မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...
By ma_roses_are_blue
86.5K 10.3K 163
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More
Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶
အပိုင်း(၁၅)
1.1K 138 1
By ma_roses_are_blue
"အာ ကျွန်မတောင်းပန်ပါတယ် သတိလက်လွှတ်ဖြစ်သွားတယ် အခုရပ်လိုက်ပါပြီ ကျွန်မ ရှင့်ကို ဓားပြတိုက်ဖို့တွေးနေတာမဟုတ်ပါဘူး ကျွန်မဆိုလိုတာက ပိုက်ဆံချေးပြီး ထွက်ပြေးဖို့ ကြိုးစားနေတာမဟုတ်ပါဘူး တကယ်ပါ"
သူမ အရေးတကြီးတောင်းပန်လိုက်ပေမဲ့ လုရှန်က ထိုရိုက်ချက်အား အတည်ယူထားပြီးဖြစ်သည်
လုရှန် ဒုက္ခရောက်နေသလိုမျက်နှာနှင့် နှုတ်ခမ်းကိုကိုက်ရင်း စကားတခွန်း ကြားအောင်ပြောလေသည်၏
"မင်း အမြဲတမ်း ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံချေးနေကြလား"
ထိုယောကျာ်းက အကျင့်သိက္ခာကောင်းမွန်တဲ့ အထတ်တန်းလွှာလေဒီတယောက်အား ဆိုးသွမ်းသောလူငယ်တယောက်အနေနဲ့ ဘောင်သွင်းနေလေသည်
"ဘယ်ဟုတ်မလဲ ဒါက ကျွန်မပထမဆုံးအကြိမ်ပိုက်ဆံချေးဖူးတာလေ"
သူမရဲ့တည်ငြိမ်သောအဖြေကို ကြားပြီးနောက် စိတ်သက်သာရာရသွားသလို အသက်ကိုရှုထုတ်လိုက်သည်
ထို့နောက် လုရှန်ပြောလာခဲ့သည် ကလေးငယ်တယောက်ကို အန္တာရယ်အကြောင်း သတိပေးသလိုပင်
"မင်း ပိုက်ဆံအရေးတကြီးလိုရင် ကိုယ်ကိုအသိပေးပါ မင်း တစုံတယောက်ဆီကနေ ဘယ်တော့မှ အခုလို မချေးငှားပါနဲ့"
'ကျွန်မက အဲ့လို အရှက်မရှိတဲ့လူမှမဟုတ်တာ'
ပါနေးရား ထိုကဲ့သိုပြန်ဖြေရန်‌ကြိုးစားသော်လည်း လုရှန်မျက်လုံးများက လေးနက်နေတာကြောင့် သူမခေါင်းကို နာနာခံခံ ခေါင်းညိမ့်လိုက်ရသည်
တခဏကြာပြီးနောက် သူမအရှေ့၌ တောက်ပနေသော ရွှေဒင်္ဂါး ငါးရာရောက်လာခဲ့သည်
"ရှင် ကျွန်မဘာကြောင့် ပိုက်ဆံလိုတယ်ဆိုတာကို မမေးတော့ဘူးလား"
လုရှန် မျက်လုံးတွေ မှိတ်ရင်း ပြန်ဖြေလာခဲ့သည်
"လူတွေကို အ၀တ်အစား၀ယ်ပြီး ဆင်ပေးရတာနဲ့ သူတို့ကို ခေတ်ဆန်အောင်လုပ်ရတာ လေဒီရဲ့ဝါသနာပဲမဟုတ်ဘူးလား"
"အို ရှင်ဘယ်လိုသိတာလဲ"
"မင်းပဲပြောခဲ့တာလေ ဒါက လေဒီတယောက်ရဲ့ကြီးမြတ်လှတဲ့စိတ်သာယာမှုဆို"
သူမ ရင်ထဲအနည်းငယ်ထိသွားခဲ့သည်
"အဲ့ဒါတော့မှန်တယ် ရှင်မှတ်မိနေသေးလို့ ကျွန်မ၀မ်းသာပါတယ်"
စိတ်ခံစားချက်ကောင်းဖြစ်နေ၍ သူမရယ်လိုက်ပေမဲ့ ကံမကောင်းတာက သူက လုံး၀တုံပြန်မှု မပြခဲ့ပေ
သူရဲ့ခံစားချက်မဲ့နေသော မျက်မှာကို ကြည့်ရတာ ဘယ်လိုနေနေ စိတ်ချမ်းသာစရာမကောင်းပေ
'ရှင် ဒီပိုက်ဆံတွေချေးပြီးမှ နောင်တရနေတာလား ဘာနေနေ ဒီပိုက်ဆံတွေက ကျွန်မကိုပေးပြီးပြီးဆိုတော့ ဒီဘေဘီလေးတွေက ကျွန်မဟာ'
လုရှန်စိတ်မပြောင်းခင် ရွှေဒင်္ဂါးများကို အိတ်ထဲအမြန်ထည့်လိုက်သည်
'ဒီငွေပမာဏနဲ့ဆို အက်စတယ်လာကို လှလှပပ ဆင်ယင်ပေးဖို့လုံလောက်တယ်  အဲ့ဒီအထက်တန်းလွှာတွေရဲ့ မောက်မာတဲ့နှာခေါင်းတွေကို ပြားအောင်လုပ်ပစ်ဖို့ လုံလောက်တယ်'
အဆင်မြင့်သောဂါ၀န်ဆိုရင် အရမ်းဈေးကြီးတယ် ဒါပေမဲ့ သင့်တင့်တဲ့ဂါ၀န်ဆိုရင် လုံလောက်မှာပါ
ပြီးရင် အက်စတယ်လာက သူမရဲ့ပုံစံတစ်ခုထဲနဲ့ တောက်ပနေသောအမျိုးသမီးပင်
'အခုပြဿနာက သူမကို ဘယ်လို အ၀တ်ဆင်ပေးရမလဲဆိုတာပဲ'
အက်စတယ်လာက ခေါင်းမာသော ဇာတ်လိုက်အမျိုးသမီးပင် ချောင်*တစ်ယောက် ပိုင်ဆိုင်ထားတဲ့ ခေါင်းမာမှုထက် ပို၍ ခေါင်းမာလေသည်
(*ကို Koreaမှာဆို stereotypesလို့အဓိပ္ပါယ်ရပါတယ် Choisဆိုတာကို အခုခေတ်မှာ ခေါင်းမာခြင်းလို့ သိကြပါတယ်)
အဓိကဇာတ်လိုက်တယောက်ရဲ့ လည်ပတ်နေတဲ့အချစ်ဇာတ်လမ်းလို အက်စတယ်လာကလဲ ခက်ခဲသောလမ်းကို ရွေးချယ်ရဲသည်
'ပွဲကို ဒီဂါ၀န်နဲ့ သွားဖို့ သူမကို ပြောရင် သူမသေချာပေါက် ငါ့စကားနားထောင်မှာမဟုတ်ဘူး'
‌အင်ပါယာမြို့တော်မှာ ကျင်းပတဲ့ပွဲဖြစ်တယ်ဆိုရင်တောင်မှ သူမ ဂါ၀န်ဟောင်းတွေကိုသာ အမြဲ၀တ်လိမ့်မယ်
ဒါက အက်စတယ်လာ သူမက ဆင်းရဲခြင်းကိုဂရုစိုက်သော သူတော်စင်တယောက်အနေနဲ့ တန်ဖိုးကြီးတဲ့ဂါ၀န်တွေကို မ၀တ်သင့်ဘူးဆိုသော အတွေးကြောင့်ပင်
သူမရဲ့ အလွန်အမင်းခေါင်းမာမှုကြောင့် ဇာတ်လမ်းအဆုံး‌နားရောက်သည့်အထိ ဂါ၀န်တစ်ထည်ထဲကိုသာ၀တ်ခဲ့သည်
'ပြီးတော့လဲ အမျိုးသမီးဇာတ်လိုက်အတွက်ဆိုခွေးတကောင်လိုဖြစ်လာသည့် အိမ်ရှေ့စံမင်းသားကသာ သူမအား တခါလောက်၀တ်တာမြင်ဖူးချင်သောကြောင့်ပင်'
'ပြောနေစရာပင်မလိုပေ သူမက အက်စတယ်လာနဲ့အဆက်အဆံမရှိသော ဗီလိန်နေရာယူထားရတဲ့ supporting ကာရိုက်တာပင်'
ဒါကြောင့် အက်စတယ်လာက သူမစကားနားထောင်မည်မဟုတ်ပေ
'ငါ သူမကို ဘယ်လိုဖြောင်းဖျရမလဲ'
သူမ နက်နက်ရိုင်းရိုင်း ဒုက္ခရောက်နေပြီပင်
────── 〔〕──────
နောက်တနေ့နံနက်၌ အန်နီက စိတ်ပူစွာမေးလာခဲ့သည် "အဲ့နေရာကို တယောက်ထဲ တကယ်သွားမှာလား မစ်"
"ဒါပေါ့"
"ဘာကြောင့် အရှင်ကာဒီယမ်ကို ဆက်သွယ်ပြီး သူနဲ့ မသွားရတာလဲ သူက လေဒီ နောက်ကို မွေးခါစဘဲပေါက်လေးလို သွားလေရာ တကောက်ကောက်လိုက်နေတာ"
"မဖြစ်ဘူး"
"ဘာကြောင့်လဲ"
သူမအတွေးထဲ၌ အန်နီမေးခွန်းအား ဖြေပေးခဲ့သည်
'ဘာလို့လဲဆိုတော့ ငါက အက်စတယ်လာကို ကိုယ်နည်းနဲ့ကိုယ် သွားတွေ့မလိုလေ'
အခုတလော လုရှန်ရှေ့၌ အက်စတယ်လာအကြောင်း မပြောဖြစ်ပေ
'သူမ ထိုအကြောင်းကို ယူလာပြီး 'ကျွန်မ ရှင်အက်စတယ်လာကိုကြိုက်နေတယ်ဆိုတာကို သိတယ်'လို့ပြောရင်တောင်မှ သူမက Aအဆင့်ကျောင်းသားကို သူရဲ့secret crush*နဲ့ စနေသလို ပုံစံသာပေါ်နေမည်
('A အဆင့်ကျောင်းသားကို သူရဲ့ secret crushနဲ့ စနေခြင်း ဆိုတာက တစ်စုံတစ်ယောက်ကို တိတ်တိတ်ကလေးကြိုက်နေတတ်တဲ့သူတွေကို စနောက်တဲ့နေရာမှာသုံးပါတယ် အများစုက ကလေးတွေကိုပါ)
တချိန်လုံး ငြိမ်သက်နေတဲ့ blackened second male leadကို သူမ အထုအထည်ဖြစ်သွားမှာကို မလိုလားပေ
ဒါကြောင့် ဒီနေ့အပြင်ထွက်တာက သူဆီကနေ လျှို့ဝှက်ချက်အနေနဲ့ထားရမည်ဖြစ်သည်
သူမအဖေကိုလဲ မပြောပြချင်ပေ လိုလိုမယ်မယ်ပင်
သူမအဖေသာသိသွားရင် သူမစံအိမ်ကနေထွက်ပြီး ဆယ်မိနစ်အကြာမှာ မြို့တော်မှာရှိတဲ့ လူတိုင်း ဒီနေ့ သူမဘယ်နေရာမှာရှိနေတယ်ဆိုတာ သိသွားလိမ့်မည်
"ငါ လူတွေ ဘာမှမဟုတ်တာအတွက်နဲ့ စိတ်မပူစေချင်ဘူး စိတ်မပူပါနဲ့ အန်နီ နင်ထင်သလောက်လဲဆိုးမှာမဟုတ်လောက်ပါဘူး"
စိတ်ပျက်လက်ပျက်နှင့် အန်နီခေါင်းညိမ့်လာခဲ့သည်
"ကျွန်မနားလည်ပြီ ကျေးဇူးပြုပြီး အန္တရာယ်ကင်းတဲ့ခရီးလေးဖြစ်ပါစေ"
သူမခေါင်းညိမ့်ရင်း စံအိမ်ကနေထွက်လာခဲ့သည်
အန်နီရဲ့ စိတ်ပူမှုနှင့် အန်နီဘာကြောင့်အခုလိုဖြစ်နေရသလဲဆိုတာကို သူမနားလည်ပေသည်
ပါနေးရား အက်စတယ်လာကို သွားတွေ့မဲ့နေရာက ဟောင်းနွမ်းအစုတ်ပြတ်ဆုံး အစောင့်အရှောက် နည်းပါးတဲ့ မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်များပင်
သူတော်စင်ဆို‌ေသာနာမည်နှင့်မတူပဲ အက်စတယ်လာနေသောနေရာက ကြောက်လန့်စရာမကောင်းတဲ့ သန့်ရှင်းသောနေရာ တစ်ခုမဟုတ်ပေ
ရောဂါခံစားနေရပြီး ဆင်းရဲသော ထိုသူများနှင့် အမြဲရောနှောနေခဲ့သည်
'ဒီအချက်အလက်ကို သူမသိပေမဲ့ ထိုနေရာက ဒီပမာဏရှိလိမ့်မည်ဟု သူမမယုံနိုင်ခဲ့ပေ'
သူမမြင်လိုက်ရသောမြင်ကွင်းကို မျက်မှောင်ကြုတ်မိသွားတော့သည်
သူမ ဆင်ခြေဖုံးရပ်ကွက်များကို ၀င်၀င်ချင်း ရှုခင်းက လုံး၀ကို ပြောင်းလဲသွားတော့သည် ထိုနေရာက ညစ်ပတ်ပြီးဆင်းရဲနေပြီး ယခုတိုင်တစ်မြို့ထဲမှာရှိနေသေးတယ်ဆိုတာ သင့်ကို အံဩအောင်လုပ်ဖို့လုံလောက်သည်
နံရံတွေနှင့် အိမ်တွေက ပြိုလဲခါနီးအခြေအနေတွင်ရှိနေ‌ခဲ့သည် နေရာအနှံပြန့်ကျဲနေသည့်အညစ်အကျေးထဲတွင် သ‌ည်းမခံနိုင်လောက်အောင်ဆိုးရွားသောအနံလဲရှိသေးသည်
အမှိုက်တွေရောနေသော နေရာအနှံမှာထိုင်နေကြတဲ့ လူတွေရဲ့အကြည့်က သူမကျောရိုးကို အေးခဲသွားအောင်လုပ်နေလေသည်
'ငါးအသေတကောင်လိုပဲ'
သူတို့မျက်လုံးတွေက ထိုနေရာကို ဗလာနတ္ထိ ငေးကြည့်နေခဲ့သည် သူမကိုကြည့်နေသာတချို့က ဟိုင်အီးနားလို မျက်လုံးအကြည့်နှင့်ကြည့်နေခဲ့သည်
(Hyena- အာဖရိကတိုက် အာရှတိုက်တို့မှာတွေ့တတ်တဲ့ ခွေးပုံစံ အုပ်စုဖွဲ့နေတတ်ပြီး အသေကောင်ကိုစားတတ်တဲ့ အကောင်မျိုးပါ)
ကံကောင်းစွာနဲ့ သူမက အထက်တန်းလွှာတယောက်ဆိုတာကို သူမကိုယ်တိုင်ထုတ်ဖော်မိတာကို ရှောင်ရှားဖို့ ဟောင်းနွမ်းတဲ့ခြုံထည်ကို ၀တ်လာခဲ့သည်
တခြားနည်းနဲ့ပြောရရင် ဒီရွာကို၀င်၀င်ချင်း လူလေလူလွင့်တွေ သူမပိုက်ဆံကို လုယက်သလိုဖြစ်နေခဲ့သည်
ချွေးအေးအေး ခေါင်းစွပ်စွပ်ထားတဲ့ သူမနှာဖူး၌ ကျဆင်းနေခဲ့သည်
ဒီလိုကြောက်စရာကောင်းတဲ့ ပတ်၀န်းကျင်မှာနေ‌သော အက်စတယ်လာအတွက် စိတ်မကောင်းဖြစ်မိသည် ဒါပေမဲ့ ထချိန်ထဲမှာပဲ ထိုအချိန်တွင်းမှာပဲ အက်စတယ်လာကို လေးစားမှုအသစ်တစ်ခု ရှာတွေ့မိခဲ့သည်
သူမ နောက်ဖေးလမ်းကြားတစ်ခုကိုဖြတ်ရင်း ဟောင်းနွမ်းနေသောအဆောက်အအုံတစ်ခုရှေ့ရောက်ရှိသွားခဲ့သည်
အက်စတယ်လာ ဖွဲ့စည်းထားသော စေတနာ၀န်ထမ်းအုပ်စု လှုပ်ရှားနေသော ဆေးစင်တာပင်
ပါနေးရား တံတွေးမြိုချရင်း တံခါးကိုဖွင့်လိုက်သည်
ခွက်တစ်ခုထဲကရေလို အဆောက်အအုံထဲ၌ ဖျားနာနေသောလူနာ‌တွေ တစ်စုတစ်စည်းထဲရှိနေပြီး မဲမှောင်ပြီးလေးလံနေသောလေထုက ပတ်လည်ဝိုင်းနေသည်
"ကြိုဆိုပါတယ် ဒီနေရာကို ဘယ်အရာကများ ရောက်လာဖို့စေလိုက်သလဲ"
အဖြူရောင်အေပရွှန်၀တ်ထားသောအမျိုးသမီးက ဆက်ထန်သောအမူအရာနှင့် ပါနေးရားအားမေးလာခဲ့သည်
ပထမဆုံးအကြည့်မှာတော့ သူမက သတိအနေအထားဖြစ်နေပုံရသည် အကူအညီမပေးနိုင်သောလူတယောက်၀င်လာမှာဆိုးသောကြောင့်ပင်
"အဲ့ဒါက...'
"အိုး မိုင် ရှင်လား လေဒီပါနေးရား"
အဲ့အချိန်မှာတော့ အိမ်မက်လိုဖြစ်နေတဲ့အဆောက်အအုံအတွင်းပိုင်းက ချက်ချင်း phytoncide*အနံကြောင့် သန့်စင်သွားခဲ့သည်
(Phytoncideက အပင်တွေ သစ်ပင်တွေကနေထုတ်လွှတ်ပေးတဲ့ အရာ၀တ္ထုတစ်ခုပါ ယေဘုယျအဓိပ္ပာယ်က သစ်တော၏ရနံ လို့ဆိုလိုပါတယ်)
သူမခေါင်းကိုလှည့်လိုက်သည် အက်စတယ်လာကို မြင်တဲ့အခိုက်အတန့် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး သူမဆီသွားရင်း ခလုတ်တိုက်မိသွားသည်
'အရမ်းတောက်ပလွန်း‌တာပဲ'
အက်စတယ်လာ၏ပုံစံက ခေတ်ဆန်နေခဲ့သည်
သူမရဲ့ရိုးရှင်းတဲ့ အိမ်လုပ်ဂါ၀န်၏ အဆင်တန်ဆာတွေအပေါ်မှာ သွေးစွန်းနေသော အေပရွှန် တစ်ခုရှိနေပြီး ဆံပင်တွေချည်ထားတာကလဲ ရှုပ်ပွနေခဲ့သည်
ဘယ်လိုပဲဖြစ်နေပါသေ သူမကတော့ တောက်တော်ပပ ထင်းနေခဲ့သည်
အက်စတယ်လာ အပြေးအလွှားလာပြီး ပါနေးရားကို စိုးရိမ်သောအကြည့်နှင့် ထောက်ကိုင်ပေးလေသည်
"ဘာ‌မှားနေတာလဲ ဖြစ်နိုင်တာက တနေရာရာက နာနေလို့လား"
"မဟုတ်ပါဘူး ဒီမနက် ကျွန်မတယောက်ထဲ ကိတ်တစ်ခုလုံးစားလာတာ ကျွန်မက အလွန်ကျန်းမာရေးကောင်းပါတယ်"
အက်စတယ်လာ စိတ်သာသာရာရသလို သက်ပြင်းချလေသည် ဒါပေမဲ့ မကြာခင် သူမမျက်နှာက မေးခွန်းများနှင့်ပြည့်နေသလို ဖြစ်လာခဲ့သည်
သူမရဲ့ ကြီးမားတဲ့ သမင်မျက်လုံးများကို ပါနေးရားအားကြည့်ပြီး မျက်တောင်ခက်နေရင်း မေး‌လေသည်
"ဒါဆို ဘယ်အရာကများ ရှင် ဒီနေရာကို ယူဆောင်လာစေတာလဲ"
ပါနေးရား တတ်နိုင်သလောက် အားခဲထားရတဲ့အကြည့်ကိုမျက်နှာပေါ်တွင်ဆင်ရင်း အက်စတယ်လာကိုကြည့်နေခဲ့သည်
"ကျွန်မကိုယ်ကျွန်မ ဆင်းရဲခြင်းကို နှစ်မြှုတ်ဖို့လာခဲ့တာ ကျွန်မ စေတနာ‌၀န်ထမ်းအနေနဲ့ လုပ်ချင်လို့ပါ"
လူတယောက်ရဲ့အသဲနှလုံးကို အနိုင်ရဖို့ လွယ်ကူသောနည်းလမ်းဆိုတာမရှိပေ
'သင့်လုပ်နိုင်တာအားလုံးက ထိုလူပုဂ္ဂိုလ် လုပ်ရတာအကြိုက်ဆုံးအရာကို လိုက်လုပ်ပြီး အမှတ်တွေယူပါ'
"ရှင်က ပိုက်ဆံ ထောက်ပံ့တာမဟုတ်ပဲ ကျွန်မလေဒီကိုယ်တိုင် စေတနာ၀န်ထမ်လုပ်မှာလား?"
အက်စတယ်လာမျက်လုံးများက သူမမယုံနိုင်သလို ပြူးကျယ်လာခဲ့သည်
'ဒါက လက်ခံနိုင်ပါတယ်'
အကူအညီရဖို့မျှော်လင့်နေတဲ့ ဆင်းရဲတဲ့ခန္ဓာကိုယ်အခြေအနေရှိသော အနိမ့်ပိုင်းလွှာကလူတွေရှိရာနေရာပင်ဖြစ်သည်
ထိုလူတွေကိုဂရုစိုက်ရတာက အထက်တန်းဆန်မှု၏ဂုဏ်ကို စွန့်လွှတ်လိုက်သလို မှက်သားထားကြသည်
ဒါကြောင့် အထက်တန်းလွှာတွေက ပိုက်ဆံ လှူရင်လှူ ဒါမှမဟုတ် သူတို့ကိုယ်စားအလုပ်လုပ်ဖို့ အစေခံပို့ထားမျိုးပဲလုပ်ကြသည်
ပါနေးရား ညင်ညင်သာသာ တုံပြန်ခဲ့သည် "သေချာတာပေါ့ ပိုက်ဆံနဲ့ထောက်ပံ့တာကလဲ ကောင်းပါတယ် ဒါပေမဲ့ လူတွေကို ကျွန်မလက်နှစ်ဖက်နဲ့ကိုယ်တိုင်ကူညီရတာကမှ အကူအညီပေးရခြင်းရဲ့ တကယ့်အစစ်အမှန်အဓိပ္ပာယ်လို့ ကျွန်မယုံကြည်ထားတာ"
'နောက်တာ ကျွန်မ ဒီကိုလာတာ ရှင့်ကို ဖျားယောင်းဖို့'
"ဘယ်လောက်ကြာမလဲတော့ ကျွန်မမသိပေမဲ့ ဆင်းရဲတဲ့သူတွေကို ကျွန်မကူညီချင်တယ်"
'ဒါကလဲ အလိမ်အညာတစ်ခုပဲ ရှင့်ကို ဖျားယောင်းပြီးတာနဲ့ တခါထဲ ကျွန်မက နုတ်ထွက်မှာ'
ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အတွင်းပိုင်းမဲနက်တဲ့အတွေးတွေကို မသိတဲ့ အက်စတယ်လာအကြည့်က သူတို့ဘ၀ထဲနတ်ဘုရားက လက်ခံထားတဲ့ priest (ဘုန်းတော်ကြီး) တယောက်ရဲ့အကြည့်ပင်
နက်နက်ရိုင်းရိုင်း လှုပ်ရှားလာခဲ့သည် အက်စတယ်လာ ပါနေးရားလက်များကို သူမလက်ထဲ တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားခဲ့သည်
"စေ့စပ်ပွဲအခမ်းအနားတလျှောက်လုံး ကျွန်မခံစားခဲ့ရတယ် ဒါပေမဲ့ လေဒီပါနေးရားက အံဩစရာကောင်းတဲ့လူတယောက်ပဲ"
ဒါတွေအားလုံးက အမှန်မဟုတ်ပေမဲ့ သူမ အရှက်မရှိစွာ ပြုံးလိုက်သည်
────── 〔〕──────
ချွေးထွက်ရင်း အက်စတယ်လာနှင့်အတူ အလုပ်လုပ်နေခြင်း
အက်စတယ်လာရဲ့နှစ်သက်မှုကိုရဖို့ ဒီနည်းက အထိရောက်ဆုံးဖြစ်လိမ့်မည်ဟု သူမတွေးခဲ့သည်
သူတို့ရင်းနှီးလာတာနဲ့ တခါထဲ အက်စတယ်လာကို လှပတဲ့၀တ်စုံ၀တ်ခိုင်းဖို့ ပိုပြီးလွယ်လာလိမ့်မည်
ပါနေးရားဖြစ်လာပြီးနောက် သူမ စားလိုက် ကစားလိုက်ပဲလုပ်နေခဲ့တာပင် ဒါကြောင့် ရက်အနည်းငယ်လောက် အပြုအမူကောင်းတွေလုပ်ဖို့ အဆင်ပြေလေသည်
သူမ ဂုဏ်ယူစွာနှင့် စေတနာ၀န်ထမ်းစာရွက်မှာ နာမည်ကိုချရေးခဲ့သည်
နာမည်ပြောင် "Nia(နေးရား)"ကိုသုံးဖို့ အကြံပင် ရလာခဲ့သည် သူမက အထက်တန်းလွှာဆိုတာ ရှာတွေ့သွားရင် ခက်ခဲသွားမှာဆိုးသောကြောင့်ပင်
'ငါတအား ကျေနပ်မိတာပဲ'
"နေးရား ဒီနေရာက အိပ်ရာခင်းတွေလဲပေးနိုင်မလား Mr ကားမန်း သွေးတွေအန်ပြီး အိပ်ရာခင်းတွေက စွန်းနေလို့"
"နေးရား, Mr.ယာရိုကို သွားရပ်တန့် သူက ရေချိုးခန်းနံရံမှာ သေးပေါက်နေလို့"
"နေးရား Mr ရက်ပ်စ်ဆယ်က ရေချိုးခန်းသွားချင်လို့တဲ့ ကျွန်မကို ကူပါအုမ်းနော်"
'....ဒါကဘာလဲ'
အချစ်၀တ္ထုအတွက် ခက်ခဲမှုလယ်ဗယ်က တအားမြင့်နေတယ်
"နေးရား come on"
အစောတလျင်အသံကြောင့် သူမပြေးပြီး Mrရပ်စ်ဆယ်ရဲ့ ဆီးအိုးကိုယူလိုက်သည် အတွင်းထဲမှာတော့ မျက်ရည်တွေလျှံထွက်နေခဲ့သည်
ဒါက နေ့တ၀က်အလုပ်သာရှိသေးသည် ဒါပေမဲ့ သူမအတွက်တော့ နှစ်တရာသက်တမ်းလောက်ရှိနေပြီးဟုခံစားနေရသည်
'ငါအရှုံးပေးလိုက်သင့်လား?'
သူမ အမျိုးသမီးဇာတ်လိုက်နဲ့ ပတ်သတ်ဖို့ စတင်ခဲ့ရုံသာရှိသေးသည် သူမနှင့်အက်စတယ်လာကြား အပြန်အလှန်ရင်းနှီးကျွမ်း၀င်မှုမရှိသေးတာကြောင့်ပင်
အက်စတယ်လာ ပွဲခန်းမမှာ ဟောင်းတဲ့အ၀တ်ကိုဖြစ်ဖြစ် (သို့) လှပတဲ့အ၀တ်ကို ၀တ်တာဖြစ်ဖြစ် သူမအတွက်ကိစ္စမရှိတော့ပေ
အဲ့အချိန်မှာပဲ အက်စတယ်လာ အဝေးမှ လူနာကို ဂရုစိုက်နေပုံကို မြင်လိုက်ရတော့ သူမနှလုံးသားလှုပ်ခါလာခဲ့သည်
အက်စတယ်လာ လူနာရဲ့လက်က်ု အဆုံးမရှိချစ်မြတ်နိုးတဲ့မျက်နှာနှင့် ကိုင်နေခဲ့သည် လူနာရဲ့မျက်နှာတစ်၀က်က ကြောက်စရာကောင်းသောမီးလောင်ကွက်များနှင့် ဖုံးနေခဲ့သည် ဒါပေမဲ့ အက်စတယ်လာက ဒါတွေကိုဂရုမစိုက်ခဲ့ပေ
လူနာက အက်စတယ်လာပြော‌တဲ့အရာကို ရီနေခဲ့သည် သူက နတ်ဘုရားမတယောက်ဆီကနေ ကယ်တင်တာခံထားရသလိုပင်
'ခက်ခဲမှာသေချာတယ်'
အက်စတယ်လာရဲ့အလုပ်ပမာဏက တခြားစေတနာ၀န်ထမ်းများနှင့် မနှိုင်းယှဉ်နိုင်ပေ
အက်စတယ်လာ လူနာတွေကို ကုသတယ် လူနာတွေကိုထွက်ခွါခွင့်ပြုပြီးတာတောင်မှ ဂရုစိုက်မှုပေးတယ် သူမက သူတို့တယောက်ချင်းစီတိုင်းကို ဂရုစိုက်ရတယ် ဒါကြောင့် သူမ‌တွင် နားဖို့အချိန်မရှိပေ
သို့သော်လည်း သူမက တောက်ပမှုရှိနေဆဲပင်
ဒါက ပါနေးရားရဲ့အသဲနှလုံးကို အရည်ပျော်အောင်လုပ်ဖို့လုံလောက်လေသည်
သူမစိတ်ကိုပြင်ဆင်လိုက်သည်
'ဟုတ်တယ် ဒါကခက်ခဲတယ်ဆိုပေမဲ့ အခုချက်ချင်း အရှုံးပေးတယ်လို့ ဆိုလိုတာမှမဟုတ်တာ ရက်အနည်းငယ်လောက် ကြံကြံခံလိုက်ကြစို့'
သူမထိုင်ခုံမှထလာပြီး Mrရပ်စ်ဆယ်ရဲ့ခန္ဓာကိုယ်ကို စောင်နှင့်ဖုံးပေးခဲ့သည်
အနည်းငယ်ပိုများတဲ့လူနာတွေကို ဂရုစိုက်ပြီးနောက် အက်စတယ်လာ အနားယူချိန်အသေးလေးယူဖို့ လာခဲ့သည်
"အလုပ်ကခက်တယ်မလား"
"အင်း"
သူမရဲ့ အလင်းလိုမြန်တဲ့အဖြေကြောင့် အက်စတယ်လာမျက်ခုံးတွေတွန့်ပြီး ရယ်နေခဲ့သည်
Continue Reading
You'll Also Like
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
147K 8.8K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.7M 208K 165