"မောင်"(JENLISA//LISOO)

By i_am_art04

238K 16.8K 1.1K

Uni×Zawgyi "ချစ်ခြင်းအစ မုန်းခြင်းက❣️" Kရဲ့ငါးခုမြောက်ficလေးပေါ့..... အရင်ဟာတွေနဲ့မတူပဲတမူကွဲနေမယ့် ... More

1(မောင်)
3(မောင်)
4(မောင်)
5(မောင်)
6(မောင်)
7(မောင်)
8(မောင်)
9(မောင်)
10(မောင်)
11(မောင်)
12(မောင်)
13(မောင်)
14(မောင်)
15(မောင်)
16(မောင်)
17(မောင်)
18(မောင်)
19(မောင်)
20(မောင်)
21(မောင်)
22(မောင်)
23(မောင်)
24(မောင်)
25(မောင်)
26(မောင်)
27(မောင်)
28(မောင်)
FINAL(မောင်)
Extra
New Os
New Fic

2(မောင်)

7.2K 729 32
By i_am_art04

(Unicode)

လီဆာတစ်ယောက်အိမ်ရာဒီိဇိုင်းနဲ့ပတ်သက်ပြီး
ရေးဆွဲဖို့ သူ့ရဲ့အလုပ်ခန်းမှာထိုင်ကာ.....
အကြံထုတ်နေသည်...

ထိုအချိန်......

🎶Baby i'm perfect.....

ringtoneလေးထမြည်လို့ သူကြည့်လိုက်တော့
Unknown number.....

"မနက်စောစောစီးစီး ဘယ်သူလဲဟ"

သူတစ်ယောက်တည်းရေရွတ်လိုက်သည်...

ပြီးတဲ့နောက် ဖုန်းကိုကိုင်လိုက်ပြီး

"ဟယ်လို..."

"Lisaလား"

တစ်ဖက်ကထွက်ပေါ်လာတဲ့ အသံချိုချိုကြောင့်
သူအနည်းငယ်စဥ်းစားနေမိသည်....

ဘယ်သူများလဲ.....

"ဟုတ်ပါတယ် Lisaပါ"

"ဟားဟား....မင်း တို့ကိုမမှတ်မိဘူးလား"

ဘာလို့ရယ်တာလဲဟ...
ငါ့များဒေါသဖြစ်အောင်လို့လာပြီးတော့...

"ဒီမှာ ခင်ဗျားကရောဘယ်သူလဲ"

သူ့အသံကတင်းမာသွားတာကြောင့်

"အိုးဟိုးဟိုး...ကြောက်လိုက်တာ..စိတ်လျော့ပါ
တို့လေမင်းတကယ်မသိဘူးလား"

နေပါအုန်း...တို့...တို့....အာသေလိုက်ပါတော့...
Lalisaရယ် လခွီးသူ့ကိုမှသွားပြီး...

"Jennieလား"

သူ့အသံကတစ်မျိုးပြောင်းသွားပြန်ပြီ...

ဒီလိုကျတိုးလျိုးနေသယောင်

"အွန်း...တို့ကJennie Kimပါ"

တကယ်ကြီးပဲ...အရူးမနင်တော့အရေးကြီးတဲ့သူကိုမှ
ဟောက်စားသွားလုပ်နေရလား...ရူးချင်တယ်

"ဟေ့ဟေ့..Lisa မင်း တို့ကိုအသံခပ်မာမာနဲ့ပြောမိလို့ ရူးချင်မနေနဲ့နော် တို့ကခွင့်လွတ်တယ်..မင်းမို့လို့"

သူမက"မင်းမို့လို့"ဆိုတဲ့စကားကိုတော့...
သူမတစ်ကိုယ်စာကြားရုံသာပြောလိုက်တာပါ...
ဒါကြောင့်Lisaလည်းကြားလိုက်မှာမဟုတ်ဘူး

what!!!ဒီအမျိုးသမီးငါ့စိတ်ကိုများ
ဖတ်တတ်နေသလားကွာ

"ဟုတ်ကဲ့ပါဒါပေမယ့်Lisaတောင်းပန်ပါတယ်နော်"

"မင်းအခုဘာလုပ်နေလဲ"

"Lisaဂန်းနမ်အိမ်ရာအတွက်designဆွဲနေတာပါ"

"အေးဆေးလုပ်ပါ..မလောနဲ့ကြားလား..တော်ကြာ
မတော်တရော်designတွေထွက်လာအုန်းမယ်"

ဒါကတော့ငါ့ပညာကိုစော်ကားလိုက်တာပဲ..တခြားသူသာဆိုငါဆဲပစ်လိုက်မှာ

"Lisaရဲ့ပညာကိုအဲ့လိုမထိခိုက်ပါနဲ့..မကြိုက်ဘူး"

"Sorry! တို့လွန်သွားတယ် တို့ပြောချင်တာမင်းကိုနားနားနေနေလုပ်စေချင်တာပါ"

"ကိစ္စမရှိပါဘူး..အခုတော့ဒါပဲနော်ပြောစရာမရှိတော့ဘူးမလား"

"သတိရတယ်မင်းကို"

"ဟမ်!!!"

လွမ်းနေတာအဲ့"ဟမ်"ဆိုတဲ့ခွန်းတုန့်ပြန်သံလေးကို..

"ဖုန်းချလိုက်တော့မယ်"

တီ..တီ...

"အွန်း..."

စကားလေးတောင်ဆုံးအောင်နားမထောင်သွားဘူး...
ချက်ချင်းချပစ်တော့တာပဲ....Lisaမင်းကိုချစ်တယ်

Lisaကတော့ထိုင်နေရာကထကာ...
ဟိုဘက်လျှောက်ဒီဘက်လျှောက်နဲ့
ဂနာမငြိမ်ဖြစ်နေသည်...

"ဒီအမျိုးသမီး ထူးဆန်းနေတာတော့အမှန်ပဲ"

"စတွေ့တည်းက"

🎶Baby i'm perfect........

ထပ်မံမြည်လာပြန်တဲ့Phone ring....

"ဟယ်လို Soo"

ဒီတခါတော့သူ့ချစ်သူ

"ကလေး ခုနကဘာလို့ဖုန်းလိုင်းမအားဖြစ်နေတာလဲဟင်"

သွားပြီ!!!Sooကငါ့ဆီဖုန်းတွေခေါ်နေခဲ့တာလား...
Shit!!!

"အဲ့တာကလေ Liအလုပ်ကိစ္စဆွေးနွေးနေတာကြောင့်ပါ"

ဟိုအမျိုးသမီးကြောင့် ငါတော့Sooကိုလိမ်လိုက်မိပြီ

"ဟုတ်လား Sooနှောင့်ယှက်သလိုဖြစ်သွားလား"

"မဟုတ်တာ..Liလည်းလွမ်းနေတာလေ"

သူထိုသို့ပြောတော့ဟိုဘက်က ရယ်သံသဲ့သဲ့ကြားရသည်....

"တကယ်ပြောနေတာ လွမ်းတယ်သိလားLiရဲ့ကောင်မလေး"

"ရပါပြီမနေတတ်တော့ဘူး ရှက်လာပြီ"

Sooကအဲ့လိုပဲ Lisaဘက်ကတီတီတာတာပြောတိုင်း သူမကမနေတတ်တော့အောင်အထိ ရှက်တတ်သည်...

"ဒါဆိုလည်း Liမပြောတော့ဘူးနော်"

"ဒါပဲနော်အသံလေးကြားချင်လို့သာဆက်ရတာ..
အခုအလုပ်လုပ်ရတော့မယ်သိလား"

"ဟုတ်ကဲ့ပါဗျာ...ချစ်တယ်"

"Sooရောပဲ ကလေး"

ချသွားပြန်တဲ့ဖုန်း.....

Sooကသိပ်ချစ်စရာကောင်းတာ...သိပ်လည်းရှက်တတ်..ပြီးတော့လည်းပြောသွားတာလေးက
"အသံလေးကြားချင်လို့သာဆက်ရတာ"ဆိုပဲ.....

အဲ့တစ်ခွန်းနဲ့တင် Liသေပျော်တယ်သိလား...

Lisa ချစ်သူလေးအကြောင်းတွေးနေရင်းက
ရုတ်တရက်စားပွဲပေါ်က tabletကိုအကြည့်ရောက်သွားသောအခါ....ဦးတည်ရာကပြောင်းသွားပြန်တယ်

ဟိုအမျိုးသမီးနဲ့ဖုန်းပြောတာကပြန်တွေးကြည့်ရင်
အကြောင်းအရင်းလည်းမရှိပဲ...ဘယ်လိုလဲဟ.....
ငါတော့ဆင်ခြင်သင့်တယ် သူ့ကြည့်ရတာတစ်မျိုးပဲ

သိပ်တော့အရောမဝင်သင့်ဘူး....ဟူး!!!

🍁🍁🍁🍁🍁🍁🍁

"Lisaရေ..."

အလန့်တကြားထခေါ်တဲ့ ဂျာကြီးကြောင့်
လူမှာ ရင်တောင်တုန်တယ်

"ဘာဖြစ်တာလဲ ဂျာကြီးရာ"

"မင်းကိုCeo Kimကတွေ့ချင်လို့တဲ့
အဲ့တာသွားလိုက်အုန်း"

"အခုလား"

"အင်း ဟုတ်တယ်"

"သူကဘာလုပ်ဖို့တွေ့ချင်တာလဲ"

"ငါကဘယ်သိမလဲ သွားလိုက်စမ်းပါ
အလုပ်ကိစ္စဖြစ်မှာပေါ့"

ဂျာကြီးမသိဘူး ဒီအမျိုးသမီးအကြောင်း....
ဘာလုပ်အုန်းမလို့လဲမသိဘူးကွာ စိတ်ညစ်တယ်

"ဟုတ်ကဲ့ပါLiသွားလိုက်ပါ့မယ်"

"အခုသွားနော်"

သူစိတ်ညစ်ညစ်နဲ့ခေါင်းပဲငြိမ့်ပြလိုက်သည်

"Lisaမင်းဘာဖြစ်နေတာလဲ"

သူမျက်နှာမကောင်းတာကြောင့် သူငယ်ချင်းဖြစ်သူ
Bam Bamကမေးလာခြင်း...

"ဘာမှမဖြစ်ပါဘူး"

"မင်းအဲ့မာနခဲနဲ့မအိုခေဘူးလား"

လွဲနေပါပြီBamရာ...

"မဟုတ်ပါဘူး"

"အာ့ဆိုဘာလို့မင်းမျက်နှာကစူပုတ်နေတာလဲ"

"ဒီတိုင်း"

သူခပ်ပြတ်ပြတ်ပဲပြန်ပြောလိုက်သည်..

"ငါသိပြီ Sooကိုမကြိုရတော့လို့မလား"

ဟုတ်သား!!ငါsooကိုကြိုရမှာပဲ သူလုပ်တာနဲ့
နေ့စဥ်လုပ်နေကျကိုတောင်မေ့ကုန်ပြီကွာ....ချီးပဲ

"ငါသွားတော့မယ်"

သူထိုတစ်ခွန်းသာပြောရင်း...ကုမ္ပဏီအပြင်ဘက်ကိုပြေးထွက်ကာ ကားထဲဝင်လိုက်သည်....

ပြီးတဲ့နောက်...တစ်နေရာကိုဖုန်းခေါ်နေသည်

"ဟယ်လိုSoo Liလာကြိုဖြစ်တော့မယ်မထင်ဘူး
အလုပ်ကိစ္စအရေးတကြီးပေါ်လာလို့ကွာ"

အလောတကြီးစကားဆိုလာတဲ့ သူ့ကြောင့်
Jisooလည်း

"ဟင်...အင်းအင်း ရပါတယ်ကလေးရယ်"

"တောင်းပန်တယ်နော်"

"မလိုတာ..အလုပ်ကအရေးကြီးတယ်လေ"

Sooလည်းမသိဘူး..အလုပ်ဆိုတော်သေး..
အခုဟာက...

"အင်း ဒါပဲနော်ဂရုစိုက်ပြန်ပါ အိမ်ပြန်ရောက်ရင်စာပို့လိုက်နော်"

"အွန်း...."

သူဖုန်းကိုဘေးပစ်ချပြီး ကားကိုအရှိန်ပြင်းပြင်းမောင်းထွက်သွားတယ်.....

🍁🍁🍁🍁🍁🍁🍁

ဒေါက်!!ဒေါက်!!

"ဝင်ခဲ့......"

အမိန့်ဆန်ဆန်ထွက်ပေါ်လာတဲ့ ခွင့်ပြုချက်ရမှ
တံခါးဟာလည်းပွင့်လာတော့သည်

သူမကတော့ အဝတ်အစားကိုသေချာပုံပြင်နေသေး..

"Lisaကမြန်သားပဲ"

"ဘာပြောစရာရှိလို့လဲ"

"အရင်ထိုင်ပါအုန်း..."

"ဟုတ်ကဲ့..."

နှစ်ယောက်သားနေရာယူပြီးမှ

"အလုပ်ကိစ္စဆိုလည်းမြန်မြန်ပြောပါ"

"အိမ်မှာစိတ်မချရတဲ့သူများ ထားခဲ့ရလို့လား"

"အဲ့လိုမဟုတ်ပါဘူး"

"အာ့ဆိုဘာတွေလောနေတာလဲ"

"အလုပ်အကြောင်းပဲပြောရအောင်"

"မင်းကိုအလုပ်အကြောင်းပြောဖို့ခေါ်တာမှမဟုတ်ပဲ"

"ဟမ်!!!"

သူမကတော့ ပြုံးနေသည်..
သူ့မျက်လုံးတွေကိုသေချာ
ကြည့်ပြီးတော့ကိုပြုံးနေခြင်း...

"Jennieခင်ဗျား ဘာအရူးထတာလဲ"

တို့ကိုဘယ်သူမှအဲ့လိုခံမပြောရဲဘူး.....ရှိကိုမရှိခဲ့တာ..
မင်းမို့လို့ တို့ကခွင့်လွတ်ပေးမှာပါ..အဲ့လူကLisaမို့လို့

"ဒီတိုင်းလေ ပြောထားတယ်မလားမနက်ကလည်း
မင်းကိုသတိရတယ်လို့"

သူမကပခုံးနှစ်ဖက်ကိုတွန့်ပြကာ ဆိုလာသည်

"ခင်ဗျား....."

"အေးဆေးပေါ့ စိတ်လျော့ကွာနော်"

ဘာအကြည့်လဲ..ဘယ်လိုအကြည့်တွေနဲ့ပြောနေတာလဲ...အဲ့လိုမျိုး....

"ကျေးဇူးပြုပြီးLiကိုအဲ့လိုအကြည့်တွေနဲ့ မကြည့်ပါနဲ့လား"

"ဘာလို့လဲဟင်"

သူကမလုပ်နဲ့ဆို သူမကပိုလုပ်နေသည်...

မကြိုက်ဘူး..အဲ့ခပ်စူးစူးအကြည့်မျိုးတွေ...
ဘယ်အရာကိုမှဂရုမစိုက်ဘူးဆိုတဲ့
အဲ့လိုအကြည့်ရဲရဲတွေကိုမုန်းတယ်....

ကြောင်မျက်လုံးတွေအတိုင်း..အား!!ငါခံနိုင်ရည်မရှိဖြစ်နေတာလား..မဖြစ်နိုင်တာလုံးဝပဲ...

"မင်း တို့ရဲ့အကြည့်တွေကိုမခံနိုင်လို့လား"

"ဖြစ်စရာလား.."

သူချက်ချင်းအသိပြန်သွင်းကာ ကိုယ်ကိုမတ်လိုက်ရသည်....

"ထားပါတော့..."

"ပြောစရာမရှိရင်ပြန်တော့မယ်"

"ရှိသေးတယ်ပြန်ထိုင်"

"ခင်ဗျားတကယ်အရှုပ်ပဲ"

အရှုပ်တဲ့လား...ချစ်လို့ပါ သဘောကျမိသွားလို့

ရယ်နေပြန်ပြီ ဒီအမျိုးသမီးရူးနေတာများလား....
ငါလည်းစာချုပ်သာဖျက်လို့ရရင် ကောင်းမှာပဲကွာ

"အရှုပ်...တို့ကြိုက်တယ်..ဘာဖြစ်ဖြစ်ဒီအဓိပ္ပါယ်က
တို့ကမင်းဘဝကိုရှုပ်အောင်..လုပ်နိုင်စွမ်းရှိတယ်လို့ပြောနေသလိုပဲ"

"တို့သဘောကျတယ်"

ခပ်ပြုံးပြုံးသာတုန့်ပြန်နေတဲ့ သူမကဘာမထီပဲ...

"တို့ကိုအိမ်ပြန်လိုက်ပို့ပေး"

"အမိန့်ပေးနေတာလား"

"တောင်းဆိုတာပါ"

"သွားမယ်လေ"

သူသက်ပြင်းသဲ့သဲ့ချကာ ထိုင်ရာကထတော့
သူမကပါအတင်းထကာ စားပွဲပေါ်ကလက်ကိုင်အိတ်ကို အပြေးယူသည်...

"မင်းကဒီလိုကျချစ်စရာကောင်းသား"

ပိုင်ဆိုးပိုင်နင်းနဲ့ ငါ့ပါးကိုဆွဲသွားပြန်ပြီ....
ငါ့နှယ့်လည်းဘာလို့မငြင်းရတာလဲ..
လိုက်မပို့ဘူးလို့ပြောလိုက်ရင်ရနေတာကို...

သူလည်းထွက်သွားပြီဖြစ်တဲ့ သူမနောက်ကိုခပ်သွက်သွက်လိုက်ရပြန်ပြီ.....

"မင်းရဲ့ကားကလူလိုပဲချစ်စရာလေး"

လီဆာရဲ့ကားက အပြာရောင်Lamborလေး....

"တက်ပါစကားမများနဲ့"

သူကအလိုက်တသိတံခါးဖွင့်ပေးလာတာကြောင့်...
Jenမှာရင်ခုန်ရသေးတယ်..ဒီတစ်ယောက်နဲ့မှပဲအသေးအမွှားကအစရင်ခုန်တတ်နေတာတော့
မဟုတ်သေးပါဘူးနော်.....

"အိမ်ကဘယ်နားမှာလဲ"

သူကSafety belt ပတ်နေရင်းမေးတော့...

"ဟန်နမ်ဒုံမှာ..."

သူကကားစက်နိုးကာ ထွက်လေပြီ......

ကားထဲမှာအတန်ကြာတိတ်ဆိတ်နေသေးသည်....
သူFMမဖွင့်ခင်ထိပေါ့....အခုတော့ကားထဲမှာFMကလာနေတဲ့Bts Jungkookရဲ့Euphoriaသီချင်းကလွမ်းမိုးနေပြီ.....

ကားထဲမှာသီချင်းသံကလွမ်းမိုးသလို သူမရဲ့
စိတ်အစဥ်ရော အကြည့်တွေရော Attentionတွေအားလုံးကို သူတစ်ယောက်ကသာ လွမ်းမိုးနေသည်..

"Lisaမင်းသိလား.."

"ဘာကိုလဲ"

"မင်းကလည်း တို့ရဲ့euphoriaလေး"

"ဟမ်!!"

ဒီအမျိုးသမီးစလာပြန်ပြီ..ငါလည်းရူးချင်တယ်

"တကယ်ပြောနေတာLisa"

"Liမှာချစ်သူရှိတယ်"

"ဟမ်!!!"

ဒီတခါတော့ Lisaဘက်ကမဟုတ်ပဲ သူမနှုတ်ကထွက်ပေါ်လာတဲ့ "ဟမ်"

"Liလည်းတကယ်ပြောတာ....ချစ်သူရှိတယ်"

ထိုအချိန်မှာFMကလည်း သီချင်းတစ်ပုဒ်ကိုပြောင်းလဲသွားပြန်သည်....That should be meတဲ့

"ကောင်လေးကချောလား"

"ကောင်မလေးပါ"

မင်းချစ်သူကကောင်မလေးပဲတဲ့လား..ကောင်းတာပေါ့
တို့မှာမင်း တို့ကိုသဘောကျလာအောင် လုပ်ဖို့ပိုလွယ်တာပေါ့..ကောင်မလေးတွေကိုကြိုက်တယ်ဆ်ိုတော့

"ချောလား"

"Lisaမျက်လုံးထဲတော့သူမကသိပ်လှတာ"

"ဟုတ်ပါပြီ..."

ရယ်သံလေးစွက်ကာသူမကတုန့်ပြန်ရင်း...
အပြင်ဘက်ကိုငေးနေတော့သည်.....

ဆွေးနေတာဆိုပိုမှန်လိမ့်မည်.....

"ဟိုအိမ်ပဲ ရပ်လိုက်တော့"

"အင်း....."

"ကျေးဇူးပဲနော် လိုက်ပို့ပေးလို့"

"ရပါတယ်"

"မင်းသိလားLisa"

".........."

"မင်းမှာချစ်သူရှိတယ်ဆိုလို့
တို့ရဲ့ဟောဒီ့နေရာလေးက
လက်တစ်ဆစ်လောက်နာကျင်သွားရတယ်...
ဒါပေမယ့်လည်းဘာမှမဖြစ်ပါဘူး
အဆင်ပြေတယ်သိလား..
အချစ်ကပေးတဲ့ပထမဆုံးနာကျင်မှုပေါ့လေ"

သူမကနှလုံးသားရှိရာကိုလက်နဲ့ထောက်ပြကာ
ကျန်တစ်ဖက်ကကျ လက်တစ်ဆစ်ကိုပုံဖော်နေသည်....

ပြီးတဲ့နောက် ကားပေါ်ကဆင်းသွားတော့သည်...
သူမအိမ်ထဲဝင်တဲ့အထိ Lisaတစ်ယောက်အကြည့်မလွဲနိုင် လိုက်ကြည့်နေမိသည်...

"တကယ်ထူးဆန်းတဲ့ အမျိုးသမီးပဲ"

ထိုအချိန်သူ့ဖုန်းထဲMessageဝင်လာသည်...

Ti.....📩

"ကလေး Sooပြန်ရောက်ပြီ❣️"
(seen)

"ချစ်တယ်နော်good night😘❤️"
(seen)

"အင်း Sooလည်းထပ်တူပဲ💞"
(seen)

သူဖုန်းကိုထပ်ပြီးပစ်ချလိုက်ပြန်သည်....

"Sooကြောင့်ရှုပ်နေတဲ့စိတ်တွေ နည်းနည်းတော့ ပြန်ရှင်းသွားပြီ"

သူဘယ်ဘက်လက်ကောက်ဝတ်က နာရီလေးကို
ကြည့်လိုက်သည်...

အချိန်က "7:38"

ဒီနာရီလေးကို Liသိပ်မြတ်နိုးရတယ်...Sooပေးထားတဲ့လက်ဆောင်လေးမို့ပါ..နာရီလေးကိုကြည့်လိုက်တိုင်းLiကပြုံးနေတတ်တာပုံမှန်ပါ....

🍁🍁🍁🍁🍁🍁🍁

အဆင့်မြင့်penthouseရဲ့
ဒုတိယထပ်က အစွန်ဆုံးအခန်းလေးကနေ
သူမလမ်းပေါ်ကိုငေးနေမိသည်....
အတိအကျဆိုလမ်းပေါ်ကကားအပြာလေးကိုပါ..

"ဘာတွေလုပ်နေလို့ အခုထိမပြန်သေးတာလဲ"

ငါချစ်မိသွားတဲ့မင်းကချစ်သူရှိနေတယ်တဲ့လား....
အရေးလားငါကခေါင်းထဲကိုမထည့်တာ..
နာကျင်ရတာလည်းခဏပေါ့..

ငါ မင်းကိုရအောင်ယူမှာLisa

မင်းရဲ့ချစ်သူကောင်မလေးတော့ကံဆိုးတာပဲ..
အဟက်!!!!

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကြယ်လေးတွေကKအတွက်ဗီတာမင်ပါနော်

အဲ့တာကြောင့်ကျေးဇူးပြုပြီး
ကြယ်လေးတွေနှိပ်ပေးသွားကြပါ💫

အားလုံးကိုချစ်ခင်လေးစားလျက်ပါ

Readers🧡

Every Single Day We need LOVE🖤

AUTHOR  K🍂

24.5.2022(TUE)
🥳💋

QUEENS 🔱

ငါတို့ကောင်မလေးတွေက
တိုက်ခိုက်လေအောင်မြင်လေပဲ😇

YGရဲ့တာဝန်မဲ့တဲ့စကားတစ်ခွန်းကြောင့်
အရင်တည်းကYGဆိုတစ်သက်မကျေတာ
အခုတော့ကမ္ဘာမကျေကိုဖြစ်နေရပြီ😒

××××××
(Zawgyi)

အကြံထုတ်နေသည်...

ထိုအချိန်......

🎶Baby i'm perfect.....

Unknown number.....




"ဟယ်လို..."

"Lisaလား"


ဘယ်သူများလဲ.....

"ဟုတ်ပါတယ် Lisaပါ"


ဘာလို့ရယ်တာလဲဟ...





"Jennieလား"







ဖတ်တတ်နေသလားကွာ


"မင်းအခုဘာလုပ်နေလဲ"







"သတိရတယ်မင်းကို"

"ဟမ်!!!"


"ဖုန်းချလိုက်တော့မယ်"

တီ..တီ...

"အွန်း..."


ဂနာမငြိမ်ဖြစ်နေသည်...


"စတွေ့တည်းက"

🎶Baby i'm perfect........


"ဟယ်လို Soo"

ဒီတခါတော့သူ့ချစ်သူ


Shit!!!











"ဟုတ်ကဲ့ပါဗျာ...ချစ်တယ်"

"Sooရောပဲ ကလေး"

ချသွားပြန်တဲ့ဖုန်း.....



ရုတ်တရက်စားပွဲပေါ်က tabletကိုအကြည့်ရောက်သွားသောအခါ....ဉီးတည်ရာကပြောင်းသွားပြန်တယ်



🍁🍁🍁🍁🍁🍁🍁

"Lisaရေ..."


"ဘာဖြစ်တာလဲ ဂျာကြီးရာ"

အဲ့တာသွားလိုက်အုန်း"

"အခုလား"

"အင်း ဟုတ်တယ်"





"အခုသွားနော်"



Bam Bamကမေးလာခြင်း...

"ဘာမှမဖြစ်ပါဘူး"


လွဲနေပါပြီBamရာ...

"မဟုတ်ပါဘူး"


"ဒီတိုင်း"




"ငါသွားတော့မယ်"




Jisooလည်း


"တောင်းပန်တယ်နော်"


အခုဟာက...


"အွန်း...."


🍁🍁🍁🍁🍁🍁🍁

ဒေါက်!!ဒေါက်!!

"ဝင်ခဲ့......"



"Lisaကမြန်သားပဲ"

"ဘာပြောစရာရှိလို့လဲ"

"အရင်ထိုင်ပါအုန်း..."

"ဟုတ်ကဲ့..."




"အဲ့လိုမဟုတ်ပါဘူး"




"ဟမ်!!!"

သူမကတော့ ပြုံးနေသည်..



မင်းကိုသတိရတယ်လို့"


"ခင်ဗျား....."




"ဘာလို့လဲဟင်"



ကြောင်မျက်လုံးတွေအတိုင်း..အား!!ငါခံနိုင်ရည်မရြှိဖစ်နေတာလား..မဖြစ်နိုင်တာလုံးဝပဲ...


"ဖြစ်စရာလား.."


"ထားပါတော့..."


"ရှိသေးတယ်ပြန်ထိုင်"

"ခင်ဗျားတကယ်အရှုပ်ပဲ"




"တို့သဘောကျတယ်"



"အမိန့်ပေးနေတာလား"

"တောင်းဆိုတာပါ"

"သွားမယ်လေ"







"တက်ပါစကားမများနဲ့"

မဟုတ်သေးပါဘူးနော်.....

"အိမ်ကဘယ်နားမှာလဲ"


"ဟန်နမ်ဒုံမှာ..."




"Lisaမင်းသိလား.."

"ဘာကိုလဲ"


"ဟမ်!!"


"တကယ်ပြောနေတာLisa"

"Liမှာချစ်သူရှိတယ်"

"ဟမ်!!!"




"ကောင်လေးကချောလား"

"ကောင်မလေးပါ"

တို့မှာမင်း တို့ကိုသဘောကျလာအောင် လုပ်ဖို့ပိုလွယ်တာပေါ့..ကောင်မလေးတွေကိုကြိုက်တယ်ဆိုတော့

"ချောလား"


"ဟုတ်ပါပြီ..."




"အင်း....."


"ရပါတယ်"

"မင်းသိလားLisa"

".........."

အဆင်ပြေတယ်သိလား..





Ti.....📩

"ကလေး Sooပြန်ရောက်ပြီ❣️"
(seen)

(seen)

"အင်း Sooလည်းထပ်တူပဲ💞"
(seen)



ကြည့်လိုက်သည်...

အချိန်က "7:38"


🍁🍁🍁🍁🍁🍁🍁



နာကျင်ရတာလည်းခဏပေါ့..


အဟက်!!!!

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••



Readers🧡


AUTHOR  K🍂

24.5.2022(TUE)
🥳💋


Continue Reading

You'll Also Like

1.3M 57.8K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
61.1K 1.6K 53
ရိုးရိုးအေးအေးလေးနဲ့glဝတ္ထုလေးပပါပဲနော်dramaအရမ်းမချိုးပါဘူးနော်ပေါ့ပေါ့ပါးပါးလေးပါပဲနော်စိတ်အေးအေးလေးနဲ့ပဲဖတ်လို့ပါတယ်ကွယ် ရိုးရိုးအေးအေးလေးနဲ့glဝတၳု...
1.1M 37.4K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
23.6K 1.5K 41
Twice For Once Forever