲပြီးခြောက်ကပ်နေတယ်။ ပြီးတော့မူးနေတဲ့ပုံပဲ။

"မန်ထယ်လား မင်းဘယ်ရောက်နေတာလဲ ဘာမပြောညာမပြောနဲ့ပျောက်သွားရလား မကောင်းတဲ့ကောင်ရဲ့"

☎️အင်း တောင်းပန်ပါတယ် ငါမင်းနဲ့တွေ့ချင်လို့ ခနလောက်..ခနလောက်တွေ့လို့ရမလား မင်းကိုပြောချင်တာတွေလဲရှိသေးတယ်☎️

"မင်းဘယ်မှာလဲ"

မန်ထယ်သူရှိနေတဲ့barနာမည်ကိုပြောပြပြီးတာနဲ့ဖုန်းချလိုက်ပြီး ရှောင်းကျန့်အိမ်ပေါ်ထပ်တက်ကာ အခန်းထဲကအပေါ်ကုတ်ယူဝတ်ပြီး နောက်တစ်ထည်နဲ့ကားသော့ကိုယူကာ အောက်ပြန်ဆင်းလာလိုက်သည်။ ရိပေါ်ကိုသူကိုင်ထားတဲ့ကုတ်ကိုပေးလိုက်ပြီး

"ထ အိမ်ကလူ ကျွန်တော့်ကို **barကိုလိုက်ပို့ပေးပါ မန်ထယ်အဲမှာရှိတယ်"

ရိပေါ်ကလဲရှောင်းကျန့်ပေးနေတဲ့ကုတ်ကိုဝတ်လိုက်ပြီး ရှောင်းကျန့်လက်ထဲကကားသော့ကိုယူပြီး ရှောင်းကျန့်လက်ကိုဆွဲကာထွက်လာလိုက်သည်။ မန်ထယ်ပြောတဲ့ဘားရှေ့ရောက်တော့ ရိပေါ်ကရှောင်းကျန့်ကိုကြည့်ပြီး

"သွားလိုက် ကျုပ်ဒီမှာစောင့်နေမယ်"

"မလိုက်တော့ဘူးလား"

"ဟင့်အင်း အေးဆေးစကားပြောကြ ကျုပ်ဒီမှာပဲရှိမယ်"

ရှောင်းကျန့်ရိပေါ်ကိုခေါင်းငြိမ့်ပြပြီးထွက်လာလိုက်သည်။ ဘားထဲရောက်တော့ ရှောင်းကျန့်မန်ထယ်ကိုအရမ်းမရှာလိုက်ရ။ ဒီဘက်ခေတ်မှာbarဆိုလူတကာမလာနိုင်ပဲ အကောင်ကြီးကြီးထဲကသူဌေးတွေပဲလာကြတာမို့ လူကများများစားစားမရှိ။ မန်ထယ်ကဘားရဲ့ဂျောင်လေးထဲမှာတစ်ယောက်ထဲထိုင်ပြီး ကုတ်ကုတ်လေးသောက်နေတာ။ ဘေးမှာလဲအရက်ပုလင်းတစ်ပုလင်းလုံးပြောင်နေပြီ။ နောက်တစ်ပုလင်းကအခုမှစသောက်တုန်းဖြစ်မယ်။ ရှောင်းကျန့်မန်ထယ်ဘေးသွားထိုင်လိုက်ပြီး ခေါ်လိုက်တယ်။

"မန်ထယ်.."

ရှောင်းကျန့်ခေါ်သံတိုးတိုးကြောင့် မန်ထယ်ကလှည့်ကြည့်လာသည်။ ပြီးတော့ရှောင်းကျန့်ကိုပြုံးပြကာ မျက်ရည်တွေကျလာတယ်။

"မင်းရောက်လာပြီပဲ"

"အင်း မင်းဘာဖြစ်နေတာလဲ ဘာလို့ဒီလောက်သောက်နေတာလဲ မင်းဘာဖြစ်လို့ပျောက်သွားတာလဲ"

"ဘာဖြစ်လို့လဲဆိုတာ မင်းတကယ်သိချင်တာလား"

"အင်းသိချင်တယ် မင်းကငါ့သူငယ်ချင်းပဲ"

ရှောင်းကျန့်ရဲ့စကားကြောင့် မူးနေတဲ့အရိုန်နဲ့မန်ထယ်ကထပေါက်ကွဲပြီး သူသောက်နေတဲ့ဖန်ခွက်ကိုရိုက်ခွဲပလိုက်သည်။

"ဘာသူငယ်ချင်းလဲ!! လာပြန်ပြီဒီစောက်သူငယ်ချင်း! ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး!!
ငါမင်းချစ်တဲ့သူပဲဖြစ်ချင်တာ!! ငါကမင်းကိုချစ်တာကွ မင်းကိုအရမ်းချစ်တာမင်းသိရဲ့လားရှောင်းကျန့်!! မင်းမင်္ဂလာဆောင်ကိုလာစေချင်တယ်ပေါ့ ငါအဲချိန်မှာရူးသွားနိုင်တယ်ကွ!! ရှောင်းကျန့်ငါမင်းကိုသိပ်ချစ်တာ!!"

ရှောင်းကျန့်သူ့လက်မောင်းကိုမန်ထယ်ကဆုပ်ကိုင်ပြီး အတင်းလှုပ်ကာပြောနေတော့ ရှောင်းကျန့်လန့်လဲလန့်သလို အံ့လဲအံ့ဩသည်။ သူမထင်ထားဘူး မန်ထယ်သူ့ကိုချစ်နေလိမ့်မယ်လို့ သူကမန်ထယ်ကိုအရမ်းခင်တာလေ။

"ဟင့်အင်း ဟင့်အင်းမပြောနဲ့တော့မန်ထယ် တော်ပါတော့"

ရှောင်းကျန့်ကခေါင်းခါကာအတင်းရပ်ခိုင်းနေတော့ မန်ထယ်ဟက်ဟက်ပက်ပက်ကိုရယ်ကာ

"ငါပြောတဲ့မင်းကိုချစ်တယ်ဆိုတဲ့စကားကြတော့ အတင်းတော်ခိုင်းပြီး ဟိုကောင်ပြောတဲ့ချစ်တယ်ဆိုတဲ့စကားကြတော့မင်းအတွက်နားဝင်ချိုနေတယ်မလား ဒီကကောင်ကလဲမင်းကိုစောက်ရမ်းချစ်တာ မင်းအလိုလိုက်မင်းအကြိုက်ဆောင် မင်းမျက်နှာတစ်ကမ္ဘာ မင်းပြုံးပျော်နေဖို့ ငါ့နှလုံးသွေးတွေနဲ့ရင်းရမယ်ဆိုရင်တောင်ရင်းမယ့်ကောင်ပါ မင်းကငါ့ရဲ့အရာရာပါ သူမင်းကိုခေါ်တဲ့'အသက်'ဆိုတာကိုကြားရင်မင်းပျော်နေတယ်မလား ငါမင်းကိုတိတ်တိတ်လေးခေါ်နေခဲ့တဲ့'ငါ့ဘဝကြီး'ဆိုတာကြ မင်းတစ်ချက်လေးတောင်မကြားခဲ့ဘူးမလား ရှောင်းကျန့်ရာ ငါမင်းကိုအရမ်းချစ်တဲ့ကောင်ပါကွာ ဘာတွေ..ဘာတွေမတူနေတာလဲ သူမင်းကိုအလိုလိုက်သလို ငါလဲမင်းကိုအလိုလိုက်တာပဲ သူမင်းကိုချစ်သလို ငါလဲမင်းကိုချစ်တာပဲ သူမင်းနားမှာမင်းငယ်ငယ်ထဲကရှိခဲ့ပေမယ့် ငါမင်းအနားစရောက်လာထဲက မင်းကိုပျော်အောင်အမျိုးမျိုးထားခဲ့တဲ့ကောင်ပါကွာ ဘာတွေမတူနေတာလဲ.."

မန်ထယ်ကရှောင်းကျန့်ကိုပြောနေရင်း အသံတွေတုန်က သူ့နဖူးပေါ်လက်အုပ်ပြီး ခေါင်းငုံ့ကာရှိုက်ကြီးတငင်နဲ့ငိုတော့သည်။ ရှိုက်ကာငိုနေတဲ့မန်ထယ်ကြောင့်ရှောင်းကျန့်လဲလိုက်ငိုမိတယ်။ ရှောင်းကျန့်မန်ထယ်ကိုဖက်လိုက်တော့ မန်ထယ်ကအတင်းရုန်းလာပြီး သူ့ကိုတွန်းထုတ်လာသည်။ ရှောင်းကျန့်မန်ထယ်တွန်းလိုက်တိုင်း ခန္ဓာကိုယ်ကရွေ့သွားပေမယ့် မန်ထယ်ကိုလုံးဝမလွှတ်ပဲ တင်းတင်းကြပ်ကြပ်ကိုဖက်ထားလိုက်သည်။ နောက်တော့မန်ထယ်ကရှောင်းကျန့်ကိုပြန်ဖက်လာပြီး နှစ်ယောက်သားဖက်ငိုကြတော့တယ်။ ရှောင်းကျန့်နှုတ်ကနေလဲတောင်းပန်ပါတယ်ဆိုတဲ့စကားကို တဖွဖွပြောနေသည်။

နှစ်ယောက်လုံးတည်ငြိမ်သွားတော့မှ ရှောင်းကျန့်ကသူ့မျက်ရည်တွေကိုသုတ်ကာ ခုံမှာပြန်ထိုင်လိုက်တော့ မန်ထယ်ကလဲသူ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။ မန်ထယ်ကဘာတစ်ခွန်းမှမဆိုပဲ ခေါင်းငုံ့ကာနေနေသည်။ ရှောင်းကျန့်ကပဲစကားစလိုက်တယ်။

"ဘာလို့လဲမင်းသိချင်တယ်မလား ငါပြောပြမယ် အိမ်ကလူအတိုင်းပဲ မင်းငါ့ကိုချစ်တယ် အလိုလိုက်တယ် ပျော်အောင်ထားတယ် မှန်တယ်မင်းအဲဒါတွေအကုန်လုပ်ပေးနိုင်တယ် ဒါပေမယ့်မင်းမလုပ်နိုင်တာတစ်ခုရှိတယ်"

ရှောင်းကျန့်စကားကြောင့် မန်ထယ်ကသိချင်စိတ်နဲ့မော့ကြည့်လာသည်။

"ငါ့ကိုရင်ခုန်အောင်.. မန်ထယ်မင်းငါ့ကိုရင်ခုန်အောင်မလုပ်နိုင်ဘူး အိမ်ကလူကတော့လုပ်နိုင်တယ် နောက်ပြီးအဓိကအချက်ကတော့ ငါကအိမ်ကလူကိုချစ်တယ်လေ"

ရှောင်းကျန့်ရဲ့ဒီစကားကမန်ထယ့်အတွက်အကူအညီမရဘူးဆိုတာ သူသိပါတယ်၊ ဒါပေမယ့်သူပြောရမယ်။ မန်ထယ်ကရှောင်းကျန့်ကိုကြည့်နေရင်းမျက်ရည်တွေပြန်ဝဲလာပြီး လျှာသပ်ကာ ခေါင်းကိုမော့ပြီး မျက်တောင်ပုတ်ခက်ပုတ်ခက်နဲ့ သူ့မျက်ရည်တွေကိုပြန်သိမ်းနေတယ်။

"ဒါပေမယ့် အဲလိုပဲသူမလုပ်နိုင်တာရှိတယ် သူငါနဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်အောင်မလုပ်နိုင်ဘူး တခါတလေမှာတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်လို့အကုန်လုံးပွင့်ပွင့်လင်းလင်းပြောနေပေမယ့် တစ်ချို့စကားတွေဆိုပြောမပြနိုင်တာမျိုးတွေရှိတယ် အဲလိုချိန်ဆို ငါတို့ကငါတို့အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းတွေကိုပဲအရင်ဆုံးပြောပြဖြစ်တယ် တိုင်ပင်ဖြစ်တယ် မန်ထယ်မင်းကငါ့ရဲ့အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းကောင်း မင်းငါ့အနားမှာအဲလိုပုံစံမျိုးနဲ့ပဲတစ်သက်လုံးနေပေးလို့မရဘူးလား"

ရှောင်းကျန့်စကားတွေကြောင့် မန်ထယ်ကနောက်တစ်ခေါက်မျက်ရည်ကျလာပြန်သည်။

"ငါသိတယ် ငါဒီလိုပြောလိုက်တာ အတ္တကြီးပြီး မင်းအတွက်ပိုနာကျင်စေမယ် မင်းဘက်ကထည့်မစဉ်းစားသလိုဖြစ်နေမယ်ဆိုတာ ဒါပေမယ့်ငါအတ္တကြီးကြီးပဲပြောမယ် မင်းကိုငါ့ဘဝအတွက်အကောင်းဆုံးသူငယ်ချင်းအနေနဲ့ရှိစေချင်တယ် လိုလဲလိုအပ်တယ် ကျေးဇူးပြုပြီး ငါ့ဘေးနားမှာငါ့အချစ်ဆုံးသူငယ်ချင်းအနေနဲ့နေသွားပေးပါ ငါတောင်းဆိုပါတယ် ငါမင်းကိုဒီကိစ္စကြောင့်လက်မလွှတ်နိုင်ဘူး"

မန်ထယ်ကမျက်ရည်တွေနဲ့ရှောင်းကျန့်ကိုဖက်လာပြန်သည်။ ပြီးနောက် လူချင်းပြန်ခွာလိုက်ပြီး ရှောင်းကျန့်ကိုပြောလိုက်တယ်။

"ငါသိနေတယ်"

"ဟင်"

"မင်းက အရင်ရှောင်းကျန့်မဟုတ်ဘူးဆိုတာ ငါ့သူငယ်ချင်းခန္ဓာကိုယ်ထဲဝင်နေတဲ့တခြားရှောင်းကျန့်ဆိုတာ သိနေလဲမပြောင်းလဲဘူးရှောင်းကျန့် မင်းကိုအရင်တုန်းကလဲချစ်ခဲ့တယ် အခုထိလဲချစ်နေတယ် မင်းကိုတစ်ယောက်ထဲလို့ပဲငါမြင်တယ် မင်းတို့အကျင့်တွေမတူပေမယ့်ပေါ့"

မန်ထယ်ပြောလာတဲ့စကားကြောင့် ရှောင်းကျန့်အံ့ဩသွားသည်။ သူလဲသိနေတာလား။ ဒါပေမယ့်ရှောင်းကျန့်မန်ထယ်ကိုပြုံးပြလိုက်ပြီး

"ကျေးဇူးတင်ပါတယ် ငါ့ကိုဆက်ခင်ပေးခဲ့လို့"

"အင်း မင်းကိုလဲကျေးဇူးတင်တယ် ငါ့ကိုတွန်းမထုတ်ပစ်လိုက်လို့ ဒီနေ့မင်းသာငါ့ကိုတွန်းထုတ်ပစ်ရင် ငါတကယ်သေလိုက်နိုင်တယ်ရှောင်းကျန့် မြို့ပိုင်မင်းဝမ်ဆီမှာပျော်နေပါ သူ့အချစ်တွေနဲ့မင်းရှင်သန်ပါ သူနဲ့ဆိုငါစိတ်ချပါတယ် အော်..နောက်ပြီး တကယ်လို့မင်းနောက်ပြန်လှည့်ကြည့်ဖြစ်ရင် မင်းအနောက်မှာမင်းကိုသိပ်ချစ်တဲ့ငါရှိနေတယ်ဆိုတာသတိရပါ"

ရှောင်းကျန့်မန်ထယ်ကိုရယ်ပြလိုက်သည်။ ခနနေတော့ရှောင်းကျန့်ပြန်မလို့ပြင်လိုက်ပြီး မန်ထယ်ကိုပြောလိုက်တယ်။

"ငါပြန်လိုက်ပို့ပေးမယ် မန်သခင်မကြီးတို့မင်းကိုစိတ်ပူနေတယ်"

"အင်း ငါမနက်ဖြန်အိမ်ပြန်မှာပါ ငါ့ဘာသာပြန်လိုက်မယ် အမူးတောင်ပြေသွားပြီ"

မန်ထယ်ကရယ်ကာပြောတော့ ရှောင်းကျန့်ကပြုံးပြလိုက်ပြီး

"ဒါဆိုလဲငါ့ဘာသာပြန်တော့မယ်"

ရှောင်းကျန့်မန်ထယ်ကိုနှုတ်ဆက်ပြီးထွက်လာတော့ ခြေငါးလှမ်းခြောက်လှမ်းပဲရှိနေသေးတယ် မန်ထယ်ကအနောက်ကအော်လာတယ်။

"ရှောင်းကျန့်! ငါ့ကိုနောက်ဘဝရောပြန်ချစ်နိုင်မလား!"

သူတို့နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေထဲက ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုး ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသူများကိုဂရုမစိုက်ပဲ မန်ထယ်ကအော်လာတယ်။ ရှောင်းကျန့်လဲမန်ထယ်ဘက်ကိုပြန်လှည့်ပြီး

"တောင်းပန်ပါတယ်..ငါကနောက်ဘဝလဲအိမ်ကလူအပိုင်ပဲဖြစ်နေမယ်ထင်တယ် မင်းကတကယ်ကောင်းတဲ့သူနဲ့တွေ့ဆုံမှာပါမန်ထယ်.."

ရှောင်းကျန့်စကားကြောင့် မန်ထယ်ကရယ်ချလိုက်ပြီး ရှောင်းကျန့်ကိုလက်ပြကာ ပြန်ခိုင်းသည်။ ရှောင်းကျန့်လဲမန်ထယ်ကိုပြုံးပြပြီး လှည့်ပြန်လာလိုက်သည်။ အပြင်ရောက်တော့ ရိပေါ်ကကားကိုမှီကာ ကောင်းကင်ကိုမော့ကြည့်နေတယ်။ ရှောင်းကျန့်ရိပေါ်ကိုလှမ်းခေါ်လိုက်သည်။

"အိမ်ကလူ!!"

ရိပေါ်ရှောင်းကျန့်ရဲ့ခေါ်သံကြောင့် ရှောင်းကျန့်ကိုကြည့်လိုက်တော့ ရှောင်းကျန့်ကခပ်လှမ်းလှမ်းကနေသူ့ကိုပြုံးပြနေတယ်။ သူလဲပြန်ပြုံးပြလိုက်ပြီး လက်ကိုဆန့်တန်းကာ သူ့ကိုရှောင်းကျန့်လာဖက်မှာကိုစောင့်နေလိုက်သည်။

ဆက်ရန်~~~~

အရှည်ရီးပဲ⊙.☉ လက်တွေလဲညောင်းနေရော(ᗒᗩᗕ) မန်ထယ်ပြောတဲ့စကားတွေကိုခဗျားတို့ဘယ်လိုဖတ်လိုက်မလဲတော့မသိပေမယ့် ကျွန်တော်ကတော့‌ရေးပြီးပြန်ဖတ်တော့မျက်ရည်တွေပါကျခဲ့ပါတယ်။ တကယ်မခံစားနိုင်ဘူး ဒီကခဲမှန်ဖူးတဲ့စာသူငယ်လေးက༎ຶ‿༎ຶ

Zawgyi

မိုးရာသီကုန္ခါနီးေနၿပီမို႔ မိုးသိပ္မ႐ြာေတာ့၊ မိုးအုပ္မွိုင္းေနရင္ေတာင္ မိုးဖြားေလးမ်ားက်တာကလြဲလို႔ သည္းႀကီးမဲႀကီးမ႐ြာသြန္းေတာ့။ ေရွာင္းက်န႔္ကေတာ့ ေနမေကာင္းျဖစ္ၿပီးထဲကအိမ္မွာမေနခ်င္တာေၾကာင့္ သူငယ္ခ်င္းေတြနဲ႕ မန္ထယ့္ရဲ႕radio cafeမွာပဲသြားထိုင္ျဖစ္ၾကတယ္။ ရွင္း႐ုံတို႔မဂၤလာႏွစ္ပတ္လည္သုံးႏွစ္ျပည့္တြက္ ဘာမွမေကြၽးလိုက္ရလို႔ဆိုကာ ဟိုတေလာကမွ ခရီးထြက္ၿပီးျပန္လာတဲ့ရွင္း႐ုံကပြဲအေသးေလးလုပ္ေပးသည္။ မန္ထယ္ကေတာ့ ခုထိေပ်ာက္ေနၿပီး ဘာအဆက္အသြယ္မွလဲမလုပ္ေတာ့။ ေရွာင္းက်န႔္ကသတိတရနဲ႕မန္အိမ္ေတာ္ကို ဖုန္းဆက္ေမးေပမယ့္လဲ သူတို႔ကိုလဲအဆက္အသြယ္မလုပ္ဘူးလို႔ဆိုကာ မန္သခင္မႀကီးကငိုကာေျပာရွာတယ္။ မန္အိမ္ေတာ္မွာ သားတစ္ေယာက္ထဲရွိတာမို႔ မန္ထယ္ကိုတစ္မိသားစုလုံးကတုန္ေနေအာင္ခ်စ္ၾကၿပီး အလိုလိုက္ထားၾကသည္။ ဒါကိုသူဘာေတြစိတ္မခ်မ္းမသာျဖစ္ေနလဲ ေရွာင္းက်န႔္နားမလည္နိုင္ပါ။ radioေကာ္ဖီဆိုင္ေလးလည္ပတ္ေနတာ မန္သခင္မႀကီးက သူ႕သားသေဘာက်တဲ့ဆိုင္ေလးကို မပိတ္ခ်င္တာေၾကာင့္သူပဲစီမံေပးေနတာ

ဒီေန႕ေတာ့ေရွာင္းက်န႔္ ရိေပၚရဲ႕စာၾကည့္ခန္းထဲမွာစာအုပ္ထိုင္ဖတ္ျဖစ္ေနတယ္။ ရိေပၚရဲ႕ကိုယ္ပိုင္စာၾကည့္ခန္းႀကီးကို သူ႕အပိုင္ႀကီးလို ေမာင္ပိုင္စည္းၿပီးစိတ္ႀကိဳက္ျခယ္လွယ္ေနေတာ့တာ။ ႀကိဳက္တဲ့စာအုပ္ကိုယူၿပီး ရိေပၚရဲ႕စားပြဲေပၚမွာထိုင္ကာ စာထိုင္ဖတ္ေနလိုက္သည္။ စားပြဲေပၚကသူတို႔ႏွစ္ေယာက္ဓာတ္ပုံေလးကိုၾကည့္မိရင္ ေရွာင္းက်န႔္မွာၿပဳံးလို႔။ ရိေပၚကေျပာဖူးတယ္၊ သူ႕စာၾကည့္စားပြဲေပၚဓာတ္ပုံေတြမတင္ခ်င္ဘူး၊ အေၾကာင္းအရင္းမရွိေပမယ့္ ဒီတိုင္းစာၾကည့္စားပြဲေပၚဓာတ္ပုံတင္တာကိုမႀကိဳက္တာ။ ဒါမယ့္ စာၾကည့္စားပြဲေပၚဓာတ္ပုံတင္တာမႀကိဳက္တဲ့သူက သူတို႔ႏွစ္ေယာက္ရဲ႕ဓာတ္ပုံေလးကိုေတာ့ တန္ဖိုးထားၿပီးတင္ထားပါသတဲ့။

ေရွာင္းက်န႔္စာထိုင္ဖတ္ေနတာ ပတ္ဝန္းက်င္ကိုလဲအာ႐ုံမရွိေတာ့။ သူဖတ္ေနတဲ့စာအုပ္ကို ၿပီးေအာင္ဖတ္ဖို႔သာစိတ္ထဲရွိေတာ့တယ္။ တစ္နာရီေလာက္အၾကာမွာတံခါးဖြင့္သံနဲ႕အတူ ရိေပၚစာၾကည့္ခန္းထဲဝင္လာသည္။

"အသက္.."

ရိေပၚအသံၾကားေတာ့မွေရွာင္းက်န႔္ေမာ့ၾကည့္လိုက္ေတာ့ ရိေပၚကသူ႕ကိုၿပဳံးျပကာ သူထိုင္ေနတဲ့ေဘးမွာမတ္တပ္ရပ္ေနၿပီ။ ေရွာင္းက်န႔္ကလဲျပန္ၿပဳံးျပလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ရဲ႕နဖူးကိုငုံ႕နမ္းသည္။

"ထ.. က်ဳပ္အသက္ကိုတစ္ေနရာေခၚသြားစရာရွိတယ္"

"ဘယ္လဲ"

"ေရာက္ရင္သိမွာေပါ့"

ေရွာင္းက်န႔္ကရိေပၚစကားေၾကာင့္ရယ္ကာ

"Surpriseလား"

"အင္း"

ေရွာင္းက်န႔္ကမတ္တပ္ရပ္လိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ခါးကိုဖက္လာတယ္။

"အဲဒါဆိုခနေစာင့္ ကြၽန္ေတာ္အဝတ္အစားလဲလိုက္မယ္"

"မလဲနဲ႕ေလ ဒီတိုင္းသြားမယ္"

"လဲရမွာေပါ့ အိမ္ေနရင္းအဝတ္အစားႀကီးနဲ႕အျပင္မထြက္ခ်င္ပါဘူး"

ေရွာင္းက်န႔္အလိုက်အဝတ္အစားလဲေစၿပီး ရိေပၚလဲေအာက္ထပ္မွာဆင္းေစာင့္ေနလိုက္သည္။ ေရွာင္းက်န႔္ဗီရိုေရွ႕မွာရပ္ၿပီး ဘာဝတ္ရင္ေကာင္းမလဲ စဥ္းစားရတာလဲအလုပ္တစ္လုပ္။ ေနာက္ဆုံးေတာ့ေပါ့ေပါ့ပါးပါးျဖစ္မယ့္သူဝတ္ေနၾကပုံစံအတိုင္း ရွပ္လက္ရွည္အစိမ္းႏုေရာင္ေလးနဲ႕ စတိုင္ပန္အနက္ကိုသာ ဝတ္လိုက္ေတာ့တယ္။ ေခါင္းၿဖီး ေရေမႊးစြပ္ ဆြဲႀကိဳးဆြဲၿပီးတာနဲ႕ ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္သည္။ ရိေပၚကလဲအရင္လို suitႀကီးနဲ႕မဟုတ္ပဲ ရွပ္လက္ရွည္အျဖဴေရာင္ကိုပဲဝတ္ထားၿပီး စတိုင္ပန္အနက္ကိုဝတ္ထားတယ္။ ေရွာင္းက်န႔္ခုနကအဝတ္အစားကိုေသခ်ာမၾကည့္မိလိုက္၊ မနက္ကလဲသူအိပ္ေပ်ာ္သြားလို႔ ရိေပၚကသူ႕ဘာသာထုတ္ၿပီးဝတ္သြားတာ။ ရိေပၚဝတ္ထားတာကိုၾကည့္ၿပီး ေရွာင္းက်န႔္ေနာက္တစ္ေခါက္အေပၚျပန္တက္လာလိုက္သည္။ ဗီရိုထဲကအျဖဴရွပ္လက္ရွည္ကိုထုတ္ၿပီး လဲဝတ္လိုက္ကာ ေအာင္ျပန္ဆင္းလာလိုက္တယ္။

ရိေပၚဧည့္ခန္းထဲမွာထိုင္ေစာင့္ေနတုန္း ေရွာင္းက်န႔္ကဝင္လာေတာ့ေမာ့ၾကည့္လိုက္သည္။ ေရွာင္းက်န႔္ကသူ႕ကိုအၿပဳံးႀကီးႀကီးနဲ႕ၿပဳံးျပကာ

"ဟီး ကြၽန္ေတာ္အိမ္ကလူနဲ႕ဆင္တူဝတ္ထားတာ"

ရိေပၚေရွာင္းက်န႔္စကားေၾကာင့္ အသဲယားၿပီး ေရွာင္းက်န႔္ရပ္ေနတဲ့နားကိုလာကာ ေရွာင္းက်န႔္ကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။ ၿပီးေနာက္ဖက္ထားတာကို လႊတ္လိုက္ၿပီး ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးကိုဖိနမ္းကာ

"အသက္ကေလ က်ဳပ္ကိုအသဲယားေအာင္သိပ္လုပ္တာပဲ"

"ဟီး အဲဒါကြၽန္ေတာ္ကခ်စ္ဖို႔ေကာင္းတာကို အိမ္ကလူအသဲယားတာမဆန္းပါဘူးေလ"

ရိေပၚ အသံထြက္တဲ့ထိရယ္ၿပီး

"ဟုတ္တာေပါ့ဗ် အသက္ကခ်စ္ဖို႔ေကာင္းေတာ့ က်ဳပ္အသဲယားတာမဆန္းဘူး
ဒါမယ့္အသက္အဲေလာက္ခ်စ္ဖို႔ေကာင္းမေနနဲ႕ က်ဳပ္တို႔အခုအျပင္မေရာက္ပဲ ကုတင္ေပၚေရာက္သြားလိမ့္မယ္"

ေရွာင္းက်န႔္ကရိေပၚစကားေၾကာင့္ရွက္ၿပီး နား႐ြက္ေလးေတြရဲလာကာ

"ခဗ်ားေသခ်င္လို႔လား"

ေရွာင္းက်န႔္ကရွက္ရွက္နဲ႕ေျပာၿပီး အေရွ႕ကေကာ့ေတာ့ေကာ့ေတာ့နဲ႕ထြက္သြားတယ္။ ရိေပၚကရယ္ရင္းေခါင္းခါကာ ေရွာင္းက်န႔္အေနာက္ကလိုက္သြားလိုက္သည္။ ကားနားေရာက္ခ်ိန္ ေရွာင္းက်န႔္အတြက္ကားတံခါးဖြင့္ေပးလိုက္ေတာ့ ေရွာင္းက်န႔္ကသူ႕ပါးကိုလွည့္ကာနမ္းၿပီး ကားထဲဝင္သြားသည္။ ရိေပၚကေတာ့အၿပဳံးတို႔ကိုဖုံးမရဖိမရ။ သူလဲကားေမာင္းသူေနရာဝင္ထိုင္ၿပီး သြားမယ့္ေနရာကိုကားစက္ႏွိုးကာအစခ်ီလိုက္သည္။

ေရွာင္းက်န႔္တို႔လာလိုက္တာ ၿမိဳ႕ျပင္လွမ္းလွမ္းေတာင္ေရာက္ေနၿပီ။ ရိေပၚဘယ္သြားေနမွန္းလဲသူမသိ၊ အျပင္ဘက္ကိုလက္ေလးထုတ္ၿပီး သူ႕လက္ကိုျဖတ္တိုက္သြားတဲ့ေလျပင္းျပင္းေတြကိုသာ ခံစားေနလိုက္သည္။ ကားေမာင္းေနတာမို႔ ေလကျပင္းျပင္းတိုက္ေနကာ သူၿဖီးလာတဲ့ဆံပင္ေတြလဲရႈပ္ပြေနၿပီ။ ၁၅မိနစ္ေလာက္ကားေမာင္းၿပီးေနာက္ ကားေလးကလမ္းေဘးတစ္ေနရာကိုထိုးရပ္လိုက္သည္။ ရိေပၚကေရွာင္းက်န႔္ဘက္ၾကည့္ၿပီး

"ဆင္းရေအာင္အသက္ ေရာက္ၿပီ"

ေရွာင္းက်န႔္လဲရိေပၚကေရာက္ၿပီဆိုေတာ့ ကားေပၚကဆင္းလိုက္သည္။ ရိေပၚကသူ႕ေရွ႕မွာလာရပ္ကာ ပြရႈပ္ေနတဲ့ဆံႏြယ္ႏုႏုေတြကို သပ္တင္ေပးကာ နဖူးေလးကိုနမ္းလိုက္တယ္။ ေရွာင္းက်န႔္ကရိေပၚလုပ္ေနတာကိုဂ႐ုမစိုက္ပဲ ဘာလို႔ဒီေနရာေခၚလာလဲသာစိတ္ဝင္စားေနသည္။

"အိမ္ကလူ ဘာလို႔ဒီကိုေခၚလာတာလဲ ဒီဘက္မွာလယ္ကြင္းေတြပဲရွိတဲ့ဥစၥာ မဟုတ္မွ..."

ေရွာင္းက်န႔္က မဟုတ္မွဆိုၿပီး သူ႕လက္ေလးႏွစ္ဖက္ကို ပါးစပ္မွာအုပ္လိုက္ၿပီး မ်က္လုံးေလးျပဴးကာ ရိေပၚကိုၾကည့္ၿပီး လက္ကိုျပန္ဖယ္ရင္းအံ့ၾသတႀကီးေျပာလာသည္။

"ဒီကလယ္ဧကေတြအကုန္ဝယ္ၿပီး ကြၽန္ေတာ့္ကိုsurpriseဆိုၿပီးေပးမလို႔လား"

ေရွာင္းက်န႔္စကားေၾကာင့္ ရိေပၚမွာအားရပါးရကိုရယ္ေတာ့သည္။ သူကဒီလယ္ဧကေတြဝယ္ၿပီး ဘာလုပ္ဖို႔ေပးရမွာလဲ၊ ေတြးလဲေတြးတတ္ပါ့ဘိ။

"အသက္ကိုလယ္ဧကေတြဝယ္ေပးၿပီး ဘာလုပ္ရမွာလဲကြာ အသက္ဒါေတြလိုခ်င္လို႔လား ကိုယ္ပိုင္ရွင္ေတြနဲ႕.."

ဆက္ေျပာမယ့္စကားကိုေရွာင္းက်န႔္သိေနတာမို႔ အျမန္ၾကားျဖတ္ကာလုေျပာရသည္။

"မလိုခ်င္ပါဘူး မလိုခ်င္ပါဘူး ဒီတိုင္းေျပာတာပါ"

လက္ေလးတစ္ခါခါေခါင္းတစ္ခါခါနဲ႕ေျပာေနတဲ့ေရွာင္းက်န႔္ေၾကာင့္ ရိေပၚမွာရယ္ကာ ေခါင္းေလးကိုဖြလိုက္ၿပီး

"အင္းပါဗ်ာ ဒါဆိုသြားၾကမယ္"

ရိေပၚကေရွာင္းက်န႔္ရဲ႕ခါးေလးကိုလွမ္းဖက္လိုက္ၿပီး သူေခၚသြားမယ့္ေနရာကို ေခၚလာလိုက္သည္။ သူတို႔ကားလမ္းကေန လယ္ကြင္းဘက္ကိုေကြ႕လိုက္ၿပီး လမ္းက်ဥ္းေလးတိုင္းျဖတ္ေလ်ာက္လာလိုက္ၾကတယ္။ ေဘးဘက္ကိုၾကည့္ရင္လယ္ကြင္းေတြသာရွိသည္။ လယ္ကြင္းက်ယ္ႀကီးဆုံးသြားေတာ့ တစ္ဖက္မွာေခ်ာင္းအေသးေလးတစ္ခုရွိၿပီး အဲေခ်ာင္းေလးရဲ႕တစ္ဖက္မွာ ေဒစီပန္းခင္းက်ယ္ႀကီး။

(ပန္းခင္းျပေျမပုံပါθ‿θ)

ေရွာင္းက်န႔္ပန္းခင္းႀကီးကိုျမင္တဲ့ခ်ိန္မွာ အံ့ဩသြားေတာ့သည္။ ဒီဘက္မွာလယ္ကြင္းေတြခ်ည္းပဲရွိတယ္ထင္တာ ဒီလိုပန္းခင္းမ်ိဳးရွိေသးတာလား။ ေရွာင္းက်န႔္ရိေပၚကိုလွည့္ၾကည့္ေတာ့ သူ႕ကိုၿပဳံးျပေနတယ္။ အိမ္ကလူကေတာ့...

သူတို႔ႏွစ္ေယာက္ပန္းခင္းထဲကိုေရာက္ေတာ့ ေရွာင္းက်န႔္မွာသေဘာတက်။ ေလတစ္ခ်က္တိုက္လိုက္ရင္ ေဒစီပန္းတစ္ပြင့္စီတိုင္းက ယိမ္းႏြဲ႕ေနကာ သူတို႔ကိုေဖ်ာ္ေျဖေပးေနသလို။ ေရွာင္းက်န႔္ရယ္ကာ ပန္းခင္းထဲဟိုေျပးလိုက္ ဒီေျပးလိုက္။ ေရွာင္းက်န႔္ပန္းခင္းအႏွံ႕ေလ်ာက္သြားေနတဲ့အခ်ိန္ ရိေပၚပန္းဖူးေလးတစ္ခုခ်ိဳးလိုက္ၿပီး ထိုေနရာမွာပဲ ထိုင္ခ်လိဳက္ကာ အာ႐ုံတစ္စိုက္နဲ႕တစ္ခုခုကိုျပဳလုပ္ေနသည္။ သူဆယ္မိနစ္ေလာက္ထိုင္လုပ္ၿပီးသြားေတာ့ ျပန္မတ္တပ္ရပ္ကာ သူလုပ္ထားတဲ့အရာေလးကိုေဘာင္းဘီအိတ္ထဲထည့္လိုက္ၿပီး ေရွာင္းက်န႔္ကိုၾကည့္လိုက္ေတာ့ ေခ်ာင္းေလးေဘးမွာသြားထိုင္ေနၿပီး ေခ်ာင္းထဲေျခေထာက္ခ်ကာ ေရေဆာ့ေနတယ္။ ရိေပၚရွိေနေသးတယ္ဆိုတာေမ့မ်ားေနသလားမသိ တစ္ေယာက္ထဲလိုပဲေပ်ာ္ေနတာ။

ရိေပၚေရွာင္းက်န႔္နားကိုသြားၿပီး အေနာက္မွာရပ္လိုက္ကာ

"ေရွာင္းသခင္ေလး ခဗ်ားတစ္ခုခုကိုေမ့ေနသလား"

ေရွာင္းက်န႔္ရိေပၚရဲ႕အသံေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ရိေပၚကခပ္ၿပဳံးၿပဳံး။ ရိေပၚဆီကသူ႕ကိုေရွာင္းသခင္ေလးလို႔မေခၚတာဘယ္ေလာက္ၾကာၿပီလဲ။ သူစေရာက္တုန္းကေခၚခဲ့သလိုေလ။ ေရွာင္းက်န႔္ရိေပၚကိုၿပဳံးျပကာ

"ဘာေမ့ေနလို႔လဲ"

"က်ဳပ္ကိုေလ က်ဳပ္ကိုေမ့ၿပီး တစ္ေယာက္ထဲေပ်ာ္ေနတာ"

"ကြၽန္ေတာ္အိမ္ကလူကိုလွမ္းၾကည့္ပါေသးတယ္ တစ္ခုခုကိုစိတ္ဝင္တစားနဲ႕လုပ္ေနလို႔ လွမ္းမေခၚေတာ့တာ"

ေရွာင္းက်န႔္ကေရထဲကသူ႕ေျခေထာက္ကိုအေပၚျပန္တင္ၿပီး မတ္တပ္ရပ္လိုက္ကာ ရိေပၚေရွ႕မွာမ်က္ႏွာခ်င္းဆိုင္ရပ္ရင္း

"အိမ္ကလူကိုကြၽန္ေတာ္ဘယ္တုန္းကမွမေမ့ပါဘူး ဒီထဲမွာ ဒီထဲမွာအျမန္ထည့္ထားတာ"

သူ႕ရင္ဘတ္ဘယ္ဘက္အျခမ္းကိုလက္ညွိုးထိုးျပၿပီး ၿပဳံးကာေျပာေနတဲ့ေရွာင္းက်န႔္က ခ်စ္ဖို႔ေကာင္းလြန္းတယ္။ ရိေပၚကေရွာင္းက်န႔္ကိုခါးကေနဖက္ၿပီး သူ႕နားကိုကပ္ေအာင္ဆြဲလိုက္ေတာ့ ေရွာင္းက်န႔္ကအလိုက္သင့္ေလးပါလာၿပီး သူ႕ရင္ဘတ္မွာေမးေတာင္တင္ထားေသးသည္။

"အသက္ က်ဳပ္အသက္ကိုသိပ္ခ်စ္တာပဲ"

"အင္း သိပါတယ္ ကြၽန္ေတာ္ကလဲအိမ္ကလူကိုအရမ္းခ်စ္တယ္"

ေရွာင္းက်န႔္ကရိေပၚႏႈတ္ခမ္းကိုဦးတည္လိုက္ေတာ့ ရိေပၚကလဲအေရွ႕ကိုတိုးလာသည္။ ၿပီးေနာက္ ပကတိျဖဴစင္ေနတဲ့အနမ္း တပ္မက္မႈကင္းတဲ့အနမ္းတစ္ခုကို သူတို႔တူတူဖန္တီးခဲ့တယ္။ ႏွစ္ေယာက္သားေမာလာေတာ့ လႊတ္လိုက္ၾကၿပီး ႏႈတ္ခမ္းႏွစ္ခုလုံးဟာ စိုစြတ္ေနသည္။ ရိေပၚကေရွာင္းက်န႔္ရဲ႕လည္ပင္းမွာမ်က္ႏွာကပ္လိုက္ေတာ့ ေရွာင္းက်န႔္ကရိေပၚကိုသိုင္းဖက္ထားလိုက္သည္။ ရိေပၚကေရွာင္းက်န႔္ရဲ႕လည္ပင္းကိုကိုက္လိုက္ၿပီး ခပ္ျပင္းျပင္းစုပ္လိုက္ေတာ့ ေရွာင္းက်န႔္ဆီကနာလို႔ေအာ္သံေသးေသးေလးထြက္လာတယ္။ ရိေပၚကစုပ္ေနတာကိုရပ္လိုက္ေတာ့ ေရွာင္းက်န႔္ရဲ႕လည္ပင္းမွာအနီရင့္ေရာင္အမွတ္အသားတစ္ခုေပၚလာသည္။ ရိေပၚေရွာင္းက်န႔္လည္ပင္းကမ်က္ႏွာကိုမခြာေသးပဲ ထိုအမွတ္အသားအေပၚကိုပဲ တစ္ဖြဖြနမ္းေနသည္။ ေရွာင္းက်န႔္ကလဲရိေပၚကိုသိုင္းဖက္ထားတဲ့လက္တစ္ဖက္ကိုလႊတ္လိုက္ၿပီး ရိေပၚရဲ႕ေခါင္းကိုဖြဖြေလးသပ္ေပးေနတယ္။

ခနအၾကာသူတို႔ဖက္ထားတာကိုလႊတ္လိုက္ၿပီး ႏွစ္ေယာက္သားလက္ခ်င္းတြဲကာ ပန္းခင္းထဲကိုလမ္းေလ်ာက္ေနၿပီး ေရွာင္းက်န႔္ပန္းပြင့္တစ္ပြင့္ကိုခူးကာ ရိေပၚရဲ႕နားၾကားညွပ္ေပးလိုက္သည္။ ရိေပၚကၿပဳံးကာ ေရွာင္းက်န႔္ရဲ႕ပါးေလးတစ္ဖက္ကိုနမ္းလာတယ္။ သူတို႔ႏွစ္ေယာက္ဆက္ေလ်ာက္ေနရင္း ေရွာင္းက်န႔္ကစကားေတြေျပာေနတယ္။

"အိမ္ကလူ ဒီကျပန္ရင္ ဘာစားၾကရင္ေကာင္းမလဲ
အျပင္စာစားလို႔ႀကီးေတာ္ေမကြၽန္ေတာ့္ကိုမဆူေလာက္ပါဘူးေနာ္"

ေရွာင္းက်န႔္ကရယ္ကာေျပာေတာ့ ရိေပၚကလဲၿပဳံးေနသည္။ ေရွာင္းက်န႔္အားေနတဲ့လက္တစ္ဖက္က ပန္းပြင့္ေလးေတြလိုက္ထိရင္း ပါးစပ္ကလဲသူစားခ်င္တာေတြကို တစ္ခုၿပီးတစ္ခုေျပာေနတယ္။ သူတို႔လမ္းေလ်ာက္ေနရင္း ပန္းခင္းရဲ႕အလယ္ေရာက္ေတာ့ ရိေပၚက႐ုတ္တရက္ေရွာင္းက်န႔္ကိုဆြဲထားတဲ့လက္တစ္ဖက္ကိုလႊတ္ၿပီး ေရွာင္းက်န႔္ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာရပ္လိုက္သည္။

ေရွာင္းက်န႔္သူစားခ်င္တာေတြေျပာေနရင္း ရိေပၚကသူ႕လက္ကိုဆြဲထားတဲ့လက္ကိုလႊတ္လိုက္ၿပီး အေရွ႕မွာလာရပ္ေတာ့ေၾကာင္ေတာင္ေတာင္ပုံစံေလးနဲ႕ ရိေပၚလုပ္သမွ်ကိုတစ္ခုစီမ်က္ေတာင္မခတ္လိုက္ၾကည့္ေနရင္း ႐ုတ္တရက္ပဲရိေပၚကေျမျပင္ေပၚဒူးတစ္ဖက္ေထာက္လိုက္ေတာ့ ေရွာင္းက်န႔္အံ့ဩကာႏႈတ္ခမ္းကိုကိုက္လိုက္မိသည္။ သူမထင္ထားဘူး၊ ခ်စ္စကားေတြေျပာေနတဲ့အခ်ိန္လဲမဟုတ္၊ ႏုႏု႐ြ႐ြစကားေတြေျပာေနတဲ့
အခ်ိန္လဲမဟုတ္ သူစားခ်င္တာေတြေျပာေနတဲ့အခ်ိန္ႀကီးမွလား။

ရိေပၚကသူ႕ေဘာင္းဘီအိတ္ထဲထည့္ထားတဲ့ သူခုနကထိုင္လုပ္ေနတဲ့ပန္းဖူးေလးနဲ႕လုပ္ထားတဲ့လက္စြပ္ေလးကိုထုတ္လိုက္သည္။ လက္စြပ္ကိုျမင္တဲ့အခ်ိန္ ေရွာင္းက်န႔္မွာမ်က္ရည္ေတြၾကားထဲကရယ္လိုက္မိသည္။ ခုနကစိတ္ဝင္တစားထိုင္လုပ္ေနတာ ဒီလက္စြပ္ေလးကိုလား။ အိမ္ကလူကအစထဲကလက္ထပ္ခြင့္ေတာင္းမလို႔ျပင္ဆင္ခဲ့တာပဲ၊ သူကမသိပဲစားခ်င္တာေတြေလ်ာက္ေျပာေနတာ။ ေရွာင္းက်န႔္ကေခါင္းေမာ့ကာသူ႕မ်က္ရည္ေတြကိုသုတ္ေနၿပီး ရယ္သံေသးေသးေလးနဲ႕ရယ္ေနေတာ့ ရိေပၚကလဲဒူးေထာက္ထားရင္း ေခါင္းငုံ႕ကာရယ္ေနတယ္။ တကယ္ေတာ့ႏွစ္ေယာက္လုံးေပ်ာ္ေနၾကသလို စိတ္လႈပ္ရွားေနၾကတာ။ ခနေနေတာ့ႏွစ္ေယာက္လုံးအသက္ျပင္းျပင္းရႉၿပီး ေရွာင္းက်န႔္ကလဲ ရိေပၚရဲ႕မ်က္လုံးေတြကိုၾကည့္ေနကာ ရိေပၚကလဲေရွာင္းက်န႔္ရဲ႕မ်က္လုံးေတြကိုၾကည့္ၿပီးေျပာလာတယ္။

"အသက္ က်ဳပ္ကိုလက္ထပ္နိုင္မလား"

ရိေပၚကေျပာလာေတာ့ ေရွာင္းက်န႔္ကထပ္ၿပီးရယ္ကာ

"အဲေတာ့လက္ထပ္ခြင့္ေတာင္းတာ ဒီလက္စြပ္နဲ႕ေပါ့ေလ"

"အင္း က်ဳပ္အသက္ကိုဒီလိုလက္ထပ္ခြင့္ေတာင္းမလို႔ ပန္းနဲ႕လက္စြပ္လုပ္တာကို တျခားၿမိဳ႕ပိုင္မင္းကေတာ္ဆီကသင္ထားရတာ"

ရိေပၚစကားေၾကာင့္ ေရွာင္းက်န႔္မွာရယ္ရျပန္ေရာ။ အိမ္ကလူကသိပ္ခ်စ္ဖို႔ေကာင္းတယ္။

"အဲေတာ့ခဗ်ားကို သူတို႔ကမရယ္ၾကဘူးလား"

ေရွာင္းက်န႔္ကအေျဖမေပးေသးပဲ စကားေတြမ်ားေနတာ ရိေပၚကလဲဂ႐ုမစိုက္ ေရွာင္းက်န႔္ေမးသမွ်ကို မညီးမၫူေျဖေနသည္။

"ရယ္ၾကတယ္ က်ဳပ္ကိုအဲၿမိဳ႕ပိုင္မင္းကေတာ္ရဲ႕ေယာက္်ားက ၿမိဳ႕ပိုင္မင္းဝမ္က ေတာ္ေတာ္စဥ္းစားတတ္တယ္တဲ့ေလ"

"ဟုတ္ပါရဲ႕ လက္ထပ္ခြင့္ကိုဒီလိုေနရာမွာေတာင္းတာကဟုတ္ပါၿပီ လက္စြပ္ကိုလဲဒီထဲကပန္းနဲ႕ပဲလုပ္ၿပီးေတာင္းတာေတာ့တကယ္ထူးဆန္းတယ္မလား"

"အသက္မႀကိဳက္လို႔လား.."

ရိေပၚကမဝံ့မရဲနဲ႕ေျပာလာေတာ့ ေရွာင္းက်န႔္ကသူ႕လက္ကိုရိေပၚေရွ႕ထိုးေပးလိုက္ၿပီး ေမးေငါ့ျပသည္။ ရိေပၚကလဲအလိုက္တသိပဲ ေရွာင္းက်န႔္ရဲ႕လက္သန္းႂကြယ္ေလးမွာဝတ္ေပးလိုက္တယ္။ လက္စြပ္ကပန္းရိုးတန္နဲ႕လုပ္ထားမို႔ ဝတ္ထားရတာသက္ေသာင့္သက္သာေတာ့မရွိ၊ ၿပီးေတာ့အနည္းငယ္ႀကီးေနေသးသည္။ ဒါမယ့္ေရွာင္းက်န႔္ကသူ႕လက္ကလက္စြပ္ေလးကိုၾကည့္ကာ

"မႀကိဳက္စရာလား ကြၽန္ေတာ္ခ်စ္တဲ့သူကအခုလိုလက္ထပ္ခြင့္ေတာင္းလာတာကို"

ေရွာင္းက်န႔္ကရိေပၚကိုထူေပးလိုက္ၿပီး

"ကြၽန္ေတာ္ကအိမ္ကလူဘယ္ခ်ိန္လက္ထပ္ခြင့္ေတာင္းေတာင္းလက္ခံတယ္ ကြၽန္ေတာ္အိမ္ကလူနဲ႕လက္ထပ္ခ်င္တယ္"

ေရွာင္းက်န႔္စကားေၾကာင့္ရိေပၚကေရွာင္းက်န႔္ကိုတင္းၾကပ္ေနေအာင္ဖက္ထားလိုက္သည္။ ရွင္း႐ုံရဲ႕လက္ထပ္ပြဲမွာပန္းစည္းရခဲ့တဲ့ေရွာင္းက်န႔္က သုံးႏွစ္အၾကာမွာလက္ထပ္ရေတာ့မွာေပါ့။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ေနာက္ေန႕မွာေရွာင္းက်န႔္သူ႕သူငယ္ခ်င္းေတြကိုေခၚၿပီး ရိေပၚနဲ႕သူ ေနာက္လလက္ထပ္မယ့္အေၾကာင္းကိုေျပာေတာ့ ရွင္း႐ုံတို႔က

"ၿမိဳ႕ပိုင္မင္းတို႔ကေတာ့ ပထမတစ္ေခါက္တုန္းက လက္ထပ္ခြင့္မေတာင္းလိုက္ရလို႔ထင္တယ္ အခုမွျပန္လက္ထပ္ၾကမယ္ေပါ့"

"ဒီတစ္ေခါက္ပြဲႀကီးမလား"

"အႀကီးႀကီးေတာ့မလုပ္ခ်င္ဘူး ဒီတိုင္းသူ႕အသိေတြငါ့သူငယ္ခ်င္းေတြေလာက္ပဲဖိတ္မယ္စဥ္းစားထားတယ္"

ရွင္း႐ုံတို႔အကုန္လုံးသူတို႔ကိုဂုဏ္ျပဳၾကေတာ့ ေရွာင္းက်န႔္မန္ထယ္ကိုသတိရတယ္။ ဘယ္ေတြေရာက္ၿပီးဘာေတြလုပ္ေနလဲမသိဘူး။

"မင္းတို႔မန္ထယ္နဲ႕အဆက္အသြယ္ရရင္ေျပာေပးဦး ငါသူ႕ကိုသတိရေနတယ္လို႔ ငါ့weddingမွာသူ႕ကိုရွိေစခ်င္တယ္"

"ေအး မင္းတို႔ၿပီးရင္ေတာ့ငါ့အလည့္ေပါ့ ငါ့ပြဲမွာလဲမန္ထယ္မပါလို႔မရဘူးေနာ္"

ဖူထ်န္ကထိုသို႔ဝင္ေျပာေတာ့ သူတို႔အကုန္ေၾကာင္သြားသည္။ သူ႕ကိုလမ္းခြဲသြားတဲ့ေကာင္မေလး လမ္းခြဲသြားတဲ့အေၾကာင္းအရင္းကိုသိၿပီးတဲ့ေနာက္မွာ ဖူထ်န္ကသူ႕အိမ္နဲ႕အႀကီးအက်ယ္ျပသနာတက္ၿပီး အိမ္ေပၚကပါဆင္းသြားသည္။ ၿပီးေနာက္သူ႕ေကာင္မေလးကိုငိုယိုၿပီးေတာင္းပန္ေတာ့ ဟိုကလဲခ်စ္တဲ့သူဆိုေတာ့ ျပန္လက္ခံလိုက္ၿပီး သူတို႔ႏွစ္ေယာက္တူတူေနလိုက္ၾကတယ္။ ဖူထ်န္ရဲ႕ညီမေလးကသူတို႔ဆီလာၿပီး သူ႕အကိုကိုျပန္ရွာေပးပါဆိုၿပီး ငိုၿပီးလာေျပာသြားေတာ့ သူတို႔လဲမေနနိုင္ေတာ့ပဲ ဝင္ေျပာေတာ့မွအိမ္ျပန္သြားတာ ဒီေလာက္အေျခအေနတိုးတက္သြားၾကၿပီေပါ့။

"ေအး ငါတို႔လဲေနာက္လပဲလက္ထပ္ေတာ့မွာ ဒါမယ့္ရက္ပိုင္းေတာ့ကြာမယ္ ဒါမွမဟုတ္ ငါတို႔ႏွစ္တြဲတူတူေဆာင္ၾကမလား"

"အဲဒါထက္ ဘယ္လိုျဖစ္သြားတာလဲ"

"ဒီလိုပဲ အေမကသူနဲ႕မယူဖို႔ထပ္ေဖ်ာင္းဖ်ေနေသးတယ္ ငါ့ညီမကသေဘာတူေပးဖို႔အေမ့ကိုအတင္းေျပာေပးတယ္ ငါလဲငါ့ညီမငိုေနေတာ့စိတ္တိုၿပီး mommyတို႔အဲဒါေခၚေျပာတာလား သေဘာမတူလဲယူမွာပဲ သူ႕မွာကြၽန္ေတာ္နဲ႕ရတဲ့ကိုယ္ဝန္ရွိေနၿပီလို႔ေျပာလိုက္တာ အဲမွာအေျခအေနေျပာင္းသြားတာပဲ"

ဖူထ်န္ကၿပဳံးစစနဲ႕ေျပာေနေပမယ့္ အကုန္လုံးကထပ္အံ့ဩရျပန္ေရာ။ လင္းဟန္ကဝင္ေမးတယ္။

"ဟိတ္ေကာင္ မင္းဘာေျပာလိုက္တာလဲ မင္းေကာင္မေလးမွာကိုယ္ဝန္ရွိေနၿပီကဘာလဲ"

"အာ မင္းတို႔ကိုမေျပာမိဘူးလား ငါ့ေကာင္မေလးကိုယ္ဝန္ရွိေနတာသုံးပတ္ရွိၿပီတဲ့ ေရွ႕တစ္ပတ္ကမွဆရာဝန္ျပလိုက္လို႔သိရတာ"

လင္းဟန္ကဒီေလာက္အေရးႀကီးကိစၥကို သူတို႔ကိုေျပာဖို႔ေမ့ေနတဲ့ဖူထ်န္ေၾကာင့္ ဆဲေရးၿပီး

"ဒီေခြးကေတာ့ ဒီေလာက္အေရးႀကီးတဲ့ကိစၥကိုငါတို႔ကိုမေျပာဘူး မေအေဘး"

"မင္းတို႔ကိုေျပာၿပီးၿပီပဲထင္ေနတာကြ"

"ဒါဆို ငါတို႔ဦးေလးေတြအေဒၚေတြျဖစ္ေတာ့မွာေပါ့ အမေလးဖူထ်န္နင့္ကေလးငါးႏွစ္ျပည့္တာနဲ႕ ငါနိုင္ငံတကာေလ်ာက္ေခၚသြားပစ္မယ္"

ရွင္း႐ုံကေျပာေတာ့အကုန္လုံးကဝိုုင္းရယ္ၾကတယ္။ အကုန္လုံးကဖူထ်န္ကေလးဖေအျဖစ္ေတာ့မွာကိုသိရတာနဲေပ်ာ္႐ြင္ကုန္သည္။ မထင္ထားဘူး ေနာက္ဆုံးမွလက္ထပ္မယ့္သူက ကေလးအရင္ရသြားမယ္လို႔၊ မန္ထယ့္ကိုေတာ့ထည့္မတြက္ေတာ့ဘူး။ သူကဒီတစ္သက္မိန္းမေကာယူပါေတာ့မလားမသိဘူး။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

တစ္ပတ္အၾကာ ရိေပၚနဲ႕ေရွာင္းက်န႔္ထမင္းစားၿပီးလို႔ ဧည့္ခန္းမွာထိုင္ေနၾကတုန္း ဖုန္းျမည္လာတာေၾကာင့္ ရိေပၚထကိုင္လိုက္သည္။

"ဟယ္လို"

☎️ၿမိဳ႕ပိုင္မင္းလား ေရွာင္းက်န႔္အိမ္မွာရွိလား☎️

"ဟုတ္ကဲ့ရွိပါတယ္"

☎️ေရွာင္းက်န႔္ကိုဖုန္းေပး ေပးပါ☎️

ရိေပၚကေရွာင္းက်န႔္ကိုလွမ္းေခၚေပးလိုက္တယ္။

"အသက္ ရွင္းသခင္မေလးဖုန္း"

ေရွာင္းက်န႔္ကထလာၿပီး ဖုန္းလာကိုင္ကာ

"ဟယ္လို ေအးေျပာ"

☎️ေရွာင္းက်န႔္ မန္ထယ္ျပန္ေရာက္ေနၿပီတဲ့☎️

"ဟမ္ ဟုတ္လား ဘယ္တုန္းကျပန္ေရာက္တာလဲ"

☎️ငါလဲေသခ်ာမသိဘူး မေန႕ကငါ့ေယာက္်ားအသိကေတြ႕ခဲ့တာတဲ့ ျပန္ေရာက္တာမၾကာေသးဘူးထင္တယ္☎️

"ေအး ဒါဆိုငါမန္အိမ္ေတာ္ကိုဖုန္းဆက္လိုက္မယ္ နင္ဟိုေကာင္ေတြကိုေျပာၿပီးၿပီလား"

☎️မေျပာရေသးဘူး ခုလွမ္းဆက္လိုက္မလို႔ မယားခ်စ္ေတြကအခုခ်ိန္အိမ္မွာပဲရွိေတာ့မွာ☎️

"ဟဟ ဟုတ္မယ္အရင္ကအိမ္မကပ္တဲ့ေကာင္ေတြက"

☎️နင္ကေကာဘာထူးလို႔လဲ လင္ခ်စ္သြားထဲက မ်က္ႏွာေတာင္မွတ္မိေအာင္အတင္းစဥ္းစားရမယ္☎️

"နင္ကလဲ ဒါနဲ႕နင္ကေရာဘယ္မွာလဲ"

☎️ငါလဲအိမ္မွာပဲ ငါ့ေယာက္်ားနဲ႕ရန္ျဖစ္ၿပီးစိတ္ေကာက္ေနလို႔ အျပင္ထြက္ဖို႔မပူဆာေသးဘူး မန္ထယ္အေၾကာင္းလဲသူမ်ားကိုေျပာသလိုလိုနဲ႕ ငါၾကားေအာင္တမင္ေအာ္ေျပာေနလို႔ငါသိလိုက္တာ☎️

"ေအးပါ အဲဒါဆိုနင္ဟိုေကာင္ေတြကိုေျပာလိုက္ ငါမန္အိမ္ေတာ္ကိုဆက္လိုက္မယ္ ဒါပဲ"

ေရွာင္းက်န႔္တို႔ဖုန္းေျပာၿပီးတာနဲ႕ဖုန္းခ်လိဳက္ေတာ့ ရိေပၚကသူ႕ကိုၾကည့္ၿပီးမ်က္ခုံးပင့္ျပေတာ့

"မန္ထယ္ျပန္ေရာက္ေနၿပီတဲ့ ကြၽန္ေတာ္မန္အိမ္ေတာ္ကိုဆက္လိုက္ဦးမယ္"

"အင္း"

ေရွာင္းက်န႔္မန္အိမ္ေတာ္ကိုဖုန္းဆက္မလို႔ျပင္တုန္းရွိေသးတယ္ ဖုန္းဝင္လာလို႔ကိုင္လိုက္ေတာ့ မန္ထယ့္ဆီက။ သူ႕အေၾကာင္းေျပာေနရင္း အသက္ရွည္ဦးမယ္။

"ဟယ္လို"

☎️ဟယ္လို ေရွာင္းက်န႔္..☎️

မန္ထယ့္အသံကအက္ကြဲၿပီးေျခာက္ကပ္ေနတယ္။ ၿပီးေတာ့မူးေနတဲ့ပုံပဲ။

"မန္ထယ္လား မင္းဘယ္ေရာက္ေနတာလဲ ဘာမေျပာညာမေျပာနဲ႕ေပ်ာက္သြားရလား မေကာင္းတဲ့ေကာင္ရဲ႕"

☎️အင္း ေတာင္းပန္ပါတယ္ ငါမင္းနဲ႕ေတြ႕ခ်င္လို႔ ခနေလာက္..ခနေလာက္ေတြ႕လို႔ရမလား မင္းကိုေျပာခ်င္တာေတြလဲရွိေသးတယ္☎️

"မင္းဘယ္မွာလဲ"

မန္ထယ္သူရွိေနတဲ့barနာမည္ကိုေျပာျပၿပီးတာနဲ႕ဖုန္းခ်လိဳက္ၿပီး ေရွာင္းက်န႔္အိမ္ေပၚထပ္တက္ကာ အခန္းထဲကအေပၚကုတ္ယူဝတ္ၿပီး ေနာက္တစ္ထည္နဲ႕ကားေသာ့ကိုယူကာ ေအာက္ျပန္ဆင္းလာလိုက္သည္။ ရိေပၚကိုသူကိုင္ထားတဲ့ကုတ္ကိုေပးလိုက္ၿပီး

"ထ အိမ္ကလူ ကြၽန္ေတာ့္ကို **barကိုလိုက္ပို႔ေပးပါ မန္ထယ္အဲမွာရွိတယ္"

ရိေပၚကလဲေရွာင္းက်န႔္ေပးေနတဲ့ကုတ္ကိုဝတ္လိုက္ၿပီး ေရွာင္းက်န႔္လက္ထဲကကားေသာ့ကိုယူၿပီး ေရွာင္းက်န႔္လက္ကိုဆြဲကာထြက္လာလိုက္သည္။ မန္ထယ္ေျပာတဲ့ဘားေရွ႕ေရာက္ေတာ့ ရိေပၚကေရွာင္းက်န႔္ကိုၾကည့္ၿပီး

"သြားလိုက္ က်ဳပ္ဒီမွာေစာင့္ေနမယ္"

"မလိုက္ေတာ့ဘူးလား"

"ဟင့္အင္း ေအးေဆးစကားေျပာၾက က်ဳပ္ဒီမွာပဲရွိမယ္"

ေရွာင္းက်န႔္ရိေပၚကိုေခါင္းၿငိမ့္ျပၿပီးထြက္လာလိုက္သည္။ ဘားထဲေရာက္ေတာ့ ေရွာင္းက်န႔္မန္ထယ္ကိုအရမ္းမရွာလိုက္ရ။ ဒီဘက္ေခတ္မွာbarဆိုလူတကာမလာနိုင္ပဲ အေကာင္ႀကီးႀကီးထဲကသူေဌးေတြပဲလာၾကတာမို႔ လူကမ်ားမ်ားစားစားမရွိ။ မန္ထယ္ကဘားရဲ႕ေဂ်ာင္ေလးထဲမွာတစ္ေယာက္ထဲထိုင္ၿပီး ကုတ္ကုတ္ေလးေသာက္ေနတာ။ ေဘးမွာလဲအရက္ပုလင္းတစ္ပုလင္းလုံးေျပာင္ေနၿပီ။ ေနာက္တစ္ပုလင္းကအခုမွစေသာက္တုန္းျဖစ္မယ္။ ေရွာင္းက်န႔္မန္ထယ္ေဘးသြားထိုင္လိုက္ၿပီး ေခၚလိုက္တယ္။

"မန္ထယ္.."

ေရွာင္းက်န႔္ေခၚသံတိုးတိုးေၾကာင့္ မန္ထယ္ကလွည့္ၾကည့္လာသည္။ ၿပီးေတာ့ေရွာင္းက်န႔္ကိုၿပဳံးျပကာ မ်က္ရည္ေတြက်လာတယ္။

"မင္းေရာက္လာၿပီပဲ"

"အင္း မင္းဘာျဖစ္ေနတာလဲ ဘာလို႔ဒီေလာက္ေသာက္ေနတာလဲ မင္းဘာျဖစ္လို႔ေပ်ာက္သြားတာလဲ"

"ဘာျဖစ္လို႔လဲဆိုတာ မင္းတကယ္သိခ်င္တာလား"

"အင္းသိခ်င္တယ္ မင္းကငါ့သူငယ္ခ်င္းပဲ"

ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္ မူးေနတဲ့အရိုန္နဲ႕မန္ထယ္ကထေပါက္ကြဲၿပီး သူေသာက္ေနတဲ့ဖန္ခြက္ကိုရိုက္ခြဲပလိုက္သည္။

"ဘာသူငယ္ခ်င္းလဲ!! လာျပန္ၿပီဒီေစာက္သူငယ္ခ်င္း! ငါမင္းနဲ႕သူငယ္ခ်င္းမျဖစ္ခ်င္ဘူး!!
ငါမင္းခ်စ္တဲ့သူပဲျဖစ္ခ်င္တာ!! ငါကမင္းကိုခ်စ္တာကြ မင္းကိုအရမ္းခ်စ္တာမင္းသိရဲ႕လားေရွာင္းက်န႔္!! မင္းမဂၤလာေဆာင္ကိုလာေစခ်င္တယ္ေပါ့ ငါအဲခ်ိန္မွာ႐ူးသြားနိုင္တယ္ကြ!! ေရွာင္းက်န႔္ငါမင္းကိုသိပ္ခ်စ္တာ!!"

ေရွာင္းက်န႔္သူ႕လက္ေမာင္းကိုမန္ထယ္ကဆုပ္ကိုင္ၿပီး အတင္းလႈပ္ကာေျပာေနေတာ့ ေရွာင္းက်န႔္လန႔္လဲလန႔္သလို အံ့လဲအံ့ဩသည္။ သူမထင္ထားဘူး မန္ထယ္သူ႕ကိုခ်စ္ေနလိမ့္မယ္လို႔ သူကမန္ထယ္ကိုအရမ္းခင္တာေလ။

"ဟင့္အင္း ဟင့္အင္းမေျပာနဲ႕ေတာ့မန္ထယ္ ေတာ္ပါေတာ့"

ေရွာင္းက်န႔္ကေခါင္းခါကာအတင္းရပ္ခိုင္းေနေတာ့ မန္ထယ္ဟက္ဟက္ပက္ပက္ကိုရယ္ကာ

"ငါေျပာတဲ့မင္းကိုခ်စ္တယ္ဆိုတဲ့စကားၾကေတာ့ အတင္းေတာ္ခိုင္းၿပီး ဟိုေကာင္ေျပာတဲ့ခ်စ္တယ္ဆိုတဲ့စကားၾကေတာ့မင္းအတြက္နားဝင္ခ်ိဳေနတယ္မလား ဒီကေကာင္ကလဲမင္းကိုေစာက္ရမ္းခ်စ္တာ မင္းအလိုလိုက္မင္းအႀကိဳက္ေဆာင္ မင္းမ်က္ႏွာတစ္ကမာၻ မင္းၿပဳံးေပ်ာ္ေနဖို႔ ငါ့ႏွလုံးေသြးေတြနဲ႕ရင္းရမယ္ဆိုရင္ေတာင္ရင္းမယ့္ေကာင္ပါ မင္းကငါ့ရဲ႕အရာရာပါ သူမင္းကိုေခၚတဲ့'အသက္'ဆိုတာကိုၾကားရင္မင္းေပ်ာ္ေနတယ္မလား ငါမင္းကိုတိတ္တိတ္ေလးေခၚေနခဲ့တဲ့'ငါ့ဘဝႀကီး'ဆိုတာၾက မင္းတစ္ခ်က္ေလးေတာင္မၾကားခဲ့ဘူးမလား ေရွာင္းက်န႔္ရာ ငါမင္းကိုအရမ္းခ်စ္တဲ့ေကာင္ပါကြာ ဘာေတြ..ဘာေတြမတူေနတာလဲ သူမင္းကိုအလိုလိုက္သလို ငါလဲမင္းကိုအလိုလိုက္တာပဲ သူမင္းကိုခ်စ္သလို ငါလဲမင္းကိုခ်စ္တာပဲ သူမင္းနားမွာမင္းငယ္ငယ္ထဲကရွိခဲ့ေပမယ့္ ငါမင္းအနားစေရာက္လာထဲက မင္းကိုေပ်ာ္ေအာင္အမ်ိဳးမ်ိဳးထားခဲ့တဲ့ေကာင္ပါကြာ ဘာေတြမတူေနတာလဲ.."

မန္ထယ္ကေရွာင္းက်န႔္ကိုေျပာေနရင္း အသံေတြတုန္က သူ႕နဖူးေပၚလက္အုပ္ၿပီး ေခါင္းငုံ႕ကာရွိုက္ႀကီးတငင္နဲ႕ငိုေတာ့သည္။ ရွိုက္ကာငိုေနတဲ့မန္ထယ္ေၾကာင့္ေရွာင္းက်န႔္လဲလိုက္ငိုမိတယ္။ ေရွာင္းက်န႔္မန္ထယ္ကိုဖက္လိုက္ေတာ့ မန္ထယ္ကအတင္း႐ုန္းလာၿပီး သူ႕ကိုတြန္းထုတ္လာသည္။ ေရွာင္းက်န႔္မန္ထယ္တြန္းလိုက္တိုင္း ခႏၶာကိုယ္ကေ႐ြ႕သြားေပမယ့္ မန္ထယ္ကိုလုံးဝမလႊတ္ပဲ တင္းတင္းၾကပ္ၾကပ္ကိုဖက္ထားလိုက္သည္။ ေနာက္ေတာ့မန္ထယ္ကေရွာင္းက်န႔္ကိုျပန္ဖက္လာၿပီး ႏွစ္ေယာက္သားဖက္ငိုၾကေတာ့တယ္။ ေရွာင္းက်န႔္ႏႈတ္ကေနလဲေတာင္းပန္ပါတယ္ဆိုတဲ့စကားကို တဖြဖြေျပာေနသည္။

ႏွစ္ေယာက္လုံးတည္ၿငိမ္သြားေတာ့မွ ေရွာင္းက်န႔္ကသူ႕မ်က္ရည္ေတြကိုသုတ္ကာ ခုံမွာျပန္ထိုင္လိုက္ေတာ့ မန္ထယ္ကလဲသူ႕မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္တယ္။ မန္ထယ္ကဘာတစ္ခြန္းမွမဆိုပဲ ေခါင္းငုံ႕ကာေနေနသည္။ ေရွာင္းက်န႔္ကပဲစကားစလိုက္တယ္။

"ဘာလို႔လဲမင္းသိခ်င္တယ္မလား ငါေျပာျပမယ္ အိမ္ကလူအတိုင္းပဲ မင္းငါ့ကိုခ်စ္တယ္ အလိုလိုက္တယ္ ေပ်ာ္ေအာင္ထားတယ္ မွန္တယ္မင္းအဲဒါေတြအကုန္လုပ္ေပးနိုင္တယ္ ဒါေပမယ့္မင္းမလုပ္နိုင္တာတစ္ခုရွိတယ္"

ေရွာင္းက်န႔္စကားေၾကာင့္ မန္ထယ္ကသိခ်င္စိတ္နဲ႕ေမာ့ၾကည့္လာသည္။

"ငါ့ကိုရင္ခုန္ေအာင္.. မန္ထယ္မင္းငါ့ကိုရင္ခုန္ေအာင္မလုပ္နိုင္ဘူး အိမ္ကလူကေတာ့လုပ္နိုင္တယ္ ေနာက္ၿပီးအဓိကအခ်က္ကေတာ့ ငါကအိမ္ကလူကိုခ်စ္တယ္ေလ"

ေရွာင္းက်န႔္ရဲ႕ဒီစကားကမန္ထယ့္အတြက္အကူအညီမရဘူးဆိုတာ သူသိပါတယ္၊ ဒါေပမယ့္သူေျပာရမယ္။ မန္ထယ္ကေရွာင္းက်န႔္ကိုၾကည့္ေနရင္းမ်က္ရည္ေတြျပန္ဝဲလာၿပီး လွ်ာသပ္ကာ ေခါင္းကိုေမာ့ၿပီး မ်က္ေတာင္ပုတ္ခက္ပုတ္ခက္နဲ႕ သူ႕မ်က္ရည္ေတြကိုျပန္သိမ္းေနတယ္။

"ဒါေပမယ့္ အဲလိုပဲသူမလုပ္နိုင္တာရွိတယ္ သူငါနဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္ေအာင္မလုပ္နိုင္ဘူး တခါတေလမွာတစ္ေယာက္နဲ႕တစ္ေယာက္အရမ္းခ်စ္လို႔အကုန္လုံးပြင့္ပြင့္လင္းလင္းေျပာေနေပမယ့္ တစ္ခ်ိဳ႕စကားေတြဆိုေျပာမျပနိုင္တာမ်ိဳးေတြရွိတယ္ အဲလိုခ်ိန္ဆို ငါတို႔ကငါတို႔အရင္းႏွီးဆုံး အခ်စ္ဆုံးသူငယ္ခ်င္းေတြကိုပဲအရင္ဆုံးေျပာျပျဖစ္တယ္ တိုင္ပင္ျဖစ္တယ္ မန္ထယ္မင္းကငါ့ရဲ႕အရင္းႏွီးဆုံး အခ်စ္ဆုံးသူငယ္ခ်င္းေကာင္း မင္းငါ့အနားမွာအဲလိုပုံစံမ်ိဳးနဲ႕ပဲတစ္သက္လုံးေနေပးလို႔မရဘူးလား"

ေရွာင္းက်န႔္စကားေတြေၾကာင့္ မန္ထယ္ကေနာက္တစ္ေခါက္မ်က္ရည္က်လာျပန္သည္။

"ငါသိတယ္ ငါဒီလိုေျပာလိုက္တာ အတၱႀကီးၿပီး မင္းအတြက္ပိုနာက်င္ေစမယ္ မင္းဘက္ကထည့္မစဥ္းစားသလိုျဖစ္ေနမယ္ဆိုတာ ဒါေပမယ့္ငါအတၱႀကီးႀကီးပဲေျပာမယ္ မင္းကိုငါ့ဘဝအတြက္အေကာင္းဆုံးသူငယ္ခ်င္းအေနနဲ႕ရွိေစခ်င္တယ္ လိုလဲလိုအပ္တယ္ ေက်းဇူးျပဳၿပီး ငါ့ေဘးနားမွာငါ့အခ်စ္ဆုံးသူငယ္ခ်င္းအေနနဲ႕ေနသြားေပးပါ ငါေတာင္းဆိုပါတယ္ ငါမင္းကိုဒီကိစၥေၾကာင့္လက္မလႊတ္နိုင္ဘူး"

မန္ထယ္ကမ်က္ရည္ေတြနဲ႕ေရွာင္းက်န႔္ကိုဖက္လာျပန္သည္။ ၿပီးေနာက္ လူခ်င္းျပန္ခြာလိုက္ၿပီး ေရွာင္းက်န႔္ကိုေျပာလိုက္တယ္။

"ငါသိေနတယ္"

"ဟင္"

"မင္းက အရင္ေရွာင္းက်န႔္မဟုတ္ဘူးဆိုတာ ငါ့သူငယ္ခ်င္းခႏၶာကိုယ္ထဲဝင္ေနတဲ့တျခားေရွာင္းက်န႔္ဆိုတာ သိေနလဲမေျပာင္းလဲဘူးေရွာင္းက်န႔္ မင္းကိုအရင္တုန္းကလဲခ်စ္ခဲ့တယ္ အခုထိလဲခ်စ္ေနတယ္ မင္းကိုတစ္ေယာက္ထဲလို႔ပဲငါျမင္တယ္ မင္းတို႔အက်င့္ေတြမတူေပမယ့္ေပါ့"

မန္ထယ္ေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န႔္အံ့ဩသြားသည္။ သူလဲသိေနတာလား။ ဒါေပမယ့္ေရွာင္းက်န႔္မန္ထယ္ကိုၿပဳံးျပလိုက္ၿပီး

"ေက်းဇူးတင္ပါတယ္ ငါ့ကိုဆက္ခင္ေပးခဲ့လို႔"

"အင္း မင္းကိုလဲေက်းဇူးတင္တယ္ ငါ့ကိုတြန္းမထုတ္ပစ္လိုက္လို႔ ဒီေန႕မင္းသာငါ့ကိုတြန္းထုတ္ပစ္ရင္ ငါတကယ္ေသလိုက္နိုင္တယ္ေရွာင္းက်န႔္ ၿမိဳ႕ပိုင္မင္းဝမ္ဆီမွာေပ်ာ္ေနပါ သူ႕အခ်စ္ေတြနဲ႕မင္းရွင္သန္ပါ သူနဲ႕ဆိုငါစိတ္ခ်ပါတယ္ ေအာ္..ေနာက္ၿပီး တကယ္လို႔မင္းေနာက္ျပန္လွည့္ၾကည့္ျဖစ္ရင္ မင္းအေနာက္မွာမင္းကိုသိပ္ခ်စ္တဲ့ငါရွိေနတယ္ဆိုတာသတိရပါ"

ေရွာင္းက်န႔္မန္ထယ္ကိုရယ္ျပလိုက္သည္။ ခနေနေတာ့ေရွာင္းက်န႔္ျပန္မလို႔ျပင္လိုက္ၿပီး မန္ထယ္ကိုေျပာလိုက္တယ္။

"ငါျပန္လိုက္ပို႔ေပးမယ္ မန္သခင္မႀကီးတို႔မင္းကိုစိတ္ပူေနတယ္"

"အင္း ငါမနက္ျဖန္အိမ္ျပန္မွာပါ ငါ့ဘာသာျပန္လိုက္မယ္ အမူးေတာင္ေျပသြားၿပီ"

မန္ထယ္ကရယ္ကာေျပာေတာ့ ေရွာင္းက်န႔္ကၿပဳံးျပလိုက္ၿပီး

"ဒါဆိုလဲငါ့ဘာသာျပန္ေတာ့မယ္"

ေရွာင္းက်န႔္မန္ထယ္ကိုႏႈတ္ဆက္ၿပီးထြက္လာေတာ့ ေျခငါးလွမ္းေျခာက္လွမ္းပဲရွိေနေသးတယ္ မန္ထယ္ကအေနာက္ကေအာ္လာတယ္။

"ေရွာင္းက်န႔္! ငါ့ကိုေနာက္ဘဝေရာျပန္ခ်စ္နိုင္မလား!"

သူတို႔ႏွစ္ေယာက္႐ုန္းရင္းဆန္ခတ္ျဖစ္ေနထဲက ေပၚတင္တစ္မ်ိဳး ကြယ္ရာတစ္မ်ိဳး ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကသူမ်ားကိုဂ႐ုမစိုက္ပဲ မန္ထယ္ကေအာ္လာတယ္။ ေရွာင္းက်န႔္လဲမန္ထယ္ဘက္ကိုျပန္လွည့္ၿပီး

"ေတာင္းပန္ပါတယ္..ငါကေနာက္ဘဝလဲအိမ္ကလူအပိုင္ပဲျဖစ္ေနမယ္ထင္တယ္ မင္းကတကယ္ေကာင္းတဲ့သူနဲ႕ေတြ႕ဆုံမွာပါမန္ထယ္.."

ေရွာင္းက်န႔္စကားေၾကာင့္ မန္ထယ္ကရယ္ခ်လိဳက္ၿပီး ေရွာင္းက်န႔္ကိုလက္ျပကာ ျပန္ခိုင္းသည္။ ေရွာင္းက်န႔္လဲမန္ထယ္ကိုၿပဳံးျပၿပီး လွည့္ျပန္လာလိုက္သည္။ အျပင္ေရာက္ေတာ့ ရိေပၚကကားကိုမွီကာ ေကာင္းကင္ကိုေမာ့ၾကည့္ေနတယ္။ ေရွာင္းက်န႔္ရိေပၚကိုလွမ္းေခၚလိုက္သည္။

"အိမ္ကလူ!!"

ရိေပၚေရွာင္းက်န႔္ရဲ႕ေခၚသံေၾကာင့္ ေရွာင္းက်န႔္ကိုၾကည့္လိုက္ေတာ့ ေရွာင္းက်န႔္ကခပ္လွမ္းလွမ္းကေနသူ႕ကိုၿပဳံးျပေနတယ္။ သူလဲျပန္ၿပဳံးျပလိုက္ၿပီး လက္ကိုဆန႔္တန္းကာ သူ႕ကိုေရွာင္းက်န႔္လာဖက္မွာကိုေစာင့္ေနလိုက္သည္။

ဆက္ရန္~~~~

အရွည္ရီးပဲ⊙.☉ လက္ေတြလဲေညာင္းေနေရာ(ᗒᗩᗕ) မန္ထယ္ေျပာတဲ့စကားေတြကိုခဗ်ားတို႔ဘယ္လိုဖတ္လိုက္မလဲေတာ့မသိေပမယ့္ ကြၽန္ေတာ္ကေတာ့‌ေရးၿပီးျပန္ဖတ္ေတာ့မ်က္ရည္ေတြပါက်ခဲ့ပါတယ္။ တကယ္မခံစားနိုင္ဘူး ဒီကခဲမွန္ဖူးတဲ့စာသူငယ္ေလးက༎ຶ‿༎ຶ

Продолжить чтение

Вам также понравится

256K 26.2K 26
နတ်ဆိုးရဲ့တောင်ပံတွေအောက်က ဘယ်တော့မှ့ လွတ်မြောက်ခွင့်ရမှာလဲ ...... နတ္ဆိုးရဲ႕ေတာင္ပံေတြေအာက္က ဘယ္ေတာ့မွ႕ လြတ္ေျမာက္ခြင့္ရမွာလဲ ...... Start Date -3.9...
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
167K 11.9K 26
System: :hostက ယုတ်မာလိုက်တာ၊ လူယုတ်မာ host ÷_÷ Host : :မင်းတို့ SYSTEM ယုတ်မာလို့ ငါလဲ လိုက်ယုတ်မာ ရတာလေ၊ လူယုတ်မာ SYSTEM :)) - - -This's my first s...
1M 70.4K 71
M-prage Family Type Fanfiction Wang YiBo & Xiao Zhan