(Uni)
"မိဆွေ သက်လျာရှိလား"
"ခြံထဲမှာထင်တယ် မမဆု"
"အေးအေး"
ခြံထဲကိုဆင်းသွားလိုက်တော့နှင်းဆီပန်းပင်တွေကိုချိုးနေတဲ့သူအားဒေါ်ဆုလွင်တွေ့လိုက်ရတာနဲ့တစ်ပြိုက်နက် နှာခေါင်းကအလိုလိုရှုံ့သွားသည်။
"မင်းကိုငါပြောထားတဲ့ကိစ္စရဲ့အဖြေကဘယ်လိုရှိလဲ နှောင်းဦးသက်လျာ "
နောက်ထံပါးမှပြားလိုက်ရတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့မောင့်မေမေပင်။စိတ်လှုပ်ရှားနေတဲ့မျက်နှာကိုအတတ်နိုင်ဆုံးထိန်းကာ သူ့ရဲ့အဖြေကိုပြောရတော့မည်။တစ်နေ့လုံးတစ်ညလုံးသေချာစဉ်းစားပြီးချမှတ်ထားတဲ့ဆုံးဖြတ်ချက်မို့ သူပြင်မှာမဟုတ်။
"စိတ်မကောင်းပေမယ့် သက်လျာအန်တီဆုပြောသလိုမလုပ်နိုင်ဘူး"
"ဟက်! အေးပေါ့ငါပေးတဲ့ငွေလောက်တော့မင်းကဘယ်ယူမလဲ ငါ့သားကိုအပိုင်ဖမ်းပြီးသူ့အမွေတွေအကုန်ယူမှာပေါ့ ဟုတ်တယ်မလား မင်းအကြံကသိပ်ကိုကြီးတာဘဲ အဆင့်မရှိတဲ့လူကငါ့သားအနားကပ်ပြီး ရွေနားကပ်ရောင်ကြောင့်ပါးပြောင်ချင်နေတာ"
မောင့်မေမေ့ရဲ့ထိုးနှက်တဲ့စကားလုံးများကိုပြန်လည်မတုံ့ပြန်ဘဲသက်လျာလက်သီးသာတင်းတင်းဆုပ်ထားမိသည်။သေသေချာချာစဉ်းစားပြီးချထားတဲ့သူရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့ရာစိတ်ကူးတစ်စက်ကလေးမှမရှိ။မာမာထန်ထန်ဖြင့်ပြောနေကာ အလိုမကျတဲ့အကြည့်တွေဖြင့်ကြည့်ကာပြောနေတာမို့ဒေါ်ဆုဆုလွင်အား သက်လျာနဲနဲတော့ကြောက်ပါသည်။ဘယ်လိုဘဲဖစ်ဖြစ်သူကဒီအိမ်ရဲ့သြဇာရှိတဲ့သူအပြင်သူရဲ့အလုပ်ရှင်လဲဟုတ်သည်လေ။
"သက်လျာကအဲ့လိုလူစားမျိုးမဟုတ်ဘူး အန်တီဆု"
"အဲ့ဒါကတော့မင်းကိုယ်မင်းဘဲသိမှာပေါ့ ဒီမှာငါတစ်ခါထည်းပြောလိုက်မယ် မင်းကိုအခွင့်အရေးပေးပြီးသွားပြီ ငွေမယူချင်လဲရတယ် ငါကတော့မိခင်တစ်ယောက်အနေနဲ့မင်းနဲ့ငါ့သားကိုလုံးဝလက်မခံနိုင်ဘူး အဲ့ဒီတော့မင်းငါ့သားအနားကထွက်သွားအောင်ငါလုပ်မှာ စောင့်ကြည့်လိုက်!!"
သက်လျာအားလက်ညိုးထိုးကာဒေါသသံဖြင့်ပြောပြီးနောက်ဒေါ်ဆုဆုလွင်အိမ်ထဲပြန်ဝင်လာခဲ့သည်။ကျန်နေခဲ့တဲ့သက်လျာမှာမူ မောင့်မေမေကသူတို့နှစ်ယောက်အားခွဲမှာကိုတွေးတာကြောက်နေမိသည်။ဘာလုပ်လုပ်အဆင်မပြေသလို သက်ပြင်းချနေရတာလဲအကြိမ်ကြိမ်အခါခါ။မောင့်ကိုချစ်ရတာပင်ပန်းလိုက်လိုက်တာ မောင်ရယ်....။
------
ထုံးစံအတိုင်းအလုပ်သွားရမှာမို့သက်လျာပြင်ဆင်ပြီးမောင်လာခေါ်မှာကိုစောင့်နေလိုက်သည်။ဒီရက်တွင်းစိတ်တွေအရမ်းပင်ပန်းနေပြီ။ဖြစ်နိုင်ရင်အရာအားလုံးကိုလွှတ်ချထားချင်မိပြီ။သို့သော်သူမလုပ်နိုင်။မောင်...ငါ့ရဲ့တစ်ဦးတည်းသောချစ်ရတဲ့မောင်။ဒီလူသားကိုတော့သူမစွန့်လွှတ်နိုင်ပေ။
"တီ...တီ.."
ကားသံကြားရပြီမို့တွေးလက်စကိုရပ်ကာအိမ်တံခါးတွေပိတ်ပြီးကားပေါ်သို့တတ်လိုက်သည်။အရင်ကလိုမောင်ဖွင့်ပေးနေကျကိုမစောင့်ဘဲ သူ့ဘာသာဝင်လိုက်ခြင်းပင်။
"သက်လျာ"
"ဟင်"
"နေမကောင်းလို့လား ဒါမှမဟုတ်တစ်ခုခုဖြစ်လို့လား မျက်နှာလေးညှိုးနေတယ်"
သူ့စိတ်အားသိနေသည့်မောင်ပါပင်။ မျက်နှာအမူအရာပျက်ရင်ကအစမောင်ကသူတစ်ခုခုဖြစ်နေမှန်းသိသည်။အရိပ်လိုကြည့်နေတတ်တဲ့သူမို့ သဘောမှာလဲသက်လျာမျက်နှာမကောင်းရင်သူ့စိတ်ထဲမှာအလိုမကျ။
"ဘာမှမဖြစ်ပါဘူး သွားကြမယ်လေ "
"အင်း"
နှစ်ယောက်သားအတွေးကိုယ်စီဖြင့်သာနေနေကြသည်။သက်လျာကလဲစကားစမပြောသလို သဘောကလဲငြိမ်နေသည်။စိတ်တိုနေပုံဟန်ရှိတဲ့မောင်က နားထင်ကြောတွေတောင်ထောင်လုနီးပါးဖြစ်နေကာမျက်နှာကလဲရဲလို့။သက်လျာသိသည် မောင်ကအခုဘာကိုအလိုမကျဖြစ်နေလဲဆိုတာကို။သို့သော်ဘာမှမပြောဘဲ စံအိမ်ကိုမြန်မြန်ရောက်ဖို့သာတွေးနေလိုက်သည်။
"ဂရုစိုက်ပြီးမောင်းဦး"
"ကျစ်!! သက်လျာ"
"ဟင်"
ကားပေါ်ကဆင်းခါနီးသူကိုလက်ကနေဆွဲထားတော့အေးစက်စက်မျက်ဝန်းတွေဖြင့်လာကြည့်သည်။အဲ့ဒါတွေကို သူမကြိုက်တာ။တစ်ခုခုဖြစ်နေတယ်ဆိုတာသိနေသော်လည်း အေးစက်စက်နိုင်လွန်းတဲ့သူကြောင့်မမေးဖြစ်။သဘောတစ်ယောက်စိတ်ထဲမှာအလိုမကျတာကြောင့်ဒေါသထွက်လို့ နှောင်းဦးသက်လျာကိုဆွဲနမ်းပြစ်ချင်တဲ့အထိပင်။
"ဘာမှမဟုတ်တော့ဘူး ညနေကျမောင့်ကိုစောင့်နေပြန်လိုက်ပို့မယ်"
"အင်း"
အပိုစကားတစ်ခွန်းမှမဆိုဘဲသက်လျာအိမ်ထဲသို့ဝင်လာလိုက်သည်။အိမ်ထဲရောက်တော့လူစုံတတ်စုံရှိနေတာကိုမြင်ရသည်။အန်တီဆုရယ်၊ဦးမင်းအာဏာရယ်၊ဘဘကြီးရယ်သုံးယောက်စလုံးကဧည့်ခန်းထဲမှာထိုင်နေကြသည်။လူကြီးတွေထိုင်နေကြတာမို့ ယဉ်ကျေးမှုအရသက်လျာပြုံးပြီးနှုတ်ဆက်လိုက်သော်ငြား မောင့်မေမေ့တုံ့ပြန်မှုကမဲ့ပြုံးတစ်ခုသာ။
"သက်လျာရောက်လာပြီဆိုတော့ အဖေ့ကိုပြောစရာရှိတာလေးအခုပြောတော့မယ်"
သက်လျာမရောက်ခင်ကတည်းကဒေါ်ဆုဆုလွင်ကဦးမင်းမျိုးနွယ်နှင့်ယောကျ်ားဖြစ်သူကိုပြောစရာရှိသည်ဟုပြောထားတာဖြစ်သည်။အခုသက်လျာရောက်လာပြီဆိုတော့သူ့စကားကိုဆက်ရမှာပေါ့။
"သက်လျာက ဆုကိုပြောတယ် သူဒီလကုန်ရင်အလုပ်ထွက်မလို့တဲ့"
"ဘယ်လို.."
"ဟေ"
အာမေဋိတ်သံများစွာဖြင့်အံ့သြမှုတွေက မောင့်ဖေဖေဆီမှာရော ဘဘကြီးဆီမှာပါကြားနေရခြင်းပင်။မောင့်မေမေကဘာလို့ဒီလိုမုသားကိုပြောရလဲဆိုတာသက်လျာသိသည်။အကြောင်းပြချက်ကတစ်ခုထဲကြောင့်ဘဲမဟုတ်လား။မောင့်မေမေကိုကြည့်တော့သူကိုမျက်စမျက်နဖြင့်ဘဘကြီးအားပြောဖို့ပြောနေသည်။ အချိန်တန်ရင်ဒီအိမ်ကသူထွက်သွားရမှာဆိုတာသိသည်။သူကိုယ်တိုင်လဲ အခုစကားကြောင့်အံ့သြနေတာမှန်ပေမယ့် သက်လျာလိုလူကဘာလုပ်နိုင်မှာမို့လို့လဲ။သူကဒီအိမ်ရဲ့အလုပ်သမားဘဲလေ...
"ဟုတ်တယ်မလားသက်လျာ အဖေ့ကိုနားလည်အောင်ပြောပြလိုက်ဦးလေ"
"သက်လျာ ဆုပြောတာဟုတ်လား"
"ဟုတ်...ဟုတ်ပါတယ် ဘဘကြီးသက်လျာဒီလကုန်ရင်အလုပ်ထွက်ပါတော့မယ်"
"ဘာလို့လဲသက်လျာအဆင်မပြေလို့လား"
"မဟုတ်ပါဘူး ဘဘကြီး၊ သက်လျာမေမေကကျန့းမာရေးမကောင်းတော့ခဏပြန်ရမှာမို့ပါ။အမေ့ကျန်းမာရေးကိုဂရုစိုက်ပေးချင်တာမို့သက်လျာပြန်ချင်လို့ပါ၊ ဘဘကြီးလဲနေထိုင်ကောင်းနေပြီဆိုတော့လေ"
"ဟုတ်ပါတယ် အဖေရယ် အဖေလဲသက်သာနေပြီဘဲပါ သက်လျာသူ့အမေကိုလဲပြန်ပြုစုချင်မှာပေါ့ ပြန်ပါစေ"
"ငါသဘောမတူနိုင်ဘူး"
"အဖေ..."
ဦးမင်းမျိုးနွယ်ကအလိုမကျသည့်နှယ်ပြောလာသည့်စကားကို ဒေါ်ဆုဆုလွင်ကဟန့်လိုက်သည်။တကယ်ပါ ဒီကောင်လေးဘာတွေနဲ့များပြုစားထားလို့သားနဲ့ယောက္ခထီးကသူမှသူဖြစ်နေရတာလဲမသိ။
"ကဲပါ ဆရာမလေးရယ်သေချာစဉ်းစားပါဦးအဖေကလဲသမီးကိုလိုအပ်နေပါသေးတယ် အိမ်ကိုခဏပြန်ရင်လဲပြန်ပေါ့ အလုပ်တော့မထွက်ပါနဲ့ အဖေကသမီးကြောင့်ကျန်းမာရေးအများကြီးကောင်းလာတာ"
"ကို သူကအလုပ်ထွက်ချင်နေတာကိုဆုတို့ကဆွဲထားလို့ကောင်းပါ့မလား တစ်ဖက်ကသူ့မိဘလေ သူလဲပြုစုချင်မှာပေါ့ အဖေ့ကိုလဲNurseတစ်ယောက်ဆုထပ်ရှာပေးပါ့မယ် သက်လျာကအလုပ်ထွက်ဖို့ဆန္ဒပြင်းပြနေတာဆိုတော့သူ့ကိုခွင့်ပြုလိုက်ပါ"
"မိဆွေ!! မိဆွေ!!"
ဦးမင်းမျိုးနွယ်ရဲ့အသံကတစ်အိမ်လုံးဟိန်းနေသည်။အိမ်ထိန်းအန်တီဆွေတစ်ယောက်သူ့နာမည်အားခေါ်သံကြားတာမို့ လုပ်လက်စအလုပ်ကိုရပ်ကာအလျှင်အမြန်ပင်ပြေးရသည်။နို့မို့ဆို ဘဘကြီးစိတ်ကြောင့်မလွယ်ပေ။
"လာပါပြီ ဦးလေး"
"ငါ့ကိုအခန်းထဲလိုက်ပို့ သက်လျာလိုက်ခဲ့"
"ဟုတ်ကဲ့ "
------
သက်လျာအလုပ်မသွားခင်ခြံထဲကသစ်ခွပန်းပင်လေးတွေအားရေလောင်းနေသည်။ပုဆိုးအစိမ်းပုပ်ရောင်လေးနဲ့အတူT-shirtအနက်ရောင်လေးနဲ့သက်လျာကဖြူဖြူဖွေးဖွေးအသားအရည်ကြောင့်ထင်ပေါ်နေသည်။
"သက်လျာ"
ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ဝေယံပင်။သူ့ရဲ့လှို့ဝှက်ချက်ကိုဝေယံကသိပြီးသားမို့အခုလိုအခြေအနေဖြင့်ရှိနေတာကိုသက်လျာမတုန်လှုပ်နေတော့။ဒါကသူ့ဘဝအစစ်အမှန်ဘဲကို။
" ဝေယံ ဘယ်လိုရောက်လာတာလဲ"
"ပိုင့်ဆီလာတာ"
အရင်ကဆိုသက်လျာဆီလာတာဟုပြောတတ်တဲ့သူက အခုသူရဆီလာတာလို့ပြောနေတာကြောင့်သက်လျာပြုံးလိုက်မိသည်။အင်း...အဆင်ပြေပြေရှိကြလို့တော်ပါသေးရဲ့။
"လာလေ ဝေယံ သူရအထဲမှာရှိတယ် ငါခေါ်ပေးမယ်"
"သက်လျာ သက်လျာ!"
"သူရ ဘာ..ဘာဖြစ်လို့လဲ "
အိမ်ထဲဝင်ခါနီးအချိန်၌အလောတကြီးခေါ်သံကြောင့်သက်လျာရင်တွေပန်းတွေတောင်တုန်သွားသည်။
"အန်တီနှောင်းရိပ် အခြေအနေဆိုးတယ်တဲ့သက်လျာ ဒေါ်ကြီးသန်းနုဖုန်းဆက်တာ မင်းအိမ်ရှေ့ရောက်နေလို့ငါကိုင်လိုက်တာ "
"အမေ အမေ.. အဆင်မပြေဘူးနဲ့တူတယ်သူရ ငါ..ငါဘာလုပ်သင့်လဲ ဟင့်"
"မငိုပါနဲ့ကွာ နောက်အပတ်ထဲငါတို့အိမ်ခဏပြန်ကြတာပေါ့နော် အဆင်ပြေသွားမှာပါ"
"ဘာဖြစ်လို့လဲ ပိုင်"
"မင်းကဘယ်လိုရောက်လာတာလဲ"
"ပိုင့်ကိုအပြင်သွားဖို့လာခေါ်တာ"
"ငါဒီနေ့သက်လျာနဲ့နေပေးမလို့ မလိုက်နိုင်ဘူး "
"တဆိတ် သက်လျာဘာဖြစ်လို့လဲဟင် ကျွန်တော်ကူညီနိုင်တာများရှိမလား"
အကျိုးအကြောင်းအစုံအားဝေယံ့ကိုရှင်းပြလိုက်တော့ ဝေယံလဲအံ့သြသွားပုံရသည်။အန်တီဆုနဲ့ရင်းနှီးတယ်ဆိုပေမယ့် စိတ်ထားကဒီလောက်ဆိုးမယ်လို့မထင်မိပေ။သက်လျာကိုကြည့်လိုက်တော့ငိုနေသည်။ အရင်ကထက်ပိုပိန်လာကာအခုလဲအတော်ခံစားနေရတဲ့ပုံပင်။
"ကျွန်တော်ကူညီပါ့မယ်"
"ဘာကိုဆိုလိုတာလဲ ဝေယံ"
"သက်လျာရဲ့အခက်အခဲကိုကျွန်တော်ကူညီပါ့မယ် သက်လျာအမေ့ကိုနိုင်ငံခြားမှာခွဲစိတ်ပေးဖို့ကျွန်တော်တာဝန်ယူပါ့မယ် ကျွန်တော်မှာအသိမိတ်တွေတွေရှိတယ် ပိုင်တို့နယ်ပြန်ရင်ပြော ကျွန်တော်ပါလိုက်ခဲ့မယ်"
"ဒါပေမယ့် ငါ့မှာမင်းကိုပြန်ပေးဖို့ငွေအလုံအလောက်မရှိဘူးဝေယံ"
"မလိုပါဘူး သက်လျာအခက်အခဲဖြစ်နေချိန်မို့ကူညီတာပါ ဆပ်ချင်တယ်ဆိုရင်လဲနောက်မှဆပ်ပေါ့ လူ့အသက်တစ်ချောင်းတော့ကျွန်တော်ကယ်ချင်ပါတယ်"
"တကယ်..တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဝေယံ"
ဝေယံ့စကားကြောင့်သက်လျာရဲ့မျက်နှာလေးပြုံးလာပြီးကျေးဇူးတင်စကားတွေပြောတော့သည်။နောက်ဆုံးတော့မောင့်ကိုရောအမေ့ကိုပါဆုံးရှုံးစရာမလိုတော့ပေ။နေ့တိုင်းဘုရားမှာဆုတောင်းခဲ့သမျှက သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကြောင့်အမြန်ပြည့်လာတယ်ထင်ပါရဲ့။ သူရမှာလဲသူ့သူငယ်ချင်းအစားဝမ်းသာလွန်းလို့ ဝေယံ့ကိုကျေးဇူးတင်နေမိသည်။သို့သော် အိမ်ထဲမှာပြောနေကြတဲ့လူသုံးယောက်ရဲ့စကားသံတို့အား အိမ်ရှေ့နားကအသံဖမ်းစက်တစ်ခုကမှတ်တမ်းတင်နေသည်ဆိုတာတော့သူတို့တွေသိမည်မထင်။
-------
"သဘော"
"ပြောလေ အဖိုး"
"သက်လျာအလုပ်ထွက်တော့မယ်တဲ့"
"ဗျာ!"
"သူကိုယ်တိုင်ပြောတာလားအဖိုး"
"အေး"
ဘာကိစ္စ၊ဘာကိစ္စကြောင့်သက်လျာကသူ့ကိုတစ်စက်ကလေးမှမပြောဘဲ လုပ်ချင်ရာတွေလုပ်နေရတာလဲ။အလုပ်ခန့်ထားတဲ့သူကို အလုပ်ထွက်ကြောင်းမပြောဘဲ နှောင်းဦးသက်လျာဘာဖြစ်ချင်နေတာလဲ။
"အဖိုးကသဘောတူလား"
"သက်လျာကြောင့်အဖိုးကျန်းမာရေးအများကြီးကောင်းလာတာသိရက်သားနဲ့သဘောရယ် ဒါပေမဲ့သက်လျာလဲသူ့ကိစ္စနဲ့သူရှိမှာပေါ့ အဖိုးလဲနေထိုင်ကောင်းနေပြီမဟုတ်လား အလုပ်မထွက်ရင်တော့ကောင်းတာပေါ့ဘသံယောဇဥ်ကလဲရှိတယ်ဒီသူနာပြုလေးကို"
"အင်း ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်အဖိုး"
ဦးမင်းမျိုးနွယ်အခန်းထဲကထွက်ကာ ကားသော့နဲ့ပိုက်ဆံအိတ်ကိုယူပြီး သဘောအောက်ထပ်ကိုဆင်းလိုက်တော့မာမီ့ကိုတွေ့သည်။
"မင်းဘယ်သွားမလို့လဲသား"
"ဒီနားခဏမာမီ"
"မသွားနဲ့တော့သား မိုးချုပ်နေပြီ"
"ခဏလေးပါမာမီ"
"မာမီခေါင်းတွေမူးနေလို့ပါသားရယ် ညကြီးမင်းကြီးမာမီစိတ်ပူရအောင်မလုပ်စမ်းနဲ့ "
"အင်း ဒါဆိုလဲမာမီနားလိုက်ဦး"
အပေါ်ကိုပြန်တက်သွားတဲ့သားဖြစ်သူကြောင်ဒေါ်တုဆုလွင်ပြုံးလိုက်သည်။သူ့သားဘယ်ခြေလှမ်းလှမ်းချင်နေလဲ ဒီမအေကသိတာပေါ့။အခုလဲဟိုကောင်လေးဆီသွားမှာဘဲဆိုတာသိသည်။သိလို့ဘဲ တမင်လိမ်ပြီးမသွားဖြစ်အောင်ပြောလိုက်တာ အလုပ်တော့ဖြစ်သားဘဲ။
"အန်တီဆု"
"ပြော"
"ဒီမှာပါ"
memories stickအပြားလေးတစ်ခုကိုမောင်အေးကသူ့လက်ထဲသို့ထည့်ပေးလာတာကြောင့်ဆွဲယူလိုက်သည်။
"ရပြီ မင်းသွားတော့ ငါပြောတာတွေမမေ့နဲ့"
"ဟုတ်ကဲ့ပါ အန်တီဆု"
အခန်းထဲသို့ပြန်ဝင်ပြီးလက်ထဲကအရာအားဖွင့်ကြည့်လိုက်တော့ ဒေါ်ဆုဆုလွင်ကမဲ့ပြုံးပြုံးကာကော်ဖီတစ်ခွက်ကိုဇိမ်ဖြင့်သောက်နေသည်။အင်း...ဒီဇာတ်လမ်းကငါဗီလိန်မလုပ်ရဘဲအဆုံးသတ်တော့မယ်ထင်ပါရဲ့ ဟားဟား....။
May 10/22
အယ်လီယာ ဝမ်...
T.B.C