မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၁၃)

1.2K 156 0
By ma_roses_are_blue

သူမ စိတ်ရှုပ်သလို ပုံစံနှင့် ထိုနှစ်ယောက်ဆီပြေးသွားလိုက်သည်
"အဖေက ဘာလို့ဒီရောက်နေတာလဲ မနက်ကထဲက အလုပ်ရှိလို့ အပြင်ထွက်သွားတာမဟုတ်ဘူးလား"

"အဖေအလုပ် နည်းနည်းစောစောပြီးသွားတာ အိမ်ရောက်တော့ အရှင်ကာဒီယမ်က သမီးကိုစောင့်နေတာ သူပုံစံကြည့်ရတာပျင်းနေတယ်ထင်တာကြောင့် စကားပြောပေးနေတာ"
'အဖေက သူ့ကိုဖျော်ဖြေပေးနေတာမဟုတ်ဘူး နှိပ်စက်နေတာ'

သူမအဖေပုံစံကြည့်ရတာ ပျော်နေပုံရသည် အချိန်အကြာကြီး စကားများဖို့ အခွင့်အရေးမရှိတာကြောင့်ပင်
ဒါပေမဲ့ တစ်ဖက်သတ် တိုက်ခိုက်ခံနေရသော လုရှန်ကတော့ ပျော်နေပုံမရပေ
ခေါင်းကိုမြန်မြန်လှည့်လိုက်ပြီး လုရှန်မျက်နှာအားကြည့်လိုက်သည်

"ရှင်အ‌ဆင်ပြေရဲ့လား"
"ကိုယ်အဆင်ပြေပါတယ်"

ကြည်လင်တဲ့အသားအရည် ကြည်လင်တဲ့မျက်လုံးတွေ လှပတဲ့အပြုံး
ကံအားလျော်စွာ သူမအဖေဆီကနေ အချိန်ကြာကြာ တိုက်ခိုက်မခံလိုက်ရသလို လုရှန်မျက်နှာက ကြည့်ကောင်းနေခဲ့သည်

"ကျွန်မ၀မ်းသာပါတယ်"
သူမရဲ့ စိတ်သက်သာရာရသွားသော မျက်ခုံးတွေအား အောက်ကိုနှိမ့်လိုက်သည်

"ကျွန်မတောင်းပန်ပါတယ် အဆင်သင့်ဖြစ်ဖို့ပြင်တာ ထင်ထားတာထက် ပိုပြီးကြာသွားတယ် ဒီလိုသာဖြစ်မယ်ဆိုတာ သိခဲ့ရင် ကျွန်မ ပိုမြန်မြန်လုပ်ရမှာ"
"အဲ့လိုမဖြစ်ပါဘူး"

စကားကို ညင်ညင်သာသာဖြေနေသော လုရှန်က သူမအားငေးကြည့်နေခဲ့သည်
သူ့အကြည့်က အနည်းငယ်ကသိကအောက်ဖြစ်စေသည် ဒါကြောင့် သူမနောက်လိုက်သည်

"ကျွန်မသိပါတယ် ကျွန်မကတကယ်လှပတယ်ဆိုတာ လှတယ်မလား?"
"အွန်း"

ဒီအဖြေက သူမနှင့်သူမအဖေအား ခတ္တရပ်တန့်သွားစေသည်
ပန်းချီကားအခန်းထဲ၌ တိတ်ဆိတ်မှုများ စီးဆင်းနေခဲ့သည်
သူမ အနည်းငယ်နီရဲနေသောမျက်နှာနှင့် ချောင်းဆိုးလိုက်သည်

"ရှင့်ကို ဘယ်သူသင်ပေးလိုက်တာလဲ အခုလို အရှက်ကင်းကင်းဖြေရမယ်လို့"

"ကိုယ်မသင်ခဲ့ပါဘူး အမှန်တရားကိုပြောပြတာပါ ကိုယ် အမှားတစ်ခုခုလုပ်မိသွားခဲ့ပြီလား"

သူ့ရဲ့အပြစ်ကင်းသောမျက်နှာက သူမကို ထပ်မံ ရပ်တန့်သွားစေသည်
'ငါတို့ဒီစကားဝိုင်းသာ ဆက်သွားနေလို့ကတော့ ငါတော့ ပိုကြီးတဲ့တိုက်ခိုက်မှုနဲ့ ရိုက်ခံရနိုင်တယ်'

"မနောက်ကျခင်သွားရအောင်"
လုရှန်ရဲ့ရထားလုံးက စံအိမ်ရှေ့တွင်စောင့်ဆိုင်းနေခဲ့သည်
သူမ ဖြူစင်တဲ့လေးစားမှုနှင့် rapရွှတ်မိ‌ခဲ့သည်

'လုရှန်ကို ဧကရာဇ် ချီးမြင့်ထားတဲ့ ရထားလုံးဆိုတဲ့အတိုင်းပဲ မယုံနိုင်လောက်အောင် အံအားသင့်စရာပဲ'
ဘီးခြောက်လုံး ရထားလုံးက အရမ်းကြီးမားနေခဲ့သည် ပုံမှန်ရထားလုံးဆိုတာက ဒါနှင့်ယှဉ်နိုင်စရာမရှိပေ

ဆင်ဖြူတွေကနေရတဲ့ဆင်စွယ်တွေနဲ့ပြုလုပ်ထားတဲ့  အတွင်းပိုင်း အပြင်အဆင်တွေကလဲ တောက်ပပြီး အလျော့အတင်းမရှိတဲ့ ကိုယ်ထည်ပိုင်းကလဲ စစ်သည်ကာဒီယမ်ကို စိတ်ထဲစွဲထင်စေသည်

ရေစက်တွေ ပန်းပွင့်တွေ ဓားတွေ
ဘယ်သူလုပ်ခဲ့တာပဲဖြစ်နေပါစေ လုရှန်အတွက် လုံး၀ကိုပြီးပြည့်စုံနေခဲ့သည်

သူမ တင့်တယ်စွာကွေးနေတဲ့ ဒီဇိုင်းတွေကို ကြည့်နေစဉ် လုရှန်က သူ့လက်ကို ကမ်းလာခဲ့သည်
"အထဲ၀င်ကြစို့ လေဒီပါနေးရား"
သူ့လက်ကိုကိုင်ရင်း ရထားလုံးထဲ၀င်ပြီးနောက် သူမ ပိုပြီးအထင်ကြီးသွားခဲ့သည်

ချောမွေ့ပြီး တောက်ပနေတဲ့ လယ်သာခုံတွေကလဲ သူမအရင်မြင်ဖူးသော ဘယ်အရာနဲ့မှ မတူပေ ရထားလုံး စရွေ့တာတောင်မှ တိမ်တွေထဲရောက်နေသလို သက်တောင့်သက်သာဖြစ်နေခဲ့သည်
အမြင်မှာတော့အဆင်ပြေပေမဲ့ အားကုန်ပင်ပန်းစေသည့် သူမမိသားစု ရထားလုံးနှင့် ကွာခြားလေသည် အနည်းငယ်လေး‌ရွေ့ရုံနဲ့တင် သူမဖင်များ လောင်သွားလိမ့်မည်

'ဒါက ပိုက်ဆံရဲ့အရသာကကဘယ်လိုလဲဆိုတာပဲ'
ပိုက်ဆံရဲ့စွမ်းအားကို ခံစားရင်း သူမမျက်ခုံးများပင်လှုပ်လာခဲ့သည်
သူမနှင့်ဆန့်ကျင်ဘက်မှာထိုင်နေသော လုရှန် စိုးရိမ်သောအသံနှင့်မေးလာခဲ့သည်

"ဘာမှားလို့လဲ ကိုယ်ရဲ့လေဒီ တနေရာရာကများ မသက်မသာဖြစ်နေတာလား?"
"မဟုတ်ပါဘူး ဘယ်သူမှ ဒီလိုရထားလုံးနဲ့ မသက်မသာဖြစ်မှာမဟုတ်ဘူး ကျွန်မဒီလိုရထားလုံးနဲ့သာ တစ်နှစ်ပတ်လုံး ပတ်စီးနိုင်တယ်လို့ တွေးမိတယ်"

လုရှန် သူမစကားတွေကြားပြီး သူမျက်လုံးတွေကို နူးညံစွားကွေးလာခဲ့သည်

"အခုလိုကြားရ‌တော့ ၀မ်းသာပါတယ် မကြာခင် ‌ကိုယ်တို့ရည်ရွယ်ထားတာကလဲ ရောက်တော့မှာ ဒါကြောင့် အိမ်မှာ အမြဲရှိနေအောင်လုပ်ထားပါ"လို့ပြောပြီး မှတ်စုစာအုပ်ကိုထုတ်ပြီး တစ်စုံတစ်ခုကို ချရေးနေတော့သည်

'ဘာ အခု ဘာတွေ ရေးနေပြန်တာလဲ'
မှတ်စရာကို မှတ်ပြီးတဲ့နောက် လုရှန် သူ့မျက်လုံးတွေ သူ့မဆီသို့ ပြန်ရောက်လာခဲ့သည်
ရထားလုံးကဘယ်လောက်ပဲကြီးနေ‌ပါစေ ဆန့်ကျင်ဘက်မှာထိုင်နေသော လူက အခုလိုကြည့်နေတော့ မသက်မသာဖြစ်စေသည်

ဒါကြောင့် သူမသက်ပြင်းအနည်းငယ်ချမိတော့သည်
"တစိတ်လောက် အရှင်ကာဒီယမ်"
“Yes.”
"ကျွန်မရထားလုံးထဲ ၀င်ပြီးမှ ကျွန်မ မိတ်ကပ် တစ်မီလီမီတာလောက် ရွေ့သွားတယ်ထင်တယ်"
"အို ကိုယ်တောင်းပန်ပါတယ်"

သူမျက်လုံးကို စိတ်မသက်မသာဖြစ်နေသလိုပုံစံနှင့် ရွေ့လိုက်ပေမဲ့ တခဏကြာတော့ သူ့မျက်လုံးတွေက သူမကို ထပ်မံ မျက်နှာချင်းဆိုင်လာပြန်သည်
ကျောက်မျက်ရတနာတစ်ခုလို နီရဲရဲတောက်နေသောမျက်လုံးတွေထဲ သူမပုံ အလင်းပြန်နေခဲ့သည်
စိတ်ညစ်သောပုံစံနှင့် သူမမျက်လုံးကို မှေးပြီးကြည့်နေလိုက်သည်

'ကျွန်မဘယ်တော့မှ ရှင့်အတွက် ချစ်ခြင်းမေတ္တာ ရှိလာမှာမဟုတ်ဘူး'
သူမျက်လုံးတွေက ဒီစကားတွေပြောဖို့အတွက် အရမ်းဖြူစင်လွန်းနေသည် သူမခံစားရသည် သူတကယ် သူမကို လူတယောက်လိုအနေနဲ့ သိချင်တဲ့ပုံပင်

'ဘာလဲ ငါကတကယ် ဆွဲဆောင်မှုရှိလို့လား'
သူမ ထိုလိုသာမေးလာလျှင် သူကသေချာပေါက်ပင်ခေါင်းညိမ့်လာလိမ့်မည်

သူမ မေးချင်သောအရာအား မျိုချပြီး စကားလမ်းကြောင်းလွှဲလိုက်သည်

"ရှင် ကျွန်မ၀ယ်ပေးတဲ့ အ၀တ်အစားတွေလဲ၀တ်မလာဘူး ၀တ်ရမှာ သဘောမကျတာလား"
မျက်လုံးတွေကျယ်ကျယ်ဖွင့်ရင်း လုရှန်ခေါင်းကိုခါလေသည်
"လုံး၀မဟုတ်ပါဘူး ကိုယ်မ၀တ်ခဲ့တာက လေဒီကိုပို့ပေးပြီးရင် လေ့ကျင့်ရေးစခန်းကို ချက်ချင်း သွားရမှာမလို့ မင်းသာ ယောင်္ကျားတွေ လေ့ကျင့်ရေးဆင်းတာကြည့်ဖူးရင် အ၀တ်အစားတွေပျက်စီးဖို့  အခွင့်အလမ်းပိုမြင့်တယ်ဆိုတာသိမှာပါ"
မျက်လုံးတွေအောက်ချရင် ဆက်ပြောလေသည်

"ပြီးတော့ ကိုယ်ကအဲ့လိုမဖြစ်ချင်ဘူး"
''ဒီလောက်အဖိုးတန်တဲ့လက်ဆောင်တစ်ခုဟာကို''

ဖုံးကွယ်ထားတဲ့အဓိပ္ပာယ်က သူမနားအနောက်အထိရောက်လာခဲ့သည်
မထင်မှတ်ထားတဲ့ မှတ်ချက်ကြောင့် သူမအနည်းငယ် နီရဲသွားတော့သည်

'ဟေး တခြားသူတွေကတော့ ထင်သွားတော့မှာပဲ ကျွန်မက ရှင့်ကို အလွန်အမင်းအဖိုးတန်တဲ့လက်ဆောင်တစ်ခုပေးတယ်လို့‌'
'အ၀တ်အစားအနည်းငယ်ပါ'
မျက်နှာအမူအယာကို မထိန်းချုပ်နိုင်တော့တာကြောင့် သူမ နှုတ်ခမ်းကို ကိုက်နေခဲ့သည်

'အို ရှင့်ကို ဘယ်သူကများ ဒီလိုစကားလှလှတွေသင်ပေးနေတာလဲ' သူမတွေးရင်း သူမေးစေ့ကို ကိုင်ရန် တိုက်တွန်းမှုကို နောက်ပြန်ဆုတ်နေခဲ့သည်
"ကျွန်မသိပြီ နောက်တခါတွေ့ဆုံမှုမှာ ရှင့်ကိုတွေ့ဖို့ ကျွန်မမျှော်လင့်နေမယ်"

* * *

ပွဲကျင်းပရာစံအိမ်ရှေ့ကို သိပ်မကြာပဲရောက်သွားခဲ့သည်
လုရှန်ရဲ့အစောင့်အကြပ်ကိုလက်ခံပြီးနောက် ရထားလုံးပေါ်ကဆင်းရင်း ပြောလိုက်သည်

"ကျွန်မကို စောင့်ကြပ်လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် အငှားရထားလုံးစီးပြီး အရှက်ရမှုအဖြစ်‌နေကယ်တင်ပေးခဲ့တာပဲ"
"အဲ့လိုလား'
“ဟုတ်တယ်" သူမခေါင်းကိုညိမ့်လိုက်သည်

'ရှင်ကိုယ်ရှင် ရှက်‌မနေသင့်ဘူး အဲ့အစား ကိုယ်ကိုကိုယ်ဂုဏ်ယူသင့်တယ်'
ပွဲခန်းမကို လာတဲ့ ရထားလုံးတွေထဲ၌ လုရှန်ရဲ့လှည်းဘီးက ကာလာစုံပြီး ကြီးမားနေတာအသေအချာပင်
အထက်တန်းလွှာများက လေးစားပြီးမနာလိုစိတ်များရောနှောပြီး ကြည့်နေကြသည်

ဒါက ဘာလို့ Benz*တစ်စီးကိုမောင်းရသလဲဆိုသောအကြောင်းအရင်းဖြစ်သည် သူမ ဇိမ်ခံကားရဲ့ ပါဝါကို သဘော‌ပေါက်လိုက်သောအချိန်ပင် (*Mercedes Benz)
"ကျွန်မသွားတော့မယ်"
"အို ခဏလေး"

လုရှန်လက်ကိုမြှောက်ရင်း သူမခေါင်းပေါ်က ကလစ်ကို ပြန်ပြင်ပေးခဲ့သည်
ဒါက ညင်သာသော အထိအတွေ့ပင်
"ကလစ်က နည်းနည်းရွဲ့နေတယ် အခုတော့ အဆင်ပြေသွားပါပြီ"

'အမ်း ဘာကြောင့်များ ငါရင်တွေခုန်နေရတာလဲ ဒီလိုအပြုအမူအသေးလေးနဲ့တင်'
ခုန်နေသောရင်ကို ဖုံးဖို့ကြိုးစားနေသော သူမအား လုရှန် ညင်သာစွာပြုံးပြနေတော့သည်

"ဒါဆို ကောင်းမွန်တဲ့အချိန်‌ဖြစ်ပါစေ အချိန်ကျရင် ကိုယ်မင်းကို ပြန်လာခေါ်မယ်"
သူတို့အနားက လူအချို့ အော်ဟစ်နေတာကို သူမကြားလိုက်ရသည်
ဘယ်လိုပဲဖြစ်ဖြစ် လုရှန်က အပြစ်ကျူးလွန်ထားတဲ့ယောကျာ်းတယောက်ပဲ

ဒီနေ့ပွဲက ငယ်ရွယ်တဲ့ အထက်တန်းလွှာတွေ သူငယ်ချင်းဖွဲ့ရန်အတွက် ပုံမှန် တွေ့ဆုံပွဲဖြစ်သည်

အစိမ်းရောင်မြက်ခင်းတွေနဲ့ ဥယျာဉ်ထဲ၌ အဖြူရောင် စားပွဲများ ပတ်လည်‌တွင်ရှိနေခဲ့သည်‌ ကောင်းမွန်စွာ၀တ်ဆင်ထားတဲ့ အမျိုးသမီး နှစ်ယောက် သို့ သုံးယောက် လောက် ဝိုင်းဖွဲ့ပြီး စကားပြောနေကြသည်
ဒါပေမဲ့ သူမပွဲခန်းမထဲ၀င်လိုက်သောအခိုက်အတန့် သူမတစ်ခုခုမှားယွင်းနေသလိုခံစားနေရသည်

ဘီလုံးငှက်တွေလိုညီးညူနေသော အမျိုးသမီးများ စကားပြောခြင်း ရပ်တန့်သွားခဲ့သည် မလာသင့်သောသူတယောက် ရောက်လာသလိုပင်

'ဒါကဘာလဲ'
ပါနေးရားက ဒီအဖွဲ့၏ခေါင်းဆောင်ပင်

သူမကို မြင်တာနဲ့ မရေမတွက်နိုင်သော အမျိုးသမီးများ အာရုံပြန်ရသွားကြပြီး သူမအ ချီးကျူးစကားများ မြှောက်ပင်စကားများ များစွာပြောကြတော့သည်

'attitudeက ဘာလို့ ရုတ်တရက်ပြောင်းသွားရတာလဲ'
အမျိုးသမီးတစ်ယောက် မျက်ခုံးတွေကို အကြောင်းပြချက်မရှိပဲ မြင့်ရင်း ထွက်လာခဲ့သည်

ပါနေးရားရဲ့ အရင်းနှီးဆုံးသူငယ်ချင်း သူမရဲ့ တန်ဖိုးအထားရဆုံး လက်အောက်ငယ်သား ဖြစ်တဲ့ လေဒီ အီရစ်ကာပင်

သူမကိုမြှောက်ပင့်မဲ့အစား ထေ့ငေါ့စွာပြောလာခဲ့သည်
"အို ဒါက လေဒီပါနေးရားမလား ဘာကြောင့်များ သာမန်လူတန်းစား သူတော်စင်က ငါတို့လို အထက်တန်းလွှာတဲ့ ပိုပြီး အရေးပါနေရတာလဲ?"

ထိုအချိန်မှာတော့ ဘာကြောင့် သူမအား သူတို့နောက်ကျောတွေလှည့်ကြည့်လာရတယ်ဆိုတာကိုသဘောပေါက်လိုက်သည်
သူမရဲ့စေ့စပ်ပွဲနေ့၌ အီရစ်ကာအပါအ၀င် အထက်တန်းလွှာတွေက အက်စတယ်လာကို သိက္ခာကျစေဖို့ ကြိုးစားလုပ်ခဲ့ကြသည်

သူတို့ထဲက တစ်ချို့က အက်စတယ်လာကို မုန်းတီးကျပေမဲ့ ပါနေးရားကို မျက်နှာချိုသွေးဖို့ ကောင်းမွန်သော အကြောင်းပြချက်ရှိလိမ့်မည်
သူမကသာ မူလ ပါနေးရားဆိုပါက သူတို့ မဟုတ်မမှန်ပြောဆိုခြင်းကို ပျော်ပျော်ကြီးလက်ခံလိမ့်မည်
ဒါပေမဲ့ သူမက သူတို့ရဲ့ expectationတွေကနေ လွှတ်ထွက်သွားပြီး "သူမကအကောင်းဆုံးပဲ"လို့ပြောပြီး ကျယ်ကျယ်ကြီးငိုပစ်ခဲ့သေးသည်

ဒါကြောင့် အခု သူတို့ သူမအား အလွန်မုန်းတီးနေခြင်းဖြစ်သည်
သူမထိုအကြောင်းမတွေးဖြစ်ခဲ့ပေ

သူမ အီရစ်ကာအနောက်မှာ ရပ်နေတဲ့ အမျိုးသမီးများအား ကြည့်လိုက်သည်
ထိုအမျိုးသမီးများ၏မျက်နှာများအားလုံးဟာ အေးစက်နေခဲ့သည် ရန်လိုသောပုံစံနှင့်ပင် သူတို့ သူမအား လုံး၀ ‌မကျေနပ်ကြပေ

အီရစ်ကာ သူတို့အား သူမနောက်ကျောတွင်သယ်ထားရင်း သူမမေးစေ့အားမော့ပြီးပြောလိုက်သည်

"လေဒီပါနေးရား ကျွန်မစဉ်းစားနေခဲ့တာ သူမရဲ့အမူအကျင့်တွေ ရုတ်တရက် ပြောင်းပစ်ရတာလဲဆိုပြီး‌ပေါ့
လေဒီက တခြားသူတွေထက် သူရဲ့အထက်တန်းဆန်မှုကို ပိုပြီးဂုဏ်ယူတတ်ခဲ့တာ ဒါပေမဲ့...."

အီရစ်ကာ မျက်လုံးတွေအောက်ချရင်း သူမကိုကြည့်နေခဲ့ပြီး ပေါက်ထွက်အောင်ရယ်လိုက်သည်
"သူမဒီနေ့၀တ်တဲ့ပုံစံတွေကိုကြည့်ပါအုမ်း ဘာကြောင့်လဲဆိုတာ ကျွန်မသိပြီထင်တယ် လိုင်လာရဲ့ဘဏ္ဍာရေးက အခုတလော ပိုပြီးနည်းလာပြီ ဒါကြောင် သူမဒီလိုလုပ်ခဲ့တာပဲ နင်က သာမန်လူတန်းစားသူတော်စင်မရဲ့ ဘက်ကိုသွားပြီး သူမစီကနေ အကူအညီယူချင်တာပဲနေမှာ"

အီရစ်ကာက ပါနေးရား ခေတ်ကုန်နေတဲ့ အ၀တ်အစားတွေနှင့် လက်၀တ်ရတနာနာများအား ၀တ်ဆင်ခြင်းကို ပျက်ရယ်ပြု‌နေခဲ့သည်

အီရစ်ကာအနားမတ်တပ်ရပ်နေတဲ့အမျိုးသမီးများကလဲ ခေါင်းညိမ့်လာခဲ့သညိ
"ဟုတ်‌တယ် ငါနောက်ဆုံးတော့လက်ခံလိုက်ပြီ"
"သူတော်စင်မမှာ ကံမကောင်းတဲ့အိမ်နီးချင်းတွေကို ကူညီရမယ်ဆိုတဲ့ရောဂါရှိတယ် ရှင်သာ ဒီလိုဝတ်ထားရင် သူမကူညီမှာပဲ"

အမျိုးသမီးများက သူမနှင့် အက်စတယ်လာအား တခစ်ခစ်ရယ်နေကြသည်

'ဝိုး ဒီလူတွေ ဘယ်လိုတောင် သဘောထားသေးသိမ်ရတာလဲ'
သူမ ပြေးသွားပြီး သူတို့ဆံပင်အားဆွဲပစ်ချင်ပေမဲ့ သည်းခံခဲ့သည်

သူမအား အဆုံးစွန်အထိမုန်းနေကြသော ဒီမိန်းကလေးများက သူမနှင့် ဘ၀တူ သနားစရာsupportingဗီလိန်များပင် (ဒီအပိုဒ်ပြန်တော့ ရီမိသွားတယ် MCကသနားနေတာ ဘ၀တူဆိုပြီး🤣)

'အို စာရေးဆရာက သူတို့ကို ဒီလိုရေးခဲ့တာကြောင့်ဖြစ်ရမယ် စာရေးဆရာ ရှင်ဘာသောက်လုပ်တွေ လုပ်နေတာလဲ'(ဒီမှာသုံးသွားတာက what the hellလို့သုံးသွားတာပါ အိုင်မပြန်တတ်တာနဲ့ အခုလိုရေးလိုက်ရပါတယ်)
သူမ တခွန်းတောင် မတုံ့ပြန်ပဲ ရှေ့ကိုလျှောက်သွားခဲ့သည်

အဲ့အချိန်မှာပဲ တချို့အမျိုးသမီးများက တုန်လှုပ်စွာနဲ့ အော်ဟစ်လာခဲ့ပေမဲ့ ဒါတွေက သူမအလုပ်မဟုတ်ပေ

သူမ ထိုအမျိုးသမီးများစုနေသော နေရာကနေရှောင်ရင်း ထောင့်တခုက ခုံအလွတ်မှာထိုင်နေခဲ့သည်
ပါနေးရားအစစ်သာဆိုရင် ဘယ်တော့မှထိုင်မဲ့ နေရာတစ်ခုမဟုတ်ပေ ဒါပေမဲ့ ဒီခုံက ဒီနေ့အတွက် လုံလောက်အောင်ကောင်းနေခဲ့သည်

သူမသာ ပုံမှန်လို မူလအဓိကခုံမှာသာထိုင်ဖို့လုပ်ခဲ့မယ်ဆိုရင် ထိုမိန်းမများနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုတော့ ရင်ဆိုင်ရလိမ့်မည်
သူမမလုပ်ချင်ပေ

ထိုကဲ့သိုသောလူတွေနဲ့ တိုက်ခိုက်ခြင်းရဲ့ ရည်ရွှယ်ချက်ကဘာဖြစ်မလဲ ဘ၀မှာ ခက်ခဲမှုတွေကို ဖြတ်သန်းရဖို့ သင့်မှာကံပါပြီးသားပဲ ဒါကြောင့်မို့ အချင်းချင်း ဂရုစိုက်သင့်ပေသည် သူမသာ သေနေတဲ့ကြွက်တ‌ကောင်လို ဆက်နေနေမယ်ဆိုရင် သူတို့ငြိမ်သက်နေလိမ့်မည်
ဒါက မိမိကိုယ်ကို အားရကျေနပ်စေမည် အိုင်ဒီယာပင်

ပါနေးရားရဲ့မကောင်းသတင်းကို ပထမ‌ဆုံး စိတ်ပူနေခဲ့ကြသော အမျိုးသမီးများက ပါနေးရားလက်ဖတ်ရည်ကို ညင်ညင်သာသာတငုံသောက်လိုက်သလို သူတို့စကားတွေရဲ့ လယ်ဗယ်ကလဲမြင့်လာခဲ့သည်

"ပြီးတော့ လေဒီပါနေးရားက အရှင်ကာဒီယမ်ရထားလုံးနဲ့ ဒီကိုလာခဲ့တာကို ငါမြင်လိုက်တယ် ရှင်တို့က တအားကြင်နာကြတာပဲ"

"ဒါကလုံး၀တုန်လှုပ်စရာပဲ ဘယ်လောက်ပဲ ဧကရာဇ်က သူကိုစစ်သည်တယောက်အနေနဲ့ ချစ်မြတ်နိုးပါစေ သူက မိဘမဲ့ သာမန်လူတန်းစားဆိုတာကိုတော့ ရှင်တို့လျစ်လျူရှု့လို့တော့မရဘူး"

"Well ရှင် သူတော်စင်မ စိတ်ကျေနပ်အောင် လုပ်ခဲ့ရတဲ့အကြောင်းပြချက်နဲ့ အတူတူပဲလေ သူကဘယ်နေရာကနေလာတာဖြစ်နေပါစေ ရှင်အမျိုးသားလောင်းဆီကနေ တစ်စုံတစ်ခု ရချင်လို့မလား ဟုတ်တယ်မလား"

အီရစ်ကာ သူမလျှာအား ကျစ်ခနဲမြည်အောင်လုပ်လိုက်သည်

"ဆင်းရဲတာကလဲ ကြောက်စရာကောင်းတဲ့အရာတစ်ခုပဲ"

'နင်က ပိုကြောက်ဖို့ကောင်းတယ် မိန်းမငယ်လေးရဲ့'

Continue Reading

You'll Also Like

1.1M 132K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.1M 89.4K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
152K 16.1K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...