မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

92.1K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၁၂)

1.4K 161 0
By ma_roses_are_blue

နေကလဲ ပူနွေးလာချိန် လုရှန်ကလဲ နှိုက်နှိုက်ချွတ်ချွတ် အင်တာဗျူး စတင်တော့သည်

သူမနာမည်ရဲ့ ဇစ်မြစ် ဇာတာခွင် အကြိုက်ဆုံးအစားအစာ ရင်ထဲအထိဆုံးလက်ဆောင် ကြားရတာ အကြိုက်နည်းဆုံး စကားလုံးများ စသည်ဖြင့်.....
သူရဲ့မေးခွန်းများက လုံလောက်အောင် အပြစ်ကင်းစင်လွန်းလို့ သူမအား ၀မ်းနည်းအောင်လုပ်နေသည် သူရည်ရွယ်ချက်များအား နားလည်မှုလွဲမိသည့်အတွက်ပင်

လှပသောလက်ရေးနှင့် သူမအကြောင်း စာကြောင်းတွေနဲ့ စာမျက်နှာအပြည့်ဖြည့်နေတဲ့သူ့ကိုကြည့်ရင်း သူမ အနည်းငယ်ညည်းညူမိသွားခဲ့သည်

"အရှင်ကာဒီယမ် ဒီမေးခွန်းတွေကနေ ကျွန်မအကြောင်းလေ့လာနိုင်မယ်လို့ ရှင်ထင်လား"
"ကျွန်တော်လေ့လာနိုင်တဲ့အရာက အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်တော်တွေးမိပါတယ်"

"ကံကောင်းစွာနဲ့ ကျွန်မလဲ အဲ့လိုတွေးနေတာ"
သူမ စိတ်ကျေနပ်စွာနှင့်ပြုံးလိုက်သည်

"ဒါဆို ဘာလို့ ဒီအင်တာဗျူးကို မရပ်တာလဲ ပြီးရင် ကျွန်မနဲ့ joinလိုက်လေ"
"ဘာကို joinရမှာလဲ"

သူမပါးစပ်ထဲက ချောကလက်ကို ကိုက်ရင်း အားရပါးရပြုံးလိုက်သည်

သူအပေါ်မှာထားနေတဲ့ သူမရဲ့အကြောက်တရားတွေလဲ ပျောက်ကွယ်သွားခဲ့သည် အခု သူမအကြောင်း ပိုသိချင်တယ်ဆိုတာ သူဘာကိုဆိုလိုတယ်ဆိုတာ သူမသိသည်
သူကို အနည်းငယ်လောက် စိတ်မကျေ‌နပ်အောင်လုပ်မိရင်တောင် သူမအား လန့်လိမ့်မည်ဟု သူမမထင်
ဒါဆို တစ်ကိုယ်ကောင်းနည်းနည်းလောက်ဆန်လိုက်ရင်လဲ အဆင်ပြေလောက်တယ်မလား?

"ကျွန်မရဲ့ ဝါသနာလေ"
* * *

"လေဒီပါနေးရား ဒါကြီးကို တကယ်ကြိုက်တာလား"
လုရှန် ငိုရှိုက်သံနှင့် ပြောလိုက်သည်

သူမလက်မောင်းတွေကိုပိုက်ထားရင်း ခေါင်းကိုညှိမ့်လိုက်သည်
"ဟုတ်တယ် ကျွန်မတကယ်သဘောကျတာ"

သူမစကားတွေကြားတော့ သူရဲ့ ငွေမင်ရောင်မျက်တောင်တွေတုန်လှုပ်သွားတော့သည်
သူရဲ့ရှက်နေမှုကိုကြည့်ရင်း သူမပါးစပ်အစွန်းတွေ မြင့်တတ်သွားခဲ့သည်
လုရှန်သာ သူမကို အခုလိုမြင်လိုက်ရတော့ သူအရှုံးပေးလိုက်သလို သက်ပြင်းချလိုက်တော့သည်

"လေဒီ မင်းကတကယ်ကိုပဲ...."
'ဟုတ်တယ် ကြီးမြတ်တဲ့ နှာဗူးတစ်ယောက်လေ"

သူမ လုရှန်ကို ကြည်လိုက်သည်
‌တလက်လက်တောက်ပနေတဲ့ အလင်းရောင်အောက်မှာ မတ်တပ်ရပ်နေခဲ့တယ် လုရှန် ပြီးပြည့်စုံအောင် ကွက်တိကျနေတဲ့ အနက်ရောင် suitကို ၀တ်ထားခဲ့သည်

ဒီရာသီမှာ လူအဖွဲ့အစည်းတွင် ခေတ်စားနေသော ရိုးရှင်းသော suit ဒီဇိုင်းဖြစ်သည်
သူရဲ့ခပ်ကျယ်ကျယ်ပခုံးတွေ ကျစ်လစ်ကြွက်သားတွေနှင့် ခြေထောက်ရှည်ရှည်ကို ရှင်းရှင်းလင်းလင်း မြင်သာနေခဲ့သည် ဒီsuitက ထိုကဲ့သို့‌ခန္ဓာကိုယ်လိုင်းကို ပြသဖို့ ဒီဇိုင်းဆွဲထားခြင်းဖြစ်သောကြောင့်ပင်

Fittingအခန်းနားမှာ မတ်တပ်ရပ်နေကြတဲ့ အလုပ်သမားကတောင် သူ့ကိုငေးကြည့်နေခဲ့သည်
ဆိုဖာပေါ်မှာထိုင်နေသော သူမ အားရကျေနပ်သောမျက်နှာနှင့် လက်သီးကို တင်းတင်းဆုပ်ထားသည်

"ထင်ထားတဲ့အတိုင်းပဲ အနက်ရောင်suitတွေက ချောမောတဲ့ယောကျာ်းတွေအတွက် အကောင်းဆုံးပဲ"
လုရှန် စိတ်ရှုပ်ထွေးနေရင်း စိတ်ကျေနပ်နေသော သူမအား ကြည့်နေခဲ့သည်

"မင်း သေချာပေါက် ပြောခဲ့ပါတယ် မင်းက လှပပြီး တောက်ပတဲ့အရာတွေကို ကြိုက်တယ်ဆို"

"ဒါက  လှပပြီး တောက်ပတယ်လေ မဟုတ်ဘူးလား" (လုရှန်ကို ညွှန်းပြောနေတာပါ)
'ဒီစကားလုံးတွေနဲ့ ကိုက်ညီတဲ့ တခြားအရာရှိသေးလို့လား'

လုရှန်ဘာမှဆက်မပြောတော့ပဲ မျက်လုံးတွေကို အောက်ဆိုက်ထားသည် သူရဲ့ ရှက်စိတ်နှင့် သိက္ခာတို့က နီရဲရဲမျက်နှာပေါ်တွင် ပြသထားသည်
ချောမောတဲ့ယောကျာ်းတယောက် ရိုးရှင်းတဲ့အနက်ရောင်suit၀တ်ထားတာ မြင်ရခြင်းက သူမ အသောက်အစားရှောင်နေသလိုမျက်နှာမျိုး လုပ်‌နေမိသည်

'ဒါကထူးဆန်းတယ်'
ဒီလိုထူးဆန်းတဲ့ခံစားချက်တွေရှိနေတာ သူမတယောက်ထဲမဟုတ်ပေ အလုပ်သမားအနည်းငယ်ကလဲ နာနာကျင်ကျင် ညည်းညူနေခဲ့သည်
သူမကဲ့သို့ အထက်တန်း လေဒီတယောက်က ထိုကဲ့သို့ ဣန္ဒြေမဲ့သော အမူအရာမျိုး မပြသသောကြောင့် ဟူသော အကြောင်းပြချက်ကို ဖမ်းမိသွားခဲ့သည်

သူမနှာခေါင်းထိပ်ကို အားများများနှင့်ဖိလိုက်တာကြောင့် နှာခေါင်းသွေးလျှံရင်း   ဆက်ပြောလိုက်သည်
"အရှင်ကာဒီယမ် ရှင်က ဒီအနက်ရောင်suitနဲ့ တကယ်လိုက်တာပဲ ရှင့်ကို ယဉ်ကျေးပျူငှာတဲ့ gentlemanတယောက်လို ပုံပေါ်သွားစေတယ် ဒါပေမဲ့ ပျက်စီးနေတဲ့အလှတရားရဲ့ အနည်းငယ် ပြင်ဆင်မှုလေးပါ(Etran/N: ဒီမှာသုံးသွားတဲ့စကားလုံး 퇴폐미က decadent beauty လို translatedပြီး အဓိပ္ပာယ်က bad girl/ bad boy lookပါတဲ့ ထိုစကားလုံးကို ရှာကြည့်ရင် ဥပမာတွေထွက်လာပါလိမ့်မယ်)

"အဲ့လိုလား"
"ဟုတ်တယ် သေချာတာပေါ့ ရှင်ခုနက၀တ်ထားတဲ့ ကောင်းကင်ပြာရောင် လီနင် ရှပ်အင်္ကျီကို ကျွန်မသဘောကျတယ် ရှပ်အင်္ကျီရဲ့အရောင်နဲ့ ရှင့်လည်ပင်းက လည်စည်းအပြာရောင်က ရှင့်အသားအရည်နဲ့ တအား‌လိုက်တယ်"

"ကိုယ်သိပြိ"
"ဟမ် ဒါပေမဲ့ ရှင်စစချင်းက၀တ်ထားတဲ့ မြင်းစီးသမား uniformကိုလဲ ကျွန်မသဘောကျတယ် မြင်းနောက်ပြန်စီးနေတဲ့ suitမျိုးက ပိန်ပါးတဲ့ခန္ဓာကိုယ်ပေါ်မှာသာ ၀တ်ဆင်သင့်တယ် ကျွန်မအဖေသာ အဲ့အင်္ကျီ၀တ်မယ်ဆိုရင် သူပုံစံက တအားသနားစရာကောင်းမှာ သူမှာကတင်းကြပ်တဲ့ ခါးပတ်အင်္ကျီပါနေလို့ ဒါပေမဲ့ ရှင်ဗိုက်က သူနဲ့လုံးလုံး၀မတူတော့ ကျွန်မကိုပျော်ရွှင်စေတယ်လေ"
“……….”

လုရှန် ပြန်ပင်မပြောနိုင်တော့ပေ
တခြားနည်းဖြင့် သူမခေါင်းထဲ၌ စတင်တွက်ချက်လေသည်
'ချမ်းသာကြွယ်၀မှုတွေလျော့နည်းလာပေမဲ့ ငါ့အဖေရဲ့ ပုံမှန်‌၀င်ငွေအများအပြားက လျော့ချခံထားရတယ် လွန်ခဲ့တဲ့လတွေတုန်းက အတော်အသင့် စုထားတာရှိတယ် အဲ့ဒါတွေကို တူတူသာထည့်ပေါင်းလိုက်ရင်...'

သူမ တွက်ချက်တာပြီးဆုံးသွားပြီးနောက် သူမပျော်ရွှင်စွာအော်လိုက်သည်
"ကျေးဇူးပြုပြီး သူ၀တ်ခဲ့တဲ့အ၀တ်အားလုံးကို တွက်ပေးပါ"
အသံကျယ်ကျယ်တစ်ခုက ဆိုင်ခန်းကို ပြည့်သွားခဲ့သည်

လုရှန်အားဖမ်းစားခံထားရသောမျက်နှာနှင့် ငေး‌ကြည့်နေခဲ့သော အလုပ်သမားကလဲ အာရုံပြန်ရလာခဲ့ပြီး ထိတ်လန့်စရာကောင်းသောအရှိန်နှင့် သူမနားချဉ်းကပ်လာခဲ့သည်
အလုပ်သမားပေးလာသော ဘေလ်စာရွက်အား လက်မှတ်ထိုးဖို့ လုပ်နေစဉ် လှမ်းဆွဲခံလိုက်ရသည်

Fittingအခန်းမှ အမြန်ထွက်လာသော လုရှန်က ဘေလ်စာရွက်အား ယူလိုက်သည်

"လေဒီပါနေးရား ဒိအ၀တ်အစားတွေအကုန်လုံးကို ကိုယ့်ကိုပေးဖို့ ဝယ်နေတာတော့မဟုတ်ဘူးမလား?"
"ဟုတ်တယ်လေ မဟုတ်ရင် ကျွန်မကဘာလို့ ရှင့်ကို နာရီပေါင်းများစွာ လိုက်နှောင့်ယှက်နေပါ့မလဲ"
အံဩသွားသလို လုရှန် မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားခဲ့သည် လုရှန် စိတ်ရှုပ်သလိုအကြည့်နှင့် ခေါင်းကိုခါနေခဲ့သည်

"ဒီအတွေးအတွက်ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အဆင်ပြေပါတယ် ဒီလောက်များလွန်းတဲ့လက်ဆောင်တွေကို လက်ခံဖို့ ကျွန်တော့်မှာ အကြောင်းပြချက်မရှိဘူး"
'မှန်တယ် သူက မထိုးဖောက်နိုင်တဲ့ ဒုတိယဇာတ်လိုက်'

'ဒီအ၀တ်အစားတွေပေးရတာခက်လိုက်တာ ငါက အဓိကအမျိုးသမီးဇာတ်လိုက်မဟုတ်တော့လဲ'
'ဒါပေမဲ့ တအားနောက်ကျသွားခဲ့ပြီ'

သူမကိုယ်တိုင်ရွေးချယ်ထားတဲ့ အ၀တ်အစားတွေနဲ့ သူ့ကိုတွေ့ဖူးပြီးသွားပြီ

'ဘာကြောင့် ဒီလောက်ကောင်းတဲ့အရာတစ်ခုကို ငါတယောက်ထဲ မြင်ရမှာလဲ'

သူမ အရှက်မရှိသလိုမျက်နှာနှင့် ဆက်ပြောလိုက်သည်

"ကျွန်မကြိုက်တဲ့ အ၀တ်အစားတွေကို လက်ဆောင်အနေနဲ့ လှပတဲ့လူတွေကိုပေးရတာ တကယ်‌သဘောကျတာ ဒါက ကျွန်မဘ၀ရဲ့ပျော်ရွှင်မှုပဲ" (သူရှယ်အမ်း)

"ဒါပေမဲ့..."

"ကျေးဇူးပြုပြီး ကျွန်မသာ ဒီအ၀တ်တွေရှင့်ကိုမ၀ယ်ပေးရရင် ကျွန်မအချည်းနှီးဖြစ်ပြီးသေလိမ့်မယ်"

သူမရဲ့ကလေးစိတ်ပေါက်မှုက ဘယ်တော့မှ အဆုံးသတ်လိမ့်မည်မဟုတ်ပေ
ကံကောင်းစွာနဲ့ လုရှန်က အသဲမာမာနှင့် မငြင်းဆန်ခဲ့ပေ
သူ သက်ပြင်းချပြီးခေါင်းညိမ့်ခဲ့ရတော့သည်

"အိုခေ"
သူရဲ့ မှတ်စုစာအုပ်ထဲမှာတော့ 'သက်ရှိလူသားတွေကို အရုပ်တွေလိုကစားရတာ ကြိုက်တယ်'လို့ လုရှန် ချရေးလိုက်သည် ထိုစကားစု 'နှာဗူးတယောက်လို'ဆိုသည်ဟာပါ ထည့်ရေးလိမ့်မည်ဆိုပေမဲ့ သူမနောင်တမရပေ

ပျော်ရွှင်နေသောမျက်နှင်နှင့် ဘေလ်စာရွက်ကို လက်မှတ်ထိုးလိုက်သည်
သူတို့ ဆိုင်ကနေထွက်လာခဲ့သည်
လုရှန်လက်ထဲ၌ အ၀တ်အစားသေတ္တာ သုံးခုပါလာခဲ့သည်
အလေးချိန်များတဲ့ သေတ္တာတွေကို မြင်တော့ သူကူညီမယ်ဟုပြောခဲ့လေသည်
သူတို့ လမ်းမဆီလျှောက်သွားခဲ့ရင်း လုရှန်ပြောလေသည်

"ရုတ်တရက်ဆိုတော့ ကျွန်တော်ရဲ့ကျေးဇူးတင်မှုကို ကောင်းကောင်းမဖော်ပြခဲ့ရဘူး ကျေးဇူးပါ ကိုယ့်ရဲ့လေဒီ" (my ladyတဲ့ TT)
ကံကောင်းစွာနဲ့ သူ့ရဲ့ကြည်လင်သောအသံထဲ၌ မကျေမနပ်ဖြစ်စရာ တစ်ခုမှ မခံစားခဲ့ရပေ
လုရှန်ကို တချက်လှမ်းကြည့်ရင်း ပြောလိုက်သည်

"ရှင်သာကျွန်မကို ကျေးဇူးတင်တယ်ဆိုရင် အကူအညီတစ်ခုလောက် ပိုပေးနိုင်မလား"
"အဲ့ဒါကဘာလဲ"

အဖြေက မသိခင်၌ သူအနည်းငယ် တုံဆိုင်းနေခဲ့သည်
ဦးတည်ချက်တွေမလွဲခင် သူမအဓိကအကြောင်းကိုပြောလိုက်သည်

"ရှင် ကျွန်မကိုလာတွေ့မဲ့နေ့ကျရင် ကျွန်မဒီနေ့ပေးတဲ့ အ၀တ်တွေ၀တ်လာခဲ့ပါ ကျွန်မ အဲ့suitနဲ့ ထပ်ပြီးမြင်ချင်လို့"
သူမစကားတွေကနေ လုရှန်မျက်နှာ အနီရောင်ပြောင်းလာခဲ့သည်

"အိုခေ"

သူမျက်နှာကိုကြည့်ရင်း အားရပါးရပြုံးလိုက်မိသည်
'ဘယ်လိုတောင် တုံပြန်မှုအရမ်း ရှက်နေရတာလဲ'

'ရှင်သေချာပေါက်၀တ်လာနော် ဘာလို့လဲဆိုတော့ ကျွန်မ ချွတ်ပစ်ချင်တာကြောင့်လေ'

'ငါသာအဲ့လိုပြောလိုက်ရင် သူဘယ်လိုမျက်နှာမျိုး လုပ်လိမ့်မလဲ'

"လေဒီပါနေးရား ဘာတွေတွေးနေတာလဲ မင်းကိုကြည့်ရတာပျော်နေသလိုပဲ"
သူအသံကိုကြားလိုက်ရ‌ေတာ့ သူမအာရုံပြန်ရလာခဲ့ရင်း ဖြေလိုက်သည်

"ဘာမှမဟုတ်ပါဘူး ရက်အနည်းငယ်လောက်ကျရင် ကျင်းပမဲ့ ပွဲအကြောင်း တွေးမိပြီးပျော်နေတာ"
ဒါက မသိသာသောဆင်ခြေတစ်ခုသာ ဒါပေမဲ့ လုရှန်ကတော့ အပြစ်ကင်းစွာခေါင်းညိမ့်လာခဲ့သည် ထို့နောက် လုရှန် 'အာ' ဟု အသံပြုလိုက်သည် သူတစုံတစ်ခုသတိရသွားသလိုပင်

"ဒါပေမဲ့ မင်းပြောတော့ မှူးမတ်ရဲ့ ရထားလုံးက ပျက်နေတယ်ဆို အဲ့နေ့အမှီ ပြင်တာပြီးပါ့မလား"
"ကျွန်မကတော့မထင်ဘူး အငှားရထားလုံးတစ်ခု ရှာရမှာပေါ့"
သူမစကားကြားတော့ လုရှန်မျက်လုံးတွေ ရွှန်းစိုလာခဲ့သည်

"ဒါဆို ကိုယ် လေဒီကို လာခေါ်ရမလား"
"အရှင်ကာဒီယမ်က လုပ်ပေးမှာလား"
"ဒါပေါ့ ဒီအ၀တ်အစားတွေအတွက် ပြန်ပေးတယ်လို့ တွေးလိုက်ပါ"

ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ဖို့ အကြောင်းပြချက်မရှိပေ
* * *

"အားလုံးပြီးသွားပြီ မစ်"
အန်နီ ပြောလိုက်သည် ပါနေးရား မှန်ကိုကြည့်နေခဲ့သည်

လိပ်ပြာပုံ ကလစ်က ခရမ်းပြာရောင်ဆံပင်ပေါ်၌ တလှပ်လှပ်တောက်ပနေခဲ့သည် အစိမ်းပုတ်ရောင်၀တ်စုံတွင် သိမ်မွေ့သောနှင်းဆီပန်းတွေ ပန်းထိုးထားခဲ့သည်
Dark eye မိတ်ကပ်နှင့် အနီရောင် နှုတ်ခမ်းများ

မှန်ထဲက မိန်းက‌လေးက ခမ်းနားထည်ဝါလွန်းခဲ့သည်
ဘယ်လိုဖြစ်နေပါစေ ဒီပုံစံကို ဖန်တီးထားတဲ့ အန်နီကတော့ ပျော်ရွှင်ပုံမရပေ

အန်နီ သူမနှုတ်ခမ်းတွေ ဘဲတကောင်လို ဆူရင်း ပြောလိုက်သည်
"ကျွန်မ လည်ဆွဲအသစ် ၀ယ်သင့်တာ ကျွန်မပြောနိုင်တယ် အင်္ကျီကအစ လက်၀တ်လက်စားအဆုံး အကုန်လုံးက ခေတ်ကုန်နေပြီ"

သူမ ရင့်ကျက်သောအမူအရာနှင့်ပြန်ဖြေခဲ့သည်
"ငါတို့မိသားစုရဲ့အခြေအနေကလဲကောင်းတာမဟုတ်ဘူး ပြီးတော့ ဇိမ်ခံပစ္စည်းတွေရဲ့အသုံး၀င်မှုကဘာလဲ ပြီးတော့ ဒါက အရေးကြီးတဲ့စားသောက်ပွဲလဲမဟုတ်ဘူး အထက်တန်းလွှာတွေ စကားပြောဖို့ စုဝေးပွဲလေးတစ်ခုပဲ အခြေအနေအရ ဒီလောက်နဲ့လုံလောက်တယ်

"ကျွန်မရဲ့လေဒီ"

အန်နီ စိတ်ခံစားမှုအပြည့်နှင့် ပါးစပ်ပိတ်သွားခဲ့သည်
သူမပြောနိုင်သည် အန်နီရဲ့ မျက်ရည်ဝဲနေသော မျက်လုံးများက 'ခွေးတကောင်လိုနေခဲ့တဲ့လေဒီ တကယ်အရွယ်ရောက်လာခဲ့ပြီ' ဟု၍ ပြောနေသကဲ့သို့ပင်

'စိတ်မကောင်းပါဘူး အန်နီ တကယ်က ငါရဲ့ မုန့်ဖိုးအားလုံး လုရှန်ရဲ့အ၀တ်အစားတွေပေါ်မှာသုံးလိုက်ပြီ'

'ငါသာ အဲ့လိုပြောလိုက်ရင် အန်နီ ဒါမှမဟုတ် ငါတော့ အဖေ့ဆီကနေ့ ထပ်ပြီးအဆူခံရအုမ်းမလား  အဖေတော့ ငါရဲ့ကလေးဆန်တဲ့အကျင့်ကနေ သွေးမျက်ရည်တောင် ကျလောက်‌တယ်'

ထို့အစား သူမမျက်နှာတည်တည်နှင့် ယပ်တောင်ကိုင်ရင်း ထရပ်လိုက်သည်
"သွားကြစို့ ငါတို့အရှင်ကာဒီယမ်ကို ‌အတော်ကြာအောင် စောင့်ခိုင်းမိသွားပြီ"

အန်နီတယောက် သူမနောက်သို့ နီးနီးကပ်ကပ်လိုက်ရင်း သူမမျက်လုံးများက သူမဖတ်ဖူးတဲ့ ကလေး၀တ္ထုတွေထဲက နစ်မြောနေတဲ့မိန်းကလေးတယောက်လို တောက်ပနေခဲ့သည်

"ကျွန်မထင်တယ် အရှင်ကာဒီယမ်က လေဒီကိုတကယ်ဂရုစိုက်တာပဲ သူကိုယ်တိုင် လေဒီကို ပွဲခန်းမဆီ ပို့ပေးမယ်လို့ သူပြောခဲ့တာ"
"သူက အရမ်းကြင်နာတဲ့လူတယောက်ပဲ"
"ကြင်နာမှုနဲ့မလုံလောက်ဘူး ဒါက အချစ် အချစ်ပဲ"

'ဒီလောက်ပြင်းထန်တဲ့စကားလုံးကို ဘယ်လိုတောင် ပြောရဲရတာလဲ'
အန်နီကိုကြည့်ရတာ အခု့ရက်တွေမှ။ သူမနှင့် နေသားကျလာသလိုပင်
အန်နီရဲ့ရူးသွပ်နေမှုကို သူမ စာတကြောင်းထဲနဲ့ ရပ်တန့်သွားစေသည်

"အန်နီ ငါ ဒီဧရိယာတဝိုက်မှာ အဓိပ္ပာယ်မရှိတဲ့စကားပြောတဲ့နေရာမှာ ဘုရင်ပဲ"
'ဒါကြောင့်မို့ ပါးစပ်ပိတ်လိုက်တော့'

ထို့နောက် အန်နီတယောက် တိတ်ဆိတ်သွားပြီး သူမအား အခန်းထဲသို့ ဦးဆောင်ခေါ်သွားလေသည်

ကောင်းမွန်စွာအလှဆင်ထားတဲ့ရုပ်ပုံကားချပ်အခန်း၌ လုရှန် နောက်ကျောကိုဖြောင့်ဖြောင့်ထားရင်းထိုင်နေခဲ့သည်
ပြီးတော့ သူမအဖေရောပဲ

"ဒါကြောင့် ငါသူမကိုပြောခဲ့တယ် ငါနှလုံးသားကို ဘယ်သူမှယူမသွားနိုင်ဘူး ပြီး‌တော့ ငါလဲ ထွက်ခွာလာခဲ့တယ် အဲ့တုန်းကအချိန်ကိုပြန်တွေးရမယ်ဆိုရင် ငါက ငယ်ရွယ်တုန်းဆိုတော့ အဲ့လိုပြောနိုင်ခဲ့တယ်ထင်တယ် ငယ်ရွှယ်မှုက တကယ်ကို လှပတဲ့အရာတစ်ခုပဲ ဟ ဟ ဟ ဟ"

မာနကြီးသော လေဒီပုံစံလုပ်လာလေ သူမမျက်နှာသည် သဲနဲ့ဆောက်ထားတဲ့ရဲတိုက်လို ပြိုကျသွားခဲ့သည်

Continue Reading

You'll Also Like

3M 210K 67
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
2.1M 203K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
1.8M 301K 198
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...